← Chapters

ဗုဒ္ဓရှေ့မရောက်ခင် ငါ့ရှေ့မှာ အရင်ဒူးထောက်လိုက် ၃

Vol. 99 Ch. 982

ဗုဒ္ဓရှေ့မရောက်ခင် ငါ့ရှေ့မှာ အရင်ဒူးထောက်လိုက် ၃

Vol. 99 Ch. 982

"မသေမျိုးမိတ်ဆွေ ရှန်း... မင်း..." ကျစ်ခုန်းက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး၊ သူ၏ထက်မြက်သော အမြင်အာရုံဖြင့် ရှန်းယီ ယခု မည်မျှအားနည်းနေပြီဖြစ်ကြောင်းကို သဘာဝကျကျပင် မြင်တွေ့နိုင်လေသည်။

သူကိုယ်တိုင်နှင့် နှိုင်းယှဉ်ပါက၊ အမှန်တကယ် အနားယူရန်လိုအပ်နေသူမှာ ရှန်းယီပင်။

သို့သော် ရှင်းလင်းစွာပင်၊ ကျစ်ချင်းက သူ့အား ထိုအခွင့်အရေး ပေးမည်မဟုတ်ချေ။

ကျစ်မင် မြေပြင်ပေါ်သို့ ရိုက်ချခံလိုက်ရသည်ကို မြင်လိုက်ရသည့် အချိန်မှစ၍၊ ထိုဘုန်းကြီးက တိတ်ဆိတ်စွာရှိနေပြီး သူ့ကို လွှမ်းခြုံထားသော ပိုက်ကွန်ကြီးကိုဖြည်ရန်သာ အာရုံစိုက်နေခဲ့လေ၏။

ချင်းမိန်ဘိုးဘေး၏မှော်ရတနာများမှာ သေချာပေါက် အလွန်ထူးကဲလှပေသည်။

သို့သော် ၎င်းကို အသုံးပြုရန် လျှို့ဝှက်ချက်များကို မသိဘဲ၊ ထောက်ပံ့ပေးရန် ဝိညာဉ်စွမ်းအင်အများအပြားမရှိဘဲ ပစ်ထုတ်လိုက်ရုံဖြင့် ဗောဓိဂိုဏ်းမှ တပည့်တစ်ဦးကို သေသည်အထိ ထောင်ချောက်ဆင်နိုင်မည်ဟု မဆိုလိုချေ။

၎င်းတွင် ကြီးမားကျယ်ပြန့်သောစွမ်းအင်များ ပါဝင်နေသော်လည်း၊ ကျစ်ချင်းမှာ အမှတ်မထင်ရုပ်ပိုင်းဆိုင်ရာခွန်အားတွင် ထူးချွန်သောကျင့်ကြံသူတစ်ဦး ဖြစ်နေခဲ့လေ၏။

သူက အနည်းငယ် ကုန်းကိုင်းလိုက်ကာ၊အလွန်တရာလေးလံသော သံကြိုးများဟုထင်ရသော ပါးလွှာသောပိုက်ကွန်ကို အမောတကောအသက်ရှူရင်း ၎င်းကို မြေပြင်ပေါ်သို့ ဖယ်ရှားပစ်လိုက်လေသည်။

"အရာရှိကြီး၊မင်း ကြည့်ရတာ သိပ်အဆင်ပြေပုံ မရဘူးနော်။"

ဆရာတော်ကျစ်ချင်း၏ ခေါင်းတစ်ခုလုံး ချွေးများဖြင့် ဖုံးလွှမ်းနေသော်လည်း သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။ သူက ပါးစပ်ကို ဟလိုက်ရာ ဖြူဖွေးသောသွားတန်းများကို မြင်တွေ့လိုက်ရ၏။

တတိယကပ်ဘေးဒုက္ခကြာပန်းပလ္လင် ကျင့်ကြံသူတစ်ဦး၏ကျင့်ကြံခြင်းကိုသာ အားကိုးပြီး၊ အစစ်အမှန်မသေမျိုး စွမ်းအင်အများစုကိုပါ အကုန်အစင် သုံးစွဲထားပြီးဖြစ်ရာ၊ သူ့အား အနိုင်ယူရန်မျှော်လင့်ခြင်းမှာ အနည်းငယ် မလုံလောက်ပုံရပေသည်။

"အင်း၊ ဒါ ကောင်းပါတယ်၊ ကောင်းပါတယ်။ ကြီးမြတ်သောကျားနဂါးကျမ်းစာကို ငါ တစ်ယောက်တည်းခံစားရတာက ပိုပြီး သင့်လျော်ပါတယ်။"

သူက ချဉ်းကပ်လာသော ဝတ်ရုံနက်နှင့် လူငယ်အား စူးစိုက်စွာကြည့်လိုက်ရာ၊ သူ၏မျက်လုံးများထဲရှိ အပြုံးမှာ ရုတ်တရက် ရက်စက်ကြမ်းကြုတ်မှုများဖြင့် ပြည့်နှက်သွားပြီး၊ သူ၏ လက်ထဲရှိ တုတ်ကောက်မှာ လျှပ်စီးလက်သကဲ့သို့ ရိုက်ချလိုက်လေသည်။

ရှန်းယီက ရှောင်တိမ်းခြင်း၊ နောက်ဆုတ်ခြင်း မရှိဘဲ ထပ်တူ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုဖြင့် ရင်ဆိုင်လိုက်ကာ၊ သူ၏ လက်ထဲရှိ ရတနာတောင်ဖြင့် အရှေ့သို့ ထုချလိုက်လေသည်။

ဤတိုက်ခိုက်မှုက မိုးပြာရောင်သစ်သားအတွင်း ကျန်ရှိနေသော ဝိညာဉ်စွမ်းအင်များကို အပြည့်အဝ ကုန်ခမ်းသွားစေလေသည်။

ရတနာတောင်ထံမှ တောက်ပသော အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာပြီး၊ ခွမ်းကနဲ အသံနှင့်အတူ တုတ်ကောက်ကို နှစ်ပိုင်း ကျိုးသွားစေလေသည်။

ကျစ်ချင်းက ဤအရာ၏ထူးကဲသော သဘာဝကို ကြိုတင် မျှော်လင့်ထားပုံရပြီး၊ ခြေလှမ်းအနည်းငယ် နောက်သို့ ကြိုဆုတ်ထားကာ၊ တုတ်ကောက်ကို စွန့်လွှတ်လိုက်ပြီး သူ၏အင်အားများကို သူ၏လက်မောင်းများထံလွှဲပြောင်းကာ သံတူများအလား အရှေ့သို့ဝှေ့ယမ်းလိုက်လေသည်။

ဤကဲ့သို့ရိုးရှင်းသော လှုပ်ရှားမှုသည်၊ ဆဋ္ဌမကပ်ဘေးဒုက္ခ ကြာပန်းပလ္လင်၏ဩဇာလွှမ်းမိုးမှုအောက်တွင် သေစေနိုင်လောက်သော တိုက်ခိုက်မှုတစ်ခု ဖြစ်လာလေသည်။

ရှန်းယီက အထက်သို့ ကျွမ်းထိုးတက်သွားပြီး၊ ယခုတိုင် ရှောင်တိမ်းရန် ငြင်းဆန်ကာ၊ ပြင်းထန်သော ခြေကန်ချက်တစ်ခုဖြင့် ဘုန်းကြီး၏လက်မောင်းများကို ခတ်လိုက်ပြီးနောက်၊ သူ၏ဖိနပ်ဖြင့် ဘုကြီး၏ခေါင်းဆီသို့ အားကုန် နင်းချလိုက်၏။

ဘန်း

ကျစ်ချင်းက ဖူတွန်ပေါ်သို့ ပြင်းထန်စွာဒူးထောက်ကျသွားပြီး၊ ခေါင်းကို အနင်းခံလိုက်ရသကဲ့သို့ ဖြစ်သွားသော်လည်း၊ သူ၏မျက်နှာတွင် ဒေါသအရိပ်အယောင် မရှိဘဲ ဝမ်းမြောက်မှုသာ ထင်ဟပ်နေလေသည်။

သူက မျက်နှာကို လှည့်၍မော့ကြည့်လိုက်ပြီး၊ အက်ကွဲနေသော အသံဖြင့် ရယ်မောကာ ပြောလိုက်၏။

"ကြည့်ရတာ မင်း တကယ် မခံနိုင်တော့ဘူးနဲ့ တူတယ်။"

သူ၏လက်များကြားရှိ အင်အားမှာ ပြင်းထန်သော်လည်း၊ ၎င်းမှာ တတိယကပ်ဘေးဒုက္ခကျင့်ကြံသူတစ်ဦး၏နယ်ပယ်အတွင်း၌သာ ကန့်သတ်ထားခြင်း ဖြစ်လေသည်။

သူ၏ စကားနှင့်အတူ ကျစ်ချင်းက အင်အားကို ဖြည်းညှင်းစွာအသုံးပြုလိုက်ပြီး ဖိနပ်ကို အထက်သို့ ပြန်လည် တွန်းတင်လိုက်လေသည်။

"မင်းရဲ့ဝိညာဉ်ကို ငါ ဆွဲထုတ်မယ်၊ ကြီးမြတ်သောကျားနဂါးကျမ်းစာကို ညှဉ်းပန်းနှိပ်စက်ပြီး ယူမယ်၊ ပြီးတော့ ငါ့ရဲ့ဂိုဏ်းတူညီအစ်ကို နှစ်ယောက်ရဲ့ အသက်အတွက် အဲဒါကို ပူဇော်ပြီးဆက်သမယ်။"

မကြာမီ ရရှိတော့မည့် ကျားနဂါးအနှစ်သာရအဆင့်ကို တွေးမိသောအခါ၊ သူသည် မနေနိုင်ဘဲ အသံထွက် ရယ်မောလိုက်လေတော့သည်။

ထိုအခိုက်အတန့်တွင်၊ ရှန်းယီ၏ မျက်နှာအမူအရာမှာ တည်ငြိမ်ပြီးခံစားချက်ကင်းမဲ့နေဆဲဖြစ်ကာ၊ မည်သည့် တုန်လှုပ်မှုအရိပ်အယောင်မျှ မပြသသည်ကို ကျစ်ချင်း သတိပြုမိသွားလေသည်။

"ငါ အရင်က ပြောခဲ့ဖူးတယ်။"

"ငါက အရာရှိတစ်ယောက်ပဲ။"

နားအနီးတွင် ကြားလိုက်ရသော စကားလုံးများကြောင့် ကျစ်ချင်း၏ မျက်နှာတွင် အံ့အားသင့်သည့် အရိပ်အယောင်တစ်ခု ပေါ်လာလေသည်။

သေချာသည်မှာ၊ တစ်ဖက်လူက အရာရှိတစ်ဦးဖြစ်ကြောင်း သူ သိထားပေသည်။ သို့မဟုတ်ပါက တစ်ဖက်လူအနေဖြင့် တတိယကပ်ဘေးဒုက္ခ၏ ခွန်အားဖြင့် သူ့အား ယှဉ်ပြိုင်နိုင်ရန် မဖြစ်နိုင်သလို၊ ဧကရာဇ်ချီ၏သက်ရောက်မှုကိုလည်း လုံးဝ မခံရဘဲ နေနိုင်မည် မဟုတ်ချေ။

သို့သော် ယခုအချိန်တွင် ဤစကားကို ပြောခြင်းက ဘာအဓိပ္ပာယ်ရှိမည်နည်းဟု သူ တွေးလိုက်လေသည်။

သူ၏နန်းတွင်းအရာရှိ အဆင့်အတန်းကို ကြောက်ရွံ့၍ ထောက်ထားညှာတာမှုပြသလိမ့်မည်ဟု မျှော်လင့်နေခြင်း ဖြစ်နိုင်ပေသည်။

နေဦး.

ကျစ်ချင်း၏ မျက်နှာအမူအရာ ပြင်းထန်စွာ ပြောင်းလဲသွားလေသည်။ သူ၏အမြင်အာရုံအတွင်း၌၊ ရှန်းယီကလည်း ပြုံးနေပြီး၊ သူ၏သပ်ရပ်ဖြူဖွေးသော သွားတန်းများမှာ ကျောချမ်းဖွယ်ကောင်းလောက်အောင် အေးစက်နေ၏။

နောက်တစ်ခဏတွင်၊ အစစ်အမှန်မသေမျိုး ပြီးပြည့်စုံခြင်းအဆင့်ထက် မလျော့ကျသော အားကောင်းသည့် ခွန်အားတစ်ခုက သူ၏လက်မောင်းများမှ ပေါက်ကွဲထွက်လာလေသည်။

၎င်းတို့အကြား လက်ရှိ အကြိတ်အနယ်ဖြစ်နေသောအခြေအနေအောက်တွင်၊ ဤကဲ့သို့သော ရုတ်တရက် ထွက်ပေါ်လာသောခွန်အားမှာ အပြတ်အသတ်ကြိတ်ချေနိုင်လောက်အောင် ပြင်းထန်နေလေသည်။

မှားပြီ။ အားလုံး မှားနေပြီ။

ကျစ်ချင်း၏မျက်လုံးများပေါက်ကွဲထွက်လုမတတ် ပြူးသွားပြီး၊ သူ ဟိန်းဟောက်ချင်ခဲ့သော်လည်း ရုတ်တရက်ဝင်ရောက်လာသော မိုးမြေဝိညာဉ်စွမ်းအင်များက သူ၏အတွင်းကလီစာများကို တစ်စစီ ချေမှုန်းပစ်လိုက်လေသည်။

ဒီ အရာရှိ ဆိုတာက... သေစမ်း၊ မသေမျိုးအရာရှိကို ရည်ညွှန်းနေတာပဲ။

ခွပ်

မြေပြင်ပေါ်တွင် မှောက်လျက်လဲကျနေသော ကျစ်ချင်းက၊ ကျားနဂါး ရဟန္တာရွှေရောင်ကိုယ်ထည်အောက်တွင် ဒူးထောက်လျက် ရှိနေလေသည်။ သူ၏ခေါင်းရှိနေရမည့် နေရာတွင် ဖိနပ်တစ်ဖက်က အစားထိုးဝင်ရောက်နေပြီး၊ မြေပြင်တစ်ခုလုံး သွေးများနှင့် ကျိုးပဲ့နေသောအရိုးစများဖြင့် ပေပွနေတော့သည်။

(ခေါင်းကိုခွဲပလိုက်တာပြောတာပါ)

အခင်း နှင့် ယဇ်ပလ္လင်တို့မှာ ကွဲအက်နေပြီး၊ထိုဘုန်းကြီးက ရွှေရောင်ကိုယ်ထည်ရှေ့တွင် ဒူးထောက်နေသကဲ့သို့ ဖြစ်နေခဲ့၏။

သို့သော် သူနှင့် ရွှေရောင်ကိုယ်ထည်ကြားတွင် ဝတ်ရုံနက်နှင့် လူငယ်တစ်ဦး ရပ်နေပါသည်။ ဝတ်ရုံစများအနည်းငယ် လွင့်ခါနေလျက်၊ ရှန်းယီက လက်များကို ဘေးတွင် တွဲလောင်းချကာ မတ်မတ်ရပ်နေလေတော့သည်။

(ရွှေရောင်ကိုယ်ထည်ဆိုတာ ကျားနဲ့နဂါးကို ဆွဲထားတဲ့ရုပ်ထုနော်)

All Chapters