← Chapters

အခန်း (၇၇၉-၇၈၀)

Vol. 61 Ch. 779-780

အခန်း (၇၇၉-၇၈၀)

Vol. 61 Ch. 779-780

အခန်း ၇၇၉ - ဝံပုလွေမျိုးနွယ်စုကို ကယ်တင်ရန် အချိန်မီရောက်ရှိလာခြင်း

“သုံးနာရီလောက်ပဲ တောင့်ခံနိုင်ပြီး အားလုံးပြီးဆုံးသွားတော့မှာလား။”

နောက်တစ်ကြိမ် လွင့်ထွက်သွားပြီးနောက် သွေးတစ်လုပ် ထွေးထုတ်လိုက်ရင်း ဒန်နီ တွေးလိုက်မိသည်။

သူကိုယ်တိုင်လည်း စွမ်းအားကုန်ခမ်းနေပြီဖြစ်ရာ သူသာသေဆုံးသွားပါက သွေးစုပ်ဖုတ်ကောင် မြို့စားချာလီကို မည်သူမျှ တားဆီးနိုင်တော့မည်မဟုတ်ပေ။

ချာလီသည် မသေမရှင်ဖြင့် တောင့်ခံနေဆဲဖြစ်သော ဒန်နီကို ကြည့်ကာ လှောင်ပြုံးပြုံးပြီး ပြောလိုက်၏။

“ဒီနေ့ကစပြီး ဝံပုလွေမျိုးနွယ်က ဒီတိုက်ကြီးပေါ်ကနေ ပျောက်ကွယ်သွားရလိမ့်မယ်။”

ပြောပြောဆိုဆိုနှင့်ပင် ချာလီ၏ ညာလက်သည် ဒန်နီ၏ လည်ပင်းဆီသို့ ဦးတည်သွားလိုက်၏။ သူ၏ ရှည်လျားသော လက်သည်းများသည် လရောင်အောက်တွင် အေးစက်သော အလင်းရောင်ကို ရောင်ပြန်ဟပ်နေခဲ့သည်။

ရွှစ်

ထိုစဉ် မြှားတစ်စင်းသည် ချာလီ၏ ညာလက်ဆီသို့ တည့်တည့်ပျံသန်းလာ၏။ အကယ်၍ သူသာ လက်ကို ပြန်မရုပ်ပါက ထိုမြှားသည် သူ၏လက်ကို သေချာပေါက် ဖောက်ထွက်သွားပေလိမ့်မည်။

အရေးကြီးသော အချိန်တွင် ချာလီသည် သူ၏လက်ကို ပြန်ရုပ်လိုက်ပြီး “ဘယ်သူလဲ” ဟု အော်ဟစ်လိုက်၏။

“ငါလေ...ပြောပြရင်တောင် မင်းသိမှာမဟုတ်ပါဘူး။ ဒီလူကို ငါကာကွယ်ထားတာ။ မင်း ဆက်တိုက်ဦးမှာလား။ ဒါမှမဟုတ် မင်းဘာသာမင်း ထွက်သွားမလား။”

ရောက်ရှိလာသူမှာ အသက် ၂၀ ခန့်ရှိသော လူငယ်တစ်ဦးဖြစ်ပြီး လည်းသည်းင်းချောင်းနဂါးပုံတံဆိပ်ပါသည့် အနွေးထည်ကို ဝတ်ဆင်ထားခဲ့သည်။ သူသည် တခြားသူမဟုတ်ဘဲ ရှောင်းယီပင် ဖြစ်သည်။

“မင်းက အပြင်ကလူပဲ။”

ချာလီသည် ရောက်ရှိလာသူကို မျက်မှောင်ကျုံ့ကာ ကြည့်ရင်း ပြောလိုက်၏။

“ဒါက ငါတို့တိုက်ရဲ့ ပြည်တွင်းရေးပဲ။ မင်းကို ဝင်မပါဖို့ ငါအကြံပေးချင်တယ်။ မဟုတ်ရင် မင်း ဒုက္ခအကြီးအကျယ် ရောက်လိမ့်မယ်။”

ရှောင်းယီသည် ချာလီ၏ ဖြူဖျော့နေသောမျက်နှာကို ကြည့်ကာ အပြုံးတစ်ခုဖြင့် ပြန်ပြောလိုက်၏။

“ငါ့မှာ ဒီလူနဲ့ ကုန်သွယ်ရေး သဘောတူညီချက် ရှိထားတယ်။ ကတိတည်တာက ငါ့ရဲ့ ဝိသေသတစ်ခုပဲ။ ဒုက္ခများမယ်ဆိုပေမဲ့ ငါ့ရဲ့ ဂုဏ်သိက္ခာကိုတော့ အပျက်စီးမခံနိုင်ဘူးလေ။”

“ကြည့်ရတာ မင်းက ငါ့ကို ဆန့်ကျင်ဖို့ ဆုံးဖြတ်ထားပုံပဲ။”

ချာလီ၏မျက်နှာမှာ ပို၍ပင် ဖြူဖျော့သွားခဲ့သည်။

ထိုစဉ် ရှောင်းယီသည် သူ၏ ရွှမ်းယွမ်ဓားကို ဆွဲထုတ်လိုက်ပြီး လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

“သွေးစုပ်ဖုတ်ကောင်တစ်ကောင်က ဘယ်လောက်အထိ သန်မာလဲဆိုတာ ငါ တကယ် စမ်းသပ်ကြည့်ချင်တယ်။”

ရွှမ်းယွမ်ဓားကို ဆွဲထုတ်လိုက်သည့် အခိုက်မှာပင် ချာလီသည် မိမိဆီသို့ ဦးတည်လာသော ကြီးမားသည့်ဖိအားတစ်ခုကို ချက်ချင်း ခံစားလိုက်ရပြီး အလွန်အမင်း သက်သောင့်သက်သာမရှိ ဖြစ်သွားခဲ့သည်။

ဘေးနားရှိ ဒန်နီမှာမူ ပို၍ပင် သက်သောင့်သက်သာမရှိ ဖြစ်နေ၏။ သူ၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။ ထိုအရာမှာ ထွက်ပြေးရန်ပင်။

ချာလီသည် ထိုဖိအားကို မခံနိုင်တော့ဘဲ ရှေ့သို့ တိုက်ရိုက် ပြေးဝင်တိုက်ခိုက်တော့၏။

သူ၏ အရှိန်မှာ အလွန်လျင်မြန်လှသော်လည်း ရှောင်းယီသည်မူ အရှိန်ချင်း ယှဉ်ပြိုင်ရန် မတွေးတောထားခဲ့ပေ။ သူသည် နေရာတွင်ပင် ရပ်နေပြီး ရန်သူ အနားရောက်လာမှသာ ရွှမ်းယွမ်ဓားကို အသုံးပြု၍ တိုက်ကွက်များကို ကာကွယ်လိုက်၏။

ဒင် ဒင် ဒင်

ချာလီ၏ လက်သည်းများနှင့် ရွှမ်းယွမ်ဓားတို့ ထိခိုက်မိသံများ အဆက်မပြတ်ထွက်ပေါ်လာခဲ့သည်။ ရန်သူ မည်မျှပင် လျင်မြန်ပါစေ ရှောင်းယီသည် သူ မတိုက်ခိုက်မီမှာပင် ရွှမ်းယွမ်ဓားကို သူတို့ကြား၌ အမြဲ အချိန်မီ ကာထားနိုင်ခဲ့၏။

“ဗန်ပိုင်းယားကောင်ရဲ့ အရှိန်က တကယ်မြန်တာပဲ။”

ရှောင်းယီ မနေနိုင်ဘဲ မချီးကျူးလိုက်မိသည်။ ဤဗန်ပိုင်းယားနှင့် ရှောင်းယီတို့ နှစ်ဦးလုံးသည် SS အဆင့် ရှိသူများ ဖြစ်ကြသည်။ ရှောင်းယီ၏ အရှိန်မှာ ရန်သူကို မမှီနိုင်ပေ။ သူသည် သူ၏ တိုက်ခိုက်ရေး အတွေ့အကြုံကို အသုံးချကာ မတိုက်ခိုက်ဘဲ ခံစစ်ကိုသာ အာရုံစိုက်နေသဖြင့် မနည်းတောင့်ခံထားရခြင်း ဖြစ်သည်။

ထိုလူသားသည် ချာလီ၏ တိုက်ကွက်များအား အမှန်တကယ်ပင် တားဆီးနိုင်သည်ကို မြင်လိုက်ရသောအခါ ဒန်နီ အံ့အားသင့်သွားခဲ့၏။

အဆင့်တူချင်းဆိုပါက ဗန်ပိုင်းယားများသည် အရှိန်ပိုင်းတွင် ပြိုင်ဘက်ကင်းကြောင်း သူ သိထားသည်။ မိမိရှေ့မှ လူငယ်သည် SSS အဆင့်သို့ မရောက်သေးသည်မှာ သေချာသော်လည်း တိုက်ကွက်များကို ခုခံနေသည်မှာ အားစိုက်ထုတ်ရပုံပင် မပေါ်ပေ။

“ဒီလူက ဘင်နီ ရှာတွေ့ခဲ့တဲ့ အပြင်လူလား။”

ဒန်နီက ရှောင်းယီကို အံ့ဩစွာ ကြည့်ရင်း တွေးလိုက်မိ၏။

ချာလီသည် အချိန်အတော်ကြာအောင် တိုက်ခိုက်သော်လည်း တိုးမပေါက်နိုင်သဖြင့် စိတ်တိုလာခဲ့သည်။ ရွှမ်းယွမ်ဓား၏ ဖိအားကြောင့်လား မသိသော်လည်း သူ၏ အရှိန်အဟုန်ပြင်းပြင်းဖြင့် တိုက်ခိုက်နိုင်စွမ်းမှာ ကျဆင်းလာသည်ဟု သူ ခံစားနေရ၏။

ရှောင်ယီကမူ ပို၍ စိတ်အေးလက်အေး ရှိလာပြီး တစ်ခါတစ်ရံတွင် တန်ပြန်တိုက်စစ်ပင် ဆင်နိုင်လာခဲ့သည်။

ရှောင်းယီ၏ ပြန်လည်တိုက်ခိုက်မှုများကို ရင်ဆိုင်ရာတွင် ချာလီမှာ အာရုံအပြည့် စိုက်ထားခဲ့ရ၏။ အကယ်၍သာ ရွှမ်းယွမ်ဓား၏ ထိချက်ကို မှန်သွားခဲ့ပါက အကျိုးဆက်မှာ အလွန်ပင် ဆိုးရွားနိုင်သောကြောင့်ပင်။

ထိုအချိန်မှာပင် ချိုင့်ဝှမ်းအတွင်းမှ လူသားစစ်တပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ၎င်းတို့သည် ချိုင့်ဝှမ်းအပြင်ဘက်ရှိ ဒေသခံရန်သူများကို ချက်ချင်းပင် စတင်ပစ်ခတ်ကြတော့လေသည်။

ဒိုင်း ဒိုင်း ဒိုင်း

ဤစစ်တပ်၏ သေနတ်များသည် အပြင်ဘက်ရှိ သေနတ်များထက် သိသိသာသာ ပိုမို ခေတ်မီ၏။ ၎င်းသည် တစ်မိနစ်လျှင် ကျည်အမြောက်အမြား ပစ်ခတ်နိုင်ရာ အပြင်ဘက်ရှိ စစ်သည်များစွာ သေဆုံးကုန်ကြသည်။

ချိုင့်ဝှမ်းထဲသို့ ကျူးကျော်ဝင်ရောက်လုနီးပါး ဖြစ်နေသော ဒေသခံစစ်တပ်သည် ရုတ်တရက် ထွက်ပေါ်လာသော ဤအဖွဲ့ကြောင့် နောက်သို့ ပြန်ဆုတ်သွားကြရ၏။

ချိုင့်ဝှမ်းအတွင်းမှ ထွက်ပေါ်လာသော သေနတ်သံများကြောင့် ချာလီမှာ အာရုံပျံ့လွင့်သွားခဲ့ပြီး ထိုအခွင့်အရေးကို အသုံးချကာ ရှောင်းယီက ဓားဖြင့် ထိုးခုတ်လိုက်လေသည်။

ချာလီသည် ထိုဓားချက်ကို အလျင်အမြန်ရှောင်တမ်းလိုက်သော်လည်း ရှောင်းယီက ဓားချက်ကို ပြောင်းကာ ဝှေ့ယမ်းလိုက်၏။

ရွှပ်

ချာလီ၏ ဝတ်ရုံနက်မှာ ရွှမ်းယွမ်ဓားကြောင့် ပြတ်ထွက်သွားပြီး အတွင်းထဲမှ သူ၏ဖြူဖျော့နေသော အသားကိုပါ ဖြတ်တောက်သွားခဲ့သည်။

သွေးများ ချက်ချင်းပင် ပန်းထွက်လာ၏။

ချာလီသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး အဝေးသို့ ချက်ချင်း ထွက်ပြေးသွားတော့သည်။ ရှောင်းယီသည်လည်း လိုက်မဖမ်းတော့ပေ။ ရန်သူ၏ အရှိန်မှာ သူ့ထက် များစွာ သာလွန်ပြီး လိုက်ဖမ်းလျှင်ပင် မိမည်မဟုတ်ပေ။

ထို့အပြင် သူ ရောက်ရှိလာရခြင်းမှာ ကုန်သွယ်မှုကို အပြီးသတ်ရန်ဖြစ်ရာ တိုက်ပွဲများကို တတ်နိုင်သမျှ ရှောင်ရှားလိုပေသည်။

ကျန်းယွင်ထျန်း ဦးဆောင်သော သေနတ်ကိုင်တပ်ဖွဲ့သည် ဒေသခံစစ်တပ်ကို ၂ ကီလိုမီတာခန့်အထိ လိုက်လံတိုက်ထုတ်ပြီးနောက် ချိုင့်ဝှမ်းသို့ ချက်ချင်း ပြန်လာခဲ့ကြသည်။

ရှောင်းယီသည် ရွှမ်းယွမ်ဓားကို အိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး သမန်းဝံပုလွေအသွင်မှ ပြန်ပြောင်းသွားပြီဖြစ်သော ဒန်နီဆီသို့ လျှောက်သွားကာ လက်ကမ်းပေးလိုက်၏။

ဒန်နီက ရှောင်းယီ၏ လက်ကို ဆွဲကိုင်ကာ ထရပ်လိုက်သည်။

ထိုအချိန်တွင် ဘင်နီသည်လည်း ပြေးရောက်လာပြီး ဒန်နီကို ဘေးမှ ကူညီတွဲပေးလိုက်၏။ ဒန်နီမှာ ရှောင်းယီနှင့်ယှဉ်လျှင် အလွန်အရပ်ရှည်လွန်းလှသဖြင့် ရှောင်းယီအနေဖြင့် ကူတွဲရန် မလွယ်ကူလှပေ။ လူသားများထဲတွင် ရှောင်းယီမှာ အရပ်ရှည်သူဖြစ်သော်လည်း သမန်းဝံပုလွေလူသားများနှင့်ယှဉ်လျှင် ပုနေသေးသည်။

“ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ပေးပါရစေ။ ကျုပ်နာမည်က ရှောင်းယီပါ ဘင်နီရှာတွေ့ခဲ့တဲ့ အပြင်လူပေါ့။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။ ဒန်နီက ခေါင်းငြိမ့်ပြလိုက်၏။

“အခုလို ကူညီပေးတဲ့အတွက် တကယ် ကျေးဇူးတင်ပါတယ်။ မင်းက ကျုပ်တို့ ဝံပုလွေမျိုးနွယ်စုကို ကယ်တင်ပေးခဲ့တာပဲ။ နောင်တစ်ချိန်မှာ ဝံပုလွေမျိုးနွယ်စုရဲ့ အကူအညီ လိုအပ်လာခဲ့ရင် ကျုပ်တို့ ဘယ်တော့မှ ငြင်းမှာမဟုတ်ပါဘူး။”

“အားနာနေစရာ မလိုပါဘူး။ အတွင်းထဲဝင်ပြီး စကားပြောကြရအောင်။”

ရှောင်းယီက ဆိုသည်။

ကျန်းယွင်ထျန်းနှင့် အခြားသူများသည် ချိုင့်ဝှမ်းအတွင်းသို့ ပြန်လာပြီး အဝင်ဝတွင် ခံစစ်စည်းကို တည်ဆောက်လိုက်ကြသည်။

ဒန်နီသည် ချိုင့်ဝှမ်းထဲသို့ ပြန်ရောက်သောအခါ သွေးတစ်လုပ် ထပ်မံထွေးထုတ်လိုက်ရပြန်သည်။ ထိုအခါ သူ့ကို တွဲထားသော ဘင်နီက စိုးရိမ်တကြီးဖြင့် မေးလိုက်၏။

“ခေါင်းဆောင်... အဆင်ပြေရဲ့လား။”

“မျိုးနွယ်စု ခေါင်းဆောင်ငယ်တွေကို ခေါ်လိုက်ပါ။ ငါ မှာကြားစရာ ရှိတယ်။”

ဒန်နီက မောဟိုက်စွာ ပြောလိုက်သည်။ ထိုအခါ ဘင်နီသည် ဝံပုလွေခေါင်းဆောင်ငယ် အားလုံးကို ချက်ချင်းပင် စုဝေးလိုက်၏။ ရှောင်းယီသည် ယခင်က ချူဖုန်းမြို့တော်ကို တိုက်ခိုက်ခဲ့သော အဖွဲ့ခေါင်းဆောင်ကိုလည်း သတိပြုမိလိုက်သည်။

“ငါ့အသက်က သိပ်မကျန်တော့ဘူးလို့ ငါ ခန့်မှန်းမိတယ်။ အခု ငါ့ရဲ့ ခေါင်းဆောင်ရာထူးကို ဘင်နီကို လွှဲပြောင်းပေးမယ်လို့ ကြေညာတယ်။ ဘယ်သူ ကန့်ကွက်စရာ ရှိသလဲ။”

ဒန်နီက ခေါင်းဆောင်ငယ်များကို ကြည့်ကာ မေးလိုက်၏။

“ကျုပ်တို့ မျိုးနွယ်စုခေါင်းဆောင်ကြီးရဲ့ အမိန့်ကို လိုက်နာပါ့မယ်။”

ခေါင်းဆောင်ငယ်များက တုံ့ပြန်လိုက်ကြသည်။

“ငါတို့ ကျွန်းပိုင်ရှင်ရှောင်းရဲ့ ကျွန်းကို ရောက်တဲ့အခါ အဲဒီနေရာဟာ ဒီတိုက်ကြီးမဟုတ်ဘူးဆိုတာကို အားလုံး မှတ်ထားကြ။ လူသားတွေအပေါ် ရန်လိုမနေကြနဲ့။ သူတို့နဲ့ သင့်တင့်အောင် နေထိုင်ဖို့ ကြိုးစားကြ။”

ထို့နောက် ဒန်နီသည် ချောင်းနှစ်ချက်ဆိုးကာ ဆက်ပြောလိုက်၏။

“အရာရာတိုင်းမှာ ကျွန်းပိုင်ရှင်ရှောင်းရဲ့ အမိန့်ကို နားထောင်ကြ။ အားလုံး နားလည်ကြလား။”

“ဟုတ်ကဲ့”

သမန်းဝံလုပွေများက ပြန်ဖြေလိုက်ကြသည်။

ထို့နောက် ဒန်နီသည် သူ၏ဘေးတွင် ရပ်နေသော ရှောင်းယီကို ကြည့်ကာ ပြောလိုက်၏။

“ကျွန်းပိုင်ရှင်ရှောင်း... ကျုပ်ရဲ့မျိုးစုနွယ်ကို နောင်အနာဂတ်မှာ စောင့်ရှောက်ပေးဖို့ မျှော်လင့်ပါတယ်။ တကယ်တော့ ကျုပ်တို့က ရက်စက်ကြမ်းကြုတ်တဲ့သူတွေ မဟုတ်ပါဘူး။ အခြေအနေအရသာ အတင်းအကျပ် ဖြစ်ခဲ့ရတာပါ။”

“မရဘူး။”

ရှောင်းယီက ခေါင်းခါကာ ပြောလိုက်သည်။

ရှောင်းယီ၏ ငြင်းဆိုမှုကို ကြားသောအခါ သမန်းဝံပုလွေများအားလုံး မျက်မှောင်ကျုံ့သွားခဲ့ကြ၏။ အဘယ်ကြောင့်ဆိုသော် ရှောင်းယီက သူတို့ကို နေစရာပေးရုံသာ ပေးမည့်ပုံပေါ်နေသောကြောင့်ပင်။

“သူတို့ကို စောင့်ရှောက်ချင်ရင် ခင်ဗျားကိုယ်တိုင်ပဲ စောင့်ရှောက်သင့်တယ်။”

ရှောင်းယီက ဆက်ပြောလိုက်သည်။

ဒန်နီသည် ခါးသီးစွာ ပြုံးလျက် ခေါင်းခါကာ ပြောလိုက်၏။

“ကျုပ်လည်း အဲဒီလိုပဲ လုပ်ချင်ပါတယ်။ ဒါပေမဲ့ ကျုပ်မှာ အခွင့်အရေး မရှိတော့ဘူး။”

“ဘယ်သူက အခွင့်အရေး မရှိဘူးလို့ ပြောတာလဲ။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“အကယ်၍ ဘင်နီက ကျုပ်ကို ရှာမတွေ့ခဲ့ရင်တော့ ခင်ဗျားမှာ တကယ်ပဲ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ ခင်ဗျား သေလို့ မရသေးဘူး။”

ထိုစကားကို ကြားသောအခါ ဘင်နီ၏ မျက်လုံးများ တောက်ပသွားပြီး အလောတကြီး မေးလိုက်၏။

“ကျွန်းပိုင်းးရှင်ရှောင်းမှာ ကျုပ်တို့ မျိုးနွယ်စုခေါင်းဆောင်ကို ကယ်တင်နိုင်မယ့် နည်းလမ်း ရှိလို့လား။”

ရှောင်းယီက ခေါင်းညိတ်ပြပြီး ဘင်နီကို ကြည့်ကာ စနောက်လိုက်သည်။

“ဒါဆိုရင် မင်းက ခေါင်းဆောင် ဖြစ်လာမှာ မဟုတ်တော့ဘူးနော်။ အဲဒါအတွက်တော့ ငါ့ကို ရန်ငြိုးမထားဘူး မဟုတ်လား။”

ထိုစဉ် ဘင်နီသည် ရှောင်းယီရှေ့တွင် တိုက်ရိုက် ဒူးထောက်လိုက်၏။

“မထားပါဘူး။ ကျုပ်တို့ ခေါင်းဆောင်ကိုသာ ကယ်တင်ပေးနိုင်မယ်ဆိုရင် ကျုပ် ခင်ဗျားရဲ့ ကျွန်အဖြစ် ခံယူပြီး ထာဝရ အလုပ်အကျွေး ပြုပါ့မယ်။”

အခန်း ၇၈၀ - ဒဏ်ရာများကို ကုသခြင်း၊ တည်နေရာကူးပြောင်းခြင်းနှင့် ချက်ချင်းဆိုသလို အိမ်ရာများတည်ဆောက်လုပ်ခြင်း

ဘင်နီ၏ စကားကို ကြားသောအခါ ရှောင်းယီသည် အနည်းငယ် မှင်တက်သွားခဲ့ပြီး နောက် ခေါင်းခါကာ ပြန်ပြောလိုက်သည်။

“ငါ့ရဲ့ မဟာမိတ်အဖွဲ့က ငါတစ်ဦးတည်းရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိတာမှန်ပေမဲ့ လူတိုင်းအတွက် အခြေခံ တန်းတူညီမျှမှုကိုတော့ ငါတို့ ဖော်ဆောင်ထားတယ်။ ငါတို့ဆီမှာ ကျွန်စနစ် မရှိဘူး။ ဒါပေမဲ့ ထောင်တွေတော့ ရှိတယ်။ အကယ်၍ တစ်ယောက်ယောက်က မဟာမိတ်အဖွဲ့ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်မယ်ဆိုရင်တော့ အလုပ်ကြမ်းနဲ့ ပြုပြင်ပြောင်းလဲရေး စခန်းမှာ ထိန်းသိမ်းခံရမယ်။”

ဘင်နီ အံ့ဩသွား၏။ အလားတူပင် သမန်းဝံပုလွေမျိုးနွယ်စုခေါင်းဆောင် ဒန်နီသည်လည်း ရှောင်းယီအား မျက်လုံးများ တောက်ပလျက် စိုက်ကြည့်လိုက်မိသည်။ ဘင်နီ ရှာဖွေတွေ့ရှိခဲ့သော အပြင်လူသည် ဤမျှ ထူးခြားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

သူသည် မျိုးနွယ်စုခေါင်းဆောင်အသစ် ဖြစ်လာမည့်သူက ကျွန်အဖြစ် ခံယူမည်ဟု ကမ်းလှမ်းသည်ကိုပင် ငြင်းပယ်ခဲ့ပြီး “လူတိုင်း တန်းတူညီမျှရေး” ဆိုသည့် မဖြစ်နိုင်လောက်သော အယူအဆကို ပြောဆိုခဲ့၏။

ဒန်နီအနေဖြင့် ရှောင်းယီ ပြောသမျှကို အကုန်ယုံကြည်နေခြင်းမျိုး မဟုတ်သော်လည်း အနည်းဆုံးတော့ ထိုသို့သော စကားမျိုးကို ပြောဝံ့သည့် ရှောင်းယီ၏သတ္တိကို သူအလွန် လေးစားသွားမိသည်။

ဤတိုက်ကြီးပေါ်တွင် မည်သည့်မြို့ကမျှ လူတိုင်း တန်းတူညီမျှရှိရေးကို မကြေညာခဲ့ဖူးပေ။ သူတို့သည် “ဘုရင်တို့၏ အာဏာသည် နတ်ဘုရားထံမှ လာသည်” ဟူသော အယူအဆကိုသာ ဟောပြောလေ့ရှိကြ၏။

ထိုအချိန်တွင် ကျန်းယွင်ထျန်းသည် တည်‌ေိရာကူးပြောင်းခြင်းအစီအရင်ဘက်မှ စက်ပစ္စည်းတစ်ခုနှင့်အတူ လျှောက်လာခဲ့လေသည်။ ၎င်းမှာ အသိဉာဏ်မြင့် နာနို-ဆေးဘက်ဆိုင်ရာကိရိယာပင် ဖြစ်သည်။

“နာ့နာ... အရင်ဆုံး သူ့ရဲ့ ဒဏ်ရာတွေကို စစ်ဆေးပေးလိုက်ပါဦး။”

နာ့နာကို မြင်သည်နှင့် ရှောင်းယီက အမိန့်ပေးလိုက်၏။

“ဟုတ်ကဲ့”

နာ့နာက ပြန်လည်တုံ့ပြန်ပြီးနောက် ဒန်နီအနားသို့ ချဉ်းကပ်ကာ ဒန်နီ၏ ပြင်ပဒဏ်ရာများရှိရာ နေရာများသို့ သတ္တုပိုက်ငယ်လေးများ ထိုးသွင်းလိုက်၏။

ဘေးပတ်ဝန်းကျင်ရှိ သမန်းဝံပုလွေများအားလုံး မှင်တက်သွားခဲ့ကြသည်။

“ဒီအရာက တကယ်ပဲ စကားပြောနိုင်တာလား။”

“သူ့ခန္ဓာကိုယ်ကနေ ထွက်လာတဲ့ ပိုက်တွေက ဘာတွေလဲ။”

“ငါတို့ ခေါင်းဆောင်ကို ဒုက္ခပေးမလို့လား။”

“ဒုက္ခပေးမှာ မဟုတ်တာတော့ သေချာတယ်။ သူတို့သာ ငါတို့ကို ရန်ပြုချင်ရင် ငါတို့မှာ ခုခံနိုင်စွမ်းမှ မရှိတာ။ ခေါင်းဆောင်တောင် မယှဉ်နိုင်တဲ့ ဗန်ပိုင်းယားမြို့စားကြီးကိုတောင် အဲဒီလူငယ်က တိုက်ထုတ်နိုင်ခဲ့တာကို သတိရကြဦး။”

“ဟုတ်တယ်။ ဒီလူက တကယ် သန်မာလွန်းတယ်။ ဘင်နီကတော့ အားကိုးရတဲ့ မဟာမိတ်ကို ရှာတွေ့ခဲ့တာပဲ။”

စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် နာ့နာက ပြောလိုက်သည်။

“သူ့ရဲ့ အခြေအနေက နည်းနည်း ဆိုးရွားနေပါတယ်။ ငါးရက်လောက်တော့ အနားယူဖို့ လိုပါလိမ့်မယ်။”

“ငါးရက်ပဲလား။ မဆိုးပါဘူး။ ငါတို့ဆီမှာ စကားပုံတစ်ခုရှိတယ်။ ‘အရိုးနဲ့ အကြော ဒဏ်ရာရရင် ရက်ပေါင်း တစ်ရာ ကုသရတယ်’ တဲ့။ ငါးရက်ဆိုတာ တကယ်ကို မြန်လွန်းနေပါပြီ။”

ရှောင်းယီက အနည်းငယ် အံ့ဩသွားရင်း ပြုံးကာ ပြောလိုက်သည်။

ဆေးကုသမှု ခံယူပြီးနောက် ဒန်နီမှာ သိသိသာသာပင် သက်သောင့်သက်သာ ဖြစ်သွားခဲ့ပြီး မိမိ၏ အသက်ဓာတ် တဖြည်းဖြည်း ကုန်ခမ်းနေသလို ခံစားချက်မျိုးလည်း မရှိတော့ပေ။

သူသည် မနည်း ထထိုင်လိုက်ပြီး ရှောင်းယီကို ပြောလိုက်၏။

“ကျွန်းပိုင်ရှင်ရှောင်းရဲ့ ဒီတစ်ခါ ကျေးဇူးကို ဘယ်လို ဆပ်ရမလဲတောင် မသိတော့ပါဘူး။ ကျုပ် အသက်ရှင်နေသရွေ့ ကျုပ်ရဲ့ မျိုးနွယ်စုဟာ မင်းအပေါ် အကြွင်းမဲ့ သစ္စာရှိသွားမှာပါ။”

“ခေါင်းဆောင် ဒန်နီ... ယဉ်ကျေးနေစရာ မလိုပါဘူး။ အနာဂတ်မှာ ကျုပ်တို့ အတူတူ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကြတာပေါ့။ အခုတော့ ခင်ဗျား အနားယူဖို့ လိုတယ်။ ပြီးတော့ ကျုပ်တို့ ဒီကနေ မြန်မြန် ပြောင်းရွှေ့ကြရအောင်။ အဲဒီ သွေးစုပ်ဖုတ်ကောင် ပြန်လာရင် ဒုက္ခရောက်ကုန်လိမ့်မယ်။”

ရှောင်းယီက ပြန်ပြောလိုက်သည်။

“ကောင်းပါပြီ။ ဒါဆိုရင် ကျွန်းပိုင်ရှင်ရှောငကိုပဲ အားကိုးရတော့မှာပါ။”

ဒန်နီက လက်နှစ်ဖက်ကိုယှက်ကာ နှုတ်ဆက်လိုက်ပြီး ပြောလိုက်သည်။

“မျိုးနွယ်စုဝင်တွေ အားလုံး ငါ့အမိန့်ကို နားထောင်ကြ။ အနာဂတ်မှာ ကျွန်းပိုင်ရှင်ရှောင်းရဲ့ အမိန့်ကို မလိုက်နာတဲ့သူ ရှိရင် ငါကိုယ်တိုင် ခွင့်မလွှတ်ဘူး။”

“ခေါင်းဆောင်ကြီးရဲ့ အမိန့်ကို လိုက်နာပါ့မယ်။”

သမန်းဝံပုလွေများက တညီတညွတ်တည်း တုံ့ပြန်ကြသည်။

ဒန်နီက ခေါင်းငြိမ့်ပြပြီး ရှောင်းယီကို မေးလိုက်၏။

“ကျွန်းပိုင်ရှင်ရှောင်း... ကျုပ်တို့ မျိုးနွယ်စုထဲက တခြား ဒဏ်ရာရတဲ့သူတွေကိုလည်း ကူညီပြီး ကုသပေးလို့ ရမလား။”

“ရတာပေါ့။ နာ့နာက စလုပ်နေပါပြီ။”

ရှောင်းယီက အလုပ်ရှုပ်နေသော နာ့နာကို ညွှန်ပြလိုက်သည်။

“ကျေးဇူးတင်ပါတယ်။”

“အားနာမနေပါနဲ့။”

ထို့နောက် ရှောင်းယီသည် ကျန်းယွင်ထျန်းဘက်ကို လှည့်ကာ မှာကြားလိုက်၏။

“အစ်ကိုကျန်း... မင်းက ဒီမှာနေပြီး ကျန်ခဲ့တဲ့ ကိစ္စတွေကို ရှင်းလင်းပေးလိုက်ပါ။ ငါ သူတို့ကို အရင် ခေါ်သွားနှင့်မယ်။”

“ဟုတ်ကဲ့”

ရှောင်းယီ၏ ဦးဆောင်မှုဖြင့် ချိုင့်ဝှမ်းအတွင်းရှိ သမန်းဝံပုလွေမျိုးနွယ်စုဝင်များသည် တည်နေရာကူးပြောင်းခြင်းအစီအရင်အတွင်းသို့ အစဉ်လိုက် ဝင်ရောက်သွားခဲ့ကြသည်။ လူဦးရေမှာ အလွန်များပြားလှသဖြင့် တည်နေရာကူးပြောင်းခြင်းအစီအရင်ကို အသုံးပြုသော်လည်း ပြောင်းရွှေ့မှု ပြီးဆုံးရန် ၇ နာရီနီးပါး ကြာမြင့်ခဲ့သည်။

ရှောင်းယီသည် ဒန်နီနှင့် အခြားသော ခေါင်းဆောင်ငယ်များကို ပထမဆုံးအသုတ်အဖြစ် ကျွန်းပေါ်သို့ ခေါ်ဆောင်လာခဲ့သည်။

ဤကျွန်းပေါ်တွင် ရှောင်းယီသည် ခြောက်ထပ်ရှိသော စီမံခန့်ခွဲရေးခန်းမကိုသာ ဦးစွာ ဆောက်လုပ်ထား၏။ သမန်းဝံပုလွေများသည် သူတို့တစ်ခါမျှ မမြင်ဖူးသော ဤကဲ့သို့သော လူသားဗိသုကာလက်ရာများကို ကြည့်ကာ အလွန် ထူးဆန်းနေခဲ့ကြသည်။

စီမံခန့်ခွဲရေးခန်းမအတွင်းသို့ ဝင်လိုက်သည်နှင့် သမန်းဝံပုလွေများသည် နွေဦးသို့ ပြန်လည်ရောက်ရှိသွားသလို ခံစားလိုက်ရ၏။ အကြောင်းမှာ ဤနေရာတွင် အပူပေးစနစ်နှင့် လေအေးပေးစက်များ ရှိသောကြောင့်ပင်။

“ဘာဖြစ်လို့ ဒီလောက် နွေးနေရတာလဲ။”

ဒန်နီက အံ့ဩစွာ မေးလိုက်သည်။

“ဒါက ကျုပ်တို့ရဲ့ အပူပေးစနစ်ပါ။ နောင်ကျရင် အသေးစိတ် လေ့လာနိုင်ပါတယ်။ အခုတော့ တစ်ခု အရင် တိုင်ပင်ရအောင်။”

ရှောင်းယီက ရှင်းပြလိုက်သည်။

“ကျုပ်တို့ကျွန်းပေါ်မှာ နေရာလွတ်က အကန့်အသတ်ရှိတယ်။ အဆောက်အဦးတွေက မြေနေရာ အများကြီးယူရင် ကျွန်းရဲ့ ပတ်ဝန်းကျင်ကို ထိခိုက်နိုင်တယ်။ အဲ့ဒါကြောင့် ခင်ဗျားတို့ နေထိုင်ဖို့အတွက် မြင့်မားတဲ့ အထပ်မြင့်အဆောက်အဦးတွေ တည်ဆောက်ဖို့ ကျုပ်အကြံပြုချင်တယ်။ ဒါဆိုရင် ခင်ဗျားတို့ ချိုင့်ဝှမ်းထဲမှာလို တဲတွေ အများကြီး ထိုးနေစရာ မလိုတော့ဘူး။”

“ကျွန်းပိုင်ရှင်ရှောင်းရဲ့ ညွှန်ကြားချက်အတိုင်းပါပဲ။ ကျုပ်တို့မှာ ဘာကန့်ကွက်စရာမှ မရှိပါဘူး။”

ဒန်နီက ချက်ချင်း ပြန်ဖြေသည်။

“ဒါပေမဲ့ ခေါင်းဆောင်ကြီး... ကျန်တဲ့ မျိုးနွယ်စုဝင်တွေလည်း မကြာခင် ရောက်လာတော့မှာ။ အကယ်၍ နေရာအများကြီး မယူရဘူးဆိုရင် သူတို့က ဒီအတိုင်း ကွင်းပြင်ထဲမှာ ရပ်စောင့်နေရမှာလား။”

သမန်းဝံပုလွေခေါင်းဆောင်ငယ် တစ်ဦးက မေးလိုက်သည်။ ထိုအခါ ဒန်နီသည် ၎င်းအား ချက်ချင်းပင် အော်ငေါက်လိုက်၏။

“အခုလို အသက်ဘေးက လွတ်လာတာတောင် ကံကောင်းလှပြီ။ ခဏလောက် ရပ်နေရတာ ဘာဖြစ်လို့လဲ။”

ထိုအခါ ရှောင်းယီက လက်ကာပြကာ အချင်းချင်း ငြင်းခုံခြင်း မပြုရန် တားဆီးလိုက်သည်။

“ဒီခေါင်းဆောင်ငယ် ပြောတာကို ကျုပ် နားလည်ပါတယ်။ အခုက ဆောင်းရာသီဆိုတော့ အပြင်မှာ ရပ်နေရင် အားလုံး အေးခဲကုန်မှာပေါ့။”

ကျန်သော ခေါင်းဆောင်ငယ်များကလည်း ခေါင်းငြိမ့်ထောက်ခံကြသည်။

“ဒါပေမဲ့ စိတ်မပူပါနဲ့။ ခင်ဗျားတို့ သဘောတူတယ်ဆိုရင် ဒီကျွန်းပေါ်မှာ အဆောက်အဦး တည်ဆောက်တာက ခဏလေးအတွင်းမှာပဲ ပြီးစီးနိုင်ပါတယ် “

ရှောင်းယီက ဆိုသည်။

“ပြီးတော့ အခန်းတိုင်းက ဒီအခန်းထဲမှာလိုပဲ ပရိဘောဂ အစုံအလင် ပါပါလိမ့်မယ်။”

“ဒီလိုမျိုး နွေးထွေးနေမှာလား။”

ခေါင်းဆောင်ငယ်တစ်ဦးက ဝမ်းသာအားရ မေးလိုက်၏။

“သေချာပေါက်ပဲပေါ့။”

တစ်ဖက်တွင်လည်း ဒန်နီက အံ့ဩတကြီး မေးလာခဲ့သည်။

“ခဏလေးအတွင်း ပြီးမယ်ဆိုတာက ချက်ချင်း ဆောက်လို့ ရတယ်လို့ ဆိုလိုတာလား။ ဒါက...ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။”

“ကျုပ် ဒီကမ္ဘာကို စရောက်လညတုန်းကလည်း အဲဒါကို မယုံကြည်ခဲ့ဘူး။ ဒါပေမဲ့ ဒီကျွန်းပေါ်မှာတော့ ဒါက ဖြစ်နိုင်ပါတယ်။ လူတိုင်း သဘောတူပြီဆိုရင် ခင်ဗျားတို့အတွက် အထပ်မြင့် အိမ်ရာတွေကို ကျုပ် အခုပဲ ဆောက်ပေးလိုက်မယ်။”

ရှောင်းယီက ဆုံးဖြတ်လိုက်သည်။

“ဒီမှာ ခဏလောက် စောင့်ကြပါဦး။ ကျုပ် အရင်သွားပြီး တည်ဆောက်လိုက်ပါဦးမယ်။ ပြီးမှ ကျုပ်တို့ ဆက်ပြောကြတာပေါ့။”

ထို့နောက် ရှောင်းယီသည် အပြင်သို့ ထွက်သွားပြီး အနောက်မြောက်ကမ်းခြေရှိ သင်္ဘောပေါ်မှ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိရာသို့ သွားကာ အထပ်မြင့်အိမ်ရာများ ဆောက်လုပ်ရန် ခိုင်းစေလိုက်လေသည်။

သမန်းဝံပုလွေများသည်လည်း ငြိမ်ငြိမ်မနေနိုင်ကြဘဲ စီမံခန့်ခွဲရေးခန်းမ အပြင်ဘက်သို့ ထွက်လာကြခဲ့၏။ ထိုအချိန်တွင် တည်နေရာကူးပြောင်းခြင်းအစီအရင်မှ သမန်းဝံပုလွေများစွာ ရောက်ရှိနေပြီဖြစ်ပြီး သူတို့အားလုံးမှာ အေးစိမ့်သော လေဒဏ်ကြောင့် တုန်ရီနေခဲ့ကြသည်။

ဒန်နီသည် ရှေ့ထွက်၍ စုဝေးနေသော သမန်းဝံပုလွေများကို နှစ်သိမ့်လိုက်ရ၏။

“အားလုံးပဲ ခဏလောက် သည်းခံကြပါဦး။ ဒီနေရာက ထူးခြားတဲ့အတွက် တဲတွေ အခုချက်ချင်း ထိုးလို့ မရသေးဘူး။ ကျွန်းပိုင်ရှင်ရှောင်းက ငါတို့အတွက် အိမ်တွေ ဆောက်ပေးနေတယ်။ အိမ်ထဲမှာက အရမ်းနွေးတယ်။ လူကြီးတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေ အရင်ဆုံး စီမံခန့်ခွဲရေးခန်းမထဲ ဝင်ပြီး အအေးဒဏ်ကနေ ခိုလှုံလိုက်ကြပါ။”

သမန်းဝံပုလွေများသည် ထိုစကားကို ကြားသောအခါ စိတ်မအေးနိုင် ဖြစ်သွားခဲ့ကြသည်။

အခုမှ အိမ်စဆောက်မည်ဆိုရင် အနည်းဆုံး လပေါင်းများစွာ ကြာဦးမှာ မဟုတ်ဘူးလား။ သူတို့ကို လပေါင်းများစွာ အပြင်မှာ အိပ်ခိုင်းထားမှာလား။ ကျွန်းပိုင်ရှင်ရှောင်းက အဲ့လောက်အထိ ရက်စက်တဲ့ လူသားပုံစံ မဟုတ်ပါဘူး။

ဘင်နီသည် လူကြီးများ၊ အမျိုးသမီးများနှင့် ကလေးများကို ခန်းမထဲသို့ ခေါ်ဆောင်နေစဉ်မှာပင် စီမံခန့်ခွဲရေးခန်းမ ဘေးပတ်လည်တွင် မြင့်မားလှသော အဆောက်အဦး ဒါဇင်ပေါင်းများစွာ ရုတ်တရက် ဝုန်းခနဲ ထွက်ပေါ်လာတော့သည်။

ထိုထဲတွင် အလတ်စားအထပ်မြင့်အဆောက်အဦးများနှင့် တန်းလျားအိမ်အချို့လည်း ပါဝင်သော်လည်း အထပ်မြင့် အဆောက်အဦးကြီးများလောက် ရင်သပ်ရှုမောစရာ မကောင်းပေ။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ သမန်းဝံပုလွေတိုင်းသည် ကြောက်လန့်တကြားနှင့် အံ့အားသင့်စွာဖြင့် ထိုအဆောက်အဦးကြီးများကို ကြည့်ကာ မလှုပ်မယှက် ဖြစ်သွားခဲ့ကြ၏။

ထိုစဉ် ရှောင်းယီသည် ကမ်းခြေဘက်မှ လျှောက်လာပြီး ပြောလိုက်သည်။

“ဒီအိမ်တွေက ခင်ဗျားတို့ နေထိုင်ဖို့ လုံလောက်မှာပါ။ အကယ်၍ မလုံလောက်ဘူးဆိုရင်လည်း နောက်မှ ထပ်တိုးတောင်းလို့ ရပါတယ်။”

“လုံလောက်ပါတယ်၊ တကယ်ကို လုံလောက်ပါတယ်။ ဒါဟာ တကယ့်ကို အံ့ဖွယ်တန်ခိုးစွမ်းအားပဲ။”

ဒန်နီက ချက်ချင်းပင် ပြောလိုက်၏။

“နောက်ထပ် မိနစ်အနည်းငယ်လောက် စောင့်ပေးပါဦး။ ကျွန်းပေါ်က လျှပ်စစ်ကျွမ်းကျင်သူတွေ မီးလိုင်းဆက်သွယ်ပေးပြီးရင် ဒီအခန်းထဲက ပစ္စည်းအားလုံးကို သုံးလို့ရပါပြီ။”

ရှောင်းယိက မိတ်ဆက်ပေးလိုက်သည်။

“အခု ခင်ဗျားတို့ အခန်းတွေကို စပြီး ခွဲဝေနိုင်ပါပြီ။”

All Chapters