← Chapters

အခန်း (၁၃၆၀-၁၃၆၂)

Vol. 91 Ch. 1360-1362

အခန်း (၁၃၆၀-၁၃၆၂)

Vol. 91 Ch. 1360-1362

အခန်း ၁၃၆၀: အပူချိန်ထိန်းမြက်! နောက်ထပ်အံ့ဩစရာအပင်! ၃

အပူချိန်ထိန်းမြက်အကြောင်းအချက်အလက်အများကြီးပါသည်။

မိတ်ဆက်ဖတ်ပြီး ခရီးသည်များမယုံနိုင်ဖြစ်နေကြ၏။

ထျန်းရှန်လည်း အတူတူပင်။

အပူချိန်ထိန်းမြက်က ကွင်းပြင်အပူချိန်ကိုထိန်းပြီး ၂၂ ဒီဂရီတွင်တသမတ်ထားနိုင်သည်။

ထျန်းရှန်မှာ အပူချိန်တိုင်းကိရိယာတာဝန်ခံဖြစ်သောကြောင့် ဒီအဓိပ္ပါယ်ကိုသူသိသည်။

တသမတ်အပူချိန်ကြောင့်အံ့ဩရသည်က မိုးမခဘဲစားမှော်ပင်ထက်မလျော့။ တကယ်တော့ တချို့ရှုထောင့်ကကြည့်ရင် မိုးမခဘဲစားမှော်ထက်အံ့ဩရနိုင်သည်။

အကြောင်းမှာ အပူချိန်ထိန်းမြက်ကို အသုံးချနိုင်သောနေရာပိုများသည်။

ဥပမာဆိုရသော် ဆေးဝါးစက်ရုံ၊ စွမ်းအင်သုံးမှန်လုံအိမ်၊ LED သုံးမှန်လုံအိမ်၊ စ*စ်ဘက်ဆိုင်ရာသုံးမှန်လုံအိမ်၊ ဓာတ်ခွဲခန်းသုံးမှန်လုံအိမ်၊ အဆင့်မြင့်ဆာဗာခန်းကြီး စသည်...

ဤသည်က သက်ဆိုင်ရာနယ်ပယ်အလိုက် အဆင့်မြင့်မြင့်အသုံးချခြင်းများဖြစ်သည်။

တစ်ကိုယ်ရေတစ်ကာယအသုံးပြုပါက လေအေးပေးစက်နေရာကို လုံးဝအစားထိုးပစ်နိုင်သည်။

ဘာပဲဖြစ်ဖြစ် လေအေးပေးစက်နှင့်အပူချိန်ထိန်းမြက်က လုပ်ဆောင်ချက်ချင်းတူသည်။ အပူချိန်ထိန်းညှိသောအပူချိန်ထိန်းမြက်သက်သက်ပင်။

အထူးသဖြင့် လေအေးပေးစက်က အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်စေခြင်း၊ ခန္ဓာကိုယ်မျှခြေကိုထိခိုက်ခြင်း၊ အဆစ်နာခြင်း၊ အဝလွန်ခြင်းများဖြစ်စေနိုင်သည်။

ဒီအပူချိန်ထိန်းမြက်က သဘာဝအတိုင်းဖြစ်၍ အန္တရာယ်မရှိ။

ဘယ်ဟာကပိုသာလဲ ချက်ချင်းဆုံးဖြတ်နိုင်သည်။

နောက်တစ်ချက်ရှိသေးသည်။ အိမ်တိုင်းက လေအေးပေးစက်မရှိရင်မနေနိုင်သောကြောင့်ဝယ်ရသော်လည်း လေအေးပေးစက်က အိမ်အပြင်အဆင်အပေါ်အတိုင်းအတာတစ်ခုအထိသက်ရောက်မှုရှိသည်။

အစားထိုးစရာပေါ်လာပြီး လေအေးပေးစက်မလိုတော့ရင်၊ အထူးသဖြင့် လှလှပပအပူချိန်ထိန်းမြက်ဆိုရင် အိမ်ရှိသူတိုင်း ဘာကိုရွေးရမလဲသိလိမ့်မည်။

ထိုအကြောင်းစဉ်းစားရင်း ရုတ်တရက် ထျန်းရှန်ကြောင်သွားသည်။

သူတစ်ခုတွေးမိသောကြောင့်ပင်။ အရင်က လိုင်းပေါ်မှာသတင်းတစ်ပုဒ်ဖတ်ဖူးသည်။ လေအေးပေးစက်ကုမ္ပဏီတစ်ခုက ချင်းလင်စံအိမ်ကိုချောက်ချဖူးသည်ထင်သည်။

လေအေးပေးစက်ကုမ္ပဏီက ချင်းလင်ဓာတ်ခွဲခန်းမှရှောင်ချင်နှင့်ပါမောက္ခလီခိုင်က လေအေးပေးစက်လိုအပင်မျိုးပျိုးထောင်မှာမစိုးရိမ်ကြောင်း လိုင်းပေါ်တွင်လူတချို့ပြောဖူးသည်။

အဲဒီတုန်းက လေအေးပေးစက်ကုမ္ပဏီက ဂရုစိုက်ပုံမပေါ်။ ပြည်သူများကပြောကြသော်လည်း ချင်းလင်ဓာတ်ခွဲခန်းက ဒီလိုအပင်မျိုးတကယ်ပျိုးထောင်နိုင်မည်ဟုမထင်ခဲ့။

ဘာပဲဖြစ်ဖြစ် အပင်က အပင်၊ လေအေးပေးစက်က လေအေးပေးစက်။ လေအေးပေးစက်နှင့်အပင်ဘာမှမဆိုင်။

ဘာမှမဆိုင်သောအစွန်းနှစ်ဖက်ဖြစ်နေသည်။

အခုသူမြင်နေရတဲ့အပူချိန်ထိန်းမြက်က အံ့ဩစရာ။ ချင်းလင်ဓာတ်ခွဲခန်းမှတော်ဝင်ပညာရှင်ချင်က လေအေးပေးစက်လိုအပင်မျိုး တကယ်ပျိုးထောင်နိုင်ခဲ့သည်။

တော်ရုံချိန်ရွယ်ခြင်းမဟုတ်၊ အပြတ်အသတ်ပစ်မှတ်ထားခြင်းပင်။

အပူချိန်ထိန်းမြက်ကြော်ငြာချိန်ကျရင် လေအေးပေးစက်ကုမ္ပဏီအတွက် သူစိတ်မကောင်း။

ထိုအချိန်တွင် ခရီးသည်များလည်းသဘောပေါက်သွားသည်။

အရင်ကထိုကိစ္စနာမည်ကြီးသောကြောင့် အတော်များများအာရုံစိုက်ခဲ့ကြသည်။ ထို့ကြောင့် ဒီတစ်ကြိမ်တွင် အားလုံးကအမှတ်တမဲ့တွေးမိကြသည်။

သူတို့က_

"ဟွရှင်းလေအေးပေးစက်က ချင်းလင်စံအိမ်ကိုချောက်ချဖူးတာမှတ်မိလား? တော်ဝင်ပညာရှင်ချင်နဲ့တော်ဝင်ပညာရှင်လီခိုင်ကို လေအေးပေးစက်လိုအပင်ထုတ်ခိုင်းတဲ့သူရှိတယ်လေ''

"အင်း မှတ်မိပြီ... လေအေးပေးစက်ကုမ္ပဏီက ဂရုမစိုက်ဘူး... ဒါပေမဲ့ နာမည်ကြီးအောင် ချင်းလင်စံအိမ်ကိုအသုံးချတာ''

"ဟား ဟား.. အဲဒါဆို တော်ဝင်ပညာရှင်ချင်က ဒီလိုအံ့ဩစရာကောင်းတဲ့အပူချိန်ထိန်းမြက်ကိုပျိုးထောင်နိုင်မယ်လို့ လေအေးပေးစက်ကုမ္ပဏီကလုံးဝမထင်ဘူးပေါ့?''

"တော်ဝင်ပညာရှင်ချင်က ဒီလောက်အံ့ဩစရာကောင်းလိမ့်မယ်လို့ မထင်တာမလား?''

"အင်း.. မင်းတို့လေအေးပေးစက်ကုမ္ပဏီက စိတ်ပျက်အောင်လုပ်လို့ ဒီလိုအပင်ထွင်လိုက်ပါတယ်ပေါ့''

အခန်း ၁၃၆၁: လေအေးပေးစက်လုပ်ငန်းသွားပြီ!

ဟွရှင်းလေအေးပေးစက်က နာမည်ကြီးသည်ကိုအခွင့်ကောင်းယူကာ ရုတ်တရက်မာန်ထောင်သည်ဟု ခရီးသည်များထင်ကြသည်။

ဒါကြောင့်လည်း စိတ်လှုပ်ရှားမိကြသည်။

အသိဉာဏ်ပိုမြင့်သောပညာရှင်၏စတိုင်မျိုးဖြစ်ကောင်းဖြစ်မည်။

'ငါ့ကိုစိတ်ပျက်စေလို့ ငါ့အသိပညာသုံးပြီး မင်းကိုပျက်စီးစေတဲ့အရာဖန်တီးလိုက်သည်' ဟူ၍။

ဒီမတိုင်ခင်က သူ့ကိုအရေးမလုပ်အား၍ လွှတ်ပေးထားသည်။

ဒါအမှန်ပင်။

ဒီမတိုင်ခင်က ဟွရှင်းလေအေးပေးစက်ကုမ္ပဏီကို ချင်းလင်စံအိမ်ကလျစ်လျူရှုထားသည်။ အခုထိတောင် အသံမပေး။

သို့သော် ချင်းလင်စံအိမ်ကအပူချိန်ထိန်းမြက်ကိုတိတ်တဆိတ်တီထွင်ပြီး ပွဲလုပ်ရန်စီစဉ်နေခဲ့သည်။

ဒီအဆင့်ကအတော်မြင့်သည်ဟုဆိုရမည်။

ထို့နောက် ခရီးသည်များကဖုန်းထုတ်ပြီး အပူချိန်ထိန်းမြက်အကြောင်းကိုဓာတ်ပုံများရိုက်ကြသည်။

ဒီသတင်းလိုင်းပေါ်ပြန့်သွားရင် ချက်ချင်းပေါက်မည်မှန်း သူတို့သိသည်။

ဝန်ထမ်းလည်း ရှေ့တိုးလာပြီး သူ့နားဝန်းကျင်မှခရီးသည်များကိုမေးလိုက်သည်_

"လူကြီးမင်းတို့.. အပူချိန်ထိန်းမြက်အကြောင်းသိပြီထင်ပါတယ်... မြက်ကိုဝယ်မဝယ် အခုစာရင်းပေးလို့ရပါပြီ''

"ပြီးတော့ မဲတစ်မဲကို အပင် ၅ ပင်အထိဝယ်ယူနိုင်ပါတယ်... ၅ ပင်ဆို အိပ်ခန်းသုံးခန်းပါတဲ့တိုက်ခန်းအတွက်လုံလောက်ပါတယ်''

ဝန်ထမ်းစကားကြောင့် ထျန်းရှန်တို့ခရီးသည်များလူစုလိုက်ကြသည်။

နောက်နေတာလား? အပူချိန်ထိန်းမြက်က ဒီလောက်အံ့ဩစရာကောင်းတာ။ မလိုလည်း ဝယ်ရမည်။ နောက်ပြီး ဒီပစ္စည်းကအသုံးတည့်တာရှင်းနေပြီ။

၅ ပင်ရ ၅ ပင်ဝယ်မည်။

ပြောစရာလိုသေးလား?

အပူချိန်ထိန်းမြက်စျေးကိုလည်း ခရီးသည်များသိချင်နေသည်။

အပူချိန်ထိန်းမြက်က လေအေးပေးစက်ထက်သာတယ်ဆိုရင် ဒီအပင် ၅ ပင်ရဲ့စျေးကလည်း လေအေးပေးစက်ထက်နိမ့်မှာမဟုတ်ဘူးမလား? ပိုတောင်ပိုဦးမယ်ဟုတ်?

စျေးကွက်ထဲတွင် အသင့်အတင့်လေအေးပေးစက်တစ်လုံးကို ယွမ် ၄၀၀၀ မှ ၅၀၀၀ ပေးရပြီး ပိုကောင်းလျှင် ယွမ်သောင်းချီတန်သည်။

ဒီအပင် ၅ ပင်က အန္တရာယ်မရှိ၊ လျှပ်စစ်မီးမလိုတော့ တန်ကြေးနည်းပါ့မလား?

သို့ရာတွင် အပူချိန်ထိန်းမြက်စျေးကိုမြင်ပြီး သူတို့လန့်သွားသည်။ တစ်ပင်မှ ယွမ် ၆၀၀ သာပေးရပြီး ၅ ပင်ကို ယွမ် ၃၀၀၀ သာကျမည်။

သုံးမရသောလေအေးပေးစက်စျေးသာသာပင်။

အထူးသဖြင့် အပူချိန်ထိန်းမြက်က လျှပ်စစ်မီးမလို။ အပင်ရှင်နေသရွေ့ ရေလောင်းပေးရန်သာလိုသည်။

တန်ဖိုးမြင်ပြီး လေအေးပေးစက်ကုမ္ပဏီတွေသွားပြီဟု ထျန်းရှန်တို့တွေးမိသည်။

သူကလုံးဝတုံ့ဆိုင်းမနေဘဲ ဝယ်ယူရန်ချက်ချင်းစာရင်းသွင်းလိုက်သည်။ ထို့နောက် သူလိုချင်သောအပူချိန်ထိန်းမြက် ၅ ပင်ကိုသေချာရွေးပြီး လိပ်စာပေးလိုက်သည်။

ငွေရှင်းပြီးသည်နှင့် ချင်းလင်စံအိမ်ဝန်ထမ်းများက သူဝယ်ထားသောအပူချိန်ထိန်းမြက်ကိုထုပ်ပိုးပြီး ပို့နေသည်ကိုတွေ့ရသည်။

ချင်းလင်စံအိမ်လုပ်ဆောင်ချက်က လျင်လျင်မြန်မြန်၊ပြတ်ပြတ်သားသားပင်။

ဒီနေ့ပို့ရင် အပူချိန်ထိန်းမြက်က နောက်နှစ်ရက်အတွင်းရောက်မည်။

ထျန်းရှန်ကလည်ပတ်ချင်စိတ်မရှိတော့ဘဲ သူ့မိန်းမနှင့်တိုင်ပင်ပြီး အိမ်တန်းပြန်သည်။

လင်မယားနှစ်ယောက်လုံး အပူချိန်ထိန်းမြက်ကိုအမြန်ဆုံးလိုချင်ပြီး အိမ်တွင်းအပူချိန်ကိုပြောင်းလဲကြည့်ချင်နေသည်။ သူတို့မစောင့်နိုင်တော့။

ထို့ကြောင့် အပူချိန်ထိန်းမြက်ဝယ်ပြီးသည်နှင့် ထျန်းရှန်တို့လင်မယားက ချင်းလင်စံအိမ်မှအိမ်ပြန်သွားသည်။

ပထမအသုတ်ဝယ်သောခရီးသည်များက လိုင်းပေါ်ဗီဒီယိုတင်ကြသောကြောင့် မကြာမီ အပူချိန်ထိန်းမြက်ရေပန်းစားလာသည်။

"ချင်းလင်ဓာတ်ခွဲခန်းက မယုံနိုင်စရာအပင်တစ်မျိုးထုတ်လိုက်ပြန်ပြီ... အပူချိန်ထိန်းမြက်တဲ့.. နာမည်အတိုင်းပဲ!''

"အပူချိန်ထိန်းမြက်က ဘယ်လောက်အံ့ဩစရာကောင်းလဲ ခင်ဗျားတို့တွေးမိမှာမဟုတ်ဘူး... အပူချိန်ကိုတသမတ်တည်းထိန်းထားနိုင်တာ!''

"အရင်ကမိုးမခဘဲစားမှော်ကြောင့် အံ့ဩရတယ်ဆိုရင် အခုအပူချိန်ထိန်းမြက်နဲ့ ဆက်ပြီးအံ့ဩလိုက်ပါဦး!''

ဗီဒီယိုထဲတွင် ခရီးသည်များကိုယ်တိုင်က အပူချိန်ထိန်းမြက်အကြောင်းဖော်ပြထားသည်။ သူတို့ကိုယ်တိုင်စမ်းသပ်ပြီး အပူချိန်ထိန်းမြက်အံ့ဩစရာကောင်းပုံကိုလည်း ဗီဒီယိုမှတ်တမ်းတင်ထား၏။

မိုးမခဘဲစားမှော်အရှိန်နှင့် ချင်းလင်စံအိမ်ပွဲလည်းထိုးတက်ပြီး လိုင်းပေါ်ပေါက်သွားသည်။

ဒီတစ်ကြိမ် ရေပန်းစားနေသောဗီဒီယိုအကြောင်းအရာကိုမြင်ပြီး ရုတ်ရုတ်သဲသဲဖြစ်သွား၏။

မိုးမခဘဲစားမှော်အာနိသင်ကတင် အံ့ဩစရာကောင်းနေပြီ။

ချင်းလင်ဓာတ်ခွဲခန်းက ဒီလောက်မြန်မြန်နဲ့အပင်အသစ်ထွက်မယ်လို့ဘယ်ထင်မလဲ? နောက်ပြီး ဒီအပင်အာနိသင်က မိုးမခဘဲစားမှော်ထက်မလျော့။

ထို့အပြင် မိုးမခဘဲစားမှော်က လူတိုင်းမသုံးနိုင်။ ဗီဒီယိုအရ အပူချိန်ထိန်းမြက်က လေအေးပေးစက်ကိုအစားထိုးနိုင်သည်။

ဒါလူတိုင်းသုံးနိုင်သောအရာဖြစ်၍ အံ့ဩမှုက အတိုင်းအတာတစ်ခုအထိပိုသည်။

ထိုရေပန်းစားမှုအပြင် လူစိတ်ဝင်စားမှုများသောရေပန်းစားအကြောင်းအရာတစ်ခုရှိသေးသည်:

( ဟွရှင်းလေအေးပေးစက်: ငါကချောက်ချဖို့ပဲကြိုးစားတာ.. မင်းကဒါမျိုးထွင်ပြီးပစ်မှတ်ထားတယ်ပေါ့?)

ထိုရေပန်းစားဗီဒီယိုက စိတ်ဝင်စားစရာကောင်းသည်။ ဟွရှင်းလေအေးပေးစက်က ချင်းလင်စံအိမ်ကိုလုပ်ကြံပြီးပြဿနာရှာခဲ့သောဖြစ်ရပ်ကို အင်တာနက်အသုံးပြုသူများပြန်သတိရသွားသည်။

ထို့အပြင် ထိုဘလော့ဂါမှာ အရင်ကဟွရှင်းလေအေးပေးစက်ကို လှောင်ပြောင်ခဲ့ဖူးသူဖြစ်ကြောင်း လူအများသတိပြုမိသွားသည်။ ချင်းလင်ဓာတ်ခွဲခန်းက လေအေးပေးစက်ကို ပစ်မှတ်ထားသောထုတ်ကုန်မျိုးထုတ်မှာမကြောက်ဟုပြောခဲ့သူဖြစ်သည်။

ချက်ချင်းဆိုသလို ထိုဗီဒီယိုမှာ ထိပ်တန်းရေပန်းစားစာရင်း ၃ ခုထဲရောက်သွားပြီး မှတ်ချက်များ ဒီရေအလားတက်လာသည်။

"ဒီဘလော့ဂါက ဗေဒင်ဆရာကျနေတာပဲ"

"ဗေဒင်ဆရာတော့ သွားပြီ!"

"ဒီဘလော့ဂါက သော*က်ရမ်းလန်း... ဒီလောက်ကြာမှဖြစ်လာမယ့်အရာကို တိုက်ရိုက်ကြိုပြောခဲ့တာ''

"ဟား ဟား ဟုတ်တယ်... ဟွရှင်းလေအေးပေးစက်က အရောင်းရဆုံးမှာနံပါတ်တစ်ဖြစ်ခါစမလား?"

"လောကဓံအတက်အကျဆိုတဲ့စကားကို ရုတ်တရက်တွေးမိတယ်... ဟွရှင်းလေအေးပေးစက်တော့ တောင်ထိပ်ပေါ် ရောက်ရောက်ချင်း ကန်ချခံရတော့မယ်ထင်တယ်"

"ဟွရှင်းလေအေးပေးစက်: ???????!"

ဟွရှင်းလေအေးပေးစက်ကုမ္ပဏီ_

ထိုအချိန် လော့ရှန်းမှာ သူ့ဝန်ထမ်းများနှင့်အတူ အောင်ပွဲခံနေသည်။

ဟွရှင်းလေအေးပေးစက်က ရောင်းအားအကောင်းဆုံးဖြစ်နေတာကြောင့် လော့ရှန်းစိတ်ကြည်နေသည်။ သူက ဝန်ထမ်းများကိုပြုံးပြပြီး_

"ဒီလ အားလုံးကြိုးစားခဲ့ကြတယ်... ဒီတော့ ကုမ္ပဏီကလည်း တွန့်တိုမနေဘူး... ဒီလအတွက် အားလုံးရဲ့အပိုဆုကြေးကို နှစ်ဆတိုးပေးမယ်"

အားလုံး ပျော်ရွှင်နေကြသည်။ အပိုဆုကြေးနှစ်ဆရမှတော့ မပျော်တဲ့သူရှိမလား?

အပျော်ဆုံးက လော့ရှန်းပင်။

ဒီနယ်ပယ်ထဲမှာ သူ့ကုမ္ပဏီနံပါတ်တစ်ဖြစ်လာအောင် လှည့်ကွက်ပေါင်းစုံသုံးပြီး အစွမ်းကုန် ကြိုးစားခဲ့ရတာ။ သူမပျော်ဘဲနေမလား?

သို့သော် အစည်းအဝေးအပြီး လော့ရှန်းရုံးခန်းထဲမပြန်မီ သူ့လက်ထောက်က အပြေးအလွှားဝင်လာပြီး_

"သူဌေး.. ကျွန်တော်တို့ပြဿနာတက်ပြီထင်တယ်... ချင်းလင်စံအိမ်ရဲ့အပူချိန်ထိန်းမြက်အကြောင်းနောက်ဆုံးသတင်းကိုတစ်ချက်ကြည့်လိုက်ပါဦး"

လော့ရှန်း မျက်မှောင်ကြုတ်လိုက်သည်။

သူစိတ်ကြည်နေချိန် လက်ထောက်၏ပျာပျာသလဲအမူအရာကိုမြင်ပြီး မကျေမနပ်ဖြစ်သွားသည်။

ဘာပြဿနာရှိနိုင်လို့လဲ?

သို့သော်လည်း ဖုန်းထုတ်ပြီး ချင်းလင်စံအိမ်၏အပူချိန်ထိန်းမြက်အကြောင်း သတင်း၊ဗီဒီယိုများကို လိုင်းပေါ်ရှာကြည့်လိုက်သေးသည်။

ပထမဆုံးဗီဒီယိုကတင် အတော်စိတ်ဝင်စားစရာကောင်းပြီး သူကြောင်သွားသည်။

"ချင်းလင်စံအိမ်ရဲ့အပူချိန်ထိန်းမြက်ထွက်လာတာ ဟွရှင်းလေအေးပေးစက်တော့ ကျောက်တုံးမပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ပြန်ချသလိုဖြစ်တော့မှာပဲ!"

“???”

ရုတ်တရက်တစ်ခုခုမှားနေသလိုခံစားမိပြီး သတင်းများကိုလော့ရှန်းလိုက်ကြည့်သည်။

"ဟွရှင်းလေအေးပေးစက်ကုမ္ပဏီ ချင်းလင်စံအိမ်ကိုပြဿနာရှာတုန်းကလေ... ချင်းလင်စံအိမ်ပိုင်ရှင်မကျေမနပ်ဖြစ်ပြီး ချင်းလင်ဓာတ်ခွဲခန်းက လေအေးပေးစက်နဲ့အပြိုင်ထုတ်ကုန်တစ်ခုထုတ်ဖို့ရှိလာမလားလို့ တစ်ယောက်ကမေးခဲ့ဖူးတယ်''

"အခု အားလုံးကိုသေချာပြောနိုင်တာတစ်ခုက သူတို့တကယ်လုပ်လိုက်ပြီဆိုတာပဲ... အဲဒါကြောင့် အပူချိန်ထိန်းမြက်ပေါ်လာတာပေါ့... ဟွရှင်းကုမ္ပဏီက ချင်းလင်စံအိမ်ကိုသွားရှုပ်မိပြီလို့ပြောရမယ်... ဒီတစ်ခါ သူတို့လေအေးပေးစက် လုပ်ငန်းတစ်ခုလုံး ပါသွားတော့မှာပဲ"

ထိုဗီဒီယိုကြောင့် လော့ရှန်းမျက်မှောင်ကြုတ်သွားသည်။

အပူချိန်ထိန်းမြက်?

အရင်က ဒီအပူချိန်ထိန်းမြက်ဆိုတာကို သူအလေးအနက်မထားခဲ့။ ဘာပဲဖြစ်ဖြစ် အပင်တစ်ပင်က လေအေးပေးစက်နဲ့ဘာဆိုင်မလဲဟု သူတွေးခဲ့သည်။

ဒီအပူချိန်ထိန်းမြက်က ဘယ်လိုကြောင့်လဲ?

ချက်ချင်း အပူချိန်ထိန်းမြက်နှင့်ပတ်သက်သောအကြောင်းအရာများကို သူရှာကြည့်သည်။

အပူချိန်ထိန်းမြက်၏လုပ်ဆောင်ချက်နှင့်အာနိသင်များကိုမြင်လိုက်ရသောအခါ သူမျက်နှာပျက်သွားသည်။

"အပင်တစ်ပင်က ဘယ်လိုလုပ်ဒီလိုအာနိသင်ရှိမလဲ? အတုပဲဖြစ်မယ်"

လော့ရှန်းက မယုံနိုင်ဘဲ သူ့လက်ထောက်ကိုစိုးရိမ်တကြီးမေးလိုက်သည်_

"အဲဒီအာနိသင်က တကယ်ဟုတ်မဟုတ် အတည်ပြုနိုင်လား?"

“လောလောဆယ်တော့ မသေချာသေးဘူး''

လက်ထောက်က လောလောနှင့်_

“ဒါပေမဲ့ ကျွန်တော် ချင်းလင်စံအိမ်ကိုလူလွှတ်ထားပြီ”

“ဖြစ်နိုင်ရင် ဘယ်လောက်ပေးရပေးရ မင်း အဲဒီအပူချိန်ထိန်းမြက်ကိုရအောင်ယူရမယ်”

လော့ရှန်းက အလောတကြီးပြောသည်။

ထိုအချိန်တွင် လော့ရှန်းအစည်းအဝေးလုပ်ချင်စိတ်မရှိတော့။ အပိုဆုကြေးနှစ်ဆကတိကို တောင် တည်သင့်၊မတည်သင့်စဉ်းစားနေသည်။

သို့ဖြစ်၍ လက်ထောက်နှင့်အတူ အစည်းအဝေးခန်းထဲမှအမြန်ထွက်ပြီး သူ့ရုံးခန်းထဲပြန်သွားသည်။

ထို့ကြောင့် ဟွရှင်းလေအေးပေးစက်ကုမ္ပဏီက လူများ သို့လောသို့လောနှင့်ဆွေးနွေးစရာဖြစ်သွား၏။

သူတို့အားလုံး 'ချင်းလင်စံအိမ်' နှင့် 'အပူချိန်ထိန်းမြက်' ဆိုသောစကားကြားလိုက်သောကြောင့် တစ်ယောက်ပြီးတစ်ယောက်ဖုန်းထုတ်ကာ သတင်းကြည့်ကြသည်။

မကြာခင် သူတို့လည်း အပူချိန်ထိန်းမြက်အကြောင်းသိသွားသည်။

သူတို့အားလုံး မျက်နှာပျက်သွား၏။

လော့ရှန်းနှင့်အစည်းအဝေးလုပ်နေသူများမှာ ဟွရှင်းလေအေးပေးစက်ကုမ္ပဏီ၏စီမံခန့်ခွဲသူများ၊ ထိပ်တန်းပညာရှင်များဖြစ်သောကြောင့် အခြေအနေကိုရိပ်မိကြသည်။

လေအေးပေးစက်လုပ်ငန်းမှာ ဟွရှင်းသာနံပါတ်တစ်ဖြစ်လာရင် သူတို့လုပ်ငန်းက နောက်တစ်ဆင့်တက်သွားမည်။

သူတို့အားလုံး မန်နေဂျာများဖြစ်သော်လည်း သာမန်လေအေးပေးစက်ကုမ္ပဏီတစ်ခု၏မန်နေဂျာက နံပါတ်တစ်လေအေးပေးစက် ကုမ္ပဏီ၏မန်နေဂျာလောက် အရေးမပါတာ အမှန်ပင်။

သို့သော် ချင်းလင်စံအိမ်က အပူချိန်ထိန်းမြက်လိုအရာမျိုး တကယ်ထုတ်နိုင်လိမ့်မည်ဟု သူတို့ လုံးဝမထင်မိ။

ဒါအမှန်ဖြစ်နေရင် ကုမ္ပဏီက ဘယ်လိုအခြေအနေနှင့်ရင်ဆိုင်ရတော့မည်မှန်း သူတို့ ကောင်းကောင်းသိသည်။

မကြာခင် အလုပ်ပြုတ်မှာစိုးရိမ်နေရသလို အလုပ်မပြုတ်ရင်တောင် လက်ရှိမန်နေဂျာရာထူး တန်ဖိုးမရှိတော့မှာကြောက်နေရသည်။

တစ်ယောက်က ချက်ချင်းဖုန်းထုတ်ပြီး ဖိုင်တစ်ခုဖွင့်လိုက်သည်။ ကိုယ်ရေးအကျဉ်းတစ်ခုပင်။

ဉာဏ်ကောင်းရင် ကိုယ့်အတွက်ထွက်ပေါက် အရင်ရှာထားသင့်သည်။

သူတစ်ယောက်တည်းတင်မဟုတ်၊ တခြားသူများလည်း ဒီအတိုင်းပင်။

ကုမ္ပဏီအခြေအနေကောင်းရင် ကုမ္ပဏီအတွက် သူတို့အစွမ်းကုန်ကြိုးစားပေးနိုင်သည်။

ဒါပေမဲ့ ကုမ္ပဏီပျက်စီးတော့မယ်ဆိုရင်တော့ ကိုယ့်အတွက်ကိုယ်အစီအစဉ်ဆွဲရတော့မည်။ ဘာပဲဖြစ်ဖြစ် သူတို့မှာထောက်ပံ့ပေးရမည့်မိသားစုရှိနေသည်။

နောက်ပြီး ဒီပြဿနာက သူဌေးကြောင့်ဖြစ်လာခြင်းပင်။ သူဌေးသာ ချင်းလင်စံအိမ်ကိုချောက်ချဖို့မကြိုးစားခဲ့ရင် ဒီအပူချိန်ထိန်းမြက်ဆိုတာရှိလာမှာမဟုတ်။

အခုလိုဒုက္ခမျိုးကြုံလာဖို့က ပိုပြီးမဖြစ်နိုင်။

ဒီလိုကြုံရတာလည်း ဟွရှင်းလေအေးပေးစက် တစ်ခုတည်းမဟုတ်ပေ။

Gerly လေအေးပေးစက်ဥက္ကဌရုံးခန်းထဲတွင် မစ္စတာသုန့်လည်း ဖုန်းနှင့်အပူချိန်ထိန်းမြက်သတင်းများကြည့်ရင်း မျက်စိမျက်နှာပျက်နေသည်။

အပူချိန်ထိန်းမြက်၏အာနိသင်များကိုဖတ်ပြီးနောက် သူကအံကြိတ်ကာ ဆဲလိုက်သည်_

"အဲဒီဟွရှင်းကုမ္ပဏီက တကယ်ပြဿနာပဲ"

Gerly လေအေးပေးစက်တင်မဟုတ်။ တခြားလေအေးပေးစက်လုပ်ငန်းရှင်များလည်း ဟွရှင်းကိုဒေါသထွက်နေကြသည်။

"အဲဒီဟွရှင်းကုမ္ပဏီက ချင်းလင်စံအိမ်ကိုပြဿနာသွားရှာပြီး လေအေးပေးစက်လုပ်ငန်းတစ်ခုလုံးကိုဖျက်ဆီးပစ်လိုက်တာ''

အခန်း ၁၃၆၂: နောင်တ!

အံ့ဩနေသည်က အင်တာနက်နှင့်လေအေးပေးစက်လုပ်ငန်းတင်မဟုတ်။

တရုတ်သိပ္ပံအကယ်ဒမီ_

ဝန်ကြီးလုက မိုးမခဘဲစားမှော်ကိုတချိန်လုံးအာရုံစိုက်ထားသည်။

ရေသန့်စင်ရေးအတွက်အကူအညီလာတောင်းသောနိုင်ငံများလွန်းသောကြောင့်ပင်။

သူက မိုးမခဘဲစားမှော်၏အာနိသင်ကိုနားအလည်ဆုံးသူတစ်ယောက်ဖြစ်သည်။

ထို့ကြောင့် ခေါင်းဆောင်များကိုအဖော်ပြုပြီး အလည်အပတ်ရောက်လာသောသံတမန်များကို မိုးမခဘဲစားမှော်အကြောင်းမိတ်ဆက်ပေးသည်။

မိုးမခဘဲစားမှော်နှင့်ပတ်သက်သောစာရွက်စာတမ်းများကို အံဆွဲထဲထည့်ပြီးနောက် အတွင်းရေးမှူးအပြေးအလွှားဝင်လာပြီး သူ့ကိုတက်ဘလက်တစ်လုံးကမ်းပေးကာ_

"ဝန်ကြီးလု.. အင်တာနက်ပေါ်ကသတင်းတွေကြည့်လိုက်ပါဦး... ချင်းလင်စံအိမ်ရဲ့အပူချိန်ထိန်းမြက်က မယုံနိုင်စရာပဲ"

“အပူချိန်ထိန်းမြက်?”

လတ်တလော ချင်းလင်စံအိမ်တွင်ကျင်းပနေသောပွဲမှာ အပူချိန်ထိန်းမြက်နှင့်ပတ်သက်နေကြောင်း ဝန်ကြီးလုသတိရသွားသည်။

ဒီတချိန်လုံး မိုးမခဘဲစားမှော်ကိုသာအာရုံစိုက်နေရသောကြောင့် အပူချိန်ထိန်းမြက်ကိစ္စကို သူ့အတွင်းရေးမှူးနှင့်လွှဲထားခဲ့သည်။

သူက တက်ဘလက်ကိုကြည့်လိုက်ရာ ချင်းလင်စံအိမ်နှင့်အပူချိန်ထိန်းမြက်အကြောင်းသတင်းများ၊ဗီဒီယိုများပြည့်နေသည်ကိုတွေ့ရသည်။

ဗီဒီယိုကြည့်ပြီးနောက် အလန့်တကြားမတ်တပ်ထရပ်ပြီး မယုံနိုင်ပုံပေါက်နေ၏။

မိုးမခဘဲစားမှော်ပင်တောင် စိတ်ကူးယဉ်သိပ္ပံဆန်ပြီး အံ့ဩစရာကောင်းနေပြီ။

အနည်းဆုံးတော့ တရုတ်သိပ္ပံအကယ်ဒမီမှရေအရည်အသွေးထိန်းချုပ်မှုဆိုင်ရာပညာရှင်များက ထိုအပင်မှာ လက်ရှိအပင်နည်းပညာအဆင့်အတန်းနှင့်ပျိုးထောင်နိုင်သည့်အရာမဟုတ်ကြောင်း အခိုင်အမာပြောခဲ့ကြသည်။

သူဌေးချင်၏အရည်အချင်းက အလွန်ထူးခြားပြီး လက်ရှိသက်ဆိုင်ရာသုတေသီအားလုံးထက် သာလွန်နေပြီဟုဆိုရမည်။

သို့ရာတွင် မိုးမခဘဲစားမှော်ကိုထုတ်ပြီးခါစသူဌေးချင်က မျက်စိတစ်မှိတ်အတွင်း အပူချိန်ထိန်းမြက်လို​အံ့ဩစရာတစ်ခုကို ထပ်ဖန်တီးနိုင်လိမ့်မည်ဟု သူလုံးဝမထင်ထားမိ။

သူဌေးချင်ရဲ့လုပ်နိုင်စွမ်းနဲ့အရည်အချင်းက အဆုံးအစမရှိတော့ဘူးလား?

အခြားသုတေသီတစ်ဦးသာဆိုရင် မိုးမခဘဲစားမှော်သုတေသနကတင် တစ်သက်စာအောင်မြင်မှုမျိုးဖြစ်နိုင်သည်။

နောက်ဆယ်စုနှစ်တစ်ခုအကြာတွင် သူတို့၏ စိတ်ကူးစိတ်သန်းနှင့်အရည်အချင်းများ ခြောက်ခမ်းသွားနိုင်သည်။

မိုးမခဘဲစားမှော်ကိုသာ သုတေသနဆက်လုပ်နိုင်မည်ဖြစ်ပြီး ထိုမျှလောက်အံ့ဩစရာကောင်းသော သုတေသနရလဒ်မျိုးထပ်ထွက်ရန် မဖြစ်နိုင်။

ဒီလိုသာ အဖြစ်များသည်။

သုတေသီအတော်များများက ဒီနိယာမအတိုင်းပင်။

နောက်ပြီး သူဌေးချင်က အပင်အာနိသင်ကိုသိသိချင်း လုပ်ဆောင်ချက်ကိုအကောင်အထည်ဖော်နိုင်သည်။

လေအေးပေးစက်ကိုအစားထိုးနိုင်ခြင်းမှာ အခြေခံအကျဆုံးလုပ်ဆောင်ချက်သာရှိသေးသည်။

ဒီအပင်ကို အဆင့်မြင့်နယ်ပယ်များ၊ အဆင့်မြင့် သိပ္ပံနည်းကျသုတေသနစမ်းသပ်ချက်များတွင် အသုံးပြုနိုင်သည်။

အပူချိန်ကိုတသမတ်တည်းထိန်းထားရန်မှာမလွယ်ကြောင်း လူတိုင်းသိသည်။

အပူချိန်ထိန်းမြက်၏ထိန်းချုပ်နိုင်စွမ်းက စက်ပစ္စည်းများထက်တောင် ပိုကောင်းနေသည်။

ထို့အပြင် အပူချိန်ထိန်းမြက်ကြောင့် လေအေးပေးစက်အသုံးနည်းသွားသည်နှင့်အမျှ စွမ်းအင်ချွေတာရေး၊စွမ်းအင်လျှော့ချရေးတွင် သိသိသာသာထိရောက်မှုရှိလာမည်။

ထို့ကြောင့် လျှပ်စစ်ဓာတ်အားချွေတာနိုင်သလို ကျောက်မီးသွေးနှင့်ရေနံအသုံးပြုမှုကိုလည်း လျှော့ချပေးနိုင်မည်။

ကျောက်မီးသွေးနှင့်ရေနံစျေးကျဆင်းသွားပါက သူတို့နိုင်ငံအတွက်အကျိုးအမြတ်ရှိသည်။

သူတို့နိုင်ငံမှာ ကမ္ဘာ့အကြီးဆုံးရေနံတင်ပို့သောနိုင်ငံဖြစ်နေသောကြောင့် အားလုံး ရေနံစျေးအပေါ်သက်ရောက်မှုရှိလိမ့်မည်။

ကောင်းမွန်သောလည်ပတ်မှုပင်။

ဝန်ကြီးလုက သက်ပြင်းမချဘဲမနေနိုင်_

"သူဌေးချင်ကတော့ တကယ်အံ့ဩစရာကောင်းတာပဲ... ဒီအပူချိန်ထိန်းမြက်က မိုးမခဘဲစားမှော်ထက် အတိုင်းအတာတစ်ခုအထိ ပိုအံ့ဩဖို့ကောင်းနေသေးတယ်... ဒီလိုရလဒ်မျိုးတွေကို သူတစ်ခုပြီးတစ်ခုဆက်တိုက်ထုတ်နိုင်တယ်"

အတွင်းရေးမှူးက အမြန်ရှင်းပြသည်_

”ဟွရှင်းလေအေးပေးစက်ကုမ္ပဏီကို ကျေးဇူးတင်ရမှာပါ... ဟွရှင်းလေအေးပေးစက်ကုမ္ပဏီက ချင်းလင်စံအိမ်ကိုချောက်ချခဲ့ပုံရတယ်... လေအေးပေးစက်နဲ့ပတ်သက်တဲ့သုတေသနရလဒ်မျိုးထွက်လာဖို့ အင်တာနက်အသုံးပြုသူတွေက သူဌေးချင်နဲ့တော်ဝင်ပညာရှင်လီခိုင်ကိုတိုက်တွန်းခဲ့တာ”

“??? ဒီလိုလည်းရလား?”

ထိုသတင်းကြားပြီး ဝန်ကြီးလုနည်းနည်းကြောင်သွားသည်။

သူဌေးချင် အပူချိန်ထိန်းမြက်ကိုပျိုးထောင်ရသည့်အကြောင်းရင်းက ဒီလိုဖြစ်နေမည်ဟု သူလုံးဝမတွေးခဲ့မိ။

အခြားကုမ္ပဏီတွေက ချင်းလင်စံအိမ်ကိုချောက်ချဖို့ကြိုးစားပြီး အင်တာနက်အသုံးပြုသူတွေကတောင်းဆိုမယ်ဆိုရင် အလားတူပစ္စည်းမျိုး သူဌေးချင်ကပျိုးထောင်နိုင်မှာလား?

ဝန်ကြီးလု နည်းနည်းစမ်းသပ်ချင်စိတ်ပေါက်သွားသည်။

ဘာပဲဖြစ်ဖြစ် ဒီနည်းနှင့် သူဌေးချင်ရလဒ်ထွက်နိုင်သည်။

ခေတ်စကားနှင့်ပြောရလျှင် ဂိမ်းထဲမှ BUG နှင့်တူနေသည်။

သို့သော် သူ့အတွေးသူပြန်ထိန်းလိုက်သည်။ ဒီနည်းက နည်းလမ်းမကျသလို၊ ခံစားချက်အရရော ယုတ္တိဗေဒအရပါ မကောင်းသောကြောင့်ပင်။

ထိုအချိန်တွင် ဝန်ကြီးလုဖုန်းမြည်လာသည်။ မှိုအကြောင်းလေ့လာနေသော တော်ဝင်ပညာရှင်တစ်ဦးကဖုန်းခေါ်ခြင်းဖြစ်သည်။

ဖုန်းထဲမှ တော်ဝင်ပညာရှင်၏အသံထွက်လာသည်_

”ဝန်ကြီးလု.. တော်ဝင်ပညာရှင်ချင်ရဲ့အပူချိန်ထိန်းမြက်သုတေသနအကြောင်းကြားပြီးပြီလား?”

“အခုပဲကြားပါတယ်”

ဝန်ကြီးလုက ချက်ချင်းပြန်ဖြေသည်။

ထိုပညာရှင်က လောလောနှင့်_

”ဝန်ကြီးလု.. ကျုပ်က အပူချိန်တသမတ်တည်းရှိတဲ့ပတ်ဝန်းကျင်မျိုးလိုအပ်တဲ့မှိုကိုသုတေသနလုပ်နေတာပါ... ဒါပေမဲ့ မှိုက လျှပ်စစ်သံလိုက်လှိုင်းတွေရဲ့ဒဏ်ကိုခံရတယ်... စက်ကိရိယာတွေနဲ့ဖန်တီးထားတဲ့ပုံသေအပူချိန်ကို ကျုပ်စိတ်တိုင်းမကျဘူး... အဲဒီအတွက် အပူချိန်ထိန်းမြက်ရအောင်ကူညီပေးနိုင်မလား?”

“ကောင်းပါပြီ!”

ဝန်ကြီးလုက ပြုံးပြုံးနှင့်ပြန်ဖြေသည်။

အခုတော့ အပူချိန်ထိန်းမြက်ကိုအသုံးပြုနိုင်မည့်သုတေသနပရောဂျက်တစ်ခုရှိလာပြီ။

သူ့အတွင်းရေးမှူးကိုလည်း ချက်ချင်းပင်_

”မင်မြို့တော်ကိုသွားဖို့ လက်မှတ်ဖြတ်ပေးပါဦး”

မကြာမီ_

ဝန်ကြီးလုက ပေကျင်းမှထွက်ခွာပြီး မင်မြို့တော်လေဆိပ်လေယာဉ်ပေါ်မှဆင်းလာသည်။

တကယ်တော့ နည်းနည်းကရိကထများသည်။

ရုံချန်းတွင်လေဆိပ်မရှိသောကြောင့် ရုံချန်းသို့ရထားပြောင်းစီးခြင်း၊ သို့မဟုတ် မင်မြို့တော်တာဝန်ရှိသူများကိုဆက်သွယ်ပြီး ကားပြင်ဆင်ခိုင်းခြင်းမျိုးလုပ်ရသည်။

ရုံချန်းတိုက်ရိုက်လေဆိပ်သာရှိရင် သူဌေးချင်ဆီသွားတိုင်း ရုံချန်းကိုတိုက်ရိုက်ပျံသန်းပြီး ချင်းလင်စံအိမ်သွားရတာ ပိုအဆင်ပြေမည်။

ဝန်ကြီးလုကစဉ်းစားကြည့်ပြီး ရုံချန်းနှင့်ဆွေးနွေးချိန်တန်ပြီဟုထင်မိသည်။

ရုံချန်းမြို့၏လက်ရှိဖွံ့ဖြိုးတိုးတက်မှုနှင့်ရာသီဥတု၊ တခြားစည်ပင်သာယာသောအခြေအနေများအရ မင်မြို့တော်ကသာ နည်းနည်းအထောက်အပံ့ပေးလိုက်ရင် ရုံချန်းတွင် လေဆိပ်တစ်ခုအသေအချာတည်ဆောက်နိုင်မည်။

ဝန်ကြီးလု ချင်းလင်စံအိမ်ရောက်သောအခါ အရင်ထက်လူသွားလူလာပိုများနေမှန်း သတိထားမိသည်။ အပူချိန်ထိန်းမြက်က ခရီးသည် အမြောက်အမြားကိုဆွဲဆောင်နိုင်ခဲ့ပြီ။

အထူးသဖြင့် အပူချိန်ထိန်းမြက်က လေအေးပေးစက်ကိုအစားထိုးနိုင်မှန်းသိပြီးနောက် စိတ်ဝင်စားမှုနှင့်မျှော်လင့်ချက်ပိုပြင်းထန်လာကြသည်။

အတော်များများက အပူချိန်ထိန်းမြက်ကိုဝယ်ချင်ကြ၏။

မကြာမီ ဝန်ကြီးလုနှင့်ချင်လင်ဆုံပြီး_

"သူဌေးချင်.. ကျုပ်ဘာကြောင့်ရောက်လာတယ်ဆိုတာ သိတယ်မလား?''

All Chapters