← Chapters

အခန်း (၁၃၅၄-၁၃၅၆)

Vol. 91 Ch. 1354-1356

အခန်း (၁၃၅၄-၁၃၅၆)

Vol. 91 Ch. 1354-1356

အခန်း ၁၃၅၄: တင်ဒါလက်လျှော့လိုက်တဲ့ချင်းလင်ဓာတ်ခွဲခန်း!

အချိန်လွန်သည်နှင့် ချင်းလင်ဓာတ်ခွဲခန်းကရွေးထားသောနေရာမှာ အမည်းရောင်လုံးလုံးပြောင်းပြီး အရွက်များကဘောလုံးလိုလိပ်သွားသည်။

ထိုမြင်ကွင်းကြောင့် အားလုံးစိတ်ဝင်စားပြီး ဘာဖြစ်နေလဲ စူးစမ်းကြသည်။

အပင်ကညိုးပုပ်သွားသော်လည်း အပင်အတွက်ပြဿနာရှိပုံမပေါ်။

ချင်းလင်ဓာတ်ခွဲခန်းတွင် ရှန်လီလည်း အစီရင်ခံစာရသည်။

မိုးမခဘဲစားမှော်က ဘောလုံးလိုလိပ်သွားကြောင်းသတင်းရပြီး ချက်ချင်းသူ့လူများနှင့် ကမ်းခြေရောက်လာသည်။

ချင်းလင်ဓာတ်ခွဲခန်းနေရာရောက်သောအခါ လူများဝိုင်းအုံနေသည်ကို ရှန်လီတွေ့ရသည်။

အကြောင်းရင်းကို သူသိသည်။

မိုးမခဘဲစားမှော်အာနိသင်ကြောင့် သူတို့အံ့ဩနေပြီ!

ဒါကလည်း ထင်ထားတဲ့အတိုင်း။

ရှန်လီကရောက်ရောက်ချင်း ညွှန်ကြားလိုက်သည်_

"မိုးမခဘဲစားမှော်တွေအကုန်ဆယ်ပြီး အသစ်ထပ်ထည့်ပါ''

ချင်းလင်ဓာတ်ခွဲခန်းမှလူများက ညွှန်ကြားချက်အတိုင်း ချက်ချင်းအလုပ်စသည်။

ချင်းလင်ဓာတ်ခွဲခန်းကပို့တာ တစ်သုတ်တည်းမဟုတ်။ အကြိမ်ကြိမ်လဲပေးရမည်။

မကြာမီ ပင်လယ်ပြင်ပေါ်တွင်အမည်းရောင်ဘောလုံးလိုလိပ်နေသောမိုးမခဘဲစားမှော်အားလုံးကိုဆယ်ယူပြီးသွားသည်။

ထို့နောက် အပင်အသစ်များကို ပင်လယ်ထဲထပ်ထည့်၏။

ထိုအချိန်တွင် မိုးမခဘဲစားမှော်ကိုအထင်သေးသူမရှိတော့ဘဲ အားလုံးအံ့ဩပြီးစူးစမ်းနေကြသည်။

ဘာပဲဖြစ်ဖြစ် မိုးမခဘဲစားမှော်တွေက သူတို့တန်ဖိုးနဲ့အာနိသင်ကိုသက်သေပြထားပြီ။

အခုအားလုံးသိချင်တာက မိုးမခဘဲစားမှော်ကို ဘယ်လိုပျိုးထောင်ထားလဲ၊ ဘယ်လိုသုတေသနပညာရှင်မျိုးက ဒီလိုအံ့ဖွယ်အရာကိုပျိုးထောင်နိုင်လဲ ဆိုတာပင်။

ဓာတ်ခွဲခန်းအတော်များများက တအံ့တဩဆွေးနွေးနေကြသည်။

"အရင်က ငါတို့အတွေးချော်သွားတာဖြစ်မယ်... ရေကိုအပင်နဲ့သန့်စင်တဲ့သုတေသနကိုလက်လျှော့လိုက်တာ မှားသွားပြီ''

"ဟုတ်ပါ့.. အပင်တွေမှာ ဒီလိုရေသန့်နိုင်တဲ့အာနိသင်မျိုးရှိမယ်လို့ တွေးမိမှာမဟုတ်ဘူး''

"ဒီအပင်ရဲ့အာနိသင်ကို ဘယ်အဆင့်မြင့်နည်းပညာမှမယှဉ်နိုင်မှာစိုးရတယ်''

"ဖြစ်နိုင်တာက ရေကိုအပင်နဲ့သန့်စင်တဲ့သုတေသနလမ်းကြောင်းက လွဲနေခဲ့သလားပဲ''

ဘောလုံးလိုလိပ်သွားသောမိုးမခဘဲစားမှော်များကို ချင်းလင်ဓာတ်ခွဲခန်းကဆယ်ယူပြီး ကမ်းခြေပို့လိုက်သည်။

ထိုမြင်ကွင်းကိုလည်း အားလုံးစိတ်ဝင်စားနေကြသည်။ မိုးမခဘဲစားမှော်ပင်များမည်းနက်နေပုံကလည်း စိတ်ဝင်စားစရာ။

သို့ရာတွင် ချင်းလင်ဓာတ်ခွဲခန်းဝန်ထမ်းက အမည်းရောင်မိုးမခဘဲစားမှော်လုံးများကိုလွှင့်မပစ်ဘဲ အထူးဖိသိပ်စက်ရှာကြသည်။

"သူတို့ဘာတွေလုပ်နေတာလဲ? ဘာဖြစ်လို့လဲ?''

Babit က မျက်မှောင်ကြုတ်ပြီးမေးသည်။

အခု ချင်းလင်ဓာတ်ခွဲခန်းကြောင့် အရှိုက်ထိနေပြီ။

ထိပင်ထိသော်လည်း ချင်းလင်ဓာတ်ခွဲခန်း၏မိုးမခဘဲစားမှော်အကြောင်းကို သိချင်နေသေး၏။

အပင်နဲ့ရေအရည်အသွေးထိန်းချုပ်တဲ့သုတေသနကိုသူလက်မလျှော့ခဲ့ရင် ဒီလိုမိုးမခဘဲစားမှော်မျိုးပျိုးထောင်နိုင်မလားဟုတောင် တွေးမိသည်။

ဖြစ်နိုင်သည်။

ထို့နောက် ချင်းလင်ဓာတ်ခွဲခန်းဝန်ထမ်းက မိုးမခဘဲစားမှော်များကို ဖိသိပ်စက်ထဲထည့်လိုက်သည်။

ထွက်ပေါက်အောက်တွင် ရေပုံးတစ်ပုံးချထား၏။

ဖိသိပ်စက်စလည်သောအခါ စက်လည်သံနှင့်အတူ ထွက်ပေါက်မှအမည်းရောင်အရည်များစီးပြီး ရေပုံးထဲကျလာ၍ အားလုံးအံ့ဩသွားသည်။

အမည်းရောင်အရည်က နည်းနည်းစေးကပ်ကပ်ဖြစ်နေသောကြောင့် အားလုံးမှင်တက်သွား၏။ ချက်ချင်း သူတို့စိတ်ထဲတွင်တစ်ခုတွေးမိသည်။

"ဆီလား?''

"မဖြစ်နိုင်ဘူးမလား?''

"အပင်က ပင်လယ်ထဲကဆီကိုတိုက်ရိုက်စုပ်ယူလိုက်တာလား?''

"စိတ်ကူးယဉ်မဆန်လွန်းဘူးလား? အရှေ့တိုင်းကလူတွေ ဒီအပင်ကိုဘယ်လိုများလုပ်လိုက်ပါလိမ့်?''

"မဖြစ်နိုင်ဘူး.. ဒါမျိုးမရှိဘူး''

Altos ဓာတ်ခွဲခန်းကလူများ မယုံနိုင်အောင်ဖြစ်နေကြသည်။

သူ့နားမှဆွေးနွေးသံများကြောင့် Babit ကအမှတ်တမဲ့ခေါင်းခါလိုက်ပြီး_

"အဲဒါအဆင့်မြင့်နည်းပညာမဟုတ်ဘူး... အပင်တွေက မှတ်ဉာဏ်ပါတဲ့စနစ်မဟုတ်ဘူး... ပင်လယ်ထဲစိမ့်သွားတဲ့ဆီကို ဘယ်လိုလုပ်အတိအကျစုပ်ယူနိုင်မှာလဲ?''

ဒါမျိုးက လူတိုင်းအဖို့စိတ်ကူးယဉ်ဆန်နေသည်။

နောက်ပြီး မည်းမည်းအရည်က ဆီဟုတ်မဟုတ် ဘယ်သူမှမသိ။

ဘာပဲဖြစ်ဖြစ် အပင်က ပင်လယ်ထဲမှဆီကိုတိုက်ရိုက်စုပ်ယူဖို့မလွယ်။

မြန်မြန်ဆန်ဆန်ပင်_

ရေပုံးတွင် အမည်းရောင်အရည်များပြည့်သွားသည်။

ချင်းလင်ဓာတ်ခွဲခန်းဝန်ထမ်းက ရေပုံးအသစ်လဲလိုက်၏။

နောက်ဝန်ထမ်းတစ်ယောက်က အမည်းရောင်ရေပုံးကိုမပြီး ထင်းပုံနားလျှောက်သွားသည်။ ထင်းပုံပေါ်တွင် မည်းမည်းအရည်များလောင်းချပြီး မီးစရှို့သည်။

တခဏချင်း ထင်းပုံကိုမီးစွဲပြီး မီးခိုးမည်းမည်းများအူတက်လာ၏။

မီးကပုံမှန်မဟုတ်။ ရေနံလောင်းလိုက်သည်နှင့်မခြားပေ။

ထိုမြင်ကွင်းကြောင့် သူတို့အထင်မှန်ကြောင်း သိလိုက်ရသည်။

ချင်းလင်ဓာတ်ခွဲခန်းဝန်ထမ်းက နောက်စက်တစ်လုံးရှာသည်။ ဗဟုသုတကြွယ်သူတိုင်း ဆီသန့်စင်စက်မှန်းသိနိုင်သည်။

ဝန်ထမ်းကစက်ဖွင့်ပြီးနောက် အမည်းရောင်အရည်များ စက်ထဲလောင်းချလိုက်သည်။

ထိုအချက်ကြောင့် အမည်းရောင်အရည်ကဆီဖြစ်ကြောင်း အကြမ်းဖျင်းအတည်ပြုရသည်။

မကြာမီ ဆီကိုလုံးဝသန့်စင်ပြီးသွား၏။

နောက်ချင်းလင်ဓာတ်ခွဲခန်းဝန်ထမ်းတစ်ဦးက ကားတစ်စီးထိုးလာပြီး ဆီဖြည့်သည်။

အဲဒီနောက် ဝန်ထမ်းက ကားထဲဝင်ပြီးကားစက်နှိုးကာ စမောင်းသည်။

ကမ်းရိုးတန်းတဝိုက်တွင်ကားပတ်မောင်းပြီး ကားကမြန်မြန်လာသည်။ ရပ်မည့်ပုံမရှိသလိုပင်။

ထို့ကြောင့် သတင်းထောက်များ၏ကင်မရာကိုပိုဆွဲဆောင်နေသည်။

အပင်က ပင်လယ်ထဲမှဆီစုပ်ရုံသာမက စုပ်ထားသောဆီကိုစက်နှင့်သန့်စင်ပြီး ကားထဲထည့်ကာတန်းမောင်းနိုင်သည်။

ဒါလက်တွေ့မှာဖြစ်နိုင်သောအရာမဟုတ်။

ဒါပေမဲ့ အခုဖြစ်နေပြီ။

ချင်းလင်ဓာတ်ခွဲခန်းမှပျိုးထောင်ထားသောအပင်က ကြောက်ခမန်းလိလိအစွမ်းကိုပြလိုက်ပြန်ပြီ။

ဒီလောက်ကြောက်စရာကောင်းတဲ့အာနိသင်မျိုးရှိရင် တခြားဓာတ်ခွဲခန်းတွေဘယ်လိုတော့မလဲ?

ဘယ်လောက်ကောင်းကောင်း ချင်းလင်ဓာတ်ခွဲခန်းရဲ့အပင်လို ပင်လယ်ထဲကဆီကိုတိုက်ရိုက်စုပ်ယူနိုင်ပါ့မလား?

ပေကျင်း_

ဝန်ကြီးလု၊ ခေါင်းဆောင်နှင့်ရေအရည်အသွေးတာဝန်ခံလည်း ထိုကိစ္စကိုအာရုံစိုက်နေသည်။

ဆီထုတ်ပြီးသန့်စင်လိုက်သောမြင်ကွင်းကြောင့် ခေါင်းဆောင်က တအံ့တဩမတ်တပ်ထရပ်သည်။

သုတေသနအကြောင်းနားမလည်သောသာမန်လူဖြစ်သော်လည်း ဒါဘယ်လောက်အံ့ဩစရာကောင်းမှန်း သူသိသည်။

ဖန်သားပြင်ဗီဒီယိုမှတဆင့် ချင်းလင်ဓာတ်ခွဲခန်းက မိုးမခဘဲစားမှော်ပင်အသစ်များပင်လယ်ထဲလောင်းချနေကြောင်း၊ ရှန်လီနှင့်အဖွဲ့လည်း ကမ်းခြေရောက်နေကြောင်းတွေ့ရသည်။

ရှန်လီကမ်းပေါ်တက်သည်နှင့် မောရိသျှအစိုးရနှင့်နိုင်ငံတကာရေအရည်အသွေးအဖွဲ့အစည်းက သူ့ဆီရောက်လာသည်။

သူတို့တင်ဒါခေါ်ရသည့်အကြောင်းရင်းက ပင်လယ်ကိုသန့်စင်နိုင်မည့်နည်းပညာရှာဖို့ပင်။

Altos ဓာတ်ခွဲခန်းနှင့် သူတို့ချိတ်ဆက်ထားပြီဖြစ်သည်။

ဘာပဲဖြစ်ဖြစ် Altos ၏သံလိုက်ဓာတ်ခွဲနည်းက အကောင်းဆုံးနည်းပညာဖြစ်ခဲ့သည်။ အာနိသင်ကိုမြင်ပြီးနောက် တခြားဓာတ်ခွဲခန်းများ၏နည်းပညာက အသုံးမဝင်တော့။

အခုချင်းလင်ဓာတ်ခွဲခန်းရဲ့ကြောက်ခမန်းလိလိအာနိသင်ကိုမြင်ရပြီး Altos ဓာတ်ခွဲခန်းရဲ့နည်းပညာကရော အသုံးဝင်သေးလား?

ထို့ကြောင့် ချင်းလင်ဓာတ်ခွဲခန်းနှင့်အဆက်အသွယ်လုပ်ချင်လာသည်။

နောက်ပြီး ဒီတင်ဒါမှာဝင်ပြိုင်စရာမလိုတော့။ ချင်းလင်ဓာတ်ခွဲခန်းက တင်ဒါတန်းအောင်သွားပြီဖြစ်သည်။ Altos ဓာတ်ခွဲခန်းအပါအဝင် တခြားဓာတ်ခွဲခန်းများမှာမူ အစသာရှိသေး၏။

နိုင်ငံတကာသတင်းထောက်များမှာ သတင်းအရင်ရလိုဇောနှင့်ဝိုင်းလာကြသည်။

ဒီအပင်အာနိသင်အရ သူတို့ပြည်တွင်းမှာသတင်းလွှင့်လိုက်ရင် သေချာပေါက်အုတ်အော်သောင်းတင်းဖြစ်မည်။

ရှန်လီကမ်းပေါ်တက်တက်ချင်း မောရိသျှနှင့်နိုင်ငံတကာရေထုအဖွဲ့အစည်းခေါင်းဆောင် Vidas နှင့်တွေ့သည်။

Vidas က ချက်ချင်း ရှန်လီဆီလှည့်လာပြီး_

"မစ္စတာရှန် ဂုဏ်ယူပါတယ်... ကျုပ်တို့ဆွေးနွေးပြီးတော့ ချင်းလင်ဓာတ်ခွဲခန်းကတင်ဒါအောင်တဲ့အကြောင်းအတည်ပြုလိုက်ပါပြီ''

"အဲဒါကြောင့် ကျုပ်တို့ပင်လယ်ညစ်ညမ်းမှုကိုလည်း ခင်ဗျားတို့ချင်းလင်ဓာတ်ခွဲခန်းလက်ထဲအပ်လိုက်ပါပြီ... ကျုပ်တို့အဖွဲ့အစည်းက ချင်းလင်ဓာတ်ခွဲခန်းနဲ့ အဘက်ဘက်ကပူးပေါင်းပေးနိုင်ပါတယ်''

ထိုမြင်ကွင်းကို သတင်းထောက်များကဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ထားသည်။

ချင်းလင်ဓာတ်ခွဲခန်းက အပြတ်အသတ်နိုင်သွားပြီဖြစ်၍ တင်ဒါဆက်ပြိုင်စရာမလိုကြောင်း သတင်းထောက်များလည်းသိသည်။

တခြားဘယ်ကုမ္ပဏီ၊ဓာတ်ခွဲခန်းမှ ချင်းလင်ဓာတ်ခွဲခန်း၏တစ်ပုံတောင်မကျချေ။

နောက်ပြီး ဒီနယ်ပယ်မှသတင်းများကိုအာရုံစိုက်ထားသော​ကြောင့် သူတို့နိုင်ငံကရေအရည်အသွေးပြဿနာဘယ်လောက်ဆိုးမှန်းသိသည်။

ဒီတော့ ချင်းလင်ဓာတ်ခွဲခန်းရဲ့အပင်တွေက သူတို့နိုင်ငံရဲ့ရေထုကိုကယ်တင်ပေးနိုင်ရင် သူတို့အားလုံးအတွက်လည်းကောင်းသည်။

ဒီလိုဖြစ်လာမည်မှန်း ရှန်လီသိသည်။

အရူးမဟုတ်ရင် မိုးမခဘဲစားမှော်ရဲ့အာနိသင်ကိုသိပြီးနောက်ပိုင်း မလှုပ်ရှားဘဲနေမည်မဟုတ်။ သိသိချင်း သူတို့ဆီရောက်လာလိမ့်မည်။

သို့ရာတွင် ရှန်လီက Vidas စကားကိုနားထောင်ရင်း ရုတ်တရက်တောင်းပန်စကားပြောသည်_

"အားနာပေမဲ့ ပြောရဦးမယ်... ကျွန်တော်တို့ချင်းလင်ဓာတ်ခွဲခန်းက ဒီလေလံကိုလက်လျှော့လိုက်ပါပြီ... ပူးပေါင်းဖို့တခြားဓာတ်ခွဲခန်းရှာလိုက်ပါ''

BOOM!

ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားပြီး သတင်းထောက်အဖွဲ့များကလည်း ပိုက်ဆံမလိုတော့သလို ရှပ်တာကိုနှိပ်လိုက်ကြသည်။

တင်ဒါအောင်မြင်တော့မှ ချင်းလင်ဓာတ်ခွဲခန်းက စွန့်လွှတ်မည်ဟု ဘယ်သူမှမထင်မိ။

ရူးလိုက်တာ?

ဒီတင်ဒါဝင်ပြိုင်တာ အပင်အာနိသင်အကြောင်းအသိပေးရုံသက်သက်လား? တင်ဒါကိုလုံးဝစိတ်မဝင်စားဘူးလား?

မောရိသျှတာဝန်ခံခေါင်းဆောင် Vidas ကြောင်သွားသည်။ ဒီလိုဖြစ်လာမည်ဟု သူတို့မထင်ခဲ့မိ။

အခုတော့ ဖြစ်လာပြီ။

ဒါပေမဲ့ ချင်းလင်ဓာတ်ခွဲခန်းကတင်ဒါကိုလက်လျှော့ရင် သူတို့ဘာလုပ်ရမလဲ?

"မစ္စတာရှန်''

Vidas က တန်းမေးသည်_

"ခင်ဗျားတို့ချင်းလင်ဓာတ်ခွဲခန်းက တင်ဒါကိုဘာကြောင့်လက်လျှော့သလဲ သိပါရစေ... အခုနိုင်နေပြီလေ''

"တကယ်အားနာပါတယ်''

ရှန်လီက ပြုံးပြုံးနှင့်ပြောသည်_

"ဒါ ကျွန်တော်တို့ချင်းလင်ဓာတ်ခွဲခန်းရဲ့နောက်ဆုံးသုတေသနရလဒ်ပါ... ကျွန်တော်တို့နိုင်ငံကခွင့်ပြုချက်မရသေးတော့ လတ်တလော ကြော်ငြာလို့မရသေးပါဘူး... ကျွန်​တော်တို့ချင်းလင်ဓာတ်ခွဲခန်းနဲ့ဆက်ပူးပေါင်းဖို့အဆင်မပြေနိုင်ပါဘူး''

အားလုံး အဓိပ္ပါယ်မရှိ။

ဒါပေမဲ့ တစ်ခုတော့မှန်သည်။

မိုးမခဘဲစားမှော်၏ကြောက်ခမန်းလိလိအာနိသင်အရ ထိန်းချုပ်ရမည့်ပစ္စည်းဖြစ်၍ ကြော်ငြာခွင့်မရှိဘဲ နိုင်ငံတော်၏ညွှန်ကြားချက်အတိုင်းသာ လိုက်နာရမည်။

ရှန်လီကပြောပြီးသည်နှင့် နောက်ပြန်မကြည့်ဘဲထွက်သွားသည်။ နောက်ကအုပ်စုမှာ ကြောင်တောင်တောင်နှင့်ကျန်ခဲ့၏။

Vidas မျက်စိမျက်နှာပျက်နေသည်။

ဒီလိုဆို ချင်းလင်ဓာတ်ခွဲခန်းနှင့်ပူးပေါင်းနိုင်မည့်နိုင်ငံသိပ်မရှိမှန်း သူတို့သိသည်။

ဘာပဲဖြစ်ဖြစ် တချို့နိုင်ငံများက ထိုအရှေ့တိုင်းနိုင်ငံနှင့်အာဃာတကြီးကြီးမားမားရှိသည်။ အပေးအယူလုပ်ဖို့ သူတို့မှာဘာရှိလဲ? တန်ရာတန်ကြေးမပေးရင် သူတို့ကမျှဝေမှာမဟုတ်။

သို့ရာတွင် မောရိသျှခေါင်းဆောင်က အမှတ်တမဲ့သက်ပြင်းချလိုက်သည်။ အောင့်သက်သက်နှင့် သူပြုံးလိုက်၏။

မောရိသျှနဲ့အရှေ့တိုင်းက မိသားစုလိုပင်။

မောရိသျှမှာ တရုတ်နှစ်သစ်ကူးပိတ်ရက်ပေးသော၊ တစ်ခုတည်းသောနိုင်ငံဖြစ်သည်။ ဆောင်းရာသီပွဲ၊ နဂါးလှေပွဲနှင့် တခြားရိုးရာပွဲများလည်း မောရိသျှတွင်ကျင်းပသည်။

ဒီလိုရင်းနှီးမှုကြောင့် သူတို့အကူအညီတောင်းရင် အရှေ့တိုင်းက အရင်အတိုင်းသေချာပေါက်ကူညီလိမ့်မည်။

မြို့တော်တွင် ရှန်လီစကားကြောင့် ခေါင်းဆောင်နှင့်ဝန်ကြီးလုက အချင်းချင်းကြည့်လိုက်ကြသည်။

သူတို့လည်း ချင်းလင်ဓာတ်ခွဲခန်းက တင်ဒါကိုလက်လျှော့မည်မထင်မိ။

"ချင်းလင်ဓာတ်ခွဲခန်းက ငါတို့ကိုလက်ဆောင်ကြီးကြီးပေးတော့မယ်''

ခေါင်းဆောင် သက်ပြင်းမချဘဲမနေနိုင်။

ချင်းလင်ဓာတ်ခွဲခန်းရဲ့ကြေညာချက်ကြောင့် သူတို့ဘယ်လောက်အကျိုးအမြတ်ရမည်၊ လုပ်ပိုင်ခွင့်ရမည်မှန်း သူတို့သိသည်။

ဝန်ကြီးလုကပြုံးပြီး ခေါင်းတညိမ့်ညိမ့်နှင့်။

အဲဒါ ချင်းလင်ဓာတ်ခွဲခန်းပဲ။

သူဌေးချင်ကြောင့် အဘက်ဘက်မှာပြဿနာလုံးဝမရှိခဲ့ပေ။

အခန်း ၁၃၅၅: ဟွရှင်းလေအေးပေးစက် နာမည်ကြီးပြန်ပြီ!

ရှန်လီထွက်သွားသောကြောင့် မောရိသျှကလည်း အလောတကြီးထွက်လာသည်။

ပင်လယ်ကိုသန့်စင်ရန် ချင်းလင်ဓာတ်ခွဲခန်းအကူအညီရမည့်နည်းလမ်း စဉ်းစားရဦးမည်။

အရှေ့တိုင်းနှင့်ဆက်ဆံရေးကောင်း၍သာ တော်တော့သည်။ သူတို့တောင်းဆိုရင် ချင်းလင်ဓာတ်ခွဲခန်းက ပင်လယ်သန့်စင်ပေးဖို့သဘောတူနိုင်သည်။

ရှန်လီကတင်ဒါမှနုတ်ထွက်ကြောင်းကြေညာပြီး မောရိသျှမှတန်းပြန်လာသည်။

အခု သူ့ရည်ရွယ်ချက်အထမြောက်ပြီဖြစ်၍ လျင်လျင်မြန်မြန်၊ပြတ်ပြတ်သားသား ကျောခိုင်းထွက်လာခဲ့သည်။

ဒီသတင်းကြောင့် ဒီလူတွေလန်သွားရင်တောင် သူတို့နောက်ပြန်လှည့်မှာမဟုတ်။

နောက်ပြီး သူတို့မလာခင်ကတည်းက အစီအစဉ်ဆွဲထား၍ ချင်းလင်ဓာတ်ခွဲခန်းမှလူများကိုအသင့်စောင့်နေသောပြည်တွင်းသင်္ဘောများရှိသည်။

ရှန်လီက သင်္ဘောပေါ်မှဆင်းဆင်းချင်း ချင်လင်ကိုဖုန်းဆက်ပြီး အစီရင်ခံသည်။

ချင်းလင်ဓာတ်ခွဲခန်းစမ်းသပ်စိုက်ခင်းတစ်နေရာ_

ချင်လင်နှင့်လီခိုင်က သုတေသီနှစ်ယောက်နှင့်ဝင်လာလာချင်း နွေးထွေးပြီးသက်သောင့်သက်သာရှိသလိုခံစားရသည်။ သူတို့မြင်နေရသည်က အပူချိန်ထိန်းမြက်များ။

ထိုအပူချိန်ထိန်းမြက်ကိုပျိုးထောင်ရန် ချင်းလင်ဓာတ်ခွဲခန်းသို့ယူလာခဲ့သည်။ နောက်ပြီး ကြီးထွားနှုန်း +၂ အာနိသင်ကြောင့် အပူချိန်ထိန်းမြက်က အကြီးမြန်သည်။

အခုဒုတိယအသုတ်စနေပြီဖြစ်သည်။

သူတို့ရှေ့ကအပင်များကို အထူးထိန်းသိမ်းထားခြင်းပင်။

သုတေသီတစ်ယောက်က အစီရင်ခံသည်_

"ဥက္ကဌချင်.. ဒီအပူချိန်ထိန်းမြက်တွေကို မျိုးသတ်ပြီးပြီ... မျိုးစေ့မဖြစ်နိုင်တော့ဘူး... ရောင်းလို့ရပါပြီ''

အပူချိန်ထိန်းမြက်ပျိုးထောင်ရသောရည်ရွယ်ချက်က ကြော်ငြာဖို့ပင်။ ထို့ကြောင့် ပျိုးထောင်ရင်း အပြင်ထုတ်ကြော်ငြာရန်ချန်ထားကြသည်။

လီခိုင်က အပူချိန်ထိန်းမြက်ရှေ့လျှောက်လာပြီး ချင်လင်အား_

"ညီလေးချင်.. ဒါထွက်လာရင် မင်းကြောင့်အံ့ဩရဦးမယ်... လေအေးပေးစက်ကုမ္ပဏီတွေတော့ ကံဆိုးတာပေါ့''

"ဒါနဲ့ ဟွရှင်းလေအေးပေးစက်ကုမ္ပဏီက ချင်းလင်စံအိမ်ကိုချောက်ချဖူးတာသတိရတယ်... အဲဒီတုန်းက မင်းလေအေးပေးစက်လိုအပင်မျိုးပျိုးထောင်မှာမကြောက်ဖူးလို့ သူတို့ရဲရဲတင်းတင်းပြောဖူးတယ်လေ''

"ဒီတစ်ခါတော့ မင်းရှင်းရခက်ပြီ... ဒီအပူချိန်ထိန်းမြက်ကိုမင်းတမင်တကာပျိုးထောင်တာမဟုတ်မှန်း ငါသိပေမဲ့ အပြင်လူတွေက လုံးဝယုံမှာမဟုတ်ဘူးနော်''

လီခိုင်ကပြောရင်းဆိုရင်း ပြုံးဖြီးဖြီးလုပ်နေသည်။

အပြင်လူတွေတင်မယုံတာမဟုတ်၊ သူကိုယ်တိုင်လည်း သိပ်မယုံ။

ချင်လင်မှာအကြိမ်ကြိမ်ရှင်းပြပြီးဖြစ်သော်လည်း မရှင်းပြချင်တော့။ အမှန်တကယ်တိုက်ဆိုင်ခြင်းသာ။

ဒီတော့ တစ်ခါတလေ အမှန်တရားက ကိစ္စမဟုတ်။ အမှန်တရားက လူတွေပါးစပ်ဖျားမှာသာရှိသည်။

သူစိတ်ရှင်းရင်ရပြီ။ ရှင်းပြနေစရာမလို။

ချင်လင်က စကားလမ်းလွှဲလိုက်သည်_

"အစ်ကိုလီ.. ကျွန်တော် ဒီအပူချိန်ထိန်းမြက်နဲ့ ချင်းလင်စံအိမ်မှာပွဲလုပ်မလို့... ဥက္ကဌရှန်က ပြန်မလာသေးဘူးဆိုတော့ ကျွန်တော့အစား စောင့်ကြည့်ပေးပါလား?''

"ငါကြည့်လိုက်မယ်''

လီခိုင် ခေါင်းညိမ့်လိုက်သည်။

သူတို့နှစ်ဦးစကားပြောနေစဉ် ချင်လင်ဖုန်းမြည်လာသည်။ ရှန်လီပင်။

ချင်လင်က ချက်ချင်းဖုန်းကိုင်လိုက်သည်။

ဖုန်းထဲမှ ရှန်လီအသံကိုတန်းကြားရသည်_

"ဥက္ကဌချင်.. ကျွန်တော်ပြန်လာပါပြီ... တင်ဒါကနုတ်ထွက်မယ်လို့ကြေညာလိုက်တော့ အဲဒီလူတွေအကုန်ကြောင်သွားတယ်''

ရှန်လီစကားကြောင့် ချင်လင်ပြုံးလိုက်သည်။

သူမြင်ယောင်ကြည့်နိုင်သည်။ ဘာပဲဖြစ်ဖြစ် မိုးမခဘဲစားမှော်ပင်နာမည်ကြီးအောင် မောရိသျှတင်ဒါကို သူတို့အသုံးချခြင်းသာ။

နောက်ပြီး မိုးမခဘဲစားမှော်အာနိသင်ကြောင့် အားလုံးအံ့ဩသွားမည်ဟု သူခန့်မှန်းမိသည်။

အချိန်ကျရင် တောင်းဆိုသူတွေအများကြီးရှိလာမည်။

အထူးသဖြင့် ရေသန့်စင်ရာတွင် အထူးမိုးမခဘဲစားမှော်မှာကြောက်ခမန်းလိလိအာနိသင်မျိုးရှိမှန်း သူသေချာသိသည်။ လက်*နက်အကြီးစားပင်။ နိုင်ငံတကာနှင့်ပူးပေါင်းရမည့်အရေးတွင် အထက်လူများက သူ့ကိုသေချာပေါက်လာရှာကြလိမ့်မည်။

ထို့ကြောင့် ဒီပြဿနာကို သူကိုယ်တိုင်ဖန်တီးပြီး တခြားနိုင်ငံများကို ထိပ်ပိုင်းနှင့်အရင်တွေ့စေသည်။ အထက်ကသဘောတူရင် ချင်းလင်ဓာတ်ခွဲခန်းက ကူညီပေးမည်။

အထက်လူများကိုဒိုင်းကာအဖြစ်သုံးပြီး ချင်းလင်ဓာတ်ခွဲခန်းအတွက်အခက်အခဲနည်းအောင်လုပ်ခြင်းပင်။

ချင်လင်က ရှန်လီနှင့်ခဏစကားပြောပြီးဖုန်းချကာ လင်းလန်ဇီကိုဆက်လိုက်သည်။

လင်းလန်ဇီက နတ်သမီးပုံပြင်တောင်ကိုစစ်ဆေးနေစဉ် ဖုန်းဝင်လာသည်။ ချင်လင်ဖုန်းဆက်သောကြောင့် ချက်ချင်းကိုင်ပြီး_

"ဟယ်လို ဥက္ကဌချင်.. ဘာညွှန်ကြားစရာရှိပါသလဲ?''

သူဌေးအကြောင်း သူမကောင်းကောင်းသိသည်။ ပုံမှန်အလုပ်မရှိ။ စံအိမ်ကို သူဌေးကတော်ကျောက်မိုချင်းကစောင့်ကြည့်သည်။

အရေးမကြီးရင် သူဖုန်းဆက်မည်မဟုတ်။ ဆက်ရင်လည်း အရေးကြီးကိစ္စဖြစ်မည်။

ချင်လင်အသံကြားရ၏_

"အစ်မလင်း.. အခုအချိန်ရရင် ချင်းလင်စံအိမ်လာခဲ့ပါဦး... ဒီမှာ အပင်အသစ်ရှိတယ်... အဲဒါနဲ့ ချင်းလင်စံအိမ်မှာပွဲလုပ်ချင်လို့''

"ဥက္ကဌချင်.. ကျွန်မလာခဲ့မယ်''

'ပွဲ'ဆိုသောစကားကြောင့် လင်းလန်ဇီက ချင်းလင်ဓာတ်ခွဲခန်းသွားချင်လာသည်။ ပွဲအတွက်အသစ်ထုတ်ထားသောပစ္စည်းရှိမှန်း သူမသိရပြီ။

နောက်ပြီး ချင်လင်ကိုယ်တိုင်ညွှန်ကြားသည့်ပွဲတိုင်း နာမည်ကြီးမှာအသေအချာပင်။

ထို့ကြောင့် နတ်သမီးပုံပြင်တောင်မှတန်းထွက်ပြီး ချင်းလင်ဓာတ်ခွဲခန်းသွားလိုက်သည်။

လုံခြုံရေးအစောင့်များ၏အစစ်ဆေးခံပြီးနောက် သူဌေးချင်ညွှန်ကြားချက်အတိုင်း အပူချိန်ထိန်းမြက်စမ်းသပ်စိုက်ခင်းသို့ လင်းလန်ဇီရောက်လာသည်။

လင်းလန်ဇီ စိုက်ခင်းထဲရောက်သည်နှင့် တစ်ခုခုပုံမှန်မဟုတ်သလိုခံစားရသည်။

အပူချိန်က နေရထိုင်ရကောင်းသည်။

ရုံချန်းရာသီဥတုပြောင်းပြီးနောက် နွေမှာအေးပြီး ဆောင်းမှာနွေးသည်။ ဒီလိုရာသီဥတုမျိုးက အလွန်သာယာသော်လည်း ဒီမှာအပူချိန်ပိုမြင့်နေသည်။

မယုံနိုင်စရာ။

လိပ်ကျောကုန်းပင်အုပ်လိုက်ကိုလည်းတွေ့ရသည်။ သူမအိမ်မှာ လိပ်ကျောကုန်းနှစ်ပင်ရှိသော်လည်း ဒီအပင်နှင့်လုံးဝမတူ။ အရွက်မှာ ထူးထူးခြားခြားနှစ်ရောင်ရှိနေသည်။

အခန်း ၁၃၅၆: ဟွရှင်းလေအေးပေးစက် နာမည်ကြီးပြန်ပြီ! ၂

တစ်ရွက်က အပြာ၊ တစ်ရွက်က အနီ။

ထိုထူးခြားချက်ကြောင့် အပူချိန်ပုံမှန်မဟုတ်ခြင်းက ဒီအပူချိန်ထိန်းမြက်နှင့်ဆက်စပ်နေမည်ဟု ချက်ချင်းတွေးမိသည်။ သူမက စူးစမ်းချင်လာပြီး_

"ဥက္ကဌချင်.. ဒီအပူချိန်က အရမ်းနေသာထိုင်သာရှိတယ်... အဲဒါလိပ်ကျောကုန်းကြောင့်လား?''

ချင်လင်ကခေါင်းညိမ့်ပြီး တန်းရှင်းပြသည်_

"အဲဒါ လိပ်ကျောကုန်းကနေပျိုးထောင်လိုက်တဲ့အပူချိန်ထိန်းမြက်လေ... အပူချိန်ကိုတသမတ်တည်းထိန်းထားနိုင်တဲ့အထူးအာနိသင်ရှိတယ်... အပင်အလုံအလောက်ရှိရင် အပူချိန်ကို ၂၂ ကနေ ၂၈ အတွင်း လေးရာသီလုံးထိန်းထားနိုင်တယ်''

"အာ.. ဒါလေအေးပေးစက်ပဲမလား?''

ချင်လင်စကားကြောင့် လင်းလန်ဇီအံ့ဩသွားသည်။ ပြီးမှ စိတ်ကူးရပြီး ချက်ချင်းပင်_

"ဥက္ကဌချင်.. ဟွရှင်းလေအေးပေးစက်ကချောက်ချလို့ ချင်းလင်ဓာတ်ခွဲခန်းကအပင်ထုတ်တယ်လို့ပြောရင် မယုံဘူးမလား?''

"ကျွတ် ကျွတ်''

ရုတ်တရက် ချင်လင်အားမရှိတော့သလိုပင်။ လူတိုင်းဘာလို့ဒီလိုဖြစ်နေလဲ သူနားမလည်နိုင်။

ဒါ တကယ်တိုက်ဆိုင်တာ။

"ဥက္ကဌချင်.. ရှင်တကယ်အံ့ဩဖို့ကောင်းတာပဲ''

လင်းလန်ဇီမနေနိုင်ဘဲ ချီးကျူးလိုက်သည်_

"ဟွရှင်းလေအေးပေးစက်ပိုင်ရှင်သာ ဒီအကြောင်းသိရင် သူ့ကုမ္ပဏီနာမည်ကြီးဖို့အတွက် ကျွန်မတို့ကိုပြောရဲတော့မှာမဟုတ်ဘူး''

"ကျွတ် ကျွတ်''

ချင်လင်ကမဖြေရှင်းချင်သောကြောင့် ချက်ချင်းညွှန်ကြားလိုက်သည်_

"အစ်မလင်း.. ဒီအပူချိန်ထိန်းမြက်တွေ ဓာတ်ခွဲခန်းကနေလွှဲယူလိုက်ပါ... ပြီးရင် ချင်းလင်စံအိမ်မှာပွဲလုပ်ဖို့ပို့ခိုင်းပါ... ပွဲမတိုင်ခင် လျှို့ဝှက်ထားဦးနော်''

"ကောင်းပါပြီ ဥက္ကဌချင်.. ပြဿနာမရှိစေရပါဘူး''

လင်းလန်ဇီကချက်ချင်း ချင်လင်ကိုကတိပေးလိုက်သည်။

ဒီကိစ္စအရေးကြီးမှန်း သူမလည်းသိသည်။ သူမခေါင်းထဲမြန်မြန်ဆန်ဆန်လည်ပတ်သွားပြီး ပွဲအစီအစဉ်အကြောင်းစစဉ်းစားသည်။

ညပိုင်း_

လင်းလန်ဇီက ချင်းလင်ဓာတ်ခွဲခန်းမှအပူချိန်ထိန်းမြက်သယ်နေစဉ် မောရိသျှနှင့်မိုးမခဘဲစားမှော်သတင်းကလည်း တစ်ကမ္ဘာလုံးပြန့်သွားသည်။

ထိုအချိန် အနောက်နိုင်ငံများတွင် မနက်ပိုင်း သို့မဟုတ် နေ့လယ်ပိုင်းအချိန်ဖြစ်နေသည်။ နိုင်ငံတကာပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များကို စိတ်ဝင်စားသူများက ထိုသတင်းကြောင့် အထူးအာရုံစိုက်နေကြသည်။

အစပိုင်းက သာမန်အတိုင်းကြည့်ရုံသာဖြစ်သော်လည်း မိုးမခဘဲစားမှော်၏အံ့ဖွယ်အစွမ်းကို တွေ့လိုက်ရသောအခါ အခြေအနေတမျိုးဖြစ်သွားသည်။ အပင်တစ်ပင်က ရေထဲပြန့်နေသောဆီကိုတိုက်ရိုက်စုပ်ယူနိုင်ရုံသာမက အထူးစက်ကိရိယာနှင့် ထိုဆီများကိုပြန်လည်သန့်စင်ခွဲထုတ်ပြီးနောက် ဆက်လက်အသုံးပြုနိုင်သည်ကိုမြင်ရသောကြောင့် လူတိုင်းအံ့ဩလွန်း၍ကြက်သီးမွေးညင်းများထရသည်။

လူသားတွေက ဒီလိုအပင်မျိုးတကယ်ပျိုးထောင်နိုင်သတဲ့။ ဂြိုဟ်တုနည်းပညာတွေဘာတွေမပါတာ သေချာရဲ့လား?

အချိန်တိုအတွင်း ချင်းလင်ဓာတ်ခွဲခန်းက တစ်ကမ္ဘာလုံးကိုကိုင်လှုပ်လိုက်နိုင်သည်ဟုဆိုရမည်။

ချင်းလင်ဓာတ်ခွဲခန်းဆိုသောနာမည်က အားလုံးမျက်စိထဲရောက်လာပြန်သည်။

အမေရိကန်ဓာတ်ခွဲခန်းတစ်ခုတွင် Adoxi မှာ သုတေသီများ၏လှုပ်ရှားမှုကို စိတ်လှုပ်ရှားစွာကြည့်နေသည်။

သုတေသီတချို့က အပင်မျိုးစိတ်ကိရိယာများနှင့်အလုပ်ရှုပ်နေသည်ကိုတွေ့ရသည်။

ထိုသုတေသနမှာ သန့်စင်မြက်အတွက်ဖြစ်သည်။

အရင်က လူ့ခန္ဓာကိုယ်တွင်ပျက်စီးနေသောတစ်ရှူးများကိုပြန်ကောင်းစေသည့် HKR ဆေးနှင့် အရှေ့တိုင်းမှသန့်စင်မြက်ကိုရယူချင်ခဲ့သည်။

သူတို့က ယွီဖေးဆေးထုတ်ပြီး HKR ဆေးကိုအမှိုက်ဖြစ်အောင်လုပ်လိုက်မည်ဟုမထင်မိ။

ထို့ကြောင့် သန့်စင်မြက်ကိုအရမယူနိုင်ဘဲ အရင်းရှင်များပေးသောတာဝန်မကျေပွန်ခဲ့ချေ။ သူအမြင့်ရောက်အောင်လည်း တဖက်ကအထောက်အကူပေးတော့မည်မဟုတ်။

ရှင်းကျန့်တယ်လိုနိုင်ငံမျိုးမှာ အရင်းရှင်အထောက်အပံ့မပါဘဲ နောက်တစ်ဆင့်တက်ဖို့၊ အဆင့်မြင့်နေရာများတွင်ပါဝင်ဖို့မဖြစ်နိုင်ပေ။

ထို့ကြောင့် သူ့လက်အောက်ရှိဓာတ်ခွဲခန်းကိုသာ သန့်စင်မြက်ပြဿနာဆက်ဖြေရှင်းခိုင်းရသည်။

ရုတ်တရက် အသေးစားပေါက်ကွဲမှူဖြစ်သွား၏။

စမ်းသပ်နေသောကိရိယာမှမီးခိုးများထွက်လာပြီး စမ်းသပ်မှုကျရှုံးသွားသည်။

Adoxi မျက်နှာနည်းနည်းပျက်သွားသည်။

သူအကြိမ်ကြိမ်ရှုံးနိမ့်ထားပြီးပြီ။ ဒီသန့်စင်မြက်က ဘာလို့ဒီလောက်ဓာတ်ခွဲရခက်တာလဲ?

အဲဒီနောက် Adoxi ဖုန်းမြည်လာသည်။ နံပါတ်ကိုကြည့်လိုက်ရာ အရင်းရှင်သူဌေးကြီးတစ်ဦးဖြစ်နေသည်။

သူကဖုန်းအမြန်ကိုင်လိုက်၏။

ဖုန်းဝင်ဝင်ချင်း တဖက်မှအရင်းရှင်သူဌေးကြီးအသံကိုကြားရသည်_

"Adoxi.. မောရိသျှကတင်ဒါသတင်းကိုကြည့်စမ်း... အဲဒါမင်းကိုငါထပ်ပေးတဲ့အခွင့်အရေးပဲ''

ဘာတွေဖြစ်နေမှန်း သူသဘောမပေါက်သေးခင် ဖုန်းချသွားသည်။

သူကကွန်ပျူတာအမြန်ဖွင့်ပြီး လိုင်းပေါ်တွင်မောရိသျှသတင်းရှာကြည့်သည်။

ချက်ချင်းလိုလို သတင်းတွေ့ရသည်။ သတင်းမှာ ချင်းလင်ဓာတ်ခွဲခန်းနာမည်တွေ့ပြီး သူအံ့ဩသွားသည်။

ချင်းလင်ဓာတ်ခွဲခန်းမှအပင်က ပင်လယ်ရေညစ်ညမ်းမှုကိုသန့်စင်နိုင်ကြောင်း၊ ပင်လယ်ထဲမှဆီကိုစုပ်ယူနိုင်ကြောင်း၊ အပင်ထဲမှဆီကိုဖယ်ထုတ်သန့်စင်ကာ ကားတွင်အသုံးပြုနိုင်ကြောင်း သတင်းမှာဖော်ပြထား၍ စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းလိုလိုထင်မိသည်။

ဒီလိုစိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းမျိုးက ဟောလိဝုဒ်ရုပ်ရှင်ထဲမှာပဲတွေ့ရတာမလား?

သူဌေးကြီးပြောတာ Adoxi သဘောပေါက်ပြီး ရုတ်တရက်ထဆဲလိုက်သည်။

သူဌေးကြီး၏ပိုင်ဆိုင်မှုအများစုကို လေးလံသောဒြပ်စင်များနှင့်ဆိုးဆိုးဝါးဝါးညစ်ညမ်းသည့်စက်ရုံများမှရသည်။ ချင်းလင်ဓာတ်ခွဲခန်းမှထုတ်ခါစအပင်များကို သူလိုချင်နေပြီ။

ဒါပေမဲ့ ဒါဟာသမဟုတ်လား?

သန့်စင်မြက်တစ်ပင်တောင်မရ၊ ဓာတ်တောင်မခွဲနိုင်တာ။ ချင်းလင်ဓာတ်ခွဲခန်းကထုတ်တဲ့အပင်အသစ်ကလည်း သန့်စင်မြက်ထက်မလျော့နိုင်။

သူဘာလုပ်ရမလဲ?

သူ့ကိုခက်ခဲအောင်လုပ်နေတာမလား?

နောက်တစ်နေ့_

မောရိသျှသတင်းများကို တရုတ်ပြည်တွင်လည်းလွှင့်သည်။

သို့ရာတွင် ထိုသတင်းကို အထက်ကမှတ်တမ်းပုံစံအထူးစီစဉ်ထားသည်။ မောရိသျှတွင် ဆီတန်ချိန် ၄၀၀၀ ယိုစိမ့်မှုနှင့်ရေထုသန့်စင်ရေးတင်ဒါကို အသေးစိတ်ဖော်ပြထားသည်။

တချိန်တည်းမှာ Altos ဓာတ်ခွဲခန်း၏နည်းပညာဘယ်လောက်အားကောင်းကြောင်း၊ ကမ္ဘာတွင် ဘယ်လောက်နာမည်ကြီးကြောင်းလည်းဖော်ပြထားသည်။ ထိုတင်ဒါတွင် Altos ဓာတ်ခွဲခန်းက သေချာပေါက်နိုင်မည်ဟုထင်ထားကြသည်။

အထူးသဖြင့် တင်ဒါအတွက်ချင်းလင်ဓာတ်ခွဲခန်းထုတ်ကုန်မှာ အကြောင်းကြောင်းကြောင့်နှစ်ရက်နောက်ကျပြီးမှမောရိသျှသို့ရောက်ခဲ့ကြောင်းကိုလည်း ဗီဒီယိုထဲတွင်ပြောထားသည်။

ဒါတွေအားလုံးက အံ့ဩစရာမိုးမခဘဲစားမှော်ပေါ်ထွက်လာရန်လမ်းခင်းထားသလိုဖြစ်နေသည်။

အမှန်ပင်။ မိုးမခဘဲစားမှော်ရောက်လာပြီး အားလုံးအံ့ဩရသည်။

ဗီဒီယိုအသစ်ပါအကြောင်းအရာကို တရုတ်ပြည်သူများမြင်ပြီး အံ့အားသင့်သွားသည်။ ဗီဒီယိုအသစ်မှာ ရေပန်းစားစာရင်းထိပ်ဆုံးရောက်နေပြီး မှတ်ချက်များလျှံထွက်မတတ်ပင်။

"သတင်းကြည့်ပြီး မောရိသျှဆီညစ်ညမ်းမှုက ငါနဲ့ဘာမှမဆိုင်ဘူးထင်နေတာ... ဒါပေမဲ့ ချင်းလင်ဓာတ်ခွဲခန်းကိုတွေ့မှ ထင်သလောက်မရိုးရှင်းမှန်းသိတယ်''

"ငါအတွေးတိမ်သွားတယ်... နောက်ဗီဒီယိုကျော်ကြည့်တော့မလို့... ချင်းလင်ဓာတ်ခွဲခန်းနာမည်တွေ့မှရပ်လိုက်တာ... အဲဒါကြောင့် အံ့ဩစရာသတင်းကိုမလွတ်တာပေါ့''

"ပြောရဦးမယ်.. ချင်းလင်ဓာတ်ခွဲခန်းရဲ့မိုးမခဘဲစားမှော်က တကယ်ထင်မထားတာနော်''

"ငါ့ကြီးကြပ်သူက ရေထုထိန်းသိမ်းရေးမှာပါမောက္ခလေ... ဒီအပင်နည်းပညာက ဒီခေတ်မှာပေါ်မလာသင့်ဘူးတဲ့''

"အပေါ်ကတစ်ယောက်.. အဲဒါ မင်းကြီးကြပ်သူညံ့လို့လေ... ရှောင်ချင်က မင်းရဲ့ကြီးကြပ်သူလိုမှမဟုတ်တာ''

ချင်းလင်ဓာတ်ခွဲခန်းနှင့်မိုးမခဘဲစားမှော်သတင်းက အချိန်တစ်ခုအထိရေပန်းအစားဆုံးဖြစ်နေပြီး ထိုရေပန်းစားမှုကို ဘယ်ဆယ်လီ၊ အင်တာနက်ဆယ်လီမှမကျော်နိုင်ချေ။

ဆယ်လီလီ xx ၏ မလုံ့တလုံအဝတ်အစားနှင့်ကောင်မလေးရှာသောရေပန်းစားသတင်းတောင် မိုးမခဘဲစားမှော်ကြောင့်မြှုပ်သွားသည်။

သို့ရာတွင် ဒီလိုရေပန်းစားမှုအောက်မှထွက်မလာသူမရှိခြင်းတော့မဟုတ်။ ကုမ္ပဏီတစ်ခုက တိုးထွက်လာသည်။

ဟွရှင်းလေအေးပေးစက်​ဖြစ်နေ၍ အားလုံးအံ့ဩရပြန်သည်။ ဟွရှင်းလေအေးပေးစက်က နာမည်ကြီးအောင်လုပ်ပြန်၏။

ချင်းလင်ဓာတ်ခွဲခန်းက ရေထုသန့်စင်ရာတွင်အစွမ်းထက်သောကမ္ဘာ့နာမည်ကြီးမိုးမခဘဲစားမှော်ကိုဖန်တီးနိုင်သည့်အတွက်ဂုဏ်ယူကြောင်း ဟွရှင်းလေအေးပေးစက်ကဂုဏ်ပြုထားသည်။ သို့ရာတွင်:

"ပတ်ဝန်းကျင်ကိုအကျိုးပြုတဲ့နည်းပညာမှာ ကျွန်တော်တို့ဟွရှင်းလေအေးပေးစက်ကလည်း မိုးမခဘဲစားမှော်မှာမရှိတဲ့နည်းပညာမျိုးတီထွင်ထားပါတယ်... အဲဒီနည်းပညာက ဘယ်လိုလဲ?''

ဟွရှင်းကုမ္ပဏီ၏ကြေညာချက်ထွက်လာသောအခါ နာမည်ကြီးအောင်လုပ်ပြန်ပြီဟု အားလုံးသဘောပေါက်လိုက်ကြသည်။

အရင်တစ်ခါက ချင်းလင်စံအိမ်ကိုချောက်ချရန်ကြိုးစားသော်လည်း ဒီတစ်ခါတွင်မူ တိုက်ရိုက်အမြတ်ထုတ်ဖို့ကြိုးစားသည်။

ချင်းလင်ကုမ္ပဏီနာမည်ကြီးမှန်းလူတိုင်းသိသော်လည်း ပစ်မှတ်ထားသောကုမ္ပဏီသိပ်မရှိ။ အင်တာနက်ဆယ်လီတချို့သာ ဒီလိုလုပ်ရန်ကြိုးစားကြသည်။

အကြောင်းမှာ ချင်းလင်၏ရေပန်းစားမှုကိုလိုက်ကပ်၍မကောင်းမှန်း ကုမ္ပဏီများကသိကြသည်။ ချင်းလင်အမျက်ရှရင် အကျိုးအမြတ်ထက် ဆုံးရှုံးမှုပိုများမည်။

ဟွရှင်းလေအေးပေးစက်က ချင်းလင်ကုမ္ပဏီ၏ရေပန်းစားမှုကိုအချောင်လိုက်သောပထမဆုံးကုမ္ပဏီဖြစ်သည်။ နောက်ပြီး အရင်တစ်ခါ ချင်းလင်စံအိမ်ကိုချောက်ချစဉ်ကလည်း အမြည်းစားခဲ့ရသည်။

ဒါပေမဲ့ ဟွရှင်းလေအေးပေးစက်မှာ ချင်းလင်ဓာတ်ခွဲခန်းနဲ့အပြိုင်နည်းပညာရှိတယ်ဆိုရင် ဘယ်သူယုံမလဲ?

ဒီနည်းပညာနဲ့ ပထမနေရာက Gerly လေအေးပေးစက်ကို ပြိုင်ချင်သေးတာလား?

ပထမနေရာအပြိုင်အဆိုင်ပြင်းထန်သောကြောင့်လည်း ဟွရှင်းလေအေးပေးစက်က ချင်းလင်ကုမ္ပဏီကိုအထောက်အပံ့အဖြစ်ပစ်မှတ်ထားကာ ဒီအကွက်ပြန်သုံးခြင်းဖြစ်သည်။

အတော်စက်ဆုပ်စရာ။

All Chapters