← Chapters

အခန်း (၂၅၉-၂၆၁)

Vol. 18 Ch. 259-261

အခန်း (၂၅၉-၂၆၁)

Vol. 18 Ch. 259-261

******

259 01

အပိုင်း 259

“ဟီး ဟီး”

ထိုအချိန်တွင် လူအုပ်ထဲမှ အမျိုးသမီး သတင်းထောက် တစ်ယောက်က တဖြည်းဖြည်းချင်းစီ ထွက်လာသည်။ သူမ၏ နောက်ဘက်တွင်လည်း ကင်မရာကိုင်ထား‌သော သူက အပြေးအလွှား လိုက်လာသည်။

သတင်းထောက်က သူမ၏အရှေ့မှ ဒေါသတကြီး ဖြစ်နေသော လူအုပ်ကို တစ်ချက်လှောင်ပြုံးဖြင့် ကြည့်လိုက်ပြီး အထင်တသေး ပြောသည်။

“ဒါက တရုတ်တွေ ဧည့်သည်တွေကို ဆက်ဆံတဲ့ပုံစံလား”

“ငါတို့မှာ သတင်းတင်ပြခွင့်တောင် မရှိတော့ဘူးပေါ့။ တိရစ္ဆာန်ရုံထဲက တိရစ္ဆာန်တွေအားလုံးက နင်တို့ ပိတ်လှောင်တာကို ခံနေရတာ။ သူတို့ကို သူတို့ရဲ့မွေးရပ်မြေကို ပြန်ပို့တာက သူတို့ကို ပိုပြီး အကောင်အရေအတွက် များစေလိမ့်မယ်”

“တိုင်းပြည်ရဲ့ကိုယ်စား ငါက ငါတို့ရဲ့ ထူးခြားတဲ့ တိရစ္ဆာန်တွေကို ငါတို့တိုင်းပြည်ကို ပြန်ပေးဖို့ တောင်းဆိုချင်တယ်”

“နောက်ပြီး ဆင်တွေတောင်မှ ငါတို့ဘေးက တိုင်းပြည်အပိုင် ဖြစ်နေတာ မဟုတ်လား။ သူတို့ဆိုရင် ဗုဒ္ဓဘုရားကျောင်းတွေထဲမှာတောင် ကိုးကွယ်ကြသေးတယ်”

“နင်တို့က_ _ _ “

ဝေါင်း

ရုတ်တရက် တိရစ္ဆာန်ရုံထဲမှ ဟိန်းသံထွက်လာသည်။ ထို့နောက် ပုံရိပ်များက လျှင်မြန်စွာ ထွက်လာသည်။

တာ့ပိုင်၏ နဖူးပေါ်တွင် ငှက်တောက ရပ်လျက် သူ၏အရှေ့မှ လူတစ်အုပ်ကို ‌အေးစက်စွာ ကြည့်ပြီး ဒေါသတကြီး တံတွေးထွေးချသည်။

“အစ်ကိုကြီးပိုင် လာ လာ လာ”

“ဒီမိန်းမကို ဖမ်းပြီး အဝတ်တွေ ဆွဲဖြဲပစ်လိုက်”

“သေစမ်း နင်တို့တိုင်းပြည်ကို ပြန်ရမယ်။ ဟွန့် ငါ နင်တို့တိုင်းပြည်က ဆင်တွေ ဘယ်လိုဖြစ်သွားသလဲဆိုတာ ငါ တီဗွီမှာ မမြင်ဖူးလို့များ ထင်နေလား။ သူတို့အားလုံးက ကုလားအုပ်စီးနင်းသူတွေရဲ့ လက်နက်တွေ ဖြစ်သွားတာလေ။ နောက်ပြီး သူတို့ရဲ့ဘဝက ပိုပြီးတော့တောင် ဆိုးရွားသေးတယ်”

ဝူး

တာ့ပိုင်က အော်ပြီး ခုန်အုပ်လိုက်သည်။

သူသည် မိုက်ခရိုဖုန်းကိုင်ထားသော သတင်းထောက် အမျိုးသမီးက အလိုအလျောက် မြေပြင်ပေါ်သို့ တွန်းချခံရသည်။

ဗြိ

သူ၏လက်သည်းကလည်း သူမ၏ ဖလေဇာအင်္ကျီကို ခပ်တင်းတင်း ဆွဲကိုင်လျက် ဆွဲဖြဲပစ်လိုက်သည်။

ဝေါင်း

ထို့နောက် သူဟာ ခေါင်းကို ငုံ့လျက် သုန်မှုန်သော မျက်ဝန်းဖြင့် စိုက်ကြည့်ကာ အော်သည်။

“နင် ဒီလို မလုပ်ရဘူးနော်။ နင်တို့က နင်တို့က တိရစ္ဆာန်ရုံထဲက တိရစ္ဆာန်တွေကို တကယ် လွှတ်ပေးလိုက်တာပဲ။ နောက်ပြီး လူတွေကိုတောင် ထိခိုက်နာကျင်စေအောင် တမင်တကာ လုပ်နေစေတာ ”

“ဟုတ်တယ်။ ကောင်းကင်ပြာ တိရစ္ဆာန်ရုံက အရမ်းကို လွန်လွန်းနေပြီ။ သူတို့က တိရစ္ဆာန်တွေကို လူသတ်သမားတွေဖြစ်အောင် လေ့ကျင့်ပေးထားတယ်။ ဒီတိရစ္ဆာန်တွေက ပက်ထရိုလီယမ် မဟာမိတ်က လူတွေကိုတောင် သတ်ခဲ့သေးတာ”

“ငါတို့ သေချာပေါက် ပြန်ခေါ်သွားမှ ဖြစ်မယ်။ ဒီတိရစ္ဆာန်တွေက လူတွေကို ထိခိုက်နာကျင်အောင်တောင် လုပ်ရဲနေပြီ။ ငါတို့တိုင်းပြည်မှာသာဆိုရင်_ _ _ “

ထိုသတင်းထောက်တစ်ဖွဲ့က ကြောက်လန့်တကြား ကြည့်နေကြပြီး နောက်ကို တစ်လှမ်းချင်းစီ ဆုတ်ကြသည်။ သူတို့က ကြောက်လန့်တကြား ‌အော်ကြသည်။ သို့သော်_ _ _

“ထွက်သွား”

လောင်ကျိုးက အော်ဟစ်ရင်း လူအုပ်၏အ‌ရှေ့သို့ ခပ်မြန်မြန် ခုန်ဝင်လိုက်လျက် ထိုအမျိုးသားကို ဂုတ်မှ ဆွဲမကာ ကြမ်းတမ်းစွာ ‌အော်သည်။

“အမှိုက်တစ်သိုက် ဒီနေရာက ကောင်းကင်ပြာ တိရစ္ဆာန်ရုံ။ ဒီနေရာမှာ ပေါက်ကရတွေ လာပြောမနေနဲ့။ ထွက်သွား”

259 02

“ဒီနေရာက မထွက်သွားဘူးဆိုရင်”

ဘန်း

ပြင်းထန်လွန်းသော လက်သီးထိုးချက်ကြောင့် ထိုလူဟာ လွှင့်ထွက်သွားသည်။ ထိုလူဟာ လူတိုင်းကို သူ၏သုန်မှုန်သော မျက်ဝန်းဖြင့် စိုက်ကြည့်သည်။

ဒီလူတစ်အုပ်က ဒီလောက်ထိ ရူးပြီး ရက်စက်မယ်လို့ မထင်ထားဘူး။

တိရစ္ဆာန်အများစုက တော်တော်လေး ဆိုး‌ပေမယ့်လည်း လူတွေကိုတော့ အမှန်တကယ် ထိခိုက်အောင် လုပ်ဖူးတာ မဟုတ်ဘူး။ သူတို့ တကယ်ထိခိုက်အောင် လုပ်တာက ရာဇဝတ်သားတွေကို ထိခိုက်အောင် လုပ်တဲ့အချိန်ပဲ။ ဟာရီတောင်မှ ထပ်ခါတလဲလဲ ဒဏ်ရာ ရခဲ့သေးတာ။ ဒါပေမဲ့ ဒီလူတွေရဲ့ ပါးစပ်ထဲမှာတော့ ပိုကြီးတဲ့ ပြစ်မှုတွေ ဖြစ်သွားတယ်။

နောက်ပြီး အဲ့ဒီလမ်းပြခွေးတွေကသာ သူ့သမီးကိုတင် ကယ်ပေးခဲ့တာ မဟုတ်ဘဲ မရေမတွက်နိုင်တဲ့ မျက်လုံးမမြင်နိုင်တဲ့ လူပေါင်းများစွာကို ကယ်တင်ပေးခဲ့တာ။ ဒီလိုတိရစ္ဆာန်မျိုးက သူတို့ရဲ့ ပါးစပ်ထဲမှာ_ _ _

“ဟုတ်တယ် အခုချက်ချင်း ဒီနေရာက ထွက်သွားကြ။ မင်းတို့ သားရဲကောင်တွေ”

“ဒီနေရာက တိရစ္ဆာန်တွေက ကလေးတွေကို ဘယ်လို ကြင်နာရကောင်းမှန်းတောင် သိတယ်။ မင်းတို့လို နှလုံးသားထဲမှာ မကောင်းတဲ့အတွေးတွေ ရှိနေတဲ့ဟာတွေပဲ ရက်စက်တာ။ မင်းတို့နဲ့မှ မတန်တာ”

“ငါတော့ တအားကို ရွံလွန်းတယ်။ လူနည်းနည်း စီစဉ်ပြီး လမ်းထောင့်မှာ စောင့်ကြည့်ခိုင်းထားမှ ဖြစ်မယ်။ ဒီကောင်တွေ ထပ်လာရဲရင် ငါတို့တွေ_ _ _ “

တံခါးနားတွင် ရပ်နေသော ခရီးသွားများက စတင်ကာ အော်ဟစ်ကျိန်ဆဲကြသည်။

“ဒါက တင်းကြပ်တဲ့ ဥပဒေနဲ့ တိုင်းပြည်။ ငါ မ‌မျှော်လင့်ထားတာက တရုတ်နိုင်ငံက ဒီလောက်ထိ ရမ်းကား ထောင်လွှားနေတာပဲ။ သူတို့က မကောင်းတဲ့ နည်းလမ်းတွေကို အသုံးပြုနေကြတယ်။ ငါတို့ကိုတောင် အမှန်တရားကို မပြောခိုင်းဘူး”

အနီးအနားတွင် ရပ်နေသော သက်လတ်ပိုင်းအရွယ် အမျိုးသားက သတင်းထောက်များကို တစ်ချက် ကြည့်လိုက်သည်။ တချို့လူများက တုန့်ဆိုင်းနေကြောင်းကို မြင်သောအခါ သူသည် အံ့ကိုကြိတ်ပြီး အတွင်းထဲမှ ခပ်မြန်မြန် လျှောက်ထွက်လျက် အရှေ့ဘက်မှ လူများကို ဒေါသကြီးသော မျက်နှာထားနှင့် လက်ညိုးထိုးကာ အော်လိုက်သည်။

“အားလုံးပဲ စုစည်းကြ။ ဒီနေရာမှာ အခြားတိုင်းပြည်တွေက ရောက်နေတဲ့ သတင်းထောက်တွေ အများကြီး ရှိနေကြတယ်။ သူတို့ ငါတို့ကို တစ်ခုခု လုပ်ရဲမယ်လို့တော့ မယုံဘူး”

“ငါတို့က ငါတို့တိုင်းပြည်က တိရစ္ဆာန်ကို ပြန်လာတောင်းတာ ဘာများမှားလို့လဲ”

“တရုတ်နိုင်ငံကသာ မှားနေတာ။ သူတို့ကသာ ငါတို့တိုင်းပြည်က တိရစ္ဆာန်တွေကို ဒီနေရာမှာ အကျဉ်းချထားတာ။ ငါတို့တိုင်းပြည်က တိရစ္ဆာန်တွေကို ပြန်ပေးခိုင်းရမယ်”

“ဟုတ်တယ် ဟုတ်တယ် မှန်တယ်။ ငါတို့တိုင်းပြည်က တိရစ္ဆာန်ကို ပြန်ပေး”

ထိုစကားကို ကြားသောအခါ သတင်းထောက်များကလည်း ပြန်လည်ပြီးယုံကြည်မှု ရရှိလာလျက် အော်ကြသည်။

အရေအတွက်ဟာ များလွန်းသည်။ ထို့အပြင် အမျိုးမျိုးသော လေးစားရသည့် ပြည်ပနိုင်ငံများမှ ဧည့်သည်များလည်း ဖြစ်နေသေးသည်။ ထို့ကြောင့် တရုတ်များက သူတို့ကို အမှန်တကယ် တစ်ခုခု လုပ်ရဲလိမ့်မည် မဟုတ်လောက်ချေ။

“အားလုံးပဲ အချင်းချင်း ကပ်ပြီး ရပ်နေရအောင်။ ငါတို ဒါကို တိုက်ရိုက်ထုတ်လွှင့်လိုက်ပြီး တရုတ်လူမျိုးတွေရဲ့ ရှုချဖွယ်ကောင်းတဲ့ အပြုအမူတွေ အားလုံးကို တင်ပြလိုက်ရအောင်။ ဒီလိုဆိုရင် တစ်ကမ္ဘာလုံးကလည်း ငါတို့က ငါ့တိုအပိုင်ပစ္စည်းကို ပြန်တောင်းနေတာ။ ဒါပေမဲ့ ငါတိုက ဒီလိုမ်ျုးဆက်ဆံခံနေရတယ် ဆိုတာကို သိသွားကြလိမ့်မယ်”

“ဒီလောကမှာ မျှတမှုတွေ မရှိတော့ဘူးလား”

“ဟုတ်တယ် မင်းတို့ရဲ့ တိရစ္ဆာန်ရုံက တိရစ္ဆာန်တွေအားလုံးက လူသားမျိုးနွယ်တွေအပိုင်လို့ ပြောနေတယ်။ ဒါပေမဲ့ မင်းတို့ တစ်တိုင်းပြည်တည်း အပိုင်မှ မဟုတ်တာ”

ဝေါင်း

တာ့ပိုင်က သူ၏အရှေ့မှ လူများ၏ အော်ဟစ်သံများကို အမှန်တကယ် နားမလည်သော်လည်း

သို့သော်_ _ _

ဝူး ဝူး တာ့ပိုင် ကျေးဇူးပြုပြီး တိရစ္ဆာန်တွေကို မခေါ်သွားခိုင်းပါနဲ့နော် ဟုတ်ပြီလား။

သူ့ဘေးနားတွင် ရပ်နေသော‌ ဘေဘီက ဆိုးဆိုးရွားရွား ငိုနေကြောင်း တွေ့လိုက်ရသည်။ သူသည် ဒေါသတကြီး ဟိန်းလိုက်သည်။

259 03

ဒါရိုက်တာဆုပိုင်ဟာ တိရစ္ဆာန်ရုံတွင် မရှိချေ။ ပထမဦးဆုံး ကယ်တင်ခံရသည့် သူသည် တိရစ္ဆာန်များအားလုံး၏ ခေါင်းဆောင်အနေဖြင့် မားမားမတ်မတ် ရပ်တည်ရပေမည်။ သူတို့ကို ထိခိုက်နာကျင်အောင် လုပ်ချင်သော လူသားများက သူတို့၏ ရန်သူများ ဖြစ်သည်။

တာ့ပိုင်က တိုးလျသော ဟိန်းသံကို ဆက်တိုက်ဆိုသလို လွှတ်ထုတ်လျက် တိရစ္ဆာန်တစ်အုပ်ကို ဦးဆောင်ပြီး အရှေ့မှလူထံ တဖြည်းဖြည်းချင်းစီ ချဉ်းကပ်သွားလိုက်သည်။

“မကြောက်နဲ့။ ငါ ဒီအကြောင်းအရာကို လုံခြုံရေးရုံးတော်ဆီ တင်ပြထားပြီးသား။ ဒီနယ်ပယ်က တရားစီရင်ရေး အေဂျင်စီတွေကလည်း ဒီတိရစ္ဆာန်ရုံကို ဒီအတိုင်း ထားပေးမယ်လို့ မယုံဘူး”

ဒိုင်း

ထိုအချိန်တွင် ရုတ်တရက်အဝေးမှ သေနတ်ပစ်သံ ထွက်လာသည်။

လူတိုင်းကလည်း နေရာတွင်ပင် ကြောင်အသွားကြသည်။ သတင်းထောက်အဖွဲ့က အဝေးမှ အပြေးလာနေသော လုံခြုံရေးအစောင့်များကို ကြည့်လိုက်ကြသည်။ ထို့နောက် ပျော်ရွှင်သွားကြရင်း အရှေ့မှလူများနှင့် တိရစ္ဆာန်များကို လှောင်ရယ်လိုသော အကြည့်မျိုးနှင့် ကြည့်ကြသည်။

“ငါ တိုင်ကြားချင်တယ်။ ငါတို့က XXတိုင်းပြည်က သတင်းထောက်ပါ။ ဒီနေရာမှာ လူတစ်ယောက်က ပေါ်တင်_ _ _”

ဖြန်း

သတင်းထောက်၏ စကားမဆုံးသေးခင် ဒါရိုက်တာလီယိုက သူ၏မျက်နှာကို ဖြတ်ရိုက်လိုက်ပြီး သူ့ကို သွေးနီရောင်သန်းနေသော မျက်လုံးမျိုးဖြင့် ကြည့်သည်။ တစ်ဖက်သူ၏ လက်ထဲတွင် ပစ္စတိုလည်း ကိုင်ထားပြီး လူတိုင်းကို ချိန်ရွယ်လိုက်ပြီး အေးစက်သော လေသံနှင့် ပြောသည်။

“အခြားလူတွေနဲ့ ကြံရာပါတွေ ဟုတ်လား”

ဖြောင်း

“ငါ မင်းကို ရိုက်တယ်။ ဘာဖြစ်လဲ XXတိုင်းပြည်ဟုတ်လား။ မင်းက နွားထီးငွေကြေးသုံး တိုင်းပြည်ကပဲ။ မင်းတို့ကသာ တိရစ္ဆာန်တွေကို ဒီနေရာမှာ ထိခိုက်အောင် လုပ်မယ်ဆိုရင် ငါ မင်းကို ဒီနေရာမှာတင် ပစ်လိုက်မယ်”

သူက ခေါင်းကို တစ်ချက်လှည့်ပြီး အရှေ့မှ တိရစ္ဆာန်များကို ကြည့်သည်။ ဒါရိုက်တာလီယိုကလည်း စိတ်အေးစွာ သက်ပြင်းရှည်ကြီးကို ချလိုက်၏။ ထို့နောက် ရင်ဘတ်ကို ပုတ်ရင်း ကြောက်လန့်မှုအပြည့်ဖြင့် ပြောသည်။

“ကံကောင်းတာက သူတို့ ဒဏ်ရာ မရသွားဘူး။ မဟုတ်ရင်တော့ တရုတ်နိုင်ငံရဲ့ နောက်ဆုံးပေါ် တိရစ္ဆာန်ကာကွယ်စောက်ရှောက်ရေး ဥပဒေအရ အမြင့်ဆုံး အပြစ်ဒဏ်က သေဒဏ်ပဲ။ ဒီတော့ ဒီက ထွက်သွားတော့”

သတင်းထောက်တစ်ဖွဲ့က သူတို့ကို ဝိုင်းထားသော လုံခြုံရေးများကို မှင်သက်စွာ ကြည့်ရင်း နေရာတွင်ပင် ကြောင်ကာ ရပ်နေမိသွားသည်။

“ဘာလို့ သူတို့ထင်ထားသလို ခြားနားနေတာလဲ။ တရုတ်ပြည်မှာသာဆိုရင် နိုင်ငံခြားကနေ လာတဲ့ ဧည့်သည်တွေက အဆင့်အတန်း အရမ်းမြင့်မားတာ မဟုတ်ဘူးလား။ ဘယ်လိုကြောင့် ဒီတိရစ္ဆာန်တွေလောက်တောင် မကောင်းတာလဲ”

နောက်ပြီး သူတို့ ဒီနေရာကို အရင်ရောက်လာတော့ သူတို့တွေ ဒဏ်ရာရလား မရတာလားဆိုတာကို မကြည့်ဘဲ တိရစ္ဆာန်တွေကို အရင်ကြည့်တယ်ဟုတ်လား။

“ဒီနေရာမှာ ရပ်မနေနဲ့ မြန်မြန်သွားတော့”

ထိုအချိန်တွင် တာ့ပိုင်၏ခေါင်းပေါ်မှ ငှက်တောက ဒါရိုက်တာလီယို၏ ဆူပူသံကို နားထောင်ရင်း ခေါင်းကိုငုံ့ကာ လေသံတိုးတိုးနှင့် ခပ်တိုးတိုး ပြောလိုက်သည်။

“မြန်မြန်သွား မြေကြီးပေါ်မှာ လဲပြီး သေချင်ယောင် ဆောင်နေလိုက်။ ဒါဆိုရင် ဒီလူတွေအားလုံး အဖမ်းခံရမှာ”

“အားလုံးပဲ ငြိမ်ငြိမ်ဆက်နေကြနော်။ နေဦး နေဦး အာဟ ဘယ်မှာလဲ အာဟ သူက သရုပ်ဆောင်တာတွေ အရမ်းတော်တာ မဟုတ်ဘူးလား”

“ဝုတ်”

အာဟက တာ့ပိုင်၏ ဘေးနားတွင် ဆောင့်ကြောင့်ထိုင်ကာ ဘေးဘက်မှ အပေါင်းအဖော်များကို မှင်သေသေ စိုက်ကြည့်နေခြင်း ဖြစ်သည်။

ထိုအခါ အားလုံးက သူ့ကို မျှော်လင့်စောင့်စားမှု အပြည့်ဖြင့် ကြည့်လာကြောင်း တွေ့လိုက်ရသည်။

ရုတ်တရက် သူသည်လည်း အားအင်တက်ကြွလာသည်။

ဝုတ် ဝုတ် ဝုတ်

259 04

သူသည် ချက်ချင်းဆိုသလိုပင် မြေပြင်သို့ လဲချလျက် ငယ်သံပါအောင် အော်သည်။ သူ၏ရှေ့လက်နှစ်ဖက်ကိုပင် သုံးကာ ခန္ဓာကိုယ်တစ်ခုလုံးကိုပင် တရွတ်တိုက် ဆွဲစေသေးပြီး ဒါရိုက်တာလီယိုနှင့် အဖွဲ့၏အနားသို့ တွားသွားလိုက်သည်။

သူ၏ပုံစံက ဆိုးရွားလွန်းနေသည်။

ဖာ့ခ် ဒါက ဘယ်လိုပါရမီလဲ။ ငါ့အနေနဲ့ နောက်ခြေနဲ့ တွားသွားတာကို ပထမဦးဆုံးအကြိမ် မြင်ဖူးတာပဲ။

ထိုအခြေအနေကို မြင်လိုက်သည့် ငှက်တောက ရယ်ပြီး လေးစားမှုအပြည့်နှင့် ပြောသည်။

“ဝူး ဝူး “

အာ့ဟက ဒါရိုက်တာလီယို၏ ခြေထောက်နားသို့ ရောက်သွားသောအခါ မြေပြင်တွင် လဲချလိုက်ပြီး တရှုံ့ရှုံ့အော်မြည်သံလေးနှင့် လုပ်သည်။ သူ၏မျက်လုံးဟာ မျက်ရည်များဖြင့် စီးကျလာသေး၏။

ဝုတ်

ခရက်

သူဟာ အရှေ့မှ သတင်းထောက်၏ ခြေထောက်ကို မြင်သောအခါ ရုတ်တရက် မျက်လုံးကို ဖွင့်ပြီး ပါးစပ်ကို ဟကာ ကိုက်သည်။

“အာ့ ထွက်သွားစမ်း သောက်ကျိုးနည်း သားရဲကောင် ဟမ် ငါ့ကိုများ လာကိုက်ရဲတယ်။ ဟုတ်လား။ ငါ မင်းကိုအခု သေအောင်သတ်မယ်”

“လုပ်ရဲလား”

ဒါရိုက်တာလီယိုက ထိုအမျိုးသားကို မြေပြင်ပေါ်သို့ တွန်းချလိုက်ပြီးနောက် မြေပြင်တွင် တွားသွားနေသေးသော ဟက်စကီးကို ကြည့်ပြီး အေးစက်စွာ ထအော်သည်။

“တစ်ယောက် လာစမ်း”

“ဒီလူတွေက တိရစ္ဆာန်တွေကို ထိခိုက်အောင် လုပ်ထားတယ်။ သူတို့ကို ခေါ်သွားကြတော့”

ဘယ်သူက ငါ့ကို လာပြီး မညှိနိူင်းကြနဲ့။ အားလုံးကို ခေါ်သွားတော့”

ထိုနေရာတွင် စုစည်းနေပြီးသား လုံခြုံရေးအစောင့်များ၏ အရေအတွက်က အလွန်များသည်။ သူတို့သည်လည်း ဆက်ပြီး ကြည့်မနေကြတော့လေပဲ အင်္ကျီလက်များကို လိပ်တင်လျက် အပြေးအလွှားလာကြသည်။

“ဒါကမှ ဒီလူကို ဆက်ဆံသင့်တဲ့ ပုံစံမျိုးပဲ။ ဒီကောင်တွေက ငါတို့ရဲ့ _ _ _ ဒီတိရစ္ဆာန်တွေကိုသာ တစ်ယောက်ယောက်က လာပြီး အခွင့်ကောင်းယူရဲမယ်ဆိုရင် ငါ သူတို့ကို လုံးဝလွှတ်ပေးမှာ မဟုတ်ဘူး’

“လာ လာ တိရစ္ဆာန်ရုံထဲ ပြန်ဝင်ပြီး ဒီအကောင်လေးကို ပြန်ပြီး နေရာပြန်ချ ထားပေးရအောင်။ ဒါရိုက်တာဆုပိုင်က ဒီမှာရှိတာ မဟုတ်ဘူး။ ငါတို့ တိရစ္ဆာန်ကို ပိတ်ထားပြီး စီးပွားရေးကို ခဏလောက် ပိတ်ထားသင့်တယ်”

“ဟုတ်တယ် ဒါရိုက်တာဆုပိုင်က အခုတိုက်ရိုက်ထုတ်လွှင့်နေတာဆိုတော့ သတင်းကို မသိလောက်သေးဘူး။ သူသာ သိရင် ငါစိုးရိမ်တာက_ _ _ “

တိရစ္ဆာန်ရုံ၏အရှေ့တွင် ရပ်နေသော လူအုပ်က ဆွဲခေါ်သွားသော သတင်းထောက်များကို ကြည့်ပြီး လက်ခုပ်လက်ဝါး တီးနေကြသည်။ သို့သော် အခြေအနေကမူ တင်းမာနေသေးသည်။

ဒါတောင် ပထမဦးဆုံးရောက်လာသည့် သတင်းထောက်တစ်အုပ်သာ ဖြစ်နေသေးသည်။

နိုင်ငံခြားတိုင်းပြည်မှ အများအမြင်များက စတင်ကာ ပျံ့နှံ့နေပြီဖြစ်ပြီး လူတိုင်းကလည်း တရုတ်နိုင်ငံကို ခေါ်ဆိုလျက် တိရစ္ဆာန်များကို ပြန်ပေးခိုင်းနေသည်။

ဒါရိုက်တာဆုပိုင်ကိုပင် လာပြီးတိုက်ခိုက်လူများ ရှိနေလေသည်။ သူ၏တိုက်ရိုက်ထုတ်လွှင့်မှု အခန်းများတွင်ပင် တိုက်ရိုက်ထုတ်လွှင့်မှုများက အရာအားလုံးကို ဖန်တီးလုပ်ယူထားခြင်း ဖြစ်ကြောင်း၊ ထိုတိုင်းပြည်များကို အသားရေဖျက်နေခြင်းဖြစ်ကြောင်း စွပ်စွဲနေကြသည်။

လောင်ကျိုးက တိရစ္ဆာန်များကို တိရစ္ဆာန်ရုံထဲသို့ ပြန်ခေါ်သွားပြီးနောက်တွင် တံခါးကို ပိတ်လိုက်သည်။ ဒါရိုက်တာဆုပိုင် မရှိသောအခါ သူတို့သည် တိရစ္ဆာန်များကိုသာ ကောင်းကောင်း ဂရုစိုက်ထားရပေမည်။ ဒီနေရာက တိရစ္ဆာန်တွေနဲ့ ပတ်သက်ပြီး ဘာမှဖြစ်လို့မရဘူး။

…..

++++++ 260 01

အခန်း 260

ဒီမှာပိုက်ဆံ

ဆုပိုင်က သူ၏ ငါးဖမ်းသမားကို အထပ်လိုက် ပေးလိုက်သည်။ ထိုလူဟာ ငါးရှဉ့်ပေါက်များ အပြည့်ပါသော ပုံးကြီးတစ်ပုံးကို သယ်လျက် သူ၏နောက်ဘက်တွင်ရှိသော သယ်ယူပို့ဆောင်ရေး ကုန်တင်ကားထဲသို့ သွားလောင်းထည့်လိုက်သည်။ ထို့နောက် နဖူးမှ ချွေးများကို သုတ်သည်။

သူသည် အဝေးရှိ ပင်လယ်အော်ကို ပြန်ကြည့်လိုက်သည်။ ထိုအချိန်တွင် ငါးဖမ်းလှေပေါင်းများစွာက ကမ်းကပ်နေကြပြီ ဖြစ်သည်။ သူတို့ကလည်း ငါးရှဉ့် ဆက်မဖမ်းကြတော့ချေ။

ဆုပိုင်သည်လည်း ပိုက်ဆံ၏ လှုံ့‌ဆော်မှုအောက်တွင် ငါးဖမ်းသမားများဟာ ထိုမျှအထိ ရူးသွားလိမ့်မည်ဟု မထင်ထားကြချေ။ နှစ်နာရီတည်းနှင့် ပင်လယ်အော်အတွင်းတွင် ရှိသမျှ ငါးရှဉ့်ပေါက်နီးပါးတိုင်းကို ဖမ်းမိလေသည်။

မည်သည့်ငါးရှဉ့်ပေါက်ကမှ ပင်လယ်ထဲသို့ ကူးခတ်သွားနိုင်ခဲ့ခြင်း မရှိဟု ပြောလျှင်ပင် ချဲ့ကားရာ မရောက်လောက်ချေ။

ဟူး

ဆုပိုင်က အသက်ပြင်းပြင်း ရှူသွင်းပြီး သူ၏အနောက်ဘက်မှ သယ်ယူပို့ဆောင်ရေး ကုန်တင်ကား ဆယ်စီးကျော်ခန့်ကို ကြည့်ကာ ရယ်လိုက်သည်။

ထိုမျိုးစိတ်သည် နည်းပညာအရ ပျိုးထောင်ထားခြင်း ခံရသည်။ ထို့ကြောင့် သူတို့သည်လည်း တရုတ်နိုင်ငံအား သူတို့၏မွေးရပ်မြေအဖြစ် သတ်မှတ် နိုင်ပေလိမ့်မည်။

ဒီနေရာမှာထက်တော့ အဆပေါင်းများစွာ ကောင်းမှာပဲ။

ဒါပေမဲ့_ _ _

သိပ္ပံနည်းပညာအရ မွေးမြူထားခြင်း ခံရသော ငါးရှဉ့်များအနေဖြင့် အနာဂတ်တွင် မျိုးပွားမှုနှင့် ပတ်သက်မည့် ပြဿနာများကို စိုးရိမ်စရာ မလိုအပ်ပေ။ ဆုပိုင်ကလည်း ပြည်တွင်းတိရစ္ဆာန်များအတွက် ထိုကဲ့သို့သော ငါးရှဉ့်များကို အိမ်မွေးတိရစ္ဆာန်များအဖြစ် မပြောင်းလိုချေ။

ငါးရှဉ့်များသည် တရုတ်နိုင်ငံ၏ ရေကန်များ၊ သမုဒ္ဒရာမြစ်ချောင်းများတွင် အရင်ဆုံး ပေါ်လာခဲ့သော သတ္တဝါများ ဖြစ်သည်။ ထို့ကြောင့် သူတို့သည်လည်း အထူးတလည် ထူးခြားမှုကို ကိုယ်စားပြုနိုင်သည်။

ဆုပိုင်က အထိန်း(control)ပေါ်တွင် ထိုင်လျက် အရှေ့မှ တိုက်ရိုက်ထုတ်လွှင့်မှုကို ဆွဲယူလိုက်ရင်း နူတ်ဆက်ရန် ပြင်ဆင်လိုက်သည်။

သို့သော် _ _ _

သူဟာ ထိုသို့ကြည့်လိုက်သည့် အခိုက်အတန့်တွင် ဖန်သားပြင်မှ ကွန့်မန့်များကို မြင်လိုက်ပြီး မျက်မှောင် ကြုတ်မိလိုက်သည်။

[အပေါ်က ကောင်တွေ ရူးနေတာပဲ။ ငါ ထပ်ပြောမယ်။ ဒါက ဘယ်သူ့ငါးရှဉ့်လဲ။ ငါသာ မင်းရဲ့အရှေ့မှာ ရှိရင် မင်းကို သေအောင်ရိုက်သတ်ပစ်ပြီ]

[တိုက်ရိုက်ထုတ်လွှင်မှုက အတုပဲ။ ငါတို့တိုင်းပြည်ကလူတွေကို ပေါ်တင်စွပ်စွဲနေတာ။ ဒီအပြုအမူက အရမ်းကို ရှက်ဖို့ကောင်းတယ်။ ငါတို့တိုင်းပြည်က ဘယ်အချိန်ကမှ ဝေလငါးတွေ၊ လင်းပိုင်တွေ မသတ်ခဲ့ဘူး။ မင်းတို့တရုတ်တွေက ငါတို့ကို စွပ်စွဲနေတာပဲ]

[ဖွီး_ _ _ဒါရိုက်တာဆုပိုင်က လိမ်ညာတယ်ဆိုတာ ဘယ်နေရာက ဆိုလိုတာလဲ။ ဖွီ ထွက်သွားစမ်း]

[မင်းတို့က ဘာအရှက်မှ မရှိတာပဲ။ ငါ အခုလေးတင် သတင်းအချက်အလက်တွေကို စစ်ဆေးပြီးတာ။ မင်းတို့တိုင်းပြည် လင်းပိုင်သတ်ဖြတ်ခြင်း ပွဲတော်ကိုတောင် ကျင်းပကြသေးတယ်လေ။ ငါတို့စာကြည့်တိုက်က အချက်အလက်တွေက အတုတွေ ဖြစ်နေမလား]

[အချက်အလက်အမှားတွေ ဖန်တီးဖို့က ခက်ခဲနေလို့လား။ ငါတို့တိုင်းပြည်မှာတော့ ဘာလို့ ဒီသတင်းတွေ မရှိတာလဲ။ မင်းတို့က တမင်တိုက်ရိုက်စွပ်စွဲပြီး သတင်းအမှားတွေ လုပ်နေတာ။ ငါတို့ရဲ့ နာမည်‌ကောင်း ပြန်ပေး။ ငါတို့ငါးရှဉ့်တွေ ပြန်ပေး]

[အိမ်တာဝန်ခံ ဘယ်ရောက်သွားလဲ။ ဒီအရူးတွေ အခု မောင်းထုတ်လိုက်တော့။ ‌ငါ ဒါတွေကို မြင်နေရရုံနဲ့ ရွံလာတယ်။ ဘယ်လိုအရူးတစ်သိုက်က အမှားအမှန်ကို နားမလည်တာလဲ။ ဒါရိုက်တာဆုပိုင်က အခန်းက ရှင်းရှင်းလင်းလင်း လုပ်ထားပြီးသား။ ဒီလိုဆိုးရွားတဲ့အခန်းတွေကို အတုအယောင် လုပ်ထားတယ်ဟုတ်လား။ မင်းတို့က တိရစ္ဆာန်တွေကို ဘယ်လိုကာကွယ်ရမလဲ ဆိုတာကို သိလို့လား။ တိရစ္ဆာန်တွေကို မိတ်ဆွေတွေလို ဆက်ဆံနိုင်မှာလား။ ငါပြောမယ် ထွက်သွားတော့_ _ _ ]

တစ်ခုခုတော့ ဖြစ်နေတဲ့ပုံပဲ။

ဆုပိုင်က တစ်ချက်ကြည့်ပြီးသည်နှင့် ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်သည်။

ငါးရှဉ့်တွေ လာတောင်းတယ် ဟုတ်လား။ ဒါပေမဲ့_ _ _

သူ အခုနေတဲ့တိုင်းပြည်ဆိုရင်တော့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူတို့ကို စွပ်စွဲထားတယ်လို့ လာပြောတာကတော့_ _ _

“ဟင်း ဟင်း”

260 02

ဆုပိုင်က အထင်တသေး လှောင်ရယ်သည်။

သူက ဝိဉာဉ်ကူးပြောင်းခြင်း မရှိခြင်းကတည်းက ထိုကိစ္စကို မရှင်းပြနိုင်လောက်ချေ။

သို့သော်_ _ _

အတိတ်က မြေကမ္ဘာတွင် ထိုတိုင်းပြည်က ရေနေသတ္တဝါများကို အမှန်တကယ် ထိခိုက်စေခဲ့ခြင်း ဖြစ်သည်။

အစိုးရကိုယ်တိုင်ကပင် လင်းပိုင်သတ်ပွဲဆိုပြီး အလုံးအရင်းဖြင့် သတ်ဖြတ်ရန် အားပေးအားမြှောက် ပြုပေးခြင်း ဖြစ်သည်။

ဆုပိုင်အနေဖြင့် သွေးလွှမ်းသော မြင်ကွင်းများကို ပြန်တွေးမိရုံနှင့် ခြောက်ခြားမှုကို ခံစားရသည်။

“တင် ပြစ်မှုကို ဖော်ထုတ်တဲ့တာဝန်ကို ထုတ်ပြန်လိုက်ပြီ”

“တင်ဆက်သူအနေနဲ့ တိရစ္ဆာန်တွေကို ကယ်ဆယ်ပြီး အဲ့ဒီနှစ်က ဝမ်းနည်းဖွယ်ကောင်းတဲ့ အဖြစ်အပျက်ကို အများသိအောင် လုပ်ပေးသင့်တယ်”

“လင်းပိုင်အပိုင်းအစနဲ့ ဝေလငါးကြီးအပိုင်းအစကို အလကား ထုတ်ပေးမယ်”

“တာဝန်ဆုလာဘ်: သမုဒ္ဒရာအပင်နှင့် သတ္တဝါ ရှင်သန်နေထိုင်မှု၊ ရှင်သန်နေထိုင်ခြင်း၏ ဟန်ချက်ညီမျှမှု ကီလိုမီတာတစ်ရာ”

စနစ်၏ စက်ရုပ်သံက စိတ်ထဲမှ ထွက်လာပြီး စကားလုံးများ နားထောင်ပြီးနောက်တွင် ဆုပိုင်၏ ခန္ဓာကိုယ်တစ်ခုလုံးက အနည်းငယ် တုန်သွားသည်။

စနစ်၏ ထွက်ပေါ်လာမှုအရ သူ့အား တာဝန်၏အာကာသပြင်မှတဆင့် လင်းပိုင်နှင့် ဝေလငါးများကို ရက်စက်စွာ သတ်ဖြတ်သော RB၏ ပွဲတော်နေရာသို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိလိုက်သည်။ သို့သော် _ _ _

ဆုပိုင် တုန်ယင်သွားရသည်မှာ မည်သူကမှ ထိုကဲ့သို့ သတ်ဖြတ်သည့် မြင်ကွင်းကို ဒုတိယတစ်ကြိမ် ထပ်မကြည့်ချင်တော့ပေ။ ဒါဟာ ရက်စက်ပြီး အံ့အား သင့်စေလောက်သည်။

ဟူး…

ဆုပိုင်က အသက်ပြင်းပြင်းရှူသွင်းပြီး မြေပြင်မှ ထရပ်လိုက်သည်။ ထို့နောက် အဝေးရှိ သမုဒ္ဒရာကို ကြည့်ကာ အံကိုကြိတ်သည်။

ဒီလိုဆိုမှတော့လည်း ငါတို့တွေ ဒီလိုလူတွေဆီကနေ ဘယ်လိုနည်းနဲ့မဆို လင်းပိုင်နဲ့ ဝေလငါးတွေကို ရအောင် ကယ်ရတော့မှာပဲ။

“တင် ငါးရှဉ့်အပိုင်းအစ တာဝန်က ပြီးမြောက်သွားပြီ”

“တင် တင်ဆက်သူက ငါးရှဉ့်တွေကို အောင်အောင်မြင်မြင် ကယ်ဆယ်နိုင်ခဲ့လို့ ဂုဏ်ယူပါတယ်။ ခွန်အား+၁”

စနစ်က တင်ဆက်သူကို ပြန်ပို့နေပါပြီ။ တိုက်ရိုက်ထုတ်လွှင့်မှုကို ဖြတ်လိုက်ပြီ။

_ _ _

260 03

တရုတ်ပြည်ချင်မြို့တော်

ဝေ့မြစ်

ဘုန်း ဘုန်း ဘုန်း

ဆုပိုင်က မြစ်ထဲတွင် တိတ်တဆိတ်ရပ်ရင်း ထိုမြစ်ထဲသို့ လွှတ်ပေးထားသော ငါးရှဉ်များကို စကားတစ်ခွန်းမဆိုဘဲ ကြည့်နေလိုက်သည်။

ဆုပိုင်က စနစ်၏ ပြောင်းလဲမှု မအောင်မြင်သေးခင် ကာလအတောအတွင်း ထိုနေရာကို ယွမ်သန်းသုံးရာအပြည့် ပေးချေထားပြီးသား ဖြစ်သည်။

_ _ _

ထိုသို့ဖြင့် ထိုငါးရှဉ့်တစ်သုတ်အတွက် ကြာရှည်စွာ တန်ဖိုးထားရမည့် မွေးရပ်မြေနေရာတစ်ခု ဖြစ်လာပေလိမ့်မည်။

ထိုနေရာမှ စတင်ပြီး သူတို့ဟာ ယန်ဇယ်မြစ် တောက်လျောက် ကူးခတ် သွားနိုင်သည်။ ထို့နောက် ယန်ဇယ်မြစ်မှ ပင်လယ်ထဲသို့လည်း ပြန်နိုင်သည်။ နောက်ဆုံးတွင် သူတို့သည် မျိုးပွားရန် လိုအပ်လာသောအခါ ခက်ခဲမှုများစွာကို ကျော်ဖြတ်လျက် ဒီနေရာသို့ ပြန်လည်မျိုးပွား လာပေလိမ့်မည်။ ထို့နောက် သေသွားကြပေလိမ့်မည်။ ဒါဟာ ငါးရှဉ့်များ၏ဘဝ ဖြစ်သည်။

ဆုပိုင်သည်လည်း နှစ်အနည်းငယ် ကြာပြီးနောက်တွင် ငါးရှဉ့်များ၏ အရေအတွက်ဟာ မြင့်မားလာလိမ့်မည်ဟု ယုံကြည်သည်။

မည်သို့ပင်ဆိုစေ ယခုသမုဒ္ဒရာတွင် မည်သည့်သတ္တဝါမျှ မရှိချေ။ ငါးဖမ်းလှေများအတွက်ကမူ သမိုင်းနှင့်အတူ ဆွေးမြေ့သွားပြီးလေ ဖြစ်သည်။

“အာ… ဒါရိုက်တာဆုပိုင် နိုင်ငံခြားတိုင်းပြည်တွေရဲ့ အများထင်မြင်ချက်ကတော့ ဒီတစ်ကြိမ် တော်တော်လေး ခက်ခဲနေပြီ”

ဘေးဘက်တွင် ရပ်နေသော နန်းကုန်းယိုက သက်ပြင်းချပြီး ရှက်ရွံ့စွာ ပြောသည်။

“ဒါတွေအားလုံးက ငါတို့ရဲ့အမှားပါ။ အခြားတစ်ဖက်မှာ မကောင်းတဲ့ ရည်ရွယ်ချက်မျိုး ရှိမယ်လို့ မထင်ထားဘူး။ သူတို့က ကောင်းကင်ပြာတိရစ္ဆာန်ရုံကို ရှေ့ကို တွန်းပို့သလို ဖြစ်သွားတယ်”

“ဒါပေမဲ့ မစိုးရိမ်ပါနဲ့”

“ငါတို့ရဲ့ တိရစ္ဆာန်ကာကွယ်စောက်ရှောက်ရေး ဌာနကလည်း သေတဲ့အထိ နောက်တွန့်သွားမှာ မဟုတ်ဘူး။ တရုတ်တစ်ပြည်လုံးကလည်း အဲ့လိုပဲ”

“တိရစ္ဆာန်တွေကို ပြန်လည်ကယ်ဆယ်ပေးတာကတင် တရုတ်လူမျိုးတွေအတွက် ဒီတိရစ္ဆာန်တွေကို ကာကွယ်ဖို့ စိတ်အားထက်သန်လာကာစပဲ ရှိတာ။ စစ်ဖြစ်တာကို မ‌ပြောနဲ့ဦး။ စစ်ပွဲကို စရမယ်ဆိုရင်တောင် ငါတို့က လက်မလျော့ဘူး”

ဆုပိုင်က ခေါင်းအသာ ညိတ်သည်။ သူသည်လည်း တရုတ်နိုင်ငံ၏ ဆုံးဖြတ်ချက် ပြတ်သားမှုကို နားလည်သည်။ သို့ရာတွင် သူဟာ ပြန်လာပြီးနောက် ထိုကွန့်မန့်များကို ဖတ်ပြီးချိန်တွင် သေအောင် ရယ်ချင်မိသွားသည်။

ဒီတိရစ္ဆာန်တွေက တစ်ချိန်က မင်းတို့တိုင်းပြည်အပိုင် ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ပြန်ကယ်ပြီးတဲ့နောက်မှာတော့ မင်းတို့တိုင်းပြည်ကို အလကားပြန်ပေးရမယ် ဟုတ်လား။

ဒီလောက် ကောင်းတဲ့ကိစ္စ ဖြစ်လာမယ်လို့ ထင်နေလား။

ပိုဆိုးသည်မှာ အစပိုင်းကတည်းက ထိုသို့လုပ်ရန် မဖြစ်နိုင်ခဲ့ချေ။ သူတို့က လက်သင့်ခံလိုက်မည်ဆိုလျှင် နောက်ပိုင်းတွင် ပို၍များပြားသော တိရစ္ဆာန်များကို ကယ်တင်ပြီးသောအခါ ထိုများပြားလှသော တိရစ္ဆာန်များကလည်း တရုတ်နိုင်ငံ၏ ဇာတိမဟုတ်ကြသဖြင့် သူတို့အားလုံးကို ခွဲဝေပေးရသလို ဖြစ်နေပေလိမ့်မည်။

ဆုပိုင်က တွန့်ဆုတ်နေခြင်း မဟုတ်ပေ။

သူတို့၏ တိုင်းပြည်များကသာ တရုတ်နိုင်ငံလောက် တိရစ္ဆာန်များကို ကာကွယ်ပေးလိုစိတ်ကို အပြည့်အဝ ဖော်ပြခဲ့မည်ဆိုလျှင်၊ ထိုတိရစ္ဆာန်များကလည်း ဒီနေရာထက် ပို၍ကောင်းမွန်စွာ နေထိုင်ရမည်ဆိုလျှင် ဆုပိုင်က ပြန်ပေးချင်စိတ် ရှိပေလိမ့်မည်။ သို့သော်_ _ _

ဖြစ်နိုင်မှာလား။

တိရစ္ဆာန်တွေကို လာတောင်းတဲ့သူက ဒီလို မတွေးမှာကို ကြောက်မိတယ်။

ဒီလူတွေက တိရစ္ဆာန်က သယ်လာပေးမဲ့ ငွေကြေးဆိုင်ရာ အကျိုးအမြတ်ကိုပဲ လိုချင်ကြတာ။

အကျိုးအမြတ်က ပိုကြီးမယ်ဆိုရင် ထိုလူများက ကယ်ဆယ်ပြီးသော တိရစ္ဆာန်များကို ပြန်သတ်ကောင်း ပြန်သတ်ပေလိမ့်မည်။

အရင်းရှင်များအားလုံးက သွေးလွှမ်းနေသည်။

တန်ကြေးကသာ မြင့်လျှင် လူအသားကို ရောင်းရန် လိုအပ်လျှင်ပင် သေချာပေါက် ရောင်းပေလိမ့်မည်။

သို့သော် ဆုပိုင်ကလည်း တိရစ္ဆာန်များကို ထိုမျှအထိ အရင်းနှီးခိုင်းလိမ့်မည် မဟုတ်ပေ။ တိုင်းကို ခက်ခဲမှုများစွာနှင့် ကယ်ထားရခြင်း ဖြစ်သည်။ သူတို့သည်လည်း သူ့အပေါ် နက်ရှိုင်းသည့် ချစ်စိတ်ရှိနေသည်။ တိရစ္ဆာန်ရုံသို့ မကြာခဏ လာသူများသည် အလားတူ ရင်းနှီးမှုများ ရှိနေသည်။

260 04

ဒါကို သူတို့က ဘယ်လိုလုပ်ပြီး ဒီတိရစ္ဆာန်တွေကို ထပ်ပြီး ခံစားခွင့် ပြုရမှာလဲ။

“ဒါရိုက်တာနန်ကုန်း”

ဒါရိုက်တာဆုပိုင်က တစ်ခဏခန့် တွေးတောပြီးနောက် တဖြည်းဖြည်းချင်းစီ ပြောလိုက်သည်။

“အင်တာနက်ပေါ်က အများထင်မြင်ချက်တွေအတွက်တော့ မစိုးရိမ်ပါနဲ့။ အနှေးနဲ့အမြန် အတည်ပြုပေးသွားမှာပါ။ ကောင်းကင်ပြာတိရစ္ဆာန်ရုံက ဒီတိရစ္ဆာန်တွေကို ဘယ်သူ့လက်မှ အပ်မှာမဟုတ်ဘူး။ ဒါကြောင့် ဖိအားက ဘယ်လောက်များများ ငါကတော့ သဘောတူမှာ မဟုတ်ဘူး”

“သူတို့ ပြောနေကြတဲ့ စွပ်စွဲတယ်ဆိုတာအတွက်ကတော့”

“ရက်အနည်းငယ်နေရင် ငါ သက်သေ ပြပေးမယ်”

“ဒါပေမဲ့ တရုတ်နိုင်ငံ ဌာနတွေအားလုံးရဲ့ အကူအညီကိုတော့ လိုအပ်တယ်”

“ငါတို့လုပ်ပေးနိုင်တာ တစ်ခုခုရှိရင် ငါတို့ သေချာပေါက် လုပ်ပေးမှာပါ”

နန်ကုန်းယိုကလည်း သူ၏အရှေ့မှ တည်ငြိမ်သော လူငယ်ကို ကြည့်လိုက်ပြီး သူ၏နှလုံးသားထဲမှ နာကျင်မှုကို ခံစားလိုက်ရသည်။

ဘယ်လောက် ကောင်းတဲ့လူလဲ။

တိရစ္ဆာန်တွေအတွက် အများကြီး စတေးထားတာ။

++++++ 261 01

အခန်း 261

နန်ကုန်းယိုသည်လည်း ဆုပိုင်၏အနောက်မှ တိရစ္ဆာန်များကို ကယ်တင်ရန် ခက်ခဲသည့်တိုင်အောင် ထိုမျှ အန္တရာယ်များသော တိုက်ရိုက်ထုတ်လွှင့်မှုကို လုပ်ပေးရန် မလိုအပ်ချေ။ တိုက်ရိုက်ထုတ်လွှင့်မှုက လူအများကို သတိပေးရန်အတွက်သာ ရည်ရွယ်ထားခြင်း ဖြစ်သည်။

ပို၍ဆိုးသည်မှာ တိုက်ရိုက်ထုတ်လွှင့်မှု အကြောင်းအရာများကို အမှန်ကတယ် စုံစမ်းကြည့်မည်ဆိုလျှင်လည်း ရှေးခတ်ကာလက အမှန်တကယ် ဖြစ်ခဲ့သော သဲလွန်စများကို မြင်နိုင်မည် ဖြစ်သည်။ အခြားစကားဖြင့် ဆိုရလျှင် အားလုံးက အမှန်တကယ် ဖြစ်ပျက်ခဲ့သော အခြေအနေမျိုး ဖြစ်လေသည်။

လူတိုင်းအား တိရစ္ဆာန်များ၏ဘဝ ခက်ခဲမှု အခြေအနေကို နားလည်ရန် အလို့ငှာ တိုက်ရိုက်ထုတ်လွှင့်မှုဖြင့် ဖော်ပြချင်စိတ်ရှိသည့် ကိုယ်ကျိုးမဲ့သော လူသားတစ်ယောက်_ _ _

သို့သော် သူဟာ ထိုသို့အများသိအောင် ပြောပြပေးသည့်တိုင်အောင် လူတိုင်း၏ စာနာသနားစိတ်ကို မရခဲ့ချေ။ ဆိုဆဲသည်အထိ ပြောကြသေးသည်။

ဒီလူတွေမှာ လူစိတ် ရှိသေးရဲ့လား။

“ကောင်းပြီ”

ဆုပိုင်က အသံကို တိုးရင်း ဆက်ပြောသည်။

“ငါ သိပ်မကြာခင် အရမ်းရှည်တဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခု လုပ်ရလိမ့်မယ်။ အဲဒီတိုက်ရိုက်ထုတ်လွှင့်မှုပါ အကြောင်းအရာတွေက _ _ _အဲဒီတိုင်းပြည်ရဲ့ ရက်စက်မှုကို သက်သေပြပေးမှာ ဖြစ်လို့ လင်းပိုင်တွေ၊ ဝေလငါးတွေ သတ်တာတွေ ပါလိမ့်မယ်”

“အချိန်ကျလာတဲ့အခါ _ _ _ ငါ့အနေနဲ့ တရုတ်နိုင်ငံ တီဗွီအစီအစဉ်တွေအားလုံး၊ အွန်လိုင်းအစီအစဉ်တွေအားလုံး နောက်ပြီး ဖြစ်နိုင်မယ်ဆိုရင် ပြည်ပက အစီအစဉ်တွေကိုပါ အတူတိုက်ရိုက်ထုတ်လွှင့် ပေးစေချင်တယ်”

“ဒါ့အပြင် ရှာတွေ့ထားသမျှ စာပေအကြောင်းအရာတွေ အားလုံးကိုလည်း အများသိအောင် ထုတ်ပြန်ကြေငြာချင်ရမယ်”

“ယုံကြည်တဲ့လူတွေကတော့ သေချာပေါက် ရှိနေဦးမှာပဲ။ အဲဒီနောက်_ _ _”

“ဒီတိုက်ရိုက်ထုတ်လွှင့်မှုက အရမ်းကို သွေးသံတရဲရဲ ဖြစ်နေလိမ့်မယ်”

“ပြဿနာ မရှိဘူး”

ထိုစကားကို ကြားသောအခါ နန်ကုန်းယို၏ မျက်နှာက တုန်ယင်သွားပြီး ခေါင်းကို လေးလံစွာ ညိတ်သည်။

ဆုပိုင်ပြောသော သွေးသံရဲရဲဆိုသော စကားလုံးက သူ၏နှလုံးသားကိုပင် အခုန်မှားစေသည်။

မှတ်တမ်းပါ အကြောင်းအရာများသည် ထိုတိုင်းပြည်က အတိတ်တွင် လင်းပိုင်များကို အမှန်တကယ် သတ်ခဲ့ကြောင်းဖော်ပြရုံသာ ဖော်ပြထားသည်။ သို့သော် ထိုမြင်ကွင်းကို မည်သူကမှ မတွေးကြည့်ဖူးကြချေ။ သို့သော် _ _ _ထိုမြင်ကွင်းကသာ အမှန်တကယ် သွေးသံရဲရဲ ဖြစ်နေခဲ့မည်ဆိုလျှင် လူအများစု၏ အသိစိတ်ကို လှုပ်နိုးနိုင်လောက်သည်။

_ _ _

ချင်မြို့တော်

ကောင်းကင်ပြာ တိရစ္ဆာန်ရုံ_ _ _

ဆုပိုင်က တိရစ္ဆာန်ရုံတွင် ရပ်နေသည်။ သူ့ကို မြင်တွေ့လိုက်သော တိရစ္ဆာန်များက ဝိုင်းပြီး တိရစ္ဆာန်ရုံကို ဝိုင်းထားသော လူတစ်အုပ်ကို အေးစက်စွာ ကြည့်သည်။ ထိုထဲမှ လူအချို့က တိုင်းပြည်က လာသော လူအများဖြစ်သည်။ ရည်ရွယ်ချက်ကလည်း သိသာသည်။ ညွှန်ကြားခံရသောကြောင့် ဖြစ်သည်။

ဒါရိုက်တာဆုပိုင် လူအများ၏အနောက်မှ လိုက်လာသော အနက်ရောင်ဝတ်စုံနှင့် လူကို ကြည့်ပြီး အံကိုကြိတ်လိုက်သည်။

အားလုံးရဲ့ နောက်ကွယ်မှာ အကွက်ချ ကြံစည်သူတော့ ရှိမှာပဲ။ အဲ့ဒီလိုမှမဟုတ်ရင် ဒီလူတွေက မိုင်ထောင်ကျောင် ခရီးထွက်ပြီး တိရစ္ဆာန်ရုံရဲ့ ဝင်ပေါက်မှာ ရပ်လို့ သူ့ကို စွပ်စွဲရဲမှာ မဟုတ်ဘူး။

“ဒါရိုက်တာဆုပိုင် ဘာလို့ ငါတို့ကို ထွက်ပြီး မတိုက်ခိုက်ခိုင်းတာလဲ။ ငါတို့ ဒီရန်သူတွေကို ကြောက်လန့်တကြား ထွက်ပြေးအောင် လုပ်နိုင်မှာပဲ”

261 02

ငှက်တောက တံခါးအပြင်ဘက်ရှိ လူကို ကြည့်လျက် အေးစက်စွာ ပြောသည်။

“ဝုတ် ဟုတ်တယ် ငါတို့ကိုသာ လွှတ်ပြီး ဒီကောင်တွေကို သင်ခန်းစာ ပေးခိုင်းစမ်းပါ။ သူတို့က တံခါးကိုတောင် လာပိတ်ပြီး အပြင်ကလာတဲ့ ခရီးသွားတွေကိုတောင် တားရဲတယ်။ ဘယ်လောက်တောင် လူမဆန်လိုက်သလဲ”

“ကွက် ကွက် ကွက် သူတို့ကို ရိုက်။ သောက်ကျိုးနည်း အားနည်းတဲ့ အမှိုက်တစ်သိုက်”

_ _ _

သူ၏ဘေးနားတွင် ရပ်နေသော တိရစ္ဆာန်တစ်သိုက်က ဒေါသတကြီး အော်ကြသည်။ ဆုပိုင်က ခေါင်းကိုလှည့်လျက် ဘေးကို ကြည့်သည်။ ထို့နောက် အသားပြုံးရင်း ခပ်တိုးတိုး ပြောသည်။

“မရဘူး သိပ်မကြာခင် လာလိမ့်မယ်”

“မင်းတို့က အခုတလော တိရစ္ဆာန်ရုံကို စောင့်ကြပ်ထားလိုက်ကြ။ မင်းတို့ အခုတလော တိရစ္ဆာန်ရုံကို စောင့်ကြပ်ထားလိုက်ကြ။ လူတစ်ယောက်သာ ဝင်လာရဲရင် ယဉ်ကျေးမနေနဲ့”

“သေတဲ့အထိ ရိုက်သတ်။ ဒါပေမဲ့ ခွင့်ပြုချက်မရှိပဲ မင်းတို့လည်း အပြင်မထွက်ရဘူး။ ငါ ပြောတာကြားလား”

အပြင်ဘက်ရှိ အနက်ရောင်ဝတ်စုံများနှင့် လူများက သိသာစွာပင် လက်နက်များ သယ်ထားကြသည်။ သူတို့သာ တိရစ္ဆာန်ရုံထဲသို့ ဝင်ရောက်ပြီး လှုပ်ရှားရဲလျှင်၊ တိရစ္ဆာန်များကို ထိခိုက်အောင် လုပ်ရဲလျှင် ဆုပိုင်ကလည်း ညှာတာပေးမည် မဟုတ်ပေ။

သို့ရာတွင် သူသည်လည်း ထိုအဖိုးတန်တိရစ္ဆာန် အကောင်ငယ်လေးများက အပြင်သို့ ထွက်သွားခဲ့သော် အရင်းအနှီးမည်မျှ ကြီးမားကြောင်း သိသည်။

“မတန်ဘူး”

“ချီတာရိုခို ဒီလူတွေက ဘာလို့ဆိုလိုတာလဲ”

“ငါတို့က ဒီတံခါးမှာ ပိတ်နေတာ ရက်နည်းနည်းတောင် ကြာသွားပြီ။ ဒါပေမဲ့ ငါတို့ကို မဝင်ခိုင်းသေးဘူး”

သပ်ရပ်သော ဝတ်စုံဖြင့် ဝတ်ဆင်ထားသည့် ချီတာရိုက သူ၏ပါးစပ်မှ စီးကရက်ဖင်ဆီကိုခံကို မြေပြင်ပေါ်သို့ မှုတ်ထုတ်ရင်း မျက်လုံးကို ကျဉ်းမြော‌ေင်းကာ ပြောသည်။

“ငါ မသိဘူး။ ဒါပေမဲ့_ _ _ ငါတို့က တံခါးကို ပိတ်ထားပြီးသား။ နောက်ပြီး ငါတို့ကလည်း ဘာမှလှုပ်ရှားတာ မဟုတ်ဘူး။ တရုတ်နိုင်ငံ လုံခြုံရေးရုံးတော်က လူတွေက ငါတို့ကို ဘာမှမလုပ်နိုင်ဘူး”

“ဒါပေမဲ့ ဒါက ဖြေရှင်းချက် မဟုတ်ဘူးလေ။ အချိန်အရမ်းကြာတယ်။ စိတ်အားထက်သန်မှုတွေ ပျောက်သွားတဲ့အခါ ငါ စိုးရိမ်တာက ငါတိတွေ_ _ _ “

“ကောင်းပြီ လူရှာပြီး တိရစ္ဆာန်ရုံထဲ ဝင်ခိုင်းလိုက်”

သူက ထိုသို့ပြောပြီးနောက်တွင် ချီတာရိုက သူ၏ဘေးဘက်မှလူကို ပုခုံးဖက်လျက် တံခါးဝတွင်ရှိ‌သော တိရစ္ဆာန်များ ရှိရာဘက်သို့ လျှောက်လာပြီး ညွှန်ကြားချက် ခပ်တိုးတိုးကို ပေးသည်။

“အစ်ကိုပိုင် ငါတို့ တကယ်အပြင်မထွက်ဘူးလား”

ငှက်တောက ဟာလီ၏ နဖူးပေါ်တွင် နားပြီး မြေပြင်တွင်ထိုင်ကာ ဝါးများကောက်ဝါးနေသော တာ့ပိုင်ကို မြှောက်ပေးလိုသော လေသံမျိုးနှင့် ပြောသည်။

261 03

“တစ်ချက်ကြည့်လိုက်ရုံနဲ့ ဒီလူတွေမှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေတာ သိသာနေတာပဲ။ သူတို့က ငါတို့ကို ဘယ်ရှုခင်းမှ မကြည့်နိုင်အောင် ပိတ်ထားတာ။ နောက်ပြီး အရင်တစ်ခေါက် လာသွားတဲ့ အနီရောင်အမွှေးတွေနဲ့ ကောင်မလေးဆိုရင် ရက်နည်းနည်းကြာတဲ့အထိ မလာတော့ဘူး”

“ဟေး တစ်ယောက်လာပြီ”

“ မြန်မြန် မြန်မြန် အားလုံးပဲ ထတော့ လူလာနေပြီ”

ရုတ်တရက် ငှက်တောက ထအော်သည်။

တိရစ္ဆာန်များက ခေါင်းကိုမော့လျက် သူတို့ရှိရာသို့ ခိုးကြောင်ခိုးဝှက်လာနေသော အနက်ရောင်ဝတ်စုံနှင့်လူကို ကြည့်သည်။ ထိုလူဟာ ဝင်ပေါက်နားသို့ ရောက်လာသည်။ သူဟာ တိရစ္ဆာန်များကို ရယ်ပြသည်။ ထို့နောက် သူ၏လက်မောင်းထဲမှ လယ်မြေကြွက်လေးကို ဆွဲထုတ်သည်။

ဂါး

လူတိုင်း၏ အရှေ့တွင်ပင် သူဟာ လယ်မြေကြွက်၏ လည်ပင်းကို ထိုးလိုက်သည်။

ဘန်း

ထို့နောက် မြေပြင်သို့ ပစ်ချလျက် တက်နင်းသည်။

တာ့ပိုင်နှင့်အခြားသော တိရစ္ဆာန်များသည်လည်း ထိုလယ်မြေကြွက်လေးက အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သည်အထိ တက်နင်းခံရပြီး ပုတ်ပွသော အသားများအသွင်ပြောင်းလဲသွားခြင်းအား မျက်လုံးပြူးကျယ်စွာ ကြည့်လိုက်ကြသည်။

“ဟား ဟား ဟား”

ဒါဟာ အဆုံးသတ် မဟုတ်သေးဘူးလေ။ ထိုအမျိုးသားက သူတို့၏အရှေ့မှ လယ်မြေကြွက်လေးက တစ်ဖန်ပြန်လည်ကောက်ယူလိုက်ပြီး သူတို့အရှေ့တွင် ခါပြသည်။

ကလစ်

မီးခြစ်ကို ထုတ်လျက် မီးမြိုက်လိုက်ချိန်တွင် အသားနံ့က ထွက်လာသည်။

ဝေါင်း

သောက်ကျိုးနည်း ဘာမှတွေးမနေနဲ့။ ငါနဲ့အတူ ထွက်ကြမယ်။

တာ့ပိုင်က အော်သည်။ ထိုထဲမှတစ်ကောင်က တိရစ္ဆာန်ရုံထဲမှ ထွက်သည်။

ခရက်

သူက ချက်ချင်းဆိုသလိုပင် အရှေ့မှလူကို မြေပြင်ပေါ်သို့ တွန်းချလိုက်ကာ သွေးလွှမ်းသည့် ပါးစပ်ကို ဖြဲလျက် အသားတစ်ပိုင်း ကိုက်ဆွဲပစ်လိုက်သည်။

နောက်မှတိရစ္ဆာန်များကလည်း ထွက်လာကြသည်။

တိရစ္ဆာန်ရုံထဲတွင် မြေကြွက်များက မည်သည့်အဆင့်အတန်းမှ မရှိသော်လည်း သူတို့အားလုံးကို မြောက်မြားလှစွာသော အသားစားတိရစ္ဆာန်များအတွက် အလုံးအရင်းအဖြစ် မွေးထားခြင်း ဖြစ်သည်။

_ _ _

အရှေ့မှလူကမူ သူတို့၏အရှေ့တွင်ပင် ထိုလယ်မြေကြွက်လေးကို သေသည်အထိ နှိပ်စက်လျက် တမင်တကာ ရန်လာစနေသည်။

နောက်ပြီး ဒီလိုရက်စက်တဲ့ နည်းလမ်းနဲ့။

261 04

ရုတ်တရက်ဆိုသလို တံခါးနားတွင်ရပ်နေသော တိရစ္ဆာန်များအားလုံးက ရူးသွားကြသလို အပြင်သို့ ထွက်ကြသည်။

“လမ်းကဖယ် ငါ အခုချက်ချင်း ဒီကောင်ရဲ့မျက်လုံးတွေကို ဆိတ်ထုတ်လိုက်မယ်။ ဘယ်လို မျိုးမစစ်ကောင်လဲ”

“ဖာခ့် ဘယ်သူက တအားမြန်တာလဲ။ ငါ့ရဲ့လည်တိုင်ကိုတောင် ကိုက်မိပါဦးမယ်။ ဖြည်းဖြည်းသွားလို့ မရဘူးလား”

ငှက်တောကလည်း အတင်းတွန်းနိုင်ရန် မနည်းရုန်းကန်နေရသည်။ ထို့နောက် မြေပြင်တွင် လဲနေသောသူက သေသည်အထိ အကိုက်ခံရပြီးကြောင်း တွေ့လိုက်သောအခါ ဒေါသတကြီး အော်သည်။

“အား လူသတ်နေပါတယ်။ တိရစ္ဆာန်တွေက လူသတ်နေပါတယ်”

“ကောင်းကင်ပြာ တိရစ္ဆာန်ရုံက တိရစ္ဆာန်ရုံကိုတောင် ငါတို့သတင်းထောက်တွေကို သတ်ဖို့ အ မိန့်ပေးထားတာပဲ။ ဒီလူတွေကို လွှတ်ပေးလို့ မရဘူး”

“ဟုတ်တယ် ဟုတ်တယ် လုံခြုံရေးဌာနကို ချက်ချင်းအကြောင်းကြားပြီး လာကြည့်ခိုင်းရမယ်။ ဒီလောက်လူတွေအများကြီး ကြည့်နေတာဆိုတော့ ဒီလောက်လူတွေ အများကြီးရဲ့ရှေ့မှာ ဒီတိရစ္ဆာန်တွေက ဒီလူကို သေအောင် သတ်လိုက်တာကို မြင်လိုက်ကြမှာပဲ”

ညွှန်ကြားသူတစ်ဖွဲ့က ကြောက်လန့်တကြား အော်ကြသည်။

အဝေးတွင် ရပ်နေသော သတင်းထောက်က စိတ်လှုပ်ရှားစွာ အော်သည်။

ထို့နောက် မိုက်ခရိုဖုန်းကို ချက်ချင်းကောက်ကိုင်လိုက်လျက် သတင်းကို ကြေငြာသည်။

ထိုအချိန်တွင်အများရှေ့တွင် ဖြစ်ပွားတာဝန်ရှိသူ ဆုပိုင်ကလည်း မည်သူ့ကိုမှ မငြင်းရဲလောက်တော့ချေ။

All Chapters