အခန်း (၂၅၆-၂၅၈)
Vol. 18 Ch. 256-258
++++++ 256 01
အခန်း 256
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ကြည့်ရှုသူများက အဘိုးကြီးနှင့် ဆိုင်ရှင်တို၏ ဗန်းစကားကိုပဲ ကြားလိုက်သည်။ သူတို့သည်လည်း ထိုသတ္တဝါ၏ အခြေအနေကို နားလည်လိုက်သည်။ သိုသော် လူတိုင်းက အနည်းငယ် စိတ်ရှုပ်ထွေး နေသေးသည်။ ဆိုင်ရှင်၏ ပြောစကားကလည်း ထိုငါးရှဥ့်များကို နည်းပညာကျကျ မွေးထား၍ ရကြောင်း ဖော်ပြနေသည်။ ထိုသိုမွေးနိုင်ကတည်းက မျိုးတုံးသွားခြင်းမျိုး မဖြစ်သင့်ပေ။
ဒီစျေးကြီး တစ်ခုလုံးမှာ ဒီပင်လယ်စာ တစ်မျိုးတည်းကိုပဲ ရောင်းတာတော့ မဟုတ်တော့ဘူးလေ ဟုတ်တယ်မလား။
ဆုပိုင်သည် သူ၏ အရှေ့မှ လူအိုကြီးကို ကြည့်လိုက်သည်။ ထိုလူအိုကြီးသည် စျေးထဲမှ တစ်လှမ်းချင်းဆီ ထွက်ခွာ သွားနေ၏။ သူသည် ခေါင်းကို ငုံရင်း commentများကို ကြည့်ကာ လေသံကို တိုးလျှက် ပြောလိုက်သည်။
“ငါးရှဥ့်တွေက ငါးအမျိုးစား တစ်မျိုးလို့ ပြောလို့ရတယ်။ သူတို့ကို ဒွိလိမ်တွေလို့ ပြောရမယ်။ နောက်ပြီး မင်းတိုရဲ့ မေးခွန်းတွေက တော့ ဖြေဖို တအား လွယ်ပါတယ်။
RB ငါးရှဥ့်တွေက ငါတို့ တိုင်းပြည်က ပန်ဒါကြီးတွေလိုပဲ။ အရမ်းကို ရှားပါးတဲ့ မျိုးစေ့တစ်မျိုးပေါ့။ ရှေးခေတ် အချိန်ကတည်းက ဒီလိုမျိုး နှစ်ရာကျော်ကြာ မျိုးတုန်းပျောက်ကွယ် သွားပြီဆိုရင် ပိုတောင် ဆိုးသေးတယ်”
“ဒါပေမဲ့ ဒီနေရာက ဒီလူတွေက ငါးရှဥ့်ထမင်းကို အရမ်းကြိုက်ကြတယ်။ ဒီမှာကြည့် ငါးရှဥ့်တွေနဲ့ ပတ်သက်ပြီး ထူခြားတဲ့ ဆိုရိုးစကားတောင် ရှိသေးတယ်။ မင်းငါးရှဥ့်ကို အချိန်တန်ကြာ စားပေးမယ်ဆိုရင် အဲ့ဒီအမျိုးသားရဲ့...အင်း အဲ့ဒီနယ်ပယ်က လုပ်နိုင်စွမ်းရည်က တိုးတက်လာလိမ့်မယ်တဲ့”
“နောက်ပြီး ဒီနည်းလမ်းကပဲ RB ငါးရှဥ့်တွေကို အမြောက်အများ လျော့ကျလာစေတာပေါ့။ နည်းပညာတကျ သားဖောက်တာမျိုးတွေ ရှိတယ်ဆိုပေမဲ့လည်း ရှင်သန်နိုင်တဲ့ နှုန်က ၀.၅ ရာခိုင်နှုန်းပဲ ရှိတယ်”
“ဘာလို့လည်းဆိုတော့ ငါးရှဥ့်တွေက သူတို့ရဲ့ တစ်ဘဝမှာ တစ်ကြိမ်ပဲ သားဖောက် နိုင်တာ။ နောက်ပြီး ဒီလိုသားဖောက်ပြီးတဲ့ နောက်မှာ အရွယ်ရောက်ပြီးတဲ့ ငါးရှဥ့်တွေက အလိုအလျောက် သေသွားကြတယ်။ ပိုဆိုးတာက ဒီငါးရှဥ့်တွေနဲ့ ပတ်သက်ပြီး အရမ်းကို ထူးခြားတဲ့အချက်က အခုချိန်ထိ နားမလည်သေးတဲ့ အဲဒီအချက်တစ်ခုက ရှိနေသေးတယ်”
“ဒီတိုက်ရိုက် ထုတ်လွှင့်မှု အခန်းထဲက ဒီRBငါးရှဥ့်တွေကိုပဲ ဥပမာ ထားပြီး ကြည့်ကြည့်လိုက်ဦး။ သူတို့က ဒီကမ္ဘာကြီးရဲ့ အနက်ရှိင်းဆုံး မြောင်းကြီးဖြစ်တဲ့ မာရီအာနာဆိုတဲ့ မြောင်းကြီးမှာ မွေးကြတာ။ ငယ်ရွယ်ချိန် ဘဝကတည်းက သူတို့က ကုန်းမြေဆီ ရောက်ဖို့အတွက် တစ်တန် တစ်တန် ကူးခက်လာပြီး အထီးကျန်ခွေးတွေအဖြစ် အချိန်တန်ကြာ နေထိုင်ခဲ့ပြီးနောက်မှာမှ...”
“အချိန်ကာလ တစ်ခုကို ရောက်ပြီးမှ သမုဒ္ဒရာထဲက အော်ခေါ်သံကို ပြန်ကြားရတဲ့အချိန်မှ သူတို့ရောက်နေတဲ့ နေရာနဲ့ သမုဒ္ဒရာကြီးက ဘယ်လောက်ပဲ ဝေးဝေး သူတို့ မွေးဖွားခဲ့တဲ့နေရာကို အပြေးပြန် ကူးခတ်သွားပြီး အဲ့ဒီနေရာမှာပဲ သားဖွား ကြတယ်။ အဲဒီနောက် သူတို့ရဲ့ ဒီခမ်းနားထည်ဝါတဲ့ ဘဝကို အဆုံးသတ် သွားတော့တာပေါ့”
“ဒီအတွက်ကြောင့်ပဲ ဒီငါးရှဥ့်တွေကို အောင်အောင်မြင်မြင်နဲ့ မွေးထားလို့ မရတာဘဲ။ ဘာလို့လဲဆိုတော့ ဒီလို မွေးထားခဲ့ရင်တောင်မှ သူတို့က အရေအတွက် ပွားလာမှာ မဟုတ်ဘူး။ ဒီအတွက်ကြောင့်ပဲ ငါးရှဥ့်တွေရဲ့ အရေအတွက်က လျော့ကျကုန်တာ”
“ထိုသို့ ပြောနေရင်း ဆုပိုင်က လူအိုကြီး၏ နောက်မှ လိုက်သွားရင်း တဖြည်းဖြည်းချင်းစီ သံမဏချောင်းများ ဝိုင်းထားသော ပင်လယ်မြေ တစ်နေရာသို့ ရောက်သွားသည်။
ဘေးဖက်တွင် ကြီးမားသော စကားလုံကြီးများ ရေးထားသည့် ဆိုင်းဘုတ်တစ်ခုကို မြင်လိုက်ရသည်။
“မာရီယာနာမြောင်း...ငါးရှဥ့် သားဖောက်လယ်မြေ”
“ဂလု”
ဆုပိုင်က နှာခေါင်းကို တစ်ချက်သပ်ရင်း ဘေးဘက်တွင် ပုန်းလိုက်သည်။
ဒီနေရာက အဲ့ဒီငါးရှဥ့်တွေ မွေးပြီး သေရတဲ့ ဒဏ္ဍာရီလာ နေရာတစ်ခု ဖြစ်နေမယ်လို မထင်ထားဘူး။
အရှေ့မှ လူအိုကြီးသည် တစ်စုံတစ်ရာကို ပြောနေသည်။ အချိန်တန်ကြာပြီးနောက်...
သက်လက်ပိုင်းအရွယ် လူကြီးတစ်ယောက် အလျှင်စလို ပြေးလာကြောင်း မြင်လိုက်ရသည်။ သူ၏လက်ထဲတွင်လည်း ပုံးတစ်ပုံးကို သယ်လာသည်။ သူသည် လူအိုကြီးအား ဂရုတစိုက် ပေးလိုက်ပြီးနောက် နောက်လှည့်ကာ ထွက်သွားသည်။
“ဟွန့်”
“သေစမ်း”
ထိုလူအိုကြီးက ထိုပုံးလေး၏ အဖုံးကို ဖွင့်လိုက်ပြီး အတွင်းရှိ ပုတိုတိုငါးရှဥ့်လေးများကို ကြည့်ကာ အေးစက်စွာ နှာခေါင်းရှုပ်သည်။
256 02
“ဒီသေးသေးလေးတွေကို ဟင်းချက်လို့ ဘယ်လို လောက်မှာလဲ”
“ဟွန့် အသုံးမကျတဲ့ အကောင်”
သူသည် စကားလုံးအနည်းငယ်နဲ့ အော်ဟစ် ဆူပူပြီးနောက်တွင် ထိုလူအိုကြီးက ကောင်မလေး၏ နဖူးကို အသာတို့ထိလျှက် တဖြည်းဖြည်းချင်းဆီ လျှောက်သွားသည်။
ထိုအချိန်တွင် ဆုပိုင်ဟာ ဘေးတစ်ဖက်ခြမ်းမှ ထွက်လာပြီး ထိုနှစ်ယောက်၏ အရှေ့တွင် ရပ်လျှက် ပြုံးကာပြောလိုက်သည်။
“ဒါတွေ ငါ့ကိုရောင်းနိုင်မလား မသိဘူး”
“မင်းက ဘယ်သူလဲ။ ဟိန်းကျစ်ရဲ့ ငါးရှဥ့်ထမင်းကို ခိုးမလိုလား”
ထိုအချိန်တွင် ကောင်မလေးက နှုတ်ခမ်းစူပြီး ဆုပိုင်ကို ခက်ထန်စွာ ကြည့်သည်။
“ထွက်သွား။ ဒါက ရောင်းဖို့ မဟုတ်ဘူး”
လူအိုကြီးက အရှေ့မှ လူငယ်ကို ကြည့်လျှက် ဆူပူလိုက်သည်။
“မင်း ဒီလို အခြေအနေမျိုးမှာ ငါးရှဥ့်ဝယ်လို မရဘူးဆိုတာမသိဘူးလား။ ငါက ဘယ်လိုကြောင့်များ မင်းကို ရောင်းရမှာလဲ”
“စိတ်မရှည် မဖြစ်ပါနဲ့”
ထိုနှစ်ယောက် လမ်းဖြတ် ကူးလို့နီးပါး ဖြစ်နေကြောင်း မြင်သောအခါ ဆုပိုင်က သူ၏ အရှေ့တွင် တစ်ဖန်ပြန်လှည် ထပ်ရပ်လိုက်ပြီး သူ၏ အိပ်ကပ်ထဲမှ ပိုက်ဆံ အထပ်လိုက် ထုတ်ကာ လူအိုကြီးရှေ့တွက် ရမ်းပြလျှက် ပြုံးကာ ပြောသည်။
“ဒီလောက်ဆို လောက်လား”
“မင်းတို့သာ ငါ့ကို မင်းတိုနဲ့အတူ ခိုးဝင်ခွင့် ပြုမယ်ဆိုရင် ငါ ဒီထက် ပိုပေးမယ်”
“ဒီပိုက်ဆံက ခင်များတို့ တစ်နှစ်လောက် အေးအေးဆေးဆေး နေဖို လုံလောက်မှာပဲ။ ခင်များ ဒါကို ငါ့ဆီ မရောင်းချင်တာ သေချာလို့လား”
လူအိုကြီးက သူ၏ အရှေ့မှ ပိုက်ဆံများကို မြင်သောအခါ တောက်ပ သွားသည်။ သူသည် ထိုပုံးလေးကို ဆုပိုင် လက်ထဲသို့ ထိုးထည့်ပြီး ပိုက်ဆံကို လုသည်။
“ကောင်းပြီ။ ကောင်းပြီ။ ညကျရင် မင်း ဒီနေရာမှာ စောင့်နေ။ မင်း နည်းနည်း ပိုပေးမယ်ဆိုရင်တော့ ငါမင်းကို လှေငယ်လေး တစ်စီးပေးမယ်”
“မလိုပါဘူး”
ဆုပိုင်က ခေါင်းကို တဖြည်းဖြည်းချင်း ခါလျှက် ထိုပုံးလေးကို ကိုင်ရင်း ပြောသည်။
“ငါ ခင်များကို ဒီမှာ စောင့်နေမယ်”
“ဒီနေ့က အဲ့ဒီ ငါးရှဥ့်တွေကို လွှတ်မဲ့ရက်ပဲ။ ဒီနေ့ ပြီးသွားတဲ့ နောက်မှာ မင်း ငါးဖမ်းသမားတွေဆီက ဝယ်နိုင်ပြီ။ လူတွေကတော့ သေချာပေါက် များနေမှာပဲ
ဒီတော့ စောစော သွားတာကောင်းတယ်”
ထိုလူအိုကြီးရဲ့ အသံမှာ နောက်ဖက်မှ ထွက်လာသည်။ သူဟာ ထိုအသံကို ကြားသောအခါ တစ်ချက် လှောင်ရယ်ရင်း ထွက်သွားသည်။ သူသည် ကိုယ်တိုင် ဆင်းဖမ်းရန် ဆန္ဒ မရှိပါချေ။ ဒီစက်ခန်းတစ်ခုလုံးတွင် ရှိသမျှ ငါးရှဥ့်များသည် အရွယ်ရောက်လာမည့် RBများ ဖြစ်လောက်၏။ ထိုအချိန်တွင်...
လူ အလွန်များမည်မှာ သေချာသည်။ ဆုပိုင်ကမူ မြင့်မားလွန်းသော တန်ကြေးဖြင့် ငါးရှဉ့်အမြောက်အများ ဝယ်သွားရန် ဆုံးဖြတ်ထားလေသည်။
အကျိုးအမြတ်၏ လှုံ့ဆော်မှုကို ခံရသောအခါ ထိုလူများသည်လည်း နာရီ အနည်းငယ်တည်းနှင့် သိုမဟုတ် တစ်ညတည်းနှင့် အားလုံးကို ဖမ်းလောက်သည်။
ထိုနောက်...
သူသည် စနစ်၏ အကူအညီကို အရယူထားသောကြောင့် ငါးရှဥ်းများ မျိုးမပွားနိုင်မည့် အခြေအနေကို မစိုးရိမ်ရပေ။
.....
တရုတ်ပြည်...
ကြယ်ငါးပွင့် hotelအတွင်းတွင်...
ကီမိုနို ဝတ်ဆင်ထားကြသော လူများက သူတို့၏ အရှေ့တွင် လယ်မြေကြွက်ကင်များ ပြည့်နှက်နေသော အခန်းထဲတွင် ထိုင်နေကြသည်။ ရုတ်တရက် လူတစ်ယောက်က အထက်မှ ဖန်သားပြင်ကို ကြည့်ရင်း တအံ့တသြ အော်သည်။
“ဒါက...”
256 03
“ဒါက ငါတိုရဲ့ မွေးရပ်မြေ မဟုတ်ဘူးလား။ ဒီ သောက်ကျိုးနည်း တရုတ်ကောင်ကတော့ တိုက်ရိုက်ထုတ်လွင့်မှုကို သုံးပြီး လှုံ့ဆော်နေတာပဲ။
“ဒါက ငါတို့ကို အသရေ ဖျက်နေတာပဲ”
“ငါတို့တွေ တိုင်းပြည်ကို အကြောင်းကြားပြီး ဒီကောင့်ကို အခုချက်ချင်း...”
“မင်း မူးနေပြီလား”
ဂျီတာရိုက တစ်ငုံသောက်ရင်း ဆူပူလိုက်သည်။
“သေချာကြည့်စမ်း။ လက်ရှိ အနုပညာ ဗိသူကာ styleက ရှိနေလို့လား”
“ဒါကလည်း လှုံ့ဆော်ပေးတာပဲလေ။ ဒါပေမဲ့ ငါးရှဥ့်ထမင်းက”
“ဒီမှာ ပေါ်လာတာက ငါးရှဥ့်။ ဒါက နှစ်ပေါင်းများသွာ ပျောက်ကွယ်သွားပြီ ဖြစ်တဲ့ အရသာရှိတဲ့ စားစရာ တစ်မျိုး”
သူ၏ ကလေးဘဝက မြင်ကွင်းက ရုတ်တရက် ပြန်ပေါ်လာသည်။ သူ ၅ နှစ်အရွယ်က အဘိုးဖြစ်သူထံမှ ငါးရှဥ့်ထမင်းအကြောင်း ကြားဖူးသည်။ အဘိုးဖြစ်သူ ပြောခဲ့သည့် အကြောင်းအရာကိုပင် မှန်မိနေသေးသည်။
“ငါးရှဥ့်ထမင်း”
“ငါ့ အဘိုးကလည်း မစားဖူးခဲ့ဘူး။ ငါတိုရဲ့ ဘိုးဘေးတွေကပဲ စားဖူးခဲ့ကြတာ ထင်တယ်”
“မျိုးတုန်း ပျောက်ကွယ်သွားတဲ့ စားစရာ”
ကလေးဘဝမှ အရွယ်ရောက်ပြီးသည်အထိ သူ့အနေနှင့် မျိုးတုန်း ပျောက်ကွယ်သွားသော စားစရာဆိုသည့် အဓိပ္ပါယ်ကို ဘယ်သောအခါမှ နားမလည်ဖူးခဲ့ချေ။ သိုသော် တရုတ်ပြည်သို့ လာရောက် ညှိနှိုင်းသော အချိန်မှသာ စိတ်ရင်း နားလည်လာသည်။ သို့သော်...
“ဒီတစ်ကြိမ် ငါတို့က တရုတ်ပြည်ရဲ့ တိရစ္ဆာန်တွေကို မွေးမြူမယ်ဆိုတဲ့ အခြေအနေ ကမ်းလှမ်းချက်ကို ပယ်ချခဲ့တယ်။ ဒီတော့ ဒီလို ငါးရှဥ့်ဆိုတဲ့ အကောင်မျိုးကသာ အမှန်တကယ် ပေါ်လာခဲ့ရင် ငါတို့ ဘယ်လိုလုပ်ကြမလဲ”
ဒီတစ်ကြိမ်တွင် ထိုင်နေသော လူများထဲမှ တစ်ယောက်က မျက်မှောင် ကြုတ်လျှက် ပြောသည်။
“ငါတို့ရဲ့ အတွေ့ကြုံအရ ကောင်းကင်ပြာ တိရစ္ဆာန်ရုံရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှာ သတ္တဝါတစ်ကောင်ကောင် ပေါ်လာတိုင်း လိုလို ကယ်ဆယ်ခံရတာမျိုး ဖြစ်တတ်တယ်”
“ဆိုလိုတာက သိပ်မကြာခင်မှာဒီလို ငါးရှဥ့်မျိုးက ပေါ်လာဦးမှာပဲ”
“ငါတို့တွေ ဒီလူတွေကို ဘယ်လိုများ ရှင်းပြကြမလဲ”
ဂျီတာရိုက အသက်ပြင်းပြင်း ရှူလိုက်ရင်း မျက်မှောင် ကြုတ်နေသည်။
အလုံးအရင်းနဲ့ မျိုးတုန်း ပျောက်ကွယ်ပြီးနောက် သူတို့၏ တစ်တိုင်းပြည်လုံးကလည်း အလွန်ခက်ခဲခဲ့သည်။ ယခင် အချက်အလက်များအရ သူတို့သည် သမုဒ္ဓရာထဲတွင်ပင် တစ်ချိန်က နေထိုင်ခဲ့ဖူးသည်။ ပင်လယ်ထဲတွင် ရှင်သန် နေထိုင်သော အရာအားလုံးကိုပင် ဖမ်းနိုင်ခဲ့၏။ တစ်ပြန်နေ့က ပေါ်လာခဲ့သော ကြီးမားလွန်းသော ဝေလငါးကြီးကပင် သူတို့၏စားစရာ ဖြစ်ခဲ့ဖူးသည်။
သို့သော်...
အလုံးအရင်းနဲ့ မျိုးတုန်း ပျောက်ကွယ်သွားပြီးနောက် သူတို့၏ ကောင်းမွန်သော နေ့ရက်များဟာ အဆုံးသတ်သွားသည်။
“ငါတို့ ဒီလိုလုပ်မယ်”
ဂျီတာရိုက အံကိုကျိတ်လျှက် လေသံကို တိုးကာ ပြောသည်။
“ပြည်တွင်က မီဒီယာတွေကို ချက်ချင်းဆက်သွယ်လိုက်။ ဒီလို RB ငါးရှဥ့် အမျိုးအစားကသာ ကောင်းကင်ပြာ တိရစ္ဆာန်ရုံမှာ ပေါ်လာခဲ့ရင်...”
“မီဒီယာရဲ့ အင်အားကို သုံပြီး ဒီအကြောင်းအရာကို တင်ပြကြမယ်။ ဒီလိုနဲ့ ငါတို့ တိုင်းပြည်အတွက် ထူးခြားတဲ့ တိရစ္ဆာန်ဖြစ်ကြောင်း အခိုင်အမာ ပြောကြတာပေါ့။ တရုတ်ပြည်ကတော့ ဒီတိရစ္ဆာန်ကို ငါတို့ လက်ကို အပ်ရင်...”
“နောက်ပြီး”
“တရုတ်ပြည်က ဝန်ခံဖို ငြင်းဆန်ခဲ့ရင်လည်း ဒီလိုနည်းလမ်းကိုလည်း သုံးလို့ ရသေးတယ် “
ထိုစကားကို ကြားပြီးသောအခါ လူတိုင်းက မျက်လုံး ပြူးကျယ်စွာနှင့် လက်မ ထောင်ပြကြသည်။
“အံသြစရာပဲ ဂျီတာရိုခွန်းလို ခေါ်ဆိုထို က်ပါပေတယ်။ ဒီနည်းလမ်းနဲ့ ဆိုရင်တော့ တရုတ်က လူတွေ စွံအသွားမှာပဲ”
256 04
“ဟုတ်တယ်။ ဒါရိုက်တာဆုပိုင်က ငါတိုတို့င်းပြည်က မာနာလီရာမြောင်းမှာပဲ သူတို့ကို သားဖောက်လို့ ရတယ်လို့ ပြောထားတယ်မလား။ အဲဒီ အချိန်ကျရင် ငါတို့က တရုတ်ပြည်ရဲ့ နမူနာအတိုင်း အခြားတိုင်းပြည်တွေနဲ့ သဘောတူညီမဲ့ စာရွက်တွေ လက်မှတ် ထိုးခိုင်းလိုရပြီ”
“ဟားဟား။ ဟုတ်တယ်။ ဒါက တစ်ကမ္ဘာလုံးရဲ့ အများအမြင်ကို လှုံ့ဆော် ပေးနိုင်သေးတယ်။ နောက်ပြီး တိရစ္ဆာန်ရုံမှာ ရှိနေတဲ့ တိရစ္ဆာန်အများစုက ဒီတရုတ် တစ်ပြည်တည်း အပိုင် မဟုတ်တာကို သိနေကြတာပဲ။ နောက်ပြီး အခြားတိုင်းပြည်အပိုင် ထူးခြားတဲ့ သတ္တဝါတွေကလည်း ရှိနေသေးတယ်။ အထူးသဖြင့် သိပ်မကြာခင်ကမှ ကယ်ထားတဲ့ ကတုံးသိန်းငှက်နှစ်ကောင်ဆိုရင် ပိုတောင် ဆိုးသေးတယ်။ ငါ မှတ်တာ မှန်မယ်ဆိုရင် သူတို့က အဲ့ဒီတိုင်းပြည်က”
ဂျီတာရိုက လက်ထဲမှ ဝိုင်ခွက်ကို မြောက်လိုက်ပြီး ထိုင်ခုံမှ ထကာ လေးနက်သော လေသံနှင့်ပြောသည်။
“ဟွန့် မင်းတို့က ငါတိုရဲ့ ကြီးမြတ်တဲ့ တိုင်းပြည်ကို ဘယ်လိုတောင် ငြင်းပယ်ရဲတာလဲ”
“ဒီတစ်ကြိမ်း တရုတ်တိုင်းပြည်က Rb ငါးရှဥ့်ကို သေချာပေါက် အပ်ရမယ်။ အားလုံးပဲ cheer”
လူတိုင်းက မတ်တပ်ထရပ်လျှက် လက်ထဲမှ ခွက်များကို မြှောက်လိုက်ကြသည်။
“ဟီးဟီးဟီး”
ဂျီတာရိုက ပြတင်းပေါက်နားတွင် ကပ်ပြီး အပြင်ဖက်မှ ဝင်သွားသော နေကို ကြည့်ကာ လှောင်ရယ်သည်။
ထိုနောက် သူတို့သည် အများအမြင်ကို အောင်မြင်စွာ ထိုးဝင်ရန်သာ လုံလောက်သည်။ ထိုသို့ဆိုလျှင်...
တရုတ်ပြည်က သေချာပေါက် သဘောတူ ရပေလိမ့်မည်။ ဂျီတာရိုကလည်း သေးငယ်သော တိရစ္ဆာန်ရုံလေး တစ်ခုလောက်က တစ်လောကလုံးရှိ တိုင်းပြည်တိုင်းကို ဆန့်ကျင်ရဲမည်ဟု မထင်ထားပေ။
အထူးသဖြင့် တိရစ္ဆာန်ရုံမှ တိရစ္ဆာန်များ ဖြစ်သည်။ အချို့သော တိရစ္ဆာန်များဆိုလျှင် အချို့သော တိုင်းပြည်များအတွက် ထူးခြားသော သင်္ကေတကိုပင် ကိုယ်စား ပြုနေသေးသည်။
ဟွန့် ဒီတစ်ခုကတော့ မမှားနိုင်ဘူး။
“ကောင်းပြီ။ ပြန်ပြီး အနားယူကြတော့။ ငါတိုတွေ မနက်ဖြန် ကောင်းကင်ပြာ တိရစ္ဆာန်ရုံကိုသွားပြီး အဲဒီမှာ ရှိနေတဲ့ တိရစ္ဆာန်တိုင်းကို ဓာတ်ပုံရိုက်သွားမယ်”
“အဲဒီနောက် တိုင်းပြည်ကို အမြန်ဆုံးပြန်ပိုလိုက်တာပေါ့။ ဒီလိုဆိုရင် အများအမြင်ကို အောင်အောင်မြင်မြင်နဲ့ ကိုင်တွယ်နိုင်လိမ့်မယ်”
ဂျီတာရိုက အနောက်မှ လူများကို ပြန်လှည့်ပြီး ပြောလိုက်သည်။
“အောင်မြင်တာနဲ့ ဟားဟား”
“အဲဒီလိုဆိုရင် ငါတို့လည်း ကယ်ဆယ်ပြီးတဲ့ တိရစ္ဆာန်တွေနဲ့ ပတ်သက်ပြီး ဘာမှ ပေးဖို မလိုတော့ဘူးပေါ့”
“သဘောတူညီမှု လက်မှတ်ထိုးထားတဲ့ တိုင်းပြည်တွေကတော့ တအားရူးတယ်”
******
257 01
အပိုင်း 257
ဘုန်း ဘုန်း ဘုန်း
အဝေးမှ ခေါင်းလောင်းသံများကို ကြားရသည့်အခါ ဆုပိုင်သည်လည်း လမ်း၏အဆုံးနားမှ တဖြည်းဖြည်းချင်း လျှောက်လိုက်သည်။
REငါးရှဉ့် အခြေစိုက်စခန်းက သူတို့၏အရှေ့ဘက်ခြမ်းတွင် ရှိနေသောကြောင့် လှေဘေးနားတွင် စောင့်နေသည့် လူငယ်ပေါင်းများစွာကလည်း လှေငယ်လေးများပေါ်တွင် ဆောင့်ကြောင့်လေး ထိုင်ပြီး တစ်စုံတစ်ရာကို စောင့်နေကြောင်း မြင်နိုင်နေပြန်သည်။
“ရပြီ”
နေ့အချိန်က ဆုပိုင်အနားသို့ သတိကြီးကြီး ချဉ်းကပ်ခဲ့သော ထိုလူအိုကြီးက ဘေးဘီကို ကြည့်လိုက်ပြီး လေသံကို တိုးကာ ပြောသည်။
“သိပ်မကြာခင် ဝင်ရလိမ့်မယ်။ ဒါပေမဲ့_ _ _”
“ဒီည ဒီမှာ လူတွေ တအားများနေတယ်။ ငါသားက အထဲမှာ။ ငါတို့သာ ပထမအသုတ်မှာဆိုရင် ငါးရှဉ့်များများ ကြော်နိုင်မှာပဲ”
“ဒီဈေးပဲနော်”
“ပေးမယ်”
ဆုပိုင်က သူ၏အိပ်ကပ်ထဲမှ ငွေစက္ကူအထပ်လိုက်ကို ထုတ်ပြီး သူ၏အရှေ့မှ လူအိုကြီး၏ လက်ထဲသို့ ပေးလိုက်သည်။ ထို့နောက် သူ၏လက်မောင်းကို ညင်သာစွာ ဆွဲရင်း ခပ်တိုးတိုး ပြောလိုက်သေးသည်။
“နောက်ထပ်ပိုက်ဆံ ထပ်ပေးဦးမယ်။ ခင်ဗျား ဒီကိစ္စကို စိတ်ဝင်စားလား”
“ဘာ”
လူအိုကြီးက သူ၏လက်ထဲမှ ပိုက်ဆံများကို လက်ညိုးကို တံတွေးဆွတ်ရင်း ဆက်တိုက် ရေတွက်နေခြင်း ဖြစ်သည်။ ရုတ်တရက် လူငယ်၏ တောင်းဆိုမှုကို ကြားသောအခါ သူဟာ ခေါင်းကို ချက်ချင်းမော့ရင်း မေးလာသည်။
သူ၏တစ်ဘဝလုံးတွင်ပင် ထိုကဲ့သို့ ရက်ရောလွန်းသော လူမျိုးကိုပင် မတွေ့ဖူးသေးပေ။
ထို့အပြင်_ _ _
တရုတ်လူမျိုးတစ်ယောက် ဖြစ်နေသေးသည်။
ဒါပေမဲ့_ _ _တရုတ်လူမျိုးတွေက လှည့်စားရ လွယ်တယ်။
သူ၏စိတ်ထဲတွင် စကားလုံးအချို့ကို ခပ်တိုးတိုး ရေရွတ်ပြီးနောက်တွင် လူအိုကြီးက လမ်းမီးရောင်အောက်မှ ဆုပိုင်အား တိတ်တဆိတ်ကြည့်သည်။ သူပြောသော စကားကိုသာ ဂရုတစိုက် နားထောင်နေလိုက်သည်။
“ခင်ဗျားက _ _ _”
ဆုပိုင်၏ သူ၏ကျောပိုးအိတ်ထဲမှ ငွေစက္ကူအထပ်လိုက်ကို ထပ်ထုတ်ပြီး ထိုလူအိုကြီး၏အရှေ့တွင် ယမ်းပြသည်။ ထို့နောက် လျို့ဝှက်ဆန်းကြယ်သလို ပြောသည်။
“ခင်ဗျား အထဲဝင်ဖို့ အချိန်နည်းနည်းလောက် စောင့်ရဦးမယ် မဟုတ်လား။ စောင့်စရာမလိုဘူး။ ဒီနေရာမှာ ငါးရှဉ့်ကြော်ဖို့အတွက် လာတဲ့လူတိုင်းကို အကြောင်းကြားလိုက်။ ခင်ဗျားပြောရမှာက_ _ _”
“ဒီနေရာမှာ ငါးရှဉ့်ကို ဈေးကွက်ပေါက်ဈေးထက် ဆယ်ဆလောက် ပေးဖို့ဆန္ဒရှိတဲ့ လူတစ်ယောက် ရှိနေတယ်လို့ ပြောလိုက်။ နောက်ပြီး အရေအတွက်က အကန့်အသတ် မရှိဘူး”
ဟစ်
လူအိုကြီးက ပင့်သက်ရှိုက်ရင်း အရှေ့မှ လူငယ်ကို မယုံနိုင်သလို ကြည့်သည်။
“မဖြစ်နိုင်တာ။ ဒီနေရာမှာ ငါးရှဉ့် ဘယ်လောက် လွှတ်မလဲဆိုတာကို မင်း သိလို့လား”
“ဒါက ပိုက်ဆံနဲ့ ပတ်သက်တာ မဟုတ်ဘူး။ နောက်ပြီး မင်းမှာ သယ်သွားစရာ ဘာရေမှလည်း ပါတာ မဟုတ်ဘူးဆိုတော့ _ _ _”
“မစိုးရိမ်ပါနဲ့။ ငါ့မှာ သယ်သွားမဲ့ နည်းလမ်းရှိတယ်”
ဆုပိုင်က ခေါင်းကို တစ်ချက်လှည့်လျက် လမ်း၏တစ်ဘက်ခြမ်းတွင် ရပ်ထားသော သယ်ယူပို့ဆောင်ရေး ကုန်တင်ကား အတန်းလိုက်ကို ကြည့်ပြီး ခေါင်းကို တဖြည်းဖြည်းချင်းစီ ခါသည်။
257 02
“ဒီအတိုင်း သတင်းသာ ဖြန့်လိုက်ပါ”
“ခင်ဗျားသာ ဒီနေရာကို လာတဲ့လူတိုင်းကို ရောင်းခိုင်းနိုင်တယ်ဆိုရင် ခင်ဗျားကို တန်ကြေးနှစ်ဆ ထပ်ပေးမယ်”
“ဘယ်လိုလဲ”
လူအိုကြီးက သူ၏ပါးစပ်ကို သပ်သည်။ အံကို ကြိတ်လိုက်ပြီး ခေါင်းကို လေးလံစွာ ညိတ်သည်။ ထို့နောက် ဘေးဘီကို ထပ်ကြည့်ပြန်ကာ လျို့ဝှက်ဆန်းကြယ်သလို ပြောသည်။
“ဒီလိုဆိုရင်_ _ _ “
“ဒီလိုဆိုရင် ငါ မင်းကို ငါးရှဉ့်တွေ ရောင်းနိုင်တယ်။ မင်း သိတဲ့အတိုင်းပဲ။ ငါ့သားက အဲ့ဒီမှာ အလုပ်လုပ်တာ။ သူတို့အနေနဲ့ ကိုယ်ပိုင်သုံးဖို့အတွက် နည်းနည်းဝှက်ထားပြီး အကုန် မလွှတ်ထားလည်း ရတယ်”
“ဒါတွေက _ _ _ “
“ငါ အကုန်လိုချင်တယ်။ မူရင်းဈေးထက် ဈေးပိုကြီးရင်တောင်မှ ဖြစ်တယ်”
ဆုပိုင်က ပြုံးလိုက်ပြီး လက်ကို ယမ်းသည်။
“မြန်မြန်သွား။ သူတို့ လွှတ်ပြီးသွားတဲ့အချိန်မှာ ငါ ဒီနားမှာပဲ ငါးရှဉ့်တွေ ဝယ်ဖို့ စောင့်နေမယ်။ ငါ့အနေနဲ့ ကမ်းစပ်ကို လာရတာ ဘယ်လောက်ကောင်းတဲ့ အခွင့်အရေးလဲ”
လူအိုကြီးက ငါးရှဉ့်ပေါက်စခန်းထဲသို့ စိတ်လှုပ်ရှားစွာ လျှောက်ဝင်သွားသော မြင်ကွင်းကို ကြည့်နေသည်။ ဆုပိုင်က သူ၏အမူအယာကို ပြန်လည်တည်တင်းစေလျက် ကမ်းခြေထံသို့သာ တစ်လှမ်းချင်းစီ လျှောက်သွားလိုက်သည်။
ထိုအချိန်တွင်_ _ _
စက်ဝိုင်းခြမ်း ပုံသဏ္ဍာန်ရှိသော ပင်လယ်အော်ကြီး တစ်ခုလုံးက သင်္ဘောများနှင့် ပြည့်ကျပ်နေပြီ ဖြစ်သည်။ ဆုပိုင်သည်လည်း ဒီတိုင်းပြည်အတွင်းရှိ ကိစ္စများ၏ လုပ်ရပ်နှင့် ပတ်သက်ပြီး မနေနိုင်ဘဲ အထွန့်တက်မိသည်။
REငါးရှဉ့်များ၏ ရှင်သန်မှုတွင် သိပ္ပံနည်းပညာအရ ဝင်ရောက် စွက်ဖက်ထားမည်ဆိုပါက ငါးရှဉ့်အကောင်ပေါက်လေးများကိုလည်း စုစည်းရန် ပိုက်ဆံအမြောက်အမြား သုံးရပေလိမ့်မည်။
သို့ရာတွင် ဒီတိုင်းပြည်အတွင်း ပင်လယ်သမုဒ္ဒရာအတွင်း ငါးရှဉ့်ပေါက်များအား တိုင်းပြည်နှင့် ပြည်သူ၏ ဖမ်းဆီးမှုကို တားမြစ်ထားခြင်း မရှိပေ။
ဒါက ဝင်ရောက် စွက်ဖက်ထားတာမျိုး မရှိဘူးဆိုတာနဲ့ ဘာများ ခြားနားတော့မှာလဲ။ ငါးရှဉ့်တွေ မျိုးတုံးပျောက်ကွယ် သွားအောင် အရှိန်နူန်း မြင့်ပေးနေသလိုပဲ။
မည်သို့ပင်ဆိုစေ ပင်လယ်သမုဒ္ဒရာ မည်မျှလူမဆန်သော ငါးဖမ်းမှု ရှိနေစေကာမူ ငါးများဟာ ပိုက်ကွန်ထဲမှ ချောထွက်သွားနိုင်တတ်သေးသည်။ သို့သော် _ _ _
ယခုလို ပင်လယ်အော်အတွင်းတွင် ထိုလူများက အမဲလိုက်မှုကြောင့် ရှိသမျှ သက်ရှိများ အားလုံးအနေနှင့် ပင်လယ်ထဲသို့ ကူးခတ်ကာ ဝင်ရောက်သွားမည်ဆိုလျှင်ပင် လွတ်မြောက်နိုင်မည့် မဟုတ်သည့် အခြေအနေကို ကြောက်ရွံ့မိသည်။
“သေစမ်း”
“ဘာလို့ ဒီည ဒီနေရာမှာ လူတွေ တအားများနေတာလဲ”
“ငါတို့ အခြားနေရာတွေမှာ ငါးရှဉ့်တွေ ဖမ်းလို့ မရတော့ဘူးလေ။ ဈေးထဲက ငါးရှဉ့်ဈေးကလည်း တော်တော်လေး မြင့်နေပြီ။ ငါတို့ မြန်မြန်ဆန်ဆန် လုပ်ရမယ်။ ငါတို့အနေနဲ့ အစိုးရက နောက်နှစ်ဘယ်အချိန်မှာ ငါးရှဉ့်ပေါက်လေးတွေ လွှတ်မယ်ဆိုတာ တွေးနေလို့ မရဘူး”
ဆုပိုင်က ကမ်းစပ်နားသို့ ရောက်ကာစသာ ရှိနေသေးသည်။ ထိုကမ်းစပ်နားတွင် ဆောင့်ကြောင့်ထိုင်နေသော သက်လတ်ပိုင်းအရွယ် လူကြီးနှစ်ယောက်က ဆေးလိပ်ကို သောက်ရင်း စကားပြောနေသည့် အခြေအနေကို ကြုံလိုက်ရသည်။
“အား နောက်နှစ်ကစပြီး အရသာရှိတဲ့ ငါးရှဉ့်ထမင်းကို မစားရမှာတောင် ကြောက်နေပြီ”
“ကောင်းပြီ ကောင်းပြီ။ ဒီတစ်ကြိမ် များများလေး ပိုဖမ်းပြီး ကောင်းကောင်းလေး ပြန်မွေးထားရအောင်။ ဒီလိုဆိုရင် နောက်ပိုင်း ပြန်စားနိုင်မှာပဲ မဟုတ်ဘူးလား”
“ဘာကိုစားမှာလဲ။ အခုလေးတင် လူတစ်ယောက်လာပြီး ငါ့ကို အကြောင်း ကြားသွားတယ်။ တစ်စုံတစ်ယောက်က ငါးရှဉ့်ပေါက်ကို မူရင်းဈေးထက် ဆယ်ဆပေးပြီး ဝယ်ဖို့ ကမ်းလှမ်းထားတယ်တဲ့။ ငါက သေချာပေါက် သူတို့ကို ရောင်းမှာပဲ။ ငါ မွေးထားမယ်ဆိုရင်လည်း ဘယ်လောက်နဲ့ ပြန်ရောင်းနိုင်လဲ ဆိုတာက မသေချာဘူးလေ”
257 03
ထိုအမျိုးသားက မျက်လုံး အရွယ်အစားခန့်ရှိသော မီးဖိုးအကွင်း လေးများကို မှုတ်ထုတ်လိုက်ပြီးသည်နှင့် စီးကရက် ဖင်ဆီခံအား ခြေထောက်ဖြင့် နင်းချေလိုက်သည်။ ထို့နောက် သူ၏နူတ်ခမ်းထောင့်ကို တစ်ချက်ယက်ရင်း ပြောသည်။
“ဘယ်နေရာကနေ ဒီလိုအရင်းရှင်တွေ ရောက်လာလဲတော့ မသိဘူး။ အစိုးရကများ လုပ်တာလို့ ထင်လား။ အစိုးရက ငါတို့ ငါးရှဉ့်ပေါက်တွေ ဖမ်းတာတွေ ရပ်ချင်တာတော့ မှန်လောက်တယ်။ ဒီတော့ ဒီလိုနည်းလမ်းမျိုးကို သုံးပြီး ပြန်ဝယ်မယ်။ အဲ့ဒီနောက် ပင်လယ်ထဲမှာ ပြန်သွားလွှတ်မယ်လို့ ထင်လား”
နောက်ထပ်လူတစ်ယောက်က မတ်တပ်ထရပ်ရင်း တစ်ချက်လှောင်ကာ ပြောသည်။
“အစိုးရက ဘာလို့ ဒီလောက်ထိ ကြင်နာနေမှာလဲ။ အစိုးရက အခုဆိုရင် ဝေလငါး ဖမ်းဖို့ကိုတောင် ကြိုးစားနေသေးတာ။ ဒါကြောင့် ဒီငါးရှဉ့်ပေါက်လေးတွေကို ဂရုမစိုက်နိုင်ဘူး။ ဝေလငါး ဖမ်းတာကိုသာ ထပ်ပြီး ခွင့်ပြုလာမယ်ဆိုရင်_ _ _ “
“ဟား ဟား ဟား ဒါဆိုရင် ပင်လယ်သမုဒ္ဒရာထဲမှာ ရှင်သန်နေထိုင်တဲ့ ငါတို့အတွက်ကတော့ ထပ်ပြီး ကံကြမ္မာကောင်းတစ်ခုကို ရှာဖွေနိုင်ဦးတော့မှာပေါ့။ ငါတို့ဝေလငါးတစ်ကောင်ကို ဖမ်းပြီး ရတဲ့ပိုက်ဆံက ငါတို့တစ်ဘဝလုံးစာအတွက် လုံလောက်မှာပဲ”
“ဟုတ်တယ်။ လင်းပိုင်တွေက မျိုးတုံးသွားတဲ့အထိ အမဲလိုက်ထားပြီးပြီ။ နောက်ပြီး လင်းပိုင်ကို အမဲမလိုက်ဆိုတဲ့ ဘန်းထားသေးတယ်။ ဒါပေမဲ့ ဝေလငါး အမဲလိုက်တာကို အမှန်တကယ် ခွင့်ပြုပေးမယ်ဆိုရင်တော့ အချိန်ကောင်းတွေ ရောက်လာတော့မယ်။ လာ လာ လာ လှေပေါ်တက် စတော့ စတော့မယ်”
ဆုပိုင်သည် သူတို့နှစ်ယောက်၏ နောက်တွင် ရပ်နေခဲ့သည်။ ထို့ကြောင့် အရာအားလုံးကို ကြားလိုက်သည့်အလျောက် သူ၏လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။
ထိုနှစ်ယောက်၏ စကားပြောခန်းမှတဆင့် ဆုပိုင်သည်လည်း ယခုအခါ မည်သည့်ကာလဖြစ်ကြောင်း အကြမ်းဖျဉ်း သိနိုင်သည်။
သူ ဝိဉာဉ်မကူးပြောင်းခင် ကာလကလည်း ဒီတိုင်းပြည်မှ အစိုးရ ဝေလငါးများ သတ်ဖြတ်မှုကို ဘန်းထားသည့် ဥပဒေကို ဖယ်ပေးခဲ့သေးသည်။ တစ်ခဏခန့် ကြာပြီးသည့်နောက်တွင် _ _ _
ငါးဖမ်းသမားအားလုံးက ရူးသွားသည်ဟုပင် ပြောရလောက်သည်။ ထိုသို့ဖြင့် အမျိုးမျိုးသော လက်နက်များ၊ ဗုံးများ၊ ကြီးမားသည့် ပိုက်ကွန်ကြီးများ၊ ရက်စက်သည့် နည်းလမ်းအမျိုးမျိုးကို သုံးပြီး ဝေလငါးများကို ဖမ်းကာ သတ်ကြသည်။
ပို၍ဆိုးသည်မှာ ဝေလငါးများမတိုင်ခင် တိုင်းပြည်၏ တောင်ပိုင်း ငါးဖမ်းရွာတစ်ရွာတွင်လည်း လွန်ကြူးလွန်းသော ပွဲတော်တစ်ခုဖြစ်သည့် လင်းပိုင်သတ်ပွဲတော်ကိုပင် ကျင်းပခဲ့သေးသည်။ ပြောရသော် ဆုပိုင်က ဝိဉာဉ်ကူးပြောင်းခြင်း မတိုင်မှီကာလကတည်း ထိုအသားစားပွဲတော်ကြီးကို ဒီနေရာတွင် ကျင်းပနေခဲ့ပြီး နှစ်တိုင်းလိုလို လင်းပိုင်အနည်းဆုံး နှစ်သောင်းသုံးထောင်ခန့်ကိုပင် သတ်ဖြတ်ခဲ့သည်။ နှစ်သောင်းသုံးထောင်ခန့်သော ပမာဏက မယုံနိုင်စရာကောင်းသည်။
လင်းပိုင်တွေက တစ်နှစ်ကို ဘယ်လောက်များ မွေးဖွားနိုင်လို့လဲ။
ထို့နောက် တစ်ကမ္ဘာလုံးတွင် တိရစ္ဆာန်ကာကွယ်စောက်ရှောက်ခြင်း လုပ်ဆောင်မှုများကို တစ်ကမ္ဘာလုံးနှင့်ချီ လုပ်ဆောင်နေသေးသည့်တိုင်အောင် _ _ _ သို့သော် _ _ _ ဆုပိုင်က ဝိဉာဉ်မကူးပြောင်းခင် ကာလကဆိုလျှင် ဒီတိုင်းပြည်တွင် ထိုကဲ့သို့သော ပွဲမျိုးကို အလုံးအရင်း ကျင်းပနေတတ်ပြီး ပို၍များပြားသော လူများကလည်း ပါဝင်ဆင်နွှဲ နေကြလေသည်။
သမုဒ္ဒရာထဲက တိရစ္ဆာန်တွေက ဘာလို့ ဒီလိုပြုမူခံရတာလဲ။
[ငါ ဒီတိုင်းပြည်က လူတွေကိုတော့ တကယ်ပဲ လေးစားမိတယ်။ သူတို့က ရူးနေကြတာလား။ သူတို့က ဒီလိုဆက်ပြီး အမဲလိုက်နေကြမယ်ဆိုရင် ဘယ်တိရစ္ဆာန်က ရှင်နိုင်တော့မှာလဲ]
[ငါကတော့ ဒါရိုက်တာဆုပိုင်ရဲ့ ငါးရှဉ့်ပေါက်တွေ ပြန်ဝယ်တဲ့ နည်းလမ်းမျိုးကို သဘောတူတယ်။ ဒါတွေက အတုအယောင်တွေဆိုတာကို ငါ သိပေမဲ့လည်း ဒါပေမဲ့_ _ _ ဒါရိုက်တာဆုပိုင် ငါ မင်းကို ဒီတစ်လုံးစာ ငါ့ရဲ့လခ အကုန်ပေးမယ်။ ငါ မင်းကို ထောက်ပံ့ပေးမယ်။ ဒီလူတွေကို လူတွေလိုမှ ခေါ်လို့မရတော့တာ။ သူတို့က သားရဲတွေ ဖြစ်နေကြပြီ]
[ဟုတ်တယ်။ နောက်ဆုံး တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပါသွားတဲ့ ဝေလငါးကတင် ငါ့ကို တော်တော်လေး ဝမ်းနည်းစေခဲ့တယ်။ ဒါပေမဲ့ ဒီထက်ပိုရူးတဲ့သူတွေ ရှိဦးမယ်လို့ မမျှော်လင့်ထားမိတာ အမှန်ပဲ။ ဒီတိုင်းပြည်က တိရစ္ဆာန်တွေကို အမဲလိုက်တာကိုတောင် ပေါ်တင် ထောက်ပံ့ ကူညီပေးထားတယ်]
[ငါလည်း တစ်လစာ လခကို သုံးပြီး ဒါရိုက်တာဆုပိုင်ကို ဒီတိရစ္ဆာန်ကို ကူညီဖို့ ထောက်ပံ့ပေးတယ်]
[လင်းပိုင်ဆိုတာ ဘယ်လိုသတ္တဝါလည်းတော့ ငါလည်း မသိပါဘူး။ ဒါပေမဲ့ ဒီလူတွေကြောင့် မျိုးတုံးတဲ့အထိ အမဲလိုက်ခံရတယ်ဆိုတာကိုတော့ သိလိုက်တယ်]
257 04
[ကံကောင်းတာက ကယ်တင်ခံရတဲ့ တိရစ္ဆာန်တွေအားလုံးက တရုတ်နိုင်ငံမှာ ရှိနေတာပဲ။ ငါ အကြံပေးချင်တာ အနာဂတ်မှာ တရုတ်နိုင်ငံရဲ့ တိရစ္ဆာန်တွေကို ဒီတိုင်းပြည်ကို မပို့စေချင်ဘူး။ တစ်ကောင်တောင် မပို့နဲ့။ သူတို့နဲ့ မတန်ဘူး_ _ _ ]
ကွန်ပြူတာ၏အရှေ့တွင် စောင့်နေသော ပြည်သူများက ငါးဖမ်းသမား၏ စကားများကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ သူတို့သည်လည်း ဒီတိုင်းပြည်က ယခုလိုမျိုး ပင်လယ်နေသတ္တဝါများကို သတ်ဖြတ်ခြင်းအား ပေါ်တင် အားပေးအားမြှောက် ပြုနေမည်ဟု မထင်ထားကြချေ။
ကောင်းကင်ပြာတိရစ္ဆာန်ရုံသို့ သွားဖူးသော လူတိုင်းအတွက် လက်မခံနိုင်သော ကိစ္စဖြစ်နေသည်။ အကယ်၍ တိရစ္ဆာန်ကောင် တစ်ကောင်အဖြစ်သာ ထိန်းသိမ်းစောင့်ရှောက် ပေးထားမည်ဆိုလျှင် ဇီဝဗေဒဆိုင်ရာ ရှင်သန်နေထိုင်မှု_ _ _ဟန်ချက်ညီမှုများကြောင့် ကြီးသူက ငယ်သူအား စားသည်ဆိုသော အချက်ကို လက်ခံနိုင်သေးသည်။ သို့သော်_ _ _
သူတို့က သမုဒ္ဒရာထဲက လွပ်လပ်တဲ့ တိရစ္ဆာန်တွေအကြောင်း ပြောနေကြတာနော်။
ဟူး
ဆုပိုင်က ထောင့်တစ်နေရာသို့ လျှောက်သွားပြီး သူအရှေ့မှ ပြည့်ကျပ်နေသော မေးခွန်းများကို ကြည့်လိုက်ကာ ပြည်သူများ၏ ဒေါသကိုလည်း ခံစားမိလိုက်သည်။
သူကိုယ်တိုင်ကပင် အနည်းငယ် ဝမ်းနည်းသွားသည်။ ကြည့်ရသည်မှာ သူ၏ကြိုးစားအားထုတ်မှုက အလဟဿ ဖြစ်ခဲ့ပုံမရချေ။ အနည်းဆုံး_ _ _ တရုတ်ပြည်တွင် လူပေါင်းများစွာက ညင်သာစွာ မသိလိုက် မသိဘာသာ ပြောင်းလဲနေပြီ ဖြစ်သည်။ ထိုအရာသာ မကသေးပေ။ ဆုပိုင်သည်လည်း တိုက်ရိုက်ထုတ်လွှင့်မှုက အမှန်တရား တစ်ခုပြီးတစ်ခု ထုတ်လွှင့်နေရင်းနှင့် တရုတ်လူမျိုးများအားလုံးဟာ ထိုတိရစ္ဆာန်များနှင့် လူသားများ၏ လူမှုအသိုင်းအဝိုင်း တစ်ခုလုံးအတွက် ဝေးကွာမှုကို ကောင်းမွန်စွာ နားလည်လာနိုင်သည်ဟု မျှော်လင့်မိသည်။
ထိုကဲ့သို့သော ကိစ္စမျိုးကို မျိုးဆက်တစ်ခုတည်းက ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ပေ။
သူသည်လည်း အနာဂတ်တွင် ကောင်းကင်ပြာ တိရစ္ဆာန်ရုံက ကလေးများ၏ လက်ထဲတွင် တိရစ္ဆာန်များကို အမှန်တကယ် မိတ်ဆွေများအဖြစ် သတ်မှတ်ထားပြီး ရင်ထဲမှာပါ လက်ခံထားသော လူများ၏ ကောင်းမွန်လာမည်ဟု မျှော်လင့်မိလေသည်။
ထိုနည်းနှင့်မှသာ အတိတ်က ဖြစ်ရပ်များက ပြန်မဖြစ်လာအောင် တားဆီးနိုင်မည် ဖြစ်သည်။
++++++ 258 01
အခန်း 258
“ဒီတစ်ကြိမ်မှာတော့ ဒီ RBငါးရှဉ့်ကို ကယ်ဆယ်မှာပါ။ ဒါပေမဲ့ _ _ _ လူတိုင်းလည်း လင်းပိုင်တွေ၊ ဝေလငါးတွေကို ကြားလိုက်တယ် မဟုတ်လား။ လင်းပိုင်နှစ်ကောင်ကို ကောင်းကင်ပြာတိရစ္ဆာန်ရုံက အနှေးနဲ့အမြန် ကယ်ဆယ်ပေးမှာပါ”
ဆုပိုင်က မျက်ရည်များနှင့် ပြောလိုက်သည်။
“ပြည်သူတစ်ယောက်က လင်းပိုင်က ဘယ်လိုသတ္တဝါလည်း ဆိုတာကို မေးတာကို တွေ့လိုက်တယ်။ တင်ဆက်သူအနေနဲ့လည်း အပြုံးနတ်သားလို့ ခေါ်တဲ့ တိရစ္ဆာန် အမျိုးအစား တစ်မျိုးအစား တစ်မျိုးအကြောင်းကို ရှင်းပြချင်တယ်။ ဒီနာမည်နဲ့တင် ဒီတိရစ္ဆာန်က ဘယ်လောက်ချစ်စရာကောင်းလဲ ဆိုတာကို တွေးလို့ရတယ်မလား။ နောက်ပြီး ဒီသတ္တဝါရဲ့ ဉာဏ်ရည်က တိရစ္ဆာန်တွေထဲမှာတောင် အကောင်းဆုံးပဲ”
“သူတို့က တော်တော်လေး ဉာဏ်ကောင်းတယ်။ ဒါပေမဲ့ သူတို့ရဲ့ ကောင်းလွန်းတဲ့ ဉာဏ်နဲ့ ကြင်နာတတ်မှုတွေကြောင့်ပဲ သူတို့ကိုယ်သူတို့ မကာကွယ်နိုင်ကြတာပဲ”
တင်ဆက်သူ အနာဂတ်မှာ ဒီလိုတိရစ္ဆာန်မျိုးကို ကယ်တင်ပြီးတဲ့အခါ အပြုံးနတ်သားက ဘာလဲဆိုတာကို အားလုံး အမှန်တကယ် နားလည်သွားပါလိမ့်မယ်။ ကောင်းပြီ ငါးရှဉ့်ပေါက်လေးတွေက သိပ်မကြာခင် လွှတ်လောက်ပြီ။ ဒီငါးရှဉ့်ပေါက်လေးတွေ ဝယ်ဖို့အတွက် လမ်းဘေးကို အမြန်သွားရတော့မယ်”
ထိုသို့ပြောပြီးနောက် ဆုပိုင်က နောက်သို့ပြန်လှည့်လျက် ဘေးဘက်သို့ သွားသည်။
ဖြစ်နိုင်မည်ဆိုလျှင် သူသည် ဒီတစ်ကြိမ် ငါးရှဉ့်ပေါက် အားလုံးကို ဝယ်သွားရပေမည်။ မြင့်မားသော တန်ကြေးတစ်ခုကို ပေးပြီး ငါးရှဉ့်များကို ပို့ရန် ကုန်တင်ကားများ အားလုံးကိုပင် ဝယ်သင့်၏။
ဒီနည်းနှင့်မျှ သူသည် ထိုကားတင်ကားများကို ဟန်ပြအသုံးပြုလျက် စနစ်မှတဆင့် ပို့နိုင်မည်ဖြစ်သည်။ ဆုပိုင်က လမ်ဘေးသို့ သွားလိုက်သည့်အချိန်တွင် ရုတ်တရက် ကျယ်လောင်သော ရေစီးသံမျိုးကို ကြားလိုက်ရသည်။
အဝေးရှိကမ်းရိုးတန်းပေါ်တွင် မီးအလင်းရောင်နှင့် ငါးဖမ်းလှေများက ပင်လယ်ထဲသို့ ရူးသွပ်စွာ ဝင်ရောက်သွားကြသည်။ ထို့နောက် ကြီးမားသော အဖြူရောင် ငါးဖမ်းပိုက်ကွန်ကြီးများကိုလည်း ဖြန့်လျက် တစ်ချိန်တည်းတွင်ပင် ပင်လယ်ထဲသို့ ပစ်ချကြသည်။
ထိုငါးရှဉ့် ပေါက်လေးများကသာ အပြင်ဘက်သို့ ကူးခတ်လာပြီးနောက်တွင် သူတို့ မျှော်လင့်ထားသလို ပင်လယ်ထဲသို့ ရောက်မနေဘဲ မည်သည့်နေရာမျိုးသို့ ရောက်သွားကြမည်ဖြစ်ကြောင်း သိထားကြမည် မဟုတ်ချေ။ သူတို့ သေသွားသည်အထိ လူသားများက မွေးမြူထားခြင်းကို ခံရပေလိမ့်မည်။ သူတို့အတွက် မျိုးပွားရန် မွေးရပ်မြေနေရာသို့ ပြန်ပိုင်ခွင့်ကိုပင် ရက်စက်စွာ ဖယ်ရှားခံရပေလိမ့်မည်။ ထိုအရာသည်ပင် ဝမ်းနည်းစရာကောင်းသည်။
ဆုပိုင်က ငါးဖမ်းသမားများလာပြီး ပျော်ရွှင်စွာ ရောင်းမည့်အချိန်ကို တိတ်တဆိတ်စွာ စောင့်နေလိုက်သည်။
စနစ်၏အပြင်ဘက်
ထိုအချိန်တွင် မရေမတွက်နိုင်သော လူပေါင်းများစွာက လမ်းတွေထဲသို့ ဝင်ရောက်ထားကြပြီး လက်ထဲတွင်လည်း စားစရာများကို ကိုင်ထားကြသည်။
“ဟယ်လို သူတို့အားလုံးပဲ။ ဒါက RE စားဝတ်နေရေး ပရိုဂရမ်တစ်ခုပါ။ ဒီနေ့ ဒီနေရာမှာ လူတွေက အစဉ်လိုက် လမ်းလျှောက်ကြလိမ့်မယ်”
ပိုအယ်လ်ဝတ်စုံနှင့် အမျိုးသမီး သတင်းထောက်များကလည်း နှစ်ဖက်လုံးတွင် ရပ်နေလျက် အနောက်ဘက်သို့ ကင်မရာဖြင့် ပြနေသည်။
“မနေ့က တရုတ်နိုင်ငံ ကောင်းကင်ပြာတိရစ္ဆာန်ရုံက ဒါရိုက်တာဆုပိုင်လို့ ခေါ်တဲ့ လူငယ်လေးတစ်ယောက်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအကြောင်းကို ငါတို့တွေ တင်ပြပြီးပါပြီ။ ထုတ်လွှင့်မှုပါ အကြောင်းအရာတွေက ငါတို့တိုင်းပြည်က ထူးခြားတဲ့ တိရစ္ဆာန်အမျိုးအစား တစ်မျိုးဖြစ်တဲ့ REငါးရှဉ့်နဲ့ အရမ်းကို တူညီလွန်းနေတယ်”
“ဒီတိရစ္ဆာန်က လူတိုင်းနဲ့တော့ မရင်းနှီးလောက်ဘူး။ ဘာပဲဖြစ်ဖြစ် တိရစ္ဆာန်တွေအားလုံးက အလုံးအရင်းနဲ့ မျိုးတုံးကာလထဲမှာတင် မျိုးတုံးသွားခဲ့တာကိုး”
“ဒါပေမဲ့_ _ _”
ထိုအမျိုးသမီး သတင်းထောက်က သူမ၏ မျက်လုံးကို ဝေ့လျက် အေးစက်စွာ ပြောသည်။
“ဒီတိရစ္ဆာန်က ငါတို့တိုင်းပြည်အတွက် ထူးခြားတယ်ဆိုတာကို အားလုံးပဲ သိကြမယ်ဆိုရင် ပြောချင်တယ်။ နောက်ပြီး ဒီတရုတ်တွေက ဒီတိရစ္ဆာန်တွေကို ပြန်ကယ်ကြတော့မှာ”
“တရုတ်က ဒီတိရစ္ဆာန်ကို ငါတို့ကို ပြန်ပေးသင့်တယ်လို့ အားလုံး လည်း ခံစားကြရမယ်လို့ ထင်တယ်။ ဘာပဲဖြစ်ဖြစ် ငါတို့ရှာထားသမျှ အချက်အလက်တွေအရဆိုရင် ဒီလိုတိရစ္ဆာန်မျိုးက ဒီနေရာမှာပဲ ကောင်းကောင်းမျိုးပွားနိုင်မှာ”
“ဒီမျိုးဆက် ဆက်လက်ပြီး အမြောက်အမြား ရှင်သန်နိုင်ဖို့ရာအတွက် ငါတို့တိုင်းပြည်က တရုတ်နိုင်ငံရဲ့ အသက်ကို ပဓာနမထားတဲ့ အပြုအမူကို အမှန်တကယ် ဒေါသထွက်ပြီး ရှုံ့ချမိတယ်”
“နောက်ပြီး_ _ _ “
ထိုအမျိုးသမီး သတင်းထောက်က သူမ၏ဖုန်းကို ဖွင့်လျက် တိုက်ရိုက်ဗီဒီယို တစ်ခုကို ဖွင့်လိုက်ကာ လူတိုင်းကို ဒေါသတကြီး ပြသည်။
“နောက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပါတဲ့အကြောင်းအရာတွေကို ကြည့်လိုက်ဦး။ ငါ အမှန်တကယ် ဒေါသထွက်တယ်”
“ဒါက ငါတို့လူမျိုးတွေကို တမင်တကာ စွပ်စွဲနေတာ”
258 02
“REငါးရှဉ့်တွေက အလုံးအရင်းနဲ့ ဒီကာလထဲမှာ မျိုးတုံး ပျောက်ကွယ်သွားပဲ ဖြစ်ရမယ်”
“ဒီတိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲမှာ ဒီဆုပိုင်လို့ ခေါ်တဲ့ တရုတ်လူမျိုးက ငါတို့ကို အလွန်အကြူး စားသောက်တယ်လို့ စွပ်စွဲထားတယ်။ ဒါက လုံးဝကို ဆိုးရွားတဲ့ စွပ်စွဲမှုတစ်မျိုးပဲ”
“အဲ့တာတွေ မကသေးဘူး။ ဒီတိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှာ ဒီတရုတ်လူမျိုးက ပုံပြင်တွေကို ဆက်ပြီး ဖန်တီးနေသေးတယ်။ ငါတို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်တိုက် လုပ်ပြီးတဲ့နောက်မှာ ရှေးခတ်ကာလမှာ ဒီကိစ္စနဲ့ ပတ်သက်တဲ့ ဘာဒေတာကိုမှ မတွေ့ခဲ့ရဘူး။ ငါတို့တိုင်းပြည်က လင်းပိုင်နဲ့ ဝေလငါးလို့ ခေါ်တဲ့ သတ္တဝါနှစ်ကောင်ကို ပေါ်တင် သတ်ဖြတ်တယ်ဆိုတာမျိုး မရှိဘူး”
“ငါတို့ သံတမန်ရေးရာဌာနကို သေချာပေါက် အကြောင်းကြားပြီး တရုတ်တွေဆီက ရှင်းပြချက် သေချာပေါက် တောင်းမှာပါ”
ထိုအမျိုးသမီး သတင်းထောက် စကားဆုံးသွားပြီး နောက်ဆုံးတွင် သူမက အရှေ့ဘက်မှ လူအုပ်နားသို့ အလျင်အမြန်လိုက်သွားသည်။
လမ်းလျှောက်နေကြသော လူများအားလုံးက ဆိုင်းပုဒ်များကို ကိုင်ထားကြပြီး သံပြိုင်ရွတ်ဆိုနေကြသေးသည်။
“ငါတို့ရဲ့ အပြစ်ကင်းစင်မှုတွေကို ပြန်ပေး။ REငါးရှဉ့်တွေကို အိမ်ပြန်ပို့”
“တရုတ်တွေက ဘယ်ကနည်းပညာနဲ့ ငါးရှဉ့်တွေကို ပြန်ပြီး ရှင်အောင်လုပ်မှာလဲ။ ငါးရှဉ့်တွေဆိုတာက ငါတို့တိုင်းပြည်အတွက် ထူးခြားတဲ့ သတ္တဝါပဲ”
“တရုတ်တွေကို ပြန်လည်ကယ်ဆယ်ခံထားရတဲ့ မျိုးစိတ်တွေရဲ့ မျိုးပွားမှုကို ဖြတ်တောက်ပစ်တဲ့ လွန်ကြူးလွန်းတဲ့ လုပ်ရပ်ကို ခွင့်ပြုမှာ မဟုတ်ဘူး”
_ _ _
လူအများက လမ်းလျှောက်ဆန္ဒပြနေသော စကားများကို ကြားသောအခါ သူတို့အိမ်ထဲမှ ထွက်လျက် ထိုလမ်းထဲသို့ လိုက်သွားကြသည်။ ထူးခြားသော နားလည်မှုအချို့ လုပ်ပြီးနောက်တွင် သူတို့အားလုံးက အသင်းတွင် ပူးပေါင်းလိုက်ကြသည်။ ထိုအသင်းသည် များသထက် များလာကြသည်။ လမ်းများ လမ်းကြားများအကြား လမ်းလျှောက်ဆန္ဒပြကြ၏။ ထိုသို့ဖြင့် လူပေါင်းများစွာ၏ အာရုံကို ဆွဲဆောင်ထားနိုင်သည်။
ထိုဆန္ဒပြသော လူတိုင်း၏အရှေ့တွင်ပင် သူတို့၏အရှေ့မှ တဖြည်းဖြည်းချင်းစီ ဦးဆောင်သွားနေသော ကားလမ်း အချို့ကိုလည်း မြင်နိုင်သည်။
“ဟား ဟား ဟား ဒီတာရိုခွန်းရဲ့ နည်းလမ်းက တော်တော်ကို အလုပ်ဖြစ်တာပဲ။ ဒီတစ်ကြိမ်မှာတော့ ငါတို့တိုင်းပြည်က အများအမြင်ကို မွှေနှောက်လိုက်နိုင်ပြီ။ တရုတ်တွေ ငါတို့ကို သဘောတူစာချုပ် ထိုးတဲ့အချိန်မှာ ဘယ်လိုဆက်ဆံမလဲ ဆိုတာကို ကြည့်ရအောင်။ အဲ့ဒီဆုပိုင်လို့ ခေါ်တဲ့လူငယ်ကတော့ ပြန်လာတဲ့အချိန်မှာ ကြောင်တောင်တောင် ဖြစ်သွားမှာပဲ”
နောက်ခုံတွင် ထိုင်နေသည့် ဝတ်စုံပြည့်ဝတ်ဆင်ထားသော လူက လှောင်ရင်း ပြောသည်။
“ဒါက ငါတို့အတွက် အကြံအစည်ဆိုတာ ရှိနေတာပဲ။ အဲ့ဒီနောက်_ _ _ငါတို့က ကယ်ဆယ်ပြီးသား တိရစ္ဆာန်တွေကို အလကားရမဲ့အပြင် တရုတ်ကို ကိုင်တွယ်ဖို့ နည်းလမ်းတစ်ခုတောင် ရဦးမယ်”
“သူတို့က ယဉ်ကျေးမှုရှိတဲ့ တိုင်းပြည်ဆိုပြီး ခံယူထားကြတာ မဟုတ်လား။ အဲ့ဒီနောက်_ _ _ငါတို့က အများအမြင်နဲ့ သူတို့ကို ချေမွလိုက်မယ်”
“ဒါပေမဲ့ လူကြီးမင်း ဒီငါးရှဉ့်လို့ခေါ်တဲ့ သတ္တဝါတွေက တကယ်ပဲ ငါတို့အပိုင်လား”
ယဉ်မောင်းဘေးခုံနေရာတွင် ထိုင်နေသော လက်ထောက်က တကယ်ပဲ စိတ်လှုပ်ရှားစွာ ပြုံးရယ်ရင်း ခပ်တိုးတိုးမေးသည်။
“စာပေတွေအရတော့ ဒီငါးရှဉ့်က အမျိုးသားတစ်ယောက်က လိင်စိတ်သက်ရောက်မှု စွမ်းရည်ကို အမှန်တကယ် မြှင့်တင်ပေးနိုင်တာလား”
“ဒါက_ _ _”
“ဟား ဟား ဟား မဆိုးဘူးပဲ”
သက်လတ်ပိုင်းလူက သဘောတကျ ရယ်ပြီး နူတ်ခမ်းကို သပ်ကာ ပြောသည်။
“ငါ ဒီဖိုင်ကို ဖတ်ဖူးတယ်။ ဟုတ်လောက်တယ်”
“ဒီတရုတ်အမျိုးသား ငါးရှဉ့်တွေအားလုံး လာပေးတဲ့အထိ စောင့်ရအောင်။ အဲ့ဒီနောက် ငါတို့လည်း _ _ _ တကယ်ပဲ အရသာရှိလားဆိုတာကို စမ်းကြည့်ကြတာပေါ့။ စာပေတွေအရတော့ ငါးရှဉ့်ထမင်းက တကမ္ဘာလုံးမှာ အရသာအရှိဆုံးတဲ့”
“ဟုတ်ဟုတ် မဟုတ်ဟုတ် အချိန်ကျလာတဲ့အခါ သိရမှာပဲ”
258 03
“ဒါဆိုရင် လူကြီးမင်း ငါတို့ ဝိုင်ကောင်းတွေ ဝယ်ထားမှထင်တယ်”
“ဟား ဟား ကောင်းပြီ”
_ _ _
တရုတ်ပြည်
အဆင့်အတန်းအမြင့်ဆုံး အစည်းအဝေးစင်တာ
ထိုအခိုက်အတန့်တွင် အစည်းအဝေးခန်းတွင် ထိုင်နေသော လူတိုင်း၏ မျက်နှာအမူအယာက ဒေါသတကြီး ဖြစ်နေကြသည်။
ဘန်း
ရုန်ရုံက စားပွဲကို ဒေါသတကြီး ရိုက်ချပြီး ဘေးဘက်ရှိ လက်ထောက်ကို သုန်မှုန်သော မျက်နှာဖြင့် ကြည့်ကာ လေးနက်သည့် လေသံနှင့် ပြောသည်။
“အများရဲ့ ထင်မြင်ချက်က ပြန့်ထွက်လာတဲ့အချိန်မှာ စကားကို ပြန်ရုတ်သိမ်းချင်တဲ့ တိုင်းပြည်က ဘယ်လောက်များလဲ”
လက်ထောက်က သူ၏အရှေ့မှ ရုန်ရုံကို ခြောက်ခြားစွာ ကြည့်သည်။
ခေါင်းဆောင်အား ထိုသို့ ဒေါသထွက်သော အခြေအနေကို မမြင်ရသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။ သူဟာ နူတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ဘေးဘက်ရှိ အချက်အလက်များကို ကောက်ယူကာ ပြောသည်။
“REမှာ ဆန္ဒပြဖို့ ဖြစ်လာပြီးကတည်း တိုင်းပြည်အများစုကလည်း ဘေးကနေ ရပ်တည်ချင်ကြတယ်။ ငါတို့တွေ_ _ _”
“ငါတို့က ဘာလို့လဲ ပြော”
ရုန်ရုံက ပြောသည်။
“သူတို့ပြောတာလား_ _ _ငါတို့ရဲ့ စာချုပ်က မမျှတတဲ့ အချက်အလက်တွေကို ထည့်ထားတယ်။ ကောင်းကင်ပြာတိရစ္ဆာန်ရုံက အချို့တိရစ္ဆာန်တွေဆိုရင် သူတို့ တိုင်းပြည်အပိုင် ဖြစ်နေတယ်တဲ့။ ဒါကြောင့် သူတို့ကလည်း အဲ့ဒီတိရစ္ဆာန်တွေကို သူတို့ကို ပြန်ပေးစေချင်တယ်တဲ့”
“REလိုပဲ သူတို့က ပြောကြတာပါ။ သူတို့တိုင်းပြည်ရဲ့ မြေမျက်နှာသွင်ပြင် အနေအထားကသာ ဒီတိရစ္ဆာန်တွေကို သဘာဝအလျောက် ရှင်သန်စေနိုင်မှာတဲ့။ အဲ့ဒီအစား _ _ _ အခုလိုမျိုး တိရစ္ဆာန်ရုံထဲမှာ ပိတ်ထားတာက အကျဉ်းချထားသလိုပဲတဲ့။ အချို့တိုင်းပြည်တွေကဆိုရင် ငါတို့ကိုတောင် အကြပ်ကိုင်နေပါတယ်”
“ဟူး”
ရုန်ရုံက အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ၏နှလုံးသားက နာကျင်မှုကိုပင် ခံစားလိုက်ရသည်။
သူသည် ထိုလူများကို ကောင်းသော ရည်ရွယ်ချက်ဖြင့် ကူညီမပေးခဲ့သင့်ပေ။ ယခုအခါ သူ့ကို ပေါ်တင်ပင် စွပ်စွဲနေသည်။
ဟွန့် ဘယ်တိရစ္ဆာန်က သူတို့အပိုင် ဖြစ်နေတာလဲ။
သူတို့က နိုင်ငံ့အလံကိုတောင် သယ်လာသေးတယ်။ ဒါက ရယ်စရာ ကောင်းတာ ရှင်းနေတာပဲ။
ဒါရိုက်တာဆုပိုင်က ဒီတစ်ကြိမ် တိုက်ရိုက်ထုတ်လွှင့်သော သတ္တဝါအတွက်ကမူ ထိုတိုင်းပြည်အပိုင် သတ္တဝါ ဖြစ်နေမည်ဆိုလျှင် ဘယ်သောအခါ သူတို့လက် အပ်လိမ့်မည် မဟုတ်ပေ။ အချိန်အတန်ကြာအောင် နားလည်သဘောပေါက်ပြီးနောက် ဒါရိုက်တာဆုပိုင်၏ တိုက်ရိုက်ထုတ်လွှင့်မှုက ယခင်ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ သို့မဟုတ် ဖြစ်ပျက်နိုင်သည့် အဖြစ်အပျက်များကို ဖော်ပြနေသည်ကို နားလည်နိုင်သည်။
ထိုအခြေအနေနှင့် ပတ်သက်ပြီး တမင်တကာ ဖန်တီးထားသော အခြေအနေမျိုး မရှိပါချေ။
ထို့နောက်_ _ _
ဒီလူတွေက ကိုယ့်ကိုယ်ကို ဘယ်လိုပြန်သုံးသပ်ရမလဲ ဆိုတာကို မသိပဲ အခြားသူတွေကို အပြစ်လာတင်နေတယ်။
နောက်ပြီး ဆုပိုင်က ဒီလိုသတ္တဝါကို ကယ်တာ ဘာမှားလို့လဲ။
“ဘာမှမလုပ်နိုင်ပဲ ပြဿနာရှာချင်နေတဲ့ အမှိုက်တစ်သိုက်။ အမြင်ကျဉ်းကြတယ်”
“ဘာက အမြင်ကျဉ်းတာလဲ”
ရုန်ရုံက တစ်ကိုယ်လုံး တုန်ယင်စွာ ထလျက် အောက်ဘက်ရှိလူများကို အေးစက်စွာ ကြည့်ရင်း လေးနက်သော အသံနှင့် အမိန့်ပေးသည်။
“ငါတို့တွေ တိရစ္ဆာန်တွေကို ကာကွယ်မယ်ဆိုတဲ့ ငါတို့ရဲ့ ဆုံးဖြတ်ချက်ကို မပြောင်းနိုင်ဘူး။ ဒါရိုက်တာဆုပိုင် ပြန်မလာခင် ငါတို့ ဒီကိစ္စကို ရှင်းထားရမယ်။ ငါတို့သာ မရှင်းနိုင်ဘူးဆိုရင် ၎င်းနဲ့ ဆန္ဒရှိတဲ့ နေရာအားလုံးကို ကြမ်းတမ်းတဲ့ နည်းလမ်းနဲ့ သတိပေးရမှာပဲ”
“ငါတို့က ပြင်းပြင်းထန်ထန် ကြိုးစားပြီးမှ ပြန်လည်ရှင်သန်အောင် လုပ်လာနိုင်တဲ့ တိရစ္ဆာန်တွေကို လိုချင်နေရင်တော့ ဟွန့် စိတ်ကူးယဉ်နေတာ ဖြစ်မယ်”
“အခုပဲ ပြည်ပမီဒီယာတွေ အားလုံးကို အကြောင်းကြားပြီး သတင်းကို ထုတ်ပြန်လိုက်”
“တရုတ်ပြည်မှာ ပြန်လည်ကယ်ဆယ်ထားနိုင်တဲ့ ဘယ်တိရစ္ဆာန်ကမဆို ဘယ်တိုင်းပြည်ကိုမှ မရောက်စေရဘူး”
“နောက်ပြီး အခုတလော ကောင်းကင်ပြာ တိရစ္ဆာန်ရုံမှာ တိရစ္ဆာန်တွေကို ကာကွယ်ဖို့ အသင်းအဖွဲ့ဝင်တွေကို လွှတ်ထားပေးလိုက်။ ဒီလိုမှ ဒုက္ခပေးချင်တဲ့ ရူးနေတဲ့ လူတွေကို တားနိုင်မှာ။ အရင်တစ်ခေါက်က ဟာလီလို ကိစ္စမျိုး ထပ်မဖြစ်ရင် အကောင်းဆုံးပဲ”
ဘန်း
စားပွဲကို သူ၏လက်ဖဝါးဖြင့် ဖြောင်းကနဲ ရိုက်ပြီးနောက်တွင် ရုန်ရုံက အေးစက်သော မျက်နှာဖြင့် အော်ပြန်သည်။
“ဘာလို့ သူတို့ကို စကားပြောဖို့ အချိန်ဖြုန်းနေမှာလဲ”
258 04
“သေစမ်း ငါ ဒီနှစ်တွေအတွင်းမှာ ဘယ်သူ့ကိုမှ မဆဲရသေးဘူး။ တစ်ယောက်ယောက်ကသာ ကိစ္စတွေကို ထိခိုက်အောင် လုပ်ရဲမယ်ဆိုရင် ငါ ဒီကောင်တွေကို အရင်သွားရိုက်လိုက်မယ်”
“အညံ့ခံတဲ့အထိ အရိုက်ခံရမယ်”
ထိုစကားကို ကြားပြီးနောက် လူတိုင်းက အံ့ဩသွားသည်။
ဒါရိုက်တာ၏ စကားလုံးများနှင့်ဆိုလျှင် _ _ _မည်သူကမှ မကောင်းသော သက်ရောက်မှုမျိုး ဖြစ်မည့်အခြေအနေကို စိုးရိမ်ရန် မလိုအပ်တော့ပေ။
ကျန်တဲ့အခြေအနေကို စိုးရိမ်စရာ မလိုဘူး။ သူတို့က ငါတို့ခေါင်းပေါ် ချီးတက်ပါချင်တယ်ဆိုကတည်းက ငါတို့က ဘာလို့ မျက်နှာသာ ပြန်ပေးနေရမှာလဲ။ အခြားသူတွေအတွက် မျက်နှာဆိုပေမဲ့ သူတို့အတွက်က မျက်နှာမှ မဟုတ်တာ။
ရုန်ရုံက မကျေနပ်သေးပဲ ထပ်အော်သေးသည်။
“ကောင်းပြီ ငါတို့ ဒီလူတွေကို ဘယ်တော့မှ အောင်မြင်ခွင့်ပြုလို့ မရဘူး။ လူတိုင်းကို ရန်စမိမယ်ဆိုရင်တောင်မှပေါ့”
“ဘယ်လိုတောင် အသုံးမကျတဲ့ အမှိုက်တစ်သိုက်လဲ”
“ဒါရိုက်တာဆုပိုင်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုက အားလုံးကို ပညာပေးနေတာ။ ဒါတောင်မှ သူတို့က အမှား ရှာလိုက်သေးတယ်။ ဒါရိုက်တာဆုပိုင်က လိမ်မယ်လို့တော့ ငါ မယုံဘူး။ ငါးရှဉ့်တွေက သူတို့စားလွန်းလို့ မျိုးတုံးပျောက်ကွယ်သွားတဲ့ သတ္တဝါ ဖြစ်ရမယ်”
“ဒီလိုလူမျိုးက တိရစ္ဆာန်တွေနဲ့ မတန်ဘူး။ သူတို့က တရုတ်ပြည်မှာပဲ ရှိသင့်တာ”
အောက်ဘက်မှ လူတစ်အုပ်ကလည်း ဒေါသတကြီး အော်ကြလေသည်။
လူအရေအတွက်က အလွန်များသည်။ သူတို့အားလုံးကလည်း ပထမပိုင်းကတည်းက တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် အပိုင်းများကို အတူစုကြည့်နေကြဖြစ်သည်။ ဒါရိုက်တာဆုပိုင်က သူ၏အသက်ကို ရင်းပြီး ကယ်ဆယ်ခဲ့သည့် သနားစရာကောင်းလွန်းသော တိရစ္ဆာန်များ၏ ပုံစံများကို မြင်တွေ့ရသည့် လူတိုင်းက ငိုကြသည်။
ဒီလိုလူမျိုးက တိရစ္ဆာန်တွေ မျိုးပွားမဲ့ကိစ္စကို ထည့်သွင်းမစဉ်းစားဘဲ နေမှာလဲ။
“အခုချက်ချင်း အမိန့်ကို ထုတ်ပြီး ချက်ချင်းလုပ်ဆောင်စေ။ ငါတို့တရုတ်နိုင်ငံ အများအမြင်အတွက်လည်း ကြေငြာချက် တုန့်ပြန်ချက် ထုတ်လို့ရတာပဲ။ အများပြည်သူရဲ့ မျက်လုံးက ပိုပြီးထက်မြက်မယ်လို့ ငါ ယုံကြည်တယ်။ ဒါရိုက်တာဆုပိုင်က ဘယ်လိုလူလည်း ဆိုတာကို အားလုံးသိမယ်လို့ ငါ ယုံတယ်”
ရုန်ရုံက ကုလားထိုင်ပေါ် တဖြည်းဖြည်းချင်း ထိုင်ချပြီး လက်ကို ယမ်းလျက် ပြောသည်။
လူတိုင်းကလည်း လက်ခံကြောင်းပြောပြီး အလျင်စလို ထွက်သွားကြသည်။
…..
ကောင်းကင်ပြာတိရစ္ဆာန်ရုံ
“ထွက်သွား”
“မင်းကို ဒီနေရာက မကြိုဆိုဘူး”
“ဟုတ်တယ် ဒီနေရာက ထွက်သွား။ မသွားဘူးဆိုရင် အခုချက်ချင်း ငါ အပြေးလာပြီး သေတဲ့အထိ ဆွဲကုပ်ပစ်မယ်”
လည်ပင်းထူထူ ခပ်နီနီ မျက်နှာများဖြင့် ဈေးဆိုင်ပိုင်ရှင်များက တိရစ္ဆာန်ရုံဝင်ပေါက်တွင် စုစည်းလျက် သူတို၏အရှေ့မှ ပြည်ပမှလာသည့် ဂျာနယ်လစ်များအဖွဲ့ကို ကြည့်ကာ အော်နေသည်။
“ငါတို့ ဒီနေ့ ဘာအင်တာဗျူးမှ လက်မခံဘူး။ ကျေးဇူးပြုပြီး အမြန်ဆုံး ပြန်သွားပါ။ အဲ့ဒီလိုမှ မဟုတ်ရင် ငါတို့ကို ရိုင်းတယ်လို့တော့ အပြစ်မတင်နဲ့”
လောင်ကျိုးက အတွင်းထဲမှ လျှောက်ထွက်လာပြီး သတင်းထောက်တစ်အုပ်ကို လှောင်ပြုံးနှင့်ကြည့်ကာ လေးနက်သော လေသံဖြင့် ပြောသည်။
ယခုရက်များတွင် ပြည်ပမှ သတင်းထောက်များက များသထက် များလာသည်။ ထို့နောက် သူတို့အားလုံးသည်လည်း အွန်လိုင်းပေါ်မှ ကွန့်မန့်များကို မြင်ကြသည်။ ဒီနေရာသို့ လာသော လူတိုင်းနီးပါးက အံ့ဩသွားကြ၏။
“သေစမ်း ငါက မင်းတိုကို မျက်နှာသာ ပေးနေတာ မဟုတ်ဘူးနော်။ ငါ့ကို လာမတားနဲ့နော်။ ငါ ဒီလူတွေကို ဒီနေ့ထိ သေအောင်ရိုက်တော့မှာ”
“ဘယ်လိုတောင် အသုံးမကျတဲ့ အမှိုက်တစ်သိုက်လဲ။ ဒါရိုက်တာဆုပိုင်အနေနဲ့ ဒီတိရစ္ဆာန်တွေကို ပြန်ကယ်ထားဖို့ လွယ်တာမှ မဟုတ်တာ။ တိုက်ရိုက်ထုတ်လွှင့်မှုကလည်း ဒီတိရစ္ဆာန်တွေရဲ့ ဘဝက ဘယ်လောက်ခက်ခဲသလဲ ဆိုတာကို ငါတို့ကို သိစေချင်လို့ပဲ။ ဒါပေမဲ့ မမျှော်လင့်ထားပဲ မင်းတို့ကောင်တွေက မျက်နှာတောင် မရှိဘဲ ဖြစ်နေတယ် ဆိုတာပဲ။ မင်းတို့တိုင်းပြည်အပိုင် တိရစ္ဆာန်ဟုတ်လား။ သေစမ်း ငါ အခုလေးတင် ပါထားတဲ့ ချီးကိုပဲ ပြန်ယူသွားပါလား”
“ပေါက်ကရတွေ ပြောမနေနဲ့တော့ လက်နက်တွေ သွားယူလိုက်။ ပြီးရင် သူတို့ကို သတ်”