← Chapters

အခန်း (၈၆၉-၈၇၀)

Vol. 70 Ch. 869-870

အခန်း (၈၆၉-၈၇၀)

Vol. 70 Ch. 869-870

အခန်း ၈၆၉ - သိမ်းဆည်းရမိသောလက်နက်များ အဆင့်တက်ခြင်း၊ လက်ပစ်ဗုံးဖြင့် ရန်သူကို နှိမ်နင်းခြင်း

“အား...။”

ဒဏ်ရာရသွားသော ဒေသခံအများအပြားမှာ ချက်ချင်းမသေဆုံးသွညးဘဲ ဗုံးဆန်များ ထိမှန်ထားသည့် ဒဏ်ရာများကို ဖိကာ နာကျင်စွာ အော်ဟစ်နေကြ၏။

သံချပ်ကာစစ်သင်္ဘောပေါ်တွင် ကျန်ရစ်ခဲ့သော ဒေသခံခေါင်းဆောင်သည် ကျွန်းပေါ်မှ ပေါက်ကွဲသံများနှင့် အော်ဟစ်သံများကို ကြားလိုက်ရသောအခါ အခြေအနေ မဟန်တော့ကြောင်း သိလိုက်တော့လေသည်။

“ကမ်းခြေကနေ အခုချက်ချင်းခွာလိုက်။ ကင်းထောက်...ကျွန်းပေါ်မှာ ဘာဖြစ်ခဲ့လဲဆိုတာ ငါသိချင်တယ်။”

ခေါင်းဆောင်က အော်ဟစ်ညွှန်ကြားလိုက်၏။

လက်ပစ်ဗုံးတစ်ချီ ပစ်လိုက်ရုံဖြင့် ကျန်းယွင်ထျန်းနှင့် သူ၏တပ်ဖွဲ့သည် ကမ်းတက်လာသော ရန်သူအားလုံးကို အပြတ်ရှင်းပစ်နိုင်ခဲ့လေသည်။

သူတို့သည် ရန်သူ့လက်နက်များကို သိမ်းဆည်းလိုက်ပြီး အသက်ရှင်ကျန်ရစ်သူ အချို့ကို ရှောင်းယီရှေ့သို့ ဖမ်းဆီးခေါ်ဆောင်လာခဲ့ကြ၏။

“ကျွန်းပိုင်ရှင် ဖမ်းလာခဲ့ပါပြီ။”

ကျန်းယွင်ထျန်းသည် သုံ့ပန်းသုံးဦးကို ရှောင်းယီရှေ့တွင် ဒူးထောက်ခိုင်းလိုက်သည်။ ရှောင်းယီသည် ထိုသုံးဦးကို ကြည့်ကာ ပြောလိုက်သည်။

“မင်းတို့ကို ငါ မေးခွန်းတစ်ခု မေးမယ်။ သေသေချာချာ စဉ်းစားပြီးဖြေ။ ခဏနေရင် သူက မင်းတို့ကို တစ်ယောက်တစ်နေရာစီ ခွဲပြီး စစ်ဆေးလိမ့်မယ်။ ဖြေတာ နောက်ကျတဲ့သူ သေရမယ်။ မင်းတို့သုံးယောက်ရဲ့ အဖြေ မတူရင်လည်း အကုန်သေရမယ်။”

“ဟုတ်... ဟုတ်ကဲ့ပါ အရှင်။ ကျုပ်တို့ အမှန်အတိုင်း ဖြေပါ့မယ်။”

ထိုသုံးဦးမှာ ရှောင်းယီကို ကြောက်လန့်တကြား ကြည့်နေခဲ့ကြ၏။

“မင်းတို့လက်ထဲက လက်နက်တွေ၊ စစ်သင်္ဘောတွေနဲ့ အမြောက်တွေ ဘယ်ကနေ ရလာတာလဲ။”

ရှောင်းယီက ဆိုသည်။

“အရင်ဆုံး သေချာစဉ်းစားထားကြ။ အစ်ကိုကျန်း ငါ သူတို့ကို မင်းလက်ထဲပဲ အပ်လိုက်မယ်။”

“စိတ်ချပါ။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။ ထို့နောက် သူ၏လူများကို ခေါ်ကာ သုံ့ပန်းသုံးဦးကို ခွဲထုတ်သွားခဲ့သည်။

ယခုအခါ သူတို့ စစ်ထွက်လျှင် အထူးပြုဘာသာပြန်စက်များ ပါရှိသဖြင့် ဆက်သွယ်ရေးတွင် အခက်အခဲ မရှိတော့ပေ။

၁၀ မိနစ်ခန့်အကြာတွင် ကျန်းယွင်ထျန်း ပြန်လျှောက်လာခဲ့သည်။ သူသည် အရင်ဆုံး သွေးထွက်အောင် ပစ်တဲ့ဓားကို တစ်ချက်ကြည့်လိုက်၏။ ရှောင်းယီက လက်ကာပြလိုက်၏။

“ရပါတယ်။ ဒီသတင်းက သူ့ကျေးဇူးကြောင့် ရခဲ့တာပဲ။ သူ သိထားတာ ပြဿနာမရှိပါဘူး။”

ကျန်းယွင်ထျန်းက ခေါင်းငြိမ့်လိုက်သည်။

“စစ်ဆေးမေးမြန်းချက်အရ သူတို့ အားလုံးပြောတာကတော့ အရင်ကျွန်းတွေကို သိမ်းတုန်းက အပြင်လူတွေဆီကနေ ရလာတာလို့ ဆိုပါတယ်။”

“သူတို့ရပြီးတဲ့နောက်မှာ တစ်ခုခု အထူးတလည် လုပ်ခဲ့တာ ရှိလား။”

ရှောင်းယီက မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။

“ဒီလက်နက်တွေကို သိမ်းပြီးတာနဲ့ ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်ထဲမှာ တစ်ခါလုပ်ငန်းစဉ် ဖြတ်ခဲ့တယ်လို့ ပြောပါတယ်။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“ငါ ထင်တဲ့အတိုင်းပဲ။”

ရှောင်းယီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။

“ဒါက ကမ္ဘာ့စည်းမျဉ်းတွေ နောက်ကွယ်ကနေ ကစားနေတာပဲ။”

ဒေသခံများဘက်က အားနည်းလွန်းနေသည်ကို ကမ္ဘာ့စည်းမျဉ်းက မြင်သဖြင့် သူတို့ကို လျင်မြန်စွာ အင်အားကြီးမားလာအောင် ဤနည်းလမ်းကို သုံးလိုက်ခြင်း ဖြစ်နိုင်ပေသည်။

“သူဌေးကြီး ဒါဆို ဒေသခံတွေက ကျုပ်တို့ပစ္စည်းတွေကို လုပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ထဲ ထည့်လိုက်တာနဲ့ အဆင့်မြင့်ဗားရှင်းတွေ ဖြစ်သွားတယ်လို့ ဆိုလိုတာလား။”

သွေးထွက်အောင် ပစ်တဲ့ဓားက ထိတ်လန့်တကြား မေးလိုက်သည်။ ရှောင်းယီ ခေါင်းငြိမ့်ပြလိုက်သည်။

“ကျောက်တိုင်ထဲ ထည့်တဲ့အခါ တခြား ကုန်ကြမ်းတွေ ထပ်ထည့်ရသေးလားဆိုတာတော့ မသိသေးဘူး။ အဆင့်မြင့်တဲ့ သုံ့ပန်းတစ်ယောက်လောက် ထပ်ဖမ်းနိုင်မှ အဲ့ဒါကို သိရလိမ့်မယ်။”

တစ်ဖက်တွင်မူ ဒေသခံကင်းထောက်သည် လက်ပစ်ဗုံးဒဏ်ကြောင့် ပျက်စီးသွားသော မိမိတို့တပ်ဖွဲ့၏ အခြေအနေကို မြင်လိုက်ရပြီး ထိတ်လန့်တကြားဖြင့် ခေါင်းဆောင်ထံ ပြန်ပြေးလာခဲ့လေသည်။

“ကျုပ်တို့တပ်ဖွဲ့ ကျွန်းပေါ်က အမြောက်ဒဏ် မိသွားပုံရတယ်။ အကုန်သေကုန်ပြီ။”

ထိုကင်းထောက်သည် လက်ပစ်ဗုံးကို မမြင်လိုက်ရဘဲ ပေါက်ကွဲသွားသည့် အခြေအနေကိုသာ မြင်ခဲ့ရခြင်းဖြစ်သဖြင့် အမြောက်ဖြင့် အပစ်ခံရသည်ဟုသာ ထင်နေခြင်း ဖြစ်သည်။

“အမြောက်လား။”

ခေါင်းဆောင် မျက်မှောင်ကျုံ့သွားခဲ့၏။

“သူတို့ကျွန်းပေါ်မှာ အမြောက်တွေ ရှိနေတာကို ငါ မတွေ့မိပါဘူး။”

“ဒါပေမဲ့ ဒီပျက်စီးမှုတွေက ပေါက်ကွဲမှုကြောင့် ဖြစ်တာ သေချာပါတယ်။”

ကင်းထောက်က အခိုင်အမာ ပြောလိုက်သည်။ခေါင်းဆောင်ကာ ခေါင်းငြိမ့်ကာ စဉ်းစားနေလိုက်၏။အတန်ကြာမှ သူက အမိန့်ပေးလိုက်သည်။

“ကျွန်းတစ်ခုလုံးကို အမြောက်နဲ့ လှမ်းပစ်လိုက်စမ်း။ ပစ်...”

ဝုန်း ဝုန်း ဝုန်း

သံချပ်ကာစစ်သင်္ဘောပေါ်မှ အမြောက်များ ဟိန်းဟောက်လာတော့လေသည်။ ရှောင်ယီတို့အဖွဲ့မှာမူ အသစ်ဆောက်လုပ်ထားသော ခိုင်ခံ့သည့် မြေအောက်ခံစစ်စခန်းအတွင်းသို့ ရောက်နေကြပြီဖြစ်သည်။

အပေါ်မှ အမြောက်သံများကို နားထောင်ရင်း ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“အဲ့ဒီဒေသခံတွေမှာ ခဲယမ်းမီးကျောက်တွေ တော်တော်ပေါတာပဲ။”

“ကံမကောင်းတာက နေရာတစ်ခုကို သိမ်းဖို့ဆိုတာ ဗုံးတွေချည်းပဲ ကြဲနေလို့ မရဘူးလေ။ အဲ့လောက် လွယ်မယ်ဆိုရင် ကမ္ဘာဟောင်းတုန်းက လွတ်လပ်တဲ့နိုင်ငံက ငါတို့ ရှားနိုင်ငံကို စစ်မြေပြင်မှာ ရှုံးနိမ့်ပြီး ပြန်ဆုတ်သွားမှာ မဟုတ်ဘူး။”

ကျန်းယွင်ထျန်းကလည်း ပြန်ဖြေလိုက်သည်။အတိတ်ကာလတွင် ရှားနိုင်ငံ၏ စစ်သားများသည် ရန်သူ့လေယာဉ်နှင့် အမြောက်ဒဏ်ကို ခန္ဓာကိုယ်ဖြင့် ခုခံကာ အသက်ပေး၍ နောက်ဆုံးအောင်ပွဲကို အရယူခဲ့ကြခြင်း ဖြစ်သည်။

သင့်မှာ လေယာဉ်နှင့် အမြောက်တွေ ဘယ်လောက်ပဲ ကောင်းနေပါစေ နောက်ဆုံးမှာ မြေပြင်ကို သိမ်းပိုက်ဖို့အတွက် လူကိုယ်တိုင် လိုအပ်သည် မဟုတ်ပါလား။

ရှောင်းယီ ခေါင်းငြိမ့်လိုက်မိသည်။ အပြင်မှ အမြောက်သံများသည် မိနစ် ၅၀ ခန့် ကြာမြင့်ပြီးနောက်တွင်မှ ဖြည်းဖြည်းချင်း တိတ်ဆိတ်သွားခဲ့ကြ၏။

“သူတို့ အမြောက်ဆန်တွေ ကုန်တော့မယ် ထင်တယ်။ ကဲ... အစ်ကိုကျန်း မင်းတို့ အလှည့်ပဲ။”

ရှောင်းယီက ကျန်းယွင်ထျန်းကို ကြည့်ကာ ပြောလိုက်သည်။

“ဟုတ်ကဲ့။”

ထို့နောက် ကျန်းယွင်ထျန်းသည် တပ်ဖွဲ့ကို ဦးဆောင်ကာ အပြင်သို့ ထွက်သွားခဲ့တော့၏။

ရန်သူသည် ကျွန်းကို သိမ်းပိုက်လိုလျှင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို လာရောက် ထိန်းချုပ်ရမည် ဖြစ်သည်။ မဟုတ်လျှင် ယခင်က ကြဲခဲ့သော အမြောက်ဆန်များမှာ အလဟဿ ဖြစ်သွားပေလိမ့်မည်။

ကျန်းယွင်ထျန်းနှင့် သူ၏လူများသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင် အနီးတွင် နေရာယူကာ ရန်သူ ရောက်လာမည့်အချိန်ကို စောင့်နေလိုက်ကြ၏။

ရှောင်းယီသည်လည်း အပြင်သို့ ထွက်လာခဲ့လေသည်။ ပျက်စီးနေသော ပတ်ဝန်းကျင်ကို ကြည့်ကာ သူ ခေါင်းခါလိုက်မိ၏။

ထိုစဉ် ပင်လယ်ထဲရှိ ဒေသခံခေါင်းဆောင်က ထပ်မံ အမိန့်ပေးလိုက်သည်။

“ကျွန်းပေါ်တက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သိမ်းပိုက်ကြ။”

ယခုတစ်ခေါက် တက်လာသော တပ်ဖွဲ့မှာ မပေါ့ဆရဲကြတော့ပေ။ ယခင်တပ်စုမှာ အစအနမကျန် ပျောက်ကွယ်သွားခဲ့သည် မဟုတ်ပါလား။

သူတို့သည် အလွန်သတိထားကာ ရှေ့သို့တိုးဝင်လာခဲ့ကြလေသည်။ လေတိုးသံ တစ်ချက်ကြားလိုက်ရလျှင်ပင် သူတို့သည် ခြေလှမ်းများကို ရပ်တန့်ကာ အန္တရာယ် ရှိ၊ မရှိ သေသေချာချာ စစ်ဆေးပြီးမှ ဆက်လျှောက်ခဲ့ကြ၏။

သူတို့သည် မီတာ ၃၀၀၊ ၄၀၀ ခန့်သာရှိသော အကွာအဝေးကို ရောက်ရန် နာရီဝက်ခန့် ကြာသွားခဲ့လေသည်။

သူတို့၏ ကြောက်ကြောက်လန့်လန့် လျှောက်လာပုံကို ကြည့်ရင်း ကျန်းယွင်ထျန်းက တိုးတိုးလေး အမိန့်ပေးလိုက်သည်။

“သူတို့ကို လွှတ်လိုက်တော့။”

သူ၏လူများသည် နောက်ထပ် လက်ပစ်ဗုံးတစ်ချီကို ထပ်မံ ပစ်ထုတ်လိုက်ကြတော့လေသည်။

ထိုဒေသခံများသည် ဤဘဲဥပုံ အရာဝတ္ထုမှာ ဘာမှန်း မသိသေးသော်လည်း အတွေ့အကြုံအရ တုံ့ပြန်မှု ရှိလာကြကာ ချက်ချင်း လှည့်ပြေးကြတော့၏။

သို့သော် ကျန်းယွင်ထျန်း၏ လူများမှာ လေ့ကျင့်ထားသော ပစ်မှတ်တိကျသူများဖြစ်ရာ ရန်သူ၏ ဆုတ်လမ်းကိုပါ တွက်ချက်၍ ပစ်လိုက်ကြခြင်းဖြစ်လေသည်။

ဝုန်း ဝုန်း ဝုန်း

ထိုဒေသခံတပ်စုသည်လည်း တစ်ယောက်မကျန် ထိုနေရာမှာတင် ကျဆုံးသွားခဲ့ကြပြန်သည်။

ယခုတစ်ခေါက်တွင် ဒေသခံခေါင်းဆောင်သည် နောက်မှ လိုက်ကြည့်ရန် လူအချို့ကို သီးသန့် စီစဉ်ထားခဲ့၏။ သူသည် အနည်းဆုံးတော့ သူ၏ လူများ မည်သို့ သေဆုံးကုန်ကြသလဲဆိုသည်ကို သိချင်နေခဲ့လေသည်။

သူတို့ သေရမည်ဆိုလျှင်ပင် ဘာကြောင့်လဲဆိုသည်ကို သိပြီးမှ သေသင့်သည် မဟုတ်ပါလား။

ထိုသူများသည် ရှေ့မှ တပ်ဖွဲ့မှာ လက်ပစ်ဗုံးဒဏ်ကြောင့် သွေးအိုင်ထဲတွင် လဲကျသွားသည်ကို မြင်လိုက်ရသောအခါ ထိတ်လန့်တကြားဖြင့် သံချပ်ကာ စစ်သင်္ဘောရှိရာသို့ လေးဘက်ထောက်ကာ ပြန်ပြေးကြတော့လေသည်။

ကမ်းခြေတွင် ဆိုက်ကပ်ထားသော သင်္ဘောပေါ်၌ ခေါင်းဆောင်သည် ယခင်ကကဲ့သို့ ပေါက်ကွဲသံများကို ထပ်မံ ကြားရသောအခါ စိတ်ပျက်သွားခဲ့၏။

ထို့နောက် တောထဲမှ ပြန်ပြေးလာသော ကင်းထောက်များကို တွေ့လိုက်ရလေသည်။

ထိုလူများ သင်္ဘောပေါ် ရောက်သည်နှင့် ခေါင်းဆောင်က ချက်ချင်း အမိန့်ပေးလိုက်တော့လေသည်။

“ကျောက်ဆူးဖော်၊ အခုချက်ချင်း ဆုတ်မယ်။”

သံချပ်ကာ စစ်သင်္ဘောသည် ကျွန်းမှ အရှိန်အပြည့်ဖြင့် ခွာသွားတော့၏။ သင်္ဘောပေါ်တွင် ခေါင်းဆောင်က အမောတကော ဖြစ်နေသော စစ်သားများကို ကြည့်ကာ ‌မေးလိုက်သည်။

“ဘာတွေ ဖြစ်ခဲ့တာလဲ။”

“ခေါင်းဆောင် အဲ့ဒီ အပြင်လူတွေက မိစ္ဆာတွေပဲ။ သူတို့က အမြောက်ဆန်တွေကို လက်နဲ့ ပစ်လို့ရတယ်။ ပြီးတော့ ကျုပ်တို့ တစ်ဖွဲ့လုံးကို ပေါက်ကွဲစေခဲ့တာ။”

“ဟုတ်ပါတယ်၊ တစ်ယောက်မှ မလွတ်နိုင်ခဲ့ကြဘူး။ သူတို့ရဲ့လက်စက ပစ်မှတ်ကို အရမ်း တိကျတယ်။”

ထိုစကားများကို ကြားသောအခါ ခေါင်းဆောင်က မျက်မှောင်ကျုံ့သွားပြီး ထပ်မေးလိုက်၏။

“မင်းတို့ သေချာလား။ သူတို့ ပစ်တာက အမြောက်ဆန်တွေဆိုတာ။”

“ကျုပ်တို့ အမြောက်တွေမှာ သုံးတဲ့အဆန်တွေနဲ့တော့ မတူဘူး။ သူတို့ဟာက ဘဲဥပုံစံမျိုးပဲ။ လက်နဲ့ ပစ်ရတာ အရမ်း လွယ်ပုံရတယ်။”

“ဟုတ်တယ်၊ ပြီးတော့ သူ့ရဲ့ စွမ်းအားက အမြောက်ဆန် ပေါက်ကွဲတာနဲ့ အတူတူပဲ။”

ထိုစကားများကို ကြားသောအခါ ခေါင်းဆောင်က ၎င်း၏မျက်လုံးများကို ကျဉ်းမြောင်းကာ ဆိုလိုက်သည်။

“အဲ့ဒါက လက်နက်သစ် အမျိုးအစား တစ်ခုပဲ ဖြစ်ရမယ်။ ဒီအပြင်လူတွေရဲ့ လက်နက်သစ်တွေက ကုန်ကိုမကုန်နိုင်ဘူး။”

အခန်း ၈၇၀ - ဒေသခံများ လက်လျှော့ဆုတ်ခွာခြင်း၊ ကျောက်တိုင်များ ရွှေ့ပြောင်းခြင်းနှင့် အုတ်မြစ်ကျောက်များ ပြန်လည်သိမ်းဆည်းခြင်း

“ခေါင်းဆောင် ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ။”

ဒေသခံစစ်သားတစ်ဦး ရှေ့သို့တက်ကာ မေးမြန်းလိုက်သည်။

ဒေသခံခေါင်းဆောင်သည် သူ့ရှေ့မှကျွန်းကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

“လောလောဆယ် ဆုတ်ခွာကြမယ်။ အထက်လူကြီးတွေကို အစီရင်ခံပြီးမှ နောက်ဘာလုပ်မလဲဆိုတာ ဆုံးဖြတ်မယ်။”

“ဟုတ်ကဲ့။”

မကြာမီ ဒေသခံများသည် သူတို့၏ သံချပ်ကာစစ်သင်္ဘောများကို မောင်းနှင်ကာ ထိုကျွန်းမှဆုတ်ခွာပြီး သူတို့ခုနက သိမ်းပိုက်ထားသော အနောက်တောင်ဘက်ကျွန်းသို့ ပြန်သွားခဲ့ကြလေသည်။

“ကျွန်းပိုင်ရှင် သူတို့ အနောက်တောင်ဘက်ကျွန်းကို ဆုတ်သွားကြပြီ။”

ကျန်းယွင်ထျန်းသည် ခဏကြအောင် စောင့်ကြည့်လိုက်ပြီးနောက် ရှောင်းယီထံသို့ အစီရင်ခံလိုက်၏။ ရှောင်းယီက ခေါင်းငြိမ့်လိုက်သည်။

“ဒီမှာပဲ ခဏနားပြီး ပြန်လည်ပြင်ဆင်ကြမယ်။ သူတို့ နောက်ထပ်ဘာလုပ်မလဲဆိုတာ ကြည့်ရအောင်။”

အနောက်တောင်ဘက်ကျွန်းသို့ ပြန်ရောက်သွားသော ဒေသခံများသည် ဤနေရာမှ တိုက်ပွဲအခြေအနေကို သူတို့၏ အထက်လူကြီးများထံ ချက်ချင်းသတင်းပို့လိုက်ကြတော့လေသည်။

“ဘာ...သူတို့က လက်နက်သစ်တွေ ထပ်ထုတ်လာပြန်ပြီလား။”

အော်ကုက ကျောက်တိုင်၏ အခြားတစ်ဖက်မှ မျက်မှောင်ကျုံ့ကာ ဆိုလိုက်၏။

“ဟုတ်ပါတယ်။ ရှေ့တန်းကလူတွေရဲ့ ပြောစကားအရဆိုရင် အဲ့ဒါက လက်ကိုင်ပေါက်ကွဲစေတတ်တဲ့ အရာမျိုးပါပဲ။ သူ့ရဲ့စွမ်းအားက အမြောက်ဆန်တစ်လုံးနီးပါးနဲ့ တူညီပါတယ်။”

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို စောင့်ကြည့်ရသော ဝန်ကြီးက တင်ပြလိုက်လေသည်။

“အဲ့ဒါကြောင့် ကျွန်တော်မျိုးတို့ရဲ့ ကမ်းတက်တပ်ဖွဲ့တွေက ကျွန်းပေါ်က ကျောက်တိုင်နားကို လုံးဝကပ်လို့မရဘူး ဖြစ်နေပါတယ်။”

“အရင်ဆုံး တစ်ကျွန်းလုံးကို အမြောက်နဲ့ လှမ်းပစ်ခိုင်းရင်ရော။”

အော်ကုက ဆက်မေးလိုက်သည်။

“ရှေ့တန်းက အဲ့ဒီလိုလုပ်ပြီးပါပြီ။ ဒါပေမဲ့ အဲ့ဒီအပြင်လူတွေမှာ အမြောက်ဒဏ်ကို ရှောင်နိုင်တဲ့နည်းလမ်း ရှိပုံရပါတယ်။ အမြောက်နဲ့ အဆက်မပြတ်ပစ်ပြီးလို့ ကျွန်တော်မျိုးတို့လူတွေ ကျွန်းပေါ်တက်တဲ့အခါ တစ်ဖက်လူက ခုခံနိုင်စွမ်းရှိနေတုန်းပါပဲ။ ပြီးတော့ သူတို့က လေ့ကျင့်သားလည်း အရမ်းကောင်းကြပါတယ်။”

ဝန်ကြီးက ပြန်ဖြေလိုက်၏။

အော်ဂုသည် ဝန်ကြီး၏အဖြေကို ကြားသောအခါ နက်နက်နဲနဲ စဉ်းစားနေမိလေသည်။ ထို့နောက် ရုတ်တရက် အော်ကုက ခေါင်းမော့ကြည့်ကာ မေးလိုက်သည်။

“ငါတို့အရင်က သိမ်းခဲ့တဲ့ ကျွန်းတွေမှာ သူတို့ ဒီလိုအဆင့်မြင့်လက်နက်တွေကို မသုံးခဲ့ကြဘူးမဟုတ်လား။”

ဝန်ကြီးက ခေါင်းငြိမ့်ပြလိုက်လေသည်။

“ဟုတ်ပါတယ်။ ပထမလေးကျွန်းကို အရမ်းမြန်မြန်သိမ်းပိုက်နိုင်ခဲ့ပြီး ဒီကျွန်းကို ရောက်မှပဲ ဒီလိုပြင်းထန်တဲ့ ခုခံမှုနဲ့ ကြုံခဲ့ရတာပါ။ ကျွန်တော်မျိုးတို့ဘက်က လူ ၃၀ ပါတဲ့ တပ်စုနှစ်စုတောင် ဆုံးရှုံးသွားပါပြီ။”

“တစ်ယောက်မကျန် သေကုန်တာလား။”

အော်ဂုက မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။

“ဟုတ်ပါတယ်။”

အော်ကု နောက်တစ်ကြိမ် စဉ်းစားခန်း ဝင်သွားခဲ့ရပြန်သည်။ အတန်ကြာမှ သူက မျက်လုံးဖွင့်ကာ ပြောလိုက်သည်။

“မဟုတ်ဘူး။ သူတို့မှာ အစကတည်းက ဒီလိုပြင်းထန်တဲ့ လက်နက်မျိုးရှိခဲ့ရင် ငါတို့ ကျွန်းလေးကျွန်းကို သိမ်းပိုက်ပြီးမှ ထုတ်သုံးစရာ အကြောင်းမရှိဘူး။”

“အရှင်မင်းကြီး ဘာကို ဆိုလိုတာပါလဲ။”

ဝန်ကြီးက အော်ကု၏စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို နားမလည်သေးဘဲ မေးလိုက်သည်။

“သူတို့ စစ်ကူတွေ ခေါ်လိုက်တာပဲ ဖြစ်ရမယ်။ ဒါမှမဟုတ် ငါတို့ရဲ့ ထူးခြားချက် (လက်နက်တိုးမြှင့်နိုင်စွမ်း) ကို သူတို့ သိသွားကြပြီ။”

အော်ကုက လေသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။

“ဆိုလိုတာက ကျွန်တော်မျိုးတို့ သိမ်းဆည်းရမိထားတဲ့ လက်နက်ကိရိယာတွေကို အဆင့်မြှင့်နိုင်တာကို သူတို့ သိသွားပြီလို့ ပြောချင်တာလား။”

ဝန်ကြီးက မျက်လုံးများပြူးကျယ်ကာ မယုံနိုင်ဟန်ဖြင့် မေးလိုက်သည်။

“ဒါက မဖြစ်နိုင်ဘူးမဟုတ်လား။ သူတို့ ဒီလောက်မြန်မြန် တုံ့ပြန်နိုင်ပါ့မလား။”

“ငါတို့က သိသာလွန်းအောင် လုပ်မိသွားခဲ့လို့ပဲ။”

အော်ကုက မျက်မှောင်ကျုံ့ကာ ပြန်ဖြေလိုက်၏။

ဝန်ကြီးသည်လည်း အနည်းငယ် မျက်မှောင်ကျုံ့သွားပြီးနောက် ခေါင်းငြိမ့်ကာ မေးလိုက်သည်။

“ဒါဆို ကျွန်တော်မျိုးတို့ ဘာဆက်လုပ်ကြမလဲ။”

အော်ကုသည် ခဏကြအောင် စဉ်းစားပြီးနောက် ပြောလိုက်လေသည်။

“သူတို့ခေါ်လာတဲ့ စစ်ကူတွေက အရမ်းအစွမ်းထက်နေမှတော့ ရှေ့တန်းကို အကြောင်းကြားလိုက်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေကို ရွှေ့ပြောင်းပြီး အုတ်မြစ်ကျောက်တွေကို ပြန်သိမ်းခိုင်းလိုက်တော့။”

“အမိန့်အတိုင်းပါ။”

ထို့နောက် ဝန်ကြီးသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် ချက်ချင်း အမိန့်ထုတ်ပြန်လိုက်‌လေသည်။

ဤအမိန့်ကို လက်ခံရရှိသောအခါ ရှေ့တန်းမှ ဒေသခံခေါင်းဆောင်မှာ အနည်းငယ် ကြောင်အသွားခဲ့၏။ ထို့နောက် သူသည် အော်ကုအင်ပါယာ အခြေစိုက်စခန်းမှ ကျောက်တိုင်မပါသော သင်္ဘောအကြီးအချို့ကို ချက်ချင်း လဲလှယ်ရယူကာ သိမ်းပိုက်ထားသော ကျွန်းလေးကျွန်းမှ ကျောက်တိုင်များကို သင်္ဘောပေါ်သို့ ရွှေ့ပြောင်းပြီး အုတ်မြစ်ကျောက်များကို ပြန်လည်သိမ်းဆည်းလိုက်တော့လေသည်။

ကျန်းယွင်ထျန်းသည် ထိုသိမ်းပိုက်ခံထားရသော ကျွန်းများကို အဝေးမှ စောင့်ကြည့်ရန် ကင်းထောက်များကို စီစဉ်ထားပြီးသား ဖြစ်သည်။

ရုတ်တရက် ရှေ့မှကျွန်းမှာ ပျောက်ကွယ်သွားခဲ့သည်။

ရန်သူများ ထွက်ပြေးတော့မည်ကို ကင်းထောက်က ချက်ချင်း သိလိုက်‌ရလေသည်။ သူသည် ဖုန်းကိုထုတ်ကာ ကျန်းယွင်ထျန်းထံ ဆက်လိုက်တော့လေသည်။

“နည်းပြ တစ်ဖက်လူတွေ အုတ်မြစ်ကျောက်တွေကို ပြန်သိမ်းသွားပါပြီ။ သူတို့ ထွက်သွားဖို့ ပြင်နေတာပဲ ဖြစ်ရမယ်။”

ကျန်းယွင်ထျန်းသည် မျက်မှောင်အနည်းငယ် ကျုံ့သွားခဲ့ပြီး ဘေးနားရှိ ရှောင်းယီကို အစီရင်ခံလိုက်၏။

“ကျွန်းပိုင်ရှင် သူတို့ ထွက်သွားကြပြီ။ လိုက်တိုက်ရမလား။”

ရှောင်းယီက ခေါင်းခါပြလိုက်သည်။

“သူတို့ရဲ့ အမြောက်အကွာအဝေးက ပိုဝေးသွားပြီ။ တခြားလက်နက်တွေလည်း အတိုင်းအတာတစ်ခုအထိ အဆင့်မြင့်သွားပြီ။ မလိုက်နဲ့တော့။”

တကယ်တမ်း တားဆီးချင်လျှင် ရှောင်းယီတို့တွင် အခွင့်အရေးရှိသော်လည်း ဤနေရာတွင် သူ၏အင်အားကို အလဟဿ အဖြုန်းတီးမခံလိုပေ။

ဘေးနားရှိ သွေးထွက်အောင် ပစ်တဲ့ဓားမှာမူ ရင်ကျိုးမတတ် ခံစားနေခဲ့ရသည်။ အကယ်၍ မလိုက်တိုက်လျှင် ထိုကျွန်းခွဲ လေးကျွန်းမှာ လုံးဝ ပျောက်ကွယ်သွားတော့မည် မဟုတ်ပါလား။

သို့သော် သူလည်း သိပါသည်။ သူဌေးကြီးတွင် လက်ပစ်ဗုံးများ ရှိသော်လည်း ၎င်းတို့ကို အနီးကပ် ခုခံစစ်တွင်သာ အသုံးပြုနိုင်သည်။ ပကတိ ပင်လယ်ပြင်တိုက်ပွဲတွင်မူ သင်္ဘောပေါ်မှ အမြောက်များကိုသာ အားကိုးရမည် ဖြစ်သည်။

အမြောက်ချင်း ယှဉ်လျှင်မူ လက်ရှိတွင် ရန်သူ၏အမြောက်များက အသက်ရှင်ကျန်ရစ်သူများထက် ပို၍အစွမ်းထက်နေလေသည်။ သူဌေးကြီးသည် သူ၏ မဟာမိတ်အဖွဲ့အတွက်နှင့် ရန်သူကို စွန့်စားတိုက်ခိုက်မည် မဟုတ်သည်မှာ သေချာပေသည်။

“ဟူး...။”

သွေးထွက်အောင် ပစ်တဲ့ဓားက သက်ပြင်းချကာ ခေါင်းခါလိုက်မိသည်။

“ရန်သူတွေက ငါတို့ကြောင့် ပြန်ဆုတ်သွားပြီဆိုတော့ နောက်တစ်ခါ လွယ်လွယ်နဲ့ လာရဲတော့မှာ မဟုတ်ဘူး။ မင်းဘက်က ကျွန်းခွဲလေးကျွန်း ဆုံးရှုံးသွားတယ်ဆိုပေမဲ့ အနည်းဆုံးတော့ နောက်ထပ် လေးကျွန်း ကျန်သေးတာပဲ။ ကောင်းကွက်ကိုပဲ ကြည့်လိုက်ပါ။”

ရှောင်းယီက သွေးထွက်အောင် ပစ်တဲ့ဓား၏ သက်ပြင်းချသံကို ကြားသောအခါ နှစ်သိမ့်စကား ဆိုလိုက်၏။ သွေးထွက်အောင် ပစ်တဲ့ဓားက ခေါင်းငြိမ့်ပြလိုက်သည်။

“သူဌေးကြီး ပြောတာ မှန်ပါတယ်။ သူဌေးကြီးသာ အချိန်မီ ရောက်မလာရင် ကျုပ်ရဲ့ မဟာမိတ်အဖွဲ့ တစ်ခုလုံး ပျက်သုဉ်းသွားနိုင်တယ်။ အခု ကျွန်းခွဲလေးကျွန်း ဆုံးရှုံးလိုက်ရတာက ဘာမှမဟုတ်ပါဘူး။”

“မင်း ဒီလို တွေးနိုင်တာ ကောင်းပါတယ်။ ဒါဆိုရင် ငါတို့ ပြန်တော့မယ်။”

ရှောင်းယီက ပြန်ဖြေလိုက်ပြီး သူ၏တပ်ဖွဲ့ကို လာခဲ့စဉ်က သံချပ်ကာစစ်သင်္ဘောပေါ် တက်ရန် အချက်ပြလိုက်သည်။

“ခဏလေးပါ သူဌေးကြီး။”

သွေးထွက်အောင် ပစ်တဲ့ဓားက ရုတ်တရက် လှမ်းခေါ်လိုက်၏။ ရှောင်းယီက ရပ်ကာ သူ့ဘက်သို့ ပြန်လှည့်ကြည့်လိုက်သည်။

ထိုစဉ် သွေးထွက်အောင် ပစ်တဲ့ဓားက ရှေ့တိုးလာပြီး မေးလိုက်သည်။

“သူဌေးကြီး သူတို့ ထပ်လာရင် ခုခံနိုင်အောင် ကျုပ် လက်ပစ်ဗုံးအချို့ ဝယ်ချင်လို့ပါ။ အဆင်ပြေမလား။”

ရှောင်းယီက ခေါင်းငြိမ့်လိုက်၏။

“ရတာပေါ့။ သူတို့ကို လက်ပစ်ဗုံး ၂၀ လောက် ထားခဲ့ပေးလိုက်ပါ။ ဒါက မင်းဆီက ရခဲ့တဲ့သတင်းအတွက် အဖိုးအခလို့ပဲ သတ်မှတ်လိုက်ပါ။ အုတ်မြစ်ကျောက်တွေ ထပ်ပေးစရာ မလိုဘူး။”

“ကျေးဇူးတင်ပါတယ် သူဌေးကြီး။”

သွေးထွက်အောင် ပစ်တဲ့ဓား ဝမ်းသာအားရ ပြန်ပြောလိုက်လေသည်။

ထို့နောက် ကျန်းယွင်ထျန်းနှင့် သူ၏လူများသည် လက်ပစ်ဗုံး ၂၀ ကို ထုတ်ကာ သွေးထွက်အောင် ပစ်တဲ့ဓားတို့အဖွဲ့အတွက် ထားခဲ့ပေးလိုက်၏။ ပြီးနောက် သံချပ်ကာစစ်သင်္ဘောပေါ်တက်ကာ ဦးတည်ချက်ကျောက်ကို အသုံးပြု၍ တစ်ဖွဲ့လုံး တည်နေရာကူးပြောင်းကာ ပြန်သွားကြတော့လေသည်။

ထိုအချိန်တွင် ယီထျန်းဂရုချက်ထဲ၌ လူအတော်များများက သူတို့၏ မဟာမိတ်အဖွဲ့များ အပြင်းအထန် တိုက်ခိုက်ခံနေရကြောင်း သတင်းပို့နေကြပြီဖြစ်သည်။

“ဒီနေ့ ဒေသခံတွေ ဆေးမှားသောက်ထားကြတာလား။ အရမ်းကို ဇွဲကောင်းနေကြတယ်။ ငါတို့ ကျွန်းခွဲတစ်ခုကို မရရအောင် သိမ်းမယ်ဆိုတဲ့ ပုံစံပဲ။”

“ဟုတ်တယ်။ ငါ သူတို့တိုက်ခိုက်တာကို သုံးကြိမ်တောင် ပြန်တွန်းလှန်ပြီးပြီ။ အရင်ကဆို သူတို့ လက်လျှော့သွားကြလောက်ပြီ။ ဒါပေမဲ့ ဒီနေ့တော့ ရပ်မယ့်ပုံ လုံးဝမပေါ်ဘူး။”

“မဖြစ်နိုင်တာ။ ဒီဒေသခံတွေ ကမ္ဘာ့စည်းမျဉ်းတွေရဲ့ ဆွပေးတာကို ထပ်ခံလိုက်ရပြန်တာလား။”

“မဟုတ်ဘူး။ အဲ့ဒါက သူတို့ မင်းတို့ကျွန်း တစ်ကျွန်းကို သိမ်းပြီးတာနဲ့ သူတို့လုယူသွားတဲ့ ပစ္စည်းတွေ အကုန်လုံးက အဆင့်မြင့်သွားလို့ပဲ။”

သွေးထွက်အောင် ပစ်တဲ့ဓားက အဖွဲ့ထဲတွင် ဝင်ပြောလိုက်၏။

“ဘာကို ဆိုလိုတာလဲ။ ဟေး...မင်းက ခုနက အတိုက်ခံနေရတဲ့ တစ်ယောက် မဟုတ်လား။”

“ဟုတ်တယ်။ ကျုပ်ရဲ့ ကျွန်းခွဲ လေးကျွန်းကို ဒေသခံတွေဆီမှာ ဆုံးရှုံးလိုက်ရတယ်။ ကံကောင်းလို့ သူဌေးကြီး လာကူလို့သာ ကျုပ်တို့ ခက်ခက်ခဲခဲ တောင့်ခံနိုင်ခဲ့တာ။”

သွေးထွက်အောင် ပစ်တဲ့ဓားက ဘာမှမဖုံးကွယ်ဘဲ ပြန်ဖြေလိုက်လေသည်။

“ပစ္စည်းတွေ အဆင့်မြင့်သွားတယ်ဆိုတာက စကားလုံးအတိုင်း တိုက်ရိုက်ပဲ။”

“ဆိုလိုတာက သူတို့ ငါတို့ပစ္စည်းတွေကို ရသွားတာနဲ့ အဲ့ဒါတွေက ပိုအစွမ်းထက်သွားတယ်လို့ ပြောတာလား။”

“အတိအကျပဲ။ ဥပမာ သံချပ်ကာစစ်သင်္ဘောတွေ၊ အမြောက်တွေ၊ ပင်ဖိုင်းယားရိုင်ဖယ်တွေ စတာတွေပေါ့။ သူတို့ သိမ်းပိုက်လိုက်တာနဲ့ အဆင့်မြင့်သွားတဲ့ အကျိုးသက်ရောက်မှုက ထွက်လာတော့တာပဲ။”

“ဘာ...ဒေသခံတွေမှာလည်း ဒီလိုစွမ်းရည်မျိုး ရှိတာလား။”

“ဒါက တရားလွန်လွန်းတယ်။ ဒီလိုဆိုရင် ငါတို့ ဘယ်လို ဆက်ကစားရတော့မှာလဲ။”

All Chapters