အခန်း (၂၄၁-၂၄၃)
Vol. 17 Ch. 241-243
241 01
အခန်း 241
ဝုန်း။
ဆုပိုင်ဟာ မြေပြင်ပေါ်သို့ ဝုန်းကနဲ လဲကျသည်။ ထို့နောက် ဘေးဘီကို ကြည့်ပြီး မျက်မှောင်ကြုတ်သည်။
ဒါက ဘယ်နေရာကို ရောက်သွားတာလဲ။
မြှောင်း။
နှင်းကျားသစ်ကလည်း ဘေးဘက်မှ ညည်းငြူရင်း မြေပြင်မှ ကုန်းထသည်။ ထို့နောက် မြေပြင်ပေါ်တွင် ငုတ်တုတ်လေးထိုင်လျက် ဒါရိုက်တာ ဆုပိုင်ကိုကြည့်သည်။
သူသည်လည်း အနည်းငယ်စိတ်ရှပ်ထွေး နေသေးသည်။
အခုလေးတင် နှင်းထဲမှာပါ။ ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး…။
မြောင်း။
“ နှင်းတောင်”
သူသည် ခေါင်းမော့လျှက် အဝေးရှိ တစ်နေရာကို ကြည့်ပြီး တအံ့တသြရေ ရွတ်လိုက်သည်။
ဆုပိုင်သည်လည်း မော့ကြည့်လိုက်သည်။ ထိုအခါ အဝေးရှိ တစ်နေရာတွင် တည်ရှိနေသော နှင်းတောင်တန်းများကို မြင်လိုက်ရသည်။ အဖြူရောင် တိမ်ဆိုင်များက နှင်းတောင်တန်းများအကြား လွင့်မျှောလျှက်တည်ရှိနေသည်။
ဖြောင့်မတ်နေသော တောင်တက်လမ်းကြောင်းက နှင်းတောင်တန်း အနက်ရှိုင်းဆုံးထံသို့ ဦးတည်ပေးနေသည်။
“ သောက်ကျိုးနည်း ဒါက ဘယ်နေရာလဲ”
ဆုပိုင်သည် သူ၏ cell phoneကို ထုတ်လိုက်သည်။ ကံကောင်းစွာဖြင့် ဖုန်းအားက ကျန်သေး၏။ ထို့ကြောင့် လောင်ကျိုးကို ခပ်မြန်မြန်ခေါ်သည်။
ဖုန်းဟာ အချိန်တန် ကြာအောင် မြည်သွားသည်။ ထို့နောက် ပြန်မဖြေနိုင်သေးခင် သူက အရင်ပြောလိုက်သည်။
“ ဟေး လောင်ကျိုး… “
“…..”
တစ်ဖက်သူဟာ အချိန်တန်ကြာအောင် တိတ်ဆိတ်နေသည်။
“ လောင်ကျိုး “
ဆုပိုင်က ထပ်အော်သည်။
ဝုတ်။
ထိုအချိန်တွင် တစ်ဖက်မှ ထူးဆန်းသော ဟောင်သံက ထွက်လာသည်။ ဆုပိုင်က ရပ်တန့်သွားပြီးနောက် ခပ်မြန်မြန် အော်သည်။
“ အာဟ ။ သောက်ကျိုးနည်း ။ လောင်ကျိုး ဘယ်မှာလဲ။ မင်းက ဘာလို့ ဖုန်း လာဖြေနေတာလဲ”
တစ်ဖက်တွင်ရှိနေသည်မှာ အာဟ ဖြစ်သည်။
“ သောက်ကျိုးနည်းငါ ခွေးနဲ့ ဖုန်းပြောနေတာလား”
ဆုပိုင် နှဖူးမှ သွေးကြောများကပင် ထောင်တက်သွားသည်။
ဝုတ်။
241 02
“ လောင်ကျိုးက ဘယ်သူလဲ။ ဒါရိုက်တာ ဆုပိုင်။ ဒီနေ့က ပိတ်ရက်လေ။ ဒီမှာ လူတွေ အများကြီးပဲ”
“ မင်းက ဝက်တွေကို အစာကျွေးတဲ့ တစ်ယောက်ကို ပြောတာလား။ သူက အရှေ့မာ ဧည့်သည် လက်ခံနေတယ်”
“အောင်ပွဲခံဖို့အတွက် ငါ သူ့အတွက် အိမ်ကို သန့်ရှင်းရေး လုပ်ပေးနေတာ”
“ နောက်ပြီး ငါက”
ဆုပိုင်၏ စိတ်ထဲတွင် လောင်ကျိုး အခန်း၏ ပျက်စီးပုံကို တွေးမြင်နိုင်လေသည်။
ထို့သို့စကားပြောအချိန်တွင် ရုတ်တရက် တစ်ဖက်မှ ကျယ်လောင်စွာ အော်သံကို ကြားရသည်။
“ ဦးလေး ပေါက်ကရတွေ မပြောပါနဲ့တော့”
“သေစမ်း မင်းက ငါ့အကိုရဲ့ Sniper rifleကို ဆွဲဖြဲထားတယ်ဟုတ်လား။ ကျည်ဆံတွေ ဘယ်ရောက်သွားလဲ။ မင်း ဒါကို စားလို့မရဘူးလေ။ ပါးစပ်ဖြဲစမ်း”
“ အားအားအား ငါ ရူးတော့မှာပဲ။ တံခါးက ဘယ်မှာလဲ။ ဘာလို့ တံခါးက ပျောက်သွားတာလဲ”
“ ဖုန်း။ ဖုန်း။ ဖုန်း။ မင်း ပါးစပ်ထဲမှာ ဖုန်းကိုင်ပြီး ဘာလုပ်နေတာလဲ။ ဒီကို ပြန်လာစမ်း”
“ ဘီဘီဘီ”
ကျိုးကျန့်၏ ရူးသွပ်နေသော အော်သံကိုကြားသောအခါ ဆုပိုင်က ကျိုးကျန့်၏ ဖုန်းကို ခပ်မြန်မြန် ကိုင်သည်။
“ ခက်ခဲလိုက်တာ”
ဖုန်းသည် ခပ်မြန်မြန် ဝင်သွားသည်။ သို့ရာတွင် ဒီတစ်ကြိမ်တွင် တစ်ဖက်မှ မည်သည့်အသံကိုမှ မကြားရချေ။ အချိန်တန်ကြာပြီးနောက် ဝင်သွားပြီ ဖြစ်သည်။
“ ကျိုးကျန့်။ မင်း ငါပြောတာကို ကြားရလား။ အခုငါ့ရဲ့ ဖုန်းက ဖုန်းအားကုန်တော့မှာဆိုတော့… “
သို့သော် သူ၏ စကားက မဆုံးသေးခင် ခပ်ကြမ်းကြမ်း ဖြတ်တောက်မှုကို ခံလိုက်ရသည်။
ဂွက်ဂွက်ဂွက်။
ထို့နောက် ထူးဆန်းသော ဝက်အော်သံ များက ဆုပိုင် နားကိုပင် ထုံထိုင်းသွားစေသည်။
ဟူးး။
ဆုပိုင်သည် အသက်ပြင်းပြင်း ရှူသည်။ ထို့နောက် ၁ ရာခိုင်နှုန်းသာ ကျန်သော ဖုန်းကို တချက်ကြည့်လိုက်ပြီး တိတ်တဆိတ်သာ သိမ်းလိုက်သည်။
သူ ဘယ်သူ့ကိုမှ ခေါ်လို့မရတော့ဘူး။
“ တကယ်ပဲ တိရစ္ဆာန်ရုံထဲမှာ ဘာတွေဖြစ်နေတာလဲ။ ဘာလိုဖြစ်ပြီးဒီ လောက်ထိ ရှပ်ထွေးနေတာလဲ”
“ သွား လမ်းပေါ်ပဲ တက်ကြည့်ရအောင်”
သူသည် နှင်းကျားသစ်၏ နဖူးကို အသာပုတ်လိုက်ပြီး ဆုပိုင်က ဦးဆောင်လျှက် အပေါ်သို့ စတက်သည်။
သူတို့ လူရှိတဲ့ နေရာတော့ ရှောင်ရမယ်။ နှင်းကျားသစ်က ဒဏ်ရာ ရထားတုန်းပဲ။ နောက်ပြီး စားသောက်ဖို့ လိုသေးတယ်။
သူတို့သည် တောင်တက်လမ်း တောက်လျောက် အချိန်တန်ကြာအောင် တက်ခဲ့လိုက်သည်။ နေဝင်ခါနီးအချိန်မှသာ ရွာတစ်ရွာကို လှမ်းမြင်လိုက်ရသည်။
ရွာတွင်ရှိသော အိမ်များအားလုံးကို ကျောက်သားများဖြင့်ဆောက်ထားသည်။ ကံကောင်းသည်မှာ မီးအလင်းရောင်များကို မြင်နေရခြင်းဖြစ်သည်။
အားမရှိဘူးဆိုရင်လည်း… ။
“ အာ ဘာလို့ နားမှာလဲ။ ငါလည်း သွားချင်တယ်လေ။ ငါလည်း ကြည့်ချင်တယ်လေ။ ဒါပေမဲ့ အိမ်တွေကို ကြည့်ဖို့အတွက် ငါ့ကိုချန် ထားရစ်ခဲ့မှဖြစ်မှာလား။”
အိုင်းကျိူးက အိပ်ရာပေါ်တွင် လဲနေရင်း အရှေ့မှ tvကို ပျင်းရိစွာ ဖွင့်လျှက် ကြည့်ကာ အော်ဟစ်နေသည်။
သူလည်း မမျော်လင့်ထားဘူး။ တစ်ရွာလုံးက လူတွေအားလုံး သွားကြတာ။ သူတို့က တစ်ရွာတည်းသားတွေလေ။ အားလုံး သွားလို့ရပြီး ဘာလို့ သူက နေခဲ့ရမှာလဲ။
“ လူရှိလား”
241 03
ရုတ်တရက် အိမ်ပြတင်းပေါက်အပြင်ဘက် မှ အော်သံတစ်သံကို ကြားလိုက်ရသည်။ အိုင်းကျိုးက ကြောင်သွားသည်။
သူသည် ခပ်မြန်မြန်ထလျှက် ဘေးဘက်မှ သစ်သားတုတ်ကို ကောက်ကိုင်လိုက်ပြီး သူ၏ အရှေ့တည့်တည့်တွင် ထားကာ ချိန်ရွယ်ရင်း တံခါးနားထံ တစ်လှမ်းခြင်းဆီ လျှောက်သွားသည်။
ဟွန့်
ဒီနှင်းတောင်တန်း တစ်ခုလုံးမှာ တစ်ရွာထဲပဲ ရှိတာ။
ရွာသားတွေအားလုံးက တောင်အောက် ဆင်းသွားကြတာ။ ဒါကြောင့် အောက်ဘက်က လူတွေ တက်လာတယ်ဆိုရင် သူတို့ရဲ့ နာမည်ကို သိရမယ်။ ဒီလို တံခါးခေါက်နေမှာမဟုတ်ဘူး။
နောက်ပြီး ဒီလိုအခြေအနေက မှောင်တော့မှာ။
“ ဒီလူက ဘယ်သူလဲ”
အိုင်းကျိုးက တချက်အော်ဟစ်ရင်း တံခါးနား၏ အဟကြားနေရာနား ကပ်လျှက် ဂရုတစိုက်နားထောင်သည်။
“ မီးက ဖွင့်ထားတုန်းပဲ။ လူ မရှိတာလား”
“ ထားလိုက်ပါတော့။ အရှေ့ကိုပဲ ဆက်သွားကြည့်ရမှာပဲ”
မြောင်း။
အပြင်ဘက်မှလာသော ထူးဆန်းသော ဆူညံသံများကို ကြားသောအခါ အိုင်းကျိုး၏ အမွှေးများက ထောင်တက်သွားသည်။
ဒါက လူတော့ လူသံပါ။ သူ မှတ်မိပါတယ်။ ဒါပေမဲ့ နောက်ထပ် အော်သံက ဘာလဲ။ ရုတ်တရက် သူသည် မကောင်းသော ခံစားချက်ကို ရလိုက်သည်။
“ မဟုတ်လောက်ပါဘူး…”
သူ အစုလိုက်အပြုံလိုက် မျိုးတုံးပျောက်ကွယ်ခြင်း မရှိခင်က သူတို့ရဲ့ နှင်းတောင်တန်းထဲမှာ ညဘက်ဆိုရင် မသန့်ရှင်းတဲ့ အရာတွေ အော်တတ်တယ်လို့ ကြားဖူးတယ်။
ဖြစ်နိုင်တာက။
အိုင်ကျိုးက လက်ထဲမှ တုတ်ကိုကိုင်ထားရင်းး ထိန့်လန့်စွာ တုန်ယင်နေလေပြီ။ သူ၏ ခြေထောက်ကပင် တုန်ယင်နေလေပြီ။ ထို့နောက် အဟ ကြားနေရာမှ အပြင်ဘက်သို့ ကြည့်လိုက်သည်။
ဗြန်း။
ထိုသို့ဖြင့် တုတ် က မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
သူဘယ်သော အခါကမှ မမြင်ဖူးသည့် သတ္တဝါ ကြီးတစ်ကောင်က အိမ်အပြင်ဘက်တွင် ရှိနေလေသည်။
သူ၏ အလွန်တုတ်ခိုင်သော အမြှီးက မြေပြင်တွင် တရွတ်တိုက် ရမ်းခါလျှက် တည် ရှိနေသည်။ သူသည် ဒဏ္ဍာရီလာအရာမျိုးကို မမြင်ဖူးသော်လည်း သူ၏ လက်မောင်းပေါ်မှ အမွှေးများအားလုံးကိုပင် ထောင်တက်သွားစေလောက်လေသည်။
“ လူ ရှိလား”
ဆုပိုင် က ခြေတစ်လှမ်းသာ လှမ်းရသေးသည်။ ကျောက်တုံးအိမ်အတွင်းမှလာသည့် အသံကို ကြားသဖြင့် ကြောင်သွားသည်။ တဖန်နောက်သို့ လှည့်ပြီး တံခါးထံ လျောက်သွားလိုက်သည်။
“ Hello ကျေးဇူးပြုပြီး တံခါးဖွင့်ပေးလို့ရမလား။ ငါတို့က လူဆိုးတွေ မဟုတ်ပါဘူး”
မြောင်း။
“ ဟုတ်တယ် ဟုတ်တယ် ငါတို့က လူဆိုးတွေ မဟုတ်ဘူး”
နှင်းကျားသစ်ကမူ ဆုပိုင်အတိုင်း တုပ၍ ခပ်တိုးတိုး ပြောသည်။
သို့ရာတွင် တံခါးတောင့်နားတွင် ဆောင့်ကြောင့်လေးထိုင်ကာ ချောင်းကြည့်နေသည့် အိုင်းကျိုးကမူ ထူးဆန်းသောအသံကြောင့် တကိုယ်လုံး တုန်ယင်သွားသည်။
“ ဘုရားရေ”
“ ကယ်ကြပါ”
“သောက်ကျိုးနည်း ဒါက ဘာကြီးလဲ။ ကြောက်စရာကောင်းတဲ့ အသံကြီးတောင် ထုတ်နိုင်တယ်”
“မင်း မင်း မင်း မင်း မြန်မြန် ထွက်သွားနော်။ ငါ ပြောမယ်။ ငါတို့အိမ်မှာ ဘာရတနာတွေမှ မရှိဘူး။ မင်းအထဲကို ဝင်လာရဲရင် မင်းရဲ့ ဝိဉာဥ်တောင် စုတ်ဖြဲခံရလိမ့်မယ်လို့ ငါပြောရဲတယ်”
သူဟာအံကို ကြိတ်ရင်း လှမ်းအော်လိုက်သည်။
အိုင်းကျိုးဟာ အံကို ကျစ်ကျစ်ပါအောင် ကြိတ်လျက် တုတ်ကို ပြန်ကိုင် လိုက်ရင်း အသက်ပြင်းပြင်း ရှူသည်။
“ မကြောက်နဲ့။ နှင်းတောင်တန်းဘုရင်က ငါ့ကို ကာကွယ်ပေးလိမ့်မယ်”
“ ကြောက်စရာ အကြောင်းကို မရှိဘူး”
“ ငါ မကြောက်ဘူးနော်”
ဆုပိုင်က တံခါးနားတွင် ရပ်လျှက် အတွင်းမှ လာသည့် အော်သံများကို နားထောင်ရင်း စိတ်ရှုပ်ထွေးစွာ ခေါင်းကုတ်သည်။ ထိုအခြေအနေကို မြင်သော အခါ နှင်းကျားသစ်ကလည်း သူ့လက် သူမြှောက်လျက် သူ့ခေါင်းသူ ကုတ်လေသည်။
ထိုသို့ဖြင့် လူတစ်ယောက်နှင့် ကျားသစ်တစ်ကောင်က တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ကူကယ်ရာ မဲ့နေကြသည်။ ဆုပိုင် က အရှေ့မှ တံခါး၏ အ ဟ ကြားကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ ခြေထောက် အောက်မှ နှင်းကျားသစ်ကို ပြန်ကြည့်ကာ တစ်စုံတစ်ရာကို နားလည်သွားသည်။
လက်စသတ်တော့ ဒီနေ့ ခေတ်က လူတွေက တိရစ္ဆာန်တွေကို မမြင်ဖူးကြဘူး။ နောက်ပြီး အချိန်ကလည်း မှောင်တော့မှာ ဆိုတော့ နှင်းကျားသစ်ရဲ့ အဖြူရောင် အမွှေးက ကြောက်စရာ ကောင်းနေမှာပဲ။
ဆုပိုင်က အသက် ပြင်းပြင်း ရှူလျှက် အတွင်းမှ လူကို လှမ်းပြောလိုက်သည်။
“ တံခါးဖွင့်ပါ။ ဒါက တိရစ္ဆာန်ပါ။ မင်းထင်သလို မဟုတ်ဘူး”
“ နောက်ပြီး နှင်းကျားသစ်လေ။ နှင်းကျားသစ်။ နားလည်လား”
“ နှင်း….အင်း”
အိုင်းကျိုး က ကြောင်သွားသည်။
ဘာလို့ ဒီနာမည်ကို ရင်းနှီးနေတာလဲ။
နှင်းကျားသစ်တဲ့။ ဒါက တိုက်ရိုက်ထုတ်လွှင့်မှုထဲမှာ မြင်လိုက်ရတဲ့ အကောင် မဟုတ်လား။
နောက်ပြီး သူတို့ နှင်းတောင်တန်းရဲ့ ဘုရင်လေ။
ငါ ရူးတော့မယ်။
ကျွီ
အိုင်ကျိုးက တံခါးကို ဖွင့်လိုက်ပြီးနောက် အောက်ဘက်ရှိ သတ္တဝါကို ငုံ့ ကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက သတိလက်လွှတ် တုန်ယင်နေသည်။
တကယ်ပဲ သူတို့ရဲ့ …။
ခွပ်။
သူဟာ မြေပြင် တွင် ဒူးထောက်လျှက် နှင်းတောထဲတွင် ခေါင်းတိုက်လိုက်သည်။
“ အား အားးး… နှင်းတောင်တန်း ရဲ့ ဘုရင်။ အရှင့်ရဲ့ အစေခံက မှားပါတယ်”
******
242 01
အပိုင်း 242
“ဒါ...”
ဆုပိုင်သည် အရှေ့ဘက်ရှိ မြေပြင်တွင် ဒူးထောက်နေသော လူငယ်ကို ကြည့်သည်။ ထို့နောက် သူ၏အရှေ့မှ နှင်းကျားသစ်ကို ပြန်ကြည့်ကာ တခဏခန့် ပဟေဠိ ဖြစ်သွားသည်။
ဘာတွေ ဖြစ်နေတာလဲ။
နောက်ပြီး ဘယ်လိုဖြစ်ပြီး...နည်းနည်းလေး သဘောထား မတိုက်ဆိုင်မှု ရှိတာနဲ့ ချက်ချင်း ဒူးထောက်လိုက်တာပဲလား။ ဒါက ထူးခြားတဲ့ အမူအကျင့် များလား။
ဆုပိုင်သည်ပင် တိရစ္ဆာန်များ အလုံးအရင်းနှင့် မျိုးတုန်းပျောက်ကွယ် သွားပြီးနောက် တရုတ်လူမျိုးများ၏ ကျင့်ဝတ်များက ပြောင်းလဲသွားခြင်း ရှိမရှိ မသေချာပေ။
“အား… နှင်းတောင်တန်းတွေရဲ့ဘုရင် ကျေးဇူးပြုပြီး…ကျေးဇူးပြုပြီး အရှင့်ရဲ့ အစေခံရဲ့ရိုင်းပြမှုကို ခွင့်လွှတ်ပေးပါ”
“ဖြောင်း”
အိုက်ကျိုးက သူ၏ ပေါက်ကွဲမတက် လိမ့်တက်လာသော ခံစားချက်များကို ဖော်ပြရန် ကြံစည်လိုက်သည့် အခိုက်အတန့်တွင် ရုတ်တရက် လက်တစ်ဖက်က မျက်နှာကို ဖြတ်ရိုက်လာမှုအား ခံလိုက်ရလေသည်။
“ကောင်းပြီ”
သူသည် မှင်သက်စွာ မော့ကြည့်လိုက်သောအခါ သူ၏အရှေ့မှ နှင်းကျားသစ်၏ သုန်မှုန်နေသော မျက်နှာကို မြင်လိုက်ရသည်။ အိုက်ကျိုးသည် မြေပြင်မှ ချက်ချင်းလိုလို ခုန်ထလိုက်ပြီး ဆုပိုင်ကို လှမ်းပြောသည်။
“ဝင်လာခဲ့ပါ။ ဝင်လာခဲ့ပါ”
“ငါ အခု ဘာဖြစ်သွားမှန်း မသိလိုက်လို့ပါ”
ဆုပိုင်သည် အတွင်းသို့ လိုက်ဝင်လာပြီးနောက် ကုလားထိုင်တွင် ထိုင်သည်။ နှင်းကျားသစ်ကမူ သူ၏ခြေထောက်နားတွင် နာခံစွာ လဲနေရင် မျက်လုံးကို မှေးကျဥ်း လိုက်သည်။
“ဘယ်လို...ဘယ်လို ဖြစ်ပြီး ဒီ…ဒီနေရာကို ရောက်လာတာလဲ။ နောက်ပြီး နှင်းတောင်တန်းတွေရဲ့ ဘုရင်က ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ”
သူသည်လည်း အမ်မာ မနေ့က ပြောခဲ့သည့် စကားကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ နှင်းကျားသစ်သည် တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းတွင် ပါလာသည်။
“ဟစ်...”
သူ၏ အရှေ့မှ နှင်းကျားသစ်ကို အနီးကပ်ကြည့်ပြီးနောက် အိုက်ကျိုးသည် အသက်ပြင်းပြင်း ရှူလိုက်သည်။
တစ်ထေရာတည်းနီးပါးပဲ။
ခန္တာကိုယ်မှ ဒဏ်ရာများ၏ နေရာကပင် တူညီနေသေးသောကြောင့် သူ၏အရှေ့မှ တစ်ကောင်သည် မနေ့က တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် မြင်ခဲ့ရသည့် နှင်းကျားသစ် ဖြစ်လောက်သည်။
ဒါဆိုရင် သူ့ရဲ့အရှေ့က ဒီလူငယ်က ကောင်းကင်ပြာ တိရစ္ဆာန်ရုံရဲ့ ဒါရိုက်တာ ဆုပိုင်ပေါ့။
နောက်ပြီး အဓိက မေးခွန်းက ဘယ်လိုဖြစ်ပြီး ရုတ်တရက် သူတို့ရဲ့နေရာကို ရောက်လာသလဲ ဆိုတာပဲ။
“မဟုတ်သေးပါဘူး။ မင်းက ဒါရိုက်တာဆုပိုင်လား”
“ဟုတ်တယ်။ မှန်တယ်”
ဆုပိုင်သည် သူ၏အရှေ့မှ အမျိုးသားထံမှ တစ်ဆင့် တအံ့တသြ အော်သံကို ကြားလိုက်သဖြင့် ခေါင်းကို အသာ ညိတ်လိုက်သည်။
“ဟုတ်ပါတယ်”
“ငါတို့ရွာက လူတွေအားလုံး ကောင်းကင်ပြာ တိရစ္ဆာန်ရုံကို သွားပြီး နှင်းတောင်တန်းတွေရဲ့ ဘုရင်ကို ဂါဝရပြုဖို့ ထွက်ခွာ သွားခဲ့ကြတယ်။ ဒါပေမဲ့ သူတို့ လက်ဗလာနဲ့ ပြန်လာရတော့မယ် ထင်တယ်”
အိုက်ကျိုးနှင့် စကားပြောပြီး နောက်တွင် ဆုပိုင်သည် မြေပြင်နားတွင် လဲနေသော နှင်းကျားသစ်ကို မှင်သက်စွာ စိုက်ကြည့်မိသွားသည်။
မမျှော်လင့်ထားစွာပင် နှင်းကျားသစ်သည် ဒီရွာမှ လူများနှင့် ထိုသို့သော ဆက်စပ်မှုမျိုး ရှိနေသည်။
242 02
ပို၍ဆိုးသည်မှာ အလုံးအရင်းနှင့် မျိုးတုန်း ပျောက်ကွယ်သွားသည့် ကာလ အတောအတွင်း ဒီရွာမှ လူများသည် အမျိုးမျိုးသော တိုင်းပြည်များက တည်ဆောက်ထားသည့် မြေအောက်လောကဆိုသော နေရာတွင် သွားရောက် ပုန်းအောင်းခဲ့ခြင်း မပြုလေဘဲ နှင်းတောင်တန်းတွင်ပဲ ဆက်လက် နေထိုင်ခဲ့ကြသော အချက်က အထူးဆန်းဆုံး ဖြစ်သည်။
သူတို့တွေ ဘယ်လိုများ ရှင်သန်ခဲ့ကြတာလဲ။
“ဒါရိုက်တာ ဆုပိုင် ငါ ရွာသူကြီးနဲ့ အခြားသူတွေကို အမြန်ဆုံး အကြောင်းကြားရမယ်။ အဲ့ဒီလိုမှ မဟုတ်ရင် သူတို့ကောင်းကင်ပြာ တိရစ္ဆာန်ရုံမှာ ဘယ်လောက်ကြာအောင် စောင့်နေမယ်မှန်း မသိနိုင်ဘူး”
အိုက်ကျိုးက မျက်မှောင် ကြုံ့လိုက်ပြီး စိုးရိမ်မှု အပြည့်နှင့်ပြောသည်။
“ငါတို့ရဲ့ နေရာက မြို့နဲ့ တအားဝေးတယ်။ နောက်ပြီး ဒီနေရာကို ပို့ဆောင်ပေးနိုင်တဲ့ ယာဥ်ကလည်း တအားနည်းတာ။ ဒါကြောင့် အထူးတလှယ် ကြိုတင်ဘိုကင် မယူထားဘူးဆိုရင် ဒီနေရာကနေ လူထွက်ခွာဖို့ အတွက် အနည်းဆုံး လဝက်လောက်တော့ ကြာတယ်”
“အာ ဒါဆိုရင်တော့ ငါ နားလည်ပြီ”
ဆုပိုင်က နှင်းကျားသစ်၏ အမွှေးများကို ပွတ်သတ်လိုက်ရင်း ခေါင်းညိတ်ကာ တုန့်ပြန်လိုက်သည်။
“ဒါဆိုရင် မင်း ရွာသူကြီးနဲ့ အခြားသူတွေကို အမြန်ဆုံး ဆက်သွယ်လိုက်ပါ။ ငါတို့ ဒီနေရာမှာ တခဏတော့ နေရမယ်ထင်တယ်။ ဒါ့အပြင် နှင်းကျားသစ်က ဒဏ်ရာ ရထားတယ်။ ဒဏ်ရာကို ကုသပေးနိုင်တဲ့ ဆေးပင်တွေများ သိလား”
“သိတယ် သိတယ်”
အိုက်ကျိုးက ခပ်မြန်မြန် ခုန်ထလိုက်ပြီး အိမ်ထဲသို့ ဝင်သွားသည်။ သိပ်မကြာခင် ရှေးဟောင်း သစ်သားသေတ္တာတစ်ခုကို ကိုင်လျှက် ထွက်လာသည်။
တဖြည်းဖြည်း ဖွင့်လိုက်ပြီး နောက်တွင် ဆုပိုင်သည် အတွင်းမှ ကြုတ်နေသော ကြာပန်းနဲ့တူသော အပင်ကို ကြည့်ရင်း အနည်းငယ် အံ့သြသွားသည်။
“ဒါက နှင်းကြာပန်း မဟုတ်လား”
“ဟုတ်တယ်။ ဒါက သွေးထွက်တဲ့ ဒဏ်ရာတွေကို ကုသတဲ့ နေရာမှာ အရမ်းအသုံးဝင်တာ”
အိုက်ကျိုးက ချက်ချင်းစလို ခေါင်းညိတ်ပြီး သစ်သားသေတ္တာကို ဆုပိုင်၏ အရှေ့သို့ ညှင်သာစွာ ချပေးသည်။ ထို့နောက် နောက်သို့ တစ်ဖက်လှည့်လျှက် ဆေးတူလေးကို သွားယူလိုက်သည်။
“မြောင်း”
ဒဏ်ရာထံမှ လာသည့် အေးစက်မှုကို ခံစားရသော နှင်းကျားသစ်က သက်တောင့်သက်သာရှိစွာနှင့် မျက်လုံးကို မှေးကျဥ်းလိုက်ရင်း အော်လေသည်။
“သေစမ်း”
“အဲဒီကောင်က နှင်းတောင်တန်းတွေရဲ့ ဘုရင်ကိုတောင် ဒီလောက်ထိ နှိပ်စက်လိုက်တယ်။ ငါသာ အဲဒီကောင်ကို တွေ့ရင် သေချာပေါက် တန်ကြေး ပေးဆပ်ခိုင်းမှာပဲ”
အိုက်ကျိုးက ဆုပိုင်သည် နှင်းကျားသစ်၏ အမွှေးများကို ဘေးသို့ တွန်းဖယ်ရင်း အောက်ဖက်ရှိ မှင်သက်ဖွယ် ကောင်းသော နေရာများကို ဖြဲကြည့်လိုက်ကြောင်းကို မြင်လိုက်ရသည်။ ထိုဒဏ်ရာများကို မြင်လေလေ သူသည်ပင် အံကြိတ်ပြီး ဒေါသကြီးကြီး အော်ဟစ်မိသည်။
ဒါက သူတို့အမြဲတမ်း ယုံကြည်သက်ဝင်ထားတဲ့ နှင်းတောင်တန်းတွေရဲ့ ဘုရင်လေ။ ဒါပေမဲ့ သူက ဒီလိုမျိုး ဆက်ဆံ ခံလိုက်ရတယ်။
သူ့အနေနဲ့ ဆက်ကြည့်ဖို့ရန် အတွက်ပင် ရင်ကွဲမတက် ခံစားရလေသည်။
.....
ချင်မြို့တော်
ကောင်းကင်ပြာ တိရစ္ဆာန်ရုံ
“အူး”
“ငါ လက်မခံဘူး”
အာဟသည် ရွှံ့များ ပေကြံနေလေသည်။ သို့သော် လောင်ကျိုးနှင့် လုပ်ဖော်ကိုင်ဖက်က သူ့အား မြစ်ဘေးမှ အတင်းဆွဲထုတ်လာ၏။ ထို့ကြောင့် အာဟက မြေပြင်တွင် လဲချလိုက်ပြီး ဆက်တိုက် အော်ဟစ်နေခြင်း ဖြစ်သည်။
“ငါတို့ ဘယ်လို လုပ်ကြမလဲ”
“ဒီနေ့ ဒါရိုက်တာ ဆုပိုင်က ဖုန်းခေါ်သေးတယ် မဟုတ်လား”
242 03
ကျိုးကျန်းက ခေါင်းကို ခါပြီး ဖုန်းကို လှမ်းယူလိုက်သောအခါ တောင့်ခဲသွားသည်။
ထို့နောက် မြက်ခင်းထဲတွင် လဲနေသောကောင်ကို တစ်ဖန်ပြန်လည်ငုံ့ကြည့်လိုက်ပြီး သူ၏နဖူးမှ သွေးကြောများက ထောင်တက်လာသည်။
ဆိုးလိုက်တာ။
ထိုhuskyသည် တိရစ္ဆာန်ရုံသို့ ရောက်လာပြီးချိန်ကတည်းက ATXTရောဂါရှိနေသလိုမျိုး အိပ်ချိန်ကလွဲပြီး တစ်ချိန်မှ အငြိမ်မနေနိုင်ချေ။
အစပိုင်းတွင် သူသည် အခြားသော တိရစ္ဆာန်များ၏ အသိုက်များကို သွားတူးလေ့ ရှိသည်။ ထိုအခြေအနေမှ စတင်၍ ယခုအခါ သူတို့၏ အိမ်ကိုပင် ဆုတ်ဖြဲ ပစ်လေနေပြီ။
ဒါရိုက်တာဆုပိုင်က ဒီနေရာတွင် မရှိသောအခါ သူတို့သည်လည်း ထိုအကောင်ကို မည်သို့မှ မတုန့်ပြန်နိုင်ချေ။
“သူ့ကို ကြိုးချည်ထားရင် ဘယ်လိုလဲ”
ကျိုးကျန်းက လေသံတိုးတိုးနှင့်ပြောသည်။
ခွက်
အာဟက ထိုနှစ်ယောက်၏ အမူအယာကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းဆိုသလို မြေပြင်မှ ခုန်ထလိုက်ကာ အဝေးသို့ လျှင်မြန်စွာ ထွက်ပြေးသည်။
ဟားဟားဟား
အခုတလော ရှာဖွေ စစ်ဆေးပြီးတဲ့နောက်မှာ သူဒီနေရာနဲ့ တော်တော်လေးကို ရင်းနှီးနေပြီ။
ဒါရိုက်တာဆုပိုင်က လွဲပြီး ကျန်သောမည်သည့် လူသားကမျှ သူ့အား ထိခိုက်အောင် မလုပ်ရဲချေ။ သူ့ကို အော်ဟစ်သည့်အချိန်တွင်ပင် သတိထားတက်သေးသည်။
နောက်ပြီး ကျန်တဲ့ တိရစ္ဆာန်တွေ အတွက်ကတော့...
အဲဒီလယ်မြေကြွက်လေးတွေ အမှိုက် အမှိုက် အမှိုက်။ သူတို့ကို ကြိုက်နှစ်သက်သလို နှိပ်ဆက်လို့ရတယ်။
နောက်ပြီး အဲ့ဒီ စုပ်ဖွားအမွှေးနဲ့ တက်ဒီကြောင်ကတော့ တိုက်ခိုက်နိုင် စွမ်းရည် နည်းနည်းရှိတယ် ဆိုပေမဲ့လည်း ပြဿနာတော့ မရှိပါဘူး။
နောက်ပြီး အဲ့ဒီ ပျားတူခွေးတူဝက်တူ ဒီခေါင်းပြားသားရဲကတော့ သွားရှုပ်လို့ မရဘူး။
ထို့အပြင် ပန်ဒါ တပိုင်လည်း ရှိသည်။ ပန်ဒါ တပိုင်အပြင် သူ၏သားအပြင် အခြားသော လူပေါင်းများစွာ ရှိသည်။ သူတို့၏ အရေအတွက်ကြောင့် သူသည်ပင် မကိုင်တွယ်နိုင်ချေ။ ထို့ကြောင့် ရန်မစနိုင်သေးချေ။
ဆင်များသည် ညှင်သာသော စိတ်နေသဘောထား ရှိသည်။ သူတို့သည် လူကောင်းများ ဖြစ်သည်။ သူတို့ကို အနိုင်ယူ၍လည်း မရချေ။ သွား၍ ရန်စ၍လည်း မရပြန်ချေ။
အလက်စကား ဟာလီသည် အစ်ကိုကောင်း တစ်ယောက် ဖြစ်သည်။ သို့သော် သူ့ကိုသွား၍ ရန်စလျှင်ပင် သည်းခံ ပေးတတ်သည်။
ထို့ပြင် မျောက်တောအဖွဲ့လည်း ရှိသည်။ သူတို့ကိုလည်း သွားရှုပ်၍ မရချေ။ သူတို့၏ အရေအတွက်ဟာ ကြောက်စရာ ကောင်းနေသည်။
ရွှေမြွေ၊ ရွှေသိန်းငှက် စသည့် အကောင်များကိုလည်း သွားရှုပ်၍ မရနိုင်ချေ။
အာဟက တွေးလေလေ ခွေးတစ်ကောင်၏ ဘဝကို သံသယ ဝင်လာလေလေ ဖြစ်သည်။
ဆိုတော့ ဒီတိရစ္ဆာန်တစ်ခုလုံးမှာ အဲဒီ လယ်မြေကြွက်လေးတွေလို အသက်ရှင်ဖို့က လွဲပြီး ဘာမှမသိတဲ့ အကောင်တွေကလွဲပြီး သူဘယ်သူ့ကို ရန်စလို့ မရဘူးပေါ့လေ။ ဟုတ်လား။
ဘယ်လို ဖြစ်နိုင်မှာလဲ။
သူ ချဥ်းကပ်ပုံ ချဥ်းကပ်နည်း မှားသွားတာ ဖြစ်ရမယ်။
စကားမဆက် ဖိနပ်လျက်သူလည်း လုပ်လို့ရတာပဲ။ ထရက်နိုစောရက်ရပ်ကိုပဲ ကောင်းကောင်း လျက်ပေးရင်ပဲဆိုရင် ဘယ်သူကမှ လာပြီး ရန်စရဲမှာ မဟုတ်ဘူး။
ထိုအကြောင်းအရာကို တွေးမိသော huskyက သူ၏ဖင်ကို ကော့ထုတ်လိုက်ပြီး ထရက်နိုစောရက်ရပ်ရှိရာဖက်သို့ လျှင်မြန်စွာ ပြေးသွားလေသည်။
“ဟီးဟီး...နို့ကိတ်လေး ဒီကိုလာ”
အဝေးမှာ လှမ်းကြည့်လိုက်သောအခါ မျက်ခင်းပြင်အတွင်း ပြေးလွှားနေသည့် ကလေးများကို မြင်နိုင်သည်။ အတွင်းအကျဆုံး အပိုင်းတွင်လည်း ပုံရိပ်တစ်ခုကို မြင်လိုက်ရ၏။ အာဟ၏ နှုတ်ခမ်းများဟာ အသာကော့တက်သွားပြီးနောက်တွင် ထိုဘက်ခြမ်းသို့ လှည့်ပြေးလေသည်။
242 04
အတွင်းတွင် ပေါင်ပေါင်ဟုခေါ်သော ကောင်မလေး ရှိသည်။ ထိုကောင်မလေးကိုပင် ရန်စ၍ မရနိုင်ချေ။
သူအရင်တစ်ခေါက်က မတော်တဆ ငိုအောင် လုပ်မိရုံလေးပဲ မဟုတ်ဘူးလား။
ဘုရားရေ ဒီတိုင်းလေး ငိုအောင်လုပ်မိရုံနဲ့ တိရစ္ဆာန်တစ်ဖွဲ့က ချက်ချင်းရောက်လာပြီး သူ့ကို ရိုက်နှက်သွားတယ်။ ဒါကို ဘယ်သူက သည်းခံနိုင်မှာလဲ။
ထို့နောက် အဝေးရှိ မြေပြင်တွင် ရပ်နေသော ထရက်နိုစောရက်ရပ်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် အာဟက လျှာကို တစ်လစ်ထုတ်လျှက် အသက်ပြင်းပြင်း ရှူသည်။
ဒီနေ့ပဲ။
ငါ အာဟက အရည်အချင်းပြည့်မှီတဲ့ ဖိနပ်လျက်သူ ဖြစ်ရမယ်လို့ ကျိန်ဆိုတယ်။
ပြေး
သူသည် သတ္တိများကို ထုတ်လိုက်ပြီးနောက် ထရက်နိုစောရက်ရပ် ရှိရာဘက်သို့ ပြေးသည်။
“ဘာ”
တိရစ္ဆာန်ရုံဝင်ပေါက်တွင် သက်ကြီးပိုင်းအရွယ် ရွာသူကြီး အိုက်က မြေးမဖြစ်သူ ပြောသောစကားကို ကြားပြီး မျက်လုံးများပြူးကျယ်သွားသည်။ သူသည် ထိုခုံမှ ခပ်မြန်မြန် ထရပ်လိုက်ပြီး လက်ကိုရမ်းလျှက် စိုးရိမ်တကြီးပြောသည်။
“ဒါရိုက်တာ ဆုပိုင်က နှင်းတောင်တန်းတွေရဲ့ ဘုရင်ကိုခေါ်ပြီး ငါတို့ရဲ့ရွာကို သွားတယ် ဟုတ်လား”
“ဒါ...”
“ မြန်မြန် မြန်မြန် အားလုံးကို ပြန်ခေါ်လိုက်စမ်း။ အခုချက်ချင်း လက်မှတ် ဖြတ်ရမယ်။ ငါတို့ ချက်ချင်း ပြန်ရမယ်”
******
243 01
အပိုင်း 243
ဆုပိုင်သည် နှင်းကျားသစ်၏ ဘေးဖက်တွင် ရပ်ရင်း သူ၏အရှေ့ဖက်တွင် ဒူးထောက်နေသော လူပေါင်းများစွာကို ကြည့်လိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်များကပင် အလိုလို ကော့တက်သွားသည်။ သူသည် သူ၏လက်ကို သုံးပြီး နဖူးကို ဖိထားရင်း နှင်းကျားသစ်အား မလှုပ်ရန် ပြောထားလိုက်ရသည်။
ယခုအချိန်မှသာ ဆုပိုင်သည် ဒီရွာအတွင်းရှိ နှင်းကျားသစ်၏ အဆင့်အတန်းကို နားလည်သွားခြင်း ဖြစ်သည်။
ရွာသူကြီးအိုက်က ဦးဆောင်ပြီး ရွာအတွင်းရှိ လူများအားလုံးက အစီစဥ်တကျ ပုံစံမျိုးနှင့် နှင်းကျားသစ်၏ အရှေ့တွင် ဒူးထောက် လိုက်ကြသည်။
“အိုး… ဘိုးဘေးတွေကို ကျေးဇူး အများကြီး တင်ပါတယ်။ ငါ နောက်ဆုံးတော့ နှင်းတောင်တန်းတွေရဲ့ ဘုရင်ကို ပြန်တွေ့ခွင့် ရပြီ”
“ကျေးဇူး တင်ပါတယ်။ နှင်းတောင်တန်းတွေရဲ့ ဘုရင်။ ငါတို့ကို အလုံးအရင်းနဲ့ မျိုးတုန်း ပျောက်ကွယ်သွားတဲ့ ကာလအတောအတွင်းမှာ ကာကွယ်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်”
“ငါတို့ တစ်ရွာလုံးက နှင်းတောင်တန်းဘုရင်ရဲ့ အစေခံကျွန်တွေပါပဲ”
အရင်က တကယ်ပဲ ဘာတွေ ဖြစ်ခဲ့တာလဲ။
အချိန်ကာလဟာ အလွန်ကြာညောင်းခဲ့ပြီးသား ဖြစ်သည်။ သို့သော် ဒီတစ်ရွာလုံးကမူ ဘိုးဘေးများ၏ နောက်ဆုံးစကားကို ယုံကြည်နေသေးသည်။
ထို့အပြင် တိုက်ရိုက် ထုတ်လွှင့်မှုမှတစ်ဆင့် ဆုပိုင်သည်လည်း နှင်းကျားသစ်ကဲ့သို့ သတ္တဝါမျိုးကို သိနိုင်သောသူ အမြောက်အများ မရှိနိုင်ကြောင်း နားလည်ထားပြီးသား ဖြစ်သည်။
ဒါဆိုရင် ဒီလူတွေက ဘာလို့ တစ်ချက် ကြည့်ရုံနဲ့ မှတ်မိနေတာလဲ။
ထိုအခိုက်တန့်တွင် ဆုပိုင်က မျက်မှောင် ကြုတ်လိုက်ပြီး အခြေအနေကို မဝေခွဲနိုင်တော့ချေ။
“မြောင်း”
နှင်းကျားသစ်ကလည်း စိတ်ရှုပ်ထွေးသော မျက်နှာထားမျိုးနှင့် ဆုပိုင်ခြေရင်းနားတွင် လဲနေရင်း မျက်လုံးကို အသာမှေးကျဥ်းလျှက် အောက်ဖက်ရှိ လူများကို ကြည့်သည်။
သူလည်း နားမလည်ပါဘူး။
ဒီလူတွေက ဘာလို့ ဒီလောက်ထိ ကြင်နာပြနေတာလဲ။
နောက်ပြီး သူ့ကို ထိခိုက်အောင် နည်းနည်းလေးတောင် မလုပ်ချင်ကြတဲ့ပုံပဲ။ ပြောရမယ်ဆိုရင် ဒီလူတွေ အားလုံးက သူ့ကိုတော်တော်လေးကို လေးစားပြနေတာ။
ထိုအခြေအနေသည် သူ ဘယ်သောအခါမှ မခံစားဖူးနေသည့် အခြေအနေမျိုး ဖြစ်သည်။
လူတိုင်းက တဖြည်းဖြည်းချင်းဆီ မတ်တပ် ထရပ်လာကြောင်း မြင်သောအခါ ဆုပိုင်က စိတ်အေးစွာဖြင့် သက်ပြင်း ချလိုက်သည်။ သူသည် ကျောက်တုံးစင်မြင့်ပေါ်မှ တဖြည်းဖြည်းချင်းဆီ ဆင်းသွားလိုက်သည်။
“ဒါရိုက်တာဆုပိုင် မင်းက ငါတို့တစ်ရွာလုံးရဲ့ ကျေးဇူးရှင်ပါ”
ရွာသူကြီးအိုက်က ဆုပိုင်၏ရှေ့တွင် ရပ်ပြီး သူ၏ လက်နှစ်ဖက်လုံးကို တင်းတင်းကြပ်ကြပ် ဆုတ်ကိုင်လျှက် ရိုးသားစွာ ပြောသည်။
“ဒါက ငါတို့ လုပ်သင့်တဲ့ကိစ္စပါ။ တိရစ္ဆာန်တွေကို ပြန်လည်ကယ်ဆယ် ပေးတယ်ဆိုတာက ကောင်းကင်ပြာ တိရစ္ဆာန်ရုံက အမြဲတမ်း လုပ်နေမဲ့ကိစ္စပဲ။ ဒါကြောင့် ငါ့ကို ကျေးဇူးတင်ဖို့ မလိုဘူး”
“ဒါပေမဲ့”
ဆုပိုင်က နှင်းကျားသစ်၏ နဖူးကို အသာ တို့ထိလိုက်ပြီး စိတ်ရှုပ်ထွေးစွာနှင့် မေးလိုက်သည်။
“အရင်က ဘာတွေ ဖြစ်ခဲ့သလဲဆိုတာကို ငါ တကယ် သိချင်တယ်။ ဘယ်လိုကြောင့် နှင်းကျားသစ်ကို တစ်ချက်ကြည့်ရုံနဲ့ တန်းပြီး မှတ်မိတာလဲ”
243 02
“အချက်ကျကျ ပြောရရင်”
“ငါတို့ ဒီအကြောင်းရာတွေကို မပြောသင့်ဘူး”
အိုက်ချွမ်ချွမ်က ခေါင်းကို လှည့်လျှက် မိုးပြာရောင် ကောင်းကင်ပြာကြီး၏ အောက်ဖက်ရှိ နှင်းများဖုံး လွှမ်းနေသော တောင်တန်းများကို လှမ်းကြည့်ရင်း ခံစားချက်အပြည့်နှင့် ပြောသည်။
“အလုံးအရင်းနဲ့ မျိုးတုန်း ပျောက်ကွယ်သွားတဲ့ ကာလအတောအတွင်းကပဲ စပြောရတော့မှာပေါ့။ ငါတို့အဖွဲ့က ဘယ်သူမှ မသေဘဲ ငါတို့အားလုံး အသက်ရှင်နိုင်ခဲ့တာ။ တကယ်တမ်းပြောရရင် ဒီလိုမျိုးတော့ မဟုတ်ဘူး။ အဲဒီအချိန်ကာလ အတောအတွင်းမှာ ငါတို့ရဲ့အဖွဲ့ဝင် တစ်ဝက်ကျော်ကျော်လောက်က အသတ်ခံရသူက အသတ်ခံရ၊ ဒဏ်ရာရတဲ့သူက ဒဏ်ရာ ရသွားခဲ့ကြတယ်။ အဲဒီနောက် နောက်ဆုံး ရှင်သန်ကျန်ရစ် ခဲ့တဲ့သူတွေကို နှင်းကျားသစ်အဖွဲ့က ကယ်ဆယ် ပေးခဲ့တာပဲ။ ဒါပေမဲ့...”
သူက ထိုသို့ပြောနေပြီးနောက် ရွာသူကြီး အိုင်း၏ မျက်နှာက စိတ်လှုပ်ရှားမှုများကို ဖော်ပြသည်။ သူ၏မျက်လုံးများပင် အနည်းငယ် နီလာသည်။
“ငါတို့နဲ့ လိုက်ခဲ့ပါ။ မင်း မြင်တဲ့အခါ နားလည်သွားလိမ့်မယ်”
နှစ်ဖက်လုံးတွင် ရပ်နေကြသည့် တည်ကြည်သော မျက်နှာများနှင့် လူများအားလုံးကို ကြည့်လိုက်ပြီး ခေါင်းသာ ညိတ်လိုက်သည်။ ထို့နောက် နှင်းကျားသစ်ကို ဦးဆောင်၍ လိုက်သွားလိုက်သည်။
“မြန်မြန်”
“ ရွာသူကြီး ငါတို့ရဲ့ ထုတ်လုပ်ရေးအဖွဲ့ကရော လိုက်ပြီး သွားလို့ ရတာလား”
“လာ လာ လာ။ အခု နှင်းကျားသစ် ဘုရင်ကို ပြန်လည်ကယ်ဆယ် ပြီးပြီဆိုတော့ အတိတ်က အကြောင်းအရာတွေကို အများသိအောင် လုပ်သင့်ပြီ။ ဒီတော့ လူတိုင်းကလည်း တိရစ္ဆာန်တွေကို နည်းနည်းလေး ကြင်နာပြလိုက်တာနဲ့ သူတို့က အနာဂါတ်မှာ နှစ်ဆပြန်ပြီး ပေးဆပ်မယ်ဆိုတာကို နားလည်သွားလိမ့်မယ်”
ရွာသူကြီးအိုက်က တခဏခန့် စဥ်းစားပြီးနောက်တွင် တည်ငြိမ်စွာ ခေါင်းညိတ် လိုက်သည်။
သုံးယွဲ့သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး တုန်ရင်နေသော လက်ဖြင့် microphoneကို လှမ်းကိုင်လိုက်ရင်း တဖြည်းဖြည်းချင်းဆီ ထွက်သွားသည့် ပုံရိပ်များကို ကြည့်သည်။ ထို့နောက် Cameraကို ပြန်ကြည့်လျှက် အလောတကြီး ပြောသည်။
“ Hello အားလုံးပဲ။ ဒါကတော့ အချစ်နဲ့မျှော်လင့်ချက် program အသင်းပါ”
“ငါတို့က အခု ကောင်းကင်ပြာ တိရစ္ဆာန်ရုံက လမ်းညွှန်ခွေးတွေ အကြောင်းကို တင်ပြသင့်တာပါပဲ။ ဒါပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် ရှေးဟောင်း နှင်းတောင်တန်းအဖွဲ့က ရွာသူကြီးနဲ့ တွေ့ဆုံမိပြီး ဒီလျို့ဝှက်ဆန်းကြယ်တဲ့ နေရာတစ်ခုကို လိုက်သွားဖို့ ဖြစ်လာတယ်”
“ငါတို့အားလုံး သိထားတဲ့အတိုင်းပဲ။ နှင်းတောင်တန်းအဖွဲ့ဆိုတာက အလုံးအရင်းနဲ့ ပျောက်ကွယ်သွားတဲ့ ကာလအတောအတွင်းမှာတောင် အရေးပေါ် ခိုကိုးရာနေရာကို မရောက်ခဲ့ပေမဲ့ သူတို့ရဲ့ တစ်ဖွဲ့လုံးက တစ်လလုံးလုံး ရှင်သန်နိုင်ခဲ့တယ်။ သူတို့ ဒီအချိန် အတောအတွင်းမှာ ဘယ်လို ရှင်သန်နိုင်ခဲ့သလဲ ဆိုတာက အခုချိန်ထိ လျို့ဝှက်ဆန်းကြယ် နေတုန်းပဲ”
“နောက်ပြီး ဒီနေ့မှာတော့ သုံးယွဲ့က ရွာသူကြီးအိုက်ရဲ့ အကူအညီနဲ့ နှင်းတောင်တန်းထဲကို အတူတကွ ဝင်ရောက်နိုင်တော့မှာပါ”
“နှင်းတောင်တန်းအဖွဲ့က ဘယ်လိုများ ရှင်သန်နိုင်ခဲ့တာလဲ။ နှင်းတောင်တန်းအဖွဲ့နဲ့ နှင်းကျားသစ်ကြားမှာ ဘယ်လိုအခြေအနေများ ဖြစ်ခဲ့တာလဲ။
“ဖြစ်နိုင်ကတော့...ဒီနေ့မှာ ဒီလျို့ဝှက်ဆန်းကြယ်မှုတွေကို ဖော်ထုတ်နိုင်တော့မှာပါ”
“ဒီလျို့ဝှက်ချက်က နှင်းတောင်တန်း နယ်မြေမှာ နှစ်ထောင်ကျော် လက်ဆင့်ကမ်းပေးလာခဲ့တဲ့ လျို့ဝှက်ချက်ပါပဲ။ ဒီတော့ စောင့်ကြည့် ကြရအောင်”
ထို့သို့ ပြောပြီးနောက် သူမသည် mocrophoneကို ခပ်မြန်မြန် ကောက်ယူလိုက်ပြီး အရှေ့မှ လူအုပ်နားသို့ အပြေးသွားလိုက်သည်။ လမ်းတောက်လျှောက်တွင် တွေ့သမျှ တောင်တက်လမ်းက ကြမ်းတမ်းလေသည်။
ဘေးဖက်ခြမ်းတွင်လည်း ကျောက်သား၊ ချောက်ကမ်းပါများ ရှိနေသေးသည်။ သိပ်သည်းသော နှင်းများကလည်း အောက်တွင် အပြည့် ရှိနေ၏။ ဂရုသာမထားမိပါက သေသွား နိုင်လောက်သည်။
သို့သော် နှင်းတောင်တန်းရွာတွင် နေထိုင်သောသူများက နောက်မှ လိုက်လံ ကာကွယ် ပေးထားကြသည့်အလျောက် သူတို့အား ကူညီပေးရင်း တစ်လှမ်းချင်ဆီ တက်ပေးနေသေးလေသည်။
မြောင်း
နှင်းကျားသစ်က တိရစ္ဆာန်ဆန်သော ဟိန်းသံမျိုးကို အော်ထုတ်လိုက်သည်။ သူ၏ခန္တာကိုယ်တစ်ခုလုံးက လျှင်မြန်စွာနှင့် ဘေးဖက်သို့ ခုန်ထွက်သွားပြီး လေးကြိုး ဆွဲလိုက်ပြီးနောက် လွှတ်ထွက်သွားသည့် မြှားတစ်စင်းလိုမျိုး တစ်ဖက်ခြမ်းရှိ ခြောက်ကမ်းပါး အစွန်းပေါ်သို့ ခုန်တက်သွားသည်။
243 03
ဆုပိုင်က ထိုအကောင်ကို ကြည့်လျှက် သူ၏နှုတ်ခမ်း ထောင်းစွန်းများက အသာကော့တက် သွားသည်။
နှင်းကျားသစ်တစ်ကောင်ဆိုတာက ဒီလိုတောတွင်းမှာ ပျော်ပျော်ပါးပါး ကြမ်းကြမ်းတမ်းတမ်း ဖြတ်ဖြတ်လတ်လတ် နေထိုင်နေသင့်တာ။ ပိုဆိုးတာက နှစ်ထောင်ကျော် ကုန်လွန်သွားပြီးတဲ့နောက်မှာ တရုတ်နိုင်ငံရဲ့ မြေမျက်နှာသွင်ပြင် အခြေအနေက အများကြီး ပြောင်းလဲသွားပြီ။
စနစ်၏ အကူအညီနဲ့ဆိုလျှင် သေချာပေါက်...
ထိုအကြောင်းရာကို တွေးမိသော ဆုပိုင်၏ နှုတ်ခမ်းများကလည်း ကော့တက် သွားသည်။
ယခင်တစ်ခေါက်က ဆိုလျှင် သူသည် ရှောင်ကောင်းယွဲ့ကို ပြန်ခေါ်ရန်အတွက်ကြောင့်နှင့် အပိုင်းအစ တာဝန်ကြီး တစ်ခုလုံးက တစ်လလုံး ရပ်တန့်သွားခဲ့သည်။ ထို့ကြောင့် လေဘုရင် လေရှင်ကပင် ကျရှုံးသွားခဲ့သည်။ အခြားစကားဖြင့် ဆိုရသော် အနာဂါတ်တွင် လေဘုရင်ခန်းမ သို့မဟုတ် လေဘုရင်အိမ်များကို တည်ဆောက်လိုလျှင် ကိုယ်တိုင်တည်ဆောက်ရန် ဖြစ်ပြီး စနစ်က ကူညီပေးတော့မည် မဟုတ်ပေ။ သို့သော်...
“ကံကောင်းတာက လေဘုရင်ခန်းမ၊ လေဘုရင် အဆောင်၊ လေဘုရင်အိမ်တွေက တည်ဆောက်ရ လွယ်ကူနေတာပဲ”
ဆုပိုင်က တခဏခန့် ငြီးတွားပြီးနောက် ရွာသူကြီးအိုက်နှင့် အခြားသော သူများက သူ့ကို ရပ်စောင့်နေကြောင်းကို မြင်လိုက်ရသည်။ သူတို့၏ အရှေ့တွင်မူ မီတာ ၁၀ကျော် မြင့်သည့် ရေခဲခိုကြီး ရှိနေသည်။
ဒါသည် သဘာဝအလျောက် ဖြစ်တည်နေသည့် ရေခဲခိုကြီး ဖြစ်သည်။ အတွင်းပိုင်းက အလွန်မဲမှောင် နေလေပြီး နှင်းကျားသစ်တောင်၏ အတွင်းပိုင်သို့ တောက်လျှောက် ဖြန့်ကျက်ထားသည့် လမ်းကြောင်းကြီး ရှိကြောင်းကို မြင်ရနိုင်သည်။
“ဟစ်”
“ဒီမှာ ဒီလိုနေရာမျိုးက တကယ် ရှိနေတာပဲ”
“တကယ်ကြီးလား”
သုံးယွဲ့ကပင် မျက်လုံး ပြူးသွားပြီး ရှေ့သို့ ခြေလှည်းအနည်းငယ် လှမ်းလိုက်သည်။ ထို့နောက် သဘာဝ ရေခဲခိုကြီးကို မော့ကြည့်သည်။
“ဒီလိုနေရာမျိုးကို ရှာတွေ့နိုင်တာက တကယ်အံ့သြဖို့ ကောင်းတယ်”
ဖြစ်နိုင်တာက...
ရုတ်တရက် သူမသည် နှင်းတောင်ရွာသားများ၏ မျက်နှာထားကို ကြည့်လိုက်ပြီး သူမ၏ အမူအယာက ရပ်တန့်သွားသည်။
ဒီတစ်ကြိမ်တွင် ရွာသူကြီးအိုက်က ရှေ့ဆုံးတွင် ရပ်နေရာမှ သူ၏မျက်နှာတွင် မျက်ရည်များ ပြည့်နှက်နေပြီ ဖြစ်သည်။ ရွာထဲမှ လူငယ်များကပင် မျက်ရည်များကို သုတ်နေကြသည်။
အလုံးအရင်းနှင့် မျိုးတုန်းပျောက်ကွယ်သွားသည့် အတောအတွင်း ဒီတစ်ရွာလုံးက သဘာဝကပ်ဘေးမှ လွှတ်မြှောက်အောင် ပုန်းနိုင်ခဲ့သည်မှာ ဒီရေခဲဂူကြောင့် ဖြစ်သည်။
သုံးယွဲ့ပင် စိတ်ထဲမှ သံသယအပြည့်နှင့် အတူ စက်၏အချက်ပြ စနစ်ကို ကြည့်လိုက်သည်။ ထို့နောက် အရှေ့မှ ဆုပိုင်၏နောက်ကိုလိုက်ရင်း ရေခဲဂူကို တစ်လှမ်းချင်းဆီ ဝင်သည်။
လူတိုင်းကလည်း မဲမှောင်နေသော ဂူထဲကို တစ်လှမ်းချင်းဆီ ဝင်လိုက်ကြသည်။ Mobile phone၏ မီးအလင်းရောင်အောက်တွင် ဂူတစ်ခုလုံးက အခြားသော လောကတစ်ခုအလား ပေါ်ပေါက်လာသည်။ နေရာတိုင်းတွင် သလင်းရေခဲ ပုံဆောင်ခဲများကို မြင်နိုင်သည်။ မြေပြင်ကလည်း မှန်အလား ချောမွှေ့နေသည်။
ရေခဲဂူထဲသို့ ဝင်ရောက်သွားပြီးနောက် ဆုပိုင်က မော့လျှက် တစ်ချက် လှည့်ကြည့်လိုက်သည်။ သူ မြင်နေရသော အလင်းရောင်ကြောင့် သူမြင်နေရသော နေရာများတွင် လူသားများ အသုံးပြုသည့် မီးဖိုချောင်သုံး အသုံးဆောင် ပစ္စည်းများကိုပင် မြင်ရသည်။ ထိုအခြေအနေက ဆုပိုင်ကို အံ့သြစေသည်။
သို့ရာတွင် ထိုအခြေအနေကြောင့်လည်း နှင်းတောင်တန်းမှ လူများက အလုံးအရင်းနဲ့ မျိုးတုန်း ပျောက်ကွယ် သွားသည့် ကာလ အတောအတွင်း ရေခဲ့ဂူထဲတွင် နေထိုင်ရင်း ရှင်သန်ကျန်ရစ် နိုင်ခဲ့ကြောင်း သိသာသည်။