← Chapters

ငါ့ပြိုင်ဘက်ကအစစ်အမှန်နတ်ဘုရား

Vol. 44 Ch. 613

ငါ့ပြိုင်ဘက်ကအစစ်အမှန်နတ်ဘုရား

Vol. 44 Ch. 613

အန်လင်းသည် ရှေ့တွင်ရှိနေသော အမျိုးသားအားကြည့်ကာ ကြောင်တောင်တောင် ဖြစ်နေမိသည်။

ကိုးဆယ့်ကိုးထပ်မြောက်ရဲ့ ပြိုင်ဘက်က ဘယ်လိုလုပ် သူဖြစ်နေရတာလဲ....

ထိုအမျိုးသားသည် ငွေရောင်ဆံနွယ်ရှည်များရှိပြီး ခက်ထန်သော အမူအရာကို ချိတ်ဆွဲထားသည်။

စကြာဝဠာ တစ်ခုလုံးသည် ၎င်းအနားတွင် လှည့်လည်နေသည်ဟု ထင်မှတ်ရကာ ကျက်သရေရှိသော ရွှေခရမ်းရောင် ဝတ်စုံကို ဆင်မြန်းထားသည်။

အန်လင်းရှေ့တွင် ရှိနေသည်မှာ ကောင်းကင်ဘုံခုံရုံး၏ ဧကရာဇ်လေးပါးထဲမှ တစ်ပါးဖြစ်သော မြောက်ပိုင်းဧကရာဇ် အရှင်ဇီဝေးပင်။

အန်လင်းမှာ အိမ်မက်မက်နေသလို ခံစားနေမိသည်။

ဘယ်လိုလုပ် ဧကရာဇ် ဇီဝေးက ကိုးဆယ့်ကိုးထပ်မှာ ရှိနေတာလဲ.....

ဧကရာဇ်ဇီဝေးသည် ကြယ်စင်အရှင်သခင်နှင့် လောကသားများ၏ဆရာဟူသော ဂုဏ်ပုဒ်များ ရရှိထားသူ ဖြစ်သည်။ ထို့အပြင် အင်မော်တယ်မန္တာန်များတွင်လည်း တဖတ်ကမ်းခတ် ကျွမ်းကျင်နေသောကြောင့် အင်မော်တယ်မန္တာန်ဘိုးအေကြီးဟု ဆိုကြသေးသည်။ ထိုကဲ့သို့သော ဂုဏ်ပုဒ်များစွာနှင့်သူသည် အန်လင်း၏ ပြိုင်ဘက် ဖြစ်လာသည်လော။

ထိုသည်မှာ ဟာသတစ်ပုဒ်လိုပင်။

"ခင်ဗျား.....စီနီယာ ခင်ဗျားက အရှင်လက်လက်ကြီး ရှိနေသေးတယ်မလား။ ဘာလို့ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်မှာ ရှိနေရတာလဲ။"

အန်လင်း မယုံကြည်နိုင်စွာ မေးမြန်းလိုက်သည်။

ဧကရာဇ်ဇီဝေး နွေးထွေးစွာပြုံးသည်။

"သေဆုံးပြီးသား အင်မော်တယ်တွေပဲ အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်မှာ ရှိနေတယ်လို့ ဘယ်သူပြောလို့လဲ။ ငါက အံ့ဖွယ်စိတ်ဆန္ဒ တစ်ခုကို ဒီမှာထားထားရုံပဲလေ။ ပြီးတော့ ကိုးဆယ့်ကိုးထပ်မြောက်က နောက်ဆုံးအဆင့်ဆိုတော့ အားလုံးကို စပရိုက်လေး ဖြစ်သွားစေချင်တာ။"

အန်လင်း အသက်ရှူသံများ ပြင်းလာရသည်။

သူ့မေကြီးတော်....ဒါကစပရိုက်လေး မဟုတ်ဘူးဟ.....ယီးလောက်ကြီး....ယီးလောက်ကြီး.....

ဧကရာဇ်ဇီဝေးမှာ ဖိတ်ခေါ်နေသည့်အလား လက်တစ်ဖက်ဆန့်ကာ ကြိုဆိုနေသည်။

"စကားတွေပြောပြီး အချိန်တွေ ဖြုန်းမနေနဲ့တော့။ စောင့်ကြည့်နေတဲ့ ကျောင်းသားနဲ့ဆရာတွေက ငါတို့တိုက်ပွဲကို အရမ်းမြင်ချင်နေလောက်ပြီ။ အဲ့ဒါကြောင့် စလိုက်ကြတာပေါ့။"

ငါတို့တကယ်တိုက်ရမှာလား......

အန်လင်းမှာ လက်လျှော့လိုက်ရန် စတင်တွေးတောမိလာသည်။ ဧကရာဇ်ဇီဝေးသည် ကောင်းကင်ဘုံခုံရုံးတွင် သြဇာအာဏာ အကြီးမားဆုံးသူဖြစ်ပြီး တာအိုပေါင်းစည်းခြင်းအဆင့်သို့ ရောက်ရှိထားသော အစစ်အမှန် နတ်ဘုရား ဖြစ်သည်။ ၎င်းသည် ထိုက်ချူကုန်းမြေ တစ်ခုလုံးတွင်ပင် အစွမ်းအထက်ဆုံးဟု ဆိုနိုင်သည်။

အရှေ့ပင်လယ်၏ နဂါးမင်းပိုင်နက်သည် အဘယ့်ကြောင့် တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦး ထွက်ပေါ်လာရန် အလွန်အမင်း ကြိုးစားနေပါသနည်း။ အဘယ့်ကြောင့်ဆိုသော် တာအိုပေါင်းစည်းခြင်းအဆင့် ရောက်ရှိထားသော အစစ်အမှန် နတ်ဘုရားကသာ ထိုက်ချူကုန်းမြေတွင် ပြောရေးဆိုခွင့် ရှိသောကြောင့်ပင်။

ထိုသည်ကို ကြည့်ရုံမျှဖြင့်ပင် တာအိုပေါင်းစည်းခြင်း အဆင့်သည် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သိနိုင်သည်။

ယခု အန်လင်း၏ ပြိုင်ဘက်မှာလည်း အစစ်အမှန် နတ်ဘုရားတစ်ပါး ဖြစ်နေသောကြောင့် သူ့အနေဖြင့် မတုန်လှုပ်ပဲ မနေနိုင်တော့ပေ။

ဧကရာဇ်ဇီဝေးမှာ အန်လင်း၏ အတွေးကို သိနေသည့်အလား ခပ်ဖွဖွပြုံးသည်။

"စိတ်မပူပါနဲ့....ငါက စိတ်ဝိဉာဉ် အပိုင်းအစလေး တစ်ခုပါပဲ။ အဲ့ဒါကြောင့် မင်းထင်ထားသလောက် ကြောက်ဖို့မကောင်းပါဘူး။"

ဟမ့်.... ခင်ဗျားက စိတ်ဝိဉာဉ် အပိုင်းအစလေး တစ်ခုပေမယ့် ကျွန်တော်ကလည်း စွမ်းအင်တစ်ရာခိုင်နှုန်းအထိ လျှော့ချခံထားရတာလေ.....

အံ့ဖွယ်စိတ်ဆန္ဒတောင် ရူးလောက်အောင် အင်အားကြီးနေမှာပဲ... မဟုတ်ရင် final bossဖြစ်လာမှာတဲ့လား....သူ့အစွမ်းသူမထိန်းနိုင်ပဲ ငါ့သတ်မိရင် ဘယ်လိုလုပ်မလဲ.....

"ခင်ဗျားနဲ့ မတိုက်ခင် စီနီယာ ပိုင်ကျုံးကို စွမ်းအင်ကန့်သတ်ချက် ဖယ်ပေးဖို့ ပြောလို့ရလား။"

အန်လင်း မေးမြန်းလိုက်သည်။

ဧကရာဇ်ဇီဝေး: "......."

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင် အပြင်ဘက်မှ စောင့်ကြည့်နေသူများမှာလည်း ကြောင်တိကြောင်တောင် ဖြစ်ကုန်သည်။

အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်၏ final bossသည် အစစ်အမှန် နတ်ဘုရား ဖြစ်နေလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။

ဓားအင်မော်တယ်သုန့်ရီ ရယ်မောလိုက်သည်။

"မင်းတို့လည်း မထင်ထားကြဘူးမလား။ ငါက ပါရမီအားနည်းလို့ ဟင်းလင်းပြင်သို့အပြန် အဆင့်ကို မရောက်သေးပေမယ့် ဆရာဇီဝေးရဲ့ တပည့်ပဲ။ ဒီထိလာခဲ့တာက ငါ့ဆရာကို အားပေးဖို့ပဲ။ ဒီတိုက်ပွဲကနေ သင်ယူရမှာတွေ အများကြီးရှိမှာ သေချာတယ်။"

ယောင်မင်ရှီနှင့် ယောင်ရှုတို့မှာ အံ့အားသင့်စွာ ခေါင်းညိတ်ပြလိုက်ကြသည်။

စုရှောင်လန်နှင့် အခြားသူများမှာလည်း သလင်းကျောက် မျက်နှာပြင်အားကြည့်ကာ ပါးစပ်အဟောင်းသား ဖြစ်နေမိကြသည်။

Final bossအား တွေ့လိုက်ရရုံနှင့်ပင် တော်ရုံတန်ရုံလူမှာ သတိလစ်သွားနိုင်သည်။

"ယီးထဲမှ.....အစစ်အမှန် နတ်ဘုရားကို တိုက်ရတော့မှာလား။"

"ပြီးတော့ အသက်ရှင်နေတဲ့ အစစ်အမှန် နတ်ဘုရားကြီး....ဧကရာဇ်ဇီဝေးက ကလေးတွေကို လာအနိုင်ကျင့်နေတာပဲ။"

"ငါတို့ နည်းနည်းလောက် ဝေးဝေးနေသင့်လား။ တိုက်ပွဲက ထွက်လာတဲ့ စွမ်းအင်လှိုင်းဂယက်နဲ့တင် သတိတွေလစ်ကုန်မှာစိုးလို့။"

"ယီးပဲကွာ.....နောက်ဆုံးအဆင့်ကို ဘယ်သူက နိုင်တော့မှာလဲ။"

.........

ဧကရာဇ်ဇီဝေးသည် ကောင်းကင်ဘုံခုံရုံး၏ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ၎င်း၏စိတ်ဝိဉာဉ် အပိုင်းအစ တစ်ခုကပင် တွေးထင်ထားနိုင်သည်ထက် ကြမ်းတမ်းပေလိမ့်မည်။

တိုက်ပွဲရလဒ်အား လူတိုင်း ခန့်မှန်းမိနေပြီပင်။ ပုံမှန်အားဖြင့် ယုံကြည်ချင်အပြည့်ရှိသော အန်လင်းသည်ပင် အနိုင်ရရန် မတွေးရဲတော့ပေ။

"တင်းတောင်...."

ထိုအချိန်တွင် ရင်းနှီးနေသော အသံတစ်ခုအား ကြားလိုက်ရသည်။

အန်လင်းသည် ထိုအသံအား ရင်းနှီးသည်ထက် ပိုနေပါသော်လည်း ရွေးချယ်ခွင့်သာ ရှိပါက တသက်လုံး ပြန်မကြားချင်မိပေ။

အဆုံးတွင်မူ စိတ်ညစ်စွာဖြင့် စနစ်မစ်ရှင်အား ဖွင့်ကြည့်လိုက်ရသည်။

"လက်ခံသူက တိုက်ခိုက်ဖို့ အရမ်းကြောက်နေတာကို သတိပြုမိပါတယ်။ အဲ့ဒါကြောင့် 'စစ်နတ်ဘုရားရဲ့ အစစ်အမှန်ကို ပြသပါ'ဆိုတဲ့ အထူးတာဝန်ကို ထမ်းဆောင်ရပါလိမ့်မယ်။"

"ဧကရာဇ်ဇီဝေးရဲ့ အံ့ဖွယ်စိတ်ဆန္ဒကို အနိုင်ယူပြီး သူ့မျက်နှာကို မြေကြီးနဲ့ မိတ်ဆက်ပေးလိုက်ပါ။"

"မစ်ရှင်အောင်မြင်ပါက ကျင့်စဉ်များအတွက် မဲနှိုက်ခွင့်လက်မှတ်တစ်ခု ရရှိမှာ ဖြစ်ပါတယ်။"

"မစ်ရှင်ကျရှုံးပါက လက်ခံသူရဲ့ အဝတ်အစားတွေက တစ်နှစ်လုံးလုံး တစ်ရာရာခိုင်နှုန်း ဖောက်ထွင်းမြင်နေရပါလိမ့်မယ်။"

"မှတ်ချက်: ဤမစ်ရှင်ကို ငြင်းပယ်ခွင့်မရှိပါ။"

အန်လင်း: "......."

စစ်နတ်ဘုရားရဲ့ အစစ်အမှန်ပုံစံ.....စနစ်က ငါ့ကိုစစ်နတ်ဘုရားအဖြစ် လက်ခံလိုက်တာလား.....ဒါက ကျေနပ်စရာပဲ....

ယီးကိုကျေနပ်စရာပါလား....ဒါကြီးကို ငါဘယ်လိုပျော်နိုင်မှာလဲ.....

ဧကရာဇ်ဇီဝေးရဲ့ မျက်နှာကို မြေကြီးနဲ့ မိတ်ဆက်ပေးရမယ်တဲ့လား....ဘာလို့များ ငါ့ကိုယ်ငါ တခါတည်း သတ်သေလိုက်ဖို့ မပြောတာလဲ.....

ပြီးတော့ မစ်ရှင်ကျရှုံးရင် ခံရမယ့် ပြစ်ဒဏ်ကြီးကရောဘာလဲ....ငါက တစ်နှစ်လုံး ဖင်ကြီးပြောင်နေရမှာလား.....အဲ့လိုသာဆို လူတွေက ငါ့ကို အာရုံစိုက်ခံချင်တဲ့အရူးလို့ ထင်ကြတော့မှာပဲ....

အန်လင်းသည် မစ်ရှင်၏ ဟာသဆန်သော အချက်များကြောင့် ဒေါသထွက်နေမိသည်။ မစ်ရှင်သာ ကျရှုံးသွားပါက ဖောင်ပြင်သော တဏှာရူး ဖြစ်သွားရပေလိမ့်မည်။ ထိုအချိန်သို့ရောက်လျှင် သူ၏ဂမ်ဒမ်နှစ်ကောင်နှင့်သာ ဂူပိတ်နေရကိန်း ရှိသည်။

တွေ့ကြည့်တော့မှ ဂမ်ဒမ်တွေက သိပ်မဆိုးဘူးပဲ....အနည်းဆုံးတော့ ငါ့ကို တဏှာရူးလို့ ပြောကြမှာ မဟုတ်ဘူး.....

တစ်ယောက်တည်း ပြုံးလိုက်မဲ့လိုက် ဖြစ်နေသော အန်လင်းအားကြည့်ကာ ဧကရာဇ်ဇီဝေး စကားဆိုလိုက်သည်။

"အန်လင်း....မင်းစိတ်ဆုံးဖြတ်ပြီးပြီလား။ တိုက်ပွဲ စလိုက်ကြရအောင်။"

အန်လင်း အသိစိတ် ပြန်ဝင်လာကာ မဲ့ပြုံးပြုံးသည်။

"အဲ့တော့ တိုက်ပွဲမစခင် စွမ်းအင်ကန့်သတ်ချက်ကို ဖယ်လို့မရဘူးပေါ့။"

ဧကရာဇ်ဇီဝေး ပြုံးကာခေါင်းခါပြလိုက်သည်။

"မရဘူး....အဲ့ဒါက အင်မော်တယ်စိတ်ဝိဉာဉ်မျှော်စင်ရဲ့ စည်းကမ်းပဲလေ။ အန်လင်း....မင်းကတိုက်ပွဲကနေ ရှောင်ပြေးမယ့်သူမျိုး မဟုတ်ပါဘူး။ ငါမင်းကိုယုံတယ်။"

သူသည် အန်လင်း၏ တိုက်ပွဲစွမ်းရည်အား စမ်းသပ်ချင်ခဲ့ပါသော်လည်း အခွင့်အရေး မရရှိခဲ့ပေ။

ဝုန်း.....

ကျယ်လောင်လှသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။

အန်လင်းသည် အသံလှိုင်း အကာအကွယ်အား ဖြတ်ကျော်ကာ ဧကရာဇ်ဇီဝေးရှေ့သို့ ချက်ချင်းရောက်ရှိသွားသည်။

သူသည် အထွဋ်အထိပ် မြေကြာပန်းအတတ်အား အမြင့်ဆုံးထိ မြှင့်တင်ကာ ရွှေရောင်လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

ဧကရာဇ်ဇီဝေး ပြုံးကာခေါင်းညိတ်သည်။

"အရမ်းကောင်းတယ်.....မင်းက တိုက်ပွဲအတွက် အသင့်ဖြစ်နေပြီပဲ။"

အန်လင်း၏ တိုက်ခိုက်မှုကြောင့် ဧကရာဇ်ဇီဝေးမှာ ခရမ်းရောင်တိမ်တိုက်များအဖြစ် ပေါက်ကွဲသွားပြီး ရုတ်ချည်းဆိုသလို ပြန်လည်ဖြစ်ပေါ်လာကာ တောက်ပနေသော ရွှေလက်ညှိုးဖြင့် အန်လင်း၏ခါးကို ထိုးလိုက်သည်။

"အံ့ဖွယ်ရွှေလက်ချောင်း...."

ဝုန်း.....

ပြင်းထန်လှသော စွမ်းအင်များနှင့်အတူ အန်လင်းသည်လည်း အဝေးသို့ လွင့်ထွက်သွားရသည်။

သူသည် ခါးရှိနာကျင်မှုအား လျစ်လျစ်ရှုကာ လျှပ်စီးခြယ်လှယ်နည်းစနစ်ဖြင့် စုစည်းထားသော လျှပ်စီးများကို ထုတ်ဖော်လိုက်သည်။ ရွှေရောင်ဟာလာပြင်လျှပ်စီးများမှာ လျှပ်စီးတိုးချဲ့ခြင်းနည်းလမ်းနှင့် ပေါင်းစည်းသွားပြီးနောက် ဧကရာဇ်ဇီဝေးထံ ပျံဝဲသွားသည်။

ရွှေရောင်ဟာလာပြင်လျှပ်စီးမှာ ရွှေရောင်လျှပ်စီးဓားအဖြစ် ပြောင်းလဲကာ ဧကရာဇ်ဇီဝေး၏ ဦးခေါင်းပေါ် ကျဆင်းလာသည်။

"ခရမ်းရောင်ဟာလာပြင်တံတား....."

ဧကရာဇ်ဇီဝေးမှာ ခရမ်းရောင် အလင်းများ တောက်ပနေသော လက်ညှိုးအား ထုတ်လိုက်သည်နှင့် ခရမ်းနက်ရောင် အလုံးတစ်ခု ဖြစ်ပေါ်လာသည်။

တစ်ချိန်တည်းမှာပင် ခရမ်းနက်ရောင် အလုံးနောက်တစ်ခုမှာ အန်လင်းရှေ့ ထွက်ပေါ်လာသည်။

အန်လင်း ကျောရိုးများပင် အေးစိမ့်သွားရလေသည်။

ဧကရာဇ်ဇီဝေး၏ အရှေ့တွင်ရှိနေသော ခရမ်းနက်ရောင်အလုံးနှင့် ထိတွေ့သွားသည့် ရွှေရောင်ဟာလာပြင်လျှပ်စီးမှာ အန်လင်းရှေ့သို့ ပြန်လည်ပေါ်ထွက်လာသည်။

အဖြစ်အပျက်များမှာ လျင်မြန်လွန်းလှသောကြောင့် အန်လင်းမှာ လျှပ်စီးခြယ်လှယ်နည်းစနစ်အား မသုံးလိုက်နိုင်ပေ။

ဝုန်း....

ကြောက်မက်ဖွယ် ရွှေရောင်ဟာလာပြင်လျှပ်စီး ထိမှန်သွားသောကြောင့် အန်လင်း နာကျင်စွာ အော်ဟစ်လိုက်ရသည်။

သူသည် မြေပြင်ပေါ်တွင် တုန်ရီနေပြီး အနက်ရောင် မီးခိုးငွေ့များ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည်။

မိုးကြိုးကပ်ဘေး ပြီးဆုံးသွားပြီးနောက် ရွှေရောင်ဟာလာပြင်လျှပ်စီး ထိမှန်ခြင်းအား ထပ်ခံရလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ အဖျက်စွမ်းအင်များ နေရာအနှံ့ ပျံ့နှံ့နေပြီး စစ်နတ်ဘုရား ခန္ဓာသာ ရှိမနေပါက ရင်ဘတ်တွင် အပေါက်ကြီးတစ်ခုပင် ဖြစ်နေလောက်ပြီ ဖြစ်သည်။

အန်လင်း အူကြောင်ကြောင်နှင့် စိတ်ညစ်သွားရသည်။ သူသည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပါသော်လည်း ဧကရာဇ်ဇီဝေးအား တစ်ချက်ကလေးပင် မထိရသေးသည်ကို မယုံကြည်နိုင် ဖြစ်နေမိလေသည်။

All Chapters