← Chapters

အခန်း (၂၆၈-၂၇၀)

Vol. 18 Ch. 268-270

အခန်း (၂၆၈-၂၇၀)

Vol. 18 Ch. 268-270

++++++ 268 01

အခန်း 268

“ဂဟစ် ဒါက ဝေလငါးလား။ ငါတို့ ပထမနေ့မှာ ဝေလငါးကို မြင်လိုက်ရတယ်။ ဟား ဟား ငါတို့က ကံကောင်းလွန်းလို့ “

“ကြည့်ရတာ ဝေလငါးပေါက် ထင်တယ်။ အရွယ်တောင် မရသေးဘူး_ _ _ဒါပေမဲ့ အရွယ်အစားကို ကြည့်ရရင်တော့ ပိုက်ဆံ အများကြီး ရမှာပဲ”

“သေစမ်း ငါးဖမ်းလှေနှစ်စီးက ငါတို့ကို အခွင့်ကောင်း ယူသွားတာ။ ငါတို့ သူတို့ကို မတိုက်ခိုက်နိုင်ဘူး”

လှေပေါ် တက်တော့မည့် လူများအားလုံးက ရပ်တန့်လိုက်လျက် အဝေးရှိ ငါးဖမ်းလှေတစ်စီးကို ကြည့်သည်။

ထိုအခါ ထိုငါးဖမ်းလှေနှစ်စီးက လျင်မြန်သော အရှိန်နူန်းနှင့်အတူ ဝေလငါးများရှိရာသို့ လျင်မြန်စွာသွားရင်း တွေ့ကြုံရသမျှ လင်းပိုင်တိုင်းကိုပင် လက်လျော့လိုက်ကြောင်း တွေ့လိုက်ရသည်။

“ဒီအကောင်ကြီးကို ကမ်းစပ်ကို အရင်မောင်းတင်လိုက်။ မှိန်းအကြီးကို မသုံးနဲ့နော်။ အသေးဆုံးက ပိုနာတယ်”

“သူ့ကို တိုက်ရိုက် မသတ်လိုက်နဲ့ဦး။ အဲဒီလိုမှ မဟုတ်ရင် ငါတို့ ကမ်းစပ်ထိ သူ့ခန္ဓာကိုယ်ကြီးကို မသယ်သွားနိုင်ဘူး”

သတ်လတ်ပိုင်းအရွယ် ခေါင်းဆောင်ကြီးက ‌ဘေးဘက်မှလာသည့် ထူးခြားသည့် ဝေလငါးအော်သံကို ကြားချိန်တွင် အံ့အားသင့်သွားသည်။ သူသည် ချက်ချင်းဆိုသလိုပင် လှေဝမ်းဗိုက်ခန်း အတွင်းမှ အပြင်ဘက်သို့ အပြေးထွက်လာသည်။

ပင်လယ်ထဲတွင် ဆယ်မီတာကျော်ခန့် ရှည်သော ကြီးမားသော သတ္တဝါကြီးကို ကြည့်ရင်း သူဟာ သဘောကျစွာ အော်ရယ်သည်။ ထို့နောက် လူတိုင်းကိုလည်း လက်နက်ကြီးများကို ကောက်ယူစေလျက် ဝေလငါးလေးကို ကမ်းစပ်ပေါ်သို့ မောင်းနှင်ရန် ပြောလိုက်သည်။

ထို့နောက်_ _ _

ဝူး

ပင်လယ်ထဲမှ ဝေလငါးလေးက သူ့ဆီအပြေးလာနေသော ငါးဖမ်းလှေနှစ်စီးကို ကြည့်ပြီး အထိတ်တလန့် အော်သည်။ သူဟာ သူ၏အမြှီးဆူးတောင်လေးကို ခတ်လျက် အဝေးသို့ ကူးခတ်ပြေးသည်။

သူပြေးသော ဘက်ကလည်း ငါးဖမ်းလှေများ သူ့ကို မောင်းနှင်ချင်နေသည့် ရေတိမ်သောဘက် ဖြစ်နေသည်။

နှစ်ပေါင်းများစွာ ပူးပေါင်းပြီးနောက်တွင် သူတို့အားလုံးက အလွန်အမင်း ရင်းနှီးနေကြ ဖြစ်သည်။ ထို့နောက် နောက်မှသာ တဖြည်းဖြည်းချင်းစီ လိုက်လာပြီး မကြာခဏဆိုသလို မှိန်းသေးသေးလေးများဖြင့် ပစ်သတ်သည်။

အလွန်စူးရှသာ မှိန်းက ဝေလငါးလေး၏ အသားကို ထိုးဖောက်ချိန်တိုင်းလိုလို ထိုအကောင်ပေါက်လေးထံမှ ဝမ်းနည်းသော အော်သံက ထွက်ထွက်လာတတ်သည်။

သို့သော် _ _ _

ထို့ဝမ်းနည်းသော အော်သံကို ကြားသောအခါ ငါးဖမ်းလှေပေါ်ရှိ လူများက စာနာသနားသွားခြင်း မရှိရုံသာ မကသေးလေပဲ ပို၍သာ စိတ်လှုပ်ရှားလာကြပုံ ပေါ်သည်။

လင်းပိုင်သတ်ပွဲ၏ ပထမရက်တွင်ပင် ဝေလငါးတစ်ကောင်ကို သတ်ဖြတ်နိုင်ခြင်းက ကောင်းသော လက္ခဏာဖြစ်သည်။

_ _ _

ဝေါင်း

ကောင်းကင်ပြာတိရစ္ဆာန်ရုံအတွင်းတွင် မြောက်မြားလှစွာသော တိရစ္ဆာန်ပေါင်းများစွာက တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင်‌ ပေါ်နေသော ဝေလငါးလေး၏ အထိတ်တလန့် ဖြစ်နေသော ပုံစံကို ကြည့်နေကြရသည်။ လူသားများထံမှတဆင့် အသံလှိုင်းကို သူတို့ကလည်း ပြန်ကြားနိုင်၏။ သူတို့က သေး လူသားများ ပြောစကားအကြောင်း သိနိုင်သေးသည်။ ထိုဝေလငါးပေါက်လေးက သူ၏အမေကို ခေါ်နေသည်။ နောက်ပြီး _ _ _

ကောင်းကင်ပြာတိရစ္ဆာန်ရုံမှ လူတိုင်းသည်လည်း သူတို့၏ အော်သံများကို ကြားကြသည်။ ဝေလငါးပေါက်လေး၏ ကူကယ်ရာမဲ့မှုကိုလည်း ခံစားမိကြသည်။ လူတိုင်းကလည်း ခံစားချက် မကောင်းကြတော့ပေ။

ဝူး ဝူး

“မေမေ_ _ _ ဘာလို့ သူတို့က နာကျင်အောင် လုပ်နေကြတာလဲ။ တော်တော် သနားဖို့ ကောင်းတာပဲ”

268 02

ဘေဘီက သွေးများ စိုရွှဲနေပြီဖြစ်သော ဝေလငါးပေါက်လေးကို သူမ၏မျက်လုံးနီလေးများဖြင့် စိုက်ကြည့်ပြီးနောက် ကောင်းယွဲ့၏ လက်မောင်းထဲသို့ ခုန်ဝင်လျက် အော်ငိုလေသည်။

“သူတို့အားလုံးက လူဆိုးတွေပဲ”

“ဒါက တော်တော်နာမှာ။ သွေးတွေ အများကြီး ထွက်နေတာပဲ”

“ဒါရိုက်တာဆုပိုင်က ဘာလို့ မကယ်တာလဲ”

“ဒါက တကယ် မဟုတ်ဘူး။ မငိုနဲ့တော့နော် ဘေဘီ”

ကောင်းယွဲ့ကလည်း သမီးဖြစ်သူအား အသာပွေ့ဖက်လိုက်ရင်း ခပ်တိုးတိုး ရေရွတ်သည်။

သူမစကား မဆုံးခင် အချိန်မှာ သူမ၏မျက်နှာတွင် မျက်ရည်များ ရွှဲသွားပြီ ဖြစ်သည်။

မိခင်တစ်ယောက် အနေဖြင့် ဝေလငါးပေါက်လေး၏ အော်သံမှ အဓိပ္ပာယ်ကို နားမလည်နိုင်သည့်တိုင်အောင် ထိုကဲ့သို့သော ဝမ်းနည်းမှု၊ ကူကယ်ရာမဲ့မှု၊ ကြောက်လန့်မှု၊ ခြောက်ခြားမှုများက သူမ၏ စိတ်ထဲတွင် အလွန်ပင် နက်ရှိုင်းစွာ ထွင်းထုခံရသလို ဖြစ်သွားသည်။

အလွန်ပြင်းထန်လွန်းသော စိတ်ဓာတ်ကျဖွယ်ရာ ခံစားချက်မျိုးက ကောင်းယွဲ့အား ဘေဘီ ဖျားနာနေခြင်းအား သတိရသွားစေသည်။

ထိုတိုက်ရိုက်ထုတ်လွှင့်မှုဟာ အတု ဟုတ်မဟုတ် သူမ မသိသော်လည်း သို့သော် _ _ _

ဒါရိုက်တာဆုပိုင်က ဒါဟာ ပြန်လည်ဖန်တီးထားခြင်းဟု ပြောသည်။ ဆိုလိုသည်မှာ ဒီကိစ္စက အမှန်တကယ် ဖြစ်ပျက်ခဲ့ဖူးသည်။

“ဒါရိုက်တာဆုပိုင်က နည်းလမ်းတစ်ခု သေချာပေါက် ရှာမှာပါ။ မငိုနဲ့တော့နော် ဘေဘီ လိမ္မာတယ်။ ဒီမှာကြည့် တာ့ပိုင်တောင် ရယ်နေပြီ”

ကောင်းယွဲ့က ဘေဘီခေါင်းလေးကို အသာပုတ်ရင်း ခပ်တိုးတိုး ပြောသည်။

“သေစမ်း ငါ အငို မရပ်နိုင်တော့ဘူး”

“ဒါက အစပဲရှိသေးတာ။ ဒီဝေလငါး‌လေးက ဒီလောက်ဆိုးရွားတဲ့ အနေအထား‌ကို ရောက်နေပြီ။ နောက်ပိုင်း အဲဒီလင်းပိုင်တွေ ဘယ်လိုအခြေအနေကို ကြုံရဦးမှာလဲ”

“အဲဒီတိုင်းပြည်က တော်တော်ကို အကျည်းတန်တဲ့ မျက်နှာပဲ။ သူတို့က ပြောတောင် ပြောရဲသေးတယ်။ ဘာတဲ့ ငါးရှဉ့်က သူတို့တိုင်းပြည် အပိုင်ဆိုပဲ။ သူတို့က ဘယ်ရေသတ္တဝါမှ ထိခိုက်အောင် မလုပ်ခဲ့ဖူးဘူးဆိုပဲ”

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်သောလူတိုင်းက မျက်ရည်အပြည့်နှင့် ဖြစ်သည်။

သူတို့သည် အမှန်တကယ်ပင် စိတ်ကို မကူးရဲကြချေ။

ဒါဟာ ဝေလငါးလေးတစ်ကောင်ကို အမဲစလိုက်ရုံသာ ရှိသေးသည်။ ဝေလငါးလေး၏ အရှေ့တွင် လင်းပိုင်ရာပေါင်းများစွာ ကမ်းစပ်သို့ မောင်းနှင်ခံနေရသေးသည်။

သတ်ဖြတ်မှု စတင်သည်နှင့် သူတို့ ဘယ်လိုတောင် တောင့်ခံနေနိုင်မှာလဲ။

မိဘအများစုဆိုလျှင် သူတို့၏ ကလေးများကိုပင် တင်းတင်းကြပ်ကြပ် ပွေ့ဖက်ပြီး မျက်လုံးများပင် အုပ်ထားကြသည်။

ဆက်လာမည့် မြင်ကွင်းက သွေးလွှမ်းလွန်းသဖြင့် လူကြီးများကပင် အနည်းငယ် လွှမ်းမိုးခံရလေရာ ကလေးများဆိုလျှင် ပိုဆိုးသည်။

ဝူး

ရုတ်တရက် ဖန်သားပြင်ထံမှ ပို၍စူးရှသော အော်သံက ရုတ်တရက် ထွက်လာသည်။ လူတိုင်းက ချက်ချင်းဆိုသလိုပင် မျက်လုံးပြူးစွာ ကြည့်လိုက်၏။

ပင်လယ်ပြင်ထဲရှိ ကြီးမားသော အားလှိုင်းလုံးကြီးနှင့် ပို၍ပြင်းထန်သော အားလှိုင်းလုံးကြီး တစ်လုံးက လိမ့်တက်လာသည်။ မီတာငါးဆယ်ကျော်ရှည်သော ဝေလငါးကြီးက ပင်လယ်ထဲတွင် ရူးသွပ်စွာ ကူးခတ်နေသည်။ သူ၏ ကိုယ်ကို ဆူးချွန်ကြီးများနှင့် ကြီးမားသော ပင်လယ်ငါးဖမ်း ပိုက်ကွန်ကြီးက ရစ်ပတ်ထားသည်။ စူးရှသော ထိုဆူးချွန်များက ဝေလငါး၏ကိုယ်ပေါ်တွင် အလွန်ကြီးမားသော ဒဏ်ရာများကို ချန်ထားရစ်လေသည်။

သူ၏ ကူးခတ်ချိန်တိုင်းလိုလို သွေးပေါင်းများစွာက ရူးသွပ်စွာ ပန်းထွက်သည်။

ဒါက _ _ _ ဒါ ဒါ ဝေလငါးလေးရဲ့ အမေ ထင်တယ်။

သုံးယွဲ့က မျက်ရည်များကို သုတ်လိုက်ပြီး သူမမျက်လုံးများဖြင့် စိုက်ကြည့်ကာ မယုံနိုင်သလို ပြောလေသည်။

“အား အဲဒီ အဲဒီကို မသွားနဲ့။ ငါးဖမ်းလှေက လှည့်လာတော့မယ်။ အဲဒီလူတွေက အဲဒီမိခင်ဝေလငါးကြီးကိုလည်း ကမ်းပေါ် မောင်းတင်ကြမှာ”

“သေစမ်း ငါတို့ ဘယ်လိုလုပ်ကြမလဲ ဘယ်လို လုပ်ကြမလဲ”

268 03

“ ဝူး”

“ငါ _ _ _ ငါ ဆက်ပြီး မကြည့်နိုင်တော့ဘူး။ ဒီလူတွေက တအား ရက်စက်တယ်။ သူတို့ ဘာလို့ ဒီလို လုပ်ရက်တာလဲ။ ဘယ်လိုကြောင့် လုပ်ရပ်တာလဲ”

လူတိုင်းက သူတို့၏အရှေ့မှ ကြီးမားသော ဖန်သားပြင်ကြီးကို ကြည့်လိုက်ပြီး သူတို့၏ ပါးပြင်ပေါ်တွင် မျက်ရည်များက နွေဦးလို တောက်လျောက် စီးဆင်းလာလေသည်။

လူပေါင်းများစွာက သူတို့၏ ခေါင်းကို ငုံ့လျက် မော့ပင်မကြည့်ရဲကြချေ။

ထိုမြင်ကွင်းကို ကြည့်ရမည်အား ကြောက်သွားကြသည်။ ဆက်တိုက်ရှိုက်ငိုရသဖြင့် သူတို့အနေဖြင့် အသက်ပင် မရှူနိုင်တော့ချေ။

…..

ဝူး

မိခင်ဝေလငါးကြီးက သူမကို ဝိုင်းထားသော ငါးဖမ်းလှေများကို လစ်လျူရှုလျက် ရူးသွပ်စွာ ကူးခတ်လာပြီး ဝေလငါးလေးရှိရာသို့ လျင်မြန်စွာ လာလေသည်

ဝူး

ထို့နောက် အော်ငြီးသံများက ဆက်တိုက် ပေါ်လာသည်။

ဝုန်း

နောက်ဆုံးတွင် ငါးဖမ်းလှေပေါင်းများစွာ၏ ဆက်တိုက်ဆိုသလို တိုက်ခိုက်သော မှိန်းများ၏ တိုက်ကွက်များအောက်တွင် ဝေလငါးနှစ်ကောင်လုံးက ကမ်းပေါ်သို့ ရောက်သွားသည်။

ထို့နောက်_ _ _

မိခင်ဝေလငါးကြီးက ကလေးဖြစ်သူ၏ ကိုယ်ပေါ်မှ ဒဏ်ရာများကို ကြည့်ပြီး အမြှီးကို ခပ်ကြမ်းကြမ်း ယမ်းကာ အနားသို့ ရွှေ့သွားချင်သည်။

သို့သော် _ _ _ ကြည့်ရသည်မှာ ကြီးက မည်သည့်နည်းနှင့်မှ မရွှေ့နိုင်ပေ။

“ချစ်ရတဲ့ ဧည့်သည်တို့”

ခါဝါနာကိုက ဝေလငါးပုံပါသော အလံလေးကို ဆက်တိုက်ဆိုသလို ယမ်းလျက် ကမ်းစပ်သို့ ခပ်မြန်မြန်သွားသည်။ ထို့နောက် လူတိုင်းကို ကြည့်ကာ စိတ်လှုပ်ရှားစွာ ပြောသည်။

“ဝေလငါးကို အမဲလိုက်နိုင်တဲ့ ပထမဦးဆုံးသော စစ်သည်တော်က ဘယ်သူလဲ”

“ဘယ်စစ်သည်တော်က ဒီနှစ်ရဲ့ ဝေလငါး ကျောက်စာတိုင်မှာ နာမည် ထွင်းထုနိုင်မှာလဲ”

“အားလုံးပဲ အဆင်သင့်ပြင်ပြီး လက်နက်တွေကို ကောက်ယူလိုက်ပါတော့”

“လင်းပိုင်သတ်ပွဲ_ _ _”

“အခုပဲ စတင်ပါပြီ”

ထို့နောက် စူးရှသော အော်သံက ထွက်လာသည်။

လူတိုင်းကလည်း သူတို့၏ မှိန်းများကို ခပ်မြင့်မြင့် မြှောက်လိုက်လျက် ဝေလငါးနှစ်ကောင်ဆီ အပြေးသွားကာ အော်သည်။

“ဟား ဟား ဟား ငါနဲ့လာမလုနဲ့နော်။ သေချာပေါက် ငါ့အပိုင်ပဲ”

“အကောင်လေးကို အရင်သတ်။ အကောင်ငယ်လေးက ဆိုးဆိုးရွားရွား ဒဏ်ရာ ရထားတာ။ မျက်လုံးကို ထိုးလိုက်။ မျက်လုံးကို ထိုး”

“အကောင်ကြီးကို အရင်သတ်ရအောင်။ ပိုကြီးတဲ့တစ်ကောင်ကို အရင်သတ်မယ်။ ငါတို့တွေ နောက်မှာ တစ်ဘဝလုံးစာ ကြွားနေလို့ရပြီ ဟား ဟား ဟား “

“ငါက ဝေလငါးကို သတ်လိုက်နိုင်ပြီကွ။ ငါ ဝေလငါးကို သတ်လိုက်တာ”

လူတိုင်းက ထိုမိခင်နှင့်ကလေးတို့ ကမ်းစပ်တွင်‌ မျောပါနေပုံကို ကြည့်ရင်း ရူးသွပ်စွာ အော်သွားကြသည်။ မှိန်းတစ်လက်ကို ကိုင်ရင်း အပြေးသွားသည်။

“ငါက အရင် ငါက ပထမတစ်ယောက်ပဲ”

“ငါက အရင်ဆုံးပဲ တစ်ယောက်ပဲ”

ဖူး

သစ်သားခြေညှပ်ဖိနပ်ကို စီးထားသော အသားမည်းမည်း ပိန်ပိန်ပါးပါးနှင့်လူက လူတိုင်းကို လျင်မြန်စွာ ကျော်ဖြတ်သွားပြီး ဝေလငါးရှိရာသို့ သွားသည်။ သူဟာ လက်ထဲတွင် မှိန်းကို ကိုင်လျက် ခက်ထန်ကြမ်းတမ်းသော မျက်နှာဖြင့် အော်ဟစ်လိုက်သည်။ သို့သော်

ထိုအခိုက်အတန့်တွင် အဝေးမှ ပျံသန်းလာသော မှိန်းတစ်လက်က ထိုလူ၏ ကျောကို တိုက်ရိုက် ထိုးဖောက်သွားသည်။

++++++ 269 01

အခန်း 269

“မဟုတ်ဘူး”

“ဘယ်သူလဲ”

“ငါ့ရဲ့ဝေလငါး”

အသားမည်းမည်း ပိန်ပိန်ပါးပါးနှင့် ထိုလူက သူ၏ရင်ဘတ်မှ ဖောက်ထွက်လာသော မှိန်းတစ်လက်ကို ကြည့်ပြီး ဘေးဘီကို မှင်သက်စွာ လှည့်ကြည့်လိုက်သည်။ ထို့နောက် သူ၏အနောက်မှ လူကို ကြည့်သည်။ သူ၏ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုက ပြူးကျယ်လျက် မြေပြင်သို့ လဲကျသွားပြီး လျင်မြန်စွာနှင့် တတွန့်တွန့် ဆန့်ငင်ဆန့်ငင် ဖြစ်သွားသည်။ ထို့နောက် လှုပ်ရှားမှု ကင်းမဲ့သွားသည်။

“ဘယ်သူက လုပ်ရဲတာလဲ”

အနီးအနားတွင် အမောတကော အသက်ရှူလျက် အိုမင်းသော ခန္ဓာကိုယ်ကြီးကို တရွတ်တိုက် ဆွဲလျက် လာသော ချီဟိုရိုက မြေပြင်ရှိ အလောင်းရှိရာသို့ အပြေးသွားလိုက်သည်။ ထို့နောက် အလောင်းထဲမှ မှိန်းကို အတင်း ဆွဲထုတ်လိုက်ကာ ဘေးဘီကို ကြည့်ရင်း အရာအားလုံး မြင်လိုက်သည့် လူတိုင်းကို ဒေါသတကြီး ကြည့်ကာ ရင်ကွဲမတတ် အသံမျိုးဖြင့် အော်သည်။

“မင်းတို့က လူသတ်သမား တစ်သိုက်ပဲ။ မင်းတို့မှာ လူစိတ် မရှိတော့ဘူးလား’

“သူတို့လည်း ငါတို့လို အသက်ရှိတဲ့ သူတွေပါပဲ။ မင်းတို့က ဒါကို လစ်လျူရှုထားမယ်ဆိုရင် အနှေးနဲ့အမြန်ဆိုသလို ပြန်ခံရမှာပဲ”

“သူတို့အားလုံး မျိုးတုံးသွားမှ မင်းတို့ အသိဝင်မှာလား”

“ဒီနေရာကို မလာနဲ့”

“ဒီနေရာကို လာတဲ့ ဘယ်သူမဆို ဒီလူလိုပဲ သေရမယ်”

လူတိုင်းကလည်း ဝေလငါးနှစ်ကောင်၏ ရှေ့တွင်ရပ်နေသော လူအိုကြီးကို ကြည့်လိုက်သည်။ အထူးသဖြင့် သူ၏အောက်မှ အလောင်းနှင့် သူ၏ ကြောက်မက်ဖွယ် ကောင်းသော ပုံစံမျိုးကို ကြည့်ပြီး အားလုံးက ကြောက်လန့်တကြား ဆုတ်ကြသည်။

“လက်နက်ချလိုက်”

“မင်းက လူတစ်ယောက် သတ်ပြီးပြီ။ မင်းက စည်းမျဉ်းကို ဖောက်လိုက်ပြီ။ မင်း_ _ _”

“တစ်ယောက်လာစမ်း”

ခါဝါနာကိုက ရှေ့သို့ တက်လိုက်သည်။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်နေသည်။

ဟူး

ချီဟိုရိုက အော်သည်။ သူက အနည်းငယ် ရူးနေပြီ ဖြစ်သည်။

သူဟာ မိခင်ဝေလငါးကြီးကို ကျောကပ်မှီလိုက်ပြီး အဝေးမှ လျင်မြန်စွာ ပြေးလားသော လုံခြုံရေးတစ်အုပ်ကို ကြည့်လိုက်ကာ မျက်လုံးကို စိတ်ဓာတ်ကျစွာ မှေးလိုက်သည်။

သူ၏မျက်ဝန်းထဲမှ မျက်ရည်များ စီးကျလာသည်။

“လက်နက်ကိုချ”

“ဒီလိုမှမဟုတ်ရင် ငါတို့ မင်းကို နေရာမှာတင် ပစ်သတ်ပိုင်ခွင့် ရှိတယ်”

“မင်းတို့ရဲ့လက်နက်ကို ချ။ အမဲလိုက်တာကို ဝင်ရောက် မစွက်ဖက်နဲ့။ ဒါက ငါတို့ရဲ့တိုင်းပြည်ကို ရန်လာစနေတာပဲ”

“ရန်စတယ် ဟုတ်လား”

ချီဟိုရို၏ နူတ်ခမ်းက အထင်သေးမှုအပြည့်နှင့် ကွေးသွားသည်။ သူက သူ့ကို သေနတ်ဖြင့် ချိန်ထားသော လုံခြုံရေးများအားလုံးကို လစ်လျူရှုထားပြီး တစ်ဖက်သို့ ဖြည်းဖြည်းချင်းစီ လှည့်လျက် သူ၏အရှေ့ဘက်မှ ဝေလငါးလေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ကာ အတူတကွ အုံလျက် အထိတ်တလန့် ဖြစ်နေကြသော လင်းပိုင်များကို ပြန်ကြည့်သည်။

“စီရာ”

“ငါ ကျရှုံးသွားတယ်။ ဖြစ်နိုင်တာက ငါက ဒီအတိုင်း အရှုံးသမားပဲ နေမှာပါ”

“ဒါပေမဲ့ ငါတို့ လုပ်တာ လုံးဝမမှားဘူး”

“ငါတို့ လုံးဝမမှားဘူး”

ထိုသို့ခပ်တိုးတိုး ပြောပြီးနောက်တွင် ချီဟိုရိုဟာ သူ၏ မျက်နှာကို ဝေလငါး၏ မျက်လုံးနားသို့ ကပ်လျက် ထိုသတ္တဝါ၏မျက်လုံးထဲမှ သလင်းရောင်မျက်ရည် ကျလာမှုကို ခံစားလိုက်ရပြီး ရှိုက်ငိုလေသည်။

269 02

“တောင်းပန်ပါတယ်”

“ငါ မင်းတို့ကို မကယ်နိုင်ဘူး။ တောင်းပန်ပါတယ်”

“တောင်းပန်ပါတယ်”

“ဟူး”

ထို့သို့ပြောပြီးနောက်တွင် သူဟာ သူ၏လက်ထဲတွင် မှိန်းကို တင်းတင်းကြပ်ကြပ် ကိုင်လျက် တစ်ဖက်သို့လှည့်ကာ လူတိုင်းကို ရင်ဆိုင်ကာ သူ့ရင်ဘတ်သူ တဖြည်းဖြည်းချင်းစီ ထိုးလေသည်။

“ဟား ဟား ငါ့ရဲ့နှလုံးကလည်း အနီရောင်သွေးပဲ”

“ငါက သူတို့ကို ချစ်တာကြောင့်၊ ငါ ဒီလိုတိရစ္ဆာန်တွေကို ချစ်တာကြောင့် မင်းတို့တွေ_ _ _ မင်းတို့ရဲ့နှလုံးသားကတော့ မည်းနေလောက်တယ်”

“အနှေးနဲ့အမြန်ဆိုသလိုပဲ မင်းတို့တွေ ပြန်ခံရမှာ။ အနှေးနဲ့အမြန်ဆိုသလိုပဲ။ မင်းတို့က သူတို့ထက်တောင် ဆိုးရွားတဲ့ ပုံစံမျိုးနဲ့ သေရလိမ့်မယ်။ ငါ ချီဟိုရိုက မင်းတို့ကို ထာဝရ ကျိန်စာ တိုက်တယ်”

“မင်းတို့က ဒီအတိုင်း ကွပ်မျက်သူတစ်အုပ်ပဲ”

ဒိုင်း

သူ၏စကား ဆုံးသွားသည့်အချိန်တွင် တစ်ဘဝလုံးကို အသုံးပြုလျက် ရေနေသတ္တဝါများ၏ အသက်ကို ကာကွယ်ရန် ကြိုးစားခဲ့သော ထိုလူအိုကြီးက လူတိုင်း၏အရှေ့တွင် သေသွားသည်။

ဝမ်းနည်းစရာ ကောင်းသော သေဆုံးမှုကတင် တိရစ္ဆာန်များကို သတ်ချင်နေသော ထိုလူများအား နိုးထအောင် မလုပ်နိုင်ပေ။

“မြန်မြန်လေး မြန်မြန်လေး ဒီအလောင်းကို မြန်မြန်ဖယ်လိုက်။ ပွဲက အချိန်ကိုက်စရမှာ”

လုံခြုံရေးခေါင်းဆောင်က မြေပြင်ပေါ်မှ လူအိုကြီး၏ အလောင်းကို ကြည့်ပြီး အံကို ကြိတ်လိုက်ကာ အမိန့်ပေးသည်။

ဒိုင်း ဒိုင်း ဒိုင်း

သို့ရာတွင် ထိုလူများက ထိုအလောင်းကို ဆွဲထားရုံသာ ရှိသေးသည်။ ကမ်းစပ်မှ ခရီးသွားများကလည်း သူတို့၏မှိန်းများ ခပ်မြန်မြန်ချပြီး နောက်ဆုတ်ကြသည်။

“ငါ ငါ ဒီပွဲမှာ မပါတော့ဘူး။ ငါ လက်လျော့တယ်”

“ငါတို့ မိသားစုတစ်ခုလုံး လက်လျော့တယ်”

“ပြန်ရအောင် ငါတို့ ဒီမှာဆက်မနေတော့ဘူး။ ပြန်ရအောင်”

ခါဝါနာကိုက ဟော်တယ်သို့ ပြန်ရန် ပြင်ဆင်နေသော ခရီးသွားတစ်အုပ်ကို မြင်သောအခါ ခပ်မြန်မြန် ထခုန်ရင်း အော်လေသည်။

“ဒါက ဒါက အထူးဖြစ်စဉ်ပါ”

“ဒီအဖိုးကြီးက ပေါက်ကရ ပြောနေတာ။ သမုဒ္ဒရာထဲမှာ သတ်ဖြတ်ခံရလို့ မျိုးတုံးသွားတဲ့ သတ္တဝါဆိုတာ ဘယ်ရှိပါ့မလဲ။ ငါတို့က ဒီပွဲကို နှစ်ရာပေါင်းများစွာ ကျင်းပလာခဲ့တာ။ သူတို့ရဲ့ အရေအတွက်က နှစ်တိုင်းလိုလို အတူတူပဲ”

“သေစမ်း နင်တို့ ထွက်သွားရင် ပိုက်ဆံ ပြန်မရဘူးနော်”

“ပြန်လာခဲ့”

သို့သော် သူမက မည်မျှပင် ကျယ်လောင်စွာ အော်နေစေကာမူ ထိုလူများအားလုံးက အနောက်ပင် လှည့်မကြည့်ပဲ ထွက်သွားပြီ ဖြစ်သည်။

သို့ရာတွင် အချို့က ထွက်သွားသော်လည်း လူအများက ခဲ့ကြချေ။ သူတို့က ပွဲစမည့်အချိန်ကို စောင့်နေကြသည်။

“ကောင်းပြီ ငါတို့ပွဲကို ဆက်လုပ်ရအောင်”

“ငါးဖမ်းသမားတွေက အသင့်ပဲ။ ငါတို့ နည်းနည်းလေးတောင် အချိန်ဆွဲလို့ မဖြစ်ဘူး။ ငါတို့ ဒီဝေလငါးနှစ်ကောင်ကို အရင်သတ်ရအောင်”

“အရှေ့ တက်လာချင်တဲ့ ရဲရင့်တဲ့သူ မရှိဘူးလား”

ခါဝါနာကိုက လင်းပိုင်အလံကို ယမ်းလိုက်ပြီး စိတ်လှုပ်ရှားလွန်းသော ပုံစံပေါက်အောင် အသည်းအသန် ကြိုးစားထားရင်း လူတိုင်း၏ ခံစားချက်များကို လှုံ့ဆော် ပေးနေသည်။

“သေစမ်း ဒီအဖိုးကြီးရဲ့ အမှားပဲ”

269 03

“သူတို့ကြောင့်သာ မဟုတ်ဘူးဆိုရင် ဒီပွဲက အကြီးကြီး အောင်မြင်မှာ။ နောက်ပြီး ငါလည်း ပိုက်ဆံအများကြီးရမှာပဲ။ နောက်နှစ်ဆိုရင် ကြီးကြပ်သူအဖြစ် ရာထူးတောင် တိုးလောက်သေးတယ်”

ငါးဖမ်းသမားများကလွဲပြီး လူအုပ်ထဲတွင် မည်သည့်ခရီးသွားမှ မရှိတော့ချေ။ ခါဝါနာကိုအနေဖြင့် မျက်မှောင် ကြုတ်လိုက်ပြီး ဘေးဘက်ရှိ ငါးဖမ်းသမားများကို ခေါင်းညိတ်ပြသည်။

“အားလုံးက အရင်စလုပ်ရမှာ ကြောက်တယ်ဆိုရင်လည်း ဒါဆိုရင် အရင်ဆုံး ဒီနှစ်ရဲ့ ပထမဦးဆုံး နာမည်ထွင်းခံရတဲ့လူက ငါတို့ရဲ့ ငါးဖမ်းသမားပဲ ဖြစ်နိုင်တော့မယ်”

“ငါ_ _ _ “

ငါးဖမ်းသမားအချို့က မှိန်းများ ကိုင်လျက် တဖြည်းဖြည်းချင်းစီ ထွက်လာကြသည်။

ထိုအချိန်တွင် တန်းစီးနေသော နေရာထဲမှ လူငယ်တစ်ယောက်က ထွက်လာသည်။ ခါဝါနာကို ထိုလူငယ်အပေါ် နက်နဲသည့် ထင်မြင်ချက်မျိုး ရှိနေသည်။

လူအိုကြီးနှင့်အတူ သူသည်လည်း ထူးဆန်းသော လူမျိုး ဖြစ်သည်။ အမြဲတစေ တိတ်နေခဲ့၏။

“လက်နက်က ဘယ်မှာလဲ”

ခါဝါနာကိုက ရှေ့မှ မတ်တပ်ရပ်နေသော လူငယ်ကို ကြည့်လိုက်သည်။ သူ၏လက်ဗလာကို စိုက်ကြည့်ပြီး မျက်မှောင်ကြုတ်ကာ မေးသည်။

“လက်နက်မပါပဲ ဝေလငါးတွေကို ဘယ်လို သတ်မှာလဲ”

“အရင်ဦးဆုံး သူတို့ရဲ့မျက်လုံးကို ကန်းသွားအောင် မှိန်းကို သုံးရတယ်။ အဲဒီနောက်_ _ _”

“နင်_ _ _”

ခါဝါနာကိုက သူမ၏မျက်လုံးကို သေနတ်ဖြင့် လာချိန်သောသူကို ကြည့်လိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်သွားသည်။

“နင် နင် နင် ဘာလုပ်မလို့လဲ။ ဒါက ဝေလငါးသတ်ပွဲနော်။ နင် ပြဿနာ လာမရှာနဲ့။ နင် အခု အဖိုးကြီးကို မြင်လိုက်လား”

“နင် လက်နက်ချမယ်ဆိုရင် အခု အချိန်ရှိသေးတယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် _ _ _”

ဆုပိုင်က မှင်သက်စွာနှင့် အဝေးတွင် ငေးငိုင်သော ပုံစံမျိုးနှင့် ရပ်နေသော သူများကို တစ်ချက်ကြည့်လိုက်သည်။ သူဟာ သူ၏အရှေ့မှ လမ်းညွှန်ကို ချိုမြိန်သော ရုပ်ရည်နှင့် လမ်းညွှန်အား သုန်မှုန်သော အကြည့်နှင့် ကြည့်ကာ တိုးလျပြီး ဩရှသော လေသံနှင့် ပြောလိုက်သည်။

“ဒီလိုမျိုး ဆက်တိုက် အမဲလိုက်ခံနေရမယ်ဆိုရင် မျိုးမတုန်းသွားဘူးလို့ မင်း ဘယ်လိုသိလဲ”

“ငါ မင်းကို ပြောမယ်။ တစ်ရက်မှာ အနာဂတ်မှာပေါ့။ ကမ္ဘာမြေပေါ်က တိရစ္ဆာန်တွေအားလုံး မျိုးတုန်းသွားလိမ့်မယ်။ သူတို့ကို အခုတန်ဖိုးထားမှာလား”

“အား တစ်ယောက်ယောက် လာစမ်း။ ဒီလူက ရူးသွားပြီ။ သူ့ကို သေတဲ့အထိ ရိုက်သတ်လိုက်ကြ”

ခါဝါနာကိုက ထိုလူ၏ အနီရောင်မျက်လုံးများကို ကြည့်ပြီး ကြောက်လန့်တကြား အော်သည်။

“သေတဲ့အထိ ရိုက်သတ်လိုက်ကြ။ မြန်မြန် မြန်မြန်”

“ဒိုင်း”

ဆုပိုင်က မြေပြင်တွင် လဲသွားသော လမ်းညွှန်ကို ကြည့်ပြီး အပြေးလာနေသည့် လုံခြုံရေးများကို ကြည့်သည်။

ဒိုင်း ဒိုင်း ဒိုင်း

သူဟာ တုန့်ဆိုင်းမနေပဲ ပစ္စတိုကို မြှောက်လျက် တည်ငြိမ်စွာ ပစ်လိုက်သည်။

ထိုလုံခြုံရေးတိုင်းကို သတ်ပြီးနောက်တွင် တစ်ဖက်သို့လှည့်လျက် သူ၏အရှေ့မှ ငါးဖမ်းသမားအဖွဲ့ကို ကြည့်သည်။

“အား ကယ်ပါ”

“ပြေးတော့ ဒီမှာ အရူး ရှိနေတယ်။ လူတွေ လာသတ်နေပါတယ်။ လူတွေ လာသတ်နေပါတယ်”

“ငါ့ကို မသတ်နဲ့နော်။ ငါ ဒီပွဲမှာ နောက်ထပ် ဘယ်တော့မှ ဝင်မပါတော့ဘူး။ ကျေးဇူးပြုပြီး ငါ့ကို မသတ်ပါနဲ့။ မပစ်နဲ့ မပစ်နဲ့”

ဝရုန်းသုန်းကား ဖြစ်နေနှင့်ပြီးသား ကမ်းခြေကို ကြည့်နေရင်း ဆုပိုင်ဟာ တိတ်တဆိတ် လှည့်လျက် အနောက်ဘက်မှ ရေတိမ်နေရာဘက်သို့ လျှောက်သွားလိုက်သည်။

269 04

ဝေလငါးနှစ်ကောင်ကို ကျော်ဖြတ်သွားသောအခါ တစ်ခဏခန့် ရပ်တန့်ပြီး ခပ်တိုးတိုး ပြောလိုက်လေသည်။

“နည်းနည်းလေးပဲ ထိန်းထား။ သိပ်မကြာခင် အကယ်ခံရလိမ့်မယ်။ အဲဒီနောက် _ _ _”

“ဒီနေရာကို ဘယ်တော့မှ ပြန်မလာနဲ့တော့”

ဝူး

မိခင်ဝေလငါးကြီးက ခက်ခက်ခဲခဲ ပြန်ဖြေရှာသည်။

သူသည် အရှေ့ဘက်မှ လူသားများနှင့် ပတ်သက်ပြီး အဖြစ်အပျက်ကို နားမလည်သော်လည်း သို့သော် _ _ _

သူမ၏အရှေ့မှ လူသား၏ ပြောစကားကို နားလည်နိုင်သည်။ ထိုလူသားက သူတို့ကို ကယ်ပေးနေသည်။

ထိုအခြေအနေက မိခင်ဝေလငါးအား ယုံကြည်ရန်ပင် ခက်ခဲသလို ခံစားစေရသည်။ သူမ၏ မှတ်ဉာဏ်ထဲတွင် လူသားများက သူတို့အား ဆက်တိုက် သတ်ဖြတ်ခဲ့ခြင်းသာလျှင် ဖြစ်သည်။

လူသားများ၏လက်တွင် သူမ၏ ယခင်ကလေးတိုင်း သေသွားခဲ့သည်။ ဒီနေ့တွင်လည်း သူမကိုယ်တိုင် သေရမည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။

++++++ 270 01

အခန်း 270

ဒုန်း

ဆုပိုင်က ရေတိမ်ပိုင်းသို့ သွားလိုက်ပြီးနောက် ထိုနေရာတွင် အုံကာ နေသည့် လင်းပိုင်များကို ကြည့်သည်။ သူက ပစ္စတိုကို ထပ်မြှောက်လျက် အဝေးရှိ ငါးဖမ်းလှေကို ချိန်လိုက်သည်။

ဒိုင်း

ဝုန်း

လက်ထဲတွင် မှိန်းကိုင်ထားသော ငါးဖမ်းသမားတစ်ယောက်က ရုတ်တရုက် ပင်လယ်ထဲသို့ ခေါင်းဖြင့် ထိုးကျသွားပြီး မရေမတွက်နိုင်သော အားလှိုင်းများ မြှောက်တက်လာသည်။

“မြန်မြန်လေး ပြန်လှည့်။ ဒီကောင်က ရူးနေတာ။ မှိန်းကို ချက်ချင်းကိုင်ပြီး သူ့ကို တိုက်ခိုက်ကြ”

“သူ့ကို တိုက်ခိုက် သူ့ကို တိုက်ခိုက် သူ့ကို တိုက်ခိုက်”

“မြန်မြန်လေး မင်းတို့အရူးတစ်သိုက်”

သက်လတ်ပိုင်းအရွယ် ခေါင်းဆောင်က ပင်လယ်ထဲသို့ ကျသွားသော လက်အောက်ငယ်သားကို တစ်ချက်ကြည့်ပြီး မျက်တောင်ပင်မခတ်ပဲ အော်သည်။ သူသည် ရုတ်တရက် ငုံ့လျက် လှေထဲမှ ကြီးမားသော မှိန်းကြီးကို ကောက်ယူလိုက်သည်။

သူဟာ အဝေးရှိ ဆုပိုင်ကို ချိန်လိုက်ပြီး လှမ်းပစ်ရန် ကြံစည်သည်။ ထက်ရှသော မှိန်းနှင့်အတူ ရှည်လျားသော အဖြူရောင်ကြိုးကြီးကလည်း လျင်မြန်စွာ မြှောက်တက်လာသည်။

[ အား ဒါရိုက်တာဆုပိုင် မြန်မြန်‌လေး လမ်းဖယ်တော့ လမ်းဖယ်တော့]

[ဒါရိုက်တာဆုပိုင်ကတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေပြီ ထင်တယ်။ ငါတို့ ဘယ်လိုလုပ်ကြမလဲ]

[ဒီလူတစ်အုပ်က တော်တော်လေးကို ပုံမှန်မဟုတ်တာပဲ။ ဒါက တိုက်ရိုက်ထုတ်လွှင့်မှု ဆိုပေမဲ့လည်း ဒါပေမဲ့ ဒါက အရမ်းကို စစ်မှန်လွန်းလွန်းတယ်။ အဲဒီမှိန်းက ဒါရိုက်တာဆိုပိုင်ကို သတ်နိုင်လောက်တယ်]

[ငါ ဆက်မကြည့်ရဲတော့ဘူး။ ဒါရိုက်တာဆုပိုင် တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ချက်ချင်းပဲ ရပ်လိုက်ပါတော့။ တစ်ခုခု မဖြစ်ပါစေနဲ့]

[ဒီသောက်ကျိုးနည်း တိုင်းပြည်ရဲ့ အမှားပဲ။ သူတို့ကသာ ဒါရိုက်တာဆုပိုင်ကို မစွပ်စွဲခဲ့ဘူးဆိုရင် ပြဿနာတွေ အများကြီး ရှိလာမှာ မဟုတ်ဘူး။ ဒါရိုက်တာဆုပိုင်သာ တစ်ခုခုဖြစ်သွားရင် ငါ သူတို့ကို လုံးဝမလွှတ်ပေးဘူး]

[ဒီလိုသိသာထင်ရှားတဲ့ သက်သေမျိုးနဲ့ဆိုရင်၊ နောက်ပြီး ဒီလောက်များတဲ့ လင်းပိုင်တွေနဲ့ဆိုရင် နောက်ပြီး ကမ်းစပ်ပေါ်မှာ ဝေလငါး နှစ်ကောင်တောင် ရှိသေးတယ်။ နောက်ပြီး ကိုယ့်ကိုယ်ကို သတ်သေသွားတဲ့ လူအိုကြီးလည်း ရှိတယ်။ ဒါတွေ အားလုံးက ဒီလူတွေရဲ့အသိစိတ်ကို လှုပ်နိူးနိုင်ဖို့ မလုံလောက်ဘူးလား။ လူသားဆန်မှုတွေ တကယ်ပဲ မရှိကြတော့ဘူးလား]

[ရူးသွပ်တဲ့ လူသားတစ်အုပ်။ ဒါရိုက်တာဆုပိုင် ပြောတာ မှန်နေတာပဲ။ တိရစ္ဆာန်တွေက အနာဂတ်မှာ မျိုးတုန်း ပျောက်ကွယ် သွားတယ်]

_ _ __

တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ကြည့်ရှုသူပေါင်းများစွာက သိသာစွာပင် စိတ်ပိုင်းဆိုင်ရာ လွတ်ထွက်နေသော လူတစ်ယောက်ကဲ့သို့ ဖြစ်နေကြောင်း တွေ့လိုက်ကြရသည်။ သူသည် သူ့ကို ပစ်လိုက်သော မှိန်းကို မရှောင်ချေ။

သို့သော် လူသားများ၏ မသိစိတ်အရ တုန့်ပြန်မှုအရ အန္တရာယ်ကို အလိုလို ရှောင်တိမ်းသင့်သည်။ အန္တရာယ်ကို ရင်ဆိုင်ရသောအခါ လူအများက အလိုအလျောက် ထွက်ပြေးတတ်၏။

ယခုအခါ ဆုပိုင်က သိသာစွပင် စိတ်ပိုင်းဆိုင်ရာ ပုံမှန် မဟုတ်တော့ချေ။

_ _ _

RB

မြင့်မားလွန်းသော အဆောက်အဦးကြီး၏ ထိပ်ဆုံးအထပ်

အပြင်ဘက်ရှိ နေရောင်က အတွင်းထဲသို့ ဖောက်ဝင်ပြီး လေးလံသော အစည်းအဝေးစားပွဲကြီးပေါ်သို့ ဖြာကျသည်။ ထိုအခန်းထဲတွင် _ _ _

ထိုအချိန်တွင် ဝတ်စုံအပြည့်များ၊ နက်ကတိုင်များ ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ် လူဆယ်ယောက်ကျော်ခန့်က စားပွဲပေါ်တွင် ဝိုင်းပတ်ကာ ထိုင်နေသည်။ သူတို့အားလုံးက တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြသည်။

ဘန်း

သူသည်လည်း ထိုတရုတ်လူငယ်က တိုက်ရိုက်ထုတ်လွှင့်မှုအခန်းအတွင်းတွင် သူတို့၏ လူများကို ပစ်လိုက်ကြောင်း မြင်သောအခါ ဒါဟာအတုအယောင် ဖြစ်နေမှန်း သိနေသည့်တိုင်အောင် …..

270 02

စားပွဲကို ခပ်ကြမ်းကြမ်း ရိုက်ပြီး သုန်မှုန်သော မျက်နှာနှင့် အော်သေးသည်။

“သောက်ကျိုးနည်း တရုတ်တွေ။ ငါတို့ကို အများရှေ့မှာ ဘယ်လိုများ စွပ်စွဲရဲတာလဲ”

“ ဒါက ခွင့်မလွှတ်ပေးနိုင်စရာပဲ”

“ဒီဗွီဒီယိုက သိမ်းထား။ အဲဒီသတင်းထောက်တွေ အားလုံးကို ပို့လိုက်။ တစ်ကမ္ဘာလုံးအနှံ့ကို ဖြန့်ပါစေ။ ငါတို့ ဒီလိုလူသတ်မှု ကျူးလွန်ပြီး ငါတို့တိုင်းပြည်ကို အသားရေ ဖျက်မျိုးတာကို လက်သင့်မခံနိုင်ဘူး”

“သေစမ်း သူ စိတ်ရောဂါ ရှိနေတာပဲ ဖြစ်ရမယ်။ အဲဒီလိုမှ မဟုတ်ရင် ကောင်းကင်ပြာ တိရစ္ဆာန်ရုံကတော့ အဆုံးသတ်ပြီ”

“ချီတာရွန်ခွန်း တရုတ်တွေက ကောင်းကင်ပြာ တိရစ္ဆာန်ရုံရှေ့မှာ အရင်တစ်ခေါက် သေသွားတဲ့သူက သေဖို့ တန်တယ်လို့ ပြောတယ်။ သူတို့က ဘာမှတာဝန်မှ မယူပေးနိုင်ဘူးတဲ့။ ဒါက ခွဲခြားဆက်ဆံတာပဲ”

ဘယ်ဘက်လက်ဖြင့် မေးကို ထောက်ထားသောကြောင့် မြောက်ပါးရိုးက ထင်းထွက်နေသည့် ထိုလူက ပြောသည်။

“ပိုဆိုးတာက တိုင်းပြည်ပေါင်းများစွာကလည်း ဒီတိုက်ရိုက်ထုတ်လွှင့်မှု စတင်ကတည်းက ငါတို့ရဲ့ သဘောတူညီမှု မဟာမိတ်ထဲက နှုတ်ထွက်သွားကြတာပဲ”

“ဒီအတိုင်း ဆက်ဖြစ်နေမယ်ဆိုရင် ငါတို့ရဲ့အကြံက ကျရှုံးသွားမှာကို ကြောက်ရတယ်”

“တရုတ်နိုင်ငံက ငါတို့ရဲ့တိုင်းပြည်မှာ ဒီလိုပွဲမျိုး အမှန်တကယ် တည်ရှိတယ်ဆိုတာကို သက်သေပြနိုင်တဲ့ မရေမတွက်နိုင်တဲ့ သက်သေတွေကို ထုတ်ပြလာပြီးပြီ။ နောက်ပြီး ဝေလငါးမှတ်တမ်းကျောက်စာတိုင်ရဲ့ ပုံတောင် ပါလာသေးတယ်”

“ငါတို့သာ မလှုပ်ရှားဘူးဆိုရင် ငါတို့စိုးရိမ်တာက ကျရှုံးသွားလိမ့်မယ်”

“တိတ်စမ်း”

ချီတာရိုက အံကို ကြိတ်ပြီး ရှေ့မှ ဖန်သားပြင်ကို သုန်မှုန်သော မျက်လုံးဖြင့် ကြည့်ကာ ရုတ်တရက် အမူအယာက ကြောင်အသွားသည်။

“ဟား ဟား မင်းနဲ့ တန်တယ်”

သူက အော်ရယ်သည်။

လူတိုင်းကလည်း စိတ်ရှုပ်ထွေးစွာ ကြည့်သည်။ ထို့နောက် ရှေ့မှဖန်သားပြင်ကို ပြန်ကြည့်၏။

ဆုပိုင်အမည်ရသော လူငယ်က ပင်လယ်ထံသို့ တစ်လှမ်းချင်းစီ လျှောက်သွားသည်။ သူ၏အရှေ့တွင် ကြီးမားသော မှိန်းကြီးက သူ့ဆီလာနေပြီ ဖြစ်သည်။

ကောင်းတယ်။

“ပုံစံကို ကြည့်ရတာ ဒီလူငယ်ရဲ့ စိတ်က ကစဉ့်ကလျား ဖြစ်နေလောက်ပြီ။ သူက အလိုအလျောက်တောင် မရှောင်နိုင်တော့ဘူး_ _ _သူ အပြင်ထွက်လာတဲ့အခါ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ပြင်းပြင်းထန်ထန် ခံစားရမှာပဲ”

“ဒါက ကောင်းတာပေါ့။ ဒီမှိန်းကသာ သူ့ကို တိုက်ရိုက် သတ်လိုက်မယ်ဆိုရင် အကောင်းဆုံးပဲ။ ဒီလိုဆိုရင် အပျက်အစီး ပိုကြီးသွားလိမ့်မယ်”

ဆုပိုင်၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို မြင်တွေ့ရသောအခါ စိတ်လှုပ်ရှားစွာဖြင့် ထခုန်ကြသည်။

“ကောင်းတယ် ကောင်းတယ်”

ချီတာရိုအနေဖြင့် ယခုလိုမျိုး ခန္ဓာကိုယ်အပြင် စိတ်အခြေအနေကပါ ပေါ့ပါးသွားသော ခံစားချက်မျိုးကို မရဖူးသေးချေ။

သူသည် အော်ရယ်လိုက်သေးသည်။

“ဆုပိုင်နာမည်ရှိတဲ့ ဒီလူ တစ်ခုခုဖြစ်သွားတာနဲ့ ငါတို့ရထားတဲ့ သတင်းအချက်အလက်တိုင်းဆိုရင် တရုတ်မှာ ဒီတိရစ္ဆာန်တွေကို ထပ်ရတော့မှာ မဟုတ်ဘူး”

“အချိန်ကျလာတဲ့အခါ ငါတို့က အားလုံးရဲ့ လူတွေကို စုစည်းအောင် လုပ်ဖို့ပဲ လိုအပ်တယ်။ အဲဒီနောက် တရုတ်ကိုလည်း တိရစ္ဆာန်တွေကို ပြန်အပ်ခိုင်းရမယ်”

ထိုသို့ပြောပြီးနောက် ချီတာရို၏ အမူအယာက သုန်မှုန်သွားပြန်သည်။

“အထူးသဖြင့် ငါတို့သတင်းထောက်တွေထဲက တစ်ယောက်ကို လူတွေရှေ့မှာ သတ်လိုက်တဲ့ အဲဒီပန်ဒါကြီးပဲ။ ငါတို့သာ အားလုံးကို ရှင်းပြချက် မပေးဘူးဆိုရင် နောက်ထပ် ရွေးကောက်ပွဲမှာ ရှုံးသွားလိမ့်မယ်”

“ငါတို့ ဒီပန်ဒါကို အများရှေ့မှာ အရေခွံစုတ်ရမယ်။ ဒီနည်းနဲ့မှပဲ အများရဲ့ အထောက်အပံ့ကို ရနိုင်မှာ”

270 03

“အတိတ်က ဝေလငါးသတ်ပွဲလိုပေါ့။ ဒါက ငါတို့ရဲ့အသားစားပွဲလေ။ တိရစ္ဆာန်တွေက မျိုးတုံး ပျောက်ကွယ်သွားပေမဲ့လည်း ဝေလငါး ပြန်ကယ်နိုင်တဲ့အထိ စောင့်လို့ရတာပဲ။ အဲနောက် ဒီပွဲကို ပြန်စလို့ ရပြီ”

“သူ့ကို သတ်”

ရုတ်တရက် ‌ဘေးဘက်ရှိ သန်မာသော လူက ‌အော်သည်။

လူတိုင်းက တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲသို့ အာရုံပြန်စိုက်လိုက်ကြသည်။

သူတို့၏အရှေ့မှ တိုက်ရိုက်ထုတ်လွှင့်မှုက တဖြည်းဖြည်းချင်းစီ အချိန်က နှေးကွေးသွားသလို ဖြစ်နေသည်။ မှိန်းဟာ အလွန်အမင်း မြန်သော်လည်း ကင်မရာအရှေ့တွင် အလွန်နှေးသည်။

“သူ့ကို သတ်”

“သူ့ကို သတ်”

“သူ့ကို သတ်”

လူတိုင်းက လက်သီးဆုပ်လျက် အံကို ကြိတ်ကာ အော်ကြသည်။

_ _ _

ထိုလူများကလည်း ဆုပိုင်ဟာ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် သေသွားရန် မျှော်လင့်နေသည့် အခိုက်အတန့်တွင် _ _ _

တရုတ်တွင်

လူတိုင်း၏ နှလုံးသားက လည်မြိုတွင် တစ်သွားပြီ ဖြစ်သည်။ လူအများစုက ငိုနေကြပြီ ဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုကိုပင် မကြည့်ရဲကြတော့ချေ။

လမ်းများပေါ်တွင်_ _ _ကိုယ်ပိုင်ကားများက ရပ်သွားရုံသာ မကသေးလေပဲ လမ်းသွားလမ်းလာများကလည်း ရပ်တန့်သွားပြီး လမ်းများပေါ်တွင် ပြသနေသည့် တိုက်ရိုက်ထုတ်လွှင့်မှုကိုသာ ရပ်ကြည့်နေကြသည်။

“တစ်ခုခုတော့ မဖြစ်ပါစေနဲ့”

နန်ကုန်းယွမ်ကလည်း အစည်းအဝေးခန်းထဲရှိ အမြင့်ဆုံးသော ကုလားထိုင်တွင် ထိုင်ရင်း ယခင်က မခံစားဖူးသည့် ကြောင့်ကြမှုမျိုးကို ခံစားနေရသည်။ ရုတ်တရက် သူသည် ဆက်တိုက် ရေရွတ်နေသည်။ သူ၏မျက်လုံးက တိုက်ရိုက်ထုတ်လွှင့်မှု ဖန်သားပြင်တွင် ရှိနေသည်။

ဒိုင်း

ရုတ်တရက် အစည်းအဝေးခန်းမ၏ တံခါးက တွန်းဖွင့်ခံရပြီး တင်းမာသော မျက်နှာထားနှင့် ရုန်ရုန်က ဝင်လာကာ ဖန်သားပြင်ကို ကြည့်သည်။ ထို့နောက် ကြမ်းတမ်းစွာ ပြောသည်။

“အထူးလေယာဉ်ကို ချက်ချင်း ပြင်ထားလိုက်။ ကောင်းကင်ပြာ တိရစ္ဆာန်ရုံကို သွားမယ်။ ဒါရိုက်တာဆုပိုင်က တိုက်ရိုက်ထုတ်လွှင့်မှု ပြီးသွားတဲ့နောက်မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ရှိမှာပဲ။ အဲဒီနောက် _ _ _”

“အားလုံးပဲ နားထောင်ကြစမ်း”

“ဟုတ်ကဲ့”

သူ၏အနောက်တွင် စီတန်းရပ်နေသည့် ဗိုလ်ချုပ်များအားလုံးက တပြိုင်နက်တည်း အော်ကြသည်။

“အချိန်မရွေး စစ်ဖြစ်ဖို့ ပြင်ထား။ ဒါရိုက်တာဆုပိုင် တစ်ခုခုဖြစ်တာနဲ့ တိရစ္ဆာန်ရုံထဲ တိရစ္ဆာန်တွေ အားလုံးက တိုင်းပြည်ပေါင်းများစွာရဲ့ အာရုံကို ဆွဲဆောင်မိလိမ့်မယ်”

ရုန်ရုန်က တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ အလွန်နှေးနေသော မှိန်းကို တင်းမာသော မျက်နှာထားဖြင့် ကြည့်ရင်း အံကို ကြိတ်ကာ အော်သည်။

“လက်မြှောက်ရဲတဲ့ ဘယ်သူမဆို ငါက ခုတ်ဖြတ်ပစ်မယ်”

“ဟွန့် သူတို့က လာတောင်းရဲမှတော့ ဒီသွားတွေ အားလုံးကို အရင်ဆွဲထုတ်ကြတာပေါ့”

“တရုတ်မှာ လူတွေဒီလောက်များတာ ဒီတိရစ္ဆာန်တွေကို မကာကွယ်နိုင်ဘူးလို့ ငါတော့ မယုံဘူး”

“မြန်မြန်လုပ်တော့”

_ _ _

အားလုံးက လျင်မြန်စွာ လှုပ်ရှားကြသည်။

တိုက်ရိုက်ထုတ်လွှင့်မှု၏ အရှေ့တွင် မရေမတွက်နိုင်သော လူပေါင်းများစွာက တိတ်ဆိတ်စွာ ရပ်လျက် အနှေးပြကွက်ဖြင့် မြင်တွေ့နေရသော မှိန်းကို ကြည့်ကြသည်။ လူတိုင်း၏ နှလုံးသားက ဆုတောင်းမှုများနှင့် ပြည့်သွားကြသည်။

270 04

ဝူး ဝူး ဝူး

“သူတို့က ဘာလို့ ဒါရိုက်တာဆုပိုင်ကို ရိုက်တာလဲ။ ဒါရိုက်တာဆုပိုင်က ဘာလို့ မရှောင်တာလဲ”

“ဘေဘီ တအား ကြောက်တာပဲ။ ဒါရိုက်တာဆုပိုင် တစ်ခုခု ဖြစ်မှာလား”

ဘေဘီက အလွန်ထက်ရှသော မှိန်းကြီးကို ကြောက်လန့်တကြား ကြည့်ပြီး ထိုမှိန်းက ဒါရိုက်တာဆုပိုင်၏ ရင်ဘတ်ကို ထိုးဖောက်တော့မည် ဖြစ်ကြောင်း မြင်သောအခါ ထိတ်လန့်စွာ အော်လေသည်။

“အား”

ထို့နောက် သူမက အော်လျက် ကောင်းယွဲ့၏ လက်မောင်းထဲသို့ တိုက်ရိုက် လဲကျသွားသည်။

“အဆင်ပြေတယ် အဆင်ပြေတယ်နော် ဒါရိုက်တာဆုပိုင် အဆင်ပြေမှာ”

ကောင်းယွဲ့က သမီးဖြစ်သူ၏ နဖူးကို ညင်သာစွာ ပွတ်ပေးနေသည်။ သို့သော် သူမကိုယ်တိုင်၏ ခန္ဓာကိုယ်ကပင် တသိမ့်သိမ့် တုန်နေသေးသည်။ သူမဟာ အရူးမဟုတ်ချေ။ တိုက်ရိုက်ထုတ်လွှင့်မှု အတောအတွင်းတွင် ဒါရိုက်တာဆုပိုင်က စတင်ကာ ပစ်ခတ်ပြီး လူများကို သတ်ချိန်ကတည်းက အခြားလူတစ်ယောက်လို ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာ ပြင်းပြင်းထန်ထန်ရှိသော လူတစ်ယောက်အသွင် ပြောင်းသွားကြောင်း မြင်နိုင်သည်။

ဝေါင်း

“အား မဟုတ်ဘူး”

++++++

All Chapters