← Chapters

အခန်း (၄၅၇)

Vol. 45 Ch. 457

အခန်း (၄၅၇)

Vol. 45 Ch. 457

၄၅၇

မိဖုရားကြီးမင်သည် အမြဲတမ်း ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး တစ်ခါမျှ ဖျားနာသည်ဟုပင် မကြားဖူးပေ။

မနေ့က လီရှောင်သည် အကြောင်းရင်းမရှိဘဲ ဂုဏ်ပြုစားပွဲသို့ ရောက်လာခဲ့ပြီးနောက် မိဖုရားကြီးမင်မှာ ရုတ်တရက် လဲကျသွားကာ ပြန်မထနိုင်တော့ခြင်းပင်။ မိဖုရားကြီးမင်ကို ကြည့်ရသည်မှာ အဆိပ်မိထားသည်မှာ သိသာလှသော်လည်း တန်ယွမ်တစ်နိုင်ငံလုံးရှိ တော်ဝင်ဆေးဆရာများမှာ အလှည့်ကျ စစ်ဆေးသော်လည်း အကြောင်းရင်းကို ရှာမတွေ့နိုင်ကြပေ။

လီရှောင်သည် အိမ်ရှေ့မင်းသား လီချန်း၏ လက်ကို တွန်းဖယ်လိုက်ပြီး မကျေမနပ်ဖြစ်လျက်

“လီချန်း... မင်း ဘာတွေ ရူးကြောင်ကြောင် လျှောက်ပြောနေတာလဲ။ ငါ အဆိပ်ခတ်တာကို ဘယ်သူ့မျက်စိနဲ့ မြင်လို့လဲ။ ဒါ့အပြင် အဲဒီညက မင်းရော၊ ဒီဟုန်မြို့တော်က ဧည့်သည်တော်

နှစ်ယောက်ရော ရှိနေတာပဲ။ အစားအသောက်တွေကလည်း အတူတူပဲကို ဘယ်သူမှ ဘာမှမဖြစ်ဘဲ မိဖုရားကြီးတစ်ယောက်တည်း ဖြစ်တာလေ။ မင်းမှာ ငါ့ကို စွပ်စွဲဖို့ ဘာအထောက်အထား ရှိလို့လဲ”

အမှန်စင်စစ် လီရှောင်ကိုယ်တိုင်လည်း မနေ့က မိဖုရားကြီးမင် လဲကျသွားသည်ကို မြင်သောအခါ အံ့ဩသွားခဲ့ရသည်။ မိဖုရားကြီးမင်မှာ မိဖုရားကြီးဆိုသော်လည်း ဧကရာဇ်၏ မျက်နှာသာပေးမှုကို မရရှိထားသူဖြစ်ရာ သူမကို သတ်ပစ်ရန် လီရှောင်အတွက် အကျိုးအမြတ် သိပ်မရှိလှပေ။

“အိမ်ရှေ့မင်းသား... စကားကို ဆင်ဆင်ခြင်ခြင် ပြောပါ။ မိဖုရားကြီးကို လုပ်ကြံဖို့ ကြံစည်တာက သေဒဏ်ထိုက်တဲ့ အပြစ်ပဲ။ ဒါ့အပြင် ရှောင်အာက ဘာဖြစ်လို့ မိဖုရားကြီးကို လုပ်ကြံရမှာလဲ”

မိဖုရားကြီးစူးက ဘေးမှနေ၍ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

သူမနှင့် မိဖုရားကြီးမင်တို့မှာ နန်းတွင်း၌ နှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့ကြသော်လည်း မည်သူကမျှ အသာမစီး မရခဲ့ကြပေ။ သူမသည်လည်း လူနုံတစ်ယောက် မဟုတ်ရာ ဤအချိန်တွင် မိဖုရားကြီးမင်ကို လုပ်ကြံခြင်းမှာ သူမအတွက် ဘာအကျိုးရှိမှာလဲဟု တွေးမိသည်။

“တကယ်လို့ ငါက မိဖုရားကြီးကို ဒုက္ခပေးချင်တာဆိုရင် ဘာဖြစ်လို့ မှော်ဘုရားကျောင်းက မှော်

ဆရာကို ပင့်လာပါ့မလဲ”

လီရှောင်က မထီမဲ့မြင်ဟန်ဖြင့် သူ၏အင်္ကျီကော်လာကို ပြန်ပြင်ရင်း ပြောလိုက်သည်။

ထိုအခါမှသာ လူတိုင်း သတိထားမိကြသည်မှာ လီရှောင်၏ နောက်တွင် ခန့်ညားသော ဝတ်စုံဝတ်ထားသည့် မှော်ဆရာတစ်ဦး ပါလာခြင်းပင်။ ထိုသူသည် မှော်ဘုရားကျောင်း၏ မှော်ဝတ်ရုံကို ဝတ်ဆင်ထားသည်။

လီရှောင်သည် မှော်ဘုရားကျောင်းနှင့် ရင်းနှီးသော ဆက်ဆံရေးရှိသဖြင့် မိဖုရားကြီးမင် ဖြစ်ဖြစ်ချင်းမှာပင် တစ်ဦးဦးကို လွှတ်၍ မှော်ဆရာတစ်ဦး ပင့်ခိုင်းခဲ့ခြင်းပင်။

“ဒါက မှော်ဘုရားကျောင်းရဲ့ စီမင်ဖြစ်တဲ့ ရှားဝမ်ရွှီလား”

လီရှောင်ကို အပြစ်ရှာမရတော့သဖြင့် အိမ်ရှေ့မင်းသားမှာ သူ့ကိုသာ ဒေါသတကြီး စိုက်ကြည့်နေတော့သည်။

မှော်ဘုရားကျောင်းမှ အကြီးတန်း စီမင်များ ကိုယ်တိုင်ကိုယ်ကျ ဆေးကုသပေးခြင်း မရှိသည်မှာ ကြာပြီဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း တော်ဝင်မိသားစုဝင်တစ်ဦးဦး ဒဏ်ရာရပါက ရှားဝမ်ရွှီသာလျှင် အဓိက လာရောက်ကုသပေးလေ့ရှိသည်။

လီချန်း၏ အိမ်ရှေ့မင်းသား ရာထူးမှာ မိဖုရားကြီးမင်၏ ကျေးဇူးကြောင့် ဖြစ်သော်လည်း နှစ်များကြာလာသည်နှင့်အမျှ သူမ၏ မိသားစုဩဇာမှာ မှေးမှိန်လာခဲ့သည်။ အခြားတစ်ဖက်တွင်မူ လီရှောင်မှာ မှော်ဘုရားကျောင်းနှင့် ပိုမိုရင်းနှီးလာသဖြင့် လီချန်းမှာ စိုးရိမ်စိတ်များ တိုးလာခဲ့ရသည်။

သူသည် မှော်ဘုရားကျောင်းထံမှ အကူအညီ မတောင်းချင်သော်လည်း တော်ဝင်ဆေးဆရာများမှာ လက်မှိုင်ချနေရပြီဖြစ်ရာ မှော်ဘုရားကျောင်း၏ အလင်းမှော်အတတ်မှာ နောက်ဆုံးမျှော်လင့်ချက် ဖြစ်နေတော့သည်။

“စီမင်ရှက လောလောဆယ် တရားအားထုတ်နေလို့ မလာနိုင်ပါဘူး။ ကျွန်တော်က သူ့ရဲ့ စီနီယာအစ်ကို ရူယီပါ”

အိမ်ရှေ့မင်းသားနှင့် သက်တူရွယ်တူခန့်ရှိကာ နူးညံ့သိမ်မွေ့ပြီး ယဉ်ကျေးသည့် မှော်ဆရာက ပြောလိုက်သည်။

စီမင်ရှား မဟုတ်ဘူးလား။

လီချန်း အနည်းငယ် စိတ်ပျက်သွားသော်လည်း ထိုသူမှာ ရှားဝမ်ရွှီ၏ စီနီယာဖြစ်သဖြင့် အလင်းမှော်အတတ်တွင် ကျွမ်းကျင်လိမ့်မည်ဟု မျှော်လင့်မိသည်။ လီချန်းသည် ရူယီကို အထဲသို့ဝင်ရန် လမ်းဖယ်ပေးလိုက်ပြီး လူအုပ်ကြီးမှာ အပြင်ဘက်မှ စောင့်ဆိုင်းနေကြတော့သည်။

ထိုအချိန်တွင် မှော်ဘုရားကျောင်းအတွင်း၌ ရှားဝမ်ရွှီသည် ကံကြမ္မာမှန်ချပ်ရှေ့တွင် ငြိမ်သက်စွာ ထိုင်နေသည်။ ကျိုးနိုင်ငံမှ ပြန်လာကတည်းက စိတ်တိုလေ့မရှိသော ချန်းစီမင်က သူ့ကို ပြင်းပြင်းထန်ထန် ကြိမ်းမောင်းခဲ့သည်။

ရှားဝမ်ရွှီမှာမူ ထိုစွပ်စွဲချက်များအတွက် အထွေအထူး ရှင်းပြခြင်း မပြုခဲ့ပေ။ ယင်းက ကျိယွီကို ပိုမိုဒေါသထွက်စေခဲ့ပြီး ရှားဝမ်ရွှီကို တစ်လတိုင်တိုင် အခန်းပိတ်၍ အမှားကို ဆင်ခြင်ရန် အပြစ်ပေးခဲ့သည်။ ထို့ကြောင့် မိဖုရားကြီးမင် အခြေအနေဆိုးနေသော်လည်း ရှားဝမ်ရွှီ လာရောက်နိုင်ခြင်း မရှိခြင်းပင်။

ရှားဝမ်ရွှီသည် ထိုအပြစ်ပေးမှုအပေါ် မကျေနပ်ချက် မရှိပေ။ သူသည် တိတ်ဆိတ်စွာပင် ကံကြမ္မာမှန်ချပ်ကိုသာ စိုက်ကြည့်နေမိသည်။ ထိုမှန်ချပ်ပေါ်တွင် ရံဖန်ရံခါ အက်ကြောင်းများ ပေါ်ပေါက်လာသည်ကိုလည်း သူ သတိပြုမိနေခဲ့သည်။

ရှားဝမ်ရွှီ သက်ပြင်းတစ်ချက် ချလိုက်မိသည်။

ပြီးခဲ့သည့်အကြိမ် ယန်ပါးဟိုတွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်အတွက် သူ တာဝန်ယူရမည်ကို သူ သိသည်။ သူ၏ဆရာ အကြီးအကျယ် ဒေါသထွက်မည်ကို သိပါလျက်နှင့် သူ လုပ်ခဲ့ခြင်းပင်။ ဤသည်မှာ သူ၏ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ဆရာ၏ဆန္ဒကို ဆန့်ကျင်ခဲ့ခြင်းလည်း ဖြစ်သည်။

သူ၏ဆရာ ကျိယွီဒေါသတကြီးဖြင့် “ဘာကြောင့်လဲ ဘာကြောင့် ဒီလိုလုပ်ရတာလဲ။ မင်းရဲ့ ဒီတစ်ကြိမ် လုပ်ရပ်ကြောင့် ကောင်းကင်လျှို့ဝှက်ချက်တွေ ပေါက်ကြားကုန်ပြီဆိုတာ မင်း သိရဲ့လား။ ကံကြမ္မာမှန်ချပ်လည်း ပျက်စီးသွားပြီ။ မှော်ဘုရားကျောင်းရဲ့ ကံကြမ္မာတွေလည်း ထိခိုက်ကုန်ပြီ၊ မင်းကိုယ်တိုင်ရဲ့ ကံဇာတာလည်း အကြီးအကျယ် ကျဆင်းသွားလိမ့်မယ်” ဟု မေးခွန်းထုတ်ခဲ့သည်ကို သူ မှတ်မိနေသေးသည်။

ထိုအရာအားလုံးကို သူ သိသော်လည်း သူ လုပ်ခဲ့မိသည်။

သူ ထိုသို့ လုပ်ဆောင်ခဲ့ခြင်းမှာ နိုင်ငံတော်၏ အခြေအနေ သို့မဟုတ် ကံဇာတာများနှင့် မသက်ဆိုင်ပေ။ သူသည် ယွင်ရှန်းကို ကူညီချင်ရုံသက်သက်သာ ဖြစ်သည်။ ထိုအကြောင်းပြချက်မှလွဲ၍ အခြားမရှိပေ။

“ညီလေး...”

ကျိယွီသည် သူ၏နောက်တွင် တိတ်တဆိတ် ပေါ်လာသည်။ ညီငယ်ဖြစ်သူမှာ ကံကြမ္မာမှန်ချပ်ကို ငေးကြည့်နေသည်ကို မြင်သောအခါ သူလည်း လိုက်၍ သက်ပြင်းချမိသည်။ နန်းတော်မှ ပြန်ရောက်ကတည်းက ရှားဝမ်ရွှီသည် အခန်းအောင်းကာ အမှားကို ဆင်ခြင်နေသည်ဟု ဆိုသော်လည်း တစ်နေ့ထက်တစ်နေ့ ငေးငိုင်နေခြင်းသာ ရှိသည်။

ရှားဝမ်ရွှီ နောက်သို့ လှည့်မကြည့်ပေ။ သူ ဘာကိစ္စဆိုသည်ကို သိသည်။

ယနေ့နံနက်တွင် လီရှောင်မှာ မှော်ဘုရားကျောင်းသို့ ရောက်လာပြီး မနေ့က မိဖုရားကြီးမင် ရုတ်တရက် အဆိပ်မိသွားကြောင်းနှင့် အိမ်ရှေ့မင်းသား လီချန်းက သူ့ကို သံသယဝင်နေသဖြင့် အပြစ်ကင်းစင်ကြောင်း သက်သေပြရန် ကိုယ်တိုင်လာရောက်ခြင်းပင်။

လီရှောင်သည် မှော်အထူးစခန်းမှ ဖြစ်သလို သူ၏ဆရာမှာလည်း ကျိယွီနှင့် ရင်းနှီးသူဖြစ်ရာ ကျိယွီအနေဖြင့် လီရှောင်၏မျက်နှာကို မထောက်ထား၍ မရပေ။ သို့သော် ရှားဝမ်ရွှီမှာ အပြစ်ပေးခံထားရဆဲ ဖြစ်သဖြင့် သူ့အစား ရူယီကိုသာ လွှတ်လိုက်ခြင်းပင်။

“ရူယီ ပို့လိုက်တဲ့ သတင်းအရ မိဖုရားကြီးမင်က အဆိပ်မိထားတာတဲ့။ သူလည်း အဆိပ်ရဲ့ အကြောင်းရင်းကို ရှာမတွေ့သလို အလင်းမှော်အတတ်နဲ့လည်း ကုလို့မရဘူးလို့ ပြောတယ်”

ကျိယွီက သတင်းလွှာကို ကမ်းပေးလိုက်သည်။

ရူယီသည် မှော်ဘုရားကျောင်းတွင် ရှားပါးလှသော အလင်းမှော်ပညာရှင် တစ်ဦးဖြစ်သည်။ သူပင်လျှင် လက်မှိုင်ချနေရသည်ဆိုပါက မိဖုရားကြီးမင် ခံစားနေရသော အဆိပ်မှာ သာမန်မဟုတ်သည်မှာ သေချာလှသည်။ ရှားဝမ်ရွှီ သတင်းလွှာကို ဖတ်ကြည့်ပြီးနောက် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

“ဆရာကရော ဘာမိန့်လဲ”

“ဆရာက ဗေဒင်တွက်ကြည့်ပြီးပြီ။ မိဖုရားကြီးမင်ကတော့ သေကံမရောက် သက်မပျောက် ဖြစ်လိမ့်မယ်တဲ့”

ဆိုလိုရင်းမှာ ကံကြမ္မာအတိုင်းသာ ဖြစ်ပါစေ ရှားဝမ်ရွှီအနေဖြင့် ကြားဝင်စွက်ဖက်ရန် မလိုဘဲ ဆက်လက်၍ အမှားကိုသာ ဆင်ခြင်နေရန် ဖြစ်သည်။ ဆရာဖြစ်သူ အမှန်တကယ်ပင် ဒေါသထွက်နေဆဲဖြစ်ကြောင်း သိလိုက်ရသဖြင့် ရှားဝမ်ရွှီ ခါးသက်သက် ပြုံးလိုက်မိသည်။

သူသည် ဗေဒင်အမှတ်အသားများကို ထုတ်ယူကာ ကိုယ်တိုင် တွက်ချက်ကြည့်လိုက်သည်။ ဗေဒင်အဖြေ ထွက်ပေါ်လာသောအခါ ချန်းစီမင်ပြောသည့်အတိုင်းပင် မိဖုရားကြီးမင်၏ ကံဇာတာမှာ စိုးရိမ်ရသော်လည်း ကံကောင်းခြင်း အရိပ်အယောင်ကလေး တစ်ခု ပါဝင်နေသည်။ အန္တရာယ်ကြီးမားသော အခြေအနေအပြီးတွင် မွန်မြတ်သော ပုဂ္ဂိုလ်တစ်ဦးက သူမကို ကူညီရန် ရောက်ရှိလာပေလိမ့်မည်။

သို့သော် ရှားဝမ်ရွှီ ရင်ထဲ၌ အံ့ဩမိသည်။

"စီနီယာ ရူယီတောင် မကုနိုင်တဲ့သူကို ဘယ်သူက ကုနိုင်ဦးမှာလဲ။ မိဖုရားကြီးမင်ရဲ့ ကံဇာတာကတော့ တကယ့်ကို ထူးခြားတာပဲ။ အဆိုးထဲက အကောင်းဆိုသလိုပေါ့... အခုလို အဆိပ်မိတဲ့ကိစ္စအပြီးမှာ မိဖုရားကြီးမင်ရော တန်ယွမ်နိုင်ငံရဲ့ ကံကြမ္မာပါ အကြီးအကျယ် ပြောင်းလဲသွားတော့မယ့်ပုံပဲ"

ရှားဝမ်ရွှီ ကံကြမ္မာမှန်ချပ်ကို တွေးတောစွာ ကြည့်နေစဉ်မှာပင် ရုတ်တရက် မှန်ချပ်ပေါ်၌ မွန်မြတ်သော အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။ ထိုအလင်းတန်းမှာ အလွန်လျင်မြန်သော်လည်း ရှားဝမ်ရွှီ ဖမ်းယူကြည့်ရှုနိုင်ခဲ့သည်။

ယန်ပါးဟိုတွင် ဘေးအန္တရာယ် ကျရောက်မည့် နိမိတ်ကို ပြသခဲ့ပြီးနောက်ပိုင်း ကံကြမ္မာမှန်ချပ်မှာ အချိန်အတော်ကြာ ငြိမ်သက်နေခဲ့ခြင်းပင်။ ရှားဝမ်ရွှီ တွေးတောမိသည်မှာ ထိုအလင်းတန်းသည် အနောက်ဘက်မှ လာခြင်းပင်။

"မိဖုရားကြီးမင်ကို ကယ်တင်မယ့် အဲဒီမွန်မြတ်တဲ့ ပုဂ္ဂိုလ်က အနောက်ဘက်က လာသူများ ဖြစ်နေမလား... တိုက်ကြီးရဲ့ အနောက်ဘက်မှာ ကျိုးနိုင်ငံရှိတယ်။ ကျိုးနိုင်ငံ... သူမများလား။ ယွင်ရှန်းက တန်ယွမ်ကို ဘယ်လိုလုပ် လာနိုင်မှာလဲ။ အခုလို အချိန်မျိုးမှာ သူ့အကြောင်းကို တွေးနေမိတာ ငါ တကယ်ပဲ စိတ်ကယောင်ကတမ်း ဖြစ်နေပြီ ထင်တယ်"

ထိုအလင်းတန်း၏ အဓိပ္ပာယ်ကို ကြိုတင်ခန့်မှန်း၍ မရသေးပေ။ နိမိတ်တစ်ခုသာ ဖြစ်ကောင်းဖြစ်နိုင်သည်။ ဆရာကလည်း သူ့ကို ဝင်မပါစေချင်သဖြင့် သူ ငြိမ်နေရန်သာ ဆုံးဖြတ်လိုက်သည်။

“စီနီယာ ရူယီကို နန်းတော်မှာ ခဏဆက်စောင့်ဖို့ ပြောလိုက်ပါ။ မိဖုရားကြီးမင်ကို ကူညီမယ့်သူ ရောက်လာပါလိမ့်မယ်”

ရှားဝမ်ရွှီသည် လက်ကို ခါလိုက်ပြီးနောက် တစ်ဖန်ပြန်၍ တရားထိုင်သည့် အခြေအနေသို့ ဝင်

ရောက်သွားတော့သည်။

All Chapters