← Chapters

အခန်း (၂၄၆၇-၂၄၆၈)

Vol. 177 Ch. 2467-2468

အခန်း (၂၄၆၇-၂၄၆၈)

Vol. 177 Ch. 2467-2468

အပိုင်း(၂၄၆၇)

ဘုန်း...

စုရီ က စတင် လှုပ်ရှားလိုက်သည်။ ၎င်းမှာ လျင်မြန်သည်။ ပေါက်ကွဲအားပြင်းကာ ရုတ်တရက် ဆန်လှသည်။ သူသည် အာကာသ ပိတ်လှောင်ရေး အစီအရင် ကို အာရုံခံမိလိုက်သည်။ သို့သော် သူ၏ ခန္ဓာကိုယ်နှင့် ဓား၏ ခွန်အားကိုသာ သီးသန့် အားကိုးလျက် အမှောင် ဟင်းလင်းပြင် ကို ဖြတ်သန်းကာ အရှေ့သို့ လမ်းကြောင်း ဖောက်ထွက်သွားခဲ့သည်။ သူက အလွန် မြန်ဆန်လှသည်။ စက္ကန့်ပိုင်းအတွင်း မိုင်တစ်ဘီလီယံကို ဖြတ်သန်းသွားခဲ့ပြီး ဖြစ်သည်။

ဘီလူးကြီးကို အထွတ်အထိပ် သူတော်စင် သုံးဦးက ထိန်းချုပ်ထားသည်။ သူတို့သည် လုံးဝ နှေးကွေးခြင်းမရှိပေ။ ဘီလူးကြီးသည် ဒိုင်းလွှားနှင့် ပုဆိန်ကို ကိုင်ဆောင်ထားစဉ် ဟင်းလင်းပြင် ပေါ်သို့ ခြေလှမ်းတစ်လှမ်း ဖိချလိုက်သည်။ ခြေအောက်ရှိ အချိန်နှင့် အာကာသကို ချေမွပစ်ကာ အလင်းနီးပါး အရှိန်ဖြင့် ရှေ့သို့ ပြေးထွက်သွားခဲ့သည်။

စက္ကန့်ပိုင်းအတွင်း သူတို့နှစ်ဦး ဆုံတွေ့သွားကြသည်။ စုရီ ၏ ခန္ဓာကိုယ်မှာ နှိုင်းယှဉ်လိုက်ပါက အလွန် သေးငယ်နေသော်လည်း သူ၏ အရှိန်အဟုန်မှာမူ တစ်စက်ကလေးမျှ နိမ့်ကျနေခြင်း မရှိပေ။

ဘီလူးကြီးသည် အသက်ရှူကျပ်စေလောက်သော လောက ဖိအားနှင့် ကောင်းကင် စွမ်းအားကို ထုတ်လွှတ်နေသည်။ သူတို့နှစ်ဦး မိုင်သိန်းဂဏန်းအနည်းငယ်အကွာသို့ ရောက်ရှိလာချိန်မှသာ စုရီ သည် ထိုအရာအားလုံးကို ခံစားလိုက်ရသည်။ သို့သော် သူ၏ ကျောရိုးမှာ ကွေးညွတ်သွားခြင်း မရှိသကဲ့သို့ သူ၏ ဓားသွားမှာလည်း အဟန့်အတား မရှိခဲ့ချေ။

သူသည် သူ၏ဓားကို ဝှေ့ယမ်းလိုက်သည်။

ရေတံခွန်ကဲ့သို့ ကျဆင်းလာသော ဓားအလင်းလှိုင်းတစ်ခုသည် ဘီလူးကြီးအပေါ်သို့ သက်ဆင်းသွားခဲ့တော့သည်။

ဘီလူးကြီးသည် ၎င်း၏ ဒိုင်းလွှားဖြင့် ခုခံကာကွယ်လိုက်သည်။ ဆူနာမီလှိုင်းကို ရင်ဆိုင်နေရသော တောင်တန်းကြီးတစ်ခုသဖွယ် ပြုမူကာ ပုဆိန်ကို ဝှေ့ယမ်းလိုက်သည်။

ပုဆိန်ဝှေ့ယမ်းမှု၏ အမြန်နှုန်းမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် လျင်မြန်လှသည်။ လွင့်မျောနေသော တိမ်တိုက်များကဲ့သို့ အာရုံခံသိရှိရန်ပင် ခက်ခဲလွန်းလှသည်။ တစ်စက္ကန့်တွင် တိုက်ခိုက်ရန် အသင့်အနေအထားဖြင့် မြှောက်ထားသော်လည်း နောက်တစ်စက္ကန့်တွင် ဝှေ့ယမ်းမှု လမ်းကြောင်း ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

အချိန်နှင့် အာကာသသည် လျစ်လျူရှုခံလိုက်ရသည်။

လူရိပ်နှစ်ခုသည် အချင်းချင်း ဖြတ်သန်းသွားခဲ့ကြသည်။

စုရီ သည် မားမားမတ်မတ် ရပ်နေခဲ့သည်။ ဖန်တီးခြင်း၏ အလှတရားကို ချီးကျူးရင်း ကြယ်တာရာ ကောင်းကင်ယံကို လေ့လာကာ အရှေ့သို့ လျစ်လျူရှုစွာ ကြည့်ရှုနေခဲ့သည်။

ဘီလူးကြီး၏ ကိုယ်နေဟန်ထားမှာမူ သက်တောင့်သက်သာ မရှိလှပေ။ ၎င်းသည် ဒိုင်းလွှားကို ကိုင်ဆောင်ထားစဉ် ဒိုင်းလွှားအတွင်းရှိ နဂါးလိပ်သည် ဓား၏ ပုံရိပ်တစ်ခုကို ပါးစပ်ထဲတွင် ကိုက်ခဲထားသည်။ ထို့နောက် ယခင်က တစ်ခါမျှ မကြုံဖူးသော အသွင်ဖြင့် ဓားသွားကို ပြင်းထန်စွာ ဝါးစားနေခဲ့သည်။ ကံမကောင်းစွာဖြင့် ဓား၏ ထက်မြက်မှုက ၎င်းကို အလုံးစုံ ပြတ်ရှသွားစေခဲ့သည်။ ၎င်းသည် သပ်ရပ်စွာ ဖြတ်တောက်ခံရသော အသားစများအဖြစ် ချက်ချင်း ပြိုလဲသွားပြီး မကြာမီမှာပင် သန့်စင်သော စွမ်းအင်များအဖြစ် ပြိုကွဲကာ ပျောက်ကွယ်သွားခဲ့သည်။

ဘုန်း...

ဒိုင်းလွှားသည် တစ်စစီ ကြေမွသွားခဲ့တော့သည်။

"မင်း..."

အဇူရာရောင် ဝတ်စုံနှင့် အမျိုးသားသည် စကားတစ်လုံးတည်းကိုသာ ပြောနိုင်ခဲ့ပြီး စကားလုံးတစ်လုံး ထွက်လာရန်ပင် ခက်ခဲနေခဲ့သည်။

ကျန်အထွတ်အထိပ် အရှင်သခင် စွမ်းအင် ကိုယ်ပွား နှစ်ခု၏ မျက်နှာပေါ်တွင် ကြီးမားသော ထိတ်လန့်ကြောက်ရွံ့မှုများ ထွက်ပေါ်လာချိန်၌ သူ၏ မျက်နှာအမူအရာတွင် ခါးသီးသော အပြုံးတစ်ခု လွှမ်းမိုးသွားခဲ့သည်။ ဘီလူးကြီး အတွင်းရှိ ကျင့်ကြံသူ တိုင်း၏ အသက်သည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

"မင်းရဲ့ အစစ်အမှန် ခန္ဓာကိုယ် ဒီမှာရှိနေရင် သိပ်ကောင်းမှာပဲ..."

စုရီ က ပြောလိုက်သည်။

"မင်း... ပိုပြီးတော့... သန်မာလာခဲ့ပြီပဲ..."

ဦးခေါင်း လည်ပင်းမှ ပြုတ်ကျသွားချိန်တွင် အဇူရာရောင်ဝတ် အထွတ်အထိပ် သူတော်စင် က မှတ်ချက်ချလိုက်သည်။

ပဲ့တင်ထပ် ချီ များသည် ပူနွေးသော သွေးများကဲ့သို့ ရေပန်းသဖွယ် ပေါက်ကွဲထွက်လာပြီး ဘီလူးကြီး၏ ဦးခေါင်းကို ပေါက်ကွဲသွားစေခဲ့သည်။

ဘုန်း...

ထို့နောက် နှလုံးသား နေရာ ပေါက်ကွဲသွားခဲ့သည်။

ဘုန်း...

နောက်ဆုံးတွင် ဒန်တျန်း ပေါက်ကွဲသွားခဲ့သည်။

ဘုန်း...

ဘီလူးကြီး တစ်ခုလုံး ပေါက်ကွဲသွားခဲ့သည်။

ပြင်းထန်သော လေတိုက်ခံရသည့်အလား စုရီ ၏ ဝတ်ရုံများ လွင့်ဝဲနေပြီး ဆံပင်များမှာလည်း ပြင်းထန်စွာ လွင့်မျောနေသည်။ သူသည် သူ၏ ထက်ရှသော ဓားသွားကို တိတ်ဆိတ်စွာ ချီးကျူးနေခဲ့သည်။

ထို့နောက် သူ၏ အကြည့်များသည် ပုန်းအောင်းနေရာမှ ထွက်ပေါ်လာပြီး သူ့ကို နေရာနှစ်ခုမှ ညှပ်ပိတ်ရန် ပြင်နေသော လူရိပ်နှစ်ခုထံသို့ စူးစိုက်သွားခဲ့သည်။

အထွတ်အထိပ် သူတော်စင် များ၏ အဗာတာ ကိုယ်ပွား နှစ်ခု..

စုရီ ၏ တည်ငြိမ်သော အမူအရာသည် အသစ်ရောက်ရှိလာသူ နှစ်ဦးကြောင့် တုန်လှုပ်သွားခြင်း မရှိပေ။ သူသည် ထိုနှစ်ဦးစလုံးကို စိတ်ဝင်စားမှု ကင်းမဲ့စွာဖြင့် တစ်ချက် ကြည့်လိုက်သည်။

အထွတ်အထိပ် သူတော်စင် ယွီရှီ အပေါ်သို့ အကြည့်ရောက်သွားချိန်တွင်သာ သူ စိတ်ခံစားမှု အနည်းငယ်ကို ပြသခဲ့သည်။ မသေချာမရေရာမှု အမှောင်ထုဖြင့် ခပ်ပါးပါး ဖုံးကွယ်ထားသော စပ်စုချင်စရာ မှတ်မိနေမှု အရိပ်အယောင် တစ်ခုက သူ၏ မျက်လုံးများထဲတွင် တောက်ပသွားခဲ့သည်။

သူတို့နှစ်ဦးစလုံးသည် အခဲအဖြစ် ပြောင်းလဲထားသော ပဲ့တင်ထပ် ချီ စင်မြင့်များပေါ်တွင် ရပ်နေကြသည်။ ကောင်းကင်ဘုံကို ရပ်နားရန် စင်မြင့်အဖြစ် အသုံးချထားသကဲ့သို့ပင် ရှိနေသည်။ သူတို့ တစ်ဦးစီ၏ အော်ရာ မှာ ကျယ်ပြောပြီး တည်ငြိမ်လှသည်။ ဖန်တီးခြင်း အားလုံး၏ သေးငယ်သော ရောင်စဉ်တန်းများနှင့် ပဲ့တင်ထပ်နေခဲ့သည်။

ရှေးခေတ် နတ်ဘုရားများကဲ့သို့ ဆင်းသက်လာသော်လည်း အထွတ်အထိပ် သူတော်စင် ယွီရှီ နှင့် အထွတ်အထိပ် သူတော်စင် ယန်ကျိ တို့သည် ချက်ချင်း တိုက်ခိုက်ခြင်း မပြုခဲ့ကြပေ။

ထိုအစား သူတို့သည် စုရီ ၏ အော်ရာ နှင့် တည်ရှိမှုကိုသာ အကဲခတ်နေခဲ့ကြသည်။ သူတို့သည် ဝိညာဉ်အမြင် များကို အသုံးပြု၍ သာမန် လျှို့ဝှက် အာဏာရှင် အဆင့် ကျင့်ကြံသူ တစ်ဦး မြင်တွေ့နိုင်စွမ်းထက် များစွာ ကျော်လွန်သောအရာများကို ကြည့်ရှုနေခဲ့ကြသည်။

သူတို့သည် စုရီ ၏ နားလည်နိုင်စွမ်းမရှိသော အော်ရာကို ကောင်းကင် အော်ရာ၏ အရိပ်အယောင်များက ခွာချလိုက်သည်။ သူ အသက်ရှူလိုက်တိုင်း သူ၏ အတွင်းရှိ အစစ်အမှန် အသက်ရှူခြင်း အမျှင်သည် ကောင်းကင် တံခါးပေါက် နှင့် ဆင်တူသော နည်းလမ်းများဖြင့် လှုပ်ရှားသက်ဝင်နေသည်။ စုရီ၏ တည်ရှိမှု အခြေအနေအပေါ် သူတို့၏ ကနဦး အကဲဖြတ်မှုမှာ ကောင်းကင် ဥပဒေသ နယ်ပယ်များ ၏ အမတေ နှင့် ထူးဆန်းစွာ ရောနှောနေခြင်းပင် ဖြစ်သည်။

၎င်းသည် နားလည်နိုင်စွမ်းမရှိသော ကြီးမြတ်သည့် တာအို ဖြစ်သည့် လျှို့ဝှက် တာအို နှင့် ပေါင်းစပ်နေခဲ့သည်။ သူသည် အစစ်အမှန် သူတော်စင် အဆင့် သို့ ရောက်ရှိချိန်တွင် လျှို့ဝှက် တာအို ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့သည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။ ဤအရာသည် မကြုံစဖူးဖြစ်ပြီး မျှော်လင့်မထားသောအရာ ဖြစ်သော်လည်း လုံးဝ သီးသန့်ဖြစ်နေသည်တော့ မဟုတ်ချေ။ အခြားသူများသည်လည်း ပြိုင်ဘက်ကင်းသော လမ်းစဉ်များကို လျှောက်လှမ်းခဲ့ကြပြီး ကြီးမြတ်သော တာအို တစ်ခု၏ ကောင်းချီးများကို ရယူခဲ့ကြသည်။ ထို့နောက် ၎င်းကို ဂန္ထဝင်ဆန်သော အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်ရန်အတွက် အခြေခံအဖြစ် အသုံးပြုခဲ့ကြသည်။

ပို၍ အရေးကြီးသည်က သူ၏ ယခင် တိုက်ခိုက်မှု ဖြစ်သည်။ ၎င်းက ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားအဆင့်ကို ပြသနေခဲ့ခြင်းပင်။ သူ၏ ဓားတစ်ချက်ကပင် ကောင်းကင်ငယ် တမန်တော် တစ်ဦးနှင့် အလွယ်တကူ ယှဉ်ပြိုင်နိုင်စွမ်း ရှိနေသည်။ သူသည် ကျင့်ကြံသူ သိန်းနှင့်ချီ၍ ပူးပေါင်းလုပ်ဆောင်နေသော ကောင်းကင်ငယ် တမန်တော် စွမ်းအင် ကိုယ်ပွားသုံးခုကို တိုက်ကွက် တစ်ကွက်တည်းဖြင့် သတ်ဖြတ်ခဲ့သည်။

ယန်ကျိနှင့် ယွီရှီတို့သည် အမှောင် ဟင်းလင်းပြင် ကို ဖြတ်၍ အချင်းချင်း ခေတ္တမျှ အကဲခတ် ကြည့်ရှုလိုက်ကြသည်။

တစ်ချိန်တည်းမှာပင် စုရီ သည် သူတို့နှစ်ဦးစလုံးကို လျစ်လျူမရှုမီ အထွတ်အထိပ် သူတော်စင် ယွီရှီ ကိုသာ အချိန်အနည်းငယ် ပိုပေး၍ အကဲခတ်ခဲ့သည်။ သူ ဘယ်ဘက်လက်ကို ပေါ့ပါးစွာ ဆွဲယူလိုက်သည်နှင့် အာကာသ တစ်ခုလုံး လိမ်ကောက်သွားပြီး ကြယ်တာရာများသည် သူ၏ လက်ဖဝါးဆီသို့ နာခံမှုရှိစွာဖြင့် စုဝေးလာကြသည်။ ထိုမြင်ကွင်းမှာ နတ်ဘုရားဆန်လှသည်။ သူသည် ကောင်းကင်ယံမှ ကြယ်တာရာများကို လုယူနေသကဲ့သို့ တကယ့်ကို နတ်ဘုရားတစ်ပါးနှင့် တူညီနေခဲ့သည်။

ထူးဆန်းသော အထည်တစ်ခုသည် ရုပ်လုံးပေါ်လာခဲ့သည်။ ၎င်းသည် ကိုယ်ပိုင် ကြယ်တာရာ ကောင်းကင်ယံ တစ်ခု ပါဝင်နေပုံရသည်။ ၎င်းမှာ ဘီလူးကြီး ဝတ်ဆင်ထားသော ဝတ်ရုံပင် ဖြစ်သည်။

စုရီ သည် သူ၏ တိုက်ခိုက်မှုတွင် လိပ်နဂါး ပါဝင်သော ဒိုင်းလွှားကို ဖျက်ဆီးပစ်ခဲ့သော်လည်း ကြယ်တာရာ ဝတ်ရုံနှင့် တိမ်တိုက် ပုဆိန်တို့မှာမူ ပျက်စီးခြင်းမရှိ ကျန်ရစ်ခဲ့သည်။ ဝတ်ရုံ၏ မျက်နှာပြင်ပေါ်တွင် မှေးမှိန်နေသော ကြယ်အချို့ ရှိနေသော်လည်း ပျက်စီးဆုံးရှုံးမှုမှာ မပြောပလောက်ချေ။

၎င်းသည် ကြယ်တာရာ ပတ္တူ ဝတ်ရုံ တစ်ခု ဖြစ်သည်။ ဖန်တီးမှု လုပ်ငန်းစဉ်သည် အလွန် ရှုပ်ထွေးခက်ခဲလှသည်။ ဖန်တီးရန်အတွက် ကြီးမားသော ကြိုးပမ်းအားထုတ်မှုများနှင့် အချိန်၊ ကုန်ကြမ်း အရင်းအမြစ်များ အမြောက်အမြား လိုအပ်သည်။ အထူးခြားဆုံးမှာ လူလုပ် ဖန်တီးကျင့်ကြံထားသော နေကြယ်များ လိုအပ်ခြင်းပင် ဖြစ်သည်။

အနီးကပ် ကြည့်ရှုမည်ဆိုလျှင် နေကြယ် တစ်ခုစီသည် ဧရာမ အရွယ်အစားတွင်သာ ရှိနေပြီး အနည်းငယ်မှာမူ နေကြယ်ပု အဆင့်တွင်သာ ရှိနေသည်။ ၎င်းက ဤဝတ်ရုံသည် အဆင့်မြင့် လျှို့ဝှက်လောက လက်နက် တစ်ခုသာ ဖြစ်ကြောင်း ဖော်ပြနေသည်။ သုံးသန်းထက်မက အလွယ်တကူ ကျော်လွန်သော အလွန်ကြီးမားသည့် ကြယ်တာရာ များ အားလုံးပါဝင်သည့် ကြယ်တာရာ ပတ္တူ ဝတ်ရုံ တစ်ခုကို မြင်ဖူးခဲ့သည်ကို သူ ပြန်လည် သတိရလိုက်သည်။

၎င်းသည် အထွတ်အထိပ် အဆင့်နိမ့် လျှို့ဝှက်ကောင်းကင် လက်နက် တစ်ခု ဖြစ်သည်။ ဤဝတ်ရုံ၏ စွမ်းအားများမှာ လောကချည်နှောင် ကြယ်တာရာ နယ်မြေ နှင့် ဆင်တူသော ကြီးမားလှသည့် စွမ်းအင်များ ဖြစ်သည်။

၎င်းသည် ကျင့်ကြံသူ တစ်ဦးအား သဘာဝလွန် အဆင့်ရှိ စွမ်းအင် ပြန်လည်ပြည့်ဖြိုးမှုများကို ပေးစွမ်းနိုင်သည်။ ၎င်းသည် အများအားဖြင့် အဆင့်မြင့် စွမ်းအင် သိုလှောင်မှုအတွက် ကိရိယာတစ်ခုသာ ဖြစ်သည်။ ၎င်းတွင် အခြားသော လုပ်ဆောင်ချက်များ ရှိသော်လည်း မည်သည့်အရာကမျှ ၎င်းလောက် နှိုင်းယှဉ်၍ မရနိုင်ပေ။

ဤဝတ်ရုံအတွက် အခြေခံအုတ်မြစ်ကို ဖန်တီးထားကြောင်း မြင်တွေ့ရသောအခါ စုရီ သည် ကျေနပ်စွာဖြင့် ၎င်းကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူသည် အမှောင် ဟင်းလင်းပြင် ကို အကဲခတ်လိုက်ပြီး တိမ်တိုက် ပုဆိန်ကို ရှာဖွေရန် ကြိုးစားလိုက်သည်။ ထိုအရာကို ကူးပြောင်းခြင်း တိမ်တိုက် ပုဆိန် ဟုလည်း သိကြသည်။ အာကာသ၊ အချိန်နှင့် ဟင်းလင်းပြင် ကို ဖြတ်ကျော်နိုင်သော ရိုးရှင်းသည့် အမည်တစ်ခုပင်။ ၎င်းသည် အလွန် စွမ်းအားကြီးမားလှသော်လည်း အထွတ်အထိပ် အဆင့် လျှို့ဝှက်ကမ္ဘာ လက်နက် တစ်ခုသာ ဖြစ်သည်။

ဂလက်ဆီ ၏ အပြင်ဘက်မှလာသော ဤ အထွတ်အထိပ် သူတော်စင် များသည် ပစ္စည်းသုံးခု ယူဆောင်လာခဲ့ပုံရသည်။ နောက်ဆုံးတစ်ခုမှာ သူတို့၏ စွမ်းအားကို ပေါင်းစည်းပေးသော အစီအရင် ပင်ဖြစ်သည်။

ကံမကောင်းစွာဖြင့် သူသည် ပုဆိန်ကို အတိအကျ ရှာမတွေ့ခဲ့ပေ။ ၎င်းသည် ခဏတာမျှ ရှိနေခဲ့သော်လည်း ရုတ်တရက်ဆိုသလို ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့သည်။

အမှောင် ဟင်းလင်းပြင် အတွင်းရှိ ဝေ့ဝူယင်၏ နေရာကို စူးစိုက်ကြည့်လိုက်သည်နှင့် သူ ချက်ချင်း သဘောပေါက်သွားခဲ့သည်။ ဟင်းလင်းပြင် စွမ်းအင် ကို အသုံးပြုနိုင်သော ကျင့်ကြံသူ တစ်ဦးသာလျှင် သူ၏ အကြည့်အောက်၌ ပစ္စည်းတစ်ခုကို ဤမျှ လျင်မြန်စွာ လုယူနိုင်ပေလိမ့်မည်။

၎င်းက အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းသော်လည်း ထိုရတနာ အယူခံလိုက်ရခြင်းအတွက် သူ အချိန်ဖြုန်းကာ မတွေးတောနေခဲ့ပေ။ စုရီ ဝေ့ဝူယင်ကို နှောက်ယှက်ခြင်း မပြုပဲ အကြည့်ကို ပြန်လွှဲလိုက်လေ၏။

***

အပိုင်း(၂၄၆၈)

တစ်ချိန်တည်း၌... ယန်ကျိနှင့် ယွီရှီတို့သည် စုရီက ဝတ်ရုံကို သိမ်းဆည်းပြီး သူတို့၏ တည်ရှိမှုကို လျစ်လျူရှုကာ ပေါ့ပေါ့ပါးပါး အသွင်ဖြင့် ကူးပြောင်းခြင်း တိမ်တိုက် ပုဆိန် ကို ရှာဖွေရန် တည်ငြိမ်စွာ ကြိုးစားနေသည်ကို စောင့်ကြည့်နေခဲ့ကြသည်။ သူတို့နှစ်ဦးစလုံးသည် စုရီ၏ ထိုအပြုအမူကြောင့် အထူးတလည် စော်ကားခံရသည်ဟု မခံစားရချေ။

ထိုအစား... သူတို့သည် အချင်းချင်း လျင်မြန်စွာ ဆက်သွယ်လိုက်ကြသည်။ သူတို့သည် အချိန်ကြာမြင့်စွာ အသက်ရှင်နေထိုင်ခဲ့ပြီး အခွင့်အရေးတိုင်းအတွက် တိုက်ပွဲဝင်ခဲ့ကြသော ပဲ့တင်ထပ် ဝိညာဉ် အဆင့် ကျင့်ကြံသူ များ ဖြစ်ကြသည်။ အကယ်၍ သူတို့ထံတွင် အခွင့်အရေးများ အတွက် တိုက်ခိုက်ရသည့် တိုက်ပွဲများကို ဂရုတစိုက် ရွေးချယ်နိုင်သော အကဲဖြတ်နိုင်စွမ်းသာ မရှိခဲ့ပါက ဤ ကျင့်ကြံခြင်း အဆင့်သို့ ရောက်ရှိရန် အခွင့်အလမ်း လုံးဝ ရှိမည်မဟုတ်ချေ။

ထို့ကြောင့်... သူတို့သည် အချက်အလက်များနှင့် လက်တွေ့အခြေအနေကို ချိန်ဆနေခဲ့ကြသည်။

"ဒီ တာအိုမိတ်ဆွေ စုက အစွန်းရောက် အသွားရဲ့ အာဏာရှင် ဓား သူတော်စင် လား..."

အထွတ်အထိပ် သူတော်စင် ယန်ကျိ က လေးနက်တည်ကြည်စွာ မေးလိုက်၏။

အစွန်းရောက် အသွား...

အစွန်းရောက် အသွားသည် ဂိုဏ်း၊ နန်းတော် သို့မဟုတ် တည်ထောင်ထားသော အဖွဲ့အစည်း တစ်ခု မဟုတ်ပေ။ ၎င်းသည် စည်းစိမ် တားမြစ်ချက် ဂလက်ဆီ အတွင်း စုရုံးကာ မဟာမိတ်အဖွဲ့တစ်ခု ဖန်တီးထားသည့် ကျင့်ကြံသူ များ၏ အဖွဲ့တစ်ဖွဲ့သာ ဖြစ်သည်။ သူတို့သည် အဖွဲ့အစည်းများနှင့် မျိုးနွယ်စုများစွာမှ စုဆောင်းထားသော အထက်တန်းလွှာ အင်အားစုများ ဖြစ်ကြသည်။

တစ်ဦးစီတိုင်းသည် နာမည်ကျော်ကြားသော ဓားသမားများ ဖြစ်ကြပြီး စုစုပေါင်း ကိုးဦး ရှိသည်။ ယခုအခါ လေးဦးသာ ကျန်ရှိတော့သည်။ နဝမမြောက် အသွားကို အာဏာရှင် ဓား သူတော်စင် ဟု သိကြသည်။ သို့သော် တဒင်္ဂ နယ်မြေ ဓားသည် စတုတ္ထမြောက် အစွန်း ဖြစ်သော တဒင်္ဂ ဓား သူတော်စင် ၏ ပိုင်ဆိုင်မှု ဖြစ်သည်။ ထိုဓား စုရီ ၏ ပိုင်ဆိုင်မှုအောက်တွင် ရှိနေခြင်းက သူတို့ကြားတွင် နက်ရှိုင်းသော သံယောဇဉ်တစ်ခု ရှိနေကြောင်း ဖော်ပြနေသည်။

သို့သော်လည်း အာဏာရှင် ဓား သူတော်စင် နှင့် တဒင်္ဂ ဓား သူတော်စင် နှစ်ဦးစလုံးသည် လွန်ခဲ့သော အချိန်အတော်ကြာကတည်းက သေဆုံးသွားခဲ့ကြပြီ ဖြစ်သည်။ အစွန်းရောက် အသွားသည် ယခုအခါ စည်းစိမ် တားမြစ်ချက် ဂလက်ဆီ တစ်လျှောက် ၎င်း၏ ယခင်က တောက်ပမှုနှင့် လွှမ်းမိုးမှုတို့၏ အစိတ်အပိုင်း အနည်းငယ်ကိုသာ ပိုင်ဆိုင်ထားတော့သည်။

အထွတ်အထိပ် သူတော်စင် ယွီရှီ ၏ မျက်လုံးများက ထူးဆန်းစွာ ပြောင်းလဲသွားသည်။ သို့သော် သူတော်စင် ယန်ကျိ ပင် သတိမထားမိနိုင်လောက်အောင် သူမက ၎င်းကို အလွန် လျှို့ဝှက်စွာ ဖုံးကွယ်ထားခဲ့သည်။ သူမက အေးစက်စက် လေသံဖြင့် ပြန်ဖြေလိုက်သည်။

"ဖြစ်နိုင်တယ်...”

"ကျွတ်..."

အထွတ်အထိပ် သူတော်စင် ယန်ကျိ က စုပ်သပ်လိုက်သည်။

"သူက အောင်အောင်မြင်မြင်နဲ့ ဝင်စားနိုင်ခဲ့လိမ့်မယ်လို့ ထင်မထားဘူး၊ စောစောက တိုက်ခိုက်မှုက အမိန့်ပေးခြင်’ ပဲ့တင်ထပ် ဓားကျင့်စဉ် လား၊ ဘယ်လောက်တောင် ကြီးမားလိုက်တဲ့ စွမ်းအားလဲ..."

သူ၏ စကားလုံးများက အထွတ်အထိပ် သူတော်စင် ယွီရှီ ကို မေးနေပုံရသော်လည်း ယန်ကျိ မှာ အဖြေကို သိပြီးသားဖြစ်ကာ အလင်္ကာမြောက် ပြောဆိုနေခြင်းသာ ဖြစ်သည်။

"..."

အထွတ်အထိပ် သူတော်စင် ယွီရှီ သည် စုရီ ကို စိုက်ကြည့်နေခဲ့သည်။

စုရီသည် စစ်ပွဲမှ ရရှိသော ပစ္စည်းများကို သိမ်းဆည်းပြီးနောက် အထွတ်အထိပ် သူတော်စင် ယန်ကျိ ဘက်သို့ လှည့်ကာ ရယ်သွမ်းချင်သော လေသံဖြင့် မေးလိုက်သည်။

"မင်း အသင့်ဖြစ်ပြီလား..."

အထွတ်အထိပ် သူတော်စင် ယန်ကျိ က ပြုံးလိုက်သည်။

"တိတိကျကျ ပြောရရင် ဘာအတွက် အသင့်ဖြစ်ရမှာလဲ၊ မင်းက အဲဒီလောက်တောင် တိုက်ခိုက်ချင်နေတာလား..."

စုရီ က ခေါင်းကို ဖြည်းညင်းစွာ ခါရမ်းလိုက်သည်။

"နှစ်သောင်းချီ ဒါမှမဟုတ် အဲဒီထက်မက အချိန်ယူပြီး ကျင့်ကြံထားတဲ့ မင်းရဲ့ အဗာတာကို ဆုံးရှုံးရဖို့အတွက်လေ..."

"..."

အထွတ်အထိပ် သူတော်စင် ယန်ကျိ ၏ မျက်နှာပေါ်ရှိ အပြုံးသည် တဖြည်းဖြည်း မှေးမှိန်သွားခဲ့သည်။

စွမ်းအင်ကိုယ်ပွား တစ်ခုသည် အဗာတာ ကိုယ်ပွား တစ်ခုနှင့် အခြေခံအားဖြင့် ကွာခြားလှသည်။ ပထမတစ်ခုမှာ ကျင့်ကြံသူ ၏ ပုံသဏ္ဌာန်ကို အတုခိုးရန် ပဲ့တင်ထပ် ချီ နှင့် စွမ်းအင်များကို စုစည်းထားသော ရိုးရှင်းသည့် ဖန်တီးမှုတစ်ခုမျှသာ ဖြစ်သည်။ သို့သော် ဒုတိယတစ်ခုမှာမူ အချိန်၊ ပဲ့တင်ထပ် ချီ နှင့် ပြင်ပမှ ရရှိသော ကုန်ကြမ်းများကို ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်သည်။

စောစောက အထွတ်အထိပ် သူတော်စင် သုံးဦးသည် ရင်းနှီးမြှုပ်နှံမှု အနည်းငယ်မျှသာ ပြုလုပ်ခဲ့ပြီး ဆုံးရှုံးမှုမှာလည်း ထိုထက်ပင် နည်းပါးလှသည်။ သို့သော်လည်း သူတို့သည် ကောင်းကင်ငယ် တမန်တော် တစ်ဦးနှင့် ယှဉ်ပြိုင်နိုင်ရန် အခြားသူများ၏ စွမ်းအားကို စုစည်းရန် လိုအပ်ခဲ့သည်။ သို့သော် အဗာတာ တစ်ခုကမူ ထိုစွမ်းအားကို တစ်ကိုယ်တော် အသုံးပြုနိုင်စွမ်း ရှိပေသည်။

အထွတ်အထိပ် သူတော်စင် အဆင့်အတန်းအရ လောလောဆယ်တွင် သူတို့ကို ခိုင်မာမှုမရှိသေးသော ကောင်းကင်ငယ် တမန်တော် များအဖြစ် သတ်မှတ်နိုင်ပေသည်။

သူတို့ နှစ်ဦးစလုံး၏ တွေဝေမှုမှာ အကြောင်းပြချက် ခိုင်လုံလှပေသည်။ အောင်မြင်ပါက မျက်နှာသာပေးမှု ခုနစ်ခုနှင့် လျှို့ဝှက်ကောင်းကင် အမတေကျောက်တုံး ၂,၅၀၀ ရရှိမည် ဖြစ်သောကြောင့် ဖြစ်နိုင်ခြေရှိသော အကျိုးအမြတ်မှာ ကြီးမားလှသည်။ သို့သော် ၎င်းမှာ သူတို့ အောင်မြင်ခဲ့လျှင်သာ ဖြစ်ပေမည်။

ထိုအရာက အဓိက သော့ချက်ပင် ဖြစ်သည်။

စုရီ ၏ စွမ်းအားသည် အထင်ကြီးလောက်စရာ ကောင်းလှသည်။ လျှို့ဝှက် အာဏာရှင် အဆင့် ကျင့်ကြံသူ တစ်ဦး၊ အထူးသဖြင့် မကြာသေးမီကမှ တက်လှမ်းထားသူ တစ်ဦးအတွက် သူတို့ မျှော်လင့်ထားသည်ထက် များစွာ သာလွန်နေခဲ့သည်။ ထို့အပြင် သူသည် အစစ်အမှန် လျှို့ဝှက်ကောင်းကင် အဆင့် ဓားတစ်လက်ဖြစ်သည့် တဒင်္ဂ နယ်မြေ ဓား ကို ကိုင်ဆောင်ထားသည်။ ရူးသွပ်စရာ အကောင်းဆုံး အရာမှာ အစစ်အမှန် သူတော်စင် တစ်ဦးအနေဖြင့် ဝိညာဉ် ပဲ့တင်ထပ် ကျင့်စဉ် ကို အသုံးပြုသွားခြင်းပင် ဖြစ်သည်။

ဤအရာက အထွတ်အထိပ် သူတော်စင် များကိုပင် တည်ရှိမှု အဆင့်မှနေ၍ ဖျက်ဆီးပစ်နိုင်ပေသည်။

ဤနေရာတွင် သူတို့၏ ပြင်ဆင်မှုများမှာ အသုံးမဝင်ဖြစ်သွားနိုင်ပေသည်။ အထွတ်အထိပ် သူတော်စင် ယန်ကျိသည် အာကာသ ပိတ်လှောင်ရေး အစီအရင် တစ်ခုကို တည်ဆောက်ထားခဲ့သည်။

တစ်ချိန်တည်းမှာပင် အထွတ်အထိပ် သူတော်စင် ယွီရှီ သည် အချိန် ခြယ်လှယ်မှုကို နှောင့်ယှက်နိုင်သော အချိန်ဆန့်ကျင်ရေး မြေကြီးဖြင့် လမ်းလွဲနေသော ဂြိုဟ်သုံးလုံးကို ဖျက်ဆီးထားခဲ့သည်။ အကယ်၍ စုရီသာ အချိန် ကျင့်စဉ်များ ကို အသုံးပြုလာပါက ၎င်းသည် ဝိညာဉ်နှင့် စိတ်အာရုံကို တိတ်တဆိတ်နှင့် အလစ်အငိုက် အဆိပ်ခတ်နိုင်ပေသည်။ သို့သော် ၎င်းက လုံလောက်ပါမည်လော။

သူတို့ ယူဆောင်လာသော ရတနာများကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။ သူတို့၏ အဗာတာများသည် အခြေခံ ခိုင်မာအောင် မတည်ဆောက်ရသေးသည့် ကောင်းကင်ငယ် တမန်တော် တစ်ဦးနှင့် အလွယ်တကူ ရင်ပေါင်တန်း တိုက်ခိုက်နိုင်သော်လည်း ဤအရာမှာ အောင်မြင်မှုနှုန်းနှင့် အန္တရာယ်ကြီးမားမှု အချိုးအစား မညီမျှသော အဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

သူတို့ အနေဖြင့် မိမိတို့၏ တိုက်ပွဲများကို ဂရုတစိုက် ရွေးချယ်ရမည် ဖြစ်သည်။ ကနဦး ရင်းနှီးမြှုပ်နှံမှု အချို့ ပြုလုပ်ထားသော်လည်း ယခုအချိန်က ဆုတ်ခွာရမည့် အချိန်ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

အထွတ်အထိပ် သူတော်စင် ယွီရှီ သည် သူမ၏ ဆုံးဖြတ်ချက်ကို ချမှတ်ပြီးဖြစ်လေသည်။ သူမသည် လှည့်မထွက်သွားမီ စုရီ ကို နောက်ဆုံးအနေဖြင့် အဓိပ္ပါယ်ပါပါ စိုက်ကြည့်လိုက်သည်။ သူမသည် အလင်းတန်း တစ်ခုအဖြစ် အသွင်ပြောင်းကာ ထိုအတိုင်းပင် ထွက်ခွာသွားခဲ့သည်။

စုရီ ၏ နှုတ်ခမ်းများ အနည်းငယ် ပြုံးသွား၏။

"သူက ဉာဏ်ကောင်းတဲ့သူပဲ ဖြစ်ရမယ်..."

အထွတ်အထိပ် သူတော်စင် ယန်ကျိ သည် စုရီ ၏ ရိုင်းစိုင်းသော စကားလုံးများကြောင့် ဒေါသထွက်ကာ ရင်ထဲမှ ကျိန်ဆဲလိုက်သည်။ ထိုလူဝင်စား ဓားသမားနှင့် တိုက်ခိုက်ရန် လက်ယားနေခဲ့သည်။

သို့သော် သူသည် လူမိုက် တစ်ယောက် မဟုတ်ပေ။ ပဲ့တင်ထပ် ဝိညာဉ် အဆင့် ကျင့်ကြံသူများထဲတွင် လူမိုက်ဟူ၍ တစ်ဦးမျှ မရှိချေ။ တစ်ခါမှ အမှား မလုပ်မိနိုင်တာမျိုး မဟုတ်သော်လည်း သူတို့သည် ကျင့်ကြံခြင်း၏ အန္တရာယ်များနှင့် အခွင့်အရေးများအတွက် တိုက်ပွဲဝင်ရခြင်းကို အပြည့်အဝ နားလည်ထားကြသည်။

ဆုလာဒ် တစ်ခါမှ မရပဲ အဗာတာ ကိုယ်ပွားကို စတေးရမည့် ရည်ရွယ်ချက်ကို သူ မမြင်ခဲ့ပေ။

"ငါတို့ ရောက်လာတာက ပွဲကြည့်ပရိသတ် ဖြစ်ဖို့ သက်သက်ပဲ ထင်တယ်..."

ထိုစကားများကို ချန်ထားရစ်ကာ သူသည်လည်း ထွက်ခွာရန် ပြင်လိုက်သည်။ ဝိညာဉ် ပဲ့တင်ထပ် လှုပ်ရှားမှု ကျင့်စဉ် ကို အသုံးပြုရန် အသင့်ပြင်ကာ သူ၏ ခန္ဓာကိုယ်ကို ပဲ့တင်ထပ် ချီ များဖြင့် တည်ဆောက်လိုက်ချိန်တွင် သူ၏ ကိုယ်နေဟန်ထားသည် ရုတ်တရက် အနည်းငယ် အနေရခက်သွားခဲ့သည်။

စုရီ သည် မျက်မှောင်အနည်းငယ် ကုတ်လိုက်သည်။

ရုတ်တရက် အထွတ်အထိပ် သူတော်စင် ယန်ကျိ က အားရပါးရ ရယ်မောလိုက်သည်။ သူက လှည့်လိုက်သည်။ ထိုဒေသအပေါ် ချမှတ်ထားသော ကန့်သတ်ချက်များ ရှိနေသော်လည်း သူ၏ ပဲ့တင်ထပ် ချီ များသည် ပြင်းထန်စွာ အားပြည့်လာပြီး အာကာသ ဒိုင်မန်းရှင်း သုံးခုလုံး၏ အခြေခံအုတ်မြစ်ကို လှုပ်ခတ်သွားစေခဲ့သည်။

"ကောင်းပြီလေ၊ မင်း ငါ့ရဲ့ ဒီ အဗာတာ ကို ဖျက်ဆီးနိုင်မလား ကြည့်ကြတာပေါ့..."

ဘုန်း...

အထွတ်အထိပ် သူတော်စင် ယန်ကျိသည် တောက်ပသော ငွေရောင် အလင်းတန်း တစ်ခုအဖြစ် အသွင်ပြောင်းသွားပြီး အာကာသ လမ်းစဉ် အပေါ် သာမည ဥပဒေသ ကို အသုံးပြုလိုက်သည်။

စုရီ ၏ မျက်လုံးများ အေးစက်သွား၏။ လက်ထဲတွင် တဒင်္ဂ နယ်မြေ ဓား ကို ကိုင်ဆောင်လျက် ကျင့်ကြံခြင်း အခြေခံ ကို အမြင့်ဆုံး အဆင့်ဆီသို့ တွန်းပို့လိုက်လေတော့သည်။

***

All Chapters