စုမင်၏ တန်ပြန်တိုက်ခိုက်မှု
Vol. 23 Ch. 307
စုမင်ပုံစံသည် ပုံမှန်ကဲ့သို့ပင် အေးဆေးတည်ငြိမ်နေသည်။ တစ်ခုတည်းသော အပြောင်းအလဲသည် သူ့မျက်ခုံးများ အနည်းငယ်တွန့်ချိုးသွားခြင်းသာ ဖြစ်သော်လည်း ထိုအရာက မကြာမီမှာပင် ပြန်လည်ပျောက်ကွယ်သွားခဲ့သည်။ အကယ်၍ လေလံဆွဲနေသူသည် အခြားသူတစ်ဦးသာဖြစ်ပါက သူ၏ ကြိုးကြာအပေါ် စိတ်ဝင်စားမှုကြောင့် လေလံဝင်ဆွဲဖြစ်လောက်သည်။
သို့သော် လေလံဆွဲနေသူသည် ထျန်းလန်မုန်ဖြစ်နေပြီး သူမ ကျောက်ဒင်္ဂါး ၅၀၀၀၀၀ဖြင့် စတင်ဈေးပေးခဲ့ချိန်မှစ၍ စုမင် ပါးစပ်မဟတော့ရန်သာ ဆုံးဖြတ်လိုက်တော့သည်။
သို့သော် သူပါးစပ်မဟခဲ့လျှင်တောင် အခန်းအတွင်းရှိ အခြားသူများ လေလံဝင်မဆွဲဟုတော့ ဆိုလိုခြင်းမဟုတ်ပေ။ ဘေးမှ ကျီရှန်သည် စုမင်မျက်ခုံးများ၏ အနည်းငယ်တွန့်ချိုးသွားမှု ပြန်လည်ပျောက်ကွယ်မသွားခင် သတိပြုမိလိုက်ချေသည်။ သူမမျက်လုံးများထဲတွင် သတိပြုမိနိုင်ရန် ခဲယဉ်းသည့် တောက်ပမှုတစ်ခုဖြစ်ပေါ်သွားပြီး ပေါ့ပါးသော ရယ်သံလွင်လွင်လေးနှင့်အတူ ညင်သာစွာပြောဆိုလိုက်သည်။
“၇၀၀၀၀၀”
ထျန်းလန်မုန်လေလံဆွဲလိုက်သည့် အချိန်တွင် လေလံခန်းမက တိတ်ဆိတ်သွားခဲ့သည်။ လူအများစုသည် သူမ၏အဆင့်အတန်းကို သတိထားနေကြခြင်းဖြစ်ပြီး သူမနှင့်မယှဉ်ပြိုင်သင့်ဟုသော အတွေးများဖြစ်ပေါ်နေကြခြင်း ဖြစ်သည်။ အဆုံးတွင်တော့ ဤပစ္စည်းသည်လည်း သူတို့အတွက် များစွာအသုံးဝင်မည့်ပုံ မပေါ်ချေ။
ထို့ကြောင့်ပင် ကျီရှန်အသံက တိတ်ဆိတ်မှုကို ချိုးဖျက်သွားသောအခါ ၎င်းက လေလံခန်းမအတွင်းရှိ လူအုပ်၏အာရုံကို ချက်ချင်းဖမ်းစားသွားခဲ့သည်။ မျက်လုံးအစုံပေါင်းများစွာသည် နဝမအခန်း၏ လသာဆောင်ထံသို့ ချက်ချင်းလှည့်ကြည့်လိုက်ကြသည်။
စုမင်သည် ထိုနေရာတွင်ရပ်နေပြီး စုမင်ဘေးတွင်တော့ သူ့အားပြုံးလျက်ကြည့်နေသည့် ကျီရှန် ရပ်နေခဲ့သည်။
သူမ၏ အမူအယာကြောင့် သူမသည် စုမင်၏အမိန့်များကို လိုက်နာနေခဲ့ရသည့်ပုံ ပေါ်နေခဲ့၏။
နဝမအခန်း၏ လသာဆောင်မှ မြင်ကွင်းကို မြင်လိုက်ချိန်တွင် လူအများစု၏ ရင်ထဲ၌ ပေါ်လာသည့် ပထမဆုံးအတွေးမှာ စုမင်သည် ထိုအမျိုးသမီးအား လေလံဆွဲရန် အမိန့်ပေးခဲ့ခြင်းဟူ၍ပင်။
ထျန်းလန်မုန်၏ ခေါင်းလည်းမော့လာခဲ့သည်။ သူမသည် လသာဆောင်တွင်ရပ်နေသော စုမင်ထံတစ်ချက်ကြည့်လိုက်ပြီးသည်နှင့် သူ့ဘေးရှိ ကျီရှန်ထံသို့ တည်ငြိမ်စွာလှမ်းကြည့်လိုက်သည်။
“၁၀၀၀၀၀၀” ထို့နောက် အသာအယာပြောလိုက်၏။
“အစ်ကိုစု၊ ရှင် အဲဒါကို လိုချင်သေးတုန်းလား” နဝမအခန်းထဲတွင် ကျီရှန်သည် သူမ၏ပါးစပ်ကိုအုပ်ကာ ပြုံးလိုက်ပြီး စုမင်အား လှည့်ကြည့်လိုက်သည်။
စုမင် ထိုအမျိုးသမီးကို အေးစက်စွာကြည့်လိုက်သည်။ သူမ၏ လုပ်ရပ်များသည် စက်ဆုပ်ဖွယ်ကောင်းလောက်အောင် ယုတ်မာလှသည်။ ထိုအမျိုးသမီးသည် သူ့ဘေးတွင် ရပ်လျက် သူနှင့် ထျန်းလန်မုန်အကြား မုန်းတီးမှုတစ်ခုကို ဖန်တီးခဲ့သည်။ ထို ကျောက်ဒင်္ဂါး ၇၀၀၀၀၀ ဟု ပေါ့ပေါ့တန်တန် တင်လိုက်သောဈေးကြောင့် ထျန်းလန်မုန်သည် သူမ မူလသုံးရန်လိုအပ်ခဲ့သည်ထက် တစ်ဆပိုမို အကုန်အကျခံလိုက်ရချေပြီ။
“မလိုချင်ဘူး” စုမင် အကြည့်ပြန်လွှဲကာ တည်ငြိမ်စွာ ပြောသည်။
ကျီရှန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။ စုမင် သေချာပေါက် ဒေါသထွက်သွားလိမ့်မည်ဟု သူမ ထင်ထားခဲ့ခြင်း ဖြစ်သည်။ အပြင်ပန်းတွင် အမျက်ဒေါသထွက်ဟန် ပေါ်မလာခဲ့လျှင်တောင် အကယ်၍ စုမင်သည် ဒေါသအချို့အား မတော်တဆ ထုတ်ဖော်ပြသမိခဲ့မည်ဆိုလျှင် သူမအစီအစဉ်များ အောင်မြင်သွားသည်ဟု ပြောဆိုနိုင်ပေသည်။
အမှန်စင်စစ်တော့ စုမင်အား ဘာပြန်ပြောရမလဲဆိုသည်ကိုပင် သူမစိတ်ထဲတွင် တွေးတောထားခဲ့ပြီးဖြစ်သည်။ သူမလုပ်ခဲ့သောအရာအတွက် စုမင်တုန့်ပြန်ပြောဆိုနိုင်လိမ့်မည်ဟု သူမ မထင်ခဲ့သလို ထိုအရာအတွက် သူမကိုအပြစ်တင်နိုင်လိမ့်မည် မဟုတ်ဟုလည်း ယုံကြည်နေခဲ့ခြင်းဖြစ်သည်။ အဆုံးတွင်တော့ သူမလုပ်ခဲ့သမျှ အရာအားလုံးသည် သူ့အတွက်ပင်ဖြစ်သည်။ အပေါ်ယံတွင်တော့ ဤအရာက ထိုကဲ့သို့ပင်...
သို့သော် ယခုတော့ အတန်ငယ်အေးစက်သွားသည့် စုမင်အကြည့်မှအပ အခြားမည်သည့်အပြောင်းအလဲမှ သူမ မတွေ့ခဲ့ရပေ။ ထိုအရာက ကျီရှန်အား သူမရှေ့ရှိ အမျိုးသားသည် နားလည်ရခက်သည်ဟု တွေးထင်မိသွားစေပြီး သူ့လုပ်ရပ်များကို သူမ မခန့်မှန်းနိုင်ဟူသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့ရသည်။
အဆုံးတွင် မြက်ကြိုးကြာအား ထျန်းလန်မုန်ဝယ်ယူသွားခဲ့သည်။ သူမ မူလကမ်းလှမ်းခဲ့သော ဈေးထက် နှစ်ဆ ပေးချေခဲ့ရသည်ဆိုလျှင်တောင် ထိုအရာက သူမအတွက် ဘာမျှမဟုတ်ချေ။
အခြကမ္ဘာများမှလာသော ဤကြိုးကြာသည် သူမအား တာအိုနှင့်ပက်သက်၍ ဉာဏ်အလင်းပွင့်စေနိုင်မည်လား ဆိုသည့်အချက်ပေါ်တွင်သာ သူမ စိတ်ဝင်စားပေသည်။
အပြာရောင်ဆံပင်နှင့် အဘိုးအို၏ အသံအောက်တွင် လေလံပွဲအား ဆက်လက်ကျင်းပခဲ့သည်။ ပစ္စည်းများကို အဆက်မပြတ်ထုတ်ယူလာခဲ့ပြီး လေလံခန်းမအတွင်း ရေသူမများနှင့် ပင်လယ်နဂါးများ ကူးခတ်နေကြသည်နှင့်အမျှ လူအုပ်အတွင်း၌ အသံများတစ်ဖြည်းဖြည်း မြင့်တက်ထွက်ပေါ်လာခဲ့ပြီး ငြိမ်ကျသွားခဲ့ခြင်း မရှိပေ။ သန်မာသော ပြိုင်ဆိုင်မှုလေထုတစ်ခုသည်လည်း သူတို့အကြား တစိဖြည်းဖြည်းဖြစ်ပေါ်လာခဲ့ပြီး လေလံခန်းမတစ်ခုလုံး ထိုလေထုဖြင့် ပြည့်နေခဲ့သည်။
ကျီရှန်သည် သူမ စုမင်အား နားမလည်နိုင်ကြောင်း တစ်ဖြည်းဖြည်းသိလာခဲ့သည်။ သူမအနီးတွင်ရပ်နေသော ဤအမျိုးသားသည် ပစ္စည်းတစ်ခုခန့်တောင် လေလံဝင်ဆွဲခြင်း မပြုခဲ့ပေ။ သူသည် ထိုနေရာတွင်ရပ်လျက် အခြားသူများထုတ်ယူလာသော ပစ္စည်းများကိုသာ ငြိမ်သက်စွာကြည့်နေခဲ့သည်။
နာရီပေါင်းများစွာကြာပြီးနောက်... လေလံခန်းမအတွင်းရှိ အပြင်းအထန်ပြိုင်ဆိုင်မှုများကြောင့် ဧရိယာတစ်ခုလုံး ဆူညံသံများဖြင့် ပြည့်နေသဖြင့် ထိုနေရာအား မမြင်ရသည့် စွမ်းအားတစ်ခု ဖုံးလွှမ်းနေပုံ ပေါ်နေခဲ့သည်။ ၎င်းက လူတို့၏ စိတ်ခံစားချက်များအပေါ် သက်ရောက်မှုရှိနေပြီး ထိုနေရာရှိ လူများအား လေလံတင်ရောင်းချသည့် ပစ္စည်းများအတွက် ရူးသွပ်သွားစေရန် ပြုလုပ်နေခဲ့သည်။
သို့သော် စုမင်ကမူ ရေသေကဲ့သို့ တည်ငြိမ်နေဆဲပင်။ သူသည် ထိုနေရာတွင် ရပ်လျက် သက်ရောက်ခြင်းမခံရသလိုသာ စောင့်ကြည့်နေခဲ့သည်။
‘ဒီလူက အေးဆေးတည်ငြိမ်ပုံ ပေါ်ပေမယ့် အမှန်တော့ တော်တော်အတွေ့အကြုံ နုနယ်သေးတာပဲ။ အတွေ့အကြုံများသလို ပြုမူနေပေမယ့် လေလံပွဲထဲမှာ သူသာ တစ်ကြိမ်လောက် လေလံဝင်ဆွဲလိုက်မယ်ဆိုရင် သူက သေချာပေါက် အာရုံစိုက်မှုတွေကို ဆွဲဆောင်သွားလိမ့်မှာဖြစ်ပြီး သူ့အတွက် ဘယ်သူမှ ယှဉ်ပြိုင်ခြင်းမရှိပဲ တစ်စုံတစ်ရာကိုရနိုင်ဖို့ ခက်ခဲလိမ့်မယ်’
‘သူက ပစ္စည်းတိုင်းလိုလို လေလံဝင်ဆွဲနေတဲ့သူတွေနဲ့မတူဘူး။ အဲဒီလူတွေအတွက်တော့ သူတို့လိုချင်တာကိုရဖို့ ပိုလွယ်လိမ့်မယ်’
ကျီရှန် စုမင်အား တစ်ချက်ခိုးကြည့်ပြီးနောက် အကြည့်ပြန်လွှဲလိုက်သည်။
ထိုအခိုက်အတန့်မှာပင် လေလံခန်းမအလယ်ရှိ ကျောက်တိုင်ထက်တွင်ရပ်နေသော အပြာရောင်ဆံပင်နှင့်အဘိုးအိုထံမှ အသာအယာ ချောင်းဟန့်သံအချို့ ထွက်ပေါ်လာခဲ့သည်။ ထိုအရာက ဧရိယာအတွင်းပြည့်နေသည့် တင်းမာသောလေထုကို အနည်းငယ် လျော့ပါးသွားစေပြီး လူများအနည်းငယ်ငြိမ်ကျသွားသည်နှင့် တစ်ပြိုင်နက် အဘိူးအို၏အသံက အရပ်မျက်နှာအနှံ့သို့ နောက်တစ်ဖန် ထပ်မံပျံ့နှံံသွားသည်။
“သင်တို့ရဲ့ သဘောထားကြီးမှုအပေါ် အရမ်းကျေးဇူးတင်မိပါတယ်၊ အေးခဲကောင်းကင်မျိုးနွယ်စုဝင် မိတ်ဆွေတို့။ ကျုပ်တို့ ယခင်ထုတ်ယူခဲ့တဲ့ တန်ဖိုးကြီးရတနာတွေကိုတော့ ရောင်းချလို့ပြီးသွားခဲ့ပြီ။ ကျွန်တော် နောက်ထုတ်ယူလာမယ့်ပစ္စည်းအတွက်လည်း အတူတူပဲဖြစ်လိမ့်မယ်လို့ ယုံကြည်မိပါတယ်”
“ဒါပေမယ့် မင်းတို့အားလုံးကို သတိပေးထားရဦးမယ်။ ဒီပစ္စည်းက မင်းတို့အားလုံးအကြား ပြိုင်ဆိုင်မှုကို ပိုပြင်းထန်စေလိမ့်မှာမို့ အဲဒီအတွက် ပြင်ဆင်ထားကြနော်” ဆံပင်ပြာအဘိုးအိုသည် စကားပြောပြီးသည်နှင့် ညာလက်ကို အလျင်အမြန်မြှောက်လိုက်သည်။
“အဲဒါကို ယူလာခဲ့”
အဘိုးအိုစကားပြောပြီးသည်နှင့် တစ်ပြိုင်နက် ပေရာပေါင်းများစွာဧရိယာအား ပျံ့နှံ့နေသည့် တွန့်လိမ်ပုံပျက်နေသော လှိုင်းဂယက်ငယ်များသည် အဘိုးအိုနောက်၌ ရုတ်တရက်ထွက်ပေါ်လာသည်။ ထိုလှိုင်းတွန့်များအတွင်းမှ အသံများထွက်ပေါ်လာပြီး ၎င်းတို့အတွင်းမှ လူကိုးယောက် ဖြည်းညင်းစွာထွက်လာခဲ့သည်။ ထိုလူကိုးယောက်လုံးသည် သန်မာထွားကြိုင်းသူများဖြစ်ပြီး သူတို့၏ ပုခုံးများပေါ်တွင် ရှည်လျားသောလှံတံရှည်ကြီးတစ်ချောင်းကို သယ်ဆောင်ထားကြသည်။ ထိုလူအားလုံး လှိုင်းဂယက်များအပြင်သို့ထွက်လာသည်နှင့် တစ်ပြိုင်နက် ပေ၁၀၀ခန့်ရှည်လျားသော ဧရာမအနက်ရောင်လှံကြီးသည်လည်း လူအုပ်ရှေ့သု့ိ ပေါ်ထွက်လာခဲ့ချေသည်။
၎င်းထွက်ပေါ်လာသည်နှင့် အံ့အားသင့်ဖွယ် သတ်ဖြတ်ခြင်းအရှိန်အဝါတစ်ခုသည်လည်း ဧရိယာတစ်ခုလုံးကို ပျံ့နှံ့ဖုံးလွှမ်းသွားသဖြင့် လေလံခန်းမအတွင်း ရှိနေသူများအားလုံး စူးရှစွာအော်ဟစ်မြည်ကြွေးသံတစ်သံကို ကြားလိုက်ကြရသည်။
ကျင့်ကြံဆင့်မြင့်မားသူအချို့ဆိုလျှင် ၎င်းလှံရှည်ပေါ်တွင် စုဝေးနေသည့် အငြိုးတကြီး ဝိညာဉ်ပေါင်းများစွာ၏ ဝေဝါးဝါးအရိပ်များကိုပင် တွေ့မြင်နေရလေသည်။ ၎င်းတို့သည် လှံရှည်ပတ်လည်တွင် လှုပ်ရှားနေကြပြီး နာကျင်စွာအော်ဟစ်လျက်ရှိသည်။
“ကောင်းကင်ရှာမန် လှံရှည်”
“ဒါက... ဒီပစ္စည်းအကြောင်းကို ငါအရင်က ရှေးဟောင်းစာလိပ်အချို့ထဲမှာ ဖတ်ဖူးတယ်။ အမှန်ပဲ၊ သံသယဝင်စရာ မလိုဘူး။ အဲဒါက ကောင်းကင်ရှာမန် လှံရှည်ပဲ”
“လွန်ခဲ့တဲ့ နှစ်တစ်ထောင်တုန်းက လူရိုင်းမျိုးနွယ်စုက ကောင်းကင်မြူခိုးအတားအဆီးထဲကို အကြီးအကျယ် ကျူးကျော်ခဲ့ပြီး အထူးနည်းလမ်းတစ်ခုကို သုံးလို့ ကောင်းကင်ရှာမန် လှံရှည်ကိုးခုကို ဖန်တီးခဲ့တယ်။ ကောလဟာလတွေအရတော့ အဲဒီ ကောင်းကင်ရှာမန် လှံရှည်တစ်ခုစီတိုင်းမှာ ကောင်းကင်နဲ့မြေပြင်ကိုတောင် လှုပ်ခါနိုင်တဲ့ မယုံနိုင်ဖွယ်စွမ်းအားတွေ ပါတယ်တဲ့။ သူတို့က... မာန်ဝိညာဉ်နယ်ပယ်က လူတွေကိုတောင် သတ်နိုင်တယ်ဆိုပဲ”
လူများအကြားမှ ဆူညံသံများထွက်ပေါ်လာပြီး လေလံခန်းမတစ်ခုလုံး သူတို့အသံများဖြင့် ပြည့်နှက်သွားသည်။ များစွာသော ပရိသတ်များသည် မယုံကြည်နိုင်စွာဖြင့် အလိုလိုမတ်တပ်ထရပ်လိုက်မိကြသည်။
ဆံပင်ပြာအဘိုးအို၏ မျက်နှာပေါ်တွင် ဂုဏ်ယူဟန်အရိပ်အယောင်တစ်ခု ပေါ်လာခဲ့သည်။ ဤပစ္စည်းအား လေလံတင်ရောင်းချရန် သင့်မသင့်နှင့်ပက်သက်၍ အနောက်ပိုင်းပင်လယ်ကလန်အတွင်းမှာပင် ဆွေးနွေးမှုများစွာ ပြုလုပ်ခဲ့ရပြ အဆုံးတွင်တော့ ၎င်းကို အေးခဲကောင်းကင်နယ်မြေသို့ ပို့သင့်ကြောင်း ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြလေသည်။
“ဒီပစ္စည်းက တစ်ကယ့်ကို ကောင်းကင်ရှာမန် လှံရှည်ပါပဲ။ မှားစရာအကြောင်းမရှိပါဘူး။ ကျွန်တော်တို့ အနောက်ပိုင်းပင်လယ်ကလန်က ဒီပစ္စည်းကို သေချာစိစစ်လေ့လာပြီးပါပြီ။ အကယ်၍ မင်းအနေနဲ့ ဒါကို အသုံးပြုချင်တယ်ဆိုရင်တော့ ပထမဆုံးအနေနဲ့ ယဇ်ပူဇော်ပေးရလိမ့်မယ်။ ပြီးရင်တော့ အဲဒါက မာန်ဝိညာဉ်နယ်ပယ်မှာရှိတဲ့ အစွမ်းထက်မာန်စွမ်းအားရှင်တစ်ယောက်ကိုတောင် ဖျက်ဆီးနိုင်သွားပြီပဲ”
“ဒါပေမယ့် ဒီပစ္စည်းက ရှိနေတာအချိန်အတော်ကြာသွားပြီ ဖြစ်တဲ့အပြင် ရှာမန်တွေမှာလည်း ဒီလှံရှည် ဖန်တီးပြုလုပ်ဖို့ နည်းလမ်းပျောက်ဆုံးသွားခဲ့ပြီ ဖြစ်တာကြောင့် ဒီလှံရှည်ကို နောက်ထပ်တစ်ကြိမ်ပဲ အသုံးပြုနိုင်လိမ့်မယ်။ တစ်ကြိမ်သုံးပြီးရင်တော့ ဒါက ဖုန်မှုန့်တွေအဖြစ် ပြိုကွဲပြီး ပျက်စီးပျောက်ကွယ်သွားလိမ့်မယ်”
“ဒါပေမယ့် မင်းတစ်ကြိမ်ပဲ သုံးနိုင်တော့မယ်ဆိုရင်တောင် အကယ်၍ မင်းမှာသာ ဒါရှိနေမယ်ဆိုရင်၊ မာန်ဝိညာဉ်နယ်ပယ်က လူတွေတောင် မင်းကိုသတိထားရလောက်တဲ့အထိ သန်မာတဲ့အစွမ်းတစ်ခု ပိုင်ဆိုင်ထားသလိုပဲပေါ့။ ဒီပစ္စည်းနဲ့သာဆိုရင် ကောင်းကင်မြူခိုးလူရိုင်း အမဲလိုက်ပွဲထဲမှာတောင် မင်းသေခြင်းတရားကနေ တစ်ကြိမ်လွတ်မြောက်နိုင်လိမ့်မယ်”
“ဒီပစ္စည်းအတွက် ကြမ်းခင်းဈေးက ၁၀၀၀၀၀၀ ပါ။ မင်းတို့ အခု လေလံစဆွဲနိုင်ပါပြီ” အဘိုးအိုသည် လက်ကို ဝှေ့ယမ်းလိုက်ရာ၊ အဘိုးအို စကားပြောပြီးသည့် အခိုက်အတန့်မှာပင် လေထဲသို့ အော်ဟစ်လေလံဆွဲသံများ ချက်ချင်းမြင့်တက်ထွက်ပေါ်လာခဲ့သည်။
“၁၅၀၀၀၀၀”
“၂၀၀၀၀၀၀”
“၂၃၀၀၀၀၀”
“၂၇၀၀၀၀၀”
“၃၅၀၀၀၀၀”
လေလံခန်းမအတွင်း စိတ်လှုပ်ရှားစွာအော်ဟစ်သံများ ဆက်လက်ထွက်ပေါ်နေခဲ့သည်။ နဝမမြောက်အခန်းထဲတွင် ကျီရှန်သည် ခဏတာတွန့်ဆုတ်နေပြီးနောက် စုမင်ကို လှမ်းကြည့်လိုက်သည်။ သို့သော် သူမအမြင်တွင်တော့ စုမင်သည် ပုံမှန်အတိုင်းသာ ရှိနေဆဲဖြစ်ပြီး မည်သည့်အရာမှ ပြောင်းလဲသွားပုံမရချေ။
“အစ်ကိုစု၊ အကယ်၍ ရှင်ဒါကိုကြိုက်ရင်၊ ကျွန်မ ရှင့်အတွက် ဝယ်ပေးနိုင်ပါတယ်...”
“မင်းဆရာက ငါ့အတွက် ပစ္စည်းတစ်ခုကိုပဲ ဝယ်ပေးမှာ၊ ဟုတ်တယ်မလား” စုမင် ကျီရှန်ကို တစ်ချက်လှည့်ကြည့်လိုက်သည်။
“တစ်ကြိမ်တည်းပါ” ကျီရှန် ခေါင်းညိတ်ပြမိသည်။
“ဘယ်အရာပဲ ဖြစ်ဖြစ်လား” စုမင် ပြုံးလိုက်သည်။
“ရှင်ကြိုက်တဲ့ ဘယ်အရာပဲ ဖြစ်ဖြစ်ပါ၊ အစ်ကိုစု” ကျီရှန် မေးကို ချီမော့ကာ ပြောလိုက်သည်။ သူမအသံက အလွန်နားဝင်ချိုနေခဲ့၏။
“ဒါပေမယ့် ငါမင်းကို မယုံဘူး။ စာရွက်ပေါ်မှာရှိတာတွေကိုပဲ ငါယုံတယ်” ထိုသို့ပြောပြီးသည်နှင့် စုမင်သည် ညာလက်ကိုမြှောက်၍ ရဂ်ဘတ်ထဲမှ အဖြူရောင်သားရဲအရေတစ်ခုကို ထုတ်ယူလိုက်ပြီး ၎င်းကို စားပွဲပေါ်တွင်ဖြန့်ကာ ကျီရှန်အားလှည့်ကြည့်လိုက်သည်။
ကျီရှန်သည် ခဏတာတွန့်ဆုတ်သွားသော်လည်း သူမဆရာ၏ အမိန့်များကို ပြန်လည်အမှတ်ရသွားသည်နှင့် စုမင်စကားများကို ဆက်စဉ်းစားမနေတော့ပဲ စာရွက်ဆီသို့ လျှောက်သွားလိုက်သည်။ သူမ ညာလက်ညှိူးဖြင့် စုတ်ချက်အနည်းငယ် ဆွဲသားလိုက်ရာ သားရဲအရေပေါ်တွင် လှပသောစာလုံးများ ပေါ်လာခဲ့သည်။ သူတို့ပြုလုပ်ထားသော ကတိစကားကြောင့် စာလုံးများကို ရေးချပြီးသည်နှင့် သားရဲအရေပေါ်သို့ သူမလက်ဝါးကို ဖိချလိုက်ပြီး လက်ဗွေတစ်ခု ချန်ထားလိုက်သည်။
“ဒါဆိုရင်တော့ အခု... ငါမင်းကို ဝယ်လို့ရပြီလား မိန်းကလေးကျီရှန်” စုမင်သည် သားရဲအရေစာလိပ်ကို သိမ်းလိုက်ရင်း အပြုံးတစ်ခုဖြင့် ကျီရှန်အားကြည့်နေခဲ့သည်။
ကျီရှန်သည် စုမင်စကားများကြောင့် ခဏတာ အံ့အားသင့်မင်သက်သွားသော်လည်း မကြာမီမှာပင် သူမမျက်နှာက မည်းမှောင်သွားခဲ့ရသည်။
“အစ်ကိုစု ဟာသတွေမပြောပါနဲ့။ ကျွန်မပြောနေတာက လေလံပစ္စည်းတွေကိုပါပဲ။ ဒါ့အပြင် ရှင်ကျွန်မကို ဝယ်ချင်တယ်ဆိုရင်တောင် အကျိုးဆက်တွေကို ခံနိုင်ရည်ရှိမှာမဟုတ်ဘူးနော်” ကျီရှန်၏ နှလုံးသားအတွင်း မကျေနပ်မှုများဖြင့် ပေါက်ကွဲနေပြီး သူမအမူအယာက အလွန်အေးစက်လာခဲ့သည်။
“ဈေးပြော” စုမင်သည်တော့ ကျီရှန်၏ အေးစက်စက်အသံကြောင့် စိတ်အနှောင့်အယှက် ဖြစ်မသွားခဲ့ချေ။ ထိုအစား အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။
“ရှင်...” ကျီရှန် စုမင်အား စူးရဲစွာစိုက်ကြည့်လိုက်သည်။ ဤအရာသည် သူမတစ်ခါမှ မကြုံဖူးသောအရာဖြစ်ပြီး ထိုအရာက သူမအား ပြန်လည်မချေပနိုင်ပဲ ဆွံ့အသွားစေခဲ့သည်။
ထိုအခိုက်အတန့်မှာပင် အပြင်ဘက်မှ လူတို့၏ လေလံဆွဲနေကြသံများက အချိန်နှင့်အမျှ ပိုမိုကျယ်လောင်လာခဲ့သည်။ လှံရှည်ပေါ်ထွက်လာမှုသည် များစွာသောလူများအား လှုပ်လှုပ်ရွရွ ဖြစ်သွားစေပြီး သူတို့ပါးစပ်များကိုဖွင့်၍ လေလံဈေးများကို အော်ဟစ်မိသွားစေ၏။
“၈၆၀၀၀၀၀”
“၉၄၀၀၀၀၀”
“၁၀၀၀၀၀၀၀”
၁၀၀၀၀၀၀၀ အထိ လေလံဈေးတင်လိုက်သော အသံသည် စုမင်၏အခန်းကဲ့သို့ အလားတူ အခန်းတစ်ခန်းမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ထိုအခန်းက တတိယမြောက်အခန်းဖြစ်သည်။ အခန်းအတွင်းမှ ထွက်ပေါ်လာသောအသံသည် သိမ်မွေ့ညင်သာသော်လည်း ထိုသူ့အသံအတွင်း မည်သူမှ ပြန်လည်မချေပနိုင်မည့် အားတစ်ခု ပါဝင်နေခဲ့သည်။
ထိုအသံပေါ်ထွက်လာမှုကြောင့် ဖြစ်ကောင်းဖြစ်နိုင်၏။ လေလံခန်းမအတွင်း တစ်ခဏတာ တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ ကျီရှန်သည် ထိုအသံကိုကြားသည်နှင့် စုမင်အား စူးရဲစွာစိုက်ကြည့်လိုက်ပြီး သူမနှုတ်ခမ်းများက အေးစက်စက်အပြုံးတစ်ခုဖြင့် တွန့်ချိုးသွားသည်။
“ကျောက်ဒင်္ဂါး ၁၀၀၀၀၀၀၀နဲ့ ဆိုရင်တောင် ရှင် ကျွန်မကို မဝယ်နိုင်သေးဘူး။ စုမင် ရှင့်ကို ဧည့်သည်တစ်ယောက်အနေနဲ့တော့ ကျွန်မ လေးစားပါတယ်။ ဒါပေမယ့် ရှင်အရမ်း မချေမငံ ပြုမူဆက်ဆံနိုင်လိမ့်မယ်လို့တော့ မတွေးနဲ့။ ဒီလိုအရာမျိုးတွေ ပြောလိုက်ခြင်းအားဖြင့် ရှင်က ကျွန်မကိုအရှက်ခွဲနေတာပဲ” ကျီရှန်အသံက အေးစက်လို့နေသည်။
“အရှက်ကွဲတာလား၊ ဟမ့်...” စုမင် ပြုံးလိုက်သည်။ “မိန်းကလေး ကျီရှန် ငါလှံရှည် လိုချင်တယ်။ ကျေးဇူးပြုပြီး ငါ့အတွက် ပေးချေလိုက်ပါ” စကားပြောပြီးသည်နှင့် စုမင်သည် တစ်ဖက်သို့ပြန်လှည့်ကာ လသာဆောင်အလွန်ရှိ လေလံခန်းမထံ လှမ်းကြည့်လိုက်သည်။
“၁၀၀၀၀၀၀၀၀” စုမင် အေးအေးဆေးဆေး ပြောလိုက်သော်လည်း သူ့အသံက မိုးခြိမ်းသံကဲ့သို့ ပျံ့နှံ့သွားပြီး လေလံခန်းမတစ်ခုလုံးအား သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်သွားစေသည်။ နဝမမြောက်အခန်း၏ လသာဆောင်နှင့် စုမင်အပေါ်သို့ မျက်လုံးအစုံပေါင်းများစွာ ကျရောက်လာခဲ့သည်။
လေလံပွဲ အခမ်းအနားမှူး အဘိုးအိုသည်ပင် အံ့အားသင့်မင်သက်သွားပြီး စုမင်ထံ အလျင်အမြန် လှမ်းကြည့်လာခဲ့၏။
ကျီရှန်လည်း အလွန်အမင်း စိတ်ရှုပ်ထွေးသွားပြီးနောက် သူမအမူအယာက အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
ထိုအခိုက်အတန့်တွင် ကျီရှန်တစ်ယောက်တည်း၏ အမူအယာသာ ပြောင်းလဲသွားခဲ့ခြင်း မဟုတ်ပေ။ အဋ္ဌမမြောက် အခန်းထဲတွင် ဝိုင်ခွက်တစ်ခွက်ကို ကိုင်ထားသော အရိုးစုကဲ့သို့ ပိန်ပါးခြောက်ကပ်နေသည့် အဘိုးအိုတစ်ဦး ရှိနေသည်။ ထိုအခိုက်အတန့်တွင် ကျယ်လောင်စွာအက်ကွဲသံတစ်သံနှင့်အတူ အဘိုးအိုလက်ထဲရှိ ဝိုင်ခွက်က ကွဲကြေသွားခဲ့သည်။ သူ့မျက်နှာထက်တွင် ရက်စက်သောအမူအယာတစ်ခု ပေါ်လာပြီး သူ့အသက်ရှူသံများက မြန်ဆန်လာခဲ့သော်ငြား သူ့ခေါင်းထဲတွင် အတွေးတစ်ခုပေါ်လာသောအခါ အဘိုးအိုသည် စိတ်ခံစားချက်များအားလုံးကို အပြင်းအထန် ပြန်လည်ဖိနှိပ်လိုက်သည်။
“၁၀၀၀၀၀၀၀၀... ဒါ... ဒါက...”
“အဲဒါ စုမင်ပဲ။ သူက လေလံဈေးကို ၁၀၀၀၀၀၀၀၀ ထိတောင်တိုးပေးလိုက်တာပဲ”
“သူ့မှာ အဲလောက်ကျောက်ဒင်္ဂါး အများကြီးရှိပါ့မလား။ မဖြစ်နိုင်တာ။ လေလံပွဲတစ်ခုထဲမှာ အဲလောက် ပမာဏပေါ်လာတယ်ဆိုတာ မတွေ့ရသလောက်ပဲ။ ကောင်းကင်ရှာမန် လှံရှည်မှာ မယုံနိုင်ဖွယ်အစွမ်းမျိုး ရှိနေတယ်ဆိုရင်တောင် အဲဒါကို တစ်ကြိမ်ပဲ သုံးလို့ရတော့မှာလေ။ အဲဒီဈေးနဲ့ တန်မှမတန်တာ”
ဆံပင်ပြာအဘိုးအိုသည် စုမင်အား စိုက်ကြည့်လျက် ကျယ်လောင်စွာပြောဆိုလာသည်။ “ဆရာ၊ အကယ်၍ မင်းမှားယွင်းတဲ့ လေလံဈေးပေးမှုလုပ်ခဲ့ပြီး မင်းကမ်းလှမ်းထားတဲ့ ကျောက်ဒင်္ဂါးပမာဏကို မပေးချေနိုင်ဘူးဆိုရင်တော့ မင်းက အေးခဲကောင်းကင်ကလန်ရဲ့ တပည့်တစ်ယောက် ဖြစ်နေရင်တောင် အကျိုးဆက်တွေကို ခံရမှာပဲနော်”
***