← Chapters

ငါ့ကို ခွင့်လွှတ်ပါ

Vol. 22 Ch. 299

ငါ့ကို ခွင့်လွှတ်ပါ

Vol. 22 Ch. 299

အောင်းချန်းထိုက်သည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး လျှောက်လှမ်းလာနေသည့် ခရမ်းရောင်ဝတ်ရုံနှင့်လူကြီးထံ လေးလေးစားစား ဦးညွှတ်လိုက်သည်။

"ကလန် အကြီးအကဲကို နှုတ်ဆက်ပါတယ်"

အောင်းချန်းထိုက်ဘေးတွင် ရပ်နေသောအဖော်နှစ်ဦးသည်လည်း ခရမ်းရောင်ဝတ်ရုံနှင့်လူကြီးထံ ရိုသေလေးစားစွာဖြင့် ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။

ရုပ်သေးသားရဲထံ ရောက်လာသောအခါ ခရမ်းရောင်ဝတ်ရုံနှင့်လူကြီး၏ မျက်နှာတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူသည် ကျီချဲနှင့် ပိုင်စုတို့ကိုမကြည့်ပဲ ထိုအစား သူ့အကြည့်က စုမင်ထံတွင်သာ ရှိနေခဲ့ပြီး စုမင်အား အပြုံးတစ်ခုဖြင့် ခေါင်းညိတ်ပြလာချေသည်။

"မင်းက စီနီယာထျန်းရှဲ့ကျီရဲ့ တပည့်အသစ်လေးပေါ့"

စုမင် ခရမ်းရောင်ဝတ်ရုံနှင့်လူကြီးထံ တည်ငြိမ်စွာလှမ်းကြည့်လိုက်သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ထိုလူကြီးသည် ရုပ်နယ်လွန်နယ်ပယ်တွင်မဟုတ်ပဲ ရိုးရေစတေးနယ်ပယ်မှ အစွမ်းထက်မာန်စွမ်းအားရှင် တစ်ယောက်ဖြစ်ကြောင်း စုမင်သိလိုက်ရသည်။

အကယ်၍ အခြားတစ်ထက်မှ သူ့အားယဉ်ယဉ်ကျေးကျေး ဆက်ဆံခဲ့လျှင် သူသည်လည်း ယဉ်ကျေးသိမ်မွေ့စွာ ပြန်လည်ဆက်ဆံမည်... စုမင်သည် ဤနည်းလမ်းအတိုင်း အမြဲတစေပြုမူနေထိုင်ခဲ့ခြင်း ဖြစ်သည်။ သူသည် ထိုအချိန်တွင် လှုပ်ရှားခြင်းမပြုနိုင်သော်လည်း အတွေးတစ်ချက်ဖြင့်ပင် သူ့အောက်ရှိရုပ်သေးသားရဲသည် အလွန်လျင်မြန်စွာ ကျုံ့ဝင်သွားပြီး စုမင်၏ ခါးအောက်ပိုင်းဧရိယာအား ဝန်းရံထားသည့် အနက်ရောင်မြူခိုးလုံးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုအနက်ရောင်မြူခိုးများသည် လျင်မြန်စွာ စုဝေးပေါင်းစည်းသွားပြီး အသက်ရှူကြိမ်အနည်းငယ်အတွင်းမှာပင် ရုပ်သေးသားရဲက ပျောက်ကွယ်သွားတော့သည်။

စုမင်သည် ကောင်းကင်တွင်ရပ်နေခဲ့ပြီး သူ့ထံတွင် ပုံမှန်ထက်ထူးဆန်းသည့် မည်သည့်အရာကိုမှမတွေ့ရပေ။ သို့သော် အမှန်စင်စစ်တွင် သူသည်ခြေချိတ်ကာ ထိုင်နေဆဲပင် ဖြစ်သည်။ အခြားသူများမြင်နေရသော ခြေထောက်များသည် စိတ်တစ္ဆေခက်ရင်းခွမှ ဖြစ်ပေါ်လာသော အရာဖြစ်သည်။ စိတ်တစ္ဆေခက်ရင်းခွရုပ်သေးသည် စုမင်၏ ခြေထောက်များအဖြစ် ပြောင်းလဲသွားပြီး သူ့အား သာမန်လူတစ်ဦးကဲ့သို့ လှမ်းလျှောက်နိုင်ရန် ကူညီထောက်ပံ့ပေးနေခြင်း ဖြစ်သည်။

"ဟုတ်ပါတယ်။ ကျွန်တော့ဆရာက ထျန်းရှဲ့ကျီပါ" စုမင်သည် လက်သီးနှင့်လက်ဝါးထပ်လျက် ခရမ်းရောင်ဝတ်ရုံနှင့်လူကို နှုတ်ဆက်လိုက်သည်။

စုမင်အောက်ရှိ ရုပ်သေးသားရဲသည် ကျုံ့သွားသည်ကို မြင်သောအခါ ခရမ်းရောင်ဝတ်ရုံနှင့်လူ၏ မျက်လုံးများထဲတွင် စူးစမ်းလိုသည့်အမူအယာတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

"ကြည့်ရတာတော့ မကြာသေးခင်ကမှ ကြားထားတဲ့ နဝမတောင်ထွတ်နဲ့ မြောက်ပိုင်းနယ်စပ်မျိုးနွယ်စုအကြောင်း ကောလဟာလတွေက အမှန်ပဲနဲ့တူတယ်။ စိတ်တစ္ဆေခက်ရင်းခွရုပ်သေးက စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စုအတွက် ထူးခြားတဲ့အရာပဲ။

အပြင်လူတွေ အဲဒါကို ပိုင်ဆိုင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲလေ"

စုမင် ခပ်ဖွဖွပြုံးလိုက်သော်လည်း မည်သည့်စကားမှ ပြန်မပြောခဲ့ပေ။

"ညီနောင်စု မင်းက ထျန်းရှဲ့ကျီအောက်က ဆိုမှတော့၊ ငါနဲ့ စီနီယာကျတာချင်း အတူတူပါပဲ။ ညီနောင်စု ငါက ချန်ယီ ပါ။ ကျေးဇူးပြုပြီး ဒီလမ်းက ကြွပါ" ခရမ်းရောင်ဝတ်ရုံနှသ့်လူသည် အပြုံးလေးတစ်ခုဖြင့် ပြောဆိုလိုက်ပြီး ဖိတ်ခေါ်သည့်အနေဖြင့် ခန္ဓာကိုယ်အား

ဘေးသို့လှည့်လိုက်သည်။

"ညီနောင်ချန် ရှေ့ကသွားပါ" စုမင် ပြုံးလျက် လက်သီးလက်ဝါးထပ်ကာ ကျေးဇူးတင်ကြောင်းပြလိုက်သည်။

သူတို့နှစ်ဦးသည် တစ်ချိန်တည်းလိုလိုပင် လှုပ်ရှားသွားခဲ့ကြသည်။ ခရမ်းရောင်ဝတ်ရုံနှင့်လူသည် ခြေတစ်လှမ်းတည်းဖြင့် ပေ၄၀၀ နီးပါး ဖြတ်သန်းသွားခဲ့သည်။ စုမင်သည် သူ့နောက်ပေ၂၀၀အကွာမှ လိုက်ပါလာကြောင်းသိရန် သူလှည့်ကြည့်စရာတောင် မလိုခဲ့ပေ။ ချန်ယီ၏ အမူအယာသည် တည်ငြိမ်နေခဲ့သော်လည်း စုမင်၏စွမ်းအားနှင့်ပက်သက်၍ သူခန့်မှန်းထားသော မှန်းဆချက်သည် အတိအကျပင်ဖြစ်လောက်သည်ဟု သူ့နှလုံးသားထဲမှ ယုံကြည်နေခဲ့လေသည်။

သူ့စွမ်းအားအရ စုမင်သည် အမြန်နှုန်းအား ဖုံးကွယ်ထားခြင်းမရှိပဲ အမှန်တစ်ကယ်ပင် သူ့ထက်နှေးနေခြင်းဖြစ်ကြောင်း ပြောနိုင်ပေသည်။ စုမင်၏ ခြေထောက်ပတ်ဝန်းကျင်တွင် ဝန်းရံနေသော စိတ်တစ္ဆေကပ်ဆိုးမျိုးနွယ်စု၏ ရုပ်သေးမှဖြစ်ပေါ်လာသည့် အနက်ရောင်အခိုးအငွေ့များသည်လည်း အမြန်နှုန်းအား တိုးမြင့်ရန် ရည်ရွယ်ချက်ကြောင့် ဖြစ်ကြောင်း သူပြောနိုင်၏။

'သူက ဆက်ထိုင်နေပြီး ရုပ်သေးရုပ်ကိုပဲ သူ့ခြေထောက်တွေအဖြစ် ပြောင်းထားတာ သူက တစ်ကယ့်ကို မောက်မာတာပဲ'

ခရမ်းရောင်ဝတ်ရုံနှင့်လူသည် ပြုံးလိုက်ပြီး ထိုအရာနှင့်ပက်သက်၍ စိတ်အနှောင့်အယှက် အဖြစ်ခံမနေတော့ပေ။ ထိုအစား အရှိန်ကိုနှေးလိုက်ပြီး စုမင်ကို ခဏတာစောင့်ဆိုင်းနေလိုက်သည်။ သူ့ဘေးသို့ စုမင်ရောက်လာသောအခါမှသာ နောက်တစ်ကြိမ် စလျှောက်လှမ်းလိုက်လေသည်။

"ညီနောင်စု မင်းရဲ့ဝါသနာက တော်တော်ထူးခြားတာပဲ။ အဲဒီလို ဇိမ်ခံတဲ့အပြုအမူမျိုး ငါတောင်အရင်က မလုပ်ဖူးခဲ့ဘူး" ရှေ့သို့ ရွေ့လျားလာခဲ့ရင်းဖြင့် ခရမ်းရောင်ဝတ်ရုံလူသည် စုမင်ထံ ပြုံးပြပြောဆိုလိုက်ပြီး သူ့အကြည့်က စုမင်၏ခြေထောက်များထံ ရောက်ရှိသွားခဲ့သည်။

"မင်းရှေ့မှာ ငါ့ကိုယ်ငါ အရူးလုပ်ခဲ့မိပုံပဲ ညီနောင်ချန်။ ငါက မတ်တပ်မရပ်နိုင်ဘူး။ မင်းငါ့ကို ဒါအတွက်ခွင့်လွှတ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" စုမင် အပြုံးတစ်ခုဖြင့် ပြောရင်း ခေါင်းခါယမ်းလိုက်သည်။

ကျီချဲသည် စုမင်ဘေးမှ တည်ငြိမ်စွာလိုက်ပါလာခဲ့သည်။

ပိုင်စုသည်လည်း မူလက အလားတူပင်ဖြစ်ပြီး ပတ်ဝန်းကျင်အား စိတ်ဝင်တစား စူးစမ်းနေခဲ့သော်ငြား ခရမ်းရောင်ဝတ်ရုံနှင့်လူ၏ စကားများကိုကြားသောအခါ သူမမျက်မှောင်ကြုတ်သွားမိချေသည်။ သိူ့သော် စုမင်သည် ထိုလူ့များကို စိတ်မဆိုးကြောင်းတွေ့လိုက်ရသောအခါ သူမ ဆက်၍ ငြိမ်သက်နေလိုက်တော့သည်။

"အိုး မင်းမတ်တပ်မရပ်နိုင်ဘူးလား။ မင်းရဲ့ ကျင့်ကြံတဲ့ နည်းလမ်းက ခြေထောက်တွေကို အားနည်းယိုယွင်းသွားစေခဲ့လို့လား" ခရမ်းရောင်ဝတ်ရုံနှင့်လူသည် အံ့အားသင့်မင်သက်သွားခဲ့သည်။

"အဲလို ပြောလို့ရပါတယ်" စုမင် ခေါင်းညိတ်ပြလိုက်သည်။

"စိတ်မကောင်းစရာ၊ တစ်ကယ့်ကို စိတ်မကောင်းစရာပဲ။

ဒါပေမယ့် ဒီတစ်ကြိမ်လေလံတင်ရောင်းချမယ့် ပစ္စည်းတွေထဲမှာ အနောက်ပိုင်းပင်လယ်ကလန်ရဲ့ ထွတ်မြတ်ဆေးလုံးလည်း ပါတယ်။ အဲဒါက မင်းကိုကူညီနိုင်လောက်တယ်" စကားပြောပြီးသည်နှင့် ခရမ်းရောင်ဝတ်ရုံလူသည် မျိုးနွယ်စုအတွင်းရှိ ဆီးနှင်းပြင်ပေါ်သို့ ကောင်းကင်ပေါ်မှ ဆင်းသက်လိုက်သည်။ သူ့အရှေ့တွင်တော့ တဲငယ်တစ်လုံးရှိပြီး စုမင်နှင့်အခြားသူများအတွက် ယာယီတည်းခိုရာနေရာအဖြစ် ပြင်ဆင်ထားသည်မှာ ထင်ရှားနေချေသည်။

"ဒါက မင်းရဲ့..."

သူသည် စကားပြောဆိုနေရင်း ပြုံးနေဆဲပင်ဖြစ်သော်လည်း သူ့စကားမဆုံးသေးခင်မှာပင် ကျယ်လောင်သော ဝုန်းခနဲအသံတစ်သံသည် သူ့ဘေးမှထွက်ပေါ်လာခဲ့သည်။ ထိုမြည်ဟည်းသံသည် အလွန်ကျယ်လောင်လွန်းသဖြင့် မြေပြင်ကို တုန်ခါသွားစေပြီး မြေပြင်ပေါ်ရှိ နှင်းများကိုပင် လေထဲသို့ ဆယ်ပေခန့်လွင့်မျောသွားစေခဲ့သည်။ ယခုလေးတင် မြေပြင်ပေါ်သို့ အားတစ်ခုသက်ရောက်သွားသကဲ့သို့ဖြစ်ပြီး ထိုအားသည် ဤဧရိယာအား ဗဟိုပြုလျက် အပြင်သို့ပျံ့နှံ့သွားလေသည်။

ပတ်ဝန်းကျင်ဧရိယာအတွင်းရှိ တဲများက မြေပြင်ပေါ်သို့ လဲပြိုကျသွားကြသည်။ မျိုးနွယ်စုအတွင်းရှိ လူများအားလုံးသည်လည်း သူတို့အထံ အလျင်အမြန်လှည့်ကြည့်လာခဲ့သည်။

ခရမ်းရောင်ဝတ်ရုံနှင့်လူ၏ အမူအယာက အပြင်းအထန်ပြောင်းလဲသွားပြီး သူ့မျက်လုံးများသည် မယုံကြည်နိုင်မှုများဖြင့် တောက်ပသွားခဲ့သည်။ ထို့နောက် စုမင်အား ကြည့်လိုက်မိသည်နှင့် သူခဏတာ အံ့အားသင့်မင်သက်သွားခဲ့ရလေသည်။

ထိုကျယ်လောင်သော မြည်ဟည်းသံများသည် စုမင်၏ရုပ်သေးခြေထောက်များ မြေပေါ်ဆင်းသက်လိုက်သည့် တစ်ခဏတွင် စတင်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ကြောင်း သူတွေ့လိုက်ရချေသည်။ ကောင်းကင်မှပြုတ်ကျလာသော တောင်မြင့်ကြီးတစ်လုံး မြေပြင်အား ဝင်ဆောင့်မိသွားသကဲ့သို့ ဖြစ်ပြီး ပြေင်အားတုန်ခါသွားစေကာ လေပြင်းများလည်း ပျံ့နှံ့သွားကြသည်။

မြေပြင်ပေါ်ဆင်းသက်လိုက်သည့်တစ်ခဏတွင် ထိုခြေထောက်များသည် သန်မာသောအားကို မတောင့်ခံနိုင်ဟန်ဖြင့် သိပ်သည်းသောအနက်ရောင်မြူခိုးလွှာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ခြင်းကိုလည်း သူတွေ့လိုက်ရ၏။ မြူခိုးများ ပျံ့နှံ့သွားသဖြင့် အတွင်းတွင်ထိုင်နေသောစုမင်သည် ထွက်ပေါ်လာခဲ့ပြီး နောက်ထပ်ကျယ်လောင်သံတစ်ချက်နှင့်အတူ မြေပြင်ပေါ် ပြုတ်ကျသွားလေသည်။

ခရမ်းရောင်ဝတ်ရုံနှင့်လူသည် အသက်ကိုပင် ပြင်းပြင်းရှူရှိုက်မိသွားခဲ့၏။ မြေပြင်၏တုန်ခါသွားမှုကို သူရှင်းရှင်းလင်းလင်းခံစားလိုင်မိပြီး ထိုအရာများအားလုံး၏ အရင်းအမြစ်သည် စုမင်ဖြစ်ကြောင်းကိုလည်း သူခံစားလိုက်မိသည်။

'တစ်ကယ်... တစ်ကယ့်ကိုပဲ ဒီလူက သူနဲ့အတူ ဘာတွေသယ်လာခဲ့တာလဲ။ အဲဒါက ဘယ်လိုလုပ်ပြီး ဒီလောက်တောင်လေးနေရတာလဲ'

ခရမ်းရောင်ဝတ်ရုံနှင့်လူ၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။ ဤအချိန်မတိုင်မီက စုမင်၏အမြန်နှုန်းနှင့် သူ၏ယခင်ယူဆချက်များကို ပြန်လည်သတိရသွားခဲ့သည်။ သို့သော် ယခုပုံစံအရဆိုလျှင်တော့ သူ့ယူဆချက်များက ဟာသတစ်ခုကဲ့သို့ပင် ဖြစ်သည်။ ဤလူသည် တောင်တစ်လုံးစာအလေးချိန်ကို သယ်ဆောင်ထားစဉ်တွင် သူ့ထက် အနည်းငယ်သာနောက်ကျနေခဲ့သည်။ ဤအလေးချိန်ကိုသာ ဖယ်ထုတ်လိုက်လျှင် သူ့အမြန်နှုန်းသည်...

ခရမ်းရောင်ဝတ်ရုံလူသည် ထိုအတွေးသို့ရောက်ရှိသွားသောအခါ အလွန် အံ့အားသင့်မင်သက်သွားရတော့သည်။

"စုမင် သူကစုမင်ပဲ"

ကျယ်လောင်သောမြည်ဟည်းသံနှစ်ချက်နှင့် မြေပြင်၏တုန်ခါမှုများကြောင့် ပတ်ဝန်းကျင်ရှိလူတို့၏ အကြည့်များသည် သူတို့ထံ စုဝေးရောက်ရှိလာခဲ့သည်။

၎င်းတို့သည် စုမင်မြေပေါ်တွင် ထိုင်နေသည်ကိုတွေ့လိုက်သောအခါ တစ်စုံတစ်ဦးက သူ့အားချက်ချင်းမှတ်မိသွားတော့သည်။

"အဲဒါ စုမင်လား။ နဝမတောင်ထွတ်ရဲ့ စတုတ္ထမြောက်တပည့်လား"

"ဟုတ်တယ်။ သူ အရင် စစ်မာရှင်းနဲ့တိုက်တုန်းက ငါသူ့ကိုမြင်ဖူးတယ်။ ကြည့်လိုက် ကျီချဲလည်း သူ့ဘေးမှာရပ်နေတယ်"

"သူက တစ်ကယ်ဒီကိုရောက်လာတာလား... စိတ်ဝင်စားစရာပဲ။ အကြီးဆုံးစီနီယာအစ်မကြီး ထျန်းလန်မုန်၊ စီနီယာအစ်ကို စစ်မာရှင်းနဲ့ ကြီးမြတ်သောဆီးနှင်းဖုံးလွင်ပြင်များ အဆင့်ဇယားမှာ နေရာရထားကြတဲ့ အစွမ်းထက်မာန်စွမ်းအားရှင်တွေ အများကြီးလည်း ဒီကိုလာကြတယ်။ ဒီတစ်ကြိမ်လေလံပွဲကတော့ သေချာပေါက်ကို စိတ်ဝင်စားဖို့ကောင်းတော့မှာပဲ"

"ဒါက ရာစုနှစ်တစ်စုကိုမှ တစ်ကြိမ်ကျင်းပတာဖြစ်တဲ့အပြင် အနောက်ပိုင်းပင်လယ်ကလန်က လက်ခံကျင်းပပေးတဲ့ လေလံပွဲလေ။ ဒါပေါ့ ဒီလေလံပွဲက အဲလိုလူမျိုးတွေရဲ့ အာရုံကိုဆွဲဆောင်နိုင်မှာပဲ။ ဒီဟာက သာမန်လေလံပွဲတစ်ခုပဲလို့ ငါကြားခဲ့တယ်။ ဒီလေလံပွဲပြီးသွားတာနဲ့ သူတို့က တစ်ခြားလေလံပွဲငယ်တစ်ခု လက်ခံကျင်းပပေးဦးမှာတဲ့။ ဒါပေမယ့် အဲဒီလေလံပွဲကို တက်ရောက်ဖို့ လူတစ်ဦးက အနည်းဆုံးရိုးရေစတေးနယ်ပယ် ကြီးမြတ်သောပြည့်စုံဆင့်မှာ ရှိနေရမယ့်အပြင် တက်ရောက်မယ့်သူအများစုက မာန်ဝိညာဉ်နယ်ပယ်က လူအိုကြီးတွေ ဖြစ်လိမ့်မယ်တဲ့"

လေလံပွဲအတွက် အနောက်ပိုင်းပင်လယ်ကလန်မှ တည်ဆောက်ထားသော ယာယီမျိုးနွယ်စုအတွင်း စုမင်တို့နှင့် သိပ်မဝေးသောနေရာတွင် တည်ရှိသော အခြားတဲတစ်လုံးရှိသည်။ ထိုတဲအတွင်းတွင်တော့ ချောမောခန့်ညားသော အမျိုးသားတစ်ဦး တင်ပလ္လင်ခွေထိုင်နေခဲ့သည်။ ထိုအချိန်တွင် အမျိုးသား၏ မျက်လုံးများကပွင့်လာခဲ့ပြီး တဲအား ထွင်းဖောက်မြင်နိုင်ဟန်ဖြင့် အပြင်ဘက်ကိုလှမ်းကြည့်လိုက်သည်။

"စုမင်..." ထိုလူက တည်ငြိမ်စွာရေရွတ်လိုက်သော်လည်း သူ့မျက်လုံးများထဲတွင်တော့ သတ်ဖြတ်လိုသည့်အကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုလူက စစ်မာရှင်းပင်ဖြစ်သည်။ စစ်မာရှင်း၏တဲဘေးတွင် ယာယီဝန်းရံတည်ဆောက်ထားသော တဲအတော်များများရှိသည်။ ထိုတဲများတွင် အေးခဲကောင်းကင်ကလန်တပည့်များဖြင့် ပြည့်နေပြီး ထိုသူအားလုံးသည် စစ်မာရှင်းအား သူတို့ခေါင်းဆောင်သဖွယ် ဆက်ဆံကြချေသည်။ သူတို့က သူ့အမိန့်များကို နားထောင်ကြပေလိမ့်မည်။

မျိုးနွယ်စု၏ အခြားအရပ်မျက်နှာတစ်ခုတွင် တဲရှစ်လုံးသာရှိသည့် အတန်ငယ်ဝေးကွာသောဧရိယာတစ်ခု ရှိသည်။

ထိုဧရိယာ၏ အလယ်ဗဟိုရှိ အဖြူရောင်တဲအတွင်းတွင်တော့ အမျိုးသမီးတစ်ဦးရှိနေခဲ့သည်။ သူမရှေ့တွင်တော့ အဖြူရောင်သစ်သားပြားတစ်ခု ရှိနေသည်။ မျက်မှောင်ကြုတ်လျက်ရှိသော ထိုအမျိုးသမီးသည် သစ်သားပြားပေါ်တွင် သူမ၏လက်ညှိုးဖြင့် ရေးဆွဲနေခဲ့ချေသည်။

သူမအနောက်ဘက်တွင် ချောမောလှပသော မိန်းကလေးတစ်ဦးက သူမ၏အနက်ရောင်ဆံနွယ်မျယးကို ဖြီးသင်ပေးနေခဲ့သည်။ ထိုမိန်းကလေးသည် ရံဖန်ရံခါဆိုသလို အမျိုးသမီး၏ ပုခုံးပေါ်မှကျော်၍ သစ်သားပြားထံသို့ ချောင်းကြည့်တတ်၏။

"အစ်မကြီး အစ်မဆွဲနေတာ တော်တော်ကြာနေပြီ။ တစ်ကယ်ပဲ အစ်မ ဘာကိုဆွဲနေတာလဲ"

တဲအတွင်းထိုင်နေသောအမျိုးသမီးက မယုံနိုင်ဖွယ်လှပလွန်းချေသည်။ ထိုမေးခွန်းကိုကြားသောအခါ သူမသည် ခေါင်းမော့ကာ ပြန်ဖြေရန်ပြင်လိုက်သော်လည်း မျက်မှောင်ကြုတ်သွားပြီး ထိုအချိန်တွင်မျိုးနွယ်စုအတွင်းရှိ စုမင်ရှိနေသော အရပ်မျက်နှာဘက်သို့ လှမ်းကြည့်လိုက်လေသည်။

"သူလည်း ဒီရောက်နေတာပဲ..." ထိုအမျိုးသမီးက ထျန်းလန်မုန်ပင်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဓား-သင်္ဘောပုံစံအဆောက်အဦး ဆယ့်ရှစ်ခုအတွင်း ထိုင်နေကြသူများသည်လည်း မျက်လုံးများကိုဖွင့်၍ စုမင်ရှိနေသော နေရောသို့ လှမ်းကြည့်လိုက်ကြသည်။

ထိုဓား-သင်္ဘောပုံစံစပ် အဆောက်အဦးဆယ့်ရှစ်ခုအတွင်း ထိုင်နေသူအများစုသည် အဘိုးအိုများဖြစ်သည်။ ထိုနေရာသို့လှမ်းကြည့်လိုက်မိချိန်တွင် သူတို့မျက်နှာများပေါ်၌ ထိတ်လန့်ဟန်များ ပေါ်လာခဲ့သည်။

မြည်ဟည်းသံနှစ်ချက်သည် မျိုးနွယ်စုတစ်စုလုံး၏ အာရုံကိုဆွဲဆောင်သွားခဲ့သည်။ စုမင် မျက်မှောင်ကြုတ်သွားမိပြီးနောက် နတ်ဘုရားစိတ်အာရုံကို အသုံးပြုလိုက်ရာ ရုပ်သေးမှဖြစ်ပေါ်လာသည့် အနက်ရောင်မြူခိုးများသည် ပြန်လည်စုဝေးလာပြီး သူ့ခါးအောက်ပိုင်းဧရိယာကို နောက်တစ်ကြိမ်ဖုံးအုပ်သွားကြသည်။ ထို့နောက် ၎င်းခြေထောက်များဖြင့် ဖြည်းဖြည်းချင်းထရပ်လိုက်ရာ သူ့ပုံစံသည် ထိုင်နေရာမှ ထရပ်လိုက်သည့်လူတစ်ဦး၏ ပုံစံကဲ့သို့ပင်ဖြစ်သည်။

"ငါ့ကို ခွင့်လွှတ်ပါ။ ငါ့ခန္ဓာကိုယ်မှာ အဆင်မပြေတာလေးရှိလို့ စောစောက ကိုယ့်ကိုယ်ကို နည်းနည်းထိန်းချုပ်ရခက်သွားတယ်။ ဒါက ငါတည်းခိုရမယ့်နေရာ ဖြစ်မယ်ထင်တယ်" စုမင်သည်  သိပ်မဝေးသောနေရာမှ အံ့အားသင့်မင်သက်နေသော အမူအယာဖြင့် ငေးကြည့်နေသည့် ခကမ်းရောင်ဝတ်ရုံနှင့်လူထံ တောင်းပန်ဟန်အမူအယာဖြင့် လှမ်းပြောလိုက်သည်။

ခရမ်းရောင်ဝတ်ရုံနှင့်လူသည် အသက်ပြင်းပြင်းရှူရှိုက်လိုက်ပြီးနောက် စုမင်ထံလှမ်းကြည့်လိုက်သော သူ့အကြည့်က ချက်ချင်း ကွဲပြားခြားနားသွားခဲ့ချေသည်။ သူသည် စုမင်အား လက်သီးလက်ဝါးထပ်ကာ ပြန်လည်ပြောဆိုလိုက်သည်။

"ညီနောင်စု၊ မင်းမှားနေပြီ။ ဒါက သေချာပေါက်ကို မင်းလိုလူတစ်ယောက် တည်းခိုနေထိုင်ဖို့နေရာ ဘယ်ဟုတ်ပါ့မလဲ။ ဒီနေရာက စုတ်ပြတ်နေရုံတင်မကဘူး ဆူလည်းဆူညံသေးတယ်။ ညီနောင်စု ဒီလမ်းကကြွပါ။ မြောက်ဘက်မှာ နေရာလွတ်တစ်ခုရှိတယ်။ အဲနေရာက ဒီထက်ပိုတိတ်ဆိတ်ပြီး မင်းလေ့ကျင့်ဖို့အတွက် သေချာပေါက်ကို သင့်တော်တဲ့နေရာဖြစ်လိမ့်မယ်"

"အဆုံးမှာတော့ ဒီလေလံပွဲက ရက်ပေါင်းများစွာကြာမှာလေ။ ညီနောင်စု ဒီလမ်းကကြွပါ"

ခရမ်းရောင်ဝတ်ရုံနှင့်လူ၏ မျက်နှာထက်တွင် ကြိုဆိုဟန် နွေးထွေးသောအမူအယာတစ်ခု ပေါ်လာခဲ့သည်။

ထိုအရာသည် သန်မာသူများအား လေးစားမှုပြသောအချိန်နှင့် တန်းတူညီသူတစ်စုံတစ်ယောက်အား ဆက်ဆံရာတွင် အသုံးပြုသော သဘောထားပင်ဖြစ်သည်။ ထိုအရာသည် ယခင်ကဆက်ဆံပုံနှင့် တူညီပုံပေါ်သော်လည်း ပိုင်းခြားသိမြင်နိုင်သည့် မျက်စိရှိသူဘယ်သူမဆို သူ့လုပ်ရပ်များအတွင်းမှ ကွဲပြားမှုလေးများကို တွေ့မြင်နိုင်ပေသည်။

"ဒါဆိုရင်တော့... ညီနောင်ချန်ကိုပဲ ဒုက္ခပေးရတော့မယ်"

စုမင်သည် ခဏတာငြိမ်သက်နေပြီးနောက်မှ အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ခရမ်းရောင်ဝတ်ရုံနှင့်လူ၏ ဦးဆောင်မှုအောက်တွင် သူတို့သည်မျိုးနွယ်စုအား ဆက်လက်ဖြတ်သန်းခဲ့ကြသည်။ လမ်းတွင် သူတို့အားတွေ့လိုက်ရသော အေးခဲကောင်းကင်ကလန်ဝင်များအားလုံးသည် အနည်းငယ်စိတ်ရှုပ်ထွေးနေကြသော်လည်း အများအားဖြင့် သူ့အား ပြုံးပြ၊ ခေါင်းညိတ်ပြကြချေသည်။

ထိုအရာက သူတို့မျိုးနွယ်စု၏ မြောက်ဘက်ခြမ်းသို့ရောက်သည် အထိပင်ဖြစ်သည်။ ဤနေရာက အမှန်တစ်ကယ်ကို အများကြီးပိုတိတ်ဆိတ်ပေသည်။ ပတ်ဝန်းကျင်တွင် တဲများစွာမရှိသလို ရှိသောတဲအနည်းငယ်သည်လည်း တစ်ခုနှင့်တစ်ခုကြား အတန်ငယ်ကွာဝေးချေသည်။

"ဒီနေရာက မင်းလေ့ကျင့်ဖို့အတွက် ပိုသင့်တော်လိမ့်မယ် ညီနောင်စု။ အကယ်၍ မင်းတစ်ခုခုလိုတာရှိရင် ငါ့ကိုအခုပြောလို့ရပါတယ်။ အကယ်၍ မင်းအခုမလိုသေးပေမယ့် နောက်မှ တစ်ခုခုစဉ်းစားမိတာ ရှိတယ်ဆိုရင်လည်း ကင်းလှည့်နေတဲ့ အနောက်ပိုင်းပင်လယ်ကလန် တပည့်တစ်ယောက်ကို မင်းရှာလို့ရတယ်။ မင်း စိတ်ကျေနပ်စေဖို့အတွက် မင်းဆန္ဒကို ငါတို့အကောင်းဆုံး ကြိုးစားပြီးဖြည့်ပေးပါ့မယ်" ခရမ်းရောင်ဝတ်ရုံနှင့်လူသည် စုမင်အား လက်သီးလက်ဝါးထပ်၍ ပြုံးလျက်ပြောဆိုလိုက်သည်။

"ကျေးဇူးတင်ပါတယ် ညီနောင်ချန်။ အခုလည်း အကုန်လုံး အဆင်ပြေပါတယ်" စုမင်သည် အပြုံးဖြင့်ပြန်လည်ဖြေကြားလိုက်သည်။

"အဲလိုဆိုရင် ငါအခုသွားတော့မယ်။ ဒီတစ်ကြိမ်လေလံတင်မယ့် ပစ္စည်းတွေရဲ့ ရုပ်ပုံတွေကို ငါမင်းဆီလူလွှတ်ပြီး ပို့ခိုင်းလိုက်မယ်။ လေလံပွဲမစခင် မင်းသူတို့ကိုကြိုကြည့်ထားလို့ရတာပေါ့"

"ဟုတ်သားပဲ စာရင်းထဲမှာ ဖော်ပြထားခဲ့တဲ့ ပစ္စည်းတွေက ငါတို့လေလံတင်မယ့်အထဲက တစ်စိတ်တစ်ပိုင်းပဲ ရှိသေးတာ။ မကြာသေးခင်ကမှ တစ်ခြားလူတွေဆီကနေ  စာရင်းထဲကို ထပ်ပါလာတဲ့ ပစ္စည်းတစ်ချို့လည်း ရှိသေးတယ်။ ငါတို့မှာ စာရင်းအသစ်ပြောင်းဖို့ အချိန်မရခဲ့လို့ပါ" ခရမ်းရောင်ဝတ်ရုံနှင့် လူသည် စုမင်အားပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီး လက်သီးနှင့်လက်ဝါးထပ်ကာ လေလံပွဲအကြောင်းပြောပြ၍ နှုတ်ဆက်သွားခဲ့သည်။

ထို့အချိန်တွင်တော့ ကျီချဲသည် သိုလှောင်အိတ်ထဲမှ သားရဲအရေတဲအချို့ကို ထုတ်ယူကာ နေရာလွတ်တွင် ပြင်ဆင်ဆောက်လုပ်ပြီးသွားခဲ့ချေပြီ။ ရွက်ဖျင်တဲနှစ်ခုရှိပြီး ထိုအရာများက စုမင်နှင့်ပိုင်စုတို့အတွက် ဖြစ်သည်။ သူ့အတွက် တစ်ခုပြင်ဆင်ရန်လိုအပ်သည်ဟု သူမခံစားရပေ။ စုမင်တဲ၏ ဝင်ပေါက်သည်ကား သူ တရားထိုင်ကာ စောင့်ကြပ်နေမည့်နေရာပင်ဖြစ်သည်။

***

All Chapters