← Chapters

အခန်း (၈၃၉-၈၄၀)

Vol. 67 Ch. 839-840

အခန်း (၈၃၉-၈၄၀)

Vol. 67 Ch. 839-840

အခန်း ၈၃၉- ထူးဆန်းသော ဒိုယာနှင့် နတ်သူငယ်ဘုရင်မ၏ ပြဿနာ

ယီနော့ပြောလိုက်သည့်စကားကို ကြားသောအခါ ဒိုယာမှာ ကြောင်အသွားပြီး ကျန်ရှိသော အလင်းနတ်သူငယ်များအားလုံးလည်း မှင်တက်သွားကြသည်။

“ဘာ...သူတို့က နင့်ကို အဲဒီလိုပြောဖို့ ခြိမ်းခြောက်ထားတာလား။”

ဒိုယာက မယုံကြည်နိုင်သေးဘဲ ဆက်လက်မေးမြန်းလိုက်၏။

“မဟုတ်ဘူး။”

ယီနော့က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်ပြီးနောက် ရှေ့သို့ ဆက်လျှောက်လာကာ ဒိုယာ၏အနားသို့ ရောက်လာခဲ့သည်။

“ဒီတစ်ကြိမ်မှာ ကျွန်းပိုင်ရှင်ရှောင်းကို ကျေးဇူးတင်ရမှာပါ။ အကယ်၍ သူသာမရှိရင် ကျွန်မက ဟိုအပြင်လူတွေရဲ့ ကျွန်းပေါ်မှာပဲ တစ်ယောက်တည်း အိုမင်းသွားရတော့မှာ။”

ဒိုယာသည် ယီနော့ကို သူမ၏နောက်သို့ ဆွဲခေါ်လိုက်ပြီး ရှောင်းယီနှင့် သူ၏အဖွဲ့ကို သတိထားကာ စိုက်ကြည့်လိုက်၏။

ရှောင်းယီသည် ဤကဲ့သို့သော ခေါင်းမာသည့် လူအိုကြီးနှင့် စကားပြောနေရန် ပျင်းရိလှပေသည်။ ဒိုယာ၏ ရုပ်ရည်မှာ ထိပ်တန်းအဆင့်ဟု ဆိုနိုင်သော်လည်း သူမ၏ အပြုအမူများမှာမူ ရှောင်းယီကို အမြဲတမ်း စိတ်အနှောင့်အယှက် ဖြစ်စေခဲ့လေသည်။

ထိုစဉ် ဆာရာက ရှေ့သို့တက်လာပြီး ပြောလိုက်သည်။

“ငါ ရှင်းပြချင်ပါတယ်။ ယီနော့ကို ရှာပေးဖို့ ကျွန်းပိုင်ရှင်ရှောင်းကို အကူအညီတောင်းခဲ့တာက ငါပဲ။ သူက အချိန်တိုအတွင်းမှာပဲ ရှာပေးနိုင်ခဲ့တယ်။ ယီနော့က ဒီက ချိုင်ယွမ်ရဲ့ ကျွန်းပေါ်မှာ ရှိနေခဲ့တာ။ သူတို့ ယီနော့ကို အနိုင်ကျင့်ခဲ့သလား၊ မကျင့်ခဲ့ဘူးလားဆိုတာ တစ်ချက်ကြည့်လိုက်ရုံနဲ့ နင် သိနိုင်မှာပါ။”

ဒိုယာသည် ယီနော့ကို သံသယဖြင့် ကြည့်ရှုစစ်ဆေးလိုက်ရာ သူမတွင် ဒဏ်ရာအနည်းငယ်မျှပင် မရရှိထားသည်ကို တွေ့လိုက်ရလေသည်။

“အကြီးအကဲ သူတို့က ကျွန်မအပေါ် တကယ်ကောင်းကြပါတယ်။ တချို့လူတွေက သိချင်စိတ်နဲ့ စိုက်ကြည့်ကြတာမျိုးရှိပေမယ့် လွန်လွန်ကျူးကျူးတော့ ဘာမှမလုပ်ကြပါဘူး။”

ယီနော့က တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

“ပြီးတော့ သူတို့က ကျွန်မကို အဆင့်မြင့်အစားအစာတွေလည်း ကျွေးတယ်။ အခု ကျွန်မ အဆင့်တောင် တက်သွားပြီ။”

“ဘာ...မင်းက A အဆင့်ကို ရောက်သွားပြီလား။”

ဒိုယာက အံ့သြတကြီး မေးလိုက်၏။ ယီနော့က ခေါင်းငြိမ့်ပြလိုက်သည်။

ယခုအခါ နတ်သူငယ်များတွင် အဆင့်အတန်းသတ်မှတ်ထားသော အစားအစာများကို တွေ့ရခဲလှ၏။ ကံကောင်းသည်မှာ သူတို့၏ အသက်တမ်းမှာ ရှည်လျားလှသဖြင့် သူတို့၏ အဆင့်များကို ဖြည်းဖြည်းချင်း မြှင့်တင်ရန် အခွင့်အရေးရှိခြင်းပင်။

ယီနော့မှာ အသက် ၅၀ သာ ရှိသေးသည်။ လူသားများအတွက် အသက် ၅၀ ဆိုသည်မှာ အရွယ်ကျလာသည့် အရွယ်ဖြစ်သော်လည်း နတ်သူငယ်များအတွက်မူ ကလေးဘဝဟုသာ သတ်မှတ်ရပေမည်။

နှစ်ပေါင်း သောင်းနှင့်ချီသော ကာလအတွင်း မည်သည့်နတ်သူငယ်မှ ကလေးဘဝတွင် A အဆင့်သို့ မတက်လှမ်းနိုင်ခဲ့ကြပေ။ ကလေးဘဝဖြင့် A အဆင့်သို့ နောက်ဆုံးတက်လှမ်းနိုင်ခဲ့သည့် နတ်သူငယ်မှာလည်း လွန်ခဲ့သော နှစ်ပေါင်းများစွာက အပြင်လူများနှင့် စတင်တွေ့ဆုံခဲ့သည့် အချိန်က ဖြစ်ပေသည်။

ထိုအချိန်က အပြင်လူများထံမှ အဆင့်မြင့်အစားအစာများ ရရှိခဲ့သဖြင့် နတ်သူငယ်များ၏ အဆင့်မှာ အလျင်အမြန်မြင့်တက်ခဲ့သော်လည်း တစ်ဖက်တွင်လည်း နတ်သူငယ်များသည် အပြင်လူများ၏ လူမဆန်စွာ နှိပ်စက်ညှဉ်းပန်းမှုကို ခံခဲ့ကြရသည်။

ဒိုယာသည် ချက်ချင်းပင် ယီနော့ကို နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခိုင်းလိုက်၏။ ယီနော့၏ အခြေအနေမှာ နောက်ထပ် နတ်သူငယ်ဘုရင်မအဖြစ် ပြုစုပျိုးထောင်ပေးရန် လုံးဝ ထိုက်တန်နေပြီဖြစ်သည်။

ထိုအခါ ဆာရာက မျက်မှောင်ကျုံ့လိုက်၏။

“ဟေးလ်ကို ထွက်လာခိုင်းလိုက်။ ငါ့မှာ သူ့ကို အရေးကြီးတဲ့ကိစ္စ ပြောစရာရှိတယ်။”

ဟေးလ်ဆိုသည်မှာ အလင်းနတ်သူငယ် ဘုရင်မဖြစ်သည်။ ဆာရာသည် ဒိုယာနှင့် လုံးဝ ဆက်သွယ်၍မရနိုင်ဟု ခံစားနေခဲ့ရ၏။

“ဟမ့် နင်တို့ ယီနော့အပေါ် နည်းနည်းကောင်းပြရုံနဲ့ ငါက နင်တို့ အပြင်လူတွေအပေါ် အမြင်ပြောင်းသွားမယ်လို့ မထင်နဲ့။ နင်တို့ရဲ့ ရည်ရွယ်ချက်ကို ငါသိတယ်။ ငါတို့ မျိုးနွယ်စုဝင်တွေ ‌အားလုံးကို အပြင်ကို မျှားထုတ်ပြီးတော့မှ စိတ်တိုင်းကျ နှိပ်စက်ဖို့ မဟုတ်လား။”

ဒိုယာက ဒေါသတကြီး ပြောလိုက်သည်။

“ငါ့လခွမ်း... ငါတော့ Persecution Complex (တစ်ပါးသူက ကိုယ့်ကို ရန်ပြုတော့မယ်လို့ အမြဲစိုးရိမ်နေတဲ့ရောဂါ) ရောဂါသည်နဲ့ လာတိုးနေပြီထင်တယ်။”

ရှောင်းယီ စိတ်ပျက်လက်ပျက် ရေရွတ်လိုက်မိ၏။ဆာရာက သူမ၏မျက်လုံးလေးများကို မှေးစဥ်းလိုက်သည်။

“အကယ်၍ နင် ဟေးလ်ကို လာဖို့ အကြောင်းမကြားဘူးဆိုရင် ငါကိုယ်တိုင် သွားရှာလိုက်မယ်။”

“ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ။”

ဒိုယာ၏ မျက်နှာမှာ အနည်းငယ် ပျာယာခတ်သွားပြီးနောက် သူမက အော်ဟစ်လိုက်၏။

ဒိုယာ၏ တုံ့ပြန်မှုကို မြင်သောအခါ ဆာရာက မေးလိုက်သည်။

“ဟေးလ်မှာ ပြဿနာတစ်ခုခု ရှိနေလို့လား။”

“ဟွမ့် ငါတို့ ဘုရင်မမှာ ဘာပြဿနာရှိရမှာလဲ။”

ဒိုယာက အမြီးနင်းခံလိုက်ရသည့် ကြွက်တစ်ကောင်လို အော်ဟစ်နေ၏။

ရှောင်းယီက ခပ်တိုးတိုး ပြောလိုက်သည်။

“သူက ဒီလောက်တောင် သိသာအောင် ပြနေတာကို ခင်ဗျားက ဘာပြဿနာမှ မရှိဘူးလို့ ပြောနေသေးတာလား။”

ဆာရာသည်လည်း ပုံမှန်မဟုတ်သည်ကို မြင်လိုက်၏။

“ငါ နင့်ကို အချိန် နေ့တစ်ဝက်ပဲ အချိန်ပေးမယ်။ အကယ်၍ အလင်းနတ်သူငယ်ဘုရင်မ ရောက်မလာဘူးဆိုရင် ငါကိုယ်တိုင် သွားရှာမယ်။”

ထိုသို့ပြောပြီးသည်နှင့် ဆာရာ လှည့်ထွက်သွားခဲ့သည်။ ရှောင်းယီသည်လည်း ဒိုယာနှင့် စကားပြောရန် ပျင်းရိလှသဖြင့် လှည့်ထွက်လာခဲ့တော့လေသည်။

“အကြီးအကဲ ကျွန်မတို့ ဘာလုပ်ကြမလဲ။”

ဖုန်းယု(‌လေညင်းသံ) က စိုးရိမ်တကြီး မေးလိုက်သည်။

“ဘာလုပ်ရမှာလဲ။ ဟိုအပြင်လူတွေက ယီနော့ကို ပြန်ပို့ပေးပြီးပြီဆိုတော့ ငါတို့ရဲ့ ရည်မှန်းချက် အောင်မြင်သွားပြီလို့ ပြောလို့ရတယ်။ ငါတို့ မျိုးနွယ်စုဆီကို အရင်ဆုံး ဆုတ်ခွာကြမယ်။ ပြီးတော့ အမှောင်နတ်သူငယ် ဘုရင်မကို အပြည့်အဝ ခုခံဖို့ ပြင်ဆင်ကြမယ်။”

ဒိုယာက အားကိုးရာမဲ့စွာ ပြောလိုက်၏။ ဖုန်းယု ပါးစပ်ဟလိုက်မိသည်။ သူမသည် အပြင်လူများနှင့် ဆက်သွယ်ရန် သူမ၏အကြီးအကဲကို အကြံပြုချင်ခဲ့သော်လည်း ဒိုယာ၏ သဘောထားကို မြင်သောအခါ ပါးစပ်ပြန်ပိတ်လိုက်ရလေသည်။

အလင်းနတ်သူငယ်တပ်ဖွဲ့မှာ လျင်မြန်စွာ ဆုတ်ခွာသွားခဲ့ကြ၏။

ဟေအာက စိတ်ပျက်လက်ပျက်ဖြင့် မြည်တမ်းလိုက်သည်။

“ရှောင်းယီက ဘာတွေလုပ်နေတာလဲ။ ဒီလိုဆိုရင် ငါတို့ ဘယ်လိုတိုက်ခိုက်လို့ ရတော့မှာလဲ။”

ဆာရာသည် ရှောင်းယီ၏ ယာယီနေအိမ်သို့ ရောက်လာခဲ့ပြီး ပြုံးကာ မေးလိုက်သည်။

“ကျွန်မ ရှင်တို့ဆီမှာ ခဏလောက် တည်းခိုလို့ ရမလား။”

“ဒါပေါ့...အခု ကျုပ်တို့က မိတ်ဆွေတွေ ဖြစ်သွားပြီပဲ မဟုတ်ဘူးလား။”

ရှောင်းယီက ပြန်မေးသည်။

“ဒါပေါ့”

ဆာရာက ခေါင်းငြိမ့်လိုက်၏။

“ရှင် ပြီးခဲ့တဲ့ အခေါက်က ပေးခဲ့တဲ့ သစ်သီးတွေကို ပြန်မသိမ်းသေးဘူး မဟုတ်လား။”

“မသိမ်းပါဘူး...ဒါပေမဲ့ အဲဒါတွေက မလတ်ဆတ်တော့ဘူးလေ။ အဲ့ဒါကြောင့် တခြားလူတွေကို ဝေပေးလိုက်ပြီ။ ကျုပ်တို့ အသစ်တွေ ထပ်စားကြတာပေါ့။”

ရှောင်းယီက ပြန်ဖြေသည်။

အခန်းထဲသို့ ပြန်ရောက်သောအခါ ရှောင်းယီသည် လူတစ်ယောက်ကို သစ်သီးပန်းကန် အချို့ ထပ်ယူလာခိုင်းလိုက်၏။

“အလင်းနတ်သူငယ်ဘုရင်မမှာ ပြဿနာတစ်ခုခု ရှိနေတာ သေချာတယ်။”

ရှောင်းယီက ပန်းသီးကို ဝါးရင်း ပြောလိုက်သည်။ ထိုအခါ ဆာရာသည် အနည်းငယ်စဉ်းစားပြီးနောက် ပြန်ဖြေလိုက်လေသည်။

“ပြဿနာက သေးမှာ မဟုတ်ဘူးလို့ ကျွန်မ ထင်တယ်။”

“ဒါက ခင်ဗျားအတွက် သတင်းကောင်း ဖြစ်မှာပေါ့။”

ရှောင်းယီက ဆိုသည်။ ဆာရာက ခေါင်းခါယမ်းလိုက်သည်။

“မဟုတ်ဘူး။ ကျွန်မတို့ မျိုးနွယ်စုနှစ်ခုက တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေကြတယ်ဆိုပေမယ့် တစ်နေ့မှာ အလင်းနတ်သူငယ်မျိုးနွယ်စု တကယ်ပဲ ပျက်စီးသွားမယ်ဆိုရင် ကျွန်မတို့ အရမ်း အထီးကျန်သွားလိမ့်မယ်။”

“ခင်ဗျားတို့က တိုက်ရင်းခိုက်ရင်း သံယောဇဉ်တွေ ဖြစ်ကုန်ကြတာပေါ့။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“အဲဒီလိုလည်း ပြောလို့ရပါတယ်။ ဒီလိုမျိုး ပြိုင်ဘက်တစ်ယောက် ရှိနေတာက ဘဝရဲ့ ကြီးမားတဲ့ ပျော်ရွှင်မှုတစ်ခုပဲ မဟုတ်လား။”

ဆာရာက ဆိုသည်။ ရှောင်းယီက ဆာရာကို လက်မထောင်ပြလိုက်လေသည်။

ဒိုယာသည် သူမ၏တပ်ဖွဲ့ကို ဦးဆောင်ကာ အလင်းနတ်သူငယ်များ နေထိုင်ရာသို့ ပြန်ရန် နေ့တစ်ဝက်ခန့် အချိန်ယူခဲ့ရ၏။ ထိုအချိန်တွင် မိုးကောင်းပင်မှာ လုံးဝ မှောင်မိုက်နေပြီဖြစ်သည်။

“နေအိမ်ပတ်ဝန်းကျင်ကို ကောင်းကောင်း စောင့်ကြပ်ထားကြ။ အမှောင်နတ်သူငယ်တွေ အခွင့်ကောင်းယူတာမျိုး မဖြစ်စေနဲ့။”

ဒိုယာက ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့။”

“ဖုန်းယု၊ ယီနော့၊ နင်တို့ နှစ်ယောက် ငါ့နောက် လိုက်ခဲ့။”

ဒိုယာက ထိုသို့ပြောပြီးနောက် အလင်းနတ်သူငယ်များ နေထိုင်ရာ၏ အတွင်းပိုင်းဆီသို့ အလျင်အမြန် လျှောက်သွားခဲ့လေသည်။

ဖုန်းယုက ချက်ချင်း နောက်မှ ကပ်လိုက်သွားသော်လည်း ယီနော့မှာမူ အနည်းငယ် ကြောင်အနေခဲ့မိ၏။

ဖုန်းယုသည် ယီနော့၏ ခြေသံကို မကြားရသဖြင့် ချက်ချင်း လှည့်ကြည့်ကာ ပြောလိုက်သည်။

“ဘာတွေ ကြောင်နေတာလဲ။ မြန်မြန် လိုက်လာခဲ့လေ။”

“ဪ... အင်း အင်း။”

ယီနော့သည် ချက်ချင်း အပြေးလိုက်သွားခဲ့သည်။

ဒိုယာသည် သူတို့ကို အလွန်ကြီးမားသော သစ်ပင်ကြီးတစ်ပင်ဆီသို့ ခေါ်ဆောင်သွားခဲ့၏။ ထိုသစ်ပင်မှာ ဤကဲ့သို့ အေးစက်သော ဆောင်းရာသီအတွင်း၌ပင် စိမ်းလန်းနေဆဲပင်။

သစ်ပင်၏ ပင်စည်ပေါ်တွင် သစ်သားအိမ်လေးတစ်လုံး ရှိနေပြီး သူတို့ ထိုအထဲသို့ ဝင်သွားလိုက်ကြသည်။

“ဘယ်သူလဲ။”

အားနည်းနေသော အသံတစ်ခု အိမ်ထဲမှ ထွက်ပေါ်လာခဲ့သည်။

“ဘုရင်မ...ကျွန်မ ဒိုယာပါ။”

ဒိုယာက ရိုသေစွာ ပြန်ဖြေလိုက်သည်။

“အမှောင်နတ်သူငယ်တွေနဲ့ တိုက်ပွဲက ပြီးသွားပြီလား။”

အလင်းနတ်သူငယ်ဘုရင်မ ဟေးလ်က အားနည်းစွာ မေးလိုက်၏။

“မပြီးသေးပါဘူး။ အပြင်လူက ယီနော့ကို လွှတ်ပေးလိုက်လို့ ကျွန်မတို့ ဆုတ်ခွာလာခဲ့တာပါ။”

ဒိုယာက ရှင်းပြလိုက်သည်။

“သူတို့ ယီနော့ကို လွှတ်ပေးလိုက်တာလား။”

ဟေးလ်က အံ့သြတကြီး မေးလိုက်သည်။

“သူတို့ ယီနော့ကို နှိပ်စက်ခဲ့ကြသေးလား။”

“မနှိပ်စက်ပါဘူး။ သူတို့က ကျွန်မအပေါ် အရမ်းကောင်းကြပါတယ်။”

ယီနော့က မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။

“သူတို့က ကျွန်မကို အဆင့်တက်စာတွေတောင် ကျွေးခဲ့သေးတယ်။ အခု ကျွန်မ A အဆင့်ကိုတောင် ရောက်နေပြီ။”

“တကယ်လား။ အပြင်လူတွေက ဒီလောက်တောင် ကောင်းနိုင်ပါ့မလား။”

ဟေးလ်က ဒိုယာကို သံသယဖြင့် ကြည့်လိုက်၏။ ဒိုယာက မျက်မှောင်ကျုံ့လိုက်သည်။

“အနည်းဆုံးတော့ သူတို့ ယီနော့အပေါ် ကောင်းတာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ သူတို့မှာ တခြား ရည်ရွယ်ချက်တွေ ရှိလိမ့်မယ်လို့ ကျွန်မ သံသယဖြစ်မိတယ်။”

သူမက ပြန်ဖြေလိုက်သည်။

အခန်း ၈၄၀- ရန်လိုရခြင်းအကြောင်းရင်းနှင့် ရှောင်းယီကို ရှာရန်ထွက်လာသော ဖုန်းယု

ဒိုယာက ဆက်ပြောလိုက်သည်။

“ကျွန်မ ယီနော့ရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးပြီးပြီ။ ဘာပြဿနာမှ မရှိဘူး။ သူ့ရဲ့ ရုပ်ခန္ဓာက A အဆင့်ကို တကယ်ပဲ ရောက်သွားတာမှန်ပေမယ့် တစ်ခုခု မှားနေသလို ကျွန်မ အမြဲခံစားနေရတယ်။”

အလင်းနတ်သူငယ် ဘုရင်မ ဟေးလ်က ခေါင်းငြိမ့်လိုက်သည်။

“အင်း... အပြင်လူတွေက တကယ်ကို ယုံကြည်လို့မရဘူး...အဟွတ်...အဟွတ်...။”

သူမက ပြန်ဖြေလိုက်သည်။

ဟေးလ်သည် အပြင်းအထန် ချောင်းအနည်းငယ် ဆိုးလိုက်သဖြင့် ဖုန်းယုက ချက်ချင်း ရှေ့သို့တိုးကာ ပြောလိုက်သည်။

“ဘုရင်မ အနားယူသင့်ပါပြီ။”

ယီနော့သည် ပုံမှန်မဟုတ်ဘဲ အားနည်းနေသော ဟေးလ်ကို ကြည့်ကာ မနေနိုင်ဘဲ မေးလိုက်မိ၏။

“ဘုရင်မ ဘာဖြစ်တာလဲဟင်။”

“ဟွမ့်...ဟိုအပြင်လူတွေကြောင့် မဟုတ်ရင် ဘယ်သူ့ကြောင့် ဖြစ်ရမှာလဲ။”

ဒိုယာက ဒေါသတကြီး ပြောလိုက်သည်။ ယီနော့ အလွန်အံ့သြသွားခဲ့၏။

“ဘုရင်မက အပြင်လူတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတာလား။ ဒါပေမဲ့ အဲဒီအပြင်လူတွေရဲ့ ခွန်အားက အကန့်အသတ်ရှိတယ်။ သူတို့က ဘယ်လိုလုပ်ပြီး ဘုရင်မကို နာကျင်အောင် လုပ်နိုင်မှာလဲ။”

“နင်က ငယ်သေးတယ်။”

ဒိုယာက သက်ပြင်းချလိုက်သည်။

“နင် သိထားဖို့က အမှောင်နတ်သူငယ် မျိုးနွယ်စုမှာ ဘုရင်မ ဆယ်ဆက်အထိ လက်ဆင့်ကမ်းနိုင်ခဲ့ပေမယ့် ငါတို့ အလင်းနတ်သူငယ်တွေကတော့ သုံးဆက်ပဲ ရှိသေးတယ်။ ဘာလို့လဲဆိုတာ နင်သိလား။”

ယီနော့၏ မျက်လုံးများတွင် ပဟေဠိများဖြင့် ပြည့်နှက်သွားခဲ့သည်။

“ဘာလို့ ဒီလောက် နည်းရတာလဲဟင်။”

“နည်းတာမဟုတ်ဘူး။ ငါတို့မှာ လက်ဆင့်ကမ်းနိုင်စွမ်း မရှိတော့လို့ပဲ။”

ဒိုယာက နာကြည်းစွာ ပြောလိုက်၏။

“ဒါတွေအားလုံးက လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သိန်းက အပြင်လူတွေကြောင့်ပဲ။”

ယခုအခါ ယီနော့သာမက သူမဘေးရှိ ဖုန်းယုပင်လျှင် ကြောင်အသွားတော့သည်။

လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းခန့်က နတ်သူငယ်တိုက်ကြီးပေါ်သို့ အပြင်လူများ ရောက်ရှိလာခဲ့ကြ၏။ ထိုအပြင်လူများသည် အလွန်အမင်း အစွမ်းမထက်သော်လည်း သူတို့လက်ထဲတွင် ထူးဆန်းသော လက်နက်မျိုးစုံ ပါရှိသည်။

ထိုလက်နက်များကို အသုံးပြု၍ အပြင်လူများသည် အဆင့်နိမ့် နတ်သူငယ်များကို အနည်းဆုံး ဖမ်းဆီးနိုင်ခဲ့ပြီး ဖမ်းဆီးခံရသည့် နတ်သူငယ်များကို လူသားလူ့အဖွဲ့အစည်းသို့ ကျွန်အဖြစ် ပြန်လည်ရောင်းချခဲ့ကြသည်။

“အဲဒီအချိန်က ငါတို့လူတချို့ကို ပြန်ကယ်ခဲ့သေးတယ်။ သူတို့ ဘယ်လောက်တောင် သနားဖို့ကောင်းခဲ့သလဲဆိုတာ နင်တို့သိလား။”

ဒိုယာက အံကြိတ်ရင်း မေးလိုက်၏။

ဖုန်းယုသည် အသက် သုံးထောင်ကျော်နေပြီ ဖြစ်သော်လည်း ဤလျှို့ဝှက်ချက်များကို ကြားဖူးသည်မှာ ပထမဆုံးအကြိမ်ပင် ဖြစ်ရာ သူမထက် ငယ်သော ယီနော့ဆိုလျှင် ပြောနေရန်ပင် မလိုတော့ပေ။ သူတို့နှစ်ဦးစလုံးမှာ အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ကြသည်။

“ငါတို့ မျိုးနွယ်စုဝင် အမျိုးသမီးတွေက လူသားလူ့အဖွဲ့အစည်းမှာ အမျိုးမျိုး အရှက်ခွဲ စော်ကားခံခဲ့ရတယ်။ လူသားတွေက သူတို့ကို စိတ်တိုင်းကျ ဖျက်ဆီးလို့ရတဲ့ ကျွန်တွေလိုပဲ သဘောထားခဲ့ကြတာ။”

ဒိုယာက ဟိန်းဟောက်လိုက်၏။

“ငါပြောတာတွေကို နင်တို့ သံသယဝင်နေစရာ မလိုဘူး။ ဒါတွေအားလုံးကို နတ်သူငယ်မျိုးနွယ်စုရဲ့ ယဇ်ပလ္လင်မှာရှိတဲ့ ‘ရေလမင်း ပုံရိပ်ကြည့်မှန်’ကို သုံးပြီး ကြည့်လို့ရတယ်။ အဲဒီအချိန်က ငါတို့လူတွေရဲ့ သနားစရာကောင်းတဲ့ အခြေအနေတွေကို အကုန်မြင်ရလိမ့်မယ်။”

ဒိုယာက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့... ကျွန်မတွေ့ခဲ့တဲ့ လူသားတွေကတော့ အကြီးအကဲပြောသလို မဟုတ်ဘူးထင်တယ်။”

ယီနော့က တိုးတိုးလေး ပြောရှာသည်။

“နင် သူတို့ရဲ့ လှည့်ဖြားမှုကို ခံလိုက်ရတာပဲ။”

ဒိုယာက ဒေါသတကြီး ဆိုသည်။

ဖုန်းယုက မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။

“ဒါပေမဲ့ ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သိန်းကျော်က ကိစ္စပဲလေ။ အခု လက်ရှိ ဘုရင်မနဲ့ ဘာမှမဆိုင်ဘူး မဟုတ်လား။”

“မဆိုင်ဘူး ဟုတ်လား။”

ဒိုယာက အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။

“အများကြီး ဆိုင်တာပေါ့။”

လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းက အပြင်လူများ ပေါ်လာစဉ်က ဘုရင်မ၏ အမည်မှာ ရှီးစီဖြစ်သည်။ လူသားများနှင့် တိုက်ခိုက်ရင်းဖြင့် သူမသည် အပြင်လူတစ်ဦးနှင့် မထင်မှတ်ဘဲ ချစ်ကျွမ်းဝင်ခဲ့၏။

ဒိုယာ၏ စကားအရဆိုလျှင် ထိုအပြင်လူက ချိုသာသော စကားလုံးများဖြင့် ဘုရင်မ ရှီးစီ၏ ခံစားချက်များကို လှည့်ဖြားခဲ့ခြင်းဖြစ်သည်။

“သူက ငါတို့ နတ်သူငယ်မျိုးနွယ်စုရဲ့ ရတနာဖြစ်တဲ့ အလင်းစမ်းရေကို ရဖို့အတွက်သက်သက်နဲ့ ဘုရင်မ ရှီးစီကို ချဉ်းကပ်ခဲ့တာ။”

ဒိုယာက ဒေါသတကြီး ပြောလိုက်သည်။

“အချစ်မှာ မျက်စိကန်းသွားတဲ့ ဘုရင်မရှီးစီက ငါတို့ နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ အလင်းစမ်းရေတွေ အကုန်လုံးကို အဲဒီအပြင်လူရဲ့ ရုပ်ခန္ဓာအဆင့် တက်ဖို့အတွက် ပေးခဲ့တယ်။”

ထိုစကားကို ကြားလိုက်ရသည့်အခါ ဖုန်းယု နားလည်သွားတော့သည်။ အလင်းစမ်းရေတွင် ထူးခြားချက်တစ်ခု ရှိ၏။ ၎င်းမှာ အကုန်အစင် ခပ်ယူ၍မရခြင်းပင်။ အကယ်၍ တစ်ခါတည်းနှင့် အကုန်ခပ်ယူလိုက်ပါက စမ်းရေထွက်နှုန်းမှာ အလွန်နှေးကွေးသွားခြင်းမျိုးမဟုတ်လျှင် လုံးဝ ခန်းခြောက်သွားနိုင်ပေသည်။

လွန်ခဲ့သော နှစ်ပေါင်း တစ်သိန်းက ရှီးစီသည် အလင်းစမ်းရေအားလုံးကို ယူဆောင်သွားခဲ့ပြီးနောက် စမ်းရေမှာ ခန်းခြောက်လုနီးပါး ဖြစ်သွားခဲ့သည်။

အလင်းစမ်းရေ မရှိတော့သဖြင့် အလင်းနတ်သူငယ်များသည် သူတို့၏ ရုပ်ခန္ဓာကို SSS အဆင့်အထိ မြှင့်တင်ရန် ခက်ခဲသွားခဲ့၏။ ထို့ကြောင့် ယခင်ဘုရင်မများမှာ မတောင့်ခံနိုင်တော့သည့် အခြေအနေအထိသာ ကြိုးစားနေထိုင်ခဲ့ကြပြီး SSS အဆင့်နှင့် အနီးစပ်ဆုံးရှိသည့် နောက်ထပ် နတ်သူငယ်တစ်ဦးထံသို့သာ ဘုရင်မအာဏာကို လက်ဆင့်ကမ်းခဲ့ကြရသည်။

အမှောင်နတ်သူငယ်များတွင်မူ ဤပြဿနာမရှိဘဲ မျိုးဆက်တစ်ခုပြီးတစ်ခု ပုံမှန်အတိုင်း လက်ဆင့်ကမ်းနိုင်ခဲ့ကြ၏။

“အခု အလင်းစမ်းရေက ခန်းခြောက်လုနီးပါး ဖြစ်နေပြီ။ SSS အဆင့် ကို ရောက်နိုင်ဖို့အတွက် ဘုရင်မက တားမြစ်ကျွန်းထဲကို ဝင်ပြီး အဆင့်မြင့်အစားအစာ သွားရှာခဲ့ရတယ်။ ဒါပေမဲ့ အခု တားမြစ်ကျွန်းက အရမ်းကြောက်စရာကောင်းနေပြီ။ ဘုရင်မက ကျွန်းထဲဝင်ဝင်ချင်းမှာပဲ ကျားတစ်ကောင်ရဲ့ တိုက်ခိုက်မှုကို ခံရပြီး ဒဏ်ရာနဲ့ ပြန်ဆုတ်လာခဲ့ရတယ်။”

ဒိုယာသည် လက်ရှိ ဘုရင်မ ဟေးလ် ဒဏ်ရာရရခြင်း အကြောင်းရင်းကို နောက်ဆုံးတွင် ဖွင့်ပြောလိုက်တော့လေသည်။

ဖုန်းယုနှင့် ယီနော့တို့သည် အကြီးအကဲ ဒိုယာ အဘယ်ကြောင့် အပြင်လူများကို ဤမျှ ရန်လိုနေရသည်ကို နောက်ဆုံး၌ နားလည်သွားကြတော့သည်။

ယီနော့က မနေနိုင်ဘဲ မေးလိုက်၏။

“နောက်ပိုင်းမှာ ဘုရင်မ ရှီးစီ ဘာဖြစ်သွားလဲဟင်။”

“နတ်သူငယ်မျိုးနွယ်စုရဲ့ စည်းမျဉ်းကို ချိုးဖောက်ပြီး လူသားတစ်ယောက်နဲ့ ချစ်သူဖြစ်ခဲ့တဲ့အတွက် သူ အကျဉ်းချခံခဲ့ရတယ်။ ရှီးစီဟာ အဲဒီလူသား သူ့ကို လာရှာမယ့်ရက်ကို စောင့်နေခဲ့ပေမယ့် အဲဒီလူက နောက်ဆုံးအထိ ပြန်မလာခဲ့ဘူး။”

ဒိုယာက သက်ပြင်းချရင်း ဆိုသည်။

“တကယ်တော့ ဘုရင်မ ရှီးစီကလည်း သားကောင်တစ်ယောက်ပါပဲ။ ဒါတွေအားလုံးက ဟိုအပြင်လူတွေကြောင့် ဖြစ်ရတာ။”

ထိုစဉ် ဟေးလ်သည် ပြင်းထန်စွာ ထပ်မံချောင်းဆိုးလိုက်ပြီး သွေးမည်းအချို့ကို အန်ထုတ်ကာ သတိမေ့သွားတော့လေသည်။

“ဘုရင်မ...။”

ဒိုယာနှင့် အခြားသူများမှာ အော်ဟစ်ကာ အပြေးအလွှား သွားကြည့်လိုက်ကြ၏။

ယီနော့သည် ထိုအပြင်လူများတွင် အဆင့်မြင့်အစားအစာများ ရှိကြောင်းနှင့် သူတို့ ဖျားနာသည့်အခါ ဆေးတောင့်အချို့ သောက်လေ့ရှိကြောင်း ရုတ်တရက် သတိရသွားခဲ့သည်။ သူမသည် သူတို့နှင့် စကားမပြောနိုင်သော်လည်း ရှောင်းယီတို့အဖွဲ့ကို အချိန်အတော်ကြာ စောင့်ကြည့်ခဲ့ဖူးလေသည်။

“အကြီးအကဲ ဟိုအပြင်လူတွေကို လာကြည့်ခိုင်းရင် ဘယ်လိုလဲ။ သူတို့ဆိုရင် ဘုရင်မရဲ့ ဒဏ်ရာကို ကုပေးနိုင်လောက်တယ်။”

ယီနော့က ရုတ်တရက် ပြောလိုက်သည်။

“မဖြစ်ဘူး...။ ဘုရင်မ ဒီလိုဖြစ်ရတာ အဲဒီအပြင်လူတွေကြောင့်ပဲ။ အခု သူတို့ကို ကုခိုင်းမယ် ဟုတ်လား။ နင်က ငါတို့တစ်မျိုးနွယ်လုံးရဲ့ အသက်ကို ရင်းချင်နေတာလား။”

ဒိုယာက ချက်ချင်း ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်၏။

ယီနော့သည် ဘယ်က သတ္တိများ ရောက်လာသည်မသိဘဲ အကျိုးအကြောင်းပြကာ ငြင်းခုံတော့လေသည်။

“သူတို့သာ ဘုရင်မကို ကယ်နိုင်မယ်ဆိုရင် ကျွန်မရဲ့ အသက်ကို ပေးဖို့ အသင့်ပဲ။”

ထိုစကားကို ကြားလိုက်ရသည့်အခါ ဒိုယာ မှင်တက်သွားခဲ့၏။ ဖုန်းယုသည်လည်း အနည်းငယ် ကြောင်အသွားပြီးနောက် ပြောလိုက်သည်။

“ကျွန်မလည်း အသက်ပေးဖို့ အသင့်ပါပဲ။”

ဒိုယာ အနည်းငယ် စဉ်းစားလိုက်ပြီးမှ နောက်ဆုံးတွင် ခေါင်းခါယမ်းလိုက်သည်။

“မဖြစ်ဘူး၊ ဒါက အရမ်း စွန့်စားရာကျလွန်းတယ်။ အားလုံး အပြင်ထွက်ကြတော့။”

ယီနော့က တစ်ခုခု ထပ်ပြောချင်သေးသော်လည်း ဖုန်းယုက သူမကို ဆွဲခေါ်ပြီး အပြင်သို့ ထွက်လာခဲ့၏။

“အကြီးအကဲ ပြောတာတွေက အမှန်ဆိုပေမယ့် ဒါတွေက နှစ်ပေါင်းများစွာ ကြာခဲ့ပြီလေ။ အပြင်လူတွေလည်း ပြောင်းလဲသွားနိုင်တာပဲ။ ဘာလို့များ သူတို့ကို အမြင်ဟောင်းတွေနဲ့ပဲ ကြည့်နေရတာလဲ။”

ယီနော့က ဒေါသတကြီး ပြောလိုက်သည်။ ဖုန်းယုက သက်ပြင်းချလိုက်၏။

“နင်သာ အကြီးအကဲရဲ့ နေရာမှာဆိုရင် ဘာလုပ်မလဲ။ အပြင်လူတွေက ငါတို့ နတ်သူငယ်မျိုးနွယ်စုကို အရင်က ဒုက္ခပေးခဲ့ဖူးတယ်လေ။ အခုလည်း ဘုရင်မက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရနေတယ်။ အကြီးအကဲက မျိုးနွယ်စုတစ်ခုလုံးကို တစ်ယောက်တည်း ပုခုံးထမ်းထားရတာ။ သူ့ရဲ့ ဖိအားကလည်း အရမ်းကြီးမားလွန်းတယ်။ ငါတို့ သူ့ကို နားလည်ပေးရမယ်။”

ဖုန်းယု၏ စကားကို ကြားသောအခါ ယီနော့သည် ဘေးရှိ သစ်ကိုင်းတစ်ခုပေါ်သို့ ခုန်တက်ကာ ထိုင်လိုက်ပြီး မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် မေးလိုက်သည်။

“ဒါဆိုရင် ကျွန်မတို့က ဘာမှမလုပ်ဘဲ ဒီအတိုင်း ထိုင်စောင့်နေရမှာလား။”

ဖုန်းယုက ခေါင်းခါလိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်၏။

“နင်ပြောသလို ဟိုလူသားတွေမှာ ဘုရင်မကို ကုသပေးနိုင်မယ့် နည်းလမ်းရှိတယ်ဆိုရင်တော့ ငါ အဲဒီကို သွားမယ်။”

“ကျွန်မလည်း လိုက်မယ်။ ကျွန်မက သူတို့နဲ့ နည်းနည်း အဆက်အသွယ်ရှိတယ်လေ။”

ယီနော့က ချက်ချင်း ပြောလိုက်သည်။ ဖုန်းယုက ခေါင်းခါလိုက်၏။

“ယီနော့ နင်က ဒီလောက်ငယ်ငယ်လေးနဲ့ A အဆင့် ခွန်အားကို ရထားတယ်။ နင်က နတ်သူငယ်မျိုးနွယ်စုရဲ့ မျှော်လင့်ချက်ပဲ။ နင် စွန့်စားလို့ မရဘူး။ ပြီးတော့ နင် ငါ့အတွက် အကာအကွယ်ပေးထားဖို့ လိုတယ်။ အကြီးအကဲက ငါ့အကြောင်း မေးလာရင် နင့်ကိုပဲ အားကိုးရလိမ့်မယ်။”

ယီနော့၏ မျက်နှာမှာ ပြန်လည်ညှိုးငယ်သွားပြီး အကူညီမဲ့စွာဖြင့် ခေါင်းညိတ်လိုက်ရလေသည်။

ဖုန်းယုသည် သူမ၏ ပုခုံးကို ပုတ်ပေးလိုက်ပြီးနောက် သစ်ကိုင်းပေါ်မှ ခုန်ဆင်းကာ တောအုပ်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

All Chapters