← Chapters

ထိုက်ချန်ကျိကျွင်း

Vol. 74 Ch. 771

ထိုက်ချန်ကျိကျွင်း

Vol. 74 Ch. 771

​ခေတ္တမျှ အသားကျအောင် ပြင်ဆင်ပြီးနောက် ထန်ထျန်းက သက်ရှိဧကရာဇ်နန်းတော် အထက်ရှိ ဟင်းလင်းပြင်တွင် တည်ငြိမ်စွာ ရပ်လိုက်သည်။

​သူနှင့်အတူ ဟင်းလင်းပြင်တံခါးတစ်ခုတည်းမှ ထွက်လာသူများမှာ လုံကျိုကျိုးနှင့် ဟုန်းမန်ကျိကျွင်းတို့ ဖြစ်ကြသည်။

​၎င်းတို့သုံးဦးမှာ ဤနေရာ ကို တာဝန်ယူထားရခြင်း ဖြစ်သည်။

​အခြားသော နေရာ များတွင်လည်း ရွှေရောင်ဟင်းလင်းပြင်တံခါး ဒါဇင်နှင့်ချီ၍ ရှိနေပြီး ၎င်းတို့အားလုံးမှာ သက်ရှိဧကရာဇ်နန်းတော်သို့ ရောက်ရှိလာကာ ကုန်းမြေတစ်ခုလုံးကို ဝိုင်းရံပိတ်ဆို့ထားလိုက်ကြသည်။

​လူတိုင်း ပေါ်လာသည်နှင့်တစ်ပြိုင်နက် အစီအရင်ကြီးတစ်ခုက သက်ရှိဧကရာဇ်နန်းတော် တစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

​၎င်းမှာ နေနတ်ဘုရားကိုယ်တိုင် ဦးစီးထားသည့် အစီအရင်ဖြစ်ရာ သက်ရှိဧကရာဇ်နန်းတော်အတွင်းရှိနေသူမှာ ကျိကျွင်းဖြစ်စေ၊ ဝူရှန့်ကျိကျွင်းဖြစ်စေ မည်သူမျှ ပြန်လည်ထွက်ပြေးနိုင်တော့မည်မဟုတ်ပေ။

​အစီအရင်ပေါ်လာသည့် တစ်ခဏချင်းအတွင်း ဟာကွက်မှတစ်ဆင့် ထွက်ပြေးသွားနိုင်သည့် အလွန်ပါးနပ်သော အချို့တည်ရှိမှုများ ရှိကောင်းရှိနိုင်သော်လည်း ၎င်းတို့မှာ အရေးမပါသော ငါးစာလေးများသာဖြစ်၍ အလေးထားနေရန် မလိုပေ။

​ဤအစီအရင် ဖြစ်ပေါ်လာပြီးနောက်တွင် ထန်ထျန်းတို့က သူတို့လက်ထဲရှိ အစီအရင်ပုံစံမှာ မည်သည့်နေရာအတွက်ဖြစ်သည်ကို အတိအကျ သိရှိသွားကြသည်။

​ထန်ထျန်းက နဂိုက သူတို့လက်ထဲရှိ အစီအရင်များမှာ သက်ရှိဧကရာဇ်နန်းတော်မှ ကျိကျွင်းများ ထွက်ပြေးမည့်လမ်းကို ပိတ်ဆို့ရန်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

​သို့သော် ယခုကြည့်ရသည်မှာ ထိုသို့မဟုတ်ပေ။

​ရှေ့ရှိ အစီအရင်ကြီးက ရန်သူ့နောက်ဆုတ်လမ်းကို လုံးဝပိတ်ဆို့ထားပြီး ဖြစ်ရာ သူတို့လက်ထဲရှိ အစီအရင်များမှာ ထို့ထက်ပို၍ အရေးကြီးသည့်အရာ ဖြစ်ဟန်တူသည်။

​“ငါးနှစ်ကောင်တော့ သတင်းပို့ဖို့ ပြန်ပြေးသွားပြီ”

​လုံကျိုကျိုးက အေးစက်စွာ ပြောလိုက်သည်။

​သူတို့ ပေါ်လာသည့်အချိန်တွင် အနီးအနားရှိ ထိုကျိကျွင်းနှစ်ဦးမှာ သူတို့၏ မျက်စိအောက်မှ လွတ်နိုင်ခြင်းမရှိပေ။

​ထန်ထျန်းသည်လည်း နန်းတော်ဘက်မှ အကြည့်ကို လွှဲလိုက်ပြီး ခေါင်းညိတ်ကာ ပြော၏ ။ “တစ်ယောက်ကိုတော့ ငါမြင်ဖူးတယ်"

​"ဝိညာဉ်ရေကန်တုန်းက ကျွင်းချန်ချင်း ခေါ်သွားတဲ့သူတွေထဲမှာ သူပါတယ်”

​ဘေးနားရှိ ဟုန်းမန်ကျိကျွင်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ပြော၏။ “သေချင်းဆိုး သစ္စာဖောက်တွေ"

​“နေနတ်ဘုရားက ကိုယ့်သဘောနဲ့ကိုယ် လှုပ်ရှားခွင့်မပေးလို့သာပဲ၊ မဟုတ်ရင် အဲဒီအမှိုက်တွေကို ဒီလောက်လွယ်လွယ်နဲ့ လွတ်ပေးမှာ မဟုတ်ဘူး”

​သက်ရှိဧကရာဇ်နန်းတော်ကို မြင်လိုက်ရသည့် အချိန်မှစ၍ ဟုန်းမန်ကျိကျွင်းထံမှ အဆုံးမဲ့သတ်ဖြတ်လိုသော အရှိန်အဝါများ ထွက်ပေါ်နေတော့သည်။

ယနေ့ သူလာသည်မှာ လူသတ်ရန်အတွက်သာ ဖြစ်သည်။

​“မလောပါနဲ့၊ သူတို့ ပြေးမလွတ်ပါဘူး"

​"ငါတို့ ကိုယ့်နေရာ ကိုယ် သေချာစောင့်နေရင် ရပြီ”

​လုံကျိုကျိုးက ပြောလိုက်သည်။

​သူတို့သုံးဦးစလုံးက အစီအရင်၏ နေရာ တစ်ခုစီကို တာဝန်ယူထားရသည်။

သို့သော် နေရာတစ်ခုတည်းတွင် အသေရပ်နေရန် မလိုဘဲ ဤနယ်မြေအတွင်းမှ ထွက်မသွားလျှင် ရပြီဖြစ်သည်။

​နေနတ်ဘုရား အမိန့်ပေးသည်နှင့်တစ်ပြိုင်နက် သူတို့က အစီအရင်ကြီး တည်ဆောက်ခြင်းကို ချက်ချင်း အပြီးသတ်နိုင်မည် ဖြစ်သည်။

​“ဒီနေရာကို... အရင်က မင်းတို့ ရောက်ဖူးလား”

​ထန်ထျန်းက ဘေးနားရှိ လူနှစ်ဦးကို မေးလိုက်သည်။

​ဟုန်းမန်ကျိကျွင်းမှာ နှစ်ပေါင်းသန်းချီ ရှင်သန်လာသည့် ရှေးဟောင်းပုဂ္ဂိုလ်ကြီးဖြစ်ပြီး လုံကျိုကျိုးမှာလည်း သူ၏ အရင်ဘဝက သာမန်မဟုတ်သည်မှာ သေချာသည်။

​“ရောက်ဖူးတာပေါ့”

​ထန်ထျန်း ခန့်မှန်းထားသည့်အတိုင်းပင် ဟုန်းမန်ကျိကျွင်းက ပြောလာသည်။ “သက်ရှိဧကရာဇ်နန်းတော် စတင်တည်ထောင်ခါစတုန်းက ငါတစ်ခါ ရောက်ဖူးတယ်"

​"ဒါပေမဲ့ အဲဒီတစ်ခါပဲ”

​ထန်ထျန်းက ချက်ချင်း စပ်စုလိုစိတ်ဖြင့် မေးလိုက်သည်။ “ဘာဖြစ်လို့လဲ”

​ဟုန်းမန်ကျိကျွင်းက နှာခေါင်းတစ်ချက် ရှုံ့ကာ ပြော၏။ “အဲဒီတုန်းက ကျွင်းချန်ချင်းက ဒီလောကမှာ စပြီး နာမည်ကြီးလာစပဲ ရှိသေးတယ်၊ ငါက စေတနာအပြည့်နဲ့ သူ့ဆီကို ပညာဖလှယ်ဖို့ လာခဲ့တာလေ"

​"အဲဒီမှာပဲ သမိုင်းတလျှောက် အယဉ်ကျေးဆုံးနဲ့ အောက်တန်းအကျဆုံး လူတစ်ယောက်ကို ငါတွေ့ခဲ့ရတာပဲ"

​"လမ်းစဉ်မတူရင် အတူမလျှောက်နိုင်ဘူးလေ၊ အဲဒီနောက်ပိုင်း သူက ကမ္ဘာကြီးကို အုပ်စိုး လို့ သက်ရှိဧကရာဇ်နန်းတော်ကြီး ဘယ်လောက်ပဲ စည်ကားနေပါစေ ငါတစ်ခါမှ ထပ်မလာတော့ဘူး”

​ထန်ထျန်းက အသာအယာ ခေါင်းညိတ်လိုက်သည်။ ဟုန်းမန်ကျိကျွင်းတွင်လည်း သူ၏ ကိုယ်ပိုင်မူ ရှိနေသည်ဟု သူတွေးလိုက်မိသည်။

​သို့သော်လည်း ဘေးမှ လုံကျိုကျိုးက ချက်ချင်းပင် အမှန်တရားကို ဖော်ထုတ်လိုက်သည်။

​“သူက စီနီယာတစ်ယောက်အနေနဲ့ ဟန်ကြီးပန်ကြီးနဲ့ ကျွင်းချန်ချင်းကို သွားတွေ့တာလေ၊ ရလဒ်ကတော့ တံခါးဝတောင် ဝင်ခွင့်မရဘူး၊ ကျွင်းချန်ချင်းက သူ့ကို အဖတ်တောင် မလုပ်ခဲ့ဘူး"

​"ဒါနဲ့ သူက စိတ်တိုပြီး ပြန်လာရတာပဲ”

​လုံကျိုကျိုးက ရယ်မောကာ ပြောလိုက်သည်။

​ဟုန်းမန်ကျိကျွင်း၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားသော်လည်း လုံကျိုကျိုးကို တစ်ချက်ကြည့်ပြီးနောက် စိတ်ကို ထိန်းလိုက်ပုံရသည်။

ထို့အတူ ဤအချက်ကိုလည်း တိတ်တဆိတ် ဝန်ခံလိုက်သည်။

​ထန်ထျန်းက လုံကျိုကျိုး၏ စကားများမှတစ်ဆင့် ထိုစဉ်က အခြေအနေကို ချက်ချင်း ပုံဖော်ကြည့်လိုက်မိသည်။

​ကျွင်းချန်ချင်းမှာ ဟုန်းမန်ကျိကျွင်းထက် မျိုးဆက်ငယ်သော်လည်း သူက အလွန်အမင်း အစွမ်းထက်လှသည်။ ထို့ကြောင့် ဟုန်းမန်ကျိကျွင်းက ပညာဖလှယ်ရန် သွားတွေ့ခဲ့ခြင်း ဖြစ်သည်။

​သူက သူ၏ ရာထူးဂုဏ်ရှိန်ဖြင့် ကျွင်းချန်ချင်းက သူ့ကို သေချာ ဧည့်ခံကာ အချိန်အကြာကြီး စကားပြောလိမ့်မည်ဟု ထင်ထားခဲ့သည်။

​သို့သော်လည်း တံခါးပိတ်ပြီး အငြင်းခံရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ဤကဲ့သို့သော ပုဂ္ဂိုလ်များအတွက် မျက်နှာမှာ အရေးကြီးဆုံးဖြစ်ရာ လူပုံအလယ်တွင် အရှက်ရသွားသော ဟုန်းမန်ကျိကျွင်းအနေဖြင့် သက်ရှိဧကရာဇ်နန်းတော်သို့ ထပ်မလာတော့သည်မှာ မဆန်းပေ။

​ဟုန်းမန်ကျိကျွင်း အရှက်မရစေရန် ထန်ထျန်းက နောက်တစ်ယောက်သို့ ဦးတည်ချက် ပြောင်းလိုက်သည်။

​“ဒါဆို မင်းကော"

​"ရောက်ဖူးလား”

​သူက လုံကျိုကျိုးကို ကြည့်ကာ မေးလိုက်သည်။

​လုံကျိုကျိုးက လက်ပိုက်လိုက်ပြီး ပြော၏။ “ရောက်ဖူးတာပေါ့”

​ထို့နောက် သူက မလှမ်းမကမ်းရှိ ပျက်စီးနေသော နေရာတစ်ခုကို ညွှန်ပြကာ ပြော၏။ “ဟိုးနေရာမှာ အရင်က ကိုးထပ်တာအိုမျှော်စင် ရှိခဲ့တာ"

​"ငါ ရောက်လာပြီးတဲ့နောက်မှာတော့ အခုလို ပျက်စီးသွားတာပဲ”

​ထန်ထျန်းမှာ ဆွံ့အသွားရသည်။

​ဒါဆို မင်းက ရန်လာစတာပေါ့။

​“အဲ့တုန်းက ကျွင်းချန်ချင်းကို ဝိုင်းတိုက်တုန်းက ငါက ရှေ့တန်းတပ်ဖွဲ့ဝင်ပဲ၊ သက်ရှိဧကရာဇ်နန်းတော်ကို အရင်ဆုံး ရောက်ခဲ့တာ"

​"နောက်ဆုံးတော့လည်း ဒီမှာပဲ ငါ အသတ်ခံလိုက်ရတယ်”

​လုံကျိုကျိုးက အေးစက်စွာ ပြောလိုက်သည်။

​ထန်ထျန်း တုန်လှုပ်သွားပြီး မေးမိသည်။ “ကျွင်းချန်ချင်း လက်ချက်လား”

​လုံကျိုကျိုးက ခေါင်းခါပြကာ “ကျွင်းချန်ချင်းက အဲဒီတုန်းက ဒီမှာ မရှိဘူး၊ သူ့လက်အောက်က အစွမ်းထက်တဲ့သူတွေပဲ ရှိတာ"

​"သက်ရှိဧကရာဇ်နန်းတော်က အရမ်းထူးခြားတယ်၊ အဲဒီလူတွေက ဒီနေရာမှာရှိရင် သူတို့ရဲ့ ခွန်အားက အပြင်လောကထက် အဆပေါင်းများစွာ ပိုသန်မာလာတတ်တယ်"

​"ငါ သူတို့ရဲ့ ဝိုင်းဝန်းတိုက်ခိုက်မှုအောက်မှာ သေဆုံးခဲ့တာပဲ"

​"ဒီနေ့ တိုက်ပွဲမှာလည်း ဒီအချက်ကို သေချာ ဂရုစိုက်ဖို့ လိုလိမ့်မယ်"

​"သက်ရှိဧကရာဇ်နန်းတော်က အရင်လို မဟုတ်တော့ပေမဲ့ သူ့ရဲ့ အကြွင်းအကျန် အရှိန်အဝါက ရှိနေဦးမှာပဲ”

​ထန်ထျန်း ခေါင်းညိတ်လိုက်သည်။

​လုံကျိုကျိုးမှာ လူဝင်စားတစ်ဦး ဖြစ်သည်ကို သူ အရင်ကတည်းက သိထားသည်။

​ထို့အပြင် သူ၏ ယခင်ဘဝမှာလည်း အလွန်ပင် သာမန်မဟုတ်ခဲ့သည်မှာ သေချာသည်။ မဟုတ်လျှင် နေနတ်ဘုရားက သူ့ကို လူဝင်စားရန် တမင် ရွေးချယ်ခဲ့လိမ့်မည်မဟုတ်ပေ။

​ယခုကြည့်ရသည်မှာ ထိုသို့ပင် ဖြစ်သည်။

​သို့သော်လည်း ပြန်လည်မွေးဖွားလာသော လုံကျိုကျိုးမှာ အချို့အပြောင်းအလဲများ ရှိနေပုံရသည်။

သူက နေနတ်ဘုရားအပေါ် ထားရှိသည့် သဘောထားကို ကြည့်ရုံဖြင့် အချို့အချက်များကို ရိပ်မိနိုင်သည်။

​၎င်းတို့သုံးဦးမှာ စကားတစ်ခွန်းစ နှစ်ခွန်းစဖြင့် အေးအေးဆေးဆေး စကားပြောနေကြစဉ်မှာပင် အောက်ဘက်ရှိ သက်ရှိဧကရာဇ်နန်းတော်မှ လှုပ်ရှားမှုများ ရှိလာသည်။

​တစ်ဖက်တွင်လည်း ကျိကျွင်းများ ရှိနေပြီး အစီအရင်က ဤကမ္ဘာငယ်လေးကို လုံးဝပိတ်ဆို့ထားသည်ကို သူတို့ သတိပြုမိသွားကြသည်။

​နန်းတော်အတွင်းမှ ထိတ်လန့်တုန်လှုပ်နေသော အငွေ့အသက်အချို့ ပေါ်ထွက်လာသည်ကို ရှင်းရှင်းလင်းလင်း သတိပြုမိလိုက်ရသည်။

​သို့သော်လည်း ထိုထိတ်လန့်မှုမှာ မကြာမီမှာပင် ပြန်လည်ငြိမ်သက်သွားခဲ့သည်။

​ခေတ္တမျှ ကြာပြီးနောက်တွင် နန်းတော်အတွင်းမှ အစွမ်းထက် ပုံရိပ်အုပ်စုတစ်စု ပျံသန်းထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ လူအားလုံးနှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်လိုက်ကြသည်။

​ထိုအထဲတွင် ပုံရိပ်ခြောက်ခု၏ အော်ရာ မှာ အလွန်တရာ ကြောက်စရာကောင်းလှပြီး ဝူရှန့်ကျိကျွင်း အဆင့်ဖြစ်သည်မှာ သိသာလှသည်။

​ကျန်ရှိနေသူများမှာမူ အားလုံးမှာ ကျိကျွင်းများ ဖြစ်ကြပြီး အရေအတွက်မှာလည်း အယောက်တစ်ရာကျော်မျှ ရှိရာ နည်းလှသည်မဟုတ်ပေ။

​သက်ရှိဧကရာဇ်နန်းတော်၏ အင်အားမှာ အမှန်တကယ်ပင် လျှော့တွက်၍ မရနိုင်ချေ။

​၎င်းတို့အားလုံးကို ဦးဆောင်လာသော ဝူရှန့်ကျိကျွင်းမှာ အဖြူရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး ဆံပင်နှင့် မုတ်ဆိတ်များ ဖြူဖွေးနေသော အဘိုးအိုတစ်ဦး ဖြစ်သည်။

​အဘိုးအိုမှာ လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး တည်ငြိမ်အေးဆေးသော မျက်နှာထားရှိရာ နတ်ဘုရားတစ်ပါးကဲ့သို့ အရှိန်အဝါမျိုး ရှိနေသည်။

​သို့သော်လည်း သူ၏ မျက်နှာကို မြင်လိုက်ရသည့်အခါတွင် လုံကျိုကျိုးနှင့် ဟုန်းမန်ကျိကျွင်းတို့မှာ မျက်နှာများ ချက်ချင်း မည်းမှောင်သွားကြသည်။

​“သူပဲ”

​“သူ ဖြစ်မယ်လို့ ငါ သိနေသားပဲ”

​ဟုန်းမန်ကျိကျွင်းက အံကိုကြိတ်ကာ ပြောလိုက်သည်။

​“သူက ဘယ်သူလဲ”

​ထန်ထျန်းမှာ ဤအဘိုးအိုကို တစ်ခါမှ မမြင်ဖူးပေ။

​လုံကျိုကျိုးက ချက်ချင်း ရှင်းပြလိုက်သည်။ “ထိုက်ချန်ကျိကျွင်း ပဲ"

​"နှစ်ပေါင်းသန်းချီအတွင်းမှာ ကျွင်းချန်ချင်းကလွဲရင် နောက်ထပ် ခေတ်တစ်ခုရဲ့ ကိုယ်စားပြုပုဂ္ဂိုလ်ပဲ"

​"အရင်တုန်းက ကျွင်းချန်ချင်းကို တိုက်ခိုက်တုန်းက သူ့ကို ကူညီဖို့ ဖိတ်ခေါ်ခဲ့ဖူးတယ်၊ ဒါပေမဲ့ သူ့ရဲ့ သဘောထားက မရေမရာဖြစ်နေပြီး မပါဝင်ခဲ့ဘူး"

​"သူက ကျွင်းချန်ချင်းနဲ့ မဟာမိတ်ဖွဲ့ထားတာ ကြာပြီလို့ လူတွေ ခန့်မှန်းခဲ့ကြပေမဲ့ တိကျတဲ့ အထောက်အထား မရှိခဲ့ဘူး၊ နောက်တော့လည်း အဲဒီကိစ္စက ဒီအတိုင်းပဲ ပြီးသွားခဲ့တာ"

​"သူက တကယ်ကြီး ကျွင်းချန်ချင်းနဲ့ ပူးပေါင်းနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး"

​"ကျွင်းချန်ချင်းရဲ့ လက်ကျန်အင်အားစုတွေကို ဘာလို့ အမြစ်ပြတ်အောင် မရှင်းနိုင်ခဲ့တာလဲဆိုတာ အခုမှ ရှင်းသွားပြီ၊ သူက နောက်ကွယ်ကနေ အကုန်စီစဉ်ပေးနေတာကိုး”

​ထန်ထျန်း တိတ်ဆိတ်သွားသည်။

​ကြည့်ရသည်မှာ ဤသူမှာ အလွန်ပင် စိတ်ရှုပ်စရာကောင်းသည့် တည်ရှိမှုတစ်ခု ဖြစ်ပေလိမ့်မည်။

​ကောင်းကင်ယံ၌ ထိုက်ချန်ကျိကျွင်းမှာ လက်ကို နောက်ပစ်ထားလျက် ပြင်းထန်သော အရှိန်အဝါဖြင့် ရောက်ရှိလာကြသည့် လူအုပ်ကြီးကို ရင်ဆိုင်နေရသော်လည်း သူ၏ မျက်နှာမှာ အစအဆုံး အပြောင်းအလဲ မရှိပေ။

​“မိတ်ဆွေတို့...”

​“မတွေ့ရတာ ကြာပြီပဲ”

All Chapters