← Chapters

အခန်း (၈၈၃-၈၈၄)

Vol. 72 Ch. 883-884

အခန်း (၈၈၃-၈၈၄)

Vol. 72 Ch. 883-884

အခန်း ၈၈၃ - လူပုဘုရင် အရှုံးနှင့် ရင်ဆိုင်ရခြင်း၊ တော်ပီဒိုများကို အသုံးပြုခြင်း

ပင်လယ်ပြင်မှ ချဉ်းကပ်လာသော သင်္ဘောအုပ်စုကို ကြည့်ပြီး လူပုဘုရင်က အမိန့်ပေးလိုက်သည်။

“အသင့်ပြင်ထားကြ။ ငါတို့ရဲ့ ပစ်ခတ်မှုအကွာအဝေးထဲ ရောက်တာနဲ့ မြင်သမျှကို ပစ်ကြတော့။ သူတို့ကို ပင်လယ်ထဲမှာတင် အစအနမကျန် ချေမှုန်းပစ်မယ်။”

“ဟုတ်ကဲ့။”

ဘေးနားရှိ စစ်သည်တစ်ဦးက ပြန်လည်တုံပြန်လိုက်သည်။

ရှောင်းယီက ပြုံးနေသော်လည်း ဘာမှမပြောခဲ့ပေ။ စနစ်မှ ပေးထားသော အချက်အလက်များအရ ခံတပ်အမြောက်စင်များ၏ ပစ်ခတ်နိုင်စွမ်းမှာ အဆင့်မြှင့်တင်ထားသော S အဆင့်အမြောက်များကို မမှီပေ။

သို့သော် ကွာခြားချက်မှာ အလွန်အမင်း ကြီးမားလှသည်တော့မဟုတ်ချေ။ အင်ပါယာကြီးလေးခု မဟာမိတ်အဖွဲ့က အကွာအဝေးကို မည်မျှ ကောင်းကောင်း ထိန်းချုပ်နိုင်မလဲဆိုသည့်အပေါ်တွင်သာ မူတည်ပေသည်။

“ကျွန်းပိုင်ရှင်ရှောင်း မင်း စောင့်ရုံသာ စောင့်ကြည့်နေလိုက်ပါ။ ခဏနေရင် ငါတို့လူပုမျိုးနွယ်ရဲ့ အမြောက်စင်တွေက အဲဒီသင်္ဘောတွေကို သံတိုသံစတွေ ဖြစ်သွားအောင် ပစ်ခတ်ပြလိမ့်မယ်။”

လူပုဘုရင်က ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

“ကောင်းပါပြီ... စောင့်ကြည့်ရတာပေါ့။”

ရှောင်းယီက ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။ ကျန်းယွင်ထျန်းသည် ရှောင်းယီ၏ အပြုံးမှာ တစ်မျိုးဖြစ်နေသည်ဟု ခံစားရသော်လည်း အကြောင်းရင်းကိုမူ သူ မသိပေ။

ထိုအချိန်မှာပင် ပင်လယ်ပြင်ရှိ သင်္ဘောများက ရုတ်တရက် စတင်ပစ်ခတ်လိုက်ကြ၏။

ဝုန်း ဝုန်း ဝုန်း

အဝေးမှ အမြောက်သံများ လွင့်ပျံလာရာ လူပုဘုရင် မျက်မှောင်ကျုံ့သွားခဲ့လေသည်။ အကြောင်းမှာ ထိုအကွာအဝေးသည် ၎င်းတို့၏ အမြောက်စင်များ ပစ်ခတ်နိုင်သည့် အကွာအဝေးအတွင်းသို့ မရောက်သေးဘဲ ရန်သူက စတင်တိုက်ခိုက်နေခြင်းကြောင့်ပင်။

အမြောက်ကျည်များသည် ကမ်းခြေသို့ အရှိန်အဟုန်ဖြင့် ပျံသန်းလာခဲ့သည်။ လူပုဘုရင်သည် ဆက်လက် ထိုင်မနေနိုင်တော့ဘဲ ချက်ချင်း ထရပ်ကာ အော်ဟစ်လိုက်၏။

“ဆုတ်ကြ..ချက်ချင်း ပြန်ဆုတ်ကြစမ်း။”

လူပုစစ်သည်များသည် ရွှေ့လျားအမြောက်စင်များအား ချက်ချင်း နောက်သို့ဆွဲယူလိုက်ကြသော်လည်း အနည်းငယ် နောက်ကျသွားခဲ့ပြီဖြစ်သည်။

ဝုန်း ဝုန်း ဝုန်း

အမြောက်ကျည်များသည် ကမ်းခြေအနီးရှိ အမြောက်စင်များကို တည့်တည့်ထိမှန်ကာ တခဏချင်းအတွင်း အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေခဲ့သည်။

အမြောက်စင်များကို ဆွဲယူနေသည့် စစ်သည်များလည်း ပေါက်ကွဲမှု၏ လေဖိအားကြောင့် လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားခဲ့ကြ၏။ လူတိုင်းနီးပါး အတိုင်းအတာတစ်ခုအထိ ဒဏ်ရာရရှိသွားခဲ့ကြလေသည်။

“အမြောက်စင်တွေကို ထားခဲ့လိုက်တော့။ အခုချက်ချင်း ဆုတ်ကြ။”

လူပုဘုရင်က အော်ဟစ်လိုက်သည်။။လူပုမျိုးနွယ်သည် လူ့အသက်ကို အဓိကထားသည်ဟု ဆိုရမည်ဖြစ်သည်။ အမြောက်စင်များ ပျက်စီးသွားလျှင် ပြန်လည်တည်ဆောက်၍ရသော်လည်း လူများ သေဆုံးသွားပါက မည်သို့မျှ အစားထိုး၍ မရနိုင်တော့ပေ။

လူပုစစ်သည်များသည်လည်း ၎င်းတို့အနောက်တွင် တူးထားနှင့်ပြီးသားဖြစ်သော ဗုံးခိုကျင်းများအတွင်းသို့ ချက်ချင်း ပြေးဝင်သွားကြတော့လေသည်။

“ရန်သူ့အမြောက်တွေရဲ့ အကွာအဝေးက တကယ်ပဲ အဲ့ဒီလောက်ထိ ဝေးတာလား။”

လူပုဘုရင်မှာ တုန်လှုပ်နေဆဲပင်။ ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။

“ဟုတ်တယ် သူတို့ဟာက ခင်ဗျားတို့ထက် နည်နည်း ပိုဝေးတယ်။”

ဘေးနားတွင်မူ နာ့နာသည် ဒဏ်ရာရနေသော စစ်သည်များကို စတင်ကုသပေးနေပြီဖြစ်သည်။

“မင်း ဒါကို အစကတည်းက သိနေတာလား။”

လူပုဘုရင်က ရှောင်းယီကို မျက်မှောင်ကျုံ့၍ကြည့်ကာ မေးလိုက်သည်။

“ဘာလို့ ငါ့ကို မပြောခဲ့တာလဲ။”

“အခုခေတ် ဒေသခံတွေက အရင်လိုမဟုတ်တော့ဘူးဆိုတာ ခင်ဗျားကို သိစေချင်လို့ပဲ။ ခင်ဗျား လုံးဝပေါ့ဆလို့ မရတော့ဘူး။”

ရှောင်းယီက တည်ကြည်လေးနက်စွာ ပြောလိုက်သည်။ လူပုဘုရင်က ဘာမှမပြောဘဲ ခေါင်းသာငြိမ့်လိုက်၏။

“စိတ်မပူပါနဲ့။ သူတို့အားလုံး အဆင်ပြေသွားမှာပါ။”

လူပုဘုရင်က ဒဏ်ရာရသူများအတွက် စိုးရိမ်နေသည်ကို တွေ့လိုက်ရသဖြင့် ရှောင်းယီက နှစ်သိမ့်ပေးလိုက်သည်။

“နာ့နာ ရှိနေမှတော့ သူတို့ဒဏ်ရာတွေအတွက် ငါ စိတ်မပူပါဘူး။ ငါ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့ လိုနေပြီ။ ရန်သူဟောင်းတွေကို အမြင်ဟောင်းတွေနဲ့ ကြည့်နေလို့ မရတော့ဘူး။”

“တကယ်တော့ ခင်ဗျားတို့ရဲ့ အကွာအဝေး ကွာခြားချက်က အများကြီးမဟုတ်ပါဘူး။ အဓိကက အင်ပါယာကြီးလေးခုက အကွာအဝေးကို ဘယ်လောက် ကောင်းကောင်း ထိန်းချုပ်နိုင်လဲဆိုတာပဲ။ သူတို့ ဒီလောက် ကွက်တိ ထိန်းချုပ်နိုင်လိမ့်မယ်လို့ ကျုပ်တောင် မထင်ထားမိဘူး။ ဒါက သူတို့ ခင်ဗျားတို့ရဲ့ အမြောက်စင်တွေအကြောင်းကို အသေအချာ လေ့လာထားတယ်ဆိုတာ ပြနေတာပဲ။”

“အင်း... ဟုတ်ပါတယ်။ အရင် သူတို့နဲ့ တိုက်ပွဲဖြစ်ခဲ့တုန်းက ငါတို့ သူတို့ကို အလွယ်တကူ တိုက်ထုတ်နိုင်ခဲ့တော့ အခုလည်း အဲဒီလိုပဲ ဖြစ်မယ်လို့ ထင်နေခဲ့တာ။”

လူပုဘုရင်က ခါးသီးစွာ ပြုံးလျက် ပြန်ပြောလိုက်၏။

“အခုတော့ ဒါက အခြေအမြစ်မရှိတဲ့ ယုံကြည်မှုတစ်ခု ဖြစ်သွားပြီ။”

“အဆင်ပါတယ်။ ကျုပ်တို့ကမ္ဘာမှာ စကားပုံတစ်ခု ရှိတယ် ‘တွင်းထဲကျဖူးမှ အသိတိုးတယ်’ တဲ့။ ဘယ်သူမှ အမြဲတမ်း အနိုင်ရနေတဲ့ စစ်သူကြီး မဖြစ်နိုင်ပါဘူး။”

ရှောင်းယီက အားပေးလိုက်သည်။

ထိုအချိန်တွင် လူပုဘုရင်က တစ်စုံတစ်ခုကို သတိပြုမိသွားပြီး အလျင်အမြန် မေးလိုက်သည်။

“ခဏလေး ကျွန်းပိုင်ရှင်ရှောင်း မင်း ခုနက သူတို့က အင်ပါယာလေးခု မဟာမိတ်လို့ ပြောလိုက်တာလား။ နှစ်ခုတည်း မဟုတ်ဘူးလား။”

ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်၏။

“ဟုတ်တယ်။ ကျန်တာကိုတော့ ကျုပ်တို့လက်ထဲ လွှဲထားလိုက်ပါ။”

လူပုဘုရင်က မျက်မှောင်ကျုံ့လိုက်သည်။

“မင်း ပြောတော့ သူတို့အမြောက်တွေက အဆင့်မြှင့်ထားတာဆို။ မင်းတို့ အမြောက်တွေကလည်း သူတို့ဆီ မရောက်နိုင်ဘူး မဟုတ်လား။”

“ကျုပ်တို့က အမြောက်ကိုပဲ သုံးစရာမလိုဘူးလေ။ တခြားလက်နက်တွေနဲ့ တိုက်ခိုက်လို့ရတယ်။”

ရှောင်းယီက ပြုံးကာ ပြန်ပြောလိုက်သည်။

“ဒါပေမဲ့ သူတို့က တခြားလက်နက်တွေကိုလည်း သိမ်းပိုက်ပြီး အဆင့်မြှင့်ထားနိုင်တာပဲ။ မင်းတို့ဘက်က အားနည်းချက် ရှိနေတုန်းပဲ။”

လူပုဘုရင်က စိုးရိမ်တကြီး ပြောလိုက်၏။ ရှောင်းယီက လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်သည်။

“ကျုပ်တို့မှာ လျှို့ဝှက်လက်နက် ရှိပါသေးတယ်။”

ကျွန်းအထိမ်းအမှတ်ကျောက်တိုင် တပ်ဆင်ထားသော သံချပ်ကာ စစ်သင်္ဘောတစ်စီးသည် ကမ်းခြေတွင် ဆိုက်ကပ်ထားသည်မှာ ကြာပြီဖြစ်သည်။ ၎င်းကို ရန်သူနှင့် တည့်တည့်မကျသော လုံခြုံသည့်နေရာတွင် ကျောက်ချထားပြီး ရုပ်ဖျက်ထားခြင်း ဖြစ်သည်။

ထို့နောက် ရှောင်းယီသည် သင်္ဘောပေါ်သို့ တက်သွားကာ ရေနွေးငွေ့သုံး ဓာတ်ငွေ့တော်ပီဒိုအလုံးရေ တစ်ထောင်ကို ထုတ်လုပ်လိုက်တော့လေသည်။

တော်ပီဒိုများ ရုတ်တရက် ပေါ်လာသည်ကို မြင်သောအခါ ကျန်းယွင်ထျန်းက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

“ကျွန်းပိုင်ရှင် ဒီပစ္စည်းကောင်းတွေကို ဘယ်တုန်းက ရလိုက်တာလဲ။”

“ခုလေးတင် ရထားတာ။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။

“ဒီအင်ပါယာ မဟာမိတ်အဖွဲ့က တကယ် စိတ်ဝင်စားဖို့ကောင်းတယ်။ ငါ လက်နက်အသစ် ရတိုင်း သူတို့က အမြဲ ပေါ်လာတတ်တယ်။ ပြီးခဲ့တဲ့တစ်ခေါက် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်တွေ ရတုန်းကလည်း သူတို့ ရောက်လာသေးတယ်။ သူတို့က ငါ့ရဲ့လက်နက်သစ်တွေကို စမ်းသပ်ပေးဖို့ တကယ့်ကို လာကူညီပေးနေသလိုပဲ။”

ကျန်းယွင်ထျန်း ခဏမျှ ကြောင်အသွားပြီးနောက်မှ အကျယ်ကြီး ရယ်မောလိုက်၏။

“ဒီအင်ပါယာ မဟာမိတ်အဖွဲ့ရဲ့ကံကတော့ တကယ်ဆိုးတာပဲ။”

၎င်းတို့နောက်သို့ လိုက်ပါလာသော လူပုဘုရင်မှာမူ သူတို့ပြောနေသည်များကို နားမလည်ဘဲ ကြောင်တောင်တောင် ဖြစ်နေခဲ့လေသည်။

ဘေးနားရှိ ရေနွေးငွေ့သုံး ဓာတ်ငွေ့တော်ပီဒိုများကို သူ မြင်နေရသော်လည်း ၎င်းတို့မှာ အဘယ်အရာဖြစ်သည်ကိုမူ သူ မသိပေ။

“ဒါက ဘာကြီးလဲ။”

မည်သူကမှ ရှင်းမပြသဖြင့် လူပုဘုရင်က မေးလိုက်ရ၏။

“ဒါက ပင်လယ်ပြင်က သင်္ဘောတွေကို နှိမ်နင်းဖို့အတွက် ရေနွေးငွေ့သုံး ဓာတ်ငွေ့တော်ပီဒိုပဲ။”

ကျန်းယွင်ထျန်းက ရှင်းပြလိုက်သည်။ လူပုဘုရင်သည် တော်ပီဒိုကို ကြည့်ကာ မျက်မှောင်ကျုံ့လိုက်သည်။

“ဒါကို ဘယ်လို ပစ်လွှတ်တာလဲ။”

“ပုံမှန်ဆိုရင်တော့ သီးသန့် ပစ်လွှတ်တဲ့စင်တွေ ရှိတယ်။ ဒါပေမဲ့ အခုလောလောဆယ်တော့ လက်နဲ့ပဲ လုပ်ရမှာပေါ့။ ဘာပဲဖြစ်ဖြစ် ရန်သူ့သင်္ဘောတွေက အများကြီးပဲ။ လမ်းကြောင်းမလွဲရင်တော့ ထိမှာပါ။”

ကျန်းယွင်ထျန်းက ရှင်းပြလိုက်လေသည်။ ရှောင်းယီသည် ရှေ့သို့ ချဉ်းကပ်လာသော သင်္ဘောအုပ်စုကို ကြည့်လိုက်၏။

“အစ်ကိုကျန်း လက်နက်အသစ်ဆိုတော့ သူတို့ မမျှော်လင့်ထားတုန်း တိုက်ခိုက်လိုက်ရအောင်။ တော်ပီဒို တစ်ထောင်လုံးကို တစ်ခါတည်း ပစ်လွှတ်လိုက်။ တစ်လုံးမှ မချန်ထားနဲ့။ ငါ သူတို့အားလုံးကို မြုပ်သွားစေချင်တယ်။”

“ဟုတ်ကဲ့။”

ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်ကာ ၎င်း၏ စစ်သည်များကို ချက်ချင်း စုရုံးလိုက်တော့သည်။

“အားလုံးပဲ။ အခု ကိုင်ထားတဲ့အရာက ဘာလဲဆိုတာ စိတ်မပူကြနဲ့။ ခဏနေရင် ငါ သင်ပေးတဲ့အတိုင်း အသက်သွင်းပြီး ရှေ့က သင်္ဘောတွေကို ချိန်ပစ်လိုက်။ နားလည်လား။”

ကျန်းယွင်ထျန်းက စစ်သည်များကို ပြောလိုက်သည်။

“နားလည်ပါပြီ။”

စစ်သည်များမှာ သိချင်စိတ် ပြင်းပြနေကြသော်လည်း မည်သူကမှ ထပ်မံ၍ စပ်စုမနေကြပေ။ သူတို့သည် ရန်သူ့အမြောက်သံများ ခေတ္တတိတ်ဆိတ်သွားသည်ကို အခွင့်ကောင်းယူကာ သူတို့သည် ကမ်းခြေသို့ ချက်ချင်း ပြေးထွက်သွားကြ၏။ ထို့နောက် ကျန်းယွင်ထျန်း သင်ပေးထားသည့်အတိုင်း ရေနွေးငွေ့သုံး ဓာတ်ငွေ့တော်ပီဒိုများကို စတင် အသုံးပြုလိုက်ကြတော့သည်။

ထိုအချိန်တွင် ပင်လယ်ပြင်ရှိ ချင်းကျူးအင်ပါယာမှ လူများက ထိုမြင်ကွင်းကို မြင်လိုက်ကြလေသည်။

“ဟိုမှာ... လူတွေ အများကြီး ကမ်းခြေကို ဘာလို့ ပြေးလာကြတာလဲ။ သူတို့လက်ထဲမှာလည်း စက်တစ်ခုခု ကိုင်ထားသလိုပဲ။”

“သူတို့ အဲဒါတွေကို ရေထဲ ချလိုက်ပြီ။ အဲဒီအရာတွေက ငါတို့ဆီကို ဦးတည်လာနေသလိုပဲ။”

“ဟုတ်တယ်၊ အဲဒါတွေက ဘာတွေလဲ။”

“ဘာပဲဖြစ်ဖြစ် ကောင်းတဲ့အရာတော့ မဟုတ်လောက်ဘူး။ ငါတို့ ရှောင်တာ ပိုကောင်းမယ်။”

“မရတော့ဘူး။ အဲဒါတွေက ပိုပိုပြီး မြန်လာပြီ။ ရှောင်လို့ မမှီတော့ဘူး။”

“သိပ်ပြီး ပြဿနာရှိမှာ မဟုတ်ပါဘူး။ အဲဒါက ယီရန်ပင်း ထုတ်လွှတ်လိုက်တဲ့ အယောင်ပြ မီးခိုးတွေပဲ ဖြစ်လိမ့်မယ်။ အားလုံးပဲ စိတ်မပူကြနဲ့။”

အခန်း ၈၈၄ - တော်ပီဒိုများ အစွမ်းပြခြင်း၊ မဟာမိတ်များ ဆုတ်ခွာခြင်းနှင့် ကျောင်း

ကမ်းခြေတွင် ရပ်နေရင်း ရေနွေးငွေ့သုံးတော်ပီဒိုများ ချန်ထားရစ်ခဲ့သည့် ရေလှိုင်းဖြူဖြူများကို ကြည့်ကာ ကျန်းယွင်ထျန်း ခေါင်းယမ်းလိုက်မိသည်။

“သူတို့သာ ကြိုတင်ပြင်ဆင်ထားရင် ဒါကို ရှောင်လို့ရသေးတယ်။”

“အဲဒါကြောင့်ပဲ သူတို့ကို တုံ့ပြန်ဖို့ အချိန်မပေးရတာပေါ့။ ဘာမှန်းမသိခင်မှာတင် အပြတ်နှိပ်ကွပ်ရမယ်။”

ရှောင်းယီက ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

ဘေးနားရှိ လူပုဘုရင်သည်မူ တော်ပီဒိုများ အင်ပါယာကြီးလေးခု၏ သင်္ဘောအုပ်စုဆီသို့ တဟုန်ထိုး ပြေးဝင်သွားသည်ကို ကြည့်ကာ ကြောင်တောင်တောင် ဖြစ်နေခဲ့လေသည်။

“အဲဒီအရာက တကယ်ပဲ ဟိုစစ်သင်္ဘောတွေကို မြှုပ်ပစ်နိုင်လို့လား။”

ခဏအကြာတွင် တော်ပီဒိုများသည် ရွေ့လျားနေဆဲဖြစ်သော သင်္ဘောကိုယ်ထည်များကို အရှိန်ဖြင့် ဝင်တိုက်မိသွားလေတော့သည်။

ဘုန်း! ဘုန်း! ဘုန်း!

သင်္ဘောတိုင်းသည် အနည်းဆုံး တော်ပီဒို နှစ်လုံးစီဖြင့် တိုက်မိသွားခဲ့ကြ၏။ သစ်သားရွက်လှေများမှာမူ တစစီ လွင့်ထွက်သွားပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဖြင့်ပင် ပြန်လည်ပြင်ဆင်၍မရနိုင်လောက်အောင် ပျက်စီးသွားတော့သည်။

သံချပ်ကာ သင်္ဘောများသည်လည်း သိပ်မထူးလှပေ။ ၎င်းတို့ကို ပြန်လည်ဖာထေးရန်အတွက် သံမဏိ တန်ချိန်ပေါင်းများစွာ လိုအပ်မည်ဖြစ်ရာ အင်ပါယာများ၏ အရန်ရိက္ခာများကိုပင် ကုန်ခန်းသွားစေနိုင်ပေသည်။

“ဒါတွေက ဘာတွေလဲ။ ဒီလောက်တောင် အစွမ်းထက်ရသလား။”

ချင်းကျူးက တုန်လှုပ်ခြောက်ခြားစွာ ရေရွတ်လိုက်သည်။။ကျန်ရှိသော အင်ပါယာရှင် သုံးဦးသည်လည်း အလားတူပင် မှင်တက်နေခဲ့ကြ၏။

“မြင့်တက်နေမင်းအင်ပါယာ ပြန်ဆုတ်မယ်။ ဒီတိုက်ပွဲက ဘယ်လိုမှ မဖြစ်နိုင်ဘူး။”

မြင့်တက်နေမင်းအင်ပါယာရှင်က ချက်ချင်းပင် ဆုံးဖြတ်လိုက်ပြီး ၎င်း၏လူများကို သင်္ဘောပေါ်ရှိ တည်နေရာကူးပြောင်းခြင်းအမှတ်များမှတစ်ဆင့် ထွက်ခွာရန် အမိန့်ပေးလိုက်တော့လေသည်။

ပျက်စီးနေသော သံချပ်ကာသင်္ဘောများကိုမူ ၎င်းတို့၏ အင်ပါယာကျွန်းများဆီသို့ ပြန်လည် လဲလှယ်ကာ ပြန်ယူသွားခဲ့ကြသည်။

မြင့်မြတ်အလင်းအင်ပါယာကလည်း ယီရန်ပင်းအား တိုက်ခိုက်နေခြင်းကို လက်လျှော့ကာ အလျင်အမြန် ဆုတ်ခွာသွားတော့လေသည်။

ထိုအချိန်တွင် ယီရန်ပင်းမဟာမိတ်အဖွဲ့၏ သင်္ဘောများက သူတို့ကို စတင်ကာဝိုင်းရံပိတ်ဆို့နေပြီဖြစ်သည်။

ချင်းကျူးလည်း နောက်ထပ် တုံ့ဆိုင်းမနေတော့ပေ။

“ချင်းကျူးအင်ပါယာလည်း ဆုတ်ခွာမယ်။”

အော်ကု၏ မျက်နှာတွင်လည်း စောစောက ယုံကြည်မှုများ မရှိတော့ဘဲ ထိတ်လန့်ကြောက်ရွံ့မှုများသာ ကျန်ရှိတော့၏။

“ငါ...ငါတို့လည်း ဆုတ်မယ်။”

အော်ကုက ဗလုံးဗထွေး ပြောလိုက်သည်။ သင်္ဘောအုပ်စု၏ ထက်ဝက်ကျော် ပျောက်ကွယ်သွားသည်ကို ကြည့်ပြီး ရှောင်းယီက အသာအယာ ရယ်မောလိုက်၏။

“ကြည့်လေ။ သူတို့ကို ငါတို့ ခြောက်လှန့်လိုက်နိုင်ပြီ။”

လူပုဘုရင်မှာမူ ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။ အတန်ကြာမှ သူက မေးလိုက်သည်။

“အဲဒီအရာကို တော်ပီဒိုလို့ ခေါ်တာလား။”

“ဟုတ်တယ်။ ဒါက အဆင့်နိမ့် မော်ဒယ်တွေပဲ ရှိသေးတယ်။ ကျုပ်တို့ရဲ့ ကမ္ဘာဟောင်းမှာ ဒါထက် အများကြီး ပိုအဆင့်မြင့်တာတွေ ရှိသေးတယ်။”

ကျန်းယွင်ထျန်းက ရှင်းပြလိုက်၏။

“ဒါထက် ပိုပြင်းထန်တာတွေ ရှိသေးတယ် ဟုတ်လား။”

လူပုဘုရင်က အံ့အားသင့်စွာ မေးလိုက်သည်။

“မင်းတို့က ကမ္ဘာကြီးတစ်ခုလုံးကို ဖောက်ခွဲပစ်ဖို့ ကြံစည်နေကြတာလား။”

ဒီတော်ပီဒိုတွေကတောင် ဒီလောက် ဖျက်အားပြင်းနေရင် ပိုမြင့်တဲ့ ဗားရှင်းတွေက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်မလဲ။

ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သည် လူပုဘုရင်၏ စကားကြောင့် ခေတ္တမျှ ငြိမ်ကျသွားခဲ့ကြလေသည်။

မှန်ပါသည်။ ၎င်းတို့၏ ကမ္ဘာဟောင်းတွင် နျူကလီးယားဗုံး ကဲ့သို့သော ကမ္ဘာမြေကို အကြိမ်ကြိမ် ဖျက်ဆီးပစ်နိုင်သည့် လက်နက်များကို တီထွင်ခဲ့ကြသည်။

“အဲဒီတုန်းက နိုင်ငံတော် လုံခြုံရေးအတွက်ဆိုပြီး ကမ္ဘာကြီးကို အဆုံးသတ်နိုင်တဲ့ လက်နက်တွေကို တကယ်ပဲ ဖန်တီးခဲ့ကြတယ်။”

ရှောင်းယီက တိုးတိုးလေး ပြောလိုက်သည်။ လူပုဘုရင်မှာမူ ဆွံ့အသွားခဲ့တော့လေသည်။ သူက ပုံကြီးချဲ့ကာ ပြောလိုက်ခြင်းသာ ဖြစ်သော်လည်း ရှောင်းယီက တကယ့်အရှိအတိုင်း ပြန်ပြောနေခြင်းပင်။

ပုံကြီးချဲ့တယ်ဆိုတာ ဘာလဲရော သိရဲ့လား။ တကယ်ကြီးကို မဆိုလိုဘူး။ အစွမ်းထက်တယ်ဆိုတာကို သိသာအောင် ပြောရုံပဲကွ။ အခုတော့ မင်းတို့က ကမ္ဘာဖျက်လက်နက်တွေကို တကယ်ကြီး တည်ဆောက်နိုင်တယ်လို့ ပြောနေတာလား။

“ဘယ်လိုလက်နက်က ကမ္ဘာကြီးတစ်ခုလုံးကို ဖောက်ခွဲပစ်နိုင်တာလဲ။”

လူပုဘုရင်က တံတွေးကို ခက်ခက်ခဲခဲ မျိုချရင်း သတိထားကာ မေးလိုက်၏။

“နျူကလီးယားဗုံးလေ”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“နျူကလီးယား တုံ့ပြန်မှုတွေကနေတစ်ဆင့် ကြီးမားတဲ့ စွမ်းအင်တွေကို ထုတ်လွှတ်ပေးတဲ့ လက်နက်ပေါ့။ အခု ကျုပ်တို့ရဲ့ နည်းပညာနဲ့တော့ ဒါကို မတည်ဆောက်နိုင်သေးပါဘူး။ ဒါပေမဲ့ တကယ်လို့သာ တည်ဆောက်နိုင်ခဲ့ရင် ကမ္ဘာကြီးက ပျက်သုဉ်းခြင်းနဲ့ ရင်ဆိုင်ရနိုင်တယ်။”

လူပုဘုရင်သည် နျူကလီးယား တုံ့ပြန်မှုဆိုသည်ကို နားမလည်သော်လည်း နောက်ဆုံးအပိုင်းကိုမူ နားလည်လိုက်၏။ နျူကလီးယားကို သုံးလိုက်လျှင် အားလုံး အတူတူ သေကြရမည် ဖြစ်သည်။

“ဒါပေမဲ့ ဒီကမ္ဘာကြီးက ကျုပ်တို့ကမ္ဘာထက် အများကြီး ပိုကြီးသလို ပိုပြီးတော့လည်း ခိုင်ခံ့ပုံရပါတယ်။”

ရှောင်းယီက ထပ်လောင်း ပြောကြားလိုက်သည်။

“ဒီလိုဆိုတောင်မှ အဲဒီလို လက်နက်မျိုးတွေ လူရမ်းကားတွေလက်ထဲ ရောက်သွားမှာကို မင်းတို့ မကြောက်ကြဘူးလား။”

လူပုဘုရင်က စိုးရိမ်တကြီး မေးလိုက်၏။

“ကြောက်တာပေါ့။ ဒါပေမဲ့ ကျုပ်တို့က အဲဒါတွေကို တီထွင်ခဲ့ကြတာပဲလေ။”

ရှောင်းယီက ခါးသီးသော အပြုံးဖြင့် ပြန်ဖြေလိုက်လေသည်။

ယခုအခါ သံချပ်ကာသင်္ဘောများအားလုံးနီးပါး ပျောက်ကွယ်သွားပြီဖြစ်ပြီး ပျက်စီးနေသော ရွက်လှေများနှင့် သောင်တင်နေသော ဒေသခံစစ်သည်များသာ ကျန်ရစ်တော့လေသည်။

ထိုစစ်သည်များကို သုံ့ပန်းများအဖြစ် အလျင်အမြန် ဖမ်းဆီးလိုက်ကြပြီး အဆင့်မြှင့်ထားသော ပင်ဖိုင်းယားရိုင်ဖယ်အမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့ကြသည်။

“ကျွန်းပိုင်ရှင်၊ နည်းကြ... သုံ့ပန်းတွေကို ဘယ်လို ကိုင်တွယ်လိုက်ရမလဲ။”

စစ်သည်တစ်ဦးက ပြေးလာရင်း မေးလိုက်သည်။

“အရင်အတိုင်းပဲ။ အလုပ်ကြမ်းနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ခိုင်းလိုက်ပါ။”

ရှောင်းယီက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“ဟုတ်ကဲ့။”

ထို့နောက် ရှောင်းယီသည် ဟာလာဟင်းလင်း ဖြစ်နေသော ပင်လယ်ပြင်ကို ကြည့်ကာ သက်ပြင်းချလိုက်မိ၏။

“နှမြောစရာပဲ။ သူတို့ထဲက တစ်ယောက်ကိုမှ ဖမ်းမထားနိုင်ခဲ့ဘူး။”

“သူတို့မှာ တည်နေရာကူးပြောင်းခြင်း အစီအရင်တွေ ရှိနေသရွေ့ သူတို့ကို ဖမ်းထားဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။”

ကျန်းယွင်ထျန်းက နောင်တရစွာ ပြောလိုက်သည်။

“နောက်တစ်ခါကျရင်တော့ သူတို့ရဲ့ တည်နေရာကူးပြောင်းခြင်းအစီအရင်တွေကို အရင်ဖျက်ဆီးပြီးမှ ပစ်ရမယ်။ ဒါမှ သူတို့ ထွက်မပြေးနိုင်မှာ။”

ရှောင်းယီက စဉ်းစားကာ ကောက်ချက်ချလိုက်သည်။

“ဒါက မဖြစ်နိုင်ဘူး။”

လူပုဘုရင်က ကြားဖြတ်ပြောလိုက်သည်။

“စစ်ပွဲအတွင်းမှာ တည်နေရာကူးပြောင်းခြင်း အစီအရင်တွေက အရေးကြီးဆုံးနေရာတွေပဲ။ အစောင့်အကြပ်တွေလည်း အထူထပ်ဆုံးပဲ။ မင်းတို့ အဲဒီနေရာကို ဘယ်တော့မှ သိမှာမဟုတ်သလို အနားကပ်ဖို့တောင် လွယ်မှာမဟုတ်ဘူး။”

“အခု မရသေးဘူးဆိုပေမဲ့ ပိုကောင်းတဲ့ ကိရိယာတွေ ရလာရင်တော့ ဖြစ်နိုင်သွားမှာပါ။”

ရှောင်းယီက ပြုံးလျက် ဆိုလိုက်သည်။ လူပုဘုရင်သည် ခဏမျှ ငြိမ်သက်သွားပြီးနောက် ခေါင်းခါယမ်းလိုက်သည်။

ဒီပြင်ပလူသားတွေက သူ့ကို အမြဲတမ်း အံ့အားသင့်စေတာပဲ။

တစ်နေ့နေ့မှာ သူတို့ တကယ်ကြီး တည်နေရာကူးပြောင်းခြင်းအစီအရင်များကို အစောကြီး ဖျက်ဆီးပစ်နိုင်ကောင်း ပစ်နိုင်ပေလိမ့်မည်။

“ခင်ဗျားက အပန်းဖြေစခန်းမှာ ရှိနေရမှာ မဟုတ်ဘူးလား။”

ရှောင်းယီ ရုတ်တရက် သတိရသွား၏။

“ငါတို့ ကင်းထောက်တွေက အမည်မသိ သင်္ဘောတွေကို တွေ့တယ်ဆိုလို့ စစ်ဆေးဖို့ ပြန်လာခဲ့တာ။ အခုတော့ ငါက ဘာမှ အသုံးမကျတဲ့အပြင် အင်ပါယာ ကြီးလေးခုရဲ့ အပြောကိုတောင် ခံလိုက်ရသေးတယ်။”

လူပုဘုရင်က အားကိုးရာမဲ့စွာ ပြောလိုက်သည်။ ယီရန်ပင်းမဟာမိတ်အဖွဲ့၏ သင်္ဘောတိုင်းတွင် ကိုယ်ပိုင်အမှတ်အသားများ ပါရှိသလို ရောင်းချထားသော သင်္ဘောများတွင်လည်း မူလအရောင်များ သို့မဟုတ် ပုံစံများ ရှိသောကြောင့် မည်သူ့သင်္ဘောဖြစ်သည်ကို ချက်ချင်း သိရှိနိုင်ပေသည်။

“ဟားဟားဟား...။”

ရှောင်းယီက မထိန်းနိုင်ဘဲ အကျယ်ကြီး ရယ်မောလိုက်၏။။လူပုဘုရင်က သူ့ကို စိုက်ကြည့်လိုက်သည်။

“ကျွန်းပိုင်ရှင် ငါတို့ မင်းတို့ အပြင်လူတွေရဲ့ အသိပညာတွေကို သင်ယူချင်တယ်။ ရမလား။”

သူက မေးလိုက်သည်။ ရှောင်းယီ၏ ရယ်သံမှာ ရပ်တန့်သွားပြီး မျက်မှောင်ကျုံ့သွားခဲ့လေသည်။

“တကယ်လို့ အဆင်မပြေဘူးဆိုရင်လည်း ထားလိုက်ပါ။”

လူပုဘုရင်က အလျင်အမြန် ပြောလိုက်သည်။

“အဲလို မဟုတ်ပါဘူး။ ကျုပ်တို့ သိထားသမျှအရာတွေကို ဝမ်းပန်းတသာမဲ့ သင်ပေးချင်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့ဆီမှာ စနစ်တကျ သင်ပေးမယ့် ဆရာတွေ မရှိဘူး။ အဆင်ပြေသလိုပဲ သင်နေကြရတာ။ ကျုပ် မျက်မှောင်ကျုံ့လိုက်တာက ကမ္ဘာဟောင်းရဲ့ အသိပညာတွေကို သင်ရိုးညွှန်းတမ်းတစ်ခုအဖြစ် ဘယ်သူက စုစည်းပေးနိုင်မလဲဆိုတာ စဉ်းစားလိုက်မိလို့ပဲ။ လူပုတွေအပါအဝင် ဘယ်မျိုးနွယ်မဆို လာသင်လို့ ရပါတယ်။”

လူပုဘုရင်၏ မျက်လုံးများ တောက်ပသွားခဲ့သည်။

“ဒါဆိုရင် အဲဒီလူတွေကို ရှာလိုက်လေ။ မင်းတို့ရဲ့ သိပ္ပံပညာတွေက ပျောက်ကွယ်သွားလို့ မဖြစ်ဘူး။”

“အမှန်ပဲ။ ကျုပ် ပြန်ရောက်ရင် ဦးလေးအန်းနဲ့ တိုင်ပင်ပြီး ကျောင်းတစ်ကျောင်း တည်ထောင်လိုက်မယ်။”

“တစ်ကျောင်းတည်းနဲ့ မလုံလောက်ဘူး။ မြို့တိုင်းမှာ တစ်ကျောင်းစီ ရှိရမယ်။”

ကျန်းယွင်ထျန်းက အနားသို့ လျှောက်လာရင်း ပြောလိုက်သည်။

“ဟုတ်တယ်။ မြို့တိုင်းမှာ ကျောင်းတစ်ကျောင်းစီ ထားရမယ်။”

ရှောင်းယီက သဘောတူလိုက်သည်။

“ကျွန်းပိုင်ရှင် ငါ အကျဉ်းသားတစ်ယောက်ရဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာ ပစ္စည်းကောင်းတစ်ခု တွေ့ထားတယ်။”

ကျန်းယွင်ထျန်းက လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်သည်။

All Chapters