← Chapters

အခန်း (၂၆၂-၂၆၄)

Vol. 18 Ch. 262-264

အခန်း (၂၆၂-၂၆၄)

Vol. 18 Ch. 262-264

++++++

262 01

အခန်း 262

“ဘာတွေဖြစ်နေတာလဲ”

ဆုပိုင်က တံခါးထံမှ ဆူညံသံကို ကြားသောအခါ အလျင်စလို ထွက်လာသည်။

တိရစ္ဆာန်များ၏ ဒေါသတကြီး အမူအယာနှင့် အောက်ဘက်မှ လူအလောင်းကို ကြည့်ရင်း သူဟာ ထိုအခြေအနေကို နားလည်လိုက်သည်။

“ဒါရိုက်တာဆုပိုင်ကြည့် ဒီလူက ငါ့တို့ရဲ့ရှေ့တွင် _ _ _ “

ငှက်တောက အနီးအနားရှိ လယ်မြေကြွက်၏ အလောင်းကို ပြရင်း အဖြစ်အပျက်များကို ရှင်းပြသည်။

ခရက်

ဆုပိုင်က နားထောင်လေလေ သူ၏မျက်နှာက ပျက်ယွင်းလာလေလေ ဖြစ်သည်။

ဒီလူတစ်ဖွဲ့က ရည်ရွယ်ချက်ရှိရှိနဲ့ လာလုပ်တာပဲ။ တိရစ္ဆာန်တွေကို ဒေါသတကြီးဖြစ်ပြီး ထိန်းချုပ်မှု လွတ်လို့ သူတို့ရှေ့မှာ လူသတ်အောင်လုပ်တာ။ ဒီလိုနဲ့ အများအမြင်ကို ကြိုးကိုင်ချင်တာပဲ။

“ဟီး ဟီး”

ဆုပိုင်က သုန်မှုန်သော မျက်နှာနှင့် လှောင်ရယ်သည်။

သူဟာ ဆက်လက်ပြီး အော်ဟစ်နေသေးသော လူ၏အရှေ့သို့ အံကို ကြိတ်လျက်သွားလိုက်သည်။

ဒီလိုဆိုရင်လည်း အကျိုးအကြောင်းသင့်သင့် ပြောဖို့မလိုအပ်တော့ဘူးပဲ။

“နဂါးအမေ”

သူဟာ အဝေးသို့ လှမ်းအော်လိုက်သည်။

ဝေါင်း

ထို့နောက် ကျယ်လောင်သော အော်သံကြီးက ထွက်လာသည်။

အော်ဟစ်ကာ ဆဲဆိုနေသော လူများက ချက်ချင်းလိုလို တိတ်သွားသည်။

သူသည် မြန်ဆန်လွန်းသော အရှိန်နူန်းဖြင့် သူရှိရာဘက်သို့ အဝေးမှ အပြေးလာသော ကြီးမားသော မကောင်းဆိုးဝါးကြီးကို ပြူးကျယ်စွာ ကြည့်သည်။

ဝေါင်း

ဗုန်း

Tyrannosaururax(ထရန်နိုဆောရက်စ်) က တိရစ္ဆာန်ရုံ၏ ဝင်ပေါက်မှ ခုန်ထွက်လာပြီး လူတိုင်း၏ အရှေ့တွင် ရပ်ကာ သွေးများ စိုရွှဲနေသည့် ပါးစပ်ကြီးကို ဟလျက် ဟိန်းဟောက်သည်။ သူ၏အေးစက်သော မျက်လုံးက လူတိုင်းကို စိုက်ကြည့်သည်။

“ ဒါ ဒါ ဒါ ဒါ ဒီနေရာမှာ ဘယ်လိုကြောင့် ဒီလိုသတ္တဝါကြီး ရှိနေတာလဲ။ ဒါက ဒါက မကောင်းဆိုဝါးပဲ။ စီမဟာမိတ်နယ်မြေက မကောင်းဆိုးဝါး မဟုတ်လား”

“ကယ်ကြပါ အား”

“ဒီနေရာကို မလာနဲ့နော်။ ဒီနေရာကို မလာနဲ့။ ငါက အတင်း အတင်း အကြပ်ကိုင်ခံရတာပါ။ မှားပါတယ်။ သူတို့ သူတို့က ငါ့ကို ပိုက်ဆံ ပေးလို့ ပိုက်ဆံ ပိုက်ဆံ ပေးလို့လာတာ”

ထိုသို့ဖြင့် ခံရသော လူတစ်ဖွဲ့က သူတို့၏ရှေ့တွင် ရပ်လျက်ရှိနေသော ကြီးမားသည့် ထရန်နိုဆောရက်စ်ကြီးကို မော့ကြည့်လျက် စူးရှစွာ အော်ဟစ်ပြီး ပြေးကြသည်။ ခဏခန့် အချိန်အတွင်းတွင်ပင် တိရစ္ဆာန်ဝင်ပေါက်အနီးရှိ အနက်ရောင်ဝတ်စုံနှင့်လူနှစ်ယောက်အပြင် သတင်းထောက်များသာ ကျန်သည်။

“ ကောင်းလိုက်တာ ပြန်ရအောင်”

“နဂါးအမေ တံခါးမှာပဲ ရပ်နေလိုက်။ တစ်ခုခု လုပ်ရဲရင်တော့ ဟီးဟီး”

ဆုပိုင်က အနက်ရောင်ဝတ်စုံနှင့် လူများကို အေးစက်သော မျက်လုံးဖြင့် ကြည့်ကာ အနောက်သို့ လှည့်လျက် အထဲသို့ ပြန်ဝင်သွားလိုက်သည်။

262 02

“ချီတာရိုခို ငါတို့ဘယ်လိုလုပ်ကြမလဲ”

“အလျင်စလို မလုပ်နဲ့။ ဒီကောင်ကြီးက ငါတို့ကို အသာလေး သတ်သွားနိုင်တယ်။ သတင်းထောက်တွေကိုပဲ အရင်ဆုံး ကြေငြာခိုင်းလိုက်”

“အရင်ဆုံး အရင်ဆုံး နောက်ဆုတ်ရင် ကောင်းမယ်ထင်တယ်”

ချီတာရိုကလည်း တံတွေးကို ခက်ခက်ခဲခဲ မြိုချရင်း တွန့်ဆုတ်ကာ နောက်ဆုတ်လိုက်သည်။

လူတစ်ယောက် သေပြီးနောက်တွင် အထဲမှ ထိုလူငယ်က သေချာပေါက် ထိတ်လန့်နေခဲ့မည်ဟု ထင်ခဲ့ခြင်း ဖြစ်သည်။ သူတို့ကသာ သေချာပေါက် ဖိအားကို ထပ်ထည့်လိုက်မည်ဆိုလျှင် သေချာပေါက်_ __

ဒါပေမဲ့ သေချာပေါက်_ _ _

မည်သို့ပင်ဆိုစေ ထိုလူငယ်က တိရစ္ဆာန်များအား လူအများကို သေအောင်ကိုက်သတ်ခိုင်းသော အကျင့်မျိုး ရှိနေမည်ဟု မထင်ထားမိချေ။ သူဟာ ဂရုကို မစိုက်ပေ။

နောက်ဆုံးတွင် ဆုပိုင်အမည်ရှိသော တရုတ်လူမျိုး၏ မျက်လုံးထဲမှ ရက်စက်မှုကို မြင်လိုက်ရသည်။

သူတို့သာ ထပ်ပြီး ရန်စမယ်ဆိုရင် သူတို့အရှေ့မှ အကောင်ကြီးက သူတို့ကို သတ်သွားလောက်တယ်။

ဟား ဟား နဂါးအမေက အကောင်းဆုံးပဲ။

ငှက်တောကလည်း ကြောက်လန့်တကြား ထွက်သွားသော လူတစ်အုပ်ကို ကြည့်လျက် ချီးကျူးသည်။

“လာ လာ လာ ဒီအလောင်းကို ဘေးဘက်ကို ပစ်လိုက်။ ဒါမှမဟုတ်ရင်လည်း နဂါးအမေ စားလိုက်မယ်”

ဝေါင်း

ထရန်နိုဆောရက်စ်က ထိုလူ၏ ခြေထောက်ကို လှမ်းဆွဲလိုက်ပြီး ခေါင်းကို ခါလျက် ဘေးဘက်သို့ လွှတ်ပစ်သည်။

“အား အား ကယ်ပါ”

မြေပြင်သို့ ပြင်းပြင်းထန်ထန် ပြုတ်ကျသွားသောအခါ ထိုလူသည် ကြောက်လန့်တကြား အော်သည်။

_ _ _

ဆုပိုင်က ရုံးခန်းထဲတွင် ထိုင်ပြီး လိမ္မော်၊ အဝါရောင် ကျည်ဆန်များ အပြည့်ပါသည့် ဗူးလေးများအား ကျောပိုးအိတ်ထဲသို့ အပြည့်ထည့်သည်။ ထို့နောက် ပစ္စတိုနှစ်လက်ကိုလည်း အင်္ကျီထဲသို့ ဝှက်ထားလိုက်ရင်း ကျောပိုးအိတ်အကြီးကြီးကို တဖြည်းဖြည်းချင်း လွယ်သည်။

“စနစ် စတော့”

“တင် ဆိုးယုတ်မှုကို ဖော်ထုတ်ခြင်း တာဝန်က စတင်ပါပြီ။ ဒီတာဝန်က ရေနေသတ္တဝါနှစ်မျိုးကို ကယ်ဆယ်ဖို့ လိုအပ်တယ်။ နောက်ပြီး အရမ်းကိုတော့ ခက်ခဲလိမ့်မယ်။ ဒီတော့ ကျေးဇူးပြုပြီး သတိထားပါ”

“ဒီတာဝန်က အောင်အောင်မြင်မြင် စတင်ပါပြီ”

ရေတွက်ပြီ

တစ်ဆယ်

ကိုး

ရှစ်

_ _ _

ဗုန်း

ဗုန်း

သူ၏မျက်လုံးမပွင့်ခင်ကတည်းက လှိုင်းပုတ်သံများကို ကြားနေရသည်။ ဆုပိုင်က သူ၏မျက်လုံးကို ဖွင့်သည်။ သူဟာ ဘက်စ်ကားနောက်ဆုံးတန်းတွင် ထိုင်နေခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။

သူ၏အရှေ့တွင် အမျိုးမျိုးသော အသားအရောင်နှင့် အမျိုးမျိုးသော လူပေါင်းများစွာက ထိုင်နေကြသည်။

“အားလုံးပဲ ခရီးဆောင်အိတ်တွေကို စစ်ကြနော်။ ခဏနေ ရောက်တော့မှာ”

ရောင်စုံအလံလေးကို ကိုင်ထားသော ချိုမြိန်သည့် ရုပ်ရည်ရှိသည့် အမျိုးသမီးက ဘက်စ်ကားရှေ့တွင် ရပ်ရင်း အလံကို ဆက်တိုက်ရမ်းနေရင်း အပြုံးနှင့် ပြောနေသည်။

262 03

“ဟယ်လို အားလုံးပဲ ငါကတော့ နင်တို့ရဲ့လမ်းညွှန် ခါဝမ်နာကိုပါ။ နင်တို့အားလုံး အခုလို လှပတဲ့ လင်းပိုင်ပင်လယ်အော်ကို လာရောက်တဲ့အတွက် ဝမ်းသာဂုဏ်ယူမိပါတယ်”

“ရောက်ပြီ အားလုံးပဲ အိမ်ကိုပြန်ပြီး ကူးခတ်သွားကြတဲ့ မရေမတွက်နိုင်တဲ့ လင်းပိုင်တွေကို တွေ့ကြပါလိမ့်မယ်”

“ နောက်ပြီး_ _ _”

“ဒီနှစ်ကလည်း စိတ်လှုပ်ရှားမှု အကောင်းဆုံးပွဲကတော့ မနက်ဖြန်မှာ စတင်မယ်”

“ဒါက လင်းပိုင်အမဲလိုက်ပွဲလေ”

ဆုပိုင်သည် သူ၏ဘေးဘက်တွင် ထိုင်နေသော ရွှေအိုရောင်ဆံပင်နှင့် လူအိုကြီးက ထိုနာမည်ကို ကြားသောအခါ စိတ်လှုပ်ရှားစွာ တုန်ယင်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကြောင်း မြင်လိုက်ရသည်။

“ဒါက ငါတို့တိုင်းပြည်ရဲ့ ထူးခြားတဲ့ပွဲတော်ပေါ့။ မရေမတွက် နှစ်ပေါင်းများစွာတိုင်အောင် ကျင်းပလာခဲ့ပြီးသား”

“ဒီက ခါဝမ်နာကိုက မင်းတို့ကို ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့ သတင်းကောင်း ရှိသေးတယ်”

ထိုငယ်ရွယ်သော လမ်းညွှန်၏ မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီသွားသည်။

“မနှစ်ကစပြီး လင်းပိုင်အမဲလိုက်အသင်းထဲ ဝင်ချင်ရင် ပိုက်ဆံပေးတာနဲ့ ဝင်လို့ရနိုင်နေပြီ”

“မနှစ်ကဆိုရင် ငါတို့ရဲ့ ဒေတာတွေအရ ငါတို့ရဲ့ ခရီးသွားတွေက လင်းပိုင် အကောင်ရေ ၁၁၉ကောင်နဲ့ ဝေလငါး နှစ်ကောင်ကိုတောင် သတ်နိုင်ခဲ့တာ။ ဒီတစ်ကြိမ်မှာတော့ ငါတို့အနေနဲ့ ဒီလောက်အရေးကြီးတဲ့ ပွဲတော်ကြီးကို လက်လွတ်မခံသင့်ဘူး”

“ငါလည်း ဒီတစ်ခေါက် ငါတို့ခရီးသွားတွေ အမဲလိုက်နိုင်တဲ့ ပမာဏက မနှစ်ကကို ကျော်လွန်ဖို့ မျှော်လင့်တယ်”

“အမဲလိုက်ပွဲမှာ ပါဝင်ချင်တဲ့သူရှိလား။ ကျေးဇူးပြုပြီး ဒီမှာလာပြီး စာရင်းသွင်းပေးပါ”

ထိုသို့ပြောပြီးနောက်တွင် ခါဝမ်နာကိုက ပြုံးလျက် လူတိုင်းကို (41:16)ဖြင့်လျက် စနောက်သည်။

“ဒီပွဲမှာ ပါဝင်တဲ့သူတွေက လင်းပိုင်အသားနဲ့ ဝေလငါး အသားကို ခုနှစ်ရက်လုံးလုံး အလကား မြည်းစမ်းလို့ ရမှာနော်။ အားလုံးပဲ လစ်လျူမရှုကြဖို့ မျှော်လင့်မိတယ်”

ထိုစကားများ ကြားပြီးပြီးချင်း ဘက်စ်ကားမှ လူတိုင်းက ရူးသွပ်သော အခြေအနေသို့ ရောက်သွားကြသည်။

“ဟား ဟား ဟား ငါက လင်းပိုင်သတ်ပွဲကို ပါဝင်ဖို့အတွက်နဲ့ အဝေးကြီးက လာခဲ့ရတာ။ ငါသာ ကိုယ်တိုင်ကိုယ်ကျ ဝေလငါးတစ်ကောင်ကို အမဲလိုက်သတ်နိုင်မယ်ဆိုရင် ဟွန့် ငါ တစ်ဘဝလုံးစာ ဂုဏ်ယူနိုင်မှာပဲ”

“အဖေ ဝေလငါးတွေကို သတ်တယ်ဆိုတာ ဘာလဲ။ ငါတို့လည်း ဝင်ပါလို့ရတာလား”

“လာ လာ ငါ့အတွက် စာရင်းသွင်းပေး။ ဒီလောက်စိတ်လှုပ်ရှားစရာကောင်းတဲ့ ပွဲကို ဝင်မပါလို့ ဖြစ်မလား။ ငါကြားရုံနဲ့ စိတ်လှုပ်ရှားနေပြီ။ ပိုက်ဆံဘယ်လောက် ဖြစ်ဖြစ် ကိစ္စမရှိဘူး”

“ဒါက တကယ်ကို သွေးသံရဲရဲ ဖြစ်မှာ။ ဒါပေမဲ့ ငါတို့ ဝေလငါးနဲ့လင်းပိုင်အသားကို စားနိုင်မယ်ဆိုရင် ငါတို့တစ်မိသားစုလုံး ဝင်ပါမှာပဲ။ ဒါပေမဲ့ ပင်လယ်ထဲကိုတော့ မထွက်ဘူး”

“ငါလည်း ဝင်ပါချင်တယ်။ ငါလည်း ဝင်ချင်တယ်။ လင်းပိုင်ဟုတ်လား ငါလည်း တစ်ကောင်လောက်ဖမ်းပြီး ပြန်သယ်သွားချင်တယ်”

ဆုပိုင်က လူအများ၏ ဆွေးနွေးမှုများကို နား‌ထောင်ပြီး အသက်ကို ပြင်းပြင်းရှူကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ် လိုက်သည်။ အချိန်အတန်ကြာပြီး လူများအားလုံး စာရင်းသွင်းပြီးနောက်မှ ဆုပိုင်က တဖြည်းဖြည်းချင်းစီ ထရပ်ပြီး လေးနက်သော လေသံနှင့် ပြောလိုက်သည်။

“ငါလည်း စာရင်းသွင်းမယ်”

“ကောင်းပြီ”

“မင်းက ဘယ်လက်နက်မျိုး လိုလဲ။ မှိန်းလား ဒါမှမဟုတ် “

“မှိန်းပဲပေးပါ”

ဆုပိုင်က ခေါင်းပင်လှည့်မကြည့်ပဲ ပြောလိုက်သည်။

“ဟွန့် ဘယ်လောက်တောင် ထူးဆန်းတဲ့သူလဲ”

ခါဝမ်နာကိုက သူ၏အရှေ့မှ ထူးဆန်းသော လူငယ်ကို ကြည့်ပြီး ထူးဆန်းကြောင်း ခပ်တိုးတိုး ပြောဆိုသည်။

++++++ 263 01

အခန်း 263

ယခင်နှစ်များတွင် ဒီလိုပွဲမျိုးတွင်ပါဝင်ခွင့်ရ‌သော လူငယ်တိုင်းက ခုန်ပေါက်သည်အထိ စိတ်လှုပ်ရှားလွန်းနေတတ်သည်။ ယခုလို မျက်နှာပျက်နေသော လူမျိုးကို မမြင်ဖူးချေ။

“အဟမ်း ငါလည်း ပါမယ်။ ဒါပေမဲ့ ငါက တစ်ချက်ပဲ ကြည့်ချင်ရုံပဲ။ လက်နက်တော့ မယူတော့ဘူး”

“ကောင်းပြီလေ”

ထိုအချိန်တွင် ရွှေအိုရောင်ဆံပင်နှင့် လူကြီးက သူမ၏အနားသို့ လာပြီး တုန်ယင်သော လေသံနှင့် ပြောသည်။

သူ၏ တစ်ကိုယ်လုံးကပင် အနည်းငယ် တုန်ယင်နေသည်။

“ နောက်ထပ်ကြောင်တောင်တောင်နိုင်တဲ့ လူတစ်ယောက်”

ခါဝမ်နာကိုက အားလုံးကိုရေတွက်ပြီးနောက်တွင် ဒီကားပေါ်တွင် ပါလာသော လူတိုင်းက ဒီပွဲကို ပါဝင်ချင်ကြောင်း တွေ့လိုက်သဖြင့် သူမက ရယ်သည်။

“ဒီတစ်ကားလုံးစာ လက်မှတ်ရောင်းနူန်းနဲ့ဆိုရင် ငါတော့ ပိုက်ဆံအများကြီး ရမှာပဲ။ ဒီလိုဆိုရင် ငါးရှဉ့်ထမင်း အများကြီးဝယ်လို့ ရပြီ”

“အားလုံး တည်းခိုကြမဲ့ ဟော်တယ်က သိပ်မကြာခင် ရောက်တော့မှာဆိုတော့ တစ်ညတာ အနားယူပြီးတာနဲ့ မနက်ဖြန်မနက် လက်နက်တွေယူဖို့ ကမ်းစပ်ကို တိုက်ရိုက်သွားကြတာပေါ့။ လင်းပိုင်တွေက ပြန်ကူးခတ်လာတဲ့အခါမှာ ငါတို့ ငါးဖမ်းသမားတွေနဲ့အတူ တိုက်ရိုက်ထွက်ခွာလို့ ရပြီ”

“ဒါပေမဲ့”

ထိုသို့ပြောပြီးနောက်တွင် ခါဝမ်နာကို၏ မျက်နှာက ရုတ်တရက်လေးနက်သွားသည်။

“ဝေလငါးတွေကို အမဲလိုက်တာကတော့ အတော်လေး အန္တရယ်များတယ်။ နင်တို့တွေ ငါးဖမ်းသမား ညွှန်ကြားကို လိုက်နာမှ ဖြစ်မယ်။ နင်တို့တကယ် ကြောက်တတ်တယ်ဆိုရင်တော့ ငါးဖမ်းသမားတွေနဲ့အတူ အမဲလိုက်ပေါ့”

“ကောင်ပြီး အားလုံးပဲ စပြီး အနားယူလို့ရပြီ။ ခဏနေ ရောက်တော့မယ်”

ထို့နောက် ကားတစ်စီးလုံးက အမျိုးမျိုးသော ဆွေးနွေးမှုများနှင့် ပြည့်နှက်သွားသည်။ အများစုကမူ လင်းပိုင်များကို မည်သို့သတ်သင့်ကြောင်း ဆွေးနွေးနေကြသည်။်အားလုံးက တစ်ကောင်တစ်ချက်နူန်းဖြင့် မည်သို့မည်ပုံ တိုက်ခိုက်ကာ သတ်ဖြတ်မည်ဖြစ်ကြောင်း ဆွေးနွေးနေကြသည်။ ဝေလငါးသာဆိုလျှင် မည်သည့်တိုက်ကွက်က သက်ရောက်မှုရှိမည်နည်းဟု မေးသည့်သူများပင် ရှိ၏။

ဆုပိုင်ကလည်း သူ၏ရင်ဘတ်က တင်းကြပ်လာသလို ခံစားလိုက်ရပြီး ပြတင်းပေါက်ကိုပင် ဖွင့်လျက် အသက်ပြင်းပြင်း ရှူလိုက်သည်။

သူဟာ အဝေးရှိ မိုးပြာရောင်ပင်လယ်ပြာကြီးကို ကြည့်ပြီး အချိန်အတန်ကြာအောင် တိတ်ဆိတ်သွားသည်။

ထို့နောက် ကြီးမားသော ဝေလငါးအမြှီးကြီးက ပင်လယ်ထဲမှ မြှောက်တက်လာသည်။

ဘန်း

ဟူး

သက်ပြင်းရှည်ကြီးကို ချသည်။

သူ စိုးရိမ်တာက ဒီနေ့ မရေမတွက်နိုင်သော ပင်လယ်ငါးရှဉ့်ပေါက်ပေါင်းများစွာက ဒီနေရာကို ပြန်ကူးလာလောက်သည်။ သို့သော် သူတို့သည်လည်း မနှစ်က ဒီနေရာသို့ ပြန်လာခဲ့‌သော် သူတို့၏ အပေါင်းအဖော်ပေါင်းများစွာကို သတ်သွားခဲ့‌သော လူသားများက သူတို့ကို စောင့်နေလိမ့်ဦးမည်ဟု မတွေးထားကြလောက်ချေ။

“ကောင်လေး မင်းက ဘာလို့ ဒီဝေလငါးသတ်ပွဲတော်ကို လာတာလဲ”

ရုတ်တရက် ဘေးဘက်မှ ရွှေအိုရောင်ဆံပင်နှင့်လူက တဖြည်းဖြည်းချင်းစီ ပြောသည်။

“ငါ့ရဲ့နာမည်က စစ်ဟိုရိုပါ”

“မနက်ဖြန် မင်း အဲ့မှိန်းကို ချထားဖို့ တောင်းဆိုချင်တယ်”

“ဒီအမဲလိုက်ပွဲတွေက အသိဉာဏ်မရှိဘူး။ ဝေလငါးတွေကို မျိုးတုံးပျောက်ကွယ်စေလိမ့်မယ်။ ငါက _ _ _ထားလိုက်ပါ။ ငါ အများကြီး ပြောမိတာ အားနာပါတယ်”

အရှေ့မှ လူငယ်က မလှုပ်ရှားကြောင်း မြင်လိုက်သောအခါ စစ်ဟိုရိုကလည်း ခေါင်းကိုအသာခါလျက် စိတ်ဓာတ်ကျစွာနှင့် ခေါင်းလှည့်သွားသည်။

ဆုပိုင်က သူ့ကို ကြည့်ပြီး ဘာစကားမှ မပြောလိုက်ချေ။

ဖြစ်နိုင်မည်ဆိုလျှင် ဒါက ဒီနေရာကို လာသည့် တစ်ဦးတစ်ယောက်ကတော့ လင်းပိုင်တွေကို ကာကွယ်ချင်လောက်မှာပဲ။ ဒါပေမဲ့_ _ _

ဒီလိုအလုံးအရင်းနဲ့ အမဲလိုက်မှုမျိုးကို ကြုံရတဲ့အခါ လူတစ်ယောက်ရဲ့အင်အားက သေးငယ်လွန်းတယ်။

263 02

ကားက တဖြည်းဖြည်းချင်းစီ ရှေ့ဆက်သွားသည်။ ဆုပိုင်က နောက်ဆုံးတွင်ထိုင်ရင်း စနစ်၏ တိုက်ရိုက်ထုတ်လွှင့်မှုဇယားကို လှမ်းဆွဲရင်း ကြည့်လိုက်သည်။

ငါးမန်းတိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းဖြင့် ရှင်းလင်းမှုအောက်တွင် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းအတွင်း တိရစ္ဆာန်များနှင့် ပတ်သက်သော မကောင်းပြောသော မှတ်ချက်များက တိုက်ရိုက်အပိတ်ခံရပြီးသား ဖြစ်သည်။

ထို့ကြောင့် ကျန်နေရစ်သော သူများက တိုက်ရိုက်ထုတ်လွှင့်မှု အခန်းအတွင်း ဖြစ်ရပ်များကို ကူကယ်ရာမဲ့စွာသာ ကြည့်နေရသည်။

[ဒါရိုက်တာဆုပိုင် အဆင်ပြေဖို့ မျှော်လင့်တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ် တိုက်ရိုက်ထုတ်လွှင့်မှုက အပြုံးနတ်သားအကြောင်း မဟုတ်လား]

[ငါ သေချာကြည့်ပြီးပြီ။ ဒီကားထဲမှာ လူအယောက်လေးဆယ် နီးပါး ရှိတယ်။ သူတို့အားလုံးက ဒီပွဲမှာ ဝင်ပါမှာတဲ့။ ငါတော့ ဒါက တအားကြောက်ဖို့ကောင်းတယ်လို့ ထင်တယ်]

[ဘယ်လိုကြောင့် ဒီလိုပွဲမျိုး ရှိနေတာလဲ။ နောက်ပြီး ဒီလူတွေက မရှက်ကြဘူးထင်တယ်။ သူတို့ဖမ်းမိမဲ့ အရေအတွက်ကလည်း မနည်းနိုင်ဘူး။ ဒါက ဘယ်လောက်ကြောက်ဖို့ ကောင်းလိုက်လဲ ]

[ငါ မနက်ဖြန် ဒီတိုက်ရိုက်ထုတ်လွှင့်မှုကို ဆက်ကြည့်နိုင်မလားတောင် မသိဘူး။ ဒီလောက်တိရစ္ဆာန်တွေ အများကြီး အသတ်ခံရမဲ့ အခြေအနေကို အရေးကို တွေးမိရုံနဲ့တင် ငါ ငါ တောင့် ငါ မခံနိုင်လောက်ဘူး]

[ငါလည်း ခံစားချက် မကောင်းဘူး။ ဒါပေမဲ့ ဒါရိုက်တာဆုပိုင်ကိုတော့ အားပေးတယ်။ ဒီတိုင်းပြည်ရဲ့ ရက်စက်မှုကို ထုတ်ပြပြီးတဲ့နောက်မှာ သူတို့ဘာပြောမလဲ ကြည့်ကြတာပေါ့]

[ဟုတ်တယ် မနေ့ကလေးတင် ငါ့ရဲ့ကလေးတွေကို စာကြည့်တိုက်ကို ခေါ်သွားပြီး အချက်အလက်တွေ ရှာခဲ့သေးတယ်။ ဒါရိုက်တာဆုပိုင်ပြောတာ မှန်နေတယ်။ ဒီလိုဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်မျိုး အမှန်တကယ် ဖြစ်ပျက်ခဲ့ဖူးတယ်။ နောက်ပြီး ပိုပြီးအံ့ဩဖို့ကောင်းတာက နှစ်တွေ အများကြီးဖြစ်ခဲ့တာပဲ]

[ဘယ်လိုတောင် သားရဲတစ်အုပ်လဲ။ တိရစ္ဆာန်တွေကိုတောင် ဖျော်ဖြေမှုလိုမျိုး ပေါ်တင်သတ်ဖြတ်ပွဲ ကျင်းပစေသေးတယ်။ ဘယ်လိုတောင် လူမဆန်လိုက်တာလဲ]

_ _ _

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ကြည့်ရှုသူများက တိုက်ရိုက်ထုတ်လွှင့်မှု စတင်ချိန်ကတည်းက အပြေးအလွှား စတင်ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် လမ်းညွှန်၏ စကားပြောမှုကို နားထောင်ပြီးနောက် အားလုံးက မှင်သေသွားကြသည်။

လတ်စသတ်တော့ ဒီလိုကိုး။

သူတို့က ဝေလငါးနှင့် လင်းပိုင်တို့ အမဲလိုက်တာမျိုးတောင် မဟုတ်ပဲ ခရီးသွားတွေကိုတောင် ဝင်ပါခိုင်းသေးတယ်။ ဒီလိုနဲ့ သတ်ဖြတ်နိုင်တဲ့ အ‌ရေအတွက်ကိုတောင် ပြိုင်ပွဲအဖြစ် သုံးချင်နေတာ။

ဘယ်လိုပြောရမလဲ။ ဒါက ဒါက ရက်စက်လွန်းတယ်။ စာနာမှုကို မရှိဘူး_ _ _

တိုကျို

အကြီးမားဆုံးသော ပြည်သူ့ပန်းခြံ

ကြားရက်များတွင် ထိုကွင်းပြင် တစ်ခုလုံးက အချိန်နှင့်တပြေးညီသွားလာနေသော လူများရှိသည်။ နေပူဆာလှုံသောသူများ၊ လေ့ကျင့်ခန်းလုပ်သောသူများ၊ ကလေးများကို ခေါ်လျက် ပျော်စားပွဲထွက်သောသူများ၊ အပျော်ရှာသောသူများလည်း ရှိတတ်သည်။

ဒီနေ့တွင်မူ _ _ _

ထိုလူတိုင်းက ကွင်း၏အလယ်ဗဟိုတွင် တိတ်တဆိတ်ရပ်လျက် သူတို့၏အရှေ့မှ ကြီးမားလွန်းသော ပရိုဂျက်တာကြီးကိုသာ ကြည့်နေကြသည်။

လေထုအခြေအနေက အလွန်အမင်းစိတ်ဓာတ်ကျဖွယ်ရာ ဖြစ်သည်။ မည်သူကမှ စကားမပြောကြချေ။ လူတိုင်းက တိတ်နေကြသည်။ သူတို့၏အရှေ့မှ မြင်ကွင်းကို ရုပ်သေးရုပ်များလို ကြည့်နေကြသည်။

“ဝူး ဝူး ဝူး”

ထိုအချိန်တွင် ဆံပင်ကို ဘေးနှစ်ဖက် ခွဲစည်းထားသော ကောင်မလေးတစ်ယောက်က အဖိုးဖြစ်သူ၏လက်ကို ယမ်းခါရင်း ငိုသည်။

“ဘာဖြစ်လို့လဲ နေလို့မကောင်းလို့လား”

အဘိုးကြီးကလည်း ခပ်မြန်မြန် ဆောင့်ကြောင့်လေးထိုင်လျက် ခပ်တိုးတိုး မေးသည်။

“ဘာဖြစ်လို့လဲ။ ဝူး ဝူး အဘိုး ငါ ငါ သူတို့ သူတို့တွေကို လင်းပိုင်တွေ မသတ်စေချင်ဘူး။ ရမလား”

“ဒါရိုက်တာ ဆုပိုင်က ပြောတယ်။ လင်းပိုင်တွေက ကလေးတွေကို အရမ်းကြင်နာတာတဲ့။ တိရစ္ဆာန်ရုံထဲက တိရစ္ဆာန်လေးတွေလိုပဲလို့ ပြောတယ်”

263 03

“သူတို့က ဘာလို့ လင်းပိုင်တွေကို သတ်မှာလဲ။ ဘာလို့လဲ”

“အဘိုး ကျေးဇူးပြုပြီး သူတို့ကို လင်းပိုင်တွေကို မသတ်ပါနဲ့လို့ ပြောပေးနိုင်မလား။ ရှောင်တင့်ကလေ ဝက်ဘဏ်လေးထဲမှာ ပိုက်ဆံတွေ အများကြီးရှိတယ်။ သူတို့ကို ပေးလိုက်မယ်လေ”

“ဝူး ဝူး ဝူး အဘိုး သူတို့ကို လင်းပိုင်တွေကို မသတ်ဖို့ ပြောပေးပါ”

“ငါ _ _ _ “

အဘိုးကြီးက မြေးမလေးကို တင်းတင်းကြပ်ကြပ်ဖက်ရင်း မျက်လုံးများက ဝေဝါးလာသည်။

“လိမ္မာတဲ့ကလေး”

“ဒါရိုက်တာဆုပိုင်က လင်းပိုင်တွေကို သေချာပေါက် ကယ်မှာပါ”

“အား ကလေးတောင်မှ လင်းပိုင်တွေကို ဘယ်လိုစာနာရမလဲ သိတယ်။ ဒီလူတွေက သံမဏိ နှလုံးသားပိုင်ရှင်တွေလား”

“ဝူး ဝူး ဘယ်လောက် တော်တဲ့ ကလေးလဲ။ ဒါရိုက်တာဆုပိုင်ကို သေချာပေါက် ထောက်ပံ့အားပေး ကူညီရမယ်”

“မနက်ဖြန်က သွေးလွှမ်းတဲ့ရက် ဖြစ်လောက်တယ်။ ဘယ်လောက်များများ လင်းပိုင်တွေ သတ်ကြမလဲဆိုတာ ငါ တွေးတောင်မတွေးရဲဘူး။ အဲ့ဒီနောက် _ _ _”

အနားတွင် ရပ်နေသော လူများကလည်း ကလေးမလေး၏ အော်သံကို ကြားမှသာ စတင်ကာ လှုပ်ရှားကြပြီး မျက်ရည်များ ကျလာကြတော့သည်။

တရုတ်နိုင်ငံတွင် တိုက်ရိုက်ထုတ်လွင့်ပြီးနောက်တွင် ဆုပိုင်၏ တိုက်ရိုက်ထုတ်လွှင့်မှုကို နေရာတိုင်းတွင် မြင်နိုင်မည်ဖြစ်သည်။ တရုတ်တစ်နိုင်ငံလုံး _ _ _အလုပ်ခွင်၊ အိမ်ပြင်ပ _ _ _ သို့မဟုတ် ရထားဘူတာများတွင်ပင် မြင်နိုင်ကြမည်ဖြစ်သည်။ ထို့ကြောင့် လူတိုင်းက တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြပြီဟု ပြောရပေမည်။

လမ်းညွှန်၏ ပါးစပ်မှထွက်လာသော မနှစ်က အမဲလိုက်ရလဒ်ကို ကြားရုံနှင့်ပင် လူတိုင်းက စိုးရိမ်ကြောင့် ကြလာကြသည်။

ဒါသာ တကယ်ဆိုရင်

_ _ _

မနက်ဖြန် လင်းပိုင်နဲ့ ဝေလငါး ဘယ်လောက်များများ သေရဦးမှာလဲ။

_ _ _

လင်းပိုင် ပင်လယ်အော်

ကြယ်ငါးပွင့် ဟိုတယ်

မှေးမိန်သော အခန်းအတွင်း _ _ _

စီဟိုရိုက ကြမ်းပြင်မှ မျက်နှာကျက်အထိ မြင့်မားသော ပြတင်းပေါက်ကြီး အရှေ့တွင် တိတ်တဆိတ်ရပ်ပြီး အဝေးရှိ ပင်လယ်ပြင်ကြီးကို ကြည့်သည်။

ဟူး ဟူး

သူသည် အသက်ပြင်းပြင်းရှူလျက် ဘေးဖက်ရှိ စားပွဲခုံတွင်သာ ထိုင်ချလိုက်သည်။ ထို့နောက် သူ၏ အဝတ်များထဲမှ အဝါရောင် ဓာတ်ပုံလေးကို ထုတ်သည်။ ဓာတ်ပုံထဲတွင် ပင်လယ်‌ပေါ်တွင် မျောလွင့်နေသော လူဖြူ အမျိုးသမီးတစ်ယောက်ကို မြင်ရမည်ဖြစ်သည်။ သူမကို အဖြူရောင် လင်းပိုင်လေးတစ်ကောင်က ဝိုင်းရင်း ပျော်ရွှင်စွာဖြင့် ပြုံးနေသည်။

သူဟာ သူ၏လက်ကို တုန်ယင်စွာ ဆန့်ထုတ်လိုက်ပြီး အမျိုးသမီး၏မျက်နှာကို အသာပွတ်သပ်သည်။

ထို့နောက် သူ၏မျက်လုံးထဲမှ မျက်ရည်တစ်စက်က ဓာတ်ပုံပေါ် ကျသွားသည်။

“စီရာ”

စီဟိုရိုက ခပ်တိုးတိုး ရေရွတ်ပြီး ဓာတ်ပုံကို ရင်ဘက်နားသို့ ခပ်တင်းတင်းကပ်လျက် ငိုနေသည်။

“ငါ တောင်ပန်ပါတယ်”

“ငါ မင်းရဲ့ နောက်ဆုံးဆန္ဒကို မဖြည့်ဆည်းပေးနိုင်လောက်ဘူး”

“ငါ ငါတို့ရဲ့ နတ်သားလေးကို မကာကွယ်နိုင်ဘူး”

“ဘာလို့လဲ ဘာလို့ ဒီလူတွေက ဒီလိုလုပ်ကြတာလဲ။ လင်းပိုင်တွေက ငါတို့ရဲ့အသက်ကို ကယ်ပေးတာ။ ဒါပေမဲ့ ငါက ပြန်မကယ်နိုင်ဘူး”

အချိန်အတော်ကြာပြီးနောက်တွင် စီဟိုရိုက စိတ်ငြိမ်သွားသည်။ ထို့နောက် ဓာတ်ပုံထဲမှ အမျိုးသမီးကို ကြည့်လျက် ခပ်တိုးတိုး ကတိပေးလိုက်သည်။

263 04

“ဘယ်လောက်ပဲ ပေးရပေးရ ငါတို့ရဲ့ နတ်သားလေးတွေကို မသတ်အောင် ငါ သေချာပေါက် တားမှာပါ”

“ငါရဲ့ အသက်ကို စတေးရမယ် ဆိုရင်တောင်မှ”

“စီရာ ငါ ဖြစ်နိုင်တာက သိပ်မကြာခင် မင်းကိုလာပြီး အဖော်ပြုပေးရလောက်တယ်။ နောက်ပြီး ငါတို့အားလုံးနဲ့ ထပ်တူသေဆုံးသွားတဲ့ လင်းပိုင်တွေကိုရောပေါ့”

“ငါ သိပ်မကြာခင် ‌ရောက်လာရလောက်တယ်။ ငါ့ကို စောင့်နေ”

“ဒီအခြေအနေက လူတိုင်းရဲ့ အာရုံကိုတော့ ဆွဲဆောင်နိုင်လောက်မှာပါ။ အခုကစပြီး ဒီလို ရက်စက်တဲ့ အပြုအမူတွေကို ဘန်း သင့်တယ်။ ငါ ကတိပေးတယ်။ နောက်ပြီး ဒါက ငါတို့ ဒီနတ်သားလေးကို ပေးတဲ့ ကတိလည်းဟုတ်တယ်”

တစ်ခန်းလုံးက အမှောင်ထုထဲသို့ ကျရောက်သွားသည်။ အသက်အရွယ်ကြီးရင့်သော လူကြီးက ပြတင်းပေါက်၏ အရှေ့တွင်ထိုင်ရင်း ပင်လယ်သို့သာ တိတ်တဆိတ် ကြည့်နေသည်။

ဖြစ်နိုင်တာက မနက်ဖြန်က သူ့ရဲ့ နောက်ဆုံးနေ့ရက် ဖြစ်လောက်တယ်။ ဒါပေမဲ့လည်း _ _ _

စီဟိုရိုဟာ အချိန်အတန်ကြာအောင် တစ်ယောက်ထဲ ရှင်သန်ခဲ့ရသည့်အတွက် နောင်တမရဖူးချေ။ သူသည် နှစ်တိုင်းလိုလို လင်းပိုင်သတ်ပွဲသို့ ရောက်လာပြီး အကြံများ လာပေးတတ်သည်။ သို့သော် အသုံးမဝင်ခဲ့ပါပေ။

ဒီနှစ်တွင်မူ သူသည် မည်သည့်အကြံကိုမျှ မပေးလိုတော့ပေ။ သွေးဖြင့် သတိပေးချက်က လက်ဆက်သော အမဲလိုက်ပွဲအား လက်လျေ့ာ‌စေနိုင်လောက်သည်။

တစ်ချိန်တည်းတွင်ပင် လင်းပိုင်များကိုလည်း အသက်ရှင်ရန် အခွင့်ရေးတစ်ခု ပေးနိုင်လောက်သည်။ ဒီနည်းအားဖြင့် သူ့ကိုလည်း အသက်ဆက်ရှင်ရန် အခွင့်ရေးတစ်ခု ပေးနိုင်လောက်သည်။

_ _ _

ဟူး

ဆုပိုင်က နူးညံ့သော သဲများပေါ်တွင် လမ်းလျှောက်ရင်း သူ၏အရှေ့မှ ပင်လယ်ပြင်ကြီးကိုသာ ကြည့်လေသည်။ မနက်ဖြန်ဟာ လင်းပိုင်သတ်ပွဲဖြစ်သည်။

သူ၏ ယခင် နားလည်မှုအရ ဆုပိုင်သည်လည်း မနက်ဖြန်မှစတင်ပြီး ငါးဖမ်းသမားတစ်ဖွဲ့က လှေများကို အသုံးပြုလျက် ဝေလငါးများအား ရေတိမ်သော နေရာအား မောင်းမည်ဖြစ်ကြောင်း သိထားသည်။ သို့ရာတွင် _ _ _

အစပိုင်းတွင် လင်းပိုင်အဖွဲ့က တစ်ကမ္ဘာလုံးအနှံ့မှ လင်းပိုင်လေ့ကျင့်သူများ၏ ရွေးချယ်ခံရပြီးနောက် ခေါ်သွားခံရပြီဖြစ်သည်။ ထို့နောက် သတ်ဖြတ်မှုက စတင်ပေလိမ့်မည်။

မရေမတွက်နိုင်သော လှေငယ်လေးများက ပင်လယ်ထဲသို့ ဝင်ရောက်ပြီး မှိန်းများကို အသုံးပြုလျက် လင်းပိုင်များကို သေအောင်ထိုးသတ်ကြပေလိမ့်မည်။ တင်ပြချက်များအရ ထိုအချိန်မျိုးတွင် ပင်လယ်ပြင်တစ်ခုလုံးက နီရဲနေတက်သည်ဟု ဆို၏။ ထို့နောက်

ခရီးသွားများက ရောက်လာပေလိမ့်မည်။ လူမဆန်သော အလုံးအရင်း သတ်ဖြတ်မှုက ခြောက်လခန့်အထိ ကြာပေလိမ့်မည်။

“သေစမ်း”

ဆုပိုင်က ပင်လယ်ပြင်ကို ကြည့်ကာ အော်လိုက်သည်။

ရလဒ်ကို သိနေသော်လည်း မည်သို့မျှ မပြောင်းလဲနိုင်ကြောင်း နားလည်လိုက်ခြင်းက ပို၍ နာကျင်ရသည်။

သူသည် ဒီတိုက်ရိုက်ထုတ်လွှင့်မှုဖြင့် ထိုလူများကို တားနိုင်လောက်သည်။ သို့သော် _ _ _ နောက်နှစ်ဆိုရင် ဘယ်လိုလဲ။ နောက်ပြီး နောက်ထပ်တစ်နှစ် ဆိုရင်ရော။ နောက်ထပ်တစ်ကြိမ်ဆိုရင် ဘယ်လိုလဲ

ဒီပွဲမျိုး မပျောက်ပျက်သမျှ ဒီတိုင်းပြည်အစိုးရက မဘန်းသမျှ လင်းပိုင်များကို သတ်ဖြတ်မှုက ရပ်တန့်သွားလိမ့်မည် မဟုတ်ပေ။

“အား အား အား”

“ငါ့ကို ကယ်ပါ။ ငါ့ကို ကယ်ပါ”

ရုတ်တရက် ဆုပိုင်နှင့် မဝေးသော ကမ်းစပ်တစ်နေရာမှ ကလေးတစ်ယောက်၏ အော်သံမျိုးကို ကြားလိုက်ရသည်။ ဆုပိုင်က မှင်သက်နေရာမှ ရုတ်တရက် ဒါဟာ မည်သည့်သတ္တဝါဖြစ်ကြောင်း သိလိုက်သည်။ သူဟာ ပင်လယ်ထဲသို့ ခပ်မြန်မြန် အပြေးအလွှားသွားပြီးနောက်တွင် အသံလာရာသို့ သွားလိုက်လေသည်။

++++++

264 01

အပိုင်း 264

ပင်လယ်ရေများသည် ညအချိန်ဆိုလျှင် အလွန်အမင်း အေးသွားလေသည်။ ဆုပိုင်က အဝေးရှိ သန္တာကျောက်တန်းများ ရှိရာဘက်သို့ လျင်မြန်စွာ ကြည့်လိုက်သည်။

ထိုအချိန်တွင် လင်းပိုင်တစ်ကောင်က ထုတ်လွှင့်နေသော အသံမျိုးပင် ကြားရသည်။ အတွင်းကျကျ ပြောရသော် ယခုလို ရေတိမ်သော ကမ်းစပ်မျိုးတွင် မည်သည့်လင်းပိုင်မှ မလာနေသင့်ပေ။

သို့ရာတွင် ယခုအသံကို ကြားရကတည်းက ဖြစ်နိုင်ချေ တစ်ခုသာ ရှိသည်။ ဝေလငါးလင်းပိုင်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီး လှိုင်းများဖြင့် အပုတ်ခံရပြီး ဒီနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်လောက်သည်။

ဆုပိုင်က ဓာတ်မီးကို ထုတ်လျက် တဖြည်းဖြည်းချင်းစီ လိုက်သည်။ ထို့နောက် သန္တာကျောက်တန်းရှိရာဘက်သို့ တစ်လှမ်းချင်းစီ လျှောက်သွားလိုက်သည်။

“အား အား”

လင်းပိုင်၏ အော်သံက ကလေးအော်သံမျိုးနှင့် တူသည်။

ဆုပိုင်သည် သန္တာကျောက်တန်းကို တစ်ပတ် ပတ်လျှောက်လိုက်သောအခါ သန္တာကျောက်တန်းလေးပေါ်တွင် သွေးများစိုရွှဲလျက် လဲနေသော လင်းပိုင်ငယ်လေးက ငယ်သံပါအောင် အော်နေကြောင်း တွေ့လိုက်ရသည်။ သူဟာ သူ၏အရှေ့မှ လူသားကိုလည်း ကူကယ်ရာမဲ့စွာ ကြည့်၏။

သို့ရာတွင် သူဟာ ကြောက်စရာကောင်းသော တစ်စုံတစ်ရာကို မြင်ရသလိုမျိုး ခန္ဓာကိုယ်ကို ဆက်တိုက်ဆိုသလို လိမ်တွန့်ပြီး ပင်လယ်အတွင်းသို့ ပြန်ခုန်ဆင်းရန် ကြံစည်၏။

“မကြောက်နဲ့”

ဆုပိုင်က အနားသို့ တဖြည်းဖြည်း လျှောက်သွားလိုက်ပြီး သူ၏ဘေးနားတွင် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ ခပ်တိုးတိုး ပြောလိုက်သည်။

လင်းပိုင်လေးက သူ၏အရှေ့မှ လူသားကို အံ့အားသင့်မှုအချို့ဖြင့် ကြည့်သည်။

သူသည်လည်း ထိုလူသားဟာ သူနှင့် ဆက်သွယ်နိုင်မည်ဟု မထင်ထားလောက်ပေ။ ထိုလူသား၏ မျက်လုံးထဲတွင် သူ့ကို ကြောက်လန့်စေသော အကြည့်မျိုးက ရှိမနေခဲ့ပါပေ။ အနှစ်ချုပ်ဆိုရသော် ကိုယ့်ကိုယ်ကို အပြစ်တင်မှုများသာ ပြည့်နေသည်။

ဘာလို့ ကိုယ်ကိုယ်ကို အပြစ်တင်တာလဲ။

“နင်_ _ _ငါ့ကို ငါ့ကို အမဲမလိုက်ဘူးလား”

ထိုလင်းပိုင်ငယ်လေးက တစ်ခဏခန့် တုန့်ဆိုင်းသွားပြီးနောက်တွင် အသံလှိုင်းများမှတစ်ဆင့် သတင်းစကား ပြန်ပို့လာသည်။

ဆုပိုင်က သူ၏ ကြောက်မက်ဖွယ်ကောင်းသော ဒဏ်ရာများကိုကြည့်ပြီး အသက်ကို ပြင်းပြင်းရှူလိုက်ကာ ခေါင်းကို လေးနက်စွာ ခါသည်။

“မလိုက်ဘူး ငါ ဒီကိုလာတာ မင်းတို့ကို ကယ်ဖို့”

ထိုလင်းပိုင်ပေါက်လေးက ပင်လယ်ပြင်အတွင်းရှိ သံမဏိလှံတိုများ ပြည့်နှက်တစ်ခုနှင့် ရိုက်မိခဲ့ခြင်း ဖြစ်လောက်မည်။ သူသည် အပြင်သို့ ထွက်လာရန် ရုန်းကန်ခဲ့ရလောက်၏။ ထို့ကြောင့် ထိုသို့ဒဏ်ရာရခဲ့ခြင်း ဖြစ်နိုင်သည်။

ကြည့်ရသည်မှာ ထိုလူများက ဒီပင်လယ်နယ်မြေကြီးတစ်ခုလုံးကို ပိတ်လှောင်နေပြီး လောက်လေပြီ။ သူတို့အခု (2:35)သမျှက မနက်ဖြန်မနက် ရောက်သည်အထိစောင့်ပြီး ထိုလင်းပိုင်များအားလုံးကို ပို၍တိမ်သော ပင်လယ်အော်သို့ တွန်းပို့ရန်သာ ရှိလောက်သည်။

“မလှုပ်နဲ့”

ဆုပိုင်က တစ်ခဏခန့် တွေးတောပြီးနောက်တွင် ထိုအကောင်လေးကို လက်မောင်းထဲတွင် ထည့်ကာ ပွေ့ဖက်လျက် ထိုကျောက်တန်းပေါ်မှ မတင်လိုက်သည်။ထို့နောက် တစ်ဖက်သို့ ပြန်လှည့်ပြီး ဟော်တယ်သို့ အမြန်ပြေးလိုက်သည်။ လင်းပိုင်လေးက ဆိုးဆိုးရွားရွား ဒဏ်ရာ ရထားလေရာ ပင်လယ်ထဲသို့ ပြန်ထည့်၍ မရပေ။

မနက်ဖြန်ဆိုလျှင် ထိုလူများက အလုံးအရင်းဖြင့် အမဲလိုက်ကြပေမည်။ ထိုအကောင်လေးကိုသာ ဒီလောက်ပြင်းထန်သော ဒဏ်ရာမျိုးဖြင့် ပြန်ထည့်လိုက်မည်ဆိုလျှင် မနက်ဖြန်ဆိုလျှင် တန်း၍ အသတ်ခံရပေမည်။

ဆုပိုင်က လမ်းတောက်လျောက် အပြေးသွားသည်။ သိပ်မကြာခင် အချိန်အတွင်း ဟော်တယ်၏ ဝင်ပေါက်သို့ ရောက်သွား၏။ အဝေးမှ ကြည့်ပြီး သူဟာ ဝင်ပေါက်မှ ဧည့်ကြိုကောင်တာကို လှမ်းအော်လိုက်သည်။

“ရေကူးကန် ဘယ်မှာလဲ”

264 02

ထိုဧည့်ကြိုကောင်တာကလည်း ဆုပိုင်၏လက်မောင်းထဲမှ လင်းပိုင်လေးကို ကြည့်ပြီး မျက်နှာက ပြောင်းလဲသွားသည်။ ထို့နောက် အလျင်အမြန် တားသည်။

“ဟယ်လို ဧည့်သည် လင်းပိုင်သတ်ဖြတ်ပွဲက မနက်ဖြန်ထိ စမှာ မဟုတ်ဘူးနော်။ နောက်ပြီး ဒီကောင်က သွေးတွေလည်း စိုရွှဲနေတာ။ မင်းအနေနဲ့ သူ့ကို ဟော်တယ်ထဲ သယ်လာလို့ မရဘူး။ အဲဒီလိုမှ မဟုတ်ရင် လျော်ကြေးပေးရလိမ့်မယ်”

“ပေါက်ကရတွေ ပြောမနေနဲ့တော့”

ဆုပိုင်က ချက်ချင်းလိုလို စိုက်ကြည့်ပြီး အော်လိုက်သည်။

“ဘယ်လောက် ပေးရမလဲ။ ငါ အားလုံးပေးမယ်။ ရေကူးကန်ဘယ်မှာလဲ ဆိုတာကိုသာ ပြော”

ထိုသို့ပြောပြီးနောက် သူဟာ လင်းပိုင်လေးကို လက်တစ်ဖက်တည်းဖြင့် ထိန်းလျက် သူ၏ အင်္ကျီအိပ်ကပ်ထဲမှ ပိုက်ဆံအထပ်လိုက် ကောက်ထုတ်လိုက်ကာ တစ်ဖက်သူ၏ မျက်နှာပေါ်ကို တိုက်ရိုက်ပစ်ကြဲလိုက်ပြီး စိုးရိမ်တကြီး အော်သည်။

“မြန်မြန်လုပ်လေ”

“ငါ့ကို မြန်မြန်ခေါ်သွား”

ဧည့်ကြိုကောင်တာက သူလည်း အံ့ဩသွားသည်။ ယခုလို ခရီးသွားမျိုးကို သူတို့သည်လည်း မမြင်ဖူးချေ။ မည်သူကမှ သတ်ဖြတ်မည့် လင်းပိုင်များကို ဟော်တယ်သို့ ပြန်မသယ်တတ်ချေ။ ထိုလူ၏ မျက်နှာအမူအယာအရ သူဟာ လင်းပိုင်ကို ကယ်မည့်ပုံ ပေါ်သည်။

“ဒီလမ်းပါ ကျေးဇူးပြုပြီး”

ဧည့်ကြိုကောင်တာမှသူလည်း ဆုပိုင်ကို ထူးဆန်းသလို ကြည့်ပြီး မြေပြင်မှ ပိုက်ဆံ အထပ်လိုက်ကို တိတ်တဆိတ်သာ ကောက်နေလိုက်သည်။ ထို့နောက် အပြုံးနှင့်အတူ ဓာတ်လှေကားဘက် သွားသည်။

သိပ်မကြာခင်အချိန်အတွင်း ဆုပိုင်က ခေါင်းမိုးထပ်တွင်ရှိသော ရေကူးကန်ဘက်သို့ ရောက်သွားပြီး သေလုမျောပါး ဖြစ်နေသော လင်းပိုင်လေးကို သွားပို့လိုက်နိုင်သည်။ ထို့နောက် သူကိုယ်တိုင်ကပင် ထိုကန်ထဲသို့ ခုန်ချလိုက်နိုင်၏။

ထိုအချိန်တွင် လရောင်အောက်တွင် ခေါင်မိုးထပ် ရေကန်အတွင်း ကစားနေသော လူပေါင်းများစွာ ရှိနေသည်။

သို့ရာတွင် လူငယ်တစ်ယောက်က လက်မောင်းထဲတွင် လင်းပိုင်တစ်ကောင်ကို ဖက်လျက် ခုန်ဆင်းလာကြောင်း မြင်ပြီးနောက်တွင် အားလုံးက ကြောက်လန့်တကြား ပြေးထွက်သွားကြသည်။ အကြောင်းမူကား လင်းပိုင်၏ကိုယ်မှ သွေးများက လျင်မြန်စွာ ပျံ့လာသောကြောင့် ဖြစ်သည်။

မျက်တောင်တစ်ခတ်အချိန်အတွင်းပင် ရေကူးကန်ထဲမှ ရေများအားလုံးက နီသွားသည်။ သွေးရနံ့ကလည်း လူတိုင်းအား ဝိုင်းလာ၏။

“ဘာဖြစ်တာလဲ။ ဒီလူက ဘယ်သူလဲ။ ဘယ်သူက လင်းပိုင်အသေကို သယ်လာတာလဲ။ မင်းတို့ဟော်တယ်က ဘယ်လိုများ ဒီကိစ္စကို ခွင့်ပြုထားတာလဲ”

“ဟုတ်တယ် ဒီလိုအခြေအနေမျိုးမှာ ရေကူးကန်ကို သုံးလို့ ရဦးမလား”

“လင်းပိုင်အမဲလိုက်တဲ့ ရာသီက မနက်ဖြန်မှ စမှာလေ။ အခု သေလုမြောပါးဖြစ်နေတဲ့ လင်းပိုင်ကို ဖမ်းပြီး လေ့ကျင့်လို့ ရလို့လား”

ထိုလူတစ်အုပ်က ရေထဲတွင် ရပ်နေသော လူငယ်ကို ကြည့်ပြီး စတင်ကာ ဆိုကြသည်။ သို့ရာတွင် ဆုပိုင်က ရှေ့တွင်များသော လူများကို စကားတစ်ခွန်းမှမဆိုဘဲ အေးစက်စွာသာ တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် လင်းပိုင်၏ ကိုယ်ပေါ်မှ သွေးထွက်နေသောဒဏ်ရာကို လက်ဖြင့် အသာပုတ်ပေးလိုက်ပြီး အံကို ကြိတ်လျက် ခပ်တိုးတိုး ပြောသည်။

“ခဏတောင့်ခံထားဦး ငါ ကုပေးမယ်”

ပင်လယ်ပိုက်ကွန်ထဲမှ လွတ်အောင် ရုန်းနိုင်ရန် အလို့ငှာ ထိုလင်းပိုင်လေးသည် သံမဏိချိတ်ကောက်များကြောင့် ဒဏ်ရာအများအပြား ရရှိထားလေသည်။ ခပ်မြန်မြန် မချုပ်နိုင်လျှင် စိုးရိမ်ရသည်မှာ_ _ _

ထိုအကောင်ငယ်လေးက အချိန်အကြာကြီး တောင့်ခံနိုင်မည် မဟုတ်ဘဲ သွေးဆုံးရှုံးမှုကြောင့် သေသွားလောက်သည်။

လင်းပိုင်၏ မှုကို ရရှိပြီးနောက်တွင် ဆုပိုင်က သူ၏ကျောပိုးအိတ်တွင် ကြိုတင်ပြင်ဆင်လာသော ကိရိယာများကို စိုးရိမ်တကြီး ထုတ်လိုက်ပြီး လင်းပိုင်လေးအတွက် ဒဏ်ရာများကို ချုပ်ပေးသည်။

264 03

“ဟား ဟား မင်းက အရူးပဲ။ လင်းပိုင်ရဲ့ ဒဏ်ရာကိုတောင် ကုပေးနေသေးတယ်။ မင်း ကုပေးပြီးသွားရင် မနက်ဖြန် ငါတို့က ပြန်သတ်တာမျိုးကို လိုချင်တာလား”

“ငါတို့ဘာလို့ ဒီညပဲ သတ်လိုက်ပြီး ကမ်းစပ်မှာ ကင်မစားကြတာလဲ။ ဒီမှာ လင်းပိုင်ပေါက်လေး ရှိတယ်လေ”

“ဟေး ဟိတ်လူ ဒီလင်းပိုင်ကို ငါတို့ဆီ ရောင်းမလား”

ဆုပိုင်ရဲ့ အမူအရာကို ကြည့်ပြီးနောက် လူတိုင်းက အော်ရယ်နေကြသည်။

ဒီဟော်တယ်တွင် နေထိုင်သော လူများအားလုံးက မနက်ဖြန်ဆိုလျှင် ကျင်းပမည့် လင်းပိုင်သတ်ပွဲကို ဝင်ရောက်ဆင်နွှဲကြမည် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ဆုပိုင်က လူတိုင်း၏ မျက်လုံးထဲတွင် အရူးဖြစ်နေသည်။ သူတို့အားလုံးက လင်းပိုင်ကို သတ်ကြမည်ဖြစ်ပြီး ထိုအရူးကောင်က ပြန်ကယ်နေ၏။

ရယ်စရာ မကောင်းဘူးလား။

ကောင်းပြီ။

အချိန်အတန်ကြာပြီးနောက် ဆုပိုင်က ချုပ်ထားပြီးသား ဒဏ်ရာကို ကြည့်လိုက်ပြီးနောက် လင်းပိုင်လေး၏ နဖူးကို ညင်သာစွာဖြင့် ပုတ်လိုက်သည်။

လင်းပိုင်လေးက ရေပေါ်တွင် မျောနေရင်း သူ၏နဖူးလေးဖြင့် ဆုပိုင်ကို ချစ်မြတ်နိုးစွာဖြင့် ပွတ်လာသည်။

“ကျေးဇူးတင်ပါတယ်”

“ဟီးဟီး”

လင်းပိုင်ငယ်လေး၏ ပါးစပ်ထဲမှ ထွက်လာသော ကြောင့်ကြနေသည့်အသံကို ကြားရသောအခါ ဆုပိုင်က ပြုံးလိုက်ပြီး ကောက်ပွေ့လိုက်သည်။

“ခဏလောက် တောင့်ထားဦး”

“ငါတို့ ဒီကောင်လေးကို ဒီနေရာမှာထားလို့ မရဘူး”

ကံကောင်းသည်မှာ ထိုလင်းပိုင်လေးက အတော်လေး သေးသည်။ ထို့ကြောင့် အခန်းထဲရှိ ရေချိုးကန်ထဲတွင်လည်း ထည့်ထား၍ ရသည်။ ဒီနည်းအားဖြင့်သာ ထိုအကောင်လေးကို အသက်ရှင်အောင် ထားရပေမည်။

သူကသာ ဒီရေကူးကန်ထဲတွင် ထည့်ထားလိုက်မည်ဆိုလျှင် ထိုလူများကြောင့် အချိန်မရွေး ရက်စက်စွာ အသတ်ခံရနိုင်သည်။

“ဟေး”

“ငါ မင်းကို ပြောနေတယ်။ မင်း ရိုင်းတဲ့ တရုတ်ကောင်။ ငါ ဆာကာတာက ဒီလင်းပိုင်ကို လိုချင်တယ်”

“အခုချက်ချင်း ချစမ်း။ ငါ ပြောတာ ကြားလား”

ရေကူးကန်ထဲမှ ထွက်လာသည့်အချိန်တွင် ဆုပိုင်၏အရှေ့တွင် သစ်သားခြေစွပ်ဖိနပ်ကို ဝတ်ဆင်ထားသည့် သန်မာသည့် လူတစ်ယောက်က ရောက်လာပြီး ဆုပိုင်၏လက်မောင်းထဲတွင် ပွေ့ထားသော လင်းပိုင်လေးကို လောဘကြီးသော မျက်နှာထားဖြင့် ကြည့်သည်။

ဘန်း

ဆုပိုင်က သူ့ကို အေးစက်စွာ တစ်ချက် ကြည့်လိုက် တိုက်ရိုက်သာ ကန်လိုက်ရင်း ချက်ချင်းလိုလို လွင့်ထွက်သွားစေလျက် ဘေးဘက်ရှိ ကုလားထိုင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားစေသည်။ ထို့နောက် သူဟာ မျက်လုံးကို ကျဉ်းလျက် လူတိုင်းကို ကြည့်လိုက်ပြီး ဝေးရာကို လျှောက်လာခဲ့လိုက်သည်။

လူတိုင်းကိုလည်း ဆုပိုင်၏ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ပြီး ခြောက်ခြားသွားကြသည်။ သူတို့၏ ကျောတွင် ချွေများ စေးထွက်နေကြောင်း သိလိုက်ကြရသည်။ ထိုလူဟာ လူတစ်ယောက်ကို သေချာပေါက် သတ်ဖူးလောက်သည်။ သူ၏မျက်လုံးထဲမှ ယခုပြသွားသော အကြည့်က သူတို့အားလုံးကိုသတ်ချင်ကြောင်း ဖော်ပြ၏။

All Chapters