အခန်း (၈၃၇-၈၃၈)
Vol. 67 Ch. 837-838
အခန်း ၈၃၇- နတ်သူငယ်ကို ထိတွေ့ခဲ့သူမှာ အမျိုးသမီးတစ်ဦးဖြစ်နေခြင်း
“ဖမ်းဆီးခံထားရတဲ့ အလင်းနတ်သူငယ်မျိုးနွယ်စုဝင်ကို ရှာဖွေဖို့ ကျွန်မကို ကူညီပေးပါ။”
ဆာရာက ရှောင်းယီကို ကြည့်ကာ ပြောလိုက်သည်။
ရှောင်းယီ အံ့အားသင့်သွားမိ၏။
“ဘာဖြစ်လို့ အမှောင်နတ်သူငယ် ဘုရင်မဖြစ်တဲ့ မင်းက အလင်းနတ်သူငယ်တစ်ယောက်ကို ရှာခိုင်းရတာလဲ။”
“ရှင်ပဲ ပဋိပက္ခတွေကို ဖြေရှင်းဖို့ ကြိုးစားသင့်တယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ကျွန်မတို့ တိုက်ခိုက်လာခဲ့တာ နှစ်ပေါင်း သောင်းနဲ့ချီနေပြီ။ ကျွန်မလည်း ပြန်လည်သင့်မြတ်ဖို့ ကြိုးစားကြည့်လို့ရမယ်လို့ ယုံကြည်တယ်။ ဒါက ကျွန်မတို့ ပြန်လည်ပေါင်းစည်းဖို့အတွက် အချိုးအကွေ့တစ်ခု ဖြစ်လာနိုင်တယ်လေ။”
ဆာရာက ပြုံးကာ ပြန်ဖြေလိုက်သည်။ ရှောင်းယီက သူမကို တစ်ချက်ကြည့်ပြီး ပြောလိုက်၏။
“ပြီးတော့ ဒါက ကျုပ်ကို စမ်းသပ်ဖို့ အကောင်းဆုံးနည်းလမ်းလည်း ဖြစ်နေတာပေါ့။ ဟုတ်တယ်မလား။”
“ရှင်တို့ အပြင်လူတွေက တကယ်ကို ထက်မြက်ကြတာပဲ။ ရှင့်စကားက မှန်ပါတယ်။ ရှင်ပြောတဲ့စကားတွေကို ကျွန်မ စိတ်ဝင်စားသလိုပဲ ရှင့်ရဲ့ လုပ်ရပ်တွေကိုလည်း မြင်တွေ့ဖို့ လိုအပ်တယ်လေ။”
ဆာရာက ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။
“အကယ်၍ ကျုပ် ငြင်းမယ်ဆိုရင်ကော။”
ရှောင်ယီက ခေါင်းခါယမ်းရင်း မေးလိုက်၏။ ဆာရာက ပြုံးလိုက်သည်။
“ရှင့်အနေနဲ့ ကျွန်မတို့ မျိုးနွယ်စုနှစ်ခုကြားက ပဋိပက္ခကို ဖြေရှင်းဖို့ အဆင်သင့်ဖြစ်နေပြီဆိုမှတော့ ရှင့်အတွက် သိပ်မခက်ခဲလှတဲ့ ဒီအလုပ်ကို ငြင်းမှာမဟုတ်ဘူးလို့ ကျွန်မ ထင်ပါတယ်။”
နှစ်ပေါင်း ထောင်ချီ အသက်ရှင်လာခဲ့သည့် ဆာရာသည် ရှောင်းယီတွင်လည်း ကိုယ်ပိုင် ရည်ရွယ်ချက်များ ရှိမည်ကို ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်ပေလိမ့်မည်။ ရှောင်းယီဘက်က အကျိုးအမြတ်တစ်ခု ရရှိနိုင်သလို သူမဘက်ကလည်း စစ်ပွဲကို ရပ်တန့်ရန် ဤအခွင့်အရေးကို အသုံးချလိုသဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းမှာ အကောင်းဆုံး ရွေးချယ်မှုပင်။
ရှောင်ယီ ပြုံးလိုက်သည်။
“ဒါဆိုရင်တော့ ကျုပ် ကြိုးစားကြည့်ပေးပါ့မယ်။”
“ကောင်းပါပြီ...ရှင့်ဆီက သတင်းကောင်းကို ကျွန်မ မျှော်လင့်နေပါ့မယ်။”
ဆာရာက ပြုံးကာ ပြောပြီးနောက် သူမအတွက် ပြင်ဆင်ထားသော သစ်သီးများကိုပင် မစားတော့ဘဲ ထိုနေရာမှ ထွက်ခွာသွားခဲ့တော့လေသည်။
ရှောင်းယီသည် အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ကျန်းယွင်ထျန်းကို သွားရှာကာ ပြောလိုက်၏။
“အစ်ကိုကျန်း...ငါ ခဏလောက် ပြန်သွားဦးမယ်။ ဒီမှာပဲ စောင့်ကြည့်ပေးထားပါဦး။ မကြာခင် ပြန်လာခဲ့မယ်။”
“စိတ်ချပါ၊ စိတ်မပူနဲ့။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
ထို့နောက် ရှောင်းယီသည် မြို့ပြန်ကျောက်ကို ချက်ချင်း အသုံးပြုကာ သူ၏ အိပ်ခန်းသို့ ပြန်လာခဲ့၏။ ထို့နောက် သူ၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိ ယီထျန်းဂရု၏စကားဝိုင်းတွင် ပြီးခဲ့သည့်အကြိမ်က နတ်သူငယ်တစ်ဦးနှင့် တွေ့ခဲ့ကြောင်း ပြောခဲ့သည့် အသက်ရှင်ကျန်ရစ်သူကို လိုက်ရှာတော့လေသည်။
ထိုသူ၏ အမည်မှာ ‘ရောင်စုံတိမ်တိုက်များအထက်’ ဟူ၍ဖြစ်သည်။ ရှောင်းယီက ထိုသူထံသို့ ချက်ချင်း စာပို့လိုက်တော့သည်။
“မင်္ဂလာပါ ကျုပ်က ယီရန်ပင်းပါ။ ပြီးခဲ့တဲ့အကြိမ်က နတ်သူငယ်တစ်ယောက်ကို တွေ့ခဲ့တာ ခင်ဗျားလား။”
‘ရောင်စုံတိမ်တိုက်များအထက်’ က ချက်ချင်း ပြန်စာပို့လာခဲ့သည်။
“လူကြီးမင်းက ကျွန်မဆီကို တကယ်ပဲ စာပို့လာတာလား။ မင်္ဂလာပါ သူဌေး။ ဟုတ်ကဲ့...ကျွန်မပါပဲ။ အဲဒီနတ်သူငယ်က အခုထိ ကျွန်မတို့ မဟာမိတ်အဖွဲ့ထဲမှာ ရှိနေတုန်းပါ။”
“ခင်ဗျား အဲဒီနတ်သူငယ်ကို ဘာမှမလုပ်ခဲ့ဘူး မဟုတ်လား။”
ရှောင်ယီက အကဲခတ်သည့်သဘောဖြင့် မေးလိုက်၏။
“သူဌေးက ကျွန်မ သူ့ကို အိပ်ခန်းထဲမှာ အနိုင်ကျင့်သလားလို့ မေးနေတာလား။”
ရောင်စုံတိမ်တိုက်များအထက်က ချက်ချင်း ပြန်မေးလိုက်သည်။
“အဲဒီလိုလည်း ပြောလို့ရပါတယ်။ ဒါပေမဲ့ အိပ်ခန်းထဲတင် မဟုတ်ဘဲ တခြားနေရာတွေမှာလည်း အကျုံးဝင်တာပေါ့။”
ရှောင်းယီက စာဆက်ပို့လိုက်သည်။
‘ရောင်စုံတိမ်တိုက်များအထက်’ သည် စာဖြင့် ပြန်မဖြေတော့ဘဲ ရှောင်းယီထံသို့ ဗီဒီယိုခေါ်ဆိုမှုတစ်ခု ပေးပို့လာခဲ့သည်။
ရှောင်းယီသည် အနည်းငယ် မျက်မှောင်ကျုံ့လိုက်သော်လည်း နောက်ဆုံးတွင် လက်ခံလိုက်၏။ သူသည် အခြားသူများရှေ့တွင် အကြိမ်အနည်းငယ် ပေါ်လာဖူးသောကြောင့် သူ၏ ရုပ်ရည်မှာ လျှို့ဝှက်ချက် မဟုတ်တော့ပေ။
ဖုန်းဆက်သွယ်မိသောအခါ ရှောင်းယီ အံ့အားသင့်သွား၏။ တစ်ဖက်တွင် ထိုင်နေသူမှာ ပညာတတ်ပုံစံပေါက်သည့် အလှပန်းလေးတစ်ပွင့် ဖြစ်နေသောကြောင့်ပင်။
“ခင်ဗျားက မိန်းကလေးလား။”
ရှောင်းယီက အံ့သြတကြီး ပြောလိုက်သည်။
“ဒါနဲ့တောင် နတ်သူငယ်ကို ထိတွေ့ခဲ့တယ်လို့ ပြောခဲ့သေးတာလား။”
ဤသို့ တွေးလိုက်မိသည်နှင့် ရှောင်းယီ၏ စိတ်ထဲတွင် အတွေးရိုင်းအချို့ ဖျတ်ခနဲ ပေါ်လာခဲ့၏။
အမျိုးသမီးနှစ်ယောက်... အဲဒါက တကယ်ကို ရင်ခုန်စရာပဲ။
ရှောင်းယီ၏ မျက်နှာအမူအရာကို မြင်သောအခါ ‘ရောင်စုံတိမ်တိုက်များအထက်’ က သူဘာတွေးနေသည်ကို သိသွားပုံရပြီး ပြုံးလိုက်သည်။
“ဟီးဟီး ယောက်ျားတွေများနော်...။ ရှင် အရမ်းတွေ တွေးလွန်းနေပြီ။ အဲဒီနတ်သူငယ်လေးက အရမ်းလှလွန်းလို့ မိန်းကလေးဖြစ်တဲ့ ကျွန်မတောင် မနေနိုင်ဘဲ အကြိမ်အနည်းငယ် ထိတွေ့မိသွားရုံတင်ပါ။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ကျွန်မတို့ သူ့ကို ဘာမှမလုပ်ထားပါဘူး။ နေ့တိုင်း အစားအသောက်ကောင်းကောင်း၊ အသောက်အစားကောင်းကောင်းတွေနဲ့ ကျွေးမွေးထားပါတယ်။ ဒါပေမဲ့ ဘာသာစကား မတူတာကြောင့် နက်နက်ရှိုင်းရှိုင်းတော့ ဆက်သွယ်လို့ မရသေးဘူး။”
ရှောင်းယီက ပုခုံးတွန့်ပြလိုက်၏။
“ဒါဆိုရင်တော့ ကောင်းတာပေါ့။ အခု ကျုပ် ခင်ဗျားနဲ့ ဆွေးနွေးစရာတစ်ခု ရှိတယ်။ ခင်ဗျား အဲဒီနတ်သူငယ်ကို ဖမ်းလိုက်တဲ့အတွက်ကြောင့် အလင်းနတ်သူငယ်မျိုးနွယ်စုက ကျုပ်တို့ အပြင်လူတွေအပေါ် အရမ်းကို ရန်လိုနေကြပြီ။ ကျုပ်ရဲ့ ပုဂ္ဂလိက အမြင်အရဆိုရင် ဒီကမ္ဘာက တခြားမျိုးနွယ်စုတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားသင့်တယ်။”
“လိုရင်းပဲပြောရရင်...အဲဒီအနတ်သူငယ်ကို ရှင့်ဆီ ပို့ပေးစေချင်တာ မဟုတ်လား။”
ရောင်စုံတိမ်တိုက်များအထက်က တိုတိုတုတ်တုတ် မေးလိုက်၏။
“ဟုတ်တယ်။”
ရှောင်းယီက ပွင့်ပွင့်လင်းလင်း ပြန်ဖြေလိုက်သည်။
ရောင်စုံတိမ်တိုက်များအထက်က မျက်မှောင်ကျုံ့လိုက်၏။
“တကယ်လို့ ဒါက နတ်သူငယ်မျိုးနွယ်စုနဲ့ မိတ်ဆွေဖွဲ့ဖို့အတွက်ဆိုရင်တော့ ကျွန်မမှာ ကန့်ကွက်စရာမရှိပါဘူး။ ဒါပေမဲ့ ရှင်က အဲဒီအမျိုးသမီး နတ်သူငယ်လေးကို ကြံစည်နေမှာ စိုးရိမ်မိတယ်။”
“ကျုပ်က အဲဒီလိုလူမျိုးလို့ ထင်လို့လား။”
ရှောင်းယီက ချက်ချင်း တုံ့ပြန်လိုက်သည်။
“ခုနက ရှင့်ရဲ့ အမူအရာအရဆိုရင်တော့ ကျွန်မရဲ့ အမြင်ကို ခေတ္တ ဆိုင်းငံ့ထားလိုက်ပါဦးမယ်။”
ရောင်စုံတိမ်တိုက်များအထက်က ပြတ်ပြတ်သားသား ပြန်ပြောလိုက်၏။
ရှောင်းယီ သက်ပြင်းချလိုက်မိသည်။ အနည်းငယ် စဉ်းစားပြီးနောက် သူက ပြောလိုက်သည်။
“ကောင်းပြီလေ။ ဒါဆိုရင် ခင်ဗျားလည်း လိုက်ခဲ့ပြီး ကျုပ် အလင်းနတ်သူငယ်မျိုးနွယ်စုနဲ့ ဆွေးနွေးတာကို ကြည့်လို့ရတယအဆင်ပြေမလားအဆင်ပြေမလား။”
“ဟင်...နတ်သူငယ်တစ်ယောက်တည်းနဲ့ မလုံလောက်လို့ ကျွန်မကိုပါ ခေါ်သွားချင်တာလား။”
ရောင်စုံတိမ်တိုက်များအထက်က အလွန်ပင် သတိကြီးလှ၏။
“ဟား... ဒါဆိုရင် ခင်ဗျား ကျုပ်ကို ယုံကြည်ဖို့အတွက် ကျုပ် ဘာလုပ်ပေးရမလဲဆိုတာ ပြောပါဦး။”
ရှောင်းယီက ခေါင်းခါရင်း မေးလိုက်သည်။
ရောင်စုံတိမ်တိုက်များအထက် က အနည်းငယ် စဉ်းစားပြီးနောက် မေးလိုက်သည်။
“ရှင် နတ်သူငယ်မျိုးနွယ်စုကို ဘယ်မှာ တွေ့ခဲ့တာလဲ။”
“တိုက်သစ်ကြီးမှာ။”
ရှောင်းယီက ပြတ်ပြတ်သားသား ပြန်ဖြေလိုက်၏။
“တိုက်သစ်ကြီးလား။ အနောက်တိုင်းသား အသက်ရှင်ကျန်ရစ်သူတွေ တွေ့ခဲ့တဲ့နေရာပဲလား။”
သူမက ထပ်မေးလိုက်သည်။
“ဟုတ်တယ်။”
“ကျွန်မတို့ကို တည်နေရာကူးပြောင်းနိုင်မယ့် နေရာတစ်ခု ပေးပါ။ ကျွန်မ အဲဒီနတ်သူငယ်ကို အဲဒီတိုက်ကြီးဆီ ခေါ်သွားပြီး ကြည့်ခိုင်းမယ်။ တကယ်လို့ အဲဒါက သူ့ရဲ့ အိမ်သာဖြစ်မယ်ဆိုရင်။ကျွန်မ သူနဲ့အတူ ရှင့်ဆီလိုက်ခဲ့ပြီး နတ်သူငယ်မျိုးနွယ်စုနဲ့ သွားတွေ့ပေးမယ်။”
‘ရောင်စုံတိမ်တိုက်များအထက်’ က မျက်လုံးလေး ကစားရင်း ပြောလိုက်၏။
“ကောင်းပြီလေ။ အခု ဒီ ID ကို ဆက်သွယ်လိုက်ပါ။ တည်နေရာကူးပြောင်းအမှတ်ကို သတ်မှတ်ဖို့အတွက် ခင်ဗျားနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကျုပ် သူ့ကို ညွှန်ကြားထားလိုက်မယ်။”
ရှောင်းယီက ချက်ချင်း ပြန်ဖြေလိုက်သည်။
“ဒါပေမဲ့ လောလောဆယ်တော့ တခြား မဟာမိတ်အဖွဲ့တွေက လူတွေကို တည်နေရာကူးပြောင်းခွင့် မရှိဘူး။”
မာတင်ရှာဖွေတွေ့ရှိခဲ့သည့် နေရာမှာ နတ်သူငယ်တိုက်ကြီးဖြစ်သည်။ ကမ္ဘာ့စည်းမျဉ်းများအရ ထွက်ပေါ်လာသည့် ရတနာသေတ္တာ အစောင့်အရှောက်သားရဲများမှလွဲ၍ ကျန်သားရဲတိရစ္ဆာန်များမှာ လူများကို ရန်မမူကြပေ။ ရှောင်းယီနှင့် အခြားသူများသည် ဤကဲ့သို့ ကောင်းမွန်သော ပတ်ဝန်းကျင်ကို အချိန်အနည်းငယ် ပို၍ ခံစားလိုကြ၏။
ထို့အပြင် ရောင်စုံတိမ်တိုက်များအထက်၏ မဟာမိတ်အဖွဲ့ကိုသာ ထည့်သွင်းခြင်းသည် ရှောင်းယီနှင့် မာတင်တို့ မဟာမိတ်အဖွဲ့၏ အကျိုးအမြတ်ကို ထိခိုက်စေမည်မဟုတ်ပေ။
“သဘောတူတယ်။”
‘ရောင်စုံတိမ်တိုက်များအထက်’ က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
မကြာမီ ရှုံးတိ၏ အကူအညီဖြင့် ‘ရောင်စုံတိမ်တိုက်များအထက်’ သည် ယီရန်ပင်း မဟာမိတ်အဖွဲ့၏ ဘေးတွင် တည်နေရာကူးပြောင်းမှတ်တစ်ခု သတ်မှတ်လိုက်၏။ ၎င်းမှာ သံချပ်ကာ စစ်သင်္ဘောတစ်စင်းပေါ်တွင် ဖြစ်သည်။
‘ရောင်စုံတိမ်တိုက်များအထက်’ သည် ဖမ်းဆီးထားသော နတ်သးငယ်ကို ခေါ်ဆောင်လာပြီး တည်နေရာကူးပြောင်းလိုက်၏။
တိုက်ကြီးကို မြင်လိုက်ရသည်နှင့် နတ်ငယ်လေးသည် စိတ်လှုပ်ရှားသွားပြီး သူမ၏ နားရွက်လေးများပင် လှုပ်ခါသွားခဲ့လေသည်။
‘ရောင်စုံတိမ်တိုက်များအထက်’ သည် နတ်သူငယ်ဘာသာစကားကို နားမလည်သော်လည်း နတ်သူငယ်လေး၏ တုံ့ပြန်မှုအရ သူမသည် ဤကျွန်းကို အမှန်တကယ် မှတ်မိနေကြောင်း သိနိုင်ပေသည်။
ထို့ကြောင့် ‘ရောင်စုံတိမ်တိုက်များအထက်’ သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ချက်ချင်းပြန်သွားပြီး ရှောင်းယီထံ စာပို့လိုက်တော့၏။
“ဒီနတ်သူငယ်က ဒီက နတ်သူငယ်မျိုးနွယ်စုဝင် ဖြစ်ပုံရတယ်။ သူ့ကို ရှင့်ဆီလာဖို့ ဘယ်လိုခေါ်လာခဲ့ရမလဲ။”
ရှီခုန်းကို တင်ဆောင်ခဲ့သော ကားမှာ မဟာမိတ်အဖွဲ့သို့ တည်နေရာကူးပြောင်းပြီး ပြန်သွားခဲ့သည်မှာ ကြာပြီဖြစ်သလို ရှောင်းယီသည်လည်း ကားကို ထပ်မသုံးချင်တော့သဖြင့် ဤသို့သာ ပြန်ဖြေလိုက်သည်။
“ခဏနေရင် ရှုံးတိက ခင်ဗျားကို မြို့ပြန်ကျောက်တုံး နှစ်တုံး ပေးလိမ့်မယ်။ ကျုပ်တို့ မဟာမိတ်အဖွဲ့ဆီကို လာခဲ့။ ပြီးရင် တည်နေရာကူးပြောင်းခြင်းအစီအရင်ကနေတစ်ဆင့် သွားမယ်။ အဲဒါက ပိုမြန်တယ်။”
“ကောင်းပါပြီ။”
ဤတစ်ကြိမ်တွင်မူ ‘ရောင်စုံတိမ်တိုက်များအထက်’ က ငြင်းဆန်ခြင်း မရှိတော့ပေ။
မကြာမီ ရှုံးတိသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် မြို့ပြန်ကျောက်တုံးနှစ်တုံးကို ‘ရောင်စုံတိမ်တိုက်များအထက်’ ထံသို့ တိုက်ရိုက် ငှားရမ်းပေးလိုက်တော့လေသည်။
‘ရောင်စုံတိမ်တိုက်များအထက်’ သည် တည်နေရာကူးပြောင်းရန် ပြင်ဆင်နေစဉ် နတ်သူငယ်လေး၏ မသွားချင်သည့် မျက်နှာထားကို မြင်လိုက်ရသောအခါ သူမက နှစ်သိမ့်ပေးလိုက်၏။
“ခဏနေရင် နင့်ကို အိမ်ပြန်ပို့ပေးမှာပါ။ ဒါပေမဲ့ လုပ်ထုံးလုပ်နည်းလေးတော့ လုပ်ရဦးမယ်လေ။”
ဒါပေါ့...။ နတ်သူငယ်လေးသည် သူမစကားကို နားမလည်ဘဲ ကြောင်တောင်တောင်လေး ကြည့်နေရှာ၏။
အခြားနည်းလမ်းမရှိသဖြင့် ‘ရောင်စုံတိမ်တိုက်များအထက်’ သည် သူမကို ဆွဲခေါ်ကာ နှစ်ယောက်သား မြို့ပြန်ကျောက်တုံးများကို အသုံးပြုလိုက်ကြ၏။
အဖြူရောင် အလင်းတန်းတစ်ခု ဖြတ်ခနဲ ထွက်ပေါ်လာပြီးနောက် သူတို့နှစ်ဦးလုံး သံချပ်ကာ စစ်သင်္ဘောပေါ်မှ ပျောက်ကွယ်သွားကြတော့လေသည်။
အခန်း ၈၃၈- ‘ရောင်စုံတိမ်တိုက်များအထက်’ အတွက် တုန်လှုပ်စရာနှင့် ယီနော့၏ ရှင်းလင်းချက်
‘ရောင်စုံတိမ်တိုက်များအထက်’ နှင့် နတ်သူငယ်လေးတို့ အမြင်အာရုံ ပြန်လည်ကြည်လင်လာသောအခါတွင် အလွန်ကြီးမားသော ရင်ပြင်တစ်ခုသို့ ရောက်ရှိနေခဲ့ကြ၏။ အဝေးတစ်နေရာတွင် မြင့်မားသောအဆောက်အဦးများ မိုးထိအောင်ရှိနေပြီး သူတို့ဘေးနားရှိ လမ်းမကြီးမှာပင် ကွန်ကရစ်ခင်းထားသော လမ်းမကြီးဖြစ်နေခဲ့သည်။
“ငါတို့ ကမ္ဘာဟောင်းကို ပြန်ရောက်သွားတာလား။”
‘ရောင်စုံတိမ်တိုက်များအထက်’ သည် သူမ၏မျက်လုံးကိုပင် သူမ မယုံကြည်နိုင်ဘဲ မေးလိုက်မိသည်။
ထိုစဉ် သူတို့နားသို့ ယီရန်ဖင်း မဟာမိတ်တံဆိပ်ပါသော စစ်ဝတ်စုံဝတ်ဆင်ထားသည့် စစ်သားတစ်ဦး လျှောက်လာပြီး သူတို့ကို အလေးပြုကာ ပြောလိုက်၏။
“မင်္ဂလာပါ ခဏလောက် စောင့်ပေးပါ။ ကျုပ်တို့ ကျွန်းပိုင်ရှင် အခုပဲ ရောက်လာပါလိမ့်မယ်။”
“ကောင်းပါပြီ။”
‘ရောင်စုံတိမ်တိုက်များအထက်’ က ခေါင်းငြိမ့်ပြီး ပြန်ဖြေလိုက်သည်။
မကြာမီ အဝေးမှ ကားတစ်စီး မောင်းနှင်လာပြီး သူတို့ရှေ့တွင် ရပ်တန့်လိုက်၏။ ထို့နောက် ကားထဲမှ ရှောင်းယီ ဆင်းလာခဲ့လေသည်။
“ရှင့်ရဲ့နေရာနဲ့ ယှဉ်ရင် ကျွန်မတို့နေရာက တကယ်ကို ပဒေသရာဇ်ခေတ်မှာ ကျန်နေခဲ့သလိုပဲ။”
ရောင်စုံတိမ်တိုက်များအထက်က အားငယ်စွာ ပြောလိုက်၏။ ရှောင်းယီက ပြုံးလိုက်သည်။
“ကျုပ်က ကံနည်းနည်း ပိုကောင်းရုံပါပဲ။”
သူက ပြန်ဖြေသည်။ ‘ရောင်စုံတိမ်တိုက်များအထက်’ က သူမ၏ခေါင်းကို ခါယမ်းလိုက်၏။ ဤကဲ့သို့သော အဓိပ္ပာယ်မရှိသည့် စကားမျိုးကို သူမ မယုံချေ။ ကံကောင်းရုံသက်သက်ဖြင့် ဤမျှအဆင့်အထိ တိုးတက်လာနိုင်ပါ့မလား။ လူတစ်ယောက် ဘယ်လောက်ပဲ ကံကောင်းပါစေ သေတ္တာတွေဖွင့်ရုံနှင့် ဤမျှမျိုးစုံလှသည့် အဆောက်အဦးပုံစံများကို ရရှိနိုင်ရန်မှာ မဖြစ်နိုင်ပေ။
ထို့နောက် ရှောင်းယီသည် သူမဘေးရှိ နတ်သူငယ်လေးကို ကြည့်ကာပြောလိုက်သည်။
“မင်းနာမည်က ယီနော့ ဟုတ်တယ်မလား။ မကြောက်ပါနဲ့။ ငါက မင်းတို့ နတ်သူငယ်မျိုးနွယ်နဲ့ အဆက်အသွယ်ရှိတယ်။ မင်းကို အိမ်ပြန်ပို့ပေးမှာမို့လို့ စိတ်မလှုပ်ရှားပါနဲ့။”
ရှောင်းယီ၏ စကားကို ကြားသောအခါ ရောင်စုံတိမ်တိုက်များအထက်က ရယ်မောပြီး ပြောလိုက်၏။
“လူကြီးမင်း သူတို့က ရှားဘာသာစကားကို နားမလည်ဘူးလေ။ အဲဒါတွေပြောနေလည်း အပိုပါပဲ။ ပြီးတော့ သူ့နာမည်က ယီနော့မှန်း ရှင်ဘယ်လိုသိတာလဲ။ ချက်ချင်းကြီး ထွင်ပြောလိုက်တာတော့ မဟုတ်ပါဘူးနော်။”
ရှောင်းယီသည် သူမကို ဂရုမစိုက်ဘဲ ယီနော့ကိုသာ ဆက်ကြည့်နေလိုက်သည်။ ရှောင်းယီ၏ စကားကို ကြားလိုက်ရသောအခါ နတ်သူငယ်လေး ယီနော့က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။
“တကယ်လား။ ကျွန်မကို တကယ်ပဲ အိမ်ပြန်ပို့ပေးမှာလား။”
သူမ စကားမပြောရသည်မှာ ရက်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ သူမစကားကို နားမလည်သော လူများကြားတွင် နေရသည်မှာ အလွန်ပင် ဆိုးရွားလှပြီး စိတ်ကျရောဂါပင် ရတော့မည့်အတိုင်း ခံစားနေခဲ့ရ၏။
ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။
“အခုပဲ စထွက်ကြမယ်။”
ထို့နောက် သူက ‘ရောင်စုံတိမ်တိုက်များအထက်’ ကို ကြည့်ကာ ဖိတ်ခေါ်လိုက်လေသည်။
“လာလေ...။ ဒါကို အတူတူ သွားပြီးသက်သေခံကြတာပေါ့။”
‘ရောင်စုံတိမ်တိုက်များအထက်’ သည် ရှောင်းယီနှင့် ယီနော့ကို မယုံကြည်နိုင်သော မျက်နှာထားဖြင့် ကြည့်နေ၏။
“သူ... ရှင်... ရှင်တို့နှစ်ယောက် တကယ်ပဲ တစ်ယောက်နဲ့တစ်ယောက် နားလည်နေတာလား။”
“အများကြီး မတွေးပါနဲ့။ ဒါက အရေးမကြီးပါဘူး။”
ရှောင်းယီက ချက်ချင်း ဖြတ်ပြောလိုက်သည်။
ထို့နောက် သူသည် သူတို့နှစ်ဦးကို တည်နေရာကူးပြောင်းခြင်းအစီအရင်မှတစ်ဆင့် နတ်သူငယ်တိုက်ကြီးရှိ ယာယီစခန်းသို့ ခေါ်ဆောင်လာခဲ့သည်။
ရောင်စုံတိမ်တိုက်များအထက်သည် တည်နေရာကူးပြောင်းအစီအရင်မှ ထွက်လာခဲ့ပြီးနောက် ပတ်ဝန်းကျင်ရှိ သိပ်မမြင့်လှသော မြို့ရိုးများကို မြင်သောအခါ ဇဝေဇဝါဖြင့် မေးလိုက်၏။
“ဒါက နတ်သူငယ်တိုက်ကြီး မဟုတ်ဘူးလား။”
“ဟုတ်တယ်။ တည်နေရာကူးပြောင်းရတာ ပိုလွယ်အောင် ဒီမှာ ယာယီစခန်းတစ်ခု ဆောက်ထားတာ။”
ရှောင်းယီက အကျဉ်းချုံး ရှင်းပြလိုက်သည်။
‘ရောင်စုံတိမ်တိုက်များအထက်၏ နှုတ်ခမ်းထောင့်စွန်းလေးများ တွန့်သွား၏။
အဆင်ပြေရုံသက်သက်အတွက်နဲ့ တည်နေရာကူးပြောင်းခြင်စအစီအရင်ကြီး တစ်ခုလုံးကို တည်ဆောက်လိုက်တာလား။
‘သူဌေးကြီး’ ဆိုသည်မှာ ဘာလဲဆိုသည်ကို သူမ အခုမှသာ လက်တွေ့ မြင်ဖူးတော့လေသည်။
ထိုအချိန်တွင် အပြင်ဘက်ရှိ အလင်းနှင့် အမှောင်နတ်သူငယ်များကြား တိုက်ပွဲမှာ နောက်တစ်ကြိမ် ရပ်တန့်သွားပြန်ပြီဖြစ်၏။
ရှောင်းယီသည် သေအာကို တွေ့လိုက်ရသဖြင့် တစ်ခါတည်း ပြောလိုက်သည်။
“ခင်ဗျားတို့ ဘုရင်မကို သွားရှာပေးပါဦး။ သူ ကျုပ်ကို အပ်ထားတဲ့ကိစ္စ ပြီးသွားပြီ။ သူ့ကို လာကြည့်ခိုင်းလိုက်ပါ။”
ဟေအာက ရှောင်းယီကို မျက်မှောင်ကျုံ့ကာကြည့်လိုက်၏။
“အရင်ဆုံး မင်း ကတိပေးထားတဲ့ အဆင့်မြင့်အစားအစာတွေကို ပြင်ထားပါ။ ငါ ပြန်တာနဲ့ တစ်ခါတည်း ယူသွားမယ်။”
“အဲဒါတွေက အဆင်သင့်ဖြစ်နေတာ ကြာလှပြီ။ ကိုယ့်ဘာသာကိုယ် သွားယူလိုက်။”
ရှောင်းယီက ဆိုသည်။
ဟေအာသည် ဘာမှထပ်မပြောဘဲ သူ၏လူများကို ဦးဆောင်ကာ ရှောင်းယီ၏ ယာယီစခန်းတွင် ပြင်ဆင်ထားသော အဆင့်မြင့်အစားအစာများကို ယူဆောင်သွားခဲ့၏။
“ဘုရင်မ...ဟိုအပြင်လူက သူလုပ်ပေးရမယ့်ကိစ္စ ပြီးသွားပြီလို့ ပြောပါတယ်။ အရှင်မ သွားကြည့်ပေးဖို့ ပြောနေပါတယ်။”
ဟေအာက ရှောင်းယီ၏စကားကို တစ်သွေမတိမ်း ပြန်လည်ပြောကြားလိုက်သည်။
“အို... မြန်လှချည်လား။”
ဆာရာ အနည်းငယ် အံ့သြသွားခဲ့သည်။ သူမ ဤနေရာသို့ ပြန်ရောက်သည်မှာ ထိုင်ခုံပင် မနွေးသေးသော်လည်း ရှောင်းယီက အလုပ်ပြီးသွားပြီဟု ပြောနေခဲ့ချေပြီ။
“သူပြောတာတော့ အဲဒီအတိုင်းပဲပါ။ သူ့ကိုပဲ ဒီဆီ လာခိုင်းလိုက်ရမလား။ ကျွန်မတို့ကပဲ အမြဲတမ်း သွားနေရတာ မသင့်တော်ဘူးလို့ ထင်တယ်။”
ဟေအာက ရှောင်းယီ၏ အမူအရာမှာ ရိုင်းပျလှသည်ဟု ခံစားနေရသည်။
ဆာရာက လက်ကာပြလိုက်သည်။
“မလိုဘူး၊ ငါပဲ သွားလိုက်မယ်။”
သူမ၏ ဘုရင်မသည် အဘယ်ကြောင့် ထိုအပြင်လူအပေါ် ဤမျှ နာခံနေရသည်ကို ဟေအာ လုံးဝ နားမလည်နိုင်တော့ချေ။
ဆာရာသည် ဟေအာနှင့်အတူ ရှောင်းယီ၏ ယာယီစခန်းသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့ကြပြီးနောက် ယီနော့ကို မြင်လိုက်ရလေသည်။
မိမိပတ်ဝန်းကျင်တွင် အမှောင်နတ်သူငယ်များစွာ ပေါ်လာသည်ကို မြင်သောအခါ ယီနော့မှာ ကြောက်လန့်တုန်ရီသွားခဲ့သည်။
“သ-သခင်၊ ကျွန်မက အလင်းနတ်သူငယ်ပါ။ သူတို့နဲ့ မပတ်သက်ပါဘူး။”
ယီနော့က ရှောင်းယီကို သတိထားကာ ပြောလိုက်၏။
“ငါသိပါတယ်။ မင်းရဲ့ လုံခြုံရေးကို ငါ အာမခံပါတယ်။ ဒါပေမဲ့ မင်းက အခုအချိန်မှာ အရမ်းအရေးကြီးတယ်။ မင်းဟာ အလင်းနဲ့ အမှောင်နတ်သူငယ်တွေ ပြန်လည်သင့်မြတ်ဖို့အတွက် အဓိကသော့ချက်ပဲ...နားလည်လား။”
ရှောင်းယီက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။
ယီနော့မှာ အနည်းငယ် ကြောင်အသွားခဲ့ပြီး ရှောင်းယီပြောလိုသည့် အဓိပ္ပာယ်ကို သိပ်နားမလည်ပေ။
ထိုစဥ် ဆာရာက ရှေ့သို့တိုးလာခဲ့သည်။
“မင်းနာမည်က ဘယ်သူလဲ။ မင်း ဖမ်းဆီးခံရပြီးနောက်ပိုင်း ဘာတွေကြုံခဲ့ရလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား။”
သူမက မေးလိုက်သည်။
ရှောင်းယီ၏ အားပေးသည့် အကြည့်အောက်တွင် ယီနော့က နောက်ဆုံး၌ စကားပြောလာခဲ့လေသည်။
“ကျွန်မနာမည်က ယီနော့ပါ။ တကယ်တော့ ကျွန်မက ဖမ်းဆီးခံခဲ့ရတာ မဟုတ်ပါဘူး။ သူတို့အားလုံးက ကျွန်မအပေါ် အရမ်းကောင်းကြပါတယ်။ သူတို့မှာ စူးစမ်းချင်စိတ် နည်းနည်းရှိကြရုံတင်ပါပဲ။”
ဆာရာသည် ရှောင်းယီကို အံ့သြသည့် အကြည့်ဖြင့် ကြည့်လိုက်၏။
ရှောင်းယီက ပုခုံးတွန့်ပြလိုက်သည်။
“သူ့ကို ဒီလိုပြောဖို့ ကျုပ် သင်ပေးထားတာ မဟုတ်ဘူးနော်။ ထပ်ပြောရရင် ယီနော့နဲ့ စတွေ့ခဲ့တာ ကျုပ်ဟုတ်ဘူး။ ဒီအမျိုးသမီးပဲ။ သူ့ကို ချိုင်ယွမ်လို့ ခေါ်လို့ရတယ်။”
ထိုအခါ ဆာရာက ‘ရောင်စုံတိမ်တိုက်များအထက်’ ကို ကြည့်ကာ မေးလိုက်၏။
“မင်းက ယီနော့ကို ဖမ်းဆီးခဲ့တာလား။”
ရှောင်းယီသည် ကြောင်တောင်တောင် ဖြစ်နေသော ‘ရောင်စုံတိမ်တိုက်များအထက်’ ကို ကြည့်ကာ ဆာရာ၏ စကားကို ဘာသာပြန်ပေးလိုက်လေသည်။
ထိုအခါ ‘ရောင်စုံတိမ်တိုက်များအထက်’ က မျက်မှောင်ကျုံ့ပြီး ပြောလိုက်သည်။
“ကျွန်မတို့ ယီနော့ကို ဘယ်တုန်းကမှ မဖမ်းခဲ့ဘူး။ အဲဒီအချိန်တုန်းက ကျွန်မတို့ ကျွန်းလေးတစ်ကျွန်းကို တွေ့ခဲ့တယ်။ ယီနော့က မြေပြင်ပေါ်မှာ သတိမေ့နေခဲ့တာ။ ကျွန်မတို့က သူ့ကို သင်္ဘောပေါ်တင်ပြီး ကယ်တင်ခဲ့ရုံပဲ။”
ရှောင်းယီက ဤစကားကိုလည်း ဘာသာပြန်ပေးလိုက်ပြီး ပြောလိုက်၏။
“အခု အမှန်တရား ပေါ်သွားပြီ မဟုတ်လား။ ကျုပ်တို့က အရင်က အပြင်လူတွေနဲ့ လုံးဝ မတူပါဘူး။”
ဆာရာက ပုခုံးတွန့်ပြလိုက်သည်။
“ကျွန်မ ယုံနေရုံနဲ့တော့ မပြီးသေးဘူး။ ဟို ခေါင်းမာတဲ့ အလင်းနတ်သူငယ်တွေ ဘာတွေးမလဲဆိုတာ စောင့်ကြည့်ရဦးမယ်။”
သူမက ပြန်ဖြေသည်။
“သွားကြစို့။ သံကို ပူတုန်း ရိုက်ရမယ်။ သူ့ကို အိမ်ပြန်ပို့ပေးကြတာပေါ့။”
ရှောင်းယီက အော်ပြောလိုက်၏။
ဆာရာက ခေါင်းညိတ်ပြီး သူတို့အားလုံး ယာယီစခန်းထဲမှ အတူတူ ထွက်လာခဲ့ကြသည်။
တစ်ဖက်တွင်လည်း ‘ရောင်စုံတိမ်တိုက်များအထက်’ မှာ ဆက်တိုက် တုန်လှုပ်နေဆဲပင်။
“ရှင် တကယ်ပဲ နတ်သူငယ်ဘာသာစကားကို နားလည်တာလား။ ဒါပေမဲ့ ရှင်ပြောနေတဲ့ ရှားဘာသာစကားကို သူတို့က ဘယ်လိုလုပ် နားလည်နေကြတာလဲ။”
“အဲဒါက အရေးမကြီးပါဘူး။ ခဏနေရင် ကောင်းကောင်းလေးသာ ကပြလိုက်။”
ရှောင်းယီက တိုးတိုးလေး ပြန်ဖြေလိုက်သည်။
‘ရောင်စုံတိမ်တိုက်များအထက်’ က မကျေမနပ်ဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။
“ဒါက အရမ်းအရေးကြီးပါတယ်နော် ဟုတ်ပြီလား။”
သို့သော် ရှောင်းယီက သူမကို ရှေ့သို့သာ ခေါ်ဆောင်သွားခဲ့သည်။ သူတို့သည် အမှောင်နတ်သူငယ်များ၏ ရှေ့တန်းစစ်မျက်နှာကို ဖြတ်ကျော်ကာ အရှေ့ဆုံးသို့ ရောက်ရှိလာခဲ့ကြလေသည်။
ရှောင်းယီနှင့် အခြားသူများ၏ လှုပ်ရှားမှုကို အလင်းနတ်သူငယ် ကင်းထောက်များက ဒိုယာထံသို့ ချက်ချင်း အစီရင်ခံလိုက်ကြသည်။
“ဟွန့်...ဟိုအပြင်လူတွေ နောက်တစ်ခါ ရောက်လာပြန်ပြီ။ ဒီတစ်ခါရော ဘယ်လို လေကြီးလေကျယ်တွေ ပြောဦးမလဲဆိုတာ ကြည့်ရသေးတာပေါ့။”
ဒိုယာက ဒေါသတကြီး ပြောလိုက်၏။
ထိုအခါ ဘေးနားရှိ လေညင်းသံက တိုးတိုးလေး ပြောလာခဲ့သည်။
“အကြီးအကဲ သူတို့ပြောနေတာတွေက အမှန်တကယ် ဖြစ်နေရင်ကော။”
“လေညင်းသံ...ငါ နင့်ကို သတိပေးထားခဲ့ပြီးပြီ။ အပြင်လူတွေကို ဘယ်တော့မှ မယုံနဲ့။ သူတို့အားလုံးက လူလိမ်တွေချည်းပဲ။”
ဒိုယာက သူမကို နောက်တစ်ကြိမ် ကြိမ်းမောင်းလိုက်၏။ လေညင်းသံက ခေါင်းငုံ့သွားပြီး ဘာမှထပ်မပြောတော့ပေ။
ဒိုယာသည် လှည့်ထွက်သွားပြီး မကြာမီ ရှေ့တန်းသို့ ရောက်ရှိလာခဲ့သည်။ သူမသည် ရှောင်းယီနှင့်အတူ ဘေးနားတွင် ရပ်နေသော ယီနော့ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် အော်ဟစ်လိုက်၏။
“မိုက်မဲတဲ့ လူယုတ်မာတွေ...ငါတို့ မျိုးနွယ်ကို အခုချက်ချင်း လွှတ်ပေးစမ်း။”
ထိုအခါ ယီနော့သည် ချက်ချင်းပင် ရှေ့သို့ တိုးထွက်လာပြီး ပြောလိုက်သည်။
“အကြီူအကဲ ကျေးဇူးပြုပြီး ဒေါသကို လျှော့ပါဦး။ သူတို့ ကျွန်မကို ဖမ်းထားတာ မဟုတ်ပါဘူး။ အဲဒီအချိန်က ကျွန်မ သတိမေ့နေတာပါ။ သူတို့က ကျွန်မကို ကယ်တင်ပေးခဲ့တာ။”