← Chapters

အခန်း (၈၈၉-၈၉၀)

Vol. 72 Ch. 889-890

အခန်း (၈၈၉-၈၉၀)

Vol. 72 Ch. 889-890

အခန်း ၈၈၉- ဆာရာ မိုဘိုင်းဖုန်း လိုချင်နေခြင်းနှင့် အင်တာနက် လူသုံးစွဲမှုစွဲလမ်းသူ ဖြစ်လာခြင်း

ရှောင်းယီသည် လျင်မြန်စွာ ရောက်ရှိလာပြီး ဆာရာကို မြင်သည်နှင့် ချက်ချင်းပင် လျှောက်သွားလိုက်လေသည်။

“အခု ငါ့ကို လိုအပ်တဲ့ ကိစ္စရှိလို့လား။ ဒါမှမဟုတ် မင်းတို့ရဲ့ ကင်းစခန်းမှာ ပြဿနာတစ်ခုခု ရှိလို့လား။”

ရှောင်းယီက ဆာရာ၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ရင်း မေးလိုက်သည်။

ဒူခန်းက ရှောင်းယီအတွက် ဘီယာတစ်ခွက်ကို ချက်ချင်း တည်ခင်းပေးလိုက်၏။

“မဟုတ်ဘူး။ ငါတို့ အမှောင်နတ်သူငယ်တွေရဲ့အခြေစိုက်စခန်းက အရမ်း အေးချမ်းလွန်းနေလို့ ငါ့လူမျိုးတွေ ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး။”

ဆာရာက ပြုံးကာ ပြန်ဖြေလိုက်သည်။

“အာ... မင်းတို့က တိုက်ခိုက်ချင်တာလား။”

ရှောင်းယီ အံ့အားသင့်သွားပြီးမှ ပြုံးကာ မေးလိုက်သည်။

“ဟုတ်တယ်။ အမှောင်နတ်သူငယ်တွေ အကြိုက်ဆုံးက တိုက်ခိုက်ရတာပဲ။ အကယ်၍ ဒီလိုမျိုးပဲ ဆက်ပြီး အေးချမ်းနေမယ်ဆိုရင် သူတို့တွေ ရူးသွားကြလိမ့်မယ်။”

ရှောင်းယီ ခေါင်းငြိမ့်လိုက်၏။

“ဒီလိုလုပ်၊ မင်းတို့ အမှောင်နတ်သူငယ်တွေ တပ်ဖွဲ့တစ်ဖွဲ့ ဖွဲ့လို့ရတယ်။ ဒါပေမဲ့ အထွေထွေ ဖြန့်ကြက်ချထားမှုတွေကိုတော့ လိုက်နာရမယ်။ ပြီးတော့ ငါတို့ မဟာမိတ်အဖွဲ့ရဲ့ လုံခြုံရေး အစောင့်အရှောက် လုပ်ငန်းတွေမှာ ပါဝင်ရမယ်။”

“တိုက်ပွဲရှိနေသရွေ့ အဆင်ပြေတယ်။”

ရှောင်းယီက ခေါင်းငြိမ့်လိုက်သည်။

“ဒါပေမဲ့ ကြိုပြီး ရှင်းရှင်းလင်းလင်း ပြောထားမယ်။ မင်းတို့ အမိန့်ကို လိုက်နာရမယ်။ အကယ်၍ မလိုက်နာနိုင်ဘူးဆိုရင် ချက်ချင်း ပြန်ပို့ခံရလိမ့်မယ်။”

“နားလည်ပါပြီ။”

ဆာရာက တုံ့ပြန်လိုက်သည်။

“ဒါနဲ့၊ နင်တို့အားလုံးမှာ မိုဘိုင်းဖုန်းလို့ ခေါ်တဲ့ အဲ့ဒီအရာ ရှိနေတာ ငါတွေ့ခဲ့တယ်။ ငါတို့ နတ်သူငယ်တွေရော အဲ့ဒါကို သုံးလို့ရမလား “

“ရတာပေါ့။ မင်းတို့လည်း လိုချင်လို့လား။”

ရှောင်းယီက ပြန်မေးလိုက်၏။ သူ၏ အမြင်တွင် နတ်သူငယ်မျိုးနွယ်စုမှာ အလွန် အေးအေးလူလူ နေတတ်သော သူများဖြစ်ပေသည်။ မည်သို့ပင်ဆိုစေကာမူ အနာဂတ်မှာ ရှည်လျားလှသဖြင့် အရာအားလုံးကို ဖြည်းဖြည်းချင်း လုပ်ဆောင်သွားနိုင်သည်ဟု သူယူဆထားခဲ့သည်။

အခြားနတ်သူငယ်များနှင့် ဆက်သွယ်ခြင်း အပါအဝင် အရာအားလုံးမှာ အတူတူပင်။ သူတို့သည် ကိစ္စရပ်များကို ပြောဆိုဆက်သွယ်ရန် တစ်ဖက်လူရှိရာသို့ ခြေကျင် လမ်းလျှောက်သွားခြင်းဖြင့်သာ အခြေခံအားဖြင့် လုပ်ဆောင်ကြပေသည်။

“ဒါပေါ့။ ဆက်သွယ်ရေးအတွက် အဆင်ပြေတဲ့ ကိရိယာ ရှိနေမှတော့ ဘာလို့ မသုံးဘဲ နေရမှာလဲ။”

ဆာရာကလည်း ပြန်မေးလိုက်၏။ ရှောင်းယီသည် ဖန်ခွက်ထဲမှ ဘီယာကို သောက်လိုက်ပြီးနောက် ပြောလိုက်သည်။

“ငါ့နောက် လိုက်ခဲ့။”

ရှောင်းယီသည် ဆာရာကို ဘားအပြင်ဘက်သို့ ခေါ်ထုတ်သွားပြီး အပန်းဖြေစခန်း၏ ကားပေါ်သို့ တက်လိုက်ကြလေသည်။

ဘားထဲရှိ လူတိုင်းမှာမူ ချက်ချင်းပင် အားတက်သရော ဆွေးနွေးကြတော့သည်။

“ကျစ်... ကျစ်... ကျစ်... သူဌေးကတော့ သူဌေးပါပဲ။ နတ်သူငယ်တွေနဲ့ ချိတ်ဆက်ရတာတောင် အရမ်းလွယ်နေတော့တာ။”

“အဲ့ဒါ အပန်းဖြေစခန်း ဟိုတယ်ကားပဲ။ သူတို့ အခန်းသွားယူကြတာလား။ ဒါကတော့ ပွင့်လင်းလွန်းနေပြီ။”

“ဘာဖြစ်လဲ။ အကယ်၍ သူဌေးသာ အလိုရှိမယ်ဆိုရင် ငါလည်း ဟိုတယ်ကိုသွားပြီး ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းအောင်လုပ်ပြီး စောင့်နေပေးမှာပဲ။”

“နင်ကလား။ မေ့လိုက်စမ်းပါကွာ...။ သူဌေးက အဲ့ဒီလောက်ထိ စိတ်ဓာတ်ကျမနေပါဘူး။”

“နင် သေချင်နေတာလား။”

“ဟားဟားဟား။”

အားလုံး ဝိုင်းရယ်ကြလေတော့သည်။

ရှောင်းယီသည် ဆာရာကို စက်မှုဌာနသို့ ခေါ်ဆောင်သွားပြီး ဝမ်ရှင်းဖုန်းနှင့် တွေ့ဆုံလိုက်လေသည်။

“ငါ့ကို မိုဘိုင်းဖုန်း အလုံး ၂၀ ပေးပါဦး။”

“ဟုတ်ကဲ့။”

ထို့နောက် ဝမ်ရှင်းဖုန်းသည် ထုတ်လုပ်ရေးလိုင်းမှ မိုဘိုင်းဖုန်း အလုံး ၂၀ ကို ချက်ချင်း ယူခိုင်းလိုက်ပြီး ရှောင်းယီထံ ပေးလိုက်လေသည်။ ရှောင်းယီက ဆာရာကို ဖုန်းများ ပေးလိုက်တော့လေသည်။

“ဒီမှာ အလုံး ၂၀ ရှိတယ်။ မင်းတို့နဲ့ အလင်းနတ်သူငယ်တွေ တစ်ဖက်ကို ၁၀ လုံးစီ ယူလိုက်ကြပေါ့။ ငါတို့ ဖုန်းတွေ အလုံအလောက် ထုတ်ပြီးသွားရင် နောက်ထပ် ထပ်ယူသွားလို့ ရတယ်။”

“ကျွန်းပိုင်ရှင်က ဟေးလ်တို့အပေါ် အရမ်းကောင်းတာပဲနော်။ ငါက နင့်ဆီမှာ ဒါတွေ လာတောင်းတာကို သူတို့ဆီပါ ပေးခိုင်းနေတယ်။”

ဆာရာက နှုတ်ခမ်းဆူကာ ပြောလိုက်သည်။ ရှောင်းယီက ပြုံးလိုက်၏။

“မင်းက အဲ့ဒီဘက်ကို သွားမှာပဲ မဟုတ်ဘူးလား။ ဒီလိုဆို ငါလည်း သွားစရာ မလိုတော့ဘူးပေါ့။”

ဆာရာက မျက်စောင်းထိုးလိုက်သည်။

“ကောင်းပြီလေ။”

ထို့နောက် ရှောင်းယီက ဆာရာကို ဖုန်းဖွင့်နည်း ကူညီပေးခဲ့ရာ ဆာရာသည် အရုပ်သစ်ရသော ကလေးတစ်ဦးကဲ့သို့ ဖုန်းကို အမြဲကိုင်ကာ ၎င်း၏ လုပ်ဆောင်ချက်များကို စမ်းသပ်နေတော့လေသည်။

“အာ... ငါ အင်တာနက် စွဲလမ်းနေတဲ့ မိန်းကလေး တစ်စုကို ဖန်တီးမိတော့မှာလား။”

ရှောင်းယီသည် ဖုန်းထဲတွင် ခေါင်းနှစ်ထားသော ဆာရာကို ကြည့်ကာ မျက်မှောင်ကျုံ့လိုက်၏။ ထိုအခါ ဘေးတွင် ရပ်နေသော ဝမ်ရှင်းဖုန်းက ပြုံးကာ ပြောလိုက်သည်။

“သူမ ခဏလောက် စိတ်ဝင်စားနေတာ ဖြစ်မှာပါ။ အချိန်အနည်းငယ် ကြာသွားရင် အဆင်ပြေသွားမှာပါ။”

“ငါလည်း အဲ့ဒီလိုပဲ မျှော်လင့်ပါတယ်။”

ရှောင်းယီသည် ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းလိုက်ပြီး ပတ်ဝန်းကျင်ကို ကြည့်ကာ မေးလိုက်သည်။

“လူပုဘုရင်ကို ဘာလို့ မတွေ့တာလဲ။ သူက ဒီမှာ မင်းနဲ့အတူ လေ့လာနေရမှာ မဟုတ်ဘူးလား။”

“သူက အလုပ်ရုံထဲမှာ ကျုပ်တို့ရဲ့ အစိတ်အပိုင်း ထုတ်လုပ်ရေး စက်ကိရိယာတွေကို သုတေသန လုပ်နေပါတယ်။”

ဝမ်ရှင်းဖုန်းက ပြန်ဖြေလိုက်သည်။

“ကျုပ် ပြောရမယ်ဆိုရင် လူပုမျိုးနွယ်တွေက စက်မှုအင်ဂျင်နီယာပိုင်းမှာ တကယ့်ကို ပါရမီရှင်တွေပဲ။ အရင်က သတ္တုတွင်း ကိရိယာတွေမှာ ကျုပ်တို့နဲ့ ပူးပေါင်းခဲ့တဲ့ ကေဒါဖြစ်ဖြစ်၊ အခု လူပုဘုရင်ပဲ ဖြစ်ဖြစ်၊ သူတို့တွေက အရာရာကို ချက်ချင်း သဘောပေါက်သွားကြတာချည်းည်းပဲ။”

“အင်း။ သူတို့က ဒီအတွက် ပါရမီ ပါလာကြတာပဲလေ။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“မင်း အလုပ်တွေ ဆက်လုပ်ပါဦး။ ငါ ဒီအင်တာနက်စွဲလမ်းနေတဲ့ ကောင်မလေးကို အရင် ပြန်ပို့လိုက်ဦးမယ်။”

ဝမ်ရှင်းဖုန်းက ခေါင်းငြိမ့်ပြလိုက်သည်။

“ဟေး သွားကြမယ်။”

ရှောင်းယီက ဆာရာ၏အနားသို့ သွားကာ မတတ်သာဘဲ ပြောလိုက်ရလေသည်။ ဆာရာသည် ရှောင်းယီအသံကြောင့် လန့်သွားခဲ့၏။

“နင် ဒီလောက် ပျော်စရာကောင်းတဲ့ အရာကို ဘယ်လိုများ တီထွင်လိုက်တာလဲ။”

သူမက မေးလိုက်သည်။

“မူလကတော့ ငါတို့ ဒါကို အချက်အလက်တွေ မြန်မြန်ဆန်ဆန်နဲ့ အဆင်ပြေပြေ ပေးပို့ဖို့အတွက် တီထွင်ခဲ့တာ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဒါကို တလွဲတွေ သုံးလာကြတယ်လေ။ ကဲ... မင်းကို ပြန်ပို့ပေးရတော့မလား။”

“ပို့ပေးရမှာပေါ့။ ငါ ဒီဖုန်းကို ဆက်ပြီး လေ့လာဖို့ လိုသေးတယ်။”

ဆာရာက ပြန်ဖြေလိုက်သည်။ ရှောင်းယီသည်လည်း နတ်သူငယ်အခြေစိုက်စခန်းသို့ ကားမောင်းသွားရန်မှအပ အခြားရွေးချယ်စရာ မရှိတော့ပေ။ နာရီဝက်ခန့်အကြာတွင် ကားသည် နတ်သူငယ်အခြေစိုက်စခန်း၏ အဝင်ဝ၌ ရပ်သွားခဲ့လေသည်။

“ဟေး၊ ရောက်ပြီ။”

ရှောင်းယီက သတိပေးလိုက်၏။ ဆာရာသည် ဖုန်းထဲတွင်သာ အာရုံစိုက်နေဆဲ ဖြစ်ပြီး ခေါင်းမော့မကြည့်လာခဲ့ဘဲ “အို!” ဟုသာ ပြန်ဖြေလိုက်သည်။

ထို့နောက် ကားတံခါးကို ဖွင့်ကာ အပြင်သို့ လမ်းလျှောက် ထွက်သွားတော့လေသည်။

“ဟေး လမ်းမှားနေပြီဟ။”

ရှောင်းယီသည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ခေါင်းခါယမ်းကာ အော်ပြောလိုက်ရသည်။

ဆာရာသည် နောက်ဆုံးတွင် သတိဝင်လာခဲ့ပြီး ပတ်ဝန်းကျင်ကို ကြည့်ကာ သူမ၏ လမ်းကြောင်းကို ပြန်ရှာပြီးနောက် နတ်သူငယ်အခြေစိုက်စခန်းဆီသို့ အလောတကြီး လမ်းလျှောက်သွားတော့၏။

နတ်သူငယ်အခြေစိုက်စခန်းထဲသို့ ဝင်လာပြီးနောက် ဆာရာသည် ဖုန်းကို ကစားရင်း လမ်းလျှောက်ဝင်သွားရာ လမ်းကြောင်းကိုပင် ဂရုမစိုက်တော့ပေ။

သူမ လမ်းလျှောက်နေစဉ် နတ်သူငယ်တစ်ဦးက ရှေ့သို့ လာရောက် တားဆီးလိုက်၏။

“ရပ်လိုက်စမ်း။ ဒါက ငါတို့ အလင်းနတ်သူငယ်တွေရဲ့ အခြေစိုက်စခန်းပဲ။ ကျေးဇူးပြုပြီး ထွက်သွားပေးပါ။”

ဆာရာသည် နောက်ဆုံးတွင် ခေါင်းမော့ကြည့်လိုက်ရာ သူမသည် မည်သည့်နေရာသို့ ရောက်နေသည်ကိုပင် မသိကြောင်း သတိထားမိလိုက်လေသည်။

“မင်း ဒါက ဘယ်နေရာလို့ ပြောလိုက်တာလဲ။”

ဆာရာသည် တစ်ဖက်လူ၏ စကားကို အာရုံမစိုက်မိလိုက်သဖြင့် ပြန်မေးလိုက်၏။

အလင်းနတ်သူငယ်သည် တစ်ဖက်လူက တမင်တကာ လုပ်နေသည်ဟု ခံစားလိုက်ရသဖြင့် ဒေါသတကြီး ပြောလိုက်သည်။

“ဒါက ငါတို့ အလင်းနတ်သူငယ် မျိုးနွယ်စုရဲ့ နေရာပဲ။ ကျေးဇူးပြုပြီး ထွက်သွားပေးပါ။”

“အလင်းနတ်သူငယ် မျိုးနွယ်စုရဲ့ နေရာလား။”

ဆာရာ ခဏတာ ကြောင်သွားသည်။

“ဟုတ်သားပဲ။ ငါလည်း အလင်းနတ်သူငယ် မျိုးနွယ်စုဆီ သွားမလို့ပဲလေ။ မင်းတို့ရဲ့ နတ်သူငယ်သစ်ပင်က ဘယ်နားမှာလဲ။”

“ဘာ...။ နင်က ငါတို့ နတ်သူငယ်သစ်ပင် ရှိတဲ့နေရာကို ရှာချင်တာလား။ နင်က ဘာလုပ်ချင်လို့လဲ။”

အလင်းနတ်သူငယ်က သူ၏ လေးနှင့် မြှားကို အသင့်ပြင်လိုက်ပြီ ဖြစ်သည်။

“မင်း ဘာလုပ်တာလဲ။”

ဆာရာသည် တစ်ဖက်လူ၏ လှုပ်ရှားမှုကို မြင်သောအခါ မေးလိုက်၏။

“ငါတို့ အလင်းနဲ့ အမှောင် မျိုးနွယ်စုတွေက ပြန်လည် သင့်မြတ်သွားပြီဆိုတာ မင်းမသိဘူးလား။”

“ဟွမ့် နင်တို့ အမှောင်နတ်သူငယ်မျိုးနွယ်စုတွေက ကတိပျက်မပျက် ဘယ်သူသိမှာလဲ။”

အလင်းနတ်သူငယ် အေးစက်စွာ ပြောလိုက်သည်။ ထို့နောက် ဆာရာသည် ကူကယ်ရာမဲ့စွာဖြင့် သူမ၏ မိုဘိုင်းဖုန်းကို သိမ်းလိုက်တော့လေသည်။

“နင်က တကယ့်ကို တစ်ယူသန် ဆန်တာပဲ။ ထားလိုက်ပါတော့။ ငါ နင့်ကို ဘာမှ ပြောစရာ မရှိတော့ဘူး...ဖယ်စမ်း။”

“ဟမ့် အကယ်၍ နင် ငါတို့ အလင်းနတ်သူငယ်မျိုးနွယ်စုရဲ့ နယ်မြေကို ကျူးကျော်ချင်တယ်ဆိုရင် ငါ့ရဲ့ လေးနဲ့မြှားက သဘောတူ၊ မတူ အရင်မေးကြည့်လိုက်ဦး။”

ထို့နောက် ထိုအလင်းနတ်သူငယ်သည် မြှားတစ်စင်းကို တိုက်ရိုက် ပစ်လွှတ်လိုက်တော့၏။ ထိုစဉ်...

“ရပ်လိုက်စမ်း။”

ဘေးမှ အော်သံတစ်ခု ချက်ချင်း ထွက်ပေါ်လာခဲ့သည်။ သို့သော် ပစ်လွှတ်လိုက်သော မြှားကိုမူ ပြန်မခေါ်နိုင်တော့ပေ။ မြှားသည် ဆာရာထံသို့ လျင်မြန်စွာ ပျံသန်းသွားသော်လည်း သူမက ရှောင်ရန်ပင် မကြိုးစားခဲ့ပေ။

ထိုအခိုက်၌ အခြား မြှားတစ်စင်းသည် ဘေးမှ ပျံသန်းလာပြီး ‘ချွင်’ ကနဲ အသံနှင့်အတူ ဆာရာထံသို့ ပစ်လွှတ်လိုက်သော မြှားကို ဖယ်ထုတ်လိုက်လေသည်။

“အစ်မဖုန်းယု ဘာလို့ သူ့ကို ကူညီနေတာလဲ။”

အလင်းနတ်သူငယ်က မျက်မှောင်ကျုံ့ကာ ပြောလိုက်၏။ သို့သော် ဖုန်းယုသည် သူမကို လျစ်လျူရှုလိုက်ပြီး ချက်ချင်း ရှေတက်လာကာ ဆာရာကို တောင်းပန်လိုက်လေသည်။

“အမှောင်နတ်သူငယ် ဘုရင်မ ကျွန်မတို့ လူမျိုးစုဝင်က အနည်းငယ် စိတ်လိုက်မာန်ပါ ဖြစ်သွားပါတယ်။ ကျေးဇူးပြုပြီး စိတ်ထဲ မထားပါနဲ့။”

အခန်း ၈၉၀- အလင်းနတ်သူငယ်များ၏ ရန်လိုမှု၊ ဒေါသနှင့် တောင်းပန်ခြင်း

ဖုန်းယု၏ စကားကို ကြားလိုက်ရချိန်တွင် အနီးရှိ အလင်းနတ်သူငယ်မှာ ဆွံ့အသွားခဲ့၏။ သူမ ခုနက တိုက်ခိုက်လိုက်သည့် အမှောင်နတ်သူငယ်မှာ တကယ်ပဲ အမှောင်နတ်သူငယ်ဘုရင်မ ဖြစ်နေသည်လော။

အမှောင်နတ်သူငယ်ဘုရင်မသည် ပြီးခဲ့သည့်အကြိမ်က အလင်းနတ်သူငယ်များထံ လာရောက်လည်ပတ်ခဲ့ဖူးသော်လည်း အလင်းနတ်သူငယ်အားလုံးက သူမ၏ ရုပ်သွင်ကို မြင်ဖူးကြသည်မဟုတ်ပေ။

ဆာရာသည် ဖုန်းယုကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

“ငါတို့က ကျွန်းပိုင်ရှင်ရဲ့ မျက်နှာကို ထောက်ထားလို့သာ ပြန်လည်သင့်မြတ်ဖို့ သဘောတူခဲ့တာ။ ငါတို့ အမှောင်နတ်သူငယ်တွေက နင်တို့ အလင်းနတ်သူငယ်တွေကို ကြောက်နေတာမဟုတ်ဘူး။ အဲ့ဒါကြောင့် နင်တို့လူတွေရဲ့ စိတ်ဓာတ်ကို မထိန်းနိုင်ဘူးဆိုရင် ငါ နောက်တစ်ခါ စစ်ပြန်ဖြစ်ဖို့ ဝန်မလေးဘူး။”

သူမကဲ့သို့ မြင့်မြတ်သည့် ဘုရင်မတစ်ပါးသည် သာမန်နတ်သူငယ်တစ်ဦး၏ ရန်စမှုကို ခံလိုက်ရသည်မှာ တကယ့်ကို သည်းခံနိုင်စရာ မရှိပေ။

ထိုအခါ ဖုန်းယု အလောတကြီး ချော့မော့ပြောဆိုလိုက်ရသည်။

“ကျေးဇူးပြုပြီး စိတ်အေးအေးထားပေးပါ။ ကျွန်မတို့ နတ်သူငယ်ဘုရင်မ ဒဏ်ရာရထားတာကြောင့် ကျွန်မတို့ အလင်းနတ်သူငယ်မျိုးနွယ်စုရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို အပြည့်အဝ မလုပ်ဆောင်နိုင်သေးလို့ပါ။ ဒါကို နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါနဲ့ ဒီတစ်ခေါက် ဘာကိစ္စနဲ့ ရောက်လာတာလဲဆိုတာ သိပါရစေ။”

“ဟမ့် ကျွန်းပိုင်ရှင်က နင်တို့အတွက် မိုဘိုင်းဖုန်းတွေ ပေးခိုင်းလိုက်လို့ပဲ။ နင်တို့ဆီမှာ ဒီလို သဘောထားမျိုး ရှိမှန်းသိရင် ငါ လာမပို့ဘူး။”

ဆာရာက ဒေါသတကြီး ပြောလိုက်ပြီးနောက် ဖုန်း ၁၀ လုံးပါသော အိတ်ကို ဖုန်းယုဆီ ပစ်ပေးကာ လှည့်မကြည့်ဘဲ ထွက်ခွာသွားတော့၏။

အကယ်၍ ဤကိစ္စသာ မဖြစ်ခဲ့ပါက ဆာရာသည် ဟေးလ်နှင့် အခြားသူများကို ဖုန်းအသုံးပြုပုံကို ရှင်းပြပေးခဲ့မည်ဖြစ်သည်။ ယခုမူ “ကိုယ့်ဘာသာကိုယ်သာ ရှာကြံကြတော့။ ငါကတော့ သေချာပေါက် သင်ပေးမှာ မဟုတ်ဘူး။” ဟု သူမ စိတ်ထဲက ဆုံးဖြတ်လိုက်တော့လေသည်။

“ဘုရင်မ ဆာရာ...။”

ဖုန်းယုက လှမ်းခေါ်ကာ တားဆီးချင်သော်လည်း ဆာရာမှာမူ လုံးဝ ရပ်တန့်ခြင်းမရှိဘဲ လေကဲ့သို့ပင် အဝေးသို့ ပျောက်ကွယ်သွားခဲ့တော့သည်။

“အစ်မဖုန်းယု ကျွန်မ ပြဿနာ ရှာမိသွားပြီလား။”

အနီးရှိ အလင်းနတ်သူငယ်က စိုးရိမ်တကြီး မေးလိုက်၏။

“ရပါတယ်။ ဒါက မင်းအပြစ် မဟုတ်ပါဘူး။ ငါတို့ကသာ လူတိုင်းကို ရှင်းရှင်းလင်းလင်း မပြောပြရသေးတာပါ။”

ဖုန်းယု မတတ်သာဘဲ ခေါင်းခါယမ်းရင်း ပြောလိုက်သည်။

“အခုကစပြီး တစ်ခုတော့ မှတ်ထားပါ။ ငါတို့ အလင်းနတ်သူငယ်တွေနဲ့ အမှောင်နတ်သူငယ်တွေဟာ ဘယ်တော့မှ ထပ်ပြီး တိုက်ခိုက်ကြမှာ မဟုတ်ဘူး။ နားလည်လား။”

“နားလည်ပါပြီ။”

ထို့နောက် ဖုန်းယုသည် အိတ်ထဲရှိ ထောင့်မှန်စတုဂံပုံစံ စက်ပစ္စည်း ၁၀ ခုကို ကြည့်ကာ သက်ပြင်းချလိုက်ပြီးနောက် နတ်သူငယ်သစ်ပင်ဆီသို့ အလျင်အမြန် ပြန်သွားခဲ့လေသည်။

“ဘုရင်မ ကျွန်မတို့လူတစ်ယောက်က ဘုရင်မ ဆာရာနဲ့ ပဋိပက္ခ ဖြစ်သွားခဲ့ပါတယ်။”

ဖုန်းယုက ဟေးလ်၏ အခန်းသို့ ရောက်သည်နှင့် ချက်ချင်း ပြောလိုက်၏။ ထိုအခါ ဟေးလ်က မျက်မှောင်ကျုံ့ကာ မေးလိုက်သည်။

“သူတို့ တကယ် တိုက်ခိုက်ခဲ့ကြသေးလား။”

“မဖြစ်ခဲ့ပါဘူး။ ကံကောင်းလို့ ကျွန်မ အချိန်မီ ရောက်သွားပြီး တားနိုင်ခဲ့ပါတယ်။”

ဖုန်းယု ခေါင်းခါရင်း ပြောသည်။

“ဒါဆို တော်သေးတယ်။”

ဟေးလ်က ခေါင်းငြိမ့်လိုက်သည်။

“ဒါပေမဲ့ ဘုရင်မ ဆာရာက အရမ်း ဒေါသထွက်သွားပါတယ်။ ဒီအရာတွေကို ကျွန်မဆီ ပစ်ပေးပြီး ထွက်သွားတာပဲ။ ကျွန်းပိုင်ရှင်က ဒါတွေကို ကျွန်မတို့ဆီ ပေးခိုင်းလိုက်တာလို့ ပြောပါတယ်။”

ဖုန်းယုက ဆိုသည်။

ဟေးလ်နှင့် ဒိုယာတို့သည် မိုဘိုင်းဖုန်းများကို ကောက်ကိုင်ကြည့်ကာ ၎င်းတို့မှာ ဘာအတွက်အသုံးပြုသည်ကို မသိသဖြင့် အချင်းအချင်း စိတ်ရှုပ်ထွေးစွာ ကြည့်မိလိုက်ကြ၏။

“ဆာရာက ဒါတွေ ဘာအတွက် သုံးရလဲဆိုတာ မပြောသွားဘူးလား။”

ဟေးလ်က မေးလိုက်သည်။

“မပြောသွားပါဘူး။ ကျွန်မတို့လူက သူမကို တိုက်ခိုက်လိုက်လို့ သူမ စိတ်ဆိုးနေတုန်း ဖြစ်ပါလိမ့်မယ်။”

ဖုန်းယုက ပြန်ဖြေလိုက်သည်။

“ဟူး... ငါတို့ တဖက်လူဆီကို တိုက်ရိုက် သွားရတော့မယ့်ပုံပဲ။”

ဟေးလ်က မျှော်လင့်ချက်ကင်းမဲ့စွာ ပြောလိုက်၏။

“ဒိုယာ...ငါတို့လူတွေကို ထပ်ပြီး အလေးအနက် ပြောထားလိုက်ပါဦး။ ငါတို့ အမှောင်နတ်သူငယ်တွေနဲ့ လုံးဝ ပြန်လည်သင့်မြတ်သွားပြီ။ ငါတို့က သူငယ်ချင်းကောင်းတွေပဲ။ ဘယ်သူမှ အမှောင်နတ်သူငယ်တွေအပေါ် လေးနဲ့မြှားကို မချိန်ရဘူး။”

“ဟုတ်ကဲ့။”

ဒိုယာက တုံ့ပြန်လိုက်သည်။

“ဖုန်းယု၊ ယီနော့...မင်းတို့ နှစ်ယောက် ငါနဲ့အတူ အမှောင်နတ်သူငယ်တွေဆီ လိုက်ခဲ့ကြ။”

ဟေးလ်က ဆိုသည်။ ထို့နောက် ဟေးလ်သည် ဖုန်းယု၊ ယီနော့တို့နှင့်အတူ အမှောင်နတ်သူငယ်သစ်ပင်ဆီသို့ အပြေးအလွှား ရောက်လာခဲ့ကြ၏။

ရှောင်းယီ၏ ကျွန်းသို့ ပြောင်းရွှေ့လာပြီးနောက် နတ်သူငယ်သစ်ပင် နှစ်ပင်ကြား အကွာအဝေးမှာ ၁၀ ကီလိုမီတာခန့်သာ ရှိသဖြင့် နတ်သူငယ်များ၏ အရှိန်ဖြင့်ဆိုလျှင် ခဏချင်းပင် ရောက်ရှိသွားခဲ့သည်။

“ရပ်စမ်း...မင်းတို့ အလင်းနတ်သူငယ်တွေ ဒီမှာ ဘာလာလုပ်တာလဲ။”

အမှောင်နတ်သူငယ် တစ်ဦးက သူတို့ သုံးယောက်ကို တားဆီးလိုက်၏။

“ကျေးဇူးပြုပြီး အကြောင်းကြားပေးပါ။ ငါ ဟေးလ်က မင်းတို့ရဲ့ ဘုရင်မကို တွေ့ခွင့်တောင်းတယ်လို့ ပြောပေးပါ။”

ဟေးလ်က ပြုံးကာ ပြောလိုက်သည်။ ဟေးလ်၏ ယဉ်ကျေးသောအမူအယာကို မြင်သောအခါ အမှောင်နတ်သူငယ်မှာ ဆက်လက်၍ ရန်မလုပ်နိုင်တော့ဘဲ “ဒီမှာ ခဏစောင့်” ဟုသာ ခပ်ပြတ်ပြတ် ပြောလိုက်ပြီး ထွက်သွားခဲ့၏။

မကြာမီတွင် ထိုနတ်သူငယ် ပြန်ထွက်လာခဲ့သည်။

“ငါတို့ ဘုရင်မက ဝင်ခဲ့လို့ ရပြီတဲ့။”

“ကျေးဇူးတင်ပါတယ်။”

ဟေးလ်က ပြုံးကာ ဆိုလိုက်သည်။ သူမ၏ ယဉ်ကျေးပျူငှာမှုများကြောင့် အမှောင်နတ်သူငယ်မှာ အပြစ်ပြောစရာ မရှိတော့ပေ။

“ဟေးလ် နင် နေကောင်းသွားပြီလား။ နင်ကိုယ်တိုင် ရောက်လာမယ်လို့ ငါ မထင်ထားခဲ့ဘူး။”

ဆာရာက ဟေးလ်ကို ကြည့်ကာ ပြောလိုက်သည်။

“ငါ ဒီတစ်ခေါက် လာတာက အဓိကအားဖြင့် တောင်းပန်ဖို့ပါ။ ငါ့ဘက်က တကယ်ပဲ အားနည်းချက် ရှိခဲ့ပါတယ်။ ငါတို့လူတချို့က စိတ်ဓာတ်မပြောင်းလဲသေးဘဲ နင့်ကို စော်ကားမိသွားတယ်။ ငါ တကယ့်ကို အားနာပါတယ်။”

ဟေးလ်သည် သူမ၏ သဘောထားကို အလွန် နှိမ့်ချထားခဲ့သည်။ ထိုအခါ ဆာရာက နှုတ်ခမ်းမဲ့လိုက်၏။

“နင် ဒီလိုလုပ်နေတာက ငါကပဲ စိတ်ထားကျဉ်းမြောင်းတဲ့သူ ဖြစ်နေသလိုပဲ။”

“မဟုတ်ပါဘူး။ ငါ တကယ် စိတ်ရင်းနဲ့ လာတောင်းပန်တာပါ။ ကျွန်းပိုင်ရှင်က ငါတို့ ငြိမ်းချမ်းဖို့အတွက် အများကြီး ကြိုးစားပေးခဲ့တာ။ အကယ်၍ ငါ့လူတွေကြောင့် ငါတို့ နှစ်ဖက် ဆက်ဆံရေး ပျက်ပြားသွားမယ်ဆိုရင် ကျွန်းပိုင်ရှင်နဲ့ နင့်ရဲ့ ကြိုးစားမှုတွေအတွက် စိတ်ပျက်စရာ ဖြစ်သွားလိမ့်မယ်။”

ဟေးလ်က ပြန်ဖြေလိုက်သည်။ ဟေးလ်သည် အမှောင်နတ်သူငယ်များအတွက် ငြိမ်းချမ်းရေးအကြောင်း ဆွေးနွေးရခြင်းမှာ အလင်းနတ်သူငယ်များထက် ပို၍ ခက်ခဲကြောင်း သိထားပေသည်။ အကြောင်းမှာ အမှောင်နတ်သူငယ်များသည် သဘာဝအရ တိုက်ခိုက်လိုစိတ် ပြင်းထန်သူများ ဖြစ်သောကြောင့် “ငြိမ်းချမ်းသွားရင် ဘယ်သူနဲ့ တိုက်ခိုက်ရတော့မှာလဲ” ဟု တွေးတောတတ်ကြပေသည်။ ထို့ကြောင့် ဆာရာသည် ငြိမ်းချမ်းရေးအတွက် အများကြီး ကြိုးစားခဲ့ရမည် ဖြစ်သည်။

“ကောင်းပြီလေ။ နင် ဒဏ်ရာ မသက်သာသေးတာကို ထောက်ထားပြီး ငါ နင့်ကို အပြစ်မတင်တော့ဘူး။ ဒါပေမဲ့ ဒါ နောက်ဆုံးအကြိမ်ပဲ ဖြစ်ပါစေ။ နောက်တစ်ခါ ထပ်ဖြစ်ရင်တော့ ကျွန်းပိုင်ရှင်ကိုယ်တိုင် ရောက်လာရင်တောင် ငါတို့ နင်တို့နဲ့ စစ်ပွဲစရလိမ့်မယ်။”

ဆာရာက လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။

“နင့်ရဲ့ သဘောထားကြီးမှုအတွက် ကျေးဇူးတင်ပါတယ်။”

ဟေးလ်က ဦးညွှတ်ကာ ပြောလိုက်သည်။

“တော်ပါတော့။ အဲ့ဒီလိုကြီး လုပ်နေတာက နေရခက်တယ်။”

ဆာရာက ဆိုသည်။

“ထိုင်ပါ။ နင်လည်း ဒါကြောင့် ရောက်လာတာ မဟုတ်လား။”

ဆာရာက သူမလက်ထဲမှ မိုဘိုင်းဖုန်းကို ဝှေ့ယမ်းပြလိုက်၏။ ဟေးလ်က ခေါင်းငြိမ့်ပြလိုက်သည်။

“ဟုတ်တယ်။ ကျွန်းပိုင်ရှင်က ဒါတွေကို နင်ကတစ်ဆင့် ငါတို့ဆီ ပေးခိုင်းလိုက်တာလို့ သိရတယ်။ ငါတို့က ဒါကို ဘယ်လိုသုံးရမှန်း မသိလို့ လာမေးတာပါ။”

ဆာရာသည်လည်း ဒေါသများ မရှိတော့ပေ။ သူမက ဖုန်းကို ထုတ်ပြကာ ရှင်းပြလိုက်လေသည်။

“ဒါကို မိုဘိုင်းဖုန်းလို့ ခေါ်တယ်။ နင် ဒါကို သုံးပြီး ကျွန်းပိုင်ရှင်ကိုဖြစ်ဖြစ်၊ ဖုန်းရှိတဲ့ တခြားသူတွေကိုဖြစ်ဖြစ် အချိန်မရွေး နေရာမရွေး ဆက်သွယ်လို့ ရတယ်။”

“ဘာ..အချိန်မရွေး နေရာမရွေး ဟုတ်လား။”

ဟေးလ်က အံ့သြတကြီး မေးလိုက်သည်။

“တခြားလူတွေ ဒါကို သုံးနေတာ ကျွန်မ မြင်ဖူးသလိုပဲ။ ဒါပေမဲ့ ဒီလောက် အစွမ်းထက်မယ်လို့ မထင်ထားခဲ့ဘူး။”

ဖုန်းယုက ဘေးမှ ဆိုသည်။ ဆာရာသည် စကားသက်သက် ပြောနေလျှင် အပိုဖြစ်မည်ကို သိသဖြင့် ရှောင်းယီထံ တိုက်ရိုက် ဖုန်းခေါ်လိုက်ပြီး စပီကာဖွင့်ပြလိုက်၏။ သူမသည် ဖုန်းရသည်မှာ မကြာသေးသော်လည်း အလွန်ပင် ကျွမ်းကျင်စွာ အသုံးပြုနိုင်နေပြီ ဖြစ်သည်။

“ဟယ်လို ဘုရင်မ ဆာရာလား။”

ရှောင်းယီ၏ အသံက ဖုန်းထဲမှ ထွက်ပေါ်လာခဲ့၏။ထိုအခါ ဆာရာက မျက်စောင်းထိုးရင်း ပြောလိုက်သည်။

“နင့်ရဲ့ ရှားဘာသာစကားမှာ ‘ဝမ်ပါ’ (Wang Ba) ဆိုတာ သိပ်ကောင်းတဲ့ စကားလုံး မဟုတ်ဘူး ထင်တယ်နော်။”

ရှောင်းယီသည် ခဏတာ ကြောင်အသွားခဲ့၏။

“အာ... ငါ စကားအမှား ပါသွားလို့ပါ။ ဒါနဲ့ ဘာကိစ္စ ရှိလို့လဲ။”

“ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး။ ဟေးလ်က ဒါကို ဘယ်လိုသုံးရမှန်း မသိလို့ ငါက စမ်းပြနေတာ။”

ဆာရာက ပြန်ဖြေလိုက်သည်။

“သြော်... ဒါဆို ဘုရင်မ ဟေးလ်လည်း အဲ့ဒီမှာ ရှိနေတာပေါ့။ သူမကို သုံးတတ်အောင် သင်ပေးလိုက်ပါဦး။”

ရှောင်းယီက သဘောပေါက်သွားပြီးနောက် ဆက်ပြောလိုက်သည်။

“မင်းတို့ အမှောင်နတ်သူငယ်တွေနဲ့ ပတ်သက်လို့ ငါ အစ်ကိုကျန်းနဲ့ စကားပြောပြီးပြီ။ သူက အမှောင်နတ်သူငယ် တပ်ဖွဲ့တစ်ခု ထည့်သွင်းဖို့ သဘောတူတယ်။ ဒါပေမဲ့ လိုအပ်ချက်ကတော့ မင်းတို့ စစ်တပ်ထဲမှာ လေ့ကျင့်မှုတွေ လုပ်ရမယ်။”

“လူသားမျိုးနွယ်တွေဆီမှာ လေ့ကျင့်မှု ခံယူရမယ် ဟုတ်လား။”

ထိုစကားကိုကြားသောအခါ ဘုရင်မဆာရာ အံ့သြသွားခဲ့ပြီး မျက်မှောင်ကျုံ့လိုက်လေတော့သည်။

All Chapters