← Chapters

အခန်း (၈၁၃-၈၁၄)

Vol. 65 Ch. 813-814

အခန်း (၈၁၃-၈၁၄)

Vol. 65 Ch. 813-814

အခန်း ၈၁၃ - သမန်းဝံပုလွေများက တိုက်ပွဲဝင်ရန် တောင်းဆိုခြင်းနှင့် လူပုတို့၏ နိုင်ငံရေးဆွေးနွေးမှု

သမန်းဝံပုလွေမျိုးနွယ်စုခေါင်းဆောင်ဒန်နီက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

“ကျွန်းပိုင်ရှင်... ကျုပ်တို့ သမန်းဝံပုလွေတွေ လုပ်ပေးရမယ့် ကိစ္စများ ရှိလို့ပါလား။”

“မရှိပါဘူး။ ကျုပ် ဒီတစ်ခေါက် လာတာက အုတ်မြစ်ကျောက်တွေ လာသိမ်းတာပါ။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။ ဒန်နီ ခဏမျှ ကြောင်အသွားခဲ့၏။

“ဒါက ပြဿနာမရှိပါဘူး။ ကျုပ်တို့ ကြိုတင်ပြင်ဆင်ထားတာ ကြာပါပြီ။ ဘယ်နေရာကို ပို့ပေးရမလဲ။”

ရှောင်းယီက ခေတ္တစဉ်းစားပြီးနောက် ပြောလိုက်သည်။

“အရင်ဆုံး ဒီမှာရှိတဲ့ လူသားအစောင့်တပ်ဖွဲ့ဆီကို အပ်ထားလိုက်ပါ။ ဘယ်နေရာကို သယ်ရမလဲဆိုတာတော့ သူတို့ကို ကျုပ် ပြောထားလိုက်မယ်။”

“နားလည်ပါပြီ။”

ဒန်နီက တုံ့ဆိုင်းခြင်းမရှိ ပြန်ဖြေလိုက်သည်။

ရှောင်းယီသည် အတန်ကြာ စဉ်းစားလိုက်ပြီးနောက် လက်ကိုင်ဖုန်း ငါးလုံး ထုတ်ပေးလိုက်ကာ ပြောလိုက်၏။

“ဒါကို မိုဘိုင်းဖုန်းလို့ ခေါ်တယ်။ ဆက်သွယ်ရေးအတွက် သုံးလို့ရတယ်။ ဒါပေမဲ့ သုံးတတ်ဖို့အတွက် ရိုးရှင်းတဲ့ ဂဏန်းလေးတွေကိုတော့ ခင်ဗျားတို့ လေ့လာရလိမ့်မယ်။”

လက်ကိုင်ဖုန်းကို မြင်လိုက်ရသောအခါ ဒန်နီ၏ မျက်လုံးများ ပြူးကျယ်သွားတော့၏။ ရှောင်းယီနှင့် အခြားသူများ ဤပစ္စည်းကို အသုံးပြုနေသည်အား သူ တစ်ကြိမ်မက တွေ့ခဲ့ဖူးပေသည်။

အဝေးကနေ အသံလွှင့်နိုင်သည့် ဤပစ္စည်းမျိုးကို သူ လိုချင်နေသည်မှာ ကြာပြီဖြစ်သော်လည်း မဟာမိတ်အဖွဲ့တွင်ပင် အများကြီးမရှိသေးကြောင်း ကြားထားရသဖြင့် သူ လက်လျှော့ထားခဲ့ခြင်း ဖြစ်သည်။

ယခု ရှောင်းယီက သူတို့အတွက် ငါးလုံးတောင် ထုတ်ပေးလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

“ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။ ကျုပ်တို့ သေချာပေါက် ကြိုးစားသင်ယူပါ့မယ်။”

ဒန်နီက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

“အင်း... အရေးပါတဲ့ ဝံပုလွေအချို့ကို အရင် ကိုင်ခိုင်းထားလိုက်ပါ။ နောက်ကျရင်တော့ လူတိုင်း တစ်လုံးစီ ရမှာပါ။”

“နားလည်ပါပြီ!”

ရှောင်းယီ သူ့ကို ခေါင်းငြိမ့်ပြပြီး ထွက်ခွာရန် ပြင်လိုက်သည်။ ထိုအခါ ဒန်နီက ရှောင်းယီကို ချက်ချင်း လှမ်းခေါ်လိုက်၏။

“ကျွန်းပိုင်ရှင်... ကျုပ်တို့ လုပ်ပေးနိုင်တာ တစ်ခုခုများ ရှိမလား။ ဒီမှာ အလကား စားသောက် နေထိုင်ပြီး ပစ္စည်းတွေ သုံးနေရတာက ကျုပ်တို့ နည်းနည်း အားနာစေတယ်။”

ရှောင်းယီ မှင်သက်သွား၏။

ဒီသမန်းဝံပုလွေတွေက အားနေရတာကို မကြိုက်ကြဘူးထင်တယ်။

ခဏမျှ စဉ်းစားပြီးနောက် မကြာသေးမီက တပ်ဖြန့်ထားမှုများကို ရှောင်းယီ သတိရသွားခဲ့သည်။

“ဒီက နည်းပြကို ပြောလိုက်ပါ။ တိုက်သစ်တွေကို သွားရောက်ရှာဖွေတဲ့နေရာမှာ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်လို့ ရတယ်လို့။ ကျုပ် သဘောတူထားတယ်လို့သာ ပြောလိုက်။”

“နားလည်ပါပြီ။”

ဒန်နီက ဝမ်းသာအားရ ပြန်ဖြေလိုက်သည်။

“အင်း... အရင်ဆုံး အုတ်မြစ်ကျောက်တွေ အားလုံးကို အစောင့်တွေဆီ အပ်ထားလိုက်ပါဦး။”

ရှောင်းယီက ထပ်မံမှာကြားပြီးနောက် ထွက်ခွာသွားတော့သည်။ မထွက်ခွာမီ ရှောင်းယီသည် အစောင့်တပ်ဖွဲ့ဝင်များကိုလည်း လိုအပ်သည်များ မှာကြားခဲ့သေး၏။

သမန်းဝံပုလွေမျိုးနွယ်စုမှ ထွက်လာပြီးနောက် ရှောင်းယီသည် တည်နေရာကူးပြောင်းခြင်းအစီအရင်ဆီသို့ တန်းတန်းမတ်မတ် သွားလိုက်လေသည်။ နောက်ထပ် သူသွားရမည့်နေရာမှာ လူပုတိုင်းပြည် ဖြစ်ပြီး ထိုနေရာတွင် အုတ်မြစ်ကျောက် သန်းပေါင်းများစွာက သူ့ကို စောင့်ကြိုနေသည် မဟုတ်ပါလား။

တည်နေရာကူးပြောင်းခြင်းအစီအရင်ကို ဖြတ်ကျော်ပြီးနောက် ရှောင်းယီသည် လူပုနိုင်ငံ၏ တော်ဝင်မြို့သစ်သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့၏။ ထိုမြို့မှာ ရှောင်းယီထံမှ သူတို့ ဝယ်ယူထားသည့် ကျွန်းပေါ်တွင် တည်ရှိပေသည်။

ရှောင်းယီသည် တည်နေရာကူးပြောင်းခြင်းအစီအရင်မှ ထွက်လာပြီးနောက် နန်းတော်ဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်၏။

ဝင်ပေါက်ရှိ အစောင့်များက ကြိုတင်အကြောင်းကြားထားပုံရသည်။

ရှောင်းယီသည် နန်းတော်ထဲသို့ အလွယ်တကူ ဝင်ခွင့်ရခဲ့ပြီး ဘုရင်ထံ အစီရင်ခံရန် ပြင်နေသော ကေဒါနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံမိသွားခဲ့သည်။

“ချစ်လှစွာသော ရှောင်းယီ... ဘာလို့ ဒီလောက် အစောကြီး ရောက်လာတာလဲ။”

ကေဒါက စပ်စုလိုက်၏။

“ပြီးခဲ့တဲ့အခေါက်က အရောင်းအဝယ်ကို ဒီနေ့ အပြီးသတ်ချင်လို့ပါ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ခင်ဗျားလည်း အလုပ်စတာ တော်တော်စောတာပဲ မဟုတ်လား။”

ကေဒါသည် အနည်းငယ် ကြောင်အသွားခဲ့ပြီး ရယ်မောကာ ပြောလိုက်သည်။

“ဘုရင်ကြီးကို အစီရင်ခံစရာ ကိစ္စလေး ရှိလို့ပါ။”

ထို့နောင် သူနှစ်ဦး နန်းတော်ထဲသို့ ဘေးချင်းယှဉ်ကာ ဝင်လာခဲ့ကြသည်။

နန်းတော်၏ တိုင်ပင်ဆွေးနွေးရာ ခန်းမရှေ့သို့ ရောက်သောအခါ ကေဒါက အရင်ဝင်သွားခဲ့သော်လည်း ရှောင်းယီမှာမူ တားဆီးခြင်း ခံလိုက်ရလေသည်။

လူပုနိုင်ငံ၏ ဝန်ကြီးများသည် လက်ရှိတွင် နိုင်ငံရေးကိစ္စများကို ဆွေးနွေးနေကြပြီး ရှောင်းယီအတွက် ဝင်သွားရန် အဆင်မပြေသေးပေ။

ကေဒါ ဝင်လာသည်ကို မြင်သောအခါ လူပုဘုရင်က မေးလိုက်သည်။

“ကေဒါ... မင်း ရောက်လာပြီပဲ။ အခု တိုက်ကြီးပေါ်မှာ သတ္တုတူးဖော်ရေး အခြေအနေ ဘယ်လိုရှိလဲ။”

“ယီရန်ပင်း မဟာမိတ်အဖွဲ့က ပေးတဲ့ သတ္တုတူးဖော်စက် အသစ်တွေနဲ့ တူးဖော်မှုနှုန်းက အများကြီး ပိုမြန်လာပါတယ်။ အခုရှိနေတဲ့ သတ္တုကြောတွေကို အလွန်ဆုံး သုံးရက်အတွင်း အပြီးတူးနိုင်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။”

ကေဒါက ချက်ချင်း ပြန်ဖြေလိုက်သည်။ လုပုဘုရင်က ခေါင်းငြိမ့်လိုက်၏။

“ကောင်းပြီ။ အခု တိုက်ကြီးပေါ်မှာ ရှာတွေ့ထားတဲ့ သတ္တုသိုက်တွေကို တူးပြီးတာနဲ့ ငါတို့ရဲ့ ရည်မှန်းချက် အောင်မြင်ပြီလို့ ပြောလို့ရတယ်။”

ဆွေးနွေးပွဲခန်းမအတွင်းရှိ ဝန်ကြီးများကလည်း ခေါင်းငြိမ့်ထောက်ခံလိုက်ကြသည်။

“ဒီတစ်ခေါက် တိုက်ကြီး ရေမြုပ်သွားတာက ငါတို့ လူပုမျိုးနွယ်အတွက် အခွင့်အရေးတစ်ခုလို့တောင် ပြောလို့ရတယ်။ ဘာလို့လဲဆိုတော့ အပြင်လူ ရှောင်းယီနဲ့ ဆုံခွင့်ရခဲ့လို့ပဲ။ မဟုတ်ရင် ငါတို့ တော်ဝင်မြို့တော် ပြောင်းရွှေ့ရေးကို ဒီလောက်မြန်မြန် အပြီးသတ်နိုင်မှာ မဟုတ်ဘူး။”

လူပုဘုရင်က ပြောလိုက်သည်။

အကယ်၍ ရှောင်းယီနှင့်သာ မတွေ့ခဲ့လျှင် သူတို့ဘာသာသူတို့ လူအင်အား၊ ပစ္စည်းအင်အားသုံးပြီး နန်းတော်ကို တည်ဆောက်ရမည်ဖြစ်ရာ အချိန်တိုအတွင်း ပြီးစီးနိုင်မည် မဟုတ်ပေ။

လုပုဘုရင်က ဤအချက်ကို ပြောသည်အား ကြားသောအခါ လော့စ်က ဝင်ပြောလိုက်သည်။

“အရှင်မင်းကြီး... လက်ရှိမှာ ယီရန်ပင်း မဟာမိတ်အဖွဲ့နဲ့ ကျွန်တော်မျိုးတို့ရဲ့ အရောင်းအဝယ်တွေက အလွန်စိပ်နေသလို၊ လူသွားလူလာကလည်း အလွန်များပါတယ်။ တည်နေရာကူးပြောင်းခြင်းအစီအရင်အတွက် ကုန်ကျစရိတ်က တော်တော်လေး များနေတယ်။ ကျွန်တော်မျိုးတို့မှာ စွမ်းအင်ကျောက်တုံးတွေ အများကြီး ရှိသေးတယ်ဆိုပေမဲ့ ရေရှည်မှာ ကုန်သွားမှာ အသေအချာပဲ။ စွမ်းအင်ကျောက် ပြတ်လပ်မယ့် ပြဿနာကို ကြိုတင် စဉ်းစားထားရပါမယ်။”

“မှန်ပါတယ်။ မကြာသေးခင်က ကျွန်တော်မျိုးတို့ လူမျိုးစုဝင် တော်တော်များများကလည်း ယီရန်ပင်းရဲ့ အပန်းဖြေစခန်းကို သွားလည်ခဲ့ကြတယ်။ အဲဒီကနေ ပြန်လာတဲ့ လူပုတွေကတစ်ဆင့် သတင်းစကားတွေ ပါးလိုက်ကြတော့ သွားချင်တဲ့သူတွေက တစ်နေ့ထက်တစ်နေ့ ပိုများလာတယ်။”

“ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် အဲဒီ အပန်းဖြေစခန်းက တကယ် စိတ်ဝင်စားဖို့ ကောင်းတယ်။ အဲဒီက စက်ပစ္စည်း တော်တော်များများက ကျွန်တော်မျိုးတို့ တစ်ခါမှ မမြင်ဖူးတာတွေချည်းပဲ။”

“ကျွန်တော်မျိုး စိုးရိမ်တာက လူတွေက အပျော်အပါးမှာ နစ်မွန်းပြီး တာဝန်တွေ ပျစ်ကွက်ကုန်မှာကိုပဲ။”

အားလုံး၏ ဆွေးနွေးမှုကို နားထောင်ပြီးနောက် လူပာဘုရင်က မေးလိုက်သည်။

“အပန်းဖြေစခန်း ကိစ္စကို ခဏထားလိုက်ပါဦး။ ယီရန်ပင်းနဲ့ ဆက်ဆံရေးက အနာဂတ်မှာ ပိုပြီးတော့တောင် စိပ်လာဦးမယ်။ စွမ်းအင်ကျောက်တုံး ကိစ္စကိုတော့ ငါတို့ သေချာ စဉ်းစားရမယ်။ ဘယ်သူများ အကြံကောင်း ပေးချင်လဲ။”

“စွမ်းအင်ကျောက်တုံး သက်သာချင်ရင် တည်နေရာကူးပြောင်းခြင်းအစီအရက် သုံးတာကို တတ်နိုင်သမျှ ရှောင်ပြီး ရေကြောင်း သယ်ယူပို့ဆောင်ရေးကို သုံးသင့်ပါတယ်။”

“ရေကြောင်းလား။ ခင်ဗျား လာနောက်နေတာလား။ သင်္ဘောနဲ့ တစ်ခေါက်သွားဖို့ဆိုရင် သုံးလေးရက်လောက် ကြာတာကို ခင်ဗျား စောင့်နိုင်လို့လား။”

“ဟုတ်တယ်... ရေကြောင်းက အရမ်းနှေးလွန်းတယ်။ ဒါပေမဲ့ ယီရန်ပင မဟာမိတ်အဖွဲ့မှာ အရမ်းမြန်တဲ့ သင်္ဘောတွေ ရှိတယ်လို့ ကြားဖူးတယ်။ ကျွန်တော်မျိုးတို့ ရေကြောင်းအတွက် သုံးဖို့ အဲဒီသင်္ဘောအချို့ကို ဝယ်လို့ရမလား။”

“အရမ်းမြန်တာလား။ ဘယ်လောက်တောင် မြန်လို့လဲ။ တစ်နာရီ ကီလိုမီတာ ၄၀ လား ၅၀ လား။ အဲဒီအမြန်နှုန်းနဲ့ဆိုရင်တောင် နှစ်ရက်လောက် ကြာဦးမှာပဲ။”

“တကယ်တော့ တည်နေရာကူးပြောင်းခြင်းအစီအရင်လည်း မလိုသလို၊ မနှေးကွေးတဲ့ နည်းလမ်း နောက်တစ်ခု ရှိပါသေးတယ်။”

ကေဒါက ရုတ်တရက် ဝင်ပြောလိုက်၏။

“ဘယ်နည်းလမ်းလဲ။”

ဝန်ကြီးအားလုံးက ကေဒါကို ကြည့်ကာ မေးလိုက်ကြသည်။

ကေဒါက ပြုံးကာ ပြောလိုက်၏။

“ဒီအပြင်လူရဲ့ ကျွန်းမှာ ‘ကျွန်းချင်း ပေါင်းစည်းခြင်း’ ဆိုတဲ့ နည်းလမ်းတစ်ခု ရှိတယ်။ ကျုပ်တို့ရဲ့ ကျွန်းကို ရှောင်းယီရဲ့ ကျွန်းနဲ့ သွားပေါင်းလိုက်ရုံနဲ့ ပြဿနာ အားလုံး ပြေလည်သွားလိမ့်မယ်။”

“ပေါင်းစည်းမှာလား။ ဒါဆို ကျုပ်တို့က သူတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်သွားမှာပေါ့။”

“သူတို့မှာ ကျွန်းခွဲ ၈ ခု ရှိတယ်လို့ ကြားထားတယ်။ တကယ်လို့ ကျုပ်တို့က သူတို့ရဲ့ ပင်မကျွန်းနဲ့ သွားပေါင်းလိုက်ရင် ကျုပ်တို့ ဝိုင်းရံခံလိုက်ရသလို ဖြစ်မသွားဘူးလား။”

“ဟုတ်တယ်... အဲဒါက အရမ်းအန္တရာယ်များတယ်။ မသင့်တော်ဘူး၊ လုံးဝ မသင့်တော်ဘူး။”

“အင်း... ကျွန်တော်မမျိုး ကန့်ကွက်ပါတယ်။”

ကေဒါက ပုခုံးတွန့်လိုက်၏။

“ဒီကိစ္စမှာ ပြီးပြည့်စုံတဲ့ နည်းလမ်းဆိုတာ မရှိဘူး။ အရင်တိုက်ကြီးပေါ်မှာတုန်းကလည်း ကျုပ်တို့ ပတ်ပတ်လည်မှာ အင်အားစုတွေ အများကြီး ရှိခဲ့တာပဲ။ သူတို့က ယီရန်ပင်း မဟာမိတ်အဖွဲ့ထက် ပိုပြီး အန္တရာယ် မများဘူးလား။”

ထိုစကားကြောင့် ဝန်ကြီးများမှာ စဉ်းစားခန်း ဝင်သွားခဲ့ကြရပြီး ဘုရင်ကြီးပင်လျှင် တိတ်ဆိတ်သွားခဲ့သည်။

အမှန်စင်စစ် လူပုဘုရင်သည် ရှောင်းယီ၏ ကျွန်းနှင့် ပေါင်းစည်းရန် စိတ်ကူးရှိခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့သော် လုံခြုံရေးကိစ္စကို ထည့်သွင်းစဉ်းစားနေရသောကြောင့် သူ ဝေခွဲမရ ဖြစ်နေခဲ့ခြင်းပင်။

လူပုဘုရင်သည် တိုက်ကြီးပေါ်ရှိ စွမ်းအားကြီး အင်ပါယာကြီးလေးခု၏ ပူးပေါင်းတိုက်ခိုက်မှုကိုပင် ခုခံနိုင်စွမ်း ရှိသော်လည်း ရှောင်းယီနှင့် ပတ်သက်လာလျှင်မူ ထိုသို့ ယုံကြည်ချက်မျိုး မရှိပေ။ အကြောင်းမှာ ထိုကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆိုသည့် အရာမှာ အလွန်အမင်း BUG ဖြစ်နေသောကြောင့်ပင်။

မကြာသေးမီက ဆက်ဆံမှုများကြောင့် လူပုဘုရင်သည် ရှောင်းယီအပေါ် အလွန် အထင်ကြီး လေးစားမိသွားခဲ့ပြီး ဤစိတ်ကူးမှာ ပြန်လည် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

“ဒီကိစ္စကို သေချာထပ်စဉ်းစားဖို့ လိုသေးတယ်။ ဆွေးနွေးမှုကို ခေတ္တ ရွှေ့ဆိုင်းထားမယ်။”

လူပုဘုရင်က ဝေခွဲမရဖြစ်နေဆဲပင်။

အခန်း ၈၁၄ - ရှောင်းယီ၏ လက်ဆောင်နှင့် မိတ်ဆွေကောင်းတို့၏ ကူညီဖေးမမှု

“မှန်လှပါ...”

အမတ်မင်းများအားလုံး လက်အုပ်ချီကာ ပြိုင်တူသံတော်ဦးတင်လိုက်ကြသည်။

“အရှင်မင်းကြီး... ရှောင်းယီက အစည်းအဝေးခန်းမ အပြင်ဘက်မှာ ရောက်နေပြီး အရှင်မင်းကြီးကို ဝင်ရောက်ဂါရဝပြုခွင့် တောင်းခံနေပါတယ်။”

ဆွေးနွေးမှုများ ပြီးဆုံးသွားသည့်အခါ ကေဒါက လျှောက်တင်လိုက်သည်။

ထိုစကားကိုကြားသောအခါ လူပုဘုရင်က အံ့အားသင့်သွားခဲ့၏။

“အစောကြီးရှိသေးတာပဲ။ သူ့ကို အထဲဝင်ခိုင်းလိုက်ပါ။”

ထိုအခါ အပြင်ဘက်ရှိ ကိုယ်ရံတော်များက ရှောင်းယီကို အစည်းအဝေးခန်းမထဲသို့ ချက်ချင်း ခေါ်ဆောင်လာခဲ့ကြလေသည်။

“မတွေ့ရတာ ကြာပြီ အရှင်မင်းကြီး... ကျွန်တော်မျိုး လာတာ အနှောင့်အယှက်များ ဖြစ်သွားသလား မသိဘူး။”

ရှောင်းယီက ပြုံးကာ ဝင်လာခဲ့သည်။

“မဖြစ်ပါဘူး... ကျွန်းပိုင်ရှင်ရှောင်း ဒီလောက်အစောကြီးရောက်လာတာ ဘာကိစ္စများ ရှိလို့လဲ။”

လူပုဘုရင်က ပြုံးရွှင်စွာ မေးလိုက်သည်။

“ကျွန်တော်မျိုးတို့ မဟာမိတ်အဖွဲ့က လက်ကိုင်ဖုန်း ထုတ်လုပ်တဲ့ နည်းပညာကို အောင်အောင်မြင်မြင် ရရှိသွားပါပြီ။ ပထမဆုံးအသုတ်အနေနဲ့ နည်းနည်း ထုတ်လုပ်ထားတာမို့ အရှင်မင်းကြီးအတွက် လက်ဆောင်အချို့ ယူလာပေးတာပါ။ နောက်တစ်ခေါက် ကျွန်တော်မျိုးတို့ဆီ လာပြီးလည်ပတ်တဲ့အခါ ကျွန်တော်မျိုးဆီကို တိုက်ရိုက် ဖုန်းခေါ်လို့ ရသွားတာပေါ့။”

ထိုစကားကို ကြားသောအခါ လူပုဘုရင်၏ မျက်လုံးများ တောက်ပသွားခဲ့၏။ သူသည် အဝေးကနေ ချက်ချင်း စကားပြောနိုင်သည့် ကိရိယာမျိုးကို အင်မတန် နှစ်သက်သူဖြစ်သည်။

ယခင်က ရှောင်းယီက သူတို့အဖွဲ့တွင် ဖုန်းအလုံး ၃၀ သာ ရှိပြီး ထပ်မရနိုင်တော့ကြောင်း ပြောခဲ့သဖြင့်သာ သူက လက်လျှော့ထားခဲ့ခြင်းဖြစ်သည်။

ယခုမူ ရှောင်းယီ ကိုယ်တိုင် ထုတ်လုပ်နိုင်ပြီဖြစ်ရုံမက လက်ဆောင်ပါ လာပေးသဖြင့် သူ အလွန်ပင် ကျေနပ်သွားခဲ့၏။

“ကျွန်းပိုင်ရှင်ရှောင်း... ဒီပစ္စည်းက ကျွန်းပိုင်ရှင်ရဲ့ မဟာမိတ်အဖွဲ့ထဲမှာပဲ သုံးလို့ရတာလား။”

လော့စ်က စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။

ရှောင်းယီက ခေါင်းငြိမ့်ပြပြီး ၎င်းတို့ မည်သို့ အလုပ်လုပ်ကြောင်း အကျဉ်းချုပ် ရှင်းပြလိုက်ရာ လူတိုင်း ချက်ချင်းပင် သဘောပေါက်သွားခဲ့ကြလေသည်။

“အဲဒါဆို ကျွန်းပိုင်ရှင်ပြောတဲ့ အခြေစိုက်စခန်းက ဒီနေရာအထိ လှိုင်းမမိဘူးပေါ့ ဟုတ်လား။”

ကေဒါက မေးလိုက်သည်။

“ဟုတ်ပါတယ်။ ဒီဧရိယာအထိတော့ လွှမ်းခြုံနိုင်ခြင်း မရှိသေးပါဘူး။”

ရှောင်းယီက လက်နှစ်ဖက်ကို ဖြန့်ရင်း အားနာစွာ ပြောလိုက်သည်။

သူသည် ဖုန်းအလုံး ၁၀ ကျော်ကို ထုတ်ယူလိုက်ရာ ဘုရင်သာမက အမတ်မင်းတိုင်းလည်း တစ်လုံးစီ ရရှိခဲ့ကြ၏။

သူက ဖုန်းအသုံးပြုပုံကို ကိုယ်တိုင်သင်ပြပေးလိုက်ရာ ထိုပစ္စည်းအသစ်အဆန်းကို လူတိုင်းက စိတ်ဝင်တစားဖြင့် ပျော်ရွှင်စွာ ဆော့ကစားနေကြတော့လေသည်။

လူပုဘုရင်သည် ဖုန်းကို သေချာကြည့်ရင်း ရုတ်တရက် မေးလိုက်သည်။

“အနာဂတ်မှာ ဒါတွေကို အများအပြား ထုတ်လုပ်သွားမှာလား။”

“ဒါပေါ့။ ကျွန်တော်မျိုးတို့ရဲ့ အရင်ကမ္ဘာမှာဆိုရင် လူတိုင်းနီးပါး တစ်လုံးစီ ရှိကြတယ်။ ဒါက ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် စီးဆင်းမှုအတွက် အများကြီး လွယ်ကူစေတယ်လေ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

လူပုဘုရင်သည် သူ့လက်ထဲမှ ကိရိယာလေးကို ကြည့်ရင်း အတွေးနက်နေပုံရသည်။

အခြားသူများ ဖုန်းနှင့် အလုပ်ရှုပ်နေစဉ် ရှောင်းယီက ဆက်ပြောလိုက်သည်။

“ကျွန်တော်မျိုး ဒီကိုလာတာ အရင်တစ်ခေါက်က အရောင်းအဝယ်ကိစ္စကို အပြီးသတ်ဖို့လည်း ပါပါတယ်။”

ယခင် အရောင်းအဝယ်မှ ရရှိမည့် အုတ်မြစ်ကျောက် အတော်များများမှာ သူ့ထံသို့ မရောက်ရှိသေးပေ။

ခလူပုဘုရင်သည် သူ၏အတွေးထဲမှ ပြန်ထွက်လာပြီး ပြုံးလိုက်သည်။

“ကောင်းပြီလေ... အခု အဲဒီအုတ်မြစ်ကျောက်တွေကို လွှဲပေးလိုက်ရတော့မလား။”

“မဟုတ်တာ... တည်နေရာကူပြောင်းခြင်းအစီအရင်ဘေးက ရင်ပြင်ကိုပဲ ပို့ထားပေးပါ။”

ရှောင်းယီက ပြောလိုက်သည်။

အုတ်မြစ်ကျောက်များ နှစ်ဆတိုးသည့် အခြေအနေမှာ ထူးဆန်းလွန်းသဖြင့် အနည်းငယ် လျှို့ဝှက်ထားခြင်းက ပိုကောင်းပေမည်။

“ကောင်းပြီ... လော့စ်၊ အုတ်မြစ်ကျောက်တွေကို အဲဒီကို ရွှေ့ခိုင်းထားလိုက်။ လူလွှတ်ပြီးတော့ အရေအတွက်ကိုလည်း သေချာရေတွက်ခိုင်းလိုက်ဦး။”

လူပုဘုရင်က အမိန့်ပေးလိုက်သည်။ ရှောင်းယီက လက်ကာပြလိုက်၏။

“ကျွန်တော်မျိုးတို့က အရင်ကတည်းက အရောင်းအဝယ် လုပ်ခဲ့ကြတာပဲလေ...။ ရေတွက်နေဖို့ မလိုပါဘူး။ ရင်ပြင်ပေါ်မှာပဲ ပုံထားပေးပါ။ ကျွန်တော်မျိုး အားတဲ့အချိန်မှ လာသိမ်းလိုက်ပါ့မယ်။”

လူပုဘုရင်က ခေါင်းငြိမ့်လိုက်သည်။

“ကောင်းပြီ အဲဒီအတိုင်းပဲ လုပ်ကြတာပေါ့။”

ထို့နောက် ရှောငယီက နှုတ်ဆက်ကာ ထွက်ခွာလာခဲ့သည်။ သူ စောင့်ဆိုင်းခဲ့ရသည်မှာ ကြာပြီဖြစ်ရာ အချိန်ထပ်မဖြုန်းနိုင်တော့ပေ။

သူ ထွက်သွားပြီးနောက် လူပုဘုရင်က အမတ်မင်းများကို ကြည့်ကာပြောလိုက်တော့လေသည်။

“ငါတို့ကျွန်းကို ရှောင်းယီရဲ့ကျွန်းနဲ့ ပေါင်းစည်းဖို့ ငါ ဆုံးဖြတ်လိုက်ပြီ။”

လူတိုင်း အံ့အားသင့်သွားကြ၏။ စောစောကမှ ထိုကိစ္စကို ဆိုင်းငံ့ထားရန် သဘောတူခဲ့ကြသည် မဟုတ်ပါလား။ အခုမှ ဘာကြောင့် ရုတ်တရက် ပြောင်းလဲသွားရသနည်း။

လက်ကိုင်ဖုန်းတွေကြောင့်လား။

“အရှင်မင်းကြီး... သေချာ ထပ်မံစဉ်းစားတော်မူပါဦး။ ပေါင်းစည်းပြီးသွားရင် အန္တရာယ်က အင်မတန် ကြီးမားသွားပါလိမ့်မယ်။”

“ဟုတ်ပါတယ်... သူ့နယ်မြေထဲမှာဆိုရင် ကျွန်တော်မျိုးတို့ အသာစီးရဖို့ ခက်ခံသွားပါလိမ့်မယ်။ ပြန်လည် စဉ်းစားပေးပါဦး။”

အမတ်မင်းများသည် ရှောင်းယီ၏ လက်ဆောင်ကို လက်ခံထားကြသော်လည်း မည်သည့် မျက်နှာသာမှ မပေးဘဲ တစ်ဦးပြီးတစ်ဦး ကန့်ကွက်ကြတော့သည်။

လူပုဘုရင်က သူတို့ကို ဝေ့ကြည့်လိုက်၏။

“သူ့ရဲ့ကျွန်းကို ထပ်ပြီးချဲ့ထွင်ဖို့ ငါတို့ တောင်းဆိုလို့ရတယ်။ ငါတို့ရဲ့ မြို့တော်နဲ့ သူ့နယ်မြေကြားမှာ မဟာဗျူဟာမြောက် ကြားခံနယ်မြေ ရှိအောင်လည်း လုပ်ရမယ်။”

“ဒါပေမဲ့ သူ့ဆီမှာ အခုလောလောဆယ် အုတ်မြစ်ကျောက်တွေ အများကြီး ရှိမှာမဟုတ်ဘူး။”

လော့စ်က မျက်မှောင်ကျုံ့ကာ ဆိုသည်။

“ကြားခံနယ်မြေက သိပ်မကျယ်ဘူးဆိုရင် ဘာမှ ထူးခြားမှာ မဟုတ်ဘူး။”

လူပုဘုရင်က ပြုံးလိုက်၏။

“ဒါက ရိုးရှင်းပါတယ်... ငါတို့ရဲ့ ဂိုဒေါင်ထဲမှာရှိတဲ့ အုတါယ်မြစ်ကျောက် အကုန်လုံးကို သူ့ဆီက ဒစ်ဂျစ်တယ်ငွေကြေးနဲ့ လဲလှယ်ပြီး သူ့ကို ပေးလိုက်ရုံပဲ။”

ခန်းမတစ်ခုလုံး ရုတ်ရုတ်သည်းသည်း ဖြစ်သွား၏။

“အရှင်မင်းကြီး... မဖြစ်နိုင်ပါဘူး။ အဲဒါက အရမ်းစွန့်စားရာ ရောက်လွန်းပါတယ်...။ တကယ်လို့ ရှောင်းယီက ကတိဖျက်လိုက်ရင် ဒါမှမဟုတ် အဲဒီငွေကြေးက တန်ဖိုးမရှိတော့ရင် ဘယ်လိုလုပ်မလဲ။”

“ဟုတ်ပါတယ်... ငါကျွန်တော်မျိုးတို့ဆီမှာ အုတ်မြစ်ကျောက်တွေ မရှိတော့ရင် သူက ကျွန်တော်မျိုးတို့ကို ပြန်တိုက်လာရင် ဘယ်လိုလုပ်မလဲ။”

ကန့်ကွက်သံများ ဆက်တိုက် ထွက်ပေါ်လာနေ၏။

လူပုဘုရင်က တိတ်ဆိတ်နေသော လော့စ်နှင့် ကေဒါကို ကြည့်ကာ ပြောလိုက်သည်။

“မင်းတို့နှစ်ယောက်ရော ဘယ်လိုထင်လဲ။”

လော့စ်က ကေဒါကို ကြည့်လိုက်ရာ ကေဒါက ခေါင်းအသာငြိမ့်ပြပြီးမှ စကားပြောလိုက်သည်။

“ကျွန်တော်မျိုးကတော့ အရှင်မင်းကြီးရဲ့ အကြံအစည်က ဖြစ်နိုင်ခြေရှိတယ်လို့ ယူဆပါတယ်။”

အံ့ဩမှင်သက်သံများ ထွက်ပေါ်လာ၏။

“ကျွန်တော်မျိုးတို့ ရှောင်းယီနဲ့ အရောင်းအဝယ်လုပ်ခဲ့တာ တစ်ကြိမ်မကတော့ဘူး...။ လူတစ်ယောက်ရဲ့ စရိုက်ကို သိဖို့အတွက် လုံလောက်နေပါပြီ။”

လော့စ်က ဆက်ပြောလိုက်သည်။

“ကျုပ်တို့ ဒီကျွန်းကို ဝယ်တုန်းက တခြားတိုက်ကြီးတွေဆီမှာ ဈေးစုံစမ်းခဲ့သေးတယ်။ ဘယ်သူမှ ၂၀ ဘီလီယံအောက် မပြောခဲ့ဘူး။ ရှောင်းယီက ကျုပ်တို့ တခြားမှာ ဈေးလိုက်မေးနေတာကို မသိဘူးလို့ ခင်ဗျားတို့ ထင်နေကြတာလား။”

ကျန်သောအမတ်များ တိတ်ကျသွားကြ၏။

အမှန်ပင်... သူတို့ စုံစမ်းခဲ့သည်မှာ လျှို့ဝှက်ချက် မဟုတ်ပေ။ ရှောင်းယီ၏ လက်အောက်တွင် ဒေသခံအဖွဲ့အစည်းများစွာ ရှိနေသဖြင့် အလွယ်တကူ သိနိုင်ပေသည်။ အမှန်စင်စစ် ရှောင်းယီသည် အစပိုင်းတွင် ထိုဒေသခံများကို အသုံးချရန် မေ့နေခဲ့ခြင်း ဖြစ်သည်ကိုမူ သူတို့ မသိခဲ့ကြပေ။

“တခြားနေရာက ဈေးနှုန်းတွေကို သိနေတာတောင် ရှောင်းယီက ၁၂ ဘီလီယံနဲ့ပဲ ရောင်းပေးခဲ့တယ်။ ဒါက ဘာကို ပြနေတာလဲ။”

လော့စ်က မသိစိတ်မှနေ၍ ရှောင်းယီကို ဂုဏ်တင်ပေးနေမိ၏။

ကေဒါကလည်း ဝင်ပြောလိုက်သည်။

“ဟုတ်တယ်... သူတို့ဆီက အဆင့်မြင့်စက်ကိရိယာတွေကိုလည်း ကျုပ်တို့ လူပုတွေအတွက် အကန့်အသတ်မရှိ သုံးခွင့်ပေးထားတယ်။ တချို့အတွက် ပိုက်ဆံပေးရတယ်ဆိုပေမဲ့ ရှောင်းယီသာ တကယ် ရက်စက်ချင်ရင် ကျုပ်တို့ အခုထက် အများကြီး ပိုပေးရမှာပဲ။ တချို့စက်တွေဆိုရင် ပိုက်ဆံရှိတိုင်းတောင် ဝယ်လို့မရဘူး။ အဲ့ဒါကြောင့် ကျုပ်လည်း သဘောတူတယ်။ ကျွန်းချင်းပေါင်းမယ်... ဒါပေမဲ့ ကြားခံနယ်မြေကိုတော့ သေချာထားရမယ်။”

ရှောင်းယီသာ ဤနေရာတွင် ရှိနေပါက ထိုလူပုမိတ်ဆွေနှစ်ဦးကို အင်မတန် ကျေးဇူးတင်မိမည်မှာ အမှန်ပင်။

အခြားအမတ်များက တိုးတိုးတိတ်တိတ် ဆွေးနွေးလာကြပြီး လူပုဘုရင်ကမူ မျက်လုံးမှိတ်ကာ ထိုင်နေခဲ့လေသည်။

ခဏအကြာတွင် အားလုံးက တညီတညွတ်တည်း ပြောလိုက်ကြသည်

“အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်က ပညာရှိပါတယ်...။ ကျွန်တော်မျိုးတို့ သဘောတူပါတယ်။”

မည်သူမျှ ကန့်ကွက်သူ မရှိတော့သဖြင့် လူပုဘုရင်က အမိန့်ပေးလိုက်တော့လေသည်။

“လော့စ်... အရင်ဆုံး အရင်အရောင်းအဝယ်က အုတ်မြစ်ကျောက်တွေကို သွားပို့လိုက်ပါ။ ပြီးရင် ကျန်တဲ့အုတ်မြစ်ကျောက်တွေအတွက် ရှောင်းယီဆီကို ငါကိုယ်တိုင် မင်းနဲ့အတူ လိုက်တွေ့မယ်။”

“မှန်လှပါ အရှင်မင်းကြီး။”

လော့စ်က ပြန်ဖြေကာ ထွက်သွားခဲ့လေသည်။

“ကောင်းပြီ... တခြားကိစ္စ မရှိတော့ရင် ကိုယ့်တာဝန်ကိုယ် သွားထမ်းဆောင်ကြတော့။”

လူပုဘုရင်က လက်ကာပြလိုက်၏။

အမတ်မင်းများသည်လည်း ဦးညွတ်ကာ ထွက်ခွာသွားကြတော့လေသည်။

လော့စ်သည် ယခင်အရောင်းအဝယ်မှ အုတ်မြစ်ကျောက်အားလုံးကို စုစည်းကာ တည်နေရာကူးပြောင်းခြင်းအစီအရင်မှတစ်ဆင့် ရင်ပြင်သို့ ပို့ဆောင်လိုက်တော့လေသည်။

All Chapters