← Chapters

အခန်း (၇၉၁-၇၉၂)

Vol. 63 Ch. 791-792

အခန်း (၇၉၁-၇၉၂)

Vol. 63 Ch. 791-792

အခန်း ၇၉၁- စာချုပ်ကတ်၊ ချီလင် နှင့် မြေလှန်ရှာဖွေခြင်း

ယီထျန်းဂရုကို ကြည့်လိုက်ရာ အသက်ရှင်ကျန်ရသူအားလုံးသည် ဒေသခံများ ပုန်ကန်သည့်အကြောင်းကိုသာ အာရုံစိုက် ဆွေးနွေးနေကြပြီး အခြားထူးခြားသည့် သတင်းအချက်အလက်များ လုံးဝမရှိပေ။

ရှောင်းယီသည် ယီထျန်းဂရု၏ အင်တာဖေ့စ်ကို ပိတ်လိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ဘဲ ကုတင်ပေါ်တွင်သာ ပြန်လှဲချရလိုက်၏။ သူသည် ယနေ့ ဗန်ပိုင်ယာများကို တိုက်ခိုက်ခဲ့ရပြီး ရူးသွပ်ဆေးကို အသုံးပြုခဲ့ရသဖြင့် အနည်းငယ် ပင်ပန်းနေပြီဖြစ်သည်။

တစ်ညလုံး ဘာမှမဖြစ်ဘဲ ကုန်ဆုံးသွားခဲ့ပြီးနောက် နောက်တစ်နေ့တွင် ရှောင်းယီ နိုးလာကာ လက်မှတ်ထိုးဝင်ရန် ရွေးချယ်လိုက်၏။

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ်- စာချုပ်ကတ် (SSS အဆင့်) ၁။”

ရှောင်းယီ မျက်ခုံးပင့်သွားမိ၏။

“ဒါက ဘာသဘောလဲ။ သမန်းဝံပုလွေခေါင်းဆောင် ဒန်နီနဲ့ စာချုပ်ချုပ်ခိုင်းနေတာလား။”

သို့သော် ဒန်နီ၏ လက်ရှိ သူ့အပေါ် ရိုသေလေးစားသော သဘောထားကို ကြည့်ရသည်မှာ စာချုပ်ကတ် လိုအပ်ပုံမရပေ။ သို့သော်လည်း လူတစ်ယောက်၏ စိတ်ထဲတွင် အမှန်တကယ် ဘာတွေးနေသည်ကို မည်သူမှ မသိနိုင်ချေ။

သို့သော် ရှောင်းယီသည် ၎င်းကို ဒန်နီအပေါ် အသုံးပြုရန် အဆင်သင့်မဖြစ်သေးပေ။ အကြောင်းမှာ ဒန်နီသည် SS အဆင့် သမန်းဝံပုလွေတစ်ကောင်သာ ဖြစ်သောကြောင့်ပင်။ သူသည် ထူးခြားသော မျိုးနွယ်စုဖြစ်သော်လည်း ဤအဆင့်သည် နည်းနေသေးသဖြင့် SSS အဆင့်စာချုပ်ကတ်ကို အသုံးပြုခြင်းမှာ ဖြုန်းတီးရာ ရောက်ပေလိမ့်မည်။

လောလောဆယ် အသုံးမပြုနိုင်သေးသောကြောင့် ရှောင်းယီသည် စာချုပ်ကတ်ကို စနစ်အာကာသထဲမှ ထုတ်မယူသေးပေ။

မျက်နှာသစ် သန့်စင်ပြီးနောက် ရှောင်းယီသည် မနက်စာစားရန် အောက်ထပ်သို့ ဆင်းလာရာ ကျန်းယွင်ထျန်းက ပထမထပ်တွင် သူ့ကို စောင့်နေသည်ကို တွေ့လိုက်ရလေသည်။

“မင်းကို မနက်စာစားပွဲမှာ မတွေ့တာ ကြာပြီပဲ။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“ဒီနေ့ မင်း အဲ့ဒီ ထူးဆန်းတဲ့ကျွန်းကို သွားတော့မယ် မဟုတ်လား။ အဲ့ဒါကြောင့် ငါ ဒီမှာ စောင့်နေတာ။”

ကျန်းယွန့်ထျန်းက လက်ဝါးဖြန့်ပြရင်း ပြောလိုက်သည်။ ရှောင်းယီသည် ကျန်းယွင်ထျန်းကို ကြည့်ကာ ပြုံးလိုက်၏။

“မင်းကတော့ နောက်ထပ် ဂဏာမငြိမ် ဖြစ်နေပြန်ပြီ ထင်တယ်။”

“ဘာတွေ ပြောနေတာလဲ။ လုံခြုံရေးတာဝန်ခံတစ်ယောက်အနေနဲ့ အဲ့ဒီ ထူးဆန်းတဲ့ကျွန်းရဲ့ လုံခြုံရေးအတွက်လည်း ငါ တာဝန်ယူရမယ်လေ။ အဲ့တော့ ကင်းစခန်းချဖို့ လို၊ မလို သွားကြည့်ရမှာပေါ့။”

ကျန်းယွန့်ထျန်းက တရားခံရသည့် လေသံဖြင့် ပြောလိုက်သည်။

“ကောင်းပြီ အရင်ဆုံး မနက်စာစားကြတာပေါ့။ စားပြီးရင် သွားကြမယ်။”

ရှောင်းယီက ပြုံးကာ ခေါင်းခါလိုက်မိသည်။

မနက်စာစားပြီးနောက် ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သည် တိုက်သစ်ကြီးအတွင်းရှိ ကျွန်းဆီသို့ တည်နေရာကူးပြောင်းလိုက်ကြ၏။

၎င်းတို့ ရောက်ရှိသွားသောအခါ ကင်းစောင့်စစ်သည်များအားလုံးသည် သတ္တဝါလေးတစ်ကောင်အကြောင်း ဆွေးနွေးနေကြသည်ကို တွေ့လိုက်ရလေသည်။

“ဒါက ဘာသတ္တဝါလဲ။ ငါ တစ်ခါမှ မမြင်ဖူးဘူး။”

“ဟုတ်တယ်။ သူ့ခေါင်းက ငါတို့ရဲ့ အစောင့်အရှောက်သားရဲချင်းလုံနဲ့ တော်တော်တူတယ်။”

“အမှန်ပဲ။ ချင်းလုံကို ငါတစ်ခါပဲ မြင်ဖူးပေမယ့် သူ့ပုံစံကို စွဲစွဲမြဲမြဲ မှတ်မိနေတုန်းပဲ။”

“အမြီးကတော့ နွားမြီးနဲ့ တူတယ်။ ခွာတွေကတော့ မြင်းခွာတွေပဲ။”

“ကိုယ်ထည်က သမင်နဲ့ တူသလိုပဲ။”

“ဘာမှန်းမသိပေမယ့် အရမ်းချစ်ဖို့ကောင်းတယ်။”

“တကယ်ကို ချစ်ဖို့ကောင်းတယ်။ အိမ်မွေးတိရစ္ဆာန်အဖြစ် ဖမ်းထားရင် အကောင်းဆုံးပဲ။ ကျွန်းပိုင်ရှင် ချင်းလုံကို စာချုပ်ချုင်ထားသလိုမျိုးလေ။”

“စိတ်ကူးကောင်းပဲ။”

ထို့နောက် ကင်းစောင့်စစ်သည် အချို့သည် ဆွေးနွေးလိုက်ကြပြီးနောက် ၎င်းကို ဖမ်းဆီးရန် ချက်ချင်းပင် ရှေ့တိုးသွားကြ၏။

သို့သော် ထိုသတ္တဝါလေးသည် စစ်သည်၏ လက်ဖဝါးအတွင်းမှ အလွယ်တကူ ရှောင်တိမ်းသွားလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ပေ။

“ဟေး ဒီကောင်လေးက တော်တော်လေး မြန်တယ်ဟ။”

“ဟားဟား ရှောင်လီ မင်း တစ်ညလုံး မအိပ်ဘဲ ဘာတွေလုပ်နေတာလဲ။ အားပြတ်နေတာလား။”

“သေချာတယ် သူ လက်နဲ့ချည်း အာသာဖြေနေလို့ ဖြစ်မှာပေါ့။”

“လစ်စမ်းပါ...။ မင်းတို့ကိုယ်တိုင် စမ်းကြည့်ကြပါလား။ ဒီကောင်က အရမ်းဖျတ်လတ်တယ်ကွ။”

ရှောင်းလီက မကျေမနပ်ဖြစ်ကာ သူ၏လည်ပင်းကို ဆန့်ထုတ်ပြီး အော်ဟစ်လိုက်၏။

သို့သော် ရှောင်းယီသည် ထိုသတ္တဝါလေးကို မြင်လိုက်ရသောအခါ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားခဲ့သည်။

ချီလင် ( SSS အဆင့်): ငယ်ရွယ်သောအဆင့်။ နဂါးခေါင်း၊ သမင်ကိုယ်ထည်၊ နွားမြီး၊ မြင်းခွာများရှိသည်။ ငြိမ်းချမ်းရေးနှင့် သက်ရှည်ကျန်းမာခြင်းကို ကိုယ်စားပြုသော ကရုဏာရှင်သားရဲဖြစ်သည်။ ချီလင်သည် မဟာမိတ်အဖွဲ့သို့ ငြိမ်းချမ်းမှုကို ယူဆောင်လာပေးနိုင်သည်။ အုပ်ချုပ်ရေးမူဝါဒသည် ပြင်းထန်သော ဖိနှိပ်မှုမရှိသရွေ့ ဒေသခံများသည် အခြေခံအားဖြင့် ပုန်ကန်ကြလိမ့်မည်မဟုတ်ပေ။ ချီလင်၏ ပိုင်ရှင်သည် အသက်ရှည်လိမ့်မည်။”

“ဒါက ဒဏ္ဍာရီထဲက ချီလင်လား။”

ကင်းစောင့်စစ်သည်များက မမှတ်မိသော်လည်း ကျန်းယွင်ထျန်းကတော့ သေချာပေါက် မှတ်မိသည်။

ရှောင်းယီက ခေါင်းညိတ်ပြလိုက်ပြီး ယနေ့ရရှိသော ဆုလာဘ်၏ အသုံးဝင်ပုံကို နောက်ဆုံးတွင် နားလည်သွားခဲ့လေသည်။ ထို့နောက် ရှေ့သို့ လျှောက်သွားကာ ပြောလိုက်သည်။

“မင်းတို့ သူ့ကို ဖမ်းနိုင်မှာ မဟုတ်ဘူး။ သူက SSS အဆင့် သားရဲပဲ။”

ကင်းစောင့်စစ်သည်များသည် သူတို့နောက်ကွယ်မှ အသံကို ကြားလိုက်ရသောအခါ တစ်ယောက်ပြီးတစ်ယောက် လှည့်ကြည့်လိုက်ကြပြီး ရှောင်းယီနှင့် ကျန်းယွင်ထျန်းကို မြင်သောအခါ မတ်တတ်ရပ်လျက် အလေးပြုလိုက်ကြ၏။

“ကျွန်းပိုင်ရှင်၊ နည်းပြ။”

ရှောင်းယီသည် စစ်သည်များကို လက်ဝှေ့ယမ်းပြလိုက်ပြီး ရှေ့သို့ ဆက်လျှောက်သွားလိုက်သည်။ ချီလင်လေးသည် လူကို လုံးဝမကြောက်ဘဲ ရှောင်းယီကို မြင်သောအခါ တိုက်ရိုက်ပင် လျှောက်လာခဲ့၏။

ချီလင်လေး လျှောက်လာသည်ကို မြင်သောအခါ ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ လှည့်ကာလျှောက်သွားပြီး စနစ်ဟင်းလင်းပြင်ထဲမှ SSS အဆင့် စာချုပ်ကတ်ကို ချက်ချင်း ထုတ်ယူလိုက်လေသည်။

“ဒီချီလင်အပေါ်မှာ စာချုပ်ကတ် (SSS အဆင့်) ကို အသုံးပြုမယ်။”

ရှောင်းယီက ချက်ချင်း ပြောလိုက်သည်။

ထိုအခိုက်တွင် ရွှေရောင်ကြိုးတစ်ချောင်း ထွက်ပေါ်လာပြီး ချီလင်လေးဆီသို့ ပျံသန်းသွား၏။ ချီလင်လေးသည် အလွန်အံ့အားသင့်သွားပြီး အလျင်အမြန် နောက်ဆုတ်လိုက်သော်လည်း ကြိုး၏ ပတ်နှောင်ခြင်းကို မရှောင်လွှဲနိုင်ခဲ့ပေ။

စာချုပ် တည်မြဲသွားပြီ။

ချီလင်သည် ရှောင်ယီအပေါ်၌ အတိုင်းအဆမရှိသော ရင်းနှီးမှုကို ရုတ်တရက် ခံစားလိုက်ရပြီး ရှောင်းယီ၏ ရင်ခွင်ထဲသို့ ခုန်တက်လာတော့လေသည်။

ရှောင်းယီသည် ချီလင်ကို ပွေ့ချီလိုက်ပြီး ပြောလိုက်၏။

“အခုကစပြီး မင်းကို ရှောင်လင်းလို့ ခေါ်မယ်။”

ချီလင်သည် ရှောင်ယီ၏ ရင်ခွင်ထဲတွင် တိုးဝှေ့လိုက်ပြီးနောက် အမှန်တကယ်ပင် အိပ်ပျော်သွားတော့သည်။

ရှောင်းယီ အနည်းငယ် အံ့အားသင့်သွား၏။

“ငါ သူ့ကို အရင် ပြန်ပို့လိုက်ဦးမယ်။”

“အင်း”

ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်သည်။

ရှောင်းယီသည် မြို့ပြန်ကျောက်ကို အသုံးပြုကာ ရှောင်လင်ကို ပွေ့ချီလျက် အိပ်ခန်းထဲသို့ ပြန်ပို့လိုက်ပြီးနောက် တိုက်သစ်ကြီးရှိ ကျွန်းဆီသို့ တစ်ဖန် ပြန်လာခဲ့၏။

ထူးဆန်းသောကျွန်းသို့ ပြန်ရောက်သောအခါ ကျန်းယွင်ထျန်းက ရှေ့သို့တိုးကာ မေးလိုက်သည်။

“ကျွန်းပိုင်ရှင် နောက်ထပ် ဘာလုပ်ကြမလဲ။”

“လူတိုင်း အရင်ဆုံး ဒီအဆောက်အဦးတွေရဲ့ တည်နေရာတွေမှာ လူသေအကြွင်းအကျန်တွေ ရှိ၊ မရှိ ရှာကြည့်ကြရအောင်။”

ရှောင်းယီက အနည်းငယ်စဉ်းစားပြီး ပြောလိုက်၏။

သူတို့၏ ယခင်ဆွေးနွေးချက်များမှာ ခန့်မှန်းချက်များသာဖြစ်ပြီး ရှောင်းယီသည် ထိုခန့်မှန်းချက်များကို အတည်ပြုရန်အတွက် ခိုင်လုံသော သက်သေအချို့ ရှာဖွေရန် လိုအပ်သည်။

“ဟုတ်ကဲ့။”

လူတိုင်းက တုံ့ပြန်လိုက်ကြသည်။

ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ ပေါက်တူး အမြောက်အမြားကို လဲလှယ်ယူကာ လူတိုင်းကို ဝေငှပေးလိုက်ပြီး နေရာအနှံ့ တူးဆွခိုင်းလိုက်၏။

ဤအရာသည် မူလကတည်းက ကံတရားပေါ်တွင်သာ မူတည်သဖြင့် အထူးတလည် ပုံစံတကျ တူးဖော်ရန် မသတ်မှတ်ထားပေ။

လူတိုင်း မနက်ခင်းတစ်ခုလုံး တူးဆွခဲ့ကြသော်လည်း အရိုးစုတစ်ခုမျှ မတွေ့ခဲ့ရချေ။

“ကျွန်းပိုင်ရှင် ဒီကျွန်းက ဘယ်လောက်ကြာပြီလဲ မသိဘူး။ အရိုးတွေ ရှိခဲ့ရင်တောင် မြေကြီးအဖြစ် ပြောင်းသွားလောက်ပြီ။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။ ရှောင်းယီက ခေါင်းငြိမ့်ပြပြီး ပြန်ပြောလိုက်၏။

“ဒါပေမဲ့ စိတ်ထဲမှာတော့ နည်းနည်းလောက် မျှော်လင့်ချက် ရှိနေသေးတယ် မဟုတ်လား။”

“ဒါဆို ဆက်တူးကြမလား။”

ကျန်းယွင်ထျန်းက မေးလိုက်သည်။

“နေရာပြောင်းပြီး ထပ်စမ်းကြည့်ကြရအောင်။”

ရှောင်းယီသည် အလျှော့မပေးလိုသေးပေ။

“ကောင်းပြီ”

လူတိုင်း မနက်စာကို အလွယ်တကူ စားသောက်ပြီးနောက် တစ်ဖန် ပြန့်ကျဲသွားကာ ထပ်မံ တူးဆွကြပြန်သည်။

နေ့လယ် ၂ နာရီကျော်တွင် စစ်သည်တစ်ဦးက ရုတ်တရက် အော်ဟစ်လာ၏။

“ကျွန်းပိုင်ရှင် ဒီမှာ လူသေအကြွင်းအကျန်တွေ တွေ့ပြီ။”

စစ်သည်၏ အော်သံကို ကြားသောအခါ ရှောင်းယီနှင့် ကျန်းယွန့်ထျန်းတို့ ချက်ချင်းပင် ပြေးသွားလိုက်ကြသည်။

သေချာပေါက်ပင်။ ထိုစစ်သည် တူးနေသော နေရာ၌ ဦးခေါင်းခွံတစ်ခုကို တွေ့လိုက်ရလေသည်။

“လာ အတူတူ ဝိုင်းကူကြ ဆက်တူးစမ်း။”

ရှောင်းယီက လက်ယပ်ခေါ်လိုက်၏။

သူနှင့် ကျန်းယွင်ထျန်းသည်လည်း ထိုစစ်သည်၏ ဘေးတွင် ချက်ချင်းပင် စတင် တူးဆွလိုက်ကြသည်။

တူးဆွမှု တိုးတက်လာသည်နှင့်အမျှ အရိုးများ ပို၍ပို၍ ထွက်ပေါ်လာ၏။ အခြားနေရာများတွင် ဘာမှမတွေ့ရသော စစ်သည်များသည်လည်း ဝိုင်းကူရန် အပြေးအလွှား ရောက်လာခဲ့ကြသည်။

အနီးနားရှိ မြေကွက်တစ်ခုလုံးကို တူးဆွပြီးနောက်တွင်မူ အရိုးစု အမြောက်အမြားကို တွေ့လိုက်ရသဖြင့် လူတိုင်း၏ ဦးရေပြားများပင် ထုံကျဉ်သွားခဲ့ရလေသည်။

“ဒါက ဘယ်လို အခြေအနေကြီးလဲ။”

ကျန်းယွင်ထျန်းက အံ့အားသင့်စွာ ပြောလိုက်၏။

“ဒါက အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ ကျင်းကြီးများလား။”

ကျန်းယွင်ထျန်းသည် ယခင်ကမ္ဘာရှိ ရှေးဟောင်းသုတေသန အစီအစဉ်အချို့တွင်သာ ဤကဲ့သို့သော မြင်ကွင်းမျိုးကို မြင်ဖူးခဲ့ခြင်း ဖြစ်သည်။

အခန်း ၇၉၂ - အရိုးများစုဆောင်းခြင်းနှင့် သမန်းဝံပုလွေမျိုးနွယ်စုထံ တစ်ခေါက်ပြန်လည် လည်ပတ်ခြင်း

ရှောင်းယီသည် သူ့ရှေ့ရှိ ဖြူဖွေးနေသော အရိုးပုံကြီးကို ကြည့်ကာ ခေါင်းခါယမ်းပြီး ပြောလိုက်သည်။

“ငါလည်း မသိဘူး။ အားလုံးပဲ... လှုပ်ရှားကြ။ ဒီအရိုးတွေကို အကုန်စုဆောင်းလိုက်။”

ကျန်းယွင်ထျန်းနှင့် အခြားသူများ ဆွံ့အသွားကြ၏။

ကျွန်းပိုင်ရှင်က ဘယ်တုန်းကစပြီး လူသေအကြွင်းအကျန်တွေ စုဆောင်းရတာကို ဝါသနာပါသွားတာလဲ။

သူတို့၏ အမူအရာကို ကြည့်ရုံနှင့် ရှောင်းယီ သူတို့ဘာတွေးနေသည်ကို သိလိုက်လေသည်။ သူက မျက်လုံးလှန်ကြည့်ကာ ပြောလိုက်၏။

“ငါ့ကို အဲ့ဒီလိုမျိုး မကြည့်ကြနဲ့။ ငါက စိတ်မနှံ့တဲ့လူ မဟုတ်ဘူး။”

“ဒါဆို ဒီအရိုးတွေကို ဘာလုပ်မလို့လဲ။”

ကျန်းယွင်ထျန်းက မနေနိုင်ဘဲ မေး‌လိုက်မိသည်။ ထိုအခါ ရှောင်းယီက လေးနက်သော လေသံဖြင့် ပြန်ပြောလိုက်သည်။

“သူတို့ ဘယ်လိုသေဆုံးခဲ့သလဲဆိုတာကို ငါ သိချင်လို့ပဲ။”

ကျန်းယွင်ထျန်းက ခေါင်းငြိမ့်လိုက်သော်လည်း မျက်မှောင်ကျုံ့ကာ ပြောလိုက်၏။

“ဒါပေမဲ့ ငါတို့ဆီမှာ ကျွမ်းကျင်တဲ့ မှုခင်းဆရာဝန် မရှိဘူးလေ။ ဒီအရိုးတွေကို ကြည့်ရုံနဲ့တင် သေဆုံးရတဲ့ အကြောင်းရင်းကို သိဖို့က တော်တော်ခက်ခဲလိမ့်မယ်။”

“ငါ နားလည်ပါတယ်။ ဒါပေမဲ့ မဟာမိတ်အဖွဲ့ထဲက ဆေးရုံကို စမ်းကြည့်ခိုင်းချင်သေးတယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ပြီးတော့ ဒီအရိုးတွေက ဒေသခံတွေရဲ့ အရိုးတွေလားဆိုတာကိုလည်း ငါ သိချင်တယ်။”

“ဒေသခံတွေ မဟုတ်ဘူးလား။”

ကျန်းယွင်ထျန်း မျက်မှောင်ကျုံ့သွားခဲ့သည်။

“မင်း ဆိုလိုတာက အရင်အသုတ်က အသက်ရှင်ကျန်ရသူတွေလား။”

ရှောင်းယီက ဘာမှမပြောဘဲ ခေါင်းသာညိတ်ပြလိုက်၏။

ထို့နောက် လူတိုင်းက အရိုးစုများကို စတင်စုဆောင်းကြတော့သည်။ စုဆောင်းပြီးနောက် ထိုအရိုးများကို မဟာမိတ်ဆေးရုံသို့ ပေးပို့လိုက်လေသည်။

“ဒီအကြွင်းအကျန်တွေရဲ့ အထောက်အထားနဲ့ သေဆုံးရတဲ့ အကြောင်းရင်းကို သိချင်တယ်။ ဒါတွေကို ဖော်ထုတ်လို့ ရနိုင်မလား။”

ရှောင်းယီက ဆေးရုံရှိ ဆေးဘက်ဆိုင်ရာ ရိုဘော့တစ်ရုပ်ကို မေးလိုက်၏။

“ကျုပ်တို့ စမ်းကြည့်ပေးပါ့မယ်။ ဖြစ်နိုင်ခြေ ရှိပါတယ် “

စက်ရုပ်က ပြန်ဖြေလာခဲ့သည်။

“ကောင်းပြီ။ ဒါဆို ဒါကို မင်းတို့လက်ထဲ အပ်ခဲ့မယ်။ ရလဒ်က ဘယ်လောက်ကြာရင် ထွက်နိုင်မလဲ။”

ရှောင်းယီက ဆက်မေးလိုက်သည်။

“အဖြေထုတ်လို့ရမယ်ဆိုရင်တော့ နှစ်နာရီဆို လုံလောက်ပါတယ်။”

စက်ရုပ်က တုံ့ပြန်လိုက်၏။

“ကောင်းပြီ။ နောက်နှစ်နာရီကြာရင် ငါ ရလဒ်လာကြည့်မယ်။”

ထို့နောက် ရှောင်းယီသည် နောက်ပြန်လှည့်ကာ ဆေးရုံမှ ထွက်လာခဲ့လိုက်သည်။

ရှောင်းယီ အသစ်တွေ့ရှိခဲ့သော ကျွန်းနှင့် ပတ်သက်၍ သူသည် ၎င်းကို မိမိကျွန်းနှင့် ချက်ချင်း ပေါင်းစပ်ခြင်း မပြုသေးပေ။ အကြောင်းမှာ ၎င်း၏ ဧရိယာမှာ အလွန်ကျယ်ဝန်းပြီး စတုရန်းမီတာ သန်း တစ်ရာကျော် ရှိနေသောကြောင့်ပင်။

ထို့ကြောင့် သူ၏ ကိုယ်ပိုင်ကျွန်း ထပ်မံချဲ့ထွင်နိုင်သည့် အချိန်အထိ စောင့်ဆိုင်းရန် လိုအပ်သည်။ ထို့အပြင် ထိုကျွန်းသည် အသက်ရှင်ကျန်ရသူများ၏ စောင့်ရှောက်မှု မရရှိသည်မှာ ကြာပြီဖြစ်သောကြောင့် ကျွန်းပေါ်ရှိ တောအုပ်ထဲမှ သတ္တဝါများသည်လည်း အဆင့် အလွန်မြင့်မားနေကြ၏။

အနာဂတ်၌ ပေါင်းစပ်နိုင်ခဲ့လျှင်ပင် ရှောင်းယီအနေဖြင့် ကျွန်းသူကျွန်းသားများ၏ ဘေးကင်းလုံခြုံရေးအတွက် တောထဲမှ သားရဲများ၏ အဆင့်နှင့် ၎င်းတို့အား မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။

ဆေးရုံမှ ထွက်လာပြီးနောက် ရှောင်းယီသည် သမန်းဝံပုလွေမျိုးနွယ်စုများ အခြေချရာနေရာသို့ တိုက်ရိုက် လျှောက်လာခဲ့လိုက်သည်။ ၎င်းတို့ကို ခေါ်ဆောင်လာကတည်းက သူတို့၏ နေထိုင်မှုဘဝကို သေချာဂရုမစိုက်နိုင်ခဲ့သေးပေ။

“ကျွန်းပိုင်ရှင် ဘာကိစ္စရှိလို့ ကြွလာတာလဲ။”

ဘင်နီက ရှောင်းယီကို ချက်ချင်း တွေ့သွားပြီး အပြေးအလွှား လာမေးလေ၏။ ရှောင်းယီက ပြုံးပြ နှုတ်ဆက်ပြီး ပြန်ဖြေလိုက်သည်။

“မင်းတို့ ဒီမှာ နေသားကျရဲ့လားလို့ လာကြည့်တာပါ။”

“နေသားကျပါတယ်။ တကယ့်ကို နေသားကျပါတယ်။ ကျုပ်တို့ တစ်ခါမှ ဒီလိုမျိုး ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်မှုကို မခံစားခဲ့ဖူးဘူး။”

ဘင်နီက စိတ်လှုပ်ရှားစွာ ပြန်ဖြေလာခဲ့သည်။

အတိတ်ကာလက သမန်းဝံပုလွေမျိုးနွယ်စုမှ လူငယ်လူရွယ်များသည် တိုက်ပွဲဝင်နေရခြင်းမဟုတ်လျှင် တိုက်ပွဲဆီသို့ ဦးတည်သွားနေခြင်းဖြင့်သာ အချိန်ကုန်ခဲ့ကြရ၏။ သမန်းဝံပုလွေမျိုးနွယ်စုသည် စစ်မက်လိုလားသည်မှာ မှန်သော်လည်း သူတို့သည် ငြိမ်းချမ်းမှုကိုလည်း တောင့်တကြပေသည်။

ဤနေရာသို့ ရောက်ရှိလာပြီးနောက် သမန်းဝံပုလွေမျိုးနွယ်စုသည် အတိုင်းအတာတစ်ခုအထိ ခံစစ်အနေအထားတွင် ရှိနေကြဆဲပင်။ ရှောင်းယီက သူတို့မျိုးနွယ်စုတစ်ခုလုံး၏ အသက်ကို ကယ်တင်ခဲ့သော်လည်း သူတို့သည် လူသားများကို အမှန်တကယ် မယုံကြည်ကြသေးပေ။

ထို့ကြောင့် မနေ့က ဒေသခံများက သမန်းဝံပုလွေများ မဟာမိတ်ကျွန်းပေါ်သို့ ပြောင်းရွှေ့လာခြင်းကို ကန့်ကွက်ဆန္ဒပြကြစဉ်က ဝံပုလွေမျိုးနွယ်စုသည် လက်နက်များကို အသင့်ပြင်ထားခဲ့ကြ၏။

အကယ်၍ ထိုဒေသခံများသာ အတင်းဝင်ရောက်လာပါက သူတို့သည်လည်း အစွမ်းကုန် ပြန်လည်တိုက်ခိုက်ကြမည်မှာ သေချာပေသည်။

ကံကောင်းထောက်မစွာဖြင့် ရှောင်းယီသည် အချိန်မီရောက်ရှိလာခဲ့ပြီး ဒေသခံများ၏ ဆန္ဒပြမှုကို ပြတ်ပြတ်သားသား ဖြေရှင်းပေးခဲ့သည်။ ထို့ပြင် ရှောင်းယီ၏ မနေ့က ပြောစကားများသည် သူတို့၏ နှလုံးသားကို အမှန်တကယ် ထိရှစေခဲ့ပေသည်။

သမန်းဝံပုလွေမျိုးနွယ်စု တစ်ခုလုံးကို ကယ်တင်ခဲ့ခြင်းနှင့် ဒေသခံများ၏ ဆန္ဒပြမှုကို ဖြေရှင်းပေးခဲ့ခြင်းဟူသော ဖြစ်ရပ်နှစ်ခုကြောင့် သမန်းဝံပုလွေများသည် ရှောင်းယီကို သူတို့၏ နှလုံးသားထဲမှနေ၍ တဖြည်းဖြည်း လက်ခံလာခဲ့ကြ၏။ ရှောင်းယီကို အလွန်အမင်း ယုံကြည်ပြီးသားဖြစ်သော ဘင်နီမှာမူ ယခုအခါ ရှောင်းယီကို နတ်ဘုရားတစ်ပါးလိုပင် ကိုးကွယ်ယုံကြည်နေပြီဖြစ်သည်။

ရှေ့မှ လူသားသည် သူတို့မျိုးနွယ်စုတစ်ခုလုံးကို ကယ်တင်ခဲ့ရုံသာမက သူတို့ကို လူသားလူ့အဖွဲ့အစည်းအတွင်းသို့ ပေါင်းစည်းရန် ကြိုးပမ်းပေးနေသည်ကို သူ သိ၏။ ဤသည်မှာ သမန်းဝံပုလွေမျိုးနွယ်စုအနေဖြင့် တစ်ခါမှ မတွေးဝံ့ခဲ့ဖူးသော အရာဖြစ်သည်။

ရှေးအစဉ်အလာအရ သမန်းဝံပုလွေများနှင့် လူသားများသည် ရန်ဘက်များ ဖြစ်ခဲ့ကြသော်လည်း ရှောင်းယီက ထိုရန်ငြိုးကို ဖျက်ဆီးရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး လက်ရှိတွင်လည်း အောင်မြင်ရန် အလားအလာမှာ အလွန်ကောင်းနေခဲ့သည်။ သမန်းဝံပုလွေမျိုးနွယ်စုသည် ကြမ်းတမ်းပြီး စစ်မက်လိုလားသော်လည်း အခြားသော အသိဉာဏ်ရှိ မျိုးနွယ်စုများနှင့် ထာဝစဉ် တိုက်ခိုက်မနေလိုကြပေ။

ထို့ကြောင့် သူတို့သည် လူသားလူ့အဖွဲ့အစည်းအတွင်း ပေါင်းစည်းရန် ရရှိလာသော ဤအခွင့်အရေးကို တန်ဖိုးထားကြပြီး လူသားမျိုးနွယ်သည် မိတ်ဆွေဖွဲ့ရန် ထိုက်တန်သော အသိဉာဏ်ရှိသည့် မျိုးနွယ်စုတစ်ခု ဖြစ်သည်ဟု သူတို့ခံစားနေကြရ၏။

ရှောင်းယီက စိတ်လှုပ်ရှားနေသော ဘင်နီကို ကြည့်ကာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

“ငါ မင်းကို မေးနေတာ မဟုတ်ဘူး။ တခြားသူတွေအကြောင်းကို ပြောတာ။”

“တခြားသူတွေလည်း သေချာပေါက် ပြဿနာမရှိပါဘူး။”

ဘင်နီက သူ၏ရင်ဘတ်ကို ပုတ်ကာ ချက်ချင်း ပြန်ဖြေလိုက်၏။

“ဘင်နီ မင်း နားလည်ထားရမှာက မင်းရဲ့ လူမျိုးတွေကို ကောင်းကောင်း ဦးဆောင်နိုင်ဖို့ဆိုရင် အရာရာကို မင်းထင်သလို မဆုံးဖြတ်ဘဲ သူတို့ရဲ့ အသံတွေကို နားထောင်ရမယ်။ နားလည်လား။”

ရှောင်းယီက ဘင်နီကို အနည်းငယ် ဆုံးမစကား ပြောလိုက်သည်။

ထိုစဉ် သမန်းဝံပုလွေမျိုးနွယ်စု ခေါင်းဆောင် ဒန်နီသည် အဝေးမှ လျှောက်လာခဲ့ပြီး စကားဝိုင်းထဲ ပါဝင်လာခဲ့သည်။

“ကျွန်းပိုင်ရှင်ရဲ့ စကားကို သေချာမှတ်ထား။ နောင်တစ်ချိန်မှာ သမန်းဝံပုလွေမျိုးနွယ်စုက မင်းရဲ့ ဦးဆောင်မှုအပေါ်မှာ မူတည်နေလိမ့်မယ်။”

“ဟုတ်ကဲ့ ကျွန်းပိုင်ရှင်ရဲ့ စကားကို ကျုပ် သေချာမှတ်ထားပါ့မယ်။ ဒါပေမဲ့ သမန်းဝံပုလွေမျိုးနွယ်စုကို ဦးဆောင်ဖို့ဆိုတာက ကျုပ်အတွက်တော့ လိုပါသေးတယ်။”

ဘင်နီက ပြုံးလျက် ပြန်ဖြေလိုက်သည်။

“ကျွန်းပိုင်ရှင် ဒီတစ်ခါလာတာ ဘာကိစ္စရှိလို့လဲ။”

ဒန်နီက သူ၏ခေါင်းယမ်းရင်း ရှောင်းယီကို မေးလိုက်သည်။

“ဘာမှ ထူးထူးခြားခြား မရှိပါဘူး။ ခင်ဗျားတို့ ဒီက လူနေမှုပုံစံနဲ့ အဆင်ပြေရဲ့လားဆိုတာ လာကြည့်တာပါ။”

“ကျုပ် လူတိုင်းရဲ့ အိမ်တွေကို သွားကြည့်ပြီးပါပြီ။ အရင်က မမြင်ဖူးလို့ အသုံးမပြုတတ်သေးတဲ့ လူနေမှု အသုံးအဆောင်တွေကလွဲရင် ကျန်တာအားလုံးကို သူတို့ အရမ်းကျေနပ်နေကြပါတယ်။”

ဒန်နီက ပြန်ဖြေ၏။

“အဲ့ဒီ အသုံးအဆောင်တွေအတွက်ဆိုရင် တီဗီထဲက ရှင်းပြထာစတဲ့ အစီအစဉ်တွေကို ပိုကြည့်ခိုင်းလိုက်ပါ။”

ရှောင်းယီက အကြံပေးလိုက်သည်။

“ဟုတ်ကဲ့ လူတိုင်းက စိတ်ဝင်တစားနဲ့ ကြည့်နေကြပါတယ်

“ကျြပ် အရင်က တစ်ခါမှ မမေးဖူးဘူး။ အရင်တုန်းက ခင်ဗျားတို့ရဲ့ နေ့စဉ်ဘဝတွေက ဘယ်လိုမျိုးလဲ။”

ရှောင်းယီက မေးလိုက်သည်။

“အရင်တုန်းကတော့ ကျုပ်တို့ရဲ့ လူငယ်တွေက လူသားမြို့တွေကို တိုက်ခိုက်နေတာ ဒါမှမဟုတ် တိုက်ခိုက်ဖို့ သွားနေတာနဲ့ပဲ အချိန်ကုန်နေခဲ့တာပါ။ တခြားသူတွေကတော့ တောထဲမှာ သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးကြပေမဲ့ သူတို့ရဲ့ စိုက်ပျိုးရေးပညာကတော့ တော်တော်လေး ညံ့ဖျင်းပါတယ်။ သမန်းဝံပုလွေမျိုးနွယ်စုရဲ့ အစားအသောက် အများစုက လုယက်တိုက်ခိုက်ရာကနေပဲ ရတာပါ။”

ဒန်နီက အနည်းငယ် ရှက်ရွံ့စွာ ပြန်ဖြေလိုက်သည်။

ရှောင်းယီက နားလည်ကြောင်း ခေါင်းငြိမ့်ပြပြီး ဆက်မေးလိုက်၏။

“ဒါဆို အခု အဲ့ဒီ လူငယ် သမန်းဝံပုလွေတွေက ဘာလုပ်ဖို့ စိတ်ကူးထားလဲ။”

အတိတ်တွင် သမန်းဝံပုလွေလူငယ်များအတွက် တိုက်ပွဲများက အများကြီးစောင့်ကြိုနေခဲ့သော်လည်း ယခု ရှောင်းယီ၏ ကျွန်းပေါ်တွင်မူ ထိုကဲ့သို့ တိုက်ပွဲများ မရှိတော့ပေ။

“တကယ်တော့ ကျုပ်လည်း ဒီပြဿနာကိုပဲ တွေးနေတာပါ။ တိုက်ခိုက်တာက သူတို့ အကျွမ်းကျင်ဆုံး အရာပဲ။ အခု စစ်ပွဲတွေမရှိတော့ဘူးဆိုတော့ သူတို့ကို ဘယ်လို စီစဉ်ပေးရမလဲဆိုတာက...။”

ဒန်နီ မျက်မှောင်ကျုံ့သွားခဲ့၏။

ရှောင်းယီက အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ခင်ဗျားတို့ သမန်းဝံပုလွေမျိုးနွယ်စုရဲ့ ခွန်အားက ကျုပ်တို့ လူသားတွေထက် အများကြီး ပိုသာတာကို ကျုပ်တွေ့တယ်။ အဲ့ဒါကြောင့် ခင်ဗျားတို့က လူသားတွေရဲ့ နယ်မြေမှာ သွားပြီး ပင်ပန်းကြီးစွာ လုပ်ရတဲ့ အလုပ်တွေကို ကူလုပ်ပေးလို့ ရတယ်။ တစ်ချိန်တည်းမှာပဲ ခင်ဗျားတို့ ကိုယ်ပိုင် သမန်းဝံပုလွေမျိုးနွယ် ကာကွယ်ရေးတပ်ကိုလည်း ဖွဲ့စည်းထားသင့်တယ်။ ကျုပ် အစ်ကိုကျန်းကို လာကူခိုင်းလိုက်မယ်။ သူ့မှာ ခေတ်မီတဲ့ လေ့ကျင့်ရေး အစီအစဉ်တွေ ရှိတယ်။ အဲ့ဒါက သမန်းဝံပုလွေတွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကိုတောင် ပိုတိုးတက်စေနိုင်တယ်။”

ဒန်နီက အနည်းငယ် မျက်မှောင်ကျုံ့လိုက်သည်။

“မနေ့က ကျွန်းပိုင်ရှင်က သမန်းဝံပုလွေနဲ့ လူသားကြားက နားလည်မှုလွဲတာတွေကို ရှင်းပေးခဲ့ပေမဲ့ အခု လူသားလူ့အဖွဲ့အစည်းထဲကို ဝင်ရောက်တဲ့အခါ ကျုပ်တို့အနေနဲ့ အမျိုးမျိုးသော အကြည့်တွေကို ရင်ဆိုင်ရဦးမှာ သေချာတယ်။ သမန်းဝံပုလွေတွေရဲ့ ဒေါသကို ကျုပ် ကောင်းကောင်းသိတယ်။ အဲ့ဒါက ပဋိပက္ခတွေ ဖြစ်လာစေနိုင်တယ်။”

All Chapters