← Chapters

အခန်း (၄၅၈)

Vol. 45 Ch. 458

အခန်း (၄၅၈)

Vol. 45 Ch. 458

နန်းတော်အတွင်း၌ ရူယီသည် ရှားဝမ်ရွှီ၏ အကြောင်းပြန်ကြားချက်ကို စောင့်ဆိုင်းနေခဲ့သည်။

စောစောက လူတိုင်း၏ မျှော်လင့်ချက်များကြားမှ သူသည် မိဖုရားကြီးမင်၏ အခြေအနေကို စစ်ဆေးခဲ့သော်လည်း ထူးခြားသည့် အဆိပ်မျိုးကို ရှာမတွေ့ခဲ့ပေ။ သူသည် ညီငယ်ရှားထံမှ အကူအညီရလိုရငြား မျှော်လင့်ခဲ့သော်လည်း ရှားဝမ်ရွှီ၏ တုံ့ပြန်မှုမှာ ဤတစ်ကြောင်းတည်းသာ ဖြစ်နေသည်။

“မိဖုရားကြီးမင်က မွန်မြတ်တဲ့သူတစ်ဦးရဲ့ အကူအညီကို ရရှိဖို့ ကံပါလာပြီးသားပါ”

မွန်မြတ်တဲ့သူ ဟုတ်လား။

"တန်ယွမ်ရဲ့ တော်ဝင်ဆေးဆရာတွေတောင် မိဖုရားကြီးမင်ရဲ့ ရောဂါကို လက်လျှော့ထားရတဲ့အချိန်မှာ အဲဒီလို အစွမ်းထက်တဲ့သူမျိုးက ဘယ်ကနေ ရောက်လာနိုင်မှာလဲ"

မှော်ဘုရားကျောင်းမှ ပင့်ဖိတ်ထားသည့် အလင်းမှော်ဆရာပင် မတတ်နိုင်တော့ကြောင်း မြင်လိုက်ရသောအခါ အိမ်ရှေ့မင်းသား လီချန်းမှာ လုံးဝ စိတ်ပျက်အားလျော့သွားတော့သည်။

ထိုစဉ်မှာပင် နန်းတွင်းအစေခံတစ်ဦး သတင်းလာပို့သည်။

“အိမ်ရှေ့မင်းသားကို တင်ပြပါရစေ။ ဒုဝန်ကြီးမင်က နန်းတော်ပြင်ပမှာ အဖူးအမျှော် ခံချင်နေပါတယ်။ မိဖုရားကြီးရဲ့ အသက်ကို ကယ်တင်နိုင်မယ့် နတ်ဆေးဆရာတစ်ဦးကို ရှာတွေ့ထားတယ်လို့ ပြောပါတယ်”

ယင်းကို ကြားလိုက်ရသောအခါ မိဖုရားကြီးစူးနှင့် အခြားသူများမှာ အံ့အားသင့်သွားကြသည်။ ဒုဝန်ကြီးမင်ဆိုသည်မှာ မိဖုရားကြီးမင်၏ မောင်အရင်းပင်။ အိမ်ရှေ့မင်းသားသည် ထိုသတင်းကို ကြားသည်နှင့် မျှော်လင့်ချက်ရောင်ခြည် မြင်လိုက်ရသကဲ့သို့ “ဒါ ငါ့ဦးရီးတော်

မင်ပဲ မြန်မြန် ဝင်ခွင့်ပေးလိုက်” ဟု အလောတကြီး ဆိုတော့သည်။

“နေပါဦး... အိမ်ရှေ့မင်းသား။ ပိုင်ထန်မြို့တစ်ဝိုက်က နာမည်ကြီး ဆေးဆရာတွေ အကုန်လုံး နန်းတော်ထဲ ရောက်နေတာပဲ။ ဦးရီးတော်မင် ခေါ်လာတဲ့သူက တကယ့် နတ်ဆေးဆရာ ဟုတ်မဟုတ် မသေချာဘဲနဲ့ ပြင်ပလူကို နန်းတော်ထဲ အလွယ်တကူ ပေးမဝင်သင့်ဘူး ထင်ပါတယ်”

မိဖုရားကြီးစူးသည် မိဖုရားငယ်အဆင့်သာ ရှိသော်လည်း ဧကရာဇ်မင်းမြတ်၏ အချစ်တော် ဖြစ်သည်။ မိဖုရားကြီးမင် ကျန်းမာစဉ်ကပင် သူတို့နှစ်ဦးမှာ နန်းတွင်းအာဏာကို တစ်ဝက်စီ ခွဲဝေအုပ်ချုပ်ခဲ့ကြသူများ ဖြစ်သည်။

ယခု မိဖုရားကြီးမင် နာမကျန်းဖြစ်ချိန်တွင် မိဖုရားကြီးစူးမှာ နန်းတွင်းအာဏာကို လျှပ်စစ်အလား မြန်ဆန်စွာ သိမ်းပိုက်ထားခဲ့သည်။ ပြင်ပမှ လူတစ်ဦး အဖူးအမျှော်ခံရန်ပင် သူမ၏ ခွင့်ပြုချက် လိုအပ်နေတော့သည်။

အိမ်ရှေ့မင်းသား လီချန်း၏ အာဏာမှာ အမည်ခံသာ ရှိတော့သည်။ လီချန်းသည် ဤသည်ကို မြင်သောအခါ ဒေါသနှင့် အရှက်ရမှုတို့ ပေါင်းစပ်ကာ လူကြီးလူကောင်း ပုံစံကိုပင် မထိန်းနိုင်တော့ဘဲ မိဖုရားကြီးစူးကို လက်ညှိုးငေါ့ငေါ့ထိုးကာ ကြိမ်းမောင်းတော့သည်။

“မိဖုရားကြီးစူး ငါ့မယ်တော် အသည်းအသန် ဖြစ်နေချိန်မှာ မင်းက နတ်ဆေးဆရာကို ဝင်ခွင့်မပေးဘဲ တားဆီးနေတာ ဘာသဘောလဲ။ ခမည်းတော်က မင်းကို အလိုလိုက်ထားရုံနဲ့ ငါက မင်းကို ကြောက်နေမယ် မထင်နဲ့။ အခုချက်ချင်း ခမည်းတော်ဆီသွားပြီး အဆုံးအဖြတ် ခံယူမယ်”

သူတို့နှစ်ဦးမှာ ဧကရာဇ်မင်းမြတ်ရှေ့ရောက်သည်အထိ တစ်ယောက်နှင့်တစ်ယောက် အခြေအတင် ငြင်းခုံဆွဲလားရမ်းလား လုပ်နေကြသည်။ ဤတော်ဝင်မိသားစု၏ အကျည်းတန်သော အရှုပ်တော်ပုံမှာ ချောင်လုနန်းဆောင်ရှိ လူတိုင်းကို ခေါင်းခါယမ်းစေတော့သည်။

ဧကရာဇ်မင်းမြတ်သည် မိဖုရားကြီးမင်အပေါ် ထားရှိသော နှစ်ရှည်လများ သံယောဇဉ်ကို ထောက်ထား၍ ဒုဝန်ကြီးမင်နှင့် ထိုဆေးဆရာကို နန်းတော်ထဲသို့ ဝင်ခွင့်ပေးရန် အမိန့်ထုတ်လိုက်သည်။

“ဒုဝန်ကြီးမင်နဲ့ နတ်ဆေးဆရာယန်... နန်းတော်ထဲ ဝင်ခွင့်ပြုလိုက်”

ဝတ်လဲတော်နန်းဆောင်ဆီသို့ ဦးတည်ကာ ယွင်ရှန်းသည် ဒုဝန်ကြီးမင်၏ နောက်မှ လိုက်ပါလာခဲ့သည်။

နန်းတွင်းမိန်းမစိုးက နတ်ဆေးဆရာယန်ရောက်ရှိလာကြောင်း ကြေညာလိုက်သောအခါ ယွမ်ပုဖော်မှာ ဆွံ့အသွားရသည်။ ရွှမ်မိန်မိန်း၏ မျက်နှာတွင်လည်း အံ့ဩမှုများ ပြည့်နှက်သွား၏။ ဤနတ်ဆေးဆရာ ဆိုသူမှာ အမှန်တကယ်ပင် ယွင်ရှန်း ဖြစ်နေခြင်းပင်။

အရာရှိဝတ်စုံနှင့် လူလတ်ပိုင်းတစ်ဦး ဝင်လာသည်ကို သူတို့ မြင်လိုက်ရပြီး သူ၏နောက်တွင် ပိန်ပိန်ပါးပါး ဆေးဆရာမတစ်ဦး ပါလာသည်။ ယွင်ရှန်းသည် သူမ၏ မည်သူမည်ဝါဖြစ်ကြောင်း ဖုံးကွယ်ရန် ဆေးသေတ္တာကို ကျောပိုးထားရာ ကြည့်ရသည်မှာ လမ်းဘေးမှ သာမန်ဆေးကုဆရာတစ်ဦးနှင့် မခြားပေ။ ယွမ်ပုဖော်သည် ထိုဆေးဆရာမ၏ ရုပ်ရည်ကို ကြည့်လိုက်သော်လည်း သူ ရှာနေသည့် ယွင်ရှန်းနှင့် လုံးဝမတူသဖြင့် သံသယဖြစ်နေမိသည်။

သို့သော် သူ သံသယဖြစ်နေစဉ်မှာပင် ထိုပိန်လှီသော ဆေးဆရာမက ရုတ်တရက် ခေါင်းမော့ကာ သူရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။

ထိုမျက်ဝန်းများအား ရုပ်ဖျက်မှော်အတတ်ဖြင့် ဖုံးကွယ်ထားသော်လည်း ယွင်ရှန်း၏ ထက်မြက်ပြီး ပါးနပ်သော မျက်ဝန်းများကို ယွမ်ပုဖော် တစ်ချက်ကြည့်ရုံနှင့် မှတ်မိလိုက်သည်။ သူမ၏ မျက်နှာရုပ်ရည်နှင့် လုံးဝမလိုက်ဖက်အောင်ပင် ထိုမျက်ဝန်းအိမ်လေးမှာ တောက်ပနေသည်။

ယွမ်ပုဖော်၏ တုံ့ပြန်မှုကို ဒုတိယမင်းသား လီရှောင်က သတိပြုမိသွားပြီး ထိုဆေးဆရာမကို အကဲခတ်ကြည့်လိုက်သည်။ သို့သော် မြင်ရသမျှမှာ သာမန်ကာလျှံကာ ရုပ်ရည်မျိုးသာဖြစ်ပြီး လူအုပ်ကြားထဲတွင် ပျောက်ကွယ်သွားနိုင်သည့် ပုံစံမျိုးပင်။

"ဒါ့အပြင် ဒီနတ်ဆေးဆရာမကလည်း ကြည့်ရတာ ကိုယ်တိုင်တောင် ဖျားနာနေသလိုမျိုး နုနုနယ်နယ်လေး။ သူမက တကယ်ပဲ မိဖုရားကြီးမင်ကို ကုသနိုင်ပါ့မလား"

“မင်းက ကျိုးနိုင်ငံကလာတဲ့ နတ်ဆေးဆရာလား”

ဇနီးသည်၏ အသက်ဘေးကို စိုးရိမ်နေသော ဧကရာဇ်မင်းမြတ်ကိုယ်တိုင် အနားသို့ ရောက်ရှိလာတော့သည်။

ဤအမျိုးသမီးသည် သူနှင့်အတူ ဆယ်စုနှစ်ပေါင်းများစွာ ရှိခဲ့ရုံသာမက သားတော်တစ်ပါးကိုလည်း ဖွားမြင်ပေးခဲ့သည်။ သူမသည် ပါရမီထူးချွန်သူ မဟုတ်သော်လည်း ဆိုးရွားသော မိဖုရားကြီးတစ်ဦးတော့ မဟုတ်သည်မှာ သေချာပါသည်။

“ကျွန်မနာမည် ယွင်ရှန်းပါ။ ကျိုးနိုင်ငံရဲ့ တော်ဝင်ဆေးဆရာဟောင်း ဖန်ကျိရဲ့ တပည့်တစ်ဦးပါ”

ယွင်ရှန်းသည် ဧကရာဇ်မင်းမြတ်ကို ရင်ဆိုင်ရာတွင် ကြောက်ရွံ့ခြင်းမရှိဘဲ ကြည်လင်ပြတ်သားသော အသံဖြင့် ပြောလိုက်သည်။

လီရှောင်သည် သူမကို မသိမသာ စောင်းကြည့်လိုက်မိသည်။ ယွင်ရှန်းဆိုသော နာမည်ကို သူကြားဖူးသည်။ ကျိုးနိုင်ငံတွင် မကြာသေးမီကမှ နာမည်ကျော်ကြားလာခဲ့သည့် နတ်ဆေးဆရာမမှာ သူ၏ရှေ့မှ သာမန်ရုပ်ရည်ရှိသော အမျိုးသမီး ဖြစ်နေလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။ ထို့အပြင် သူမသည် ကျိုးနိုင်ငံ၏ စစ်သူကြီး ယန်ချန်းလန်ကို ကုသပေးခဲ့သူဖြစ်သလို လီရှောင်ကိုယ်တိုင် လုပ်ကြံရန် စေခိုင်းခဲ့ဖူးသော ဆေးဆရာမလည်း ဖြစ်နေသည်။

ယွင်ရှန်းသည်လည်း ခေါင်းငုံ့ထားရင်းမှ အခန်းထဲရှိ လူများကို အကဲခတ်လိုက်သည်။ ယွမ်ပုဖော်နှင့် ရွှမ်မိန်မိန်းတို့အပြင် ခန့်ညားသော်လည်း ကောက်ကျစ်သော အငွေ့အသက်ရှိသည့် ဒုတိယမင်းသား လီရှောင်နှင့် ရုပ်ရည်ရော ပါရမီပါ သာမန်ကာလျှံကာသာရှိသော အိမ်ရှေ့မင်းသား လီချန်းတို့ကို သူမ မှတ်မိလိုက်သည်။ ယခုခေတ်တွင် ဒုတိယမင်းသားများက အိမ်ရှေ့မင်းသားများထက် ပို၍ထက်မြက်နေတတ်သည်မှာ ထုံးစံလိုပင် ဖြစ်နေတော့သည်။

နောက်ဆုံးတစ်ဦးမှာမူ အလင်းမှော်အတတ်အငွေ့အသက်များ ထွက်ပေါ်နေသဖြင့် မှော်ဘုရားကျောင်းမှ ဖြစ်ကြောင်း သူမ ချက်ချင်း ရိပ်မိလိုက်သည်။

“ဒါဆိုရင်လည်း မြန်မြန်ရှေ့တိုးပြီး မိဖုရားကြီးမင်ကို စစ်ဆေးပေးပါဦး”

ဧကရာဇ်က တိုက်တွန်းလိုက်သည်။

ယွင်ရှန်းသည် ရုပ်ဖျက်ရန် အထူးနည်းလမ်းတစ်ခုခု သုံးထားခြင်းဖြစ်မည်ဟု ယွမ်ပုဖော် ယူဆလိုက်သည်။ သူမ အဘယ်ကြောင့် ဤသို့လုပ်သည်ကို သူ မသိသော်လည်း သူမ၏ လျှို့ဝှက်

ချက်ကို သူ ဖော်ထုတ်မည်မဟုတ်ပေ။ ယွင်ရှန်း အသက်ရှင်နေသည်ကို သိရရုံနှင့်ပင်

သူ၏ရင်ထဲ၌ မိုးအပြီး နေသာသကဲ့သို့ ခံစားလိုက်ရပြီး ရက်အနည်းငယ်က စိတ်ညစ်ညူးမှုများမှာလည်း ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

ယွင်ရှန်းသည် ဧကရာဇ်၏ ခွင့်ပြုချက်ဖြင့် ရှေ့သို့ တိုးရန်ပြင်လိုက်စဉ်

“နေဦး...”

ဒုတိယမင်းသား လီရှောင်က ကြားဖြတ်တားဆီးလိုက်သည်။ သူသည် ယွင်ရှန်းကို ခြေဆုံးခေါင်းဆုံး ကြည့်ရင်း စိန်ခေါ်လိုသော အသံဖြင့် ပြောလိုက်သည်

“ခမည်းတော်... ကျွန်တော် ကျိုးနိုင်ငံက နာမည်ကြီး ဆေးဆရာတွေအကြောင်း ကြားဖူးပါတယ်။ ဒါပေမဲ့ အခု ဒီဆေးဆရာမပြောတဲ့ သူမရဲ့ဆရာ ဖန်ကျိဆိုတာ ဆေးဘုရင်နန်းဆောင်ကနေ အနှင်ခံထားရတဲ့သူပါ။ ဒါ့အပြင် သူက လိမ်လည်လှည့်ဖြားပြီး အသက်မွေးနေသူလို့လည်း သတင်းထွက်နေတာပါ”

“ဒါ တကယ်လား။ ငါ့ကို လိမ်ညာရဲတယ်ပေါ့။ ဒီလူလိမ်ကို ဖမ်းကြစမ်း”

ဧကရာဇ်မင်းမြတ်က ဒေါသတကြီး အမိန့်ပေးလိုက်သည်။

“နေပါဦး”

ယွင်ရှန်းသည် လီရှောင်က သူမ၏ဆရာကို လူလိမ်ဟု စွပ်စွဲလိုက်သဖြင့် ဒေါသထွက်သွားသည်။

ယွင်ရှန်းအတွက် ဆရာဖန်မှာ ကျေးဇူးရှင်ဖြစ်သလို ဆေးပညာလမ်းကြောင်းပေါ်သို့ လမ်းပြပေးခဲ့သူလည်း ဖြစ်သည်။ ဆရာဖန်သာ မရှိပါက သူမအနေဖြင့် မှော်ပညာနှင့် ဆေးပညာကို ပေါင်းစပ်ရန် သို့မဟုတ် မှော်ဆေးရည်များ ဖော်စပ်ရန် စိတ်ကူးမိမည် မဟုတ်ပေ။ လီရှောင်က ဆရာဖန်ကို စော်ကားခြင်းမှာ သူမကို စော်ကားခြင်းနှင့် အတူတူပင်။

“မင်းမှာ ဘာရှင်းပြစရာ ရှိသေးလို့လဲ”

ယွင်ရှန်း၏ မျက်နှာပျက်သွားသည်ကို မြင်သောအခါ သူမသည် ကျိုးနိုင်ငံမှ နတ်ဆေးဆရာမ ယွင်ရှန်း အမှန်ပင်ဖြစ်ကြောင်း လီရှောင် အတည်ပြုနိုင်လိုက်သည်။ သူမ နာမည်ကြီးလာပြီးနောက် လီရှောင်က စုံစမ်းခိုင်းထားသဖြင့် သူမ၏ နောက်ကြောင်းကို သူ သိထားခြင်းပင်။

“ဒုတိယမင်းသား... ကျွန်မရဲ့ဆရာက အကြောင်းအမျိုးမျိုးကြောင့် ဆေးဘုရင်နန်းဆောင်ကနေ ထွက်ခဲ့ရတာကို ကျွန်မ ဝန်ခံပါတယ်။ ဒါပေမဲ့ သူက တော်ဝင်ဆေးဆရာဖြစ်ခဲ့တာကတော့ အမှန်ပါပဲ။ သူဟာ အသက် ၂၅ နှစ်မှာ ကျိုးနိုင်ငံရဲ့ အငယ်ဆုံး တော်ဝင်ဆေးဆရာ ဖြစ်ခဲ့သလို အသက် ၂၈ နှစ်မှာ ဆေးဘုရင်နန်းဆောင်ကနေ ထွက်ခဲ့တာက ဆေးပညာနဲ့ မှော်ပညာကို ပေါင်းစပ်ပြီး ပိုမြင့်မားတဲ့ ကုသမှုအဆင့်ကို ရောက်ဖို့ ကြိုးစားချင်လို့ပါ”

ယွင်ရှန်းက လီရှောင်၏ စိန်ခေါ်မှုကို မကြောက်မရွံ့ဘဲ ပြတ်သားစွာ ပြန်လည် တုံ့ပြန်လိုက်သည်။

All Chapters