← Chapters

အခန်း (၈၅၃-၈၅၄)

Vol. 69 Ch. 853-854

အခန်း (၈၅၃-၈၅၄)

Vol. 69 Ch. 853-854

အခန်း ၈၅၃ - အမှန်အတိုင်းဖွင့်ဟခြင်း၊ အမှောင်နတ်သူငယ်တို့၏ တုံ့ပြန်မှု

ရှောင်းယီသည် ဆေးရုံမှ ထွက်ခွာခဲ့ပြီးနောက် အန်းရန်အား ဖုန်းဆက်ကာ ဆေးရုံ၏ ပြန်လည်သန်စွမ်းရေးဌာနရှိ နတ်သူငယ်များထံသို့ ထိုစာသားများပါသော အုတ်မြစ်ကျောက်များကို ပို့ဆောင်ပေးရန် ပြောလိုက်၏။

သူ ဖုန်းချလိုက်သည်နှင့် တစ်ပြိုင်နက် ကျန်းယွင်ထျန်းထံမှ ဖုန်းဝင်လာခဲ့သည်။

“ဟယ်လို အစ်ကိုကျန်း ပြန်ရောက်ပြီလား။”

ရှောင်းယီက သိချင်စိတ်ဖြင့် မေးလိုက်သည်။

ကျန်းယွင်ထျန်းသည် ယခုအချိန်တွင် နတ်သူငယ်တိုက်ကြီးပေါ်ရှိ ယာယီစခန်း၌ ရှိနေသင့်သည်ကို သူသိထားသည်။

“ဟုတ်တယ် အမှောင်နက်သူငယ်ဘုရင်မ ဆာရာက မင်းကို တွေ့ချင်နေတယ်။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

ရှောင်းယီသည် အနည်းငယ် စဉ်းစားပြီးနောက် ပြန်ပြောလိုက်သည်။

“ကောင်းပြီ ငါ အခုလာခဲ့မယ်။”

ရှောင်းယီသည် တည်နေရာကူးပြောင်းခြင်းအစီအရင်ကို အသုံးပြုကာ မကြာမီမှာပင် နတ်သူငယ်တိုက်ကြီးသို့ ရောက်ရှိသွားခဲ့သည်။

“ကျုပ်ဆီက ဘာလိုချင်တာရှိလို့လဲ။”

ယာယီစခန်းတွင် ဆာရာနှင့် တွေ့ဆုံသောအခါ ရှောင်းယီက တိုက်ရိုက်ပင် မေးလိုက်သည်။

ဆာရာက ခေါင်းငြိမ့်ပြီး ရှောင်းယီကို စိုက်ကြည့်ကာ မေးလိုက်သည်။

“နင်တို့ ငါတို့ရဲ့ နတ်သူငယ်တိုက်ကြီးပေါ်ကို တက်ရောက်လာတာက ဒီတိုက်ကြီးကို ပျောက်ကွယ်သွားစေမှာလား။”

ရှောင်းယီ၏ ရင်ခုန်သံ တစ်ချက်မှားသွားကာ ‘ဒီလောက်မြန်မြန် သိသွားပြီလား။’ ဟု စိတ်ထဲမှ တွေးလိုက်မိ၏။

“အမှန်ပဲ။”

အနည်းငယ် ဝေခွဲမရဖြစ်ပြီးနောက် ရှောင်းယီသည် အမှန်အတိုင်း ပြောပြရန်သာ ဆုံးဖြတ်လိုက်လေသည်။

ယင်းက ဆာရာကို အံ့အားသင့်သွားစေခဲ့သည်။

“နင် ဒီလောက် ပွင့်ပွင့်လင်းလင်း ပြောလိုက်တာ ငါတို့ နင်ကို မောင်းထုတ်မှာ မကြောက်ဘူးလား။”

“ပထမအချက်အနေနဲ့ ကျုပ်တို့က သူငယ်ချင်းတွေ ဒါမှမဟုတ် မဟာမိတ်တွေ ဖြစ်တဲ့အတွက် အပြန်အလှန် ရိုးသားဖို့ လိုအပ်တယ်။ မဟုတ်ရင် ကျုပ်တို့ရဲ့ ဆက်ဆံရေးကို ဆက်ထိန်းထားနိုင်မှာ မဟုတ်ဘူး။”

ရှောင်းယီက ပုခုံးတွန့်ကာ ပြန်ပြောလိုက်သည်။

“ဒုတိယအချက်က ကျုပ်တို့က ဒီကျွန်းပေါ်ကို မဖြစ်မနေ တက်ကိုတက်ရမယ်။ ဘာလို့လဲဆိုတော့ ဒီပေါ်မှာ ကျုပ်တို့အတွက် အရမ်းအရေးကြီးတဲ့ အရာတွေ ရှိနေလို့ပဲ။ နောက်ဆုံးအချက်ကတော့ ကျုပ် ဒီပဋိပက္ခကို ငြိမ်းချမ်းစွာပဲ ဖြေရှင်းချင်တယ်။”

ဆာရာက ရှောင်းယီကို မျက်မှောင်ကျုံ့ကာ ကြည့်လိုက်၏။

“ဘာပစ္စည်းတွေလဲ။ နင် ယူချင်ရင် ယူသွားလေ ဘာလို့ ငါတို့ရဲ့ နတ်သူငယ်တိုက်ကြီးကို ဖျက်ဆီးရမှာလဲ။”

“အုတ်မြစ်ကျောက်တွေရယ်၊ ပြီးတော့ အချို့သော စာလိပ်တွေပေါ့။”

ရှောင်းယီက ဘေးသို့ လျှောက်သွားပြီး ရေတစ်ဖန်ခွက်ကို ငှဲ့ကာ ဆာရာ့ရှေ့တွင် ချပေးလိုက်သည်။

“တိတိကျကျ ပြောရရင် မင်းတို့ရဲ့ နတ်သူငယ်တိုက်ကြီး ပျောက်ကွယ်နေတာက ကျုပ်တို့ ဖျက်ဆီးနေလို့ မဟုတ်ဘဲ ဒီကမ္ဘာရဲ့ ‘ကမ္ဘာ့စည်းမျဉ်း’ တွေကြောင့်ပဲ။”

“ကမ္ဘာ့စည်းမျဉ်းလား။”

ဆာရာသည် မျက်မှောင်ကျုံ့သွားကာ ထိုစကားကို သူမ ကောင်းကောင်း နားမလည်နိုင်ချေ။

ရှောင်းယီက ဆက်လက်ရှင်းပြလိုက်သည်။

“ကျုပ် ဒီကမ္ဘာကို ရောက်တာ ၈၄ ရက်ပဲ ရှိသေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ ဘာမှမရှိရာကနေ အခု အမျိုးမျိုးသော စက်ကိရိယာတွေနဲ့ လက်နက်တွေကို ထုတ်လုပ်နိုင်နေပြီ။ ဥပမာ မင်းတို့ မြင်ခဲ့ရတဲ့ နတ်သူငယ်ချင်းလေးတွေထက် ပိုမြန်တဲ့ သေနတ်တွေ၊ ပြီးတော့ အဆင့်မြင့် အစားအသောက်တွေ၊ အဆင့်မြင့် ရေသန့်နဲ့ သစ်သီးတွေပေါ့။ ဒါတွေက ဘာကြောင့်လဲဆိုတာ မင်းသိလား။”

ဆာရာက ခေါင်းခါပြလိုက်သည်။

“ဒါက ကမ္ဘာ့စည်းမျဉ်းတွေကြောင့်ပဲ။ ကျုပ်တို့ ဒီကမ္ဘာကို ရောက်လာတဲ့အခါ အဲဒါက ကျုပ်တို့ကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခု ပေးခဲ့တယ်။ အဲဒီ ကျောက်တိုင်ပေါ်မှာ ထုတ်လုပ်မှုပုံစံရှိနေသရွေ့ ကျုပ်တို့ ဘာကိုမဆို ချက်ချင်း ထုတ်လုပ်နိုင်တယ်။”

ရှောင်းယီက ရှင်းပြလိုက်သည်။

ယခုအခါ ဆာရာမှာ အံ့အားသင့်သွားခဲ့ရ၏။

“ချက်ချင်း ထုတ်လုပ်နိုင်တယ် ဟုတ်လား။”

“ဟုတ်တယ်။ ရိုးရိုးလေး ပြောရရင် ဒီက အိမ်တွေနဲ့ တံတိုင်းတွေကို ကျုပ်တို့ အသက်ရှင်ကျန်ရစ်သူတွေရဲ့ ကျွန်းတွေပေါ်မှာ ချက်ချင်း ထုတ်လုပ်နိုင်တယ်။”

ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။ ဆာရာကလည်း အနည်းငယ် ခေါင်းငြိမ့်လိုက်ပြီး မေးလိုက်သည်။

“ဒါပေမဲ့ အဲဒါက ငါတို့ နတ်သူငယ်တိုက်ကြီး ပျောက်ကွယ်တာနဲ့ ဘာဆိုင်လို့လဲ။”

“ကမ္ဘာ့စည်းမျဉ်းတွေက မင်းတို့ရဲ့ ဒီတိုက်ကြီးပေါ်မှာ ရတနာသေတ္တာတွေကို အများကြီး ချထားပေးတယ်။ ကျုပ်တို့ အသက်ရှင်ကျန်ရစ်သူတွေကပဲ အဲဒီသေတ္တာတွေကို ဖွင့်နိုင်တာ။ အဲဒီသေတ္တာတွေကို ဖွင့်ပြီးရင် ကျုပ်တို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးရှိတဲ့ အုတ်မြစ်ကျောက်တွေနဲ့ စာလိပ်တွေကို ရရှိလိမ့်မယ်။”

ရှောင်းယီက ဆက်လက်ရှင်းပြလိုက်၏။

“ပြီးတော့ ကျုပ်တို့ ဒီတိုက်ကြီးပေါ်ကို တက်လိုက်တာနဲ့ ပင်လယ်ရေက ဒါကို စတင်မြုပ်နှံတော့တာပဲ။ ဒါကို ကျုပ်တို့လည်း မထိန်းချုပ်နိုင်ဘူး။ မင်းတို့လည်း မထိန်းချုပ်နိုင်ဘူး။”

“တစ်နည်းအားဖြင့် ပြောရရင် နင်ပြောတဲ့ ကမ္ဘာ့စည်းမျဉ်းတွေက ငါတို့ကြားမှာ ပဋိပက္ခဖြစ်အောင် လုပ်နေတာပေါ့။”

ဆာရာက ချက်ချင်း တုံ့ပြန်လိုက်သည်။

“အတိအကျပဲ။ အဲဒါကြောင့်လည်း ကျူပ်က ဒီကိစ္စကို ငြိမ်းချမ်းစွာ ဖြေရှင်းချင်နေတာပေါ့။”

ရှောင်းယီက ပြန်ပြောလိုက်၏။

“အကယ်၍ ငါ နင်တို့ကို မောင်းထုတ်လိုက်ရင် ဒီနစ်မြုပ်နေတာတွေက ရပ်သွားမှာလား။”

ဆာရာက အနည်းငယ်စဉ်းစားပြီး မေးလိုက်သည်။

“ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့စည်းမျဉ်းတွေက မင်းတို့ရဲ့ နတ်သူငယ်တိုက်ကြီးကို လွှတ်ပေးထားမယ်လို့ ထင်လို့လား။”

ရှောင်းယီက ပြန်မေးလိုက်သည်။

“အနည်းဆုံးတော့ ကျုပ်တို့က စကားပြောလို့ရသေးတယ်။ တခြားလူသားတွေ လာခဲ့မယ်ဆိုရင် မင်းတို့ ဒီလို ချောချောမွေ့မွေ့ ဆက်သွယ်နိုင်မယ်ဆိုတာ သေချာလား။ ဘာသာစကား အခက်အခဲနဲ့ အရင်းခံ ပဋိပက္ခတွေကြောင့် တကယ်တမ်း တိုက်ပွဲဖြစ်လာခဲ့ရင် မင်းတို့အနေနဲ့ ဒီသေနတ်တွေ၊ အမြောက်တွေကို ခုခံနိုင်မယ်ဆိုတာ မသေချာဘူး။”

ဆာရာသည် တစ်စုံတစ်ရာ မဆုံးဖြတ်ရသေးသော်လည်း ပြန်မေးလိုက်သည်။

“နင်က ဒီပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းချင်တယ်လို့ ပြောတယ်။ ဒါဆို ဘယ်လို ဖြေရှင်းချင်တာလဲ။”

“မင်းတို့ ဒီတိုက်ကြီးကနေ ပြောင်းရွှေ့ပေးရမယ်။”

ရှောင်းယီက တိုက်ရိုက်ပင် ပြောလိုက်၏။

ထိုးစကားကို ကြားတော့ ဆာရာ ဆွံ့အသွားခဲ့ပြီး ရုတ်တရက် ရယ်မောလိုက်လေသည်။

“ဒါဆို နတ်သူငယ်သစ်ပင်ကို ရွှေ့လို့ရမလားဆိုပြီး အရင်က နင်သွယ်ဝိုက်ပြီးမေးခဲ့တာက ဒီအစီအစဉ်ရှိလို့ကိုး။”

“ဟုတ်ပါတယ်။”

ရှောင်းယီက ပြတ်သားစွာ ဝန်ခံလိုက်၏။

“ကျုပ်ရဲ့အမြင်အရတော့ ဒါက အကောင်းဆုံး အဖြေပဲ။”

“ဘယ်ကို ပြောင်းရွှေ့ရမှာလဲ။”

ဆာရာက ဆက်မေးလိုက်သည်။

“ကျုပ်ရဲ့ကျွန်းကိုပေါ့။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ကျုပ်ရဲ့ကျွန်းပေါ်မှာ တခြားမျိုးနွယ်စုတွေ ရှိနှင့်ပြီးသားပါ။ အားလုံး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်အောင် ကျုပ် ကြိုးစားနေတယ်။ မင်းတို့အတွက် တိတ်ဆိတ်အေးချမ်းတဲ့ နေထိုင်မှု ပတ်ဝန်းကျင်ကို ရစေရမယ်လို့ ကျုပ် အာမခံနိုင်ပါတယ်။”

ဆာရာက ခေါင်းခါလိုက်၏။

“နင် ငါတို့ကို စတွေ့ကတည်းက ဒီအစီအစဉ် ရှိနေခဲ့တာပဲ မဟုတ်လား။”

ရှောင်းယီ ခေါင်းငြိမ့်ပြလိုက်သည်။

“ငါ နားလည်ပြီ။”

ဆာရာက မတ်တပ်ထရပ်လိုက်၏။

ဆာရာသည် သူ့ကို ဖမ်းဆီးရန် သို့မဟုတ် သတ်ပစ်ရန် ကြိုးစားလာမည်ကို စိုးရိမ်သဖြင့် ရှောင်းယီက တိတ်တဆိတ် သတိကပ်ထားလိုက်သည်။

သို့သော် ဆာရာသည် စခန်းထဲမှ လှည့်ထွက်သွားခဲ့ရုံသာဖြစ်၏။

သူမ ဘာကို ဆိုလိုသည်ကို ရှောင်ယီ နားမလည်ချေ။

တိုက်ပွဲက ရှောင်လွှဲလို့ မရနိုင်သေးဘူးလား။

ခေါင်းကို ခါယမ်းရင်း ရှောင်းယီက ဘေးရှိ ကျန်းယွင်ထျန်းကို ပြောလိုက်သည်။

“အစ်ကိုကျန်း မင် သတိနဲ့ စောင့်ကြည့်ထားပါ။ အမှောင်နတ်သူငယ်မျိုးနွယ်စုက ဘာကို ရွေးချယ်မလဲဆိုတာ မသိသေးဘူး။ သူတို့ ငါတို့ကို တိုက်ခိုက်လာနိုင်တယ်။”

“နားလည်ပြီ။”

ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်သည်။

ရှောင်းယီ အနည်းငယ်စဉ်းစားပြီးနောက် မြို့ပြန်ကျောက်ကို သုံးကာ မိမိ၏ အိပ်ခန်းသို့ ပြန်သွားခဲ့လိုက်သည်။

သူသည် အမှောင်နတ်သူငယ်များကို အသိပေးပြီးပြီဖြစ်ရာ အလင်းနတ်သူငယ်များကိုလည်း ဤကိစ္စအား အသိပေးသင့်သည်ဟု ဆုံးဖြတ်လိုက်လေသည်။

အကယ်၍ အလင်းနတ်သူငယ်များက တခြားနည်းလမ်းဖြင့် သိသွားခဲ့ပါက သူ့အပေါ် မြင်သည့်အမြင်မှာ ပို၍ပင် ဆိုးရွားသွားနိုင်ပေသည်။

ထိုသို့တွေးပြီး ရှောင်းယီ ဆေးရုံသို့ တစ်ခေါက် ပြန်သွားခဲ့ရပြန်၏။ ဟေးလ်သည် ဆေးရုံမှ သူမအတွက် အထူးပြင်ဆင်ထားသော SSS အဆင့် ပြန်လည်ကျန်းမာရေး အစားအစာများကို စားနေခဲ့ လေသည်။

ဟေးလ်ကို ပြုစုရန် လိုက်လာခဲ့သော ဒိုယာနှင့် ဖုန်းယုတို့အတွက်ပင် သူတို့၏ အဆင့်နှင့် ကိုက်ညီသော အဆင့်မြင့် အစားအစာများကို ကျွေးမွေးထားခဲ့သည်။

ရှောင်းယီ ဝင်လာသည်ကို မြင်သောအခါ ဒိုယာက ချက်ချင်းပင် အစားအသောက်ကို ချထားလိုက်ပြီး သူ့ကို ကြိုဆိုရန် ရှေ့သို့ ထွက်လာခဲ့၏။

“မင်းတို့ ညစာစားနေတာကို နှောင့်ယှက်မိသလို ဖြစ်သွားရင် တောင်းပန်ပါတယ်။”

ရှောင်းယီက ပြုံးကာ ဒိုယာကို ပြန်ထိုင်ပြီး စားရန် အချက်ပြလိုက်သည်။

“မနှောင့်ယှက်မိပါဘူး။ ပြောရရင် ကျွန်းပိုင်ရှင်ရှောင်းရဲ့ ကျွန်းပေါ်မှာ အဆင့်မြင့် အစားအသောက်တွေ တကယ်ကို ပေါများတာပဲ။”

ဟေးလ်က ပြုံးကာ ပြောလိုက်သည်။

“မင်းတို့ စားရင်းနဲ့ ကျုပ်စကားကို နားထောင်လို့ရပါတယ်။”

ရှောင်းယီက အနီးရှိ ကုလားထိုင်တစ်ခုတွင် ဝင်ထိုင်ပြီး ပြောလိုက်သည်။

“ကျုပ် ရှင်းရှင်းလင်းလင်း ပြောပြရမယ့် အရာအချို့ ရှိနေလို့ပါ။”

ဟေးလ်က စိတ်ထဲမှ ‘နောက်ဆုံးတော့ ရောက်လာပြီပဲ!’ ဟု တွေးလိုက်မိ၏။

အလင်းနတ်သူငယ်ဘုရင်မ တစ်ဦးအနေဖြင့် ဟေးလ်သည် အလကားရသော နေ့လည်စာဆိုသည်ကို ဘယ်သောအခါမှ မယုံကြည်ခဲ့ပေ။

ရှောင်းယီက အလင်းနတ်သူငယ်မျိုးနွယ်စုအပေါ် ယခုတစ်ကြိမ် အလွန်ကောင်းမွန်စွာ ဆက်ဆံထားသည်မှာ တစ်စုံတစ်ခုသော ရည်မှန်းချက် ရှိရမည်သာဖြစ်သည်။ ယခုမူ သူ မအောင့်ထားနိုင်တော့ဘဲ ဖွင့်ပြောတော့မည်လော။

ဒိုယာကလည်း သတင်းကောင်း မဟုတ်နိုင်ကြောင်း သိလိုက်ပုံရကာ ဟေးလ်၏ ကုတင်ဘေးသို့ တိုးကပ်သွားခဲ့သည်။

“ပြောပါဦး။ ကျွန်မတို့ နတ်သူငယ်မျိုးနွယ်စုအပေါ် ရှင် ဘာလို့ ဒီလောက်တောင် ကောင်းနေရတာလဲဆိုတာ ကျွန်မလည်း သိချင်နေတာပါ။”

ဟေးလ်က ဤအရာကို မျှော်လင့်ထားသည့်အလား ရှောင်းယီကို ကြည့်ကာ ပြောလိုက်လေသည်။

အခန်း ၈၅၄ - ဖွင့်ဟဝန်ခံခြင်းနှင့် အလင်းနတ်သူငယ်တို့၏ ဆုံးဖြတ်ချက်

ရှောင်းယီက ပုခုံးသာတွန့်လိုက်ပြီး တိုက်ရိုက်ပင် ပြောလိုက်သည်။

“တကယ်တော့ အကြီးအကဲ ဒိုယာ အစကတည်းက ပြောခဲ့တာ မှန်ပါတယ်။ ကျုပ်တို့လို အပြင်လူတွေ နတ်သူငယ်တိုက်ကြီးကို ကျူးကျော်ဝင်ရောက်တာက တိုက်ကြီးရဲ့ ပျက်သုဉ်းခြင်းကို အမှန်တကယ် ဆောင်ကြဉ်းလာလိမ့်မယ်။”

“ဘာပြောတယ်။”

ဖုန်းယုက ရှောင်းယီကို ထိတ်လန့်တကြား ကြည့်လိုက်၏။

ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်ပြီး အမှောင်နတ်သူငယ်ဘုရင်မကို သူပြောပြခဲ့ဖူးသည့် အကြောင်းအရာများကို သူတို့အား တစ်ဖန် ပြန်လည်ပြောပြလိုက်သည်။

“ဆိုလိုတာက ကမ္ဘာ့စည်းမျဉ်းတွေက ငါတို့ကို မင်းတို့လို အပြင်လူတွေနဲ့ တစ်နည်းမဟုတ်တစ်နည်း တွေ့ဆုံအောင် အမြဲတမ်း ဖန်တီးနေတယ်ပေါ့ ဟုတ်လား။”

ဟေးလ်က မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။

“အမှန်ပဲ။ တကယ်တော့ ကျုပ်တို့ အပြင်လူးတွေက အသက်ရှင်သန်ရဖို့အတွက် ကြိုးစားနေကြတာပါ။ ပြင်ပက ရန်လိုတဲ့ အင်အားစုတွေ တိုးပွားလာတာနဲ့အမျှ ကျုပ်တို့လည်း ကိုယ့်အင်အားကိုယ် မြှင့်တင်ရမယ်၊ ကျုပ်တို့ရဲ့ ကျွန်းတွေကို ချဲ့ထွင်ရမယ်၊ စာလိပ်တွေ ပိုရှာရမယ်။ ဒါတွေက ကျုပ်တို့ မဖြစ်မနေ လုပ်ဆောင်ရမယ့် အရာတွေပဲ။”

ရှောင်းယီက သက်ပြင်းချကာ ပြန်ပြောပြလိုက်သည်။

“ဒါဆိုရင် ငါတို့ ကျွန်းပိုင်ရှင်ရှောင်းနဲ့ တွေ့ခဲ့ရတာကိုပဲ ဝမ်းသာရမှာပေါ့။”

ဟေးလ်က ရုတ်တရက် ရယ်မောလိုက်၏။

ဒိုယာနှင့် ဖုန်းယုတို့မှာ အံ့အားသင့်သွားခဲ့ကြသည်။

ထိုစဉ် ဟေးလ်က ဆက်ပြောလိုက်သည်။

“တကယ်လို့ ငါတို့က တခြားအပြင်လူတွေနဲ့သာ တွေ့ခဲ့ရင် ဆက်သွယ်ပြောဆိုဖို့တောင် အခွင့်အရေးရှိမှာ မဟုတ်ဘူး။ တိုက်ပွဲတွေ အစောကြီးကတည်းက ဖြစ်နေလောက်ပြီ “

“အဲဒါတော့ ဟုတ်ပါတယ်။ အနည်းဆုံးတော့ နတ်သူငယ်ဘာသာစကားကို နားလည်တဲ့ တခြားဘယ်သူ့ကိုမှ ကျုပ် မတွေ့သေးဘူး။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“မင်း ဒါတွေကို ငါတို့ကို ပြောပြတယ်ဆိုကတည်းက ဒီပဋိပက္ခကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုခု ရှိလို့နေလို့ပဲ ဖြစ်ရမယ်။”

ဟေးလ်က ခဏတာ စဉ်းစားပြီးနောက် မေးလိုက်သည်။

“ရှိပါတယ်။ ဒါက ခင်ဗျားတို့ရဲ့ တစ်မျိုးနွယ်စုလုံး ကျုပ်ရဉ့ကျွန်းကို ပြောင်းရွှေ့လာဖို့ပဲ။”

ရှောင်ယီက ပြတ်ပြတ်သားသား ပြန်ပြောလိုက်၏။

ဟေးလ်က ခေတ္တမျှ တွေးတောနေပြီးနောက် ချက်ချင်းပင် “ကောင်းပြီ၊ ငါ သဘောတူတယ်” ဟု ဆိုလိုက်သည်။

ရှောင်းယီပင် အံ့အားသင့်သွားခဲ့ပြီး ဒိုယာကမူ လောလောလောလောဖြင့် တားမြစ်လာခဲ့သည်။

“အရှင်မ၊ ကျေးဇူးပြုပြီး ပြန်စဉ်းစားပေးပါဦး။”

“ပြန်စဉ်းစားနေဖို့ မလိုတော့ဘူး။”

ဟေးလ်က ချက်ချင်းပင် တုံ့ပြန်လိုက်သည်။

“ကျွန်းပိုင်ရှင်ရှောင်းသာ မရှိရင် ငါက အခုချိန်မှာ ဘီလူးကြီးတွေရဲ့ လက်ထဲကို ရောက်နေလောက်ပြီ။ ငါတို့ အလင်းနတ်သူငယ် မျိုးနွယ်စုဟာလည်း လှံတွေ၊ အမြောက်တွေ ကိုင်ထားတဲ့ အသက်ရှင်ကျန်ရစ်သူတွေကို ခုခံနိုင်မှာ မဟုတ်ဘူး။ ဒါ့အပြင်...”

ဟေးလ်က ခေတ္တရပ်တန့်လိုက်ပြီး ဆက်ပြောလိုက်၏။

“ကျွန်းပိုင်ရှင်ရှောင်းက ငါတို့ရဲ့ အလင်းစမ်းရေတွင်းကိုလည်း ပြန်လည်အသက်ဝင်အောင် ကူညီပေးခဲ့တယ်။ အဲ့ဒါကြောင့် ငါတို့မျိုးနွယ်စုရဲ့ အမွေအနှစ်တွေ ဆက်လက်တည်တံ့နိုင်ခဲ့တာပဲ။ ဒီတော့ ဝေခွဲမရဖြစ်နေဖို့ ဘာလိုသေးလို့လဲ။”

ဟေးလ်၏ စကားကို ကြားရသောအခါ ကန့်ကွက်ရန် ပြင်နေသော ဒိုယာမှာ ပါးစပ်ဟရုံသာ တတ်နိုင်ပြီး ဘာမှ ဆက်မပြောတော့ပေ။

“ခင်ဗျားတို့ ပြောင်းရွှေ့လာဖို့ သဘောတူတာ ဝမ်းသာစရာပဲ။”

ရှောင်းယီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ အမှန်တော့ အလင်းနတ်သူငယ်များသည် အမှောင်နတ်သူငယ်များကဲ့သို့ အချိန်ယူရလိမ့်ဦးမည်ဟု သူ ထင်ထားခဲ့ခြင်းဖြစ်၏။

“ဒါပေမဲ့ ကျွန်းပိုင်ရှင်ရှောင်း... ငါ့မှာ တောင်းဆိုချက်အချို့တော့ရှိတယ်။ ဒါတွေကို ရှင်သဘောတူလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မဟုတ်ရင်တော့ ကျွန်မတို့ ရှင်နဲ့ တိုက်ပွဲဝင်ဖို့ပဲ ရှိတော့တယ်။”

ဟေးလ်က ရှောင်းယီကို လေးနက်သော အသံဖြင့် ကြည့်ကာ ပြောလိုက်သည်။

“ပြောပါ။”

“ပထမအချက်က ကျွန်မတို့ နတ်သူငယ်မျိုးနွယ်စုအတွက် သီးခြားအခြေချနေထိုင်ရာနေရာ လိုအပ်တယ်။ ကျွန်မတို့ရဲ့ ခွင့်ပြုချက်မရှိဘဲ လူသားတွေ ဒါမှမဟုတ် တခြားမျိုးနွယ်စုတွေ ကျွန်မတို့နေရာထဲ ဝင်လာလို့ မရဘူး။ ကျွန်မတို့ အနှောင့်အယှက် မခံချင်ဘူး။”

“ပြဿနာမရှိပါဘူး။ သမန်းဝံပုလွေမျိုးနွယ်စုတွေ အစောပိုင်း ရောက်လာတုန်းကလည်း သီးခြားနေရာ ပေးထားခဲ့တာပါပဲ။”

ရှောင်းယီက အလွယ်တကူ သဘောတူလိုက်သည်။

“ဒုတိယအချက်က ရှင်တို့ လူသားတွေနဲ့ တန်းတူအခွင့်အရေး ရချင်တယ်။ ဥပမာ လူသားတွေ ဆေးရုံတက်လို့ရရင် ကျွန်မတို့လည်း ရရမယ်။ နောက်ပြီး အပန်းဖြေစခန်း ရှိတယ်လို့လည်း ကျွန်မကြားထားတယ်။ အဲဒီကိုလည်း ကျွန်မတို့ကို ဝင်ခွင့်ပေးရမယ်။”

ထိုစကားကိုကြားသောအခါ ရှောင်းယီက ပြုံးလျက် ပြန်ဖြေလိုက်သည်။

“ဒါတွေက ကျုပ်တို့ကျွန်းပေါ်မှာ သတ်မှတ်ထားပြီးသား စည်းမျဉ်းတွေပါပဲ။ အဆင်ပြေပါတယ်။”

“တတိယအချက်က ကျွန်မတို့ နတ်သူငယ်မျိုးနွယ်စု အခက်အခဲနဲ့ ကြုံလာရင် ရှင် ဒါမှမဟုတ် ယီရန်ပင်း မဟာမိတ်အဖွဲ့ က ကျွန်မတို့ကို ကူညီရမယ်။ အလားတူပဲ ရှင်တို့ အခက်အခဲဖြစ်ရင်လည်း ကျွန်မတို့ ကူညီမှာပါ။”

“ဒါပေါ့။ ခင်ဗျားတို့ ကျုပ်ရဲ့ကျွန်းကို ရောက်လာပြီဆိုကတည်းက ကျုပ်တို့က တစ်သားတည်းပါပဲ။ အတူတူ အောင်မြင်မယ်၊ အတူတူ ရုန်းကန်မယ်၊ အချင်းချင်း ကူညီကြမယ်။ ဒါက သဘာဝပဲလေ။”

ရှောင်းယီက ပြန်ပြောလိုက်သည်။

သူမ၏ တောင်းဆိုချက်များကို ရှောင်းယီက ကန့်ကွက်ခြင်းမရှိသည်ကို မြင်သောအခါ ဟေးလ်က ပြုံးလိုက်၏။

“အခုကစပြီး ကျွန်မတို့လည်း ရှင့်ကို ကျွန်းပိုင်ရှင်၏လို့ပဲ ခေါ်ပါတော့မယ်။ ကျွန်မတို့က ရှင့်ရဲ့ကျွန်းသားတွေ ဖြစ်သွားပြီပဲလေ။”

ထိုစကားကိုကြားသောအခါ ရှောင်းယီက အားရပါးရ ရယ်မောလိုက်၏။

“ခေါ်ချင်သလို ခေါ်ပါ။ ဘာပဲဖြစ်ဖြစ် ရပါတယ်။ ကျုပ်ကို ခေါ်နေမှန်း သိရင်ရပါပြီ။ ဒါနဲ့ ဘယ်တော့ ပြောင်းလာကြမလဲ။”

ဟေးလ်က အနည်းငယ် စဉ်းစားလိုက်သည်။

“မြန်မြန်လုပ်လေ ပိုကောင်းလေပဲ။ ဒိုယာ နင်ပဲ ဒီကိစ္စကို ကိုင်တွယ်လိုက်ပါ။”

ဒိုယာက မျက်မှောင်ကျုံ့လိုက်သည်။

“ဟုတ်ကဲ့...ဒါပေမဲ့ နတ်သူငယ်သစ်ပင်က အရမ်းကြီးတော့ မြေကြီးထဲကနေ အကြာကြီး ခွဲထုတ်ထားလို့ မရပါဘူး။”

“ကျွန်းပိုင်ရှင်က ငါတို့ကို အလင်းစမ်းရေတွေ အများကြီး ပေးထားတာပဲလေ။”

ဟေးလ်က ပြန်ပြောလိုက်၏။

“လမ်းခရီးမှာ အဲဒီစမ်းရေတွေကို သစ်ပင်ကို တိုက်ကျွေးသွားရင် ဘာမှမဖြစ်နိုင်ပါဘူး။”

“ဒါပေမဲ့ နတ်သူငယ်တိုက်ကြီးနဲ့ ဒီကျွန်းက ဘယ်လောက်ဝေးမှန်းလည်း မသိသလို လမ်းမှာ ဘာတွေဖြစ်မလဲဆိုတာလည်း မသိပါဘူး။”

ဒိုယာက စိုးရိမ်နေဆဲပင်။ ထိုအခါ ရှောင်းယီက ချက်ချင်းပင် ပြုံးကာ ပြောလိုက်သည်။

“စိတ်မပူပါနဲ့။ သိပ်မဝေးပါဘူး။ နတ်သူငယ်တွေက တည်နေရာကူးပြောင်းခြင်းအစီအရင်ကနေ သွားလို့ရပါတယ်။ ကျုပ် သင်္ဘောတစ်စီး လွှတ်လိုက်မယ်။ နတ်သူငယ်သစ်ပင်ကိုတော့ အဲဒီပေါ် တင်လိုက်ရုံပါပဲ။”

“သင်္ဘောပေါ် တင်သွားရင်တောင် ခရီးက အရမ်းဝေးနေဦးမှာပဲ။”

ဒိုယာက သက်ပြင်းချလိုက်သည်။

“သင်္ဘောပေါ် ရောက်တာနဲ့ နှစ်နာရီအတွင်း ဒီကို ရောက်စေရမယ်လို့ ကျုပ် အာမခံပါတယ်။”

ရှောင်းယီက ကတိပေးလိုက်သည်။

“နှစ်နာရီလား။”

ဒိုယာက ရှောင်းယီကို အံ့သြစွာ ကြည့်လိုက်၏။

“ဒီကျွန်းက ကျွန်မတို့တိုက်ကြီးနဲ့ တကယ်ပဲ အဲဒီလောက်တောင် နီးတာလား”

“မဟုတ်ပါဘူး။ ကျုပ်တို့ဆီမှာ ကမ္ဘာ့စည်းမျဉ်းတွေက ပေးထားတဲ့ လမ်းညွှန်ကျောက် ရှိတယ်။ အဲဒါက သင်္ဘောကို ချက်ချင်း တည်နေရာကူးပြောင်းပေးနိုင်လို့ ခရီးဝေးမှာကို စိတ်ပူစရာမလိုတာပါ။”

ရှောင်းယီက ရှင်းပြလိုက်သည်။

ရှောင်းယီ၏ ရှင်းပြချက်ကို ကြားသောအခါ ဟေးလ်က ပြုံးလိုက်၏။

“ဒိုယာ နင် အပြင်လူရဲ့ကျွန်းကို ပြောင်းရမှာ စိုးရိမ်နေမှန်း ငါသိပါတယ်။ ဒါပေမဲ့ ငါတို့တစ်မျိုးနွယ်တည်းနဲ့ ဒီကမ္ဘာ့စည်းမျဉ်းတွေကို ခုခံနိုင်မှာ မဟုတ်ဘူးဆိုတာ နားလည်ထားရမယ်။ တကယ်လို့ ကမ္ဘာ့စည်းမျဉ်းက ငါတို့မျိုးနွယ်စုကို ဖျက်ဆီးချင်ရင် ဘာမှလုပ်နေစရာ မလိုဘူး။ ဒီအပြင်လူတွေနဲ့ ပူးပေါင်းမှသာ ငါတို့ ကံကြမ္မာကို ပြောင်းလဲနိုင်မယ့် အခွင့်အရေးရှိလိမ့်မယ်။”

ဟေးလ်၏ စကားကြောင့် ဒိုယာမှာ ထိတ်လန့်သွားပြီးနောက် လေးနက်သော အသံဖြင့် ပြန်ဖြေလိုက်သည်။

“အရှင်မ ကျွန်မ နားလည်ပါပြီ။”

“ကောင်းပြီ...နားလည်ရင်လည်း ပြီးတာပဲ။ ပြန်သွားပြီး ပြင်ဆင်စရာရှိတာတွေ မြန်မြန်ပြင်ဆင်လိုက်ပါ။ ငါတို့နဲ့ ရင်းနှီးတဲ့ သားရဲတိရစ္ဆာန်တွေ ရှိရင်လည်း တပါတည်း ခေါ်လာခဲ့။”

ဟေးလ်က ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့။”

“ဖုန်းယု နင်လည်း ပြန်သွားပြီး ကူညီလိုက်ပါ။ ဒီမှာက အရမ်းဘေးကင်းပါတယ်။ စက်ရုပ်တွေကလည်း သေချာဂရုစိုက်ပေးနေတော့ ဘာမှ စိတ်ပူစရာမလိုဘူး။”

ဟေးလ်က ဖုန်းယုကို ကြည့်ကာ အမိန့်ပေးလိုက်၏။

ဖုန်းယုသည် အနည်းငယ် တွေဝေသွားသော်လည်း “ဟုတ်ကဲ့ပါ” ဟုသာ ပြန်ဖြေလိုက်လေသည်။

“နတ်သူငယ်သစ်ပင်ကို တင်လို့ဆံ့အောင် ကျုပ် သင်္ဘောကြီးတစ်စီး စီစဉ်လိုက်ပါမယ်။”

ရှောင်းယီက ပြောပြောဆိုဆိုနှင့် ထွက်လာခဲ့လိုက်သည်။

“အရှင်မ ကျွန်မတို့ တကယ်ပဲ ဒီကျွန်းကို ပြောင်းတော့မှာလား။”

ဒိုယာက ထပ်မံ အတည်ပြုကာ မေးမြန်းလိုက်၏။ ထိုအခါ ဟေးလ်က အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။

“ကျွန်းပိုင်ရှင်ရှောင်းရဲ့ အင်အားက ငါတို့ထက် အများကြီး သာလွန်တယ်။ သူ ငါတို့ကို ပွင့်ပွင့်လင်းလင်း ပြောပြနေတာက သူပြောတာတွေက အမှန်ဆိုတာ သက်သေပြနေတာပဲ။ အမှန်တရားဖြစ်နေမှတော့ အနည်းဆုံးတော့ အခုချိန်မှာ ကျွန်းပိုင်ရှင်ရှောင်းက ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်သူတစ်ယောက် ဖြစ်ပုံရတယ်။ နောက်ပြီး သူ့ကျွန်းမှာ မျိုးနွယ်စုတစ်ခုထက်မက ရှိနေတာဆိုတော့ ငါတို့လည်း အထီးကျန်ဖြစ်မှာ မဟုတ်ပါဘူး။”

ဒိုယာက ခေါင်းငြိမ့်လိုက်သည်။

“ကောင်းပါပြီ...ကျွန်မ ပြန်ပြီး ပြင်ဆင်လိုက်ပါ့မယ်။ အရှင်မလည်း ကောင်းကောင်း အနားယူပါ။”

“အင်း အရာအားလုံးကို ကျွန်းပိုင်ရှင်ရှောင်းရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာလိုက်ပါ။”

ဟေးလ်က မှာကြားလိုက်လေသည်။

ထိုစဉ် ရှောင်ယီသည် ဆိပ်ကမ်းသို့ လျောက်သွားခဲ့ပြီး မေးလိုက်သည်။

“ပြီးခဲ့တဲ့တစ်ခေါက်က ငါတို့ သိမ်းခဲ့တဲ့ ဂွန်သင်္ဘောကြီး ဘယ်မှာလဲ။”

All Chapters