← Chapters

အခန်း (၈၂၇-၈၂၈)

Vol. 66 Ch. 827-828

အခန်း (၈၂၇-၈၂၈)

Vol. 66 Ch. 827-828

အခန်း ၈၂၇ - သမန်းဝံပုလွေမျိုးနွယ်များ ပိုမိုမြန်ဆန်စွာ ပေါင်းစည်းခွင့်ရခြင်းနှင့် လူပုဘုရင်၏ နောင်တ

“တကယ် တစ်ယောက်မှ မရှိခဲ့ဘူး။”

ခြင်္သေ့ခေါင်းမဟာမိတ်အဖွဲ့ကို တိုက်ခိုက်ခဲ့သည့် စစ်သားတစ်ဦးက ဂုဏ်ယူစွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။

“မင်းတို့ သူတို့ကို သေနတ်တွေနဲ့ မောင်းထုတ်လိုက်တာလား။”

“မဟုတ်ဘူး၊ မဟုတ်ဘူး။ သူတို့ အတင်းခုန်အုပ်မလာခင်မှာ ငါတို့မှာ တုံ့ပြန်ဖို့အချိန်တောင် မရလိုက်ဘူး။ ဒါပေမဲ့ ငါတို့မဟာမိတ်အဖွဲ့ရဲ့ သမန်းဝံပုလွေကင်းလှည့်တပ်ဖွဲ့က လှုပ်ရှားသွားတယ်လေ။ သူတို့က အရမ်းမြန်ပြီး လေ့ကျင့်မှုကလည်း အရမ်းကောင်းတယ်။ သူတို့က ငါတို့အတွက် ဗန်ပိုင်းယာတွေရဲ့ သေစေနိုင်တဲ့ တိုက်ခိုက်မှုတွေကို ပိတ်ဆို့ပေးခဲ့တာ။”

“သမန်းဝံပုလွေကင်လှည့်တပ်ဖွဲ့ ဟုတ်လား။”

“ဟုတ်တယ် နည်းပြကျန်းက အဲဒီလို ခေါ်တာပဲ။ အဲဒီဝံပုလွေတွေက ငါ့အသက်ကို ကယ်တင်ခဲ့တာ။ ငါတို့ကျွန်းပေါ်မှာ သမန်းဝံပုလွေမျိုးနွယ်စုကို ဝင်ခွင့်ပြုခဲ့တာကို ငါအရင်က ကန့်ကွက်ခဲ့မိတာကို ပြန်တွေးကြည့်ရင် ရှက်ဖို့ကောင်းလိုက်တာ။”

“ငါလည်း အတူတူပါပဲ။ ကျွန်းပေါ်မှာ သမန်းဝံပုလွေအချို့နဲ့ ငါတွေ့ဖူးတယ်။ သူတို့ရဲ့ ဝံပုလွေခေါင်းတွေက နည်းနည်းကြောက်ဖို့ကောင်းတာကလွဲရင် သူတို့က အဆင်ပြေပါတယ်။ ကုန်သွယ်မှုမှာလည်း ပွင့်လင်းရိုးသားကြတယ်။ လုံးဝ ကောက်ကျစ်တာမျိုး မရှိဘူး။”

“ငါတို့ သမန်းဝံပုလွေမျိုးနွယ်စုအပေါ် တကယ်ပဲ အထင်လွဲခဲ့တာ ဖြစ်နိုင်တယ်။ သူတို့ကလည်း သက်ရှိပုံစံတစ်ခုပဲလေ။ ငါတို့က ဒီလောက်ကျဉ်းမြောင်းတဲ့ အမြင်နဲ့ မငြင်းပယ်သင့်ဘူး။”

“အဓိပ္ပာယ်ရှိတယ်။ တောက်... ငါဆိုရင် ဆန္ဒပြပွဲတွေမှာတောင် ပါခဲ့သေးတယ်။ ငါ သမန်းဝံပုလွေမျိုးနွယ်စုဆီ သွားပြီး တောင်းပန်တော့မယ်။”

“ငါလည်း လိုက်ခဲ့မယ်။”

ခဏချင်းမှာပင် ဘားထဲရှိ လူအများအပြားက တုံ့ပြန်လာခဲ့ကြလေသည်။

မကြာမီမှာပင် ဒေသခံအုပ်စုကြီးတစ်ခုသည် သမန်းဝံပုလွေမျိုးနွယ်စု၏ အခြေစိုက်စခန်းဆီသို့ ဦးတည်သွားခဲ့ကြ၏။

ဒေသခံအများအပြား ချဉ်းကပ်လာသည်ကို မြင်သောအခါ တံတိုင်းပေါ်ရှိ လူသားမျိုးနွယ် အစောင့်များက ရှောင်းယီအား ချက်ချင်း သတင်းပို့လိုက်တော့လေသည်။

ရှောင်ယီ မျက်ခုံးပင့်လိုက်မိ၏။

“သတင်းက ပျံ့သွားပြီလား။ ငါသွားကြည့်တာ ပိုကောင်းမယ်။”

သူက ရေရွတ်လိုက်သည်။

ထိုသို့တွေးပြီးနောက် သူသည် တည်နေရာကူးပြောင်းခြင်းအစီအရင်ကို အသုံးပြုကာ သမန်းဝံပုလွေအခြေစိုက်စခန်းသို့ ရောက်ရှိသွားခဲ့သည်။ ထိုအချိန်တွင် ဒေသခံများမှာ တံခါးဝသို့ ရောက်ရှိနေကြပြီဖြစ်သည်။

“ရပ်ကြစမ်း...ကျွန်းပိုင်ရှင်ရဲ့ အမိန့်အရ ဘယ်သူတစ်ဦးတစ်ယောက်၊ ဘယ်အဖွဲ့အစည်းကမှ သမန်းဝံပုလွေမျိုးနွယ်စုကို ဆန့်ကျင်ကန့်ကွက်ခြင်း မပြုရဘူး။”

တံတိုင်းပေါ်မှ အစောင့်က အော်ဟစ်လိုက်၏။ ထိုအခါ ဒေသခံများ ချက်ချင်းပင် ရပ်တန့်သွားခဲ့ကြသည်။

“ကင်းစောင့်ညီအစ်ကို ကျုပ်တို့က ဆန္ဒပြဖို့ လာတာမဟုတ်ပါဘူး။ ကျုပ်တို့ တောင်းပန်ဖို့နဲ့ ကျေးဇူးတင်ဖို့ လာခဲ့တာပါ။”

ထိုအချိန်၌ သတင်းရထားပြီးဖြစ်သော ဒန်နီသည်လည်း တံတိုင်းပေါ်တွင် ရပ်နေခဲ့သည်။ သူက အောက်မှ လူအုပ်ကြီးကို မျက်မှောင်ကျုံ့ကြည့်ရင်း မေးလိုက်၏။

“တောင်းပန်ဖို့ ဟုတ်လား။ ဘာအတွက်လဲ။”

ဘာသာပြန်သူက ဒန်နီ၏ စကားကို ဒေသခံများအား ပြန်လည်ပြောပြပေးလိုက်သည်။

ထိုစဉ် စစ်သားတစ်ဦးက ရှေ့သို့ တက်လာကာ ဒူးတစ်ဖက်ထောက်လျက် ပြောလိုက်၏။

“ကျုပ်က စစ်သားတစ်ယောက်ပါ။ အခုလေးတင် ပြီးဆုံးသွားတဲ့ ခြင်္သေ့ခေါင်းမဟာမိတ်အဖွဲ့နဲ့ တိုက်ပွဲမှာ သမန်းဝံပုလွေကိုယ်ရံတော်အဖွဲ့က ကျုပ်ရဲ့အသက်ကို ကယ်တင်ခဲ့တယ်။ ကျုပ် အရင်က သမန်းဝံပုလွေတွေကို အခြေစိုက်စခန်းထဲ ပေးဝင်တာကို ကန့်ကွက်ခဲ့ဖူးတယ်။ ဒါပေမဲ့ အခုတော့ ကျုပ် အမြင်ကျဉ်းခဲ့မှန်း သိပါပြီ။ ကျုပ် မှားခဲ့ပါတယ်။ အဲ့ဒါကြောင့် သမန်းဝံပုလွေမျိုးနွယ်စုကို တောင်းပန်ဖို့ လာခဲ့တာပါ။”

ထိုစဉ် နောက်ထပ် လူအချို့ ရှေ့ထွက်လာပြီး အလားတူပင် ဒူးထောက်ကာ ထိုစကားများကို ထပ်ခါတလဲလဲ ပြောလိုက်ကြ၏။

ကျန်ရှိသူများအားလုံးလည်း ဒူးထောက်လိုက်ကြပြီး ပြိုင်တူပြောလိုက်ကြသဖြင့် ဆူညံသွားသော်လည်း ဘာသာပြန်သူက ဒန်နီအတွက် အဓိကစကားလုံးများကို ဖမ်းယူနိုင်ဆဲဖြစ်သည်။

“စိတ်မရှိပါနဲ့။ ကျုပ်လည်း အရင်က ခင်ဗျားတို့ကို ကန့်ကွက်ခဲ့မိတယ်။ ကံကောင်းလို့ ကျွန်းပိုင်ရှင်က ကျုပ်တို့ကို တားခဲ့တယ်။ မဟုတ်ရင် ကျုပ်ရဲ့ညီလေး အဲဒီတိုက်ပွဲမှာ သေသွားလောက်ပြီ။”

“ကျုပ်တို့ ဝံပုလွေမျိုးနွယ်စုအပေါ် အကဲဖြတ်မှားခဲ့ပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။”

“သမန်းဝံပုလွေကိုယ်ရံတော်တပ်ဖွဲ့က အရမ်းတော်တယ်။ သမန်းဝံပုလွေမျိုးနွယ်စု တစ်ခုလုံးကလည်း အရမ်းကောင်းတယ်။ ကျုပ်ရဲ့ အရင်က လုပ်ရပ်တွေက အရမ်းကို စိတ်လိုက်မာန်ပါ ဖြစ်ခဲ့ပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ။”

တံတိုင်းရှေ့တွင် ဒူးထောက်နေသော လူအုပ်ကြီးကို မြင်သောအခါ ဒန်နီ စိတ်လှုပ်ရှားသွား၏။ လာရောက်ကြည့်ရှုနေသော အခြားသမန်းဝံပုလွေများ၏ မျက်ဝန်းထဲတွင်လည်း မျက်ရည်များ ဝေ့သီနေလေသည်။

နှစ်ပေါင်းများစွာ ဗန်ပိုင်းယာများ၏ စွပ်စွဲပုတ်ခတ်ခြင်းကို ခံခဲ့ရပြီးနောက် နောက်ဆုံးမှာတော့ သမန်းဝံပုလွေများ၏ အမည်နာမဟာ လူတိုင်း၏ နှလုံးသားထဲမှာ ရှင်းလင်းသွားပြီလား။

“ နောက်ဆုံးတော့ ကျုပ်တို့မျိုးနွယ်စု လူတိုင်းရဲ့ ရှေ့မှာ ခေါင်းမော့ရပ်တည်နိုင်ပြီပေါ့။”

“အမှားကို ဝန်ခံနိုင်တဲ့သူတွေဟာ မိတ်ဆွေဖွဲ့ဖို့ ထိုက်တန်ပါတယ်။”

“ဟုတ်တယ်။ အခု လူသားတွေက ငါ့မျက်စိထဲမှာ ပိုပြီးချစ်ဖို့ကောင်းလာသလိုပဲ။”

ဒန်နီက သက်ပြင်းရှည် ချလိုက်ပြီး အဝေးသို့ မျှော်ကြည့်ကာ ပြောလိုက်၏။

“ဘင်နီ မင်း တကယ်ကို ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ။”

“တကယ်ပဲ ကောင်းကောင်း လုပ်နိုင်ခဲ့တယ်။”

ရှောင်းယီ၏ အသံက အနောက်မှ ထွက်ပေါ်လာခဲ့သည်။

ဒန်နီ လှည့်ကြည့်လိုက်သောအခါ ရှောင်းယီကို မြင်လိုက်ရပြီး ရိုသေစွာဖြင့် မေးလိုက်သည်။

“ကျွန်းပိုင်ရှင်၊ ဘာလိုလုပ်ပြီး ဒီကို ရောက်နေတာလဲ။”

“ဒီလို အရေးကြီးတဲ့ အချိန်မျိုးကို ကျုပ်လည်း လာကြည့်ရမှာပေါ့။”

ရှောင်းယီက အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။

“သူတို့ ခင်ဗျားဆီက စကားကို စောင့်နေကြတယ်။ ပြောလိုက်ပါဦး။”

ဒန်နီ ခေါင်းငြိမ့်လိုက်ပြီး အောက်ဘက်ရှိ ဒေသခံများကို ကြည့်ကာ ကြေညာလိုက်၏။

“ကျေးဇူးပြုပြီး ထကြပါ။ ဒါက ခင်ဗျားတို့ အပြစ်မဟုတ်ပါဘူး။ ခင်ဗျားတို့ကို လမ်းမှားအောင် ဗန်ပိုင်းယာတွေက သွေးထိုးလှုံ့ဆော်ခဲ့တာပါ။ အခုကစပြီး ကျုပ်တို့တွေ အတူတူ သဟဇာတဖြစ်ဖြစ် နေထိုင်ပြီး ယီရန်ပင်းမဟာမိတ်အဖွဲ့ကို အတူတူ တည်ဆောက်ကြရအောင်။”

ထိုအခါမှ ဒေသခံများ ထရပ်လိုက်ကြသည်။

“မျိုးနွယ်စုခေါင်းဆောင်...ကျုပ်တို့ ခင်ဗျားတို့ရဲ့ အခြေစိုက်စခန်းထဲကို ဝင်ရောက် လည်ပတ်ခွင့်ရမလား။”

စစ်သားတစ်ဦးက အော်မေးလိုက်သည်။

“ဒါပေါ့၊ ခင်ဗျားတို့ကို ကြိုဆိုပါတယ်။”

ဒန်နီက ပြန်ဖြေလိုက်သည်။ ထိုစဥ် အစောင့်က ရှောင်းယီကို ကြည့်လိုက်ရာ သူက အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်။

“တံခါးဖွင့်ပေးလိုက်ပါ။”

“ဟုတ်ကဲ့။”

ထို့နောက် သမန်းဝံပုလွေအခြေစိုက်စခန်း၏ တံခါးမကြီးသည် ဖြည်းညှင်းစွာ ပွင့်ဟလာခဲ့ပြီး စပ်စုချင်နေသော ဒေသခံများ အတွင်းသို့ စီတန်း၍ ဝင်လာခဲ့ကြ၏။

“အပြင်အဆင်က ငါတို့မြို့နဲ့ အတူတူပဲ။”

“ဒါပေါ့။ ဒါက ယီရန်ပင်း မဟာမိတ်အဖွဲ့ တစ်ခုတည်းပဲလေ။ ဆိုတော့ အတူတူဖြစ်နေတာပေါ့။”

“ဟုတ်တယ် သမန်းဝံပုလွေတွေလည်း ငါတို့လို နေထိုင်ကြရတာပဲ။”

စိုက်ပျိုးရေးပညာရှင်တစ်ဦးထံတွင် စိုက်ပျိုးရေးနည်းပညာများ သင်ယူနေသော သမန်းဝံပုလွေအချို့ကို မြင်သောအခါ ဒေသခံများက ပို၍ပင် ရင်းနှီးမှုကို ခံစားလိုက်ကြရသည်။

“အခု ခင်ဗျားတို့တွေ ယီရန်ပင်း မိသားစုကြီးထဲကို အပြည့်အဝ ပေါင်းစည်းသွားနိုင်ပြီ။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။ ဒန်နီက လေးလေးနက်နက် ခေါင်းငြိမ့်ပြလိုက်၏။

“ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”

“ကျုပ်ကို ကျေးဇူးတင်စရာ မလိုပါဘူး။ ဒါက ခင်ဗျားတို့ ကိုယ်တိုင်ရဲ့ ကြိုးစားမှုရဲ့ ရလဒ်ပါ။ ကဲ... အချိန်ရရင် အပန်းဖြေစခန်းဘက်ကိုလည်း လာခဲ့ပါဦး။ အဲ့ဒီနေရာကအနားယူဖို့ တကယ်ကောင်းတယ်။ ခင်ဗျားတို့ကိုယ်ခင်ဗျားတို့ အရမ်းကြီး တင်းကျပ်မထားကြပါနဲ့။”

ရှောင်းယီက ပြုံးစစဖြင့် ပြောလိုက်၏။

“အထူးသဖြင့် သမန်းဝံပုလွေတွေပဲ။ ခင်ဗျားတို့ အရမ်း စိတ်ဖိစီးနေရင် မင်းတို့တွေ ပေါက်ကွဲသွားလိမ့်မယ်။”

“ဟုတ်ကဲ့ပါ ကျွန်းပိုင်ရှင်။”

ထိုစဉ်မှာပင် ရှောင်းယီ၏ လက်ကိုင်ဖုန်းမှ အသံမြည်လာခဲ့သည်။ ခေါ်ဆိုသူ အမည်မှာ လူပုဘုရင်ပင်။

“ဟယ်လို...ဒီအချိန်ကြီး ဖုန်းဆက်တာ ဘာကိစ္စများလဲ။”

ရှောင်းယီက မေးလိုက်သည်။

“ဘာကိစ္စလဲ ဟုတ်လား။”

လူပုဘုရင်က ပြန်အော်လိုက်၏။

“မင်းတို့ကျွန်းက ဘယ်လိုလုပ်ပြီး ဒီလောက်ကြီးသွားရတာလဲ။”

“ဒါ အရှင်မင်းကြီးတို့ရဲ့ ကျေးဇူးကြောင့်ပဲလေ။”

ရှောင်းယီက ရယ်မောလျက် ပြန်ဖြေလိုက်သည်။

“ငါတို့ရဲ့ အုတ်မြစ်ကျောက်တွေ အကုန်သုံးရင်တောင် ဒီလောက် မကြီးသင့်ဘူး။ ငါက အပန်းဖြေစခန်းကို သွားချင်ခဲ့တာ။ ဒါပေမဲ့ ရထားအချိန်စာရင်းက ၁၂ နာရီတောင်တဲ့။”

“ခင်ဗျားပဲ မဟာဗျူဟာမြောက် ကြားခံနယ်မြေ လိုချင်တယ်ဆို။”

ရှောင်းယီက ပြောလိုက်သည်။

“ငါတို့က ကြားခံနယ်မြေ လိုချင်တာကွ။ မဟာဗျူဟာမြောက် တံတိုင်းကြီး လိုချင်တာ မဟုတ်ဘူး။”

လူပုဘုရင်က စောဒကတက်လိုက်၏။

“မင်းဆီမှာ ဒီထက်ပိုမြန်တဲ့ သယ်ယူပို့ဆောင်ရေးပစ္စည်းတွေ မရှိတော့ဘူးလား။ အခု အပန်းဖြေစခန်းကို သွားဖို့က အရမ်းဝေးနေပြီ။ ဒီလိုဖြစ်မယ်မှန်းသာ ကြိုသိရင် ငါ ဒန်နီတို့နဲ့ အိမ်နီးချင်း မလုပ်ခဲ့ပါဘူး။ အပန်းဖြေစခန်းရဲ့ ဘေးမှာပဲ ကပ်ရပ်လိုက်ပါတယ်။”

“ဟားဟားဟား...နောင်တအတွက် ဆေးမရှိဘူး။ ပေါင်းစည်းခြင်း စည်းမျဉ်းအရ တစ်ကြိမ်ပဲ လုပ်ခွင့်ရှိတယ်။ ပြန်ပြင်လို့လည်း မရဘူး။ ပြောင်းလဲလို့လည်း မရဘူး။”

ရှောင်းယီက နှစ်ထောင်းအားရစွာဖြင့် ပြောလိုက်သည်။

“မင်း ဒါကို ဖြေရှင်းပေးရမယ်။ ငါတို့လူတွေက အပန်းဖြေစခန်းအတွက် လာကြတာလေ။ အခု ၁၀ နာရီတောင်ကျော် ကြာနေပြီ။ ငါ ဒါကို လက်မခံနိုင်ဘူး။”

လူပုဘုရင်က ရှက်ရကောင်းမှန်းမသိဘဲ ပြောလိုက်၏။

“သေချာတာပေါ့။ ဒါကို ပြင်ဆင်ပေးဖို့ လိုတယ်။ ဒါပေမဲ့ ကျုပ်ကို အချိန်ပေးပါဦး။ အခုလောလောဆယ်တော့ လူတိုင်း အဆင်ပြေသလိုပဲ နေလိုက်ကြပါ။”

ရှောင်းယီက ပုခုံးတွန့်ရင်း ပြန်ဖြေလိုက်လေသည်။

အခန်း ၈၂၈- ဒုက္ခပေးသော လူပုလေးများ၊ အသံလွှင့်ရုံ

ရှောင်းယီတွင် အကွာအဝေးပြဿနာအတွက် ချက်ချင်းလက်ငင်း အဖြေမရှိသည်ကို မြင်လိုက်ရသောအခါ လူပုဘုရင်သည်လည်း အားကိုးရာမဲ့စွာ သက်ပြင်းချလိုက်မိ၏။

“ဒါမျိုးဖြစ်မယ်မှန်းသိရင် မင်းရဲ့ကျွန်းထဲမှာပဲ ငါတို့ကို တိုက်ရိုက်ကပ်လိုက်ပြီး အုတ်မြစ်ကျောက်တွေသုံးပြီး ငါတို့ကို ဝိုင်းပတ်ချဲ့ထွင်ခိုင်းလိုက်ရမှာ။”

လူပုဘုရင်က နောင်တကြီးစွာဖြင့် ပြောလိုက်သည်။

“ဒါက အလုပ်မဖြစ်ဘူး။ အကယ်၍ ဒီကျွန်းက လုံးဝအလုံပိတ်ဖြစ်သွားရင် ကျုပ်တို့ ကမ်းရိုးတန်း ပျောက်သွားလိမ့်မယ်။ ဒါဆိုရင် စည်းမျဉ်းအရ အကြီးအကျယ် ထိခိုက်မှုတွေ ရှိလာလိမ့်မယ်။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။

“ဟမ့်.. မင်းတို့လူသားတွေနဲ့ မင်းတို့ရဲ့ ထူးဆန်းတဲ့ ကမ္ဘာ့စည်းမျဉ်းတွေကြောင့်ပဲ။”

လူပုဘုရင်က ကြိတ်မှိတ်သည်းခံနေရသည့်လေသံဖြင့် စောဒကတက်လိုက်၏။ ရှောင်းယီက ပုခုံးတွန့်ပြလိုက်သည်။

“ကျုပ်လည်း စောဒကတက်ချင်တာပဲလေ။ ဒါပေမဲ့ ဒါက အပိုပါပဲ။ ကျုပ်တို့က ကမ္ဘာ့စည်းမျဉ်းတွေကို မချိုးဖောက်နိုင်ပေမဲ့ အဲဒီစည်းမျဉ်းတွေအတိုင်း ကစားတတ်ဖို့တော့ လိုတယ်လေ။”

“ကောင်းပြီ.. ကျွန်းကို ပြောင်းလဲလို့မရရင်တောင် ငါတို့ရဲ့ မြို့တော်ကို နေရာရွှေ့လို့ ရမလား။”

လူပုဘုရင်က လက်မလျှော့သေးပေ။ ရှောင်းယီ မျက်တောင်ခတ်လိုက်၏။

“မရဘူးထင်တယ်။ အဆောက်အဦးတွေ နေရာချတာနဲ့ ရွှေ့ပြောင်းတာတွေက ကိုယ့်ကျွန်းအတွင်းမှာပဲ ကန့်သတ်ထားတာ။”

လူပုမျိုးနွယ်စုသည် ကျွန်းချင်း လာရောက်ပူးပေါင်းထားသော်လည်း သူတို့၏ကျွန်းနှင့် ရှောင်းယီ၏ကျွန်းမှာ သီးခြားစီဖြစ်နေဆဲဖြစ်ရာ နယ်နိမိတ်ကျော်လွန်၍ ပြုပြင်မွမ်းမံမှုများ ပြုလုပ်ရန် မဖြစ်နိုင်ပေ။

ယခုမူ လူပုဘုရင် အမှန်တကယ် အကြံအိုက်သွားလေပြီ။

“ပြောစမ်းပါဦး...။ အရှင်မင်းကြီးတို့က ဘာလို့ အပန်းဖြေစခန်း နားမှာပဲ နေချင်နေရတာလဲ။”

ရှောင်းယီက မေးလိုက်၏။

“အပျော်အပါးက စိတ်ဓာတ်ကို အားနည်းစေတယ်နော်။”

“ဒါက ငါ့လူမျိုးတွေ လိုချင်တဲ့အရာပဲလေ။ အဲ့တော့ ငါက ဖြည့်ဆည်းပေးရမှာပေါ့။”

လူပုဘုရင်က သဘာဝကျကျ ပြန်ဖြေလိုက်သည်။ ရှောင်းယီ ခေါင်းခါလိုက်မိ၏။

“အကယ်၍ အရှင်မင်းကြီးတို့ အပန်းဖြေစခန်းကို တကယ်သွားချင်တယ်ဆိုရင် တည်နေရာကူးပြောင်းခြင်းအစီအရင်ကိုပဲ သုံးလိုက်ပါလား။”

“ဒါဆိုရင် ငါတို့က ဘာလို့ ဒီကို ကျွန်းချင်းလာပေါင်းနေတော့မလဲ။ ငါတို့နေရာမှာပဲ ငါတို့ နေလို့ရတာပဲ။”

လူပုဘုရင်က ပြန်ပက်လိုက်သည်။

“ဒါဆို အရှင်မင်းကြီးက ပျော်ပါးဖို့အတွက်တင် ကျွန်းတစ်ခုလုံးကို လာပေါင်းတာပေါ့..။ တကယ့်ကို အဖြုန်းအတီးကြီးပဲ။”

ရှောင်းယီက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

“မင်းမှာ အမြင်မရှိဘူးပဲ။ ပျော်ဖို့သက်သက် ဟုတ်လား။ ဒါဆို မင်းရဲ့ စမတ်ကျတဲ့ ပုံကြမ်းဆွဲစက် တွေနဲ့ စက်မှုတည်ဆောက်ရေးဌာနက ဘယ်မှာလဲ။ အဲဒီနှစ်ခုက ငါတို့ လူပုတွေအတွက် အသက်တမျှ အရေးကြီးတယ်ကွ။”

လူပုဘုရင်က နောက်ဆုံးတွင် သူ၏ ရည်ရွယ်ချက်အစစ်အမှန်ကို ထုတ်ပြောလိုက်တော့၏။

ရှောင်းယီ အံ့သြသွားခဲ့ပြီးနောက် သဘောပေါက်သွားခဲ့သည်။ ထိုအဆောက်အဦး နှစ်ခုလုံးသည် အပန်းဖြေစခန်းအနီးတွင် ရှိနေပြီး စမတ်ပုံကြမ်းဆွဲစက်များမှာ အပန်းဖြေစခန်း၏ အတွင်းထဲ၌ပင် ရှိနေခြင်းဖြစ်သည်။

“ဒါကြောင့်ကိုး။ အခုလောလောဆယ်တော့ တည်နေရာကူးပြောင်းခြင်းအစီအရင်ကိုပဲ သုံးထားပါဦး။ ကျုပ် အရှင်မင်းကြီးတို့အတွက် ဒီထက်ပိုမြန်တဲ့ သယ်ယူပို့ဆောင်ရေးပစ္စည်းကို အမြန်ဆုံး ရှာပေးပါမယ်။”

ရှောင်းယီက ကတိပေးလိုက်သည်။

“ပြီးရော...။ မြန်မြန်တော့လုပ်..။ ငါတို့ရဲ့ စွမ်းအင်သလင်းကျောက်တွေက ကုန်ခါနီးနေပြီ။”

လူပုဘုရင်က သက်ပြင်းချလိုက်သည်။

“ပြီးခဲ့တဲ့အကြိမ် မြို့တော်ကို ရွှေ့ပြောင်းတုန်းက စွမ်းအင်ကျောက်တုံးတွေ အများကြီး ကုန်သွားတယ်။”

ပြည်သူများနှင့် ပစ္စည်းများအားလုံးကို ကုန်းမကြီးပေါ်မှ သူတို့ဝယ်ထားသော ကျွန်းပေါ်သို့ ရွှေ့ပြောင်းခြင်းသည် လူပုဘုရင်နိုင်ငံ၏ စုဆောင်းထားသော စွမ်းအင်သလင်းကျောက် ၉၀ ရာခိုင်နှုန်းကို ကုန်ခမ်းစေခဲ့၏။

“အရှင်မင်းကြီးတို့မှာ မလုံလောက်ဘူးဆိုရင် ကျုပ်ကူညီပေးနိုင်ပါတယ်။ ကျုပ် စွမ်းအင်သလင်းကျောက်ကြော တစ်ခု ရှာတွေ့ထားတယ်။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“ဘာ...မင်း တကယ်ပဲ ကျောက်ကြောတစ်ခု ရှာတွေ့တာလား။ ဘယ်မှာလဲ။”

လူပုဘုရင် မှင်တက်သွား၏။

“ငါတို့ ကုန်းမကြီးပေါ်က နေရာအနှံ့ကို ရှာဖွေပြီးပြီ။ တန်ဖိုးရှိတဲ့ ကျောက်ကြောမှန်သမျှ အကုန်လုံးက ပိုင်ရှင်ရှိပြီးသားပဲ ဖြစ်ရမယ်။”

“တခြား တိုက်ကြီးတစ်ခုပေါ်မှာလေ။”

ရှောင်းယီက ရိုးရိုးရှင်းရှင်းပင် ရှင်းပြလိုက်သည်။

“တခြားတိုက်ကြီး.. မအံ့သြတော့ပါဘူး။”

လူပုဘုရင်သည် ခရီးအနှံ့သွားဖူးသူဖြစ်ရာ ကမ္ဘာကြီး မည်မျှကျယ်ပြောသည်ကို သိထားပေသည်။

“ဒါဆိုရင် ငါ မစိုးရိမ်တော့ဘူး။ မင်း တူးဖော်ပြီးရင် ငါတို့ နည်းနည်း ဝယ်မယ်။”

“စိတ်ချထားပါ။ အရှင်မင်းကြီးတို့အတွက် ဝေစုရစေရပါမယ်။”

ရှောင်ရီက သူ့ကို စိတ်ချစေလိုက်သည်။

“နောက်တစ်ခု.. ငါတို့နဲ့ သမန်းဝံပူလွေမျိုးနွယ်စုအတွက် ကားတစ်စီးလောက် ငှားလို့ရမလား။ ငါတို့ ငှားခပေးပါ့မယ်။”

လူပုဘုရင်က တောင်းဆိုလိုက်၏။ ထိုစကားကို ကြားသောအခါ ဘေးနားရှိ ဒန်နီက အော်ပြောလိုက်၏။

“မင်း ကားလိုချင်ရင် မင်းဘာသာတောင်းပါလား။ ငါ့ကို ဆွဲမထည့်နဲ့။”

“အို... ကျွန်းပိုင်ရှင်ရှောင်းက အခု ဝံပုလွေမျိုးနွယ်စုနဲ့အတူ ရှိနေတာလား။”

လူပုဘုရင်က အံ့သြတကြီး မေးလိုက်သည်။

“ဟုတ်တယ်၊ ကျုပ် ဒီမှာ အလုပ်ကိစ္စနဲ့ ရောက်နေတာ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ပြဿနာမရှိပါဘူး။ အပန်းဖြေစခန်း ဟိုတယ်ကနေ အရှင်မင်းကြီးတို့အတွက် ကားတစ်စီး ဖယ်ပေးထားဖို့ ကျုပ် ပြောလိုက်မယ်။”

“ဒီလိုမှပေါ့။ အပန်းဖြေစခန်းက ဝေးလွန်းပေမဲ့ အိမ်နီးနားချင်းဆီ တစ်ခါတလေ ဝင်လည်တာလည်း ကောင်းတာပဲ။ နောက်ဆုံး တစ်ခုကတော့...”

“ရောက်ရောက်ချင်း တောင်းဆိုချက်တွေကလည်း များလိုက်တာ။ သူဌေး.. မင်း သူတို့ကို ဒီကို မခေါ်လာသင့်ဘူး။ သူတို့က မိန်းမကြီးတွေထက်တောင် ပိုပွစိပွစိ လုပ်သေးတယ်။”

ဒန်နီက ကြားဖြတ်ပြောလိုက်သည်။

“ထွက်သွားစမ်း...ငါတို့က ငါတို့ရဲ့ အခြေခံရပိုင်ခွင့်တွေကို တောင်းဆိုနေတာကွ။”

လူပုဘုရင်က ရယ်မောရင်း ဆက်ပြောလိုက်၏။

“ငါ မင်းရဲ့ ချစ်ပ်ထုတ်လုပ်စက်ကို သုံးပြီး လူပုတိုင်းကို ချစ်ပ်ပြားတွေ ထုတ်ပေးချင်တယ်။ အဲဒါအတွက် ငါတို့ မျိုးနွယ်စုအတွက်ပဲ သီးသန့်ဖြစ်တဲ့ back-end access (နောက်ကွယ်က စီမံခန့်ခွဲခွင့်) လိုချင်တယ်။ မင်း ခွင့်ပြုပေးနိုင်မလား။”

“သေချာတာပေါ့။”

ရှောင်းယီ ပြုံးလိုက်သည်။

“အရှင်မင်းကြီးတို့ ချစ်ပ်တွေသုံးဖို့ ဆန္ဒရှိတာကို ကျုပ် ဝမ်းသာပါတယ်။ ဒါက ကျုပ်အပေါ် ယုံကြည်မှုရှိတာကို ပြတာပဲ မဟုတ်လား။”

“အကယ်၍ ငါတို့ မင်းကို မယုံရင် ငါတို့ရဲ့ အုတ်မြစ်ကျောက်တွေ အများကြီးကို မင်းလက်ထဲ အပ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ အဲဒီအုတ်မြစ်ကျောက်တွေကို နည်းနည်းလောက် လျှော့ပေးလိုက်ရမှာလို့ နောင်တရနေမိတယ်။”

လူပုဘုရင်က နောက်ပြောင်ပြောဆိုလိုက်သည်။ ရှောင်းယီ ရယ်မောလိုက်၏။

“နည်းနည်းလောက် လျှော့ပေးလိုက်ရင် အပေးအယူက အခုလို ဖြစ်လာမှာ မဟုတ်ဘူးလေ ဟားဟားဟား။”

သူတို့ စကားအနည်းငယ် ထပ်ပြောပြီးနောက် ဖုန်းချလိုက်ကြသည်။ ထို့နောက် ရှောင်းယီသည် မြို့ပြန်ကျောက်ကို အသုံးပြု၍ သူ၏ အိပ်ခန်းထဲသို့ ပြန်ရောက်လာခဲ့လေသည်။

ထိုအချိန်တွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ ဈေးကွက်ခန်းမမှာ ငြိမ်သက်သွားပြီဖြစ်သည်။ ဝယ်ယူလိုသော ဒေသခံအဖွဲ့အစည်းများမှာ ဝယ်ယူပြီးကြပြီဖြစ်သည်။

“အရောင်းအဝယ်ကို အတည်ပြုမယ်။”

“ရရှိသော အရင်းအမြစ်များ- ... နှစ်ဆရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော အရင်းအမြစ်- အုတ်မြစ်ကျောက် ၈၈၀ သန်း။”

အနည်းငယ် စဉ်းစားပြီးနောက် ရှောင်းယီသည် အုတ်မြစ်ကျောက် ၈၈၀ သန်းကို လက်အောက်ခံကျွန်း ၈ ကျွန်းသို့ တစ်ကျွန်းလျှင် သန်း ၁၀၀ စီ ခွဲဝေပေးလိုက်ပြီး ကျန်ရှိသည်များကို အရံအဖြစ် သိမ်းဆည်းထားလိုက်၏။

အုတ်မြစ်ကျောက်များ ခွဲဝေပြီးနောက် သူသည် ဗီလာမှ ထွက်လာကာ အန်းယွဲ့ကို ခေါ်ပြီး ကားဖြင့် အသံလွှင့်ရုံဆီသို့ ဦးတည်မောင်းနှင်လာခဲ့သည်။

“ကျွန်းပိုင်ရှင်.. ဒီလောက် ညဉ့်နက်မှ ဘယ်ကို သွားနေတာလဲ။”

အန်းယွဲ့က သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ဦးလေးအန်း.. ကျုပ် လုပ်ဆောင်ချက်အသစ်ပါတဲ့ အဆောက်အအုံတစ်ခု ဖွင့်ထားတယ်။ လာကြည့်ပါဦး။ အဲဒီမှာ ဝန်ထမ်းတွေ ခန့်ဖို့ ဦးလေးကို လိုအပ်လိမ့်မယ်။”

ရှောင်းယီက ပြန်ဖြေလိုက်၏။

သူတို့သည် မြို့ရိုးအပြင်ဘက် ရထားလမ်းအတိုင်း တောင်ဘက်သို့ တစ်နာရီခန့် မောင်းနှင်လာပြီးနောက် တာဝါတိုင်အစုအဝေးကြီးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

မိုးတိမ်များကို ထိုးဖောက်နေသော အင်တင်နာတိုင်များကို မြင်သောအခါ အန်းယွဲ့က အံ့သြတကြီး ရေရွတ်လိုက်၏။

“ဒါက ရေဒီယိုလှိုင်းတွေကို ထုတ်လွှင့်တာလား။”

“အတိအကျပဲ။ ရေဒီယိုနဲ့ ရုပ်မြင်သံကြားလှိုင်းတွေကို ထုတ်လွှင့်တာ။”

ရှောင်းယီက အတည်ပြုသည်။

“ရုပ်မြင်သံကြားရောလား။”

အန်းယွဲ့က အာမေဍိတ်သံဖြင့် မေးလိုက်၏။ ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။

“အသံလွှင့်ရုံကို ကောင်းကောင်း အသုံးချပါ။”

“နားလည်ပြီ။ အသံလွှင့်ဖို့နဲ့ အစီအစဉ်တင်ဆက်ဖို့အတွက် အရည်အချင်းရှိတဲ့သူတွေကို အခုချက်ချင်း ရွေးချယ်လိုက်မယ်။”

အန်းယွဲ့က ကတိပေးလိုက်သည်။

“မလောပါနဲ့ဦး။”

ရှောင်းယီက ပြောလိုက်၏။

“ကျုပ်က နောက်ကျရင် ဦးလေး လမ်းမမှားအောင်လို့ အခု နေရာလေးကို လာပြရုံပါပဲ။”

“သိပြီ”

ဝင်းအတွင်း လှည့်ပတ်ကြည့်ရှုပြီးနောက် အသံလွှင့်ရုံမှာ အလွန်အဆင့်မြင့်ကြောင်း တွေ့ရှိလိုက်ရလေသည်။ ပရော်ဖက်ရှင်နယ် အစီအစဉ်တင်ဆက်သူများ လိုအပ်နေသေးသော်လည်း ၎င်း၏ အဆောက်အဦး အထောက်အပံ့များမှာ အလွန်ပြည့်စုံလွန်းလှသဖြင့် အခြားဝန်ထမ်းများ မလိုအပ်သလောက်ပင် ဖြစ်နေလေတော့သည်။

All Chapters