← Chapters

အခန်း (၂၅၃-၂၅၅)

Vol. 17 Ch. 253-255

အခန်း (၂၅၃-၂၅၅)

Vol. 17 Ch. 253-255

++++++ 253 01

အခန်း 253

သက်လတ်ပိုင်းအရွယ် အရာရှိက မျက်မှောင် ကြုတ်ရင်း ခြေတစ်လှမ်းခန့် နောက်ဆုတ်ကာ သူ၏ဘေးဖက်ရှိ ကတုံးနှင့် စစ်သားကို ပြောသည်။

ဒိုင်း။

သေနတ်ပစ်သံက ထက်ထွက်လာသည်။ ထိုကတုံးနှင့်လူက သုန်မှုန်သောမျက်နှာနှင့် ဟန့်ကို လှမ်းကြည့်ပြီး လှောင်လိုက်သည်။

“ဟွန့် ပေါက်ကရ စကားတွေကိုတော့ ပြောတတ်တယ်။ ဒီကောင့်ကို ငါ့အတွက် ဖမ်းပေးစမ်း။ သူ ခုခံရဲရင် ရဲအရာရှိကို တိုက်ခိုက်တဲ့ အမှုနဲ့ စွဲလိုရတယ်။ ရုတ်တရက် စစ်သည်တော်အချိုက သေနတ်များကို ကိုင်လျှက်ထွက်လာသည်။

ဘုန်း။

“မလှုပ်နဲ့”

ရုတ်တရက် ဟန့်၏ဘေးဖက်မှ အဝါရောင်အသားရေ အနက်ရောင်ဆံပင်နှင့် လူငယ်လေးတစ်ယောက်က သန်မာသောလူကြီကို တစ်ချက်တည်းနှင့် ဆွဲချလိုက်ပြီး အရာရှိအနားသို ခပ်မြန်မြန် ပြေးလိုက်သည်။ ထိုနောက် သူသည် plasticကို ဆွဲထုတ်ရင်း တစ်ဖက်သူ၏ နဖူးကို ချိန်ထားကာ လူတိုင်းကို ကြည့်ရင်း အေးစက်စွာ အော်သည်။

“ရှေ့တစ်လှမ်း တိုးရဲရင်”

ဒိုင်း။

“အား”

“သေစမ်း ပြန်သွား ပြန်သွား။ ဒီနားကို မလာနဲ့”

“အား ငါ့ခြေထောက်”

အရာရှိခြေထောက်ထဲသို ကျည်ဆံတစ်တောင့်က ဝင်သွားသည်။ ဆုပိုင်က သူ၏ အင်္ကျီကော်လံကို လှမ်းဆွဲလိုက်ပြီး အပေါ်သို့ ကောက်မလျှက် လေးနက်သော လေသံနှင့် ပြောသည်။

“သူတို့ကို နောက်ပြန်ဆုတ်နေလို့ ပြောလိုက်”

“ဟန့် မြောင်းကို ပိတ်လိုက်တော့”

သူဟာ ဟန့်ကို လှမ်းအော်သည်။

ဆုပိုင်က ထိုအရာရှိကို စင်မြင့်အစွန်းနားသို တစ်လှိမ့်ချင်းဆီ ဆွဲခေါ်သွားပြီး အောက်ဖက်ရှိ မဲနက်နေသောရေအား ကြည့်ခိုင်းလျှက် အေးစက်သော လေသံနှင့် ပြောသည်။

“အနံ့ရလား”

“ရပါတယ်။ ရပါတယ်။ ရပါတယ်”

သက်လတ်ပိုင်း လူကြီးက အောက်ဖက်ရှိ မိလ္လာများကို ကြည့်ပြီး အသံကို မြင့်ကာ အော်သည်။

ဆုပိုင်က အသက်ပြင်းပြင်း ရှူလိုက်ရင် သူ၏မျက်လုံးကို ‌အသာမှေးကျဥ်းလိုက်ရင်း ဆုပိုင်သည် အခြားသော ရွေးချယ်စရာ မရှိသည့်အတွက် ထိုအရာရှိကို ဓားစာခံအဖြစ်ခေါ် လိုက်ရသည်။

အချင်းချင်း အတန်ကြာအောင် စိုက်ကြည့် စစ်ဆေး‌နေပြီးနောက်တွင် ထိုလူသူ အရာရှိဘာသာစကားကို ပြော‌နေသော်လည်း အမှန်တကယ် ဆုံးဖြတ်ချက် ချနိုင်စွမ်းရည် မရှိကြောင်း သိလိုက်ရလေသည်။

ဟန့်နှင့် အခြားသော သူများက ဒီတစ်ကြိမ် ကျရှုံးသွားခဲ့လျှင် ဘယ်သောအခါမှ အောင်မြင်နိုင်တော့မည် မဟုတ်ပေ။ ထိုလူများအတွက်ကမူ သူတို့သည် မြို့ကြီးတွင် နေထိုင်ကြသည်။ ထိုကြောင့် သမုဒ္ဒရာနဲ အလွန်‌ဝေးတယ်။

ဒီနေရာ ဘာဖြစ်ဖြစ် သူတို့နှင့် မသက်ဆိုင်ပေ။ ဒါဟာ မြေကမ္ဘာမှ လူအများစု၏ အတွေးလည်း ဖြစ်သည်။ သူတို့သည် ပတ်ဝန်းကျင် ကာကွယ်‌စောင့်ရှောက်မှုများကို ပြောသည်။ သမုဒ္ဒရာရှင်းလင်း ကာကွယ် စောင့်ရှောက်မှုများကို ပြောနေကြသည်။ သို့သော် အမှန်တကယ် လုပ်ဆောင်မှုနှင့် ပတ်သက်လာသော် ထိုလူများ၏ ပထမဆုံးအတွေးက.ကောင်းကင်ကြီး ပြိုကျလာခဲ့သော် ကောင်းကင်ကို ထိန်းထားမည့် အရပ်ရှည်သောလူများ ရှိသည်ဆိုသည့်အဖြစ် ဖြစ်သည်။ ပတ်ဝန်းကျင်က မည်မျှ ဆိုးရွားစေကာမူ သူတို့ကို မသက်ရောက်ဟု ထင်နေလောက်၏။

[ဒါရိုက်တာ ဆုပိုင်က တော်တော်လေးကို ထိန်းထားရတဲ့ ပုံစံပဲ။ ဒီမြောင်းတွေကိုသာ အခုပိတ်လိုက်မယ် ဆိုရင်တောင် ရက်အနည်းငယ်လောက် ဆိုရင် ပြန်ပွင့်သွားမှာပဲ]

[ဒါပေမဲ့ ဒါရိုက်တာ ဆုပိုင်က သူ့ကို ပစ်လိုက်တယ်ဆိုရင် လူအမြောက်အများကလည်း သက်သေအဖြစ် ရှိနေတာ။ ဒီကိစ္စက ဒီအတိုင်း ပြီးတော့မှာ မဟုတ်ဘူး]

[သေစမ်း ငါ အခုလေးတင် ဒီကောင် ဟိုဖက်မှာ အန်နေတာကို တွေ့လိုက်ပါသေးတယ်။ သူက အမှိုက်တွေထဲမှာသာ ကူးခတ်ရမယ်ဆိုရင် ဘယ်လို အတွေ့ကြုံမျိုး ရှိမလဲ သိချင်တယ်]

[ဒါပေမဲ့ ဒီနေရာက အရာရှိတွေက တော်တော်လေးကို စိုးရိမ်မှု မဲ့တာပဲ။ သူတို့က ပတ်ဝန်းကျင်ကို လုံးဝ ဂရုမစိုက်ကြဘူး။ ဒီကောင်က လာဘ်ထိုး ခံထားရတယ်လိုတောင် ငါ သံသယဝင်တယ်]

[သေစမ်း။ ကိုယ်အင်္ဂါ ချိုတဲ့ပြီး မွေးဖွားလာတဲ့ အဲဒီကလေးတွေ၊ ရောဂါရနေတဲ့ အဲဒီကလေးတွေက ဒီဝန်းကျင်ကြောင့် ဖြစ်လာကြတာ။ ဒါက သူတို့ တာဝန်ယူရမဲ့ ကိစ္စ မဟုတ်ဘူးလား]

253 02

[ဒါရိုက်တာဆုပိုင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းက ကောင်းကောင်း သတိပေးနေတာပဲ။ ဒီလိုအမှိုက်မျိုးတွေကိုသာ ပင်လယ်ပြင်ထဲကို စွန့်ထုတ် လိုက်မယ်ဆိုရင် ဘယ်လောက်တောင် ဆိုးရွားလိုက်သလဲ။ ဒီလူတွေက ခပ်မြန်မြန် ပိတ်လိုက်ဖို့ ငါ တောင်းဆိုတယ်။ အဲဒီလိုမှ မဟုတ်ရင် ဒီနေရာက ဆိုးရွားလာလိမ့်မယ်]

.....

တိုက်ရိုက် ထုတ်လွှင့်မှု အခန်းတွင်းမှ လူအများစုက ဆုပိုင်ဟာ သေနတ်နှင့် ပစ်ခတ်ရင်း ဓားစာခံ ဆွဲထားလျှက် တစ်ဖက်လုံးနှင့် ထိပ်တိုက် ရင်ဆိုင်နေကြောင်း မြင်သောအခါ သူတို့၏ နှလုံးသားဟာ လည်မျိုတွင် တစ်လာသလိုခံ စားလိုက်ရသည်။

ဒါရိုက်တာဆုပိုင်သည် အလွန်ခက်ခဲကြမ်းတမ်းစွာ သရုပ်ဆာင်နေကြောင်းကိုလည်း မြင်နိုင်သည်။ သို့သော်...

တစ်စုံတစ်ရာမှာ မလုပ်လျှင် ငါးဖမ်းသမားများက သေချာပေါက် နစ်နာပေလိမ့်မည်။ ထို့အပြင် အနာဂါတ်တွင် အလုံးအရင်းနှင့် ဆန္ဒပြမှုများ ထပ်မံ ဖြစ်ပေါ်လာသည့်တိုင်အောင် သက်ရောက်မှုက အနည်းငယ်သာ ရှိလောက်တော့သည်။

“ဟူး”

ထိုအချိန်တွင်...

ပင်လယ်ပြင်ထဲမှ ကြီးမားသော ရေလှိုင်းလုံးကြီးက ရိုက်ခတ်လာသည်။ထို့နောက် ကြီးမားသော မကောင်းဆိုးရွားကြီးက ပင်လယ်ပြင်ထဲမှ ရုတ်တရက် ခုန်ထွက်လာသည်။ ရေအမြင့်ကလည်း ချက်ချင်းလိုလို ထိုးတက်လာသေး၏။

“ဝေလငါးလား”

ထိုဝေလငါးသည် မီတာရာကျော် ရှည်သည်။ သို့သော်...

“သွား”

ဝေ့လငါးကြီး၏ အမြှီးက ပင်လယ်ရေမျက်နှာပြင်ပေါ် ခပ်ကြမ်းကြမ်း ရိုက်ချလိုက်သောအခါ သူ၏ ခန္တာကိုယ်က ရေထဲသို ပြန်မြှုပ်သွားသည်။ ထို့နောက် သူတို့ထံ လျှင်မြန်စွာ အပြေးလာ၏။ ဆုပိုင်ကလည်း မျက်လုံးပြူးကျယ်စွာ လှမ်းအော်လိုက်သည်။

ဒါက...

ထိုဝေလငါးသည် ဦးတည်ရာဘက် ပြောင်းရန် ဆန္ဒရှိပုံ မရချေ။ ထိုအတိုင်းသာ ဆက်ဖြစ်နေပြီး သူတို့ကို ထိမှန်သွားခဲ့သော် စင်မြင့်ကြီးတစ်ခုလုံးက ပြိုကျသွာလောက်သည်။

ပင်လယ်ရေကလည်း မုန်တိုင်း ထန်နေသလိုမျိုး လိမ့်တက်နေသည်။ ကြီးမားသော အားလှိုင်းလုံးကြီးများက အောက်ဖက်မှ မိလ္လာများကိုပင် နောက်သို့ ပြန်ရွေ့လာစေသည်။

“ဒါက...ဘာတွေဖြစ်နေတာလဲ။ ဘာလို ဝေလငါးက ရောက်လာတာလဲ။ မြန်မြန် မြန်မြန် ငါ့ခြေထောက် ငါ့ခြေထောက်ကို ဆွဲပါဦး”

“သေစမ်း ‌မပြေးနဲ့။ ငါ့ကို ဆွဲတင်ကြဦး”

အရာရှိက မြေပြင်တွင် တစ်ယောက်တည်း လဲနေရခြင်း ဖြစ်သည်။ သူသည် ပင်လယ်ရေပြင်ထဲမှ ခုန်ထွက်လာသော ဝေလငါးကြီးကို မြင်သောအခါ တစ်ကိုယ်လုံး တုန်ယင်စွာနှင့် လှမ်းအော်သည်။

“မြန်မြန်”

ဆုပိုင်က ဟန့်ကို နောက်သို့ ခပ်မြန်မြန် ပြန်ဆွဲသည်။ ထိုအချိန်တွင် လူအုပ်က ကစဥ့်ကလျား ဖြစ်သွားပြီး အရပ်မျက်နှာအနှံ့ ထွက်ပြေးနေကြပြီ ဖြစ်သည်။ ဝေလငါးကြီးက ပင်လယ်ပြင်ထဲမှ ထွက်လာတော့မည့်ပုံ ပေါ်သည်။

သူသည် မရေမတွင်နိုင်သော ‌ပင်လယ်ရေများကို သယ်ဆောင်လာရင်း ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည်။

ဘုန်း

ဘုန်း

ဘုန်း

ထိုနောက် ကျယ်လောင်သော အသံက ပေါက်ထွက်လာသည်။

အညစ်ကြေး ပိုက်များကို ထိန်းထားသော ထိုစင်မြင်ကြီးတစ်ခုလုံးက အောက်သို ပြတ်ကျသွားသည်။ ဝေလငါးကမူ အရှိန်ကို ဖြတ်ချမည့် အရိပ်ရောင် မရှိသေးပုံရသည်။ သူသည် အဝေးရှိ လမ်းများရှိရာဘက်သို လျှင်မြန်စွာသွားလာသည်။

ဘုန်း

ဘုန်း

သူသည် အဆောက်အဦးတစ်ခုထဲသို ပစ်ဝင်ပြီး ချေမွပြီးမှသာ ရပ်တန့်သွားသည်။ ဆုပိုင်က ပါးစပ်မှ တံတွေးများကို ခက်ခက်ခဲခဲ မျိုချလိုက်ရင်း အဝေးရှိ ကားနောက်ဖက်မှ ထွက်လာသည်။ ‌ထိုနောက် ဝေလငါးရှေ့သို တဖြည်းဖြည်းချင်းဆီ သွားလိုက်၏။ ထိုအခါ သူ၏ ခန္တာကိုယ် တစ်ခုလုံးက အမာရွတ်များ ပြည့်နေကြောင်း တွေ့လိုက်ရသည်။

253 03

လက်ကောက်ဝတ်မျှ တုတ်သော မရေမတွက်နိုင်သည့် စတီးဘားချောင်းများက သူ၏ ကိုယ်ထဲသို ဖောက်ဝင်နေသည်။ ဝေလငါး၏ ခန္တာကိုယ်တစ်ခုလုံးက ဆက်တိုက် လှုပ်ခါနေသည်။

“ဟူး ဟူး ဟူး ဟူး”

သူ၏ ဝမ်းဗိုက်မှလည်း အသံများဆက်တိုက်ထွက်လာသည်။

ဆုပိုင်က တစ်လှမ်းချင်းစီ ကပ်သွားပြီး ထိုအကောင်၏ ကျောပေါ်မှ အရေပြားကို အသာ ပွတ်သတ် လိုက်လေသည်။

သူနဲ့ ဆက်သွယ်လို့ မရနိုင်ပေမဲ့လည်း ဒါပေမဲ့လည်း...

ဆုပိုင်သည်လည်း သူ၏ ဝမ်းနည်းမှုကို ခံစားမိသည်။

သူသည် ရှင်သန်ရန် အခွင့်ရေး မရှိတော့သောကြောင့်သာ ကိုယ့်ကိုယ် ဖျက်ဆီးလုနီးပါး အခြေအနေမျိုးကို ရွေးချယ်ပြီး ကမ်းပေါ်သို ပြေးတက်လာခဲ့ခြင်း ဖြစ်လောက်သည်။

“အိမ် ငါ့ရဲ့ကလေးတွေ သေကုန်ပြီ”

ဆုပိုင်က ဝေလငါး၏ ဗိုက်ထဲမှ ထွက်လာသော ဖျော့တော့သည့် အသံကို ကြားသောအခါ တိတ်ဆိတ်သွားသည်။ သူသည် သူ၏ ခေါင်းကို ဝေလငါး၏ အရေပြားနားသို့ သေချာစွာ ကပ်ရင်း လေးနက်သော လေသံနှင့် ပြောသည်။

“မင်း အောင်မြင်ပါတယ်”

“ပင်လယ်ရေပြင်ကြီး တဟ်ခုလုံးက သေချာပေါက် ပြန်လည် ကယ်ဆယ်ခံရမှာပါ။ အနာဂါတ်မှာ ဒီလို အမှိုက်တောင်ကလည်း ရှိတော့မှာ မဟုတ်ဘူး။ နောက်ပြီး ပင်လည်ထဲကို အမှိုက်တွေလည်း စွန့်ပစ်မှာ မဟုတ်တော့ဘူး”

“ကျေးဇူးတင်ပါတယ်”

“ဒါပေမဲ့ မင်း မမြင်နိုင်တာကတော့ ဆိုးလွန်းတယ်”

ဆုပိုင်က နောက်ဆုံး စကားကို မပြောနိုင်တော့ချေ။

သူသည် တစ်ဖက်သို့ လှည့်လိုက်သည်။ ထိုအခါ စင်မြင့်ကြီး တစ်ခုလုံးက ပြိုကျသွားသောကြောင့် သူ၏အနားအတွင် ဝိုင်းနေသော မရေမတွက်နိုင်သော လူပေါင်းများစွာနှင့် အရာရှိကပင် သေသွားကြောင်း တွေ့လိုက်တာ။

ငါစိုး ရိမ်တာက...

ဒီလိုကြီးမားလွန်းသော ဝမ်းနည်းဖွယ်ကောင်းသည့် မတော်တဆမှုကသာ ထိုပုဂ္ဂိုလ်ကြီးများ၏ အာရုံကိုဖမ်းစားနိုင်လောက်သည်။

ထိုဝေလငါးသည် သူ၏ ကိုယ်ပိုင်နည်းလမ်းဖြင့် သူတို့၏ သမုဒ္ဒရာကို ခုခံခဲ့သည်။

ဒီကိစ္စကသာ ထက်မံကျရှုံးသွားခဲ့လျှင် ဆုပိုင်သည်လည်း ဒုတိယ၊ တတိယ၊ စတုတ္ထ စသဖြင့် မရေမတွက်နိုင်သော ဝေလငါးပေါင်းမြောက်များစွာက အလားတူ ကိုယ့်ကိုယ်ကို သတ်သေပြီး လူသားများအား သူတို့ သေသွားသည့် အခြေအနေကို နားလည်အောင် ပြောပြလိမ့်မည်ဟု ယုံကြည်သည်။

ဝေလငါးက အဝေးမှ အသံများကို လုပ်ပြီး ကမ်းစပ်ပေါ်သို တက်လာသည့် အခိုက်အတန့်တွင် ဖြစ်ပြတ်သမျှ အရာအားလုံးက မြန်ဆန်လွန်းသည်။ ထိုသိုဖြင့် အကြောက်လွန်သွားသော ငါးဖမ်းသမားများက ရေထဲမှ ထွက်လာကြသည်။

ခွက်

အစပိုင်းတွင် အော်ဟ စ်ပြောဆိုခဲ့သော လူအိုကြီးက မြေပြင်တွင် ဒူးထောင်ချလိုက်ပြီး မျက်ရည်များကို သုတ်ကာ ငိုသည်။

“ဒါတွေအားလုံက ငါတို့ရဲ့အမှားပဲ။ ငါတို့က သမုဒ္ဒရာတွေကို ကောင်းကောင်း မကာကွယ်ခဲ့ဘူး။ ဒါကြောင့် တိရစ္ဆာန်တွေတောင်မှ ဒီလိုနည်းလမ်းနဲ့ ငါတို့ကို သတိပေးနေရပြီ”

“အဲဒါ သောက်ကျိုးနည်း အဲဒီ အရင်းရှင်တွေပဲ”

“ဒါတွေအားလုံးက သူတို့ အမှားပဲ။ ငါတို့ကို ငါတို့ရဲ့ သမုဒ္ဒရာ ပြန်ပေး”

“ပုဂ္ဂိုလ်ကြီးတွေ”

ဟန့်၏ မျက်နှာကလည်း သူန်မှုန်နေသည်။ သူသည် သူ၏အရှေ့မှ သေသွားသော ဝေလငါးကို ကြည့်ရင်း ကျယ်လောင်စွာ အော်သည်။

“ငါတို့မှာ လမ်းမရှိတော့ဘူး။ ငါတို့အားလုံး မြို့ကြီးတွေကို သွားရမယ်။ ဝေလငါးတွေ တိရစ္ဆာန်တွေက ဥ‌ပဒေက ကာကွယ်ပေးခံရတဲ့ သတ္တဝါတွေ။ အခု သူတို့ကတောင်မှ ကိုယ့်ကိုကိုယ် သတ်သေပြီး သမုဒ္ဒရာကြီး အဆိပ်သင့်နေတဲ့ကြောင်း ငါတို့ကို သတိပေးနေကြပြီ”

253 04

“ငါတို့လည်း ခုခံကာကွယ်ရမယ်။ ဒီလိုလုပ်ရပ်က ဘာဖြေရှင်းချက်မှ မရဘူးဆိုရင် ငါလည်း ငါတို့လည်း...အစိုးရတွေရဲ့ အိမ်ရှေ့မှာတင် သွားပြီး သေပြရုံပေါ့”

“ဒီတိရစ္ဆာန်တွေက ရှင်သန်ဖို့ နည်းလမ်း မရှိတော့ဘူးဆိုရင် ငါတို့လည်း ရှင်သန်နိုင်မှာမှ မဟုတ်ဘဲ”

ထိုလူတစ်ဖွဲ့က တခဏခန့် တွေးတောနေကြပြီးနောက် ဘေးဘက်မှ ထွက်လာလျှက် ကျယ်လောင်စွာ အော်ကြသည်။

ဆုပိုင်က စည်းလုံးညီညွတ်နေကြသော ငါးဖမ်းသမားများကို ကြည့်ပြီး တ‌ဖြည်းဖြည်းချင်းစီ ထရပ်လိုက်ကြသည်။

ကိစ္စများသည် ဒီအခြေအနေထိ ဖြစ်လာပြီးလေပြီ။ ဒီနည်းအားဖြင့် အထက်မှလူများရဲ့ အာရုံကို သေချာပေါက် ဆွဲဆောင်‌ နိုင်ပေလိမ့်မည်။ တန်ကြေးက အရွယ်ရောက်ပြီးသား ဝေလငါးကြီးတစ်ကောင်၏ အသက်ဖြစ်သော်လည်း သို့သော်...

သမုဒ္ဒရာကြီးက နဂိုမူရင်း အခြေ‌အနေသာ ပြန်ဖြစ်သွားခဲ့မည်ဆိုလျှင် ထိုဝေလငါးသည်လည်း သေချာပေါက် ကျေနပ် နှစ်သိမ့်ပေလိမ့်မည်။

++++++ 254 01

အခန်း 254

“မြန်မြန် သွားရအောင်။ ဒီတာဝန်က အမြန်ဆုံးပြီးမြောက်အောင် လုပ်ရမယ်”

အချိန်တန်ကြာ စောင့်ဆိုင်းလျှက် ‌သက်ပြင်း ချပြီးနောက်တွင် ဆုပိုင်က စတင်ကာ ပြေးသည်။

“ကတုံးသိန်းငှက်”

သူသည် ခြံဝန်းထဲသို ပြန်သွားပြီး အော်လိုက်သည်။ သိုသော် ကြက်မ‌အိုကြီးကသာ ထိုနေရာတွင် ရှိနေပြီး ကတုံးသိန်းငှက်က ပျောက်နေသည်။

ကျွီကျွီ ကျွီကျွီ

အကောင်ငယ်လေးများကိုလည်း အောင်မြင်စွာ သားပေါက်ပြီးပြီ‌ ဖြစ်သည်။ သို့သော် ဆုပိုင်ကမူ စိတ်ဓာတ်ကျစွာ ထိုင်လိုက်၏။ အဆုံးသတ်အထိ ကိစ္စဟာ ကျရှုးသွားခဲ့သည်။

ထိုကောင်က သူ၏နောက်သို လိုက်လာခဲ့သည်မှာ သူ၏ကလေးများ သားထောက်သည့် အခြေ‌အနေကို ကြည့်ချင်၍ ဖြစ်သည်။ ထို့နောက်...

“သေစမ်း”

“ဘယ်လို ဖြစ်ပြီးတော့လဲ”

ခပ်တိုးတိုး ကျိန်ဆဲ ပြီးနောက်တွင် ဆုပိုင်က မြေပြင်ပေါ်မှ ကတုံးသိန်းငှက်ပေါက်လေး ၂ကောင်ကို လှမ်းကိုင်လျှက် ကျောပိုးအိတ်ထဲသို့ ထည့်လိုက်သည်။ သူသည် ဘေးဖက်ခြမ်းမှ အိမ်ပေါက် ကြက်ဥ အနည်းငယ်ကို ယူလိုက်ပြီး ကျောပိုးအိတ်ထဲသို့ ပြန်ထိုးထည့်လျှက် တံခါးအပြင်ဘက်သို့ ပြေးသွားသည်။

စနစ်၏ တာဝန်များကို အချိန်မှီ ပြီးမြောက်အောင် လုပ်၍ မရချေ။ သူ နောက်တစ်ခေါက် ပြန်လာသောအခါ ထိုကတုံးသိန်းငှက်က

“ဟူး”

သူသည် ကမ်းခြေ တောက်လျှောက် ပြေးသွားလိုက်သည်။

ပင်လယ်အထက်တွက် ပျံသန်းနေသော ထိုအကောင်ကို မြင်သောအခါ ဆုပိုင်က အဆုပ်ကွဲမတက် လှမ်းအော်သည်။

“ကတုံးသိန်းငှက် ပြန်လာခဲ့”

ပင်လယ်ရေပြင်ဖက်မှ လျှင်မြန်စွာ ပျံသန်းလာသော မြင်ကွင်းကိုလည်း မြင်ရ၏။ သိုသော် ပင်လယ်ထဲမှ အဖြူရောင် Plasticကို သူဟာ ကောက်ချီပြီးနောက် ဆုပိုင်၏ခေါင်းထက်လျှက် ပြန်လာလျှက် နှာမှုတ်သည်။

ကမ်းစပ်မှ plasticများကို ကြည့်နေရင်း ဆုပိုင်က မျက်လုံးကို မှိတ်လျှက် အသက် ပြင်းပြင်းရှူသည်။ သူသည် ပင်လယ်ထဲမှ အမှိုက် ဆယ်ခုထက်မနည်း ကောက်ထားပြီးလေပြီ။ သို့သော်….။

ဒါပေမဲ့ မင်းတစ်ကောင်တည်းနဲ့ အမှိုက်တွေအားလုံးကို ဘယ်လို ကောက်မှာလဲ။

သို့ရာတွင် ထိုအကောင်က သေချင်စိတ် မရှိတော့ကြောင်း မြင်သောအခါ ဆုပိုင်က လည်း စိတ်အေးစွာ သက်ပြင်း ချလိုက်သည်။ သူသည် တိုက်ရိုက်ထုတ်လွင့်မှူ cameraကို လှမ်းကြည့်ပြီး လေးနက်သော လေသံဖြင့် ပြောသည်။

“ ဒီတိုက်ရိုက်ထုတ်လွှင့်မှုကို အဆုံးသတ်တော့မယ်”

“ အချို့လူတွေကတော့ ဒါကို ရူးကြောင်ကြော င်နိုင်တယ်လို့ ထင်ထားလိမ့်မယ်။ ဒါပေမဲ့ တိရစ္ဆာန်တွေရဲ့ ခံစားချက်ကလည်း သူ့လိုပဲ။ သူတို့က အကြံတစ်ခုရပြီး အဲဒီလိုလု ပ်မယ်လို့ ဆုံးဖြတ်ထားပြီးကတည်းက အင်အား စိုက်ထုတ်ပြီး လုပ်ကြတော့တာပဲ”

“ အောင်မြင်မှု မျှော်လင့်ချက် မရှိဘူး ဆိုရင်တောင်မှပေါ့”

“ ဒီကတုံးသိနိးငှက်ကလည်း အဲဒီလိုပဲ။ ဒီ သဘာဝလောကကြီးထဲမှာ ဒီလို သစ္စာရှိလွန်းတဲ့ တိရစ္ဆာန်အချို့ ရှိနေသလို သူက အဲဒီသစ္စာရှိတဲ့ တိရစ္ဆာန်တွေထဲက တစ်ကောင်ပေါ့။ သူ့ရဲ့ လက်တွဲဖော်က သေသွားတယ်။ ဒီလို ပင်လယ်ပြင်အနှံ့ ပျံသန်းနေတာကမှ သူ့ကို အထီးကျန်တယ်လို့ မခံစားရစေမဲ့ အခြေအနေတောင် ဖြစ်လောက်တာပဲ”

စနစ်က တာဝန် ပြီးမြောက်ကြောင်း ပြောသည့်အသံကို ကြားသောအခါ ဆုပိုင်က အဝေးသို့ ပျံသန်း သွားပြန်သော ကတုံးသိန်းငှက်ကို ကြည့်ရင်း လက်ယမ်း နှုတ်ဆက်ကာ ကျယ်လောင်စွာ အော်လိုက်သည်။

“ မစိုးရိမ်နဲ့။ မင်းရဲ့ အကောင်ပေါက်လေးနှစ်ကောင် အောင်အောင်မြင်မြင်နဲ့ ကြီးပြင်းလာမှာပါ”

[ ဒါက ဒီလို အဆုံးသွားမယ်လို့ မထင်ထားဘူး။ ကတုံးသိန်းငှက် ပေါက်လေးတွေကို အောင်အောင်မြင်မြင် သာဖောက်ပြီးတာတောင်မှ အသက် မရှင်ချင်ကြတော့တဲ့ပုံပဲ]

[ ဒီဝေလငါးကလည်း တော်တော်လေးကို ခံစားရစေတယ်။ သူတို့ အမှန်တကယ် မနိုးထခင် လူသားတွေက အမှားတွေ ဘယ်လောက်ထိ လုပ်ထားကြဦးမှာလဲ]

[ဒီအတိုင်း တိုက်ရိုက်ထုတ်လွင့်မှု က အဆုံးသတ်သွားပြီ။ ဒါပေမဲ့ တော်တော်လေးကို ခံစားသွားရစေတယ်။ ဒါပေမဲ့လည်း … ငါကတော့ ဒီကတုံးသိန်းငှက်ကို ကျေးဇူးတင်ချင်တယ်။ သူတို့ကြောင့်ပဲ သူတို့ရဲ့ ခံစားချက်တွေကြောင့်ပဲ ငါ့ရဲ့မိဘတွေ ခံစားသွားရပြီး ငါတို့နှစ်ယောက်ကို အတူရှိစေခွင့်ပြုခဲ့တာ။ ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ပါတယ် ဒါရိုက်တာ ဆုပိုင်]

[ ဒီလို ခံစားချက်တွေက တော်တော်လေးတော့ မနာလို ဖြစ်စေလောက်တယ်။ ဆိုရိုးစကားတစ်ခုလိုပဲ။ ဒီလောကမှာ အချစ်က ဘာလဲ။ တစ်ဘဝလုံး သေတဲ့အထိ အတူရှိသွားတာမျိုးကို ဆိုလိုတာ မဟုတ်လား။ ဒါက တအားဝမ်းနည်းဖို့ ကောင်းတယ်]

254 02

[ ဒါပေမဲ့ ဒါရိုက်တာ ဆုပိုင်က ကြက်မအိုကြီးဆီကနေ ကြက်ဥ နည်းနည်း ခိုးယူ သွားလိုက်တာကို အားလုံး သတိထားမိလိုက်ကြလား။ သူဘာလုပ်မလို့လဲ]

[ အင်း။ သူကိုယ်တိုင် သားဖောက်ချင်လို့လား]

…..

သူ၏ အရှေ့မှ commentများကို မြင်သောအခါ ဆုပိုင်က လူတိုင်းကို လက်ရမ်းနှုတ်ဆက်ပြရင်း ရုတ်တရက် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းက ပိတ်လျှက် မြင်ကွင်းက ပြောင်းလဲသွားသော အခြေအနေကို စောင့်မျှော်နေလိုက်သည်။

ရင်းနှီးကျွမ်းဝင်နေသော ရုံးခန်းကို မြင်သောအခါ ဆုပိုင်က စိတ်အေးစွာ သက်ပြင်းချသည်။

ကြည့်ရသည်မှာ ဒီတစ်ကြိမ်တွင် အထူးတာဝန် မရှိလောက်ချေ။

သူသည်လည်း ကျောပိုးအိတ်ထဲမှ ကောင်ငယ်လေးနှစ်ကောင်ကို အသာထုတ်လိုက်ပြီးနောက် မျောက်စားသိန်းငှက်ရှိရာ ဘက်သို့ သွားလိုက်သည်။

ယခုအခါ တိရစ္ဆာန်ရုံတစ်ခုလုံးတွင် ထိုအကောင်ငယ်လေးနှစ်ကောင်ကို အောင်မြင်စွာ မွေးနိုင်သောသူက မျောက်စားသိန်းငှက်သာ ဖြစ်လောက်သည်။

ယခင်တစ်ခေါက် သတင်းပို့ခိုနှစ်ကောင်သည်လည်း ပြင်းပြင်းထန်ထန် ဒဏ်ရာ ရခဲ့သည့်တိုင်အောင် သူက ကောင်းမွန်စွာ မွေးပေးနိုင်ခဲ့သည်။ ဒီတစ်ကြိမ်တွင်လည်း အကောင်ပေါက်နှစ်ကောင် ဖြစ်သည်။ ထို့ကြောင့် သူ မျောက်သားသိန်းငှက်ကြီး ခံစားချက်များအတွက် ဖာတေးပေးနိုင်လောက်သည်။

ဆုပိုင်က တောက်လျောက် လျှောက်သွားရင်း တွေ့သမျှ တိရစ္ဆာန်ရုံအတွင်းမှ ခရီးသွားများအားလုံးကို နှုတ်ဆက်သွားလိုက်သည်။

အဝေးနေရာမှ ကြည့်လိုက်ရုံနှင့် အသိုက်ထဲတွင် မတ်တပ် ရပ်နေသော မျောက်စားသိန်းငှက်ကြီးကို မြင်နိုင်သည်။ သူသည် မြေပြင်တွင် ပြေးလွှားနေသာ ယုန်တစ်အုပ်ကို လိုက်ကြည့်နေခြင်း ဖြစ်သည်။ သူ၏ မျက်လုံးထဲတွင်လည်း မိခင်ဆန်သော အလင်းက မကြာခဏဆိုသလို တက်လာခဲ့သည်။ သူသည် ရောက်လာနေသော ဆုပိုင်ကို မြင်သောအခါ မျက်မှောင် ကြုတ်သည်။သို့ရာတွင် ဆုပိုင်၏ လက်ထဲမှ အကောင်ပေါက်လေး နှစ်ကောင်ကို မြင်သောအခါ ချက်ချင်းဆိုသလို အသိုက်ထဲမှ ပျံလျှက်လာလေသည်။

တော်တော် ကြာနေပြီ။

ဆုပိုင်က သူ၏ အမွှေးများအောက်တွင် လဲနေသော အကောင်ပေါက်လေးနှစ်ကောင်ကို ကြည့်ပြီး သဘောတကျ ခေါင်းညိတ် လိုက်ကာ သားဖောက်ခန်းသို့ လျှောက်သွားလိုက်သည်။

နောက်ဆုံးတွင်သူသည် ကြက်ဥအချို့ကို သယ်လာနိုင်ခဲ့သည်။

ဒါပေမဲ့ အောင်အောင်မြင်မြင်နဲ့ သားဖောက်နိုင်မလားဆိုတာကိုတော့ မသိသေးဘူး။

အမှန်တကယ်သာ သားဖောက်နိုင်ခဲ့သော် သူတို့သည် ထပ်မွေးရန် တိရစ္ဆာန်တစ်မျိူး ထပ်ရပေလိမ့်မည်။

….

ဆုပိုင်က တိရစ္ဆာန်ရုံထဲသို့ ပြန်လာကာစ အချိန် တရုတ် ရေပိုင်နက်အတွင်း….။

ပင်လယ်ပြင်အတွင်း ရွက်လွှင့်နေသော မရေတွက်နိုင်သည့် သင်္ဘောများ မြောက်များစွာ ရှိနေသည်။ နန်ကုန်းယွမ်နှင့် တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးဌာနမှ အရာရှိတစ်ဖွဲ့က ကုန်းပေါ်တွင် ရပ်လျှက် ပင်လယ်ပြင်အတွင်း မကြာခဏ ဆိုသလို မျောလွင့်လျှက် ပါလာသော plastic အမှိုက်များကို ကြည့်သည်။

“ ကြည့်ရတာ ငါတို့မှာလည်း ဒီပြဿနာရှိနေတဲ့ပုံပဲ”

“ တိက်ရိုက်ထုတ်လွင့်မှု အခန်းထဲမှာ မြင်သလောက် မဆိုးရွားပေမဲ့ လည်း ပြင်ဆင်ထားတာတော့ ပိုကောင်းမယ်”

“ လူတွေ စုစည်းပြီး ပင်လယ်ရေမျက်နှာပြင်ပေါ်က plastic အမှိုက်တွေကို သန့်ရှင်းဖို့ လုပ်လိုက်”

နန်ကုန်းယွမ်က မျက်မှောင် ကြုတ်ရင်း ပြောသည်။

“နောက်ပြီး ကမ်းရိုးတန်းမြို့တွေမှာ… အမှိုက်တွေကို ပင်လယ်ထဲကို မပစ်ချ ခိုင်းသင့်ဘူး”

“ သမုဒ္ဒရာကြီးက အဆိပ် သင့်သွားတာနဲ့ အခြေအနေက ဆိုးရွားလာလိမ့်မယ်။ သန်းပေါင်း များစွာသော အသက်တွေက ရှင်သန်နေထိုင်ဖို့ ပိုခက်လိမ့်မယ်”

“ ငါတို့ရဲ့ အမှိုက်တွေက ကုန်းမြေတွေပေါ်မှာပဲ စွန့်ပစ်နေတုန်းပါ။ ဒါပေမဲ့ ဒီချည်းကပ်မှုကတော့ ရေရှည်ဖြေရှင်းချက် မဟုတ်သေးဘူး”

“ငါတို့နည်းလမ်း အသစ်တစ်ခုကို ရှာရမယ်”

254 03

“ဟုတ်တယ်။ ဒီတစ်ကြိမ် တိုက်ရိုက်ထုတ်လွင့်မှုက တော်တော်လေးတော့ အံသြဖို့ ကောင်းတယ်။ ငါတောင်မှ ဒီစွန့်ပြစ်ပစ္စည်းတွေက သမုဒ္ဒရာကြီးကို ဒီလောက်ထိ ထိခိုက်စေမယ်လို့ မထင်ထားဘူး”

နောက်ဘက်တွင် ရပ်နေသော လက်ထောက်ကလည်း ခေါင်းညိတ်ရင်း ပြောသည်။

“ ဒါက ရိုးရှင်းစွာပဲ ခပ်မြန်မြန် ဖြေရှင်းလို့ရတဲ့ကိစ္စ မဟုတ်ဘူး။ ဒါပေမဲ့ ငါတို့ ဒီပြဿနာရဲ့ အရင်းမြစ်ကိုတော့ သေချာပေါက် ဖြေရှင်းဖို့ လိုအပ်နေတုန်းပဲ။ ဒီလို မပျောက်ပျက်သွားနိုင်တဲ့ plasticအမှိုက်တွေကို အသုံးပြုတာကို ရပ်တန့်ပြီး အခြားပစ္စည်းတစ်ခုကို အစားထိုး သုံးတာမျိုး အဝတ်အိတ်တွေ သုံးတာမျိုးကို ပြောင်းသုံး သင့်တယ်”

“ လူတိုင်းက ဒီလို ပြောင်းသုံးပြီး အလေ့အကျင့် ဖြစ်လာမှပဲ အချိန်ကြာရှည် ထိန်းသိမ်းထားနိုင်မှာ”

“ ဟုတ်တယ်။ ဟုတ်တယ်။ ဒီနည်းလမ်းပဲ ရှိတာပဲ”

နန်ကုန်းယွမ်က ခေါင်းညိတ်သည်။ အဝေးရှိ ပင်လယ်ကြီးကို ကြည့်နေရင်း သူက သက်ပြင်းချကာ ပြောသည်။

“ ဒါရိုက်တ ဆုပိုင်က ရေနေ သတ္တဝါ တွေရဲ့ အသက်တွေကို ကယ်တင်နိုင်မလားတော့ ငါ မသိဘူး။ ဒါပေမဲ့ ငါတို့တွေက…”

“ဒီသမုဒ္ဒရာကြီးက သေဆုံးနေခဲ့တာ ကြာပြီဆိုတော့ ပြန်လည်အသက်ဝင်ဖို့တော့ အချိန်ကျနေပြီ”

‘’ ခေါင်းဆောင် ကိစ္စတစ်ခု ရှိသေးတယ်”

လက်ထောက်က အချိန်တခဏကြာ တုန့်ဆိုင်းနေပြီး နောက်တွင် လေးနက်သော လေသံဖြင့် ပြောသည်။

“ဆီမဟာမိတ်က အနောက်ပိုင်း တိုင်းပြည်အမြောက်များနှင့် မဟာမိတ်ဖွဲ့ပြီး ငါတို့ တိုင်းပြည်ကို ထောက်ပံ့ပေးတဲ့ ဆီအရင်းအမြစ်တွေကို ဖြတ်တောက်လိုက်ပြီ။ ဒါကြောင့် ဆီအရင်းအမြစ်သစ် ပြန်မရသေးခင် အချိန် သိပ်ကြာကြာ မခံလောက်ဘူး”

“ ငါ ဒါကို ဒါရိုက်တာယုံလုံစီက ကြာထားပြီးသားပါ”

နန်ကုန်းယွမ်က တစ်ချက်ညည်းညူလိုက်ရင်း သူ၏ မျက်နှာဟာ သုန်မှုန်လာသည်။

“ဒီအတွက်ကြောင့် ဒါရိုက်တာဆုပိုင်ကို ရေနေသတ္တဝါတွေရဲ့ အသက်ကို အမြန်ဆုံး ကယ်ဆယ်နိုင်စေချင်တာပေါ့။ ပင်လယ်သမုဒ္ဒရာထဲက ကြမ်းခင်းပြင်က ရေညှိတွေက တအား ချော်ထွက်နေတာ။ ငါတို့ဝင်ပြီးလည်း စုံစမ်းစစ်ဆေးလို့ မရနိုင်ဘူး”

“ ဒါပေမဲ့ ပင်လယ်သမုဒ္ဒရာကြီးက နဂိုအတိုင်း ပြန်လည်ကျန်းမာလာပြီးမှ အောက်ဘက်က ဆီတွေကို ရှာဖွေနိုင်မှာ”

ထိုသို့ပြောနေရင်း သူတို့အဖွဲ့က ဆက်တိုက်ဆိုသလို ခေါင်းကို မော့လျှက် အဝေးရှိ သုမုဒ္ဒရာကြီးထဲသို့ ကြည့်သည်။

သမုဒ္ဒရာကြီးသည် မရေမတွက်နိုင်သော တိရစ္ဆာန်များကို သားဖောက် ပေးနိုင်ရုံသာ မကသေးလေဘဲ မြောက်များလှစွာသော အရင်းအမြစ် သယ်ဆောင် ထားသေးသည်။

သို့သော်....။

ထိုအရာများ အားလုံးကို ရေနေဇီ၀ဗေဒ ဟန်ချက်စနစ်ကြီး ညီနေမှသာ ပြန်လည် ရရှိနိုင်လေမည်။ ထို့ကြောင့် သူတို့သည် အချိန်ကြာကြာ စောင့်ရလောက်သည်။

.....

ကောင်းကင်ပြာ တိရစ္ဆာန်ရုံ။

ဆုပိုင်က မနက်အစောပိုင်းတွင် သားဖောက်ခြင်း အခန်းထဲသို့ သွားလိုက်သည်။ သူသည် တံခါးကို တွန်းဖွင့်ကာ ဝင်သွားရင်း မေးလိုက်သည်။

“ ဘယ်လိုလည်း ဥတွေက တုံ့ပြန်လား”

“ တုံ့ပြန်တယ်”

ဝန်ထမ်းတစ်ယောက်က မော့ပင် မကြည့်ဘဲ အရှေ့မှ ဖန်သားပြင်ကိုသာ ကြည့်ရင်း လှမ်းပြောလိုက်သည်။

“ ဒါရိုက်တာဆုပိုင် အမြန်လာပြီး ကြည့်ပါဦး။ အတွင်းမှာ အပြောင်းအလဲတွေတောင် စပေါ်နေပြီ”

“ အသက်တစ်ခုက စတင်ပြီး ပုံပေါ်လာနေပြီ”

ဆုပိုင်က သူ၏ အရှေ့မှ ဖန်သားပြင်ကို အချိန်တန်ကြာကြာ စောင့်ကြည့်လိုက်ပြီးနောက် တဖြည်းဖြည်းချင်းစီ ခေါင်းညိတ် လိုက်သည်။

အတွင်းဘက်တွင် တဖြည်းဖြည်းချင်းစီ ကြီးထွားလာနေသော အရိပ်ကလေးကို မြင်နေရသည်။ သိပ်မကြာခင် အကောင် ပေါက်လောက်သည်။

++++++ 255 01

အခန်း 255

ထို့အပြင်…။

တိရစ္ဆာန် ကာကွယ် စောင့်ရှောက်ရေးဌာနကလည်း နောက်ပိုင်း သာဖောက်ပြီး ရရှိလာမည့် အိမ်မွေးတိရစ္ဆာန်များအတွက် အခြားသော တိုင်းပြည်များနှင့် ကုန်းမြေများ ပင်လယ်ပြင်များကိုလည်း လဲလယ်ရန် သဘောတူညီမှု အရယူထားသည်။

ဆုပိုင်ကလည်း အလွန်အားပေးသည်။

မည်သို့ပင်ဆိုစေ လီတောင် တစ်တောင်က ထိုမျှသာ ကြီးသည်။ သို့သော် သူ့အား အားလုံးပေး၍ မရချေ။ တိရစ္ဆာန်၏ ပွားလာနိုင်မည့် အရေအတွက်အရ လီတောင် တစ်တောင်တည်းက တစ်ရက် ကြာလျှင်ပင် တိရစ္ဆာန်ရုံ ဖြစ်နိုင်လောက်သည်။ ရိုးရှင်းစွာပင် တိရစ္ဆာန်များ အားလုံးက ဒီနေရာတွင် ရှင်သန်၍ မရနိုင်ချေ။ ထို့အပြင်…။

တိရစ္ဆာန်ရုံအတွင်းမှ တိရစ္ဆာန်များအား လုံးသည် အလွန်ဉာဏ်ရည် မြင့်မားနေကြသည်။ သို့ရာတွင် စနစ နှင့် စကားပြောဆိုပြီးနောက် ဆုပိုင်ကလည်း တစ်စုံတစ်ရာကို ခပ်ရေးရေး နားလည်သွားသည်။

သူတို့အားလုံးက ဉာဏ်ရည် မြင့်မားနေသည့် အကြောင်း ပြချက်ကမှု တိရစ္ဆာန် မရှိသော လောကကြီးနှင့် အမြန်ဆုံး ကျင့်သားရနေလျှက် ရှင်သန်နိုင်ရန် အတွက်ကြောင့် ဖြစ်သည်။ သူတို့၏ ဆက်ခံသူများမှ စတင်ပြီး အကောင်များသည် သာမာန် သတ္တ၀ါများသာ ဖြစ်လာပေလိမ့်မည်။

ထိုအချက်မှ စတင်ပြီး သဘာ၀ကို ပုံမှန်အတိုင်း ပြန်ဖြစ်အောင်လုပ်ရန် လိုအပ်ကြောင်း ဖော်ပြသည်။

တိရစ္ဆာန်ရုံထဲတွင် မြင်နေကျ မြင်ကွင်းကဲ့သို့ အရွက်စား တိရစ္ဆာန်များနှင့် အသားစား တိရစ္ဆာန်များက အတူတကွ ရှင်သန်နိုင်သော ဖြစ်နိုင်ချေမျိုးကို ဆက်မမြင် ရလောက်ချေ။

မည်သို့ပင် ဆိုစေ သူတို့ သီးသန့် ရှင်သန်ရသောအခါ သူတို့၏ မသိစိတ်အရ တုံ့ပြန်မှုနှင့် အတူရှင်သန် နေထိုင်ရပေမည်။

ထိုအခြေအနေအရ သူတို့ထက် ပို၍ကြီးမားသော နေရာကြီးများကို ကျင့်သားရစွာ နေထိုင်ရန် လိုအပ်သည်။ သိုရာတွင် အချိန်ကမူ စောသေးသည်။

မည်သိုပင် ဆိုစေ ပန်ဒါကြီးကသာ အောင်အောင်မြင်မြင်နှင့် သား‌ဖောက်နိုင်သော် တစ်ကောင်တည်းသော တိရစ္ဆာန် ဖြစ်နေသေးသည်။ ကျန်သော အပိုင်းအစများသည် နောက်အကောင်ပေါက်လေးများကို မထုတ်ပေးနိုင်သေးချေ။ စစ်ဆေး ဆုံးဖြတ်ပြီးနောက်တွင် ဆုပိုင်သည်လည်း တိရစ္ဆာန်ရုံအတွင်း ပုံမှန် မဟုတ်သော အခြေအနေများ မရှိကြောင်း သိလိုက်သဖြင့် ရုံးခန်းထဲသို့ ပြန်လျှောက်သွားလိုက်သည်။ သူသည် တစ်ရက်တာ ခွင့်ယူရန် ဆုံးဖြတ်လိုက်သည်။

ထိုအချိန််တွင် တိရစ္ဆာန်အပိုင်းစ ‌တာဝန်များကလည်း ပြန်ပေါ်ရန် အချိန်ကျနေလေပြီ။ ဒီတစ်ကြိမ် ဘယ်လို တိရစ္ဆာန်မျိုး refresh ဖြစ်မလဲ မသိဘူး။

ရုံးခန်း ကုလားထိုင်တွင် ထိုင်နေသည့် ဆုပိုင်က စနစ်၏ ဇယားကို ဖွင့်ကြည့်လိုက်သည်။

[ တိရစ္ဆာန်အပိုင်းအစ‌ mall]

မဟာငမန်းဖြူအပိုင်းအစ: အံအားသင့်မှု အမှတ် ရှစ်သိန်းနဲ့ လဲလှယ်နိုင်ပါတယ်။

မဟာအမွှေးရှည်အပိုင်းအစ: အံအားသင့်မှု အမှတ် ခြောက်သိန်းနဲ့ လဲလှယ်နိုင်ပါတယ်။

ငါးရှဥ့်၏အပိုင်းအစ: အံအားသင့်မှု အမှတ် နှစ်သိန်းနဲ့ လဲလှယ်နိုင်ပါတယ်။

ရေဘဝဲအပိုင်းအစ: အံအားသင့်မှု အမှတ် နှစ်သိန်းနဲ့ လဲလှယ်နိုင်ပါတယ်။

ဝေလငါးအပိုင်းအစ: အံအားသင့်မှု အမှတ် ၁.၅သန်းနဲ့ လဲလှယ်နိုင်ပါတယ်။

“ဟစ်”

ဆုပိုင်ကပင် ပင့်သက် ရှိုက်လိုက်မိသည်။ ယခုတစ်ကြိမ် refreshဖြစ်၍ ပေါ်လာသမျှ သတ္တဝါများအားလုံးက ရေနေသတ္တဝါများ ဖြစ်နေသည်။

ဒါက...

သူ သတိထားရသည်မှာ ဆုပိုင်သည် ရေနေ သတ္တဝါများကို မွေးမြူရန် အစီအစဥ် မရှိသေးချေ။ အချိန်အတန် ကြာပြီးမှသာ မွေးမြူရန် စဥ်းစားထားခြင်း ဖြစ်သည်။

ထိုကြောင့် ဆုပိုင်အနေဖြင့် ငါးရှဥ့်အပိုင်းစ တာဝန်ကိုသာ ရွေးချယ်ရန် ဆုံးဖြတ် လိုက်ရလေသည်။

အကြောင်းမူကား ငါးရှဥ့်များအတွက်မူ အဆင်ပြေသေးသည်။ ထိုငါးရှဥ့်များသည် စနစ်က သယ်ထုတ်လာနိုင်သော အခြေအနေမျိုးတွင်း ရှိနိုင်နေသေးသည်။ သို့ရာတွင် ထိုငါးရှဥ့်များသည် အတိတ်က လောကတွင် နည်းပညာများနှင့် မွေးမြူနိုင်လေသည်။

စနစ်တွင် ပေါ်လာသော တိရစ္ဆာန်အပိုင်းအစများသည် တောရိုင်းသတ္တဝါများ ဖြစ်တတ်သည်။ အခြား‌စကာဖြင့်ဆိုရသော် ထိုငါးရှဥ့်များကို အပိုင်းအစတာဝန်မှ တစ်ဆင့်သာ လဲလှယ်နိုင်သည်။ ဆုပိုင် ယခင်တိုင်းက မျိုးပွားမှုအရ နေရာနှစ်ခုတွင်သာ ရှာဖွေလို့ ရသည်။

တစ်နေရာကမူ တရုတ်ပြည်နှင့် နီးသော ကျွန်းတိုင်းပြည်တွင် ငါးရှဥ့်များ ပေါသည်။ ထိုငါးရှဥ်းကို RPငါးရှဥ့်များဟု ခေါ်သည်။ တစ်ခြားသော တစ်နေရာကမူ ဥရောပ ငါးရှဥ့်များ ဖြစ်သည်။

255 02

အချိန်ကူးပြောင်းလာခြင်း မရှိခင်က ဆိုလျှင် ထိုငါးရှဥ့်အမျိုးစား ၂ခုသည် မျိုးတုန်း ပျောက်ကွယ်လုနီးပါး ဖြစ်နေလေသည်။

သူတို့ အရေအတွက်သည် ပန်ဒါကြီးများ ထက်ပင် ရှားပါးလာသေးသည်။

သို့သော်...

ထိုသို့ ဖြစ်နေခဲ့သည့်တိုင်အောင် လူအများစု၏ စားပွဲပေါ်တွင် RP ငါးရှဥ့်များ မပေါ်အောင်‌ မတားနိုင်သေးချေ။

“ဟူး”

ဆုပိုင်လည်း အသက်ပြင်းပြင်း ရှူလိုက်ပြီး လေးနက်သော လေသံနှင့် ပြောလိုက်သည်။

“စနစ် တာဝန်ကို စတော့”

“တင်။ ငါးရှဥ့် အပိုင်းအစ တာဝန်က စတင်နေပါပြီ”

“ရေတွက် နေပါပြီ”

၁၀

၉

၈

.....

.....

“လက်ဆက်တဲ့ ပင်လယ်စာ လာ တစ်ချက်ကြည့်ပါဦး”

“အခုလေးတင် ပင်လယ်ထဲက ဖမ်းလာတာ”

“ဘယ်လိုလဲ။ ငါတို့ ဒီမှာ ဝေလငါး အသားတုတောင် ရသေးတယ်”

ဆုပိုင်က ကြီးမားသော ပင်လယ်စျေးကြီး၏ တံခါးဝတွင် ရပ်ရင်း ထူးဆန်းသော ငါးညှီ ရနံ့ကို ရသောအခါ မျက်မှောင် ကြုတ်လိုက်ကြသည်။

သူသည် ခေါင်းကို လှည့်ပြီး တစ်ချက် ကြည့်လိုက်သည်။ အဝေးတွင် ပင်လယ် ရှိသည်။ ပင်လယ် စျေးကြီးတစ်ခုလုံးကလည်း ပင်လယ်နားတွင် တည်ရှိသည်။

ထိုပြင် ကမ်းစပ်နားသို့ ကပ်လာသော ငါးဖမ်းလှေများနှင့် သူတို့ဖမ်းမိလာသော ပင်လယ်စာများကို သယ်လာသည် တောင်းများကိုလည်း မြင်နိုင်သည်။

“ငါးရှဥ့် မရှိဘူးလား”

ထိုအချိန်တွင် ဆုပိုင်ဘေးဘက် ဆိုင်ရှေ့တွင် ဆောင့်ကြောင့်ထိုင်လျှက် စောင့်နေသော လူအိုကြီးက အချိန်အတန်ကြာအောင် ဂရုတစိုက် ရှာဖွေပြီးနောက် တဖြည်းဖြည်းချင်းဆီ မေးလိုက်သည်။

“ဘာလို ဘာငါးရှဥ့်ကိုမှ မမြင်ရတာလဲ။ ငါ့ရဲ့ မြေးမလေးက ငါးရှဥ့်ထမင်း စားချင်နေတာ”

“ငါလည်း အချိန်တန်ကြာအောင် စောင့်နေခဲ့တာ ငါးရှဥ့်ရောင်းတဲ့သူ တစ်ယောက်မှ မတွေ့ဘူး။ သူတို့တွေ မျိုးတုန်း သွားကြပြီလား။ ငါ တစ်ကောင်တောင် မဝယ်နိုင်ဘူး”

“အခုလောလောဆယ် ငါးရှဥ့် မရှိသေးဘူး”

ဆိုင်ရှင်က စိတ်ရှုပ်သွားခြင်း မရှိလေဘဲ လက်ကို ရမ်းပြရင်း ဆူပူလိုက်သည်။

“လမ်းပိတ် မနေနဲ့။ လမ်းပိတ် မနေနဲ့။ အခုက ငါးရှဥ့်တွေ လွှတ်မဲ့ အချိန်မှ မရောက်သေးတာ။ ဒါ့အပြင်...အစိုးရက မွေးထားတဲ့ အဲဒီငါးရှဥ့်တွေကိုလည်း ထုတ်ပေးသေးတာ မဟုတ်ဘူး။ ငါတို့က ဘယ်နေရာမှာ သွားဖမ်းရမှာလဲ”

“အခြား တစ်ခုကို ဝယ်”

“ဒီမှာ အခြားငါးတွေ အများကြီးပဲ”

“အဘိုး ငါ ဒါဝယ်လို့ မရဘူးလား။ ဒါဆိုရင်လည်း...”

ကောင်မလေးက သူမ၏ မျက်လုံးကြီးများဖြင့် ဘေးဘီတွင် ကြည့်ရင်း အဖိုးဖြစ်သူကို အပြစ်ကင်းစင်စွာ လှမ်း‌ပြောသည်။

“သေချာပေါက် ရမှာပါ။ ဒါပေမဲ့ ဘယ်သူ့မှာမှ မရှိသေးရုံဘဲ”

“မစိုးရိမ်နဲ့”

“အဘိုးက ပြောမယ်နော်။ ငါးရှဥ့်ထမင်းက အရသာအရှိဆုံးပဲ။ ဒီငါးတွေထက် အများကြီး ကောင်းတယ်”

အဖိုးကြီးက ကြီးမားသော ပင်လယ်စျေးကြီးကို ကြည့်ကာပြုံးရင်း ပြောသည်။

255 03

“အဘိုးမှာ အကြံတစ်ခု ရှိပြီ။ မင်းအဖေကို သွားရှာရအောင်။ ငါတို့ သေချာပေါက် ငါးရှဥ့်တော့ ဖမ်းနိုင်မှာပဲ”

“ဟားဟား”

“ကိုယ်တိုင် ဖမ်းတာက ဝယ်တာထက် အများကြီး ပိုကောင်းတယ်”

ထိုသို့ပြောပြီးနောက် အဖိုးကြီးက နောက်လှည့်ကာ ထွက်သွားသည်။

သို့ရာတွင် အဘိုးကြီး ပြောသော စကားကို ကြားသောအခါ ဆိုင်ရှင်က ခပ်မြန်မြန် လိုက်ဆွဲရင်း အသံကို တိုးကာ ပြောသည်။

“အဘိုးကြီး ခင်များ ငါးရှဥ့်စက်ခန်းထဲကို ခိုးဝင်နိုင်တဲ့ နည်းလမ်းရှိလိုလား”

“အိုး ဘုရားရေ”

“ခင်များ အပိုရရင် ငါတို့ကို လာရောင်းပါလား။ ငါ ငါ့ဘာသာ မွေးထားလိုက်မယ်။ ဒီငါးရှဥ့်တွေက တော်တော်လေး သေးတယ်။ ဒါကြောင့် အချိန်တစ်ခုကြာ မွေးပြီးမှ စားလို့ရမှာ”

“မဟုတ်ဘူး ငါ့မှာ နည်းလမ်း မရှိပါဘူး”

အဘိုးကြီးက စိတ်ရှုပ်ထွေးစွာနှင့် ခေါင်းခါရင်း သူ၏ မြေးမဖြစ်သူနဲ့ အတူ ထွက်သွားသည်။

ဆုပိုင်က သူ့နောက်တွင် ရပ်လျှင် ထိုနှစ်ယောက်၏ ကျောပြင်ကို ကြည့်နေလိုက်သည်။ အဓိက တာဝန်က ထွက်လာသည်။ သို့သော် ထိုအခြေအနေသည် ထိုမြေးအဘိုးနှစ်ယောက် ဖြစ်နေမည့် အခြေအနေကို စိုးရိမ်ရသည်။

သို့ရာတွင် ဒီစျေးကြီး တစ်ခုလုံးတွင် ငါးရှဥ့် ရောင်းသော ဆိုင်တစ်ဆိုင်မှပင် မရှိချေ။ ထိုအခြေအနေအထိ ငါးရှဥ့်များက လူသားများ၏ စားသောက်မှုကို ခံလိုက်ရသည်။

[ဒါက သောက်ကျိုးနည်း မျိုးတုန်းမှုပဲ။ သူတို့ရဲ့ အဝတ်စားတွေကို လေ့လာကြည့်ရရင် ငါတို့နားက တိုင်းပြည်နဲ့ တူတယ်။ သူတို့က ဒီလောက်ထိ ရက်စက်နေပြီလား]

[ဒါပေမဲ့ ဒါရိုက်တာဆုပိုင် ငါလည်း တော်တော်လေး သိချင်လို့ပါ။ ဒီငါးရှဥ့်ဆိုတာက တကယ်ပဲ ဘာလဲ။ နည်းပညာနဲ့တောင် မွေးနိုင်တယ် ဆိုကတည်းက မျိုးတုန်း ပျောက်ကွယ်သွားတဲ့ အချိန်ထိ ဘာလိုစားသောက်ခံရတာလဲ။ အရေအတွက် ပိုပြီးတိုးလာရမှာ မဟုတ်ဘူးလား]

[ငါလည်း အံ့သြလို့ပါ။ ငါတိုရဲ့ လယ်မြေကြွက်လေးတွေကို ကြည့်ပါဦး။ အိမ်မှာ ၂ကောင် ရှိတာလေ။ ဒါပေမဲ့ အခု သူတို့ကို အတူထားလို့ကို မရတော့ဘူး။ တအား များလွန်းနေတာ။ သေစမ်း ငါ ငါ့ရဲ့ ဆွေ‌မျိုးတွေ မိတ်ဆွေတွေ အကုန်လုံးကို ငါ ခေါ်ပြီး ပေးထားတာ။ ဒါတောင်မှ သူတို့က ဆက်မွေးနေတုန်းပဲ]

[ဟားဟားဟား အပေါ်က တစ်ယောက် ငါမင်းရဲ့ ခံစားချက်ကို နားလည်တယ်။ သူတို့က တော်တော်လေးတော့ ချစ်ဖို့ ကောင်းတယ်။ ဒါပေမဲ့ ငါသူများကို ပေးပစ်ဖို့ တော်တော်လေး တွန့်ဆုတ်နေတာ။ ဒါပေမဲ့လည်း ငါ ဟိုပြဿနာကို မဖြေရှင်းနိုင်တော့ဘူး။ အရေအတွက်က တအား များနေပြီ]

[ကျေးဇူးပြုပြီ ဒါရိုက်တာဆုပိုင်ရယ် ဒီငါးရှဥ့်တွေက ဘာတွေလဲဆိုတာကို ငါတို့ကို ပြောပြစမ်းပါ]

.....

All Chapters