အခန်း (၂၅၀-၂၅၂)
Vol. 17 Ch. 250-252
250 01
အပိုင်း 250
မုဆိုးက ကုန်းပတ်လမ်းပေါ်တွင်ရပ်ရင်း သူက ဖမ်းမိလာသော ငါးကို ကြည့်လိုက်သည်။ သူသည်ပင် ဘေးဘက်ရှိ လက်ကိုင်တိုင်ကို ဖြောင်းခနဲ ရိုက်လိုက်မိသည်။
“သေလိုက်ပါတော့”
“သေစမ်း ဒီသောက်ကျိုးနည်း အမှိုက်တွေ”
ကုန်းပတ်လမ်းပေါ်တွင်လည်း တစ်စစီ ပြန့်ကျဲလျှက် ကျနေသော ငါးအချို့ ရှိနေသေးသော်လည်း ထိုငါးများသည် ယခင်ကနဲ့ မတူတော့ချေ။ အများစုက ပုံမှန်မဟုတ်သော အပြာဖျော့ရောင် အလင်းမျိုးအဖြစ် ပြောင်းနေကြပြီ ဖြစ်သည်။ ထိုအပြင်...သူ့ကိုပို၍ဒေါသထွက်စေသည်မှာ ပိုက်ကွန်တစ်ခုလုံးဖြစ်နေခြင်း ဖြစ်သည်။ အတွင်းရှိ ဖမ်းမိလာသမျှသော ၈၀ ရာခိုင်နှုန်းခန့်က အမှိုက်ဟောင်းများ ဖြစ်နေသည်။
“ဝေါ့”
“ဝေါ့”
သင်္ဘောပေါ်မှ အဖွဲဝင် ၂ယောက်ကလည်း နံဟောင်နေသော အနံ့ကို ရလိုက်ကြပြီး လက်တင်ခုန်များပေါ်တွက် မှီလျှက် သူတို့၏ခေါင်းများကို ပင်လယ်ဖက်သို့ ထုတ်ရင်း ပြင်းပြင်းထန်ထန် အန်ကြလေသည်။
“ခေါင်းဆောင်ဟန့် ဒီပင်လယ် တစ်ဝိုက်က အမှိုက်တွေ ပြည့်နေမှာကို ငါ စိုးရိမ်တယ်။ ငါတို့ ငါးဖမ်းလိုရမှာ မဟုတ်တော့ဘူး။ ငါတို့ ဒီငါးတွေကို ဖမ်းမိရင်တောင်မှပဲ ခွေးရိုင်းတွေတောင် မစားလောက်ဘူးလို့ စိုးရိမ်တယ်”
“ဟုတ်တယ်။ ဟုတ်တယ်။ ငါတို့ တစ်နေ့လုံး ငါးဖမ်း ထွက်လာခဲ့တာ။ ဒီပင်လယ်ပြင်ထဲကလည်း မထွက်နိုင်သေးဘူး။ ဒီနေရာက အမှိုက်တွေကြီးပဲ ပြည့်နေမှာကို ငါ တကယ် စိုးရိမ်နေပြီ”
“ကောင်းပြီ။ ငါတို့ ဘယ်လို လုပ်ကြမလဲ။ ငါတို ဒီတိုင်း ဆက်ပြီး ငါးဖမ်းနေမှာလား။ ဒါမှမဟုတ် ငါ စိုးရိမ်တာက ငါတိုရဲ့ ရိက္ခာက အကြာကြီး ခံမှာမဟုတ်ဘူး”
“ဟူး”
ဟန့်က အသက်ပြင်းပြင်း ရှူပြီး အမိန့်ပေးလိုက်သည်။
“ကုန်ဆည်တွေကို ထပ်ပြီးဆယ်ယူပြီး အမှိုက်တွေ အားလုံးကို စုထားလိုက်”
“ငါတိုရှင်သန်ဖို နည်းလမ်းတစ်ခုတော့ ရှာရမယ်။ ငါတို့ ဒီတိုင်း ဆက်ဖြစ်နေမယ်ဆိုရင် သိပ်မကြာခင် ဒီပင်လယ်ကြီးတစ်ခုလုံးက အမှိုက်တွေပဲ ပြည့်သွားမှာ”
“ဒီငါးတွေကို အရင် လွင့်ပစ်လိုက် အနောက်ဖက်ကို သွားပြီး အရာရှိတွေများ ဒီငါးတွေကို စားချင်မလားလို မေးမြန်းကြည့်ဦးမယ်”
ထိုသိုပြောနေသည့် အချိန်တွင်ဟန့်က ခေါင်းဆောင်ဦးထုတ်ကို ဆွဲချွတ်လိုက်ပြီး သူ၏ဆံပင်ကို ခက်ကြမ်းကြမ်း ကုတ်လိုက်သည်။ သွေးနီရောင် မျက်လုံးများဖြင့် ငြီးငြူလေသည်။
“ငါးဖမ်းတဲ့ရာသီက နှစ်တိုင်းလိုလို တိုတောင်းတဲ့ ကာလပဲ။ မနှစ်က ကတည်းက ငါတို ဒီကျန်းမာတဲ့ ငါးတွေကို မဖြည့်တင်းနိုင်ခဲ့ဘူး။ ငါတို ဒီအကြောင်းအရာကို တင်ပြရင် အစိုးရဘက်က အရာရှိတွေက တစ်ခုခု လုပ်ပေးမယ်လို ထင်ထားခဲ့တယ်။ ဒါပေမဲ့ ငါ မမျှော်လင့်ထားတာက...ဒီနှစ်ဆိုရင် သာမှန်ငါးတစ်ကောင်တောင် မဖမ်းနိုင် တော့တာပဲ”
“ငါတို့ အနေနဲ့ ရှင်သန်ဖို နည်းလမ်းကို မရှိတော့ဘူး”
“ခေါင်းဆောင်ဟန့် ဒါဆိုရင်လည်း...”
“ဖမ်း။ ဆက်ဖမ်း”
ဟန့်က ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ပြန်ထိမ်းလိုက်ပြီး မြေပြင်ပေါ်မှ ညစ်ပတ်သော အမှိုက်များကို လစ်လျူရှုလျှက် ထိုင်ချကာ အားလုံးကို စုစည်းလိုက်သည်။ ထိုနောက် ငါးထည့်ထားရန် အတွက် အသုံးပြုလေ့ရှိသော အရာထဲသို ပစ်ထည့်ထားလိုက်သည်။
“ဟူး”
ထိုအခြေအနေကို မြင်သောအခါ လူတိုင်းကလည်း အလောတကြီး ကူညီကာ ပိုက်ကွန်ကို ပြန်ချကြသည်။ သူတို့သည် သီးသန့်ငါးဖမ်းအသင်းမှ ဖြစ်သည်။ သူတို့ နေထိုင်သော မြိုငယ်လေးတွင် နေထိုင်သော လူတစ်ဝက် ကျော်ကျော်ခန့်က ငါးဖမ်းပြီး အသက်ရှင် နေထိုင်ကြသည်ဟု ပြောရပေလိမ့်မည်။ ကျန်သော သူများတွင် အခြားသော နည်းလမ်းရှိနေခဲ့သည့်တိုင်အောင် ပင်လယ်နှင့် ဆက်စပ်နေကြသေးသည်။ သိုသော်...
250 02
လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က စတင်လေပြီး သူတို့၏ ပင်လယ်နယ်မြေတွင် ပြဿနာများက ဖြစ်ပျက်လာသည်။ အစပိုင်းတွင်မူ မည်သူကမှ ဂရုမထားကြချေ။ ယခုမူ နှစ်အနည်းငယ် ကြာပြီးနောက်...
ပင်လယ်နယ်မြေကြီး တစ်ခုလုံး၏ အလယ်ဗဟိုတွင် ကြီးမားသော အမှိုက်တောင်ကြီး ပေါ်လာသည်။ ထိုနောက် ကျယ်ပြောသော ပင်လယ်ထဲတွင် နေထိုင်သော သတ္တဝါများကလည်း လျှင်မြန်စွာ ဆွေးမြေ့ကာ ပုတ်သိုး သေဆုံးကြလေသည်။
မနှစ်ကဆိုလျှင် ပို၍ပင် ဆိုးသေးသည်။ သူတို့သည် ပင်လယ်ထဲတွင် တစ်ပတ်ကျော်ကျော်ခန့် နေထိုင်ပြီးခဲ့သည့်တိုင်အောင် သာမန်ငါးတစ်ကောင်ကိုပင် မဖမ်းနိုင်ခဲ့ချေ။ မနှစ်က စတင်ပြီး အမှိုက်တောင် ဝန်းကျင်သို့ မည်သူကမျှ မသွားရဲတော့ချေ။ အဝေးတွင်လည်း မမျှောလွင့်နေသေးသည့် ငါးသေကောင်များက ရှိနေသေးသည်။
အမှိုက်တောင်ကျွန်းကြီး တစ်ခုလုံး နီးပါး ဖြစ်လာလေသည်။ ထိုအပြင် ထိုကျွန်းအနားတွင်လည်း ရေဖြင့်မျှောပါလာသော အမှိုက်များကသာ ပြည့်နှက်နေသည်။
“ဟူး”
ဟန့်က သူ၏ ခေါင်းကို ပြန်လှည့်ပြီး အဝေးရှိ အမှိုက်တောင်ကို ကြည့်သည်။ ထိုအမှိုက်တောင်သည် မနှစ်ကထက် ၂ စပင်ကြီးလာ၏။ သူက မျက်လုံးကို မှိတ်လိုက်ပြီး အသက်ပြင်းပြင်း ရှူသည်။
သူ၏ နှလုံးသားအတွင်း အားအင်မဲ့သော ခံစားချက်က မြင့်တက်လာသည်။ သူတို့အင်အားလောက်နဲ့ အမှိုက်တောင်ကို မရှင်းနိုင်ချေ။
မနှစ်က စုဝေးရောက်ရှိလာခဲ့ကြသည့် ငါးဖမ်းသမားများ အားလုံးကလည်း ငါးဖမ်းလှေများကို သုံးလျှက် အမှိုက်များအားလုံးကို အဝေးသို့ ပိုဆောင်လိုခဲ့သေးသည်။ သို့သော်...
မည်သိုပင်ဆိုစေ နှစ်အနည်းငယ်တည်းနှင့် ထိုအမှိုက်တောင်ကြီးက Plastic အမှိုက် အလွန်များပြား လာလိမ့်မယ်လို မထင်ထားကြချေ။
ပင်လယ် မျက်နှာပြင်ပေါ်တွင်သာ မဟုတ်ချေ။ ပင်လယ်ရေပြင် ကြမ်းခင်ပြင် ပို၍ပင်များပြားသော ပမာဏက ပုံနေသေးသည်။ ထိုကြောင့် တွက်ချက်မှုများအရ အနည်းဆုံး Plastic အမှိုက်များက တန် ၃၅၀ထိ ရှိနေနိုင်သည်။ ဒါက...
သူတို့၏ သေးငယ်သော ငါးဖမ်းလှေများက တစ်ကြိမ်တွင် တန် ၁၀ကျော်ကိုသာ တင်နိုင်သည်။ ထိုအပြင် ငါးငယ်လေးများကို တင်နေကြ ဖြစ်သည်။ Plastic အမှိုက်များကိုသာ တင်ထားခဲ့မည်ဆိုလျှင် ရိုးရှင်းစွာပင် ထိုမျှ အများကြီး မသယ်သွားနိုင်ပေ။
ထိုအပြင် ပို၍ အရေးကြီးသည်မှာ သူတို့က အရာအားလုံးကို သယ်သွားခဲ့လျှင်ပင် ဖျက်ဆီးရန်အတွက် နေရာမရှိသေးချေ။ ဒီလိုအမှိုက်များကို မီးရှို့လိုက်သောအခါ ပြင်းထန်သော သက်ရောက်မှုက ပင်လယ်ရေပြင်ပေါ်တွင် မျောနေသည်ထက်ပင် ပို၍ စိုးရိမ်စရာ ကောင်းသေးသည်။
“ခေါင်းဆောင် အဲဒီမှာ တစ်ယောက်ယောက်ရှိနေတယ်”
ရုတ်တရက် ငါးဖမ်းပိုက်ကွန်ကို ဆွဲနေသော အလုပ်သမား ၂ယောက်က အဝေးရှိ အမှိုက်ပုံ ရှိရာဖက်သို လက်ညိုးထိုးရင်းအော်သည်။
“အမှိုက်တောင်ကို လာပြီး စုံစမ်းစစ်ဆေးတဲ့လူ ရှိနေတာလား။ ဒီလိုနေရာကို တကယ်ပဲ ရှင်းပေးတော့မှာလား”
သူတို့ နှစ်ယောက်က အခြေအနေကြည့်ပြီး အံအားတကြီး ပြောသည်။
“မဟုတ်ဘူး။ အနားမှာ လှေမှ မရှိတာ။ စုံဆေးစစ်ဆေးစရာလည်း မရှိဘူး”
“မြန်မြန်လေး ငါးဖမ်းပိုက်ပိုက်ကွန်ကို ပြန်ဆွဲတင်ပြီး အဲဒီကို သွားလိုက်ရအောင်”
ဟန့်က မျက်လုံးကို အသာမှေးကျဥ်းလျှက် ခပ်မြန်မြန် အော်လိုက်သည်။
“ဒီနီးနားဝန်ကျင်က ပင်လယ်ရေတွေက ညစ်နွမ်းနေတာ။ ငါးတွေတောင် မရှင်သန်နိုင်ဘူး။ ဒီလူက ပင်လယ်ရေထဲမှာ အချိန်အကြာကြီး နေလို့မရဘူး။ မြန်မြန် သူ့ကို ခေါ်လိုက်”
“သူက ဘယ်သူပဲဖြစ်ဖြစ် ငါတို့ သူ့ကို မြင်တာနဲ့ ကယ်ရမယ်”
“ဘာလို့...”
အဖွဲဝင်များက ခပ်မြန်မြန် အပြေးလာကြပြီး ငါးဖမ်းပိုက်ကွန်ကို သူတို့၏ အင်အားအပြည့်သုံးလျှက် ပြန်ဆွဲတင်ကြသည်။
သို့သော်...
ဒီတစ်ကြိမ်တွင် လူတိုင်းက ငါးဖမ်းပိုက်ကွန်ကို ဆွဲရန်အတွက် အင်အားအမြောက်အများကို ထည့်သုံးထားခဲ့သည်။ သိုသော် အလွန်အမင်း ဆွဲတင်ရန် ခက်ခဲနေသည်။
“ခေါင်းဆောင် ဟန် ဒီထဲမှာ အကောင်ကြီးကြီး ရှိတယ်။ ငါ အလေးချိန်ကိုတောင် ခံစားလိုရတယ်”
250 03
သန်မာသော လူတစ်ယောက်က အဆုတ် ကွဲမတတ် အော်သည်။
သူ့တစ်ကိုယ်လုံးမှ သန်မာသော ကြွက်သားများအားလုံးက ဖောင်းတက်လာပြီး သူ၏ နဖူးများမှ သွေးကြောများကပင် ထောင်တက်လာသည်။
“ခပ်ပြင်းပြင်း ဆွဲကြ”
“တက်လာပြီ”
လူတိုင်းကအတူ စုလျှက်အော်ဟစ်လိုက်ကြရင်း ငါးဖမ်းပိုက်ကွန်ကြီးကို ဆွဲတင်လိုက်ကြသည်။
ဘုန်း။
ကုန်းပတ်လမ်းပေါ်သို ပြင်းပြင်းထန်ထန် ကျသွားသော သတ္တဝါကို ကြည့်ရင်း လူတိုင်း၏ မျက်လုံးဟာ ချက်ချင်းလိုလို ပြူးကျယ်သွားသည်။
သူတို့မြင်လိုက်ရသည်မှာ ငယ်ရွယ်သော ဝေလငါး ဖြစ်သည်။ သို့သော်...
သူသည် သေနေလေပြီ။
သူ၏ ခန္တာကိုယ်တစ်ခုလုံးကို အရောင်စုံ Plastic အလွှာက တင်းတင်းကြပ်ကြပ် ပတ်ထားပြီး ကျောတွင်ရှိသော အပေါက်များကို ပင်ပိတ်ထားသည်။
“ဒါက...”
ဟန့်က ကုန်းပတ်လမ်းပေါ်မှ မွေးကာစ ဝေလငါးလေးကို ကြည့်ပြီး အံကို ကြိတ်သည်။
ရောင်စုံ Plastic များဖြင့် ပတ်ထားသော အလောင်းကို မြင်ရုံသာမကသေးလေပဲ သေးငယ်သော ဒဏ်ရာလေးများကိုလည်း မြင်နိုင်သည်။
“ကောင်းပြီ။ ကောင်းပြီ။ မကြည့်နေနဲ့တော့။ နောက်ပြီး ဒီဝေလငါးငယ်လေးကို ပြန်သယ်သွားရအောင်။ အစိုးရက ဒီလို သတ္တဝါမျိုးကို အမဲလိုက်ဖို့ တားမြစ်ထားတယ်”
“သူတို့ကပဲ ဒီကောင်လေးကို သတ်တာလေ”
“စက်လှေကို မြန်မြန်မောင်းလိုက်ဦး။ အရင်ဆုံး အဲဒီလူကို သွားကယ်ရမယ်”
“ပင်လယ်ရေထဲမှာ ဒီလိုကြာမြင့်နေတာက အလွန် အန္တရာယ် များလွန်းတယ်။ လှိုင်းလုံးရောက်လာတာနဲ့ လွင့်မျောသွားမှာပဲ”
ဟန်က ညွှန်ကြားချက်များ ပေးလိုက်ပြီး ခပ်မြန်မြန်ပင် ပဲ့ကိုင်နေရာသို သွားသည်။ ထိုသို့ဖြင့် ခပ်ကြမ်းကြမ်း လှည့်ရင်း အဝေးရှိ အမှိုက်ပုံရှိရာသို မောင်းသွားလိုက်သည်။
ဆုပိုင်လည်း ခေါင်းတစ်ချက် မော့လိုက်သောအခါ သူ၏ ရှေ့နားတွင် ပေါ်လာသည့် ငါးဖမ်းလှေလေးကို တွေ့လိုက်ရသည်။ ထိုလှေက သူထံသို့ လာနေသည်။
“ကြည့်ရတာ ဒီကြင်နာတတ်တဲ့ လူတွေက ရှိနေသေးတာပဲ။ ဒါပေမဲ့...ဒီနေရာမျိုးမှာ ငါးဖမ်းနိုင်ဦးမှာလား”
ဆုပိုင်က တခဏခန့် ငြီးငြူပြီးနောက် အလျှင်စလို လက်ကို ဆန့်ထုတ်လျှက် ခေါင်းပေါ်မှ တစ်ဖက်သူကို ခပ်ရဲရဲ လက်ဝေ့ရမ်းပြလိုက်သည်။
ထိုနောက် လေတုံးသံက ထွက်လာ၏။ ကတုံးသိန်းငှက်က အောက်ဖက်မှ ဆုပိုင်ကို ကြည့်ပြီး ရပ်တန့်လိုက်ကာ တစ်ချက်အော်သည်။ ထိုသိုဖြင့် ကောင်းကင်တွင် ဝိုင်းပတ် လိုက်ပြန်သည်။
“ဟေး ညီအစ်ကို မြန်မြန်တက်လာခဲ့”
“အောက်ဖက်က ပင်လယ်ရေက အဆိပ်ရှိတယ်။ ငါတိုဒီမှာ အကြာကြီး နေလို့မရဘူး”
ဟန့်က လှေကားလေးကို ပစ်ချပေးပြီး အရှေ့မှ လူငယ်ကို လှမ်းကြည့်သည်။
ဆုပိုင်က လှေကားကို ကိုင်ပြီးလက်နှစ်ဖက်သုံးလျှက် ငါးဖမ်းလှေပေါ်သို တစ်လှမ်းချင်းစီ တက်သည်။
သို့သော်
သူက တက်လိုက်သည့် အခိုက်အတန့်တွက် မျက်မှောင် ကြုတ်လိုက်မိသည်။
သူသည် သူ၏ အရှေ့ ကုန်းပတ်လမ်းပေါ်တွင် သေနေသော ဝေလငါးလေးကို မြင်သောအခါ သူ၏ လေသံက အနည်းငယ်တင်းမာသွားသည်။
“မင်းတို့က ဝေလငါးကို သတ်တာလား”
ထိုအဖွဲကသာ ဝေလငါးကို သတ်သော အဖွဲဆိုလျှင် ဆုပိုင်သည်လည်း သူတို့၏ ကူညီမှုကို လက်မခံနိုင်ပေ။ ချက်ချင်းလိုလို လှည့်ပြီး ပင်လယ်ထဲသို ခုန်ချရပေလိမ့်မည်။
++++++ 251 01
အခန်း 251
ဝေလငါးကဲ့သိုသော ပင်လယ်ရေနေ သတ္တာဝါမျိုးအတွက် မျိုးဆက်ပွားရန် အလွန့်အလွန်ခက်သည်။ ခက်ခဲသည်ထက်ပင်ပို၏။ ထို့အပြင် ယခုလိုမျိုး ဝေလငါး အပေါက်လေးတစ်ကောင် အရွယ်ရောက် ရှင်သန်နိုင်ရန်အတွက် နှစ်ပေါင်းများစွာပင် လိုအပ်သေးသည်။
“ဘယ်လို ဖြစ်နိုင်မှာလဲ”
ဟန့်က ဝေလငါးငယ်လေး အရှေ့တွင် ညှင်သာစွာ ဆောင့်ကြောင့်ထိုင်လိုက်ရင်း ထိုအကောင်လေး၏ ချောမွေ့သော အသားရည်များကို အသာပွတ်လိုက်ကာ ခေါင်းကို ဖြည်းဖြည်းချင်း ခါသည်။
“ငါတို ပင်လယ်ထဲမှာ နေထိုင်နေကျ ဒါကို ဝေလငါးလို သတ္တဝါမျိုးကို ဘယ်လိုများ ထိခိုက်အောင် လုပ်ရမှာလဲ”
“ဒါက အမှိုက်တွေကြောင့် သေသွားတာ သူအမှိုက်တွေနဲ့ Plastic အမှိုက်တွေနဲ့ ပတ်မိပြီး မွန်းကြပ်ပြီး သေသွားတယ် ထင်တာပဲ”
“ဟေး မင်းက ဘယ်သူလဲ။ ဘာလို့ ဒီနေရာကို လာတာလဲ။ ဒီနေရာတစ်ခုလုံးက နေထိုင်လို မကောင်းတော့ဘူး။ မင်းလည်းမြ င်တဲ့အတိုင်းပဲ”
သူက ပြောနေရင်းမှ ဟန့်က ဘေးဖက်ရှိ ငါးတိုင်ကီကို ဖွင့်ကာ အတွင်းဖက်သို ညွှန်ပြရင်း လေးနက်သော လေသံနှင့်ပြောသည်။
“ငါတို ဒီနေရာတစ်ခုလုံကို ရှာပြီးပြီ။ ကျန်းမာတဲ့ ငါးတစ်ကောင်ကိုတောင်မှ မဖမ်းမိဘူး”
“ဒီပင်လယ်ပြင်ကြီးကတော့ အဆုံးသတ်နေပါပြီ”
“သက်ရှိ သတ္တဝါတွေ အားလုံး ဒီနေရာကိုတောင် ထပ်လာတော့မှာတောင် မဟုတ်ဘူး”
ဆုပိုင်က ငါးတိုင်ကီကို တစ်ချက် ကြည့်လိုက်ပြီး အတွင်းမှ အမှိုက်များကို မြင်သောအခါ သက်ပြင်း ချသည်။
အနီးနားရှိ ဇလုံကြီးထဲတွင် ငါးအချိုသာလျှင် ရှိနေသည်။ သို့သော် အားလုံးဟာ အပြာရောင် ပြောင်းနေလေပြီ။ သိသာစွာပင် စား၍ မရနိုင်ပေ။
“ဒါဆိုရင်...ဒီနေရာရဲ့ အစိုးရ ဘာမှ မလုပ်ဘူးလား။ Plastic အမှိုက်တွေက ပင်လယ်ထဲမှာ တအားပုံနေတာ။ ဒါကရေနေစနစ်တစ်ခုလုံးကို ဖျက်စီးလိုက်တာပဲ။ ကုန်းမြေပေါ်က လူသားတွေအတွက်တောင်မှ သွယ်ဝိုက်ပြီး သက်ရောက်နိုင်တယ်”
ဆုပိုင်က မျက်မှောင်ကြုတ်ရင်း အဝေးရှိ အမှိုက်တောင်ကို ကြည့်ကာ ခံစားချက်အပြည့်နှင့် ပြောသည်။
“ဒါက ကိုယ့်ကိုယ်ကို သတ်သေနေသလိုပဲ”
ဒီအတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင် ဘာငါးကိုမှ ဖမ်းမမိမဲ့အပြင် အမျိုးမျိုးသော ရောဂါတွေနဲ့ ကပ်ရောဂါတွေက အလုံးအရင်းနဲ့ ပြန့်နှံ့လာလောက်တယ်”
“ဟုတ်တယ်။ ဟုတ်တယ်။ ခေါင်းဆောင်ဟန့် ဒါကို သတိမထားမိဘူးလား”
ထိုအချိန်တွင် ဘေးဘက်တွင် ရပ်နေသော သန်မာသော လူကြီးတစ်ယောက်က တင်းမာသောမျက်နှာနှင့် ပြောလာသည်။
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ငါတိုရဲ့ မြိုကလူတွေ ဖျားသည်ထက် ဖျားလာတာလေ။ဒါကြောင့်ပဲ ဖြစ်မယ်။ သေစမ်း”
“ငါဘာလို ဒါကိုမတွေးမိတာလဲ။ ပင်လယ်ရေက အဆိပ်သင့်နေတာ။ သေစမ်း။ သောက်ကျိုးနည်း အရာရှိတွေ။ ငါတို့ ဒါကို နှစ်တိုင်း သတင်းပို့တယ်။ ဒါပေမဲ့ သူတို့က သမုဒ္ဒရာကို ရှင်းလင်းမဲ့ အရိပ်ရောင် ပြကိုမပြဘူး။ သူတို့က ဒီအတိုင်း သာမန်ကာ လျှံကာ အကြောင်းပြချက်တွေပဲပေးနေတာ”
“သွားရအောင်။ ငါတို့ ဒီနေ့လည်း ငါးတစ်ကောင်မှ ရမှာမဟုတ်ဘူး”
ဟန့်က အသက်ပြင်းပြင်း ရှူပြီး သန်မာသောလူကြီး၏ ပုခုံးကို ပုတ်ကာ စိတ်ဓာတ်ကျစွာ ပြောသည်။
“သူက ဘာနီလေ။ သူကသူ့ရဲ့ မိသားစုထဲမှာ ဖျားနာနေတဲ့ အကြီးကဲ တစ်ယောက်လည်း ရှိနေသေးတယ်။ ဒါပေမဲ့ သူ့ဇနီးက မွေးတဲ့ကလေးကလည်း ပြင်းထန်တဲ့ ရောဂါတစ်ခုကို ခံစားနေရတယ်”
“မင်း သတိပေးတော့မှပဲ ဒါက သမုဒ္ဒရာကြီး အဆိပ်သင့်နေတာကြောင့် ဆိုတာကို ငါ သတိထားမိတော့တယ်”
“လာ။ အားလုံးပဲ စပြီးသွားရအောင်။ ငါတိုတွေ ချက်ချင်းပြန်ရမယ်”
“ငါတို ဒီနှစ်တော့ အစိုးရဆီက ရှင်းပြချက် တစ်ခုရအောင် တောင်းရမယ်။ ကိစ္စတွေကကာ ဒီတိုင်း ဆက်ဖြစ်နေမယ်ဆိုရင် ငါတို ငတ်သေရုံတင် မဟုတ်ဘဲ ဖျားနာကြပြီး သေကုန်ကြမှာပဲ”
ဆုပိုင်က အပေါ်သို့ မော့ကြည့်လိုက်သောအခါ ကောင်းကင်တွင် ရှိသော ကတုံးသိန်းငှက်ကြီးကို မြင်လိုက်ရသည်။ သူသည် လက်သာ ရန်းပြလိုက်ရင်း သူ၏ အမွှေးများကို ညှင်သာစွာ ပွတ်သတ်ပေးလိုက်သည်။ ထိုနောက် အတွင်းသို့ ဆက်လျှောက်သွားလိုက်သည်။ ယခုအေခြအနေအရ ကတုံးသိန်းငှက်တွင် ပို၍ခက်ခဲသော တာဝန်က ရှိလာသည်။
251 02
လက်စသက်တော့ ဒီလူတွေကို ကူညီပြီး ပင်လယ်ပြင်ကြီး တစ်ခုလုံးကို ကာကွယ်ပေးရမှာပဲ။
ထိုအခြေအနေသည် လူတစ်ယောက်တည်း လူဆယ်ယောက် ကျော်ခန့်က ဝိုင်းလုပ်၍ ရသောအခြေအနေမျိုး မဟုတ်ချေ။
သမုဒ္ဒရာထဲမှ အမှိုက်များကို ရှင်းလင်းရန်သာ လိုအပ်ရုံသာ မကသေးလေဘဲ ဖြစ်လာမည့် အခြေအနေများကိုလည်း စဥ်းစားရန် လိုအပ်သေးသည်။ ပို၍ အရေးကြီးသည်မှာ အစိုးရက ပင်လယ်ထဲမှ အမှိုက်များကို ကိုင်တွယ် ဖယ်ရှားပေးရန်အတွက် မည့်သူ့ကိုမှ သို့မဟုတ် မည်သည့် အဖွဲအစည်းကိုမှ မစွက်ဖက်ရန် လိုအပ်သေးပြန်သည်။
နောက်ပြီး ဒီအမှိုက်တွေကို ဘယ်နေရာကို သွားပုံဖြတ်ဆီးရမှာလဲ။
ဆုပိုင် ဝိဉာဥ်ကူးပြောင်းလာခြင်း ကာလက ထိုအချိန်တွင် တိုင်းပြည်တိုင်းအတွက် ခက်ခဲလွန်းသော ပြဿနာကြီး ဖြစ်သည်။
ထိုအချိန်က တရုတ်ပြည်တွင် တိုင်းပြည်တိုင်းအတွက် တင်းကြပ်သောအမှိုက် ခွဲခြားစွန့်ပစ်ခြင်း စီမံချက်ကို မိတ်ဆက်ပေးနေပြီ ဖြစ်သည်။ အရာအားလုံးသည်လည်း ပျက်စီးမှုတိုင်းကို သဘာဝအတိုင်း ပြန်လည်ကောင်းမွန်စေရန်အတွက် ဖြစ်သည်။ မည်သိုပင်ဆိုစေ ကြီးလေးသော ပြဿနာတစ်ခု ဖြစ်လာပြီးနောက်တွင် အခြေအနေကို ပြောင်းလဲပြင်ဆင်လိုလျှင်ပင် ခက်ခဲသွားပေလိမ့်မည်။
အော်မန်က ကြမ်းပြင်မှ မျက်နှာကျတ်အထိ မြင့်မားလွန်းသော ပြတင်းပေါက်ကြီး၏ အရှေ့တွင်ထိုင်ရင်း အပြင်ဖက်သို့ ကြည့်သည်။ ထို့နောက် သူသည် မီးခိုးစက်ကွင်းများကို မှုတ်ထုတ်၍ရသည်။ သူသည် အဝေးရှိ သမုဒ္ဒရာကြီးတွင် မျှောလွင့်လာသော တစ်စုံတစ်ရာကို မြင်လိုက်သောအခါ သူ၏ မျက်မှောက်ဟာ အသာကြုတ်သွားပြန်သည်။ ရုံးခန်းကြီးတစ်ခုလုံးကို ပင်လယ်ဘေးဖက်တွင် တည်ဆောက်ထားသည်။ မနက်ပိုင်း ပြတင်းပေါက်ကို ဖွင့်လိုက်တိုင်းလိုလို အပြာရောင် သမုဒ္ဒရာ မြင်လိုက်သော အချက်က စိတ်အခြေအနေကို တစ်နေ့လုံး ကောင်းမွန်စေနိုင်သည်။
သို့သော် ထိုကောင်းမွန်သော ခံစားချက်က ယခုနှစ်ပိုင်းအတွင်း ပို၍ဆိုးလာပြီး နည်းသည်ထက် နည်းလာသည်။ အကြောင်းမကား သူတို့၏ အဆောက်အဦးနှင့် သိပ်မဝေးသော နေရာတွင် တစ်မြိုလုံး၏ အမှိုက်များကို ပင်လယ်ပြင်ထဲသို နှစ်ပေါင်းများစွာ စွန့်ပစ်ရန် တာဝန်ယူထားသော ကြီးမားသည့် မိလ္လာပိုက်ကြီး ရှိနေသောကြောင့် ဖြစ်သည်။
“သေစမ်း”
အော်မန်က ကျိန်ဆဲရင်း မတ်တပ် ထရပ်လိုက်သည်။
“သူဌေး”
ထိုအချိန်တွင် အရပ်ရှည်ရှည်နှင့် အတွင်းရေးမှူးအမျိုးသမီးက တံခါးကို တွန်းဖွင့်လျှက် ဝင်လာသည်။ ထိုနောက် ထိတ်လန့်နေသော မျက်နှာထားမျိုးနဲ့ ပြသည်။
“အိုး မကောင်းတော့ဘူး။ မြိုထဲက ငါးဖမ်းလှေတွေအားလုံး ပြန်လာကြပြီ”
“ဒါက ကောင်းတာပဲ မဟုတ်ဘူးလား။ သူတို့ စောစောပြန်လာတော့ ငါတို့လည်း ဒီနေ့ ငါးများများ ပိုဖမ်းနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ ဒါက အကျိုးမြတ်ကြီးလို မဟုတ်ဘူးလား”
အော်မန်က အပြုံးနှင့်ပြောသည်။
သိုသော် နေ့တိုင်းလိုလို စွန့်ပစ်နေသော ထိုအမှိုက်များကိုပင် တွေ့နေရပြီး နောက်ဆုံးတွင် ကောင်းမွန်သော သတင်းအချိုကို လက်ခံရရှိလေပြီ။
“မဟုတ်ဘူး။ အဲ့ဒီလို မဟုတ်ဘူး”
ထိုအတွင်းရေးမှူး အမျိုးသမီး မျက်နှာက ဖြူဖျော့သွားသည်။ အချိန်အတန်ကြာအောင် တုံဆိုင်းနေပြီးနောက်တွင် လေသံကို တိုးကာပြောသည်။
“သူတို့တွေ...သူတိူတွေ ငါးတစ်ကောင်မှ မဖမ်းပေးခဲ့ဘူး။ သူတို့ဖမ်းပေးသမျှ ငါးတွေ အားလုံးက အဆိပ်တွေ ရှိပြီး စားလို့မရတော့ဘူး”
“ငါ စိုးရိမ်တာက ဒီနှစ်က မနှစ်ကထက် ပိုဆိုးနေမှာကိုပဲ။ ငါတို ငါးတစ်ကောင်ကိုမှ မရလောက်ဘူး”
“ဘာ”
အော်မန်၏ မျက်လုံးက ချက်ချင်းလိုလို ပြူးကျယ်သွားပြီး ဘေးလက်ရှိ လက်ကိုင်တန်းကို ကိုင်လျှက် သူ့ကိုယ်သူ ပြိုလဲကျသွားခြင်း မရှိအောင် ထိန်းလိုက်ရသည်။
“ငါးတစ်ကောင်မှ မမိဘူး ဟုတ်လား”
ဒါဆိုရင် တစ်မြို့လုံးက ငါးဖမ်းသမားတွေ ဘယ်လို ရှင်သန်ကြမှာလဲ။
သူတို့ သူတို့ ...ဒီ companyက ငါးတွေကို အဓိက ထားပြီး ဝယ်ဖို အလုပ်လုပ်နေတာလေ။ ဒါဆိုရင် ဒီနှစ်ဒေဝါလီ ခံလိုက်ရတော့မှာလား။
“ဘယ်လို ဖြစ်နိုင်မှာလဲ။ ဘာလို့ ငါတို့က တစ်ကောင်မှ မမိတာလဲ”
251 03
ပင်လယ်ပြင် သမုဒ္ဒရာကြီး တစ်ခုလုံးက ဒီလောက်ကျယ်တာ နည်းနည်းဝေးဝေးကို သွားခိုင်းကြလေ”
အော်မန်က လက်မခံနိုင်သလို ပုံစံမျိုးဖြင့် ပြောသည်။
“ဒါက...”
“ငါတို့ရဲ့ ပင်လယ်ပြင်ထဲမှာ ငါးတွေ မရှိတော့ဘူး”
“သူတို့ အားလုံး သေကုန်ပြီ”
ဘုန်း
အော်မန်က အရှေ့ဘက်ရှိ coffeeစားပွဲကို စောင့်ကန်လိုက်ပြီး နီရဲသော မျက်နှာဖြင့် အော်သည်။
“သေစမ်း ဒါတွေအားလုံးက အဲ့ဒီ compamyတွေက သောင်ကျိုးနည်း အမှိုက်တွေကို သမုဒ္ဒရာထဲ စွန့်ပစ်ထားလို သမုဒ္ဒရာကြီးက အဆိပ်သင့်သွားတာ မဟုတ်လား”
“ငါ ဒီကောင်တွေနဲ့ မပြီးဘူး”
“မင်းတို့က ငါတိုကို အသက် မရှင်နိုင်အောင် လုပ်မှတော့ ဟွန့် လူတိုင်း အတူ သေကြတာပေါ့”
“သွား ငါးဖမ်းသမားတွေ အားလုံးကို စုစည်းလိုက်။ အဲဒီနောက် ငါတို့တွေ... “
“ဆန္ဒပြရမယ်။ရေ ဖောက်ထုတ်ထားတဲ့ အပေါက်တွေ အားလုံးကို ပိတ်လိုက်။ ဟွန့်။ မင်းတို့က ငါတိုကို လွတ်လမ်း မပေးကတည်းက ငါတို့ကလည်း ကိုယ့်ဘာသာကိုယ်ပဲ လွှတ်လမ်း ရှာရတော့မှာပေါ့”
.....
ဆုပိုင်သည် ယာတော ခြံဝန်းလေး တစ်ခုထဲတွင် ထိုင်ရင်း ကြက်ဥ ၂ လုံး ဂရုတစိုက် စိုက်ကြည့်နေလိုက်သည်။ သူသည် သူ၏ အရှေ့မှ တုန်ယင်နေသော ကြက်မကြီးကိုလည်း စွံအစွာ ကြည့်သည်။
“မကြောက်နဲ့” သူသည် ဘေးဘက်မှ ခက်ထန်နေသော ကတုံးသိန်းငှက်ကို တစ်ချက် ဆူပူလိုက်သည်။
ထိုအကောင်ကသာ သူမကို ဆက်ပြီး ခြောက်နေဦးမယ်ဆိုရင် အရှေ့မှ ကြက်မကြီးသည်လည်း သေသွားလောက်သည်။
“တစ်ခုခု မှားသွားခဲ့ရင် ငါ မင်းကို သတ်မယ်”
ကတုံးသိန်းငှက်က အထင်သေးမှု အပြည့်ဖြင့် ကြည့်လိုက်သည်။ အရှေ့မှ ကြက်မအိုကြီးက တောင်ပံကို ခေါက်ရင်း အသာလဲလိုက်သည်။
သူ့အနေနှင့် သူ၏ အကောင်ပေါက်များကို သားပေါက်သည်အထိ စောင့်ကြည့်ရပေမည်။ ထိုအပြင် ဘေးဘက်ရှိ ကြက်မအိုကြီးကိုလည်း သေချာပေါက် စောင့်ကြည့်ရဦးပေမည်။
“ကု”
ကြက်မအိုကြီးက တစ်ကိုယ်လုံး တုန်ယင်သွားသည်။
သူ၏သေးငယ်သော မျက်လုံးလေးကို ပြူးရင်း ဘေးဘက်ခြမ်းမှ ကောင်ကို ထိတ်လန့်တကြား ကြည့်လိုက်ကာ သူ၏ခေါင်းကို တောင်ပံလေးထဲသို ထိုးထည့်လိုက်သည်။
ဆိုးလိုက်တာ။
တစ်ဘဝလုံး ကြက်ဥတွေ ဥလာတာ။ တစ်ဘဝလုံး ကြက်ပေါက်လေးတွေကို သားဖောက်လာတာပါ။
သိန်းငှက်ဥကိုတော့ တစ်ခါမှ မဖောက်ဖူးဘူး။ ဒါကို ဖောက်လို့ ရပါ့မလား။
“ဟူး”
ဆုပိုင်က ကတုံးသိန်းငှက်ကို ကြည့်ရင်း ထိုအကောင်သည် သူ၏အကောင်ပေါက်များကိုသာ အာရုံစိုက်ထားတော့မည်ဟု ခံစားလိုက်ရကာ စိတ်အေးစွာ သက်ပြင်း ချလိုက်သည်။
တာဝန်၏ ပထမအဆင့်က ပြီးမြောက်သွားလေပြီ။
ထိုအကောင်သည် နောက်ဆုံးတွင် သေလမ်း မရှာတော့ချေ။ နောက်ထက်...အခက်ခဲဆုံးတာဝန်ကမူ mission၏ အဓိက အပိုင်းဖြစ်သည်။
++++++
252 01
အခန်း 252
ငါတို့တွေ ကမ်းရိုးတန်းဒေသက အဲဒီစီးပွားရေးတွေကို အမှိုက်ထဲ ဒီတွင်းသုံးစွန့်ပစ်ပစ္စည်းတွေ မချအောင် ဘယ်လိုပြောရမှာလဲ။
မည်သိုပင်ဆိုစေ လုပ်အားခပင် အလွန်ကြီးမား နေလေသည်။ ထိုအရာတွင် မကသေးချေ။ ထိုအခြေအနေက လူပေါင်းများစွာ၏ အကျိုးများကိုလည်း သက်ရောက်မှု ရှိနိုင်သည်။
“ဆု”
ခေါင်းဆောင်ဟန့် အမည်ရသော ခေါင်းဆောင်က တံခါးနားတွင် ရပ်ရင်း ဆုပိုင်ကို စိုးရိမ်တကြီး လှမ်းအော်သည်။
“ဒီနေ့ ငါးဖမ်းသမား companyက ငါးဖမ်းသမားတွေ အားလုံးကို အတူစုစည်းခိုင်တယ်။ အလုံးအရင်းနဲ့ စီမံကိန်းကြီး စတော့မယ်”
“ပြောရမယ်ဆိုရင်လည်း ဒီလူတွေက ငါတို့ရဲ့ အသက်တွေကို ဂရုစိုက်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ ငါတို့တွေ ဒီနေ့ပဲ အဲ့ဒီ ရေမြောင်းတွေ အားလုံးကို ပိတ်ရမယ်”
“ကောင်းပြီ”
ဆုပိုင်က နောက်သို့ လှည့်ရင် အိမ်ထဲသို ခပ်မြန်မြန် ဝင်သွားလိုက်ကာ ကျောပိုးအိပ်ကို ဆွဲယူလျှက် ထွက်ရန် ကြံစည်သည်။
“ဝူး အား။ ဦးလေးဆုပိုင်....ဦးလေးဆုပိုင်”
ထိုအချိန်တွင် အိမ်ထဲမှ စူးရှသြရှသော အသံက ထွက်လာသည်။ ဆုပိုင်က ခပ်မြန်မြန် ပြေးဝင်သွားသည်။ သူသည် သူ၏ အရှေမှ ကောင်မလေးကို သူ၏ လက်မောင်းအတွင်းသို ပွေ့ချီလိုက်ရင်း ညှင်သာစွာ နှစ်သိမ့်ပေးသည်။
“မကြောက်နဲ့။ မကြောက်နဲ့။ ငါတို့ သိပ်မကြာခင် ပြန်လာမှာ”
“အိမ်မှာပဲ ခဏအိပ်နေ ဟုတ်ပြီလား”
“ဝူး ဝူး”
အရှေ့မှ ကောင်မလေးက ခက်ခက်ခဲခဲ ခေါင်းညိတ်ပြီး အိပ်ရာပေါ်တွင် ပြန်လဲလိုက်သည်။ ဟန့်၏ရွာတွင် အလားတူသော အခြေအနေများက အဖြစ်များသည်။ မွေးကာစ ကလေးများသာ မကသေးချေ။ အရွယ်ရောက်ပြီးသော အမျိုးသားကြီးများကပင် ပြင်းထန်သည့် ပြောင်းလဲမှုဒဏ်ကို မခံနိုင်ကြချေ။
တချို့သော သူများကမူ နှစ်အနည်းငယ်တည်းနှင့် သူတို့၏ ခန္တာကိုယ်အတွင်း သေစေနိုင်သည့် Cancer cellများ ပိုင်ဆိုင်လာခဲ့သည်။ ထိုသိုဖြင့် သေဖို စောင့်နေရုံမှ လွဲပြီး တခြားသော နည်းလမ်း မရှိခဲ့ချေ။ ဒါက...သူတို့ အရှေ့က ပင်လယ်ပြင်ကြီးက အဆပ်ဓာတ်တွေ ပြည့်နှက်လာလို ဒီလိုဖြစ်လာတာလား။
အိမ်ထဲမှ လျှောက်ထွက်လာပြီးနောက်တွင် ဆုပိုင်က ကျောပိုးအိပ်ကို ဝတ်လိုက်ရင်း ဟန့်ရီ နောက်မှ လိုက်ကာ အဝေးသို့ ခပ်မြန်မြန် ပြေးလာခဲ့လိုက်သည်။
“ဆု ဒါက မင်းနဲ့တော့ မဆိုင်ပါဘူး။ ငါတို့ ဆူပူအုံကြွမှု စတင်ပြီဆိုကတည်းက အစိုးရကလည်း ငါတို့ကို သေချာပေါက် ဖိနှိပ်မှာပဲ။ ဒါက အန္တရာယ် များနိုင်တယ်။ မင်း ငါတို့နဲ့ ဝင်ပါဖို့ မလိုပါဘူး”
ဟန့်က ခြေလှမ်း အနည်းငယ်သာ လျှောက်ပြီးနောက် နောက်ပြန်လှည့်ကြည့်လျှက် လေးစားစွာ ပြောသည်။
“မင်းက လူကောင်းပါ။ မင်းက ကတုံးသိန်းငှက်ကိုလည်း အရမ်းစိတ်ရှည်ပေးတယ်။ ဆု မင်းက တကယ်ကို လူကောင်းပါ”
“ဆိုတော့ ငါ မင်းကို မရင်းနှီး စေချင်ဘူး”
“ရပါတယ်”
ဆုပိုင်က လက်ဆန့်ထုတ်ရင်း တစ်ဖက်သူ၏ ပုခုံးကို ပုတ်ကာ ပြုံးရင်း ပြောလိုက်သည်။
“ဒီပင်လယ်ကြီးက မင်း တစ်ယောက်တည်း ဆိုတာထက် အများကြီး သက်ရောက်နိုင်တယ်။ ဒီအတိုင်း ဆက်ဖြစ်နေမယ်ဆိုရင် အနှေးနဲ့ အမြန်ဆိုသလို လူသားတွေ အားလုံးက တန်ကြေး ကြီးကြီး ပေးဆပ်ရမှာပဲ”
“သွားရအောင်”
“အဲဒီ မိလ္လာပိုက်တွေကို ပိတ်ပြီးပြီလားဆိုတာကို ကြည့်ကြမယ်”
သူတို့ ၂ယောက် မြိုငယ်လေး၏ ကမ်းခြေဖက်သို အလျှင်အမြန် ထွက်လာခဲ့လိုက်သည်။ထိုနောက်တွင် လူများ ပြည့်နှက်နေပြီး လေထု အခြေအနေကလည်း အလွန်တင်းမာနေသည်။
အခြားတစ်ဖက်ခြမ်းတွင် အပြာရောင် လုံခြုံရေး ယူနီဖောင်းကို ဝတ်ထားကြသော လူတစ်ဖွဲ့ ရှိသည်။ သူတို့သည် တုန်ချောင်းရှည်ကြီးများကို ကိုင်လျှက် ရောက်လာသော ငါးဖမ်းသမားကို အေးစက်စွာ ကြည့်သည်။
“မင်း မျိုးမစစ်လေး ဒီနေရာကို လာစမ်း”
ထိုအချိန်တွင် ခါးကုန်းကုန်းနှင့် လူအိုကြီးတစ်ယောက်က လူအုပ်ထဲမှ ဘီယာပုလင်းကိုကိုင်ရင်း လျှောက်ထွက်သွားသည်။
ဖြောင်း။
252 02
သူသည် သူ၏ အရှေ့မှ သန်မာသောလူကြီးကို ချိန်ရွယ်လျှက် ရိုက်ခွဲလိုက်သည်။
“အဖေ ငါ”
“ဒါက ငါ့ရဲ့တာဝန်ပဲ”
သန်မာသော လူကြီးက ခပ်မြန်မြန် ရှောင်လိုက်ပြီး လူအိုကြီးထံသို့ လျှောက်သွားလျှက် ဝမ်းနည်းသော လေသံနှင့် ပြောသည်။
ဖြောင်း။
လူအိုကြီးက လက်ဖဝါးကို မြှောက်လျှက် သူ့ကို ခပ်ကြမ်းကြမ်း ရိုက်ပြန်သည်။ သူ၏မျက်လုံးဟာ ပြူးကျယ်ပြီး အော်ဟစ်၏။
“ဒါဆိုရင်လည်း ငါ့ကို အဖေလို ဆက်ခေါ်မနေ့နဲ့တော့။ မင်းအလုပ် မင်းသွားလုပ်”
“မင်း နောက်ပြီး မင်းတို့ အားလုံး”
“မင်းတို့ရဲ့ မိဘတွေ အားလုံးလည်း ဒီနေရာမှာ ရှိတယ်။ မင်းတို့က ငါတို့ရဲ့ အရိုးအိုတွေကို မြေကြီးထဲကို ကျသွားအောင် ရိုက်တော့မယ်ပေါ့လေ ဟုတ်လား”
“အား”
သူက ပြောနေရင်းမှ ထိုလူအိုကြီးက ခေါင်းကို လှည့်လျှက် အောက်ဖက်ခြမ်းတွင် ရှိသော ကြီးမားသည့် ရေမြောင်းကြီးကို ကြည့်သည်။ အနက်ရောင် မိလ္လာပိုက်အတွင်းတွင်လည်း မရေမတွက်နိုင်သော Plasticများက တဖြည်းဖြည်းစီးဝင်လျှက် အရှေ့ဘက်ရှိ ပင်လယ်ထဲသို စီးကျသွားသည်။
“မင်းရဲ့ အရှေ့က ပင်လယ်ကြောင့်သာ မဟုတ်ရင် မင်းတို့တွေ ဒီလောက်ကြီးလာပါ့မလား”
“ဒါက ငါတို့အားလုံးကို ပျိုးထောင်ပေးလာတဲ့ ငါတို့ရဲ့ဆွေမျိုးတွေ ဖြစ်တယ်။ ဒါကို မင်းတို့ရဲ့ ဆွေမျိုးကို ဘယ်လို ဆက်ဆံလိုက်တာလဲ”
“မြန်မြန်လေး မြန်မြန်လေး ဒီလိုအိုကြီးရဲ့ လမ်းကနေဖယ်စမ်း။ အဲဒီလိုမှ မဟုတ်ရင်...”
ဘုန်း
လူအိုကြီးက စင်မြင့်၏ အစွန်းနားသို ခပ်မြန်မြန် သွားပြီးနောက် အောက်ဘက်ရှိ မဲညစ်နေသော ပင်လယ်ပြင်ကို ကြည့်ကာ သူ၏ နှုတ်ခမ်းများဟာ မဲ့ကျသွားပြီး စာလုံးတစ်လုံးချင်းစီကို ပြောသည်။
“ငါ ဒီနေရာကနေ ခုန်ချလိုက်မယ်”
“ငါ့ရဲ့ ကလေးကို ငါ ကောင်းကောင်း မသင်ပြနိုင်တဲ့အတွက် ငါ ငါ့ကိုယ်ငါပဲ အပြစ်တင်ရမယ်။ ငါက ဒီကောင်တွေနဲ့သာ တစ်ဖွဲတည်း ဖွဲ့မိတာ။ ပိုက်ဆံ အနည်းကြောင့် အတွက်ကြောင့်နဲ့ သူ့လို ကောင်မျိုးတွေကို ပျိုးထောင်ထားတဲ့ လူတွေကိုတောင် လစ်လျူရှုမိတယ်”
“အို အဖေ”
“မက်စ် စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့။ ငါ အခုချင်ချင်း အဲဒီကိုလာမယ်”
ထိုသို့ပြောပြီးနောက် သန်မာသော လူကြီးက သူ၏လက်ထဲတွင် ကိုင်ထားသော ဒုတ်ရှည်ကြီးကို ဘေးဘက်သို ချက်ချင်း လွှင့်ပစ်လိုက်ကာ လူအိုကြီးထံ အပြေးသွားပြီး ထူပေးလျှက် လူအုပ်ထဲသို ခပ်မြန်မြန် ပြန်ဆွဲခေါ်သည်။
ဘန်း
ဘန်း
ဘန်း
ထိုအခိုက်တန့်တွင် အခြားတစ်ဖက်ခြမ်းမှ လူသန်မာကြီးများသည်လည်း သူတို့၏ ဒုတ်များကို ခပ်မြန်မြန်ပစ်ချလျှက် နီရဲသော မျက်နှာများနှင့် လာကြသည်။
“ငါ မှားပါတယ်”
“ဟုတ်တယ်။ ဟုတ်တယ်။ ငါ ငယ်ငယ်တုန်းက လူကြီးတွေနောက်ကို လိုက်ပြီး ငါးဖမ်းတာကို မှတ်မိနေတုန်းပဲ။ အခုကြည့်ပါဦး”
“ငါ ပင်လယ်ထဲကိုတောင် ထပ်မဆင်းနိုင်တော့ဘူး။ငါ ဒီအလုပ်ကို ဆက်လုပ်လို့ မဖြစ်တော့ဘူး။ ငါ ပိုက်ဆံ ဘယ်လောက်ရရ ငါ ဒီနေ့တော့ ဒီအလုပ်ကို မလုပ်နိုင်တော့ဘူး”
ကျန်သောသူများသည်လည်း တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ လက်ထဲမှ ဒုတ်များကို လွင့်ပစ်လျှက် ဒီကိစ္စတွင် ဝင်မပါလိုတော့ကြောင်း ဖော်ပြကြလေသည်။
လာနောက်နေတာလား။
ထိုနေရာတွင် လုံခြုံရေးက ၁၀ယောက်ပင် မကျန်တော့ချေ။ ထိုကြောင့် သူတို့သည် တစ်ဖက်ခြမ်းမှ လူအုပ်ကို မတားနိုင်တော့ချေ။
252 03
ထိုအပြင် ပင်လယ်ရေသည် အမှန်ပင် သူတို့ ကလေးဘဝအချိန်အရွယ်က အခြေအနေနှင့် ခြားနားလာသည်။ သိပ်မကြာလောက်ခင် ထိုလူများ ပြောနေကြောင်း လာလေသည်။ ဒီနေရာတစ်ခုလုံးသည် ပင်လယ်သေကြီး ဖြစ်သွားလောက်သည်။
“လာ လာ လာ ဒီနေရာကို အပြေးဝင်ပြီး ပိတ်ရအောင်”
ဟန့်က အရှေ့ဆုံးတွင် ရပ်လျှက် လက်ကို ဆန့်ထုတ်လိုက်ပြီး အော်လိုက်သည်။ ထိုနောက် အဝေးရှိ ဂိတ်ပေါက်ထံ ပြေးသွားလိုက်သည်။ ဆုပိုင်က အနောက်တွင် ရပ်နေရင်း သူ၏ အိပ်ကပ်ထဲမှ ပစ္စတိုကို ကိုင်ကာ ဘေးဘက်သို အေးစက်စွာ ကြည့်သည်။
တစ်စုံတရာကတော့ ဖြစ်မြဲစေ မှားယွင်းနေသည်။ တိတိကျကျပြောရရင် ဒီတာဝန်သည် ထိုမျှအထိ မလွယ်သင့်ပေ။ ပို၍ဆိုးသည်မှာ companyကြီးတစ်ခုက ဒီနေတွင် လူအမြောက်အများ စုဝေးလာသော အခြေအနေမျိုးတွင်ပင် ထိုမျှ မြောက်များသော လုံခြုံရေးအင်အားစုများကို ငှာရမ်းပြီး မတုန့်ပြန်ခိုင်းမည်ဆိုသော အချက်ကလည်း ပုံမှန်ပင် မဟုတ်ပေ။ ပို၍ဆိုးသည်မှာ အရာရှိများက ပေါ်မလာသေးချေ။
ဒိုင်း
ထိုအခိုက်တန့်တွင် အဝေးမှ သေနတ်ပစ်သံက ထွက်လာသည်။ လူတိုင်းက ကြောင်သွားသည်။
ထိုနောက် အဝေးဘက်မှ ရူးသွပ်စွာပြေးလာသော စစ်သည်တော် တစ်ဖွဲကို မြင်လိုက်ရသည်။
“သူတို့ အားလုံးကို ဝိုင်းလိုက်။ ဆူပူအုံကြွရဲတဲ့ ဘယ်သူ့ကိုမဆို ဖမ်းလိုရတယ်”
ဂျစ်ကားထဲတွက် ထိုင်နေသော ကတုံးနှင့်လူကြီးက အရှေ့ဖက်မှ ငါးဖမ်းသမားများကို လက်ညိုးထိုးလျှက် ကျယ်လောင်စွာ အော်သည်။
ဒိုင်း
ထိုလူကြီးက ကားထဲမှ ခုန်ချလာပြီး သူ၏ခေါင်းထိပ်ပေါ်သို့ သေနတ်ကို ချိန်ရွယ်ကာ ပစ်ရင်း အေးစက်စွာ ပြောသည်။
“ဘယ်သူက ရှေ့ကို ခြေတစ်လှမ်း လှမ်းရဲသလဲလို့ ငါ ကြည့်မယ်”
“အရူးတွေ အသုံးမကျတဲ့ ငါးဖမ်းသမား တစ်သိုက်။ မင်းတို့ အသက်ရှင်ရတာ ပင်ပန်းနေပြီလား”
ထို့နောက် သူသည် ခေါင်းကို ခပ်မြန်မြန် ငုံ့လျှက် အနက်ရောင် ကား၏ တံခါးကို သွားဖွင့်ပေးသည်။ ထိုနောက် အထဲမှ သက်လက်ပိုင်းလူကို ဂရုစိုတက် အပြင်သို ဖိတ်ခေါ်ထုတ်သည်။
“ဒါက ငါတိုရဲ့ ခေါင်းဆောင် အစိုးရ အရာရှိမင်းပဲ”
ဟန့်က ဆုပိုင်၏ ဘေးဘက်တွင် ရပ်ရင်း ခပ်တိုးတိုး ပြောပြသည်။
ဆုပိုင်ကလည်း ခေါင်းအသာ ညိတ်လိုက်သည်။ သူက အကြည့်ကမူ suite အပြည့်ဝတ်ထားသော သက်လတ်ပိုင်း လူထံတွင် ဖြစ်သည်။ တစ်ဖက်သူသည် လူအုပ်ထဲသို လျှောက်လာပြီး မျက်မှောင် အသာကြုတ်သည်။ ထိုနောက် အဖြူရောင် လက်ကိုင်ပုဝါကိုထုတ်လျှက် နှာခေါင်းကို အုပ်ရင်း ခပ်တိုးတိုး ပြောသည်။
“မင်းတို့ ဘာလုပ်တာလဲ”
“ငါတို့ ဒီပင်လယ်နယ်မြေကို ကိုင်တွယ်ဖြေရှင်းမယ်လို့ ပြောထားပြီးသား။ ဒါပေမဲ့ မင်းတို့က ဒီပင်လယ်ပြင်ကြီး တစ်ခုလုံးကို စီမံခန့်ခွဲဖို ပိုက်ဆံငွေအင်အားတွေ လူအင်အားတွေ ဘယ်လောက် ကုန်လဲဆိုတာကို နားမလည်ဘူးလား”
“ငါတိုက သာမှန် လုပ်ရိုးလုပ်စဥ် ဖြစ်ရိုးဖြစ်စဥ်အတိုင်း တောက်လျှောက် အစဥ်လိုက် လုပ်သွားရုံပဲ။ မင်းတိုက ဒီနေ့ ဒီရေမြောင်းတွေကို ပိတ်လိုက်မယ်ဆိုရင်တောင်မှ ဒီပင်လယ်ပြင်ကြီးက နဂိုအတိုင်း ပြန်မဖြစ်သွားနိုင်ဘူး”
“ရူးနေလား”
“ဒါ့အပြင် မင်းတို့လည်း သိပါတယ်။ ဒီဆယ်မြောင်း စနစ်ကြီးမှာ အစိုးရက ငွေအင်အား ဘယ်လောက်တောင် စိုက်ထုတ် ထားလိုက်သလဲ။ ဒါကြောင့် အလောတကြီးသာ ဖျက်စီးလိုက်မယ်ဆိုရင် တစ်မြိုလုံးရဲ့ အမှိုက်တွေက ဘာဖြစ်သွားမှာလဲ”
“ပေါက်ကရတွေ”
သက်လတ်ပိုင်းလူ၏ ဆူပူသံကို ကြားသောအခါ လူတိုင်းက တိတ်ဆိတ်သွားသည်။ သူ ပြောသောစကားကလည်း ဖြစ်ထိုက်သော်လည်း သိုသော်...
“ဒါဆိုရင် မင်းဘာလို့ ပင်လယ်ရေထဲကို အညစ်အကြေးတွေကို စွန့်ထုတ်လိုက်သေးလဲ”
ဟန့်က အံကို ကြိတ်လျှက် အော်သည်။
“ဟုတ်တယ်။ ဟုတ်တယ်။ ငါတို့က အခြားနည်းလမ်းကိုသာ တွေးနိုင်ရင် ပင်လယ်ပြင်ကြီးက ဒီလိုမဖြစ်လာဘူး”
252 04
“ပြတ်ပြတ်ပြောရမယ်ဆိုရင် မင်းတို့က မင်းတို့အတွက် ပိုက်ဆံကိုပဲ ထိန်းသိမ်းကာကွယ်ဖို့ပဲ စဥ်းစားနေတာ။ ငါတို့ကိုလည်း အလေးအနက် မထားပါဘူး။ နောက်ပြီး ဒီပင်လယ်ပြင်ကြီးကိုလည်း အလေးအနက် မထားဘူး”
“ငါတို့က ဒီနေရာမှာ မျိုးဆက် အဆက်ဆက် နေထိုင်လာခဲ့တာ။ ဒီတစ်မြို့လုံးက လူတွေအားလုံးက ဒီပင်လယ်ပြင်ပေါ်မှာပဲ ရှင်သန် အရွယ်ရောက်လာ ကြတာပဲ။ ဒီတော့ မင်းတိုရဲ့ မြိုကြီးက လူတွေက မင်းတို့ရဲ့ အမှိုက်တွေကို ဒီထဲကို စွန့်ပစ်ဖို့ ကတော့ သိတယ်။ ဒါပေမဲ့ ငါတိုရဲ့ အသက်ကိုတော့ ဂရုမစိုက်တော့ဘူးပေါ့လေ”
“တိုင်းပြည်က တိရစ္ဆာန်တွေကိုလည်း ကာကွယ်တဲ့ စနစ်ကို ထုတ်ပြန်ထားပြီးသား။ ဒါပေမဲ့ ရေက ဒီလို အဆိပ်သင့်တဲ့ အတွက်ကြောင့် သမုဒ္ဒရာထဲက သတ္တဝါတွေ အမြောက်အများ သေနေတာကို မသိကြဘူးလား”
ဟန့်က ဦးဆောင်သောအခါ လူအများစုက ချက်ချင်းလိုလို နီရဲသော မျက်နှာများနှင့် အော်ကြသည်။