← Chapters

ရှောင်ဟုန်

Vol. 23 Ch. 316

ရှောင်ဟုန်

Vol. 23 Ch. 316

သဘာဝကျကျပင် ယခုအချိန်တွင် စုမင်ခေါင်းထဲ၌ တိုက်ပွဲအကြောင်းကသာ ကြီးစိုးနေသည်။

နှစ်လဆိုသော အချိန်က သူ့အတွက် မယုံနိုင်လောက်အောင် တိုတောင်းလွန်းပေသည်။ ထိုအချိန်ပမာဏသည် ဉာဏ်အလင်းပွင့်ရန် စောင့်ဆိုင်းနေရင်းဖြင့်တောင် ကုန်ဆုံးသွားနိုင်၏။ ၎င်းအချိန်ပမာဏက သူတံခါးပိတ်လေ့ကျင့်ရန်အတွက်တောင် မလုံလောက်ပေ။

ထို့အပြင် ၎င်းက နှစ်လတောင်မဟုတ်ပေ။ အတိအကျပြောရမည်ဆိုပါက တစ်လခွဲခန့်သာ ကျန်ရှိတော့ခြင်း ဖြစ်၏။

အေးခဲကောင်းကင်ကလန်တစ်ခုလုံးသည် မုန်တိုင်းမလာခင်ငြိမ်သက်ခြင်းကဲ့သို့ တိတ်ဆိတ်နေသည်။ ထိုအရာသည် လူများက တိတ်ဆိတ်နေသည်ဟု ဆိုလိုခြင်းမဟုတ်ပဲ လူတိုင်း၏ စိတ်အခြေအနေမှ ဖြစ်ပေါ်လာသည့် အခြေအနေတစ်မျိုးဖြစ်သည်။ ၎င်းက ခံစားချက်တစ်ခုပင်။

ကောင်းကင်မြူခိုးလူရိုင်းအမဲလိုက်ပွဲသို့ သွားမည့်လူအားလုံးသည် သူတို့၏ နောက်ဆုံးပြင်ဆင်မှုများကို အနားပင်မယူနိုင်ပဲ ပြင်ဆင်နေကြသည်။ သူတို့သာ စစ်ပွဲအတွက် လှုံ့ဆော်မထားပါက တိုင်းတစ်ပါးနယ်မြေအတွင်း သေဆုံးသွားပေလိမ့်မည်။

နှစ်တစ်ရာကြာမှ တစ်ကြိမ်ဖြစ်ပွားသော မဟာရှာမန်တိုက်ပွဲသည် သွေးချောင်းစီးမှုနှင့်သာ အမြဲတမ်းအဆုံးသတ်တတ်သည်...

စုမင် နဝမတောင်ထွတ်သို့ ပြန်ရောက်သည်နှင့် ဆူံးဖြတ်ချက်တစ်ခု ချလိုက်သည်။ ကောင်းကင်မြူခိုး လူရိုင်းအမဲလိုက်ပွဲ မစတင်ခင်အချိန်အထိ သူနဝမတောင်ထွတ်မှ ထွက်ခွာတော့မည်မဟုတ်ပေ။ ကျန်ရှိနေသော အချိန်များကို နောက်ဆုံးပြင်ဆင်မှုများလုပ်ရာတွင် အသုံးချပေမည်။

သူ့တွင် လုပ်စရာအများကြီးရှိ၏။

လ၏အတောင်ပံများနှင့် ဟယ်ဖုန်း၏ ပေါင်းစည်းခြင်းသည်လည်း အရေးကြီးသောအဆင့်သို့ ရောက်ရှိနေချေပြီ။ ဤသည်မှာ သူ၏နောက်ဆုံး အသွင်ပြောင်းလဲမှုဖြစ်သည်။ အောင်မြင်သွားသည်နှင့် ဟယ်ဖုန်းသည် ကောင်းကင်မြူခိုးလူရိုင်းအမဲလိုက်ပွဲအတွင်း၌ စုမင်အတွက် သန်မာသောအစောင့်အရှောက် ဖြစ်လာပေလိမ့်မည်။

ဝိညာဉ်လုယက်ဖန်တီးရန်လည်း ရှိသေးသည်။ သူ့တွင် ယခု ပစ္စည်းလုံလုံလောက်ရှိနေပြီဖြစ်ပြီး စုမင်လိုအပ်နေသောအရာက သေဆုံးခြင်းအငွေ့အသက်ပင်ဖြစ်သည်။ သူ့ထံတွင် လုံလောက်သော ဝိညာဉ်လုယက်များ အဆင်သင့်ရှိသွားသည်နှင့်တစ်ပြိုင်နက် လူရိုင်းများ၏ နယ်မြေအတွင်းရှိ တိုက်ပွဲအတွက် သူအဆင်သင့်ဖြစ်သွားချေပြီ။

သူရရှိခဲ့သော ဘာရန်ဆေးအိုး(မဖြစ်မထွန်းဒယ်အိုး)ကိုလည်း စစ်ဆေးရန်လိုသေးသည်။ အဆုံးတွင်တော့ အကယ်၍ သူသာထိုအရာကိုမဖွင့်ပဲထားလျှင် အခြားဆေးလုံးများဖန်တီးရန် ၎င်းကို အသုံးပြုနိုင်တော့မည် မဟုတ်ပေ။ ဤတစ်ကြိမ် ကောင်းကင်မြူခိုးအတွင်းရှိ တိုက်ပွဲက နှစ်ပေါင်းများစွာနှင့်အထက် ကြာမြင့်နိုင်၏။ ထို့ကြောင့် သူဆေးလုံးများစွာ ပြင်ဆင်ထားရန်လိုသည်။ မဟုတ်လျှင် မတော်တဆတစ်ခုခု ဖြစ်သွားသည်နှင့် သူသေသွားပေလိမ့်မည်။

စုမင်၏ ကိုယ်ပိုင်လေ့ကျင့်ခြင်းအတွက်လည်း အချိန်ပေးရဦးမည်။ သူ၏ စစ်နတ်ဘုရားချပ်ဝတ်အတွက် အနက်ရောင်မြူခိုးများကို အစီအရင်များအဖြစ် ပြောင်းခြင်းနှင့် ပိုမိုခိုင်မာစေရန် ပြုလုပ်ရာတွင်လည်း သူအချိန်များများ အသုံးပြုရဦးမည်။

ရုပ်ပုံဖန်တီးမှု ပညာရပ်၏ ဒုတိယပုံစံကိုသုံး၍ ရွှေရောင်ငှက်ကြီး၏ အမြန်နှုန်းကို အသက်သွင်းချိန်တွင် ပိုမိုအဆင်ပြေစေရန်အတွက် သူ့ခန္ဓာကိုယ်ကိုလည်း ပိုမို၍ လေ့ကျင့်သန့်စင်ပေးရဦးမည်။ သို့မှသာ ပိုမိုမြန်ဆန်သောအမြန်နှုန်းများကို သူတောင့်ခံနိုင်ပေလိမ့်မည်။

ရုပ်နာ်လွန်နှောင်းပိုင်းအဆင့်မှ ရုပ်နယ်လွန်ကြီးမြတ်သော ပြည့်စုံဆင့်သို့ရောက်နိုင်သည့် သော့ချက်ကိုလည်း သူခံစားမိခဲ့သည်။ သူ၏ ပြင်ဆင်ထားသောရွှင်းကို သွားယူ၍ နက်မှောင်တောင်မှ သီချင်းသံကို တီးခတ်မှသာလျှင် သူ၏ ကျင့်ကြံခြင်းအခြေခံက ရုပ်နယ်လွန်နယ်ပယ်တွင် ကြီးမြတ်သောပြည့်စုံဆင့်သို့ ရောက်ရှိနိူင်ပေလိမ့်မည်။

စုမင် ထိုအရာများအားလုံးကို ပြင်ဆင်ထားရမည်။ စစ်မာရှင်းအတွက်တော့... စုမင် သူ့ကိုဂရုစိုက်နေရန် အချိန်မရှိပေ။ ထိုလူသည်  သူ့ထံတွင် မာန်မျိုးစေ့စိုက်ပျိူးရန် ကျရှုံးသွားသည့်အခိုက်အတန့်မှာပင် စုမင်အားရင်ဆိုင်နိုင်မည့် သတ္တိများလည်း ပျောက်ဆုံးသွားခဲ့ချေပြီ။

‘ပိုင်စု...’ စုမင် သူ့လှိုဏ်ဂူရှေ့ရှိ စင်မြင့်ထက်တွင် ထိုင်လိုက်ရာ ပိုင်စုပုံရိပ်က သူ့ခေါင်းထဲတွင် ပေါ်လာခဲ့သည်။ သူ့ခေါင်းထဲတွင် သူမသည်တစ်ဖြည်းဖြည်း မှိန်ဖျော့သွားပြီး အဆုံး၌ လုံးဝပျောက်ကွယ်သွားတော့သည်။

အထက်ကောင်းကင်အမြင့်တွင် လမင်းကြီးချိတ်ဆွဲတည်ရှိနေသည့် ညအချိန်ရောက်သောအခါ စုမင်စိတ်တို့ တည်ငြိမ်အေးချမ်းသွားပြီဖြစ်ပြီး သူ့ရင်ဘတ်ထဲမှ အဖြူရောင်အိတ်လေးကို ထုတ်ယူလိုက်သည်။ ထိုအိတ်ကိုကြည့်လိုက်ရာ သူ့မျက်နှာထက်တွင် ဝမ်းနည်းမှုများပေါ်လာခဲ့သည်။

ထိုအရာသည် စုမင်နှလုံးသားအတွင်း နက်ရှိုင်းသောနေရာ၌ ဖုံးကွယ်ထားသည့် ဝမ်းနည်းမှုများဖြစ်ပြီး ၎င်းတို့က ရံဖန်ရံခါတွင် သူ့အလိုလိုထွက်ပေါ်လာတတ်သော်ငြား ထိုသို့ဖြစ်ခဲပေသည်။ ထိုဝမ်းနည်းမှုပေါ်လာချိန်တိုင်း စုမင်မျက်နှာပေါ်ရှိ အမာရွတ်သည်လည်း သွေးနီရောင်အဖြစ် ပြောင်းလဲသွားတတ်၏။

အချိန်အတော်ကြာပြီးနောက် စုမင်အိတ်ကို အသာအယာပုတ်လိုက်သည်။ အိတ်အတွင်းမှ မြူခိုးလွှာတစ်ခု ချက်ချင်းပျံ့နှံ့လာပြီး ၎င်းအတွင်းမှ သံကြိုးများ၏ ရိုက်ခတ်မိသံများလည်း ထွက်ပေါ်လာသည်။ ထို့နောက် နီညိုရောင်အရိပ်တစ်ခုသည် သာမန်မျက်စိဖြင့် မြင်နိုင်ရန်ခဲယဉ်းသော အမြန်နှုန်းဖြင့် မြူခိုးများအတွင်းမှ ပြေးထွက်လာသည်။

ထိုနီညိုရောင်အရိပ်သည် စုမင်ရှေ့ ပေဒါဇင်ပေါင်းများစွာအဝေးသို့ ချက်ချင်းရောက်ရှိသွားသည်။ ၎င်း၏ ခန္ဓာကိုယ်က ရှင်းလင်းပြတ်သားသွားသောအခါ... ထိုအရာက မီးတောက်မျောက်ဝံတစ်ကောင် ဖြစ်နေလေသည်။ ၎င်းက စုမင်ရှေ့တွင်ဆောင့်ကြောင့်ထိုင်၍ သူ့အားအညံ့မခံလိုသည့် ပြင်းထန်သောစိတ်ဆန္ဒနှင့်အတူ မုန်းတီးရွံ့ရှာစွာ စိုက်ကြည့်နေသည်။

၎င်း၏အကြည့်မှနေ၍ ထိုမျောက်ဝံ၏ နှလုံးသားအတွင်းရှိ မာနနှင့် သက်ရှိများအားလုံးအပေါ်သို့ ၎င်း၏အမုန်းတရားများကို စုမင်ခံစားမိသည်။ ၎င်းသည် ကောင်လေး၏လက်ထဲတွင် အဆုံးမရှိသော ညှင်းပန်းနှိပ်စက်မှုများအား ကြုံတွေ့ဖြတ်သန်းခဲ့ရသည်မှာ အရှင်းအလင်းပင်ဖြစ်သည်။ သို့သော် သူ့လုပ်ရပ်များသည် မျောက်ဝံလေးအား အညံ့မခံစေခဲ့ရုံသာမက ၎င်း၏ ပတ်ဝန်းကျင်ရှိ လူများအပေါ် သတ်ဖြတ်လိုစိတ်ကိုပင် မီးစာထည့်ပေးခဲ့သည်။

ယခင်က သူ့အား အနည်းငယ်ကွဲပြားစွာ ကြည့်ရှုခဲ့ဖူးသော စုမင်သည်ပင် ယခုသူ့အရှေ့တွင်ထိုင်နေသောအခါ လုံးဝမုန်းတီးနေမိ၏။ သူ့မှာသာ အခွင့်အရေးရှိပါက ထိုလူသား၏ခန္ဓာကိုယ်ကို စုတ်ဖြဲပစ်လိုက်မှာဖြစ်သည်။

အဝေးမှ ကျီချဲသည် မီးတောက်မျောက်ဝံကို အေးစက်စွာစိုက်ကြည့်ရင်း မတ်တပ်ထရပ်လျက် ရှေ့သို့ခြေလှမ်းအနည်းငယ် လှမ်းလာခဲ့သည်။ ထိုမျောက်ထံမှ ပြင်းထန်သောဒေါသနှင့် ရူးသွပ်မှုများကို သူခံစားမိသည်။ အကယ်၍ ၎င်းအားချည်နှောင်ထားသော သံကြိုးများကြောင့်သာပါက စုမင်အား ချက်ချင်းခုန်အုပ်၍ သတ်ဖြတ်ပေလိမ့်မည်။ သတ်ဖြတ်ပြီးသည်နှင့် ကောင်းကင်သို့မော့ကာ ဟစ်ကြွေး၍ ထွက်ပြေးသွားလောက်သည်။

ထိုသတ္တဝါဆီမှ အစွမ်းထက်မှုနှင့် ခြိမ်းခြောက်နိုင်သော ခံစားချက်တစ်ခုကိုလည်း ကျီချဲခံစားမိသည်။ ထိုမျောက်သည် ယခုအားနည်းကောင်း အားနည်းနေနိုင်သော်လည်း ရိုးရေစတေးနယ်ပယ်ရှိလူများ၏ စွမ်းအားနှင့်တူညီသည့် သန်မာသောဖိအားတစ်ခုက ထိုမျောက်ထံမှ ထွက်ပေါ်နေချေသည်။ ထိုဖိအားသည် ယခုလောလောဆယ် အားနည်းဖျော့တော့နေသော်လည်း ၎င်း၏ကျန်းမာရေး အထွတ်အထိပ်တွင် ရှိနေစဉ်က မည်မျှသန်မာခဲ့သည်ကို ပြသနေသည်။

အထူးသဖြင့် ယခုလေးတင်ပြသသွားသော အမြန်နှုန်းကလည်း ကျီချဲကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်...

ကျီချဲအရှေ့သို့ အလျင်စလို လှမ်းလာသည့်အချိန်မှာပင် ထိူမီးတောက်မျောက်ဝံသည် ကျီချဲဘက်သို့ချက်ချင်းလှည့်လာပြီး သွေးနီရောင်မျက်လုံးများဖြင့် စိုက်ကြည့်လာကာ သတ်ဖြတ်ခြင်းအရှိန်အဝါတစ်ခုနှင့်အတူ သူ့ထံပြေးဝင်လာခဲ့သည်။ နီညိုရောင်အရိပ်တစ်ခု တိူးဝင်လာသည်ကိုသာ သူမြင်လိုက်ရပြီး ခဏအတွင်းမှာပင် ၎င်းက သူနှင့် ပေသုံးဆယ်အကွာအဝေးသို့ ရောက်ရှိနေခဲ့ချေပြီ။

ဘန်းခနဲအသံတစ်ခုနှင့်အတူ သံကြိုးကတင်းကြပ်သွားပြီး မီးတောက်မျောက်ဝံ၏ အရှိန်ကို ရုတ်တရက်ရပ်တန့်သွားစေသည်။ ၎င်းသည် ကျီချဲနှင့် ပေ၂၀အကွာအဝေးမှနေ၍ လက်သည်းများဖြင့် လေထုကို ကုတ်ခြစ်လိုက်သည်။ ထိုအရာက ကျီချဲကိုမထိသော်လည်း သန်မာသောလေပြင်းတစ်ခု ဖြစ်ပေါ်လာစေခဲ့ပြီး ကျီချဲအား သူရပ်နေသောနေရာမှာပင် အံ့အားသင့်မင်သက်သွားစေသည်။ သူ့မျက်နှာအား ဖြတ်သန်းတိုက်ခတ်သွားသော လေများက ပြင်းထန်လှသဖြင့် နာကျင်မှုအနည်းငယ်ပင် ခံစားလိုက်ရ၏။

မီးတောက်မျောက်ဝံသည် လည်ပင်းအား သံကြိုးဖြင့် ချည်နှောင်ခံထားရသော်လည်း ထိုအခိုက်အတန့်တွင် ကောင်းကင်သို့ ဟိန်းဟောက်အော်ဟစ်နေခဲ့သည်။ ၎င်း၏ အသံထဲတွင် စိတ်ပျက်အားလျော့မှုများ၊ နာကြည်းခြင်းများနှင့် ပြည့်နေသည်။ သံကြိးက အလွန်တင်းကြပ်သွားသဖြင့် သူ့လည်ပင်းရှိ သံကြိုးအောက်မှ အသားများသည်လည်း သွေးစများအဖြစ် စုတ်ပြဲသွားသည်။

“ကျီချဲ နောက်ဆုတ်” စုမင် မီးတောက်မျောက်ဝံအား ငေးကြည့်ရင်း အသံတိုးတိုးဖြင့်ပြောလိုက်သည်။

ကျီချဲ ခန္ဓာကိုယ်ကိုကိုင်း၍ စုမင်အား ဦးညွှတ်လိုက်သည်။ ထို့နောက် နောက်သို့အနည်းငယ်ဆုတ်သော်လည်း သူ့မျက်လုံးများကတော့ မီးတောက်မျောက်ဝံကိုသာ ဂရုတစိုက်စောင့်ကြည့်နေခဲ့သည်။ ထိုသတ္တဝါ၏ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါသည် ထိတ်လန့်တုန်လှုပ်စရာကောင်းပြီး ၎င်းသာ သံကြိုးများမှ လွတ်မြောက်၍ လွတ်လပ်မှုကို ပြန်လည်ရရှိသွားမည်ဆိုလျှင် ဘေးအန္တရာယ်ကြီးတစ်ခုအဖြစ် သေချာပေါက်ပြောင်းလဲသွားလိမ့်မည်ဖြစ်ကြောင်း ကျီချဲ စိတ်ကူးကြည့်မိပြီးဖြစ်သည်။

ကျီချဲသည် အကွာအဝေးအချို့နောက်ဆုတ်သွားသော်ငြား မီးတောက်မျောက်ဝံ၏ မျက်လုံးများအတွင်းရှိ ရူးသွပ်မှုများကတော့ လျော့ပါးသွားခြင်းမရှိပဲ ထိုအစားပိုမို၍ပင် ပြင်းထန်လာခဲ့သည်။ မည်သူ့ကိုမှ မယုံကြည်ပဲ ပတ်ဝန်းကျင်ရှိအရာအားလုံးအပေါ် မုန်းတီးရွံရှာနေမှူများကို ထိုမီးတောက်မျောက်ဝံ၏ အမူအယာတစ်ခုတည်းမှပင် တွေ့မြင်နိုင်သည်။ ၎င်းသည် ရိုင်းစိုင်းကြမ်းကြုတ်မှူနှင့် ရူးသွပ်မှုများကိုသုံး၍ ၎င်း၏နှလုံးသားထဲမှ အထီးကျန်ဆန်မှုများကို ဖုံးကွယ်ထားခြင်းဖြစ်ကြောင်းလည်း စုမင်ပြောနိုင်သည်။

ထိုအရာများက စုမင်မြင်တွေ့ခဲ့ရသောအရာများဖြစ်သည်။

“တစ်ခါတုန်းက ငါ့မှာ အဖော်တစ်ယောက် ရှိခဲ့ဖူးတယ်” စုမင် ညင်သာတိုးညှင်းစွာပြောသည်။

သူပါးစပ်ဟလိုက်သည်နှင့် မီးတောက်မျောက်ဝံသည် သူ့အားလှည့်ကြည့်လာခဲ့၏။ ၎င်း၏ မျက်လုံးများအတွင်းမှ သွေးနီရောင်အကြည့်သည်လည်း နောက်တစ်ကြိမ် ပြန်ပေါ်လာခဲ့သည်။ သတ်ဖြတ်လိုသော အကြည့်တစ်ခုနှင့်အတူ ၎င်းသည် စုမင်ဘက်သို့လှည့်၍ ထိုင်ချလိုက်သည်။ ၎င်း၏အမူအယာထက်တွင်လည်း ရက်စက်ဟန်များပေါ်လာခဲ့သည်။

“သူ့နာမည်က...”

စုမင် ထိုစကားလုံးကို ပြောလိုက်ပြီးသည့်အချိန်မှာပင် သိပ်မဝေးသောနေရာတွင်ရပ်နေသည့် ကျီချဲအမူအယာက ပြောင်းလဲသွားပြန်သည်။

မီးတောက်မျောက်ဝံသည် စူးရှစွာ ဟစ်ကြွေးလိုက်ပြီး အနောက်တွင် အရိပ်တစ်ခုကိုသာ ချန်ထားလျက် အရှေ့သို့တိုးဝင်သွားခဲ့သည်။ ၎င်းသည် စုမင်ဆီသို့အလွန်လျင်မြန်စွာ တိုးဝင်သွားပြီး ခဏအတွင်းမှာပင် သူ့ရှေ့သို့ ရောက်ရှိသွားသည်။ ၎င်း၏ သတ်ဖြတ်ခြင်းအရှိန်အဝါသည် ကောင်းကင်နှင့်မြေပြင်ကိုပင် လောင်ကျွမ်းပစ်နိုင်သည်အထိ ပြင်းထန်နေခဲ့သည်။ ၎င်း၏ပုံစံအရ ထိုမျောက်ဝံသည် စုမင်ရင်ဘတ်အား ဆုတ်ဖြဲ၍ နှလုံးသားကိုဆွဲထုတ်ကာ စားပစ်ချင်နေသကဲ့သို့ပင်ဖြစ်သည်။

စုမင်မျက်နှာထက်တွင် ဝမ်းနည်းမှုများပေါ်လာသည်။

မီးတောက်မျောက်ဝံသည် ထိုဝမ်းနည်းမှုကိုမြင်သောအခါ အရှိန်မနှေးသွားရုံမက ပိုမို၍ပင်မြန်ဆန်လာခဲ့၏။ သို့သော် ၎င်းက စုမင်ခန္ဓာကိုယ်အား ထိနိုင်တော့မည့်အခိုက်အတန့်မှာပင် မျောက်ဝံသည် ရုတ်တရက် စူးရှနာကျင်စွာအော်ဟစ်လိုက်ရ၏။ ၎င်း၏ လည်ပင်းမှသံကြိုးသည် တင်းကြပ်သွားပြီး အသက်ရှူမရတော့ချေ။ သံကြိုးသည် နောက်သို့ုပြန်ဆွဲလိုက်သဖြင့် မျောက်ဝံသည် တရွတ်တိုက်ပါသွားခဲ့ပြီး စုမင်ဘေးရှိနံရံဆီသို့ လွင့်ထွက်သွားရသည်။

ဘန်းခနဲအသံကြီး ပဲ့တင်ထပ်သွားပြီး နံရံထက်တွင် အက်ကြောင်းများပေါ်လာခဲ့သည်။ မီးတောက်မျောက်ဝံ၏ ခန္ဓာကိုယ်သည် အောက်သို့ပြုတ်ကျသွားသော်လည်း ၎င်းက ချက်ချင်းပြန်လည် ကုပ်တွယ်ထရပ်လာပြီး ရူးသွပ်ရက်စက်မှုများနှင့်အတူ စုမင်အားအဆက်မပြတ် ဟိန်းဟောက်နေခဲ့သည်။

“ဆရာဦးလေး ဂရုစိုက်” ထိုအခိုက်အတန့်မှသာ ကျီချဲအသံက စုမင်နားထဲသို့ ရောက်ရှိလာခဲ့သည်။ အရာအားလုံးသည် အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားသဖြင့် အချိန်တစ်ခဏသာ ကြာမြင့်ခဲ့ခြင်းဖြစ်သည်။

“... ရှောင်ဟုန်တဲ့...” စုမင် စကားပြောနေခြင်းကိုမရပ်ပဲ ဆက်ပြောလိုက်သည်။ အကယ်၍ ယခုဖြစ်ပျက်သွားသော မြင်ကွင်းကိုဖော်ပြရမည်ဆိုလျှင် အရာအားလုံးသည် စုမင်၏ စကားတစ်ခွန်းအတွင်း ဖြစ်ပျက်သွားသည်ဟု ပြောဆိုနိုင်ချေသည်။

“ငါတို့ တစ်ယောက်နဲ့တစ်ယောက် စတင်ရင်းနှီးခါစ အချိန်တုန်းက ငါက အတွေ့အကြုံမရှိတဲ့ ဆယ်ကျော်သက်လေးတစ်ယောက်သက်သက်ပဲ။

သူကတော့ တောထဲမှာနေခဲ့တာ...” မီးတောက်မျောက်ဝံအား ပြောဆိုနေဟန်ဖြင့် စုမင် ဆက်လက်၍ တီးတိုးပြောဆိုနေခဲ့သည်။

စုမင်၏ စကားများကို နားမလည်ဟန်ဖြင့် မီးတောက်မျောက်ဝံ၏ မျက်နှာပေါ်ရှိ ကြမ်းကြုတ်မှုက ပိုမိုပြင်းထန်လာသည်။ အသုံးမဝင်မှန်းသိသော်လည်း ၎င်းက စုမင်ထံနောက်တစ်ကြိမ် တိုးဝင်လာပြန်သည်။ ဆက်လက်၍လည်း တိုးဝင်နေဆဲပင်။

၎င်းသည် အသက်တစ်ရှိုက်စာအတွင်းမှာပင် စုမင်အနီးသို့ ရောက်ရှိလာသော်ငြား စုမင်အရေပြားကို မဆုတိဖြဲနိုင်ခင်မှာပင် သူ့လည်ပင်းရှိ သံကြိုးက နောက်တစ်ကြိမ်ပြန်ဆွဲခေါ်သွားပြီး မြေပြင်နှင့် ရိုက်ခတ်ပစ်လိုက်သည်။

ထိုအချိန်ကျမှသာ ကျီချဲတစ်ယောက် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ နောက်သို့ ခြေလှမ်းအနည်းငယ်ပြန်ဆုတ်လိုက်ပြီး စုမင်နှင့်မျောက်ဝံတို့ရှိနေသော နေရာသို့ စိုးရိမ်တကြီးကြည့်နေလိုက်သည်။ ထိုမီးတောက်မျောက်ဝံသည် အလွန်သန်မာပြီး ၎င်း၏ခွန်အားက ကျီချဲကို အလွန်အမင်း ထိတ်လန့်သွားစေခဲ့သည်။ ၎င်းသည် လျင်မြန်ရုံသာမက

မယုံနိုင်လောက်အောင်လည်း အစွမ်းထက်သေးသည်။ ၎င်းသည် ထိုသို့ဒဏ်ရာအပြင်းအထန်ရထားသော်လည်း ၎င်းအတွင်းရှိ သတ်ဖြတ်ခြင်းအရှိန်အဝါကမူ သိပ်သည်းပြင်းထန်နေဆဲ ဖြစ်သည်။

“ငါ အားနည်းခဲ့တယ်။ တက်ကြွဖျတ်လတ်နေတာကလွဲလို့ ငါ့မှာ ဘာကောင်းကွက်မှမရှိခဲ့ဘူး... ဒါပေမယ့် ငါက အဲဒီ တောအုပ်နဲ့အရမ်းအကျွမ်းတဝင်ရှိနေခဲ့လို့ အဲဒီပတ်ဝန်းကျင်တစ်ဝိုက်မှာ အမြဲတစေလိုလို ပြေးလွှားနေခဲ့တယ်။ ငါ ကိုယ့်ကိုယ်ကို တစ်ကယ်လျင်မြန်နေပြီလို့ တွေးထားခဲ့တာ...”

“ရှောင်ဟုန်နဲ့ မတွေ့ခင်အချိန်အထိပဲ...” စုမင်က တီးတိုးရေရွတ်နေစဉ် မီးတောက်မျောက်ဝံသည် စူးရှစွာအော်ဟစ်လျက် နောက်တစ်ကြိမ်တိုးဝင်လာပြန်သည်။ သို့သော် စုမင်ရှေ့သို့ရောက်သည်နှင့်သံကြိုးက သူ့ကိုပြန်လည်ဆွဲခေါ်သွားဆဲပင် ဖြစ်သည်။ ရိုက်ခတ်မိသံများ လေထဲသို့ ပဲ့တင်ထပ်သွားပြီး ထိူအသံများက စုမင်အသံကိုပင် ဖုံးလွှမ်းသွားခဲ့သည်။

“ငါတို့ပထမဆုံး စတွေ့ခဲ့တဲ့အချိန်ကို ငါမှတ်မိနေသေးတယ်။ သူက သစ်သီးတစ်လုံးကိုကိုင်ထားပြီး သစ်ကိုင်းတစ်ခုပေါ်မှာထိုင်နေခဲ့တာ။ အဲဒီသစ်ပင်ပေါ်ကနေ ငါ့ကိုကြည့်ပြီး ရယ်မောနေခဲ့တယ်... သူ့မှာလည်း မင်းလိုမျိုးပဲ မီးတောက်အနီရောင် အမွေးတွေရှိတယ်...”

စုမင်မျက်လုံးများအတွင်း လွမ်းဆွတ်မှုများပေါ်လာသည်။ သူပြောဆိုနေစဉ် မီးတောက်မျောက်ဝံသည် စုမင်ရှေ့တွင် နောက်တစ်ကြိမ်ပေါ်လာခဲ့သော်ငြား ၎င်းကိုစောင့်ကြိုနေသည်ကတော့ မြေပြင်ပေါ်သို့ရိုက်ခတ်မိခြင်းသာ ဖြစ်သည်။ ဤတစ်ကြိမ်တွင်တော့ ၎င်းက သွေးပါအန်လိုက်ရချေသည်။

သို့သော် သူ့မျက်နှာပေါ်ရှိ ရူးသွပ်မှုနှင့် ရက်စက်မှုများကတော့ လျော့ပါးမသွားခဲ့ချေ။

“သူက အရမ်းလှလို့ ငါသူ့ကို တစ်ကယ်သဘောကျခဲ့တာ... ငါသူ့ကို ဖမ်းချင်ခဲ့ပေမယ့် သူက အရမ်းမြန်နေခဲ့တယ်... အဲဒါက ကံကြမ္မာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမယ့် အဲဒါပြီးတဲ့နောက်တော့ ငါတောထဲဝင်တဲ့အချိန်တိုင်း သူ့ကိုတွေ့ခဲ့ရတယ်...” စုမင်မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။ ထိူအပြုံးသည် ပြန်လည်သတိရခြင်းများမှ ဖြစ်ပေါ်လာသည့် လွမ်းဆွတ်ဖွယ်အပြုံးတစ်ခုဖြစ်သည်။

ထိုအပြုံးပေါ်လာချိန်တွင် မီးတောက်မျောက်ဝံက သူ့ထံ ထပ်မံတိုးဝင်လာပြန်သည်။ သို့သော် ဤတစ်ကြိမ်တွင်တော့ ၎င်းသည် စုမင်အနားသို့မရောက်ခင်မှာပင် စုမင်မျက်နှာပေါ်ရှိ နူးညံ့သောအပြုံးကို မြင်လိုက်ပြီး တုန်ရီသွားခဲ့သည်။

၎င်းသည် ဉာဏ်ရည်မြင့်မားသောကြောင့် အကောင်း၊ အဆိုး ရည်ရွယ်ချက်များကို ခွဲခြားနိုင်ပေသည်။ ၎င်းသည် လူတို့အား သူတို့၏ အပြုံးများဖြစ်စေ၊ သူတို့စကားများကိုဖြစ်စေ သူတစ်ခါမှ မယုံကြည်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ့အတွေ့အကြုံများမှတစ်ဆင့် ၎င်းတို့ကအစစ်အမှန်မဟုတ်ကြောင်း သိနေခဲ့သောကြောင့်ဖြစ်သည်။

သူ မည်သူ့ကိုမှ မယုံကြည်ခဲ့ပေ။ သူယုံကြည်သည့် တစ်ခုတည်းသောအရာမှာ သူ၏ကိုယ်ပိုင်အလိုလိုသိစိတ်ကိုသာ ဖြစ်သည်။

ထို့ကြောင့်ပင် သူ စုမင်စကားများကို နားလည်သော်လည်း လျစ်လျူရှုထားခဲ့ပြီး စုမင်နှင့်တိုက်ခိုက်ရန် အကြမ်းဖက်ခြင်းကိုသာ သုံးနေခဲ့ခြင်းဖြစ်သည်။ သို့သော် ယခု စုမင်မျက်နှာပေါ်ရှိ အပြုံးကိုမြင်လိုက်ရသည့် အခိုက်အတန့်တွင်တော့ သူကိုယ်တိုင်ပင် မသိသော အကြောင်းအရင်းတစ်ခုအတွက် ထိုအပြုံးသည် သူ၏နက်ရှိုင်းစွာဖုံးကွယ်ထားသော စိတ်ဝိညာဉ်အား ထိသွားခဲ့သည်။

ထိုအပြုံးထဲတွင် မကောင်းသောစိတ်ဆန္ဒ အရိပ်အမြွက်တောင်မပါသလို ထိူအပြုံးသည်လည်း သူ့အား ရည်ရွယ်နေခဲ့ခြင်းမဟုတ်ပေ...

မည်သို့ပင်ဆိုစေ ထိုအပြုံးထဲတွင် ပရိယာယ်များမပါပဲ သဘောကျနှစ်သက်မှုအောက်တွင် ဖုံးကွယ်ထားသည့် ဝမ်းနည်းမှုအရိပ်အမြွက်ပင် ပါရှိနေသေး၏။

မီးတောက်မျောက်ဝံသည် စုမင်အရှေ့ ဆယ်ပေအကွာတွင် ရပ်တန့်၍ ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ သူ့ရှေ့မှ လူအား ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်ရှိ ရက်စက်ကြမ်းကြုတ်သော အမူအယာထဲတွင် တွန့်ဆုတ်ခြင်းအရိပ်အမြွက်တစ်ခု ပေါ်လာခဲ့သည်။

“ငါ သူ့နာမည်ကို ရှောင်ဟုန်လို့ပေးခဲ့တယ်...” စုမင် တီးတိုးရေရွတ်လိုက်ပြီး မျက်လုံးများကို မှိတ်ချလိုက်သည်။

***

All Chapters