အခန်း (၂၄၄-၂၄၆)
Vol. 17 Ch. 244-246
++++++ 244 01
အခန်း 244
“အား”
ရုတ်တရက် အနောက်ဖက်မှ ၃ယောက်က တအံ့တသြ အော်ရင်း အဝေးရှိ ရေခဲ့ပုံဆောင်ခဲများကို လက်ညိုးထိုးကာ တုန်ရင်စွာ ပြောသည်။
“အဲဒီ အဲ့ဒီထဲမှာ အဲဒီထဲမှာ တစ်ခုခုရှိနေတယ်”
ဆုပိုင်က ခပ်မြန်မြန် မော့ကြည့်လိုက်သည်။
“ဟစ်”
အတွင်းရှိ အရာကို ရှင်းရှင်းလင်းလင်း မြင်ရပြီးနောက်တွင် သူကိုယ်တိုင်ကပင် ပင့်သက် ရှိုက်လိုက်မိသည်။
သူ၏ အရှေ့ဖက်တွင် ရေခဲပုံဆောင်ခဲ ၁၀ခုကျော် ရှိနေပြီး တစ်ခုချင်းဆီ အတွင်းပိုင်းတွင် နှင်းတောင်တန်းအဖွဲ့ဝင် တစ်ယောက်ဆီခန့် ရှိနေသည်။
ထို့နောက်...
အံ့အားသင့်စရာ အကောင်းဆုံး အပိုင်းကမူ ထိုရေခဲ ပုံဆောင်ခဲများ အနောက်ဖက် ရေခဲနံရံများ အတွင်းတွင်လည်း အသက်ဝင်လွန်းသော အရွယ်ရောက်ပြီးသား နှင်းကျားသစ်တစ်ကောင်က ခဲလျှက် ရှိနေသည်။
ဘေးဖက်တွင်...
မရေတွက်နိုင်သော လူသားအလောင်းများက လဲလျှက် တည်ရှိနေသည်။ ထို့အပြင် နှင်းကျားသစ်၏ မျက်လုံးထဲတွင် တွန့်ဆုတ်မှုများကို မြင်နိုင်သည်။
“ဝူး”
ထိုအချိန်တွင် ရွာသူကြီးအိုက်က သူ၏တုန်ရင်နေသော လက်များကို ဆန့်ထုတ်ပြီး အရှေ့ဘက်ရှိ ရေခဲနံရံကို အသာထိတွေ့ကာ အော်ငိုလေသည်။
“ဒါကြောင့်လည်း ငါတို့တွေ ဘာလို့...နှင်းတောင်တန်းအဖွဲ့က ရှင်သန်နိုင်ခဲ့လဲဆိုတာက ဒါကြောင့်ပဲ”
သူသည် လူတိုင်းကို စကား ပြောနေသည်နှင့် တူသည်။ သို့သော် သူ့ကိုယ်သူ ရေရွတ် နေသည်နှင့်လည်း တူနေပေသည်။ ရေခဲဂူအတွင်းရှိ မည်သူကမျှလည်း အသံမထွက်ကြချေ။ ရွာသူကြီး အိုက်၏ အသံကသာ လူတိုင်း၏ နားထဲသို့ ညှင်သာစွာ ဝင်ရောက်လာသည်။
“အထဲမှာ ခဲနေတာက ငါတို့နှင်းတောင်တန်းအဖွဲ့ရဲ့ အဲဒီနေ့က သေဆုံးသွားခဲ့တဲ့ ဘိုးဘေးတွေပဲ။ သူတို့က ဒီနေ့အထိ ရှိနေကြတယ်”
“အဲဒီအချိန်က...”
“ဒီနေရာကို ဦးဆောင် ခေါ်လာပေးခဲ့တဲ့ နှင်းကျားသစ်က သူပဲ။ နောက်ပြီး...”
ရွာသူကြီး အိုက်က တဖြည်းဖြည်းချင်းဆီ နောက်လှည့်လျှက် သူ၏အရှေ့မှ နှင်းကျားသစ်ကို ကြည့်ကာ အသက်ပြင်းပြင်း ရှူသည်။
ခွက်
သူသည် မြေပြင်တွင် ဒူးထောက် လိုက်ပြန်သည်။ ထို့နောက် လေးစားစွာ ဂါဝရ ပြုပြန်သည်။
“မြန်မြန်ထ။ မြန်မြန်ထပါ”
ဆုပိုင်က အနားသို့သွားပြီး ကူညီထူမ ပေးသည်။
“ငါတို့ရဲ့ ဘိုးဘေးတွေ ရှင်သန်နိုင်ခဲ့တာက နှင်းကျားသစ်ကိုပဲ ကျေးဇူးတင်ရမှာ”
ရွာသူကြီးအိုက်က မျက်ရည်များကို သုတ်ပြီး လေးနက်သော လေသံနှင့် ပြောသည်။
“အလုံးအရင်းနဲ့ မျိုးတုန်း ပျောက်ကွယ်မှု မတိုင်ခင်က နှင်းကျားသစ်တွေကို နှင်းတောင်တန်းတွေမှာ တွေ့နေကျပဲ။ အဲဒီနောက် ဘယ်အချိန်က စသလဲတော့ မသိပါဘူး။ အမဲလိုက်သမားတွေကလည်း ပိုပိုပြီး များလာတယ်။ ဒီမုဆိုးတွေက ဒီသတ္တဝါတွေကို အမဲလိုက်ဖို့ နှင်းတောင်တန်းထဲကို စဝင်ကြတယ်”
“အဲဒီအချိန်က အဖွဲ့ခေါင်းဆောင်ရဲ့ ဦးဆောင်မှုအောက်မှာ ငါတို့က အစိုးရကို တင်ပြပြီး နှင်းတောင်တန်းတစ်ခုလုံးကို ပိတ်ဖို့ တင်သွင်းခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ရွာကလည်း တောင်တန်းတွေကို ဝင်လာတဲ့ မုဆိုးတိုင်းကို မောင်းထုတ်ခဲ့တယ်”
“အဲဒီနောက် အချိန်တစ်ခုက စပြီး နှင်းကျားသစ်က ရွာသားတွေကို တဖြည်းဖြည်းချင်း လက်ခံ နိုင်လာတယ်။ သူတို့ရဲ့ အဖော်အဖြစ်တောင် ခွင့်ပြုလာတယ်”
“ဒါပေမဲ့ အချိန်ကောင်းတွေက ကြာရှည် မခံပါဘူး။ မုဆိုးတွေကို မမောင်းထုတ် နိုင်ခဲ့ပေမဲ့လည်း အလုံးအရင်းနဲ့ မျိုးတုန်းပျောက်ကွယ်တဲ့ ကာလက ရောက်ရှိလာတုန်းပဲ”
သူကြီးက ဘေးဖက်သို့ လှည့်ပြီး ရေခဲများအကြားတွင် ခဲလျှက်ရှိနေသည့် နှင်းကျားသစ်ကို ညှင်သာစွာ ပွတ်သတ်လိုက်ရင်း တရှုံ့ရှုံ့ ငိုကာပြောသည်။
“ဒီနှင်းကျားသစ်က အဖွဲ့ဝင်တွေ အားလုံးကို ခေါ်ပြီး ဒီနေရာကို အလျှင်စလို ပြေးလာခဲ့တာ”
“ဒါပေမဲ့”
“ဒါပေမဲ့ အလုံးအရင်းနဲ့ မျိုးတုန်းပျောက်ကွယ်တဲ့ လက္ခဏာမျိုး မရှိဘူးဆိုပေမဲ့လည်း ဒီနေရာမှာ ရက်အနည်းငယ်လောက် ပိတ်မိပြီးတဲ့နောက်မှာ လူတိုင်းက ဆက်လက်ပြီး မတောင့်ခံ နိုင်ကြတော့ဘူး”
244 02
“ဒီနေရာမှာ ရေမပြတ်လပ်ပေမဲ့လည်း တစ်ရွာလုံးစားဖို့ စားစရာ မလုံလောက်ဘူး”
“အဖွဲ့ဝင်အချို့က အဲ့ဒီအချိန်ကနေ စပြီးသေဆုံးတော့တာပဲ။ သူတို့က ငတ်သေ ကြတာ”
“အရင်ကဆိုရင် ငါ ဒီနေရာမှာ ရပ်ပြီး ငါ့အဖေက ဒီပုံပြင်တွေ ပြောပြတာကို နားထောင်ခဲ့ရတယ်။ ငါ အဲဒီအချိန်က နားမလည်ခဲ့ဘူး။ ဒါပေမဲ့ အခု ငါ အိုလာပြီ။ သူတို့တွေ အကြောင်းကို ပြန်တွေးနိုင်ပြီ။ ဒါကြောင့် ငါ နားလည်နိုင်ပြီ” ဆုပိုင်ကလည်း သဘောတူညီမှု အပြည့်နှင့် ခေါင်းညိတ်သည်။
မရေမတွက်နိုင်သော လူပေါင်းများစွာက ယခုလို အေးစက်လွန်းသော နေရာတွင် ပုန်းအောင်းနေပြီး စားစရာမရှိဘဲ ပိန်းပိတ်အောင် မဲမှောင်မှုကို ရင်ဆိုင်နေရသည့် အခြေအနေကို နားလည်၍ ရသည်။ အတွင်းပိုင်း မုန်တိုင်းက ပို၍ပြင်းထန်သည်။
“အဲ့ဒီနောက် သူတို့ တစ်လလုံးလုံး ဘယ်လိုများ ရှင်သန်နိုင်ခဲ့တာလဲ”
သုံးယွဲ့က သူ၏ အေးစက်နေသော လက်ဖဝါးများကို ပွတ်ရင်း ခပ်မြန်မြန် မေးသည်။
သူတို့သည် ရေခဲဂူထဲသို့ ရောက်သည်မှာ ၁၀မိနစ်ကျော်သာ ကြာသေးသော်လည်း သူတို့၏ လက်များကမူ အေးစက်လွန်းသဖြင့် ထုံထိုင်းလာပြီ ဖြစ်သည်။ ထို့ကြောင့် ထိုအချိန်က ထိုလူများ အသက်ရှင်ရန် အလို့ငှာ မည်မျှသော နာကျင်မှုများကို ခံစားခဲ့ရကြောင့် သိနိုင်သည်။
ဒါက အအေးဒဏ်တင် မဟုတ်ဘူး။ အထီးကျန်ဆန်မှု၊ စိုးရိမ်စိတ်နဲ့ ဆာလောင်မှုတွေလည်း ပါတယ်။ ရွာသူကြီးအိုက်က သူမကို တစ်ချက်ကြည့်ပြီး သက်ပြင်းချကာ လူတိုင်းကို ဆက်ပြောပြသည်။
“၁၀ရက် မြှောက်နေမှာ အဖွဲ့ခေါင်းဆောင်က စားစရာရှာဖို့ အပြင်ထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ အပြင်ဖက်မှာ သဘာဝ ကပ်ဘေးတွေက ရှိနေတုန်းပဲ။ မြေငလျှင် လှုပ်နေတာတင် မကသေးဘူး။ ပြင်းထန်တဲ့ နှင်းမုန်တိုင်းတွေကပါ ရှိသေးတယ်။ ဒါကြောင့် ဒီဂူဝင်ပေါက် တစ်ခုလုံးက မြှုပ်သွားတယ်”
“အဲဒီနောက် ဒီအချိန်မှာ ဂူထဲမှာရှိနေတဲ့ နှင်းကျားသစ် ၁၀ကောင် ကျော်လောက်က ထရပ်ပြီး ဂူဝင်ပေါက်ဆီကို အပြေးသွားတော့တာပဲ။ ပထမဆုံးရက်မှာတော့ သူတို့ ဘာစားစရာမှ မရှာနိုင်ခဲ့ဘူး။ အဲ့ဒီနောက် စိတ်ဓာတ်ကျပြီး ပြန်လာခဲ့ကြတယ်”
“ဒါပေမဲ့ ဒုတိယရက်က စပြီး သူတို့တွေ ဆုတ်ပြဲနေတဲ့ တိရစ္ဆာန် အလောင်းတစ်ခုစီနဲ့ ပြန်လာခဲ့ကြတယ်”
ရွာသူကြီး အိုက်က အသက်ပြင်းပြင်း ရှူသည်။ သူ၏ မျက်လုံးတွင် ပြည့်နှက်နေသော မျက်ရည်များကြောင့် မြင်နိုင်စွမ်းအားကပင် ဝေဝါးလာသည်။ သူသည် လေသံကို တိုးကာ ပြောသည်။
“အဲဒီ အချိန်က နှင်းကျားသစ်တွေ သယ်လာပေးတဲ့ အကောင်ငယ်လေးတွေရဲ့ အသွေးအသားတွေကို မှီခိုပြီး ကျန်တဲ့သူတွေက အသက်ရှင်နိုင်ခဲ့တာပဲ”
“ဒါပေမဲ့”
ရုတ်တရက် ရွာသူကြီးအိုက်က အသံကို မြင့်ပြီး ဆူးရှစွာ အော်သည်။
“ဘာလို့ အဲဒီအချိန်က ဘယ်သူကမှ သတိ မထားမိခဲ့ကြတာလဲ။ နှင်းကျားသစ်တွေ တစ်ကြိမ် ထွက်သွားပြီးတဲ့နောက်မှာ ပြန်လာတဲ့အချိန်တိုင်းလိုလို တစ်ကောင် လျော့နေလေ့ရှိတယ်”
“ဒါက”
ဆုပိုင်၏ မျက်လုံးက ချက်ချင်းလိုလို ပြူးကျယ်သွားပြီး ရေခဲ့ဂူနေရာရှိ နှင်းကျားသစ်ကို မယုံနိုင်သလို ကြည့်သည်။
ဘယ်လို ဖြစ်နိုင်မှာလဲ။
ရွာသူကြီးအိုက် ပြောသောစကားကသာ မှန်ကန်နေခဲ့သော် ထိုနှင်းကျားသစ်များသည် အစာသွားရှာခဲ့ခြင်း မဟုတ်လေဘဲ အဖော်တစ်ယောက်ကို ရွေးထုတ်ခဲ့ခြင်း ဖြစ်သည်။ ဒီနည်းအားဖြင့် ထိုအကောင်ကို သတ်ဖြတ်ပစ်ပြီး ဖမ်းယူခဲ့သော သားကောင်အသွင် ပြောင်းလျှက် သယ်လာခဲ့ခြင်း ဖြစ်လောက်သည်။
“အဲဒီလိုလား ရွာသူကြီး။ ရွာသူကြီး အရင်က တစ်ခါမှ မပြောခဲ့ဘူး။ နှင်းကျားသစ်က ငါတို့ရဲ့ ဘိုးဘေးတွေကို ကယ်ခဲ့တယ်ပဲ ပြောတာ။ ဒါပေမဲ့...”
“ဘယ်လို ဖြစ်နိုင်မှာလဲ။ လူတိုင်းကို ကယ်ဖို့အတွက်နဲ့ သူတို့က သူတို့အချင်းချင်း စတေးကြတယ်။ နောက်ပြီး တစ်ရွာလုံးက စားတာကို ခံကြတယ်ပေါ့။ ဒါက”
လူတိုင်းက အလန့်တကြား ခေါင်းမော့လျှက် ရေခဲနံရံအတွင်းမှ ပုံရိပ်ကို ကြည့်ကြသည်။
နှင်းတောင်တန်းရွာက လူများကပင် ထိုအချိန်က သူတို့ အသက်ရှင်နိုင်ခဲ့သည့် အကြောင်းပြချက်ကို မသိခဲ့ကြပေ။
“ဟုတ်တယ်”
ရွာသူကြီးအိုက်က မျက်ရည်များကို သုတ်ပြီး ခံစားချက်အပြည့်နှင့် ပြောသည်။
“နှင်းကျားသစ်တွေရဲ့ အရေအတွက်က နည်းသည်ထက် နည်းလာတဲ့အချိန် မတိုင်ခင်အထိ အဖွဲ့ခေါင်းဆောင်က သတိမထားမိခဲ့ဘူး။ အရေအတွက်် တော်တော် နည်းသွားတော့မှ သတိထားခဲ့မိတာ။ ဒါပေမဲ့ အပြင်ဘက်မှာ သဘာဝကပ်ဘေးကလည်း ပြီးဆုံးခါနီး လုနီးပါး ဖြစ်နေပြီ”
244 03
“သေဆုံးနေကျတဲ့ မြောက်မြားတဲ့ အဖွဲ့သားတွေကို ကြည့်ပြီး အဖွဲ့ခေါင်းဆောင်ကလည်း”
“ဒါက အရမ်းရက်စက်တယ်ဆိုတာ သူ သိပေမဲ့ သူ့ရဲ့ ခန့်မှန်းချက်ကို အများသိအောင် မလုပ်ရဲခဲ့ဘူး”
“အပြင်ဖက်မှာ နေထွက်လာပြီး သဘာဝကပ်ဘေးက အဆုံးသတ်သွားလို့ တစ်ဖွဲ့လုံး ကယ်ဆယ်ခံရပြီးမှ သူက ထုတ်ပြောဖို့ ကြံစည်ခဲ့ပေမဲ့ နှင်းကျားသစ်တွေအားလုံးက ရုတ်တရက် သေကုန်ကြတယ်”
“ငါ့ရဲ့ အနောက်က တစ်ကောင်ကတော့ ငတ်သေတာ”
“သူ့ရဲ့ ဘေးဖက်ကလူက အဲဒီအချိန်က အဖွဲ့ခေါင်းဆောင်ပေါ့။ သူက ယူကြုံးမရဖြစ်လွန်းလို့ နှင်းကျားသစ်နဲ့ အတူ ရေခဲထဲမှာ အမြှုပ်ခံခဲ့တယ်”
“သူတို့ရဲ့ အလောင်းကို သုံးပြီး အဖွဲ့သားတွေကို ရှင်သန်နိုင်အောင် လုပ်ပေးခဲ့တဲ့ နှင်းကျားသစ်တွေက ငါတို့ကို ဒီလိုကူ ညီခဲ့တယ်ဆိုတာက တစ်ချိန်က ရွာသားတွေက အဲဒီမုဆိုးတွေကို မောင်းထုတ်ပေးခဲ့တာကြောင့်ပဲ”
“ဒါကြောင့် နှင်းတောင်တန်း အဖွဲ့တစ်ခုလုံးက နှင်းကျားသစ်ကို ကိုးကွယ် ပူဇော်ကြတယ်။ ဒါပေမဲ့ ဒီလို အလုံးအရင်းနဲ့ မျိုးတုန်း ပျောက်ကွယ်သွားပြီးတဲ့ နောက်မှာ တိရစ္ဆာန်တွေ အားလုံးက ပျောက်ကွယ် သွားတယ်။ငါတို့က ဒီကြင်နာမှုကို ပြန်ပေးဆပ်ဖို့ နည်းလမ်း မရှိခဲ့ဘူး”
“ကံကောင်းတာက ဒါရိုက်တာဆုပိုင်က တိရစ္ဆာန်တွေကို ပြန်လည်ကယ်ဆယ် ပေးနေတယ်။ အဲဒီထဲမှာ နှင်းကျားသစ်လည်း ပါလာတယ်။ အဲဒီလိုမှ မဟုတ်ရင်”
သူဟာ တတွတ်တွတ် ပြောသောအခါ ရွာလူကြီးအိုက်က အော်ဟစ်ငိုယို နေပြီးသား ဖြစ်သည်။
“ဝူး ဝူး အဖိုး ငါ နားလည်ပြီ”
“ငါတို့တွေ ဒီကြင်နာမှုကို ဆက်ပြီး လက်ဆင့် ကမ်းပေးရမယ်။ ငါတို့ရဲ့ နှင်းတောင်တန်းအဖွဲ့က ဆက်ပြီး တည်ရှိနေဦးသမျှ နှင်းကျားသစ်တွေကို ဘယ်သူကိုမှ ထိခိုက်အောင် လုပ်ခွင့်ပြုလို့ မရဘူး”
“ဟုတ်တယ်။ ဟုတ်တယ်။ နှင်းကျားသစ်တွေတင် မကပါဘူး။ ငါတို့ရဲ့ နှင်းတောင်တန်းအဖွဲ့က ဒါရိုက်တာဆုပိုင်လိုမျိုး ကယ်ဆယ် ခံထားရတဲ့ တိရစ္ဆာန်တွေအားလုံးကို ကာကွယ်ပေးသင့်တယ်။ သူတို့အားလုံးက ငါတို့အားလုံးရဲ့ အစစ်အမှန် မိတ်ဆွေတွေပဲ”
နှင်းတောင်တန်းအဖွဲ့မှ ရွာသားတစ်ဖွဲ့လုံးက တရှုံရှုံ့ငိုရင်း အော်ငိုနေကြသည်။
သုံးယွဲ့ကပင် နောက်မှ Camera menကို ကြည့်သောအခါ သူကိုယ်တိုင်ပင် ငိုနေကြောင်း မြင်လိုက်ရသည်။ သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့ရင်း မျက်ဝန်းထောင့်မှ မျက်ရည်များကို သုတ်ကာ Cameraကို ကြည့်ပြီး ပြောလိုက်သည်။
“လူတိုင်းက ပုံပြင်ကို ကြားပြီးကြပြီလို့ ယုံကြည်တယ်။ ဒါက ဘယ်လောက်တောင် အရမ်းခံလိုက်ရပြီး ရင်ကွဲ စေလောက်သလဲ”
“ဒါပေမဲ့ ကံကောင်းတာက တိရစ္ဆာန်တွေကို ပြန်ကယ်နိုင်နေပြီ”
“ဒါရိုက်တာ ဆုပိုင် ပြောသွားသလိုမျိုးပဲ။ တိရစ္ဆာန်တွေက ငါတို့ရဲ့ အမြဲတမ်း မိတ်ဆွေဖြစ်နေမှာ။ ကောင်းကင်ပြာ တိရစ္ဆာန်ရုံမှာ ကိစ္စတွေ အများကြီး ဖြစ်ပျက်သွားတဲ့ နောက်မှ လူတိုင်းကလည်း ဒီအခြေအနေကို နက်နက်ရှိုင်းရှိုင်း နားလည် သဘောပေါက်နေမယ်လို့ ယုံကြည်တယ်”
“တိရစ္ဆာန်တွေက လူသားတွေကို ကူညီပေးတယ်။ သူတို့ရဲ့ အသက်ကို ရင်းရတာတောင်မှပေါ့”
“ဒါက ငါတို့တွေ သူတို့တွေကို မိတ်ဆွေလို ဆက်ဆံဖို့ လုံလောက်နေသင့်ပြီ မဟုတ်လား”
“ဒီနေ့ ရိုက်ကူးမှုက ရုတ်တရက် ဖြစ်သွားတဲ့ အတွက်ကြောင့် ဒီshowကို ဒီနေရာမှာပဲ ရပ်တန့်လိုက်တော့မယ်။ ဒါပေမဲ့ နှင်းတောင်တန်းအဖွဲ့က ငါတို့ကို ပြောပြတဲ့ ဒီပုံပြင်က သဘာဝရဲ့ စိတ်ဝိဉာဥ်ကို ခံစားမိနိုင်သလို လူတိုင်းကိုလည်း ခံစားချက်ကို ပြည့်ဝစေမယ်လို့ ယုံကြည်တယ်။ ဒါကြောင့် သူတို့ကို အမှန်တကယ် ကောင်းချင်ချင် မကောင်းချင်ချင် ကပ်ဘေးကာလ အချိန်တွေမှာ ပိုပြီး သုံးသပ်ပြီး နေကြဖို့ မျှော်လင့်တယ်”
“အားလုံးပဲ နှုတ်ဆက်ပါတယ်”
“သွားရအောင်”
ဆုပိုင်က ခေါင်းကို လှည့်လျှက် နှင်းကျားသစ်၏ အမွှေးကို ပွတ်ပြီး အနောက်သို့ လှည့်ကာ ဂူပေါက်ဝသို့ ပြန်ထွက်သည်။
သူ အချိန်ခရီးသွား၍ ရောက်လာခြင်း မရှိခင်က တိရစ္ဆာန်များက လူသားများကို ကယ်ဆယ်သည့် ကိစ္စများက ပုံပြင်များစွာ ရှိခဲ့ဖူးသည်။ သို့သော် ထို့သို့ ဖြစ်နေခဲ့သည့်တိုင်အောင် တိရစ္ဆာန်များကို ထိခိုက်အောင်လုပ်သည့် လူသားများ၏ နှလုံးသားကို မလှုံ့ဆော်နိုင်သေးချေ။ သို့ရာတွင် ဒီလောကတွင်မူ ကျေးဇူးမသိတက်သော အပြုအမူများက ဘယ်သောအခါမှ ပြန်ဖြစ်ခွင့် ပြု၍ မရတော့ချေ။
သို့မဟုတ်လျှင် ကိစ္စအားလုံး ပြီးဆုံးသွားသည်နှင့် အနှေးနဲ့ အမြန်လို တိရစ္ဆာန်များက ဆက်လက်ပြီး မျိုးတုန်းပျောက်ကွယ် သွားပေလိမ့်မည်။
.....
++++++ 245 01
အခန်း 245
ရုတ်တရက် ကောင်းကင်ပြာ တိရစ္ဆာန်ရုံတွင် ဆုပိုင်သည် ရုံးခန်းအဝတွင် ရပ်လျှက် မြက်ခင်းများပေါ်တွင် လမ်းလျှောက်နေသော နှင်းကျားသစ်အပေါ် ခုန်တက်နေသည့် ပန်ဒါကြီးကို ကြည့်လိုက်သည်။
သူတို့သည် နှင်းတောင်တန်းဒေသမှ ပြန်ရောက်လာခဲ့သည်မှာ တစ်ရက်ခန့် ကြာသွားလေပြီ။ ထို့နောက် နှင်းကျားသစ်က တိရစ္ဆာန်ရုံ ရောက်လာသောအခါ ဆုပိုင်သည်လည်း ထိုအကောင်၏ စိတ်နေသဘောထားဟာ အလွန်ရိုးသားလွန်းကြောင်း တွေ့လိုက်ရသည်။
တိရစ္ဆာန်ရုံတစ်ခုလုံးတွင် တပိုင်ကသာ သူ သိသောသူ ဖြစ်သည်။ ထို့ကြောင့် သူ ပြန်လာပြီး အချိန်ကတည်းက တပိုင်၏ နောက်သို့သာ ဆက်တိုက် လိုက်နေလေသည်။
“ဝူး”
“ညီလေး ငါ ကြွားဝါနေတာ မဟုတ်ဘူးနော်။ ဒီနေရာမှာ ငါ့ရဲ့စကားက သက်ရောက်မှု အရှိဆုံးပဲ”
“မင်း ငါ့ရဲ့ အင်အားကို သိပါတယ်”
“မင်း ငါ့ကို မယုံကြည် လောက်အောင် မေးတာ”
တပိုင်က သူ၏ခက်တိုတို ခြေထောက်လေးများကို သုံးပြီး ရှေ့သို့ လျှောက်သွားပြီး နောက်သို့ ပြန်လှည့်ကြည့်ကာ မကြာခဏ ဆိုသလို အော်ပြောနေသည်။
သူ၏ ဘေးဖက်တွင် ရှိသော ပိုလာဝက်ဝံလေးကလည်း အလျှင်စလို ပြေးလိုက်လာပြီး ဆက်တိုက်ဆိုသလို ခေါင်းညိတ်ပြသည်။
“ဟုတ်တယ်။ ဟုတ်တယ်။ ပါးပါးပိုင်က တိရစ္ဆာန်ရုံထဲမှာ အင်အား အကြီးဆုံးပဲ တစ်ယောက်ကလွဲ...”
“ဘယ်တစ်ယောက်ကို လွဲရမှာလဲ”
ထိုစကားကို ကြားသောအခါ တပိုင်က အေးဆက်သော မျက်နှာနဲ့ စကားကို ဖြတ်ပြောသည်။
“ဒါပေမဲ့ တိရစ္ဆာန်ရုံထဲမှာ စည်းကမ်းတွေတော့ ရှိတယ်။ ငါ ဒီနေ့ မင်းကို ရှင်းပြပေးမယ်။ မင်း မသွားသင့်တဲ့ တချို့နေရာတွေ ရှိတယ်”
“ဥပမာ အနေနဲ့ ဟိုဖက်ဝက်ခြံပေါ့။ ဒါတွေက ရတနာတွေ။ သူတို့တွေက မင်းရဲ့အနာဂါတ် စားစရာတွေ ဖြစ်မှာ”
“ဒါပေမဲ့ မင်း ဟိုဖက်က အဖြူအမဲ အမွှေးတွေနဲ့ အကောင်ကို တွေ့လား”
တပိုင်က ခေါင်းကိုခါပြီး ပျားတူဝက်တူခွေးတူကို လက်ညိုးထိုးကာ ပြောသည်။
“ဒီကောင်က တော်တော်လေးကို သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းရည်ကတော့ သာမှန်ပါပဲ။ သူက ငါ့ကိုတော့ မယှဥ်နိုင်ဘူး။ ဒါပေမဲ့ သူ့ရဲ့ စိတ်နေသဘောထားက တော်တော်လေးကို ပြင်းထန်လို့ သွားပြီး ရန်မစတာ ကောင်းတယ်”
သူဟာ လမ်းလျှောက်နေရင်း တိရစ္ဆာန် တစ်ကောင်ချင်းဆီတိုင်း၏ အခြေအနေကို အသေးစိတ် ရှင်းပြပေးနေသည်။
ဒါပေမဲ့ တပိုင်၏ အမြင်မှာတော့ ဘယ်တိရစ္ဆာန်ကမဆို သူ့ကို မယှဥ်နိုင်ဘူးပေါ့။
သူတို့သည် ထရက်နိုစောရက်ရပ်၏ ပိုင်နက်နယ်မြေသို့ ရောက်သွားသောအခါ တပိုင်က အသက်ပြင်းပြင်း ရှူပြီး ခပ်တိုးတိုး ပြောသည်။
“ဒီအကောင်က ငါတို့ရဲ့ တိရစ္ဆာန်ရုံက ဘယ်တော့မှ ရန်မစသင့်တဲ့ တည်ရှိမှုပဲ။ တကယ်လို့ ဒီကောင်ကို ရန်သွားစမိရင် ဒါရိုက်တာဆုပိုင်တောင်မှ ကယ်နိုင်မှာ မဟုတ်ဘူး”
“မင်း အဲဒီ အရူးကောင်ကို မြင်လား”
“မင်းသာ ဒိုင်နိုစောရက်ရပ်ကို သွားပြီး ရန်စရင် အဲဒီလို ဖြစ်လာလိမ့်မယ်”
နှင်းကျားသစ်က တွေးတွေးစစ မော့ကြည့်လိုက်သည်။
ထိုအခါ အဝေးရှိ သစ်ပင်တွင် တွဲလောင်း အဆွဲခံထားရသည့် သတ္တဝါတစ်ကောင်ကို မြင်လိုက်ရသည်။ ထိုအကောင်၏ အနက်ရောင်အမွှေးများ အပြည့်ရှိလေပြီး သူ၏နဖူးကို ဆက်တိုက် ရိုက်နေသည်။ မကြာခဏဆိုသလို ခပ်တိုးတိုးအော်သံကို ကြားရသေးသည်။
“ဝူး”
245 02
“ဟေ့ အစ်ကိုကြီး ပိုင် ကျေးဇူးပြုပြီး ငါ့ကို ကယ်ပါဦး”
အာဟက သူ၏ မျက်လုံးများကို မှေးကျဥ်းရင်း သွားပင် မပေါက်သေးသော်လည်း ပစ္စည်းများကို စတင် ဖြဲနိုင်ပြီဖြစ်သည့် ထရက်နိုစောရက်ရပ် အကောင်ပေါက်ကလေးကို ကြည့်လိုက်သည်။ သူသည် အဝေးရှိ တပိုင်ကို လှမ်းအော်လိုက်သည်။ သို့သော် ...
ထိုအကောင်များသည် ခေါင်းလှည့် ကြည့်ပြီးရုံနှင့် မည်သည့်မျက်နှာ အမူအရာကိုမျှ မပြလေဘဲ ချက်ချင်းလိုလို ထွက်ပြေးသွားကြသည်။ အာဟက အံကို ကြိတ်သည်။
ခွေးရဲ့ ဘဝက ခက်လိုက်တာ။
မဟုတ်သေးပါဘူး။ ဖိနပ်လျက်တဲ့ ဘဝက တအားခက်တယ်လို့ ပြောရမယ်။ အဆုံးသတ်တွင် သူ့တွင် ဘာကိုမှ မချန်တော့ချေ။ ထရက်နိုစောရက်ရပ်သည် တိရစ္ဆာန်ရုံထဲတွင် ဒေါသအကြီးဆုံး သတ္တဝါ ဖြစ်လာရုံသာ မကသေးလေဘဲ ဒါရိုက်တာဆုပိုင်ကလည်း ထရက်နိုစောရက်ရပ် အသေးလေး ကစားရန် အလို့ငှာ သူ့ကိုဒီနေရာတွင် ကြိုးချည် ပေးထားသည်။
ဒီခွေးမှာ အခွင့်ရေးများ မရှိတော့ဘူးလား။
“ဝုတ်”
“ဘယ်ကို လာကိုက်နေတာလဲ ကောင်လေး”
ရုတ်တရက် အာဟ၏ မျက်နှာအမူအရာက အေးခဲသွားသည်။ သူသည် ပါးစပ်ကို ဖွင့်ပြီး သူ၏ခြေထောင်ကြားနေရာကို လာကိုက်သော ထရက်နိုစောရက်ရပ် အပေါက်လေးကို ကြည့်ကာ ဒေါသတကြီး အော်သည်။
“အား”
ထရက်နိုစောရက်ရပ်လေးက ပါးစပ်ကို ဟလျှက် သူ၏ သေးငယ်သော မျက်လုံးလေးများနဲ့ ရှေ့မှ အကောင်ကို ကြည့်သည်။ သို့သော် မကြောက်ပေ။
သူသည် မြေပြင်မှ တိုက်ရိုက် ခုန်လျှက် လေထဲမှ အကောင်ကို ဖြတ်ရိုက်လိုက်သည်။
“ဝုတ်”
ထို့နောက် သူသည် တွေ့ကရာ နေရာကို ကိုက်ပြီး အမွေးများကို စတင်ကာ ဖြဲပြန်သည်။
“ဝေါင်း”
“ဒါက တော်တော်လလေးကို နည်းလမ်းမကျဘူး။ ဒါက လူသတ်နေတာပဲ။ ကျေးဇူးပြုပြီး ကယ်ကြပါ”
အာဟက ဒေါသတကြီး အော်ဟစ်ရင်း မျက်လုံးကို ပိတ်လိုက်သည်။ သူသည် စိတ်ပျက် အားငယ် သွားသည်။
ဆုပိုင်က အဆင်ပြေနေပုံရသည့် ထိုအကောင်လေးများကို လှမ်းကြည့်လိုက်သည်။ ထို့နောက် စိတ်အေးစွာနှင့် ရုံးခန်းထဲသို့ ဝင်လိုက်သည်။
ဒီ huskyကို ထိန်းနိုင်တာက ထရက်နိုစောရက်ရပ်ပဲ ဖြစ်မယ်။
ဆုပိုင်ကလည်း ထိုအကောင်ကို ထရက်နိုစောရက်ရပ်များနှင့် အတူထားရန် ဆုံးဖြတ်လိုက်သည်။ ထိုအကောင် ပစ္စည်းများကို ဖျက်ဆီးရာတွင် အလွန်တော်သည်။ ထရက်နိုစောရက်ရပ် အကောင်ပေါက်လေးက အနည်းငယ် အရွယ် ရောက်လာသောအခါ huskyကို သေချာပေါက် ခြောက်နိုင်ပေလိမ့်မည်။
စားပွဲတွင် ထိုင်နေရင်းနောက် ဆုပိုင်က အံဆွဲကို ဖွင့်လိုက်သည်။အတွင်းတွင် ပစ္စတို တစ်လက်ကရှိ နေသည်။
ထိုသေနတ်ကို သူသည် ကျိုးကျန်းဆီမှ ရလာခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်ထိ ဆုပိုင်သည် တိရစ္ဆာန်အပိုင်းအစ တာဝန်များကို သွားရောက် လုပ်ဆောင်သည့်အခါ လူသားများနှင့် အတူ ဖြေရှင်းရသည့် အလျောက် တိုက်ခိုက်မှုများဟာ သေချာပေါက် ရှိမည် ဖြစ်ကြောင်း နားလည်လာသည်။
ဒါကြောင့် လေးနှင့်မြှားတွေကိုပဲ သုံးနေရင် အဆင်မပြေ ဖြစ်မှာပဲ။
သူ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုဟာ အများကြီး တိုးတက်လာသော်လည်း သူ့အနေဖြင့် ထိုမုဆိုးများကို ယှဥ်ရာတွင် အားသာချက် အများကြီး မရှိသေးချေ။
သူသည် ထိုပစ္စတိုအား ကျောပိုးအိပ်ထဲသို့ ဖြည်းဖြည်းချင်းဆီ ထည့်လိုက်သည်။ ဆုပိုင်က စနစ်၏ ဇယားကို ဖွင့်၏။
ထိုတိရစ္ဆာန်များ ပို၍များပြားလာသည်နှင့်အမျှ စနစ်သည်လည်း လမ်းကြောင်းမှန်သို့ ရောက်သွားလေသည်။ နေ့စဥ် စီမံကိန်းများအတွက် လူကိုယ်တိုင် ထွက်ပြနေရန် မလိုအပ်တော့ချေ။
ထို့အပြင် ဆုပိုင်သည် တမင်တကာ ဖန်တီးထားသည့် မြင်ကွင်းလည်းရှိ သည်။ မည်သို့ပင်ဆိုစေသူသည် တရစ္ဆာန်အပိုင်းစ တာဝန်များကို ဆက်တိုက် လုပ်နေရသည့် အလျှောက် အမျိုးမျိုး တိရစ္ဆာန်များကို ကယ်ထုတ် လာနိုင်ပေလိမ့်မည်။ တိရစ္ဆာန်ရုံအတွင်းရှိ တိရစ္ဆာန်အမျိုးစားများသည် အမျိုးစုံ ဖြစ်နေချေသည်။ ပို၍ အရေးကြီးသည်မှာ တိရစ္ဆာန် အပိုင်းစတာဝန်တစ်ခုကို လုပ်ဆောင်ပြီးတဲ့ အချိန်တိုင်းလိုလို တိရစ္ဆာန်ရုံသို့ တိုက်ရိုက် ပြန်ရောက်လာခြင်း မရှိမည့် အခြေအနေမျိုးတွင် ရှိနေချေသည်။ ဒီနည်းအားဖြင့် တာဝန်ကို စရန်အတွက် အချိန်တွေ ပိုတိုးမြင့်လာလေ့ ရှိသည်။
245 03
ပို၍ဆိုးသည်မှာ နောက်ဆုံး နှင်းကျားသစ်ကို ကယ်ဆယ်သည့် တာဝန်အတောအတွင်း စိုးရိမ်စိတ် များလွန်းသောကြောင့် ကြက်ဥ၊ ဘဲဥ နှင့် ငန်းဥများကိုပင် ရှာချိန် မရှိခဲ့ပေ။
အသားစား သတ္တဝါများ မြောက်များသည်နှင့်အမျှ လယ်မြေကြွက်များကိုသာ ထိုင်စား၍ မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် ဥ ဥနိုင်သော တိရစ္ဆာန်များကို အမြန်ဆုံး ပြန်သယ် လာရပေမည်။
တိရစ္ဆာန်ရုံအတွင်း စိုးရိမ်စိတ်များ မရှိလျှင် သူသည်လည်း တိရစ္ဆာန်များကို ကယ်ဆယ်ရာတွင် ပို၍အားအင် စိုက်ထုတ် ထားနိုင်သည်။
[တိရစ္ဆာန်အပိုင်းအစ mall]
ကတုံးသိန်းငှက် အပိုင်းအစ: အံ့အားသင့်မှု အမှတ် သုံးသိန်းနဲ့ လဲလှယ်နိုင်ပါတယ်။
မြင်ကျား အပိုင်းအစ: အံ့အားသင့်မှု အမှတ် တစ်သိန်းနဲ့ လဲလှယ်နိုင်ပါတယ်။
လိပ်အပိုင်းအစ: အံ့အားသင့်မှု အမှတ် တစ်သိန်းနဲ့ လဲလှယ်နိုင်ပါတယ်။
ဒေါင်းအပိုင်းအစ: အံ့အားသင့်မှု အမှတ် တစ်သိန်းနဲ့ လဲလှယ်နိုင်ပါတယ်။
သစ်တောက်ငှက်အပိုင်းအစ: အံ့အားသင့်မှု အမှတ် တစ်သိန်းနဲ့ လဲလှယ်နိုင်ပါတယ်။
.....
ဒီတစ်ကြိမ်တွင် စနစ်က လေဘုရင်များကို ထက်ပြီးrefresh လုပ်ပေးပြန်သည်။
လေဘုရင်အိမ် mission သည် ကျရှုံးသွား ခဲ့သော်လည်း ယခုအချိန်တွင် ကောင်းကင်ပြာ တိရစ္ဆာန်ရုံအတွင်း လေဘုရင်အမျိုးအစား သားရဲ့ သုံးမျိုးသာ ရှိနေသေးသည်။ ပို၍ဆိုးသည်မှာ ထိုအကောင်များသည် တိရစ္ဆာန်ရုံအတွင်း အလွန်မင်း သိုသိပ်စွာနေကြပြီး ပေါ်ထွက်လာကြသည်။
“လေဘုရင် အမျိုးစား ၁၀မျိုး ပြည့်အောင် အမြန်ဆုံးစုစည်းရမယ်။ ဒီလိုမှ အဲ့ဒီလေဘုရင် အဆောက်အဦးကို တည်ဆောက်နိုင်မှာ။ ဆုပိုင်က တခဏခန့် တွေးတောပြီးနောက် ကတုံးသိန်းငှက် အပိုင်းအစကိုသာ လဲရန်ဆုံးဖြတ်ခဲ့သည်။
စနစ်သည် လေဘုရင်အိမ်ကို တိုက်ရိုက် တည်ဆောက်ပေးနိုင်ခြင်း မရှိသော်လည်း ဘေးဖက်ခြမ်းမှ လှည့်ပတ် ကြည့်၍ ရသေးချေသည်။ ထို့ကြောင့် စနစ်အတွင်းတွင် အကြီးဆုံး အဆောက်အဦးက ငှက်ကျွန်းဟု ခေါ်သည်။ သို့ရာတွင် ထိုအဆောက်အဦးကို ရရန်အတွက် ငှက်အမျိုးစား ၂၀၀ကျော်ကို ကယ်ဆယ်ပေးရန် လိုအပ်လေသည်။ ထိုအခြေအနေက ခရီးရှည်ကြီး ဖြစ်နေသေးသည်။ ထို့သို့ ကယ်ဆယ်ပြီးလျှင် ငှက်သားကောင်များကိုလည်း ငှက်ကျွန်းထဲတွင် ရှင်သန်နေထိုင်ခွင့် ပြု၍ရသည်။ ရိုးရှင်းသော အသိုက်ကိုလည်း ကိုယ့်ဘာသာကိုယ် ဆောက်နိုင်၏။
“စနစ် တာဝန်ကိုစ”
ဆုပိုင်က ရေငုံ့suleကို ကျောပိုးအိပ်ထဲသို့ ထိုးထည့်လိုက်သည်။ အရာအားလုံးကို ပြင်ဆင်ပြီးနောက် စနစ်ကိုပြောလိုက်သည်။
“တင် ကတုံးသိန်းငှက် အပိုင်းစ mission က စတင်ပါပြီ”
“ရေတွက်နေပါပြီ”
10
9
8...
++++++ 246 01
အခန်း 246
ဆုပိုင်က အပိုင်းစတာဝန်အတွင်းသို့ ဝင်ရောက်နေသည့် အခိုက်တန့်တွင် တရုတ်ပြည်၏ ရာထူးအမြင့်ဆုံး အစည်းအဝေး Cinda အတွင်းတွင်လည်း အရေးပါသော အစည်းဝေးတစ်ခုကိုလည်း ကျင်းပနေသည်။ အစည်းအဝေးကို တက်ရောက်သော သူများအားလုံးက ပတ်ဝန်းကျင်တို င်းပြည်များမှ အရေးပါသော ခေါင်းဆောင်များ ဖြစ်သည်။
ဘုန်း
“တိတ်တိတ်နေ”
ရုံလုံထိပ်ဆုံးနေရာတွင် ထိုင်ရင်း စားပွဲကို လှမ်းခေါက်လိုက်ကာ ခေါင်းကို လှည့်လျှက် သူ၏ဘေးဖက်ခြမ်းတွင် ထိုင်နေသည့် နမ်ကုန်းယွမ်က ခေါင်းကို ညိတ်ပြသည်။
“အဟမ်း”
နမ်ကုန်းယွမ်က တဖြည်းဖြည်းချင်းဆီ မတ်တပ် ထရပ်လိုက်ရင်း အနောက်ဖက်ရှိ စင်မြင့်ပေါ်သို့ တက်သွားကာ လူတိုင်းကို ပြုံးပြလျှက် ခပ်တိုးတိုး ပြောသည်။
“အားလုံးပဲ တိရစ္ဆာန်များ အပိုင်အိမ်လို့ခေါ်တဲ့ ဒီအစည်းဝေးပွဲကို လာတက်ရောက်ပေးတဲ့ အတွက် ကျေးဇူးအများကြီး တင်ပါတယ်”
“မင်းတို့ ဒီနေရာကို ရောက်နေပြီ ဆိုကတည်းက တရုတ်နိုင်ငံမှာ ဖြစ်နေတဲ့ အပြောင်းအလဲတွေကို နားလည် ပြီးလောက်ပြီလို့ ငါလည်း ယုံကြည်တယ်”
“လာလန်မင်ကြွက် အသားကို ယူလာခဲ့ကြ”
သူသည် အောက်ဖက်ရှိ လက်ထောက်ကို မျက်လုံး မှိတ်ပြလိုက်သည်။
သိပ်မကြာခင် ဝန်ထမ်းအဖွဲ့က ရွှေအိုရောင် သမ်းသည်အထိ ကင်ထားသော နူးညံ့သည့် အသားပန်းကန်ပြားများကို သယ်လာကြသည်။
“ဒါက တရုတ်ပြည်က အောင်အောင်မြင်မြင် ကယ်တင်နိုင်ပြီးတဲ့ မျိုးစိတ်တစ်ခုရဲ့အသားပဲ။ အလုံးအရင်းနဲ့ မွေးနိုင်တဲ့ အနေထားမျိုးမှာလည်း ရှိတယ်။ သူ့ရဲ့အသားက နူးညံ့ပြီး လတ်ဆတ်တယ်။ မင်းတို့ စားကြည့်လို့ ရတယ်”
တိုင်းပြည်ပေါင်းမြောက်များစွာမှ ရောက်လာသောလူများသည်လည်း အောက်ဖက်တွင် ထိုင်နေကြသည်။ သူတို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ ထို့နောက် ခေါင်းကို ငုံ့ရင်း ပန်းကန်ပြားထဲမှ အသားတစ်တုံးကို ကောက်ယူလျှက် ဖြဲကြည့်ကြသည်။
ထိုအခိုက် လူတိုင်း၏ မျက်ခွံအောက်တွင် မယုံကြည်နိုင်သော မျက်နှာထားမျိုးက ပေါ်လာသည်။ ထိုအသားသည် သူတို့ စားနေကျသော တုပထားသည့်အသားများနှင့် ခြားနားလွန်းသည်ဟု ပြောလျှင်ပင် ချဲ့ကားရာ မရောက်ချေ။ ဒီအသားအစစ်နှင့် ယှဥ်သော် တုပထားသော အသားများက အမှိုက်သာ ဖြစ်သည်။
ခရက်
ခရက်
ခရက်
သိပ်မကြာခင် အစည်းဝေးတစ်ခုလုံးက ဝါးစားသံများနှင့် ပြည့်နှက်သွားသည်။
“ဂလု”
တိုင်းပြည်တစ်ခုမှ လာသော သံတမန်တစ်ယောက်က အရိုးများကို အပိုင်းပိုင်းအခြားခြား ဖြစ်သည်အထိ ဝါးစားရင်း လက်ချောင်းများကို တွန့်ဆုတ်စွာ လျက်နေသည်။ ထို့နောက် အရှေ့မှ နန်ကုန်းယွမ်ကို လေးနက်စွာ ကြည့်လျှက် လေးနက်သော လေသံဖြင့်ပြောသည်။
“ ဒီအရသာရှိတဲ့ အသားကို ရအောင် ဘယ်လို လုပ်ရမှာလဲ”
“ ငါတို့ ဘယ်လို တန်ကြေးကိုမဆို ပေးမယ်။ ဘုရားရေ။ ငါဒီလောက် အရသာရှိတဲ့ အသားမျိုးကို တစ်ခါမှမစားဖူးဘူး။ သေစမ်း။ ငါ ပြန်သွားတဲ့အခါ အဲ့ဒီ တုပထားတဲ့အသားတွေကို စားနိုင်တော့မှာ မဟုတ်ဘူး”
“ ဟာဟား ငါတို့လည်း တူတူပဲ။ ငါတို့ ဒီအကောင်တွေကို ဝယ်ဖို့ ဘယ်လောက် ပေးရမလဲ”
“ ဟုတ်တယ်။ ဟုတ်တယ်။ မင်းတို့ တရုတ်တွေက ဒါတွေ ထုတ်လာပြီဆိုမှတော့ ရောင်းဖို့ မဟုတ်လား”
“ နောက်ထက် ထပ်ရှိသေးလား။ ငါ စားတာ တအားမြန်သွားလို့ အရသာ သိပ်မသိတာ။ ငါ့ကို နောက်ထပ် နည်းနည်းလောက်ပေးပါဦး”
246 02
နောက်ထပ် ခေါင်းဆောင်တစ်ယောက်က ထွက်လာပြီး လူတိုင်းက မော့ကြည့်ရင်း မေး၏။
ပြောရမည်ဆိုလျှင် သူတို့ အများစုသည်လည်း တရုတ်ပြည်ဟာ တိရစ္ဆာန် အမြောက်အများ ကယ်ဆယ်ပြီးကြောင်း သိထားသည်။ သို့သော် သိသည်က တစ်ဖက် ဖြစ်သော်လည်း တရုတ်ပြည်၏ အင်အားကို ကြောက်သည်က တစ်ဖက် ဖြစ်နေသည်။ ထို့အပြင်သူတို့သည် စောင့်ကြည့်လို သေး၏။ ဆီမဟာမိတ်၏ မတော်တဆမှုဟာ ပေါ်ပေါက်လာပြီးသည့် နောက်တွင် လူတိုင်းသည်လည်း သူတို့၏ အတွေးသေးသေးလေးများကို ဘေးဘက်သို့ လွှင့်ပစ်လိုက်ကြသည်။ တရုတ်ပြည်က ကယ်ဆယ်ပြီးသော တိရစ္ဆာန်များအပေါ်ထားသည့် အရေးပေးမှုဟာ သိသာစွာပင် ထူးခြားလွန်းသည်။ တိရစ္ဆာန် တစ်ကောင်အတွက်ကြောင့်နှင့် လူပေါင်းများစွာကို စုစည်းပြီး ဆီမဟာမိတ်၏ ကိုလိုစီယမ် နေရာကိုပင် သွားရောက် ဖျက်စီးခဲ့ကြသည်။
သို့ရာတွင် တိုင်းပြည်များသည်လည်း တရုတ်ပြည်သည် အနှေးနှင့် အမြန်ဆိုသလို ပို၍ များပြားသော တိရစ္ဆာန်များကို သားဖောက်လျှက် ပြည်ပသို့ ပို့ဆောင် ပေးနေသည် ဖြစ်ကြောင်းကို နားလည်ထားသည်။ မည်သို့ပင်ဆိုစေ တရုတ်နယ်မြေသည် ထိုမျှသာ ကြီးသည်။ တစ်ရက်တွင် တိရစ္ဆာန်များအားလုံး နေထိုင်ရန်အတွက် လုံလောက်နိုင်လိမ့်မည် မဟုတ်ချေ။ ထိုအတွက်ကြောင့် တရုတ်ပြည်၏ ဖိတ်ကြားမှုကို လက်ခံရရှိသော အခါ တိုင်းပြည်တိုင်းလိုလိုက အလွန်အလေးပေးလျှက် ပုဂ္ဂိုလ်ကြီးများကို လွှတ်ပြီး အပြေးအလွှား လာစေခဲ့ခြင်း ဖြစ်သည်။
“ ဟား ဟား,,, မစိုးရိမ်နဲ့”
နန်ကုန်းယွမ်က အောက်ဘက်ရှိ လူများ၏ စိုးရိမ်စိတ်ကြီးသော မျက်နှာထားများကို ကြည့်လျှက် အသာပြုံးလျှက် ပြောလိုက်သည်။
“ တရုတ်ပြည်က ဒီလို တိရစ္ဆာန်မျိုးတွေကို ရောင်းဖို့ မလိုဘူး”
“ ဒါပေမဲ့ ငါက မင်းတို့ကို ဒီနေရာကို ဖိတ်ခေါ်လိုက်တာက ဘာလို့လဲဆိုရင် ငါတို့ တရုတ်ပြည်က ပထမဦးဆုံး ဥ ဥ နိုင်တဲ့ တိရစ္ဆာန်တစ်ကောင်ကို အောင်အောင်မြင်မြင် သားဖောက်နိုင်ပြီးပြီ။ မဝေးတော့တဲ့ အနာဂါတ်မှာလည်း နောက်ထပ် မျိုးပွားမှု အများဆုံးနဲ့ ဒီလို ဥ ဥ နိုင်တဲ့ တိရစ္ဆာန်သုံးမျိုး ဖြစ်တဲ့ ကြက် ၊ ဘဲ နဲ့ ငန်းတွေက ပေါ်ထွက်လာဦးမှာ”
“ငါတို့အားလုံး သိထားတဲ့အတိုင်းပဲ။ ဒီတိရစ္ဆာန်သုံးကောင်က မျိုးတုံး ပျောက်ကွယ်သွားမှု မတိုင်ခင်က လူသားတွေ အမြောက်အများဆုံး စားခဲ့တဲ့အသား အရင်းမြစ်ပဲ”
“ နောက်ပြီး ဒီတစ်ကြိမ်မှာ ငါမင်းတို့နဲ့ ဆွေးနွေးချင်တာက ဒီသတ္တဝါ သုံးကောင်ကို မဝေးတော့တဲ့ အနာဂါတ်မှာ မင်းတို့ ရဲ့တိုင်းပြည်တွေကို ပေးလိုက်ချင်တယ်။ ဒါပေမဲ့ အခြေအနေ တစ်ခုတော့ သဘောတူရမယ်”
ထိုသို့ ပြောပြီးနောက်တွင် နန်ကုန်းယွမ်က ရုံလုံကို မျက်လုံး မှိတ်ပြသည်။ တစ်ဖက်သူက ချက်ချင်းဆိုသလို နားလည်စွာ ခေါင်းညိတ်သည်။
“ ငါတို့က မင်းတို့ရဲ့ သမုဒ္ဒရာတွေ၊ အဲဒီ ကျွန်းတွေ နောက်ပြီး အမျိုးမျိုးသော တိရစ္ဆာန်တွေကို သားဖောက်ပေးနိုင်တဲ့ အခြေစိုက်စခန်း မျိုးတွေကို လိုချင်တယ်”
“ နောက်ပြီး အကန့်သတ်မဲ့တဲ့ နယ်မြေမျိုးကို လိုချင်တာ”
ရုံလုံက အေးစက်သော မျက်နှာဖြင့် ပြောသည်။
ဒီနေ့ အစည်းဝေးပွဲ မတိုင်ခင်အထိ သူနှင့် နန်ကုန်းယွမ်တို့က အခြားသော တိုင်းပြည်များကို ကိုင်တွယ်ရန် အမျိုးမျိုး ဆွေးနွေးပြီးသား ဖြစ်သည်။ ထို့ကြောင့် ချိုမြိန်သော စားစရာများကျွေးရင်း တုတ်ဖြင့် ခြောက်ရန် လိုအပ်သည်။ သူတို့သည် တုတ်နှင့် ချိုချဥ် နှစ်မျိုးလုံး လိုအပ်သည်။ လက်ဆောင်များကို ပြန်ကမ်းပေးရန် မလိုအပ်သလို ကိစ္စများကိုလည်း မျက်ကန်း တိုက်တွန်းရန် မလိုအပ်ချေ။
ထိုစကားလုံးများ ထွက်လာပြီး သိပ်မကြာခင် အစည်းဝေးခန်းတစ်ခုလုံးက တိတ်ဆိတ် သွားသည်။
ထူးဆန်းသော မုတ်ဆိတ နှင့် အမျိုးသားက ရုတ်တရက် ထိုင်ခုံမှ ထရပ်ပြီး သူ၏ မျက်လုံးကြီး တစ်စုံဖြင့် လှမ်းကြည့်ကာ ပြောသည်။
“ မဖြစ်နိုင်ဘူး။ အကန့်သတ်မဲ့တဲ့ နယ်မြေဆိုတာက မင်းတို့ကို ငါတို့ ပိုင်တဲ့မြေကို အလကား ပေးလိုက်တာနဲ့ ဘာများ ကွာခြားနေလို့လဲ။ ငါတို့ကတော့ သဘောမတူနိုင်ဘူး”
“ ဒါ့အပြင် ငါတို့ရဲ့ တိုင်းပြည်က ကျွန်းတွေနဲ့ ဖွဲ့စည်းထားတာ။ လူတွေ နေထိုင်တဲ့ ကျွန်းတွေကသာ ဒီလောက်ထိ သေးနေတာ မင်းတို့ကို ဘယ်လိုများ ပေးနိုင်မှာလဲ”
“ ဟာဟား။ ဒါဆိုရင် မင်းတို့ ထွက်သွားလို့ရပြီ”
ရုံလုံက ဘေးဘက်ရှိ လက်ထောက်ကို ကြည့်ရင်း လှောင်လိုက်သည်။
“ လာ ကျွန်းတိုင်းပြည်က သံတမန်ကို အပြင်ထွက်ဖို့ လိုက်ပါပို့ဆောင် ပေးလိုက်ပါ။ မင်းတို့တွေ ပြန်နိုင်ပြီ”
“မင်း”
ထိုသံတမန်၏ မျက်နှာက နီရဲသွားပြီး ရုံလုံကို လက်ညိုးထိုးကာ အော်သည်။
246 03
“ ငါတို့က တိရစ္ဆာန်တွေမရှိဘဲ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တာ။ မင်းတို့ တစ်ရက်မှာ နောင်တ ရလိမ့်မယ်”
ထိုစကားကို ပြောပြီးနောက်တွင် သူက အစည်းဝေးခန်းထဲမှ ရှက်ရွံ့မှု ဒေါသများနှင့် အတူပြေးထွက် သွားသည်။
“ အားလုံးပဲ မင်းတို့ရဲ့ ထင်မြင်ချက်က ဘယ်လို ရှိကြလဲ။ ငါတို့က ဘာကိုမှ အတင်း မတိုက်တွန်းဘူးနော်။ နှစ်ဖက်လုံးက ဆန္ဒရှိနေမှ ရေရှည်ပူးပေါင်းဆောင်ရွက်မှုက ဖြစ်လာမှာ”
ရုံလုံက တစ်ယောက်ကို တစ်ယောက် စိတ်ရှုပ်ထွေးစွာ ကြည့်နေကြသည့် သံတမန်များကို ကြည့်ပြီး ပြုံးလိုက်သည်။
“ မင်းတို့ ဘက်ကို နယ်မြေတွေပေးဖို့ ဆိုတာက နည်းနည်းတော့ ခက်တယ်။ ဒါပေမဲ့ သမုဒ္ဒရာကို ပေးဖို့ကတော့ ဖြစ်နိုင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် သမုဒ္ဒရာတွေ နယ်မြေတွေအပြင် ငါတို့က ဘာများပေးဖို့ လိုအပ်မှာလဲ”
“ငါတို့ရဲ့ တိုင်းပြည်ကတော့ လူနေ နည်းပါးတယ်။ ဒါကြောင့် ကုန်းမြေတွေကို တရုတ်ပြည်ကို ပေးလို့ရတယ်။ ဒါပေမဲ့ ဒီလိုစားစရာမျိုးကို ချက်နိုင်တဲ့ စားဖိုမှူးကိုပါ ငါတို့ကို ပေးရမယ်”
“ အိမ်တွင်းမွေးမြူနိုင်တဲ့ တိရစ္ဆာန်က သုံးမျိုးပဲ ရှိတာလား။ ဒါမှမဟုတ် တောရိုင်း တိရစ္ဆာန်တွေကိုပါ ငါတို့ကို ပေးမှာလား။ မင်းတို့ရဲ့ ကောင်းကင်ပြာ တိရစ္ဆာန်ရုံမှာ တိရစ္ဆာန်အချို့ ရှိနေပြီ မဟုတ်လား”
“ ဟုတ်တယ်။ ဟုတ်တယ်။ တိရစ္ဆာန်တွေ အားလုံးဆိုရင်တော့ ငါတို့ သဘောတူပေးနိုင်တယ်။ ဒါပေမယ့် သုံးကောင်တည်း ဆိုရင်တော့ ငါတို့ စိုးရိမ်တာက”
“ ဟီးဟီးဟီး”
လူအများ၏ ဆွေးနွေးသံများကို ကြားသောအခါ ရုံလုံက တချက် လှောင်ရယ်လိုက်ပြီး ထိုင်ခုံမှ တဖြည်းဖြည်းချင်းစီ ထကာ သူ၏ လက်ဖြင့် စားပွဲကို ထောက်လျှက် ထိုမျက်ဝန်းတစ်စုံကို သုံးပြီး လူတိုင်းကို ကြည့်ကာ အလေးနက်ထားကာ ပြောသည်။
“ အားလုံးပဲ ငါတို့က မင်းတို့ကို တောင်းပန်နေတာ မဟုတ်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်စေချင်တယ်။ ငါတို့က ဒီအတိုင်း မင်းတို့ကို ကူညီမယ်ဆိုတဲ့ အခြေခံ အချက်ပေါ် မူတည်ပြီး သတင်းပေးနေတာ။ ဒါကြောင့် ဒီနေရာမှာ မင်းတို့ရဲ့ မေးခွန်းအားလုံးကို ဖြေပေးလို့ ရတယ်”
“ ပထမဦးဆုံးအနေနဲ့ ငါတို့က တိရစ္ဆာန် အမျိုးစားသုံးမျိုး ဖြစ်တဲ့ လယ်မြေကြွက်၊ ကြက်၊ ဘဲငန်းတွေကိုပဲ ပေးနိုင်ဦးမှာ။ ငါတို့ကသာ အနာဂါတ်မှာ အလုံးရင်းနဲ့ မွေးမြူနိုင်တဲ့ တိရစ္ဆာန် အသစ်တွေကို ရှိပြီဆိုတာနဲ့ မင်းတို့ကို ပေးမှာပေါ့”
“ ဒုတိယအချက်နေနဲ့ တောရိုင်းတိရစ္ဆာန်တွေကိုတော့ ခွင့်ပြုလို့ မရဘူး။ ဒါက စည်းကမ်းပဲ။ အနည်းဆုံး အခုချိန်တော့ မရသေးဘူး”
“ တတိယအချက်နေနဲ့ အရေးကြီးဆုံးပဲ။ မင်းတို့ရဲ့ ဘယ်တိုင်းပြည်က ဘယ်လိုစည်းမျဥ်းကိုပဲ ထုတ်ထား ထုတ်ထား၊ အတိတ်မှာ တိရစ္ဆာန်တွေကို ကာကွယ်ဖို့ ဘယ်လို ဥပဒေ တွေကို ထုတ်ပြန်ထား ထုတ်ပြန်ထား၊ ငါတို့နဲ့ သဘောတူညီမှု လက်မှတ် ရေးထိုးလိုက်ပြီဆိုတာနဲ့ တရုတ်ပြည်ရဲ့ တိရစ္ဆာန် ကာကွယ် စောင့်ရှောက်ရေးအတွက် ချမှတ်ထားတဲ့ စည်းမျဥ်းတွေကို လိုက်နာ ကျင့်သုံးရမယ် ဆိုတာပဲ။ ဒီအချက်တွေကိုတော့ သဘောတူကို တူရမယ်”
“ နံပါတ် ၄ အချက်နေနဲ့ သဘောတူညီမှု စာချုပ်မှာ လက်မှတ်ထိုးပြီးပြီဆိုတာနဲ့ တရုတ်ပြည်က မင်းတို့ရဲ့ တိုင်းပြည်မှာ တောရိုင်းတိရစ္ဆာန်တွေနဲ့ ပတ်သတ်တဲ့ ဗဟုသုတတွေကို အများနားလည်အောင် ပွဲတွေ ကျင်းပပေးဖို့ ရှိတယ်”
“ မင်းတို့လည်း ငါတို့က ဒီတိရစ္ဆာန် တွေကို ကယ်ဖို့အတွက်နဲ့ ဘယ်လောက် အင်အား စိုက်ထုတ်ထားရသလဲ နားလည်သင့်တယ်။ ပိုဆိုးတာက တိရစ္ဆာန်တွေက လူသားတွေရဲ့ မိတ်ဆွေတွေပဲ။ မင်းတို့တိုင်းပြည်က လူတွေက တိရစ္ဆာန်တွေရဲ့ အရေးကြီးပုံကို နားမလည်ရင် ဒီတိရစ္ဆာန်တွေက အသက်ရှင်နိုင်မှာ မဟုတ်ဘူး”
နန်ကုန်းယွမ်က လူတိုင်းရဲ့ မျက်နှာထားကို ကြည့်ပြီးနောက် ပြုံးလျှက် ပြောသည်။
“ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ အားလုံးပဲ ငါတို့ရဲ့ တရုတ်ပြည်ရဲ့ ပန်းတိုင်က ဒီလောက်ထိ မကျဥ်းဘူး။ အနှေးနဲ့ အမြန်ဆိုသလို ငါတို့က တစ်ကမ္ဘာလုံးမှာ တိရစ္ဆာန်တွေ ရှင်သန်နိုင်အောင် လုပ်ပေးသွားမှာပါ။ အဲဒီနောက်”
“ ဒါပေမယ့် ဒီလို ကိစ္စမျိုးကိုတော့ ညတွင်းချင်းလုပ်လို့ မရနိုင်ဘူး။ မင်းတို့ကလည်း ကလေးတွေ မဟုတ်တော့ဘူး။ ဒါပေမဲ့ မင်းတို့ ကလေးဘ၀အရွယ်က တိရစ္ဆာန်တွေရဲ့ အသံတွေ မကြားရဘဲ တိရစ္ဆာန်တွေ မရှိဘဲ ဘယ်လို ရှင်သန်နေထိုင်ခဲ့သလဲ။ မင်းတို့ရဲ့ ကလေးတွေကို ဒီလို ဖြစ်စေချင်လား”
“ ဒါကြောင့် ငါတို့တွေက အတူပေါင်းပြီး လုပ်ဆောင်မှ ဒီလို ဖြစ်နိုင်လိမ့်မယ်”
စကားကို ထိုနေရာတွင် အဆုံးလိုက်ပြီးနောက်တွင် အစည်းအဝေးခန်းမကြီး တစ်ခုလုံးက တိတ်ဆိတ်သွားသည်။ သံတမန်များ အားလုံးက မျက်မှောင် ကြုတ်နေကြသည်။
“ ကောင်းပြီ။ ကောင်းပြီ။ မင်းတို့ ပြန်ပြီး ဆွေးနွေးလိုက်ကြဦး။ မင်းတို့ တကယ် သဘောတူတယ် ဆိုရင် ပြန်လာပြီး လက်မှတ်ထိုးကြ။ အဲ့ဒီနောက် ငါတို့ က ကျွမ်းကျင် ပညာရှင်တွေကို စေလွှတ်ပြီး ကူညီပေးမယ်”
ရုံလုံ နှင့် နန်ကုန်းယွမ်တို့က တစ်ယောက်ကို တစ်ယောက် ကြည့်ကြသည်။ ထို့နောက် မတ်တပ် ထရပ်လျက် အစည်းအဝေး ခန်းထဲမှ ထွက်သည်။
246 04
“ဟစ် ဒီအခြေအနေကတော့ တအားပြင်းထန်လွန်းတယ်”
“ အဲဒီလိုတော့လည်း မဟုတ်ဘူး။ မင်းတို့လည်း အချက်လက်တွေကို ဖတ်ပြီးတာပဲ မဟုတ်လား။ ဒီတိရစ္ဆာန် သုံးကောင် ဖြစ်တဲ့ အဲဒီ ကြက်၊ ဘဲနဲ့ ငန်းတွေ ကသာ ပေါ်လာမယ်ဆိုရင် လူတွေ အမြောက်များကို အကျိုးအမြတ် ရှိစေမှာ။ ငါတို့ရဲ့ တိုင်းပြည် ကတော့ တောင်းဆိ မှုက ဘယ်လိုပဲ ဖြစ်ဖြစ် ဒါကို သေချာပေါက်ကို သဘောတူမှာပဲ။ ဒီအတိုင်း နယ်မြေလေး အချို့နဲ့ သမုဒ္ဒရာလေးအချို့ ပေးလိုက်ရုံပဲပေါ့။ မဟုတ်ဘူးလား။ အဲ့ဒီနောက် ငါတို့က တိရစ္ဆာန်အသစ်တွေကို ပြန်ရဦးမှာလေ။ အဲ့ဒီနောက်…”
“ ဟေး။ မင်း ပြောတာလည်း ဟုတ်သားပဲ။ ငါတို့ရဲ့ နယ်မြေမှာသာ တိရစ္ဆာန်အသစ်တွေ ပေါ်လာပြီ ဆိုရင် ဇီ၀ဗေဒ အခြေအနေကလည်း တိုးတက်လာမှာပေါ့”
ထိုစကား ကို ကြားပြီးနောက် လူတိုင်း၏ မျက်လုံးက ရုတ်တရက် တောက်ပသွားသည်။ ထို့နောက် အားလုံးက မတ်တပ်ထရပ်ကြပြီး အလျှင်စလို ပြေးထွက်ကြသည်။ သူတို့သည် သဘောတူညီမှု စာချုပ် ရေးထိုးရမည် ဖြစ်သည်။
ဖြစ်နိုင်တာက တရုတ်ပြည်နဲ့ ဒီလိုစာချုပ် ချုပ်လိုက်တာက သူတို့တိုင်းပြည်ရဲ့ နေထိုင်မှု ဝန်းကျင် အခြေအနေကိုလည်း တိုးတက်လာစေ လောက်တယ်။
…..