← Chapters

အခန်း (၈၈၁-၈၈၂)

Vol. 72 Ch. 881-882

အခန်း (၈၈၁-၈၈၂)

Vol. 72 Ch. 881-882

အခန်း ၈၈၁- အင်ပါယာကြီးလေးခုမဟာမိတ်၊ တိုက်ခိုက်ရန် ပူးပေါင်းကြံစည်ခြင်း

“ဟုတ်တယ်။ ဒါက ရှောင်လွှဲလို့မရတဲ့အရာပဲ မဟုတ်လား။ တကယ်လို့ သူတို့သာ သိမ်းပိုက်ဖို့အတွက် အားနည်းတဲ့ မဟာမိတ်တစ်ခုကို ရှာတွေ့သွားရင် ဒေသခံတွေက ပိုပြီးကောင်းမွန်အောင် အဆင့်မြှင့်ထားတဲ့ လက်နက်ခဲယမ်းမီးကျောက် အစုံအလင်ကို ရသွားနိုင်တယ်။ ဒီစည်းမျဉ်းက တကယ့်ကို အရှက်မရှိဘူး။”

“ကျုပ် အခုလေးတင် နိုင်ငံခြားက ဂရုချတ်မျိုးစုံကို သွားကြည့်ပြီး စာရင်းဇယားတွေ လုပ်ခဲ့တယ်။ သူတို့ရဲ့ ID နံပါတ်တွေက ၄၀၀၀၀ ကျော်လေးပဲ ကျန်တော့တယ်။”

“ငါတို့ဆီမှာတောင် ၅၀,၀၀၀ ကျော် ရှိနေသေးတယ်လေ။ နိုင်ငံခြားသားတွေဆီမှာ အဲ့လောက်ပဲ ကျန်တော့တာလား။”

“ID က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ကိုယ်စားပြုတာဆိုတော့ နိုင်ငံခြားသားတွေမှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် အဲ့ဒီလောက်ပဲ ကျန်တော့တယ်လို့ ပြောရမှာပေါ့။”

ဤအချိန်တွင် ရက်အတော်ကြာ လုယက်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ဒေသခံအင်အားစုများသည် အဆင့်မြှင့်တင်ထားသော လက်နက်နှင့် ကိရိယာတန်ဆာပလာ အများအပြားကို အမှန်တကယ်ပင် ရရှိထားကြပြီဖြစ်သည်။

ရှောင်းယီ ထုတ်ပေးလိုက်သော လက်ပစ်ဗုံးများကြောင့် ၎င်းတို့ အလစ်အငိုက်မိသွားခဲ့သော်လည်း သူတို့သည် တဖြည်းဖြည်းနှင့် ထိုလက်ပစ်ဗုံးများ၏ တိုက်ခိုက်ပုံနည်းလမ်းများကို ရေသတ်သွားခဲ့ကြပြီး စိတ်ဓာတ်ခိုင်မာအောင် အမြန်ဆုံး ပြန်လည်ပြင်ဆင်နိုင်ခဲ့ကြလေသည်။

ယခုအခါ ဒေသခံများသည် ပထမဦးစွာ အဆင့်မြှင့်ထားသော အမြောက်များဖြင့် ကျွန်းအားလုံးကို ပစ်ခတ်ချေမှုန်းပြီးမှ ကျွန်းပေါ်သို့ တက်ရောက်ရန် အဖွဲ့များကို စီစဉ်လိုက်ကြတော့လေသည်။

ကျွန်းပေါ်သို့ တက်လာသော အဖွဲ့များသည်လည်း အလျင်စလို မတိုက်ခိုက်ကြတော့ဘဲ ခံစစ်စခန်းများကို တည်ဆောက်ကာ တဖြည်းဖြည်းချင်း ရှေ့တိုးလာခဲ့ကြ၏။ ပြိုင်ဘက်က လက်ပစ်ဗုံးများ ပစ်လာသည့်အခါ ၎င်းတို့က ခံစစ်ကျင်းများထဲတွင် ပုန်းနေလိုက်ကြသည်။ လက်ပစ်ဗုံးများသည် သေစေနိုင်လောက်သော အစွမ်းရှိနေဆဲဖြစ်သော်လည်း အစပိုင်းကလောက် ထိရောက်မှု မရှိတော့ပေ။

ဤအချိန်တွင် တိုက်ပွဲသည် လူအင်အားနှင့် အရင်းအမြစ်များကို ယှဉ်ပြိုင်ရသည့် ရေရှည်တိုက်ပွဲတစ်ခု ဖြစ်လာတော့လေသည်။

လူအင်အားအရ ကြည့်လျှင် ဒေသခံအင်အားစုများက အသာစီးရနေဆဲဖြစ်ပြီး အရင်းအမြစ်ပိုင်းတွင်မူ နှစ်ဖက်စလုံးက အတူတူပင်ဖြစ်သည်။

ထို့ကြောင့် ခြုံငုံကြည့်လျှင် ဒေသခံများက အသာစီးရနေဆဲ ဖြစ်သော်လည်း အလွန်အမင်း ထင်ရှားခြင်းမရှိလှပေ။ ဤသည်မှာ ကမ္ဘာ့စည်းမျဉ်းများက လိုချင်သည့် ရလဒ်ပင် ဖြစ်သည်။

ဤအချိန်တွင် ရှောင်းယီ ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သော ပထမတိုက်ကြီးပေါ်မှ အင်ပါယာကြီးလေးခုမှာ တစ်ဖန် ပြန်လည် ပူးပေါင်းကြံစည်နေကြပြန်ပြီဖြစ်သည်။

“အားလုံးပဲ...အခု ငါတို့ဆီမှာ အဆင့်မြှင့်ထားတဲ့ လက်နက်ကိရိယာ အစုံအလင် ရှိနေပြီ။ ငါတို့ အဲ့ဒီ ယီရန်ပင်းမဟာမိတ်အဖွဲ့ကို တိုက်ခိုက်ကြည့်သင့်လား။”

အင်ပါယာလေးခု၏ ဂရုချတ်တွင် အော်ကုက ပြောလိုက်သည်။

“ငါ့အမြင်တော့ စိတ်မဆောသင့်ဘူးထင်တယ်။ ယီရန်ပင်း မဟာမိတ်ရဲ့ အခြေအနေ အရမ်းနက်ရှိုင်းလွန်းတယ်။”

ချင်းကျူးက ချက်ချင်းပြောလာခဲ့သည်။ ထိုအခါ ရှန့်ကွမ်းက မျက်မှောင်ကျုံ့လိုက်၏။

“ယီရန်ပင်းကို မတိုက်ခိုက်ခင် နည်းနည်းလောက် ထပ်ပြီး စုဆောင်းကြရအောင်။ ငါကြားတာတော့ သူတို့က လူပုမျိုးနွယ်စုတွေနဲ့ အရမ်းရင်းနှီးတယ်တဲ့။ အဲ့ဒါက ပိုပြီး ဒုက္ခများနိုင်တယ်။”

ရွှီရီကလည်း သဘောတူထောက်ခံလိုက်သည်။

“ငါလည်း ထင်တာကတော့ ငါတို့ နည်းနည်းလောက် ထပ်ပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်သင့်သေးတယ်။”

“မင်းတို့က အရမ်းသတိထားလွန်းနေတာ မဟုတ်ဘူးလား။ ဒီအဆင့်မြှင့်ထားတဲ့ လက်နက်တွေနဲ့ဆိုရင် လူပုနိုင်ငံတောင် ငါတို့ကို တားဆီးနိုင်မှာ မဟုတ်ဘူး။”

အော်ကုက နှုတ်ခမ်းမဲ့ကာ ပြောလိုက်သည်။

“အခု ယီရန်ပင်းမှာ လက်ပစ်ဗုံး နည်းနည်းပဲ ရှိတော့တယ်။ အကယ်၍ ငါတို့သာ အဆင်သင့်ပြင်ထားမယ်ဆိုရင် အဲ့ဒီအားသာချက်နဲ့ ငါတို့ကို အနိုင်ယူဖို့ဆိုတာ ခက်သွားလိမ့်မယ်။ အဲ့ဒါကြောင့် တွန့်ဆုတ်မနေနဲ့တော့။ တကယ်လို့ နောက်တစ်ခါမှာ သူတို့က လက်နက်သစ်တွေ ထပ်ရသွားရင် ငါတို့အတွက် အခွင့်အရေး ပိုနည်းသွားလိမ့်မယ်။”

ထိုစကားကို ကြားသောအခါ ကျန်ရှိသော ဘုရင်သုံးပါးစလုံး မျက်မှောင်ကျုံ့သွားကြလေသည်။

၎င်းတို့တွင် ဤသို့သောစိုးရိမ်မှုများ အမှန်တကယ် ရှိနေခဲ့ကြ၏။ ဤအပြင်လူများသည် ပတ်ဝန်းကျင်ရှိ အရင်းအမြစ်သေတ္တာများမှ ပစ္စည်းများကို အဆက်မပြတ် ရရှိနိုင်ကြလေသည်။

ထိုပစ္စည်းများသည် အပြင်လူများ၏ ဖွံ့ဖြိုးတိုးတက်မှုအလိုက် ပြောင်းလဲနေပြီး တစ်နည်းအားဖြင့် ထိုပစ္စည်းများကပင် အပြင်လူများအား အဆက်မပြတ် တိုးတက်အောင် တွန်းအားပေးနေခြင်းဖြစ်သည်။

ထို့ကြောင့် အချိန်ဆွဲနေမည်ဆိုပါက အပြင်လူများကို ပိုမိုတိုးတက်စေမည့် လက်နက်သစ်များ သေချာပေါက် ပေါ်လာဦးမည်ဖြစ်ပြီး သို့ဖြစ်ရာ ၎င်းတို့အတွက် ပို၍ ခက်ခဲလာပေလိမ့်မည်။

“မင်းတို့ ဘယ်လိုထင်လဲ။”

ရှန့်ကွမ်းက မေးလိုက်သည်။ ချင်းကျူးနှင့် ရွှီရီတို့က အချိန်အတော်ကြာ ပြန်မဖြေကြပေ။ ထိုအခါ အော်ကုက အနည်းငယ် စဉ်းစားပြီး ဆက်ပြောလိုက်သည်။

“ငါတို့ အင်ပါယာတွေထဲက တစ်ခုတည်းနဲ့တော့ ယီရန်ပင်း မဟာမိတ်ကို ဖြိုလဲနိုင်ဖို့ ငါ အပြည့်အဝ ယုံကြည်ချက် မရှိဘူး။ အဲ့ဒါကြောင့် ငါတို့အားလုံး ပူးပေါင်းရမယ်။ အခုက အချိန်ကောင်းပဲလို့ ငါထင်တယ်။ ငါတို့ တိုက်ခိုက်ကြည့်လို့ရတယ်။ တကယ်လို့ အဆင်မပြေရင် ချက်ချင်း ပြန်ဆုတ်ကြတာပေါ့။”

အော်ကု၏ စကားကို ကြားရသောအခါ ချင်းကျူးနှင့် ရွှီရီတို့သည် တွန့်ဆုတ်မနေကြတော့ဘဲ “ကောင်းပြီ” ဟု ပြန်ဖြေလိုက်ကြတော့လေသည်။

ထို့နောက် အင်ပါယာကြီး လေးခုသည် မဟာမိတ်ဖွဲ့ကာ ရှောင်းယီ၏ ဘက်ကို နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်ဆင်ကြတော့သည်။

“ပြီးခဲ့တဲ့တစ်ခေါက်က ချင်းကျူးနဲ့ ငါ ယီရန်ပင်း မဟာမိတ်အနီးမှာ ဦးတည်ချက်ကျောက်တစ်ခု တွေ့ခဲ့တယ်။ အဲ့ဒါကြောင့် ဒီတစ်ခေါက်လည်း အဲ့ဒီဦးတည်ချက်ကျောက်ကို သုံးပြီး တိုက်ရိုက်တည်နေရာကူးပြောင်းပြီး သူတို့ကို အလစ်အငိုက် ဖမ်းကြမယ်။”

အော်ကုက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ ဒေသခံအင်အားစု အားလုံး၏ မျက်စိထဲတွင် ယီရန်ပင်းသည် အလွန်ဆူဖြိုးသော အမဲသားတစ်တုံးကဲ့သို့ပင်။

တကယ်လို့သာ ယီရန်ပင်းကို သိမ်းပိုက်နိုင်ရင် ကမ္ဘာကြီးတစ်ခုလုံးကို သိမ်းပိုက်နိုင်သလို ခံစားရမည်မှာ အသေအချာပင်။

“ကောင်းပြီ...ငါကတော့ ညဘက်မှ တိုက်ခိုက်ဖို့ အကြံပြုချင်တယ်။ ဘာပဲဖြစ်ဖြစ် မင်းတို့က အဲ့ဒီဦးတည်ချက်ကျောက်ကို တစ်ခါသုံးပြီးပြီဆိုတော့ ယီရန်ပင်းက လူလွှတ်ပြီး အစောင့်ချထားမှာ သေချာတယ်။”

ရွှီရီက အကြံပေးလိုက်သည်။

“သဘောတူတယ်။”

ကျန်သုံးဦးက တညီတညွတ်တည်း ပြောလိုက်ကြသည်။

“ညကိုးနာရီဆိုရင်ရော ဘယ်လိုလဲ။”

ရှန့်ကွမ်းက မေးလိုက်သည်

“အဲ့ဒီကြားထဲမှာ ငါတို့ ကိုယ့်အဖွဲ့ကိုယ် စုစည်းဖို့ အချိန်အလုံအလောက် ရှိတယ်။”

“ကောင်းပြီ။”

ထို့နောက် အင်ပါယာအရှင်လေးပါးသည် စကားပြောဆိုမှုကို ရပ်နားလိုက်ပြီး ၎င်းတို့၏ တပ်ဖွဲ့များကို စတင်စုစည်းကြတော့လေသည်။

ယခုတစ်ကြိမ် ပစ်မှတ်မှာ ယီရန်ပင်း မဟာမိတ် ဖြစ်သည်။ ဘုရင်လေးပါးသည် မပေါ့ဆမဝံ့သော်လည်း စိတ်မကောင်းစရာမှာ ၎င်းတို့သည် ယခုတစ်ကြိမ်တွင် အင်အားအကုန် မသုံးနိုင်ခြင်းပင်ဖြစ်သည်။ အကြောင်းမှာ ၎င်းတို့ သတ်မှတ်ထားသော မူဝါဒမှာ “စမ်းသပ်တိုက်ခိုက်ရန်” သာ ဖြစ်သောကြောင့်ပင်။

နောက်ဆုံးတွင် အင်ပါယာတစ်ခုစီသည် လူအင်အား ၂၀၀၀၀ ၊ စစ်သင်္ဘော အမျိုးမျိုး ၁၀၀ ကျော်နှင့် လေသင်္ဘော ၁၀ စင်းကျော်ကို စီစဉ်ခဲ့ကြသည်။

ဤအချိန်တွင် ယီရန်ပင်းမှာမူ အေးချမ်းသာယာလျက် ရှိနေဆဲပင်။

အရှေ့မြောက်ဘက်ရှိ လူပုမျိုးနွယ်စုများ၏ စခန်းတွင်မူ သံတူထုသံများဖြင့် ပြည့်နှက်နေပြီး စည်ကားတက်ကြွနေခဲ့သည်။

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ပစ္စည်းများစွာကို ထုတ်လုပ်ပေးနိုင်သော်လည်း ထုတ်လုပ်မှုပုံစံမရှိသော ပစ္စည်းများစွာ ကျန်ရှိနေသေး၏။ ထို့ကြောင့် လူပုများ၏ သံထည်ပစ္စည်းများသည် လူကြိုက်များနေဆဲဖြစ်သည်။

“မနေ့က ငါ ဓားရှည်နှစ်လက် လုပ်လိုက်တာ ၂၀၀ ရခဲ့တယ်။ ဘီယာအဝသောက်ဖို့ လောက်တယ်ဟေ့။”

“ဟုတ်တယ်။ မနေ့က ငါ အပြင်လူတစ်ယောက် ပေးတဲ့ ပုံစံအတိုင်း စက်ဘီးတစ်စီး လုပ်ခဲ့တာ။ အရမ်းနာမည်ကြီးတာပဲ။ ဘီးနှစ်ဘီးတည်းနဲ့ မလဲဘဲ စီးလို့ရမယ်လို့ ငါတကယ် မထင်ထားခဲ့ဘူး။”

“တကယ်လား။ အဲ့ဒီစက်ဘီးက ဘယ်လောက်နဲ့ ရောင်းလို့ရလဲ။”

“အဲ့ဒီအပြင်လူ ပြောတာတော့ အနည်းဆုံး ၅၀၀ နဲ့ အထက် ရောင်းလို့ရတယ်တဲ့။ လုပ်ပြီးသွားရင်တော့ ဈေးကွက်တုံ့ပြန်မှုအပေါ် မူတည်ပြီး ဈေးနှုန်းသတ်မှတ်ရမှာပဲ။”

“မိုက်တယ်။ ငါလည်း မင်းကို ကူလုပ်ပေးမယ်။”

“လာမလုပ်နဲ့နော်။ ငါက အဲ့ဒီအပြင်လူနဲ့ ဒီတစ်ခုတည်းကိုပဲ သီးသန့်လုပ်ဖို့ သဘောတူထားတာ။ မင်း တခြားအပြင်လူတွေကို သွားရှာကြည့်ပေါ့။ ကောင်းတာလေးတွေ ရှိနိုင်တယ်။ ငါခံစားရတာကတော့ အဲ့ဒီအပြင်လူတွေရဲ့ ခေါင်းထဲမှာ ထူးဆန်းတာတွေ အများကြီး ရှိတယ်။ ဒါပေမဲ့ အဲ့ဒါတွေက တကယ်လည်း အသုံးဝင်တယ်။”

“အဲ့လိုဆိုလည်း ထားလိုက်ပါတော့။ ငါ့ဘာသာပဲ သွားရှာလိုက်တော့မယ်။”

“အေးအေး။”

အပြင်လူများနှင့် ပူးပေါင်းခြင်းဖြင့် လူပုအများအပြားသည် အကျိုးအမြတ်များကို မြည်းစမ်းခဲ့ကြရသဖြင့် ၎င်းတို့သည် အပြင်လူများနှင့် ဆက်သွယ်ရန် ပို၍ နှစ်သက်လာခဲ့ကြ၏။ ဤသို့ဖြင့် ကြီးပွားချမ်းသာရန် အခွင့်အရေး ရရှိနိုင်သည် မဟုတ်ပါလား။

လူပုများသည် ပိုက်ဆံကို စွဲလန်းသူများ မဟုတ်သော်လည်း ဘားများတွင် အချိန်ဖြုန်းချင်ကြသူများ ဖြစ်သဖြင့် ငွေအမြောက်အမြား လိုအပ်နေခြင်းပင်။

ဤအချိန်တွင် ရှောင်းယီ၏ ကျွန်း၏ မြောက်ဘက် ကီလိုမီတာ ၂၀၀ အကွာ ပင်လယ်ပြင်တွင် အဆင့်မြှင့်ထားသော သံချပ်ကာ စစ်သင်္ဘော ၂၀ ထွက်ပေါ်လာခဲ့လေသည်။

ကင်းလှည့်နေသော ယီရန်ပင်း မဟာမိတ် စစ်သင်္ဘောတစ်စင်းသည် ရုတ်တရက် ထွက်ပေါ်လာသော ထိုသံချပ်ကာ စစ်သင်္ဘောများကို ချက်ချင်း မြင်တွေ့သွားတော့သည်။

“သတင်းပို့ပါတယ်။ ကျွန်းရဲ့ မြောက်ဘက် ကီလိုမီတာ ၁၀၀ အကွာမှာ သံချပ်ကာ စစ်သင်္ဘော ၂၀ ကို တွေ့ရှိထားပါတယ်။”

ကင်းလှည့်တပ်ဖွဲ့မှ စစ်သားများသည် အထက်လူကြီးထံ ချက်ချင်း သတင်းပို့လိုက်၏။

ကျန်းယွင်ထျန်းသည် ထိုသတင်းကို ရရှိပြီးနောက် ချက်ချင်း အကြောင်းပြန်လိုက်လေသည်။

“ရန်သူရဲ့ ဝိသေသကို ခွဲခြားလိုက်။ သူတို့က အသက်ရှင်ကျန်ရစ်သူတွေလား ဒါမှမဟုတ် ဒေသခံအင်အားစုတွေလား ဆိုတာ အတည်ပြုပါ။ ပြီးရင် ရန်သူရဲ့ တိုက်ခိုက်မှုကို သတိထား။”

“ဟုတ်ကဲ့”

ထို့နောက် ကင်းလှည့်သင်္ဘောသည် ရုတ်တရက် ထွက်ပေါ်လာသော သံချပ်ကာ စစ်သင်္ဘောစုထံသို့ ချက်ချင်း အော်ဟစ် အချက်ပေးလိုက်တော့၏။

“ရှေ့က သင်္ဘောအုပ်စု သတိပြုပါ။ မင်းတို့ ယီရန်ပင်း မဟာမိတ် ပင်လယ်ပြင်ထဲကို ရောက်နေပြီ...”

အခန်း ၈၈၂- ငါ့ကိုကြည့်ထား၊ လူပုတို့၏ တုနှိုင်းမဲ့လက်နက်: ရွေ့လျားအမြောက်စင်

“ရှေ့က သင်္ဘောအုပ်စု သတိပြုပါ။ မင်းတို့ ယီရန်ပင်းမဟာမိတ် ပင်လယ်ပြင်ထဲကို ရောက်နေပါပြီ။ ကျေးဇူးပြုပြီး လက်နက်တွေကို သိမ်းဆည်းပြီး ကျုပ်တို့ရဲ့ စစ်ဆေးမှုကို ခံယူဖို့ သတ်မှတ်နေရာမှာ ကျောက်ချရပ်နားပေးပါ။”

“ထပ်မံ သတိပေးနေပါတယ်...”

ထိုသတိပေးချက်ကို ရှားနိုင်ငံဘာသာစကား၊ နိုင်ငံခြားဘာသာစကားနှင့် ဒေသခံဘာသာစကားတို့ဖြင့် သုံးကြိမ်ဆက်တိုက် အော်ဟစ်အကြောင်းကြားခဲ့၏။

သို့သော်လည်း တစ်ဖက်အဖွဲ့သည် ကင်းလှည့်သင်္ဘောများ၏ အော်ဟစ်မှုကို လုံးဝ လျစ်လျူရှုထားခဲ့လေသည်။ ထို့ပြင် သင်္ဘောအချို့မှာ ဘေးတိုက်လှည့်လာပြီး ကင်းလှည့်သင်္ဘောများထံသို့ အမြောက်များဖြင့် တရစပ် ပစ်ခတ်လိုက်ကြတော့သည်။

ဝုန်း ဝုန်း ဝုန်း

ကျန်းယွင်ထျန်းသည် ရန်သူ့အမြောက်ဒဏ်ကို သတိထားရန် ကြိုတင်သတိပေးထားပြီးဖြစ်၍ ကင်းလှည့်သင်္ဘောများသည် တိုက်ခိုက်မည့် အငွေ့အသက်ကို မြင်သည်နှင့် ချက်ချင်းပင် လှည့်ထွက်ရှောင်တိမ်းလိုက်ကြ၏။

ရန်သူပစ်ခတ်လိုက်သော အမြောက်ကျည်များသည် ရေထဲသို့သာ ကျရောက်သွားပြီး ရေပန်းစိုင်ကြီးများအဖြစ် ပေါက်ကွဲထွက်သွားတော့လေသည်။

ရန်သူက စတင်တိုက်ခိုက်လိုက်သည်ကို မြင်သောအခါ ကင်းလှည့်သင်္ဘောပေါ်မှ စစ်သားများသည် အခြေအနေကို ကျန်းယွင်ထျန်းထံ ချက်ချင်း သတင်းပို့လိုက်ကြ၏။

“နည်းပြ ရန်သူက ကျုပ်တို့ကို တိုက်ရိုက်ပစ်ခတ်နေပါတယ်။ သူတို့က သေချာပေါက် ရန်လိုတဲ့သဘောရှိပြီး သူတို့ရဲ့ အမြောက်အကွာအဝေးက ကျုပ်တို့ထက် ပိုဝေးနေပါတယ်။”

ထိုစကားကို ကြားလိုက်ရသောအခါ ကျန်းယွင်ထျန်းသည် ဒေသခံများ ယီရန်ပင်းမဟာမိတ်ကို နောက်တစ်ကြိမ် လာရောက်တိုက်ခိုက်ခြင်းဖြစ်မှန်း ချက်ချင်းနားလည်သွားပြီး သတိပေးခေါင်းလောင်း ထိုးလိုက်တော့လေသည်။

ထိုစဉ် စာဖတ်နေသော ရှောင်းယီသည် အချက်ပေးသံကို ကြားလိုက်ရပြီး မျက်မှောင်ကျုံ့သွားခဲ့သည်။

“နောက်ထပ် ဧရာမသားရဲကြီးတစ်ကောင် ထပ်ပေါ်လာပြန်ပြီလား။”

သို့သော် သူ့စကားမဆုံးခင်မှာပင် ဖုန်းသံမြည်လာခဲ့၏။ ခေါ်ဆိုသူမှာ ကျန်းယွင်ထျန်း ဖြစ်သည်။

“ကျွန်းပိုင်ရှင် အရှေ့မြောက်ဘက်ကနေ ဒေသခံတွေ ငါတို့ရဲ့ ပင်မကျွန်းကို လာပြီးတိုက်ခိုက်နေတယ်။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“သူတို့ရဲ့ တည်နေရာအရ ဆိုရင်တော့ ဒါက အော်ကုနဲ့ ချင်းကျူးအင်ပါယာရဲ့ အင်အားစုတွေ ဖြစ်မယ်လို့ ငါထင်တယ်။”

“သူတို့ နောက်တစ်ခါ ထပ်လာပြန်ပြီလား။”

ရှောင်းယီက မျက်မှောင်ကျုံ့ရင်း ဆိုသည်။

“ငါ အခုချက်ချင်း လာခဲ့မယ်။”

“နားလည်ပါပြီ။ ငါ အခင်းဖြစ်ပွားရာနေရာကို ရောက်နေပြီ။ အဲ့ဒီနေရာက လူပုနိုင်ငံနဲ့ တော်တော်လေး နီးတယ်။”

ကျန်းယွင်ထျန်းက ထပ်လောင်းပြောလိုက်သည်။

ချင်းကျူးတို့ တွေ့ရှိခဲ့သည့် ဦးတည်ချက်ကျောက်၏တည်နေရာမှာ တိုက်ဆိုင်လွန်းလှ၏။ ယင်းက ၎င်းတို့အား မဟာမိတ်အဖွဲ့၏ ကျွန်းခွဲများကို ကျော်ဖြတ်ကာ ပင်မကျွန်းဆီသို့ တိုက်ရိုက် ဦးတည်နိုင်စေခဲ့သည်။

ယခင်က ချင်းကျူးနှင့် အော်ကု ပူးပေါင်းတပ်ဖွဲ့များသည် ဤနည်းဖြင့်ပင် နယ်မြေ၏ အသည်းနှလုံးဆီသို့ တိုက်ရိုက် ဝင်ရောက်ခဲ့ဖူးပြီး ယခုအခါ ၎င်းတို့ ပြန်လာခဲ့ကြပြန်ပြီ။

“သူတို့ အခုတလော ရထားတဲ့ အဆင့်မြှင့်လက်နက်တွေက သူတို့ကို နောက်တစ်ခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲစေခဲ့ပုံပဲ။”

ရှောင်းယီက တွေးလိုက်သည်။

“ဒါက မင်းတို့နဲ့ တော်ပီဒိုတွေရဲ့ စွမ်းဆောင်ရည်ကို စမ်းသပ်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ။”

တစ်ချိန်တည်းမှာပင် ရှောင်းယီ၏ ကျွန်းသို့ ချဉ်းကပ်လာသော အင်ပါယာကြီးလေးခု၏ ပူးပေါင်းတပ်ဖွဲ့များသည် အဝေးသို့ အရှိန်ပြင်းပြင်း မောင်းနှင်ထွက်ခွာသွားသော ကင်းလှည့်သင်္ဘောများကို အံ့အားသင့်စွာ ကြည့်နေခဲ့ကြ၏။

“ယီရန်ပင်း မဟာမိတ်မှာ တကယ်ကို ကောင်းတဲ့အရာတွေ အများကြီး ရှိတာပဲ။”

ချင်းကျူးက မချီးကျူးဘဲ မနေနိုင် ဖြစ်သွားခဲ့သည်။

“ဟုတ်တယ်။ ငါတို့ရဲ့ သံချပ်ကာ စစ်သင်္ဘောတွေကို အဆင့်မြှင့်ထားတာတောင်မှ သူတို့ရဲ့ အရှိန်က ယီရန်ပင်းမဟာမိတ် သင်္ဘောတွေကို မမှီသေးဘူး။”

ရှန့်ကွမ်းက မျက်မှောင်ကျုံ့ရင်း ပြောလိုက်၏။

“ဒီတစ်ခေါက်တော့ သတိထားမှ ဖြစ်မယ်။ ငါတို့ ဒီမှာ ထပ်ပြီး အရေးနိမ့်လို့ လုံးဝ မဖြစ်ဘူး။”

ထိုစကားကိုကြားသောအခါ အော်ကုက ရယ်မောလိုက်သည်။

“ရှန့်ကွမ်း...မင်းကတော့ ယီရန်ပင်းကို ကြောက်ပြီး စိတ်ဓာတ်တွေ ပျက်ပြားနေပြီလား။”

ရှောင်းယီ ပထမဆုံး ကိုင်တွယ်ခဲ့သည့် SSS အဆင့် မှော်ဆရာမှာ ရှန့်ကွမ်းအင်ပါယာမှ မှော်ဆရာ ဖြစ်သည်။

ထိုအခါ ရှန့်ကွမ်းက အော်ကုကို ခပ်အေးအေးပင် ကြည့်ကာ ပြန်ပြောလိုက်သည်။

“မင်း ပြောချင်သလို ပြောလို့ရတယ်။ ငါပြောချင်တာက သတိနဲ့ လုပ်ဆောင်တာက အမှားမရှိဘူး ဆိုတာပဲ။”

ရွှီရီသည် သူ့ရှေ့က ကြီးမားသော ကျွန်းကြီး မဟုတ်သေး ၎င်းကို တိုက်ကြီးတစ်ခုဟုပင် ဆိုနိုင်သည်။ သူသည် ၎င်းကို ကြည့်ပြီး လေးလံသော အသံဖြင့် ပြောလိုက်သည်။

“ဒါက ခက်ခဲလိမ့်မယ်။”

ကျွန်းတစ်ခု၏ ဧရိယာ ပိုကျယ်လာလျှင် ၎င်း၏ အတိမ်အနက်သည်လည်း တိုးလာသည်ဖြစ်ရာ အမြောက်များဖြင့် ကျွန်းတစ်ကျွန်းလုံးကို လွှမ်းခြုံရန်မှာ ခက်ခဲစေမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူတို့ ကျွန်းပေါ်သို့ တက်နိုင်ခဲ့လျှင်ပင် ယီရန်ပင်းမဟာမိတ်၏ လူအင်အားပင်လယ်ကြီးထဲတွင် နစ်မြုပ်သွားနိုင်၏။

“ငါတို့ ဒီတစ်ခါ လာတာက ယီရန်ပင်းမဟာမိတ်ရဲ့ အင်အားကို စမ်းသပ်ဖို့က အဓိကပဲ။ အဲ့ဒါကြောင့် ဘယ်သူမှ အရမ်း စိုးရိမ်မနေကြပါနဲ့။”

ချင်းကျူးက ပြောလိုက်သည်။

ထိုအချိန်တွင် ရှောင်းယီသည် မြို့ပြန်ကျောက်ကို အသုံးပြု၍ လူပုနိုင်ငံသို့ တိုက်ရိုက် ကူးပြောင်းသွားပြီးနောက် ကမ်းခြေသို့ အပြေးအလွှား ရောက်လာခဲ့လေသည်။

ဤအချိန်တွင် လူပုဘုရင်သည်လည်း ကမ်းခြေတွင် ရပ်ကာ အဝေးမှ ချဉ်းကပ်လာသော သင်္ဘောအုပ်စုကို ကြည့်ရှုနေပြီဖြစ်သည်။

“ကျွန်းပိုင်ရှင်။”

ကျန်းယွင်ထျန်းက ဘေးမှ နှုတ်ဆက်လိုက်သည်။

ထိုအခါမှ လူပုဘုရင်က လှည့်ကြည့်ကာ ပြောလာခဲ့သည်။

“ဒီတစ်ခါ ငါတို့ကို လာတိုက်တာက ချင်းကျူးနဲ့ အော်ကုက ပူးပေါင်းတပ်ဖွဲ့တွေလို့ ငါကြားထားတယ် ဟုတ်လား။”

“ဒါက ခန့်မှန်းချက်ပါပဲ။ သူတို့က ဒီဘက်အရပ်ကနေ အရင်က တိုက်ခိုက်ခဲ့ဖူးလို့ပါ။”

ရှောင်းယီက ကူကယ်ရဲ့မဲ့နေသည့်အလား ပြန်ပြောလိုက်၏။ လူပုဘုရင်က ခေါင်းငြိမ့်ပြီး ပြုံးကာ ပြောလိုက်သည်။

“ဒီတစ်ခါတော့ ငါတို့ လူပုမျိုးနွယ်စုတွေကပဲ သူတို့ကို မောင်းထုတ်ပါရစေ။”

ထိုစကားကိုကြားသောအခါ ရှောင်းယီက မျက်ခုံးပင့်ကာ မေးလိုက်သည်။

“ခင်ဗျား သေချာလို့လား။”

“ဘာလဲ။ ငါတို့ အင်အားကို မင်းက အထင်သေးနေတာလား။”

လူပုဘုရင်က ပြန်မေးလိုက်၏။

“မဝံ့ရဲပါဘူး။ အဲ့လိုဆိုရင်တော့ ကျုပ်တို့ ဘေးကနေပဲ ကြည့်နေပါ့မယ်။”

ရှောင်းယီက ပခုံးတွန့်ရင်း ပြန်ဖြေလိုက်သည်။

“ကောင်းပြီ။ ဒါဆို ကြည့်ပြီး သင်ယူထားလိုက်။”

ထို့နောက် လူပုဘုရင်သည် နောက်လှည့်ပြီး အမိန့်ပေးလိုက်တော့၏။

“ငါတို့အမြောက်တွေကို ထုတ်ခဲ့ကြ။”

“ဟုတ်ကဲ့။”

ခဏအကြာတွင် လူပုမျိုးနွယ် စစ်သားများသည် ၎င်းတို့၏ နယ်မြေအတွင်းမှ အမြောက်များ တပ်ဆင်ထားသော မျှော်စင်များစွာကို တွန်းထုတ်လာခဲ့ကြလေသည်။ ထိုအမြောက်ပြောင်းများသည် ရှောင်းယီတို့ လက်ရှိအသုံးပြုနေသည်ထက်ပင် ပို၍ ထူထဲပြီး ပို၍ ရှည်လျားနေလေသည်။

“ရွေ့လျားအမြောက်စင် (S အဆင့်): ပြင်းထန်သော စွမ်းအားနှင့် တိကျမှု မြင့်မားသော ရိုင်ဖယ်အမြောက်ဖြစ်သည်။ ခံစစ်အတွက် အလွန် သင့်လျော်သည်။ သတ်မှတ်ချက်များ- ပစ်ခတ်မှု အကွာအဝေး...”

“လူပုနိုင်ငံက အဲ့ဒီတိုက်ကြီးပေါ်မှာ နှစ်ပေါင်းများစွာ ဘာလို့ အောင်အောင်မြင်မြင် ရပ်တည်နိုင်ခဲ့သလဲ ဆိုတာ မဆန်းတော့ဘူး။ ဒီလို သေစေနိုင်တဲ့ လက်နက်နဲ့ဆိုရင် အင်ပါယာကြီးလေးခု ပူးပေါင်းရင်တောင် လူပုနိုင်ငံကို ယှဉ်နိုင်မှာ မဟုတ်ဘူး။”

ရွေ့လျားအမြောက်စင်များကို မြင်သောအခါ ရှောင်းယီ နားလည်သွားခဲ့သည်။ ထိုစဉ် ဘေးတွင် ရပ်နေသော ကျန်းယွင်ထျန်းသည်လည်း ထိုအမြောက်စင်များကို မြင်လိုက်ရလေသည်။ သူ့မှာ အချက်အလက်များကို ကြည့်နိုင်သည့် စနစ်မရှိသော်လည်း အမြောက်ပြောင်း၏ အရှည်နှင့် အချင်းကို ကြည့်ရုံနှင့်ပင် ယင်းတို့၏ စွမ်းအားကို ခန့်မှန်းနိုင်ပေသည်။

“ဟုတ်တယ်။ ဒါမျိုးက တိုက်ဟောင်းပေါ်မှာသာဆိုရင်တော့ ပြိုင်ဘက်ကင်းပဲ။”

ကျန်းယွင်ထျန်းက ပြန်ပြောလိုက်၏။

“ဒါပေမဲ့ အခုတော့ အခြေအနေကတော့ အဲ့လို မဟုတ်လောက်တော့ဘူး။”

ရှောင်းယီက ပြုံးလိုက်သည်။

“ခဏနေရင် လူပုဘုရင် ဘယ်လို အရှက်ကွဲမလဲ ဆိုတာ စောင့်ကြည့်ကြတာပေါ့။”

ကျန်းယွင်ထျန်း ခေါင်းယမ်းလိုက်မိသည်။ ရှောင်းယီတွင် ဤကဲ့သို့ နောက်ပြောင်ချင်သော အလေ့အထ ရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ပင်လယ်ပြင်တွင်မူ ချင်းကျူးသည် အဝေးကြည့်မှန်ပြောင်းဖြင့် ကမ်းခြေကို အကဲခတ်နေ၏။ လူပုမျိုးနွယ်တို့၏ အမြောက်စင်များကို မြင်သောအခါ သူ မျက်မှောင်ကျုံ့သွားခဲ့သည်။

“ဘာလို့ ယီရန်ပင်းမဟာမိတ်ထဲမှာ လူပုတွေရဲ့ အမြောက်စင်တွေ ရှိနေရတာလဲ။”

ချင်းကျူးက မေးလိုက်သည်။ ထိုအခါ ရွှီရီသည် သူ၏အဝေးကြည့်မှန်ပြောင်းကို ချလိုက်ပြီး ပြန်ပြောလိုက်သည်။

“မင်း သေချာကြည့်လိုက်ာ အဲ့ဒါတွေကို လူပုတွေကိုယ်တိုင် တွန်းထုတ်လာတာ။”

ချင်းကျူးက ပိုပြီး သေချာအောင် အလျင်အမြန် ကြည့်လိုက်ပြီးနောက် ထိတ်လန့်တကြား ပြောလိုက်၏။

“တကယ်ပဲ...။ လူပုမျိုးနွယ်စုတွေက ယီရန်ပင်းမဟာမိတ်နဲ့ ပူးပေါင်းသွားကြပြီလား။”

“ဖြစ်နိုင်ခြေ အရမ်းများတယ်။ မဟုတ်ရင် ရှောင်းယီက သူ့ကျွန်းကို ဒီလောက်ကြီးအောင် ချဲ့ထွင်နိုင်မှာ မဟုတ်ဘူး။”

ရွှီရီက ခန့်မှန်းလိုက်သည်။

“ဒါဆိုရင်တော့ တကယ် ဒုက္ခရောက်ပြီ။ ယီရန်ပင်းမဟာမိတ်ကတင် တိုက်ရခက်နေတာ။ အခု လူပုတွေပါ ပူးပေါင်းသွားပြီဆိုတော့ ငါတို့မှာ အခွင့်အရေး လုံးဝ မရှိတော့ဘူး။”

ရှန့်ကွမ်းက မှတ်ချက်ပေးလိုက်၏။ သို့သော် အော်ကုကမူ ခေါင်းခါပြီး ပြောလိုက်သည်။

“အားလုံးပဲ...ကိုယ့်အင်အားကို အရင်က အမြင်ဟောင်းတွေနဲ့ မကြည့်ကြနဲ့တော့။ ဒီထက်ပိုပြီးတော့လည်း လူပုမျိုးနွယ်ကို အထင်ကြီးမနေနဲ့။”

ထိုစကားကိုကြားသောအခါ ကျန်သူများက အော်ကုကို နားမလည်နိုင်သလို ကြည့်လိုက်ကြ၏။ အော်ကုက ဆက်ပြောသည်။

“တိုက်ဟောင်းပေါ်မှာတုန်းက သူတို့ရဲ့ အမြောက်စင်တွေက အရမ်းအားကောင်းလွန်းလို့ ငါတို့ လူပုတွေကို မထိရဲခဲ့ကြဘူး။ ဒါပေမဲ့ အခု ငါတို့မှာလည်း S အဆင့် အမြောက်တွေ ရှိနေပြီ။ ပြီးတော့ အဆင့်မြှင့်တင်မှုတွေတောင် လုပ်ထားသေးတယ်။ ဒါက အဲ့ဒီအမြောက်စင်တွေထက် မနိမ့်ကျဘူး။ ငါတို့ ဘာလို့ မတိုက်ရဲရမှာလဲ။”

ကျန်သူများလည်း စဉ်းစားခန်း ဝင်သွားခဲ့ကြသည်။

“လူပုတွေရဲ့မာနကို ငါတို့ အသုံးချလို့ရတယ်။ ဒါဆို ငါတို့ ယီရန်ပင်းရဲ့ ကျွန်းကို တစ်ချက်တည်းနဲ့ တက်သိမ်းနိုင်လိမ့်မယ်။ လူပုတွေရဲ့ အခြေစိုက်စခန်းမှာ အခြေချပြီး ကျွန်းအတွင်းပိုင်းကို တဖြည်းဖြည်းချင်း ရှေ့တိုးကြတာပေါ့။”

အော်ကုက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ အော်ကု၏ စကားကို ကြားသောအခါ ကျန်သုံးဦးသည်လည်း ခေါင်းတငြိမ့်ငြိမ့် ဖြစ်သွားခဲ့ကြသည်။

“ဟုတ်တယ်။ ဒီနည်းဗျူဟာ ကောင်းတယ်။ ယီရန်ပင်းရဲ့ ကျွန်းက အရမ်းကျယ်လွန်းတယ်။ ငါတို့ တဖြည်းဖြည်းချင်းပဲ ရှေ့တိုးရမယ်။”

“ဒါက စမ်းကြည့်ဖို့ ထိုက်တန်ပါတယ်။ အဲ့ဒီအမြောက်စင်တွေနဲ့ ငါတို့သင်္ဘောပေါ်က အမြောက်တွေ ဘယ်ဟာက ပိုပြီး အလှမ်းဝေးမလဲဆိုတာပဲ မသိတာ။”

“မလောပါနဲ့။ အခု အဖြေသိရတော့မှာပါ။”

All Chapters