အခန်း (၈၇-၈၈)
Vol. 9 Ch. 87-88
အခန်း ၈၇- ကြောက်မက်ဖွယ်ကောင်းသော ပေါင်းစပ်ကောင်းကင်အတိဒုက္ခ၊ ကစဉ့်ကလျား မြင့်မြတ်နယ်မြေမှ တပည့်များနှင့် အစွမ်းထက်ပုဂ္ဂိုလ်များ၏ ထိတ်လန့်တုန်လှုပ်မှု
ကစဉ့်ကလျား နတ်ဘုရားတောင်ခြေရှိ ရိုးရှင်းသော ဝင်းခြံတစ်ခုအတွင်းတွင်....။
လင်းချန်နှင့် ရှောင်ဖန်တို့၏ ပုံရိပ်များသည် အခန်းတစ်ခုထဲမှ လမ်းလျှောက်ထွက်လာကြသော်လည်း သူတို့၏ မျက်နှာထက်မှ အမူအရာများမှာမူ လုံးဝကွဲပြားနေကြသည်။
ရှောင်ဖန်၏ အမူအရာမှာ ယခုအချိန်ထိ အပြည့်အဝ နဂိုအတိုင်း ပြန်မဖြစ်သေးဘဲ ဝေခွဲမရဖြစ်နေသည့် အရိပ်အယောင်များ ရှိနေဆဲဖြစ်သည်။ လင်းချန်သည် ဤမျှ ကြောက်စရာကောင်းသော အဆင့်သို့ မည်သို့ရောက်ရှိသွားသည်ကို သူ ယခုအထိ နားမလည်နိုင်သေးပေ။
သူသည် သူတော်စင်အဆင့်ကို နေ့တစ်ဝက်တည်းနှင့် အဆင့်ကြီး နှစ်ဆင့်ကို တိုက်ရိုက်ကျော်ဖြတ်ပြီး အဆင့်တက် သွားခဲ့သည် မဟုတ်ပါလော။
အခြားတစ်ဖက်တွင်မူ လင်းချန်၏ မျက်နှာမှာ အနည်းငယ် ပြုံးယောင်သန်းနေပြီး တစ်စုံတစ်ခုကို မျှော်လင့်စောင့်စားနေပုံရသည်။ သူ အမှန်တကယ်ပင် မျှော်လင့်နေမိသည်။ ဤသုံးထပ်ကွမ်း ကောင်းကင်အတိဒုက္ခသည် သူ၏စွမ်းအားကို မြှင့်တင်ပေးမည့် နောက်ထပ် အဓိကနည်းလမ်းတစ်ခု ဖြစ်လာပေလိမ့်မည်။
“ဝုန်း...”
သူတို့ မတ်တပ်ရပ်လိုက်သည်နှင့် တပြိုင်နက် ကောင်းကင်ထက်မှ အတိဒုက္ခလျှပ်စီးများ၏ ပြင်းထန်သော မြည်ဟီးသံကြီး ထွက်ပေါ်လာ၏။ ထို့နောက်တွင် မိမိကိုယ် တစ်စုံတစ်ယောက်က အမိအရ ပစ်မှတ်ထား လော့ခ်ချလိုက်သည့် ခံစားချက်မျိုး ဝင်ရောက်လာခဲ့သည်။
ထိုခံစားချက်ကို အာရုံခံမိလိုက်သဖြင့် လင်းချန်သည် ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်ပြီး အသာအယာ ပြုံးလိုက်သည်။
“ဒီကောင်းကင်အတိဒုက္ခက နည်းနည်းတော့... ထူးခြားသားပဲ။”
ပစ်မှတ်ထားခံရသည့် ခံစားချက်အရ သူ၏ ရုပ်ခန္ဓာနှင့် ဝိညာဉ်စွမ်းအား ကျင့်ကြံမှု နှစ်မျိုးလုံးမှာ ပစ်မှတ်ထားခံထားရကြောင်း သူ သိလိုက်လေသည်။
ဆိုလိုသည်မှာ ယခုကောင်းကင်ပေါ်ရှိ အတိဒုက္ခမှာ အမျိုးအစားတစ်ခုတည်း မဟုတ်ဘဲ ရုပ်ခန္ဓာ အတိဒုက္ခနှင့် ဝိညာဉ်စွမ်းအား အတိဒုက္ခတို့ ပေါင်းစပ်ထားသည့် ပေါင်းစပ်ကောင်းကင်အတိဒုက္ခပင် ဖြစ်သည်။
ပြင်းထန်သော မြည်ဟီးသံကြောင့် ရှောင်ဖန် သတိပြန်ဝင်လာပြီး ကောင်းကင်မှ မည်းမှောင်နေသော တိမ်တိုက်များကို မော့ကြည့်လိုက်မိ၏။ တိမ်တိုက်ထဲမှ အတိဒုက္ခလျှပ်စီးများ၏ စွမ်းအားကို အာရုံခံမိသောအခါ သူ၏ အမူအရာမှာ တဖြည်းဖြည်း တည်ကြည်လေးနက်လာခဲ့သည်။
ဤအတိဒုက္ခလျှပ်စီးမှာ လင်းချန်၏ သူတော်စင်အဆင့်သို့ တက်လှမ်းမှုကြောင့် အမှန်တကယ် ပေါ်လာခြင်း ဖြစ်ပါသလော။ ဤမိုးကြိုးများ၏ စွမ်းအားမှာ သာမန် သူတော်စင်ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦးကိုပင် အသက်ပျောက်စေနိုင်သည်ဟု သူ ဘာကြောင့် ခံစားနေရသနည်း။ အရေးအကြီးဆုံးအချက်မှာ ဤအတိဒုက္ခမှာ ပုံမှန်မဟုတ်ဘဲ အခြေခံသဘာဝ နှစ်မျိုးပါဝင်နေသည့် ပုံစံမျိုး ဖြစ်နေခြင်းပင်။
သေချာစွာ အာရုံခံကြည့်ပြီးနောက် ရှောင်ဖန်၏ မျက်သူငယ်အိမ်များ ပြင်းထန်စွာ ကျုံ့ဝင်သွားတော့သည်။ ဤသည်မှာ အမှန်တကယ်ပင် ပေါင်းစပ်ကောင်းကင်အတိဒုက္ခ ဖြစ်နေ၏။ ၎င်း၏ စွမ်းအားမှာ ဤမျှ ကြောက်စရာကောင်းနေသည်မှာ မထူးဆန်းတော့ပေ။
ထိုသို့ဆိုလျှင် လင်းချန်သည် ဝိညာဉ်စွမ်းအား ကျင့်ကြံမှုတင်မကဘဲ ရုပ်ခန္ဓာ ကျင့်ကြံမှုတွင်လည်း အဆင့်တက်လှမ်းခဲ့ခြင်း ဖြစ်ရပေမည်။
ခုနက သူ သတိမထားမိခဲ့သော်လည်း ယခုကြည့်ရသည်မှာ လင်းချန်၏ ရုပ်ခန္ဓာ ကျင့်ကြံမှုမှာ အမှန်တကယ်ပင် မဟာသူတော်စင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
မဟာသူတော်စင်အဆင့်၏ ရုပ်ခန္ဓာ အတိဒုက္ခနှင့် သူတော်စင်အဆင့်၏ ဝိညာဉ်စွမ်းအား အတိဒုက္ခတို့ ပေါင်းစပ်သွားခြင်းကြောင့် အထက်တွင်ရှိသော ပေါင်းစပ်အတိဒုက္ခသည် သာမန် သူတော်စင်ဘုရင်အဆင့်များကိုပင် ချေမှုန်းပစ်ရန် လုံလောက်နေပြီဖြစ်သည်။
ရှောင်ဖန်သည် အသက်ကို ပြင်းပြင်းရှူကာ လင်းချန်ကို စိုက်ကြည့်ရင်း တိုးညှင်းသော အသံဖြင့် မပြောဘဲ မနေနိုင်တော့ပေ။
“တာအိုမိတ်ဆွေ လင်းချန် မင်းရဲ့ ကောင်းကင်အတိဒုက္ခက အရမ်း ကြောက်စရာကောင်းလွန်းတယ်။ ဒါကို ရင်ဆိုင်ဖို့ မင်း အပြည့်အဝ ပြင်ဆင်ထားမှ ဖြစ်မယ်။
တကယ်လို့ မင်း မပြင်ဆင်ရသေးရင် ဝိညာဉ်ပုံဆောက်ခဲ ဂူဗိမာန်ထဲကို ခဏပြန်သွားရအောင်။ အဲ့ဒီနေရာက ကောင်းကင်ဘုံရဲ့ အာရုံခံမှုကို ခဏတာ ကွယ်ဝှက်ပေးထားနိုင်လို့ မင်း အချိန်နည်းနည်း ထပ်ယူပြီး ပြင်ဆင်လို့ရတယ်။”
လင်းချန် ယခင်က အတိဒုက္ခအား မည်သို့ရင်ဆိုင်ခဲ့သည်ကို သူ မသိပေ။ သို့သော် ရုပ်ခန္ဓာ ကျင့်ကြံမှုမှာ မဟာသူတော်စင်အဆင့်တွင် ရှိနေပါစေဦး အထက်မှ ကောင်းကင်အတိဒုက္ခကို ရင်ဆိုင်ရန်မှာမူ...။
ရင်ဆိုင်မည့်သူမှာ လင်းချန် ဖြစ်နေလျှင်ပင် အလွန်ကြီးမားသော အန္တရာယ်ရှိသည်ကို သူ သိပေသည်။
ရှောင်ဖန်၏ စကားကို ကြားလိုက်ရသောအခါ လင်းချန်က ကျေးဇူးတင်သည့် အနေဖြင့် လက်ယှက် ပြလိုက်သည်။
“တာအိုမိတ်ဆွေ ရှောင်ဖန်ရဲ့ စိုးရိမ်မှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒါက ကောင်းကင်အတိဒုက္ခလေး တစ်ခုပါပဲ။ ဘာလို့ ပြင်ဆင်နေဖို့ လိုဦးမှာလဲ။”
ထိုသို့ပြောနေစဉ်မှာပင် သူသည် မြေပြင်ကို ဆောင့်နင်းကာ ကောင်းကင်ထက်သို့ တိုက်ရိုက် ပျံတက်သွားတော့သည်။
ဓမ္မဓိဋ္ဌာန်ကျကျ ပြောရလျှင် သူနှင့် ရှောင်ဖန်သည် ပြိုင်ဘက်များသာ ဖြစ်သင့်၏။ သို့သော် ရှောင်ဖန်သည် ခုနကကဲ့သို့ စကားမျိုးကို ပြောနိုင်သည်ဖြစ်ရာ သူသည် စစ်မှန်သော လူကြီးလူကောင်းတစ်ဦး ဖြစ်ကြောင်း ထင်ရှားလှပေသည်။
ထိုက်တန်သော ပြိုင်ဘက်ကောင်းတစ်ဦးပင်။
ဤကဲ့သို့ ပါရမီရှင်မျိုးသည် ဧကရာဇ်တစ်ပါး ဖြစ်လာရန် ထိုက်တန်ပေသည်။
သူ လင်းချန်သည် တာအိုပြည်နယ်သုံးထောင်၏ ပျက်စီးနေသော စည်းမျဉ်းများကို ဧကန်အမှန် ပြုပြင်ပေးပါလိမ့်မည်။ ယခုအချိန်တွင်မူ သူသည် ထိုပန်းတိုင်သို့ နောက်ထပ် ခြေလှမ်းကြီးတစ်လှမ်း လှမ်းတော့မည်ဖြစ်သည်။
လင်းချန်၏ လှုပ်ရှားမှုကြောင့် ရှောင်ဖန်မှာ အငိုက်မိသွား၏။ သူ ပါးစပ်ဟလိုက်သော်လည်း နောက်ထပ် စကားပြောရန် အချိန်မရလိုက်တော့ပေ။
သူသည် သက်ပြင်းချရင်း အတိဒုက္ခမိုးကြိုးများအောက်သို့ ရောက်ရှိနေပြီဖြစ်သော လင်းချန်ကိုသာ စိုးရိမ်သော အကြည့်ဖြင့် ကြည့်နေမိတော့သည်။
ယခုအခါတွင်မူ လင်းချန်သည် ဝိညာဉ်ပုံဆောင်ခဲ ဂူဗိမာန်သို့ ပြန်ချင်လျှင်ပင် ပြန်၍မရတော့ပေ။ ကောင်းကင်တာအိုသည် လင်းချန်ကို အပိုင်လော့ခ်ချလိုက်ပြီဖြစ်သည်။ လင်းချန်အတွက် ပုန်းစရာနေရာ မရှိတော့ဘဲ အတိဒုက္ခမိုးကြိုးများ၏ နှစ်ခြင်းမင်္ဂလာကို ချက်ချင်း ရင်ဆိုင်ရတော့မည်ဖြစ်သည်။
လင်းချန်သည် ဤကောင်းကင်အတိဒုက္ခကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ပါစေဟုသာ သူ ဆုတောင်းနေမိသည်။ သို့မဟုတ်ပါက ဤကဲ့သို့သော ပါရမီရှင်တစ်ဦး အတိဒုက္ခမိုးကြိုးအောက်တွင် အသက်ပျောက်သွားရလျှင် တာအိုပြည်နယ်သုံးထောင် တစ်ခုလုံးအတွက် ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်ပေလိမ့်မည်။
ကောင်းကင်ထက်၌ လင်းချန်၏ ပုံရိပ်သည် ဟင်းလင်းပြင်ပေါ် လျှောက်လှမ်းရင်း ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်နေသည့် မည်းမှောင်သော အတိဒုက္ခတိမ်တိုက်များကို ရင်ဆိုင်နေ၏။
ဤအချိန်တွင် ကစဉ့်ကလျား မြင့်မြတ်နယ်မြေတစ်ခုလုံးရှိ တပည့်များနှင့် အစွမ်းထက် ပုဂ္ဂိုလ်များသည် လင်းချန် ပေါ်လာသည်ကို သတိပြုမိသွားကြပြီး ထိတ်လန့်တုန်လှုပ်ခြင်းများ ဖြစ်ပေါ်လာခဲ့ကြလေသည်။
ယခင်က သူတို့သည် နာရီပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သော ဤအတ်ဒုက္ခတိမ်တိုက်နှင့် မိုးကြိုးများကို မြင့်မြတ်နယ်မြေရှိ မည်သည့် အစွမ်းထက် ပုဂ္ဂိုလ်က ဆွဲဆောင်လိုက်သနည်းဟု ခန့်မှန်းနေခဲ့ကြခြင်း ဖြစ်သည်။
ဤမည်းမှောင်သော အတိဒုက္ခတိမ်တိုက်နှင့် မိုးကြိုးများသည်... မိမိတို့ မြင့်မြတ်နယ်မြေသို့ လာရောက်လည်ပတ်နေသည့် ရှေးဟောင်းကန္တာရ လင်းမိသားစု၏ နတ်ဘုရားသားတော် လင်းချန်ကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟု သူတို့ အိမ်မက်ထဲတွင်ပင် ထည့်မမက်ခဲ့ကြပေ။
ကောင်းကင်ပေါ်ရှိ ထိုအတိဒုက္ခမိုးကြိုးများ၏ စွမ်းအားမှာ အလွန်အမင်း ကြောက်စရာကောင်းလှသည်။
လင်းချန်၏ ကျင့်ကြံမှုအဆင့်နှင့်ဆိုလျှင် ၎င်းတို့ကို ဆွဲဆောင်နိုင်လောက်သည့် အရည်အချင်း မရှိသင့်ဟု သူတို့ ယူဆထားခဲ့ကြ၏။
သို့သော် ယခုအခါတွင်မူ သူတော်စင်ဘုရင်အဆင့် ကျွမ်းကျင်သူများကိုပင် သတ်ဖြတ်နိုင်သော ထိုအတိဒုက္ခမိုးကြိုးများသည် သူတို့ မမျှော်လင့်ထားဆုံးသူဖြစ်သည့် ရှေးဟောင်းကန္တာရ လင်းမိသားစု၏ နတ်ဘုရားသားတော် လင်းချန်ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း အမှန်တရားက သက်သေပြလိုက်ပြီဖြစ်သည်။
ကောင်းကင်ထက်၌ မတ်မတ်ရပ်နေသော ထိုလူငယ်၏ ပုံရိပ်ကို ကြည့်ရင်း ကစဉ့်ကလျား မြင့်မြတ်နယ်မြေမှ တပည့်များနှင့် အစွမ်းထက် ပုဂ္ဂိုလ်များသည် မိမိကိုယ်ကို မေးခွန်းထုတ်လိုက်မိကြသည်။
“နတ်ဘုရားစာရင်းမှာ နံပါတ်တစ်နဲ့ ပါရမီရှင်စာရင်းမှာ ပထမအဆင့် ရထားတဲ့သူက တကယ်ပဲ ဒီလောက်အထိ ထူးချွန်တဲ့သူလား။”
ကစဉ့်ကလျား နတ်ဘုရားတောင်ထိပ်တွင်...။
ရှေးဟောင်းကန္တာရ လင်းမိသားစုမှ အကြီးအကဲများနှင့် ကစဉ့်ကလျား မြင့်မြတ်နယ်မြေမှ ထိပ်သီးပုဂ္ဂိုလ်များ အားလုံးသည် “ထင်ထားတဲ့အတိုင်းပဲ” ဟု ဆိုလိုသည့် အပြုံးမျိုးကို ပြသနေကြ၏။ ယခင်က သူတို့သည် ဤကဲ့သို့ အရေးကြီးသော အချိန်တွင် ထူးခြားသော ကောင်းကင်အတိဒုက္ခကို ဆွဲဆောင်နိုင်သူမှာ သာမန်လူ မဟုတ်နိုင်ဟု ခန့်မှန်းခဲ့ကြသည်။
ထိုသူမှာ ကစဉ့်ကလျား မြင့်မြတ်နယ်မြေသို့ လာရောက်လည်ပတ်နေသည့် လင်းမိသားစု နတ်ဘုရားသားတော် လင်းချန် ဖြစ်နိုင်ခြေ အလွန်များကြောင်း သူတို့ သိထားခဲ့ကြသည်။ ယခုကြည့်လိုက်သောအခါ အမှန်တကယ်ပင် ထိုသို့ ဖြစ်နေချေပြီ။
လင်းမိသားစုမှ အကြီးအကဲများ၏ မျက်နှာတွင် ဂုဏ်ယူဝင့်ကြွားသော အမူအရာများ အလိုအလျောက် ဖြစ်ပေါ်လာတော့သည်။ ဤသူကား သူတို့ လင်းမိသားစု၏ နတ်ဘုရားသားတော်၊ နတ်ဘုရားစာရင်း၏ နံပါတ်တစ်နှင့် ပါရမီရှင်စာရင်း၏ ပထမအဆင့် ပိုင်ရှင်ပင် ဖြစ်သည်။
လင်းချန်၏ ကျင့်ကြံမှုမှာ ယခုအခါ သူတော်စင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူတို့ သိမြင်လိုက်ရသော်လည်း သူတို့မှာ အနည်းငယ်မျှပင် အံ့သြခြင်းမရှိကြပေ။ အကြောင်းမှာ ဤသူသည် နတ်ဘုရားသားတော် လင်းချန် ဖြစ်နေ၍ပင်။ သူ ဘာပဲလုပ်လုပ် သူတို့အတွက်တော့ အံ့သြစရာ မဟုတ်တော့ပါချေ။
ကစဉ့်ကလျား မြင့်မြတ်နယ်မြေမှ ထိပ်သီးပုဂ္ဂိုလ်များမှာ ပြုံးနေကြသော်လည်း သူတို့၏ မျက်ဝန်းထဲတွင်မူ ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်အချို့ ဖုံးကွယ်နေကြသည်။
“ရှေးဟောင်းကန္တာရ လင်းမိသားစုရဲ့ နတ်ဘုရားသားတော်က တကယ်ပဲ ဒီလောက်တောင် ကမ္ဘာပျက်မတတ် ထူးချွန်တာလား။”
နေ့တစ်ဝက်...သူ သူတို့ရဲ့ ကစဉ့်ကျလာစ မြင့်မြတ်နယ်မြေကို ရောက်လာတာ နေ့တစ်ဝက်ပဲ ရှိသေးတာလေ။
ရှောင်ဖန်ရဲ့ လမ်းညွှန်မှုနဲ့ ဝိညာဉ်ပုံဆောင်ခဲ ဂူဗိမာန်ထဲကို ဝင်ပြီး ကျင့်ကြံခဲ့ရင်တောင်မှ၊ အဲ့ဒီမှာ ကျင့်ကြံခဲ့ရင်တောင်မှ ဒါက လုံးဝမဖြစ်နိုင်သင့်ဘူး။
နေ့တစ်ဝက်တည်းနဲ့ အဆင့်ကြီး နှစ်ဆင့်ကို ဆက်တိုက် ကျော်ဖြတ်ပြီး အဆင့်တက်သွားတယ်ဆိုတာကြီးက...။
သူတို့လည်း ရှောင်ဖန်လိုပင် ဘယ်လိုမှ စဉ်းစား၍ မရနိုင်တော့ပါချေ။
သို့သော်လည်း တစ်ချိန်တည်းမှာပင် သူတို့၏ စိတ်ထဲ၌ စိတ်အေးသွားသည့် ခံစားချက်တစ်ခုလည်း ပေါ်ပေါက်လာခဲ့သည်။ ဤကဲ့သို့သော ပါရမီရှင်မျိုး ရှေးဟောင်းကန္တာရ လင်းမိသားစုတွင် ရှိနေခြင်းကြောင့် သူတို့၏ ကစဉ့်ကလျား မြင့်မြတ်နယ်မြေအနေဖြင့် လင်းမိသားစုနှင့် မဟာမိတ်ဖွဲ့ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ အမှန်တကယ်ပင် ပညာရှိသော ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပေသည်။
မည်းမှောင်နေသော ဧရာမအတိဒုက္ခတိမ်တိုက်ကြီးအောက်တွင် လင်းချန်သည် တိမ်တိုက်၏ အနက်ရှိုင်းဆုံးနေရာမှ အတိဒုက္ခမိုးကြိုးများကို တစ်ချက်ကြည့်လိုက်ပြီး ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။
ထို့နောက်တွင် ကစဉ့်ကလျား မြင့်မြတ်နယ်မြေမှ တပည့်များနှင့် အစွမ်းထက် ပုဂ္ဂိုလ်များစွာ၏ အံ့အားသင့်နေသော အကြည့်များအောက်မှာပင် သူသည် ကောင်းကင်ယံထက်၌ တင်ပျဉ်ခွေကာ တိုက်ရိုက် ထိုင်ချလိုက်တော့သည်။
ဤပုံစံအတိုင်းဆိုလျှင် သူသည် ကောင်းကင်ပေါ်မှာပဲ ကျင့်ကြံတော့မည်လော။
ဤအခိုက်အတန့်တွင် ကစဉ့်ကလျား မြင့်မြတ်နယ်မြေရှိ လူတိုင်းမှာ မှင်သက်သွားကြတော့သည်။
လင်းချန် ဘာလုပ်နေတာလဲ။
သူက အတိဒုက္ခကို ရင်ဆိုင်ရမှာ မဟုတ်ဘူးလား။
ဘာလို့ တင်ပျဉ်ခွေ ထိုင်ချလိုက်ရတာလဲ။
အခန်း ၈၈- အဓိပ္ပာယ်မရှိလိုက်တာ...လုံးဝကို အဓိပ္ပာယ်မရှိဘူး၊ မှင်သက်သွားရသော ကစဉ့်ကလျား မြင့်မြတ်နယ်မြေ
ကစဉ့်ကလျား နတ်ဘုရားတောင်ထိပ်တွင်...။
ကောင်းကင်ထက်၌ ဖြစ်ပျက်နေသည်များကို မြင်တွေ့နေရသော ရှေးဟောင်းကန္တာရ လင်းမိသားစုမှ အကြီးအကဲ အများအပြားသည် သဘောကျသည့် အပြုံးများကို ပြသနေကြ၏။ ကြည့်ရသည်မှာ နတ်ဘုရားသားတော်သည် ယခင်က အတိဒုက္ခများအတိုင်း ထပ်မံလုပ်ဆောင်တော့မည့်ပုံပင်။
တွက်ကြည့်မည်ဆိုလျှင် ဤကဲ့သို့သော မြင်ကွင်းမျိုးကို သူတို့ မြင်တွေ့ရသည်မှာ သုံးကြိမ်မြောက် ရှိပြီ မဟုတ်ပါလော။
ပထမတစ်ကြိမ်မှာ ဖူကွမ်းမြို့တွင်ဖြစ်ပြီး ဒုတိယတစ်ကြိမ်မှာ သူတို့၏ လင်းမိသားစုနယ်မြေတွင် ဖြစ်သည်။
ယခုအခါ ကစဉ့်ကလျား မြင့်မြတ်နယ်မြေတွင် နတ်ဘုရားသားတော်သည် ထိုထိတ်လန့်ဖွယ်ရာ မြင်ကွင်းကို နောက်တစ်ဖန် ပြသတော့မည် ဖြစ်သည်။
ဤသည်မှာလည်း ကောင်းပါသည်။ ၎င်းသည် ကစဉ့်ကလျား မြင့်မြတ်နယ်မြေမှ တပည့်များနှင့် အစွမ်းထက် ပုဂ္ဂိုလ်များအတွက် ဗဟုသုတ တိုးပွားစေပြီး အမြင်ကျယ်သွားစေမည် ဖြစ်သည်။
အတိဒုက္ခရင်ဆိုင်ခြင်း နည်းလမ်းအသစ်...။
ကောင်းကင်အတိဒုက္ခက သူ့ကို အစာကျွေးသလိုမျိုး စွမ်းအားများ ပြန်ပေးနေသည့် မြင်ကွင်းကို သူတို့ မြင်တွေ့ရပေတော့မည်။
သူတို့ ပထမဆုံး မြင်တွေ့ခဲ့စဉ်က ထိတ်လန့်တုန်လှုပ်ပြီး နားမလည်နိုင် ဖြစ်ခဲ့ရသလိုမျိုး သူတို့၏ မဟာမိတ်အသစ်များကိုလည်း ထိုသို့သော ဝေခွဲမရသည့် ခံစားချက်မျိုး ခံစားစေရမည်ဖြစ်သည်။
လင်းမိသားစု အကြီးအကဲများ၏ မျက်နှာထက်မှ ထူးဆန်းသော အပြုံးများကို သတိထားမိလိုက်သောအခါ ကစဉ့်ကလျား မြင့်မြတ်နယ်မြေမှ ထိပ်သီးပုဂ္ဂိုလ်များသည် စိတ်ထဲ၌ တစ်မျိုးကြီး ဖြစ်လာကြ၏။ မကြာမီ ဖြစ်ပျက်တော့မည့် အရာသည် သူတို့၏ အမြင်အာရုံများကို ရိုက်ချိုးဖျက်ဆီးပစ်တော့မည်ဟု သူတို့ ခံစားနေကြရလေသည်။
လင်းချန်သည် နေ့တစ်ဝက်တည်းနှင့် အဆင့်ကြီး နှစ်ဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်းက သူတို့၏ ကမ္ဘာကြီးကို ပြောင်းလဲပစ်ခဲ့ပြီး ဖြစ်သော်လည်း နောက်ထပ် ဖြစ်ပျက်လာမည့်အရာမှာ ထိုအရာထက်ပင် ပိုမို ထိတ်လန့်စရာကောင်းမည်ကို သူတို့ သိနေကြသည်။
ထိပ်သီးပုဂ္ဂိုလ်များသည် အချင်းချင်း ကြည့်လိုက်ကြပြီး တံတွေးကို ခက်ခက်ခဲခဲ မျိုချရင်း လင်းချန်ကိုသာ စိုးရိမ်တကြီး စိုက်ကြည့်နေမိကြတော့သည်။
တကယ်ပဲ ဘာတွေ ဆက်ဖြစ်လာမှာလဲ။
လူတိုင်း၏ စောင့်ကြည့်နေမှုအောက်တွင် လင်းချန်၏ အမူအရာမှာ ငြိမ်သက်နေသော ရေကန်ကဲ့သို့ တည်ငြိမ်နေဆဲပင်။ သူသည် မျက်လုံးများကို ဖြည်းညှင်းစွာ ပိတ်လိုက်ပြီး ဘာမှမဖြစ်သလို အမူအရာဖြင့် ဖရိုဖရဲ နတ်ဘုရား-မိစ္ဆာ ကျမ်းစာကို စတင်လည်ပတ်စေလိုက်တော့သည်။
သူသည် ကျင့်ကြံရန်အတွက်သာ လာခဲ့ခြင်းဖြစ်၏။
အတိဒုက္ခကို ရင်ဆိုင်နေစဉ်အတွင်း မိမိ၏စွမ်းအားကို မြှင့်တင်ရန် မကျင့်ကြံဘူးဆိုလျှင် အတိဒုက္ခရင်ဆိုင်ခြင်းက ဘာအဓိပ္ပာယ် ရှိတော့မည်နည်း။
“ဝုန်း...”
“ဘုန်း”
“ဂျိန်း...”
လင်းချန်သည် ကျင့်စဉ်တစ်ခုကို လည်ပတ်နေသည်ကို သိရှိသွားသည့်အလား ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသော မည်းမှောင်နေသည့် တိမ်တိုက်ကြီးမှာ ရုတ်တရက် တုန်ခါသွား၏။ ထိုတိမ်တိုက်ထဲမှ ခရမ်းရင့်ရောင်နှင့် အနက်ဖျော့ရောင် ရောယှက်နေသည့် ဧရာမ အတိဒုက္ခမိုးကြိုးကြီးတစ်ခုမှာ အရှိန်အဟုန်ဖြင့် အောက်သို့ ကျဆင်းလာတော့သည်။
ထိုလျှပ်စီးကြီးမှာ ပေတစ်ထောင်ခန့် ထူထဲလှပြီး အလွန်အမင်း ကြောက်စရာကောင်းလှသည်။ ၎င်းသည် လင်းချန်၏ ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး အတိဒုက္ခမိုးကြိုး ပင်လယ်ပြင်ကြီးအဖြစ် ပြောင်းလဲပစ်လိုက်တတော့လေသည်။
ချဲ့ကားပြောခြင်း မဟုတ်ဘဲ သူတော်စင်ဘုရင်အဆင့် အလယ်အလတ်ရှိသော ကျွမ်းကျင်သူတစ်ဦးပင်လျှင် ဤအရောင်နှစ်မျိုးစပ် မိုးကြိုးကြီးကို ရင်ဆိုင်ရန်အတွက် အလေးအနက်ထားပြီး ရှိသမျှ နည်းလမ်းပေါင်းစုံကို အသုံးပြုရမည်ဖြစ်သည်။ သို့မဟုတ်ပါက အတိဒုက္ခမိုးကြိုးအောက်တွင် အသက်ပျောက်သွားရုံသာ ရှိတော့သည်။
သို့သော်လည်း လင်းချန်မှာမူ မည်သည့်တုံ့ပြန်မှုမျှ မပြဘဲ ဘာကာကွယ်မှုမှ မလုပ်ဘဲ သူ၏ကျင့်စဉ်ကိုသာ ဆက်လက်လည်ပတ်နေ၏။ သူ၏ မျက်လုံးထဲတွင်မူ ဤအရောင်နှစ်မျိုးစပ် မိုးကြိုးကြီးမှာ သာမန်ကာလျှံကာမျှသာ ဖြစ်ပြီး ဂရုစိုက်နေစရာ မလိုသည့်အလားပင်။
လင်းချန်က စိတ်မလောသော်လည်း ကစဉ့်ကလျား မြင့်မြတ်နယ်မြေမှ တပည့်များနှင့် အစွမ်းထက် ပုဂ္ဂိုလ်များမှာမူ စိုးရိမ်နေကြပြီဖြစ်သည်။
မိုးကြိုးကြီးက သူ့ဆီကို ကျလာတော့မယ်လေ။ လင်းချန်က ဘာလို့ ဘာကာကွယ်မှုမှ မလုပ်သေးတာလဲ။ သူက အတိဒုက္ခမိုးကြိုးအောက်မှာ သေသွားမှာ မကြောက်ဘူးလား။
မြင့်မြတ်နယ်မြေမှ သူတော်စင်ဘုရင်အဆင့်ကျွမ်းကျင်သူတစ်ဦးသည် လင်းမိသားစု အကြီးအကဲများထံသို့ လှည့်ကာ မနေနိုင်ဘဲ ပြောလိုက်တော့သည်။
“စီနီယာတို့... လင်းချန်က ဘာလုပ်နေတာလဲ။ ဒီအတိုင်းသာ ဆက်သွားရင် သူ အသက်အန္တရာယ် စိုးရိမ်ရလိမ့်မယ်။”
ကစဉ့်ကလျား မြင့်မြတ်နယ်မြေမှ အခြားသော အစွမ်းထက် ပုဂ္ဂိုလ်များ၏ မျက်နှာတွင်လည်း စိုးရိမ်ပူပန်မှုများ အထင်းသား ပေါ်လွင်နေ၏။
ရှေးဟောင်းကန္တာရ လင်းမိသားစုအတွက် လင်းချန်၏ အရေးပါမှုမှာ ပြောနေစရာပင် မလိုတော့ချေ။ အကယ်၍ သူတို့၏ မြင့်မြတ်နယ်မြေအတွင်း၌ လင်းချန် တစ်စုံတစ်ရာ ဖြစ်သွားခဲ့လျှင်... လင်းမိသားစုက ဤကိစ္စကို ဒီအတိုင်း လွှတ်ထားမည်မဟုတ်ကြောင်း သူတို့ ယုံကြည်နေကြသည်။
ထိုအချိန်ကျလျှင် မဟာမိတ်အသစ် ဖြစ်လာဖို့နေနေသာသာ ရန်ဘက်များပင် ဖြစ်သွားနိုင်ပေသည်။ ဤသည်မှာ သူတို့၏ မြင့်မြတ်နယ်မြေအတွက် အလွန်ဆိုးဝါးသော ဆုံးရှုံးမှုတစ်ခု ဖြစ်လာပေလိမ့်မည်။
ထိုစကားကို ကြားသောအခါ လင်းမိသားစု အကြီးအကဲများ၏ မျက်နှာထက်မှ သဘောကျသည့် အမူအရာများမှာ ပိုမိုသိသာလာခဲ့သည်။ အကြီးအကဲတစ်ဦးက သူ၏ နှင်းကဲ့သို့ ဖြူဖွေးသော မုတ်ဆိတ်မွှေးများကို သပ်ရင်း လျှို့ဝှက်ဆန်းကြယ်စွာ ပြန်ပြောလိုက်လေသည်။
“တာအိုမိတ်ဆွေတို့... စိတ်မလောကြပါနဲ့။ နတ်ဘုရားသားတော်ရဲ့ လှုပ်ရှားမှုတွေကို တည်တည်ငြိမ်ငြိမ်ပဲ စောင့်ကြည့်ပေးပါ။ စိုးရိမ်စရာ မလိုပါဘူး။
ဒီအတိဒုက္ခမိုးကြိုးက နတ်ဘုရားသားတော်ကို ဘာလုပ်နိုင်မလဲဆိုတာ စိတ်ပူနေဖို့ မလိုပါဘူး။ ဆက်ပဲကြည့်နေလိုက်ပါ။ ဘာကြောင့်လဲဆိုတာကို မကြာခင် ခင်ဗျားတို့ နားလည်သွားပါလိမ့်မယ်။”
ကစဉ့်ကလျား မြင့်မြတ်နယ်မြေမှ ထိပ်သီးပုဂ္ဂိုလ်များသည် နောက်ထပ် ဘာမှမပြောနိုင်တော့ပေ။ သူတို့သည် စိုးရိမ်စိတ်နှင့် စူးစမ်းလိုစိတ်များ ရောပြွမ်းလျက် ကောင်းကင်ထက်၌ တင်ပျဉ်ခွေထိုင်နေသော လင်းချန်ကိုသာ စိုက်ကြည့်နေမိကြတော့သည်။
လင်းမိသားစု အကြီးအကဲများကို ဤမျှအထိ ယုံကြည်မှုရှိနေစေပြီး စိုးရိမ်မှု ကင်းမဲ့နေစေသည့် ထိုထူထဲလှသော ကြောက်မက်ဖွယ် အတိဒုက္ခမိုးကြိးကြီးကို လင်းချန်က နောက်ဆုံးတွင် မည်သို့ ရင်ဆိုင်ဖြေရှင်းမည်နည်းဆိုသည်ကို သူတို့ မြင်ချင်နေကြသည်။
ဝင်းခြံအတွင်း၌မူ ရှောင်ဖန်မှာ ကြောင်အအဖြစ်နေဆဲပင်။ လင်းချန် ယခုဘာလုပ်နေသည်ကို သူ နားမလည်ပေ။ သို့သော် လင်းချန်အပေါ် သူ၏ သိရှိနားလည်မှုအရ ဤသည်မှာ မောက်မာမှုကြောင့် လုပ်ဆောင်ခြင်း မဟုတ်သည်မှာ သေချာသည်။
လင်းချန်သည် မည်သည့်အခါကမျှ မောက်မာခြင်းမရှိဘဲ အလွန်ဆုံးရှိလျှင် အနည်းငယ် ဂုဏ်ယူဝင့်ကြွားတတ်ရုံသာ ရှိသည်။
လင်းချန်၏ လက်ရှိ လုပ်ဆောင်မှုနောက်ကွယ်တွင် အကြောင်းပြချက်တစ်ခုခု ရှိရမည်ဖြစ်သော်လည်း ထိုအကြောင်းပြချက်မှာ ဘာဖြစ်မည်ကိုမူ သူ စဉ်းစားမရပေ။ လင်းချန်က နေ့တစ်ဝက်တည်းနှင့် အဆင့်ကြီး နှစ်ဆင့်ကို မည်သို့ ကျော်ဖြတ်နိုင်ခဲ့သနည်းဆိုသည်ကို သူ စဉ်းစားမရခဲ့သလိုမျိုးပင်။
သို့သော်လည်း အရောင်နှစ်မျိုးစပ် အတိဒုက္ခမိုးကြိုးကြီး ကျရောက်လာတော့မည့်အချိန်တွင် လင်းချန် ဘာကြောင့် ဤသို့လုပ်ဆောင်သည်ကို အချိန်က ရှင်းပြပေးပါလိမ့်မည်။
မြင့်မြတ်နယ်မြေမှ အစွမ်းထက် ပုဂ္ဂိုလ်အားလုံး၏ စောင့်ကြည့်မှုအောက်တွင် ကမ္ဘာပျက်မတတ် စွမ်းအားများကို ဆောင်ကြဉ်းလာသည့် အရောင်နှစ်မျိုးစပ် အတိဒုက္ခမိုးကြိုးကြီးမှာ လင်းချန်နှင့် ပေတစ်ရာခန့်သာ ကွာဝေးတော့လေသည်။
သို့သော် နောက်အခိုက်တွင် လူတိုင်း၏ စောင့်ကြည့်နေမှုအောက်မှာပင် ထိုမိုးကြိုးကြီးသည် လင်းချန်နှင့် ပေအနည်းငယ်အကွာသို့ ရောက်ရှိလာချိန်၌ ၎င်း၏ ဖျက်ဆီးလိုသည့်အားများမှာ အစအနမကျန် ဟင်းလင်းပြင်ထဲ၌ ပျောက်ကွယ်သွားတော့သည်။
အမှန်ပင်။ ၎င်း၏ စွမ်းအားအားလုံးမှာ အစအနမကျန် ပျောက်ကွယ်သွားပြီး သန့်စင်ကာ အရည်အသွေးမြင့်မားလှသည့် မိုးကြိုးစွမ်းအင်အသွင်ဖြင့်သာ လင်းချန်ပေါ်သို့ စီးကျလာတော့သည်။
ဤအခိုက်အတန့်တွင် ကစဉ့်ကလျား မြင့်မြတ်နယ်မြေတစ်ခုလုံး မှင်သက်သွားကြတော့လေသည်။
အောက်ခြေရှိ အလုပ်သက် တပည့်များမှစ၍ အထက်ပိုင်းရှိ နတ်ဘုရားအဆင့် ကျွမ်းကျင်သူများအထိ လူတိုင်းမှာ မလှုပ်မယှက် ကြောင်အကာ ရပ်နေမိကြသည်။
ယခုမှသာ လင်းချန်သည် ဘာကြောင့် ဘာတုံ့ပြန်မှုမှ မလုပ်ခဲ့သည်ကို သူတို့ နားလည်သွားကြသည်။
ဤအတိဒုက္ခမိုးကြိုးက သူ့ကို တိုက်ခိုက်နေခြင်း မဟုတ်ဘဲ... သူ့ကို အစာကျွေးနေခြင်း သာ ဖြစ်နေသည် မဟုတ်ပါလော။
သို့သော် ဤကဲ့သို့ အဓိပ္ပာယ်မရှိသော ကိစ္စမျိုးမှာ လက်တွေ့၌ ဘယ်လိုလုပ် ဖြစ်နိုင်ရသနည်း။
လင်းချန်သည် ဖရိုဖရဲ နတ်ဘုရား-မိစ္ဆာ ကျမ်းစာကို လည်ပတ်ရင်း စွမ်းအင်များကို အဆက်မပြတ် စုပ်ယူနေသော်လည်း ဧရာမ မိုးကြိုးစွမ်းအင်လုံးကြီးက ကောင်းကင်တစ်ခုလုံးကို ပိုမိုဖုံးလွှမ်းလာခြင်းကိုမူ သူ မတားဆီးနိုင်ခဲ့ပေ။
ကစဉ့်ကလျား နတ်ဘုရားတောင်ထိပ်တွင်...။
ကစဉ့်ကလျား မြင့်မြတ်နယ်မြေမှ ထိပ်သီးပုဂ္ဂိုလ်များသည် လုံးဝ စကားမဆိုနိုင်ဘဲ ဆွံ့အသွားကြပြီဖြစ်သည်။ သူတို့သည် ကောင်းကင်၌ တဖြည်းဖြည်း ပိုမိုကြီးမားလာသော အရောင်နှစ်မျိုးစပ် မိုးကြိုးစွမ်းအင်လုံးကြီးကိုသာ မှင်သက်စွာ စိုက်ကြည့်နေမိကြတော့သည်။
“ရှေးဟောင်းကန္တာရ လင်းမိသားစုရဲ့ နတ်ဘုရားသားတော် လင်းချန်က တကယ်ကို... ကောင်းကင်ကို ဆန့်ကျင်တဲ့သူပဲ။”
သူသည် အဆင့်တူချင်း တိုက်ပွဲတွင် တာအိုဘိုးဘေးကို အနိုင်ယူပြီး နတ်ဘုရားစာရင်း၏ နံပါတ်တစ်သစ် ဖြစ်လာခဲ့သည်မှာ မထူးဆန်းတော့ပါချေ။
သူတို့သည် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားပြီး လင်းချန် ဘာကြောင့် ကောင်းကင်ပေါ်မှာ တင်ပျဉ်ခွေထိုင်နေရသနည်းဆိုသည်ကို သိထားကြသော်လည်း ထိုထိတ်လန့်တုန်လှုပ်မှုမှာ သူတို့၏ နှလုံးသားကို ဆက်လက်ရိုက်ခတ်နေဆဲဖြစ်ပြီး အချိန်အတော်ကြာသည်အထိ ပျောက်ကွယ်မသွားခဲ့ပေ။
ဘယ်သူကများ နားလည်နိုင်ပါမည်နည်း။
သူတော်စင်အဆင့် ကျင့်ကြံသူတစ်ဦးသည် သူတော်စင်ဘုရင်အဆင့်ကိုပင် သတ်ဖြတ်နိုင်သော ပြင်းထန်လှသည့် အတိဒုက္ခမိုးကြိုးများအောက်တွင် နက်ရှိုင်းသော ကျင့်ကြံခြင်းအခြေအနေထဲသို့ တိုက်ရိုက် စိတ်နှစ်မြှုပ်ထားနိုင်သည်ဆိုသည်မှာ....။
“ဝုန်း”
နောက်ဆုံး အရောင်နှစ်မျိုးစပ် အတ်ဒုက္ခမိုးကြိုးသည် အောက်သို့ ကျဆင်းလာပြီး သန့်စင်သော မိုးကြိုးစွမ်းအင်အဖြစ် ပြောင်းလဲသွားကာ ယခင်မိုးကြိုးများကဲ့သို့ပင် ဧရာမ စွမ်းအင်လုံးကြီးအတွင်းသို့ စုစည်းသွားခဲ့သည်။
ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသော မည်းမှောင်နေသည့် အတိဒုက္ခတိမ်တိုက်ကြီးမှာ မကျေမနပ်ဖြစ်နေသည့်အလား တုန်ခါသွားသော်လည်း ၎င်း၏ ပျောက်ကွယ်သွားမှုကိုမူ မတားဆီးနိုင်ခဲ့ပေ။
အတိဒုက္ခတိမ်တိုက်များ စတင်ကွာကျပျက်စီးသွားသော်လည်း မိုးကြိုးစွမ်းအင်များဖြင့် စုစည်းထားသည့် ဧရာမ စွမ်းအင်လုံးကြီးမှာမူ ကောင်းကင်၌ ဆက်လက်ချိတ်ဆွဲထားဆဲပင်။ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းလုနီးပါး ဖြစ်နေသော ထိုဧရာမ မိုးကြိုးစွမ်းအင်လုံးကြီး၏ အတွင်း၌ လင်းချန်သည် မျက်မှောင် အနည်းငယ်ကြုတ်ကာ တင်ပျဉ်ခွေ ထိုင်နေသည်။
ခန့်ညားထည်ဝါပြီး သန့်စင်လှသည့် မိုးကြိုးစွမ်းအင်များ၏ ပြုပြင်ပေးမှုကို ခံယူပြီးနောက် သူ၏ ရုပ်ခန္ဓာ ကျင့်ကြံမှုမှာ နောက်ထပ် အဆင့်တက်ခြင်းတစ်ခုကို ရရှိခဲ့သည်။ ယခုအခါ သူသည် မဟာသူတော်စင်အဆင့် ၃၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကာ နောက်ထပ် အဆင့်တက်ရန် ခြေတစ်လှမ်းအလိုသို့ ရောက်ရှိနေပြီဖြစ်သည်။
နောက်ထပ် အဆင့်တက်ခြင်းတစ်ခု ရရှိသည်နှင့် သူ၏ ရုပ်ခန္ဓာ ကျင့်ကြံမှုသည် မဟာသူတော်စင် အလယ်အလတ်အဆင့် သို့ တက်လှမ်းသွားတော့မည်ဖြစ်သည်။
သူ၏ ရုပ်ခန္ဓာ ကျင့်ကြံမှုသာမက သူ၏ ဝိညာဉ်စွမ်းအား အရည်အသွေးမှာလည်း ထိုနည်းတူပင် တိုးတက်နေခဲ့သည်။ သူ လင်းမိသားစုတွင် ရှိစဉ်က သဘောပေါက်နားလည်ခဲ့သော အကြွင်းမဲ့(လုံးဝဥဿုံ) ထိန်းချုပ်ခြင်းကို သူ၏ ဝိညာဉ်စွမ်းအား အရည်အသွေး ပြုပြင်ပေးနေစဉ်အတွင်း သဘာဝကျကျနှင့် အပြည့်အဝ တတ်မြောက်သွားခဲ့သည်။
ယခု သူ ရင်ဆိုင်နေရသည်မှာ ဝိညာဉ်စွမ်းအား အရည်အသွေး၏ အသွင်ပြောင်းလဲမှုနှင့် ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံမှု၏ အဆင့်တက်ခြင်းတို့ပင် ဖြစ်သည်။
အကယ်၍ ဤအခြေအနေနှစ်ရပ်မှာ သီးခြားစီ ဖြစ်ပေါ်ခဲ့မည်ဆိုလျှင် လင်းချန်အတွက် ဘာမှစိုးရိမ်စရာ မရှိပေ။ သို့သော် နှစ်မျိုးလုံး တစ်ပြိုင်တည်း ဖြစ်ပေါ်လာသည့်အခါ လင်းချန်ပင်လျှင် အလွန်အမင်း အာရုံစိုက်ရတော့လေသည်။
အရောင်နှစ်မျိုးစပ် အတိဒုက္ခမိုးကြိုးက သူ့အတွက် အခက်အခဲအချို့ကို အမှန်တကယ် ဆောင်ကြဉ်းပေးခဲ့သည်။ စွမ်းရည်နှစ်မျိုးစလုံး တစ်ပြိုင်တည်း အဆင့်တက်နေခြင်းက သူ့ကို အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားစေ၏။
လင်းချန်သည် ဖရိုဖရဲ နတ်ဘုရား-မိစ္ဆာ ကျမ်းစာကို ဆက်လက်လည်ပတ်နေရင်း စိတ်ကို နှစ်ပိုင်းခွဲကာ ဝိညာဉ်စွမ်းအား အရည်အသွေး အသွင်ပြောင်းလဲမှုနှင့် ရုပ်ခန္ဓာ အဆင့်တက်ခြင်းတို့ကို တစ်ပြိုင်တည်း ဖြစ်ပေါ်စေရန် စတင်ထိန်းညှိလိုက်တော့သည်။
လင်းချန်၏ ခန္ဓာကိုယ်ပတ်လည်တွင် ရှိနေသော အငွေ့အသက်များမှာလည်း တဖြည်းဖြည်း ပိုမိုအားကောင်းလာခဲ့သည်။ လင်းချန်၏ အတွေးများကို အခြားသူများသာ သိရှိသွားမည်ဆိုလျှင် ထိုမြင်ကွင်းကို လက်ခံရန် ခက်ခဲနေကြသူများမှာ ဒေါသထွက်လွန်းသဖြင့် နံရံကို ခေါင်းနှင့် ဆောင့်မိကြပေလိမ့်မည်။
“မင်းပြောချင်တာက မင်းရဲ့အစွမ်းတွေက တစ်ပြိုင်တည်း အရမ်းတိုးလာလို့ မင်းမှာ အခက်တွေ့နေရတယ်ပေါ့” ဟူ၍ ပြောကြပေလိမ့်မည်။
ကစဉ့်ကလျား မြင့်မြတ်နယ်မြေတစ်ခုလုံးမှာ လုံးဝ တိတ်ဆိတ်ငြိမ်သက်နေ၏။ လူတိုင်းသည် ကောင်းကင်ထက်ရှိ ဧရာမ မိုးကြိုးစွမ်းအင်လုံးကြီးကိုသာ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြသည်။
ယခုအခါ မည်းမှောင်နေသော အတိဒုက္ခတိမ်တိုက်များ လုံးဝ ပျောက်ကွယ်သွားပြီဖြစ်ရာ ကောင်းကင်ထက်တွင် မိုးကြိုးစွမ်းအင်လုံးကြီးတစ်ခုသာ ချိတ်ဆွဲထားသလို ကျန်ရစ်နေတော့သည်။
အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ ထိုစွမ်းအင်လုံးကြီးမှာ တဖြည်းဖြည်း ကျုံ့ဝင်သွားပြီး ၎င်းနှင့်အတူ အတွင်းရှိ လင်းချန်၏ အငွေ့အသက်မှာလည်း လျင်မြန်စွာ အားကောင်းလာခဲ့သည်။
လင်းချန်သည် မိုးကြိုးစွမ်းအင်အားလုံးကို အပြည့်အဝ ချေဖျက်စုပ်ယူပြီးသွားပါက သူ၏စွမ်းအားမှာ မည်သည့်အဆင့်သို့ ရောက်ရှိသွားမည်နည်းဆိုသည်ကို လူတိုင်းက စူးစမ်းလိုနေကြသည်။ ထိုအချိန်ရောက်လျှင် လင်းချန်ကို မျိုးဆက်သစ်လူငယ်တစ်ဦးဟု ခေါ်ဆိုရန် မသင့်တော်တော့ဘဲ မြင့်မြတ်နယ်မြေ၏ အကြီးအကဲတစ်ဦးနှင့် အဆင့်တူညီသော အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးဟုသာ သတ်မှတ်ရပေလိမ့်မည်။
အတန်ကြာသော် နောက်ဆုံးကျန်ရှိနေသော မိုးကြိုးစွမ်းအင် အမျှင်တန်းလေးသည်လည်း လင်းချန်၏ ရုပ်ခန္ဓာအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။
နောက်အခိုက်တွင်မူ လင်းချန်သည် မျက်လုံးများကို အရှိန်အဟုန်ဖြင့် ဖွင့်လိုက်ရာ စူးရှထက်မြက်သော နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လာပြီး အသစ်ပြန်လည် ဖြစ်ပေါ်လာသော ရှေ့မှ ဟင်းလင်းပြင်ကိုပင် ထိုးဖောက်သွားတော့သည်။
“ဟူး...”
ကိုယ်တွင်းမှ ညစ်ညမ်းသောလေများကို မှုတ်ထုတ်လိုက်ရင်း လင်းချန် မတ်တပ်ရပ်လိုက်လေသည်။ သူ၏မျက်နှာတွင်လည်း ကျေနပ်အားရမှုများ ပြည့်နှက်နေခဲ့သည်။
ရုပ်ခန္ဓာ အတိဒုက္ခနှင့် ဝိညာဉ်စွမ်းအား အတိဒုက္ခတို့ ပေါင်းစပ်ထားသည့် ဤ ပေါင်းစပ်ကောင်းကင်အတိဒုက္ခသည် သူ၏စွမ်းအားကို နောက်ထပ် ခြေလှမ်းကြီးတစ်ခု တိုးတက်စေခဲ့သည်။ သူ၏ ရုပ်ခန္ဓာ ကျင့်ကြံမှုမှာ မဟာသူတော်စင်အဆင့် ၆ အထိပင် တစ်ဟုန်ထိုး တက်လှမ်းသွားခဲ့ပြီဖြစ်သည်။
သူ၏ ဝိညာဉ်စွမ်းအား ကျင့်ကြံမှုအဆင့်မှာ တိုးမလာခဲ့သော်လည်း ၎င်း၏ အရည်အသွေးမှာမူ သုံးကြိမ်တိုင်တိုင် အပြည့်အဝ အသွင်ပြောင်းလဲသွားခဲ့သည်။ ယခုအခါ သူသည် သူတော်စင်ဘုရင် အလယ်အလတ်အဆင့်ရှိသော ကျွမ်းကျင်သူတစ်ဦးကို လက်တစ်ဖက်တည်းဖြင့်ပင် ဖိနှိပ်ထားနိုင်မည်ဟု ယုံကြည်ချက်အပြည့် ရှိနေသည်။
ထိုစဉ် လင်းချန်သည် တစ်စုံတစ်ခုကို အာရုံခံမိသွားသလို ခေါင်းမော့ကြည့်လိုက်၏။ ထိုနေရာတွင် ထူးဆန်းသော အနက်ရောင် မြူခိုးအမျှင်တန်းများ ပေါ်လာနေပြီး ထူးခြားသည်မှာ ၎င်းတို့အားလုံးထက်မှ ပြင်းထန်လှသော “စီရင်ချက်ချခြင်း” အငွေ့အသက်များ ထွက်ပေါ်နေခြင်းပင်။
ထိုအရာကို မြင်သောအခါ လင်းချန်သည် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်မိ၏။ ရုပ်ခန္ဓာနှင့် ဝိညာဉ်စွမ်းအား အတိဒုက္ခများက ယခုတင်မှ ပြီးဆုံးသွားခဲ့ပြီး ယခုအခါ နတ်ဘုရားစိတ်ဝိညာဉ် အတိဒုက္ခက ထပ်မံရောက်ရှိလာပြန်ပြီလော။
သူ မိုးကြိုးစွမ်းအင်များကို ချေဖျက်စုပ်ယူနေစဉ်အတွင်း ရောက်မလာခဲ့ခြင်းက အတော်လေးကို အလိုက်သိလှသည်ဟု ဆိုရပေမည်။
လင်းချန်သည် ခန္ဓာကိုယ်ကို အကြောဆန့်လိုက်ရင်း ပြုံးလိုက်သည်။
“ဒီလိုဆိုမှတော့ နတ်ဘုရားစိတ်ဝိညာဉ် အတိဒုက္ခ လာခဲ့စမ်း