← Chapters

အခန်း (၈၇၅-၈၇၆)

Vol. 71 Ch. 875-876

အခန်း (၈၇၅-၈၇၆)

Vol. 71 Ch. 875-876

အခန်း ၈၇၅ - ခေတ်မီလက်နက်များနှင့် စက်ကိရိယာများ

ထိုစဉ် လူပုဘုရင်းမှာ ဆွံ့အသွားခဲ့လေသည်။

“မင်းတို့ အမှောင်နတ်သူငယ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာလား။ ပြီးတော့ နိုင်လည်း နိုင်ခဲ့တယ်ပေါ့။”

ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။

“ဟုတ်တယ်။ တော်တော်လေး ခက်ခဲခဲ့ပေမဲ့ သူတို့ကိုတော့ မောင်းထုတ်နိုင်ခဲ့တယ်လေ။”

“သူတို့ရဲ့ အကြီးအကဲတွေ မတိုက်ခိုက်ကြဘူးလား။”

လူပုဘုရင်က မေးမြန်းလိုက်သည်။

“တိုက်တာပေါ့။ အကြီးအကဲ ကိုးယောက်လုံး ထွက်လာကြတာ။ မဟုတ်ရင် ဒီလောက် ခက်ခဲပါ့မလား။”

ရှောင်းယီက ဂရုမစိုက်ဟန်ဖြင့် ပြန်ဖြေလိုက်လေသည်။ လူပုဘုရင်သည် ရှောင်းယီအား အံ့အားသင့်သော မျက်နှာထားဖြင့် ကြည့်ကာ လက်မထောင်ပြလိုက်သည်။

“လန်းတယ်ဟေ့။ အဲ့ဒီ မိစ္ဆာအိုကြီးတွေက အားလုံးက SSS အဆင့်တွေချည်းပဲ။”

“ကျုပ်လည်း ကံကောင်းပြီး SSS အဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်လေ။ အဲ့ဒါကြောင့် သူတို့ကို ရင်ဆိုင်နိုင်ခဲ့တာ။”

ရှောင်းယီက သူ၏လက်နှစ်ဖက်ကို ဖြန့်ပြကာ ပြောလိုက်သည်။

“ဒါနဲ့ ခင်ဗျား ဒီမှာ ဘယ်နှစ်ရက်လောက် နေဖို့ စိတ်ကူးထားလဲ။”

လူပုဘုရင်က ခေါင်းခါပြလိုက်၏။

“ငါကတော့ ပြန်ဖို့ အစီအစဉ် မရှိဘူး။”

“အို...။”

ရှောင်းယီက သူ၏ခွက်ကို မပြီးမှ ရပ်တန့်လိုက်သည်။

“ခင်ဗျားကတော့ ဒီမှာ ဇိမ်ကျနေပြီး လက်ညှိုးညွှန်ရာ စေခိုင်းရတဲ့ မန်နေဂျာ ဘဝကို သဘောကျနေတော့တာပဲ။”

“ဘယ်သူက ငါ့ကို လက်ညှိုးညွှန် မန်နေဂျာလို့ ပြောတာလဲ။ ငါ ဒီကနေပဲ အလုပ်တွေကို တစ်ပြိုင်နက် မလုပ်နိုင်ဘူးလို့ မင်းထင်လို့လား။”

လူပုဘုရင်က သူ့လက်ထဲက ဖုန်းကို ဝှေ့ယမ်းပြပြီး ပြောလိုက်သည်။

“ဒီဟာနဲ့ဆို ငါ အချိန်မရွေး ဗီဒီယိုကွန်ဖရင့်တွေ လုပ်လို့ရတယ်။ ဆုံးဖြတ်ရမယ့် ကိစ္စတွေကိုလည်း အတည်ပြုပေးလို့ရတယ်။”

ထိုစကားကိုကြားသောအခါ ရှောင်းယီ ခဏတာ အံ့သြသွားပြီးနောက် ရယ်မောလိုက်လေသည်။

“ဝမ်ရှင်းဖုန်းနဲ့ သူ့လူတွေကတော့ တော်တော်လေး အလုပ်ကြိုးစားနေကြပုံပဲ။ ဒီအရာတွေက အဲ့ဒီဘက်မှာ ပျံ့နှံ့နေပြီလား။”

“ပျံ့နှံ့တာလား။ မင်းက အများကြီး မျှော်လင့်နေတာပဲ။ ဒီလောက် လူဦးရေအများကြီးမှာ ဆက်သွယ်ရေး လွယ်ကူဖို့အတွက် ငါတို့လို ခေါင်းဆောင်ပိုင်းတွေပဲ ရထားကြသေးတာ။ တခြားလူတွေကတော့ ရဦးမှာ မဟုတ်သေးဘူး။”

လူပုဘုရင်က ပြန်ဖြေလိုက်သည်။

“ဝမ်ရှင်းဖုန်းတို့ အဖွဲ့ ပိုပြီး ကြိုးစားရဦးမယ် ထင်တယ်။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“သိပ်ပြီး အလောတကြီး လုပ်ဖို့ မလိုပါဘူး။ ဖုန်းတွေရပြီးရင်လည်း သူတို့တွေ ကျင့်သားရဖို့ အချိန်အများကြီး ယူရဦးမှာ။ အခုတော့ ငါတို့ သုံးတာကိုပဲ အရင်ကြည့်ခိုင်းထားလိုက်ဦး။”

လူပုဘုရင်က ပြုံးကာ ပြန်ဖြေလိုက်သည်။ ရှောင်းယီက ပုခုံးတွန့်ပြကာ ခွက်ထဲက ဘီယာကို အကုန်သောက်လိုက်ပြီး ပြောလိုက်လေသည်။

“ကောင်းပြီ ခင်ဗျား ဆက်ပျော်နေလိုက်ပါဦး။ ကျုပ်တော့ သွားနားတော့မယ်။”

“မင်းက ငယ်ငယ်လေးရှိသေးတာကို စောစောစီးစီး အိပ်ရာဝင်တော့မလို့လား။ မင်းရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုက သိပ်မကောင်းဘူးပဲ။”

လူပုဘုရင်က လှောင်ပြောင်လိုက်၏။

“ကျစ် ကျုပ် ကောင်းမကောင်းဆိုတာ ခင်ဗျား ဆုံးဖြတ်ရမှာ မဟုတ်ဘူးဗျ။”

ထို့နောက် ရှောင်းယီသည် ထရပ်လိုက်ပြီး မြို့ပြန်ကျောက်ကို အသုံးပြုကာ ဘားထဲကနေ ထွက်ခွာသွားခဲ့သည်။

လူပုဘုရင်သည်မူ လွတ်သွားသော ထိုင်ခုံကို ကြည့်ပြီး တွေးတောနေမိလေသည်။

“သူက အလင်းနဲ့ အမှောင် နတ်သူငယ် နှစ်မျိုးလုံးကို သူ့ကျွန်းပေါ် ခေါ်လာနိုင်ခဲ့တာပဲ။ ဒီရှောင်းယီ ဆိုတဲ့ ကောင်က တကယ် အံ့သြစရာ ကောင်းတယ်။”

သူ ဗီလာသို့ ပြန်ရောက်သောအခါ အန်ယွဲ့နှင့် တခြားလူများက မအိပ်ကြသေးဘဲ ဧည့်ခန်းတွင် တီဗီကြည့်ရင်း စကားပြောနေကြ၏။ ရှောင်းယီလည်း အောက်ထပ်သို့ ဆင်းလာခဲ့ပြီး သူတို့ကို နှုတ်ဆက်လိုက်သည်။

“တော်တော် နောက်ကျနေပြီကို ဘာလို့ မအိပ်ကြသေးတာလဲ။”

“ဒီနေ့ လင်းရှားမင်းဆီ ရောက်လာတယ်လို့ ကြားလို့လေ။ ရေသူတွေရဲ့ အခြေအနေကို မေးကြည့်ချင်လို့။”

ကျန်းယွင်ထျန်းက ပြုံးကာ ပြောလိုက်သည်။

“ဟုတ်တယ်...အဲ့မှာ နဂါးနန်းတော် ရှိတယ်လို့ မင်းပြောထားတယ် မဟုတ်လား။”

အန်ယွဲ့ကလည်း ထောက်ခံပြောဆိုလိုက်သည်။ ထိုအခါ ရှောင်းယီက သူတို့အနားတွင် ထိုင်ချလိုက်ပြီး ပြောလိုက်သည်။

“အဲ့ဒီ နဂါးနန်းတော်ရဲ့ ဗဟိုချက်က တကယ်တော့ အာကာသယာဉ်တစ်စီးပဲ။ ဒါပေမဲ့ ပျက်စီးနေတယ်။ ပြီးတော့ အဲ့ဒီ အာကာသယာဉ်ပေါ်မှာ ကျွန်းအထိမ်းအမှတ် ကျောက်တိုင်တစ်ခုလည်း ရှိနေတယ်။”

ရှောင်းယီ၏ စကားကို ကြားသောအခါ လူတိုင်း ပို၍ပင် စိတ်ဝင်စားသွားခဲ့ကြသည်။

“အာကာသယာဉ်နဲ့ ကျွန်းအထိမ်းအမှတ် ကျောက်တိုင် ဟုတ်လား။”

“နဂါးနန်းတော်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး အာကာသယာဉ် ဖြစ်သွားတာလဲ။”

“ပြီးတော့ ကျွန်းအထိမ်းအမှတ် ကျောက်တိုင်လည်း ရှိတယ်ဆိုတော့ ငါတို့ အာကာသယာဉ်ကို ပြင်ပြီး ဒီကမ္ဘာကနေ ထွက်သွားလို့ ရတော့မှာလား။”

လူတိုင်း အပြန်အလှန် ဆွေးနွေးလိုက်ကြ၏။ ရှောင်းယီက ခေါင်းခါပြလိုက်သည်။

“အဲ့ဒီလောက် မရိုးရှင်းဘူး။ အဲ့ဒီအာကာသယာဉ်ကို ပြင်လို့မရသေးဘူး။ ဒါမှမဟုတ် အခုလောလောဆယ် ပြင်လို့မရတာလို့ ပြောရမယ်။ နဂါးနန်းတော်က ဘာလို့ အာကာသယာဉ် ဖြစ်သွားတာလဲ ဆိုရင်တော့ အဲ့ဒီအာကာသယာဉ်ကို ဗဟိုပြုပြီး ဘေးပတ်ပတ်လည်မှာ နဂါးနန်းတော်တွေကို တည်ဆောက်ခဲ့ကြလို့ပဲ။”

“ဒါဆို အာကာသယာဉ်ပေါ်မှာ ကောင်းတဲ့ အရာတွေ အများကြီး ရှိမှာပေါ့။ ဟုတ်တယ်မလား။”

ဒူခန်းက မေးလိုက်သည်။

“အများကြီးတော့ မရှိပါဘူး။ အနက်ရောင် ရွှေတစ်ခုပဲ တွေ့ခဲ့တယ်။ အသုံးဝင်မယ့် ပုံစံရှိပေမဲ့ အခုတော့ အသုံးမပြုနိုင်သေးဘူး။”

ရှောင်းယီက ကူကယ်ရာမဲ့စွာ ပြန်ဖြေလိုက်သည်။ လူတိုင်း စိတ်ဝင်စားနေသည်ကို မြင်သောအခါ ရှောင်းယီက ပြောလိုက်၏။

“ရှီခုန်းတို့ တည်နေရာကူးပြောင်းခြင်းအစီအရင် တည်ဆောက်ပြီးရင် မင်းတို့ ကိုယ်တိုင် သွားကြည့်လို့ ရပါတယ်။ မင်းတို့အားလုံး ရေကာကွယ်ပုလဲတွေ စားထားကြတယ် မဟုတ်လား။ ဒါမှမဟုတ်လည်း ကိုယ်ကျပ်ဝတ်စုံ ဝတ်ပြီး သွားကြည့်လို့ ရတယ်။”

“ဒါကိုတော့ ကျုပ်တို့ လက်လွှတ်မခံနိုင်ဘူးပေါ့။”

ဒူခန်းက အရင်ဆုံး စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ရှောင်းယီ ခေါင်းခါလိုက်ပြီး အပေါ်ထပ်သို့ ပြန်နားရန် ပြင်ဆင်လိုက်လေသည်။

ကျွန်းအထိမ်းအမှတ် ကျောက်တိုင်ရှေ့သို့ ပြန်ရောက်သောအခါ ရှောင်းယီသည် ဂရုထဲက မက်ဆေ့ခ်ျများကို ဖတ်ကြည့်လိုက်သည်။

“ငါ အခုလေးတင် တခြားဂရုကနေ ကြားခဲ့တာ။ တစ်ယောက်ယောက်က သံချပ်ကာကားထုတ်လုပ်မှု ပုံစံ ရထားတယ်တဲ့။”

“သံချပ်ကာကားလား။ အဲ့ဒါက တင့်ကားရဲ့ အားပျော့တဲ့ ပုံစံ မဟုတ်လား။”

“တင့်ကားဆိုတာကလည်း သံချပ်ကာကား တစ်မျိုးပါပဲ။ ဒါပေမဲ့ လူတွေက အဲ့ဒီနှစ်ခုကို သီးခြားစီပဲ ခေါ်လေ့ရှိကြတယ်။”

“ဒါနဲ့ဆိုရင် ငါတို့ရဲ့ လက်ပစ်ဗုံးတွေက အသုံးမဝင်တော့ဘူးပေါ့။”

“အင်း အဲ့ဒါတော့ တကယ်ပဲ။ အရင်တုန်းက ငါတို့ ရှားနိုင်ငံက ကျူးကျော်လာတဲ့ သံချပ်ကာကားတွေကို လူ့အသက်တွေနဲ့ ရင်းပြီး ရင်ဆိုင်ခဲ့ရတာ။”

“ငါတို့ ရှားနိုင်ငံသားထဲက တစ်ယောက်ယောက် အဲ့ဒီအရာကို ရထားသေးလား။”

“မရထားဘူး။”

“မရထားဘူး + ၁။”

“ကျုပ် ဒီဟာတော့ရထားတယ်။ အကျုံးဝင်လား။ [သံချပ်ကာ လူတင်ယာဉ် ထုတ်လုပ်မှုပုံစံ] ၁။”

“အပေါ်က လူ မိုက်လှချည်လား။ တိုက်ခိုက်ရေး သံချပ်ကာကား မဟုတ်ပေမဲ့ အနည်းဆုံးတော့ သံချပ်ကာကား တစ်စီး ရထားတာပဲ။”

“သံချပ်ကာကားက ဘာလဲ။ ငါ့ဆီမှာ ဒါရှိတယ်ကွ။[ခုန်ထွက် လူသတ်မိုင်း ပုံစံကွက်] ၁။”

“သေစမ်း... ဒါက ပြိုင်ဘက်ကင်းပဲ။ မင်း ဒါကို ဘယ်က ရခဲ့တာလဲ။”

“ခုန်ထွက် လူသတ်မိုင်း ဆိုတာ ဘာလဲဆိုတာကို ရှင်းပြပေးမယ့် အတန်းခေါင်းဆောင်တစ်ယောက်လောက် ရှိလား။”

“အရင်ကမ္ဘာက ခေတ်မီ မြေမြှုပ်မိုင်းတွေမှာ အလုပ်လုပ်ပုံ နှစ်မျိုးရှိတယ်။ တစ်ခုက ဖိအားပေး အသက်သွင်းစနစ်နဲ့ နောက်တစ်ခုက ဖယ်ရှားမှ အသက်သွင်းစနစ်လို့ ခေါ်တယ်။”

“နန်းကြိုးဆွဲရတဲ့ အမျိုးအစားလည်း ရှိသေးတယ် မဟုတ်လား။ ငါ မိုင်းစစ်ပွဲရုပ်ရှင်ထဲမှာ တွေ့ဖူးတယ်။”

“စကားမဖြတ်ပြောနဲ့။ အဲ့ဒါက ခေတ်နောက်ကျတဲ့ ပုံစံ။ အတန်းခေါင်းဆောင် ပြောနေတာက ခေတ်မီ မြေမြှုပ်မိုင်းအကြောင်းကွ။ အတန်းခေါင်းဆောင် ဆက်ပြောပါဦး။”

“ဖိအားပေး စနစ်က ရန်သူက နင်းလိုက်တာနဲ့ ဖိအားကြောင့် ချက်ချင်း ပေါက်ကွဲစေတဲ့ဟာမျိုးပေါ့။ ဖယ်ရှားမှ အသက်သွင်းစနစ်ကတော့ နင်းပြီး ခြေထောက်ကို ကြွလိုက်မှ ပေါက်ကွဲတာ။ လူသတ်မိုင်းအပိုင်းကိုတော့ ငါ ထပ်ပြောစရာ မလိုတော့ဘူး ထင်တယ်။ အားလုံး နားလည်ကြမှာပါ။”

“နားလည်တာပေါ့။ အရင်တုန်းက ကျုပ်ရဲ့ကွန်ပျူတာထဲမှာ ခြေလျင်တပ် အချက်အလက်တွေချည်းပဲ 36 G တောင် ရှိတာ။”

“ဟေ့လူ.. စကားပြောနေတုန်း ကားလာမမောင်းစမ်းနဲ့။ အတန်းခေါင်းဆောင်...ကျုပ်မှာ မေးစရာ ရှိတယ်။ မင်းပြောသလိုဆို ဖိအားပေး ပေါက်ကွဲတဲ့ မြေမြှုပ်မိုင်း ရှိရင် လုံလောက်ပြီပဲလေ။ ဘာလို့ ဖယ်ရှားမှ ပေါက်ကွဲတဲ့ စနစ်ကို လိုတာလဲ။ အဲ့ဒါက ရန်သူကို မိုင်းဖြုတ်ဖို့ အခွင့်အရေး ပေးသလို မဖြစ်ဘူးလား။”

“ဟုတ်တယ်။ ကျုပ် အဲ့ဒါကို နင်းထားပြီး မလှုပ်ဘဲ နေလိုက်ရင် မပေါက်ကွဲဘူးလေ။ ကျုပ်ရဲ့အသင်းသားတွေကို အကူအညီ တောင်းလို့ ရတာပေါ့။”

“မိုင်းအကြောင်း နားမလည်တဲ့သူတွေ အတွက်တော့ ဘယ်အမျိုးအစားမဆို ရန်သူကို သတ်နိုင်တာပဲ။ ဒါပေမဲ့ ကျွမ်းကျင်တဲ့သူတွေက သူတို့ ဖယ်ရှားမှ ပေါက်ကွဲတဲ့ မိုင်းကို နင်းမိမှန်း သိသွားရင် ဘာဖြစ်မယ် ထင်လဲ။”

“မိုင်းဖြုတ်ဖို့ ထိုင်ချလိုက်မယ်။ ဒါမှမဟုတ် အသင်းသားတွေကို အကူအညီ တောင်းမယ်။”

“အဲ့ဒီလိုဆိုရင် တစ်ဖွဲ့လုံး ရပ်တန့်သွားမှာ မဟုတ်ဘူးလား။ ကျုပ်က အဲ့ဒီမိုင်းကို အကာအကွယ် မရှိတဲ့ နေရာမှာ မြှုပ်ထားပြီး အဝေးကနေ စနိုက်ပါတွေနဲ့ ချိန်ထားလိုက်ရင်ကော။”

“သေစမ်း... ဒါက တကယ် ကောင်းတဲ့ နည်းဗျူဟာပဲ။ ရန်သူရဲ့ စိတ်ဓာတ်ကို ပိုပြီး ဖိအားပေး ချေမှုန်းလိုက်တာပဲ။”

ဂရုထဲက ပြောနေသည့်စကားများကို ကြည့်ပြီး ရှောင်းယီ ခေါင်းတငြိမ့်ငြိမ့် လုပ်နေမိသည်။ ဤနည်းဗျူဟာမှာ အမှန်တကယ်ပင် ကောင်းမွန်သော်လည်း ရှောင်းယီကမူ တိုက်ရိုက် ပေါက်ကွဲသည့် ဖိအားပေး မိုင်းများကိုသာ ပို၍ သဘောကျပေသည်။

သို့သော်လည်း ရှောင်းယီ ချက်ချင်းပင် မျက်မှောင်ကျုံ့လိုက်မိသည်။

“လူတိုင်းက ရိက္ခာသေတ္တာတွေထဲကနေ ခေတ်မီ လက်နက်ကိရိယာတွေ အများကြီး ရနေကြပြီး ငါ့ဆီမှာကျ ဘာလို့ ဘာမှ မထူးခြားသေးတာလဲ။”

ရှောင်းယီသည် အရင်းအမြစ်သစ်များ တွေ့ရှိပါက သူ့ကို ချက်ချင်းပြောရန် အန်ယွဲ့ကို မှာကြားထားပြီးသား ဖြစ်သည်။

အန်ယွဲ့က ဘာမှ မပြောသေးသဖြင့် သူ့ထံတွင်လည်း ဘာမှ မရှိသေးသည်မှာ ထင်ရှားလှပေသည်။

အခန်း ၈၇၆ - ဆိုင်ကယ်ပုံစံကွက်၊ ဧရာမဦးခေါင်းခွံနှင့် ကမ္ဘာဦးသားရဲကြီး

“ဒါက ကမ္ဘာ့စည်းမျဉ်းတွေရဲ့ အလိုအလျောက် ပြင်ဆင်ချက်တစ်ခု ဖြစ်နေနိုင်မလား။”

ရှောင်းယီက မျက်မှောင်ကျုံ့ရင်း တိုးတိုးရေရွတ်လိုက်မိသည်။

သူ့လက်ထဲရှိ အဆင့်မြင့်လက်နက် အများစုမှာ စနစ်မှ ရရှိထားခြင်းဖြစ်၏။ အကယ်၍ ကမ္ဘာ့စည်းမျဉ်းများက ၎င်းကို သတိပြုမိပြီး ယီရန်ပင်း မဟာမိတ်အဖွဲ့၏ လက်နက်ရရှိမှုနှုန်းကို လျှော့ချလိုက်ခြင်းမျိုး ဖြစ်နိုင်ခြေ ရှိပေသည်။

“တကယ်လို့ အဲဒါသာ အမှန်ဆိုရင် ငါတော့ နစ်နာပြီ။”

ရှောင်းယီ တွေးလိုက်မိ၏။ သူသည် တစ်နေ့လျှင် တစ်ကြိမ်သာ လက်မှတ်ထိုးဝင်နိုင်သော်လည်း အခြားသူများမှာမူ တစ်နေ့လျှင် ရိက္ခာသေတ္တာပေါင်း ဒါဇင်နှင့်ချီ၍ ဖွင့်နိုင်ကြပေသည်။ တစ်ဦးလျှင် သေတ္တာခြောက်ခုနှုန်းဖြင့် အဖွဲ့ဝင် ငါးဆယ် သို့မဟုတ် ခြောက်ဆယ်ရှိသော မဟာမိတ်အဖွဲ့တစ်ခုသည် စုစုပေါင်း သေတ္တာ ၃၀၀ ကျော် ရရှိမည်ဖြစ်သည်။

ထိုပမာဏထဲမှ လက်နက်တစ်ခု ထွက်လာနိုင်ခြေသည် သူ၏ တစ်နေ့တစ်ကြိမ် အခွင့်အရေးထက် အဆပေါင်းများစွာ သာလွန်၏။ သူရရှိသော လက်နက်များက အဆင့်မြင့်နေလျှင်ပင် တစ်နေ့မှ တစ်ခုသာဖြစ်ပြီး ပစ္စည်းစာရင်းထဲတွင် အခြားအသုံးအဆောင်များနှင့် အဆောက်အဦးများပါ ပါဝင်နေသဖြင့် လက်နက်ကျနှုန်းမှာ ပို၍ပင် နည်းပါးသွားခဲ့သည်။

ရှောင်းယီသည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ခေါင်းခါလိုက်ပြီး သူ၏ သက်တောင့်သက်သာရှိသော King-size ကုတင်ပေါ်သို့ ပစ်လှဲချလိုက်တော့၏။

“ထားလိုက်ပါတော့လေ။ အခုရှိတာနဲ့တင် အတန်ကြာအောင်တော့ တောင့်ခံထားနိုင်မှာပါ။”

သူ ညည်းတွားရင်း အိပ်ပျော်သွားတော့သည်။

နောက်တစ်နေ့ နံနက် ၅ နာရီတွင် ရှောင်းယီသည် လန်းဆန်းစွာ နိုးထလာခဲ့သည်။ ထို့နောက် မျက်နှာသစ်နေရင်း လက်မှတ်ထိုးဝင်လိုက်လေသည်။

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရိသောဆုလာဘ်- ဆိုင်ကယ်ပုံစံကွက် (S အဆင့်) ၁။

သွားပွတ်တံကို ပါးစပ်တွင် ငုံထားရင်း ရှောင်းယီ မျက်တောင်ခတ်လိုက်မိ၏။

“ငါ့ကို ဘိုက်ကာလူမိုက်ကြီး လုပ်ခိုင်းနေတာလား။ ဒီပုံစံကွက်ထဲမှာ အင်ဂျင်ပါဖို့တော့ မျှော်လင့်ရတာပဲ။”

အားလုံးပြင်ဆင်ပြီးနောက် သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ သွားရောက်ကာ ‘အသုံစပြုမည်’ ကို နှိပ်လိုက်သည်။ လိုအပ်သော ကုန်ကြမ်းများကို ကြည့်ပြီးနောက် သူ သက်ပြင်းချလိုက်မိ၏။

“နောက်ထပ် အမှိုက်ပုံစံကွက်တစ်ခုပဲ။ အင်ဂျင်မပါရင် ဒါက အလကားပဲ။”

ပုံစံကွက်တွင် အတွင်းမီးလောင်ပေါက်ကွဲအင်ဂျင်တစ်ခု လိုအပ်နေပြီး ၎င်းကို ပြုလုပ်ရန် နည်းလမ်းမပါရှိပေ။

သူသည် ထုတ်လုပ်မှု စာမျက်နှာကို ပိတ်လိုက်ပြီး ယီထျန်းဂရုချက်သို့ ပြောင်းကြည့်လိုက်ရာ အခြားသူများမှာ ပစ္စည်းကောင်းများ တဖွဲဖွဲရနေကြသဖြင့် သူ မနာလိုဖြစ်သွားခဲ့ရလေသည်။

“ငါ့ရဲ့ကံကောင်းမှုတွေ အားလုံးက စနစ်ဆီမှာပဲ ပိတ်မိနေတာလား။”

သူက ထိုသို့ ရေရွတ်ရင်း ဂရုချက်ထဲမှ ထွက်လိုက်၏။

“သယ်ယူပို့ဆောင်ရေးပေးမယ်ဆိုရင်လည်း ကောင်းကောင်းမွန်မွန်ပေးပါလား။ ဆိုင်ကယ်က ဘာလုပ်ဖို့လဲ။ လုံးဝ အသုံးမဝင်ဘူး။”

သူအောက်ထပ်သို့ ဆင်းလာသောအခါ အန်းယွဲ့နှင့် အခြားသူများမှာ မနက်စာ စားနေကြပြီဖြစ်သည်။

“အားလုံးပဲ မင်္ဂလာပါ။”

နှုတ်ဆက်ရင်းဖြင့် သူ ထိုင်ခုံတွင် ဝင်ထိုင်လိုက်၏။ အားလုံးက ပြန်လည်နှုတ်ဆက်လိုက်ကြသည်။

“ကျွန်းပိုင်ရှင် ကျွန်းက ပိုကြီးလာပေမဲ့ သယ်ယူပို့ဆောင်ရေးက လိုက်မမီတော့ဘူး။”

အန်းယွဲ့က ပေါက်စီစားရင်း ပြောလိုက်သည်။

“ခရီးဝေးဆိုရင် ရထားက အဆင်ပြေပေမဲ့ ခရီးတိုတွေအတွက် မြင်းလှည်းကိုပဲ အားကိုးနေရတာ အလုပ်မဖြစ်ဘူး။ နေရာတိုင်းမှာလည်း ဘူတာရုံ ဆောက်လို့မရဘူးလေ။”

ရှောင်းယီ မျက်တောင်ခတ်လိုက်မိ၏။

ဒီစနစ်က ငါ့ထက် အမြဲခြေတစ်လှမ်း စောနေတာပဲ။

“ကျုပ်မှာ ဆိုင်ကယ်ပုံစံကွက်တော့ ရှိတယ်။ ဒါပေမဲ့ အင်ဂျင်မရှိလို့ ဘာမှလုပ်လို့မရသေးဘူး။”

သူက ဝန်ခံလိုက်သည်။ ထိုစကားကိုကြားသောအခါ အန်းယွဲ့၏ မျက်လုံးများ ဝင်းလက်သွားခဲ့သည်။

“ကျွန်းပိုင်ရှင်က ရတနာသေတ္တာကြီးအတိုင်းပဲ။ ငါတို့ ဘာလိုလို သူမှာ အကုန် ရှိတယ်။”

ရှောင်းယီက ပုခုံးတွန့်ပြလိုက်၏။

“ဒါပေမဲ့ အင်ဂျင်မရှိတော့ အသုံးမဝင်ဘူးလေ။”

“ဒါပေမယ့် မျှော်လင့်ချက် ရှိသေးတာပဲလေ။ ငါ ဈေးကွက်ခန်းမမှာ အင်ဂျင် ရမလားဆိုတာ ကြည့်လိုက်မယ်။”

အန်းယွဲ့က ပြောလိုက်သည်။

“ကြည့်ထားလိုက်ပါ။ ဒါပေမဲ့ မောင်းမယ့်သူတွေကို အရင် သင်တန်းပေးရမယ်။ လမ်းပေါ်မှာ လူသတ်သမားတွေ ပေါ်မလာစေချင်ဘူး။”

ရှောင်းယီက သတိပေးလိုက်သည်။

“ငါ ကမ္ဘာဟောင်းက ယာဉ်မောင်းလိုင်စင် စည်းမျဉ်းတွေကို ယူသုံးလိုက်ပါ့မယ်။”

အန်းယွဲ့က ခေါင်းငြိမ့်ပြလိုက်သည်။

ထိုစဉ် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို စောင့်ကြည့်နေသော ဆုဝမ်က ရုတ်တရက် လှမ်းခေါ်လာခဲ့သည်။

“ကျွန်းပိုင်ရှင် ယီထျန်းဂရုထဲက လူတစ်ယောက်က အရမ်းကြီးတဲ့ ဦးခေါင်းခွံကြီးတစ်ခု ဆယ်ယူမိခဲ့တယ်လို့ ပြောနေတယ်။ အမြင့်က ၂ မီတာလောက် ရှိတယ်တဲ့။”

ရှောင်းယီ ထသွားကြည့်လိုက်၏။ ချက်ထဲတွင် လူအများ ထိုအကြောင်းကို ဝိုင်းဝန်းဆွေးနွေးနေကြပြီဖြစ်သည်။

“အဲလောက်ကြီးတဲ့ ဦးခေါင်းခွံမျိုး ကျုပ် တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ ကြောက်စရာကြီး။”

“အဲ့ဒါက လူဦးခေါင်းခွံနဲ့ တူတယ်။ ဒါပေမဲ့ အရမ်းကြီးလွန်းနေတယ်။”

“ဒီအရွယ်အစားအရဆိုရင် ခန္ဓာကိုယ်က ၁၀ မီတာလောက် ရှိမှာပဲ။ လူက အဲလောက်ကြီးထိ ဘယ်လိုလုပ် မြင့်နိုင်မှာလဲ။”

ထိုအခါ ရှောင်းယီက စာရိုက်လိုက်သည်။

“အဲ့ဒါက ဘီလူးကြီးရဲ့ ဦးခေါင်းခွံ ဖြစ်ရမယ်။ ဒီကမ္ဘာမှာ ဘီလူးတွေ အသက်ရှင်ကျန်နေသေးလားဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။”

ဝီ ဝီ ဝီ

ထိုစဉ် အပြင်ဘက်မှ အချက်ပေးသံများ မြည်ဟည်းလာခဲ့၏။ ရှောင်းယီ မျက်မှောင်ကျုံ့ကာ အပြင်ကို ကြည့်လိုက်စဉ် သူ့ဖုန်းမှ အသံမြည်လာခဲ့သည်။ ခေါ်ဆိုသူမှာ ကျန်းယွင်ထျန်းပင်။

“ကျွန်းပိုင်ရှင် ကျွန်းရဲ့ မြောက်ဘက်ကို ကမ္ဘာဦးသားရဲကြီးတစ်ကောင် ဦးတည်လာနေပါတယ်။”

ကျန်းယွင်ထျန်းက အစီအရင်ခံလာခဲ့သည်။ ရှောင်းယီ မျက်တောင် တဖျတ်ဖျတ်ခပ်လိုက်မိ၏။

“ဘယ်နေရာမှာလဲ။”

“မဟာမိတ် မြောက်ဘက်ကျွန်းမှာပါ။”

“ငါလာပြီ။”

သူ ပြန်ဖြေလိုက်ပြီးနောက် ရွှမ်းဝူအား စိတ်ချင်းဆက်သွယ်လိုက်လေသည်။

“ရွှမ်းဝူ အခုချက်ချင်း မဟာမိတ်မြောက်ဘက်ကျွန်းကိုသွားမယ်။”

“ဟုတ်ကဲ့။”

ရွှမ်းဝူက ပြန်ဖြေလိုက်သည်။

ထို့နောက် ရှောင်းယီသည် ချက်ချင်းပင် မြို့ပြန်ကျောက်ကို သုံးကာ မြောက်ဘက်ကျွန်းသို့ ရောက်ရှိသွားခဲ့၏။

“အခြေအနေ ဘယ်လိုလဲ။”

သူက ကျန်းယွင်ထျန်းကို မေးလိုက်သည်။

“၁၀ ကီလိုမီတာ အကွာမှာပဲ။”

ကျန်းယွင်ထျန်းက မျက်မှောင်ကျုံ့ရင်း ပြန်ဖြေလိုက်သည်။

“ဘာသားရဲမျိုးလဲဆိုတာ မင်းပြောနိုင်လား။”

ရှောင်းယီက မေးရင်းဖြင့် သူ၏ဘိုင်နိုကူလာကို မြှောက်လိုက်သည်။

“လေကြောင်းခံတပ်ရဲ့ ဗီဒီယိုမှတ်တမ်းအရဆိုရင် ကမ္ဘာဟောင်းက မိကျောင်းနဲ့တူတဲ့ အရာတစ်ခုပဲ။ ဒါပေမဲ့ အရွယ်အစားကတော့ အရမ်းကြီးတယ်။ ရေမျက်နှာပြင်အောက်က အရိပ်ကို ကြည့်ရသလောက်တော့ အလျား မီတာ ၂၀ ဝန်းကျင်လောက် ရှိမယ်။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

ရှောင်းယီသည် ပင်လယ်ပြင်ကို အသေအချာ လှည့်ပတ်ကြည့်လိုက်ရှုသော်လည်း ဘာမှမတွေ့ရပေ။ ထိုစဉ် ရုတ်တရက် ကြီးမားသော လှိုင်းလုံးကြီးတစ်ခု ပေါက်ကွဲထွက်လာပြီး ဧရာမ အနက်ရောင်မိကျောင်းကြီးတစ်ကောင်သည် ကောင်းကင်ယံသို့ ခုန်တက်လာကာ လေကြောင်းခံတပ်ကို ကိုက်ခဲရန် ၎င်း၏မေးရိုးကြီးများကို ဟလုပ်လိုက်၏။

အခြေအနေကို ပိုမိုကောင်းမွန်စွာ စောင့်ကြည့်နိုင်ရန်အတွက် ခံတပ်သည် ရေမျက်နှာပြင်အထက် ၃၀ မီတာခန့်အထိ နိမ့်ဆင်းပေးထားခဲ့ခြင်း ဖြစ်သည်။

“အပေါ်ကိုတက် အခုချက်ချင်း။”

အဖွဲ့သားများက အော်ဟစ်လိုက်ကြ၏။

ခံတပ်၏ လျင်မြန်သော အရှိန်မြှင့်တင်နိုင်စွမ်းကြောင့်သာ ထိုသတ္တဝါကြီးမှာ ခံတပ်၏ ဝမ်းဗိုက်ပိုင်းကိုသာ အနည်းငယ် ထိမိသွားခဲ့ပြီး ကြီးမားသော အက်ကြောင်းတစ်ခု ဖြစ်ပေါ်သွားစေခဲ့သည်။

ပြုပြင်ရေးအဖွဲ့သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် လေကြောင်းခံတပ်ကို ချက်ချင်းပင် ပြုပြင်ဖာထေးလိုက်ကြ၏။

“တောက်...အဲဒီကောင် ငါတို့ကို နှစ်ပိုင်းပြတ်အောင် ကိုက်မိတော့မလို့။”

“ဟုတ်တယ်။ မိကျောင်းတစ်ကောင်က ဒီလောက်အမြင့်ကြီးကို ဘယ်လိုလုပ် ခုန်တက်နိုင်ရတာလဲ။”

“သူ့အရှည်က မီတာ ၂၀ ကျော်တောင်လေ။ ခေါင်းကို မော့လိုက်ရုံနဲ့တင် မေးရိုးတွေက ၁၀ မီတာလောက် မြင့်သွားမှာပဲ။ တကယ်တော့ သူက ခုန်တာ မဟုတ်ဘဲ အရှိန်နဲ့ ထိုးတက်လာတာလည်း ဖြစ်နိုင်တာပဲ။”

ဝုန်း

ဧရာမ မိကျောင်းကြီးသည် ပင်လယ်ထဲသို့ ပြန်လည်ကျဆင်းသွားပြီး နောက်ထပ် မြင့်မားသော လှိုင်းလုံးကြီးတစ်ခုကို ထပ်မံဖြစ်ပေါ်စေခဲ့လေသည်။

All Chapters