← Chapters

အခန်း (၁၃၅၁-၁၃၅၃)

Vol. 91 Ch. 1351-1353

အခန်း (၁၃၅၁-၁၃၅၃)

Vol. 91 Ch. 1351-1353

အခန်း ၁၃၅၁: ခေတ်နောက်ကျ? ၂

အထူးသဖြင့် Altos ဓာတ်ခွဲခန်းက ချင်းလင်ဓာတ်ခွဲခန်းဘေးမှာ။ အာရုံအစိုက်ခံရဆုံးဓာတ်ခွဲခန်းနှစ်ခုက သိသိသာသာဆန့်ကျင်ဘက်ဖြစ်လာသည်။

ထိုမြင်ကွင်းကို Babit က သူ့လူများအားခေါ်ပြသည်။ သူ့နားရှိလူတစ်ယောက်အား_

"ချင်းလင်ဓာတ်ခွဲခန်းကလူတွေ ဘာတွေလုပ်နေလဲသွားကြည့်စမ်း... သူတို့စက်ပစ္စည်းနဲ့နည်းပညာက ဘာတွေလဲလို့?''

သူ့ဘေးမှတစ်ယောက်က ချက်ချင်းခေါင်းညိမ့်ပြီး ပလက်ဖောင်းပေါ်မှသွားချောင်းသည်။ ညပိုင်းတွင် Babit နားပြန်လာပြီး_

"မစ္စတာ Babit.. ချင်းလင်ဓာတ်ခွဲခန်းက ဘယ်လိုနည်းပညာသုံးပြီးရေဆိုးသန့်စင်မလဲ မသိရပါဘူး... ကြည့်ရတာ သူတို့ကိရိယာတွေမရောက်သေးဘူးထင်တယ်''

ထိုစကားကြောင့် Babit ရယ်လိုက်သည်။ သူတို့မှာ အတွေ့အကြုံလုံးဝမရှိ။ ဒီလိုတင်ဒါမျိုးကို ပေါ့ပေါ့ဆဆလုပ်ကြသည်။ တခြားရှုထောင့်တွေမှာအရမ်းကောင်းနေရင်တောင် အဆင့်မမီသောဓာတ်ခွဲခန်းပင်။

အချိန်ကုန်လွန်သွားသည်။

နှစ်ရက် လျင်လျင်မြန်မြန်ကုန်သွား၏။

နိုင်ငံအသီးသီးမှကုမ္ပဏီ၊ဓာတ်ခွဲခန်းများ၏စက်ပစ္စည်းက အစွမ်းပြလာပြီ။ တချို့နေရာများတွင် ရေအရည်အသွေးစစ်ဆေးစက်ပေါ်ရှိအချက်အလက်မှာ အမှတ်တချို့ကျဆင်းလာပြီဖြစ်သည်။

အမှန်ပင်။ နှစ်ရက်ကြာသည်။

ဆီကြောင့်ဖြစ်သောရေညစ်ညမ်းမှုကိုထိရောက်သည့်သဘောပင်။ ဘာပဲဖြစ်ဖြစ် ဆီညစ်ညမ်းမှုက ဖြေရှင်းရအခက်ဆုံးညစ်ညမ်းမှုတစ်မျိုးဖြစ်သည်။ စေးပြစ်မှု၊ စိမ့်ဝင်မှုနှင့် ရေနံယိုစိမ့်ခြင်းက တခြားလေးလံသောဒြပ်စင်များထက်ပိုဖြေရှင်းရခက်သည်။

နောက်ပြီး အပေါ်မျက်နှာပြင်မှာခွဲထားသော်လည်း ပင်လယ်ရေက ရောယှက်သွားဦးမည်။ TD တန်ဖိုးကျသွားပြီး အပြင်ပင်လယ်ရေဝင်လာရင် TD တန်ဖိုးပြန်တက်မည်။

Altos ဓာတ်ခွဲခန်း၏သန့်စင်မှုက အကောင်းဆုံးပင်။ နှစ်ရက်အတွင်း ရေအရည်အသွေးက ၂၀ ကျော်ကျသွားသည်။ တခြားဓာတ်ခွဲခန်း၊ကုမ္ပဏီများထက် အများကြီးပိုကောင်းသည်။

နောက်ပြီး Altos နည်းပညာ၏နှုန်းအတိုင်းဆို သီအိုရီအရ ညစ်ညမ်းသောပင်လယ်ပြင်တစ်ခုလုံးကို လဝက်အတွင်းသန့်စင်နိုင်လိမ့်မည်။

ဒါက သီအိုရီအရသာ။ ညစ်ညမ်းသောပင်လယ်ပြင်တစ်ခုလုံးကိုသန့်စင်ရန် ကုန်ကျစရိတ်ပိုများပြီး ပိုခက်ခဲသည်။ ပင်လယ်ပြင်တစ်ခုလုံးကိုတပြိုင်တည်းသန့်စင်ရန် Altos မှာ ကိရိယာလုံလုံလောက်လောက်မရှိ။

တကယ်တမ်းလက်တွေ့မှာ ၂ နှစ်၊ ၃ နှစ်မကကြာနိုင်သည်။

ညစ်ညမ်းသောပင်လယ်ရေကိုသန့်စင်ရန် ဒီလောက်ကြာကြာအချိန်ယူရသည်။ ဒါ Altos ဓာတ်ခွဲခန်း၏သံလိုက်ဓာတ်ခွဲသန့်စင်သည့်နည်းပညာအစွမ်းနှင့်ပင်။

နောက်ပြီး Altos ဓာတ်ခွဲခန်းမှာ တခြားဓာတ်ခွဲခန်း၊ကုမ္ပဏီထက်ပိုကောင်းသောနည်းပညာရှိသည်။

သို့သော် ထိုအချိန်တွင် ချင်းလင်ဓာတ်ခွဲခန်းက ဘာမှမစရသေး။ သူတို့ရွေးချယ်ထားသောနေရာမှာလွတ်နေဆဲပင်။

Bibit ကကြည့်ရင်း ပိုဝမ်းသာလာသည်။

Altos ဓာတ်ခွဲခန်းနှင့်ချင်းလင်ဓာတ်ခွဲခန်းအပြိုင် သက်ဆိုင်ရာသတင်းများကို Live လွှင့်သော နိုင်ငံတကာသတင်းထောက်များရှိသောကြောင့်ပင်။

နောက်ပြီး ဆန့်ကျင်ဘက်က ထင်ထင်ရှားရှားဖြစ်နေပြီ။ ဘာပဲဖြစ်ဖြစ် ချင်းလင်ဓာတ်ခွဲခန်းက ဘာမှမလုပ်ရသေးချေ။

ထိုသတင်းကြားပြီး Babit ဝမ်းသာနေသည်။

ဒါ သူတို့ Altos ဓာတ်ခွဲခန်းရဲ့ရှိုးပွဲ။

တရုတ်ပြည်_

ပေကျင်း_

ဝန်ကြီးလု၊ ခေါင်းဆောင်နှင့် ရေအရည်အသွေးတာဝန်ခံလည်း ထိုကိစ္စကိုအာရုံစိုက်နေသည်။

အစည်းအဝေးခန်းထဲတွင် သုံးယောက်သား မာတီမီဒီယာဖန်သားပြင်ပေါ်ဖွင့်ထားသောဗီဒီယိုကိုကြည့်နေကြသည်။ မောရိသျှမှဖြစ်ရပ်ကိုပြန်လွှင့်သောဗီဒီယိုပင်။

ဒီ Altos က တကယ်နည်းပညာအသစ်တက်လာသည်။ သံလိုက်ဓာတ်ခွဲနည်းက လက်ရှိနည်းပညာထက်အများကြီးပိုအဆင့်မြင့်သည်။ ရေအရည်အသွေးနှင့်ပတ်ဝန်းကျင်တာဝန်ခံက_

"ဒီအကြောင်းကြားကြားချင်း သူတို့ကိုဆက်သွယ်ခဲ့သေးတယ်... ဒါပေမဲ့ အဖက်တောင်မလုပ်ဘူး''

"ချင်းလင်ဓာတ်ခွဲခန်းကမိုးမခဘဲစားမှော်မရောက်သေးဘူးမလား?''

ခေါင်းဆောင်က ခေါင်းညိမ့်ပြီးမေးသည်။

ချင်းလင်ဓာတ်ခွဲခန်းမှလှုပ်ရှားမှုမရှိသေးသောကြောင့် သူလည်းအတော်စိတ်ပူနေသည်။

တာဝန်ခံက_

"ကျွန်တော်စစ်ကြည့်ပြီးပြီ... မကြာခင်ရောက်လိမ့်မယ်... အခု ချင်းလင်ဓာတ်ခွဲခန်းရဲ့မိုးမခဘဲစားမှော်အာနိသင်ကိုစောင့်ကြည့်ရုံပဲ''

ဝန်ကြီးလုက ဘာမှမပြော။ ချင်းလင်ဓာတ်ခွဲခန်းရဲ့ဘဲစားမှော်ကို သူအတိုင်းထက်အလွန်ယုံကြည်သည်။

မနေ့ညက မိုးမခဘဲစားမှော်မှာ ရေချိုပင်ဖြစ်၍ ပင်လယ်ရေထဲမရှင်နိုင်ဟုတွေးမိပြီး ချင်းလင်ဓာတ်ခွဲခန်းကိုအသေးစိတ်ဖုန်းဆက်မေးခဲ့သည်။

ဘဲစားမှော်ပင်က ရေချိုရေငံမရွေးကြောင်း ချင်းလင်ဓာတ်ခွဲခန်းမှသိလိုက်ရသည်။

အထူးသဖြင့် ဆီညစ်ညမ်းမှုကိုသန့်စင်နိုင်စွမ်းက စက်ရုံထွက်ရေညစ်ညမ်းမှုကိုသန့်စင်နိုင်စွမ်းထက်ပိုကောင်းသည်ဟုဆိုသည်။ ထို့ပြင် ဆီညစ်ညမ်းမှုကိုသန့်စင်သည့်အတောအတွင်း ထင်မှတ်မထားသောအံ့ဩစရာများရှိနိုင်သည်။

အဲဒီနောက် မောရိသျှကလူတွေ ဒီစပရိုက်ကြောင့် အံ့အားသင့်ရလိမ့်မည်။

မောရိသျှ_

တင်ဒါကမ်းတွင် သယ်ယူပို့ဆောင်ရေးသင်္ဘောကပ်သောအခါ အားလုံးစိတ်ဝင်စားနေကြသည်။ အကြောင်းမှာ ချင်းလင်ဓာတ်ခွဲခန်းကလူများ ပစ္စည်းသွားသယ်သွားသောကြောင့်ပင်။ ထို့နောက် သင်္ဘောပေါ်မှသေတ္တာကြီးများသယ်လာသည်ကိုတွေ့ရသည်။

ချင်းလင်ဓာတ်ခွဲခန်းမှစက်ကိရိယာများရောက်လာပြီဖြစ်ကြောင်း လူတိုင်းသိသည်။

သတင်းထောက်များက ဓာတ်ပုံတောင်လာရိုက်ကြသည်။

ချင်းလင်ဓာတ်ခွဲခန်းမှာ သန့်စင်မြက်၊ ရေပူစမ်းဆေးမှုန့်၊ အပူချိန်မြင့်သွေးခဲပလိပ်ဆေးရည်စသည့်ထုတ်ကုန်များကြောင့် နိုင်ငံတကာတွင်နာမည်ကြီးသည်။ ဒီတင်ဒါတွင် လူစိတ်ဝင်စားမှုအများဆုံးဓာတ်ခွဲခန်းတစ်ခုလည်းဖြစ်သည်။

နှစ်ရက်လွန်သည်အထိ ချင်းလင်ဓာတ်ခွဲခန်းက ဘာမှမလုပ်ရသေး။ အခုမှသူတို့စက်ပစ္စည်းက ရုတ်တရက်ရောက်လာသောကြောင့် စိတ်မဝင်စားဘဲမနေနိုင်။

ချင်းလင်ဓာတ်ခွဲခန်းက ဘယ်လိုစက်ပစ္စည်း၊နည်းပညာများသုံးမလဲဟု လူတိုင်းစူးစမ်းနေကြသည်။

နောက်ပြီး တစ်ခုခုတော့မှားနေပြီ။

သေတ္တာများလွန်း၍ ကမ်းခြေကိုတစ်စီးပြီးတစ်စီးဆိုက်နေသောကြောင့်ပင်။

တကယ်တော့ တခြားဓာတ်ခွဲခန်း၊ကုမ္ပဏီတွေက ကိရိယာဒီလောက်မှမများဘဲ!

ချင်းလင်ဓာတ်ခွဲခန်းက ရှိသမျှစက်ပစ္စည်းကိရိယာတွေသုံးပြီး အနိုင်ရချင်တာလား?

ဒါပေမဲ့ စက်ကိရိယာက အမှန်တကယ်မထိရောက်ရင် ရေအရည်အသွေးနဲ့ပတ်ဝန်းကျင်ကိုထိန်းသိမ်းဖို့ ဒီလောက်အများကြီးလည်းလုံလောက်မည်မဟုတ်။

မကြာမီ သေတ္တာများကို ချင်းလင်ဓာတ်ခွဲခန်းကရွေးချယ်ထားသောနေရာသို့ပို့လိုက်ကြသည်။

သေတ္တာအားလုံးရောက်သောအခါ ရှန်လီလည်းပြုံးလိုက်သည်။

ခဏနေရင် အားလုံး မျက်လှည့်ကြည့်ရတော့မည်။

သူက သူ့လူများအား သေတ္တာအမြန်ဖွင့်ခိုင်းလိုက်သည်။ အထဲတွင် ရေစက်လက်နှင့်မိုးမခဘဲစားမှော်များပါသည်။ သယ်ယူပို့ဆောင်သည့်အတောအတွင်း မိုးမခဘဲစားမှော်များရှင်သန်စေရန်ဖြစ်သည်။

"အဲဒီအပင်တွေအကုန်လောင်းချလိုက်''

ရှန်လီက ဓာတ်ခွဲခန်းဝန်ထမ်းများကို ချက်ချင်းညွှန်ကြားသည်။

တခဏချင်း ပထမသေတ္တာထဲမှမိုးမခဘဲစားမှော်အားလုံး ပင်လယ်ထဲရောက်သွား၏။

အဲဒီနောက် ဒုတိယသေတ္တာ၊ တတိယသေတ္တာ...

မကြာခင် ချင်းလင်ဓာတ်ခွဲခန်းကရွေးထားသောနေရာတွင် မိုးမခဘဲစားမှော်ပင်များပြည့်သွားသည်။

ထိုမြင်ကွင်းကြောင့် တခြားကုမ္ပဏီဖြစ်စေ၊ ဓာတ်ခွဲခန်းဖြစ်စေ၊ နိုင်ငံတကာသတင်းထောက်များဖြစ်စေ အားလုံးအာရုံစိုက်မိကြသည်။

အပင်ကရေသန့်နိုင်သော်လည်း အတော်အတန်လောက်ညစ်ညမ်းသောရေသာရမည်။ အချိန်ယူပြီး ဖြည်းဖြည်းချင်းသန့်စင်ပေးလိမ့်မည်။

ဒီနည်းက မောရိသျှရေပြင်နှင့်မသင့်တော်။

ချင်းလင်ဓာတ်ခွဲခန်းက ဒီနည်းသုံးမည်ဟုမထင်မိပေ။ တင်ဒါရလဒ်က ချင်းလင်ဓာတ်ခွဲခန်းနှင့် ဘာမှမဆိုင်သည့်သဘောမဟုတ်။

ချင်းလင်ဓာတ်ခွဲခန်းအခြေအနေကို Altos ဓာတ်ခွဲခန်းကလည်းသိသွားသည်။

Babit မှာ ရယ်ရမှန်းမသိ ငိုရမှန်းမသိ။ အမှန်ပင်။ သူတို့မှာ အဆင့်မြင့်နည်းပညာရှိမည်ဟုထင်ခဲ့သော်လည်း ဒီလောက်ရိုးမည်မထင်မိချေ။

ဒီနည်းကို သူလုံးဝဂရုမစိုက်။ အကြောင်းမှာ သူတို့ဓာတ်ခွဲခန်းကစွန့်ပစ်လိုက်သောနည်းပညာဖြစ်နေသည်။

အခုချင်းလင်ဓာတ်ခွဲခန်းက ဒီနည်းနှင့်တင်ဒါလာပြိုင်သည်။ ဟာသသက်သက်သာ။

တင်ဒါတွင်ပါသော ကုမ္ပဏီ၊ဓာတ်ခွဲခန်းတိုင်း ဒီလိုတွေးကြသည်။

နိုင်ငံတကာသတင်းထောက်များတောင် ချင်းလင်ဓာတ်ခွဲခန်းကရွေးထားသောနေရာကို ကင်မရာလှည့်ထားကြသည်။

တခြားကုမ္ပဏီ၊ဓာတ်ခွဲခန်းများမှကိရိယာများနှင့် ပင်လယ်ပြင်ပေါ်မှမိုးမခဘဲစားမှော်ပင်များကိုယှဉ်ကြည့်လျှင် ခေတ်မီလူ့အဖွဲ့အစည်းနှင့်ခေတ်နောက်ပြန်နေသောကမ္ဘာဦးအဖွဲ့အစည်းလို ဆန့်ကျင်နေသည်။ အရမ်းရုတ်ချည်းဆန်သည်။

တခဏတော့ ချင်းလင်ဓာတ်ခွဲခန်းမှာ ကိုးရိုးကားရားအခြေအနေဖြစ်နေသည်။

သို့သော် နာရီပိုင်းအကြာတွင် ချင်းလင်ဓာတ်ခွဲခန်းနားမှတစ်ယောက်က ရေအရည်အသွေးစစ်ဆေးစက်ပေါ်မှတန်ဖိုးကိုမြင်ပြီး မယုံနိုင်ပုံပေါက်သွားသည်။

ပြနေသောနံပါတ်များက စက်မှာချို့ယွင်းချက်ရှိသလိုလို!

အခန်း ၁၃၅၂: Babit အရှက်ရ!

Audrey မှာ နိုင်ငံတကာရေအရည်အသွေးဆိုင်ရာအဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ဒီတစ်ကြိမ်တွင် တင်ဒါကုမ္ပဏီ၊ဓာတ်ခွဲခန်းများမှသန့်စင်သော ရေအရည်အသွေးအခြေအနေကိုအစီရင်ခံပြီး မှတ်တမ်းတင်ရသည်။

တနည်းပြောရရင် စမ်းသပ်ကိရိယာ၏ TD တန်ဖိုးအတိအကျကို နာရီတိုင်းမှတ်တမ်းတင်ရသည်။

လက်ရှိတွင် Altos ဓာတ်ခွဲခန်း၏သံလိုက်ဓာတ်ခွဲနည်းပညာက အကောင်းဆုံးဖြစ်သည်။

Altos ဓာတ်ခွဲခန်း၏ TD တန်ဖိုးကိုစာရင်းမှတ်ပြီးနောက် ချင်းလင်ဓာတ်ခွဲခန်းဘက်ရောက်လာသည်။ ချင်းလင်ဓာတ်ခွဲခန်းကို သူသိပ်မျှော်လင့်မထား။

ဘာပဲဖြစ်ဖြစ် ပင်လယ်ထဲအပင်တွေဒီအတိုင်းချထားသည်။

ပင်လယ်ညစ်ညမ်းမှုက ဆိုးရွားလွန်းသောကြောင့် ဒီအပင်တွေရှင်နိုင်မရှင်နိုင် မသေချာ။

ချင်းလင်ဓာတ်ခွဲခန်းလိုနာမည်ကြီးဓာတ်ခွဲခန်းက မှားသင့်သောအမှားမျိုးမဟုတ်ချေ။

Audrey ချင်းလင်ဓာတ်ခွဲခန်းရောက်သောအခါ ချင်းလင်ဓာတ်ခွဲခန်းက ပင်လယ်ထဲချထားသောအပင်များညိုးလာပြီဖြစ်ကြောင်းတွေ့ရသည်။

ချင်းလင်ဓာတ်ခွဲခန်းက တင်ဒါကထွက်ရတော့မလား၊ ဒါမှမဟုတ် တင်ဒါမှာမပါသလိုဖြစ်တော့မလား?

သူကတွေးတောရင်း ချင်းလင်ဓာတ်ခွဲခန်း၏ရေအရည်အသွေးတိုင်းစက်ကို အမှတ်တမဲ့ကြည့်လိုက်သည်။

တစ်ချက်ကြည့်ပြီး သူချက်ချင်းမယုံနိုင်ပုံပေါက်သွား၏။

၂၆၃၄!

“???”

Audery က အံ့ဩတုန်လှုပ်ပြီး Tablet တွင်စာရင်းသွင်းကာ ချင်းလင်ဓာတ်ခွဲခန်းကရွေးထားသောနေရာ၏ TD တန်ဖိုးကိုကြည့်လိုက်သည်။

၃၂၅၆!

Tablet တွင် ထိုနေရာ၏မူလတန်ဖိုးကိုတွေ့ရသည်။

အရင်နှင့်စာလျှင် ၇၀၀ ကျော်ကျသွားသည်။

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?

"ဒီစက်ပျက်နေပြီထင်တယ်''

Audrey က မျက်မှောင်ကြုတ်ပြီးပြောသည်။

သူကချက်ချင်း ဆက်သွယ်ရေးကိရိယာနှင့်နံပါတ်တစ်ခုကိုခေါ်လိုက်သည်_

"ချင်းလင်ဓာတ်ခွဲခန်းရဲ့ရေအရည်အသွေးတိုင်းစက်က ပြဿနာရှိနေပြီ... အသစ်တစ်ခုအစားထိုးပြီး အဲဒါကိုပြန်ပြင်လိုက်ပါဦး''

ချင်းလင်ဓာတ်ခွဲခန်းကိုပယ်ထားပေမဲ့ လုပ်ထုံးလုပ်နည်းအတိုင်းလုပ်ရဦးမည်။

မကြာမီ မောရိသျှအစိုးရ၏စက်ပြင်ဆရာအဖွဲ့ရောက်လာသည်။

တစ်ယောက်က Audrey ဆီလျှောက်လာပြီး မေးသည်_

"မစ္စတာ Audrey... ပျက်တာ ဒီစက်လား?''

"ဟုတ်တယ်.. ခင်ဗျားကိုဒုက္ခပေးရဦးမယ်''

Audrey ခေါင်းညိမ့်လိုက်သည်။

စက်ပြင်သမားက စကားသိပ်မပြောဘဲ အလုပ်စသည်။

ရေအရည်အသွေးတိုင်းစက်ကိုရေထဲမှထုတ်ပြီး စပြင်သည်။

လောလောလတ်လတ် ရှန်လီမရှိသော်လည်း ချင်းလင်ဓာတ်ခွဲခန်းကိုစောင့်ကြည့်နေသူရှိသည်။

ထိုမြင်ကွင်းကြောင့် ထိုလူကပြုံးလိုက်၏။

မိုးမခဘဲစားမှော်အာနိသင်ကို သူတို့သိသည်။

ဒီနိုင်ငံခြားသားတွေကမယုံ။ ရေအရည်အသွေးတိုင်းစက်ပျက်နေသည်အထင်နှင့် လာပြင်ကြခြင်းဖြစ်မည်။

သို့သော် သူရှင်းပြဖို့မကြိုးစားမိ။

ရှင်းပြရင်တောင် ဒီလူတွေယုံပါ့မလား?

မိုးမခဘဲစားမှော်က စွမ်းလွန်းသောကြောင့်ပင်။

ဒီတော့ သူတို့ဘာသာသိတာ ပိုကောင်းမည်။

ကိုယ်တိုင်သိမှ အမှန်ဖြစ်ကြောင်းသဘောပေါက်မည်။

စက်ပြင်ဆရာက အချိန်ယူပြီး ရေအရည်အသွေးတိုင်းစက်ကိုပြင်သည်။ ပြဿနာမရှိကြောင်းစမ်းသပ်ပြီးမှ ပင်လယ်ထဲပြန်ထည့်သည်။

မကြာမီ စက်ပေါ်မှနံပါတ်ကလျင်လျင်မြန်မြန်လှုပ်ရှားပြီး နောက်ဆုံး ၂၆၁၃ တွင်ရပ်သွား၏။

ပြုပြင်သည့်အတောအတွင်း တန်ဖိုးထပ်ကျသွားသည်။

"မကောင်းသေးဘူးလား''

Audrey က မျက်မှောင်ကြုတ်ပြီး_

"TD တန်ဖိုးမှားနေတယ်''

စက်ပြင်ဆရာလည်း နည်းနည်းဇဝေဇဝါဖြစ်သွားသည်။

"ဘာလိုဖြစ်တာလဲ? စောစောကစမ်းကြည့်တာ ပြဿနာမရှိပါဘူး''

"ဒီနံပါတ်က မဟုတ်သေးဘူး''

"ပြန်ဆယ်ပြီး ပြင်လိုက်''

ရေအရည်အသွေးတိုင်းကိရိယာစက်ပြင်ဆရာဖြစ်၍ ကိရိယာလုပ်ဆောင်ချက်နှင့်တင်ဒါစမ်းသပ်ချက်တန်ဖိုးက ဘာကိုကိုယ်စားပြုလဲ သူတို့သိသည်။

ဒီနံပါတ်မဖြစ်နိုင်။

ချင်းလင်ဓာတ်ခွဲခန်းက ဒီလောက်အာနိသင်ရှိနေရင် တခြားကုမ္ပဏီ၊ဓာတ်ခွဲခန်းတွေကရော?

စက်ပြင်ဆရာတချို့က ထပ်ပြင်ပြန်သည်။ ပြဿနာမရှိကြောင်းအတည်ပြုပြီးမှ ရေအရည်အသွေးတိုင်းစက်ကိုရေထဲပြန်ထည့်သည်။

ဒီတစ်ခါ ၂၆၀၃။

တန်ဖိုးကျသွားပြန်သည်။

စက်ပြင်ဆရာနှင့် Audrey မျက်မှောင်ပိုကြုတ်သွားသည်။

"ဘယ်လိုဖြစ်တာလဲ?''

"ပြန်ပြင်ပြီးပါပြီ''

"ထပ်ပြင်!''

ရေအရည်အသွေးတိုင်းစက်ကိုပြန်ဆွဲထုတ်ပြီး ပြန်ပြင်ကြပြန်သည်။

ဒီအတောအတွင်း ချင်းလင်ဓာတ်ခွဲခန်းကချထားသောအပင်တချို့မှာ အမည်းစက်များထွက်ပြီးညိုးရော်လာကြောင်း Audrey လည်းသတိထားမိသည်။

မဟုတ်သေး။

ဒီလိုညစ်ညမ်းတဲ့ရေမှာ အပင်ကမရှင်နိုင်ရင်တောင် မပုပ်သင့်။

ရေအရည်အသွေးတိုင်းစက်ကိုရေထဲပြန်ချလိုက်သောအခါ သူတို့လုံးဝကြောင်သွားသည်။

TD တန်ဖိုးကျသွားပြန်သည်။

"ဒါ...''

Audrey မယုံနိုင်။

ဒီစက်က ပြင်မရတော့ဘူးလား?

စက်ပြင်သမားတစ်ယောက်က_

"စက်ပျက်တာမဟုတ်ဘူးဆိုရင်ရော?''

သူ့စကားကြောင့် အားလုံးကြောင်သွားသည်။

မဖြစ်နိုင်ဘူးဆိုပေမဲ့ ဖြစ်နေရင်ရော?

Audrey ခေါင်းခါလိုက်သည်။ ဒီရလဒ်သာမှန်ရင် လန့်လောက်စရာ။ ကြီးကြီးမားမားတစ်ခုခုဖြစ်တော့မည်။

စက်ပြင်ဆရာက အကြိမ်ကြိမ်ပြင်ပြီး စမ်းသပ်ကြည့်တိုင်းကောင်းသည်။ သို့သော် ရေထဲချလိုက်သည်နှင့်ဖြစ်သောကြောင့် သူသံသယဝင်လာသည်။

ထို့ကြောင့် သူကဆက်သွယ်ရေးဆက်နှင့် နောက်စက်တစ်လုံးယူလာခိုင်းလိုက်သည်။

မကြာမီ နိုင်ငံတကာရေအရည်အသွေးအဖွဲ့အစည်းက နောက်တစ်လုံးပို့လာ၍ ချင်းလင်ဓာတ်ခွဲခန်းနေရာမှစက်နှင့်လဲလိုက်သည်။

အခန်း ၁၃၅၃: Babit အရှက်ရ! ၂

၂၆၀၁?

ဒါစက်အသစ်ကပြတဲ့တန်ဖိုး။

Audrey လုံးဝအံ့အားသင့်သွားသည်။

ဒါစက်မှာပြဿနာမရှိတဲ့သဘော?

ချင်းလင်ဓာတ်ခွဲခန်းက ဒီအပင်တွေနဲ့ ဆီညစ်ညမ်းမှုကိုဖြေရှင်းတာ။ ဒီလောက်အချိန်တိုအတွင်းမှာ ဒီလိုကြောက်စရာကောင်းတဲ့အာနိသင်မျိုးရှိလား?

ဒီလိုဆို Altos ဓာတ်ခွဲခန်းရဲ့သံလိုက်ဓာတ်ခွဲနည်းနဲ့ရေသန့်စင်တာကရော?

သူတို့နှုတ်ထွက်ပြီး အရှုံးပေးရနိုင်သည်။

Audrey က ကြိုကြိုတင်တင် ရေအရည်အသွေးတိုင်းစက်တစ်လုံးပို့ခိုင်းထားသေးသည်။

ချင်းလင်ဓာတ်ခွဲခန်းနေရာမှမြင်ကွင်းကြောင့် တခြားလူများစိတ်ဝင်စားလာကြသည်။ အထူးသဖြင့် သတင်းထောက်များပင်။

အရင်ဆုံး သတင်းထောက်တစ်ဦးက စက်အသစ်တပ်နေသောဝန်ထမ်းကိုမြင်ပြီး ဇဝေဇဝါနှင့်လိုက်ကြည့်သည်။

ချင်းလင်ဓာတ်ခွဲခန်းနေရာမှာ ကြောက်စရာကောင်းတဲ့ရလဒ်ကိုတွေ့ရမယ်လို့ဘယ်ထင်မလဲ?

အဲဒီနောက် သတင်းထောက်တစ်ယောက်ပြီးတစ်ယောက် ထိုမြင်ကွင်းကိုစိတ်ဝင်စားလာသည်။

သတင်းထောက်များကချက်ချင်းလိုလို သတင်းစလွှင့်ကြသည်။

ထို့ကြောင့် အားလုံးအံ့ဩသွား၏။

ရေညစ်ညမ်းမှုအကြောင်းသိသူတိုင်း၊ ဆီညစ်ညမ်းမှုကိုသန့်စင်ရခက်ကြောင်းသိသူတိုင်း မယုံနိုင်စရာကောင်းမှန်းသိကြသည်။

အရင်ဆုံးသိသူက ဝန်ကြီးလုနှင့်ခေါင်းဆောင်ပင်။

Live ကြည့်ရန် သူတို့လူလွှတ်ထားသည်။

ရေအရည်အသွေးတာဝန်ခံက စက်အသစ်နှင့်အလုပ်ရှုပ်နေဆဲဖြစ်သောစက်ပြင်ဆရာကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

စမ်းသပ်တဲ့စက်မှာပြဿနာမရှိမှန်းသိရင် ဒီနိုင်ငံခြားသားတွေ လန့်သွားမှာပဲ။

ဒါပေမဲ့ သူတောင်မယုံနိုင်။ မိုးမခဘဲစားမှော်က ဆီညစ်ညမ်းမှုအပေါ်ဒီလိုကြောက်စရာကောင်းတဲ့အာနိသင်မျိုးရှိတယ်ဆိုတာ ဘယ်သူယုံနိုင်မလဲ?

လုံးဝမယုံနိုင်စရာ။

ခေါင်းဆောင်က ခေါင်းတညိမ့်ညိမ့်နှင့်။

ဝန်ကြီးလုမျက်နှာထားမှာ 'အဲလိုဖြစ်နေရမယ်၊ ဘာပဲ​​ဖြစ်ဖြစ် သူဌေးချင်ဖန်တီးထားတာ' ဟု ပြောနေသယောင်ယောင်။

မောရိသျှ_

တင်ဒါကုမ္ပဏီ၊ဓာတ်ခွဲခန်းများအတွက် အစိုးရက သီးသန့်ဟိုတယ်စီစဉ်ပေးထားသည်။

ထိုဟိုတယ်မှာ အစိုးရခရီးသည်ဟိုတယ်ဖြစ်သည်။ ပင်လယ်ရှုခင်းအလွန်လှသောကြောင့် အရင်ကလူအမြဲပြည့်နေသည်။ ကမ်းခြေတွင် ဘီကီနီဝတ်အလှလေးများကို နေရာအနှံ့တွေ့နိုင်သည်။

သို့သော် ဆီတန်ချိန် ၄၀၀၀ ယိုစိမ့်ပြီးနောက်ပိုင်း ထိုနေရာသို့ဘယ်သူမှမလာကြ။

ပင်လယ်ထိုအပိုင်းတွင်ရှိသောခရီးသွားဟိုတယ်မှာ စီးပွားသိပ်မဖြစ်တော့ချေ။

ဒီတစ်ကြိမ်တွင် တင်ဒါကုမ္ပဏီများကိုထားရန် အသုံးချလိုက်သည်။

ဘာပဲဖြစ်ဖြစ် တင်ဒါရလဒ်ကို တစ်ရက်နှစ်ရက်နဲ့မကြေညာနိုင်။

မောရိသျှက ကျဉ်းကျဉ်းလေးမဟုတ်ပေ။ မထိရောက်ရင် ညစ်ညမ်းတဲ့ပင်လယ်တပြင်လုံးကို ဘယ်လိုသန့်စင်မလဲ?

ကုမ္ပဏီ၊ဓာတ်ခွဲခန်းကလူတွေ ပင်လယ်နားမှာ တချိန်လုံးနေနိုင်မည်မဟုတ်၍ တည်းခိုနေရာကိုမဖြစ်မနေပြင်ဆင်ပေးရသည်။ မောရိသျှကိုလည်း လည်ပတ်နိုင်သည်။

ဘာပဲဖြစ်ဖြစ် သူတို့ကမ်းခြေကနေ တချိန်လုံးကြည့်မနေနိုင်။ ကိရိယာတပ်ဆင်ထားပြီဖြစ်၍ အစောင့်တစ်ယောက်ရှိလျှင် အဆင်ပြေသည်။ လူအနည်းအများက ထူးခြားမှုမရှိပေ။

မီးတောင်ကျွန်းနိုင်ငံမောရိသျှမှာ လည်ပတ်စရာများသည်။ မီးတောင်ကျွန်း၏ဝိသေသလက္ခဏာများရှိရုံသာမက ပင်လယ်၏တခြားသုံးဖက်ကိုလည်း လည်ပတ်ရန်ဖွင့်ပေးထားသည်။

Altos ဓာတ်ခွဲခန်းက Babit လည်း ဒီလိုပင်။

ဟိုတယ်တွင် ဝန်ထမ်းသုံးယောက်ထားခဲ့ပြီး ကိရိယာကိုအလှည့်ကျစစ်ဆေးစေသည်။

သူကမူ လူတချို့ခေါ်ပြီး မောရိသျှမီးတောင်ကျွန်း၏​ပထဝီအနေအထားကိုလိုက်စူးစမ်းသည်။

သူကအောင်နိုင်သူဟူသောစိတ်နှင့် လျှောက်သွားသည်။ လည်ပတ်သည်။ ဘာပဲဖြစ်ဖြစ် ဘယ်ဓာတ်ခွဲခန်းမှ သူ့ကိုမယှဉ်နိုင်။

စားသောက်ဆိုင်တစ်ဆိုင်တွင် Babit ကထိုင်လိုက်ပြီး သူ့လူများအား ပြုံးပြုံးနှင့်_

"မောရိသျှပတ်ဝန်းကျင်က တကယ်ကောင်းတာပဲ... ခရီးထွက်ဖို့ကောင်းတယ်''

"မစ္စတာ Babit''

သူ့ဘေးမှလူက_

"ကျွန်တော်တို့ဓာတ်ခွဲခန်းနည်းပညာနဲ့တင်ဒါအောင်ရင် ဒီမှာအကြာကြီးနေရမှာ... သန့်စင်လို့မပြီးမချင်း ဒီမှာဆန္ဒရှိသလောက်နေလို့ရတယ်''

ထိုစကားကြောင့် Babit ရယ်လိုက်သည်။

"ချင်းလင်ဓာတ်ခွဲခန်း ဘယ်လိုဖြစ်နေမလဲ သိချင်လိုက်တာ''

ရုတ်တရက် တစ်ယောက်ကထပြောသည်။

Babit က သရော်သံနှင့်_

"ဘာတတ်နိုင်မှာလဲ? ဒီအဆင့်မှာ နာမည်ကြီးဓာတ်ခွဲခန်းအားလုံးက အပင်နဲ့ရေကိုသုတေသနလုပ်ဖို့လက်လျှော့လိုက်ကြပြီ... အဆင့်မြင့်နည်းပညာကိုသုတေသနလုပ်ရမယ့်အချိန်လေ... အပင်နည်းပညာက အလွန်ဆုံးမှ အထောက်အကူလောက်ပဲရမယ်''

တခြားလူများက ထောက်ခံသည်။

"အမှန်ပဲ''

"အရင်ကျွန်တော်တို့ဓာတ်ခွဲခန်းက ရလဒ်တွေအများကြီးထွက်ဖူးပေမဲ့ လက်လျှော့လိုက်တာပိုကောင်းပါတယ်!''

"ချင်းလင်ဓာတ်ခွဲခန်းကလူတွေက ဒီသုတေသနကိုအခုမှလုပ်ခါစ... ပြီးတော့ သူတို့က အပင်သုတေသနမှာကျွမ်းတာ... အပင်က အထောက်အကူလောက်ပဲရမှန်း သူတို့မသိဘူး''

ထိုအခိုက်_

ရုတ်တရက် စားသောက်ဆိုင် TV တွင် သတင်းတစ်ပုဒ်တက်လာသည်။ ချင်းလင်ဓာတ်ခွဲခန်းကယူထားသောပင်လယ်နေရာပင်။

မောရိသျှမှာ ပင်လယ်ကိုသန့်စင်ချင်၍ တင်ဒါကိုစိတ်အဝင်စားဆုံးလည်းဖြစ်သည်။ အခုချင်းလင်းဓာတ်ခွဲခန်းမှာရုတ်ရုတ်ရုတ်ရုတ်ဖြစ်နေသောကြောင့် သတင်းတန်းလွှင့်သည်။

"အားလုံးကို သတင်းကောင်းကြေညာစရာရှိပါတယ်... အရှေ့တိုင်းရဲ့ချင်းလင်ဓာတ်ခွဲခန်းက ဆီညစ်ညမ်းမှုအတွက်အရမ်းထိရောက်တဲ့ အထူးရုက္ခဗေဒနည်းပညာကိုယူလာခဲ့ပါပြီ.. အလိုလေး''

သတင်းထွက်လာသည်နှင့် စားသောက်ဆိုင်ထဲရှိလူများ ကြောင်သွားသည်။

Babit က စက်တန်ဖိုးကိုမြင်ပြီး တအံ့တဩမတ်တပ်ထရပ်ကာ_

"ဒီတန်ဖိုးမ​ဖြစ်နိုင်ဘူး''

"မစ္စတာ Babit!''

သူ့နားမှလူများက အမှတ်တမဲ့သူ့ကိုကြည့်လိုက်ကြသည်။

"ပြန်ရအောင်!''

ကြည်လင်နေသော Babit စိတ်မှာ ချက်ချင်းပျောက်ကွယ်သွားသည်။ သူခရီးသွားချင်စိတ်မရှိတော့။ စားသောက်ဆိုင်ထဲမှ သူ့လူများနှင့်အတူအလောတကြီးထွက်လာပြီး သန့်စင်နေသောပင်လယ်အပိုင်းဆီပြန်သွားသည်။

Babit ပြန်ရောက်သောအခါ ချင်းလင်ဓာတ်ခွဲခန်းနေရာတွင် လူစည်နေသည်ကိုတွေ့ရသည်။ နေရာတကာ ကင်မရာနှင့်သတင်းထောက်များပြည့်နေသည်။

တခြားတင်ဒါကုမ္ပဏီ၊ဓာတ်ခွဲခန်းမှလူများလည်း သတင်းကြားပြီးရောက်နေကြသည်။

Babit က သူ့ဘေးမှဖန်သားပြင်ကြီးတွင်လွှင့်ထားသော Live ဗီဒီယိုကိုကြည့်လိုက်သည်။ ချင်းလင်ဓာတ်ခွဲခန်းနေရာတွင်ထားသော ရေအရည်အသွေးတိုင်းစက်များ၏စမ်းသပ်ချက်ရလဒ်များပင်။

လူတိုင်းက ဖန်သားပြင်ဗီဒီယိုကိုကြည့်နေသည်။ စမ်းသပ်စက်ပေါ်မှတန်ဖိုးများကို အားလုံးမြင်ရသည်။ တန်ဖိုးက နည်းနည်းချင်းကျနေ၏။

ချင်းလင်ဓာတ်ခွဲခန်းက ဆီညစ်ညမ်းမှုအပေါ်အံ့အားသင့်စရာကောင်းလောက်အောင်ထိရောက်ကြောင်း သက်သေပြနေသည်။

Babit မယုံနိုင်။

ကြည့်နေသူများလည်း သံသယမကင်း။

ဘေးတွင်ရပ်နေသော နိုင်ငံတကာရေထုစီမံရေးအဖွဲ့အစည်းကိုယ်စားလှယ်တစ်ယောက်က ရှေ့ထွက်လာပြီး မိုက်ကရိုဖုန်းနှင့်ရှင်းပြသည်_

"သံသယဖြစ်စရာမရှိပါဘူး... စမ်းသပ်တဲ့စက်မမှားပါဘူးဗျ... ကျွန်တော်တို့ကိုယ်တိုင်လည်း ရေအရည်အသွေးကိုစမ်းသပ်ပြီးပါပြီ... ချင်းလင်ဓာတ်ခွဲခန်းရဲ့အပင်တွေက တကယ်ထိရောက်ပါတယ်''

ထို့ကြောင့် ပတ်ဝန်းကျင်တွင် အာမေဋိတ်သံများညံသွားသည်။

"ချင်းလင်ဓာတ်ခွဲခန်းရဲ့အပင်တွေမှာ ဒီလိုအာနိသင်မျိုးရှိမယ်မထင်မိဘူး''

"ငါရှာကြည့်ပြီးပြီ... ဘဲစားမှော်အမျိုးအစားပဲ... အရှေ့တိုင်းမှာပဲတွေ့ရတဲ့ဘဲစားမှော်မျိုး''

"ရေအရည်အသွေးထိန်းချုပ်တဲ့အပင်သုတေသနကို စွန့်လွှတ်လိုက်တာမှားပြီပေါ့? ဒီလိုအာနိသင်မျိုးကို ဓာတ်ခွဲခန်းကနည်းပညာတွေမယှဉ်နိုင်ဘူး''

"ဟုတ်ပါ့.. Altos ဓာတ်ခွဲခန်းရဲ့သံလိုက်ဓာတ်ခွဲနည်းတောင် မယှဉ်နိုင်ဘူး''

"အင်း.. Altos ဓာတ်ခွဲခန်းနည်းပညာက ကမ္ဘာမှာအကောင်းဆုံးလေ''

သူ့နားဝန်းကျင်မှလူများက Altos ဓာတ်ခွဲခန်းအကြောင်းပြောနေသောကြောင့် Babit မျက်နှာပျက်သွားသည်။

သူအထင်သေးခဲ့တဲ့ ချင်းလင်ဓာတ်ခွဲခန်းရဲ့အပင်တွေမှာ ဒီလို​ကြောက်စရာကောင်းတဲ့အာနိသင်မျိုးရှိနေမည်ဟု သူမထင်မိ။

သို့ရာတွင် သူ့နားရှိလူများက ဆက်ပြောနေကြသေးသည်။

"ဒီတစ်ခါ Altos ဓာတ်ခွဲခန်းက ကိုးရိုးကားရားဖြစ်တော့မှာ... သူတို့က ချင်းလင်ဓာတ်ခွဲခန်းဘေးကိုရွေးထားတာလေ''

"အင်း.. ဝင်ပြိုင်တဲ့ဓာတ်ခွဲခန်းတွေထဲမှာ Altos ဓာတ်ခွဲခန်းကအားအကောင်းဆုံးဆိုပေမဲ့ ဒီတစ်ခါ ရှုံးတော့မယ်''

"ငါကြားတာတော့ Babit ကိုယ်တိုင်က ချင်းလင်ဓာတ်ခွဲခန်းဘေးကိုရွေးထားတာဆိုပဲ... အလံတွေကိုင်ယမ်းပြီးအော်နေတဲ့သတင်းထောက်လှလှလေးတွေလည်းရှိတယ်... အခုအခြေအနေကိုကြည့်စမ်း''

ထိုစကားကြောင့် Babit တို့မျက်စိမျက်နှာပိုပျက်သွားကြသည်။

ချင်းလင်ဓာတ်ခွဲခန်း၏နည်းပညာကို အားလုံးစိတ်ဝင်စားကြသည်မှာ ခြွင်းချက်မရှိပေ။

အဲဒီနောက် မိုးမခဘဲစားမှော်က မြန်မြန်ဆန်ဆန်မည်းသွားပြီး ထိုနေရာတဝိုက်ပင်လယ်ရေမည်းသွားသည်ကို အားလုံးမြင်ရသည်။

သို့ရာတွင် ထိုမည်းပုပ်နေသောမိုးမခဘဲစားမှော်များကြောင့် ဘယ်လောက်အံ့ဩရမည်ကို ဘယ်သူမှမသိကြပါချေ။

All Chapters