← Chapters

အခန်း (၂၄၇-၂၄၉)

Vol. 17 Ch. 247-249

အခန်း (၂၄၇-၂၄၉)

Vol. 17 Ch. 247-249

++++++ 247 01

အခန်း 247

ဆုပိုင်က လက်နှစ်ဖက်လုံးဖြင့် သစ်သားတုံး တစ်တုံးကို ကိုင်ရင်း ရေလှိုင်းများ နောက် ဆက်တိုက် ရွေ့လျားနေရလေသည်။ သူသည် သိပ်မဝေး သောနေရာရှိ ကုန်းမြင့်ကြီးကို လှမ်းကြည့်လိုက်ပြီးနောက် အသက်ပြင်းပြင်း ရှူသည်။ ကံကောင်းသည်မှာ စနစ်က သူ့ကို သစ်သားတုံး တစ်တုံးပေးလိုက်သည်။ သို့မဟုတ်လျှင် သူသည် အဆုံးစမဲ့ သော ပင်လယ်သမုဒ္ဒရာထဲ သို့ ပြုတ်ကျသွားပြီး ဦးတည်ရာဘက်ကိုပင် ပြောနိုင်တော့မည် မဟုတ်ချေ။

သစ်သားချောင်းကို တင်းတင်းကြပ်ကြပ် ဖက်ထားသည့် ဆုပိုင် က သူ၏ ခြေထောက်ကို ဆက်တိုက် ရုန်းလျှက် တဖြည်းဖြည်းစီ မြင်နေရသည့် ကျွန်းရှိရာဘက်သို့ ကူးခတ် နေရသည်။ သို့သော် ….

အချိန်တန်ကြာအောင် စိုက်ကြည့်ပြီး နောက်တွင် ဆုပိုင်က အနည်းငယ် ပဟေဠိ ဖြစ်လာသည်။ ထိုကျွန်းတွင် မည်သည့် အပင်မျှ မရှိချေ။ ထို့အပြင် ဝေးလွန်းနေသေးသည်။

သောက်ကျိုးနည်း။ အဲဒီ တော်တော်လေးကို တောက်ပ နေတဲ့ အရာကြီးက ဘာလဲ။ထို့ပြင် ထူးဆန်းသည်မှာ

ဂျွတ်။

ဆုပိုင်က ဘေးဘက်ခြမ်းတွင် မျောလွင့်နေသည့် တစ်ခါသုံး ထမင်းဘူးကို တချက်ကောက်ရင်း မျက်မှောင် ကြုတ်သည်။

“ဘာလို့ အမှိုက်တွေများနေတာလဲ”

အဝေးရှိ ပင်လယ်ထဲ တွင် လွင့်မျောနေသည့် အမျိုးမျိုးသော plastic အမှိုက်များကို ကြည့်ရင်း ဆုပိုင် ကတွေးတောနေသည်။

“ ဖြစ်နိုင်တာက”

ရုတ်တရက် ဆုပိုင်က တစ်စုံတစ်ရာကို သတိထားမိသွားသည်။ Pacific သမုဒ္ဒရာ အတွင်းတွင် သမုဒ္ဒရာအမှိုက်တောင်ဟု ခေါ်သော ထူးဆန်းသည့် ကျွန်းက အမှန်တကယ် တည်ရှိသည်။ ထိုကျွန်းတစ်ခုလုံးကို လူများ အသုံးပြုလေ့ရှိသည့် အမှိုက်များ ဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သည်။

“ ဖာခ့်”

ဆုပိုင်က အော်သည်။

ဒီနေရာက သိသိသာသာပဲ အတိတ်က Pacific သမုဒ္ဒရာမှ မဟုတ်တာ။ အပူချိန်က လည်း တအား ထိုးကျနေသေးတယ်။ နောက်ပြီး အ‌ဝေးမှာ ရေခဲတွေကိုတွေကိုတောင် မြင်ရတယ်။

ဒါဆိုရင် အဲဒီ အဝေးက အမှိုက်တောင်က ဘယ်နေရာက ရောက်လာတာလဲ။ ထိုအကြောင်းရာ ကိုတွေးမိသော ဆုပိုင်က ရုတ်တရက် အရှိန်ကို မြှင့်လျှက် အမှိုက်တောင် ရှိရာဘက်သို့ ကူးခတ်သွားလိုက်သည်။ သို့ရာတွင် ဝေဝေးသွားလေလေ ပို၍ အံသြရ လေလေဖြစ်သည်။

ထိုအချိန် တွင် ဆုပိုင်သည် ပင်လယ်ထ တွင် မျောလွင့် နေရင်း သူ၏ ဘေးပတ်ပတ်လည်တွင် ဝိုင်းနေသော သိပ်သည်း လွန်းသည့် အမှိုက်များကို ကြည့်ကာ ဦးခေါင်းခွံကပင် ယားယံလာသည်။

ဒီလောက်နိမ့်သော အပူချိန်တွင် အမှိုက်များမှ ထွက်သော နံဟောင်လွန်းသော အနံ့ကို ဖုံးလွှမ်းရန် ခက်ခဲ လွန်းနေသေးသည်။

သူ၏ အရှေ့မှ အမှိုက်များကို ဖယ်ရှားလိုက်သည့် အချိန်တိုင်းလိုလို အောက်ဘက်ရှိ ပင်လယ်ရေဟာ မဲ သွားလေ့ရှိသည်။

[ ဘုရားရေ။ ဒါက ဘယ်လို နေရာလဲ။ ဘာလို့ ဒီလောက်ထိ အမှိုက်တွေ များနေတာလဲ]

[ ဘုရားရေ။ ဒီအရှေ က ကျွန်းက အမှိုက်တွေနဲ့ လုပ်ထားတာလား။ အဲ့ဒီနောက် ဘယ်သူကမှ ဒီနေရာကို မရှင်း ကြတော့ဘူးလား]

[ တအား ကြောက်ဖို့ ကောင်းတာပဲ။ ကြည့်ရုံနဲ့တင် တစ်ကိုယ်လုံး ကြက်သီးတွေ ထလာပြီ။ ပင်လယ်ထဲမှာ ဒီလောက် အမှိုက်တွေ အများကြီး‌မျောလွင့်နေတာ]

[ ငါတို့‌တော့ ဘာမှ မတတ်နိုင်မှာ ကို စိုးရိမ်မိတယ်။ ကြည့်ပါဦး ဒီနေရာက လှိုင်းတွေရဲ့ အဆုံးနား ဖြစ်နေသလိုပဲ။ နောက်ပြီး ဒီအမှိုက် တွေကလည်း လှိုင်းတွေနဲ့ ဒီဘက်ကို ရောက်လာတာ။ ဒါပေမယ့် ဒီလောက်ကျွန်း ကြီးဖြစ်လာလောက်အောင် နှစ်တွေ က ဘယ်လောက်တောင် ကြာခဲ့မှာလဲ]

[ တကယ်ကို အံသြစရာပဲ။ အရောင် အမျိုးမျိုးရှိတဲ့ plastic အိတ်တွေ ပြည့်နှက်နေတာ။ တစ်ချက်ကြည့်လိုက်ရုံနဲ့ အဆုံးသတ်တဲ့ နေရာကြီးတစ်ခုမှန်း သိသာတယ်]

[ ငါတို့က ဒီလို plastic အိတ်တွေကို အခုသုံးနေရတာဆိုတော့]

[ ဟစ်။ အပေါ်က တစ်ယောက် စကားမပြောနဲ့တော့။ ငါ ဆက်တောင် မတွေးရဲတော့ဘူး]

……

ဆုပိုင် က အမှိုက်များ ပြည့်နှက်နေသာ ပင်လယ်ထဲ တွင် မျောလွင့်နေသော အချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ကြည့်ရှုသူ အားလုံးက တုန်ယင်လျှက် မျက်လုံးများ ပြူးနေကြသည်။ တကယ် ကိုဆိုးရွားလွန်းတယ်။

အမှိုက်များသာ မကသေးချေ။ အောက်ဘက်ရှိ ရေများကလည်း မဲနက်နေသေးသည်။

ပင်လယ်ရေသည် အရှင် ဖြစ်သည်။ သို့သော် ထိုမျှထိ မဲနက်ရန် အလို့ငှာ…

ထိုအတိုင်းသာ ဆက်ဖြစ်နေခဲ့သော် ဆိုးရွားသည့် အခြေအနေများစွာ ဖြစ်လာနိုင်သည်။ ထိုအခိုက်တန့်တွင် လူတိုင်း တိတ်ဆိတ် သွားသည်။ ဆုပိုင်က အသက်ပြင်းပြင်း ရှူလိုက်ပြီး ပင်လယ်ထဲမှ ထရပ်လျှက် အမှိုက်များဖြင့် လုပ်ထားသော ကျွန်းပေါ်သို့ တက်လှမ်းနေသည်။

သူ၏ ခြေထောက် အောက်ဘက်တွင် ခြောက်ကပ်ပီး မဲတူးနေသော အဖြူရောင် plastic အိတ်အခွံများပင် ရှိနေသေးသည်။ ထိုအခွံများထံမှ နံဟောင်လွန်းသော ရနံ့ကို ထုတ်လွှတ်နေသည်။

247 02

ဆုပိုင်က သူ၏ အရှေ့တွင် သေဆုံးနေသော အလောင်းတစ်လောင်းကို ကြည့်ပြီး ခပ်မြန်မြန်လျှောက်သွားသည်။ ထိုအလောင်းသည် အရွယ်ရောက် ပြီးသော ပင်လယ်လိပ်ကြီး အလောင်းဖြစ်သည်။ သို့သော် ခန္တာကိုယ် တစ်ခုလုံးဟာ ပုတ်နေလေပြီ။

ဝုန်း။

ထို့နောက် သူသည် လိပ်ခွံကို တဖြည်းဖြည်းစီ ဖွင့် ကြည့်လိုက်သည်။ လိပ်ခွံ အတွင်းတွင် ပြည့်နှက်နေသော အမျိုးမျိုးသော plastic အိတ်များကို မြင်သောအခါ ဆုပိုင်က အံကို ကြိတ်သည်။

ထိုလိပ်သည် ကံကောင်းပြီး ဒီပင်လယ်တွင် ပေါ်လာခဲ့ခြင်း ဖြစ်လောက်သည်။ သို့သော် အမျိုးမျိုးသော chemical compound များပါဝင်သည့် ပင်လယ်ရေကို သောက်မိသောကြောင့်လည်း အခုလိုသေသွားရခြင်း ဖြစ်လောက်သည်။

သူသည် လိပ်ခွံ ကို မြေပြင်ပေါ်တွင် တင်ထားလိုက်ပြီးနောက် တစ်ချက် မော့ကြည့်ကာ ရှေ့သို့ ထွက်သွားလိုက်သည်။ အမှိုက်တောင်ပေါ် နင်းတက်နေရင်း ဆုပိုင်သည် တစ်လှမ်းခြင်းစီ ရှေ့ဆက်သွားနေရသည်။ နောက်ဆုံးတွင် ထိပ်ဆုံးသို့ ရောက်သွား၏။ သူသည် အဝေးသို့ လှမ်းကြည့်လိုက်သည်။ ဆုပိုင်သည် ပင်လယ်ရေအတွင်း မျောလွင့်နေသော သိပ်သည်းလွန်းသည့် ငါးအလောင်းများ ကို ကြည့်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် စုပ်လိုက်မိသည်။

ငါးအလောင်းတင် မဟုတ်သေးဘူး။ မရေတွက်နိုင်သော ပင်လယ်ငှက်များလည်း အမှိုက်တောင် ပတ်ပတ်လည်တွင် သေဆုံးနေကြသေးသည်။ သူတို့သည် လည်း ထိုငါးသေများကို စားခဲ့မိခြင်း ဖြစ်လောက်သည်။

ဝုန်း။

အမှိုက်တောင် ပေါ်မှ ပြေးဆင်းသွားသည့် ဆုပိုင်က ပင်လယ်ငှက်အုပ်ထံ သွားသည်။ ရုတ်တရက် ဆုပိုင်က မှင်သက်သွားသည်။ သူ၏ မျက်လုံးသည် ခြေရင်းနားရှိ အလောင်းကို ကြည့်မိပြီး ရုတ်တရက် ဆောင့်ကြောင့် ထိုင်လိုက်သည်။ ဒါသည် ကတုံး သိမ်းငှက်ဖြစ်သည်။ သူ၏ အရှေ့တွင်မူ နံဟောင်နေသာ‌ ငါးအသေ ဖြစ်သည်။

ဒါက ….

ဆုပိုင်က ထိုအကောင်၏ အမွေးကို အသာတို့လိုက်သည်။

တာ၀န်က ကျရှုံးသွားပြီလား။ ဒီကတုံးသိန်းငှက်က သေသွားတာ သိသာနေတာပဲ။ နောက်ပြီး ခန္ဓာကိုယ် တေင် မဆွေးသေးဘူး။

သို့သော်…။

နောက်ပြီး ဘာလို့ ကတုံး သိန်းငှက်က ဒီလိုနေရာမျိုးမှာ ပေါ်လာတာလဲ။ နောက်ပြီး‌တော့ ဒီနေရာမှာတောင် လာသေနေသေးတယ်။ ဆုပိုင်က အသက်ပြင်းပြင်း ရှူလျှက် မတ်တက်ထရပ်ရင်း အ‌ဝေးသို့ လှမ်းကြည့်သည်။

ဝေးကွာလွန်းသော နေရာတွင်ပင် သက်ရှိသတ္တဝါ တစ်ကောင်ကိုမှ မမြင်ရသေးချေ။ သို့ရာတွင် ဒီလိုနေရာမျိုးတွင်လည်း မည်သည့် တိရစ္ဆာန်မှ မရှင်သန်နိုင်လောက်မည်ကို စိုးရိမ်မိသေးသည်။

သူသည် ဒီလိုနေရာတွင် ရပ်နေချိန်တွင် သူ၏ခေါင်းကပင် ခပ်ကြမ်းကြမ်း နာကျင်လာသည်။ အသက် ရှူသောအခါ နံဟောင်လွန်းသော ရနံ့များက ရောက်လာ၏။ ထိုတိရစ္ဆာန်များသည်လည်း ဒီလို ဒဏ်ကို ခံနိုင်လိမ့်မည် မဟုတ်ပေ။ ကတုံးသိမ်းငှက်သည် လိပ်နည်းတူ မတော်တဆ ဖြတ်သွားရင်း ငါးအသေများကို တွေ့သဖြင့် ဒီအတိုင်း စားသောက်ခဲ့ခြင်း ဖြစ်လောက်သည်။ သို့သော် ရက်စက်လွန်းသော စက်ကွင်း ဖြစ်နေသည်။

ဒီနေရာတွင် ဒီအမှိုက်တောင် ရှိနေသမျှ မရေမတွက်နိုင်သော သတ္တဝါများကို ဆွဲဆောင်လိမ့်မည်။ ထိုသတ္တဝါများ သေသောအခါတွင်လည်း ပို၍များပြားသော သတ္တဝါများက စားချင်ပေလိမ့်မည်။ ထိုသို့ဖြင့် ဖြစ်စဥ်တစ်ခုလုံးက တိရစ္ဆာန်များ၏ သင်္ချိုင်းအလား ဖြစ်နေသည်။ မရေမတွက်နိုင်သော တိရစ္ဆာန်များကို မြှုပ်နှံခံနေရသည်။

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတွင်းရှိ ကြည့်ရှူသူများ အားလုံးကလည်း ဆုပိုင်၏ ခြေရင်းနားတွင် သေနေသည့် သတ္တဝါ အလောင်းကို မြင်လိုက်ရသည်။

[ မဖြစ်နိုင်တာ။ ဒီသတ္တဝါက ဒီတိုက်ရိုက်ထုတ်လွှင့်မှု ရဲ့ ကတုံးသိန်း၍ငှက်ဆိုတာလား]

[ ပြဿနာက သူက သေသွားတာပဲ။ ဒီလိုဆိုရင် တိုက်ရိုက်ထုတ်လွှင့်မှုကို ဘယ်လို ဆက်ကြည့်ရမှာလဲ]

[ တော်တော်လေးကို လက်သင့်မ ခံနိုင်စရာပဲ။ ဒီအမှိုက်တွေက တိရစ္ဆာန်တွေအများကြီးကို သတ်လိုက်တယ်။ အလောင်းတွေကို ကြည့်ပါဦး။ ဘယ်လိုပဲ ကြည့်ကြည့် လူတွေကို မသက်မသာ ဖြစ်စေတယ်]

[ ဒါပေမယ့် ဒါရိုက်တာဆုပိုင် အဆင်ပြေရဲ့လား။ သူရဲ့အမူအရာက တော်တော်လေး ထူးဆန်းတယ်]

[ ငါ့အနေနဲ့ ပထမဦးဆုံး အကြိမ်အဖြစ် ဒါရိုက်တာဆုပိုင်ကို ဒီလိုမျိုး ကူကယ်ရာမဲ့ နေတဲ့ မျက်နှာထားမျိူးနှင့် မြင်ရတာပဲ။ တော်တော်လေးကို ရင်နာစရာပဲ]

……

ဆုပိုင်၏ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ comments များကို တစ်ချက် ကြည့်လိုက်ပြီးနောက် အသက်ကို ပြင်းပြင်းရှူသည်။ ထို့နောက် အမှိုက်တောင်ကို camera ချိန်ပြလျှက် လေးနက်သော လေသံဖြင့်ပြောသည်။

“ အားလုံးပဲ။ ငါတို့ရဲ့အရှေ့က အမှိုက်တွေနဲ့ လုပ်ထားတဲ့ ကျွန်းဆိုတာကို မြင်ကြမယ် ထင်တယ်”

247 03

“ ငါ မင်းတို့ကို ခပ်ပြတ်ပြတ် ပြောရရင်တော့ ဒီအမှိုက်တောင်က သိပ်မကြာခင်ကမှ ဖြစ်တည်လာခဲ့တာမဟုတ်ပဲ ရှေးခေတ် အချိန်မှာ ကတည်းက Pacific သမုဒ္ဒရာထဲမှာ အမှိုက်တောင်ဆိုတာမျိုးက ရှိနေတယ်”

“ မင်းတို့ ဒီအမှိုက်တောင် ဘယ်လိုဖြစ်လာသလဲ ဆိုတာကို သိမလားလို့ သိချင်မိတယ်”

“ လူအများစု ကတော့ ပင်လယ်ထဲကို အမှိုက်တွေ ပစ်တာကြောင့်လို့တော့ ပြောကြမှာပဲ”

“ ဒါပေမဲ့လည်း မှားတော့ မမှားပါဘူး။ ဒါပေမဲ့ ပင်လယ်ရေက စီးဆင်းလာတဲ့ အလျောက် နေရာအနှံ့က အမှိုက်တွေကို ဒီနေရာကို သယ်ဆာင်လာခဲ့တယ်။ နှစ်ပေါင်းများစွာ စီးဆင်းလာပြီးတဲ့ နောက်မှာ ဒီလိုမှိုက်‌တောင် ကြီးဖြစ်လာခဲ့တော့တာပဲ”

“အရင် ခန့်မှန်းချက်တွေ အရဆိုရင် ဒီအမှိုက်တောင်ကြောင့် သက်ရောက် ခံရတဲ့နေရာက ချင်တုထက်တောင် ကြီးနိုင်တယ်”

“ ဒီအမှိုက်တောင်က ပတ်ဝန်းကျင်ကို ပျက်စီးစေတဲ့ အတိုင်းတာက သိသာ ထင်ရှားနေတာပဲ။ မရေတွက်နိုင်တဲ့ တိရစ္ဆာန် အ‌လောင်းတွေကတင် သက်သေဖြစ်နေပြီ”

ထိုသို့ ပြောပြီးနောက် ဆုပိုင်က သူ၏ ခြေရင်းနားရှိ ကတုံးသိန်းငှက်၏ ဘေးနားတွင် ထိုင်ချလိုက်ပြီး ငှက်မွှေးများကို ပွတ်သတ်ရင်း ပြောသည်။

“ ဒါက ကတုံးသိမ်းငှက် အမပဲ။ ဒါကပဲ တင်ဆက်သူ အစိုးရိမ်ဆုံး ကိစ္စပဲ”

“ကတုံးသိန်းငှက်တွေက သဘာ၀ အလျောက် အသင်းဖွဲ့လိုက်နေထိုင်တတ်ကြတယ်။ ကတုံးသိမ်းငှက် တစ်ကောင်က ဒီနေရာမှာ သေသွားရင် သူ့ရဲ့ အပေါင်းဖော်ကလည်း အနီးအနား ဝန်းကျင်မှာရှိနေမှာပဲ”

“ သူလည်း သေသွားပြီ ဆိုရင်တော့ ဒီတာဝန်ကတော့ သေချာပေါက်ရှုံးနိမ့်ပြီပဲ”

ထိုသို့ပြောပြီးနောက် ဆုပိုင်က တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်ကို တစ်ချက်ဖယ်ရင်း အနောက်ဘက်ရှိ အမှိုက်တောင်ထံ တောက်လျောက် ပြေးသွားလိုက်သည်။နောက်ထပ် ကတုံးသိန်းငှက် အလောင်းတစ်ခုကိုသာ ထပ်ရှာတွေ့မည်ဆိုလျှင်…။

ယခုချိန်က စတင်ပြီး ထိုသတ္တဝါမျိုးကို အမှန်တကယ် ဆုံးရှုံးရပေလိမ့်မည်။

သူသည် အမှိုက်တောင် တောက်လျှောက် လမ်းလျှောက်လာခဲ့ရင်း ဆုပိုင်၏ မျက်နှာဟာ ပို၍ပင် အကျည်းတန်လာလေသည်။ လမ်းတောက်လျှောက်တွင် မရေတွက်နိုင်သော သေဆုံးပြီးသော တိရစ္ဆာန်များ၏ အလောင်းများကို တွေ့နေရသည်။ နောက်ဆုံး‌တွင် သက်ရှိတိရစ္ဆာန်ငယ်လေး အချို့ကိုတွေ့လိုက်သည်။

ခရက်

သူသည် သူ၏ အရှေ့ရှိအမှိုက်များထဲ တွင် မြှုပ်နေသည့် သေးငယ်သော ဂဏန်းလေးကို ကောက်ယူလိုက်ပြီးနောက် သက်ပြင်းအရှည်ကြီးကို ချသည်။ ထိုအကောင်၏ ခန္ဓာကိုယ် တစ်ခုလုံးကပင် စေးကပ်သည့် အပြာရောင်အဖြစ် ပြောင်းနေပြီဖြစ်သည်။ သူ၏ ကိုယ်ပေါ်တွင်ပင် အညစ်ကြေးများကို မြင်နိုင်၏။ ဒါသည် ထို chemical များကြောင့်ဖြစ်လာခြင်းဖြစ်သည်။

ထိုကဲ့ သို့သော သေးငယ်သော တိရစ္ဆာန်ကိုသာ အခြားသော သတ္တဝါကြီးများက ဝါးမျိုစားသောက်လိုက်သော် အခြားသော သတ္တဝါကပင် သေပေလိမ့်မည်။ သဘာ၀၏ အစာကွင်းစက်က အလွန်မှော်ဆန်သည်။ ဤဂဏန်းသေးသေးလေး တစ်ကောင်က မြောက်များလှစွာသော ရေနေ သတ္တဝါအမြောက်များကို အလုံးရင်းနှင့် သေစေနိုင်စေ၏။

ဝုန်း။

သူသည် လက်ဖုဝါးမှ အားကို ခပ်ပြင်းပြင်း ထည့်ပြီးနောက် ဂဏန်းလေးကို ဖိညှစ်လျှက် သေသွားစေလိုက်သည်။ ထို့နောက် ဆုပိုင်က မျက်လုံးများကို မှေးကျဥ်းရင်း အရှေ့သို့ ကြည့်သည်။ ထို့နောက် ခပ်တိုးတိုး အသံတစ်ခုကို ကြားရသည်။ ထို့အချိန်တွင် အထက်မှ အော်သံကလည်း ထွက်လာသည်။ ဆုပိုင်၏ ခန္ဓာကိုယ်က တုန်ရင် သွားပြီး ခပ်မြန်မြန် မော့ကြည့်လိုက်သည်။

ထိုအခါလေထဲတွင် ဝိုင်းပတ်နေသည့် ကတုံးသိန်းငှက် တစ်ကောင်ကို မြင်လိုက်ရသည်။ သူသည် သူ၏ ထက်ရှသော လက်သည်းများဖြင့် ငါးအရှင် တစ်ကောင် ကို ကုတ်ဖမ်းထားသည်။ ထို့နောက် အောက်သို့ ငုံ့ဆင်းသည်ထက် ငုံ့ဆင်းလာသည်။

ဝုန်း။

ဆူးရှသော အော်သံနှင့် အတူ သူ၏လက်သည်းဖြင့်ကုတ်ထားသော ငါးက အ ဝေးရှိပင်လယ်ထဲသို့ တိုက်ရိုက် ပစ်ချခြင်း ခံရသည်။ ကတုံးသိန်းငှက် ၏ ခန္ဓာကိုယ်တစ်ခုလုံးကပင် တုန်နေကြောင်း မြင်နိုင်၏။ သူသည်လည်း အောက်သို့ လျှင်မြန်စွာ ထိုးဆင်းလာသည်။ ဆုပိုင်လည်း ခပ်မြန်မြန် လိုက်၏။ အဝေးမှ ကြည့်သော် ကတုံးသိန်းငှက်က မြေပြင်ရှိ အလောင်းနားတွင် ဝိုင်းပတ်၍ ပျံသန်းနေပြီး မကြာခဏဆိုသလို ငိုညည်းသံများကို ပြုနေကြောင်း မြင်နိုင်သည်။

“မဟုတ်ဘူး”

တိရစ္ဆာန် ဘာသာစကားfunctionမှ တစ်ဆင့် အော်ဟစ်နေသာ အကောင်သည် ကတုံးသိန်းငှက် အထီးတစ်ကောင် ဖြစ်ကြောင်း မြင်နိုင်သည်။ ထို့နောက် သူသည်လည်း အနည်းငယ် ရူးသွပ်နေပုံ ဖြစ်နေသည်။

“ ကျွတ် ကျွတ် ကျွတ်”

247 04

အပေါင်းဖော်၏ ဘေးနားတွင် တိတ်တဆိတ် လဲနေရင်းနောက် ကတုံးသိန်းငှက်သည် တောင်ပံများကို တင်းတင်း ကြပ်ကြပ် ဖြန့်ကားလိုက်ပြီး အလောင်းကို အသာအုပ်လျက် ကွေးကာ ငိုညည်းနေသည်။

ဆုပိုင်က သက်ပြင်းရှည်ကြီးကို ချသည်။ ထို့နောက် သူ အစိုးရိမ်ဆုံး ပြဿနာက ဖြစ်လာသည်။

ကတုံးသိန်းငှက်သည် သစ္စာ ရှိဆုံးသော သတ္တဝါဖြစ်ပြီး တစ်ဘဝလုံးတွင် အပေါင်းဖော် တစ်ယောက်တည်းကိုသာ လက်ခံသည်။ ဆုပိုင်အကြောက်ဆုံး ကိစ္စကလည်း ထိုကဲ့သို့သော သတ္တဝါမျိုးက လမ်းတစ်ဝက်တွင် သေသွားခဲ့သော် တစ်ဖက်တစ်ကောင်ကပင် အသက်မရှင်နိုင်ချေ။ မြတ်နိုးသောကြောင့် ဖြစ်သည်။

အတိတ်တွင်လည်း ကတုံးသိန်းငှက်များက ချစ်လွန်းသောကြောင့် ကိုယ့်ကိုယ်ကို သတ်သေသည့် ဖြစ်ရပ်မျိုး ရှိခဲ့ဖူးသည်။

++++++ 248 01

အခန်း 248

ဆုပိုင်က ခပ်ထူထူ plastic တစ်ခုပေါ် တက်နင်းပြီး နောက် ဂရုစိုက်လျှောက်သွားလိုက်သည်။

ကတုံးသိန်းငှက်က ချဥ်းကပ်လာသော ပုံရိပ်ကို ကြည့်လိုက်ပြီး ခပ်မြန်မြန် ထရပ်သည်။ ထို့နောက် တောင်ပံ ကို ဖြန့်ကားလျှက် အနောက်မှ အလောင်းကို တင်းတင်းကြပ်ကြပ် ကာကွယ်ထားပြီး မျက်လုံးများကိုမှေးကျဥ်းစွာစိုက်သည်။ ထို့နောက် ခပ်ထန်စွာအော်သည်။

“ မကြောက်နဲ့။ ငါ….”

“ သွား”

ဆုပိုင်က လက်ကို ဆန့်တန်းပြီး ခပ်တိုးတိုး စကားပြောမည့် အချိန်တွင် အရှေ့မှ အကောင်က ခပ်မြန်မြန် ဖြတ်ပြောလိုက်သည်။

“ ကောင်းပြီ။ ကောင်းပြီ။ ငါ အဲဒီကို မလာဘူး။ မင်းလည်း လျှောက်မရှုပ်နဲ့”

ဆုပိုင်က ခြေလှမ်းအနည်းငယ် ခပ်မြန်မြန် ပြန်ဆုတ်လိုက်ပြီး သတိအပြည့်ထားကာ ပြောသည်။

သူသည် တိရစ္ဆာန်များဖြင့် စကားပြောနိုင်သော စွမ်းရည်မျိုးရှိသည်။ အရှေ့မှ ကတုံးသိန်းငှက်ကမူ ရှင်းလင်းစွာဖြင့် မည်သည့် သတ္တဝါနှင့်မှ စကားမပြောလိုပေ။

သူသည် အလောင်းဘေးနားတွင် ပြန်လဲလိုက်ပြီး မျက်လုံးကို တဖြည်းဖြည်းချင်းစီ မှိတ်သည်။ ဆုပိုင်က အမှိုက်တစ်ခုပေါ်တွင် ကောက်ထိုင်လိုက်ပြီး ခံစားချက်မဲ့စွာ လှမ်းကြည့်လိုက်သည်။

ထိုအချိန်တွင် ထိုကတုံးသိန်းငှက် ကိုကယ်ဆယ်ရန် အလွန်ခက်နေပြီဖြစ်သည်။ အရေးကြီးဆုံးအပိုင်းကမူ….

ဆုပိုင်သည်လည်း ထိုအကောင်ဟာ ကိုယ့်ကိုယ်ကို သတ်သေမည့်အခြေအနေကို စိုးရိမ်မိခြင်း ဖြစ်သည်။ သူသည် ကတုံးသိန်းငှက်ကို အတင်း ပြန်ခေါ်သွားမည်ဆိုလျှင်ပင် မရှင်သန်နိုင်လောက်ချေ။ မှတ်ဉာဏ်ကို ဖျောက်လိုက်မှသာ အသက်ရှင်ပေလိမ့်မည်။

ထိုသို့ဖြင့် တဖြည်းဖြည်းချင်းစီ ညအချိန် ရောက်လာသည်။ ပတ်ဝန်းကျင် တစ်ခုလုံးက မှောင်မဲလာသည်။

ညှင်သာသော လေလှိုင်းများကလည်း တိုက်ခတ်လာသည်။ ဆုပိုင်က ထုံထိုင်းနေသော ပေါင်များကို အသာပွတ်သပ်ရင်း အဝေးရှိ ကတုံးသိန်းငှက်ကို ကြည့်သည်။

တစ်ရက်လုံး ကုန်ဆုံးသွားပြီ ဖြစ်သည်။ ထိုအကောင်က မလှုပ်သေးချေ။ မကြာခဏဆိုသလို ငိုညည်းသံကမူ ထွက်လာသည်။ ထိုအခြေအနေက ဆုပိုင်၏ ခံစားချက်ကို ဆိုးသည်ထက် ဆိုးလာစေသည်။

ထိုကတုံးသိန်းငှက်သည် အဆာခံချင်ခြင်း ဖြစ်လောက်သည်။

ဖန်သားပြင်၏ အရှေ့တွင် စောင့်နေသော ပြည်သူများသည်လည်း ဆုပိုင်၏ အနောက်မှ လိုက်ကာ ကတုံးသိန်းငှက်ကို တစ်နေ့လုံးနီးပါး စောင့်ကြည့်နေကြသည်။ လူတိုင်းနီးပါးကလည်း မှင်သက်ကာ အံအားသင့်နေကြပြီ ဖြစ်သည်။

အထူးသဖြင့် ဆုပိုင်၏ ရှင်းပြချက်ပြီးနောက်တွင် ဖြစ်သည်။ လူတိုင်းက ပို၍ ပင်စိုးရိမ်လာမိသည်။

[ ဒါ ဒါရိုက်တာ ဆုပိုင်ရဲ့ တာဝန်က အတော်ခက်တာပဲ။ သူက အချစ်တွက် ကိုယ့်ကိုယ်ကိုသတ်သေတာ ရှင်းလင်းနေတာပဲ။ သူ့ကို ဘယ်လိုများ ကယ်ရမှာလဲ]

[ ငါတောင် မျက်ရည်တွေ တောက်လျောက် စီးကျနေတာ။ ငါရဲ့ နှလုံးသားက တောင်အပ်နဲ့ အထိုးခံရသလို နာကျင်နေသေးတယ်။ တိရစ္ဆာန်တွေအကြားက ချစ်ခြင်းကလည်း လူသားတွေကြားက ချစ်ခြင်းထက်တောင် ပြင်းထန်နေသေးတယ်။ ငါတို့မှာသာ ဒီလိုခံစားချက်မျိုးရှိနေရင်…]

[ ဟေး။ အပေါ်က ကောင်မလေး။ မင်းမှာတောင် ဒီလို ပုံပြင်မျိုး ရှိမယ်လို့ မထင်ထားမိဘူး။ ဟူး ဒီမြင်ကွင်းက ငါ့ကို အများကြီး သတိရသွားစေတယ်]

[ ဘာတွေ ပြောနေကြတာလဲ။ ပထမဦးဆုံး အချစ်လား။ ကလေးရဲ့ diaper က လဲရတော့မှာ။ ဘာလို့ မြန်မြန် ထွက်လာပြီး အဲဒီနည်းလမ်းကို မပြောတာလဲ( အပေါ်က ကြည့်နေတဲ့တစ်ယောက်က ငါ့ယောကျာ်းလေ)]

[ အားလုံးပဲ မြန်မြန်တွေးကြ။ ဒီကတုံးသိန်းငှက်က တကယ်ပဲ အသက်ရှင်မှာလား]

[ နောက်ထပ် မိန်းမတစ်ယောက်ကို ရှာမှာလား]

[ မင်းက အရူးလား။အပေါ်ကတစ်ယောက် ရူးနေတာလား။ ဒါရိုက်တာ ဆုပိုင်က ပြောသွားပြီးပြီ မဟုတ်ဘူးလား။ ကတုံးသိန်းငှက်တွေက တစ်ဘဝလုံးမှာ လက်တွဲဖော်တစ်ယောက်ပဲ ရှိတာတဲ့]

[ ဟုတ်တယ်။ ဟုတ်တယ်။ တစ်ဘဝလုံးမှာ တစ်ယောက်ကိုပဲ ချစ်တာ။ ဒီလိုအချစ်မျိုးက အသန့်စင်ဆုံးပဲ]

……

ဆုပိုင် က မြေပြင်တွင်ထိုင်ချပြီး တိုက်ရိုက်ထုတ်လွှင့်မှုအခန်း၏ comment များကို ကြည့်ကာ မျက်မှောင် ကြုတ်သည်။ အချိန်အတန်ကြာ စောင့်ပြီးနောက်တွင် သူသည် မရေမတွက်နိုင်သော ဖြစ်နိုင်ချေများကို တွေးမိသည်။ သို့သော် အားလုံးက အောင်မြင်နိုင်မည်မဟုတ်ပေ။ ထိုအခိုက်တန့်တွင် ဆုပိုင်က လရောင်ကို ကြည့်ရင်း အတွေးနက်သွားသည်။

“ ဘာလို့လဲ”

“မဟုတ်ဘူး”

ဂတုံးသိန်းငှက်ထံမှ အော်ငိုသံများဟာ သူ၏ နားထံသို့ ရောက်လာသည်။

အဝေးတွင် ရေလှိုင်းများ ရှိသည်။ ယခုအခါ မရေတွက်နိုင်သော အမှိုက်များက ထပ်မံရောက်ရှိလာပြီး အမှိုက်တောင်စီ တိုးဝင်လာပြန်သည်။

….

248 02

တရုတ်ပြည်…

ခရက်

နန်ကုန်းယွမ်က အိပ်ပျော်သွားသော အကောင်ငယ်လေးကို တချက်ကြည့်ပြီးနောက် တံခါးနားတွင် ဖြာကျလာသည့် နေရောင်ကို အသာတို့ထိကြည့်ကာ တံခါးကို အသာပိတ်လိုက်သည်။

သူသည် သက်ပြင်း အရှည်ကြီးကို ချသည်။ သူသည် ရေတစ်ခွက်ကို ကောက်ကိုင်လိုက်ပြီးနောက် ဆေးနာမည်များ ရေးထားသည့် ဘူးများထဲမှ တချို့ကို နှိုက်ထုတ်ပြီး အိပ်ခန်းထဲသို့ ဝင်သွားသည်။

သို့ရာတွင် သူသည် တံခါးကို တွန်းဖွင့်လိုက်သည့် အခိုက်တန့်တွင် ကုတင်နားတွင် လောင်ကျန်းက ထိုင်နေကြောင်း မြင်ရသည်။ သူ၏ ခန္ဓာကိုယ်ဟာ အသာ တုန်ယင် သွားသည်။ သူသည် အံသြသွားပြီး ခပ်မြန်မြန် လမ်းလျှောက်သွားလိုက်သည်။

“ဘာဖြစ်တာလဲ”

“ခံစားလို့ မကောင်းဘူးလား။ဆေးရုံ သွားရအောင်”

“ လာ လာ လာ။ ငါအခုပဲ အဝတ်တွေ သွားယူပေးမယ်”

“ မဟုတ်ဘူး”

ကျန်းယီယွင်က သူမ၏ ခေါင်းကို အသာခါပြီး အိပ်ရာဘေးမှ cell phone ကို ကောက်ယူသည်။

“ ငါအခုလေးတင် ဒါရိုက်တာ ဆုပိုင် ရဲ့ တိုက်ရိုက်ထုတ်လွင့်မှုကို နားထောင်နေတာ။ ငါ နည်းနည်း ခံစားသွားရရုံပါ။ ဒါက”

“ဟင်း… မင်းက ငါ့ကိုသေအောင် ခြောက်နေတာပဲ”

နန်ကုန်းယွမ်က သူ့ရင်ဘက်ကို အသာဖိလိုက်ပြီးနောက် သူမ၏ လက်ထဲမှ ဖုန်းကိုယူသည်။

“ လာ...။ ဆေး အရင် သောက်လိုက်ဦး”

“ ကတုံးသိန်းငှက်က တကယ်ပဲ အသက်ရှင်နိုင်မှာလား”

“ ဖြစ်နိုင် လောက်ပါတယ်။ ဆုပိုင်ကတော့ နည်းလမ်းရှိမှာပါ”

နန်ကုန်းယွမ်ကလည်း တိုက်ရိုက်ထုတ်လွင့်မှုကို ကြည့်နေခဲ့ခြင်း ဖြစ်သည်။ သူသည်လည်း ကတုံးသိန်းငှက် စုံတွဲ၏ ခံစားချက်များကြောင့် အလွန်ခံစားရသည်။

“ ကောင်းပြီ။ ကောင်းပြီ မတွေးနဲ့တော့။ မနက်ဖြန်မှာ ငါမင်းကို အဖော်ပြုပေးပြီး တိုက်ရိုက်ထုတ်လွင့်မှုကို ကူပြီးနားထောင်ပေးမယ်နော်”

“ ငါတို့လည်း တစ်ဘဝလုံး လွဲခဲ့ ပြီးပြီ။ ငါတို့ အခုရောက်နေတဲ့ အခြေအနေကို ရောက်လာဖို့က လွယ်ကူခဲ့တာ မဟုတ်ဘူး”

“ ဟုတ်တယ်”

ထိုအချိန်တွင် computer၏ အရှေ့တွင် ထိုင်စောင့်နေသည့် ချန်းရှင်းကလည်း ကတုံးသိန်းငှက်နှစ်ကောင် ၏ ရုန်းကန်နေပုံကိုကြည့်ပြီး မျက်ရည်များကျနေသည်။

“ ဝူးဝူးဝူး”

အချိန် တန်ကြာပြီးနောက် သူမ၏ မျက်နှာကို လက်ဖြင့် အုပ်လျက် အော်ငိုလေသည်။

“ ရှင်းရှင်း အဆင်ပြေရဲ့လား”

တံခါးအပြင်ဘက်မှ သက်လတ်ပိုင်းအရွယ်အမျိုးသမီးကြီးက မျက်မှောင် ကြုတ်လျှက် အတွင်းမှ ငိုသံများကို နားထောင်ရင်း ခပ်တိုးတိုး မေးသည်။ သို့သော် မည်သည့် ပြန်ဖြေသံကိုမျှ မကြားရချေ။

သူသည် လောင်ချန်းထံမှ remoteကို လုယူလိုက်ပြီး နောက် ခပ်တင်းတင်း ပြောသည်။

“ ကြည့်စမ်း နင်တို့ အားလုံး TV ကြည့်ဖို့ပဲ သိတယ်”

“ ငါ့ရဲ့ သမီးလေးက ငိုနေတာကြာပြီ။ ငါ တော်တော် စိုးရိမ်နေတယ်။ ငါ ဘာလုပ်ရမလဲ”

သက်လတ်ပိုင်းအရွယ် အမျိုးသားက တိတ်တဆိတ် လှုပ်ရှားလိုက်သည်။ ထို့နောက် ဇနီးဖြစ်သူကို ကြည့်လျှက် မည်သည့်စကားမှ ပြောမလာချေ။

“ တစ်ခုခု ပြောစမ်းပါ”

“ ရှင်း ဒီလိုပဲ ဆက်ငိုနေမယ်ဆိုရင် ကျွန်မ တစ်ခုခု လုပ်မိမှာကိုတောင် စိုးရိမ်လာပြီ”

“ ငါ ဘာပြောရမှာလဲ”

လောင်ချန်းက မျက်မှောင်ကြုတ်ရင်းပြောသည်။

“ မင်းကမှ သဘောမတူတာ။ ငါက ဘာပြောနိုင်မှာလဲ”

248 03

“ သူမ ဘာလို့ ငိုနေလဲဆိုတာ မင်း နားမလည်ပါဘူး”

“သူ ထိန်းချုပ် ထားခဲ့တဲ့သူမှ မဟုတ်တာ။သူ့ရဲ့ မိသားစု အခြေအနေကလည်း သာမန်ပဲ။ ငါက ဒီကလေးမ ကောင်းဖို့အတွက် လုပ်ပေးနေတာ”

ထိုစကားကို ကြားပြီးနောက် သက်လတ်ပိုင်း အရွယ်အမျိုးသမီးက သက်ပြင်းချပြီး sofa ပေါ်တွင်ထိုင်ကာ မျက်မှောင် ကြုတ်ကာ ပြောသည်။

“ ဒါဆိုရင်လည်း ငါတို့ ဘယ်လိုလုပ်ကြမလဲ။ ငါတို့က ဒီလက်ထပ်ပွဲကို ဖျက်သိမ်းခိုင်းထားပြီးသား။ အခုမှ ပြန်ပြီး လက်ခံမယ်ဆိုရင် ငါတို့မျက်နှာ ရှိပါ့ဦးမလား”

“ လာ လာ လာ။ ဒါကို ကြည့်လိုက်”

လောင်ချန်းက tv ကို ချက်ချင်းပြန်ဖွင့် လိုက်ပြီး.replay ဆိုသော ခလုတ်ကိုနှိပ်သည်။ ထို့နောက် မတ်တပ် ထရပ်လိုက်ပြီး တိတ်တဆိတ် ထွက်သွားသည်။

“ ဒီနေ့ ငါနောက်ဆုံးတော့ နားလည်သွားပြီ”

“ဒီကောင်က … ခံစားချက်ဆိုတာက အရေးကြီးဆုံးပဲ။ လူနှစ်ယောက် အတူရှိဖို့က လွယ်တာ မဟုတ်ဘူး။ ငါ အရင်ကလည်း တအား ဆင်းရဲခဲ့တာပဲ မဟုတ်လား။ မင်းရဲ့ အဖေကလည်း ငါတို့ကို အတူမရှိစေချင်ခဲ့ဘူး”

ခင်ပွန်းဖြစ်သူက အိပ်ခန်းထဲသို့ လျောက်သွားသော မြင်ကွင်းကို ကြည့်ရင်း သက်လက်ပိုင်း အရွယ်အမျိုးသမီးကြီးက မျက်မှောင် ကြုတ်လျှက် TVပါ အကြောင်းအရာများကို ပြန်ကြည့်သည်။

“ တင်ဆက်သူ ဘာမှမတတ်နိုင်မှာကို စိုးရိမ်တယ်။ နှစ်ရက်လုံးလုံး ကြာသွားပြီး ဒီကတုံးသိန်းငှက်က ဘာကိုမှ မစားသေးဘူး”

“ ဖြစ်နိုင်တာက သူ”

ပုံရိပ်များက ပို၍ပင် မြန်ဆန်သွားသည်။ မည်သည့်အချိန်က စတင်မှန်းပင်မသိချေ။

သူမ၏ ပါးတွင်မျက်ရည်များပင် စီးကျလာသည်။သက်လက်ပိုင်း အမျိုးသမီးက မျက်ရည်များကို သုတ်ပြီး အသက်ပြင်းပြင်း ရှူသည်။

တစ်ချိန်က သူမ ငယ်ရွယ်ခဲ့ချိန်က သူမသည်လည်း သမီးဖြစ်သူနှင့် တူညီခဲ့သည်။ သူမကသာ အဆုံးသတ်တွင် သတ်သေမည်ဟု မချိန်းခြောက်လျှင် သူမနှင့် လောင်ချန်းတို့ အတူရှိလာနိုင်လိမ့်မည်မဟုတ်ချေ။

သူမသည်လည်း သက်ပြင်းအရှည်ကြီးကိုချလျှက် sofa မှ ထရပ်လိုက်သည်။ ထို့နောက် သမီးဖြစ်သူ၏ အိပ်ခန်းတံခါးရှေ့သို့ လျှောက်သွားသည်။

“ ရှင်းရှင်း တံခါးဖွင့်။ မားက သမီးတို့ အတူရှိဖို့ သဘောတူတယ်။ မားက မနက်ဖြန် သွားပြီး တောင်းပန်ပေးမယ် ဟုတ်ပြီလား”

“ ရှင်းရှင်း”

“ ရှင်းရှင်း”

“ လောင်ချန်း”

အတွင်းမှ ပြန်ဖြေသံကိုပင် မကြားရသဖြင့် သက်လတ်ပိုင်း အမျိုးသမီးက သော့ကို ခပ်မြန်မြန် ယူပြီး တံခါးကို ဖွင့်လိုက်သည်။ ထို့နောက် မြေပြင်တွင် လဲနေသော သမီးဖြစ်သူကို မြင်ရသောအခါ သူမသည် စူးရှစွာ အော်ဟစ်လိုက်သည်။

….

“ဒီငါးက စားလို့ မရဘူး”

“ မင်း တစ်ခုခု စားချင်လား”

ဆုပိုင်က ငါးတစ်ကောင်ကို ကိုင်ထားပြီး ကတုံးသိမ်းငှက်၏ အရှေ့တွင် ဆောင့်ကြောင့်ထိုင်လျှက် ခပ်တိုးတိုး ပြောသည်။

ထိုအချိန်တွင် နှစ်ရက်လုံးလုံး ကြာသွားပြီ ဖြစ်သည်။ ထိုကတုံးသိန်းငှက်ကမူ မလှုပ်သေးချေ။

ဘေးဘက်ရှိ အလောင်းပေါ်မှ အမွှေးများကပင် စတင်ကာ ပြုတ်ကျနေပြီ ဖြစ်သည်။

သိပ်မကြာခင် ပုတ်လာတော့ပေမည်။ အခြားသော ကတုံးသိန်းငှက် တစ်ကောင်က သာ ဒီအတိုင်း ဆက်နေခဲ့သော် ကျန်ရက်အနည်းငယ်တွင် သူ သေပေလိမ့်မည်။ ကံကောင်းသည်မှာ နှစ်ရက်နီးပါး အတူရှိခဲ့ပြီးနောက် ကတုံးသိန်းငှက်က အရှေ့မှ လူသားကို ထင်သလောက် မတွန်းလှန်တော့ချေ။ ထိုအချိန်တွင် သူသည် မျက်လုံးကိုပင် အသာဖွင့်လာသည်။

သူက ရှေ့မှ လူသား ကိုင်ထားသော ငါးကို ကြည့်သည်။ ထို့နောက် ခေါင်းကို ပြန်ငုံ့လိုက်သည်။ အစမှ အဆုံး သူ့ထံမှ အသံတစက်မှပင် မထွက်လာချေ။

“ဟူး”

248 04

ဆုပိုင်က သက်ပြင်းချလျှက် ငါးကို တဖြည်းဖြည်းချင်းစီ ချလိုက်သည်။ ထို့နောက် ဘေးဘက်တွင် ထိုင်သည်။

“ မင်း ဒီလိုဆက်လုပ်နေရင် မင်းလည်း အနှေးနဲ့ အမြန် သေမှာပဲ”

“ သေပါစေပေါ့။ ငါက… “

ထိုအချိန်တွင် ကတုံးသိန်းငှက်က ခပ်တိုးတိုး ငိုပြန်သည်။

“ ငါ့မှာ ရှင်သန်ဖို့ မျှော်လင့်ချက် မရှိတော့ဘူး။ သူက သေသွားပြီ။ ငါတစ်ယောက်တည်းပဲ ကျန်တော့တာ။ ဘာလို့ အသက်ရှင်နေတော့မှာလဲ”

“ ဒါပေမဲ့”

ဆုပိုင်က မျက်မှောင် ကြုတ်သည်။ သူသည် မည်သို့ ဖျောင့်ဖျသင့်ကြောင်းပင် မသိတော့ချေ။

ထိုစကားပြောခန်းမျိုးက နှစ်ရက်လုံးလုံး ကြာညောင်းခဲ့ခြင်း ဖြစ်သည်။

အမြဲတစေ ယခုလိုရလဒ်မျိုးသာ ထွက်လာ၏။ သူသည် နောက်သို့ လှည့်လျှက် အားနည်းနေသော ဂတုံးသိန်းငှက်ကိုကြည့်ကကာ ဆုပိုင်ကပင် ရင်နာလာသလို ခံစားလာရသည်။

ဒါတွေအားလုံးက အနောက်ဘက်က အမှိုက်တောင်ကြောင့် ဖြစ်တာပဲ။ ဟုတ်တယ်။ လူသားတွေက ဒီဝန်းကျင် တစ်ခုလုံးကို ဖျက်စီးလိုက်တာ။ ဒီတာဝန်က ဒီလိုနဲ့ ပျက်စီးတော့မှာလား။

ထိုအတွေးဟာ ဆုပိုင်၏ စိတ်အတွင်းသို့ ရောက်လာသည်။ စနစ်တွင် အပိုင်းစ တာဝန်တစ်ခုကို တစ်ကြိမ်သာ လဲလှယ်ရသည်။ ထိုတစ်ကြိမ်တွင် ကျရှုံးသွားခဲ့သော် ဘယ်သောအခါမှ ထိုတိရစ္ဆာန်ကို ဘယ်သောအခါမှ ကယ်ဆယ်နိုင်တော့မည် မဟုတ်ချေ။

++++++ 249 01

အခန်း 249

[ငါ ဘာလုပ်ရမလဲ။ ကတုံးသိန်းငှက်က အားနည်းသည်ထက် အားနည်းတာကို ငါ တဖြည်းဖြည်းချင်း ကြည့်နေရင်း စိုးရိမ်လွန်းလို့ ဘာလုပ်ရမှန်းတောင် မသိတော့ဘူး]

[ ဒါရိုက်တာဆုပိုင်က ဒီနေရာကနေ အတင်းအားသုံးပြီးခေါ်သွားခဲ့ရင် ဘယ်လိုလဲ။ ဒီလိုဆိုရင်တော့ အသက်ကို ကယ်နိုင်မှာပဲ]

[ လာစမ်းပါ။ ငါဒါကို နှစ်ရက်တောင် စောင့်ကြည့်နေတာ။ ဒါရိုက်တာဆုပိုင်ကသာ သူ့ကို အားသုံးပြီး ခေါ်သွားချင်ရင် ခေါ်သွားပြီးတာကြာပြီ]

[ ဒါပေမဲ့ သူက ကိုယ်ကိုယ်ကို သတ်သေလောက်တယ်]

[ ဒီလိုခံစားချက်မျိုး က မနာလို ဖြစ်ပေမဲ့လည်း အရမ်းလည်း နာကျင်စေသေးတယ်]

[ စကားမပြောနဲ့တော့။ ငါ နှစ်ရက်လုံးလုံး မျက်ရည်တွေ သုတ်နေရတာ။ ငါအခုဆိုရင် အိမ်သာသုံး စက္ကူတွေကိုတောင် သုံးနေရပြီ။ တစ်ခါတရံမှာ တိရစ္ဆာန်တွေရဲ့ ခံစားချက်က ငါတို့ထက်တောင် သန့်စင် နေလောက်တယ်]

[ အား...ငါရဲ့ ကိုယ်ပိုင်မျက်လုံးနဲ့ ဒီအကောင် သေသွားတာကို ကြည့်ရတော့မှာလား]

[ မဟုတ်သေးဘူး။ ဒါရိုက်တာဆုပိုင်။ နည်းလမ်း တစ်ခုခုတော့ ရှိမှာပါ။ ကြည့်ကြည့် သူ အခြားအလောင်းကို တစ်ခုခု လုပ်နေပြီ]

ရုတ်တရက် ဆုပိုင်က တိုက်ရိုက်ထုတ်လွင့်မှု အခန်းထဲမှ မှတ်ချက်များကို ကြည့်ပြီးနောက် နေရာတွင်ပင် တောင့်ခဲသွားသည်။

တစ်ခုခု ဟုတ်လား။

ဆုပိုင်က နေရာမှ ခပ်မြန်မြန် ထလိုက်ပြီးနောက် အခြားတစ်ဖက်ခြမ်းသို့ လျှောက်သွားသည်။ထို့နောက် ဂရုစိုက်၍ ငုံ့ကြည့်လိုက်သည်။ ကတုံးသိန်းငှက် အလောင်း၏ အောက်ဘက်တွင် ဖြူဖွေးသန့်စင်နေသော အဖြူရောင် ဥလေးနှစ်ဥ ရှိနေသည်။

ဒါက…။

ထိုကတုံးသိန်းငှက်က ဒီနေရာတွင် ဆင်းသက်၍ သေဆုံးသွားခဲ့သည်မှာ ဥ ဥရန်အတွက်ကြောင့်သာဖြစ်သည်။

ဆုပိုင်က ခပ်မြန်မြန် အသက်ပြင်းပြင်း ရှူသည်။

ထိုဥ နှစ်လုံးကသာရှိနေသေးလျှင် ကတုံးသိန်းငှက်ကို ဖြောင်းဖြပြီး ပြန်ခေါ်သွား၍ ရလောက်သည်။

ထိုကတုံးသိန်းငှက်က ယခုလိုဖြစ်နေသည်မှာ သူ၏ ဇနီး ဖြစ်သူ သေသွားခဲ့သောကြောင့် ကိုယ့်ကိုယ်ကို သတ်သေလိုခြင်း မဟုတ်လေဘဲ ကလေးများကပါ ပါသွားသောကြောင့်ဖြစ်သည်။

ဒါက မျှော်လင့်ချက်ပဲ။

သူ့မှာက မျှော်လင့်ချက်ရှိရင် အသက်ဆက်ရှင်နိုင်မှာ။

“ မင်း သေလို့ မရဘူး”

ဆုပိုင်က ဥနှစ်လုံးကို ခပ်မြန်မြန် ကောက်လိုက်ပြီးနောက် ကတုံးသိန်းငှက်၏ အရှေ့တွင် ချပေးလျှက် နီရဲသောမျက်နှာဖြင့်အော်သည်။

“ ကြည့်စမ်း။ ဒီမှာ မင်းရဲ့ ကလေးနှစ်ယောက်ရှိနေတုန်းပဲ”

“ မင်းက ဒီလိုသေ သွားရင် ဒီကလေးတွေက ပေါက်လာတော့မှာ မဟုတ်ဘူး”

ကတုံးသိန်းငှက်က မျက်လုံးကို ထဖွင့်သည်။ ထို့နောက် အရှေ့မှ ဥများကို ကြည့်ပြီး ခေါင်းကို အသာခါသည်။

“ သူတို့က သေသွားပြီ။ ရှင်သန်နိုင်တော့မှာ မဟုတ်ဘူး”

“ မျော်လင့်ချက်လည်း မရှိပါဘူး”

“ ငါ ဒီဥ နှစ်လုံးကို ပေါက်အောင် ဖောက်ပေးနိုင်တယ်။ ငါ့ကို ယုံ။ ငါ ကတိပေးတယ်”

ဆုပိုင်က အော်သည်။

“ သူက သေခါနီးအချိန်မှာ ဒီဥ နှစ်လုံးကို ဘာလို့ ဥသွားလဲ ဆိုတာ မင်း နားမလည်ဘူးလား။ သူ ဒီကလေးတွေကို အသက်ရှင် စေချင်တယ်လေ”

“ မင်းက ဘာလို့ ဒီလို လုပ်နေတာလဲ။ မင်းက မျှော်လင့်ချက်တွေ အားလုံးကို လက်လျော့ ပေးလိုက်ရင် ဒါဆိုရင် သူ…”

249 02

သေချာစွာပင် ထိုစကားကို ကြားပြီးနောက် ကတုံးသိန်းငှက်က ရုတ်တရက် ထရပ်လိုက်ပြီး ဆုပိုင်ကို မျက်လုံးပြူးကာ ကြည့်သည်။

“ မဖြစ်နိုင်တာ။ မင်းက ဥဖောက်နိုင်တယ် ဟုတ်လား”

“ မင်းမှာ တကယ်ပဲ နည်းလမ်းရှိတာလား”

“ ဟုတ်တယ်။ ဟုတ်တယ်။ ဒီကလေးတွေ ငါ့ကို ပေးခဲ့တာဖြစ်မယ်။ သူ ကလေးတွေ ငါ့ကို ပေးခဲ့တာဆိုတော့ ငါ သေချာပေါက် အသက် ရှင်ရမယ်”

ခွက်

ကတုံးသိန်းငှက်က စူးရှစွာ အော်ဟစ်ပြီးနောက်တွင် အားနည်းသော ခန္ဓာကိုယ်ကြောင့် ချက်ချင်းဆိုသလို မေ့လဲသွားသည်။

ဆုပိုင်သည် အသက်ပြင်းပြင်း ရှူလျှက် ချက်ချင်းဆိုသလို ကောက်ပွေ့လိုက်သည်။ ထို့နောက် အဝေးသို့ ခပ်မြန်မြန် ပြေး၏။ အချိန်တန်ကြာပြီးနောက် ဆုပိုင်သည် ကတုံးသိန်းငှက်ဟာ အရှေ့မှ ငါးကို ဆွဲဖြဲပြီး စားသောက်ကြောင်း မြင်မှသာ စိတ်အေးစွာဖြင့် သက်ပြင်းချနိုင်သည်။

ထိုသတ္တဝါသည် နှုတ်သီး ချွန်လွန်းသော သိန်းငှက်မျိုးနှင့် ခြားနားသည်။ ထိုအကောင်ကမူ မှတ်ဉာဏ် အဖျောက်ခံရလျှင်ပင် အသက်ရှင်နိုင်သည်။ ပို၍ ဆိုးသည်မှာ ထိုသို့ လုပ်ရန် မလိုအပ်သမျှ မလုပ်သင့်ပေ။ ဆုပိုင်ကပင် တိရစ္ဆာန်များ၏ မှတ်ဉာဏ်များကို မဖျောက်လိုပေ။

ဒီနည်းအား ဖြင့်သူတို့၏ သဘာဝကို ဆုံးရှုံးလိုက်ရ ရုံသာမကသေးလေဘဲ အသက်ရှင်လိုစိတ်လည်း ပျောက်ဆုံးသွားပေလိမ့်မည်။

“ ငါတို့ စားလို့ ပြီးတာနဲ့ ပြန်ရအောင်”

ဆုပိုင်က ဥလေး နှစ်လုံးကို ခပ်မြန်မြန်ကောက်ယူလိုက်ပြီးနောက် ကတုံးသိန်းငှက်ကို ပြောသည်။

ယခုချိန်ထိ စနစ်က တာဝန် ပြီးဆုံးကြောင်း မပြောသေးချေ။ ဆုပိုင်သည်လည်း သူသည် ဒီနေရာတွင် ဥများကို ရအောင်ဖောက်ပြီးမှ တာဝန်ကို ပြီးမြောက်အောင် လုပ်ရမည်ဟု ထင်ထားသည်။ သို့ရာတွင် သူတို့တွင် သမုဒ္ဒရာထဲတွင် ဆက်နေ၍ မရချေ။ နယ်မြေတစ်ခုခုကို ရှာရပေမည်။

ကြက်ဖ တစ်ကောင်ကို ရှာနိုင်မည်ဆိုလျှင်ပင် ထိုဥ နှစ်လုံးကို ပေါက်အောင် ဖောက်ရပေမည်။

ကတုံးသိန်းငှက်က တောင်ပံကို ဖြန့်လျှက် အဝေးရှိ အလောင်းထံ တဖြည်းဖြည်းချင်းစီ သွားသည်။ ထို့နောက် ခေါင်းကို ငုံ့လျှက် ဆူးရှစွာ အော်ဟစ်သေးသည်။ ထို့နောက် ခေါင်းကို အပြန်မော့ကာ လေထဲသို့ ထိုးတက်သွားသည်။

ဆုပိုင်ကလည်း သူ၏ ရေလုံသော ကျောပိုးအိတ်ကို ကောက်လွယ်လိုက်ပြီး အမှိုက်များ ပြည့်နှက်နေသော ပင်လယ်ထဲသို့ ခုန်ချလိုက်ကာ ကတုံးသိန်းငှက်နောက်သို့ လိုက်လျှက် ဆက်လက် ကူးခတ်သွားလိုက်သည်။

ပင်လယ်ထဲမှာ ဦးတည်ရာဘက်ကို မပြောနိုင်ဘူး။ ဒါကြောင့် ကတုံးသိန်းငှက်ရဲ့ အနောက်ကို လိုက်ဖို့ပဲ ရှိတယ်။

ကုန်းမြေတစ်ခုခုပေါ် ဆင်းသက်နိုင်ဖို့ မျှော်လင့်ရတာပဲ။

မည်သို့ပင်ဆိုစေ ဥ နှစ်လုံးက ကြာကြာခံနိုင်မည် မဟုတ်ချေ။

“ ခေါင်းဆောင် ငါတို့ ဆက်သွားလို့ မရတော့ဘူး။ ငါတို့ အမှိုက်ပင်လယ်နားကို ရောက်တော့မှာ”

အပြာရောင် ရွက်လွှင့်ဝတ်စုံနှင့် သက်လတ်ပိုင်း အရွယ်အမျိုးသားက တဖြည်းဖြည်းချင်း ခေါင်းညိတ်လိုက်ပြီး အဝေးကြည့်မှန်ပြောင်းကို ကောက်ယူလက် အဝေးရှိ အမှိုက်များ ပြည့်နှက်နေသော တောင်ကို ကြည့်ကာ သက်ပြင်းရှည်ကြီးကို ချသည်။

“ ဟိုဘက်က internet coffee ဆိုင်ကိုပဲ သွားရအောင်။ ဒီတစ်ကြိမ်မှာ ငါတို့ အကြာကြီး ထွက်လာခဲ့တာဆိုတော့ ဘာအကျိုးအမြတ်မှ ရခဲ့တာမဟုတ်ဘူး။ ဒီအတိုင်း ဆက်နေ နေမယ်ဆိုရင် ငါတို့ ရင်းနီးမြှုပ်နှံထားတာတောင် ဆုံးရှုံးရလိမ့်မယ်။

“ ဒါပေမဲ့”

ဘေးဘက်ရှိငယ်ရွယ်သော အဖွဲ့ဝင်က ထိုစကားကို ကြားသောအခါ မျက်နှာပျက်သွားပြီး နောက် တုံ့ဆိုင်းစွာပြောသည်။

“ ဒီနေရာက ငါးတွေက စားလို့ မရတော့ဘူး”

“ငါ တို့တွေ”

“ငါ သိတယ်”

ခေါင်းဆောင်က သူ့ကို စိုက်ကြည့်ပြီးအော်သည်။

“ငါတို့ တတ်နိုင်တာ မရှိတော့ဘူးလား”

“ဒါက စားလို့မရဘူး။ ငါတို့တော့ အသက်ရှင်နေဖို့ရတယ်။ ဒါကြောင့် ငါတို့ အကြိမ်ပေါင်းများစွာ တင်ပြခဲ့ပြီးပြီ။ ဒါပေမဲ့ ဘယ်သူကမှ ဒီနေရာကို ဂရုမစိုက်ကြဘူး”

“နယ်မြေအစိုးရက တောင်မှ ငါတို့လို လူတွေရဲ့ အသက်ကို ဂရုမစိုက်တော့ဘူး”

“ ဒီလောက် အတိုင်းအတာ ထိတောင် ပျက်စီးနေတာ။ ငါတို့ကို နေထိုင်ခွင့် မပြုဘူးဆိုမှတော့လည်း ငါတို့လည်း ဒီငါးတွေလိုပဲ သေရုံပေါ့”

“ ဂျေ”

******

All Chapters