← Chapters

အခန်း (၈၂၉-၈၃၀)

Vol. 66 Ch. 829-830

အခန်း (၈၂၉-၈၃၀)

Vol. 66 Ch. 829-830

အခန်း ၈၂၉- အုတ်မြစ်ကျောက်းများ ချေးငှားခြင်း၊ အစွမ်းထက်သော ရတနာစာလိပ်

ယခင်က နိုင်ငံတော်အဆင့် ရုပ်မြင်သံကြားစခန်းတစ်ခုတွင် ဝန်ထမ်းအင်အား အနည်းဆုံး တစ်သောင်းခန့် လိုအပ်သော်လည်း ဤနေရာတွင်မူ ကျွမ်းကျင်သော အစီအစဉ်တင်ဆက်သူတစ်ဦးတည်းဖြင့်ပင် ချန်နယ်တစ်ခုလုံးကို လည်ပတ်စေနိုင်၏။

စနစ်ထံမှ သိရှိထားရသော အချက်အလက်များကို ရှောင်းယီက ပြောပြသောအခါ အန်းယွဲ့မှာ ပို၍ပင် မှင်တက်သွားခဲ့ရလေသည်။ လေ့လာရေးခရီးစဉ်အပြီးတွင် ရှောင်းယီသည် အန်းယွဲ့ကို ဗီလာသို့ ပြန်လိုက်ပို့ပေးခဲ့သည်။

အန်းရန်သည် ရှောင်းယီကို မြင်လိုက်ရသောအခါ “ရှောင်လင်း ပြန်မလာဘူးလား။” ဟု ပေါ့ပေါ့ပါးပါး မေးလိုက်၏။

“သူ့ကျွန်းမှာပဲ သူ သောင်းကျန်းနေလေရဲ့။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“အဲဒါ အန္တရာယ်မများဘူးလား။ အဲဒီကျွန်းပေါ်က သားရဲတွေက အဆင့်မြင့်တွေချည်းပဲလေ။”

အန်းရန်က စိုးရိမ်တကြီး ကြည့်လိုက်၏။ ချီလင်လေးကို လူတိုင်းက ချစ်ကြသည်မှာ ထင်ရှားပေသည်။

“စိတ်ချပါ။ သူက အဲဒီမှာပဲ မွေးခဲ့တာလေ။ အဲဒီနေရာအကြောင်းကို ငါတို့ထက် သူက ပိုသိပါတယ်။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။ ဧည့်ခန်းတွင် ခဏကြာအောင် ထိုင်ပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်သွားလိုက်ရာ သီးသန့်စာတိုအသစ်အချို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရလေသည်။

“သူဌေး.. ကျုပ်ကို အုတ်မြစ်ကျောက် နည်းနည်းလောက် ချေးပေးပါလား။ များလေကောင်းလေပဲ။ တစ်မိနစ်ပဲကြာမှာပါ။ ကျုပ် နှစ်ဆပြန်ပေးပါ့မယ်။ ကျုပ်ရဲ့ မဟာမိတ်အဖွဲ့တည်နေရာကိုလည်း မျှဝေပေးပါ့မယ်။”

“ယီရန်သူဌေးကြီး...ကျုပ် အုတ်မြစ်ကျောက် သန်း ၁၀၀ လောက် ချေးချင်လို့ပါ။ ချက်ချင်းပြန်ဆပ်ပါ့မယ်။ နှစ်ဆတိုးပြီး ပြန်ပေးပါ့မယ်။ လိုအပ်ရင် ကျုပ်တို့ မဟာမိတ်အဖွဲ့ တစ်ခုလုံးကိုတောင် ပေါင်နှံထားပါ့မယ်။”

“သူဌေး...ကျုပ်တို့ အလုပ်လေးတွေ လည်ပတ်နိုင်ဖို့ အုတ်မြစ်ကျောက် အနည်းငယ်လောက်ပဲဖြစ်ဖြစ် ချေးပေးပါ။ နှစ်ဆပြန်ပေးပါ့မယ်...”

စာတိုအားလုံးကို ဖတ်ပြီးနောက် အားလုံးမှာ အုတ်မြစ်ကျောက်များ ချေးပေးရန် တောင်းပန်နေကြခြင်းဖြစ်သည်။ ရှောင်းယီက ခေါင်းခါလိုက်မိသည်။

“ဒီကမ္ဘာထဲအထိ လူလိမ်တွေ ပါလာတာလား။”

သူက ရေရွတ်လိုက်၏။

ထိုလူများသည် စစချင်းမှာပင် အုတ်မြစ်ကျောက်များကို များနိုင်သမျှများများ တောင်းဆိုနေကြပြီး တစ်ယောက်ဆိုလျှင် သန်း ၁၀၀ တောင် တောင်းဆိုနေခဲ့သည်။ အားလုံးက ချက်ချင်းပြန်ဆပ်ပါမည်ဟု ကတိပေးနေကြသော်လည်း အကယ်၍ သူတို့က ကတိဖျက်ပြီး ထွက်ပြေးသွားပါက သူတို့ကို မည်သို့ လိုက်ရှာနိုင်မည်နည်း။

သူတို့ကို အမည်မည်းစာရင်း (Blacklist) သွင်းတော့မည့်အချိန်တွင် သူ အကြံတစ်ခု ရလာခဲ့၏။ သူသည် ချေးငှားလိုသူ ၅ ဦးကို ကြည့်လိုက်ရာ တစ်ဦးမှာ ရတနာမြေပုံရထားသူ ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။

“သူတို့အားလုံး ရတနာတူးပြီး ပြန်လာကြတာများလား။”

ရှောင်းယီက ခန့်မှန်းလိုက်ပြီး ၅ ဦးလုံးကို မေးခွန်းတစ်ခုတည်း ပေးပို့လိုက်လေသည်။

“မင်းတို့ ရတနာမြေနေရာကို တူးဖော်လို့ ပြီးသွားပြီလား။”

ထိုအခါ သူတို့က တစ်ယောက်ပြီးတစ်ယောက် ပြန်ဖြေလာခဲ့ကြလေသည်။

“သူဌေးက ကျွန်တော်တို့ ဘာရလာလဲဆိုတာ သိနေသလိုပဲ။ နှမြောစရာကောင်းတာက ကျုပ်တို့ ရတနာသေတ္တာ နှစ်လုံးပဲ ရလိုက်တယ်။ အဲဒီထက် မြင့်အောင် မတက်နိုင်ခဲ့ဘူး။ တောင်ထိပ်ပေါ်က စာလိပ်ကတော့ ပိုပြီး အစွမ်းထက်မှာပဲ။ နှမြောစရာကြီး။”

“သူဌေးကတော့ အဲဒီလို လိပ်စာမျိုးကို အစောကြီးကတည်းက ရထားခဲ့မှာပဲ။ မနာလိုလိုက်တာ။ အကယ်၍ ကျုပ်တို့သာ စောစောရခဲ့ရင် အခုဆို ချမ်းသာနေလောက်ပြီ။”

“ဟုတ်တယ်...သေတ္တာတစ်လုံးပဲ ဖွင့်ရသေးပေမဲ့ အထဲက စာလိပ်တွေကတော့ တကယ့်ကို အလန်းဇယားတွေကြီးပဲ။”

သူတို့၏ အဖြေများကို ဖတ်ပြီးနောက် သူတို့သည် ရတနာသိုက်မှ အုတ်မြစ်ကျောက်များကို ပွားပေးနိုင်သော အထူးစာလိပ်တစ်မျိုး ရရှိထားကြောင်း ရှောင်းယီ သေချာသွား၏။ သို့မဟုတ်ပါက သူတို့သည် ထိုမျှများပြားသော ပမာဏကို ချေးယူရဲမည် မဟုတ်ပေ။

ရှောင်းယီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး စာထပ်ပို့လိုက်သည်။

“အုတ်မြစ်ကျောက်ချေးချင်တာ ခင်ဗျားတစ်ယောက်တည်း မဟုတ်ဘူး။ တခြားလူတွေက ခင်ဗျားပေးတဲ့ နှစ်ဆထက် အများကြီး ပိုပေးမယ်လို့ ကမ်းလှမ်းနေကြတယ်။”

ထို ၅ ဦးလုံး ချက်ချင်း ပျာယာခတ်သွားပြီး စိတ်ထဲမှ ကျိန်ဆဲလိုက်ကြ၏။

“ဘယ်အကောင်က ငါ့ထက် ပိုပေးတာလဲကွ။ အဲဒီကောင်တော့ ဒေဝါလီခံရတော့မှာပဲ။”

တူးဖော်နေစဉ်အတွင်း အဖွဲ့ ၈ ဖွဲ့စလုံးသည် ခပ်ခွာခွာသာ နေခဲ့ကြပြီး အချက်အလက် ဖလှယ်ခြင်းမျိုး မရှိခဲ့ကြပေ။ မည်သူမျှ တောင်ထိပ်သို့ မရောက်ခဲ့ကြသဖြင့် တစ်ဦးနှင့်တစ်ဦးလည်း မသိခဲ့ကြပေ။

ရွေးချယ်စရာ မရှိတော့သဖြင့် သူတို့သည် အံကြိတ်ကာ ကမ်းလှမ်းချက်ကို မြှင့်တင်လိုက်ကြတော့လေသည်။

“သူဌေး.. ကျုပ် သုံးဆပေးပါ့မယ်။ ဘယ်လိုလဲ။”

“ကျုပ်လည်း သုံးဆပေးနိုင်တယ်။ ဘယ်သူမှ ဒီထက် ပိုမပေးနိုင်တော့ဘူးဆိုတာ သေချာတယ်။”

“ကျုပ်ရဲ့ စာလိပ်က အားနည်းတယ်။ နှစ်ဆပဲ ပေးနိုင်ပါတယ်။”

ကျန်ရှိသော နှစ်ဦးမှာလည်း နှစ်ဆပြန်ပေးရန်သာ ဆုံးဖြတ်ထားကြ၏။

စာလိပ်များ၏ ပွားယူနိုင်စွမ်းကို မသေချာခြင်းနှင့် သူ၏ ကိုယ်ပိုင် “နှစ်ဆဆုလာဘ်” အချိန်မှာ ၁၁ နာရီကျော်လျှင် ကုန်ဆုံးတော့မည်ဖြစ်ရာ ရှောင်းယီသည် ဆက်လက်၍ စျေးမဆစ်တော့ဘဲ သူတို့၏ ကမ်းလှမ်းချက်များကို လက်ခံကာ အရောင်းအဝယ်လုပ်ရန် ပြင်ဆင်လိုက်တော့သည်။

သို့သော် အရောင်းအဝယ်အစီအစဉ်ကို ပြောင်းပြန်လုပ်လိုက်၏။ နှစ်ဆပေးသူများမှ စတင်ကာ ကမ်းလှမ်းချက် အနည်းဆုံးမှ အများဆုံးသို့ အစဉ်လိုက် လုပ်ဆောင်လိုက်သည်။

တစ်ဖက်လူ၏ မဟာမိတ်အဖွဲ့ တည်နေရာကို အတည်ပြုပြီးနောက် ရှောင်းယီသည် သူ၏ လက်ဝယ်ရှိသမျှ အုတ်မြစ်ကျောက် သန်း ၁၀၀ လုံးကို ချက်ချင်း ပို့ပေးလိုက်ပြီး သတိပေးလိုက်သည်။

“မင်း ပြန်ဆပ်တဲ့အခါ ငါအခုချေးလိုက်တဲ့ ကျောက်တုံးတွေကို မသုံးနဲ့။”

“ဘာကို ဆိုလိုတာလဲ။”

တစ်ဖက်လူက နားမလည်စွာ ပြန်မေးလာခဲ့သည်။

“အဲဒီ သန်း ၁၀၀ ကို မင်းရဲ့ကျွန်းပေါ်မှာပဲ ထားလိုက်။ မင်းရဲ့ စာလိပ်နဲ့ ပွားထားတဲ့ အုတ်မြစ်ကျောက်တွေကိုပဲ ငါ့ကို ပြန်ပေး။ နားလည်လား။”

ရှောင်းယီက ရှင်းပြလိုက်၏။ စာလိ၏ ပွားယူနိုင်စွမ်းနှင့် သူ၏ ကိုယ်ပိုင် “နှစ်ဆဆုလာဘ်” အခြေအနေတို့ ထပ်ဆင့်ပေါင်းစပ်နိုင်ခြင်းရှိ၊မရှိကို သူ စမ်းသပ်လိုခြင်းဖြစ်သည်။

သူပို့လိုက်သော သန်း ၁၀၀ တွင် သူ၏ နှစ်ဆဆုလာဘ် အမှတ်အသားများ ပါဝင်နေပြီးဖြစ်ရာ ချေးယူသူအား ထိုကျောက်တုံးများကို ဖယ်ထားရန် ပြောလိုက်ခြင်းဖြစ်သည်။

တစ်ဖက်လူမှာ ခဏမျှ မှင်တက်သွားပုံရပြီးမှ “ကောင်းပါပြီ” ဟု ပြန်ဖြေလာခဲ့သည်။

လက်ခံပြီးသည်နှင့် ချေးယူသူသည် အုတ်မြစ်ကျောက် သန်း ၂၀၀ ကို ချက်ချင်း ပြန်လည် လွှဲပြောင်းပေးလာခဲ့လေသည်။

“အရောင်းအဝယ် အောင်မြင်ပါသည်။ ရရှိသော ပစ္စည်း- ... နှစ်ဆရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော ပစ္စည်း- အုတ်မြစ်ကျောက် သန်း ၄၀၀။”

အရမ်းကောင်းတယ်။

သူ၏ ကိုယ်ပိုင် နှစ်ဆဆုလာဘ်သည် စာလိပ်၏ ပွားယူနိုင်စွမ်းနှင့် အမှန်တကယ်ပင် ထပ်ဆင့်ပေါင်းစပ်နိုင်ခဲ့၏။

နှစ်ဆဆုလာဘ် အချိန်ကုန်ခါနီး နောက်ဆုံးမိနစ်များတွင် အံ့သြစရာများ ဆက်တိုက် ဖြစ်ပေါ်နေခဲ့သည်။ ဒုတိယမြောက် နှစ်ဆပြန်ပေးမည့်သူနှင့် အရောင်းအဝယ်လုပ်ရာတွင်လည်း “ငါအခုပေးလိုက်တဲ့ သန်း ၄၀၀ ကို ပြန်မပေးနဲ့ဦး။” ဟု သူ ထပိမံ၍ သတိပေးလိုက်၏။ တစ်ဖက်လူကလည်း ဝမ်းမြောက်ဝမ်းသာ သဘောတူခဲ့လေသည်။

“အရောင်းအဝယ် အောင်မြင်ပါသည်။ ရရှိသော ပစ္စည်း- ... နှစ်ဆရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော ပစ္စည်း- အုတ်မြစ်ကျောက် ၁.၆ ဘီလီယံ။”

နောက်ထပ် အရောင်းအဝယ်များမှာလည်း ချောမွေ့စွာ ပြီးဆုံးသွားခဲ့ပြီး ၁.၆ ဘီလီယံမှ ၆.၄ ဘီလီယံ ဖြစ်လာခဲ့လေသည်။ ထို့နောက် ၃၈.၄ ဘီလီယံ၊ နောက်ဆုံးတွင် ၂၃၀.၄ ဘီလီယံအထိ ဖြစ်လာခဲ့၏။

နောက်ကျမှ အရောင်းအဝယ်လုပ်သူများသည် အခြေခံပမာဏ ပိုများသဖြင့် မြှောက်လဒ်၏ အကျိုးသက်ရောက်မှုမှာ ပိုမို၍ ကြီးမားလာခဲ့ခြင်းဖြစ်သည်။

နောက်ဆုံး အရောင်းအဝယ်အပြီးတွင် ထိုချေးယူသူက စာပို့လာခဲ့သည်။

“ကျေးဇူးပဲ သူဌေး ကျွန်တော့်ရဲ့ ‘ဆယ်ဆပွားစာလိပ်’က သာမန်အရောင်းအဝယ်တွေမှာပဲ အလုပ်လုပ်မယ် ထင်နေတာ။ သူဌေးကြောင့် တကယ်ကို တောက်ပသွားတာပဲ။”

ထိုစာကို ဖတ်ပြီးနောက် ရှောင်းယီ၏ မျက်လုံးများ ပြူးထွက်သွား၏။

ဆယ်ဆပွားစာလိပ်..။

ဤသည်မှာ သူ၏ နှစ်ဆဆုလာဘ်ထက်ပင် အများကြီး ပိုကောင်းနေသေးသည်။

“အဲဒီစာလိပ်က တစ်ကြိမ်ပဲ သုံးလို့ရတာလား။”

ရှောင်းယီ မမေးဘဲ မနေနိုင်တော့ပေ။ အကယ်၍ ၎င်းသည် သူ၏ နှစ်ဆဆုလာဘ်ကဲ့သို့ အချိန်အပိုင်းအခြားအလိုက် ပြန်လည်အသုံးပြုနိုင်ပါက ထိုပိုင်ရှင်သည် ကမ္ဘာပေါ်တွင် ပြိုင်ဘက်ကင်းသွားပေလိမ့်မည်။

“သေချာတာပေါ့။ တစ်ကြိမ်ပဲ သုံးလို့ရတာလေ။ အကယ်၍သာ ထပ်ခါတလဲလဲ သုံးလို့ရရင် ကျုပ် ဘယ်သူ့ကိုမှ ကြောက်စရာမလိုတော့ဘူး။”

ထိုသူ့ထံမှ အဖြေပြန်ရောက်လာခဲ့သည်။။ရှောင်းယီက နှမြောတသစွာ ခေါင်းခါလိုက်ပြီး သက်ပြင်းချလိုက်၏။

“ငါ ရတနာသွားတူးတုန်းကကျ ဘာလို့ အဲဒီလောက်ကောင်းတဲ့ စာလိပ် တစ်ခါမှ မရခဲ့တာပါလိမ့်။”

အနည်းဆုံး လူ ၅ ဦးမှာ ယခုအကြိမ်တွင် ထိုကဲ့သို့သော လိပ်စာမူများကို ရရှိခဲ့ကြသည်မှာ ထင်ရှားနေပေသည်။ ကျန်ရှိသော ၃ ဦးမှာ ရမရကိုမူ မသိရသေးပေ။

“ဆယ်ဆပွား” ဆိုသည့် စကားလုံးကို တွေးလိုက်ရုံနှင့် သူ၏ ကိုယ်ပိုင် နှစ်ဆဆုလာဘ်မှာ အားနည်းလွန်းသည်ဟုပင် ခံစားလိုက်ရ၏။

ဘီလီယံပေါင်းများစွာသော အုတ်မြစ်ကျောက်အသစ်များကို ရရှိထားသဖြင့် ထိုမဟာမိတ်အဖွဲ့ ၅ ဖွဲ့သည် ယီရန်ပင်းမဟာမိတ်အဖွဲ့မှ အဆင့်မြင့်ပစ္စည်းများကို စတင် ဝယ်ယူကြတော့လေသည်။

သူတို့၏ လက်ထဲတွင် သန်းပေါင်းရာနှင့်ချီသော အုတ်မြစ်ကျောက်များ ရှိနေပြီဖြစ်ရာ အဘယ်ကြောင့် တွန့်တိုနေတော့မည်နည်း။

ထို့ကြောင့် နောက်ဆုံး မိနစ် ၂၀ အတွင်း ရှောင်းယီသည် နောက်ထပ် အုတ်မြစ်ကျောက် ၅ ဘီလီယံခန့် ထပ်မံရရှိခဲ့လေသည်။

သန်းခေါင်ယံ ကျော်သွားသောအခါမှ ရှောင်းယီသည် နောက်ဆုံးတွင် စိတ်အေးသွားခဲ့ပြီး သူ၏စိတ်မှာမူ အံ့သြနေဆဲပင်။

“ဒီကမ္ဘာမှာ ဆယ်ဆပွားတဲ့ စာလိပ်မျိုးတွေ တကယ်ရှိလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ တကယ့်ကို ကြေကွဲစရာပဲ။”

အခန်း ၈၃၀- လမ်းနှင့် တံတား ပုံစံကွက်၊ ခြင်္သေ့ခေါင်း မဟာမိတ်အဖွဲ့ကို သိမ်းပိုက်ခြင်း

ဤကမ္ဘာတွင် သူတစ်ဦးတည်းသာ ကံကောင်းနေသည်မဟုတ်ကြောင်း ထင်ရှားနေ၏။ တစ်ညတည်းနှင့် သူဌေးဖြစ်သွားခြင်းမှာ မဖြစ်နိုင်သောအရာ မဟုတ်ပေ။

အကယ်၍ ထိုလူ ၅ ဦး၏လက်ထဲမှ စာလိပ်များမှာ ဆယ်ဆပွားယူခြင်းများဖြစ်ပါက သူတို့သည် အုတ်မြစ်ကျောက် အနည်းဆုံး သန်း ၈၀၀ ခန့် ရရှိသွားကြမည်ဖြစ်သည်။

အုတ်မြစ်ကျောက် သန်း ၈၀၀ ဆိုသည်မှာ ရှောင်းယီအတွက်မူ ဘာမှမဟုတ်ပေ။ ယနေ့ တစ်ရက်တည်း ပုံမှန်အရောင်းအဝယ်မှာပင် ထိုပမာဏထက် ကျော်လွန်နေပြီဖြစ်သည်။ သို့သော် သာမန်အသက်ရှင်ကျန်ရစ်သူများအတွက်မူ ၎င်းမှာ လုံးဝ လက်လှမ်းမမီနိုင်သော ကိန်းဂဏန်းတစ်ခုဖြစ်၏။ ကြီးမားသော မဟာမိတ်အဖွဲ့ကြီးများပင်လျှင် ထိုမျှလောက်သော အုတ်မြစ်ကျောက်ပမာဏကို ပိုင်ဆိုင်ထားချင်မှ ပိုင်ဆိုင်ထားကြပေလိမ့်မည်။

သို့သော် ထိုလူများသည် ၎င်းတို့၏ကျွန်းကို အလွန်အကျွံ ချဲ့ထွင်ရန် မဝံ့ရဲကြချေ။ အကယ်၍ အပြည့်အဝ ချဲ့ထွင်လိုက်ပါက လက်ရှိရှိထားသော လူအင်အားနှင့် ထိုမျှကျယ်ပြောသော နယ်မြေကို ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် မဟာမိတ်အဖွဲ့တိုင်းသည် ယီရန်ပင်း မဟာမိတ်အဖွဲ့ကဲ့သို့ အင်အားမတောင့်တင်းသလို လူဦးရေလည်း မများပြားသောကြောင့်ပင်။

သူတို့ကို တိုက်ခိုက်ပြီး အုတ်မြစ်ကျောက်များ လုယူရန်ကိစ္စကိုမူ ရှောင်းယီ ခဏမျှသာ တွေးတောလိုက်ပြီးနောက် လက်လျှော့လိုက်၏။ သူ၏ကိုယ်ပိုင်ကျွန်းမှာပင် အဆ ၂၀ ချက်ချင်း ကြီးထွားလာခဲ့ရာ ယခုထိ အခြေကျအောင် မလုပ်နိုင်သေးပေ။ သူ၏လက်ထဲတွင်လည်း အသုံးမပြုရသေးသော အုတ်မြစ်ကျောက် ဘီလီယံ ၂၀၀ ကျော် ရှိနေသေးသည်။

အကယ်၍ သူတို့ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပါက စီမံခန့်ခွဲရန် လူအင်အား ထပ်မံစီစဉ်ရဦးမည်ဖြစ်ရာ အလွန်အလုပ်ရှုပ်လှ၏။ ထိုအုတ်မြစ်ကျောက်များကို သူတို့ဆီ၌သာ ခဏသိမ်းထားခိုင်းလိုက်ပါဦးမည်။ နောင်တစ်ချိန်တွင် သဘာဝကျကျနှင့် ပြန်လည်သိမ်းယူနိုင်မည့် အခွင့်အရေး သေချာပေါက် ရှိလာပါလိမ့်မည်။

ရှောင်းယီသည် ထိုအုတ်မြစ်ကျောက် ဘီလီယံ ၂၀၀ ကို မြို့ရိုးအပြင်ဘက်ရှိ မြေကွက်လပ်တစ်ခုတွင် ပုံထားလိုက်ပြီး ၎င်းတို့ကို ဝိုင်းပတ်၍ မြို့ရိုးတစ်ခု တည်ဆောက်ကာ ပိတ်လှောင်ထားလိုက်သည်။

အားလုံးပြီးစီးသွားသောအခါမှ သူသည် အိပ်ရာပေါ်တွင် လဲလျောင်းကာ အနားယူလိုက်တော့လေသည်။

ညသည် အေးချမ်းစွာ ကုန်ဆုံးသွားခဲ့၏။ နောက်တစ်နေ့တွင် ရှောင်းယီသည် နိုးနိုးချင်းပင် လက်မှတ်ထိုးဝင်လိုက်သည်။

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသော ဆုလာဘ် - လမ်းနှင့် တံတား ပုံစံကွက် (SSS အဆင့်) ၁။”

“လမ်းနှင့် တံတား ပုံစံကွက် (SSS အဆင့်) - ၎င်းကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် အသုံးပြုပြီး ကုန်ကြမ်းပစ္စည်းများ ပံ့ပိုးပေးပါက အမျိုးမျိုးသော လမ်းများနှင့် တံတားများကို တည်ဆောက်နိုင်မည်ဖြစ်သည်။”

ထိုဆုလာဘ်ကို မြင်သောအခါ ရှောင်ယီက “ဒါက ငါ့ကို အခြေခံ အဆောက်အဦးတွေ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခိုင်းနေတာပဲ။” ဟု တွေးလိုက်မိလေသည်။

သူသည် ရေမိုးချိုးပြီးနောက် မနက်စာစားရန် အောက်ထပ်သို့ ဆင်းလာခဲ့ကာ အန်းယွဲ့နှင့် လမ်းဖောက်လုပ်ရေးကိစ္စကို ဆွေးနွေးလိုက်၏။

“လမ်းဖောက်တာ ကောင်းတာပေါ့။”

အန်းယွဲ့က ဝမ်းသာအားရ ပြောလိုက်သည်။

“ဒါပေမဲ့ အခုလောလောဆယ် ငါတို့လမ်းတွေက ရှေးဟောင်းလမ်းတွေလို ဖြစ်နေသေးတယ်။ အဆင့်နိမ့်နေသေးတယ်။”

“ကျုပ် ခေတ်မီတဲ့ လမ်းပုံစံကွက်တချို့ ရထားတယ်။ ဘယ်ကုန်ကြမ်းတွေက ပိုပြီးပေါများလဲဆိုတာ ကြည့်ပြီး သင့်တော်တဲ့ လမ်းအမျိုးအစားကို ဖောက်လိုက်ပါ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

ဤအခြေခံအဆောက်အဦးများ ထုတ်လုပ်ခွင့်ကို ရှောင်းယီသည် အန်းယွဲ့အား အပ်နှင်းထားပြီးသားဖြစ်သည်။ အန်းယွဲ့သည် တစ်စုံတစ်ခု ထုတ်လုပ်တော့မည်ဆိုလျှင် ရှောင်းယီကို အသိပေးရုံသာ လိုအပ်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် အပြည့်အဝ ရှိ၏။

“ကောင်းပြီ။”

အန်းယွဲ့က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ငါ ခဏနေရင် ကြည့်လိုက်မယ်။ တခြားလူတွေနဲ့ ဆွေးနွေးပြီး စီမံကိန်းတစ်ခု ရေးဆွဲပြီးရင် မင်းကို လာပြမယ်။”

“ကောင်းပြီ။”

ရှောင်းယီက ခေါင်းငြိမ့်လိုက်သည်။

မနက်စာစားပြီးနောက် သူသည် အပန်းဖြေစခန်းသို့ တိုက်ရိုက် တည်နေရာကူးပြောင်းသွားလိုက်၏။ ယနေ့တွင် သမန်းဝံပုလွေများ ရောက်လာနိုင်သဖြင့် မည်သည့်ဆူပူမှုမျှ မဖြစ်စေရန် သူကိုယ်တိုင် လာရောက်ကြီးကြပ်ခြင်းဖြစ်သည်။

ထိုအချိန်တွင် ကျန်းရွှဲ့သည် ပြင်ဆင်ထားသော တပ်ဖွဲ့ကို ဦးဆောင်ကာ တည်နေရာကူးပြောင်းခြင်းကို စတင်လိုက်ပြီဖြစ်သည်။ ထို့ပြင် ဤတပ်ဖွဲ့ထဲတွင် လူတစ်ဦး ထပ်မံတိုးချဲ့ထားခဲ့၏။ ထိုသူမှာ နယ်မြေခံ သတင်းထောက်တစ်ဦးဖြစ်သည်။

မနေ့ညက သူတို့ဘက်တွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားစခန်း ရှိနေပြီဖြစ်ကြောင်း အန်းယွဲ့ သိရှိသွားပြီးနောက် အနာဂတ်တွင် ဖြစ်ပွားမည့် တိုက်ပွဲတိုင်း၌ သတင်းထောက်တစ်ဦးစီ ထည့်သွင်းရန် ချက်ချင်း ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ သူတို့သည် အခင်းဖြစ်ပွားရာနေရာကို ရိုက်ကူးရန်နှင့် သတင်းဇာတ်ညွှန်းများ ရေးသားရန် တာဝန်ယူရမည်ဖြစ်သည်။

ကျန်းရွှဲ့သည် ခြင်္သေ့ခေါင်း မဟာမိတ်အဖွဲ့၏ သုံ့ပန်းတစ်ဦးထံမှ ရရှိထားသော ဦးတည်ချက်ကျောက်ကို အသုံးပြု၍ အဖွဲ့ကို ဦးဆောင်သွားခဲ့၏။ မကြာမီတွင် သံချပ်ကာ စစ်သင်္ဘော ၃ စီးသည် ယီရန်ပင်း မဟာမိတ်အဖွဲ့၏ ပင်လယ်ပြင်မှ ပျောက်ကွယ်သွားခဲ့တော့လေသည်။ သူတို့ ပြန်လည် ပေါ်လာသောအခါ ခြင်္သေ့ခေါင်း မဟာမိတ်အဖွဲ့၏ ပင်မကျွန်းနှင့် ၁၀ ကီလိုမီတာခန့် အကွာအဝေးသို့ ရောက်ရှိနေပြီဖြစ်သည်။

“အရှိန်အပြည့်နဲ့ ရှေ့ကို မောင်း။”

ကျန်းရွှဲ့က အမိန့်ပေးလိုက်သည်။ ထို့နောက် သံချပ်ကာ စစ်သင်္ဘော ၃ စီးသည် ခြင်္သေ့ခေါင်း မဟာမိတ်အဖွဲ့ဆီသို့ လျင်မြန်စွာ ပြေးဝင်သွားတော့၏။

ကမ်းခြေရှိ အမြောက်အချို့သည် စစ်သင်္ဘောများကို အနည်းငယ် ပစ်ခတ်လိုက်ကြသော်လည်း မကြာမီ ငြိမ်သက်သွားခဲ့ကြလေသည်။ ၎င်းမှာ ကျန်းရွှဲ့တို့က အမြောက်များကို ဖျက်ဆီးလိုက်၍ မဟုတ်ဘဲ ကမ်းခြေတွင် ကျည်ဆန် ကုန်သွားခြင်းကြောင့် ဖြစ်၏။ ခြင်္သေ့ခေါင်း မဟာမိတ်အဖွဲ့သည် ယီရန်ပင်းကို တိုက်ခိုက်ရန် ဝီလျံဘက်သို့ သူတို့၏ ခဲယမ်းအများစုကို ပို့ထားပြီးဖြစ်လေသည်။

ကမ်းခြေနှင့် နီးကပ်လာသောအခါ ကျန်းရွှဲ့ ချက်ချင်း အမိန့်ပေးလိုက်၏။

“အမြောက်နဲ့ ပစ်ကြ...။ ကမ်းခြေကနေ မီတာ ၅၀၀ အကွာအဝေးအထိ လွှမ်းခြုံပြီးပစ်။”

ဝုန်း ဝုန်း ဝုန်း

အမြောက်ဖြင့် ပစ်ခတ်မှုများ ပြီးဆုံးသွားသောအခါ ကျန်းရွှဲ့က ဆက်ပြောလိုက်သည်။

“ဝံကုလွေ အစောင့်အကြပ်တပ်ဖွဲ့... မင်းတို့ အလှည့်ပဲ။ သတိထား ကျွန်းပေါ်မှာ ဗန်ပိုင်းယားတွေ ရှိနေနိုင်တယ်။”

“ဟုတ်ကဲ့”

ဘင်နီနှင့် အခြားသူများက ကျယ်လောင်စွာ တုံ့ပြန်လိုက်ကြပြီး ကမ်းခြေသို့ ချက်ချင်း ပြေးတက်သွားကြတော့၏။

ထိုအချိန်တွင် ဒေသခံအချို့သည် အတွင်းဘက်မှ ပြေးထွက်လာခဲ့ပြီး သူတို့၏လက်ထဲရှိ လက်နက်များဖြင့် သမန်းဝံပု‌လွေများကို တိုက်ခိုက်ကြတော့သည်။ သမန်းဝံပုလွေများသည် လျင်မြန်စွာ လှုပ်ရှားပြီး သေနတ်ကျည်ဆန်များကို လွယ်လွယ်ကူကူ ရှောင်တိမ်းနိုင်ခဲ့ကြ၏။ ဒေသခံများ ယမ်းထည့်နေစဉ်မှာပင် သမန်းဝံပုလွေများက သူတို့အရှေ့သို့ ရောက်ရှိသွားပြီး လက်ဝါးစောင်းဖြင့် ရိုက်ကာ သတိမေ့သွားအောင် လုပ်လိုက်ကြတော့သည်။

ရှေ့မှ ဒေသခံများကို ရှင်းလင်းပြီးနောက် သမန်းဝံပု‌လွေများသည် ရှေ့သို့ ဆက်လက် ချီတက်သွားကြ၏။ ထိုအချိန်တွင် အနက်ရောင် ဝတ်ရုံရှည်များ ဝတ်ဆင်ထားသော လူတစ်တန်းသည် ကျွန်းအတွင်းပိုင်းမှ ရုတ်တရက် ခုန်ထွက်လာခဲ့ကြလေသည်။

“ဗန်ပိုင်းယားတွေပဲ။”

ဘင်နီက တိုးတိုးလေးပြောကာ ဝံပုလွေများကို တိုက်ခိုက်ရန် အချက်ပြလိုက်၏။

သင်္ဘောပေါ်တွင် ကျန်းရွှဲ့သည်လည်း ထိုအနက်ရောင် ဝတ်ရုံများကို မြင်လိုက်ရပြီး ဘေးနားတွင် ရိုက်ကူးနေသော သတင်းထောက်ကို ပြောပြလိုက်သည်။

“အဲဒါတွေက ဗန်ပိုင်းယားတွေပဲ။ သူတို့က နေရောင်ကို မကြည့်နိုင်လို့ အနက်ရောင် ဝတ်ရုံတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပတ်ထားကြတာ။”

ဘင်နီနှင့် အခြားသူများသည် စောစောက ဒေသခံများကို သတိမေ့ရုံသာ လုပ်ခဲ့ကြသော်လည်း ဗန်ပိုင်းယားများကိုမူ ညှာတာမှုမရှိဘဲ အသက်သေစေနိုင်သည့် နေရာများကိုသာ ပစ်မှတ်ထားပြီး တိုက်ခိုက်ကြလေသည်။

ဗန်ပိုင်းယားများမှာ အလွန်တုန်လှုပ်သွားခဲ့ကြ၏။ မူလက သူတို့သည် သမန်းဝံပုလွေများနှင့် အင်အားချင်း ညီမျှနိုင်သော်လည်း ယခုအကြိမ်တွင်မူ သူတို့ လုံးဝ ဖိနှိပ်ခံနေရသည်ဟု ခံစားနေကြရသည်။ ပြဿနာမှာ ဤသမန်းဝံပုလွေများသည် ဝံပုလွေအဖြစ်သို့ပင် မပြောင်းလဲရသေးခြင်းဖြစ်သည်။ အကယ်၍ သူတို့သာ အသွင်းပြောင်းလဲလိုက်ပါက ဗန်ပိုင်းယားများမှာ လုံးဝ ယှဉ်နိုင်တော့မည် မဟုတ်ပေ။ ထိုသို့ တွေးမိသည်နှင့် ဗန်ပိုင်းယားများသည် အချင်းချင်း အော်ဟစ်အချက်ပြကာ ဝေးရာသို့ ထွက်ပြေးရန် ပြင်ကြတော့၏။

ဗန်ပိုင်းယားများ အသက်လု ထွက်ပြေးနေသည်ကို မြင်သောအခါ ဘင်နီက အေးစက်စွာ ပြောလိုက်သည်။

“မင်းတို့ ဘယ်ကို ပြေးနိုင်မယ် ထင်လို့လဲ။”

ဗန်ပိုင်းယားများ ထွက်ပြေးသောအခါ သူတို့၏ အရှိန်ကို မြှင့်တင်ရန် လျှို့ဝှက်နည်းစနစ်များကို အသုံးပြုလိုက်ကြသဖြင့် သမန်းဝံပုလွေအစောင့်တပ်ဖွဲ့သည် တွန့်ဆုတ်မနေဘဲ သမန်းဝံပုလွေအဖြစ်သို့ အတူတကွ အသွင်ပြောင်းလိုက်ကြကာ ဗန်ပိုင်းယားများ နောက်သို့ လိုက်လံ ဖမ်းဆီးကြတော့သည်။

လေ့ကျင့်မှုများ ပြုလုပ်ပြီးနောက် သမန်းဝံပုလွေများ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်တိုးတက်လာခဲ့၏။ အဆင့်တူချင်းဆိုလျှင် ဗန်ပိုင်းယားများသည် သမန်းဝံပုလွေအစောင့်တပ်ဖွဲ့ကို လုံးဝ မယှဉ်နိုင်ပေ။ မကြာမီတွင် သမန်းဝံပုလွေများသည် အသေသတ်ပစ်ထားသော ဗန်ပိုင်းယားများကို ကျွန်းအတွင်းပိုင်းမှ သယ်ထုတ်လာပြီး ကမ်းခြေသို့ ပစ်ချလိုက်ကြတော့လေသည်။

ကျန်းရွှဲ့ ဝတ်ရုံတစ်ခုကို လှန်ကြည့်လိုက်ရာ အလွန်ဖြူဖျော့နေသော မျက်နှာတစ်ခု ပေါ်ထွက်လာခဲ့သည်။ သူမသည် သစ်သားချောင်းတစ်ခုကို သုံး၍ ထိုသူ၏ နှုတ်ခမ်းကို လှန်ကြည့်လိုက်ရာ အတွင်းရှိ ထက်မြက်သော အစွယ်များ ပေါ်ထွက်လာ၏။

“ဗန်ပိုင်းယားတွေ ဖြစ်ကြောင်း အတည်ပြုတယ်။”

ကျန်းရွှဲ့က ပြောလိုက်သည်။ ဤစကားမှာ သတင်းထောက် ကြားစေရန် ပြောလိုက်ခြင်း ဖြစ်သည်။

“ဘင်နီ.. မင်း ကျွန်းပေါ်က တခြားနေရာတွေကို သွားရှာလိုက်။ နောက်ထပ် ဗန်ပိုင်းယားတွေ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာမျိုး မဖြစ်အောင်။”

“ဟုတ်ကဲ့။”

ဘင်နီသည် သမန်းဝံပုလွေအဖွဲ့ကို ဦးဆောင်ကာ ကျွန်းအတွင်းပိုင်းသို့ ဝင်ရောက်သွားကြ၏။

သတင်းထောက်သည် ဤအခြင်းအရာများကို သူ၏ဖုန်းဖြင့် ရိုက်ကူးပြီးနောက် ရရှိလာသော ဗီဒီယိုကို ဖုန်းမှတစ်ဆင့် ချက်ချင်း ပေးပို့ရန် ပြင်ဆင်လိုက်လေသည်။

ကျန်းရွှဲ့က သူလုပ်နေသည်ကို မြင်သောအခါ မေစလိုက်သည်။

“ငါတို့က ရှားနိုင်ငံ အသက်ရှင်ကျန်ရစ်သူ နယ်မြေကနေ ထွက်လာခဲ့ပြီးပြီလေ။ သတင်းပေးပို့ဖို့ လိုင်းမိနေသေးလို့လား။”

ထိုစကားကိုကြားငောအခါ သတင်းထောက်မှာ အနည်းငယ် မှင်တက်သွားခဲ့သည်။

“ကြည့်စမ်း.. ကျုပ် အဲဒါကို လုံးဝ မေ့သွားတာပဲ။ အဲ?”

Upload အောင်မြင်သွားကြောင်း အကြောင်းကြားချက်ကို မြင်လိုက်ရသောအခါ သတင်းထောက်မှာ အံ့သြသွားသလို ကျန်းရွှဲ့သည်လည်း အံ့သြသွားခဲ့၏။ ထို့နောက် သူမသည် သံချပ်ကာ စစ်သင်္ဘောပေါ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ သွားရောက်ကာ မြေပုံကို စစ်ဆေးကြည့်လိုက်သည်။

မြေပုံတွင် ပြသနေသည်မှာ....

ဤနေရာမှ ယီရန်ပင်း မဟာမိတ်အဖွဲ့သို့ အကွာအဝေး ၆၄,၆၅၂ ကီလိုမီတာ။

All Chapters