အခန်း (၈၅၇-၈၅၈)
Vol. 69 Ch. 857-858
အခန်း ၈၅၇ - မာကျူရီဖူးလ်မိနိတ် ပါကတ်ရှင်းကပ်ပ်ကွက်နှင့် အားကောင်းလှသော အသစ်ပြန်လည်ဖြစ်ပေါ်ခြင်း ဂုဏ်သတ္တိများ
ထိုအချိန်တွင် ဆေးရုံ၌ ကျန်ရစ်ခဲ့သော ဖုန်းယုမှာမူ အနည်းငယ် စိုးရိမ်ပူပန်နေဆဲပင်။
“စိတ်မပူပါနဲ့။ ကျွန်းပိုင်ရှင်က တစ်ညအချိန်ပေးဖို့ ပြောကတည်းက သူ့မှာ ယုံကြည်ချက်ရှိလို့နေမှာပါ။ အခု ငါတို့ ဒီကို ပြောင်းလာပြီးပြီဆိုမှတော့ သူ့ကိုပဲ ယုံကြည်လိုက်ကြရအောင်ာ”
ဟေစလ်က နှစ်သိမ့်ပေးလိုက်သည်။ ဖုန်းယုလည်း ခေါင်းငြိမ့်ပြလိုက်သည်။
ရှောင်းယီသည် သူ၏ နေ့စဉ်အလုပ်အတိုင်း သန်းခေါင်ယံအထိ စောင့်ကြည့်ခဲ့သော်လည်း ကျွန်းအထိန်းအမှတ်ကျောက်တိုင်တွင် အသစ်အဆန်း ထူးခြားချက်များ ပေါ်မလာသည်ကို တွေ့လိုက်ရလေသည်။
ယနေ့သည် ဤကမ္ဘာသို့ သူရောက်ရှိနေသည်မှာ ၈၄ ရက်မြောက်နေ့၊ အတိအကျဆိုလျှင် သတ္တမမြောက် ရက်သတ္တပတ်၏ နောက်ဆုံးနေ့ဖြစ်သောကြောင့် ပင်လယ်ရေကြောင့် အုတ်မြစ်ကျောက်များ ဆုံးရှုံးရသည်မှအပ အခြားသော လုပ်ဆောင်ချက်အသစ်များ ပေါ်လာမလားဟု လူတိုင်းက စိတ်ဝင်တစား စောင့်ကြည့်နေကြခြင်း ဖြစ်သည်။
ဝမ်းနည်းစရာမှာ မည်သည့် အသိပေးချက်မျှ ပေါ်မလာသလို လုပ်ဆောင်ချက်အသစ်များလည်း မရှိပေ။ လူတိုင်းလည်း ကိုယ်လက်သန့်စင်ကာ အိပ်ရာဝင်လိုက်ကြတော့သည်။
နောက်တစ်နေ့တွင် ရှောင်းယီ နိုးနိုးချင်းပင် လက်မှတ်ထိုးဝင်လိုက်၏။
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသော ဆုလာဘ်- မာကျူရီဖူးလ်မိနိတ် ပါကတ်ရှင်းကပ်ပ်ပုံစံကွက် (SSS အဆင့်) ၁”
“မာကျူရီဖူးလ်မိနိတ် ပါကတ်ရှင်းကပ်ပ်ပုံစံကွက် (SSS အဆင့်) : ဤပုံစံကွက်နှင့်အတူ ကုန်ကြမ်းပစ္စည်းများ ပံ့ပိုးပေးရုံဖြင့် အမျိုးမျိုးသော မာကျူရီဖူးလ်မိနိတ် ပါကတ်ရှင်းကပ်ပ်များကို အကန့်အသတ်မရှိ ထုတ်လုပ်နိုင်ပါသည်။”
ဤဆုလာဘ်ကို မြင်လိုက်ရသောအခါ ရှောင်းယီ၏ မျက်လုံးများ ပြူးကျယ်သွား၏။ ဤအရာကို သူကိုယ်တိုင် မမြင်ဖူးသော်လည်း ကြားဖူးနားဝတော့ ရှိပေသည်။
ပြီးခဲ့သည့်အကြိမ်က ပင်ဖိုင်းယားရိုင်ဖယ် ပေါ်လာစဉ်က ကျန်းယွင်ထျန်းက သူ့အား သေနတ်နှင့် ကျည်ဆန်များ၏ ဖွံ့ဖြိုးတိုးတက်မှု သမိုင်းကြောင်းကို ရှင်းပြခဲ့ဖူးပေသည်။
ပါကတ်ရှင်ကပ်ပ် တီထွင်နိုင်မှုသည်သာ သေနတ်များကို အလိုအလျောက်စနစ်ဘက်သို့ အမှန်တကယ် ဦးတည်သွားစေခဲ့ခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ဤကပ်သီးလေးများကြောင့်သာ အော်တိုရိုင်ဖယ်များဖြစ်ပေါ်လာနိုင်ခြင်း ဖြစ်သည်။
သို့သော် ရှောင်းယီက စိတ်ထဲမှ ရေရွတ်လိုက်မိ၏။
“ဒီလိုဆုလာဘ်မျိုး ပေးလာမှတော့ ကျည်ဆန်ပုံစံကွက်လည်း တစ်ခါတည်း ပေးလိုက်ပါတော့လား။ အခုတော့ ကျည်ဆန်ကို ကိုယ်တိုင်ထုတ်လုပ်ပြီးမှ ဒီကပ်သီးကို လာတပ်ခိုင်းနေတာလား။”
သို့သော် ယခုချိန်တွင် ကပ်သီးကို တပ်ဆင်နိုင်ခဲ့လျှင်ပင် ဤကျည်ဆန်မျိုးကို အသုံးပြုနိုင်သည့် သေနတ်က မရှိသေးချေ။ ဤကျည်ဆန်ကို သုံးနိုင်သည့် လက်နက်မျညး ပေါ်လာရန်မှာ နောက်ထပ် အချိန်အနည်းငယ် စောင့်ရဦးမည်ဟု သူ ခန့်မှန်းလိုက်သည်။ ထို့ကြောင့် ၎င်းကို စနစ်အာကာသထဲတွင်သာ သိမ်းထားလိုက်တော့လေသည်။
ရှောင်းယီသည် ပြင်ဆင်စရာရှိသည်များ ပြင်ဆင်ပြီးနောက် မြို့ပြန်ကျောက်ကို အသုံးပြုကာ နတ်သူငယ်များ ရှိရာ ကမ်းခြေသို့ ရောက်သွားပြီး သူတို့ဆီသို့ အပြေးအလွှား သွားလိုက်၏။
နတ်သူငယ်များ၏ အခြေချရာသို့ ရောက်သောအခါ သူ မြင်တွေ့လိုက်ရသော တောအုပ်မှာ သူ ထင်ထားသည်ထက်ပင် ပိုမိုစိမ်းလန်းစိုပြေကာ ထူထပ်နေခဲ့လေသည်။
“နတ်သူငယ်မျိုးနွယ်စုနဲ့ နတ်သူငယ်သစ်ပင်ကြောင့် ဒီတစ်ခေါက် အသစ်ပြန်လည်ဖြစ်ပေါ်ခြင်းက ပိုပြီး ထူးထူးခြားခြား အစွမ်းပြသွားပုံပဲ။”
ရှောင်းယီက တွေးလိုက်မိသည်။
ထိုစဉ် ဒိုယာသည် သူ့ကို ဆီးကြိုတွေ့ဆုံကာ ပြောလာခဲ့လေသည်။
“ကျွန်းပိုင်ရှင်ရှောင်း... မနေ့က ကျွန်မတို့ စိတ်လိုက်မာန်ပါ ဖြစ်သွားခဲ့မိပါတယ်။ ဒီကျွန်းပေါ်မှာ ဒီလောက် အံ့သြဖို့ကောင်းတဲ့ ပုံစံမျိုး ရှိနေလိမ့်မယ်လို့ ကျွန်မတို့ မထင်ထားခဲ့ဘူး။”
“မနေ့က ကျုပ် ပြောပြခဲ့ရင်တောင် ခင်ဗျားတို့ စိတ်ထဲမှာ ပုံဖော်နိုင်မှာ မဟုတ်ပါဘူး။ အခုတော့ နားလည်သွားပြီမလား။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“ကျုပ်တို့ အပြင်လှူတွေရဲ့ ကျွန်းတွေက အုတ်မြစ်ကျောက်တွေနဲ့ ဖွဲ့စည်းထားတာမို့လို့ အသစ်ပြန်လည်ဖြစ်ပေါ်ခြင်းနဲ့ အရှိန်မြှင့်ခြင်းဆိုတဲ့ ထူးခြားတဲ့ ဂုဏ်သတ္တိတွေ ရှိတယ်။ အပင်တွေတင် မဟုတ်ဘူး၊ သားရဲတိရစ္ဆာန်အချို့လည်း ဒီထဲမှာ ပေါ်လာလိမ့်မယ်။ အဲဒါတွေကိုတော့ သေချာ ဂရုစိုက်ကိုင်တွယ်ရလိမ့်မယ်။”
“ဟုတ်ကဲ့၊ နားလည်ပါပြီ။”
ဒိုယာက ရိုရိုသေသေ ပြန်ပြောလိုက်လေသည်။
“ကောင်းပြီ... ဘာပြဿနာမှ မရှိတော့ဘူးဆိုရင်တော့ ခင်ဗျားတို့ရဲ့ အခြေစိုက်စခန်းကို စိတ်ကြိုက် တည်ဆောက်လိုက်ကြပါ။ ကျုပ် အနှောင့်အယှက် မပေးတော့ပါဘူး။”
ရှောင်းယီက ခေါင်းငြိမ့်ပြကာ နှုတ်ဆက်လိုက်လေသည်။
“ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်ရှောင်း။”
ရှောင်းယီက လက်ယမ်းပြကာ နတ်သူငယ်များ၏စခန်းမှ ထွက်ခွာလာခဲ့၏။
ဒိုယာသည် အခြေစိုက်စခန်းအတွင်း ကိစ္စရပ်များကို စီစဉ်ပြီးနောက် ဆေးရုံသို့ ထွက်ခွာလာခဲ့သည်။ ဆေးရုံသို့ သွားရန်မှာ အတော်အတန် ဝေးနေသေး၏။ ဒိုယာသည် နည်းပညာမြင့် သယ်ယူပို့ဆောင်ရေးယာဉ်များကို စီးရသည်မှာ အသားမကျသေးသဖြင့် ခြေလျင်သာ သွားခဲ့လိုက်လေသည်။ သူမ၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လှသည်။
လမ်းခရီးတွင် လူသားအချို့သည် ဒိုယာ၏ ထူးခြားသော ရုပ်ရည်သွင်ပြင်ကို မြင်သောအခါ ချက်ချင်းပင် စပ်စုချင်စိတ် ဖြစ်လာခဲ့ကြ၏။
“ဟေး... ကြည့်စမ်း။ အဲဒါ ဘာလေးလဲ။ အရမ်းလှတာပဲ။”
“နတ်သူငယ်ပဲ ဖြစ်ရမယ်။ ကျွန်းပိုင်ရှင်ကြီးရဲ့ ကျွန်းပေါ်မှာ နတ်သူငယ်တွေပါ ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး။ သွားပြီး နှုတ်ဆက်ကြည့်ရအောင်။”
“မသွားတာ ပိုကောင်းမယ်ထင်တယ်။ ငါတို့က သူ့ကို မသိဘူးလေ။ နားလည်မှုလွဲတာတွေ ဖြစ်ကုန်ရင် မကောင်းဘူး။”
“မင်းတို့ မသွားရင် ငါသွားမယ်။”
အပြင်ကလာသည့် ခရီးသွားတစ်ယောက်က ဒိုယာ့အနားသို့ သွားပြီး “ဟိုင်း” ဟု နှုတ်ဆက်လိုက်၏။
ဒိုယာက သူ့ကို လုံးဝ အရေးမစိုက်ပေ။ သူမက အရေးမစိုက်ချင်တာ မဟုတ်ဘဲ တစ်ဖက်လူ ပြောသည့်စကားကို နားမလည်ခြင်း ဖြစ်သလို သူမကိုယ်တိုင်ကလည်း အပြင်လူများအပေါ် အလွန်အမင်း သတိထားနေသူဖြစ်သည်။ ဒိုယာသည် ဘေးသို့ ရှောင်တမခးကာ အရှိန်မြှင့်၍ ဆက်လျှောက်သွားရာ မျက်စိတစ်မှိတ်အတွင်းမှာပင် အားလုံး၏ အမြင်အာရုံထဲမှ ပျောက်ကွယ်သွားတော့သည်။
“ဟင်... ဘာဖြစ်သွားတာလဲ။ ငါက အဲဒီလောက်တောင် ရုပ်ဆိုးနေလို့လား။”
ထိုခရီးသွားသည် သူ၏ ရုပ်ရည်ကို ပထမဆုံးအကြိမ် သံသယဝင်သွား၏။
“မဟုတ်ပါဘူးကွာ။ သူက မင်းကိုမှ မသိတာ။ ဘာလို့ ပြန်နှုတ်ဆက်ရမှာလဲ။”
“ဟုတ်တယ်။ ငါထင်တာတော့ သူက မင်းပြောတာကို တစ်လုံးမှ နားမလည်ဘူးထင်တယ်။ နတ်သူငယ်ဘာသာစကား သင်ပြီးမှပဲ နတ်သူငယ်လေးတွေကို သွားမြူစမ်းပါကွာ။”
“ဟူး... ဖြစ်နိုင်ပါတယ်။ ငါ့ရုပ်ရည်နဲ့ဆိုရင် ဒီနတ်သူငယ်တွေကို ဆွဲဆောင်နိုင်ရမှာပဲလို့ တွေးနေတာ။”
“တော်စမ်းပါ။ မင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေတာပဲ။ သူတို့ရဲ့ အလှအပ စံနှုန်းက ငါတို့နဲ့ တူချင်မှ တူမှာပေါ့။”
“ဘယ်လောက်ပဲ ကွဲပြားပါစေဦး။ မင်းကိုတော့ သူတို့က လှတယ်လို့ ထင်မှာ မဟုတ်ဘူး။”
“မင်းတို့စကားတွေက တကယ့်ကြိ နာကျင်စရာပဲ။ မင်းတို့နဲ့ မပြောတော့ဘူး။ ဘားသွားပြီး အသည်းကွဲအရက်ပဲ သွားသောက်တော့မယ်။”
ဒိုယာသည် ဆေးရုံသို့ ရောက်ရန် နှစ်နာရီနီးပါး ကြာမြင့်ခဲ့လေသည်။ သူမသည် ဓာတ်လှေကားစီးကာ ဟေးလ်၏ လူနာဆောင်သို့ ရောက်ရှိသွားခဲ့၏။
“ဒိုယာ ဘာလို့ ဒီကို ရောက်လာတာလဲ။”
သစ်သီးစားနေသော ဟေးလ်က ဒိုယာကို အံ့သြတကြား ကြည့်ကာ မေးလိုက်သည်။
ဖုန်းယုက မနေ့က နတ်သူငယ်စခန်းအခြေအနေကို သတင်းပို့ထားပြီးဖြစ်သဖြင့် ဒိုယာအနေဖြင့် စခန်းတွင် စိတ်ဓာတ်မြှင့်တင်ပေးရန်သာ ကျန်ရစ်နေသင့်သည်ဟု ဟေးလ်က ထင်ထားခြင်းပင်။
အနားမှာ ရှိနေသော ဖုန်းယုလည်း ထိုနည်းတူပင် သံသယဖြစ်နေခဲ့သည်။
ဒိုယာက အလျင်အမြန် ရှင်းပြလိုက်သည်။
“ဒီကျွန်းက ကျွန်မတို့ နတ်သူငယ်တိုက်ကြီးနဲ့ တကယ်ကို မတူဘူး အရှင်မ။ တစ်ညတည်းနဲ့ ကျွန်မတို့စခန်းက သစ်ပင်တွေနဲ့ ပြည့်နှက်သွားပြီ။ ပတ်ဝန်းကျင်က ကျွန်မတို့နတ်သူငယ်တွေ နေထိုင်ဖို့ တကယ်ကို သင့်တော်နေပါပြီ။”
ဤတစ်ကြိမ်တွင် ဟေးလ်နှင့် ဖုန်းယုတို့ နှစ်ယောက်စလုံး အံ့အားသင့်သွားကြ၏။
“တစ်ညတည်းနဲ့ သစ်ပင်တွေ အများကြီး စိုက်လိုက်တာလား။ လူအင်အား ဘယ်လောက်တောင် သုံးလိုက်ရတာလဲ။”
ဟေးလ်က အံ့သြတကြား မေးလိုက်သည်။
“မဟုတ်ဘူး၊ မဟုတ်ဘူး၊ သူတို့စိုက်တာ မဟုတ်ဘူး။ ကျွန်းပိုင်ရှင်ရှောင်ရဲ့ စကားအရဆိုရင် ဒါကို အသစ်ပြန်လည်ဖြစ်ပေါ်ခြင်းလို့ ခေါ်တယ်တဲ့။”
ဒိုယာက ပြုံးကာ ပြန်ပြောလိုက်လေသည်။
“ဒီအပြင်လိုတွေရဲ့ကျွန်းမှာ အရှိန်မြှင့်ခြင်းဆိုတဲ့ ဂုဏ်သတ္တိလည်းရှိလို့ သက်ရှိတွေရဲ့ ကြီးထွားမှု သံသရာက အရမ်းတိုတောင်းတယ်လို့ ဆိုပါတယ်။”
“အသစ်ပြန်လည်ဖြစ်ပေါ်ခြင်း၊ အရှိန်မြှင့်တင်ခြင်း ဟုတ်လား။”
ဟေးလ်က ဤအရာကို ပို၍ပင် မယုံနိုင် ဖြစ်သွားခဲ့၏။ ဖုန်းယုမှာမူ လုံးဝ မှင်တက်နေပြီဖြစ်သည်။
“ကျွန်မကိုယ်တိုင် မျက်မြင်ကိုယ်တွေ့သာ မတွေ့ခဲ့ရင် ဒီကျွန်းမှာ ဒီလောက်အဓိပ္ပာယ်မရှိတဲ့ ဂုဏ်သတ္တိတွေ ရှိတယ်ဆိုတာ ဘယ်သူကယုံမှာလဲ။”
ဒိုယာက ကူကယ်ရာမဲ့စွာ ပြန်ပြောလိုက်လေသည်။
ဟေးလ်နှင့် ဖုန်းယုတို့ နှစ်ဦးစလုံး တိတ်ဆိတ်စွာ ခေါင်းငြိမ့်လိုက်ကြ၏။
ဒိုယာက ဆက်ပြောလိုက်သည်။
“ကျွန်းပိုင်ရှင်ရှောင်းက ကျွန်မတို့ကို အထူးသတိပေးထားပါသေးတယ်။ သစ်ပင်တွေတင် မဟုတ်ဘဲ သားရဲတိရစ္ဆာန်တွေလည်း ဒီလိုပဲ ပေါ်လာမှာမို့လို့ အဲဒီသားရဲတိရစ္ဆာန်တွေကို ပိုပြီး ဂရုစိုက်ဖို့ ပြောထားပါတယ်။”
ဟေးလ်က ခေါင်းငြိမ့်လိုက်သည်။
“ဟုတ်တယ်။ ကျွန်းပိုင်ရှင်က ပြောဖူးတယ်။ ဒီအပြင်လူကျွန်းတွေပေါ်က သားရဲတိရစ္ဆာန်တွေက ကမ္ဘာ့စည်းမျဉ်းတွေအရ အသစ်ပြန်လည်ဖြစ်ပေါ်လာတာမို့လို့ သူတို့ရဲ့ ရိုင်းစိုင်းတဲ့ သဘာဝကို ငြိမ်သက်သွားအောင် ဆက်သွယ်ပြောဆိုမှုတွေ ပိုလုပ်ဖို့ လိုလိမ့်မယ်။”
“ဟုတ်ကဲ့ ကျွန်မ မျိုးနွယ်စုဝင်တွေကို ညွှန်ကြားထားပြီးပါပြီ။”
ဒိုယာက ခေါင်းညိတ်ရင်း ပြန်ပြောလိုက်သည်။
“ဖုန်းယု နင် ပြန်ပြီး အနားယူလိုက်တော့လေ။ အရှင်မကို ငါပဲ စောင့်နေလိုက်မယ်။”
ဖုန်းယုက ခေါင်းငြိမ့်လိုက်လေသည်။
“ကောင်းပါပြီ။”
တကယ်တော့ သူမကိုယ်တိုင်လည်း ဤကျွန်း၏ အသစ်ပြန်လည်ဖြစ်ပေါ်ခြင်း ဂုဏ်သတ္တိက မည်မျှ စွမ်းအားကြီးသလဲဆိုတာကို မျက်မြင်ကိုယ်တွေ့ သွားကြည့်ချင်နေခြင်း ဖြစ်သည်။
အခန်း ၈၅၈ - အမှောင်နတ်သူငယ်များ၏ တိုက်ခိုက်မှုနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်း
ဖုန်းယုသည် ဆေးရုံမှ ထွက်လာပြီး နတ်သူငယ်များ၏ အခြေစိုက်စခန်းသို့ တိုက်ရိုက် ဦးတည်သွားခဲ့သည်။
လမ်းခရီးတွင် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူအချို့က စကားစရန် ကြိုးစားခဲ့ကြသော်လည်း သူမက လုံးဝ အရေးမစိုက်ဘဲ ကျော်ဖြတ်သွားခဲ့သည်။
ဖုန်းယု ကိုယ်တိုင်က S အဆင့် ရှိသူဖြစ်ပြီး အပန်းဖြေစခန်းသို့ လာရောက်သူများထဲတွင် S အဆင့်ထက် သာလွန်သူမှာ မရှိသလောက်ပင် ဖြစ်သည်။ ထို့ပြင် နတ်သူငယ်များမှာ အလျင်နှုန်း မြန်ဆန်လွန်းကြသဖြင့် စကားပြောရန် ကြိုးစားသူများကို အလွယ်တကူ ဖြတ်ကျော်သွားနိုင်ခဲ့ပေသည်။
“ဒီနတ်သူငယ်တွေက အရမ်းမာနကြီးတာပဲ။ နှုတ်တောင်မဆက်ဘဲ ထွက်သွားကြတယ်။ တကယ်ကို ဝမ်းနည်းဖို့ကောင်းတာပဲ။”
“ညီအစ်ကို... အဲဒါတော့ မဟုတ်သေးဘူး။ သူတို့က မင်းကိုမှ မသိတာ။ ဘာလို့ မင်းကို အရေးစိုက်ရမှာလဲ။”
“မသိသေးရင်လည်း စကားပြောရင်း သိသွားမှာပေါ့ကွာ။”
“စကားပြောဦးမလို့လား။ သူက မင်းပြောတာကို နားလည်မယ်ဆိုတာ မင်းသေချာလို့လား။ အနည်းဆုံးတော့ ငါတို့အချင်းချင်းက ဆက်သွယ်လို့ ရသေးတယ်။ တခြားမျိုးနွယ်စုတွေနဲ့ သူငယ်ချင်းဖြစ်ချင်ရင် အရင်ဆုံး သူတို့ဘာသာစကားကို သင်ရလိမ့်မယ်ကွ။”
“အဲဒါလည်း ဟုတ်သားပဲ။ နတ်သူငယ်ဘာသာစကား သင်ပေးတဲ့နေရာ ရှိလားလို့ ယီရန်ပင်း မဟာမိတ်အဖွဲ့ကို သွားမေးကြည့်ဦးမယ်။”
ဖုန်းယုသည် နတ်သူငယ်များ၏ အခြေစိုက်စခန်းသို့ ပြန်ရောက်သောအခါ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် မှင်တက်သွားခဲ့ရလေသည်။ မူလက ဗလာကျင်းနေသော နေရာသည် ယခုအခါ စိမ်းလန်းစိုပြေသော သစ်ပင်များဖြင့် အရိပ်ရနေပြီဖြစ်သည်။
“အစ်မဖုန်းယု ပြန်လာပြီပဲ။ ဘုရင်မကြီး အခြေအနေ ဘယ်လိုလဲ။”
ယီနော့က ဖုန်းယုကို မြင်သည်နှင့် ချက်ချင်း နှုတ်ဆက်လိုက်လေသည်။
“အရာအားလုံး ပုံမှန်ပါပဲ။ နောက်ရက်အနည်းငယ်အတွင်းမှာ ဘုရင်မကြီး ပြန်လာနိုင်လိမ့်မယ်လို့ ငါ ထင်တယ်။”
ဖုန်းယု ပြုံးကာ ပြောလိုက်သည်။
“ဒါ တကယ်ကို ဝမ်းသာစရာပဲ။ ဒီနေရာက တကယ်ကို ထူးဆန်းတာပဲနော်။ ညတုန်းကဆိုရင် သစ်ပင်တွေက ချက်ချင်းဆိုသလို ပေါ်လာခဲ့တာ။ အခု အရင်ကထက်တောင် ပိုပြီး စိမ်းလန်းစိုပြေနေသလိုပဲ။”
ယီနော့က သူမ၏တွေ့ရှိချက်ကို စိတ်လှုပ်ရှားစွာ ပြောပြလိုက်၏။ ထိုအခါ ဖုန်းယုက ပြုံးကာ ပြန်ဖြေလိုက်လေသည်။
“ငါတို့ရဲ့ နတ်သူငယ်သစ်ပင်ကိုယ်တိုင်က ပတ်ဝန်းကျင်က အပင်တွေရဲ့ ကြီးထွားမှုကို အားပေးတဲ့ စွမ်းရည်ရှိတယ်လေ။ အဲ့ဒါကြောင့် ပိုပြီး စိမ်းလန်းလာတာက သဘာဝပါပဲာ”
“ဒါပေမဲ့ ဒီမှာက ပိုပြီးတော့တောင် သိသာနေသေးတယ်။”
ယီနော့က ရှင်းပြလိုက်၏။ ဖုန်းယက ခေါင်းငြိမ့်လိုက်သည်။
“ဒီနေရာက တကယ် ထူးဆန်းတယ်။ ဘုရင်မကြီးက တကယ့်ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်တာပဲ ဖြစ်ရမယ်။”
ထိုအချိန်တွင် ရှောင်းယီမှာ သူ၏ ဗီလာသို့ ပြန်ရောက်နေပြီ ဖြစ်သည်။
ကလင် ကလင် ကလင်
ကျန်းရွဲ့က ဖုန်းဆက်လာခဲ့သည်။
“ကျွန်းပိုင်ရှင်... မကောင်းတော့ဘူး။ အမှောင်နတ်သူငယ်တွေက နတ်သူငယ်တိုက်ကြီးပေါ်မှာရှိတဲ့ ကျွန်မတို့ရဲ့ ယာယီစခန်းကို စတင်တိုက်ခိုက်နေပြီ။”
ထိုစကားကိုကြားလိုက်ရသောအခါ ရှောင်းယီ ထိတ်လန့်သွားပြီးနောက် ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
“တပ်ဖွဲ့တစ်ဖွဲ့ကို ချက်ချင်းစေလွှတ်ပြီး သူတို့ကို ခုခံခိုင်းလိုက်။ ငါ အခုချက်ချင်း လာခဲ့မယ်။”
“ဟုတ်ကဲ့။”
ထို့နောက် ရှောင်းယီသည် မြို့ပြန်ကျောက်ကို သုံးကာ တည်နေရာကူးပြောင်းခြင်းအစီအရင်ဆီသို့ သွားပြီး ထိုမှတစ်ဆင့် နတ်သူငယ်တိုက်ကြီးသို့ ရောက်ရှိသွားခဲ့သည်။
ဒိုင်း ဒိုင်း ဒိုင်း
ယာယီစခန်း၏ တံတိုင်းပေါ်တွင် ပင်ဖိုင်းယားရိုင်ဖယ်များ၏ သေနတ်သံများမှာ ဆူညံလျက်ရှိ၏။
“ကြည့်ရတာ အမှောင်နတ်သူငယ်တွေက ဒီတိုက်ကြီးကနေ မထွက်ခွာချင်သေးဘူးပဲ။”
ရှောင်းယီက သက်ပြင်းချကာ တံတိုင်းပေါ်သို့ လျှောက်သွားလိုက်သည်။
မလှမ်းမကမ်းရှိ တောအုပ်ထဲတွင် အမှောင်နတ်သူငယ်များ၏ အရိပ်အယောင်များကို တွေ့နေရ၏။ ရံဖန်ရံခါတွင် မြှားတစ်စင်း ပျံထွက်လာတတ်လေသည်။ ထိုမြှားများ တံတိုင်းကို ထိမှန်သောအခါ မြှားခေါင်းတစ်ခုလုံး တံတိုင်းထဲသို့ နစ်ဝင်သွားတတ်၏။ လူကိုသာ ထိမှန်ပါက တိုက်ရိုက် ဖောက်ထွက်သွားနိုင်သည့် အရှိန်မျိုးပင်။
သို့သော် ထိုမြှားများသည် တံတိုင်းပေါ်ရှိ စစ်သားများကိုတော့ ထိခိုက်စေနိုင်ခြင်း မရှိပေ။ ယီရန်ပင်း မဟာမိတ်အဖွဲ့မှ စစ်သားများသည် တံတိုင်းအကွယ်တွင် ပုန်းအောင်းရင်း အပြင်ဘက်သို့ ရံဖန်ရံခါ ပြန်လည် ပစ်ခတ်နေခဲ့ကြလေသည်။
ဆန့်ကျင်ဘက်အနေဖြင့် အမှောင်နတ်သူငယ်များမှာ ပင်ဖိုင်းယား ရိုင်ဖယ်များကို ပို၍ ကြောက်ရွံ့နေခဲ့ကြ၏။ သူတို့ထဲမှ သုံးယောက်မှာ သေနတ်ဖြင့် ထိမှန်ခံထားရပြီး တိုက်ခိုက်နိုင်စွမ်း လုံးဝ ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။
“ဒီအပြင်လူတွေမှာ ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်တဲ့ လက်နက်တွေ ရှိနေတာလဲ။ ပစ်ခတ်တဲ့ အရှိန်ရော တိကျမှုရောက အရမ်းမြင့်တယ်။”
ဟေးအာက တံတိုင်းပေါ်က စစ်သားများ၏ လက်ထဲရှိ သေနတ်ရှည်များကို ကြည့်ကာ မျက်မှောင်ကျုံ့လိုက်သည်။
“အခု ငါတို့ ဘာလုပ်ကြမလဲ။”
အမှောင်နတ်သူငယ် တစ်ယောက်က မေးသည်။ ဟေအာက အနည်းငယ် စဉ်းစားလိုက်၏။
“စောင့်နေပြီး ညဘက်ကျမှ အလစ် ဝင်တိုက်မယ်။”
ရှောင်ယီသည် အဝေးရှိ တောအုပ်ကို ကြည့်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
“ဒါက မင်းတို့ အမှောင်နတ်သူငယ်တွေရဲ့ ရွေးချယ်မှုလား။”
ထိုအခါ ဟေအာက လှောင်ပြုံးပြုံးကာ ပြန်အော်လာခဲ့သည်။
“ဒါပေါ့ ဘာပြဿနာရှိလို့လဲ။”
“ကျုပ်တို့ ထိုင်ပြီး ဆွေးနွေးလို့ ရပါသေးတယ်။ လက်နက်စွဲကိုင်ဖို့ မလိုပါဘူး။”
ရှောင်းယီသည် ဟေအာ၏ အသံကို မှတ်မိသဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။
“ဆွေးနွေးစရာ ဘာမှမရှိဘူး။ နင်တို့ အပြင်လူတွေက ငါတို့ရဲ့ အသက်ရှင်ရပ်တည်ရာနယ်မြေကို လာလုတာပဲ။ ဒါက သံသယဖြစ်စရာ မလိုဘူး။ ငါတို့က နင်တို့ကို မောင်းထုတ်လိုက်ရုံပဲ။”
ဟေအာင ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။
ရှောင်းယီ မျက်မှောင်ကြုတ်လိုက်သည်။
“ဘုရင်မ ဆာရာဘယ်မှာလဲ။ ငါ သူနဲ့ စကားပြောချင်တယ်။”
“အဟက်... နင့်မှာ အခွင့်အရေး မရှိဘူး။”
ပြောပြောဆိုဆိုဖြင့် ဟေအာသည် ရှောင်းယီထံသို့ မြှားတစ်စင်း တိုက်ရိုက် ပစ်လွှတ်လိုက်၏။
ရှောင်းယီသည် သူ၏ လက်ထဲရှိ ရွှမ်းယွမ်ဓား ကို ဝှေ့ယမ်းကာ ထိုမြှားကို အလွယ်တကူ ကာကွယ်လိုက်လေသည်။
“ဒါဆိုရင်လည်း မင်းတို့ရဲ့ ရွေးချယ်မှုအတွက် နောင်တမရဖို့ ငါမျှော်လင့်တယ်။”
ရှောင်းယီက ခေါင်းခါရင်း ပြောလိုက်သည်။
“ငါတို့ ဘယ်တော့မှ နောင်တရမှာ မဟုတ်ဘူး။”
ဟေအာက တုံ့ပြန်လိုက်၏။
ထို့နောက် ရှောင်းယီသည် ကျန်းယွင်ထျန်းဘက်သို့ လှည့်ကြည့်ကာ အမိန့်ပေးလိုက်တော့လေသည်။
“ဒါဆို လက်ပစ်ဗုံးတွေ သုံးလိုက်တော့။”
“ဟုတ်ကဲ့။”
လက်ပစ်ဗုံးများကို အသုံးပြုမည်ဆိုလျှင် ၎င်းတို့၏ စွမ်းအားကို အထိရောက်ဆုံး ဖြစ်စေရန် လိုအပ်ပေသည်။ အမှောင်နတ်သူငယ်များမှာ အတော်အတန် ဝေးကွာနေသေးသဖြင့် သူတို့ အနားသို့ ချဉ်းကပ်လာသည်အထိ စောင့်ရမည် ဖြစ်သည်။
နှစ်ဖက်စလုံးက စောင့်ဆိုင်းနေကြသဖြင့် စစ်တလင်းပြင်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွားတော့သည်။
“တစ်ယောက်ယောက်... တခြားဘက်တွေကို သွားပြီး အနှောင့်အယှက်ပေးတဲ့ တိုက်ခိုက်မှုတွေ လုပ်စမ်း။ ရန်သူကို သတ်ဖို့ မရည်ရွယ်နဲ့။ သူတို့ကို ကောင်းကောင်း အနားမရအောင်ပဲ လုပ်။”
ဟေအာသည် ရှောင်းယီတို့ဘက်မှ ငြိမ်သက်သွားသည်ကို မြင်သောအခါ အမိန့်ပေးလိုက်၏။
“ဟုတ်ကဲ့။”
အမှောင်နတ်သူငယ် အဖွဲ့အချို့သည် ချက်ချင်းပင် လူစုခွဲထွက်သွားပြီး တခြားဘက်များသို့ ပြေးသွားကြတော့သည်။
မကြာမီ ရှောင်းယီ၏ စခန်းပတ်လည်တွင် အမှောင်နတ်သူငယ်များ၏ တိုက်ခိုက်မှုများ ပေါ်လာသော်လည်း ကျန်းယွင်ထျန်းက အမိန့်ပေးလိုက်သည်။
“အားလုံးပဲ သတိဝီရိယနဲ့ စောင့်ကြည့်ထားကြ။ သူတို့ကိုတော့ တိုက်ခိုက်ခွင့်ပေးလိုက်ပါ။ သူတို့ တိုးထွက်မလာသရွေ့ သူတို့ တိုက်ခိုက်မှု ဘယ်လောက်ပြင်းပြင်း အရေးစိုက်မနေနဲ့။”
ဤကဲ့သို့သော ကလေးကစားစရာ နည်းဗျူဟာမျိုးမှာ ကျန်းယွင်ထျန်း၏ မျက်စိထဲသို့ပင် ဝင်မည်မဟုတ်ပေ။ တရုတ်နိုင်ငံ၏ သမိုင်းကြောင်းမှာ ရှည်လျားလှပြီး ထိုကာလအတွင်း ထူးချွန်သော စစ်မက်ဗျူဟာပညာရှင်များစွာ ပေါ်ထွန်းခဲ့ဖူးပေသည်။ စစ်ရေးကျမ်းပေါင်းစုံကို ကျွမ်းကျင်သော ကျန်းယွင်ထျန်းအတွက်မူ ဟေအာ၏ လုပ်ရပ်မှာ ကလေးအိမ်ဆောက်ကစားနေသလိုသာ ခံစားရပေသည်။
အပြင်ဘက်မှ ကြည့်လျှင် ဟေအာသည် မည်သို့ပင် တိုက်ခိုက်စေကာမူ ရှောင်းယီတို့ဘက်မှ မည်သည့် တုံ့ပြန်မှုမျှ မရှိသည်ကို တွေ့လိုက်ရ၏။
“သူတို့အားလုံး ဆုတ်ခွာသွားကြတာလား။”
ဟေအာက မျက်မှောင်ကျုံ့ကာ တွေးတောမိလိုက်သည်။
“တစ်ယောက်ယောက်... စမ်းပြီး တိုးသွားကြည့်လိုက်စမ်း။”
ထို့နောက် အမှောင်နတ်သူငယ် အဖွဲ့တစ်ဖွဲ့သည် တောအုပ်ထဲမှ ချက်ချင်း ပြေးထွက်လာပြီး တံတိုင်းဆီသို့ ဦးတည်တိုက်ခိုက်လိုက်ကြ၏။ ထိုအချိန်တွင် တံတိုင်းပေါ်ရှိ ပစ်ပေါက်များမှ သေနတ်ရှည်များ ထွက်လာပြီး တိုးဝင်လာသော နတ်သူငယ်များကို ပစ်ခတ်တော့လေသည်။
ဒိုင်း ဒိုင်း ဒိုင်း
သေနတ်များ၏ စွမ်းအားကို နားလည်ထားကြသဖြင့် နတ်သူငယ်များသည် ဘေးသို့ ချက်ချင်း ရှောင်တိမ်းလိုက်ကြရာ တံတိုင်းပေါ်မှ ပစ်ခတ်မှုများကို သီသီလေး လွတ်မြောက်သွားခဲ့ကြလေသည်။
“ဒီအပြင်လူတွေက အရမ်းကောက်ကျစ်တာပဲ။ တကယ်လို့ တောအုပ်ထဲမှာသာဆိုရင် ငါ သူတို့ ၁၀ ယောက်ကို တစ်ယောက်တည်းနဲ့ တိုက်နိုင်တယ်။ ဒါပေမဲ့ အခု သူတို့က တံတိုင်းပေါ်မှာပဲ အခိုင်အမာ နေနေတော့ ငါတို့မှာ သူတို့ကို ကိုင်တွယ်ဖို့ နည်းလမ်းကောင်း မရှိဘူး ဖြစ်နေတယ်။”
တိုးဝင်တိုက်ခိုက်ပြီး ပြန်ဆုတ်လာသော နတ်သူငယ်တစ်ဦးက မောမောပန်းပန်းဖြင့် ပြောလိုက်၏။
ဟေအာက ခေါင်းငြိမ့်လိုက်သည်။
“ကောင်းပြီ... ငါတို့ စောင့်မယ်။ သူတို့ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲဆိုတာ ငါ သိချင်သေးတယ်။”
ရှောင်းယီသည် တစ်ဖက်မှ အမှောင်နတ်သူငယ်များ ငြိမ်ကျသွားသည်ကို ကြည့်ကာ မျက်မှောင်ကျုံ့လိုက်မိလေသည်။
ယခုအချိန်တွင် သူသည် အလွယ်တကူ ထွက်သွားရဲခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် အမှောင်နတ်သူငယ် ဘုရင်မ ဆာရာမှာ စစ်မှန်သည့် SSS အဆင့်တစ်ယောက်ဖြစ်နေသောကြောင့်ပင်။ သူမသာ ကိုယ်တိုင် ပါဝင်တိုက်ခိုက်လာပါက ဤယာယီစခန်းရှိ မည်သူမျှ သူမကို တားဆီးနိုင်မည် မဟုတ်ပေ။
ထို့ပြင် လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းက အလင်းနတ်သူငယ် ဘုရင်မရှီစစ်ပင် အသက်ရှင်နေသေးလျှင် အမှောင်နတ်သူငယ် မျိုးနွယ်စုတွင်လည်း SSS အဆင့် ရှိသူမှာ တစ်ယောက်ထက်မက ရှိနေမည်ကို ရှောင်းယီ စိုးရိမ်နေခဲ့ခြင်း ဖြစ်လေသည်။
ရှောင်းယီက အားပေးလိုက်လေသည်။
“မင်း SSS အဆင့် ရောက်တာ ခဏရှိပြီပဲ။ ဘာမှမဖြစ်သေးဘူးဆိုတော့ လောလောဆယ်တော့ စိတ်ချရဦးမှာပါ။”
ယွမ်နွန်က မှတ်ချက်ပေးလိုက်သည်။
“အဲဒီလိုပဲ မျှော်လင့်ရမှာပဲ “
ရှောင်းယီက ဆိုသည်။
ထိုစဉ် သူ၏ ဖုန်းမှ အသံမြည်လာခဲ့သည်။ ဖုန်းယုဆီမှ ဖြစ်သည်။
“ကျွန်းပိုင်ရှင်... ဘုရင်မရှီစစ်စ်က ရှင်နဲ့ တွေ့ချင်နေပါတယ်။”
“ကောင်းပြီ... ငါလည်း သူမနဲ့ တွေ့ချင်နေတာ။”
သူက ပြန်ဖြေလိုက်သည်။ သူသည် နတ်သူငယ်အခြေစိုက်စခန်းအနီးရှိ တည်နေရာကူးပြောင်းခြင်းအစီအရင်မှတစ်ဆင့် အလင်းနတ်သူငယ် စခန်းသို့ လျှောက်လှမ်း ဝင်ရောက်သွားခဲ့တော့လေသည်။