← Chapters

အခန်း (၈၅၉-၈၆၀)

Vol. 69 Ch. 859-860

အခန်း (၈၅၉-၈၆၀)

Vol. 69 Ch. 859-860

အခန်း ၈၅၉ - လက်ပစ်ဗုံး၏ စွမ်းပကားနှင့် အမြင့်မြတ်ဆုံး အကြီးအကဲများ စုပေါင်းထွက်ပေါ်လာခြင်း

အမှောင်နတ်သူငယ်မျိုးနွယ်စုသည် ဘုရင်မပေါင်း တစ်ဒါဇင်ကျော် ပြောင်းလဲခဲ့သော်လည်း၊း ထိုနန်းဆင်းဘုရင်မများသည် အသက်ရှင်လျက် ရှိနေကြဦးမည် ဖြစ်သည်။ အလင်းနတ်သူငယ်မျိုးနွယ်စုမှာမူ အလင်းစမ်းရေတွင်း ပြဿနာကြောင့် ဘုရင်မသစ် မပေါ်ထွက်လာမီတွင် ဘုရင်မဟောင်းမှာ ရာထူးပေါ်၌ပင် သေဆုံးသွားတတ်ကြပေသည်။

ဤအချက်ကြောင့်ပင် ရှောင်းယီသည် အလွယ်တကူ ထွက်ခွာသွားရန် မဝံ့မရဲ ဖြစ်နေခြင်းဖြစ်သည်။

ညမှောင်လာသည်နှင့်အမျှ တောအုပ်ထဲတွင် ပုန်းအောင်းနေသော အမှောင်နတ်သူငယ်များသည် နောက်ဆုံးတွင် စိတ်မရှည်တော့ဘဲ ဟေအာ၏အမိန့်ပေးမှုအောက်တွင် လျင်မြန်စွာ ပြေးထွက်လာခဲ့ကြတော့လေသည်။

သိပ်သည်းလှသော အမှောင်နတ်သူငယ် အုပ်ကြီးကို မြင်သောအခါ ကျန်းယွင်ထျန်းက လှောင်ပြုံးပြုံးကာ အမိန့်ပေးလိုက်တော့၏။

“ဟမ့် ငါမင်းတို့ကို စောင့်နေတာကွ။ ရဲဘော်တွေ အားလုံး သတိ... လက်ပစ်ဗုံး အသင့်ပြင်၊ ရှေ့တည့်တည့် မီတာ ၃၀ ကို ပစ်။”

“ဟုတ်ကဲ့”

ရွှစ် ရွှစ် ရွှစ်

စစ်သားများသည် အသင့်ပြင်ထားသော လက်ပစ်ဗုံးများကို တိုက်ရိုက် ပစ်လွှတ်လိုက်ကြ၏။

ဟေအာနှင့် အခြားသူများသည် လက်ပစ်ဗုံးမှာ စစ်မြေပြင်တွင် အလွန်အမင်း အစွမ်းထက်သော လက်နက်များဖြစ်သည်ကို မသိကြပေ။ ၎င်းကို လူကို ထုရိုက်သည့် လက်နက်တစ်ခုဟုသာ ထင်မှတ်ပြီး မိမိကိုယ်ကို မထိမိစေရန်သာ ရှောင်တိမ်းလိုက်ကြလေသည်။

ဝုန်း ဝုန်း ဝြန်း

သို့သော် အမှောင်နတ်သူငယ်များ ဘာမှပင် မပြင်ဆင်ရသေးမီ လက်ပစ်ဗုံးများ ပေါက်ကွဲသွားခဲ့ပြီး ပျံ့လွင့်သွားသော ကျည်စထိမှန်မှုများကြောင့် အမြောက်အမြား သေကျေဒဏ်ရာရကုန်ကြ၏။

ဟေအာ ကိုယ်တိုင်ပင်လျှင် ကျည်စတစ်ခုကြောင့် ညာဘက်လက်မောင်းတွင် ရှပ်ထိသွားခဲ့လေသည်။ သွေးထွက်နေသော ညာဘက်လက်မောင်းကို ဂရုမစိုက်နိုင်ဘဲ သူက အသံကုန်အော်ဟစ်လိုက်၏။

“ဆုတ်ခွာကြ။ အမြန်ပြန်ဆုတ်ကြ။”

သို့သော် ကျန်းယွင်ထျန်းက သူတို့ကို အလွယ်တကူ လွှတ်ပေးမည်မဟုတ်ပေ။

“ရှေ့တည့်တည့် မီတာ ၆၀... ပစ်။”

ရွှတ်... ရွှတ်... ရွှတ်

နောက်ထပ် လက်ပစ်ဗုံးအလုံးများ တံတိုင်းပေါ်မှ ပျံထွက်လာသောအခါ ဟေအာမှာ ထိတ်လန့်သွားပြီး ဟိန်းဟောက်လိုက်၏။

“ဖယ်ကြ... အဲဒီပစ်လိုက်တဲ့ အရာတွေနဲ့ ဝေးဝေးနေကြ။”

သို့သော် သူတို့မှာ တစ်ယောက်နှင့်တစ်ယောက် ပူးကပ်နေကြသဖြင့် စနစ်တကျ လေ့ကျင့်ထားခြင်း မရှိဘဲ ချက်ချင်း လူစုခွဲရန်မှာ ခက်ခဲလှပေသည်။

ဝုန်း ဝုန်း ဝုန်း

လက်ပစ်ဗုံးတစ်လုံးမှာ အမှောင်နတ်သူငယ်တစ်ဦး၏ ခြေရင်းတွင် ကျရောက်ကာ ပေါက်ကွဲသွားပြီး ပြင်းထန်သော ပေါက်ကွဲမှုကြောင့် သူမ၏ ခြေထောက်မှာ တိုက်ရိုက်ပင် ပြတ်ထွက်သွားတော့သည်။

“အားးး!”

သူမတစ်ယောက်တည်း အော်ဟစ်နေခြင်း မဟုတ်ပေ။ စစ်မြေပြင်တစ်ခုလုံးမှာ အမှောင်မိုနတ်သူငယ်များ၏ နာကျင်စွာ အော်ဟစ်သံများဖြင့် ပဲ့တင်ထပ်နေခဲ့လေသည်။

ဟေအာမှာ လုံးဝ ဆွံ့အသွားခဲ့ရ၏။ ရှောင်းယီတွင် ဤမျှ အစွမ်းထက်သော လက်နက်များရှိနေသည်ကို သူ မသိခဲ့ပေ။ သိခဲ့လျှင် ရှောင်းယီကို တိုက်ခိုက်ရန် ဇွတ်အတင်း လုပ်ဆောင်မည်မဟုတ်ပေ။ လက်ပစ်ဗုံး နှစ်ကြိမ် ပစ်လိုက်ရုံဖြင့် အမှောင်နတ်သူငယ် မျိုးနွယ်စု၏ တိုက်ခိုက်ရေးအင်အား ၆၀ ရာခိုင်နှုန်းကျော် ပြုန်းတီးသွားခဲ့ရပြီဖြစ်သည်။

ဟေအာသည် မျိုးနွယ်စု၏ တိုက်ခိုက်ရေးအင်အား အကုန်လုံးနီးပါးကို ခေါ်ဆောင်လာခဲ့ခြင်းဖြစ်သည်။ ယခုတော့ ပြန်ရောက်လျှင် အကြီးအကဲများကို မည်သို့ ရှင်းပြရမည်ကို သူမသိတော့ပေ။

“အားလုံးပဲ... ဒဏ်ရာရတဲ့သူတွေကို ကယ်တင်ကြ။ သူတို့ကို ပြန်သယ်သွားကြ။”

ဟေအာသည် ရှောင်းယီကို ဆက်လက်တိုက်ခိုက်ရန် မတွေးတော့ဘဲ သူ၏ ရဲဘော်ရဲဘက်များ၏ အသက်ကို မည်သို့ကယ်တင်ရမည်ကိုသာ စဉ်းစားနေတော့သည်။

လှုပ်ရှားနိုင်သေးသော အမှောင်နတ်သူငယ်များ အားလုံးသည် ဒဏ်ရာပြင်းထန်သူများကို တောအုပ်ထဲသို့ ဆွဲခေါ်သွားခဲ့ကြ၏။ ရှောင်းယီက ထိုမြင်ကွင်းကို ကြည့်ရင်း တွေးလိုက်မိလေသည်။

“မင်းတို့က ငါရဲ့ ပြိုင်ဘက် မဟုတ်ဘူးဆိုတာ နားလည်သွားလိမ့်မယ်လို့ ငါမျှော်လင့်တယ်။ ငါ တကယ် ငြိမ်းငြိမ်းချမ်းချမ်းပဲ ဖြေရှင်းချင်တယ်။”

မိမိတို့၏ ရဲဘော်များ လက်ပစ်ဗုံးဒဏ်ကြောင့် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားကြသည်ကို မြင်ရသောအခါ ကံကောင်းထောက်မစွာ ဒဏ်ရာမရရှိသူများပင် ထိတ်လန့်တုန်လှုပ်နေကြဆဲ ဖြစ်သည်။

ဟေအာသည် ဒဏ်ရာရသူများစွာကို ခေါ်ဆောင်ကာ အမှောင်နတ်သူငယ် စခန်းသို့ ပြန်ရောက်လာခဲ့၏။ ဟေအာတို့ကို မြင်လိုက်ရသောအခါ အမှောင်နတ်သူငယ် အကြီးအကဲများ အားလုံး ထိတ်လန့်သွားခဲ့ကြလေသည်။

“ဘာတွေ ဖြစ်ခဲ့တာလဲ။”

ဝါအရင့်ဆမးအကြီးအကဲက မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။

“တောင်းပန်ပါတယ် အကြီးအကဲတို့... အဲဒီအပြင်လူမှာ အရမ်းပြင်းထန်တဲ့ ပေါက်ကွဲစေတတ်တဲ့ လက်နက်တွေရှိနေပါတယ်။ နှစ်ကြိမ်လောက် ပစ်လိုက်ရုံနဲ့ ကျွန်မတို့ တိုက်ခိုက်ရေးအင်အား အများစု ပြုန်းတီးသွားရပါတယ်။”

ဟေအာက ခေါင်းငုံ့ကာ ပြန်ဖြေလိုက်၏။ အကြီးအကဲများ အံ့အားသင့်သွားခဲ့ကြလေသည်။

“သူတို့မှာ ဒီလောက် အစွမ်းထက်တဲ့ လက်နက်တွေ တကယ်ရှိလို့လား။”

“ဟုတ်ပါတယ်။ သူတို့စခန်းအနားကို ကပ်ဖို့တောင် နည်းလမ်းမရှိပါဘူး။”

ဟေအာက မျှော်လင့်ချက်ကင်းမဲ့စွာ ပြောလိုက်သည်။

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။”

ထိုအချိန်တွင် ဆာရာက ဘေးတစ်ဖက်မှ လျှောက်လာခဲ့ပြီး ပြောလိုက်သည်။

“ကျွန်မတို့ အမှောင်နတ်သူငယ် မျိုးနွယ်စုအနေနဲ့ ရှောင်းယီနဲ့ ပဋိပက္ခမဖြစ်သင့်ဘူးလို့ ကျွန်မ အစကတည်းက အကြံပြုခဲ့သားပဲ။ အခုတော့ သူ ဘယ်လောက် အစွမ်းထက်လဲဆိုတာ ရှင်တို့ သိပြီမလား။”

“သူက SS အဆင့်ပဲ ရှိတာလို့ နင်ပြောခဲ့တယ် မဟုတ်ဘူးလား။”

အကြီးအကဲတစ်ဦးက မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။

“သူက SS အဆင့်ပဲ ရှိတာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်မမှာ သူ့ကို မသတ်နိုင်ဘူးဆိုတဲ့ ခံစားချက်လည်း ရှိနေတယ်။”

ဆာရာက လက်နှစ်ဖက်ကို ဖြန့်ပြကာ ပြန်ဖြေလိုက်၏။

“နင်က SSS အဆင့် နတ်သူငယ်ဘုရင်မ ဖြစ်ပြီးတော့ SS အဆင့် အပြင်လူတစ်ယောက်ကိုတောင် မဖြေရှင်းနိုင်ဘူးလား “

“ဒါကတော့ ပုံပြင်ဆန်လွန်းနေပြီ။”

“ငါထင်တာတော့ နင်က တိုက်ရမှာ ကြောက်ပြီး ဆင်ခြေပေးနေတာပဲ။ သူ ဘယ်လောက် အစွမ်းထက်သလဲဆိုတာ ငါ ကိုယ်တိုင် သွားကြည့်မယ်။”

“မသွားဖို့ ကျွန်မ အကြံပြုချင်တယ်။ မဟုတ်ရင် ရှက်တို့ မခံစားနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာလိမ့်မယ်။”

ဆာရာက အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။

“ဟက်... နင်က ဘုရင်မတစ်ယောက်အနေနဲ့ တကယ်ကို လမ်းဆုံးသွားပြီပဲ။”

အကြီးအကဲက နှာခေါင်းရှုံ့ကာ ပြောလိုက်၏။

“နင့်အခန်းထဲမှာပဲ အကျဉ်းချခံရင်း စောင့်နေလိုက်။ ငါတို့ အဲဒီအပြင်လူရဲ့ ခေါင်းကို ယူလာတဲ့အခါ နင် ဘာပြောဦးမလဲဆိုတာ ကြည့်ကြတာပေါ့။”

ပြောပြောဆိုဆိုဖြင့် အကြီးအကဲများမှာ ထွက်ခွာသွားခဲ့ကြလေသည်။ ဆာရာသည် အကြီးအကဲ ကိုးဦး၏ ကျောပြင်ကို ကြည့်ကာ ရေရွတ်လိုက်၏။

“ရှင်တို့ ဘေးကင်းကင်းနဲ့ ပြန်လာနိုင်ပါစေလို့ပဲ မျှော်လင့်တယ်။”

ဟေအာသည် အကြီးအကဲ ကိုးဦးကို ဦးဆောင်ကာ ရှောင်းယီ၏ စခန်းသို့ ချီတက်လာခဲ့၏။ အပေါ်ယံတွင် ရှောင်းယီကို အထင်သေးနေကြသော်လည်း သူတို့မှာ ပေါ့ပေါ့ဆဆ မလုပ်ကြပေ။ အကြီးအကဲ ကိုးဦးစလုံး ထွက်လာကြခြင်း ဖြစ်သည်။

ထိုအချိန်တွင် ရှောင်းယီ၏ ယာယီစခန်း၌ သားရဲတိရစ္ဆာန်ပုံရိပ်များစွာ ပေါ်လာခဲ့သည်။ ဝမ်ချိုင် တပိုင်၊ ရှောင်ပိုင်၊ သားရဲဘုရင်နှင့် SS အဆင့် အိမ်မွေးတိရစ္ဆာန်များ အားလုံးကို ဆင့်ခေါ်ထားခြင်း ဖြစ်သည်။ ရွှမ်းဝူမှာမူ ၎င်း၏ အရွယ်အစားကြောင့် ဒီနေရာကူးပြောင်းခြင်းအစီအရင်ကို ဖြတ်ကျော်၍ မရသဖြင့် မလာနိုင်ခဲ့ပေ။

“ကျွန်းပိုင်ရှင်... ဘာလို့ ဝမ်ချိုင်တို့ကို ဆင့်ခေါ်ထားတာလဲ။”

ကျန်းယွင်ထျန်းက မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။

“အမှောင်နတ်သူငယ် မျိုးနွယ်စုမှာ SSS အဆင့် ဘိုးဘေးကြီးတွေ အများကြီး ရှိနေမှာကို ငါ စိုးရိမ်လို့ပါ။ တကယ်လို့ တိုက်ပွဲဖြစ်လာရင် ဝမ်ချိုင်တို့ရဲ့ အကူအညီကို လိုအပ်လိမ့်မယ်။”

ရှောင်းယီက အဝေးကို လှမ်းကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

ရှောင်းယီ၏ စကားကို တုံ့ပြန်သည့်အလား အဝေးတွင် အမည်းစက်အချို့ ရုတ်တရက် ထွက်ပေါ်လာ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဟေအာနှင့် အဖွဲ့ဝင် ၁၀ ဦးသည် ရှောင်းယီ၏ စခန်းရှေ့သို့ ရောက်ရှိလာခဲ့ကြလေသည်။

နတ်သူငယ်အကြီးအကဲများသည် စကားတစ်ခွန်းမှ မပြောဘဲ တံတိုင်းပေါ်ရှိ လူအုပ်ကြီးအပေါ်သို့ SSS အဆင့် ဖိအားများကို ထုတ်လွှတ်လိုက်ကြတော့သည်။ တံတိုင်းပေါ်ရှိ စစ်သားများသည် မိမိတို့၏ ပုခုံးပေါ်သို့ တောင်ကြီးတစ်လုံး ဖိထားသကဲ့သို့ ချက်ချင်းပင် ခံစားလိုက်ကြရသည်။

ရှောင်းယီသည် SS အဆင့် ဖြစ်သော်လည်း SSS အဆင့် ပညာရှင် ကိုးဦးထံမှ လာသော ဖိအားကို ခံစားနေရ၏။ သူသည် သူ၏ လက်ဖဝါးထဲတွင် ရူးသွပ်ဆေးတစ်လုံးကို ကိုင်ထားပြီး မျိုချရန် ပြင်ဆင်နေစဉ်တွင် သူ၏ ကျင့်စဉ်အဆင့်မှာ လျော့ရဲလာသည်ကို ရုတ်တရက် ခံစားလိုက်ရလေသည်။ အချိန်အတော်ကြာ တိုးတက်မှု မရှိခဲ့သော သူ၏ အဆင့်မှာ ကျော်ဖြတ်နိုင်မည့် အရိပ်အယောင်များ ပြသလာခဲ့ခြင်းဖြစ်သည်။

ရှောင်းယီ၏ မျက်လုံးများ တောက်ပသွားပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်လေသည်။

“ခင်ဗျားတို့ အမှောင်နတ်သူငယ်တွေက လူအင်အားနဲ့ ဖိနှိပ်ဖို့ပဲ တတ်တာလား။ အစွမ်းရှိရင် ကျုပ်နဲ့ တစ်ယောက်ချင်း ယှဉ်ပြိုင်စမ်းပါ။”

ကျန်းယွင်ထျန်း မျက်မှောင်ကျုံ့သွား၏။ ယခု တစ်ဖက်လူက အစစ်အမှန် SSS အဆင့်များ ဖြစ်ပေသည်။ လူအင်အားသုံးပြီး တိုက်ခိုက်လျှင်ပင် သူတို့ကို ပြန်ဆုတ်အောင် လုပ်နိုင်ရန်မှာ ခဲယဉ်းလှသည်။ သို့သော် ရှောင်းယီက ဘာကြောင့် တစ်ယောက်ချင်း တိုက်ရန် ကမ်းလှမ်းရသနည်း။ ဤသည်က ရှုံးမှာ သေချာနေသည် မဟုတ်ပါလား။

“တစ်ဖက်လူက တစ်ယောက်ချင်း တိုက်ချင်တယ်ဆိုမှတော့ သူ့ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ကြတာပေါ့။”

ခေါင်းဆောင်က အေးစက်စွာ ပြောလိုက်၏။

“အကြီးအကဲကိုး...နင် သွားပြီး သူ့ကို နှုတ်ဆက်လိုက်။”

“ဟုတ်ကဲ့။”

ထို့နောက် နံပါတ် ၉ အကြီးအကဲက ရှေ့သို့ ထွက်လာပြီး သူတို့၏ ဖိအားအောက်တွင် ရုန်းကန်နေရသော ရှောင်းယီကို ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။

“တစ်ယောက်ချင်း တိုက်ရင် နင့်မှာ ပိုတောင် အခွင့်အရေး မရှိဘူး။”

“မစမ်းကြည့်ဘဲ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။”

ရှောင်းယီသည် ရွှမ်းယွမ်ဓားကို ဆွဲထုတ်ကာ တံတိုင်းပေါ်မှ ခုန်ဆင်းလိုက်၏။

ရွှမ်းယွမ်ဓား ထွက်ပေါ်လာသည်နှင့် အကြီးအကဲကိုးဦး၏ ဖိအားမှာ တစ်ဝက်ကျော်ခန့် လျော့ပါးသွားပြီး နံပါတ် ၉ အကြီးအကဲ၏ အထင်သေးနေသော မျက်နှာအမူအယာမှာလည်း လေးနက်သွားတော့လေသည်။

အခန်း ၈၆၀ - တစ်ယောက်ချင်းစီရင်ဆိုင်ခြင်း၊ အဆင့်ကျော်ဖြတ်ခြင်းနှင့် စိုးရိမ်ပူပန်မှု

“အဲဒီလက်နက်က ကြောက်စရာကောင်းလိုက်တာ။”

နောက်ကွယ်ရှိ အမြင့်မြတ်ဆုံး အကြီးအကဲများက တညီတညွတ်တည်း အော်ဟစ်လိုက်ကြ၏။

“ဒီလောက် အားနည်းတဲ့ လူသားတစ်ယောက်ရဲ့ လက်ထဲကို ရောက်သွားတာတော့ နှမြောစရာပဲ။”

အကြီးအကဲခေါင်းဆောင်က ခေါင်းခါရင်း ပြောလိုက်သည်။

“နံပါတ်ကိုး... သူ့ကိုသတ်ပြီး အဲဒီလက်နက်ကို ပြန်ယူလာခဲ့။”

“ဟုတ်ကဲ့။”

နံပါတ်ကိုးက တုံ့ပြန်လိုက်ပြီး သူမ၏လေးကို တင်လိုက်ကာ ရှောင်းယီထံသို့ မြှားများကို တရစပ် ပစ်ခတ်လိုက်တော့သည်။

ရှောင်းယီသည် ဖိအားကို အံတုရင်း သူ၏လက်ထဲရှိ ရွှမ်းယွမ်ဓားကို အသုံးပြုကာ မြှားများကို ဘေးသို့ ပုတ်ထုတ်လိုက်၏။

“နောက်ထပ် နည်းနည်းလေးပဲာ”

ရှောင်းယီက တိုးတိုးလေး ရေရွတ်ရင်း နံပါတ်ကိုးရှိရာသို့ တိုက်ရိုက် ပြေးဝင်သွားလိုက်သည်။

နံပါတ်ကိုးသည် မြေကြီးကို ဆောင့်ကန်ကာ နောက်သို့ ခုန်ဆုတ်လိုက်၏။ ရှောင်းယီ၏ အရှိန်မှာ အကွာအဝေးကို ဖြတ်ကျော်ရန် နှေးကွေးနေဆဲပင်။ ဤအတိုင်းသာ ဆက်သွားပါက ရှောင်းယီသည် သူမ၏ ပစ်ပြေးနည်းဗျူဟာကြောင့် အင်အားကုန်ခမ်းသွားပေလိမ့်မည်။

သို့သော် တိုက်ပွဲ ကြာလာသည်နှင့်အမျှ ရှောင်းယီ၏ မျက်လုံးများမှာ ပိုမို တောက်ပလာခဲ့သည်။ သူသည် အဆင့်တက်ရန် အနီးကပ်ဆုံး အခြေအနေသို့ ရောက်နေပြီဖြစ်ကြောင်း ခံစားနေရပြီဖြစ်သည်။ ထိုစဉ်...

ရှပ်

မြှားတစ်စင်းသည် ရှောင်းယီ၏ လက်မောင်းကို ရှပ်ထိသွားပြီး သွေးထွက်သံယိုဒဏ်ရာတစ်ခု ဖြစ်သွားစေခဲ့၏။ သူသည် အစွမ်းကုန် ရှောင်တိမ်းခဲ့သော်လည်း နံပါတ်ကိုး၏ မြှားပစ်ပညာမှာ ပစ်မှတ်ကို ထိမှန်အောင် လုပ်နိုင်ခဲ့လေသည်။

သွေးကို မြင်လိုက်ရသောအခါ နံပါတ်ကိုးမှာ စိတ်လှုပ်ရှားသွားခဲ့သည်။ သူမသည် မြှားကိုးစင်းကို တစ်ပြိုင်နက် ဆွဲတင်လိုက်ပြီး သူ၏ အသက်ရှူလမ်းကြောင်းနှင့် အရေးကြီးသော နေရာများကို ဦးတည်ကာ ပစ်လွှတ်လိုက်တော့လေသည်။ ထိုမြှားကိုးစင်းသည် သူ့ကို လွတ်လမ်းမရှိအောင် ပိတ်ဆို့ကာ ပြေးဝင်လာခဲ့သည်။

တံတိုင်းပေါ်မှ ကြည့်နေသော ကျန်းယွင်ထျန်းမှာ ချွေးစေးများပင် ထွက်လာခဲ့‌လေသည်။

“ကိုယ်ကျပ်ဝတ်စုံကို အခုချက်ချင်း ဝတ်လိုက်တော့။ မဟုတ်ရင် မင်း သေလိမ့်မယ်။”

သူက အော်ဟစ်လိုက်မိ၏။

မြှားကိုးစင်းကို ပစ်လွှတ်ပြီးနောက် နံပါတ်ကိုးသည် သူမ၏ လေးကို အောက်ချလိုက်တော့သည်။ ဤတိုက်ခိုက်မှုသည် ရန်သူကို မသေစေနိုင်လျှင် ဒဏ်ရာရသွားစေမည်မှာ သေချာသည်ဟု သူမ ယူဆထားခဲ့သည်။

“ငါ့အတွက် ချိုးဖြတ်စမ်း။”

ရှောင်းယီက ဟိန်းဟောက်လိုက်ရာ သူ၏ ပတ်ဝန်းကျင်ရှိ အော်ရာအရှိန်အဝါများမှာ ချက်ချင်းပင် ပြောင်းလဲသွား၏။

ချွင်... ချွင်... ချွင်။

သူသည် မြှားကိုးစင်းစလုံးကို ရွမ်းယွမ်ဓားဖြင့် မျက်စိတစ်မှိတ်အတွင်း ပုတ်ထုတ်ပစ်လိုက်တော့လေသည်။

“မဖြစ်နိုင်တာ။”

နံပါတ်ကိုးက ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေမိလေသည်။

“သူ အဆင့်ထိုးဖောက်သွားပြီ။”

ဝါရင့်အကြီးအကဲက လေးနက်စွာ ပြောလိုက်၏။

“သတိထားကြ။”

အဆင့်ကျော်ဖြတ်ပြီးနောက် ရှောင်းယီ၏ လက်ထဲရှိ ရွှမ်းယွမ်ဓားမှာ အသက်ဝင်လာသကဲ့သို့ ခံစားလိုက်ရသည်။ ယခင်က သူသည် ဓား၏ စစ်မှန်သော စွမ်းအားကို မထုတ်ဖော်နိုင်ခဲ့ပေ။

“မင်းရဲ့ စွမ်းအားအစစ်အမှန်ကို ပြလိုက်စမ်း။”

သူက အော်ဟစ်ရင်း ဓားကို ကိုင်မြှောက်လိုက်၏။

သူ၏ မြင့်တက်လာသော တိုက်ခိုက်လိုစိတ်များကို တုံ့ပြန်သည့်အလား ဓားကလည်း တုန်ခါလျက် အသံများ မြည်ဟီးလာခဲ့သည်။ ထိုအသံနှင့်အတူ အကြီးအကဲ ကိုးဦးထံမှ လာသော ဖိအားများမှာလည်း မြူခိုးများကဲ့သို့ ပျောက်ကွယ်သွားတော့လေသည်။

ရှောင်းယီက ဓားကို နံပါတ်ကိုးထံသို့ ချိန်ရွယ်လိုက်ရာ သူမသည် ရှေးဦးသားရဲကြီးတစ်ကောင်၏ ရှေ့တွင် သားကောင်ဖြစ်နေသကဲ့သို့ ခံစားလိုက်ရပြီး သူမ၏ စိတ်ထဲတွင် “ပြေး” ဆိုသည့် အတွေးတစ်ခုသာ ရှိတော့သည်။ သို့သော် ဓား၏ စွမ်းအင်စက်ကွင်းအောက်တွင် သူမ၏ အရှိန်မှာ ကျဆင်းသွားခဲ့ပြီး ရှောင်းယီက သူမကို အလွယ်တကူ ဖမ်းမိသွားတော့လေသည်။

ငါးစက္ကန့်အကြာတွင် ရှောင်းယီသည် သူမ၏ လမ်းကြောင်းရှေ့၌ ပိတ်ရပ်လိုက်ပြီဖြစ်သည်။ ကျန်ရှိသော အကြီးအကဲ ရှစ်ဦးကလည်း သူတို့ကို ချက်ချင်း ဝိုင်းရံလိုက်ကြ၏။

“ဒါက တစ်ယောက်ချင်း တိုက်ပွဲ မဟုတ်ဘူးလား။ အမှောင်နတ်သူငယ်တွေက ဒီလောက်တောင် ကတိမတည်တတ်ကြဘူးလား။”

ကျန်းယွင်ထျန်းက တံတိုင်းပေါ်မှ လှမ်းအော်လိုက်သည်။ ကံမကောင်းစွာဖြင့် နတ်သူငယ်များက သူ၏စကားကို နားမလည်ကြပေ။

ရှောင်းယီ ဝိုင်းရံခံထားရသည်ကို မြင်သောအခါ ဝမ်ချိုင်နှင့် အခြား အိမ်မွေးတိရစ္ဆာန်များသည် ရူးသွပ်ဆေးများကို မျိုချလိုက်ပြီး တံတိုင်းပေါ်မှ ဝန်မလေးဘဲ ခုန်ဆင်းလာခဲ့ကြတော့လေသည်။

“တိုက်...”

အကြီးအကဲများက ရှောင်းယီကို တစ်ပြိုင်နက် တိုက်ခိုက်လိုက်ကြ၏။ အဆင့်သစ်သို့ ရောက်ရှိခါစ ဖြစ်သဖြင့် ရှောင်းယီသည် လေ့ကျင့်မှု လိုအပ်နေပြီး ထိုကိုးဦးစလုံးကို တစ်ယောက်တည်း ရင်ဆိုင်လိုက်လေသည်။ သူတို့၏ တိုက်ကွက်များမှာ ရိုးရှင်းလှသဖြင့် သူ၏ အရေးကြီးသော နေရာများကို ကာကွယ်ထားသရွေ့ သူတို့ကို မထိမခိုက်အောင် လုပ်နိုင်ခဲ့လေသည်။

အိမ်မွေးတိရစ္ဆာန်များ ရောက်ရှိလာသောအခါ အကြီးအကဲများမှာ ထိတ်လန့်သွားကြ၏။

“ဒီလောက် အဆင့်မြင့်တဲ့ သားရဲတွေ ဘယ်က ရောက်လာတာလဲ။”

“သူတို့က ရှောင်းယီကို ကူညီဖို့ ရောက်လာကြတာပဲ။”

“ငါတို့ ရှုံးပြီ... ပြန်ဆုတ်ကြ။”

ရွှမ်းယွမ်းဓားကို ကိုင်ဆောင်ထားသော ရှောင်းယီ တစ်ယောက်တည်းကိုပင် သူတို့ အနိုင်မယူနိုင်ခဲ့ရာ ယခု သားရဲများပါ ရောက်လာသဖြင့် အကြီးအကဲများမှာ မယှဉ်နိုင်တော့ပေ။

“ဆုတ်ခွာကြ။”

အကြီးအကဲခေါင်းဆောင်က အမိန့်ပေးလိုက်၏။

သူတို့ ထွက်ပြေးသွားသည်ကို မြင်သောအခါ ဝမ်ချိုင်နှင့် အခြားသားရဲများက လိုက်လံတိုက်ခိုက်ချင်ကြသည်။ သို့သော် ရှောင်းယီက လှမ်းခေါ်လိုက်လေသည်။

“ဝမ်ချိုင်၊ တာပိုင်... ပြန်လာခဲ့ကြ။”

ဆေး၏ အာနိသင်မှာ အချိန်ကန့်သတ်ချက် ရှိနေသဖြင့် သူတို့ကို အပြတ်ရှင်းနိုင်မည်ဟု သူ မသေချာပေ။ ထို့ကြောင့် ဘေးကင်းသည့်လမ်းကိုသာ ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ ဤတိုက်ခိုက်မှုအပြီးတွင် အမှောင်နတ်သူငယ်များမှာ ခဏတာ ငြိမ်သက်သွားပေလိမ့်မည်။

သူ အိမ်မွေးတိရစ္ဆာန်များကို ခေါ်ဆောင်ကာ စခန်းထဲသို့ ပြန်ဝင်လာသောအခါ ကျန်းယွင်ထျန်းက စိတ်လှုပ်ရှားစွာ ဆီးကြိုလိုက်၏။

“ကျွန်းပိုင်ရှင်... အဆင့်တက်သွားပြီလား။”

ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။

“ဟုတ်တယ်။ နောက်ဆုံးတော့ ဒီခြေလှမ်းကို တက်လှမ်းနိုင်ခဲ့ပြီ။ အမှောင်နတ်သူငယ်တွေ ခဏတော့ ပြန်လာမှာ မဟုတ်သေးဘူး။ ငါ အခု အိမ်ပြန်တော့မယ်။”

သူ ကျွန်းသို့ ပြန်ရောက်သောအခါ အန်းယွဲ့ နှင့် အခြားသူများကို ချက်ချင်း ခေါ်ယူတွေ့ဆုံလိုက်လေသည်။

“ကျွန်းပိုင်ရှင်... ဘာဖြစ်လို့ ဒီလောက် ညဉ့်နက်မှ အစည်းအဝေး ခေါ်ရတာလဲ။”

အန်းယွဲ့က ဇဝေဇဝါဖြင့် မေးလိုက်၏။

“ကျုပ် SSS အဆင့်ကို ရောက်သွားပြီ။”

ရှောင်းယီက အရင်ဆုံး ကြေညာလိုက်သည်။

“ဝမ်းသာစရာပဲ။ ဒါ တကယ့်ကို သတင်းကောင်းပဲ။”

“ဒါပေမဲ့ ကျွန်းပိုင်ရှင်က ဘာလို့ ပျော်နေပုံမရတာလဲ။”

လူတိုင်းက ရှောင်းယီကို နားမလည်သလို ကြည့်ကြလေသည်။

“ကျုပ်တို့ ဒီကမ္ဘာ့စည်းမျဉ်းတွေ ဘယ်လိုအလုပ်လုပ်လဲဆိုတာ မသိသေးဘူး။”

ရှောင်းယီက ရှင်းပြလိုက်သည်။

“အမြင့်ဆုံးအဆင့်ကို ရောက်သွားရင် ကျုပ် ဒီနေရာကနေ တည်နေရာကူးပြောင်းခံရပြီး ပျောက်ကွယ်သွားမှာကို စိုးရိမ်မိတယ်။ အဲ့ဒါကြောင့် ကြိုတင်ပြီး မှာကြားထားချင်လို့ပါ။”

ဤစကားကို ကြားသောအခါ လူတိုင်း မျက်မှောင်ကျုံ့သွားကြ၏။ ယီရန်ပင်း မဟာမိတ်အဖွဲ့မှာ ရှောင်းယီအပေါ်တွင် လုံးဝ မှီခိုနေရခြင်း ဖြစ်သည်။ သူသာ ပျောက်ကွယ်သွားပါက အခြေအနေမှာ မသေချာတော့ပေ။

“စိတ်မပူကြပါနဲ့...။ ကြိုတင်ပြင်ဆင်ထားရင် အလစ်အငိုက် အမိခံရမှာ မဟုတ်ပါဘူး။ မဟာမိတ်အဖွဲ့က ကျုပ်ရှိလည်း အဆင်ပြေပြေ လည်ပတ်နိုင်ပါတယ်။ ခင်ဗျားတို့ရဲ့ ကိုယ်ပိုင် လက်ထောက်တွေကို လေ့ကျင့်ပေးထားကြပါ။ ခင်ဗျားတို့ အဆင့်တက်သွားတဲ့အခါ ဆက်ခံမယ့်သူ ရှိနေအောင်လို့ပေါ့။ ပြီးတော့ ကျုပ်လည်း ပိုပြီး သန်မာအောင် ကြိုးစားသွားပါမယ်။ တကယ်လို့ ကျုပ်ကို ပို့ဆောင်ပစ်လိုက်ရင်တောင် ကျုပ် တိုက်ပွဲဝင်ပြီး ပြန်လာခဲ့မယ်။”

All Chapters