← Chapters

သတ်

Vol. 74 Ch. 772

သတ်

Vol. 74 Ch. 772

​ထိုက်ချန်ကျိကျွင်းက လက်ကိုနောက်ပစ်ပြီး ဟင်းလင်းပြင်တွင် ရပ်နေကာ သက်ရှိဧကရာဇ်နန်းတော်မှ ကျိကျွင်း အယောက်တစ်ရာကျော်ကို ဦးဆောင်ပြီး နေနတ်ဘုရား၏ ကျိကျွင်းစစ်တပ်ကြီးနှင့် ထိပ်တိုက်ရင်ဆိုင်နေသည်။

​သူက အစီအရင်ကြီးကြောင့် နန်းတော်အတွင်း ပိတ်မိနေသည်ကို သိသော်လည်း သူ၏မျက်နှာတွင် အနည်းငယ်မျှပင် ထိတ်လန့်သည့် အရိပ်အယောင်မရှိဘဲ အစမှအဆုံး တည်ငြိမ်နေသည်။

​“သူက တကယ့် လူကြမ်းပဲ”

​“သူ့ခေတ်သူ့အခါတုန်းက သူ့ရဲ့ အရှိန်အဝါက နောက်ပိုင်းပေါ်လာတဲ့ ယွီဟွားအင်မော်တယ်နိုင်ငံ ထက်တောင် မနိမ့်ဘူး”

​“ယွီဟွား မျိုးဆက် ဘိုးဘေးခြောက်ယောက် ပေါင်းရင်တောင် သူ့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး”

​“သက်ရှိဧကရာဇ်နန်းတော်ရဲ့ ကိုယ်ပိုင်စွမ်းအားတွေကို အသုံးချမယ်ဆိုရင် သူ့ရဲ့ခွန်အားက နေနတ်ဘုရားကိုတောင် အမီလိုက်နိုင်လောက်တယ်”

​လုံကျိုကျိုးက လေးနက်စွာ ပြောလိုက်သည်။

​သူသည် အစောပိုင်းက ရှိနေခဲ့သော ပေါ့ပေါ့ပါးပါး ပုံစံကို ဖျောက်ဖျက်လိုက်ပြီ ဖြစ်သည်။

​ကျွင်းချန်ချင်းနှင့် ပတ်သက်လျှင် နှစ်ဖက်ခွန်အားက ကွာခြားလွန်းလှသဖြင့် နေနတ်ဘုရားအပေါ်မှာပဲ မျှော်လင့်ချက်အားလုံး ပုံအောထားရသောကြောင့် ဖိအား သိပ်မရှိလှပေ။

​သို့သော် ထိုက်ချန်ကျိကျွင်းကမူ ထိုသို့မဟုတ်ပေ၊ သူတို့သည် ဤလူနှင့် ထိပ်တိုက် ရင်ဆိုင်ကြရမည်မှာ သေချာလှသည်။

​ဘေးနားရှိ ဟုန်းမန်ကျိကျွင်းမှာလည်း မျက်နှာပျက်နေသည်။

​“အဲဒီတုန်းကတည်းက ဒီကောင် ကျွင်းချန်ချင်းဘက် ပါသွားပြီလို့ ငါသံသယဝင်ခဲ့တာ၊ ဒါပေမဲ့ ဘယ်သူမှ ငါ့ကို မယုံခဲ့ကြဘူး”

​“ငါ သူ့အကြောင်းကို အရမ်းသိတာပေါ့”

​“သူ့ရင်ထဲက ရည်မှန်းချက်က ကျွင်းချန်ချင်းထက် မနည်းဘူး၊ သူတို့နှစ်ယောက် ပူးပေါင်းသွားတယ်ဆိုတာ လုံးဝ ဖြစ်နိုင်တဲ့ အရာပဲ”

​သူက ပြော၏ ။

​ထန်ထျန်းကတော့ တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သည်။ ထိုက်ချန်ကျိကျွင်းထံမှ ထွက်ပေါ်နေသော အော်ရာ များက လူကို အလေးအနက်ထား ဆက်ဆံရမည်ဖြစ်ကြောင်း သိသာစေသည်။

​“မိတ်ဆွေတို့... မတွေ့ရတာ ကြာပြီပဲ”

​လူအုပ်ကြီးဘက်သို့ မျက်နှာမူကာ ထိုက်ချန်ကျိကျွင်းက အေးအေးဆေးဆေး ပြောလိုက်သည်။ “ရင်းနှီးတဲ့ မျက်နှာတွေ အများကြီး ငါတွေ့နေရတယ်၊ အားလုံးက အနည်းဆုံး နှစ်ပေါင်းသန်းချီပြီးမှ ပြန်တွေ့ကြတာပဲ”

​“တကယ်တော့ မင်းတို့ အခုလို အကြီးအကျယ် ချီတက်လာဖို့ မလိုပါဘူး”

​“သက်ရှိဧကရာဇ်နန်းတော် ပြန်လည်ထူထောင်တာနဲ့ ငါတို့က မကြာခင်မှာပဲ လူသိရှင်ကြား ထုတ်ဖော်ပြသတော့မှာပါ”

​“အဲဒီအချိန်ကျရင်လည်း မင်းတို့လို ကမ္ဘာ့အထက်တန်းလွှာတွေကို ဖိတ်ကြားမှာ အသေအချာပဲ”

​“ဒါပေမဲ့ မင်းတို့ ရောက်လာကြပြီဆိုတော့လည်း နန်းတော်ရဲ့ ဧည့်သည်တွေပဲပေါ့၊ ငါနဲ့အတူ အောက်ကိုဆင်းပြီး အတိတ်ဟောင်းတွေအကြောင်း စကားစမြည်ပြောကြရင် ဘယ်လိုလဲ”

​ထိုက်ချန်ကျိကျွင်း၏ အသံမှာ အလွန်ပင် ကြင်နာ လှပြီး အတွင်းမှ ထွက်ပေါ်လာသည့် သဘောကောင်းသော စိတ်ထားမျိုး ရှိနေသည်။ စီနီယာတစ်ယောက်က ဂျူနီယာတွေကို စကားပြောနေသကဲ့သို့ပင်။

​အမှန်စင်စစ် သူသည်လည်း ဤနေရာရှိ လူအများစုအတွက် စီနီယာတစ်ယောက် ဖြစ်ပေသည်။

​သို့သော်လည်း လူတို့က သူ၏ ဖိတ်ခေါ်မှုကို လက်မခံကြပေ။

​“တိတ် စမ်း”

​ဒေါသတကြီး အော်ဟစ်သံတစ်ခုက အခြားတစ်ဖက်မှ ထွက်ပေါ်လာသည်။

​ထန်ထျန်း အနည်းငယ် မှင်တက်သွားသည်။ ပထမဆုံး စကားပြောလိုက်သူမှာ အမြဲတမ်း တိတ်ဆိတ်စွာ နေတတ်သည့် ချန်တာအိုကျိကျွင်း ဖြစ်နေသောကြောင့်ပင်။

​သူက အမြဲတမ်း အေးဆေးတည်ငြိမ်တတ်သော်လည်း ယခုတစ်ကြိမ်တွင်မူ ဒေါသတကြီး ပြောဆိုလိုက်သည်။

​“မင်းလို အမှိုက်ကောင်”

​“မင်းက တကယ်ကြီး ကောင်းကင်ကို သစ္စာဖောက်တဲ့သူတွေဘက် ပါသွားတာလား တစ်ကမ္ဘာလုံးကို ဖျက်ဆီးဖို့ ကြံစည်နေတာလား”

​“ငါတို့ ထျန်းမန် ဘိုးဘေးတွေကို ရင်ဆိုင်ဖို့ မင်းမှာ ဘယ်လို မျက်နှာမျိုး ရှိသေးတာလဲ”

​ချန်တာအိုကျိကျွင်းက အေးစက်စွာ ဟောက်လိုက်သည်။

​သို့သော် ထိုက်ချန်ကျိကျွင်းမှာ မျက်နှာမပျက်ဘဲ တည်ငြိမ်စွာပင် ပြန်ပြောလိုက်သည်။ “ဂျူနီယာညီလေး... မင်း နောက်ဆုံးတော့ ထျန်းမန် တပည့်တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်လိုက်ပြီပေါ့၊ ငါ တကယ် ဝမ်းသာမိတယ်”

​“ဒီကမ္ဘာကြီးကို မင်းမြင်တာက သိပ်ပြီးတော့ အမြင် ကျဉ်းလွန်းသေးတယ်၊ မင်းကျင့်တဲ့ ချန်တာအို (အကျိုးအပဲ့ လမ်းစဉ်) လိုမျိုးပေါ့”

​“ဓားသွားထက်မှာ လျှောက်လှမ်းတဲ့ မင်းရဲ့လမ်းစဉ်က မင်းကို ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံး လူတွေထဲက တစ်ယောက် ဖြစ်စေခဲ့ပေမဲ့ မင်းက ကမ္ဘာကြီးရဲ့ အမှန်တရားအားလုံးကို ဘယ်တော့မှ မြင်တွေ့နိုင်မှာ မဟုတ်ဘူး”

​“ငါ့ရဲ့ ရွေးချယ်မှုက မှန်ကန်တယ်၊ ထျန်းမန်ဘိုးဘေးတွေသာ တကယ်ပဲ ကောင်းကင်ဘုံမှာ ရှိနေမယ်ဆိုရင် သူတို့လည်း နားလည်ပေးမှာပဲ”

​“ဒါကြောင့်လည်း သူတို့က အရင်တုန်းက ငါ့ကို ရွေးချယ်ခဲ့ပြီး မင်းကို မရွေးချယ်ခဲ့တာပေါ့”

​သူတို့နှစ်ဦး၏ စကားများကြောင့် ထန်ထျန်းမှာ တစ်ဖန် အံ့သြသွားရပြန်သည်။

​ချန်တာအိုကျိကျွင်းနှင့် ထိုက်ချန်ကျိကျွင်းတို့က တကယ့်ကို ဆရာတူ ညီအစ်ကိုတွေ ဖြစ်နေတာလား။

​ဒါပေမဲ့ ကြည့်ရတာ ဒီဆရာတူ ညီအစ်ကိုနှစ်ယောက်ရဲ့ ဆက်ဆံရေးက သိပ်ပြီး အဆင်မပြေလှပုံရသည်။

​“ငါ အရင်က မှားခဲ့ဖူးတယ်၊ ဒါပေမဲ့ အဲဒါက မင်း အမြဲတမ်း မှန်နေမယ်လို့ မဆိုလိုဘူး”

​ချန်တာအိုကျိကျွင်းက စိတ်ကို ပြန်ထိန်းကာ ဖျောင်းဖျလိုက်သည်။ “လက်လျှော့လိုက်ပါတော့ စီနီယာအစ်ကိုကြီး၊ မင်း အခု ချောက်ကမ်းပါး အစွန်းကို ရောက်နေပြီ”

​“အခု ပြန်လှည့်လာရင် အချိန်မီသေးတယ်"

​"ထျန်းမန်မှာ မင်းတစ်ယောက်ပဲ မျိုးဆက်အစစ်အမှန် ကျန်တော့တာ”

​ထိုက်ချန်ကျိကျွင်းက အသာအယာ ခေါင်းခါပြသည်။ “မင်း ငါ့ကို စီနီယာအစ်ကိုကြီးလို့ ခေါ်လိုက်တာက ဒီနှစ်ပေါင်း သန်းချီအတွင်းမှာ ငါ့အတွက် အပျော်ဆုံး အရာတစ်ခုပဲ”

​“အကယ်၍ လွန်ခဲ့တဲ့ နှစ်ပေါင်းသန်းချီတုန်းကဆိုရင် မင်းစကားကို ငါနားထောင်ချင် နားထောင်မိမှာပဲ၊ ဒါပေမဲ့ အခုတော့ အချိန်နှောင်းသွားပြီ”

​“မင်းပြောသလို ငါက ချောက်ကမ်းပါး အစွန်းမှာ ရပ်နေတယ်ဆိုရင်... တကယ်တော့ ငါက ချောက်နက်ကြီးရဲ့ အောက်ခြေမှာ ရောက်နေခဲ့တာ ကြာပြီ”

​“ဒါပေမဲ့ အဲဒီ ချောက်နက်ကြီးရဲ့ အောက်ခြေမှာ ငါတစ်ခါမှ မမြင်ဖူးတဲ့ အမှန်တရားကို မြင်တွေ့ခဲ့ရတယ်”

​“ငါက မှန်တယ်၊ မင်းတို့အားလုံးကတော့...”

​သူက ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။ “နေရာ မှားရပ်နေကြတာပဲ”

​ခဏတာအတွင်း လူအုပ်ကြီးကြားတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။

​ထိုက်ချန်ကျိကျွင်း၏ မြင့်မားသော အဆင့်အတန်းနှင့် အစွမ်းထက်သော အော်ရာ မှာ အတိုင်းအတာတစ်ခုအထိ သက်ရောက်မှု ရှိနေဆဲပင်။

​သို့သော် ထိုစဉ်မှာပင် အသံတစ်ခု အေးအေးဆေးဆေး ထွက်ပေါ်လာသည်။

​“အော်...”

​“ဟုတ်လို့လား”

​ထိုစကားသံအဆုံးတွင် ရွှေရောင်မီးလျှံများ တောက်လောင်နေသော ပုံရိပ်တစ်ခု လူတိုင်း၏ ရှေ့တွင် ပေါ်လာသည်။

​၎င်းမှာ နေနတ်ဘုရားပင် ဖြစ်သည်။

​သူက ကျိကျွင်းများနှင့် ဝူရှန့်ကျိကျွင်း အားလုံးကို အရင်ပို့ထားပြီး သူကိုယ်တိုင်မှာမူ နောက်ဆုံးမှ ကျန်ခဲ့ကာ အခုမှ ပေါ်လာခြင်း ဖြစ်သည်။

​နေနတ်ဘုရား ပေါ်လာခြင်းက စောစောက ဖြစ်ပေါ်နေသော လှုပ်လှုပ်ရှားရှား အခြေအနေကို ချက်ချင်း ငြိမ်သက်သွားစေသည်။

​ယနေ့ခေတ် ကမ္ဘာကြီးတွင် နေနတ်ဘုရားက တစ်ဦးတည်းသော ကိုယ်စားပြုသူ ဖြစ်သည်။

​သူတို့က နေနတ်ဘုရား၏ လက်အောက်မှာ ရပ်နေကြခြင်း ဖြစ်ရာ မည်သို့လျှင် နေရာ မှားရပ်နေနိုင်မည်နည်း။

ဒါက လုံးဝ အဓိပ္ပာယ်မရှိသော စကားပင်။

​“ထိုက်ချန်... မတွေ့ရတာ ကြာပြီပဲ”

​နေနတ်ဘုရားက တည်ငြိမ်စွာ ပြောလိုက်သည်။

​သို့သော် သူ၏ အရှိန်အဝါကတော့ တည်ငြိမ် မနေပေ။

​အဆုံးမဲ့သော ဂုဏ်သရေရှိ အရှိန်အဝါများက ရှေ့မှ ထိုက်ချန်ကျိကျွင်းဆီသို့ ဖိနှိပ်သွားရာ တစ်ဖက်ရှိ ကျိကျွင်းများမှာ မျက်နှာများ ချက်ချင်း ပျက်သွားကြသည်။

​ယခုအချိန်ရှိ နေနတ်ဘုရားမှာ ယခင်ကထက် ပို၍ အစွမ်းထက်နေသလိုပင်။

​သို့သော်လည်း ထိုက်ချန်ကျိကျွင်းကတော့ အစမှအဆုံး တည်ငြိမ်နေဆဲဖြစ်ပြီး နေနတ်ဘုရားကို ရင်ဆိုင်နေသည်။

​“နေနတ်ဘုရားကို နှုတ်ဆက်ပါတယ်”

​“ဒီကမ္ဘာကြီးရဲ့ တစ်ဦးတည်းသော မူလနတ်ဘုရား”

​သူက အသာအယာ ဦးညွှတ်ကာ အချို့သော အရိုအသေပေးမှုကို ဖော်ပြလိုက်သည်။

​သို့သော် နေနတ်ဘုရားကတော့ ဤအရာကို စိတ်ဝင်စားပုံမရပေ။

​“မင်းက ဘာဖြစ်လို့ သစ္စာဖောက်တွေဘက် ခိုလှုံသွားတာလဲ”

​“ငါတို့ အရင်တုန်းက စကားပြောခဲ့ကြတာ အတော်လေး အဆင်ပြေခဲ့တယ်လို့ ငါမှတ်မိနေတယ်”

​နေနတ်ဘုရားက အေးစက်စွာ ပြောလိုက်သည်။

​ထိုက်ချန်ကျိကျွင်းက ပြော၏ ။ “တကယ်ပဲ အဆင်ပြေခဲ့ပါတယ်၊ ငါတို့မှာ တူညီတဲ့ ရည်မှန်းချက်တွေ ရှိခဲ့တာလေ”

​“ဒါပေမဲ့ မင်းနဲ့ စကားပြောပြီးတဲ့နောက်မှာ ငါ ကမ္ဘာ့အရှင်ဆီကို သွားခဲ့တယ်”

​“အဲဒီနောက်မှာတော့... ငါ့ရဲ့ အတွေး တွေ ပြောင်းလဲသွားခဲ့တာပဲ”

​နေနတ်ဘုရား မျက်မှောင်အသာကြုတ်လိုက်ပြီး မေးသည်။ “ဘာဖြစ်လို့လဲ”

​ထိုက်ချန်ကျိကျွင်း ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ဘာမှ ရှင်းမပြတော့ဘဲ စကားစလိုက်သည်။ “နေနတ်ဘုရား... မင်းက မြင့်မြတ်တဲ့ မူလဝိညာဉ် တစ်ပါးပဲ”

​“ငါတို့ကတော့ သက်ရှိတွေပေါ့”

​“မင်းက သက်ရှိတစ်ယောက်အပေါ်မှာ ယုံကြည်မှု လွန်ကဲနေပုံရတယ်”

​သူ ဆိုလိုသည်မှာ ကမ္ဘာ့အရှင်ကို ဖြစ်ကြောင်း သိသာလှသည်။

​သို့သော်လည်း နေနတ်ဘုရားမှာ ၎င်း၏ စကားကြောင့် တုန်လှုပ်သွားခြင်း မရှိဘဲ အေးစက်စွာပင် ကြည့်လိုက်သည်။ “ငါ ဘယ်သက်ရှိတစ်ယောက်ကိုမှ ဘယ်တုန်းကမှ မယုံကြည်ခဲ့ဘူး”

​ထိုက်ချန်ကျိကျွင်းက တစ်ခုခု ထပ်ပြောရန် ပြင်လိုက်သော်လည်း နေနတ်ဘုရားက စကားဆက်ရန် စိတ်ဝင်စားမှု မရှိတော့ပုံရသည်။

​“ကျွင်းချန်ချင်းကော”

​“ဒီလို အခြေအနေမျိုးမှာတောင် သူ ထွက်မလာဘူးလား”

​ထိုက်ချန်ကျိကျွင်းက ပြော၏ ။ “မဟာကောင်းကင်အရှင် မှာ လုပ်စရာ အရေးကြီးကိစ္စတွေ ရှိနေလို့ပါ၊ ကိုယ်တိုင် ထွက်မကြိုနိုင်တာ ခွင့်လွှတ်ပါ”

​“ဒါပေမဲ့ မဟာကောင်းကင်အရှင် က နန်းတော်ရဲ့ ကိစ္စအားလုံးကို ငါ့ဆီ လွှဲပေးထားပါတယ်၊ အကယ်၍ မင်းမှာ တစ်ခုခု တောင်းဆိုချင်တာ ရှိရင် ငါ့ကို တိုက်ရိုက် ပြောနိုင်ပါတယ်”

​နေနတ်ဘုရားက အေးစက်စွာ ပြုံးလိုက်ပြီး မေးသည်။ “မင်းမှာ အဲဒီ အရည်အချင်း ရှိတယ်လို့ မင်းထင်နေတာလား"

​ထိုက်ချန်ကျိကျွင်းက ပြန်ပြောရန် ပြင်လိုက်သော်လည်း နေနတ်ဘုရားက တိုက်ရိုက်ပင် ကျောခိုင်းလိုက်သည်။

​တိုက်ပွဲအတွက် အဆင်သင့် ဖြစ်နေကြသော လူအုပ်ကြီးကို ကြည့်ကာ သူက စကားစလိုက်သည်။ “ဒီကမ္ဘာကြီးက မူလဝိညာဉ်တွေနဲ့ ဆိုင်သလို သက်ရှိတွေနဲ့လည်း အတူတူ ဆိုင်တာပဲ”

​“မင်းတို့လည်း အဲဒီ ဆက်နွှယ်မှုကို နားလည်လို့ ဒီမှာ ရပ်နေကြတာလို့ ငါယုံကြည်တယ်”

​“ဒါပေမဲ့ ငါတို့ ခြေထောက် အောက်က ဒီခေတ်ဟောင်း နန်းတော်ကြီးကတော့ အရာအားလုံးကို ဖျက်ဆီးဖို့ ကြံစည်နေတယ်”

​သူက သက်ရှိဧကရာဇ်နန်းတော်ကို ကြည့်လိုက်ရာ မျက်လုံးနှစ်ဖက်တွင် ရွှေရောင်မီးလျှံများ ပြင်းထန်စွာ တောက်လောင်လာသည်။

​ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်သည်။

​အများကြီး ပြောမနေတော့ဘဲ စကားတစ်လုံးတည်းကိုသာ ပြောလိုက်တော့သည်။

​“သတ်”

All Chapters