← Chapters

အခန်း (၈၀၅-၈၀၆)

Vol. 64 Ch. 805-806

အခန်း (၈၀၅-၈၀၆)

Vol. 64 Ch. 805-806

အခန်း ၈၀၅ - ဘင်ဂျမင်၏ တုန်လှုပ်မှုနှင့် သတင်းအချက်အလက် စုဆောင်းခြင်း

ယခုအခါ ညအချိန်ရောက်နေပြီဖြစ်ပြီး နှင်းများလည်း ကျနေသဖြင့် မြင်ကွင်းမှာ အလွန်မှုန်ဝါးနေခဲ့သည်။

သို့သော် ဝူကျန်းသည် နယ်မြေသစ်၏ ကမ်းရိုးတန်းတစ်လျှောက်တွင် လှုပ်ရှားနေသော လူရိပ်များကို မြင်နေရဆဲပင်။ ၎င်းမှာ ကမ်းခြေတွင် ခံစစ်နေရာများ ချထားနေသော ဒေသခံအဖွဲ့များ ဖြစ်ပုံရသည်။

ဝူကျန်းသည် သူ၏မှန်ပြောင်းကို ချလိုက်ပြီး ဘင်ဂျမင်ကို အသံကျယ်ကျယ်ဖြင့် မေးလိုက်၏။

“သူတို့က ဒီမှာ ခံစစ်ပြင်နေတယ်ဆိုရင် ခင်ဗျားတို့ တခြားနေရာကို ပြောင်းလို့ရတာပဲ။ ဒီတိုက်ကြီးက သေးတာမှမဟုတ်တာ။ တခြားနေရာမှာ ဆက်ပြီး စူးစမ်းလို့ရတယ် မဟုတ်လား။”

ထိုအခါ ဘင်ဂျမင်သည် သက်ပြင်းချကာ ခါးသီးစွာ ပြုံးလိုက်ပြီး ပြန်ဖြေလာခဲ့သည်။

“ကျုပ်တို့လည်း အဲဒီလို လုပ်ချင်တာပေါ့။ ဒါပေမဲ့ ကျုပ်တို့ သင်္ဘောတွေက ယေဘုယျအားဖြင့် နှေးတယ်။ ကျုပ်တို့ ရွှေ့လိုက်ရင် သူတို့လည်း လိုက်လာနိုင်တာပဲလေ။”

သင်္ဘောနှစ်စီးပေါ်တွင် အသီးသီးရပ်ကာ စကားပြောနေရသည်မှာ အသံကုန်ဟစ်နေရသဖြင့် ပင်ပန်းသည်ဟု ဝူကျန်း ခံစားလိုက်ရသည်။ ထို့ကြောင့် သူက ဖိတ်ခေါ်လိုက်၏။

“ကျုပ်တို့ သင်္ဘောပေါ်ကို ဘာလို့ တက်မလာတာလဲ။ ကျုပ်လည်း ဒေသခံအဖွဲ့တွေရဲ့ အင်အားနဲ့ လက်နက်အခြေအနေကို သိချင်တယ်။”

ဘင်ဂျမင်၏ မျက်လုံးများ ဝင်းလက်သွားခဲ့သည်။ သူသည် သံချပ်ကာ စစ်သင်္ဘောပေါ်သို့ ရောက်ချင်နေသည်မှာ ကြာပြီဖြစ်သော်လည်း အကြောင်းပြချက်ကောင်းကောင်း မရှိခဲ့ပေ။

မမျှော်လင့်ဘဲ ဝူကျန်းက တိုက်ရိုက်ဖိတ်ခေါ်လိုက်ရာ ဘင်ဂျမင်မှာ အလွန်ဝမ်းသာသွားပြီး “ကောင်းပါပြီ” ဟု ချက်ချင်းပင် သဘောတူလိုက်တော့လေသည်။

သင်္ဘောနှစ်စီးမှာ အနည်းငယ် နီးကပ်သွားပြီး သစ်သားပြားရှည်ကြီး တစ်ခုကို ခင်းလိုက်ကာ ဘင်ဂျမင်သည် သူ၏ လက်အောက်ငယ်သား နှစ်ဦးနှင့်အတူ လမ်းလျှောက်လာခဲ့၏။

ဝူကျန်းက သူတို့သုံးဦးကို သံချပ်ကာ စစ်သင်္ဘော၏ အခန်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။

အခန်းဝင်ပေါက်ကို တံခါးဘောင်တွင် ရိုက်ထားသော ထူထဲသည့် ဂွမ်းစောင်နှစ်ထည်ဖြင့် ဖုံးအုပ်ထားသည်။ စောင်များကို မလိုက်သောအခါ ပူနွေးသောလေများ ဝေါကနဲ ထွက်လာခဲ့လေသည်။ ဘင်ဂျမင်နှင့် သူ၏နောက်လိုက်နှစ်ဦးမှာ လုံးဝကို မှင်တက်သွားခဲ့ကြတော့သည်။

“သူတို့က သင်္ဘောပေါ်မှာပါ အပူပေးစနစ်တပ်ထားတာလား။”

“ဒါက အရမ်းဖြုန်းတီးရာ ရောက်လွန်းတယ်။ ငါတို့မှာတော့ တိုက်ပွဲဝင်ရင်း ခွေးလို အေးခဲနေရတယ်။ သူတို့ကျတော့ အပန်းဖြေခရီး ထွက်နေသလို တိုက်ပွဲဝင်နေကြတာပဲ။”

ဘင်ဂျမင်က ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။

“ယီရန်ပင်းမှာ အပူပေးစက်တွေ ရှိနှင့်ပြီးသားပဲ။ သင်္ဘောပေါ်မှာ တပ်ထားတာက မထူးဆန်းပါဘူး။ ဒါပေမဲ့ ဒီအပူပေးစနစ်က ရေနွေးငွေ့ လိုအပ်ပုံရတယ်။ သူက သင်္ဘောပေါ်မှာ ရေနွေးငွေ့စက်ရုံတစ်ခု တည်ဆောက်ထားတာလား။”

သူ့နောက်မှ လူသုံးဦး၏ တိုးတိုးတိတ်တိတ် ဆွေးနွေးမှုကို ကြားသောအခါ ဝူကျန်းသည် သူ၏ အပေါ်ဝတ် အနွေးထည်ကို ချွတ်၍ ဘေးရှိ ချိတ်တွင် ချိတ်လိုက်ပြီး ပြုံးကာ ပြောလိုက်၏။

“ဒီသင်္ဘောက ရေနွေးငွေ့စွမ်းအင်ကို သုံးတာပါ။ ဘွိုင်လာလည်း ပါပါတယ်။ ဆောင်းရာသီမှာ ကျုပ်တို့ စစ်သည်တွေ အေးမှာစိုးလို့ စက်မှုဌာနကနေ ဘွိုင်လာကထွက်တဲ့ ရေနွေးငွေ့အချို့ကို အပူပေးစနစ်အတွက် သုံးလို့ရအောင် ပြုပြင်ပေးထားတာပါ။”

ဘင်ဂျမင်က လက်မထောင်ပြလိုက်မိသည်။

“ယီရန်ပင်းက တကယ်ကို အထင်ကြီးစရာပဲ။ ခင်ဗျားတို့ကိုလည်း တကယ် ဂရုစိုက်တယ်။ ခင်ဗျားတို့ တကယ် ကံကောင်းကြတာပဲ။”

ဝူကျန်းက ခေါင်းငြိမ့်ပြီး ပြန်ပြောလိုက်သည်။

“ကျုပ် တကယ်ကို ကံကောင်းတာပါ။ ဒါပေမဲ့ ခင်ဗျားတို့လည်း ကျုပ်တို့ ယီရန်ပင်း မဟာမိတ်အဖွဲ့နဲ့ ပူးပေါင်းဖို့ ရွေးချယ်ခဲ့တာ ကံကောင်းတာပဲ မဟုတ်ဘူးလား။”

“ဟုတ်တာပေါ့။ မှန်ပါတယ်။”

ဘင်ဂျမင်က ပြောလိုက်သည်။

“ခင်ဗျားတို့နဲ့ အခုမှ ပူးပေါင်းမိတာကိုတောင် နောင်တရမိတယ်။ မဟုတ်ရင် ကျုပ်တို့ ဒီလောက်အထိ ဆုတ်ခွာခဲ့ရမှာ မဟုတ်ဘူး။”

ထို့နောက် ဘင်ဂျမင်နှင့် သူ၏နောက်လိုက်နှစ်ဦးသည် အနွေးထည်များကို ချွတ်ကာ အခန်းတွင်းရှိ ဝိုင်းဝန်းသော စားပွဲတစ်ခုတွင် ဝင်ထိုင်လိုက်ကြ၏။

“ဒီဒေသခံတွေရဲ့ တိုက်ခိုက်နိုင်စွမ်းက ဘယ်လိုရှိလဲ။”

ဝူကျ်န်းက တဲ့တိုးမေးလိုက်သည်။ ဘင်ဂျမင်က အနည်းငယ်စဉ်းစားနောက် ပြန်ဖြေလိုက်သည်။

“သူတို့မှာရှိတဲ့သေနတ်တွေက ကျုပ်တို့ သုံးနေတဲ့ မီးသေနတ်တွေနဲ့ ဆင်တူသလိုရှိပေမဲ့ သူတို့က မီးညှိစရာ မလိုဘူး။ အဲဒါကြောင့် ပိုပြီးတော့ အဆင်ပြေတယ်။”

အသက်ရှင်ကျန်ရစ်သူတိုင်းသည် လက်နက်အသိပညာကို နားလည်ကြသည်မဟုတ်သဖြင့် သူတို့ မြင်တွေ့ရသည်ကိုသာ ဖော်ပြနိုင်ကြသည်။

သို့သော် ယီရန်ပင်း မဟာမိတ်အဖွဲ့မှ စစ်သည်များမှာမူ သေနတ်များ၏ အခြေခံဗဟုသုတနှင့် ဖွံ့ဖြိုးတိုးတက်မှု သမိုင်းကြောင်းကို နားလည်ကြသူများဖြစ်၏။

“ဖလင့်လော့ခ်သေနတ်ပဲ။”

ဝူကျန်းက ချက်ချင်း သိလိုက်သည်။

ဘင်ဂျမင်နှင့် နောက်လိုက်နှစ်ဦးမှာ ထိုစိမ်းသက်နေသည့် အသုံးအနှုန်းကို ကြားသောအခါ ကြောင်အသွားကြ၏။

“အဲဒါက ဘယ်လို သေနတ်မျိုးလဲ။ အရမ်း စွမ်းအားကြီးလား “

ဘင်ဂျမင်က စပ်စုလိုက်သည်။

“စွမ်းအားကတော့ သိသိသာသာ တိုးမလာပါဘူး။ ဒါပေမဲ့ ပစ်ခတ်တဲ့ လုပ်ငန်းစဉ်ကို ပိုပြီး လွယ်ကူလျင်မြန်စေတာပါ။”

ဝူကျန်းက ရိုးရိုးရှင်းရှင်းသာ ပြန်ဖြေလိုက်သည်။ ဘင်ဂျမင်က ခေါင်းငြိမ့်လိုက်လေသည်။

“ဟုတ်တယ်။ သူတို့ရဲ့ မီးသေနတ်တွေက ကျုပ်တို့ထက် အများကြီး ပိုမြန်တယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ လက်နက်အေးတွေက ပိုပြီး အသုံးဝင်တယ်လို့ ခံစားနေရတုန်းပဲ။”

“နောက်ထပ်ရော ဘာရှိသေးလဲ။”

ဝူကျ်န်းက ဆက်မေးလိုက်သည်။

“ကျန်တာတွေကတော့ ကျုပ်တို့ မြင်နေကျ လက်နက်အေးတွေပါပဲ။”

ဘင်ဂျမင်က စဉ်းစားပြီး ပြောလိုက်သည်။

“သူတို့ စစ်သည်တွေရဲ့ အရည်အသွေးကကော ဘယ်လိုလဲ။”

“လေ့ကျင့်မှု ကောင်းကောင်းရှိပြီး စည်းကမ်းရှိကြတယ်။ ကျုပ် သူတို့ရဲ့ စစ်သည်တစ်ယောက်နဲ့ တိုက်ခိုက်ခဲ့ဖူးတယ်၊ သူက တပ်စုမှူး ဒါမှမဟုတ် အဲဒီလို အဆင့်မျိုး ရှိပုံပဲ။ သူက ကျွန်တော့်ကို အလွယ်တကူ အနိုင်ယူနိုင်ပေမယ့် ကျုပ် ဆုတ်ခွာတာကိုတော့ မတားနိုင်ခဲ့ဘူး။ အဲ့ဒါကြောင့် သူက ကျုပ်နဲ့ အဆင့်တူလောက် ဖြစ်မယ်ထင်တယ်။”

ဘင်ဂျမင်က ပြန်ဖြေသည်။

“ခင်ဗျားရဲ့ အဆင့်က ဘာလဲလို့ မေးလို့ရမလား။”

ဝူကျန်းက မေးလိုက်သည်။

“တကယ်လို့ ပြောဖို့ အဆင်မပြေရင်လည်း မပြောလို့ ရပါတယ်။”

“ကျုပ်ရဲ့ အဆင့်သေးသေးလေးကို ပြောပြဖို့ ဘာခက်လို့လဲ။”

ဘင်ဂျမင်က ရယ်မောရင်း ပြန်ပြောလိုက်၏။

“ကျုပ်က လက်ရှိမှာ B အဆင့်ပဲ ရှိပါသေးတယ်။”

“တပ်စုမှူးက B အဆင့်ဆိုရင်တော့ သူတို့ရဲ့ အဆင့်တွေက တော်တော်မြင့်ပုံရတယ်။”

ဝူကျန်းက ခေါင်းညိတ်လိုက်ပြီးနောက် မေးလိုက်သည်။

“လူဦးရေကကော ဘယ်လောက်ရှိလဲ။”

“ကျုပ်တို့ကို စောင့်ကြည့်နေတဲ့ အဖွဲ့က လူပေါင်း ၃၀,၀၀၀ လောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။”

“ကောင်းပါပြီ သတင်းအချက်အလက်တွေအတွက် ကျေးဇူးတင်ပါတယ်။”

ဝူကျန်းက ဘင်ဂျမင်တို့ သုံးဦးကို ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် ဘင်ဂျမင်တို့ သုံးဦးသည် ပြန်ရန် ထရပ်လိုက်ကြ၏။ သူတို့ ဤနေရာတွင် ကြာကြာနေချင်သော်လည်း ဤသည်မှာ သူတို့၏ သင်္ဘောမဟုတ်ပေ။ ဝူကျန်းက သူတို့သုံးဦးကို အပြင်အထိ လိုက်ပို့ပေးခဲ့လေသည်။

“ဪ... ဒါနဲ့ မေးဖို့ မေ့သွားလို့။ ဒီလို သင်္ဘောမျိုးကို အပြင်ကို ရောင်းဖို့ ရှိလား။”

ဘင်ဂျမင်က ပြန်ခါနီးတွင် မအောင့်နိုင်ဘဲ မေးလိုက်မိ၏။

“ကျွန်းပိုင်ရှင် ပြောတာတော့ အပြင်ကို ရောင်းမယ်လို့ ကြားမိပါတယ်။ ဒါပေမဲ့ ဈေးနှုန်းအတိအကျကိုတော့ ကျုပ် မသိဘူး။ ခင်ဗျားအနေနဲ့ အထက်လူကြီးတွေကို ဆက်သွယ်ကြည့်ရမယ်။”

ဝူကျန်းက ပြန်ဖြေလိုက်သည်။

ထိုစကားကို ကြားသောအခါ ဘင်ဂျမင် စိတ်လှုပ်ရှားသွားခဲ့လေသည်။

“ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ်။”

ဘင်ဂျမင်သည် သူ၏သင်္ဘောပေါ်သို့ ပြန်ရောက်သောအခါ အေးစက်စက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ သွားပြီး ဆုဝမ်ထံ ချက်ချင်း မက်ဆေ့ခ်ျ ပို့လိုက်လေသည်။

“အားနာလိုက်ပါတယ်။ ကျုပ် ခင်ဗျားတို့ မဟာမိတ်အဖွဲ့ရဲ့ သံချပ်ကာ စစ်သင်္ဘောကို ဝယ်ချင်တယ်ဆိုရင် ဘယ်သူ့ကို ဆက်သွယ်ရမလဲ။”

ဆုဝမ်သည် ထိုမက်ဆေ့ခ်ျကို မြင်လိုက်ရသောအခါ အနည်းငယ် အံ့ဩသွားခဲ့လေသည်။

“ဒီကိစ္စက ကျွန်းပိုင်ရှင် ပြန်လာပြီးမှ နောက်ဆုံး ဆုံးဖြတ်ချက် ချရမှာပါ။ ကျေးဇူးပြုပြီး စိတ်ရှည်ရှည်နဲ့ စောင့်ပေးပါ။”

“နားလည်ပါပြီ ကျေးဇူးတင်ပါတယ်။”

ဘင်ဂျမင်က ပြောလိုက်၏။

ထိုအချိန်တွင် ရှောင်းယီတို့သုံးဦးသည် ကံကောင်းထောက်မစွာဖြင့် လိုဏ်ဂူတစ်ခုကို တွေ့ရှိခဲ့ကြလေသည်။ သူတို့သည် လိုက်ဏ်ဂူထဲတွင် သူတို့၏ တဲများကို ထိုးလိုက်ကြ၏။ လိုဏ်ဂူထဲက နွေးနေ၍ မဟုတ်ဘဲ တဲပေါ်က နှင်းများကို ခဏခဏ ရှင်းနေစရာ မလိုတော့သောကြောင့်ဖြစ်သည်။

“ကျွန်းပိုင်ရှင် ငါ စစ်ဆေးပြီးပြီ။ တောရိုင်းတိရစ္ဆာန်တွေရဲ့ လှုပ်ရှားမှု အမှတ်အသားတွေ မတွေ့ရဘူး။”

ကျန်းယွင်ထျန်းက ဂူပတ်ပတ်လည်ကို လျှောက်ကြည့်ပြီးနောက် ပြောလိုက်၏။ ဤလိုဏ်ဂူက ကျယ်ဝန်းသော်လည်း အထဲကို သိပ်မနက်သဖြင့် တောရိုင်းတိရစ္ဆာန်များအတွက် နေထိုင်ရန် လုံခြုံသည်ဟု မခံစားရခြင်းဖြစ်နိုင်သည်။

“ကောင်းပြီ။ ဒါဆို ဒီည ဒီမှာပဲ နားကြတာပေါ့။”

ရှောင်းယီက ပြုံးကာ ပြောလိုက်ပြီး ရိက္ခာခြောက်အချို့ကို ထုတ်ပေးလိုက်လေသည်။ ကျန်းယွင်ထျန်းက ထိုရိက္ခာခြောက်ကို ယူကာ တစ်ကိုက် ကိုက်လိုက်၏။

“ကျွန်းပိုင်ရှင် ဒီတိုက်ကြီးရဲ့ အလယ်ဗဟိုမှာ အရင်က အသက်ရှင်ကျန်ရစ်သူတွေ ထားခဲ့တဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ဒါမှမဟုတ် ကျွန်းတစ်ခုခု ရှိနေနိုင်တယ်လို့ ထင်လား။”

ရှောင်းယီ ခေတ္တမျှ တန့်သွားခဲ့၏။

“မထင်ဘူး။ ငါတို့ ဒီလောက်ကြာတဲ့အထိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုပဲ တွေ့သေးတာဆိုတော့ အရင်လူတွေက အများကြီး ချန်ထားခဲ့ပုံမရဘူး။”

“ဟုတ်တယ်။ ပြီးတော့ ကျွန်းအထိမ်းအမ်ျှကျောက်တိုင်က အရမ်း စွမ်းအားကြီးတာဆိုတော့ သူတို့မှာ ပိုနေတာမရှိရင် ချန်ထားခဲ့မှာ မဟုတ်ဘူး။”

အန်းရန်က ဝင်ပြောလိုက်သည်။ ရှောင်းယီ ထိုစကားကို ကြားသောအခါ စိတ်ထဲ တစ်စုံတစ်ကို ခံစားလိုက်ရ၏။ လက်ရှိတွင် ယီရန်ပင်း မဟာမိတ်အဖွဲ့၌ အသက်ရှင်ကျန်ရစ်သူ တစ်ထောင်ကျော် ရှိသော်လည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ခြောက်ရာပင် မပြည့်သေးပေ။ ၎င်းမှာ လုံးဝကို မလုံလောက်လှချေ။

ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သည် နောက်ထပ် စမ်းသပ်မှု အဆင့်ဆင့်သို့ တက်လှမ်းရာတွင် အလွန်အရေးကြီးသော အရာအဖြစ် ရှိနေဦးမည်ဟု ယုံကြည်၏။ သို့သော် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မရှိသော အသက်ရှင်ကျန်ရစ်သူများမှာ မည်သို့ဖြစ်သွားမည်နည်း။

သူတို့သည် နောက်ထပ် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုကို ဆုလာဘ်အဖြစ် ရရှိမည်လား။ သို့မဟုတ် တိုက်ရိုက် ဖယ်ရှားခံရမည်လား။

အခန်း ၈၀၆ - အမြောက်ဖြင့် ဗုံးကြဲခြင်း၊ ဒေသခံများကို ခြောက်လှန့်ခြင်းနှင့် လက်ပစ်ဗုံးပုံစံကွက်

ဤအချက်ကို တွေးမိသောအခါ ရှောင်းယီ၏ ရင်ထဲ တုန်လှုပ်သွားခဲ့လေသည်။ ဤကမ္ဘာ၏ စည်းမျဉ်းများမှာ အလွန်ရက်စက်လှသဖြင့် အဖျက်ဆီးခံရခြင်း မှာ အမှန်တကယ်ပင် ဖြစ်နိုင်ခြေရှိနေခဲ့သည်။

“ငါ အများကြီး တွေးနေမိတာပဲ ဖြစ်ပါစေလို့ ဆုတောင်းရမှာပဲ။”

ရှောင်းယီက မိမိကိုယ်ကို ရေရွတ်လိုက်မိ၏။

ထိုစဉ် ရုတ်တရက် ဂူအပြင်ဘက်မှ ထူးဆန်းသောအသံတစ်ခုကို ကြားလိုက်ရလေသည်။ ကျန်းယွင်ထျန်းသည် သူ၏ဓားမြှောင်ကို အသင့်ထုတ်ကာ အပြင်သို့ ချက်ချင်း ထွက်ကြည့်လိုက်၏။

သို့သော် အပြင်ဘက်တွင်မူ အဝေးသို့ ဦးတည်နေသော အလွန်မှုန်ဝါးသည့် ခြေရာနှစ်စုံကိုသာ တွေ့ရတော့လေသည်။

ရှောင်းယီနှင့် အန်းရန်တို့လည်း ထွက်လာခဲ့ကြသည်။ ထိုအခါ ကျန်းယွင်ထျန်းက နှင်းပေါ်ရှိ ခြေရာများကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

“ဒါ ဒေသခံတွေပဲ ဖြစ်ရမယ်။ ခြေရာအရွယ်အစားအရ လူကြီးဖြစ်နိုင်ပေမဲ့ ခြေရာက သိပ်မနက်ဘူး။ ကိုယ်လုံးကိုယ်ပေါက် ပေါ့ပါးတဲ့ ဒေသခံတွေ ဖြစ်လိမ့်မယ်။”

ရှောင်းယီက ခေါင်းငြိမ့်လိုက်၏။

“ကောင်းပြီ၊ အားလုံး အထဲပြန်ဝင်ပြီး နားကြရအောင်။ ဒီည ညစောင့်တာဝန်ကို ပထမပိုင်းမှာ ငါစောင့်မယ်။ ဒုတိယပိုင်းကိုတော့ အစ်ကိုကျန်းက စောင့်လိုက်။”

“ကောင်းပါပြီ။”

ကျန်းယွင်ထျန်းတို့က တုံ့ပြန်လိုက်ကြသည်။

အခြားနယ်မြေသစ် တစ်ခု၏ အနီးရှိ ပင်လယ်ပြင်တွင်မူ ဝူကျန်းသည် သူရရှိထားသော သတင်းများကို ကျန်းရွှဲ့ထံသို့ အစီရင်ခံပြီးပြီဖြစ်သည်။ ဝူကျန်းသည် ညဦးပိုင်းတွင် ကမ်းခြေရှိ ဒေသခံစစ်တပ်ကို အမြောက်ဖြင့် နှစ်ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်၏။

ကျန်းရွှဲ့သည်လည်း ကန့်ကွက်စရာမရှိသဖြင့် သူ၏လုပ်ဆောင်ချက်ကို ချက်ချင်းပင် ခွင့်ပြုပေးလိုက်လေသည်။

“သင်္ဘောအားလုံး ကမ်းခြေဘက်ကို ချက်ချင်း ချဉ်းကပ်ကြ။ အမြောက်အကွာအဝေးအတွင်း ရောက်တာနဲ့ ချက်ချင်း ဗုံးကြဲကြ။”

ဝူကျန်းက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့”

အားလုံးက တုံ့ပြန်ကြသည်။

ထို့နောက် သင်္ဘောသုံးစီးသည် ကမ်းခြေသို့ ဦးတည်ခုတ်မောင်းသွားပြီး သင်္ဘောတင်အမြောက်များ၏ ပစ်ခတ်မှု အကွာအဝေးအတွင်းသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့ကြသည်။

ဝုန်း ဝုန်း ဝုန်း

သင်္ဘောပေါ်ရှိ အမြောက်များက ချက်ချင်းပင် ဟိန်းဟောက်သံပေးလိုက်ကြ၏။

ကမ်းရိုးတန်းရှိ ဒေသခံစစ်သားများသည် ထိုအချိန်တွင် အနားယူရန် ပြင်ဆင်နေကြခြင်းဖြစ်ပြ အမြောက်သံကြောင့် လန့်နိုးသွားကြတော့လေသည်။

“သိပ်စိတ်မပူကြပါနဲ့။ ငါတို့ ခံစစ်ခံတပ်တွေ တည်ဆောက်ထားပြီးသားပဲ။ အရင်ကလည်း သူတို့ ဗုံးကြဲဖူးတာပဲ။ ဘာမှမဖြစ်ဘူး။”

“ဟုတ်တယ်။ သူတို့ရဲ့ သံလုံးကျည်တွေက ငါတို့ရဲ့ ခံစစ်ကို ဖျက်ဆီးနိုင်မှာ မဟုတ်ပါဘူး “

“မှန်တယ်၊ အားလုံးပဲ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်ကြပါ။”

သို့သော် သူတို့ စကားပြော၍ မဆုံးသေးခင်မှာပင် အမြောက်ကျည်များသည် သူတို့၏ ခံစစ်ခံတပ်များပေါ်သို့ ကျရောက်ကာ ပေါက်ကွဲသွားကြတော့လေသည်။

ခံစစ်ခံတပ်တစ်ခုလုံး လွင့်ထွက်သွားပြီး ကျည်ဆန်အစအနများနှင့် ကျောက်ခဲများမှာ နေရာအနှံ့ လွင့်စင်သွားကာ သေစေနိုင်သော ကျည်ဆန်များသဖွယ် ဖြစ်သွားတော့လေသည်။

“အားးးး”

ခံစစ်ခံတပ်နောက်ကွယ်ရှိ ဒေသခံစစ်သားများမှာ တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်လိုက်ကြရ၏။

“ဘာတွေဖြစ်နေတာလဲ။ ရန်သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက ဘာလို့ ဒီလောက်တောင် တိုးလာရတာလဲ။”

ဒေသခံတပ်မှူးသည်လည်း အမြောက်သံကြောင့် နိုးလာခဲ့ပြီး ရှေ့မှ ပျက်စီးယိုယွင်းနေသော မြင်ကွင်းကို ကြည့်ကာ အော်ဟစ်မေးမြန်းလိုက်လေသည်။

ဘင်ဂျမင်တို့အဖွဲ့တွင် S အဆင့် အမြောက်လေးလက် ရှိခဲ့သော်လည်း တိုက်ခိုက်နိုင်စွမ်းမှာ အကန့်အသတ် ရှိခဲ့သည်။ ဝူကျန်း ယူဆောင်လာသော သင်္ဘောသုံးစီးလုံးတွင်မူ Sအဆင့်အမြောက်များ တပ်ဆင်ထားသဖြင့် တိုက်ခိုက်နိုင်စွမ်းမှာ အလွန်ပြင်းထန်လှ၏။

“တစ်ဖက်က သင်္ဘောသစ်အချို့ ထပ်ပါလာပုံရတယ်။”

“ပုံရတယ် ဟုတ်လား။”

တပ်မှူးက ကြိမ်းမောင်းလိုက်၏။

“ငါက ‘ပုံရတယ်’ ဆိုတာကို မလိုချင်ဘူး။ အခုချက်ချင်း သွားစုံစမ်းစမ်း။”

သူက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့”

နှင်းကျနေသဖြင့် မြင်ကွင်းမှာ မှုန်ဝါးနေခဲ့သည်။ ဒေသခံကင်းထောက်များသည် ပင်လယ်ပြင်ရှိ မှောင်မည်းနေသော ပုံရိပ်များကို ကြည့်ပြီးမှသာ စစ်သင်္ဘောသစ်များ ပါ၊ မပါ ခန့်မှန်းနိုင်ခဲ့ကြလေသည်။

“တပ်မှူးကို အစီရင်ခံပါတယ်။ ပင်လယ်ထဲမှာ စစ်သင်္ဘော သုံးစီး ထပ်ရောက်နေတာ အမှန်ပါပဲ။ ဒါပေမဲ့ အလင်းရောင် မကောင်းတော့ သူတို့ရဲ့ ပုံစံအတိအကျကိုတော့ မမြင်ရပါဘူး။”

ကင်းထောက်တစ်ဦးက ပြေးလာပြီး အစီရင်ခံလာခဲ့သည်။

တပ်မှူးက မျက်မှောင်ကို တင်းတင်းကျုံ့လိုက်၏။ အတန်ကြာမှ သူက အမိန့်ပေးလိုက်သည်။

“အမိန့်ထုတ်လိုက်။ တပ်တစ်ခုလုံး တစ်ကီလိုမီတာလောက် နောက်ဆုတ်ပြီးမှ စခန်းချ နားကြမယ်။”

“ဟုတ်ကဲ့”

ဝူကျန်းသည် ကမ်းခြေရှိ မှောင်မည်းနေသော ပုံရိပ်များ တိုက်ကြီးအတွင်းပိုင်းသို့ ဆုတ်ခွာသွားသည်ကို ကြည့်ကာ ပြုံးလိုက်၏။

“ရှစ်ကီလိုမီတာလောက် နောက်ဆုတ်မယ်။ ကင်းစောင့်တွေ ချထားပြီး ကျန်တဲ့လူတွေ နားကြ။”

“ဟုတ်ကဲ့”

စစ်သင်္ဘောသုံးစီးသည် ဘင်ဂျမင်၏ သင်္ဘောများရှိရာသို့ ပြန်လှည့်လာခဲ့သည်။

ဘင်ဂျမင်သည် သူ၏လက်အောက်ငယ်သားများထံမှ သတင်းရသောအခါ ဝူကျန်းတို့အဖွဲ့ ကမ်းခြေရှိ ဒေသခံများကို တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း သိလိုက်ရလေသည်။ သူတို့သည် သင်္ဘောခန်းထဲမှ ထွက်လာပြီး သံချပ်ကာ စစ်သင်္ဘောများ၏ စွမ်းဆောင်ရည်ကို အဝေးမှ လှမ်းကြည့်နေခဲ့ကြသည်။

၎င်းတို့သည် ဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ်တည်းဖြင့် ဒေသခံများကို ကြောက်လန့်ပြီး ဆုတ်ခွာသွားစေခဲ့သည်။

“ကျုပ်တို့မှာလည်း ဒီလို အဆင့်မြင့်အမြောက်တွေ အများကြီးရှိရင် ဒီဒေသခံတွေကို နှိမ်နင်းနိုင်မှာပဲ။”

ဘေးမှ လက်အောက်ငယ်သားတစ်ဦးက မနာလိုစွာ ပြောလိုက်၏။ သို့သော် ဘင်ဂျမင်က ခေါင်းခါပြလိုက်သည်။

“ငါတို့မှာ အဲဒီလို အဆင့်မြင့်အမြောက်တွေ ရှိရင်တောင် ဒီဒေသခံတွေကို နှိမ်နင်းနိုင်ဖို့ဆိုတာ မသေချာဘူး။”

သူ၏လက်အောက်ငယ်သားက နားမလည်သလို ကြည့်နေသဖြင့် သူက ဆက်ရှင်းပြလိုက်သည်။

“တကယ်လို့ တစ်ဖက်က တောအုပ်ထဲကို ဆုတ်သွားရင် ဘယ်လိုလုပ်မလဲ။ အမြောက်တွေရဲ့ သတ်ဖြတ်နိုင်စွမ်းက အများကြီး လျော့ကျသွားလိမ့်မယ်။ နောက်ဆုံးကျရင လူလူချင်း ယှဉ်တိုက်ရမှာပဲ။”

“မဟာမိတ်ခေါင်းဆောင် အဲဒီလူတွေက ဒေသခံတွေကို တကယ်ပဲ မောင်းထုတ်နိုင်မယ်လို့ ထင်လား။”

ဘင်ဂျမင်က တွေဝေခြင်းမရှိဘဲ ခေါင်းငြိမ့်ပြလိုက်သည်။

“ထင်တယ်။ ဘာလို့လဲဆိုတော့ သူတို့လက်ထဲက သေနတ်တွေက ငါတို့ရဲ့ မီးသေနတ်တွေထက် အများကြီး ပိုအဆင့်မြင့်လို့ပဲ။”

သူသည် သေနတ်အကြောင်း နားမလည်သော်လည်း ပုံစံကို ကြည့်ရုံဖြင့် ဝူကျန်းတို့ ယူဆောင်လာသော လက်နက်များသည် သူတို့ သုံးနေသော လက်နက်များနှင့် လုံးဝကွဲပြားနေသည်ကို သိနိုင်ခဲ့သည်။

ဝူကျန်းတို့အဖွဲ့သည် မိမိတို့နေရာသို့ ပြန်ရောက်လာခဲ့ကြ၏။ ဝူကျန်း၏ ညွှန်ကြားချက်အရ လူအများစုမှာ သင်္ဘောခန်းထဲသို့ ဝင်ရောက်အနားယူလိုက်ကြလေသည်။ လိုအပ်သော ကင်းလှည့်စစ်သားများသာ အပြင်၌ နေရာယူထားခဲ့ကြသည်။

“သွားကြစို့ သူတို့လည်း အနားယူနေကြပြီ။ ငါတို့လည်း နားရအောင်။ မနက်ဖြန်ကျရင် ပြင်းထန်တဲ့ တိုက်ပွဲက ငါတို့ကို စောင့်ကြိုနေလိမ့်မယ်လို့ ငါ ထင်တယ်။”

ဘင်ဂျမင်က ပြောကာ အထဲသို့ ဦးဆောင်ဝင်သွားခဲ့သည်။

ထိုစဉ် ရှောင်းယီသည် ဂူပေါက်ဝတွင် ထိုင်ကာ အပြင်ဘက်ရှိ အခြေအနေကို အဆက်မပြတ် စောင့်ကြည့်နေပြီးမှ ကျန်းယွင်ထျန်းနှင့် လူလဲလိုက်လေသည်။ စောစောက ဂူပေါက်ဝတွင် ပေါ်လာခဲ့သော အမည်မသိရန်သူမှာ ထပ်ပေါ်မလာတော့ပေ။

တစ်ညလုံး ဘာမှမဖြစ်ဘဲ အေးအေးဆေးဆေး ကုန်ဆုံးသွားခဲ့သည်။ နောက်တစ်နေ့ မနက် ငါးနာရီမထိုးမီမှာပင် ရှောင်းယီတို့အဖွဲ့သည် အထုပ်အပိုးများ ပြင်ဆင်ပြီး ခရီးဆက်ခဲ့ကြလေသည်။

“စနစ် လက်မှတ်ထိုးဝင်မယ်။”

ရှောင်းယီသည် လမ်းခရီးတွင်ပင် လက်မှတ်ထိုးဝင်ရန် ရွေးချယ်လိုက်လေသည်။

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ် - လက်ပစ်ဗုံး ပုံစံကွက် (S အဆင့်) ၁။”

ထိုပစ္စည်းကို မြင်သောအခါ ရှောင်းယီ စိတ်လှုပ်ရှားသွား၏။

ဒါက တကယ့် ပစ္စည်းကောင်းပဲ။

“အခုဆိုရင် ငါ့မှာ တိုက်စစ်ရော ခံစစ်အတွက်ပါ အားကိုးရမယ့် လက်နက်တစ်ခု ထပ်တိုးလာပြီ။”

ရှောင်းယီက မိမိကိုယ်ကို ရေရွတ်လိုက်သည်။

ရှောင်းယီတို့ သုံးဦး နှင်းများကြားတွင် ခရီးဆက်နေစဉ်မှာပင် ဝူကျန်းသည် နယ်မြေသစ်၏ ကမ်းခြေဘက်သို့ တစ်ဖက် ပြန်လည် ထွက်ခွာလာခဲ့ပြန်၏။ ထိုအချိန်တွင် ကမ်းခြေရှိ ဒေသခံများသည်လည်း ဝူကျန်း၏ လှုပ်ရှားမှုကို တွေ့ရှိသွားခဲ့ကြလေသည်။

“တပ်မှူး သူတို့ ပြန်လာကြပြန်ပြီ။”

လက်အောက်ငယ်သားတစ်ဦးက တပ်မှူး၏ တဲထဲသို့ ပြာပြာသလဲ ပြေးဝင်လာကာ အော်ဟစ်လိုက်၏။

ဒေသခံတပ်မှူးသည် တဲထဲမှ ချက်ချင်း ပြေးထွက်လာပြီး “သူတို့ အခု ဘယ်မှာလဲ။” ဟု မေးလိုက်သည်။

“တပ်မှူး သူတို့ စောစောက နေရာမှာပဲ ရပ်နေပါတယ်။”

လက်အောက်ငယ်သားက ပြန်ဖြေလိုက်၏။

“စောစောက နေရာမှာပဲလား။ ဒါဆိုရင် အရမ်းပျာယာခတ်မနေနဲ့။”

တပ်မှူးက စိတ်အေးသွားဟန်ဖြင့် ပြောလိုက်သည်။

“ဘာလို့ ဒီလောက်တောင် ထိတ်လန့်နေရတာလဲ။”

သူ စကားပြောလို့ပင် မဆုံးသေးမီမှာပင် ပင်လယ်ပြင်မှ အမြောက်သံများ ထွက်ပေါ်လာတော့လေသည်။

ဝုန်း ဝုန်း ဝုန်း

“သူတို့က အခုထိ လက်မလျှော့သေးဘူးပဲ။ ဒီလိုမျိုး အလကား အလုပ်တွေကို လုပ်နေတုန်းပဲ။”

တပ်မှူးက လှောင်ပြောင်လိုက်၏။ သို့သော် နောက်အခိုက်တွင်မူ သူ၏ မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွားတော့သည်။

“အားလုံး ဝပ်ကြ။ ရန်သူ ဗုံးကြဲနေပြီ။”

သူက အော်ဟစ်လိုက်တော့သည်။

ဘုန်း ဘုန်း ဘုန်း

ပင်လယ်ပြင်မှ ပျံသန်းလာသော အမြောက်ကျည်များသည် ဒေသခံစစ်တပ်ကြားထဲသို့ တည့်တည့်ကျရောက်လာကာ ထိမှန်သွားသော စစ်သားများကို အပိုင်းပိုင်း ပြတ်ထွက်သွားစေခဲ့ပြီး ဘေးပတ်ဝန်းကျင်ရှိ စစ်သားများကိုလည်း ကျည်ဆန်အစအနများဖြင့် ထိမှန်စေခဲ့လေသည်။

ဤတစ်ကြိမ်တွင် ဆုံးရှုံးမှုမှာ ကမ်းခြေမှာထက်ပင် ပိုမိုပြင်းထန်လှပေသည်။

ကမ်းခြေတွင်မူ အနည်းဆုံး ခံစစ်ခံတပ် ရှိသေး၏။ သို့သော် ဤနေရာတွင်မူ သူတို့သည် မည်သည့် ခံစစ်မှ မတည်ဆောက်ထားရသေးပေ။

သူတို့၏ အသိဉာဏ်အရ အမြောက်များ၏ ထိရောက်သော အကွာအဝေးမှာ တစ်ကီလိုမီတာခန့်သာ ဖြစ်သင့်သည်။ ယခု သူတို့သည် ကမ်းရိုးတန်းမှ တစ်ကီလိုမီတာ ဝေးကွာနေပြီဖြစ်၏။

ရန်သူသည်လည်း ကမ်းရိုးတန်းမှ တစ်ကီလိုမီတာကျော် ဝေးကွာသော ပင်လယ်ထဲတွင် ရှိနေခြင်းဖြစ်သည်။ နှစ်ခုပေါင်းလျှင် နှစ်ကီလိုမီတာကျော် ဝေးနေသော်လည်း အမြောက်ကျည်များက တိကျစွာ ကျရောက်လာနေဆဲပင်။

တပ်မှူးသည် သူ၏ရှေ့မှမြင်ကွင်းကို မယုံနိုင်စဖွယ် ကြည့်ရင်း ရေရွတ်လိုက်၏။

“သူတို့ရဲ့ အမြောက်တွေက အဲ့လောက်တောင် အဆင့်မြင့်နေတာလား။”

All Chapters