← Chapters

အခန်း (၂၀၃-၂၀၄)

Vol. 12 Ch. 203-204

အခန်း (၂၀၃-၂၀၄)

Vol. 12 Ch. 203-204

အခန်း (၂၀၃) သိက္ခာတော် ကျရှုံးရတော့မည်လား

အရိပ်နက်တို့ လှုပ်ခတ်၍ ယင်းလေပြင်းတို့ တိုးဝှေ့အော်ဟစ်နေကြလေသည်။

ယန်ချန်ယွီသည် တင်းမာခက်ထန်သော မျက်နှာပေးဖြင့် အသည်းအသန် နောက်ဆုတ်နေရ၏။

ဘိုးဘွားချိုးရွှေမှာမူ ဟင်းလင်းပြင်ထက်ဝယ် အရိပ်တစ်ခုသဖွယ် အလွန်တရာ လျင်မြန်လှပေရာ အသက်ရှူကြိမ်အနည်းငယ်အတွင်းမှာပင် ယန်ချန်ယွီ၏ ရှေ့မှောက်သို့ ရောက်ရှိလာချေပြီ။

သို့ရာတွင် နောက်တစ်ခဏ၌ ယန်ချန်ယွီသည် တခိခိ ရယ်မော်လိုက်လေသည်။ သူမသည် မိမိကိုယ်တွင်းရှိ မှော်လက်နက်ကို လှုပ်နှိုးလိုက်ပြီး လော့ရှန်အား ခုလေးတင် ဖြတ်သန်းသွားသော အဆိပ်မြားနှင့် နေရာချင်း ချက်ချင်းလဲလှယ်လိုက်တော့၏။

လော့ရှန်မှာ မျက်စိတစ်မှိတ်အတွင်း ဝေဝေဝါးဝါးဖြစ်သွားပြီးနောက် ပန်းရောင်ဝတ်စုံကို ဆင်မြန်းထားကာ မိမိအား ချိုသာစွာ ပြုံးပြနေသည့် အလှပဂေး ကျင့်ကြံသူမတစ်ဦးကို မြင်တွေ့လိုက်ရပေသည်။

သို့သော် လော့ရှန်သည် ယန်ချန်ယွီ၏ အလှအပကို ခံစားမိခြင်းမရှိဘဲ သေမင်း၏ ဖိအားနှင့် အတိုင်းအဆမဲ့သော ကြောက်ရွံ့မှုကိုသာ ခံစားနေရတော့၏။

ယန်ချန်ယွီသည် ဓားသွားတစ်လက်ကို ကိုင်စွဲကာ ပြင်းထန်သော တိုက်ကွက်များဖြင့် တိုက်ခိုက်လေရာ ဓားအလင်းတန်းတို့မှာ ထက်မြက်လှသကဲ့သို့ မညှာမတာလည်း ရှိလှပေသည်။

လော့ရှန်သည် မိမိကိုယ်ကို ခုခံနိုင်ရန် အသည်းအသန် ကြိုးစားနေရသော်လည်း သွေးများ အဆက်မပြတ် အန်ထွက်နေရကာ ခန္ဓာကိုယ်အနှံ့တွင် အရိုးထိအောင် နက်ရှိုင်းသော ဓားဒဏ်ရာပေါင်းများစွာ ရရှိနေပြီး သွေးများမှာလည်း ဖရိုဖရဲ စင်ထွက်နေလေပြီ။

"ယန်ချန်ယွီ"

လော့ရှန်သည် ယခင်က တည်ငြိမ်အေးဆေးမှုတို့ ကင်းမဲ့ကာ မျက်နှာတစ်ခုလုံး ရှုံ့မဲ့လျက် ဟိန်းဟောက်လိုက်၏။ စွန်းလင်ထုံက သူ့အား မှတ်မိသကဲ့သို့ သူသည်လည်း ယန်ချန်ယွီကို မှတ်မိနေခြင်းဖြစ်ပေသည်။

အမှန်စင်စစ် သူမသည် ဗုဒ္ဓနှလုံးသားဂိုဏ်း၏ မျိုးဆက်ခံတပည့်တစ်ဦးဖြစ်ပြီး သူမနှင့် ပတ်သက်သော သတင်းအချက်အလက်များကိုလည်း လူအများက ကျယ်ကျယ်ပြန့်ပြန့် သိရှိထားကြပြီးဖြစ်ရာ၏။

"မင်း ငါ့ကို သတ်ရဲလို့လား။ ဗုဒ္ဓနှလုံးသားဂိုဏ်းနဲ့ ဝိညာဉ်ဝါးဂိုဏ်းကြား စစ်ပွဲဖြစ်မှာကို မင်းမကြောက်ဘူးလား"

လော့ရှန်က ထပ်ခါတလဲလဲ အော်ဟစ်နေလေသည်။

"ဟဲဟဲ၊ ငါက ဘာလို့ မသတ်ရဲရမှာလဲ"

ယန်ချန်ယွီ၏ အပြုံးမှာ ပို၍ပင် လှပလာသော်လည်း သူမ၏ တိုက်ခိုက်မှုများမှာ ပို၍ပင် ရက်စက်လာချေသည်။

သို့ရာတွင် နောက်တစ်ခဏ၌ သူမသည် မျက်ခုံးတို့ကို တွန့်ချိုးလိုက်မိ၏။ မိမိ၏ စိတ်အာရုံတို့မှာ အနှောင့်အယှက်ဖြစ်ကာ ထိန်းချုပ်မရဘဲ ဖရိုဖရဲ ဖြစ်နေသည်ကို သတိပြုမိလိုက်သောကြောင့် ဖြစ်ပေသည်။

ယန်ချန်ယွီသည် ခန္ဓာကိုယ်တွင်းရှိ မှော်လက်နက်ကို အလျင်အမြန် အသုံးပြုခဲ့သော်လည်း အကျိုးသက်ရောက်မှုမှာ အကန့်အသတ်သာရှိလှပြီး အနှောင့်အယှက်ကို လုံးဝ ဖယ်ရှားနိုင်ခြင်း မရှိချေ။

နောက်ထပ် ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ပိုင်းလိုက်သော်လည်း လော့ရှန်မှာ သွေးများစွာ ထွက်ရုံမှတစ်ပါး သေမင်းထံမှ ကံကောင်းထောက်မစွာ အကြိမ်ကြိမ် လွတ်မြောက်သွားလေသည်

"ဒီလူက ကံမကုန်သေးဘူးပဲ။ သတ်လို့မရနိုင်သေးဘူး"

ဘိုးဘွားချိုးရွှေ လှည့်ပြန်လာပြီး မိမိနောက်သို့ ထပ်မံလိုက်လံလာသည်ကို ကြည့်ကာ ယန်ချန်ယွီသည် စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။

"မဟုတ်သေးဘူး၊ ငါ့မှာ အခွင့်အရေးရှိသေးတယ်။

အခုချိန်မှာ ဘာလို့ လက်လျှော့ရမှာလဲ"

ထိုသို့ တွေးလိုက်မိသည်နှင့် ယန်ချန်ယွီ၏ တိုက်စစ်မှာ အနည်းငယ် နှေးကွေးသွားရပေသည်။ ထိုကဲ့သို့ ပြင်းထန်သော တိုက်ပွဲမျိုး၌ အနည်းငယ်မျှ လွဲချော်သွားခြင်းသည်ပင် ကြီးမားသော အမှားအယွင်းကို ဖြစ်ပေါ်စေနိုင်၏။

ထို့ပြင် အနှောင့်အယှက်၏ လွှမ်းမိုးမှုမှာ ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ သူမ၏ တိုက်စစ်မှာလည်း တဖြည်းဖြည်းနှင့် ပိုမိုနှေးကွေးလာလေတော့သည်။

"ဘိုးဘွား၊ ကျွန်တော့်ကို ကယ်ပါဦး"

လော့ရှန်၏ မျက်နှာမှာ ခရမ်းရောင်သန်းနေကာ ခန္ဓာကိုယ်တွင်းရှိ အဆိပ်ကို မနှိမ်နင်းနိုင်တော့ဘဲ အားနည်းနေပြီ ဖြစ်ပေသည်။

ဘိုးဘွားချိုးရွှေသည် နောက်ဆုံး၌ လော့ရှန်အား ကယ်တင်ရန်သာ ဆုံးဖြတ်လိုက်တော့၏။

သူမသည် ယခုတစ်ခေါက်တွင် မျိုးဆက်ခံတပည့်ဖြစ်သူ လော့ရှန်အား အကာအကွယ်ပေးရန် အထူးစေလွှတ်ခြင်း ခံထားရသူ ဖြစ်ပေရာ၏။

အကယ်၍ သူမ ပျက်ကွက်ခဲ့ပါက ဝိညာဉ်ဝါးဂိုဏ်းက သူမကို သေချာပေါက် အပြစ်ပေးပေလိမ့်မည်။ ထိုအချိန်ကျလျှင် ဝိညာဉ်သေ၍ စိတ်ဝိညာဉ် ပျက်စီးရမည့် အပြစ်ဒဏ်မှာပင် အသေးဆုံးသော အပြစ်ဒဏ် ဖြစ်ပေလိမ့်မည်။

ယန်ချန်ယွီသည် ပြင်းထန်သောအရှိန်ဖြင့် နောက်သို့ တစ်ဖန် ပြန်လည်ဆုတ်ခွာသွားလေသည်။ ဆုတ်ခွာနေစဉ်အတွင်းမှာပင် သူမသည် လေးမြားများစွာကို အဆက်မပြတ် ပစ်ခတ်ခဲ့၏။

ဘိုးဘွားချိုးရွှေမှာ ခုလေးတင် အရေးနိမ့်ခဲ့ဖူးသဖြင့် ယန်ချန်ယွီသည် လေးမြားများနှင့် နေရာချင်းလဲလှယ်ကာ လော့ရှန်အား တစ်ဖန် ပြန်လည်တိုက်ခိုက်လာနိုင်သည်ကို ချက်ချင်း သတိပြုမိလိုက်ပေသည်။

သူမသည် ခဏမျှ တွေးတောပြီးနောက် မိမိ၏ ဘယ်ဘက်လက်မောင်းကို ပြတ်သားစွာ ဆွဲဖြုတ်ကာ ယန်ချန်ယွီထံသို့ ပစ်ပေါက်လိုက်၏။

ထို့နောက် လော့ရှန်ရှိရာသို့ လက်ဖြင့် လှမ်းဖမ်းလိုက်သည့် အမူအရာ ပြုလုပ်လိုက်လေသည်။

လော့ရှန် ကျင့်ကြံရာတွင် အသုံးပြုသော အမျိုးသမီးသရဲ အများအပြားကို ဘိုးဘွားချိုးရွှေက ဖမ်းဆီးကာ လက်တစ်ဖက်တည်းဖြင့် ချေမှုန်းပစ်လိုက်၏။

အမျိုးသမီးသရဲတို့မှာ နာကျင်စွာဖြင့် အော်ဟစ်ငိုယိုနေကြပြီး မြင်ကွင်းမှာ အလွန်တရာ ဝမ်းနည်းဖွယ် ကောင်းလှသော်လည်း ဘိုးဘွားချိုးရွှေ၏ မျက်နှာမှာမူ သံမဏိကဲ့သို့ မာကျောခက်ထန်နေဆဲ ဖြစ်ပေသည်။

သူမသည် အမျိုးသမီးသရဲများကို အကာအကွယ်အဖြစ် အသုံးပြုကာ ပညာရပ်တစ်ခုကို ထုတ်ဖော်လိုက်ရာ ၎င်းတို့မှာ များပြားလှသော သရဲမြူခြုံလွှာကြီးအဖြစ် ပြောင်းလဲသွားလေတော့သည်။

ထိုမြူထုမှာ ယန်ချန်ယွီနှင့် စွန်းလင်ထုံတို့ နှစ်ဦးစလုံးကို တင်းကျပ်စွာ ပတ်ဖွဲ့ထားပြီး ဝဲကတ္တီပါတစ်ခုကဲ့သို့ အဟုန်ပြင်းစွာ လှုပ်ခတ်နေတော့၏။

ဘိုးဘွားချိုးရွှေသည် ကျန်ရှိနေသော ညာဘက်လက်ဖြင့် လော့ရှန်ကို ဆွဲကိုင်ကာ အမြန်ဆုံး ထွက်ပြေးသွားလေသည်။

သူမတွင် လော့ရှန်၏ အသက်ကို ကယ်တင်ရန်ဟူသော ဂိုဏ်း၏ ကြီးလေးသည့် တာဝန်ရှိနေခြင်းဖြစ်ပြီး ချီပိုင်အား သတ်ဖြတ်ခဲ့သူကို လိုက်လံသတ်ဖြတ်ရန်မှာ လော့ရှန်၏ တာဝန်သာ ဖြစ်ပေသည်။

အကယ်၍ သူမ၏ ဝိညာဉ်သန္ဓေတည်ခြင်းအဆင့် အရှိန်အဝါတို့ ယိုစိမ့်ထွက်သွားပြီး မြို့စားမင်း မုန့်ခွေကို ဆွဲဆောင်မိသွားပါက အခြေအနေမှာ ပို၍ ဆိုးရွားသွားနိုင်ပေသည်။

ထို့ထက် ပို၍ အရေးကြီးသည်မှာ လော့ရှန်၏ အသက်မှာ မြုံ့မြုံ့မျှသာ ကျန်ရှိတော့ပြီး တစ်ကိုယ်လုံးလည်း ဖူးယောင်ကာ နီမြန်းခရမ်းရောင်သန်းနေခြင်း ဖြစ်ပေသည်။

ယန်ချန်ယွီ အသုံးပြုခဲ့သော အဆိပ်မှာ အလွန်တရာ ပြင်းထန်လှ၏။

အကယ်၍ ဘိုးဘွားချိုးရွှေအနေဖြင့် ကုသရန် နည်းလမ်းမရှာနိုင်ပါက လော့ရှန်မှာ အသက်ရှင်ရန် ခဲယဉ်းပေလိမ့်မည်။

ဤအချက်များကြောင့်ပင် သူမသည် တိုက်ပွဲအတွင်းမှ ပြတ်သားစွာ ဆုတ်ခွာသွားခဲ့ခြင်း ဖြစ်ပေသည်။

လော့ရှန်မှာ ဘိုးဘွားချိုးရွှေ၏ ဆွဲခေါ်ခြင်းကို ခံနေရစဉ်မှာပင် တစ်ကိုယ်လုံး ဖူးယောင်နေကာ ခရမ်းရောင် ဝက်ခေါင်းကြီးနှင့်ပင် တူနေတော့၏။ သူ၏ မျက်လုံးများမှာလည်း မပွင့်နိုင်တော့ဘဲ မြောင်းကျဉ်းလေးများကဲ့သို့သာ ရှိတော့ပေသည်။

"ငါ ခံလိုက်ရပြီ"

မိမိ၏ အသက်ကယ်တင်ရှင်ဖြစ်သူ ဘိုးဘွားချိုးရွှေပင် တိုက်ကွက်တစ်ခုတည်းဖြင့် ထွက်ပေါ်လာရသည်အထိ သူ အကျပ်ရိုက်ခဲ့ရပေသည်။

လော့ရှန်မှာ အလစ်ငိုက် ချုံခိုတိုက်ခိုက်ခံခဲ့ရသဖြင့် မိမိ၏ စစ်မှန်သော စွမ်းအားကို အပြည့်အဝ မထုတ်ဖော်နိုင်မီမှာပင် ဒုက္ခိတဖြစ်ခဲ့ရ၏။

"တော်ပါပေတယ် ယန်ချန်ယွီ။ ငါ လော့ရှန်က ဒီနေ့ ရခဲ့တဲ့ အာဃာတကို မှတ်ထားပါ့မယ်။ နောင်တစ်ချိန်မှာ အဆတစ်ရာ ပြန်ပေးဆပ်စေရမယ်"

"ဒါပေမဲ့ မင်းလည်း ဒီနေ့ အလွယ်တကူ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ဘိုးဘွားချိုးရွှေရဲ့ အရိပ်မှော်ပညာရပ်တွေက ကိုင်တွယ်ရတာ အဲ့ဒီလောက် မလွယ်ဘူး။ မင်းတို့ အချင်းချင်း ပြန်သတ်မိကြဦးမှာ"

ထိုသို့ တွေးလိုက်မိသည်နှင့် လော့ရှန်၏ မျက်နှာတွင် မကျေမနပ်ဖြစ်မှုများ ထင်ဟပ်လာလေသည်။ မိမိ၏ စိတ်အခြေအနေကို သိရှိနားလည်လိုက်သည်နှင့် တစ်ပြိုင်နက် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း သူ ချက်ချင်း သိလိုက်ရ၏။

သူသည် ဝိညာဉ်ဖြိုခွင်း စိတ်မောလူမောကျင့်စဉ်ကို အဓိကထား ကျင့်ကြံသူဖြစ်ရာ မည်သည့် စိတ်ခံစားချက်မျှ မရှိဘဲ တည်ငြိမ်နေရမည် ဖြစ်သော်လည်း ယခုအခါတွင်မူ သူ၏ စိတ်အစဉ်မှာ အလွန်အမင်း တုန်လှုပ်ချောက်ချားနေရပေပြီ။

"ငါ့ရဲ့ စွမ်းရည်တွေ မဆုံးရှုံးသေးပေမဲ့ ဒဏ်ရာတွေက အရမ်းပြင်းထန်နေတယ်။ တောက်... ဒါက ဘယ်လို အဆိပ်မျိုးလဲ"

အခြားတစ်ဖက်တွင်မူ နင်းကျော့သည် စွန်းလင်ထုံထံမှ သတိပေးစာ အများအပြားကို လက်ခံရရှိထားလေသည်။

"အကိုစွန်း"

"အကိုစွန်းကတော့ အန္တရာယ်နဲ့ ထပ်တိုးပြန်ပြီ"

နင်းကျော့သည် မိမိ၏ ကျင့်ကြံခြင်းမှ လန့်နိုးသွားကာ တရားထိုင်ဖျာပေါ်မှ ထရပ်လိုက်၏။

"ဝိညာဉ်ဝါးဂိုဏ်းက လော့ရှန်ရယ်၊ ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်ရှိတဲ့ သရဲစစ်သူကြီးရယ်..."

"ဗုဒ္ဓနှလုံးသားဂိုဏ်းက ယန်ချန်ယွီ... တောက်၊ သူမက အကြီးအကဲချင်းရဲ့ အချစ်တော်တပည့်ပဲ။ ဗုဒ္ဓနှလုံးသားဂိုဏ်းထဲမှာ အကိုစွန်းကို အဓိက ဆန့်ကျင်နေတဲ့သူလေ"

"ဒါကတော့ ခက်ပြီ၊ ခက်ပြီ"

နင်းကျော့သည် ခေါင်းငုံ့ကာ တွေးတောလျက် အပြန်ပြန်အလှန်လှန် လမ်းလျှောက်နေပြီး တန်ပြန်ဖြေရှင်းရန် နည်းလမ်းများကို အလျင်အမြန် စဉ်းစားနေတော့၏။

"အကိုစွန်းနဲ့ ယန်ချန်ယွီကို ပိတ်လှောင်ထားတဲ့ သရဲမြူတွေက ဝိညာဉ်သန္ဓေတည်ခြင်းအဆင့် သရဲစစ်သူကြီးရဲ့ လက်မောင်းကနေ ဖန်တီးထားတာဆိုတော့ သာမန်ကိစ္စ မဟုတ်ဘူး"

"ရွှေအမြုတေအဆင့်ရှိတဲ့ စက်မှုမျောက်ကို အသုံးပြုမှသာ အကိုစွန်းကို ကယ်တင်နိုင်ဖို့ မျှော်လင့်ချက် ရှိလိမ့်မယ်"

"ဒါပေမဲ့ စက်မှုမျောက်က အပြည့်အစုံ မတပ်ဆင်ရသေးဘူး..."

"အခုတော့ စိတ်ရှုပ်ထွေးစေတဲ့ စည်တော်ကို ထည့်သွင်းပြီး အောက်ပိုင်းကို ဖုံးကွယ်လိုက်ရင်တော့ အဆင်ပြေလောက်မှာပါ"

ထိုသို့ တွေးတောကာ နင်းကျော့သည် စက်မှုမျောက်ကို အမြန်ဆုံး တပ်ဆင်ရန် အလျင်အမြန် လုပ်ဆောင်လေတော့သည်။

မီးလျှံတောင်၏ တောင်ထိပ်ထက်ဝယ်။

မုန့်ခွေသည် မျက်မှောင်ကို တင်းကျပ်စွာ ကြုတ်လိုက်၏။

"ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်ရဲ့ အရှိန်အဝါလား"

မုန့်ခွေသည် တိုက်ပွဲများ ပြင်းထန်နေသည့် မြေအောက်စခန်းရှိရာ အရပ်သို့ လှမ်းကြည့်လိုက်လေသည်။

သို့သော် သူသည် ထရပ်ရန် သို့မဟုတ် အရေးယူဆောင်ရွက်ရန် အစီအစဉ် မရှိချေ။ အကြောင်းမှာ သူသည် တစ်ချိန်တည်းမှာပင် ကျူးရွှမ်းကျိ အန္တရာယ်ရှိနေသည်ကို အာရုံခံမိသောကြောင့် ဖြစ်ပေသည်။

ကျူးရွှမ်းကျိသည် မီးလျှံတောင်၏ အောက်ခြေအား မျိုးနွယ်စု သုံးခုမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူ သုံးဦးနှင့်အတူ သွားရောက် စူးစမ်းမည်ဖြစ်ကြောင်း မုန့်ခွေအား ကိုယ်တိုင် အသိပေးခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့် မုန့်ခွေသည် ကျူးရွှမ်းကျိ၏ ဘေးကင်းလုံခြုံရေးကို အမြဲမပြတ် စောင့်ကြည့်နေရခြင်း ဖြစ်ပေသည်။

ဘိုးဘွားချိုးရွှေအနေဖြင့် လော့ရှန်၏ ဘေးကင်းရေးကို အာမခံရသကဲ့သို့ပင် မုန့်ခွေသည်လည်း တော်ဝင်မိသားစုဝင်ဖြစ်သူ ကျူးရွှမ်းကျိ မိမိရှေ့မှောက်၌ သေဆုံးမသွားစေရန် အာမခံရပေမည်။

ကျန်ရှိသော အခြားမျိုးနွယ်စု သုံးခုမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူ သုံးဦးနှင့် ပတ်သက်၍မူ... ၎င်းတို့အားလုံး ပျက်စီးသွားသည်ကိုပင် မုန့်ခွေက မြင်တွေ့လိုနေခြင်း ဖြစ်ပေသည်။

မုန့်ခွေသည် ကျူးရွှမ်းကျိကိုသာ ကယ်တင်ရန် လိုအပ်သည်ဟု ဆုံးဖြတ်ထား၏။ သူသည် ခဏမျှ တွေးတောပြီးနောက် ချီတွန်းနှင့် ဖေးစီတို့ကို ခေါ်ယူကာ ဝိညာဉ်သန္ဓေတည်ခြင်းအဆင့် အရှိန်အဝါ ထွက်ပေါ်လာသည့် နေရာသို့ သွားရောက်စုံစမ်းရန် ညွှန်ကြားလိုက်လေသည်။

ဖေးစီက အပြင်ဘက်မှ ကူညီပေးနေစဉ် ချီတွန်းသည် မြို့စောင့်တပ်၏ အစီအရင်ကို ကျော်ဖြတ်ကာ မြေအောက်စခန်းကို ရှာဖွေတွေ့ရှိရန် ကြိုးပမ်းခဲ့၏။

သူသည် စခန်းတွင်းသို့ ချိုးဖောက်ဝင်ရောက်သွားသောအခါ ဝဲကတ္တီပါသဖွယ် များပြားလှသော သရဲမြူထုကြီးကို မြင်တွေ့လိုက်ရပေသည်။

ချီတွန်း အနီးသို့ ချဉ်းကပ်လိုက်သည်နှင့် သူ၏ စိတ်ထဲ၌ ပြင်းထန်သော တပ်မက်မှုတို့ ထွက်ပေါ်လာကာ အသက်ရှူသံများ ပြင်းထန်လာပြီး မျက်လုံးများ နီမြန်းလျက် ရမ္မက်ဇောများ လွှမ်းမိုးသွားလေတော့သည်။

"ဒါက ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်ရဲ့ ပညာရပ်ပဲ"

ချီတွန်းသည် လက်မလျှော့လိုသော်လည်း ဘေးကင်းသော အကွာအဝေးသို့ ဆုတ်ခွာကာ ဂါထာပညာရပ်ဖြင့် တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှု အနည်းငယ်သာ ရရှိခဲ့ပေသည်။

လှိုင်းထန်နေသော သရဲမြူထုအတွင်းဝယ် ယန်ချန်ယွီမှာမူ ပညာရပ်၏ လွှမ်းမိုးခြင်းကို ခံနေရပြီ ဖြစ်ပေသည်။ သူမ၏ မျက်နှာမှာ နီမြန်းနေကာ မျက်ဝန်းတို့မှာ မျက်ရည်ဝဲလုမတတ် သံယောဇဉ်တို့ဖြင့် ပြည့်နှက်နေပြီး တဟီးဟီးနှင့် ရယ်မော်လျက် စွန်းလင်ထုံရှိရာသို့ ပြေးသွားလေတော့သည်။

စွန်းလင်ထုံက "ဟင့်အင်း... ငါ့အနား မလာနဲ့" ဟု အော်ဟစ်နေ၏။

ယန်ချန်ယွီကမူ "ကလေးလေးရယ်... မပြေးပါနဲ့ဦး"

"ငါတို့မှာ ကတိကဝတ်တွေ ရှိထားပြီးသားပဲကို၊ မင်းက ဘာလို့ ရှက်နေရတာလဲ"

"မပြေးပါနဲ့တော့၊ ငါ့ရဲ့ ရင်ခွင်ထဲကို လာခဲ့ပါ" ဟု ပြောနေလေသည်။

စွန်းလင်ထုံ၏ မျက်နှာတွင် ယခင်က တိုက်ပွဲထက်ပင် ပိုမိုကြီးမားသော ကြောက်ရွံ့ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်နေတော့၏။

သူသည် သရဲမြူထုကို တိုက်ခိုက်ခဲ့သော်လည်း ၎င်းမှာ ခိုင်ခံ့လွန်းလှသဖြင့် သူကဲ့သို့ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအဖို့ ချိုးဖောက်ရန် မဖြစ်နိုင်ပေ။

"ကျော့လေး... မင်း ဘယ်မှာလဲ"

"မြန်မြန်လာပြီး ငါ့ကို ကယ်ပါဦး"

"မင်းသာ ထပ်ပြီး နောက်ကျနေမယ်ဆိုရင်တော့ ငါ့ရဲ့ သိက္ခာတော်တွေ ကျရှုံးရတော့မယ်"

သရဲမြူထုမှာ ၎င်းတို့အား အပြင်လောကနှင့် အဆက်အသွယ် ဖြတ်တောက်ထားပေရာ နင်းကျော့က စွန်းလင်ထုံထံတွင် အသက်မျှင်ကြိုး ထားရှိထားသော်လည်း မည်သည့် သတင်းစကားမျှ ပေးပို့နိုင်ခြင်း မရှိတော့ချေ။

"အကိုစွန်း... တောင့်ခံထားပါဦး"

နင်းကျော့သည် အခြားမြေအောက် လျှို့ဝှက်စခန်းတစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကာ ရွှေအမြုတေအဆင့်ရှိသော စက်မှုမျောက်ကို အပြည့်အစုံ တပ်ဆင်လိုက်ပြီ ဖြစ်ပေသည်။

"အကိုစွန်း... မင်း တောင့်ခံထားမှ ဖြစ်မယ်"

နင်းကျော့သည် သရဲမြူထုအတွင်း မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မသိရှိဘဲ ယန်ချန်ယွီအနေဖြင့် ချီပိုင်ကို ပြုမူခဲ့သကဲ့သို့ စွန်းလင်ထုံအား ရက်စက်စွာ ညှဉ်းပန်းနှိပ်စက်နေလိမ့်မည်ဟုသာ စိတ်ကူးယဉ် တွေးတောနေမိတော့သတည်း။

အခန်း(၂၀၄)

နင်းကျော့သည် စက်မှုမျောက်၏ ခိုင်ခံ့ကျယ်ပြောလှသော ပခုံးပေါ်တွင် မတ်တပ်ရပ်နေရင်း ထိုမျောက်၏ ဦးခေါင်းခွံကို ဖွင့်လိုက်လေသည်။

ထို့နောက် သူသည် မိမိ၏ ခါးပတ်အိတ်အတွင်းမှ စက်မှုအစိတ်အပိုင်းတစ်ခုကို ထုတ်ယူလိုက်၏။

ယင်းမှာ စည်ငယ်တစ်ခုပင် ဖြစ်ချေသည်။

စည်ကိုယ်ထည်မှာ တိုတောင်းတုတ်ခိုင်သော ဆလင်ဒါပုံသဏ္ဌာန် ရှိပေသည်။

စည်ကိုယ်ထည်မှာ တောက်ပသော အနီရောင်ရှိပြီး မျက်နှာပြင်မှာလည်း ချောမွတ်ပြောင်လက်နေသဖြင့် ရှေးဟောင်းပစ္စည်းတစ်ခုကဲ့သို့ ခန့်ညားထည်ဝါသော အသွင်ကို ဆောင်လျက်ရှိသည်။

စည်တွင် စည်မျက်နှာပြင် နှစ်ဖက်ပါရှိပြီး ဝါညိုရောင်ရှိကာ တင်းတင်းရင်းရင်း ရှိလှရုံမျှမက ထူထဲပြီး ရုန်းကန်အား ကောင်းလှသည်။

စည်မျက်နှာပြင်ကို ပတ်ပတ်လည်တွင် ကြေးမှိုများဖြင့် စီခြယ်ရိုက်နှက်ထားပြီး မှိုခေါင်းတစ်ခုချင်းစီမှာလည်း အလွန်ပင် ချောမွတ်နေပေသည်။

စည်ကိုယ်ထည်ပေါ်တွင်မူ စစ်တလင်းပြင်တစ်ခု၏ ပုံရိပ်များ၊ ပန်းချီကားချပ်များကို ထွင်းထုထားပြီး နှစ်ဖက်စလုံးမှ စစ်သည်တော်များသည် သွေးချောင်းစီး တိုက်ပွဲဝင်နေကြကာ အမျက်ဒေါသများဖြင့် ဟိန်းဟောက်နေကြသည့် အသွင်ကို ဖော်ဆောင်ထားသည်။

ဤသည်ကား နင်းကျော့က ချော်ရည်နန်းတော်မှ ရရှိခဲ့သော ‘ရူးသွပ်အတွေး ရှုပ်ထွေးစေသည့် စည်’ ဟုခေါ်သည့် စက်မှုအစိတ်အပိုင်းပင် ဖြစ်ပေသည်။

ဤစည်ကို တီးခတ်လိုက်ပါက လေးနက်ဟိန်းဟောက်သော အသံသည် စိတ်အာရုံထဲတွင် ပဲ့တင်ထပ်သွားပြီး အမျိုးမျိုးသော ရှုပ်ထွေးရူးသွပ်သည့် အတွေးများနှင့် စိတ်လှုပ်ရှားမှုများကို ဖြစ်ပေါ်စေနိုင်စွမ်း ရှိသည်။

ယင်းကို တိုက်ပွဲအတွင်း၌ တီးခတ်ခြင်းဖြင့် ပတ်ဝန်းကျင်ရှိ ရန်သူများကို ဒေါသအမျက်ချောင်းချောင်းထွက်ကာ ဆင်ခြင်တုံတရား ကင်းမဲ့စေပြီး အားနည်းချက်များ ပေါ်ပေါက်လာစေရန် အသုံးပြုလေ့ရှိကြသည်။

သို့သော် နင်းကျော့ကမူ ဤစည်ကို အသုံးပြု၍ စက်မှုမျောက်အား အတွေးအခေါ်များ ရှိလာစေရန် ကူညီပေးနိုင်လိမ့်မည်ဟု ယူဆထားပေသည်။

အမျိုးမျိုးသော ရှုပ်ထွေးရူးသွပ်သည့် အတွေးများသည်လည်း အတွေးအခေါ်၏ ပုံစံတစ်မျိုးပင် မဟုတ်လော။

သို့ရာတွင် ထိုသို့ဖြစ်လာပါက ရလဒ်အနေဖြင့် ဒေါသတကြီး တိုက်ခိုက်ခြင်း၊ မိမိကိုယ်ကို အန္တရာယ်ဖြစ်မည်ကိုပင် ဂရုမစိုက်ဘဲ ရန်သူကို သတ်ဖြတ်ခြင်းများသာ ဖြစ်ပေါ်လာပေလိမ့်မည်။

“ဒါက ပြဿနာမရှိပါဘူး”

“ယွမ်တာရှန့်ရဲ့ ဝိညာဉ်အနှစ်သာရက ဉာဏ်ဝိညာဉ်အဆင့်ကို ရောက်နေပြီဆိုတော့ သူက သိမြင်နားလည်နိုင်စွမ်း အားကောင်းနေပြီလေ”

“ယွမ်တာရှန့်ရဲ့ ဝိညာဉ်အနှစ်သာရကို အသုံးချပြီးတော့ ဒီလိုရှုပ်ထွေးတဲ့ အတွေးတွေကို ဖိနှိပ်ထားလို့ရတယ်၊ ဒါဆိုရင် သူက ဆင်ခြင်တုံတရား လုံးဝပျောက်ကွယ်သွားမှာ မဟုတ်ဘူး”

“ဒါပေမဲ့ ဒီစည်ကို အချိန်အတော်ကြာ တီးခတ်နေမယ်ဆိုရင်တော့ ရှုပ်ထွေးတဲ့ အတွေးတွေက စိတ်ထဲမှာ ပြည့်နှက်သွားပြီး ယွမ်တာရှန့်ရဲ့ ဆင်ခြင်တုံတရားကို လွှမ်းမိုးသွားလိမ့်မယ်”

သို့သော် ဤအခြေအနေသည်ပင် နင်းကျော့ အလိုရှိနေသည့် အခြေအနေဖြစ်ပေသည်။

ထိုအချိန်သို့ ရောက်ရှိပါက ယွမ်တာရှန့်သည် လုံးဝ ရူးသွပ်သွားပေလိမ့်မည်။

သူ၏ ခန္ဓာကိုယ်ပေါ်တွင် စီစဉ်ထားသော စက်မှုပညာရပ်များအရ သူသည် မိမိ၏ တိုက်ပွဲဝင်စွမ်းအားကို အနည်းဆုံး နှစ်ဆခန့်အထိ ပေါက်ကွဲထွက်လာစေမည် ဖြစ်သည်။

နင်းကျော့သည် စက်မှုမျောက်၏ ဦးခေါင်းခွံကို မလိုက်ပြီးနောက် ‘ရူးသွပ်အတွေး ရှုပ်ထွေးစေသည့် စည်’ ကို ထုတ်ယူကာ အနာအဆာ ကင်းမကင်း စစ်ဆေးပြီးနောက် မျောက်၏ ဦးခေါင်းခွံအတွင်းသို့ ထည့်သွင်းလိုက်သည်။

ဦးခေါင်းခွံအတွင်း၌ စည်အတွက် အောက်ခံခုံတစ်ခုကို ပြင်ဆင်ထားပြီး ဖြစ်ပေသည်။

ထိုအောက်ခံခုံပေါ်တွင် ‘ရူးသွပ်အတွေး ရှုပ်ထွေးစေသည့် စည်’ ကို တင်လိုက်သည်။

နင်းကျော့သည် အလယ်မှ ခေါက်နိုင်သော ဝိုင်းစက်သည့် သံချောင်းငယ် အနည်းငယ်ကို ထုတ်ယူလိုက်သည်။ ထိုသံချောင်းများကို အောက်ခံခုံတွင် တပ်ဆင်လိုက်ပြီးနောက် အလယ်ပိုင်းမှ ကွေးလိုက်ကာ အခြားတစ်ဖက်ကိုမူ စည်ကိုယ်ထည်ရှိ စက်မှုပေါက်အတွင်းသို့ ထည့်သွင်းလိုက်သည်။

နင်းကျော့သည် ဝိညာဉ်စွမ်းအားကို ပို့လွှတ်၍ အနည်းငယ် လှုပ်ရှားလိုက်ရာ စည်သံသည် ချက်ချင်းပင် ထွက်ပေါ်လာပြီး ဦးခေါင်းခွံအတွင်း၌ ပဲ့တင်ထပ်သွားလေသည်။

စည်သည် အလုပ်လုပ်ကြောင်း အတည်ပြုပြီးနောက် နင်းကျော့သည် ဦးခေါင်းခွံ၏ အတွင်းနံရံကို ပြင်ဆင်ရန် စတင်လိုက်သည်။

သူသည် အဆောင်လက်ဖွဲ့ ရေးဆွဲသည့် စုတ်တံကို ထုတ်ယူကာ အတွင်းနံရံပေါ်တွင် ရေးဆွဲလိုက်ပြီး သူ၏ အိတ်အတွင်းမှ အဆောင်လက်ဖွဲ့ ဒါဇင်ပေါင်းများစွာကို ထုတ်ယူကာ တစ်ခုချင်းစီကို နေရာအနှံ့ ကပ်လိုက်ရာ ဦးခေါင်းခွံ၏ အတွင်းနံရံတစ်ခုလုံး အဆောင်များဖြင့် ပြည့်နှက်သွားတော့သည်။

ဤအလုပ်များ ပြီးဆုံးသွားသောအခါမှ သူသည် ဦးခေါင်းခွံကို ပြန်လည် ပိတ်လိုက်လေသည်။

“တုန်ခါမှု အစီအရင်တစ်ခုကို ဖော်ဆောင်သင့်တာ၊ ဒါပေမဲ့ အခုလောလောဆယ်တော့ ဒီအဆောင်လက်ဖွဲ့တွေနဲ့ပဲ တော်လောက်ပါပြီ”

နင်းကျော့သည် အချိန်နှင့်အမျှ အပြိုင်လု၍ အပူတပြင်း အလုပ်လုပ်နေရသဖြင့် ချွေးများဖြင့် ရွှဲနစ်နေပေသည်။ သူသည် ခဏလေးမျှပင် အနားမယူဝံ့သလို အာရုံကိုလည်း လျှော့မထားဝံ့ချေ။

“အကိုစွန်းက အခြေအနေ မဟန်တော့ဘူး၊ ငါ အချိန်နဲ့အမျှ အပြိုင်လုပြီး အစွမ်းကုန် ကြိုးစားမှပဲ သူ့အတွက် အချိန်တွေ ပိုဝယ်ပေးနိုင်မှာ”

“သက်ပြင်းချမိတယ်၊ ဒါတွေအားလုံးက ငါ့ကြောင့် သူ အခက်တွေ့ရတာပဲ”

“ငါ့ရဲ့ နတ်ဘုရားစွမ်းအားဖြစ်တဲ့ အသက်မျှင်ကြိုးက သူ့ခေါင်းပေါ်မှာ ချိတ်နေတာလေ၊ ငါ့ဆီမှာ တစ်ခုခု ထိခိုက်မှုရှိရင် သူပါ ရောပြီး ခံရမှာပဲ”

“တကယ်တော့ ငါနဲ့သာ မပတ်သက်ရင် သူက ဒီမီးလျှံတောင် မသေမျိုးမြို့တော်ကနေ ထွက်သွားတာ ကြာလှပြီ”

“ဒါပေမဲ့ သူက ငါ့ကို ကူညီချင်လို့၊ ငါ့ကို ကာကွယ်ပေးချင်လို့ ဒီအချိန်အထိ နေပေးနေတာ”

“သူလို လူစားမျိုးအတွက် ဒီလို မြေအောက်စခန်းတွေထဲမှာ ပုန်းအောင်းနေရတာက သေရတာထက်တောင် ပိုဆိုးဦးမယ်၊ ဒါကိုတောင် သူက တစ်ချက်ကလေးမှ မငြီးငြူဘဲ သည်းခံပေးခဲ့တာ”

“အဆင်ပြေသွားမှာပါ၊ အဆင်ပြေသွားမှာပါ”

“ဒီရက်ပိုင်းတွေမှာ ငါက လူအများကြီးရဲ့ အသိအမှတ်ပြုမှုကို ရအောင် ကြိုးစားပြီးတော့ လူအတော်များများဆီမှာ အသက်မျှင်ကြိုးတွေကို စိုက်ထူထားခဲ့တယ်”

“ငါ့ရဲ့ နတ်ဘုရားစွမ်းအားက အခုဆိုရင် ပြည့်စုံနေပြီ၊ သူတစ်ပါးရဲ့ ကံကြမ္မာတွေကို ငါ ငှားသုံးလို့ရနေပြီ၊ ဒီလောက် ခိုင်မာတဲ့ ကံကြမ္မာ အခြေခံရှိနေရင် ကံဆိုးမှုတွေကို ငါ တန်ပြန်တိုက်ဖျက်နိုင်မှာပါ”

“ဒါကြောင့် အကိုစွန်း၊ဘာမှမဖြစ်စေရဘူး”

“အကိုစွန်းရယ်၊ ကျေးဇူးပြုပြီး ဘာမှ မဖြစ်နဲ့ဦး”

နင်းကျော့သည် စက်မှုမျောက်အား အပြင်းအထန် တပ်ဆင်ပြင်ဆင်နေရင်း မိမိ၏ စိတ်လှုပ်ရှားမှုများကိုလည်း ထိန်းချုပ်ရန် ကြိုးစားနေလေသည်။

မြေအောက်စခန်း။

သရဲမြူခြုံလွှာ ဝဲဂယက်အတွင်း၌။

“ဟင်းဟင်း၊ မိပြီနော် စွန်းလင်ထုံ” ယန်ချန်ယွီသည် အရူးတစ်ယောက်ကဲ့သို့ ပြုံးနေပြီး သူမ၏ မျက်ဝန်းများထဲတွင်လည်း မြင်သူတိုင်း ရင်ခုန်သွားစေလောက်သည့် အချစ်ရိပ်များ ပြည့်နှက်နေပေသည်။

“ယန်ချန်ယွီ၊ စိတ်အေးအေးထားပါဦး၊ စိတ်အေးအေးထားပါ” စွန်းလင်ထုံသည် ယန်ချန်ယွီ၏ တင်းကျပ်စွာ ပွေ့ဖက်ထားခြင်းကို ခံနေရသဖြင့် အစွမ်းကုန် ရုန်းကန်သော်လည်း မထူးခြားပေ။

“နေဦး၊ ငါ့ကို လွှတ်ဦး၊ ငါ့ကို လွှတ်ပါဦး၊ ငါ အသက်ရှူရတာ ကျပ်လာပြီ”

သူ၏ မျက်နှာသည် ယန်ချန်ယွီ၏ ရင်ခွင်ထဲသို့ ရောက်ရှိနေပြီး အသက်ရှူပင် မဝတော့ချေ။

ယန်ချန်ယွီကမူ တခိခိရယ်မောလျက် စွန်းလင်ထုံကို တင်းကျပ်စွာ ဖက်ထားရင်း သူမ၏ ခန္ဓာကိုယ်အတွင်းသို့ စွန်းလင်ထုံအား စုပ်ယူလိုက်ချင်သည့်အလား ဝေ့ယမ်းနေလေသည်။

သရဲစွမ်းအားများသည် ယန်ချန်ယွီကို တစ်ကိုယ်လုံး လွှမ်းခြုံထားပြီး သူမ၏ စိတ်ထဲတွင်လည်း အတားအဆီးမဲ့သော ကာမဇောစိတ်များဖြင့် ပြည့်နှက်နေကာ ဆင်ခြင်တုံတရား လုံးဝကင်းမဲ့နေတော့သည်။

အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရသော ထိုအခိုက်အတန့်တွင် စွန်းလင်ထုံသည် အသည်းအသန် ကြိုးစားရင်း အဆင့်သစ်တစ်ခုသို့ တက်လှမ်းနိုင်ခဲ့လေသည်။

“ဗလာတံဆိပ်” သူသည် မိမိ၏ အစွမ်းကုန် ကြိုးစားကာ မကြုံစဖူးသော စိတ်အားထက်သန်မှုဖြင့် ရတနာတံဆိပ်၏ တံဆိပ်ကို ခေါ်ယူလိုက်သည်။

ထိုတံဆိပ်မှ မှိန်ပျပျ အလင်းရောင်တစ်ခု ထွက်ပေါ်လာပြီး စွန်းလင်ထုံ၏ ခန္ဓာကိုယ်မှတစ်ဆင့် ယန်ချန်ယွီ၏ ခန္ဓာကိုယ်သို့ ပျံ့နှက်သွားသည်။

အလုပ်ဖြစ်သွားပေပြီ။

ယန်ချန်ယွီသည် ချက်ချင်းပင် တွေဝေသွားပြီး ရုန်းကန်နေကာ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ သရဲမြူများဖြင့် ဖြားယောင်းသော စွမ်းအားအများအပြားမှာလည်း ခန္ဓာကိုယ်ပြင်ပသို့ လွင့်စင်ထွက်သွားသည်။

သူမသည် စွန်းလင်ထုံကို လွှတ်ပေးလိုက်သော်လည်း သူမ၏ လက်များကမူ စွန်းလင်ထုံ၏ လက်မောင်းများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။

“ကျိုးတော့မှာပဲ၊ ကျိုးတော့မှာပဲ” စွန်းလင်ထုံက အော်ဟစ်လိုက်သည်၊ “ယန်ချန်ယွီ၊ သတိထားစမ်းပါဦး”

ယန်ချန်ယွီ၏ မျက်နှာအမူအရာမှာလည်း စွဲလမ်းရူးသွပ်ခြင်းနှင့် သတိဝင်လာခြင်းတို့အကြားတွင် အကြိမ်ကြိမ် ပြောင်းလဲနေပေသည်။

စွန်းလင်ထုံသည် သရဲမြူများ၏ ဖိနှိပ်ခြင်းနှင့် ယန်ချန်ယွီ၏ ဖမ်းဆီးထားခြင်းတို့ကြောင့် လွတ်မြောက်အောင် မရုန်းနိုင်သေးဘဲ ပိတ်မိနေဆဲ ဖြစ်သည်။

“ကျော့လေး၊ ကျော့လေး၊ မြန်မြန်လာကယ်ပါဦး”

ယန်ချန်ယွီသည် တုန်လှုပ်ချောက်ချားနေပြီး သူမ၏ အမူအရာမှာ တစ်ဖန်ပြန်၍ စွဲလမ်းရူးသွပ်သည့်ဘက်သို့ ရောက်ရှိသွားသည်ကို မြင်လိုက်ရသောအခါ စွန်းလင်ထုံ၏ မျက်လုံးများ ပြူးကျသွားလေသည်။

သူမသည် အရူးတစ်ယောက်ကဲ့သို့ တခိခိရယ်မောရင်း စွန်းလင်ထုံကို နမ်းရန် တိုးကပ်လာပြန်သည်။

စွန်းလင်ထုံသည် ခေါင်းကို ညာဘက်သို့ လွှဲလိုက်ပြီး ထိုအနမ်းကို ရှောင်လိုက်သည်။

ယန်ချန်ယွီက နောက်သို့ အနည်းငယ် ဆုတ်လိုက်ပြီး တစ်ဖန် ပြန်တိုးလာသည်။

စွန်းလင်ထုံက ခေါင်းကို ဘယ်ဘက်သို့ တစ်ဖန် လွှဲလိုက်ပြီး ယန်ချန်ယွီ၏ နှုတ်ခမ်းများမှ လွတ်အောင် ရှောင်တိမ်းလိုက်ပြန်သည်။

ယန်ချန်ယွီသည် အကြိမ်ကြိမ် ကြိုးစားသော်လည်း စွန်းလင်ထုံကမူ ဘယ်ညာတိမ်းရှောင်နေလေသည်။

အကြိမ်ကြိမ် မအောင်မြင်သောအခါ ယန်ချန်ယွီသည် မိန်းမပျိုတို့၏ မူယာဖြင့် ရယ်မောလိုက်ပြီး “မောင်လေးက ရှက်နေတာလား၊ ဒါပေမဲ့ ရှောင်နေလည်း အပိုပဲနော်”

ထိုသို့ပြောပြီးနောက် သူမသည် လျှို့ဝှက်ကျင့်စဉ်တစ်ခုဖြစ်သော ‘နေထွက်ယင်းဓာတ် ဖြည့်တင်းခြင်း’ ကို စတင်အသုံးပြုလိုက်လေသည်။

“ဒုက္ခပါပဲ၊ ဒုက္ခပါပဲ” စွန်းလင်ထုံ၏ မျက်နှာမှာ အသည်းအသန် ဖြစ်မှုကြောင့် နီမြန်းနေပေသည်။ သူသည် အချုပ်အနှောင် ခံထားရသဖြင့် ထိုပညာရပ်ကို ငြိမ်ခံနေရရုံမှတစ်ပါး အခြားမရှိချေ။

“မကောင်းတော့ဘူး” ထိုသို့သော အတွေးမျိုးသည် ကျူးရွှမ်းကျိ၏ စိတ်ထဲတွင်လည်း ပေါ်ပေါက်လာပေသည်။

သူသည် မိသားစု သုံးခုမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူများကို ဦးဆောင်ကာ မီးလျှံတောင်တန်း၏ နက်ရှိုင်းရာသို့ ဝင်ရောက်လာပြီးနောက် ချော်ရည်နတ်ဆိုးမျောက်၏ နန်းတော်အလယ်ဗဟိုသို့ ရောက်ရှိလာခဲ့သည်။

သူတို့သည် ချုံခိုတိုက်ခိုက်ခြင်းကို ခံရရုံမျှမက အပြင်သို့ ထိုးဖောက်ထွက်ရန် ကြိုးစားခြင်းမှာလည်း မအောင်မြင်ခဲ့ဘဲ ယခုအခါတွင် ချော်ရည်နတ်ဆိုးမျောက် အုပ်စုများ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံနေရပေသည်။

ကျူးရွှမ်းကျိသည် ရှေ့ဆုံးမှ မားမားမတ်မတ် ရပ်တည်နေပြီး မိမိတစ်ကိုယ်တည်းဖြင့် ခုခံရေးစည်းကို တည်ဆောက်ထားသည်။

တိုက်ပွဲစတင်ကတည်းက သူသည် အမျိုးမျိုးသော ရတနာများကို အဆက်မပြတ် အသုံးပြုနေခဲ့ပြီး သူ၏ တိုက်ပွဲဝင်စွမ်းရည်မှာ မိသားစု သုံးခုမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူများထက် များစွာ သာလွန်နေသည်ကို တွေ့မြင်နိုင်သည်။

မျက်မှောင်ကို ကြုတ်လျက် ရွှေအမြုတေအဆင့်ရှိ ချော်ရည်နတ်ဆိုးမျောက် တစ်ကောင်ကို နောက်သို့ ဆုတ်သွားအောင် တိုက်ခိုက်ပြီးနောက် သူသည် အဝေးမှ ဂူပေါက်တစ်ခုကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။

“ဟိုဘက်က ဂူပေါက်ကို ကြည့်လိုက်ကြ၊ ငါတို့ အပြင်ထွက်ဖို့ ကြိုးစားတဲ့အခါ အဲဒီဘက်ကို ဦးတည်လိုက်တိုင်း ဒီမျောက်တွေက အလွန်အမင်း စိုးရိမ်တကြီး ဖြစ်သွားပြီး သူတို့ရဲ့ ခုခံမှုကိုလည်း ပိုပြီး တိုးမြှင့်လိုက်ကြတယ်”

“အဲဒီဂူက အပြင်ကို ထွက်တဲ့ လမ်းဖြစ်ဖို့ များတယ်”

ကျူးရွှမ်းကျိသည် သူ၏ ခန့်မှန်းချက်ကို ဝိညာဉ်စွမ်းအားသုံး၍ အသံလှိုင်းဖြင့် ပေးပို့လိုက်သည်။

“ဒါမှမဟုတ် အဲဒါက မျောက်တွေရဲ့ ကလေးထိန်းကျောင်းလည်း ဖြစ်နိုင်တာပဲ” နောက်ပိုင်းသို့ ဆုတ်၍ ဒဏ်ရာများကို ကုသနေသော ကျိုးနုန်းယင်းက ဝင်ပြောလိုက်သည်။

ကျူးရွှမ်းကျိက ဆက်လက်၍ “မကြာခင်မှာ ငါက ရွှေအမြုတေအဆင့်နဲ့ နီးစပ်တဲ့ စက်မှုပစ္စည်းတစ်ခုကို အဲဒီဘက်ကို လွှတ်လိုက်မယ်၊ အဲဒါက မျောက်တွေရဲ့ ခုခံမှုကို ဆွဲဆောင်နိုင်လိမ့်မယ်”

“သူတို့ရဲ့ အာရုံတွေ လွဲသွားတဲ့အချိန်မှာ တခြားနေရာတွေမှာ အားနည်းချက်တွေ ရှိလာလိမ့်မယ်၊ အဲဒီအချိန်မှာ ငါတို့က တခြားတစ်ဖက်ကို တိုက်ခိုက်ပြီး လမ်းဖွင့်ပြီးတော့ လာခဲ့တဲ့လမ်းအတိုင်း ပြန်ဆုတ်ကြမယ်”

ကျူးရွှမ်းကျိသည် မိသားစု သုံးခုမှ ကျင့်ကြံသူများကို အဆင်သင့်ဖြစ်အောင် ညွှန်ကြားလိုက်ပြီးနောက် အချိန်စတင် မှတ်လိုက်သည်။

“တစ်” ဟု ရေတွက်ပြီးနောက် သူက “သွားစို့” ဟု အော်ဟစ်လိုက်လေသည်။

ကျူးရွှမ်းကျိသည် ကျားပုံသဏ္ဌာန် စက်မှုပစ္စည်းတစ်ခုကို လွှတ်ထုတ်လိုက်ရာ ယင်းသည် ဂူပေါက်ဆီသို့ ဦးတည်၍

အရှိန်အဟုန်ဖြင့် ပြေးထွက်သွားသည်။

သူ မျှော်လင့်ထားသည့်အတိုင်းပင် ရွှေအမြုတေအဆင့်ရှိ မျောက်များသည် စိုးရိမ်တကြီး ဖြစ်သွားကာ ကျားပုံစံ စက်မှုပစ္စည်းကို တားဆီးရန် ဝိုင်းအုံသွားကြသည်။

“သွားကြမယ်” ကျူးရွှမ်းကျိသည် မျောက်များ၏ ခုခံမှု လစ်ဟင်းသွားသည်ကို အခွင့်ကောင်းယူကာ ရှေ့သို့ ပြေးထွက်လိုက်သည်။

ဝေါင်း။

နောက်တစ်ခဏတွင် ‘မီးလျှံနတ်ဆိုး မျောက်ဘုရင်’ သည် နတ်ဆိုးတစ်ပါးကဲ့သို့ ဆင်းသက်လာပြီး ကျူးရွှမ်းကျိ၏ လမ်းကို ပိတ်ဆို့လိုက်လေသည်။

ကျူးရွှမ်းကျိ အပိတ်ခံလိုက်ရသည်ကို မြင်သောအခါ သူ၏ နောက်မှ မိသားစု သုံးခုမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူများသည်လည်း ဝိုင်းဝန်းတိုက်ခိုက်ကြသည်။

သို့သော် သူတို့၏ အမျိုးမျိုးသော ပညာရပ်များသည် မျောက်ဘုရင်အပေါ်တွင် သက်ရောက်မှု အလွန်နည်းပါးနေပြီး သူတို့၏ စွမ်းအားမှာ အနည်းဆုံး ၃၀ ရာခိုင်နှုန်းခန့် လျော့နည်းသွားသကဲ့သို့ ဖြစ်နေသည်။

ထိုသို့ တိုက်ခိုက်လိုက်ခြင်းက မျောက်ဘုရင်၏ ရက်စက်ကြမ်းကြုတ်မှုကို ပိုမို နှိုးဆွပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး မျောက်ဘုရင်သည် ဟိန်းဟောက်ကာ လက်သီးခြေဖနောင့်များဖြင့် တိုက်ခိုက်လိုက်ရာ ကျူးရွှမ်းကျိမှာ လွင့်ထွက်သွားရတော့သည်။

ထို့နောက် ယင်းသည် မိသားစု သုံးခုမှ ကျင့်ကြံသူများကို ဆက်လက် တိုက်ခိုက်လေသည်။

ရွှေအမြုတေအဆင့် ကျင့်ကြံသူများသည် ထိတ်လန့်တကြားဖြင့် ဟိုဟိုဒီဒီ ပြေးလွှားကြသဖြင့် မျောက်ဘုရင်၏ တိုက်ခိုက်မှုမှာ လွဲချော်သွားခဲ့သည်။

ကျူးရွှမ်းကျိက ရုတ်တရက် အော်ဟစ်လိုက်သည်၊ “ငါ့ကို မခုခံကြနဲ့ဦး”

ထို့နောက် သူသည် အစောပိုင်းက လွှတ်ထုတ်ထားသော ကျားပုံစံ စက်မှုပစ္စည်းကို ထိန်းချုပ်လိုက်သည်။

ရွှေအမြုတေအဆင့်ရှိ မျောက်အများအပြား၏ ဝိုင်းရံတိုက်ခိုက်မှုကို ခံထားရသဖြင့် ပျက်စီးလုနီးပါး ဖြစ်နေသော ကျားပုံစံ စက်မှုပစ္စည်းသည် ကျူးရွှမ်းကျိ၏ ထိန်းချုပ်မှုအောက်တွင် ချက်ချင်းပင် အလင်းတန်း အများအပြားကို ထုတ်လွှတ်လိုက်သည်။

ထိုအလင်းတန်းများသည် လူသား ကျင့်ကြံသူများကို သွားရောက် ထိမှန်သွားပြီး အလွန်အစွမ်းထက်ကာ မတွန်းလှန်နိုင်သော ဆွဲငင်အားတစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။

ကျူးရွှမ်းကျိက ကြိုတင် သတိပေးထားသဖြင့် မိသားစု သုံးခုမှ ကျင့်ကြံသူများသည်လည်း မခုခံဘဲ ထိုအလင်းတန်းများ၏ ဆွဲယူရာနောက်သို့ လိုက်ပါသွားကြသည်။

ကျားပုံစံ စက်မှုပစ္စည်းသည် အလင်းတန်းများကို ထိန်းညှိလျက် အခြားတစ်ဖက်သို့ အရှိန်အဟုန်ဖြင့် ရွေ့လျားသွားလေသည်။

ဝေါင်း။

မီးလျှံနတ်ဆိုး မျောက်များသည် တစ်ပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြပြီး ရူးသွပ်သွားကြတော့သည်။

လူသား ကျင့်ကြံသူများသည် အလွန်မြန်သော အရှိန်အဟုန်ဖြင့် ဆွဲယူခြင်း ခံလိုက်ရပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် အခြားတစ်ဖက်သို့ ရောက်ရှိသွားကြသည်။

ထိုဘက်ကား အစောပိုင်းက ပြောခဲ့သော ဂူပေါက်ပင် ဖြစ်ချေသည်။

“ဟားဟား၊ တော်ပါပေတယ် အကြီးအကဲကျူး” နင်းကျိုဖန်က ရယ်မောလိုက်သည်။

“ဝင်ကြစို့၊ ဒီမီးလျှံနတ်ဆိုး မျောက်တွေကို အားကိုးရာမဲ့သွားအောင် လုပ်ရမယ်”

ကျူးရွှမ်းကျိသည် ရှေ့ဆုံးမှ တစ်ဖန် ပြန်လည် ဦးဆောင်လိုက်ပြန်သည်။

တိုက်ပွဲတစ်လျှောက်လုံးတွင် သူသည် အမြဲတမ်း ရှေ့ဆုံးမှ ဦးဆောင်ခဲ့ပေသည်။

သူ၏ ရဲရင့်ပြတ်သားသော အမူအရာကြောင့် မိသားစု သုံးခုမှ ကျင့်ကြံသူများကလည်း သူ့အပေါ် အလေးအမြတ် ထားလာကြသည်။

“မကောင်းတော့ဘူး” နောက်တစ်ခဏတွင် ကျူးရွှမ်းကျိသည် ရုတ်တရက် ရပ်တန့်သွားပြီး အံ့အားသင့်စွာ ရေရွတ်လိုက်သည်။

မိသားစု သုံးခုမှ ကျင့်ကြံသူများသည်လည်း မော့ကြည့်လိုက်ကြရာ သူတို့၏ မျက်နှာများမှာ ချက်ချင်းပင် ပျက်သွားတော့သည်။

သူတို့သည် အိပ်ပျော်နေရာမှ နိုးလာသော မျောက်အိုကြီးတစ်ကောင်ကို မြင်လိုက်ရသည်။ ယင်းသည် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်ရာ ထိုမျောက်၏ စွမ်းအားမှာ ဝိညာဉ်သန္ဓေတည်ခြင်းအဆင့် ဖြစ်နေသည်ကို အထင်အရှား တွေ့မြင်လိုက်ရလေသည်။

ဝေါင်း၊ ဝေါင်း။

ဂူပေါက်၏ အပြင်ဘက်တွင်မူ ရွှေအမြုတေအဆင့်ရှိ မျောက်များသည် စုရုံးနေကြသော်လည်း ဂူအတွင်းသို့မူ တစ်ကောင်မျှ မဝင်ရဲကြချေ။

ရှေ့တွင် ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်ရှိ မျောက်အိုကြီး၊ နောက်တွင် ရွှေအမြုတေအဆင့်ရှိ ချော်ရည်နတ်ဆိုး မျောက်အုပ်စုများဖြင့် ကြားညပ်နေသော လူသားကျင့်ကြံသူများ၏ အခြေအနေမှာမူ အလွန်ပင် စိုးရိမ်ဖွယ် ဖြစ်နေတော့သည်။

“ဒုက္ခပါပဲ”

“ဒီမျောက်တွေထဲမှာ ဝိညာဉ်သန္ဓေတည်ခြင်းအဆင့်ရှိတဲ့ မျောက်တစ်ကောင် ရှိနေတာလား”

“ချော်ရည်နန်းတော် လှုပ်ခါတုန်းကတည်းက ဒီကောင်က ဘာလို့ ထွက်မလာခဲ့တာလဲ”

All Chapters