← Chapters

အောင်ပွဲခံ ချီတက်ခြင်း

Vol. 74 Ch. 779

အောင်ပွဲခံ ချီတက်ခြင်း

Vol. 74 Ch. 779

​လူသားဧကရာဇ် နန်းတော်

​ဝူရှန့်ကျိကျွင်း ရှစ်ဦး၏ ထိန်းချုပ် မှုအောက်ရှိ ရှေးဟောင်းလက်နက် ရှစ်ခုမှ အစီအရင်စွမ်းအားများမှာ ရူးသွပ်စွာ ထွက်ပေါ်နေပြီး ချင်ထျန်းအစီအရင်၏ စွမ်းအားများကို တရစပ် အားပျော့သွားစေသည်။

​သို့သော်လည်း အစီအရင်အတွင်းရှိ နန်းတော်လူများ၏ မျက်နှာတွင်မူ စိုးရိမ်ထိတ်လန့်သည့် အရိပ်အယောင်များ မရှိတော့ပေ။

​အဘယ်ကြောင့်ဆိုသော် အစီအရင်မှာ အားပျော့သွားသည်မှာ မှန်သော်လည်း အားပျော့သွားသည့် အရှိန်မှာ မျက်မြင်ကိုယ်တွေ့ သိသိသာသာ နှေးကွေးသွားသောကြောင့် ဖြစ်သည်။

​၎င်းအပြင် သူတို့အားလုံး စုပေါင်းပြီး အစီအရင်အတွက် စွမ်းအားများ ဖြည့်တင်းပေးနေသဖြင့် နေနတ်ဘုရားနန်းတော်ဘက်မှ ချင်ထျန်းအစီအရင်ကို အလုံးစုံ ဖျက်ဆီးနိုင်ရန် အနည်းဆုံး နှစ်ရက်ခန့် အချိန်ယူရပေလိမ့်မည်။

​နှစ်ရက်ဆိုလျှင် သူတို့၏ မဟာကောင်းကင် အရှင်မှာ တရားဝင် ထွက်လာနိုင်ပြီ ဖြစ်သည်။

​ထိုအချိန်ရောက်လျှင် ကျိကျွင်း အယောက်တစ်ရာ ဖြစ်စေ၊ ဝူရှန့်ကျိကျွင်း ၁၉ ဦး ဖြစ်စေ၊ နေနတ်ဘုရား ဖြစ်စေ၊ မည်သူမျှ သူတို့အတွက် အရေးမပါတော့ပေ။

​မဟာကောင်းကင် အရှင်က လက်တစ်ဖက် ဝှေ့ယမ်းလိုက်ရုံဖြင့် ဤကျူးကျော်သူများအားလုံးမှာ မျက်တောင်တစ်ခတ်အတွင်း ပြာအဖြစ်သို့ ပြောင်းလဲသွားကြပေလိမ့်မည်။

​မဟာကောင်းကင် အရှင်ထံ ပထမဆုံး ဝင်ရောက်ခိုလှုံခဲ့သည့် ကျင်းရှန်ကျိကျွင်းသည်လည်း ယခုအချိန်တွင် ဤသို့ပင် တွေးတောနေသည်။

​တိုက်ဆိုင်စွာပင် သူ စောင့်ကြပ်နေသည့် နေရာ၏ တစ်ဖက်တွင် သူနှင့် ရန်ငြိုးကြီးမားသော ကျိကျွင်းတစ်ဦး ရှိနေသည်။

​“တာအိုကျန်း... မင်းတော့ သွားပြီ”

​ကျင်းရှန်ကျိကျွင်းက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။ “ဒီကမ္ဘာကြီးက မဟာကောင်းကင် အရှင်ရဲ့ ကမ္ဘာ ဖြစ်လာဖို့ သတ်မှတ်ပြီးသားပဲ”

​“ဒါက ကံကြမ္မာပဲ”

​“မင်းတို့က ကံကြမ္မာကို ဆန့်ကျင်နေကြတာဆိုတော့ သေဆုံးခြင်း နိဂုံးကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး”

​“မင်းရဲ့ နှစ်ပေါင်း သိန်းနဲ့ချီ ကြိုးပမ်းမှုတွေနဲ့ မင်းပိုင်ဆိုင်သမျှ အရာအားလုံးက လုံးဝ ဖျက်ဆီးခံရတော့မှာပဲ”

​တစ်ဖက်မှ တာအိုကျန်းကျိကျွင်း၏ မျက်နှာမှာ မှောင်မှောင်မည်းမည်း ဖြစ်နေသည်။

​“ကျင်းရှန်... မင်းက အကျင့်မကောင်းရုံပဲ ထင်နေတာ၊ အခုတော့ ဒီလောက်အထိ လူမဆန်တဲ့ ကိစ္စမျိုးကို လုပ်လိမ့်မယ်လို့ မထင်ထားဘူး”

​“အဲဒါက ကမ္ဘာဖျက်ကောင် တစ်ကမ္ဘာလုံးကို ဖျက်ဆီးမယ့် မိစ္ဆာကောင်ကြီးပဲ”

​“မင်းက မိစ္ဆာကောင်ဆီမှာ ဒူးထောက်ခယ နေပြီးတော့ မင်းအတွက် အဆုံးသတ် ကောင်း ရမယ်လို့ တကယ်ပဲ ထင်နေတာလား”

​သူက အေးစက်စွာ အော်ဟစ်လိုက်သည်။

​ကျင်းရှန်ကျိကျွင်းက ဟားဟားတိုက် ရယ်မောလိုက်သည်။

​" အဆုံးသတ် ဟုတ်လား ”

​“ဘာအဆုံးသတ်လဲ ”

​“ငါသိတာကတော့ မင်းတို့ အုပ်စု ကြီးက အရှိန်အဟုန်နဲ့ ရောက်လာကြပေမဲ့ မဟာကောင်းကင် အရှင်ရဲ့ လွန်ခဲ့တဲ့ နှစ်သန်းချီက အစီအရင်ကိုတောင် မဖောက်နိုင်ကြဘူး ဆိုတာပဲ”

​“မဟာကောင်းကင် အရှင်က လက်ရှိကမ္ဘာကို ဖျက်ဆီးမှာ မှန်ပေမဲ့ အသစ်စက်စက် ကမ္ဘာသစ်တစ်ခုကို တည်ဆောက်မှာ”

​“အဲဒီအချိန်ကျရင် ငါက ကမ္ဘာသစ်ရဲ့ စီမံ သူ၊ ကောင်းကင်ကို အုပ်စိုးသူ တစ်ယောက် ဖြစ်လာမှာ”

​“မင်းတို့လို တရားမျှတပါတယ်ဆိုတဲ့ ကောင်တွေကတော့ ကမ္ဘာသစ်ရဲ့ အဖိုးမတန်ဆုံး မြေမှုန့်တွေအဖြစ် ပြောင်းလဲသွားရမှာပဲ”

​တာအိုကျန်းကျိကျွင်းမှာ မျက်နှာပျက်သွားသော်လည်း ပြန်လည် ချေပရန် စကားလုံး မရှိပေ။

​အခု သူတို့မှာ နေနတ်ဘုရားကလွဲလို့ ကျန်တဲ့ နည်းလမ်းအားလုံးကို သုံးပြီးပြီဟု ဆိုနိုင်သည်။

​သို့သော် ကျင်းရှန်ကျိကျွင်း ပြောသလိုပင် ချင်ထျန်းအစီအရင်ကို လျင်မြန်စွာ မချိုးဖျက်နိုင်ကြပေ။

​အကယ်၍ ကျွင်းချန်ချင်းက ဝိညာဉ်အားလုံးကို ပေါင်းစည်းပြီးသွားလျှင် ဤကမ္ဘာပေါ်တွင် သူ၏ခြေသည်းများကို တားဆီးနိုင်မည့်သူ ရှိလိမ့်မည် မဟုတ်ပေ။

​သို့သော်လည်း သူ လုပ်သင့်သည်ကို လုပ်ရပေမည်။

​သူက ဤကမ္ဘာတွင် ကြီးပြင်းလာသူ ဖြစ်သဖြင့် ဤကမ္ဘာကို ကာကွယ်ရန်မှာ မည်သည့် အကြောင်းပြချက်မှ မလိုအပ်သော တာဝန်ပင် ဖြစ်သည်။

​တာအိုကျန်းကျိကျွင်းက သူ၏ တိုက်ခိုက်မှု စွမ်းအားများကို မြှင့်တင်လိုက်သည်ကို မြင်သောအခါ ကျင်းရှန်ကျိကျွင်းက ခေါင်းခါကာ လှောင်ရယ်လိုက်သည်။

​“အလကားပဲ၊ အချိန်ကုန်တာပဲ ရှိမယ်”

​“ဒီအစီအရင်ကို မင်းတို့ ဘယ်လိုမှ မချိုးဖျက်နိုင်ဘူး”

​တာအိုကျန်းကျိကျွင်းမှာ ဒေါသထွက်သွားပြီး တစ်ကိုယ်လုံးရှိ စွမ်းအားများကို စုစည်းကာ ရှေ့ရှိ အပြာရောင် အလင်းအကာအကွယ်ကို ထိုးနှက်လိုက်သည်။

​ဤကဲ့သို့သော တိုက်ခိုက်မှုကို သူ အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့သော်လည်း တစ်ခါမှ ထိရောက်မှု မရှိခဲ့ပေ။

​သို့သော်လည်း ဤတစ်ကြိမ်တွင်မူ သူက အလွန်သေးငယ်သော "ကွဲအက်သံ" ကို ရှင်းလင်းစွာ ကြားလိုက်ရသည်။

​တာအိုကျန်းကျိကျွင်း ကြောင်သွားပြီး သူ၏ လက်သီးကို ဖယ်လိုက်သည်။

​ထို့နောက် သူ တိုက်ခိုက်လိုက်သည့် နေရာရှိ အပြာရောင် အလင်းအကာအကွယ်ပေါ်တွင် သိသာထင်ရှားသော အက်ကြောင်းများ ပေါ်နေသည်ကို ထိတ်လန့်ဖွယ် တွေ့လိုက်ရသည်။

​၎င်းပြင် ထိုအက်ကြောင်းများက လျင်မြန်စွာ ကျယ်ပြန့်လာနေသည်။

​ကျင်းရှန်ကျိကျွင်းသည်လည်း ၎င်းကို သတိပြုမိသွားပြီး နေရာမှာတင် မှင်တက်သွားတော့သည်။

​“ဒါ... ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ”

​“မင်းမှာ ဒီလောက် ခွန်အားမျိုး ဘယ်လိုရှိနေတာလဲ”

​သို့သော် သူ အများကြီး စဉ်းစားရန် အချိန်မရှိတော့ပေ။

​အက်ကြောင်းများ ပေါ်လာပြီးနောက် အပြင်ဘက်သို့ လျင်မြန်စွာ ပြန့်နှံ့သွားပြီး နောက်ဆုံးတွင် အစီအရင် တစ်ခုလုံး၏ မျက်နှာပြင်သို့ ရောက်ရှိသွားသည်။

​“မကောင်းတော့ဘူး”

​“နေနတ်ဘုရား... မင်း ဘာလုပ်လိုက်တာလဲ”

​ထိုက်ချန်ကျိကျွင်း၏ ဒေါသတကြီး အော်ဟစ်သံမှာ ကောင်းကင်ယံတွင် ပေါက်ကွဲထွက်သွားသည်။

​နောက်တစ်ခဏတွင် ခိုင်မာလှပါသည်ဆိုသော ချင်ထျန်းအစီအရင်ကြီးမှာ "ဘန်း" ခနဲ အသံနှင့်အတူ တစ်စစီ ပေါက်ကွဲထွက်သွားတော့သည်။

​တာအိုကျန်းကျိကျွင်းနှင့် ကျင်းရှန်ကျိကျွင်းတို့မှာလည်း အကာအကွယ် မရှိတော့ဘဲ ထိပ်တိုက် တွေ့ဆုံသွားကြသည်။

​ထိတ်လန့်နေဆဲ ဖြစ်သော ကျင်းရှန်ကျိကျွင်းကို ကြည့်ကာ တာအိုကျန်းကျိကျွင်းက ဒေါသတကြီး အော်ဟစ်လျက် တိုက်ရိုက် ဝင်ရောက် တိုက်ခိုက်တော့သည်။

......

​တိုက်ပွဲမှာ ရုတ်တရက် တစ်ဖန် ပြန်လည် စတင်လာပြန်သည်။

ဧကရာဇ်​နန်းတော်လူများမှာ သူတို့ လုံခြုံသွားပြီဟု ထင်မှတ်ထားခဲ့ကြပြီး နေနတ်ဘုရားနန်းတော်မှ လူများကလည်း ချင်ထျန်းအစီအရင်ကို ခဏချင်း မချိုးဖျက်နိုင်ဟု ထင်ခဲ့ကြသည်။

​သို့သော် အစီအရင်ကြီးမှာ မည်သည့် အရိပ်အယောင်မှ မပြဘဲ ရုတ်တရက် ပျက်စီး သွားခဲ့သည်။

​ထိုက်ချန်ကျိကျွင်းပင်လျှင် အမှန်တကယ် ဘာဖြစ်သွားသည်ကို မသိရှိပေ။

​နေနတ်ဘုရား တစ်ဦးတည်းသာ အရာအားလုံးက သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည့်အလား တည်ငြိမ်နေဆဲ ဖြစ်သည်။

​“သတ်”

​သူ၏ အမိန့်မှာ တစ်ဖန် ကျလာပြန်သည်။

​ချက်ချင်းပင် နေနတ်ဘုရားနန်းတော်မှ လူများမှာ စိတ်ဓာတ်များ အပြည့်နှင့် ဟိန်းဟောက်လျက် ဧကရာဇ် နန်းတော်မှ ကျိကျွင်းများထံသို့ ပြေးဝင်သွားကြသည်။

ဧကရာဇ်​နန်းတော်ဘက်မှ လူအများစုမှာ ကြောင်တောင်တောင် ဖြစ်နေဆဲ ဖြစ်သဖြင့် ပြင်ဆင်ချိန်မရဘဲ တိုက်ခိုက်ခံလိုက်ရသည်။

​မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျိကျွင်း အယောက် ၂၀ ခန့်မှာ ဖုံးလွှမ်းလာသော တာအိုကျင့်စဉ်များအောက်တွင် အရိုးတစ်စပင် မကျန်ဘဲ ပျောက်ကွယ်သွားရသည်။

​ကျန်ရှိသူများလည်း အခြေအနေ မကောင်းပေ။ လျင်မြန်စွာ တုံ့ပြန်နိုင်သူများနှင့် ခွန်အား အလွန်သန်မာ သူများကလွဲ၍ ကျန်လူများမှာ နန်းတော်၏ ရူးသွပ်သော တိုက်ခိုက်မှုအောက်တွင် ဆုတ်ခွာနေကြရသည်။

​ဤပြိုလဲမှုမှာ အရင်တစ်ကြိမ်ထက်ပင် ပို၍ ပြင်းထန်လှသည်။

​ထိုက်ချန်ကျိကျွင်းက သွားကို တင်းတင်းကြိတ်ကာ သူ၏ အစွမ်းထက်ဆုံး စွမ်းအားကို ထုတ်ဖော်လျက် ပြိုလဲနေသော အခြေအနေကို ပြန်လည် ထိန်းသိမ်းရန် ကြိုးစားသည်။

​သို့သော် သူ တိုက်ပွဲအတွင်း မဝင်ရောက်နိုင်မီမှာပင် ကမ္ဘာ့ဝိညာဉ် အကြွင်းအကျန် အချို့က သူ့ကို တိုက်ရိုက် လာရောက် ပိတ်ဆို့ကြသည်။

​ခဏချင်းမှာပင် သူရှိရာ နေရာ၌ ပြင်းထန်သော တိုက်ပွဲများ ပေါက်ကွဲလာပြီး အနီးနားရှိ ဧကရာဇ် နန်းတော်မှ ကံဆိုးသူ အချို့မှာပင် တိုက်ပွဲဒဏ်ကြောင့် သွေးအန်ကာ လွင့်ထွက်သွားကြရသည်။

​အခြားသော ဝူရှန့်ကျိကျွင်းများမှာလည်း နန်းတော်ဘက်မှ ဝူရှန့်ကျိကျွင်းများ၏ ဖိနှိပ်မှုကို ခံထားရပြီး မျက်နှာစာ အားလုံးတွင် အန္တရာယ်များနှင့် ရင်ဆိုင်နေကြရသည်။

​လူသားဧကရာဇ် နန်းတော်မှာ မကြာမီမှာပင် အလုံးစုံ ဖရိုဖရဲ ဖြစ်သွားတော့သည်။

​ထိုအချိန်တွင် ထန်ထျန်း၏ ပုံရိပ်မှာ သူ၏ နဂိုနေရာ၌ တစ်ဖန် ပေါ်လာပြန်သည်။

​သူနှင့်အတူ ပြန်လာသူမှာ အစီအရင်ကို ဖျက်ဆီးရာတွင် အကြီးမားဆုံး အားထုတ်ခဲ့သည့် ယိရှန်းပင် ဖြစ်သည်။

​ယိရှန်းကို မြင်လိုက်ရသည့်အခါ ဘေးရှိ လုံကျိုကျိုးမှာ မျက်ခုံးပင့်လိုက်ပြီး ကိစ္စများစွာကို ချက်ချင်း ဆက်စပ်မိသွားသည်။

​“ဒီအစီအရင်ကို မင်းတို့ ချိုးဖျက်လိုက်တာလား”

​သူက မေးလိုက်သည်။

​ထန်ထျန်းက ပြုံးလျက် ဘေးရှိ ယိရှန်းကို ညွှန်ပြကာ ပြောသည်။ “သူက အဓိက ပဲ”

​ယိရှန်းက အမြန် ဦးညွှတ်ကာ “အမှတ်မယူရဲပါဘူး”

​“ဒါတွေအားလုံးက အရှင်တို့ရဲ့ ကျေးဇူးတွေပါ၊ ကျွန်တော်ကတော့ ကျွန်တော် တတ်နိုင်တဲ့ ကိစ္စလေးကိုပဲ လုပ်ခဲ့တာပါ”

​လုံကျိုကျိုးက ယိရှန်းကို ကြည့်ကာ အဓိပ္ပာယ်ပါပါ ပြုံးလျက် “ငါ မင်းကို သိတယ်၊ ယိရှန်း”

​“ရှို့ကျွင်းက ငါ့ရှေ့မှာ မင်းအကြောင်း ခဏခဏ ပြောဖူးတယ်”

​“မင်းက သူမကို ဟင်းလင်းပြင် မိုးကြိုးပင်လယ် ဆီ လာဖို့တောင် ဖိတ်ခေါ်ခဲ့သေးတယ် မဟုတ်လား”

​ရှို့ကျွင်းကျိကျွင်း၏ အမည်ကို ကြားလိုက်ရသည့်အခါ ယိရှန်း၏ ကိုယ်မှာ ပို၍ ကိုင်းညွှတ်သွားသည်။

​“အရှင်... ခွင့်လွှတ်ပေးပါ”

​“အဲဒါတွေက အခြေအနေအရ မဖြစ်မနေ လုပ်ခဲ့ရတာပါ”

​လုံကျိုကျိုးက ပြုံး လိုက်သည်။ “စိတ်မပူပါနဲ့၊ ဒီလို ကိစ္စမျိုးအတွက် ငါ မင်းကို ရန်ငြိုးမထားပါဘူး”

​“ရှို့ကျွင်းလည်း အခု ဘေးကင်းပါတယ်”

​“သူမ ကိုယ်စားရော၊ ငါ့ကိုယ်စားရော မင်း ပြန်လာတာကို ကြိုဆိုပါတယ်”

​လုံကျိုကျိုး ဤသို့ ပြောလိုက်သည်ကို ကြားမှ ယိရှန်း စိတ်သက်သာရာ ရသွားတော့သည်။

​သူက အစီအရင်ကို ဖျက်ဆီးခဲ့သည့် လူ ဆိုသော်လည်း အရင်က လုပ်ခဲ့သည့် မကောင်းမှုများမှာလည်း အမှန်ပင် ဖြစ်သည်။

​မျှော်လင့်ရသည်မှာ ဤတာဝန်ကြီးက သူ့အတွက် အရာအားလုံးကို ကာကွယ်ပေးနိုင်လိမ့်မည်ဟူ၍...

​စကားပြောနေစဉ်အတွင်း နေနတ်ဘုရားနန်းတော်မှ လူများမှာ သွေးဆူလျက် အောင်ပွဲခံ ချီတက်နေကြပြီ ဖြစ်သည်။

​လူသားဧကရာဇ် နန်းတော်မှ လူများမှာ ထက်ဝက်ကျော် သေဆုံးကုန်ကြပြီး ကျန်ရှိသည့် နယ်မြေများမှာလည်း အလုံးစုံ ပျက်စီးသွားပြီ ဖြစ်သည်။

​နောက်ဆုံးတွင် ပျက်စီးနေသော ပင်မနန်းတော် တစ်ခုသာ ကျန်ရှိတော့သည်။

All Chapters