← Chapters

အခန်း (၂၆၅-၂၆၇)

Vol. 18 Ch. 265-267

အခန်း (၂၆၅-၂၆၇)

Vol. 18 Ch. 265-267

++++++ 265 01

အခန်း 265

ဆုပိုင်က လင်းပိုင်လေးကို ပွေ့ပြီး ဟော်တယ်အခန်းထဲသို့ ခပ်မြန်မြန် ဝင်သွားလိုက်သည်။

မည်းမှောင်သော ဟော်တယ်အခန်းထဲတွင်_ _

ချီဟိုရိုက ပြတင်းပေါက် အရှေ့တွင် တိတ်တဆိတ် ရပ်နေသည်။ သူသည်လည်း ကမ်းစပ်မှ လင်းပိုင်ကို သယ်လျက် ပြေးလာသောဆုပိုင်ကို သတိထားမိခဲ့သည်။ ထိုလူငယ်ဟာ ကြိုတင်ကာ အမဲလိုက်သည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။

သို့သော်_ _ _

ယခုအဖြစ်အပျက်ကို မြင်ပြီးနောက်တွင် သူသည် နားလည်လိုက်သည်။ လတ်စသတ်တော့ ထိုတရုတ်က လူငယ်ကလည်း သူ့နည်းတူ လင်းပိုင်များကို လာကယ်ပြီး ကာကွယ်ခြင်း ဖြစ်လောက်သည်။

“ဟား ဟား ဟား နောက်ဆုံးတော့ ရပ်တည်မဲ့ တစ်စုံတစ်ယောက် ရှိပြီ”

“ဒါဆိုရင် မနက်ဖြန် ငါ့ရဲ့ကြိုးစားအားထုတ်မှုတွေမှာ တစ်စုံတစ်ယောက်ကတော့ နောက်ဆုံးတော့ အသိအမှတ် ပြုမှာပါပဲ”

ချီဟိုရို၏ ခန္ဓာကိုယ်တစ်ခုလုံး စိတ်လှုပ်ရှားမှုဖြင့် တုန်ယင် သွားသည်။

သူသည် ဒီနေရာသို့ အကြိမ်ပေါင်းများစွာ လာခဲ့ဖူးသည်။ သူ ကြုံတွေ့ရသော အခြေအနေ အများစုကလည်း လောဘကြီးပြီး သွေးအေးသော မျက်လုံးများသာ ဖြစ်သည်။

မျက်လုံးထဲမှ သိပ်သည်းစွာ ရှိနေ‌သော ထိုလင်းပိုင်အလောင်းများကို မျက်လုံးထဲမှ တွန့်ဆုတ်သော အကြည့်မျိုးနှင့် ကြည့်တတ်သော လူတစ်ဦးတစ်ယောက်ကိုမှ မမြင်ခဲ့ဖူးချေ။

လင်းပိုင်တိုင်းကို ပင်လယ်အော်သို့ မောင်းနေသည့် အချိန်တိုင်းလိုလို လူတိုင်းက စိတ်လှုပ်ရှားစွာ ပြေးသွားလေ့ ရှိသည်။

ထို့နောက် လက်ထဲမှ မှိန်းကို ယူပြီး ခပ်ကြမ်းကြမ်း စိုက်ထိုးတတ်၏။

ယခုအချိန်အထိ ချီဟိုရိုအနေဖြင့် ထိုမြင်ကွင်းကို ပထမဦးဆုံးအကြိမ် မြင်ခဲ့ရချိန်က အံ့အားသင့်မှုကို မမေ့နိုင်သေးပေ။ သူတို့ဟာ ရိုးရှင်းစွာနှင့်ပင် သတ်ဖြတ်ရန်သာ သိသော ကွပ်မျက်သူများအလား ဖြစ်သည်။ သူတို့၏ကိုယ်ထဲတွင် လူသားဆန်စိတ်များ မရှိတော့ချေ။

လင်းပိုင်များက မည်မျှရုန်းကန်စေကာမူ ထိုလူများက လင်းပိုင်များကို ကမ်းစပ်သို့ တရွတ်တိုက်ဆွဲခေါ်လျက် ကြွားဝါပြချင်သလိုမျိုး သပ်သပ်ရပ်ရပ်ပင် ပုံထားကြသေးသည်။ နောက်ဆုံးတွင် အဖွဲ့လိုက်ဓာတ်ပုံပင် ရိုက်ကြသေးသည်။

ဘန်း

သူသာ ဘေးဘက်မှစားပွဲကို ဖြောင်းကနဲ ရိုက်လိုက်ပြီး ကုလားထိုင်ပေါ်တွင် စိတ်ဓာတ်ကျစွာ ထိုင်လိုက်သည်။

လူတိုင်း၏အရှေ့မှာ လင်းပိုင်တွေအားလုံးရဲ့ အ‌ရှေ့မှာ သေပေးတာက ဒီလူတွေရဲ့ အသိစိတ်ကို နိုးထအောင် လုပ်ပေးနိုင်မလား ဆိုတာတော့ မသိဘူး။

သူသည် လင်းပိုင်လေးရဲ့အသက်ကို ကယ်နိုင်မလားဆိုတာကို မသိဘူး။

သူ သေသွားပြီးတဲ့နောက်မှာ တစ်စုံတစ်ယောက်က ဒီသနားစရာကောင်းတဲ့ တိရစ္ဆာန်တွေကို ဆက်ပြီး ကာကွယ်ပေးမလားဆိုတာကို မသိဘူး။

…..

“ဟစ် ဒါက လင်းပိုင်မဟုတ်လား။ ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်သလဲ”

“မသိပါဘူး ဒီကောင်လေးက တအားကို ရယ်ရတာပဲ။ သူက ခေါင်းလေးကို ဆန့်ဆန့်ထုတ်ပြီး ဒါရိုက်တာဆုပိုင်ကို ကြည့်နေတာ”

“ဟေး မနက်ဖြန် အမဲလိုက်ခံရမယ်ဆိုတာ သူတို့လား။ ဒီလောက် အသိစိတ်ရှိတဲ့ တိရစ္ဆာန်တွေကို သတ်ရက်တဲ့ နှလုံးသားမျိုး ဘယ်လိုများ ရှိတာလဲ”

“ဟုတ်တယ် အဲဒီလိုဆိုရင်တောင်မှ အပြီး မီဒီယာက ဝန်ခံဖို့ ငြင်းနေတုန်းပဲ။ ဒါရိုက်တာဆုပိုင်ရဲ့ အခြေအနေတစ်ခုလုံးကို ပြန်လည်ဖန်တီးတာက တကယ်ကို စစ်မှန်လွန်းတယ်။ မင်းတို့ အခုလေးတင် မြင်လိုက်ကြလား။ ရေကူးကန်ထဲမှာလေ။ အဲဒီလူတစ်ဖွဲ့က လင်းပိုင်လေးကို အခုပဲ သတ်ချင်နေတာ”

“သေစမ်း ဒါပေမဲ့_ _ _ ငါတို့မနက်ဖြန် ဘယ်လိုများ လုပ်ကြမလဲ။ လင်းပိုင်တွေက ပင်လယ်ရေပြင်တစ်ခုလုံးမှာ ရှိနေကြမှာ မဟုတ်လား။ ဒါရိုက်တာဆုပိုင်အနေနဲ့ အားလုံးကို တစ်ယောက်တည်း တားဖို့က မဖြစ်နိုင်”

“အိုး ငါတော့ ဒီည ဒီအကြောင်းကို တွေးမိရုံနဲ့ အိပ်ပျော်တော့မှာ မထင်ဘူး။ တကယ်ကို ရင်ကွဲချင်စရာပဲ။ ငါသာ အဲဒီမှာရှိမယ်ဆိုရင် အဲဒီလူတွေအားလုံးကို တကယ်သတ်ချင်မှာ”

“ငါတော့ တွေးတောင်မတွေးရဲဘူး။ မနက်ဖြန်မြင်ကွင်းအကြောင်းကို စဉ်းစားမိရုံနဲ့တင် ငါတော့ _ _ _”

_ _ _

265 02

တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ကြည့်ရှုသူပေါင်းများစွာက ရေချိုးကန်ထဲတွင် ကူးခတ်နေသော လင်းပိုင်လေးကို ကြည့်ပြီး သိချင်စိတ်ပြင်းပြင်စွာနှင့် မေးကြသည်။ သို့သော် သေချာတွေးတောပြီးနောက်တွင် လူမဆန်သော အမဲလိုက်မှု၊ သတ်ဖြတ်မှုပွဲကြီးက မနက်ဖြန်ဆိုလျှင် စတင်မည်ဖြစ်ပြီး လူတိုင်း၏စိတ်အခြေအနေက လေးလံသွားကြသည်။

ပို၍ပင် အားအင်မဲ့သော ခံစားချက်ကပင် လွှမ်းခြုံလာသည်။

လူတိုင်းကလည်း ဒါဟာ ဒါရိုက်တာဆုပိုင်က ပြန်လည်ဖန်တီးထားသည့် လှုံ့ဆော်ပေးသော တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခု ဖြစ်ကြောင်း သိသည့်တိုင်အောင် ယခုလောက် အသိစိတ်ရှိသော လင်းပိုင်ကို မြင်ရပြီးနောက် အထူးသဖြင့် ပါးစပ်လေးကိုဟပြီး အပြုံးမျက်နှာလေး ချစ်စရာအကောင်လေးကို မြင်ပြီးနောက်တွင် အားလုံးက အံ့ဩသွားကြသည်။

သူတို့သည်လည်း သူတို့၏နှလုံးသားအား ဓားတစ်လက်က လာထိုးသလို နာကျင်သလို ခံစားလိုက်ရ၏။

သူတို့ရှာတွေ့ထားသမျှ အချက်အလက်များအားလုံးက ကျန်နေခဲ့လျှင် ထိုနေရာသည် နှစ်တိုင်းလိုလို ခြောက်လကြာသည့် အမဲလိုက်ပွဲအတွက် ထိုကဲ့သို့ သတ္တဝါနှစ်သောင်းကျော်ကို သတ်ဖြတ်ကြပေလိမ့်မည်။

ဘယ်လောက်‌တောင် အံ့ဩဖို့ ကောင်းတဲ့ အရေအတွက်လဲ။

ထိုအကြောင်းကို တွေးမိရုံဖြင့် လူအများအား မျက်ရည်ဝဲစေသည်။

ဆုပိုင်က ရေကန်လေး၏ အရှေ့တွင် ထိုင်လိုက်ပြိး ထိုကောင်ငယ်လေး၏ နဖူးကို ပွတ်သပ်ပေးလိုက်သည်။ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ အခြေအနေများကို ကြည့်ပြီးနောက် သူ၏မျက်နှာကလည်း သုန်မှုန်လာသည်။

“တောင်းပန်ပါတယ်”

အရှေ့မှ ကောင်ငယ်လေးကို ညင်သာစွာ ထွေးပွေ့ထားရင်း သူက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

“ငါ တကယ် တောင်းပန်ပါတယ်”

“ငါ့အနေနဲ့ မင်းတို့မျိုးနွယ် အများစုကို မကယ်နိုင်လောက်ဘူး။ ငါ လုပ်ပေးနိုင်သမျှက _ _ _ ဟုတ်တယ်”

ဆုပိုင်အနေဖြင့် မနက်ဖြန်ဆိုလျှင် လူတိုင်းကို တားရန် မဖြစ်နိုင်ပေ။ သူဟာ ငါးဖမ်းသမားတိုင်းကို ပစ်သတ်လိုက်လျှင်ပင်…

ဒါပေမဲ့ သူ ဒီတာဝန်ကို ဘယ်လိုပြီးမြောက်အောင် လုပ်ရမှာလဲ။

ဒီတစ်ကြိမ် စနစ်က ပေးထားသော တာဝန်က အတိတ်မှ ပြစ်မှုများကို ဖော်ရန်ဖြစ်သည်။ ဒီလိုပြစ်မှုမျိုးကို ဖော်ရန် ဆုပိုင်အနေဖြင့် မနက်ဖြန်ဆိုလျှင် ရပ်ကြည့်သူသာ လုပ်ရတော့ပေမည်။

ထို့ကြောင့် ရက်စက်သော ကြွေးကြော်သူများကို သတ်ရန် မဖြစ်နိုင်ပေ။

မဟုတ်ဘူး။

ဆုပိုင်က အသက်ပြင်းပြင်းရှူပြီး အံကို ကြိတ်ကာ လေသံတိုးတိုးနှင့် အော်သည်။

“တန်ကြေး ဘယ်လောက်ပဲ ပေးရ ပေးရ ငါတို့ ဒီလူတွေကို မနက်ဖြန်မှာ အောင်မြင်ခွင့် ပေးလို့ မရဘူး”

အကယ်၍_ _ _

သူ တစ်နှစ်လုံးလုံး တိရစ္ဆာန်အပိုင်းအစ ကဏ္ဍကို အသုံးမပြုနိင်ဘူးဆိုရင်တောင်မှ ဒီအပြုံးနတ်သားတွေ သားသတ်သမားတွေရဲ့ လက်ထဲမှာ သေသွားတာကိုတော့ ထိုင်ကြည့်မနေနိုင်ဘူး။

မလုပ်နိုင်ဘူး။

သူ တကယ်ကို ထိုင်ကြည့်နေနိုင်မှာ မဟုတ်ဘူး။

ဆုပိုင်က အတိတ်မှ မြင်ကွင်းကို ပြန်မြင်ရသလိုမျိုး ခံစားလာရပြီးနောက်တွင် မည်သည့်နည်းနှင့်မျှ နိုင်မည်မဟုတ်ကြောင်း သေချာသွားသည်။

“ငါ့ကို အရမ်းကြီး တွန်းမပို့နဲ့”

သူက အရှေ့မှ လင်းပိုင်လေး၏ ခေါင်းကို ညင်သာစွာ ပွတ်ပေးလိုက်ပြီး ခပ်တိုးတိုး ရေရွတ်သည်။

265 03

တရုတ်ပြည်။

ထိုအချိန်တွင်လည်း အလွန်နောက်ကျနေသော ညအချိန်ဖြစ်သည်။

တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးဌာနတွင် လူတိုင်းက အစည်းအဝေးခန်းထဲတွင် ထိုင်ပြီး တိုက်ရိုက်ထုတ်လွှင့်မှု အခန်းအတွင်းမှ ဆုပိုင်ကို စိုးရိမ်စိတ်များနှင့် ကြည့်ကြသည်။

“ဒါရိုက်တာ ဒီတိုက်ရိုက်ထုတ်လွှင့်မှုက ဆက်လွှင့်လို့ မရဘူး”

“ဒါက ဘယ်လိုနည်းပညာမျိုးလဲတော့ မသိဘူး။ ဒါပေမဲ့ အရမ်းကို စစ်မှန်လွန်းနေတယ်။ ငါ လေ့လာထားတဲ့အတိုင်းဆိုရင် ဒါရိုက်တာဆုပိုင် စိတ်ပိုင်းဆိုင်ရာ ပြဿနာ ရှိသွားမှာကိုတောင် ကြောက်ရတယ်”

“ငါတို့ ဘာလို့ ဒါရိုက်တာဆုပိုင်ကို ဆက်သွယ်ပြီး ဒီတိုက်ရိုက်ထုတ်လွှင့်မှုကို မရပ်ခိုင်းတာလဲ”

“အရင်က တစ်ညတည်းလေ။ ဒါပေမဲ့ မနက်ဖြန်ဆိုရင် အမှန်တရား ပေါ်လာတော့မှာ။ ဒီလင်းပိုင်လေးကိုတောင် ဒီည ဒီလိုမြင်ရတာကိုတောင် သည်းမခံနိုင်တာ။ မနက်ဖြန်ဆိုရင် ဒါရိုက်တာဆုပိုင်က ပြောထားတဲ့ တိုက်ရိုက်ထုတ်လွှင့်မှုနဲ့ဆိုရင် သူ စိတ်ပိုင်းဆိုင်ရာ ပြိုလဲသွားလောက်တယ်။ နောက်ပြီး သူကိုယ်တိုင် တိုက်ရိုက်ထုတ်လွှင့်တဲ့ နေရာမှာ သေသွားလောက်တယ်”

“မပြောကြနဲ့တော့”

နန်ကုန်းယွမ်က ဆူပူလိုက်ရင်း မျက်မှောင်ကို တင်းတင်းကြပ်ကြပ် ကြုတ်သည်။

ယခုအခါ ဟော်တယ်သို့ ပြန်သွားပြီးချိန်ကတည်းက ဆုပိုင်၏ ပုံစံက အလေးအနက် ဖြစ်သွားကြောင်း သူကိုယ်တိုင် မြင်လိုက်သည်။ အထူးသဖြင့် ယခုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှု အချိန်အတွင်း ဆုပိုင်က ဘာကိုတွေးလိုက်မိမှန်း မသိသည့်တိုင်အောင် ပုံမှန်မဟုတ်သလို ဖြစ်နေသည်။ ယခုအခါ မြင်ရသည့်အတိုင်းဆိုရင် လူတိုင်းသည်လည်း သူ၏ကိုယ်အတွင်းမှ ရက်စက်သော စိတ်ဆန္ဒနှင့် မုန်းတီးမှုများကို နက်ရှိုင်းစွာ ခံစားမိနေသည်။ ဒါဟာ ယခင်က သူတို့ ဆုပိုင်ထံမှ မမြင်ဖူးသော အရာမျိုး ဖြစ်နေသည်။

အစည်းအဝေးခန်းထဲတွင် စုစည်းနေသော ပုဂ္ဂိုလ်ကြီးများ အားလုံးကလည်း ဘာလုပ်ရမှန်း မသိ ဖြစ်နေကြသည်။ ပထမဦးဆုံးအနေဖြင့် ဆုပိုင် တစ်ခုခုဖြစ်၍ မရချေ။ မည်သည့်တန်ကြေးကို ပေးရစေကာမူ ဆုပိုင်၏ ကိုယ်ပိုင်လုံခြုံရေးကမူ သက်ရောက်ခံရ၍ မဖြစ်ပေ။ ထို့နောက် _ _ _

တိုက်ရိုက်ထုတ်လွှင့်မှု၏ ရည်ရွယ်ချက်အတွက်ကမူ…

“အခု ပြည်ပက မီဒီယာတွေရဲ့ အခြေအနေက ဘယ်လိုလဲ”

နန်ကုန်းယွမ်က ခေါင်းကိုမော့လျက် ဖန်သားပြင်ကို တစ်ချက်ကြည့်လိုက်သည်။

ဆုပိုင်သည် အိပ်ယာပေါ်တွင် လဲနေရင်း အိပ်ပျော်သွားသည်။ ထို့နောက်မှသာ သူက တဖြည်းဖြည်းချင်းစီ မေးလိုက်သည်။

“ကောင်းကင်ပြာ တိရစ္ဆာန်ရုံရဲ့အရှေ့က ဆန္ဒပြသူတွေ ဆုတ်သွားပြီလား”

“ဒါရိုက်တာ”

ဘေးဘက်တွင် ရပ်နေသော လက်ထောက်က သူ့ကို ကြည့်နေသော လူများကို တစ်ချက် ကြည့်လိုက်ပြီး နူတ်ခမ်းကို တင်းတင်းစေ့ပိတ်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“RBက ဒါရိုက်တာဆုပိုင်နဲ့ ပက်သက်ပြီး စွပ်စွဲတဲ့ သတင်းတွေ လွှင့်နေတဲ့ အခြေအနေတော့ ရှိတယ်။ သူတို့က လွဲပြီး ကျန်တဲ့ပြည်တွင်း မီဒီယာတွေအားလုံးက တိတ်ဆိတ်နေတယ်။ သူတို့က မနက်ဖြန် အဖြစ်အပျက်ကို စောင့်ကြည့်ချင်ကြတဲ့ပုံပဲ”

“နောက်ပြီး ငါတို့စုစည်းထားသမျှ အချက်အလက်တွေ အားလုံးကိုလည်း ထုတ်ပြန် ကြေငြာပြီးပြီ။ အချို့တိုင်းပြည်တွေက မီဒီယာတွေဆိုရင် သံစဉ်တောင် ပြောင်းပြီး ငါတို့ကို ပြောင်းပြီး ထောက်ပံ့ ပေးထားကြတယ်”

“ကောင်းကင်ပြာ တိရစ္ဆာန်မှာ ရှိနေတဲ့ ဆန္ဒပြသူတွေအတွက်ကတော့ အဲဒီမှာ အများအမြင်ကို ပြောင်းလဲဖို့ ကြိုးစားနေတဲ့ အခြေအနေအသစ်တစ်မျိုး ရှိနေတယ်။ နောက်ပြီး လှုံ့ဆော်သူက RRမီဒီယာ ဖြစ်နေတုန်းပဲ”

ထိုအချိန်တွင် လက်ထောက်က ရပ်တန့်သွားပြီး အသက်ပြင်းပြင်း ရှူသည်။ ထို့နောက် ထပ်ပြီး တင်ပြသည်။

“သူတို့က ကောင်းကင်ပြာ တိရစ္ဆာန်ရုံကို ရည်ရွယ်ချက်ရှိရှိနဲ့ သူတို့ရဲ့ သတင်းထောက်ထဲက တစ်ယောက်ကို သတ်ဖို့ တိရစ္ဆာန်တစ်ကောင်ကို ခွင့်ပြုခဲ့တယ်လို့ ပြောထားတယ်။ နောက်ပြီး အဲဒီအရာကို သူတို့လက်ကို အပ်ဖို့နဲ့ အများရှေ့မှာ သေဒဏ်ပေးဖို့ တောင်းဆိုနေတယ်”

“အဲဒီလိုမှ မဟုတ်ရင်”

265 04

ဖြန်း

နန်ကုန်းယွမ်က စားပွဲကို ဖြောင်းကနဲ ရိုက်ချလိုက်သည်။

ထို့နောက် ရုတ်တရက် ထရပ်ကာ အော်သည်။

“ဖွီ”

“သားရဲတစ်အုပ်ပဲ။ သူတို့က သေဖို့ပဲ တန်တယ်။ အဲဒီအချိန်က စောင့်ကြည့်ကင်မရာ မရှိဘူးလို့ ထင်နေတာလား”

“သူတို့က လယ်မြေကြွက်လေးကို သေအောင်အထိ ရက်ရက်စက်စက် မနှိပ်စက်ပြဘူးဆိုရင် တာ့ပိုင်နဲ့ အခြားသူတွေက အပြေးထွက်လာမလား”

“ပေါက်ကရတွေပဲ”

“သူတို့ကို အာရုံစိုက်မနေနဲ့”

နန်ကုန်းယွမ်က သူ၏ပါးစပ်ထောင့်ကို တစ်ချက်သပ်လိုက်ပြီးနောက် အံကြိတ်သံဖြင့် အော်သည်။

“သူတို့ထဲက တစ်ယောက်က သေတဲ့အထိ ကိုက်သတ်ခံရတာကို မပြောနဲ့ဦး။ ထရိုင်နိုဆောရက်စ်ရပ်က အဲဒီနေရာမှာတင် သေသွားအောင် ကိုက်သတ်တယ်ဆိုရင်တောင်မှ ငါတို့ရဲ့ တိရစ္ဆာန်တွေ မမှားဘူး”

“ငါတို့က ဒီအကောင်လေးတွေနဲ့ အဆက်အသွယ် မလုပ်ဖူးတာလည်း မဟုတ်ဘူး။ သူတို့ ဘယ်လိုလဲဆိုတာကို မသိဘဲ နေမလား”

“နောက်ပြီး တိရစ္ဆာန်အများစုက ဒီFတွေကို ဖမ်းဖို့အတွက် ငါတို့ကို ကူညီခဲ့ဖူးတယ်။ ဖျားနာတဲ့သူတွေကိုလည်း ကုသပေးဖူးတယ်။ ပြန်ပေးဆွဲခံရတဲ့ ကလေးကိုတောင် ကယ်ဖူးသေးတာ”

“ငါတို့တရုတ်တွေက ဒီကိစ္စတွေအားလုံးမှာ အမြင်စူးရှကြတာ။ သူတို့ကသာ ကောင်းကင်ပြာတိရစ္ဆာန်ရုံကို ထပ်ပြဿနာရှာရဲမယ်ဆိုရင် ဟန်ချန်းလုံခြုံရေး ရုံးတော်ကိုသာ အကြောင်းကြားပြီး အကျဉ်းထောင် ပြည့်သွားတဲ့အထိ အားလုံးကို ဖမ်းပြီး သွင်းခိုင်းလိုက်တော့”

“နောက်ပြီး သံတမန်ရေးရာဌာနကို အကြောင်းကြားပြီး ဒီလူတွေအားလုံးကို တရုတ်ကို လာရင် သေရမယ်ဆိုပြီး ဖမ်းခိုင်းလိုက်တော့”

“ဖာ့ခ် အယုတ်တမာတစ်အုပ်ပဲ။ ငါတို့က သူတို့ကို မကိုင်တွယ်နိုင်ဘူးလို့ ထင်နေတာလား။ သူတို့က အများရှေ့မှာတောင် ပန်ဒါကြီးကို ကွပ်မျက်ချင်သေးတယ်”

“သူတို့နဲ့ တန်လို့လား ။ ဒီလူတွေအားလုံးကို ပေါင်းမယ်ဆိုရင်တောင်မှ ပန်ဒါတစ်ကောင်လောက် အရေးကြီးတာမှ မဟုတ်တာ”

လူတိုင်းက နန်ကုန်းယွမ်၏ စကားကို နားထောင်ပြီး သဘောတကျ ခေါင်းညိတ်ကြသည်။

ပန်ဒါကို အပ်ရန် မဖြစ်နိုင်ပေ။ သတင်းထောက်များထဲမှ တစ်ယောက်ကို သေသည်အထိ ကိုက်သတ်သည်ဟု မဆိုထားဘိ။ ထိုလူများအားလုံးက မကောင်းသော ရည်ရွယ်ချက်များ ရှိနေကတည်းက သေလောက်အောင် ကိုက်သတ်ခံရသင့်သည်။

သူတို့တရုတ်တွေက တိရစ္ဆာန်တစ်ကောင်ကိုမှ အပ်မှာ မဟုတ်ဘူး။ သူတို့ သဘောမတူမှာကို မပြောနဲ့ဦး။ တရုတ်တစ်ပြည်လုံးက သဘောတူမှာ မဟုတ်ဘူး။ ဒါက ဘာပဲဖြစ်ဖြစ် ဒီတိရစ္ဆာန်လေးတွေက လုပ်ဆောင်ပေးခဲ့သမျှက သူတို့ရဲ့ မှတ်ဉာဏ်ထဲမှာ စွဲထင်ခဲ့ပြီ။

_ _ _

++++++ 266 01

အခန်း 266

ထိုညက အိပ်ပျက်ညဖြစ်ရန် ကံကြမ္မာပါသည်။

တိရစ္ဆာန်ကာကွယ်စောက်ရှောက်ရေး ဌာနကသာ မီးထိန်ထန်း လင်းနေခြင်း မဟုတ်ချေ။ ကောင်းကင်ပြာ တိရစ္ဆာန်ရုံလည်း အလားတူသာလျှင် ဖြစ်သည်။ မရေအတွက်နိုင်သော လူပေါင်းများစွာက တိရစ္ဆာန်ရုံသို့ လာြပီး မြက်ခင်းပြင်ပေါ်တွင် ထိုင်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို အတူကြည့်ကြသည်။

“ညသန်းခေါင် ဖြစ်နေပြီ”

“ကောင်းကင်ပြာ တိရစ္ဆာန်ရုံက လူပြည့်နေတုန်းပဲ”

သုံးယွဲ့က ထောက်စရာတစ်ခုကို ရှာပြီး ကင်မရာကို မျက်နှာမူကာ ပြောသည်။

“နင်တို့လည်း မြင်ကြတာပဲ။ တိရစ္ဆာန်ရုံတစ်ခုလုံးက အနယ်နယ်အရပ်ရပ်က လာကြတဲ့လူတွေနဲ့ ပြည့်နေတာ။ သူတို့ကလည်း ဒီရာဇဝတ်သားတွေက ဝင်ပေါက်ကို ပိတ်ပြီး တိရစ္ဆာန်တွေကိုတောင် အကြမ်းဖက်ချင်နေမှန်း သိကြတဲ့အချိန်မှာ အကုန်လုံးရောက်လာကြတာပဲ”

ဒီလူတွေထဲမှာ ကောင်းကင်ပြာတိရစ္ဆာန်ရုံကနေ ကူညီတာကို ခံဖူးတဲ့ လန်တုခြေက ရဲတွေလည်း ပါတယ်။ နောက်ပြီး ကုသပေးခြင်း ခံရပြီးတဲ့ စိတ်ကျရောဂါကို ခံစားရတဲ့ ကလေးတွေနဲ့ မိသားစုတွေလည်း ပါတယ်”

“ခံတွင်းပျက်ရောဂါကို ခံစားနေရတဲ့ ကလေးငယ်နဲ့ မိသားစုတွေ၊ မျက်မမြင်ကလေးငယ်နဲ့ မိသားစုတွေ နောက်ပြီး ပြန်ပေးဆွဲခံရတဲ့ ကလေးငယ်နဲ့ မိသားစုတွေ”

သူမက ပြောနေရင်း သုံးယွဲ့၏ မျက်လုံးက အရည်လဲ့လာသည်။

“တိရစ္ဆာန်တွေ ကူညီတာကို ခံခဲ့ရဖူးတဲ့ အစစ်အမှန်လူသားတွေပေါ့”

“သူတို့က သူတို့ဘာသာ ဒီနေရာကို ရောက်လာကြတာ။ နောက်ပြီး ဒီနေရာကို လာနေတဲ့လမ်းမှာပဲ ရှိနေသေးတဲ့လူတွေ အများကြီး ရှိနေသေးတယ်။ ငါ့အထင် မနက်ဖြန်ကစပြီး လူတွေပိုများလာလိမ့်မယ်”

တိရစ္ဆာန်ရုံတစ်ခုလုံးမှာ ချစ်စရာကောင်းတဲ့ ဒီအကောင်ငယ်လေးတွေက ငါတို့တရုတ်လူမျိုးတွေရဲ့ မိတ်ဆွေတွေပဲ”

“ငါတို့ ဒီပြည်ပကလာတဲ့ ဒီကောင်တွေ ငါတို့ရဲ့မိတ်ဆွေလေးတွေပေါ်မှာ ဒီလိုမျိုး ညစ်ညမ်းတဲ့ရေတွေ လာလောင်းတာကို ဖြစ်ခွင့်ပြုလို့ မရဘူးလေ။ လုံးဝဖြစ်ခွင့်ပြုလို့ မရဘူး”

“သွားမယ်”

ထိုအချိန်တွင် ဘေးဘက်တွင် ရပ်နေသော လူအိုကြီးတစ်ယောက်က ကင်မရာ ရှေ့ဘက်သို့ တိုက်ရိုက်လျှောက်လာသည်။ သူ၏မျက်နှာက နီနေသည်။ သူက ပြော၏။

“ငါက လူအိုကြီးတစ်ယောက်ပါ။ ငါ တစ်ယောက်တည်းအင်အားနဲ့ မြေးတစ်ယောက်ကို ပျိုးထောင်ထားတာ။ ကောင်းကင်ပြာတိရစ္ဆာန်ရုံက သူ့ရဲ့ စိတ်ကျရောဂါကို ကုသပေးခဲ့တာကြောင့် မဟုတ်ရင် ငါတို့နှစ်ယောက်လုံး သေပြီးလောက်ပြီ”

“ငါက ဒီမှာတစ်ယောက်တည်း ဆိုပေမဲ့လည်း ဒီလူတွေကို အကြံတစ်ခုတော့ ပေးချင်သေးတယ်။ သူတို့ကသာ ထပ်လာမယ်ဆိုရင် ငါ သေတဲ့အထိ တိုက်ခိုက်မှာ”

“ငါ သေသွားရမယ်ဆိုရင်တောင်မှ အရေးမကြီးဘူး။ ဒါပေမဲ့ မင်းတို့တွေထဲက တစ်ယောက်ကိုတော့ ရအောင် ဆွဲခေါ်သွားမှာပဲ”

“ငါလည်း တူတူပဲ။ငါတို့လို မျက်မမြင် ကလေးငယ်တွေကို ပိုင်ဆိုင်ထားတဲ့ မိသားစုဝင်တွေရဲ့ ဘဝက ဘယ်လောက်တောင် ခက်ခဲလိုက်သလဲ။ ဒါရိုက်တာဆုပိုင် ပြောတဲ့အတိုင်းဆိုရင် လမ်းပြခွေးတစ်ကောင်က အနည်းဆုံး ယွမ်သိန်းကျော် ပေးပြီးမှ ဝယ်နိုင်တာတဲ့။ ဒါပေမဲ့ ဒါရိုက်တာဆုပိုင်က ငါတို့ကို အလကား ပေးတယ်။ နောက်ပြီး အနာဂတ်မှာ လမ်းပြခွေးတွေကိုလည်း မျက်မမြင်လူတွေအတွက် အလကား ပေးဦးမယ်လို့တောင် ကတိပေးထားသေးတယ်”

မျက်လုံးမမြင်သော အဖွားကြီးတစ်ယောက်က မြက်ခင်းပြင်ပေါ်မှ ထရပ်လာရင်း ခပ်စူးစူး လှမ်းအော်သည်။

“တိရစ္ဆာန်တွေက နင်တို့ဟာ ဟုတ်လား။ ဘယ်လိုများ ပြောရဲတာလဲ”

266 02

“နင်တို့သာ ငါတို့ရဲ့တိရစ္ဆာန်တွေကို ထိခိုက်အောင် လုပ်မယ်ဆိုရင် ငါတို့က သေတဲ့အထိ တိုက်ခိုက်ရမှာပဲ။ ငါတို့ မျက်လုံးမမြင်သူတွေအားလုံးက နင်တို့နဲ့ သေတဲ့အထိ တိုက်ခိုက်မယ်”

“ငါတို့လည်း တူတူပဲ”

“လယ်မြေကြွက်လေးတွေက ငါတို့ရဲ့ ခံတွင်းပျက်ရောဂါကို ကာကွယ်ကယ်တင်ပေးခဲ့တာ။ မင်းတို့တွေ အနိုင်ကျင့် နှိပ်စက်ပြီး သတ်ဖို့မှ မဟုတ်တာ”

“ဟုတ်တယ် သုံးယွဲ့ ဒါတွေအားလုံးကို ပြန်ပြီး တင်ပြလိုက်။ ငါတို့ ကတိတည်တယ်။ ဒီနေ့စကပြီး ငါတို့က ဒီမှာနေပြီး ဒါရိုက်တာဆုပိုင် ပြန်လာတဲ့အချိန်ထိ စောင့်မယ်။ တစ်ယောက်ကသာ ဒီအချိန်ကာလအတွင်း ကောင်းကင်ပြာတိရစ္ဆာန်ရုံကို လာပြီး ဒုက္ခပေးရဲရင် ဒီလောက်များတဲ့ ငါတို့တွေ သေမှာ မကြောက်တဲ့သူတွေက သူတို့တွေကို ကြောက်စရာလား”

“မကြောက်နဲ့။ ဒီတိရစ္ဆာန်တွေနဲ့ အကူအညီသာ မရှိရင် ငါတို့ သေပြီးတာ ကြာပြီ။ ဘာကိုကြောက်စရာ ရှိမှာလဲ”

_ _ -

ဝူး…..

သုံးယွဲ့က မိုက်ခရိုဖုန်းကို ကိုင်ရင်း အားလုံး၏ ပြောစကားကို နားထောင်ကာ ရှိုက်ငိုနေသည်။

ဒီနေရာရှိ လူအများစုက ပညာရေးအဆင့် နိမ့်သော်လည်း သူတို့ဟာ စကားကို တည့်တိုး ပြောတတ်ကြသည့်တိုင်အောင် သူတို့၏ ဆုံးဖြတ်ချက် ပြတ်သားမှုနှင့် ခံစားချက်များ ရှိနေသမျှ လူတိုင်းကို လှုံ့ဆော်ပေးနိုင်သည်။

သူတို့တွေ….

ဒီနေရာအထိ လာပေးကတည်းက တိရစ္ဆာန်များအတွက် သေရန် ဆန္ဒရှိကြောင်း ဖော်ပြလေသည်။ ဒါက တိရစ္ဆာန်များက သူတို့ကို ယူဆောင်ပေးသော ပြောင်းလဲမှုများကြောင့်လည်း ဖြစ်သည်။

ထိုတိရစ္ဆာန်များက သူတို့ကို အသက်ရှင်ရန် မျှော်လင့်ချက် ပေးသည်။ သူတို့အား ဒုတိယဘဝ ပေးသည်။ အနာဂတ်အတွက် မျှော်လင့်ချက်များ ပေးနိုင်ခဲ့သည်။

ယခုအခါ တစ်စုံတစ်ယောက်က သူတို့ ပြင်းပြင်းထန်ထန် စောင့်ဆိုင်းမျှော်လင့်နေရသော အရာကို ယူဆောင်သွားချင်နေသည်။

မေးပါဦးမယ်။ ဘယ်သူက သဘောတူလို့လဲ။

“တီဗွီရှေ့က ချစ်ရတဲ့ ကြည့်ရှုသူအချို့ မင်းတို့က တရုတ်ပဲဖြစ်ဖြစ် ၊အခြား မျိုးနွယ်သားတွေပဲ ဖြစ်ဖြစ်ပေါ့”

“သုံးယွဲ့ကတော့ ငါ့ရဲ့အကျင့်စရိုက်ကို မူတည်ပြီး ဒီလူတွေ အားလုံးပြောတာ မှန်တယ်လို့ သက်သေခံပေးနိုင်တယ်။ ငါတို့ရဲ့နောက်မှာ ရှိတဲ့ တိရစ္ဆာန်တွေအားလုံးက မရေမတွက်နိုင်တဲ့ လူပေါင်းများစွာကို ကယ်ဆယ်ခဲ့ဖူးတာပါ”

“နင်တို့က အသိစိတ် ရှိတယ်ဆိုရင် ကျေးဇူးပြုပြီး ဒီတိရစ္ဆာန်တွေရဲ့အသက်တွေကို နှောက်ယှက်ပေးတာတွေ ရပ်တန့်ပေးပါတော့”

သုံးယွဲ့က စိတ်တည်ငြိမ်သွားပြီး ကင်မရာကို ကြည့်ကာ ရိုးသားစွာ ပြောသည်။

“ငါက ဖူယွီဆူကီပါ”

“ငါ တရုတ်တွေ အားလုံးကို စုစည်းပြီး ပြင်းပြင်းထန်ထန် ကြိုးစားပြီးမှ ရလာတဲ့ ဒီတိရစ္ဆာန်လေးတွေကို ကာကွယ်ပေးဖို့ ပြောချင်တယ်”

“တိရစ္ဆာန်တွေကို ထိခိုက်အောင် လုပ်ချင်တဲ့ သူတွေအတွက် ဒီနေရာမှာ ရှိနေတဲ့ ဒီသုံးယွဲ့က နေရာကနေ ပြင်းပြင်းထန်ထန် သတိပေးချင်တယ်”

“သူတို့တွေ”

သူမက နောက်ဘက်မှ မရေမတွက်နိုင်သော လူပေါင်းများစွာကို လက်ညိုးထိုးလိုက်ပြီးနောက်တွင် သုံးယွဲ့၏မျက်နှာက သုန်မှုန်သွားသည်။

“ငါအပါအဝင် ဘယ်သူကမှ ဖြစ်ခွင့်ပြုမှာ မဟုတ်ဘူး”

“ဒါက အချစ်နဲ့မျှော်လင့်ချက် အစီအစဉ်ပါ။ မနက်ဖြန်မှာ ဒါရိုက်တာဆုပိုင်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကနေ တဆင့် လင်းပိုင်သတ်ပွဲကို ဖော်ထုတ်ပြသတာကို ကြည့်ရတော့မှာ”

“မနက်ဖြန်မှာ အတူတကွ စောင့်ကြည့်ကြရအောင်”

“မနက်ဖြန်မှာ ငါတို့တွေ_ _ _ ဒီအရှက်မဲ့တဲ့ ကွပ်မျက်သူတွေက ဘယ်လိုတောင် ရက်စက်ကြသလဲ ဆိုတာကို မျက်မြင် တွေ့ကြုံရတော့မှာပါ”

******

267 01

အပိုင်း 267

“ဥရောပ”

“ဥရောပ”

“ဥရောပ”

ဇင်ယော်တစ်အုပ်က ပင်လယ်ပြင်ကို ဖြတ်ပျံသွားပြီး အနောက်တွင် များလှစွာသော လင်းပိုင်များက လိုက်ပါလျက် ပင်လယ်ပြာအတွင်း ကစားနေကြသည်။ ထိုအချိန်တွင်_ _ _

မရေမတွက်နိုင်သော လူပေါင်းများစွာက လင်းပိုင် ပင်လယ်အော်အနားတွင် လာရောက် စုစည်းကြသည်။ တစ်ယောက်ချင်းစီတိုင်း၏ မျက်နှာတွင် စိတ်အားထက်သန်သော မျက်နှာထားမျိုးကို မြင်နိုင်၏။

သူတို့သည်လည်း ကြီးမားသော ပင်လယ်ငါးဖမ်းလှေများဟာ ပင်လယ်ထဲသို့ တဖြည်းဖြည်းချင်းစီ ရွက်လွှင့်လာသော မြင်ကွင်းကို ကြည့်နေကြပြီး လမ်းညွှန်၏နောက်မှ အစီအစဉ်တကျ ပုံစံမျိုးဖြင့် လိုက်လာသော လူတစ်ဖွဲ့ကလည်း အဝေးသို့ တဖြည်းဖြည်းချင်းစီ စလျှောက်သွားကြသည်။

“အားလုံးပဲ တန်းစီကြပါ”

ခါဝါနာကိုက လက်ထဲတွင် လင်းပိုင်ပုံပါသည့် ရောင်စုံအလံလေးကို ကိုင်ထားရင် လူအုပ်၏အရှေ့တွင် လျှောက်နေလိုက်သည်။

“မနေ့ညက ငါးဖမ်းသမားများက ဒီပင်လယ်အော် တစ်ခုလုံးကို သတ္တုငါးဖမ်းကွန်တွေနဲ့ ပိတ်ပြီးသွားပြီ။ သိပ်မကြာခင်အချိန်မှာ ရေတိမ်တဲ့ဘက်ကို လင်းပိုင်တွေအားလုံးကို မောင်းပေးလိမ့်မယ်။ အဲဒီနောက် အားလုံးက လှုပ်ရှားဖို့ အချိန်ကျပါပြီ”

“ဓာတ်ပုံ ရိုက်လိုတဲ့ ဝန်ဆောင်မှုမျိုးကို လိုချင်တယ်ဆိုရင်တော့ အခုပဲ စာရင်းသွင်းထားပါ။ ငါတို့မှာ ပညာရှင်အဆင့် ဓာတ်ပုံဆရာတွေ ရှိတယ်”

“နောက်ပြီး နင်တို့ လင်းပိုင်တွေကို အမဲလိုက်တဲ့ သူရဲကောင်းဆန်တဲ့ ပုံတွေကို အမိအရ ဖမ်းယူ ရိုက်ပေးနိုင်ပါတယ်”

“ဒါကို ထာဝရထိန်းသိမ်းထားဖို့ လုံလောက်တယ်လေ”

သူမက ပြောနေပြီးနောက်တွင် ခါဝါနာကိုက ပင်လယ်ဘက်သို့ တစ်ချက်ကြည့်လျက် ခံစားချက်အပြည့်နှင့် ပြောသည်။

“ဒါက ငါတို့လူမျိုးစုသမိုင်းမှာ နှစ်ရာကျော် အထွန့်ရှည်တည်တံ့သွားဦးမဲ့ နမိတ်ပဲ။ အားလုံးပဲ လာရောက် ပါဝင်ဆင်နွှဲပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

“ဒါတင် မဟုတ်သေးဘူး”

“ဒီတစ်ကြိမ်မှာ ငါတို့ရဲ့ ခရီးသွားရေးစင်တာက လူတိုင်းအတွက် အဖိုးတန်တဲ့ လက်ဆောင် တစ်ခုစီ ပြင်ဆင်ထားတယ်။ အကယ်၍ ဝေလငါးတစ်ကောင်ကို အမဲလိုက်နိုင်တဲ့ ခရီးသွားတစ်ယောက်ယောက်များ ရှိမယ်ဆိုရင် ငါတို့က အဲဒီစစ်သည်တော်ရဲ့နာမည်ကို အဝေးက အဲဒီအထိမ်းအမှတ် ကျောက်စာတိုင်မှာ ထွင်းထုပေးမှာပါ”

“ထာဝရနော်”

ထိုစကားကို ကြားသောအခါ နောက်မှလိုက်လာသော လူများအားလုံးက အဝေးရှိ ကြီးမားသော ကျောက်တုံးပြားကြီးကို ကြည့်ကြသည်။

ကျောက်တုံးပြားကြီး တစ်ခုလုံးက ပုံမှန်အစိမ်းရောင်မျိုး မဟုတ်လေပဲ နီညိုရောင်ကြီး ဖြစ်နေလေသည်။ သွေးများနှင့် ပေါင်းစပ်ထားသလို ဖြစ်နေသည်။

“ဒီကျောက်တိုင်က ဘာလို့ ဒီလိုဖြစ်နေသလဲ ဆိုတာကို သိချင်ကောင်း သိချင်ကြလောက်မှာပေါ့”

ခါဝါနာကိုက လူတိုင်း၏ ပဟေဠိဖြစ်နေသော အမူအယာကို ကြည့်ပြီး ရယ်သည်။

“ဘာလို့လဲဆိုတော့ ဝေလငါးတစ်ကောင် အသတ်ခံရတဲ့အချိန်တိုင်းမှာ အဲဒီကျောက်တုံးပြားက သွေးရောင်စွန်းဖို့ လိုတယ်။ ဒီလိုမှ ဝေလငါးကို အမဲလိုက်ခဲ့တဲ့ သူတွေရဲ့ သူရဲကောင်းဆန်တဲ့ ဦးဆောင်နိုင်မှုတွေကို မှတ်တမ်း တင်ထားနိုင်မှာကို”

“ဒါဆိုရင် ဒီနှစ်မှာလည်း မင်းတို့ထဲက တစ်စုံတစ်ယောက်ရဲ့ နာမည်က ဒီနေရာမှာ ကျန်ရစ်နိုင်ပါစေလို့ မျှော်လင့်တယ်။ ဒီလိုနဲ့ ဝေလငါးရဲ့သွေးနဲ့ ဒီနေရာမှာ ထာဝရ ချန်ခဲ့ကြတာပေါ့”

“ဒါက ဒီငါးဖမ်းသမားတွေရဲ့ မျက်လုံးထဲမှာတော့ အမြင့်ဆုံအဆင့် ရရှိနိုင်တဲ့ ဂုဏ်အဆင့်အတန်းတစ်ခုပေါ့”

“ဒီမှာ အရည်အချင်းပြည့်မှီတဲ့ ငါးဖမ်းသမားတစ်ယောက်က ဝေလငါးတွေကို အမဲလိုက်တဲ့ အတွေ့အကြုံ မရှိဘူးဆိုရင် ငါးဖမ်းသမားလို့တောင် ခေါ်ဖို့ မလိုတော့ဘူး။ ပင်လယ်ပြင်ထဲမှာ ရှင်သန်နေထိုင်ဖို့တောင် မထိုက်တန်ဘူး”

“ဒီတော့ နင်တို့တွေ စစ်သည်တော်တစ်ယောက် ဖြစ်ချင်လား။ အားလုံးကလည်း စိတ်အားထက်သန်စွာနဲ့ ဝင်ပါကြလိမ့်မယ်လို့ မျှော်လင့်တယ်”

267 02

ဟူး

ဆုပိုင်က နောက်ပိုင်းမှ လိုက်လာခဲ့ခြင်း ဖြစ်သည်။ သူသည်လည်း အဝေးမှ ကျောက်ပြားကြီးကို ကြည့်ပြီး အံကို ကြိတ်လိုက်သည်။ ထိုနေရာတွင် မရေမတွက်နိုင်သော နာမည်ပေါင်းများစွာ ထွင်းထုတ်ထားသည်။

ဆုပိုင်၏ အမြင်တွင် ထိုနီညိုရောင်ကျောက်ပြားကြီးပေါ်တွင် သွေးများ စွန်းထင်းနေပုံပေါ် သည်။

အဲဒီပေါ်မှာ ဒီလောက်များတဲ့ လူတွေအများကြီးရဲ့ နာမည်ကို ထွင်းထုထားနိုင်ဖို့ ဝေလငါး ဘယ်လောက်များ လိုအပ်မှာလဲ။

ခြေတစ်လှမ်းချင်းစီ လျှောက်သွားနေသော ဆုပိုင်က သူ၏အရှေ့မှ ကျောက်တုံးပြားကြီးကို ကြည့်လိုက်ပြီး လက်ကို ညင်သာစွာ ဆန့်လျက် ခြောက်သွေ့လျက် ကျောက်တုံးပြားကြီးထဲသို့ စိမ့်ဝင်သွားပြီဖြစ်‌သော သွေးများရှိရာနေရာကို ညင်သာစွာ ပွတ်သပ်ကြည့်လိုက်သည်။

ခန္ဓာကိုယ်တစ်ခုလုံးကပင် ညင်သာစွာ တုန်ယင်သွားသေးသည်။

“တောင်းပန်ပါတယ်”

ထို့နောက် သူသည် အောက်သို့ ကုန်းချရင်း လေးနက်စွာ ဂါဝရပြုလိုက်သည်။

ထို့နောက် တစ်ဖက်သို့လှည့်လျက် ရေတိမ်သော ဘက်ခြမ်းများသို့ စတင်ကာ လျှောက်သွားကြပြီဖြစ်သော လူသားများကို ကြည့်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး နောက်မှ ခပ်မြန်မြန် လိုက်သွားလိုက်သည်။

မည်သို့ပင်ဆိုစေ ထိုလူများကို ဒီနေ့ အောင်မြင်ခွင့် မပြုသင့်ပေ။ တန်ကြေး ပေးရမည်ဆိုလျှင်ပင် မည်သည့်တန်ကြေးကမဆို ဖြစ်လေသည်။

သူသည် လက်ထဲမှ ပစ္စတိုကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီးနောက်တွင် သုန်မှုန်သော မျက်နှာနှင့် ကမ်းစပ်သို့ တစ်လှမ်းချင်းစီ လျှောက်သွားလိုက်သည်။

[ငါ ငါ တကယ်သောက်ရမ်း အံ့ဩသွားတာ။ ဝေလငါးတစ်ကောင် အသတ်ခံရတိုင်း သတ်လိုက်တဲ့လူရဲ့ နာမည်ကို ကျောက်တုံးပြားပေါ်မှာ ထွင်းထုတယ်ဟု တ်လား။ ဒါက လူတစ်ယောက် လုပ်တဲ့ကိစ္စလား]

[ကျောက်ပြားပေါ်မှက နာမည်တွေကို ကြည့်ပါဦး။ ငါ တကယ်ကို _ _ _ ]

[အဲဒီမှာ နာမည်သောင်းပေါင်းများစွာ ရှိလောက်တယ်။ ဒီကျောက်တိုင် တည်ဆောက်ထားတာ အချိန်သိပ်မကြာလောက်သေးဘူး။ ဒါပေမဲ့ ဒီလောက် အများကြီး သေပြီ]

[သေစမ်း ဘယ်လိုသားရဲတစ်အုပ်လဲ။ သူတို့က ဒီလောကမှာ အသက်ရှင်ဖို့တောင် မတန်ဘူး]

[အရင်တစ်ခေါက်က ဝေလငါးက သမုဒ္ဒရာကို ကာကွယ်ဖို့ လူသားတွေကို သတိပေးခဲ့တယ်။ ဒါကတော့ တော်တော်လေးကို ရင်နာစရာ ကောင်းတယ်။ ဒီတစ်ကြိမ်မှာတော့ ရင်နာစေရုံမဟုတ်ပဲ ရိုးရှင်းစွာနဲ့ ငါ သည်းမခံနိုင်တော့တဲ့အထိ ရောက်သွားတယ်]

[ငါ ဘာလို့ ဒါရိုက်တာဆုပိုင်နဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေတယ်လို့ ခံစားမိနေတာလဲ။ ကြည့်ဦး ဒါရိုက်တာဆုပိုင်ရဲ့ မျက်နှာက တအားပျက်ယွင်းနေတယ်]

[ဟုတ်တယ် ဘာမှတော့ မဖြစ်လောက်ပါဘူးနော်။ ဟုတ်တယ်မလား။ ဒါက တိုက်ရိုက်ထုတ်လွှင့်မှုပါ။ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာအမျိုးမျိုး ရှိနေမယ်ဆိုရင်တော့ အန္တရာယ်များတယ်]

_ _ _

လမ်းညွှန်၏ ရှင်းပြမှုများကို ကြားပြီးနောက်တွင် တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်ရှုနေသော လူများအားလုံး ‌ကျောက်ပြားပေါ်တွင် ပြည့်ကျပ်ညှပ်နေသော နာမည်များကို ကြည့်ရင်း တစ်ကိုယ်လုံး စိမ့်တက်သွားသလို ခံစားရသည်။ နာမည်တစ်ခုချင်းစီတိုင်းက ဝေလငါးတစ်ကောင်၏ သေဆုံးမှုကို ကိုယ်စားပြုသည်။

ပို၍ကြောက်စရာ ကောင်းသည်မှာ ဒီနေရာရှိ လူများအားလုံးက ဝေလငါးကို သတ်ခြင်းအားဖြင့် ဂုဏ်ယူစရာကိစ္စ တစ်ခုလိုမျိုး ပြုမူနေကြခြင်း ဖြစ်သည်။

ခရီးသွားများ၏ မျက်နှာအမူအယာများကို ကြည့်ရင်း ထိုလူများသည်လည်း အနာဂတ် မျိုးဆက်သစ်များက လေးစားမှုများကို ခံရရန်အလို့ငှာ ထိုကျောက်ပြားများပေါ်တွင် နာမည်ရေးထိုးချင်ရန်ပင် ဆန္ဒရှိနေကြောင်း ခံစားလိုက်ရသည်။

ဖြောင်း

လုံးဝ လူမဆန်တာပဲ။

ဝေလငါးတွေကို အပျော်သတ်နေတယ်။ ဒါက _ _ _

“စီရာ”

267 03

လူတိုင်းက ထွက်သွားပြီးနောက်တွင် ဝတ်ကောင်းစားလှ ဝတ်ဆင်ထားပြီး ဝတ်စုံပြည့် နက်ကတိုင်နှင့် လူအိုကြီးတစ်ယောက်က ကျောက်တုံးပြား၏ အရှေ့တွင် ဆောင့်ကြောင့်လေး ထိုင်ချလိုက်သည်။

သူဟာ သူ၏တုန်ယင်နေသော လက်ကို ဆန့်ထုတ်လိုက်ပြီး ကျောက်ပြားပေါ်မှ ခြောက်သွေ့သွားပြီဖြစ်သော သွေးများကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်၏။

“နောက်နှစ် ဒီလိုမိစ္ဆာပွဲတော် မရှိစေလောက်တော့ပါဘူး”

“ကံကောင်းတာက မင်း ဒီနေရာကို လုံးဝမရောက်ဖူးတာပဲ။ မင်းသာ ဒီကျောက်တုံးပြားကို မြင်ရင် ငါ စိုးရိမ်တာက_ _ _”

ထိုသို့ပြောပြီးနောက် ချီဟိုရိုက မြေပြင်ပေါ်မှ တဖြည်းဖြည်းချင်းစီ ထရပ်သည်။

သူက ကမ်းစပ်မှ တဖြည်းဖြည်းချင်းစီ ရွက်လွှင့်ထွက်သွားသော ငါးဖမ်းလှေပေါင်းများစွာကို ကြည့်ရင်း သူ၏မျက်လုံးထဲတွင် တည်ငြိမ်မှုများက အစားထိုး ဝင်ရောက်လာသည်။ သူတို့က လင်းပိုင်များဆီ သွားနှင့်ကြလေပြီ။

ချက်ချင်းဆိုသလိုပင် သတ်ဖြတ်ခံရသော သွေးများက ပန်းထွက်လာတော့ပေမည်။

ကမ်းစပ်တွင် လက်နက်အသီးသီး ကိုင်လျက် တန်းစီရပ်နေကြသော ခရီးသွားများကို ကြည့်ရင်း ချီဟိုရိုက အံကို ကြိတ်လိုက်သည်။ သူဟာ သူ၏ဝတ်စုံနှင့်နက်ကတိုင်ကို လူကြီးလူကောင်း တစ်ယောက်လိုမျိုး ပြင်လိုက်သည်။ ခြေတစ်လှမ်းချင်းစီ တည်ငြိမ်စွာ လှမ်းကာ လျှောက်သွားလိုက်သည်။

“မြန်မြန် မြန်မြန် ဒီပိုက်ကွန်တွေကို မေ့လိုက်တော့။ လင်းပိုင်တွေကို အဲဒီဘက်ကိုပဲ မောင်းလိုက်တော့”

“ပွဲတော်က စတော့မှာ။ အားလုံးပဲ အောင်ပွဲ ခံထားကြတော့။ မနှစ်က ငါတို့က လင်းပိုင်ခုနှစ်ရာကျော်တောင် ဖမ်းမိခဲ့တာ။ ဒီနှစ်က _ _ _အရေအတွက် နှစ်ဆ လိုချင်တယ်”

သုန်မှုန်သော မျက်လုံးနှင့် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်က သူ၏အရှေ့ဘက် ပင်လယ်ပြင်ထဲတွင် ခုန်ပေါက်နေသော လင်းပိုင်များကို ကြည့်ပြီး ငါးဖမ်းလှေပေါ်မှ သူ၏လူများကို အော်သည်။

“ဒါက ပထမနေ့ပဲ ရှိသေးတာ။ ငါတို့တွေ ငါတို့ လူတိုင်းကို ကျော်နိုင်မှာ သေချာတယ်”

“ငါတို့ သတ်မှတ်ထားတဲ့ အရေအတွက်တိုင်းသာ ဒီနှစ်သတ်ဖြတ်နိုင်ခဲ့မယ်ဆိုရင်ပေါ့။ အားလုံး အရက်ဆိုင်မှာ တစ်လလုံးလုံး အောင်ပွဲခံလို့ရပြီ”

“ဝူး”

“ခေါင်းဆောင်ကို ကျေးဇူးတင်ပါတယ်။ ဒီနှစ်တော့ ငါတို့တွေ သတ်မှတ်ထားတဲ့ လင်းပိုင်အရေအတွက်ထက်ကို ပြည့်မှီရုံတင် မဟုတ်သေးပဲ မနှစ်က ဝေလငါး အရေအတွက်ကိုတောင် ကျော်နိုင်မယ်လို့ ထင်တယ်”

“ဟား ဟား မင်းက အေဇာခါယာ မဟုတ်လား။ ငါလည်း ပြင်းပြင်းထန်ထန် ကြိုးစားမှာပဲ”

ထိုစကားကို ကြားပြီးနောက်တွင် လူတစ်ဖွဲ့က သူတို့လိုက်သော လင်းပိုင်များကို တစ်ချက်ကြည့်ရင်း ရက်စက်သော အပြုံးများဖြင့် ပြုံးပြသည်။

“ကောင်းတယ်”

“ဒီနှစ်က ဝေလငါးမှိန်း အသစ်တစ်လက် ရထားတယ်”

267 04

“ငါတို့ရဲ့တိုင်းပြည်ကို ကျေးဇူးတင်ရမယ်။ ဝေလငါးကို သတ်ဖြတ်မှု ဘန်းထားကို သိမ်းလိုက်တော့ တစ်နှစ်ပတ်လုံး အမဲလိုက်လို့ ရပြီလေ”

သက်လတ်ပိုင်းအရွယ် လူကြီးက လှေပေါ်တွင် အတန်းလိုက်စီထားသော ထက်ရှလွန်းသော မိန်းကြီးများကို ကြည်ပြီး ရယ်သည်။ ထို့နောက် ထပ်ပြောသည်။

“အဲဒီအရူးတွေ သတင်းထောက်တွေက ငါတို့ကိုတောင် စွပ်စွဲပြောဆိုပြီး ရုပ်ရှင် ခိုးရိုက်ရဲတယ်။ အဲဒီတော့ ဘာဖြစ်လဲ”

“ငါတို့ရဲ့ သူရဲကောင်းဆန်တဲ့ စိတ်ဓာတ်ကို ဘယ်သူကမှ မတားနိုင်ဘူး”

“စစ်သည်တော်တို့ အမဲလိုက်ပွဲက စတင်တော့မယ်”

ဝေလငါးသတ်ပွဲ

“ငါတို့ လာပြီ”

လူတိုင်းက ကောင်းကင်သို့ မော့ကြည့်လျက် စိတ်လှုပ်ရှားစွာ အော်ကြသည်။

အဝေးရှိ ပင်လယ်ပြင်ထဲရှိ ကူးခတ်နေသော လင်းပိုင်များက စိတ်ရှုပ်ထွေးလာကြပြီး မည်သည့်အတွက်ကြောင့် ထိုလူသားများက ကျယ်လောင်စွာ အော်ဟစ်နေကြကြောင်း တွေးနေကြလောက်သည်။

သူတို့ကို မြင်လား။

ကြင်နာတတ်သော လင်းပိုင်များက ရေထဲမှ တစ်ကောင်ပြီးတစ်ကောင် ခုန်ထွက်လာချိန်တွင် ငါးဖမ်းလှေများက နောက်မှလိုက်သည်။ သူတို့ဟာ နီးကပ်သထက် ကပ်လာပြီး အဝေးရှိ ကမ်းစပ်နားသို့ ရောက်လာသည်။

ထိုအချိန်တွင်

ရေတိမ်သောနေရာတွင် မရေအတွက်နိုင်သော လူပေါင်းများစွာက သူတို့ဆီ တဖြည်းဖြည်းချင်းစီ ကူးခတ်လာသော လင်းပိုင်များကို စိတ်လှုပ်ရှားစွာနှင့်ကြည့်ပြီး မိန်းများကို ကိုင်ထားကြသည်။

“မဟုတ်ဘူး ငါ နည်းနည်းတော့ စိုးရိမ်နေတယ်။ အရေအတွက်က ဒီလောက် များတာ။ ငါ ဘယ်တစ်ကောင်ကို တိုက်ခိုက်ရမလဲ။ သူတို့ ငါတို့ကို တိုက်ခိုက်ရင် ဘယ်လိုလုပ်မလဲ”

“ဟား ဟား မင်းတို့က ငကြောက်တွေ။ လင်းပိုင်တွေက လူတွေကို ဘယ်တော့မှ မတိုက်ခိုက်ဘူး”

“သူတို့က ဒီအတိုင်း ရယ်ဖို့ပဲသိတဲ့ အရူးတစ်အုပ်လေ။ ဘာကို ကြောက်ရမှာလဲ။ ငါ့ကို ကြည့်။ ငါ အရင်ဆုံးတစ်ကောင် သတ်ပြမယ်”

“မစိုးရိမ်ပါနဲ့။ လင်းပိုင်လေ့ကျင်သူ‌တွေက မရွေးချယ်ရသေးဘူး’

ဆုပိုင်က အနားရှိလူများ၏ ပြောစကားကို နားထောင်ရင်း မျက်နှာသေနှင့် ဆက်ကြည့်နေလိုက်သည်။

မည်သည့်သူ၏ မျက်နှာပေါ်တွင် စာနာသနားမှုကိုမျှ မမြင်ရချေ။

ပိုဆိုးသည်မှာ ထိုလူများက လင်းပိုင်များ၏ များကို လှောင်ရယ်ကြသည်။

ဘယ်လိုတောင် လူမဆန်တဲ့ သားရဲတစ်အုပ်လဲ။

ပလုံ ပလုံ ပလုံ

လင်းပိုင်ပေါင်းများစွာက သူ၏အရှေ့ဘက် ရေတိမ်သော အပိုင်းတွင် စုစည်းလာကြောင်း မြင်သောအခါ ဆုပိုင်က သူ၏နူတ်ခမ်းထောင့်ကို တစ်ချက်ယက်လိုက်ပြီး သူ၏လက်ထဲမှ ပစ္စတိုကို ကျစ်ကျစ်ပါအောင် တိတ်တဆိတ် ဆုပ်ကိုင်ထားလိုက်သည်။

သူ၏မျက်လုံးက အဝေးရှိ ငါးဖမ်းလှေပေါ်တွင်သာ ရှိနေသည်။

သူတို့သာ လင်းပိုင်များအားလုံးကို ကယ်ဆယ်လိုလျှင် ကမ်းစပ်ရှိလူတိုင်းကို ခြောက်ရန် လိုအပ်ရုံသာ မကသေးလေပဲ လိုအပ်လျှင် ငါးဖမ်းလှေတစ်ခုလုံးကို ကိုင်တွယ်လျက် ကြီးမားသော ပိုက်ကွန်ကြီးကို ချိတ်ထားသော အဝေးရှိ တိုင်ကိုပင် ခွဲခြေပစ်ရပေမည်။

ရုတ်တရက် ထိုအခိုက်အတန့်တွင် ကမ်းစပ်မှ ငါးဖမ်းသမားတစ်ယောက်က သူတို့၏ သေးငယ်သော ငါးဖမ်းလှေများကို ပင်လယ်ထဲမှ ဆွဲထုတ်လာချိန်တွင် အဝေးမှ အော်သံက ထွက်လာသည်။ အသံက ငိုသံနှင့်တူသည်။ ဝမ်းနည်းမှုများ ပြည့်နေသည်။

ဟူး

ထို့နောက် ပင်လယ်လှိုင်းလုံးကြီးက ပင်လယ်ထဲမှ မြှောက်တက်လာပြီးနောက်တွင် ကြီးမားသော ဝေလငါးအမြှီးကြီးက လိမ့်လာသည်။ သူ၏ကြီးမားသော ခန္ဓာကိုယ်ကြီးကလည်း ငါးဖမ်းလှေအနားတွင် ပေါ်လာသည်။

ထို့နောက်_ _ _

ဝေလငါး၏ အထက် ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် သွေးများက ပန်းထွက်နေသည်။

All Chapters