← Chapters

အခန်း (၈၇၇-၈၇၈)

Vol. 71 Ch. 877-878

အခန်း (၈၇၇-၈၇၈)

Vol. 71 Ch. 877-878

အခန်း ၈၇၇ - ရှေးဦးဧရာမ မိကျောင်းကို တိုက်ခိုက်ခြင်းနှင့် ၎င်း၏ပါးစပ်ထဲသို့ အမြောက်ကျည်များ ပစ်ထည့်ခြင်း

ကမ်းခြေရောက်မှ ရှောင်းယီသည် ထိုဧရာမသားရဲကြီး၏ ပုံပန်းသဏ္ဍာန်ကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရ၏။

“ရှေးဦးဧရာမ မိကျောင်း (SSS အဆင့်): အလွန်ကြီးမားသော ခန္ဓာကိုယ်နှင့် တုန်လှုပ်ချောက်ချားဖွယ် တိုက်ခိုက်ရေးစွမ်းရည်ရှိသည့် ရှေးဦးသတ္တဝါတစ်ကောင်။ သတိပြုရန်- ဤသတ္တဝါသည် အလွန်အမင်း အန္တရာယ်များပါသည်။”

“နောက်ထပ် ရှေးဦးဧရာမ မိကျောင်းတစ်ကောင်ပဲ။”

ရှောင်းယီက ပြောလိုက်သည်။

“ဒီတစ်ခါတော့ ငါတို့ကျွန်းဆီကို ဦးတည်လာနေပုံပဲ။ ဒါက နည်းနည်းတော့ လက်ဝင်နိုင်တယ်။”

“အမြောက်အကွာအဝေးထဲကို ရောက်တော့မယ်။ တိုက်ရိုက်ပစ်လိုက်ရမလား။”

ကျန်းယွင်ထျန်းက မျက်မှောင်ကျုံ့ရင်း မေးလိုက်သည်။

“ပစ်”

ရှောင်းယီက ပြန်ဖြေလိုက်၏။ ထို့နောက် ရှောင်းယီသည် စိတ်ချင်းဆက်နွှယ်မှုမှတစ်ဆင့် ရွှမဝူ ရောက်လာရန် အချိန်အနည်းငယ် လိုသေးကြောင်း သိလိုက်ရလေသည်။

ရှောင်းယီက ဆက်လက်ညွှန်ကြားလိုက်သည်။

“လေကြောင်းခံတပ်ဆီကို ယမ်းစနက်တံပါတဲ့ အမြောက်ကျည်တချို့ ပို့ပေးလိုက်။ ပြီးရင် ကောင်းကင်ပေါ်ကနေ သူ့ခေါင်းပေါ်တည့်တည့်ကို အဲ့ဒါတွေ ချပစ်လိုက်။”

ရှောင်းယီ၏ အမိန့်ကို ကြားလိုက်ရသောအခါ ကျန်းယွင်ထျန်း ခဏတာ မှင်သက်သွားခဲ့ပြီး “ဟုတ်ကဲ့။” ဟု တုံ့ပြန်လိုက်လေသည်။

လေကြောင်းခံတပ်သည် ဧရာမမိကျောင်းနောက်သို့ ထပ်ကြပ်မကွာ လိုက်ပါနေပြီး ကမ်းခြေရှိ အမြောက်များအတွက် ပစ်မှတ်ကို ထိရောက်စွာ လမ်းညွှန်ပေးနေခဲ့သည်။

အမြောက်အကွာအဝေးအတွင်းသို့ ရောက်သည်နှင့် ကျန်းယွင်ထျန်းက ချက်ချင်းအမိန့်ပေးလိုက်တော့လေသည်။

“ပစ်...”

ဝုန်း ဝုန်း ဝုန်း

အမြောက်ကျည်များစွာသည် ဧရာမမိကျောင်းကြီးဆီသို့ ပျံသန်းသွားခဲ့၏။ တစ်ချိန်တည်းမှာပင် လေကြောင်းခံတပ်သည်လည်း အထက်မှနေ၍ အမြောက်ကျည်များကို စတင်ကြဲချလေတော့သည်။

ရှေးဦးဧရာမမိကျောင်းကြီးသည် အမြောက်ဖြင့် တစ်ခါမှ အပစ်မခံရဖူးသကဲ့သို့ပင် မည်သည့်တုံ့ပြန်မှုမျှမရှိဘဲ ရှေ့သို့သာ ဆက်လက်တိုးဝင်လာနေခဲ့သည်။

ဝုန်း ဝုန်း ဝုန်း

အမြောက်ကျည်များသည် ပင်လယ်ထဲသို့ ကျရောက်ကာ ပေါက်ကွဲပြီး ရေမှုန်ရေမွှားများ ထောင်တက်သွားခဲ့သည်။

ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသွားသော ရှေးဦးဧရာမမိကျောင်းသည် ရုတ်တရက် အပြင်းအထန် ရုန်းကန်တော့လေသည်။

၎င်း၏ အရွယ်အစားမှာ ကြီးမားလှသော်လည်း ရှေးဦးဧရာမမိကျောင်းသည် သွေးသားဖြင့် တည်ဆောက်ထားသော သတ္တဝါသာဖြစ်ရာ လူသားတို့ပြုလုပ်ထားသော ပူပြင်းသောလက်နက်များ နှင့် ရင်ဆိုင်ရသောအခါ ဒဏ်ရာရသွားစမြဲပင်။

ကျန်းယွင်ထျန်းသည် အဝေးကြည့်မှန်ပြောင်းဖြင့် အခြေအနေကို ဂရုတစိုက် ကြည့်လိုက်သော်လည်း မိကျောင်းကြီးက ရုန်းကန်နေသဖြင့် ရှင်းရှင်းလင်းလင်း မမြင်ရပေ။

ရှောင်းယီသည် အဝေးမှ လှိုင်းလုံးကြီးများကို ကြည့်ရင်း မျက်မှောင်ကျုံ့လိုက်၏။ ယခုတိုက်ခိုက်မှုသည် မိကျောင်းကို နာကျင်စေနိုင်သော်လည်း ဒဏ်ရာမှာ အသက်အန္တရာယ်စိုးရိမ်ရလောက်အောင် မပြင်းထန်ကြောင်း သူသိပေသည်။

အကြောင်းမှာ ရှေးဦးဧရာမမိကျောင်းသည် ရေမျက်နှာပြင်အောက်တွင် ရှိနေပြီး အမြောက်ကျည်များမှာလည်း ရေအောက်သုံး အထူးကျည်များ မဟုတ်သောကြောင့်ပင်။ ၎င်းတို့က ပျက်စီးမှုကို ဖြစ်စေနိုင်သော်လည်း အကန့်အသတ်သာ ရှိပေလိမ့်မည်။

ရှောင်းယီ ခဏမျှ စဉ်းစားပြီးနောက် အမိန့်ပေးလိုက်သည်။

“မြို့ပြန်ကျောက်ရဲ့ ဦးတည်ချက်ကို လေကြောင်းခံတပ်ဆီ ပြောင်းလိုက်။”

“ဟုတ်ကဲ့။”

လေကြောင်းခံတပ်ပေါ်ရှိ တာဝန်ခံသည် မြို့ပြန်ကျောက်ကို လေကြောင်းခံတပ်ဆီ၌ ချက်ချင်းသတ်မှတ်လိုက်ပြီး ပြန်လည်ပေးပို့လိုက်လေသည်။

ရှောင်းယီသည် ၎င်းကို ချက်ချင်းအသုံးပြုကာ လေကြောင်းခံတပ်ပေါ်သို့ ရောက်ရှိသွားခဲ့ပြီး အမြင့်မှနေ၍ မိကျောင်းကြီး၏ လှုပ်ရှားမှုကို စောင့်ကြည့်လိုက်လေသည်။

မကြာမီ ရှေးဦးဧရာမမိကျောင်းသည် နောက်ဆုံးတွင် ငြိမ်ကျသွားခဲ့၏။ ၎င်းသည် ကျွန်းဆီသို့ တိုက်ရိုက်တိုးဝင်မလာတော့ဘဲ တစ်နေရာတည်းတွင်သာ ဝဲလည်နေခဲ့သည်။

ရှောင်းယီသည် အရေပြားအနည်းငယ်သာ ပွန်းပဲ့နေသော မိကျောင်းကြီးကို စိုက်ကြည့်လိုက်၏။

‘ဒါကို အကြီးအကျယ် ထိခိုက်စေဖို့ဆိုရင် ရေအောက်သုံး အထူးကျည်တွေ လိုအပ်မယ်ထင်တယ်။’

သူ တွေးလိုက်မိသည်။

ထို့နောက် ထိုမိကျောင်းကြီးကို ကြည့်ရင်း ရှောင်းယီက ရုတ်တရက် အမိန့်ပေးလိုက်၏။

“အမြင့်ကို လျှော့ချလိုက်။”

“ဟင်...ကျွန်းပိုင်ရှင် အဲ့ဒီရှေးဦးဧရာမမိကျောင်းက ကောင်းကင်ပေါ်အထိ ခုန်တက်နိုင်တယ်နော်။”

အနီးရှိ စစ်သည်တစ်ဦးက သတိပေးလိုက်သည်။

“ငါက သူ့ကို ခုန်တက်လာစေချင်တာ။”

ရှောင်းယီက လေသံနှိမ့်နှိမ့်ဖြင့် ပြန်ပြောလိုက်သည်။

“အားလုံးပဲ မိကျောင်းကြီးရဲ့ တိုက်ခိုက်မှုကို ရှောင်တမ်းဖို့ ပြင်ထားကြ။”

ရှောင်းယီက နောက်ပြောင်နေခြင်းမဟုတ်မှန်း သိလိုက်ရသဖြင့် စစ်သည်များသည် သူတောင်းဆိုသည့်အတိုင်း အမြင့်ကို လျှော့ချလိုက်ကြ၏။

ထိုစဉ် ပင်လယ်ထဲတွင် ဝဲလည်နေသော မိကျောင်းကြီးသည်လည်း အထက်မှ ‘ယင်ကောင်’ တစ်ဖန် နိမ့်ဆင်းလာသည်ကို သတိပြုမိသွားတော့လေသည်။ ၎င်းသည် ဘေးဘက်သို့ အနည်းငယ် ကူးသွားပြီးမှ လေကြောင်းခံတပ်ကို စိုက်ကြည့်ရန် ပြန်လှည့်လာသည်။

“သူ့ရဲ့ အရင်က တိုက်ခိုက်နှုန်းအရဆိုရင် ငါတို့ရှိနေတဲ့ အမြင့်ကို ၅ စက္ကန့်အတွင်း ရောက်နိုင်တယ်။ အားလုံးပဲ...အမြောက်ကျည်တွေရဲ့ ယမ်းစနက်တံကို မီးညှိပြီး သူ့ပါးစပ်ထဲ ပစ်ထည့်ဖို့ ပြင်ထားကြ။”

ရှောင်းယီက အမိန့်ပေးလိုက်၏။

“ဟုတ်ကဲ့”

ဘေးပတ်ဝန်းကျင်ရှိ စစ်သည်များသည် ရှောင်းယီ၏ ရည်ရွယ်ချက်ကို နောက်ဆုံးတွင် သဘောပေါက်သွားကြတော့လေသည်။

ကျွန်းပိုင်ရှင်က ရှေးဦးဧရာမမိကျောင်းကို ဒီနည်းနဲ့ သတ်ရန် ကြံစည်နေတာကိုး။

မှန်းထားသည့်အတိုင်းပင် ရှေးဦးဧရာမမိကျောင်းသည် အရှိန်မြှင့်ကာ သူ၏သွေးအလိမ်းလိမ်းနှင့် ပါးစပ်ကြီးကို ဟလျက် ရေထဲမှ ခုန်ထွက်လာ၏။

“ပစ်”

ရှောင်းယီက အော်ဟစ်လိုက်သည်။

“အခုချက်ချင်း အမြင့်ကို ပြန်တင်လိုက်တော့။”

လေကြောင်းခံတပ်ကို ထိန်းချုပ်နေသော လေယာဉ်မှူးသည် အမြင့်သို့ ချက်ချင်းပင် မောင်းတင်လိုက်၏။

ရှေးဦးဧရာမမိကျောင်း၏ ပါးစပ်ကြီးသည် အလွန်ကြီးမားလှသဖြင့် ရှောင်းယီနှင့် အခြားသူများမှာ အမြောက်ကျည်များကို ပါးစပ်ထဲသို့ ပစ်ထည့်ရန်အတွက် အထူးတလည် ပစ်မှတ်ချိန်ရန်ပင် မလိုလိုက်ပေ။

ပါးစပ်ကြီးဟထားသော မိကျောင်းကြီးသည် ၎င်း၏ပါးစပ်ထဲသို့ သူတို့ဘာတွေ ပစ်ထည့်လိုက်သည်ကို လုံးဝမသိလိုက်ဘဲ ပါးစပ်ကို ပိတ်ကာ ဝါးပင်ဝါးလိုက်သေးလေသည်။

မှန်ပါသည်။ လေကြောင်းခံတပ်သည် ယခုတစ်ကြိမ်တွင် မိကျောင်းကြီး၏ အကိုက်ခံရလုနီးပါး ဖြစ်သွားခဲ့သော်လည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို စောင့်ကြည့်နေသော စစ်သည်က ၎င်းကို ချက်ချင်းပင် အကောင်းပကတိအတိုင်း ပြန်လည်ပြုပြင်လိုက်လေသည်။

သူတို့သည် အမြောက်ကျည်များစွာ ပစ်ထည့်လိုက်သော်လည်း ရှေးဦးဧရာမမိကျောင်းအတွက်မူ သဲအနည်းငယ်မျှ စားလိုက်ရသကဲ့သို့ပင် ဖြစ်နိုင်၏။ လူသားတစ်ယောက်သည် သဲမစင်သော ခရုခွံများကို စားမိသည့်နှယ်ပင်။ ထိုစဉ်...

ဝုန်း ဝုန်း ဝုန်း

မိကျောင်းကြီး၏ လည်ချောင်းထဲသို့ ရောက်သွားသော အမြောက်ကျည်များ ပေါက်ကွဲကုန်၏။

၎င်း၏ ပါးစပ်အတွင်းပိုင်းရှိ နူးညံ့သော အသားများသည် ပေါက်ကွဲမှုဒဏ်ကို လုံးဝမခံနိုင်ဘဲ တစစီ ဖြစ်သွားတော့လေသည်။ ကျည်စများစွာသည် ၎င်း၏ ဦးနှောက်ထဲသို့ ချက်ချင်းလွင့်စင်သွားကာ ဤရှေးဦးဧရာမမိကျောင်း၏ သေဆုံးခြင်းကို ချက်ချင်းပင် အဆုံးအဖြတ် ပေးလိုက်တော့လေသည်။

ပေါက်ကွဲမှုကြောင့် ဆူညံသံအချို့ ထွက်ပေါ်လာသော်လည်း မည်သူမျှ မကြားလိုက်ရပေ။

အကြောင်းမှာ ပေါက်ကွဲသံသည် မိကျောင်းကြီး ရေထဲသို့ ပြန်လည်ကျဆင်းသွားချိန်တွင် ထွက်ပေါ်လာသော ဗွမ်းခနဲ ရေပတ်သံကြီးအောက်တွင် လုံးဝနစ်မြုပ်သွားသောကြောင့်ပင်။

ရှေးဦးဧရာမမိကျောင်းသည် ရေထဲသို့ ပြန်ကျသွားပြီးနောက် မည်သည့်လှုပ်ရှားမှုမျှ မရှိတော့ပေ။

“ငါတို့ အောင်မြင်သွားပြီလား။”

လေကြောင်းခံတပ်ပေါ်ရှိ စစ်သည်များသည် ပင်လယ်ပြင်ပေါ်တွင် ငြိမ်သက်နေသော မိကျောင်းကြီးကို စိတ်လှုပ်ရှားစွာဖြင့် ငုံ့ကြည့်လိုက်ကြ၏။

စနစ်၏ အသိပေးချက်အရ ရှေးဦးဧရာမမိကျောင်းကြီးတွင် အသက်လက္ခဏာ မရှိတော့ပေ။

“အင်း အောင်မြင်သွားပြီ။”

ရှောင်းယီက သက်ပြင်းချရင်း ပြောလိုက်သည်။

လေကြောင်းခံတပ်အတွင်းရှိ စစ်သည်များမှာလည်း ချက်ချင်းပင် အောင်ပွဲခံကာ အော်ဟစ်ကြလေတော့သည်။

ထို့နောက် ရှောင်းယီသည် လက်ကိုင်ဖုန်းကို ထုတ်ကာ ကျန်းယွင်ထျန်းထံ ဖုန်းခေါ်လိုက်သည်။

“အစ်ကိုကျန်း ဒီမိကျောင်းကြီးကို ကမ်းပေါ်ဆွဲတင်ဖို့ လူလွှတ်လိုက်တော့။”

“သေသွားပြီလား။”

ကျန်းယွင်ထျန်းက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

“သေပြီပေါ့။ သူ့ပါးစပ်ထဲမှာ အမြောက်ကျည်တွေ အဲ့လောက်အများကြီး ပေါက်ကွဲသွားတာ။ သူ့ဦးနှောက်ကတော့ ဟင်းဖတ်ဖြစ်သွားလောက်ပြီ။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။

“ကောင်းပြီ။ ငါ အခုချက်ချင်း စီစဉ်လိုက်မယ်။”

ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်၏။

ထိုအချိန်တွင် ဧရာမလိပ်ကြီးတစ်ကောင် ရေပေါ်ပေါ်လာခဲ့လေသည်။ ၎င်းသည် ရှေးဦးဧရာမမိကျောင်းကို ကြည့်ကာ အလွန်အမင်း တုန်လှုပ်သွားခဲ့သည်။

“သခင် ခုနက ကျုပ်ကို လာခိုင်းတာ... ဒီဟာအတွက်တော့ မဟုတ်ပါဘူးနော်။”

ရွှမ်းဝူက မေးလိုက်၏။

“ဒါအတွက်ပဲ။ ဒါပေမဲ့ ငါတို့က ကံကောင်းလို့ ဖြေရှင်းပြီးသွားပြီ။”

ရှောင်းယီက ပြုံးလျက် ပြန်ပြောလိုက်လေသည်။

“ဒီလောက်ကြီးတဲ့ သတ္တဝါမျိုးကို ကျုပ်လည်း အနိုင်ယူနိုင်မှာမဟုတ်ဘူး။ သူတို့ရဲ့ အရွယ်အစားက သာလွန်းတယ်။”

ရွှမ်းဝူက ခါးသီးသော အပြုံးဖြင့် ပြန်ပြောလိုက်၏။ ရှောင်းယီက မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။

“မင်း ခဏလောက်တောင် ခုခံမထားနိုင်ဘူးလား။”

“အဲ့ဒါတော့ ရပါတယ်။”

ရွှမ်းဝူက ယုံကြည်မှုရှိရှိ ပြောလိုက်လိုက်သည်။

“ဒါဆိုရင် ရပြီ။ မင်း ခဏလောက် ထိန်းထားနိုင်ရင် ငါတို့ အဖြေတစ်ခု ရှာနိုင်တယ်။”

ရှောင်းယီက ခေါင်းငြိမ့်လိုက်သည်။

“ကဲ...အခု ဒီမှာ ဘာမှလုပ်စရာ မရှိတော့ဘူး။ မင်း ပြန်လို့ရပြီ။”

ရွှမ်းဝူသည် ရှေးဦးဧရာမမိကျောင်း၏ အလောင်းကို ကြည့်ကာ မျက်လုံးထဲတွင် တောင့်တမှုများ ပေါ်လာခဲ့ပြီး မေးလိုက်၏။

“သခင်...ကျုပ် စားဖို့ အသားတချို့လောက် တောင်းလို့ရမလား။”

“ဒါကို စားတာက မင်းကို ဆင့်ကဲပြောင်းလဲဖို့ ကူညီပေးနိုင်လို့လား။”

ရှောင်းယီက သိလိုစိတ်ဖြင့် မေးလိုက်သည်။ ရွှမ်းဝူက ခေါင်းခါပြလာခဲ့သည်။

“မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါက ကျုပ်ရဲ့ခန္ဓာကိုယ်ကို ဆက်ပြီး သန်မာစေနိုင်တယ်လို့ ခံစားရတယ်။”

“ပြဿနာမရှိဘူး။ အချိန်ကျရင် မင်းအတွက် ငါချန်ထားပေးမယ်။”

ရှောင်းယီက ပြုံးကာ ပြန်ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် သခင်။ ဒါဆို ကျုပ် သွားပါတော့မယ်။”

ထို့နောက် ရွှမ်းဝူသည် ရေအောက်သို့ ပြန်လည်ငုပ်လျှိုးသွားပြီး ပင်မကျွန်းကြီးဆီသို့ ကူးခတ်သွားတော့လေသည်။

ကျန်းယွင်ထျန်းသည် သံချပ်ကာ စစ်သင်္ဘောသုံးစင်းကို စီစဉ်ပြီး နောက်ဆုံးတွင် ရှေးဦးဧရာမမိကျောင်းကြီးကို ကမ်းခြေသို့ ဆွဲတင်နိုင်ခဲ့သည်။

“ဒီကောင်က တကယ် ကြီးလှချည်လား။”

ရှေးဦးဧရာမမိကျောင်းကြီး၏အလောင်းတစ်ခုလုံးကို ကြည့်ရင်း ကျန်းယွင်ထျန်း မအံ့သြဘဲမနေနိုင် ဖြစ်သွားမိတော့သည်။

အခန်း ၈၇၈ - ဧရာမသားရဲကြီး တိုက်ခိုက်ရသည့်အကြောင်းရင်းနှင့် မိကျောင်းသား

“ဟုတ်တယ်။ ဘာပဲပြောပြော ဒါက ဒိုင်နိုဆောတွေနဲ့ ခေတ်ပြိုင်ပဲလေ။ ဘယ်လိုလုပ်ပြီး သေးနိုင်ပါ့မလဲ။”

ရှောင်းယီက တုန်လှုပ်ချောက်ချားစွာဖြင့် ပြန်ပြောလိုက်သည်။

“အခု ဒါကို ဘယ်လိုကိုင်တွယ်ကြမလဲ။”

ကျန်းယွင်ထျန်းက မေးလိုက်သည်။ ရှောင်းယီက နည်းလမ်းကို ဆုံးဖြတ်ပြီးသားဖြစ်သည်။

“လူတွေကို အသားပိုင်းခိုင်းလိုက်ပါ။ အရင်ဆုံး အသားအနည်းငယ်ယူပြီး အရသာရှိ၊မရှိ စမ်းကြည့်ရအောင်။ တကယ်လို့ အရသာမရှိရင် ငါ့ရဲ့အိမ်မွေးတိရစ္ဆာန်တွေကိုပဲ အကုန်ကျွေးလိုက်မယ်။”

“ကောင်းပြီ။”

ကျန်းယွင်ထျန်းက ပြုံးကာ ပြန်ဖြေလိုက်သည်။

“ဒါပေမဲ့ ငါကြားဖူးတာတော့ အရင်ကမ္ဘာမှာ မိကျောင်းသားက တော်တော်အရသာရှိတယ်တဲ့။ ဝါးလို့ကောင်းတယ်။ ပရိုတင်းဓာတ်မြင့်မားပြီး အဆီနဲ့ ကိုလက်စထရော ပါဝင်မှုနည်းတယ်။ ပြီးတော့ အာဟာရဓာတ်လည်း အင်မတန်ကြွယ်ဝတယ်လို့ ဆိုကြတယ်။”

“မင်းက တော်တော့့်ကို စုံစုံလင်လင် စားဖူးပုံပဲ။”

ရှောင်းယီက အံ့သြတကြီး ပြောလိုက်သည်။

“ကြားဖူးတာပါ။ ကြားပဲကြားဖူးတာ။ အခုတစ်ခေါက်တော့ တကယ်မြည်းစမ်းကြည့်ချင်တယ်။”

ကျန်းယွင်ထျန်းက ပြန်ပြောလိုက်၏။

မကြာမီမှာပင် မဟာမိတ်အဖွဲ့မှ လူအင်အားအမြောက်အမြားကို စုစည်းကာ ရှေးဦးဧရာမမိကျောင်းကြီးကို ဖျက်ဆီးရန် စတင်လုပ်ဆောင်ကြတော့သည်။

ရှောင်းယီသည် သူ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ထံ ပြန်သွားပြီး ယီထျန်းဂရုချက်ထဲသို့ ဝင်လိုက်သည်။ အခြားသူများလည်း ရှေးဦးဧရာမသားရဲကြီးများ၏ တိုက်ခိုက်မှုကို ကြုံတွေ့ရခြင်း ရှိ၊ မရှိ သိချင်နေမိသည်။

သို့သော် အဖွဲ့အတွင်း၌ ဆွေးနွေးနေကြသည်များမှာ လက်နက်အမျိုးအစားအသစ်များ၊ အသုံးအဆောင်ပစ္စည်းများနှင့် အခြားအရာများအကြောင်းသာ ဖြစ်နေသဖြင့် ရှောင်းယီ အနည်းငယ် အားကျမိသွားခဲ့၏။

ဘယ်သူမှ ဧရာမသားရဲကြီးအကြောင်း သတင်းအချက်အလက် တစ်ခုမှ မပြောကြသေးပေ။

ထို့နောက် ရှောင်းယီကသာ ကူကယ်ရာမဲ့စွာ မေးလိုက်ရလေတော့သည်။

“တစ်ယောက်ယောက်များ ကိုယ့်ကျွန်းကို ဧရာမသားရဲကြီးတွေ လာတိုက်ခိုက်တာမျိုး ကြုံဖူးကြလား။”

“ဧရာမသားရဲကြီးတွေ တိုက်ခိုက်တာလား။ ဘယ်လို သားရဲမျိုးလဲ။ လူဘီလူးကြီးတွေလို ထွားကြိုင်းတဲ့ သတ္တဝါမျိုးလား။”

“ကျုပ်တို့တော့ မကြုံဖူးဘူး။ အရင်လိုပဲ ပင်လယ်သတ္တဝါတွေရဲ့ တိုက်ခိုက်မှုတွေပဲ ရှိသေးတယ်။”

“သူဌေးကြီး ကြုံတွေ့ရတဲ့ သတ္တဝါက ကျုပ်တို့ ရင်ဆိုင်နေရတာတွေနဲ့ မတူဘဲ ထူးခြားနေတာ ဖြစ်ရမယ်။”

“ဟုတ်တယ်။ ကျုပ်ဆီကို ရှေးဦးဧရာမမိကျောင်းကြီးတစ်ကောင် လာတိုက်ခိုက်တာ ကြုံလိုက်ရတယ်။ အကောင်က အရမ်းကြီးတယ်။”

ရှောင်းယီက အဖြစ်မှန်ကို ဖုံးကွယ်မထားဘဲ တိုက်ရိုက်ပြောပြလိုက်၏။

“ရှေးဦးဧရာမမိကျောင်းကြီးလား။ အဲ့ဒါ ဒိုင်နိုဆောတွေနဲ့ ခေတ်ပြိုင်တိရစ္ဆာန် မဟုတ်လား။”

“ဖြစ်နိုင်တယ်။”

“သူဌေးကြီး... ရိုရိုသေသေ မေးပါရစေ။ အခု သူဌေးကြီးတို့ မဟာမိတ်အဖွဲ့ရဲ့ အခြေအနေက ဘယ်လိုလဲဗျ။”

“မေးနေစရာ လိုသေးလို့လား။ သူတို့ အဲ့ဒီသားရဲကြီးကို နှိမ်နင်းပြီးလောက်ပြီပေါ့။”

“အတိအကျပဲ။ မဟုတ်ရင် သူဌေးကြီးက အခုလို အေးအေးဆေးဆေး ဒီမှာ လာမေးနေမှာ မဟုတ်ဘူး။”

“လောလောဆယ်တော့ ဘေးကင်းသွားပါပြီ။”

ရှောင်းယီက ရိုးရိုးရှင်းရှင်းပင် ပြန်ဖြေလိုက်လေသည်။

“တွေ့လား။ သူဌေးကြီးကတော့ သူဌေးကြီးပါပဲ။ ရှေးဦးကမ္ဘာက သတ္တဝါတွေကိုတောင် ကိုင်တွယ်နိုင်တယ်။”

“ဒါပေမဲ့ ငါတို့လည်း အဲ့ဒီလို ဧရာမသတ္တဝါကြီးတွေနဲ့ ကြုံလာရဦးမလား။ သူဌေးကြီး အဲ့ဒါကို ဘယ်လိုကိုင်တွယ်ခဲ့တာလဲ။ အတွေ့အကြုံလေးတွေ မျှဝေပေးလို့ ရမလား။”

“ဟုတ်ပါတယ်။ သူဌေးကြီး... ကျုပ်တို့ကို အတွေ့အကြုံလေး မျှဝေပေးပါဦး။”

ရှောင်းယီ ခဏလောက် စဉ်းစားပြီးနောက် ပြန်ဖြေလိုက်၏။

“သူတို့ရဲ့ ပါးစပ်ထဲကို အမြောက်ဆံတွေ ပစ်ထည့်လိုက်။”

“ဒါက အကြံကောင်းပဲ။ ဒါပေမဲ့ ဘယ်သူက အထဲရောက်အောင် ပစ်နိုင်မှာလဲ။”

“ကျုပ်အထင်တော့ ဗုံးတစ်လုံးကို ပွေ့ပိုက်ပြီး သူ့ပါးစပ်ထဲအထိ သွားထည့်မယ့်လူတစ်ယောက်တော့ လိုမယ်ထင်တယ်။”

“အတိအကျပဲ။ ကျွန်တော် Jurassic Park ကား ကြည့်ဖူးတယ်။ အဲ့ဒီလို ဧရာမသတ္တဝါကြီးတွေက လူသားအင်အားနဲ့ ယှဉ်လို့ရတဲ့အရာတွေ မဟုတ်ဘူး။”

“အဲ့ဒါကြောင့် ကျုပ်တို့ အကြီးစား ပူပြင်းတဲ့လက်နက် တွေကိုပဲ သုံးရလိမ့်မယ်။ သာမန် လက်နက်ငယ်လေးတွေနဲ့တော့ မရလောက်ဘူး။”

“ဒါဆိုရင် ကျုပ်တို့ မဟာမိတ်အဖွဲ့တွေမှာ ကျွမ်းကျင်တဲ့ အမြောက်တပ်သားတွေ လေ့ကျင့်ထားဖို့ လိုနေပြီ။”

“ပြီးတော့ လက်ပစ်ဗုံး ကျွမ်းကျင်သူတွေလည်း လိုလိမ့်မယ်။”

လူအများ၏ ဆွေးနွေးမှုများကို ကြည့်ခြင်းအားဖြင့် အခြားမဟာမိတ်အဖွဲ့များမှာ ရှေးဦးဧရာမသားရဲကြီးများ၏ တိုက်ခိုက်မှုကို မကြုံတွေ့ရသေးကြောင်း ရှောင်းယီ သိလိုက်ရလေသည်။

“ဒါပေမဲ့ ဘာလို့ ငါတစ်ယောက်တည်းပဲ ဒါနဲ့ ကြုံရတာလဲ။”

ရှောင်းယီက မျက်မှောင်ကြုတ်ရင်း တစ်ယောက်တည်း တွေးတောလိုက်မိ၏။

“ငါ SSS အဆင့်ကို တက်သွားလို့များလား။”

ယခင်နှင့် ယခု ကွာခြားချက်ဟူ၍ ရှောင်းယီ SSS အဆင့်သို့ တက်လှမ်းနိုင်ခဲ့ခြင်း တစ်ခုသာ ရှိပေသည်။

အကယ်၍ အပြင်လူများ SSS အဆင့်သို့ ရောက်ရှိချိန်တွင် ရှေးဦးဧရာမသားရဲများ၏ တိုက်ခိုက်မှုကို ခံရမည်ဆိုပါက အဆင့်မတက်ခြင်းကပင် ပို၍ကောင်းပေလိမ့်မည်။ အကြောင်းမှာ ဤကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုမျိုးကို ရင်ဆိုင်ရန်အတွက် အသက်ပေါင်းများစွာ စတေးရနိုင်ချေ ရှိသောကြောင့်ပင်။

ရှောင်းးယီသည် သူ၏ခေါင်းကို ခါယမ်းလိုက်ပြီး ဆက်လက် စဉ်းစားနေမိ၏။

“ဒါက တစ်ကြိမ်တစ်ခါပဲ တိုက်ခိုက်တာလား။ ဒါမှမဟုတ် အကြိမ်ကြိမ် လာဦးမှာလားဆိုတာ ငါမသိတော့ဘူး။”

အကယ်၍ ဤတစ်ကြိမ်တည်းသာဆိုလျှင် ပြဿနာမရှိသော်လည်း ရက်အနည်းငယ်ခြားတစ်ခါ လာရောက်တိုက်ခိုက်နေမည်ဆိုပါက သူ၏ မဟာမိတ်အဖွဲ့မှာ ဘယ်တော့မှ အေးချမ်းရတော့မည် မဟုတ်ပေ။ ရှောင်းးယီအနေဖြင့် ဤအရာသည် ဆက်တိုက်တိုက်ခိုက်မှုမျိုး မဟုတ်ဘဲ SSS။အဆင့်သို့ ရောက်ရှိပြီးနောက် ကျော်ဖြတ်ရမည့် အတားအဆီးတစ်ခုသာ ဖြစ်ပါစေဟု ဆုတောင်းရုံသာ တတ်နိုင်တော့လေသည်။

လူအင်အားများသဖြင့် အလုပ်မှာ လျင်မြန်လှ၏။ မကြာမီတွင် ဧရာမမိကျောင်းကြီးအား လုံးဝ အမဲပေါ်၍ ပြီးစီးသွားခဲ့သည်။ ရှောင်းးယီသည် အတွင်းကလီစာအချို့နှင့် အရေခွံကို ရွှမ်းဝူဆီသို့ တိုက်ရိုက် ပစ်ပေးလိုက်လေသည်။

“သခင် ကျုပ်ကို အသားနည်းနည်းလောက် မပေးတော့ဘူးလား။ ဘာလို့ အသည်းအမြစ်တွေပဲ ဖြစ်နေရတာလဲ။”

ရွှမ်းဝူက မကျေမနပ်ဖြင့် ဆို၏။ ရှောင်းးယီက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။

“လောလောဆယ် ဒါနဲ့ပဲ ဖြစ်သလိုစားလိုက်စမ်းပါကွာ။”

သူသည် အသားတချို့ကို မီးဖိုချောင်သို့ ယူဆောင်သွားပြီး အန်းရန်ထံ ပေးလိုက်လေသည်။

“ဒါ ဘာအသားလဲ။”

အန်းရန်က ထိုအသားတုံးကြီးကို သိလိုစိတ်ဖြင့် ကြည့်ရင်း မေးလိုက်၏။

“ရှေးဦးဧရာမမိကျောင်းသားလေ။ အရင်က ငါတို့ရွက်လှေကို ဆွဲခဲ့တဲ့ သတ္တဝါကြီးပေါ့။”

ရှောင်းယီက ရှင်းပြလိုက်သည်။

“ဘာ...အဲ့ဒါက ဘယ်ကနေ ရောက်လာတာလဲ။”

အန်းရန်က ထိတ်လန့်တကြား မေးလိုက်၏။ ယခင်က သူမ၏မိခင် လီယန်သည် ရှောင်းယီနှင့်တွေ့ဆုံရန် အပျော်စီးရွက်သင်္ဘောကို မောင်းလာခဲ့စဉ် ရှေးဦးဧရာမမိကျောင်းကြီး၏ ဝါးမျိုခြင်းကို ခံရလုနီးပါး ဖြစ်ခဲ့ဖူးကြောင်း သူမ ကြားထားခဲ့ပေသည်။

“အခုလေးတင် သတ်လိုက်ပြီ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဒါကို သတ်ဖို့ တော်တော်လေး အားစိုက်ခဲ့ရတယ်။ သူက ငါတို့ကျွန်းကို ဖျက်ဆီးချင်နေမှတော့ မိကျောင်းသားက တကယ်ပဲ အရသာရှိ၊မရှိ ငါတို့ မြည်းကြည့်သင့်တာပေါ့။”

အန်းရန်က ခေါင်းငြိမ့်ပြပြီးနောက် စတင်ချက်ပြုတ်လေတော့သည်။ သူမသည် မိကျောင်းသားကို တစ်ခါမှ မချက်ဖူးသော်လည်း ပေါင်းခြင်း၊ ပဲငပိဖြင့် ဆီပြန်ချက်ခြင်း၊ ပြုတ်ခြင်း စသည့် နည်းလမ်းအမျိုးမျိုးဖြင့် စမ်းသပ်ချက်ပြုတ်ကြည့်လိုက်သည်။

မွန်းတည့်ချိန် ရောက်သောအခါ ထမင်းစားပွဲပေါ်တွင် မိကျောင်းသားဟင်းလျာများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ အန်းယွဲ့နှင့် အခြားသူများ နေ့လယ်စာစားရန် ပြန်လာကြသောအခါ စားပွဲပေါ်တွင် အသားဟင်းများချည်းသာ တွေ့လိုက်ရသဖြင့် အံ့သြတကြီး မေးလိုက်ကြ၏။

“ဘာတွေဖြစ်နေတာလဲ။ ဘာလို့ အသားတွေချည်းပဲလဲ။”

ထိုအခါ ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“အားလုံးပဲ မြန်မြန်လာစားကြ။ အရသာ ဘယ်လိုရှိလဲ မြည်းကြည့်ပြီးရင် ဒါ ဘာအသားလဲဆိုတာ ခန့်မှန်းကြည့်ကြဦး။”

ထို့နောက် လူတိုင်း နေရာယူလိုက်ကြပြီး စတင်စားသောက်ကြလေတော့သည်။

“အင်း... အရသာကတော့ ရှယ်ပဲ။ ရန်ရန် မင်းရဲ့ လက်ရာက တဖြည်းဖြည်း တိုးတက်လာတာပဲ။”

အန်းယွဲ့က အသားတစ်တုံးကို မြည်းကြည့်ရင်း ပြောလိုက်၏။

“အသားက ချိုမြိန်ပြီး ဝါးလို့လည်း ကောင်းတယ်။ တကယ့်ကို အဆင့်မြင့်အသားပဲ။”

ယွမ်နွန်ကလည်း တစ်လုပ်စားကြည့်ပြီးနောက် ပြုံးကာ ပြောလိုက်သည်။

“အင်း၊ အရသာရှိတယ်။”

ကျန်းယွင်ထျန်းကလည်း ဤသည်မှာ ဘာအသားလဲဆိုသည်ကို အတိအကျသိနေသဖြင့် ချီးကျူးလိုက်၏။

ဖိုအခါ ရှောင်းယီက အန်းယွဲ့နှင့် အခြားသူများကို ကြည့်ကာ မေးလိုက်သည်။

“ဒါ ဘာအသားလဲဆိုတာ ပြောနိုင်ကြလား။”

“ခဏလေး ငါ နောက်တစ်ခါ ထပ်မြည်းကြည့်ဦးမယ်။”

အန်းယွဲ့သည် ယခင်ကမ္ဘာတွင် ကုမ္ပဏီတည်ထောင်သူတစ်ဦး ဖြစ်ခဲ့သဖြင့် အစားအသောက်စုံစုံလင်လင် စားဖူးသူဖြစ်သည်။

“ဒါက... မြွေသားတော့ မဟုတ်တန်ရာဘူးနော်။ ဒါပေမဲ့ မြွေမှာ ဒီလောက် အသားတုံးကြီးတွေ မရှိနိုင်ဘူးလေ။”

အန်းယွဲ့က မျက်မှောင်ကျုံ့ရင်း ပြောလိုက်၏။ ရှောင်းးယီက ပြုံးလိုက်မိပြီး ပြန်ပြောလိုက်လေသည်။

“ဒါက မိကျောင်းသားလေ။ အတိအကျပြောရရင် ရှေးဦးဧရာမမိကျောင်းသားပေါ့။”

“ဘာ”

လီယန်က ထိတ်လန့်တကြား မတ်တပ်ရပ်လိုက်မိ၏။

“ငါ့ကို ပင်လယ်ထဲ ဆွဲချခဲ့တဲ့ အကောင်ကြီးလား။”

ရှောင်းးယီက ခေါင်းငြိမ့်ပြလိုက်သည်။

“ဟုတ်တယ်၊ အဲ့ဒီအကောင်ပဲ။”

“အဲ့ဒါကို မြွေကြီးက စားလိုက်တာ မဟုတ်ဘူးလား။”

လီယန်သည် ဧရာမမိကျောင်းကြီးအား မြွေကြီးက ဝါးမျိုလိုက်သည့် မြင်ကွင်းကို မှတ်မိနေသေးသည်။

“ဒီလောက် ကျယ်ပြောလှတဲ့ ပင်လယ်ကြီးထဲမှာ အဲ့ဒီမိကျောင်းတစ်ကောင်တည်း ရှိတာမှ မဟုတ်တာ။”

ရှောင်းယီက ပြန်ဖြေလိုက်၏။ လီယန်က ခေါင်းငြိမ့်လိုက်သည်။

“ဒါဆို အဲ့ဒီအကောင်က ငါတို့ကို ဘယ်လိုရှာတွေ့ခဲ့တာလဲ။”

“ကျုပ်လည်း မသိဘူး။ သူ ဘာကြောင့် ရောက်လာတာလဲဆိုတာကို အခုထိ အဖြေမရှာနိုင်သေးပေမယ့် ကျုပ်အထင်တော့ ကျုပ် SSS အဆင့်ကို တက်သွားတာကြောင့် ဖြစ်ဖို့များတယ်။”

ရှောင်းးယီက ပခုံးတွန့်ရင်း မျှော်လင့်ချက်ကင်းမဲ့စွာ ပြောလိုက်သည်။

“အာ... SSS အဆင့်ကို တက်လိုက်တာက ဒီလို ဧရာမသားရဲတွေကို ဆွဲဆောင်နိုင်တာလား။”

အားလုံးက အလွန်အမင်း စိုးရိမ်သွားခဲ့ကြလေသည်။

“ရွှမ်းဝူနဲ့ ချင်းလုံတို့လည်း SSS အဆင့်ကို တက်သွားကြတာပဲလေ။ ဒါပေမဲ့ အရင်က ဘာသားရဲမှ လာတိုက်တာမျိုး မရှိခဲ့ပါဘူး။”

ကျန်းယွင်ထျန်းက မျက်မှောင်ကျုံ့ရင်း ပြောလိုက်သည်။

“သူတို့က အိမ်မွေးတိရစ္ဆာန်တွေပဲလေ။ သူတို့က ငါတို့ အပြင်လူတွေကိုပဲ ကြည့်တာဖြစ်ရမယ်။ ဒီကမ္ဘာ့စည်းမျဉ်းတွေက ငါတို့ အပြင်လူတွေကိုပဲ အဓိက ပစ်မှတ်ထားနေတာ။”

ရှောင်းယီက ရှင်းပြလိုက်၏။

“နင် ရွှမ်းဝူကို ခေါ်လိုက်သေးလား။”

အန်းရန်က စိုးရိမ်တကြီး မေးလိုက်သည်။

“ခေါ်လိုက်တယ်။ ဒါပေမဲ့ သူရောက်လာတဲ့အချိန်မှာ ငါတို့ ဖြေရှင်းပြီးသွားပြီ။”

ရှောင်းယီက ပြန်ဖြေသည်။

“ဒါ့အပြင် ရွှမ်းဝူက ပြောသေးတယ်။ သူတောင်မှ ဒီလိုရှေးဦးဧရာမသားရဲမျိုးကို ယှဉ်နိုင်မှာ မဟုတ်ဘူးတဲ့။”

All Chapters