အခန်း (၂၂၃-၂၂၄)
Vol. 23 Ch. 223-224
အပိုင်း ၂၂၃
နောက်ကွယ်က ကြိုးကိုင်သူ ရှူးဂဲလ်အတွက် စီစဉ်ပြီးသည်နှင့် လင်းဖန် သည် တုံ့ဆိုင်းမနေဘဲ လုံထန်လုံခြုံရေးကုမ္ပဏီကို အမိန့်တစ်ခု ပေးလိုက်သည်။
အရှေ့တောင်အာရှ စစ်ဆင်ရေးကတည်းက လုံထန်လုံခြုံရေးအဖွဲ့သည် ကမ္ဘာပေါ်တွင် နာမည်ကျော်ကြားနေပြီး အင်အား ၅၀၀ ရှိသော ကြေးစားတပ်ဖွဲ့ကိုပင် ပိုင်ဆိုင်ထားသည်။ 'Caesar' အဖွဲ့ကို ကိုင်တွယ်ရန် ၎င်းတို့ထက် သင့်တော်သူ မရှိပေ။
တစ်ရက်ပင် မပြည့်မီမှာပင် 'Caesar' ကြေးစားအဖွဲ့သည် အတိုက်ခိုက်ခံရပြီး အဖွဲ့ဝင်အားလုံး ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်ရှိ ကျွန်းတစ်ကျွန်းပေါ်တွင် မြှုပ်နှံခြင်း ခံလိုက်ရသည်။ ဤသတင်းသည် ကမ္ဘာ့ကြေးစားလောကကို ဟိုးလေးတကျော် ဖြစ်သွားစေခဲ့သည်။
သမုဒ္ဒရာ တစ်ဖက်ကမ်း၊ အမေရိကန် ကာရိုးပြည်နယ် (Carol State) ရှိ ဇိမ်ခံစံအိမ်ကြီးတစ်ခုအတွင်း
“ဖတ်ခ်!”
Academi ၏ ဥက္ကဋ္ဌ ပရင့်စ်သည် ဒေါသတကြီးဖြင့် မျက်နှာပျက်နေသည်။ ယနေ့ သူလက်ခံရရှိသော အီးမေးလ်တွင် ရှူးဂဲလ်၏ မကောင်းမှုသတင်းများ အပြည့်ပါဝင်နေပြီး ၎င်းတို့ထဲမှ အများစုမှာ သူနှင့်လည်း ပတ်သက်နေသည်။ အထူးသဖြင့် ၎င်းတို့ကို စာလုံးအနီများဖြင့် မှတ်သားထားခြင်းက တစ်စုံတစ်ယောက်သည် ရှူးဂဲလ်ကို သေစေချင်နေကြောင်း အထင်အရှား သက်သေပြနေသည်။
ပရင့်စ် ဒေါသထွက်သော်လည်း ရွေးချယ်စရာ မရှိပေ။ ဤအချက်အလက်များသည် ကွန်ဂရက်လွှတ်တော်အမတ်များနှင့် လုပ်ငန်းစုကြီးများ၏ အမွေဆက်ခံသူများအထိ ပတ်သက်နေသည်။ အကယ်၍သာ လူသိရှင်ကြား ပေါက်ကြားသွားပါက သူသာမက သူ၏မိသားစုပါ လွတ်လမ်းရှိမည်မဟုတ်ပေ။
“ဟေး… ရှူးဂဲလ်၊ သူငယ်ချင်းဟောင်းကြီး၊ ငါတို့ တွေ့ပြီး စကားပြောဖို့ လိုမယ်ထင်တယ်”
ပရင့်စ်သည် စိတ်ကိုအတတ်နိုင်ဆုံး ထိန်းချုပ်ကာ ရှူးဂဲလ်ထံ ဖုန်းဆက်လိုက်သည်။
“ပရင့်စ်… အိုင်ဗန်လည်း ငါ့ဆီ အခုလေးတင် ဖုန်းဆက်တယ်”
ဖုန်းဖြေလိုက်သည်နှင့် တစ်ဖက်မှ စိတ်ဓာတ်ကျနေသော အသံတစ်ခု ထွက်ပေါ်လာသည်။ ရှူးဂဲလ်သည် ကွန်ပျူတာရှေ့တွင် မလှုပ်မယှက် ထိုင်ရင်း မျက်နှာတစ်ခုလုံး ပြာနှမ်းနေသည်။
တစ်ရက်အတွင်းမှာပင် သူနှင့် ပူးပေါင်းဆောင်ရွက်ဖူးသူ အဆင့်မြင့်ပုဂ္ဂိုလ် ၂၀ ထက်မနည်းက သူ့ထံ ဖုန်းဆက်ခဲ့ကြသည်။ ယခုအချိန်တွင် ရှူးဂဲလ်သည် ဤအရာများ မည်သူ့ထံမှ လာသနည်းဆိုသည်ကို စုံစမ်းရန် စိတ်မဝင်စားတော့ဘဲ နောက်ထပ် ဘာဆက်လုပ်ရမည်ကိုသာ တွေးနေရတော့သည်။
“မင်း ဘာလုပ်ဖို့ စဉ်းစားထားလဲ”
ပရင့်စ်၏ မျက်နှာမှာ ပို၍ပင် အကျည်းတန်သွားသည်။ အခြေအနေက သူထင်ထားသည်ထက် ပိုမြန်နေသည်။
“ဖက်ဒရယ် အေးဂျင့်တွေ ငါ့ဆီ လာနေကြပြီ”
ရှူးဂဲလ်၏ အသံမှာ အားအင်ကုန်ခမ်းနေပြီး တစ်နေ့တည်းနှင့် ဆယ်နှစ်ခန့် အိုမင်းသွားပုံရသည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပရင့်စ်က ပြောလိုက်သည်။
“ရှူးဂဲလ်… မင်းရဲ့ မိသားစုအတွက် မင်း ဘာလုပ်ရမလဲဆိုတာ မင်းနားလည်မယ်လို့ ငါယုံကြည်ပါတယ်”
“ပရင့်စ်… သူငယ်ချင်း။ အခုကစပြီး ငါ့မိသားစုကို မင်းလက်ထဲ အပ်ခဲ့ပါရစေတော့…… ဒိုင်း”
ဖုန်းထဲမှ အသံများ ရုတ်တရက် ပျောက်ကွယ်သွားသည်။ ပရင့်စ်သည် ကုလားထိုင်ပေါ်တွင် ကြောင်အမ်းအမ်း ထိုင်နေမိပြီး သူ၏မျက်လုံးထဲတွင် ဖော်ပြမရသော ဝမ်းနည်းမှုများ ရှိနေသည်။ ထိုနေ့မှာပင် ကမ္ဘာ့ထိပ်တန်း ကြေးစားအဖွဲ့ Caesar ဖျက်ဆီးခံရပြီး Grumman ကုမ္ပဏီ CEO ဟောင်း ရှူးဂဲလ်သည်လည်း မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့သည်။
ညနေ ၄ နာရီခွဲခန့်တွင် လင်းဖန် သည် ရေကူးကန်ဘေး၌ တိမ်များ ရွေ့လျားနေသည်ကို ကြည့်ရင်း အေးအေးလူလူ ထိုင်နေသည်။ ထိုစဉ် ဖုန်းမျက်နှာပြင်ပေါ်တွင် ချစ်စရာ ပန်ဒါလေးတစ်ကောင် ပေါ်လာသည်။
“ဘာထူးလဲ”
လင်းဖန် က အေးအေးဆေးဆေး မေးလိုက်သည်။
“သူဌေး… အမေရိကန်က သတင်းအရ ရှူးဂဲလ်ဟာ အိမ်မှာတင် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားပါပြီ။ ပြီးတော့ ကျွန်တော်တို့လူတွေက Caesar ကြေးစားအဖွဲ့ကိုလည်း အမြစ်ပြတ် ရှင်းလင်းလိုက်ပါပြီ”
“အို သူတို့ရဲ့ လှုပ်ရှားမှုက မနှေးလှဘူးပဲ”
သတင်းနှစ်ခုလုံးကို ကြားလိုက်ရသောအခါ လင်းဖန် အနည်းငယ် အံ့သြသွားသည်။ Caesar အဖွဲ့ ပျက်သုဉ်းမည်မှာ သေချာသော်လည်း ရှူးဂဲလ် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခြင်းက အနည်းငယ် ထင်မှတ်မထားသော ကိစ္စဖြစ်သည်။
သို့သော် ဤကိစ္စကို ဤနေရာတွင်ပင် သူ အဆုံးသတ်လိုက်သည်။
တရုတ်နိုင်ငံသည် လုံးဝ လုံခြုံသည်ဟု မဆိုနိုင်ပေ။ အရင်းအနှီးမှ ရရှိသော အာဏာသည် မှောင်မိုက်သော အင်အားစုများထက်ပင် ပိုမို ကြောက်မက်ဖွယ်ကောင်းသည်။ ဤပြဿနာကို လုံးဝ မဟန့်တားနိုင်ပါက လုံထန်နှင့် လင်းဖန် အတွက် အဆုံးမရှိသော ဒုက္ခများ ရောက်လာနိုင်ပေသည်။
【 ဒင်! ပင်မမစ်ရှင် စတင်ပါပြီ 】
【 စနစ်ရှင်: လင်းဖန် 】
【 ပင်မမစ်ရှင် - ကမ္ဘာကြီးကို တုန်လှုပ်စေခြင်း။ လူဦးရေ သန်းတစ်ထောင်ကျော်အပေါ် သြဇာလွှမ်းမိုးခြင်း။ ဆုလာဘ်- အခြေခံ စက်ရုပ်အသုံးချ နည်းပညာ 】
“ဟမ်”
ရုတ်တရက် ပေါ်လာသော စနစ်၏ အသိပေးချက်ကြောင့် လင်းဖန် မှင်တက်သွားသည်။
“အခြေခံ စက်ရုပ်အသုံးချ နည်းပညာလား”
လက်ရှိ သိပ္ပံနည်းကျ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ စက်ရုပ်ဆိုသည်မှာ လူသား၏ အပြုအမူ သို့မဟုတ် အတွေးအခေါ်များကို တုပနိုင်သော အလိုအလျောက် ထိန်းချုပ်စက်များ ဖြစ်သည်။ လက်ရှိ ကမ္ဘာ့နည်းပညာ အဆင့်အတန်းသည် ဉာဏ်ရည်တုကိုပင် အပြည့်အဝ မလုပ်ဆောင်နိုင်သေးရာ ဆန်းပြားသော စက်ရုပ်များကို ထုတ်လုပ်ရန်မှာ ပို၍ပင် ဝေးကွာနေသေးသည်။
“ပင်မမစ်ရှင် - ကမ္ဘာကြီးကို တုန်လှုပ်စေပြီး လူဦးရေ သန်းတစ်ထောင်ကျော်အပေါ် သြဇာလွှမ်းမိုးရမယ်”
လင်းဖန် မျက်မှောင်ကြုတ်ကာ တွေးလိုက်သည်။
“စနစ်… ငါ့ရဲ့ လက်ရှိ သြဇာလွှမ်းမိုးမှုက မလုံလောက်သေးဘူးလား..တစ်ကမ္ဘာလုံးမှာ လုံထန်ရဲ့ထုတ်ကုန်ကိုသုံးစွဲသူ သန်း ၁၅၀၀ ကျော် ရှိနေတာပဲကို”
【 ဤသြဇာလွှမ်းမိုးမှုသည် စနစ်ရှင်၏ တိုက်ရိုက် သြဇာလွှမ်းမိုးမှုကို ဆိုလိုခြင်းဖြစ်ပြီး သွယ်ဝိုက်သော သြဇာလွှမ်းမိုးမှု မဟုတ်ပါ။ တစ်ဦးချင်းစီအနေဖြင့် စနစ်ရှင်ကို တိုက်ရိုက် သိရှိနေရပါမည်။ 】
အော်… အဲ့ဒါကို ပြောတာကိုး..။
လင်းဖန် နားလည်သွားသည်။ မစ်ရှင် အောင်မြင်ရန်အတွက် သူသည် ကမ္ဘာတစ်ဝန်းရှိ လူသန်းတစ်ထောင်ကျော် သူ့ကို သိအောင် လုပ်ရမည်ဖြစ်သည်။
ရိုးရှင်းသည်ဟု ဆိုနိုင်သလို ရှုပ်ထွေးသည်ဟုလည်း ဆိုနိုင်သည်။ ရိုးရှင်းသော နည်းလမ်းမှာ လင်းဖန် က သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ပြီး သူသည် လုံထန်ဂရု၏ ဥက္ကဋ္ဌ ဖြစ်ကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောကြားလိုက်ရုံသာ ဖြစ်သည်။ တရုတ်နိုင်ငံတွင်းမှာတင် လူဦးရေ သန်းတစ်ထောင်ကျော် ရှိနေသဖြင့် မစ်ရှင်မှာ ချက်ချင်းပင် အောင်မြင်နိုင်ပေသည်။
သို့သော် ရှုပ်ထွေးမှုမှာ သူ၏ မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်ဖော်လိုက်သည်နှင့် နောက်ဆက်တွဲ ပြဿနာများစွာ ရောက်လာနိုင်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ဤမစ်ရှင်ကို မည်သို့ အကောင်အထည်ဖော်ရမည်ကို လင်းဖန် သေချာစွာ စဉ်းစားရန် လိုအပ်နေပြီဖြစ်သည်။
...................................................
အပိုင်း ၂၂၄
《ထူးခြားသတင်း- APPLE ဒါရိုက်တာ မိမိကိုယ်ကိုယ် အဆုံးစီရင်》
《ရှင်သန်ဖို့ မျှော်လင့်ချက်မဲ့တာလား ဒါမှမဟုတ် သေရမှာကို ကြောက်နေတာလား》
《ကမ္ဘာ့တတိယအကြီးဆုံး လက်နက်ရောင်းဝယ်ရေးကုမ္ပဏီ CEO ဟောင်းရဲ့ နောက်ကွယ်က အရှုပ်တော်ပုံတွေက ဘာတွေလဲ》.........
ရှူးဂဲလ်၏ သေဆုံးမှုသည် နိုင်ငံတကာတွင် အငြင်းပွားမှုများစွာ ဖြစ်ပေါ်စေခဲ့ပြီး မီဒီယာများ၏ ရေးသားဖော်ပြမှုများမှာလည်း ရပ်တန့်မသွားခဲ့ပေ။ ကမ္ဘာ့ထိပ်တန်း လက်နက်ကုမ္ပဏီ Grumman ၏ CEO ဟောင်းနှင့် APPLE ဒါရိုက်တာအဖွဲ့ဝင်တစ်ဦးဖြစ်သည့်အတွက် သူ၏သြဇာမှာ ပြောစရာမလိုအောင် ကြီးမားလှသည်။
သတင်းထွက်လာသည်နှင့်တစ်ပြိုင်နက် Grumman နှင့် APPLE တို့၏ စတော့ရှယ်ယာများမှာ ထိုးဆင်းသွားခဲ့သည်။ ထို့နောက်တွင် ပိုမိုတုန်လှုပ်ဖွယ်ကောင်းသော အထောက်အထားများ လူမှုကွန်ရက်များပေါ်သို့ ပျံ့နှံ့လာရာ တစ်ကမ္ဘာလုံးကို ဟိုးလေးတကျော် ဖြစ်သွားစေခဲ့သည်။
ရှူးဂဲလ် သေဆုံးခြင်းသည် အဆုံးသတ်မဟုတ်ဘဲ အစပျိုးခြင်းသာဖြစ်ကြောင်း လူတိုင်း နားလည်လိုက်ကြသည်။
FBI သည် ကွန်ဂရက်လွှတ်တော်အမတ်များနှင့် နာမည်ကြီး နိုင်ငံရေးသမား အများအပြားကို ဆက်တိုက် ဖမ်းဆီးခဲ့ပြီး အမေရိကန်တစ်နိုင်ငံလုံး ကမောက်ကမ ဖြစ်သွားခဲ့သည်။ အင်တာနက်ပေါ်တွင်လည်း ဒေါသတကြီး ဝေဖန်သံများ ညံသွားခဲ့သည်။
“ဒါက လူ့ကျင့်ဝတ်တွေ ပျက်သုဉ်းတာလား အပေါ်ယံမှာ ကြည့်ကောင်းပြီး အတွင်းထဲမှာ ဒီလောက်အောက်တန်းကျတဲ့ လူယုတ်မာတွေ ရှိနေပါလား။”
“အမှောင်ထုကတော့ အမြဲရှိနေမှာပဲ၊ ကံကြမ္မာကတော့ မတရားပါဘူး”
“ရှူးဂဲလ် သေတာ မနှမြောပါဘူး”
သို့သော် ဤအရာများသည် လင်းဖန် နှင့် ဘာမှမသက်ဆိုင်ပေ။ သူသည် လက်ရှိတွင် ကိုယ်ပိုင်ဓာတ်ခွဲခန်းထဲ၌ အရေးကြီးသော နည်းပညာတစ်ခုကို ဖော်ထုတ်နေသည်။
“ဟူး”
လင်းဖန် သည် သူ၏ရှေ့မှ တိကျလှသော ပရိုဂရမ်များကို ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။ ဟိုလိုဂရပ်ဖစ် (Holographic Projection) နည်းပညာအတွက် ထိန်းချုပ်မှုပရိုဂရမ်ကို ရေးဆွဲရန် သူ ရက်သတ္တပတ် နှစ်ပတ်ခွဲခန့် အချိန်ပေးခဲ့ရသည်။ နောက်တစ်ဆင့်မှာ ဟတ်ဒ်ဝဲလ် ထုတ်လုပ်ခြင်းနှင့် တပ်ဆင်ခြင်းပင် ဖြစ်သည်။
ယခုနှစ် ကမ္ဘာလုံးဆိုင်ရာ အီလက်ထရွန်နစ်ပြပွဲ (Global Electronics Exhibition) ကို ရှန်ကျန်းမြို့တွင် ကျင်းပတော့မည်ဖြစ်ရာ တစ်လပင် မလိုတော့ပေ။ အကယ်၍ ဟိုလိုဂရပ်ဖစ် ပရိုဂျက်တာများကို ထုတ်လုပ်နိုင်ပါက နယ်ပယ်သစ်တွင် လုံထန်ဂရု၏ ပထမဆုံး အောင်မြင်မှု ဖြစ်လာလိမ့်မည်။
လင်းဖန် သည် ရှုံ့တာ၏ အကူအညီဖြင့် စက်ရုပ်လက်တံကို အသုံးပြုကာ ပစ္စည်းများကို စတင်တပ်ဆင်တော့သည်။ ကနဦး ဟိုလိုဂရပ်ဖစ် ပရိုဂျက်တာသည် ကွန်ပျူတာတစ်လုံးခန့် အရွယ်အစားရှိပြီး အနည်းငယ် ကြမ်းတမ်းနေသေးသည်။ လေးနာရီကြာ အလုပ်လုပ်ပြီးနောက် ကမ္ဘာ့ပထမဆုံး ဟိုလိုဂရပ်ဖစ် ပရိုဂျက်တာ၏ ပင်မစက်ကို သူ အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့သည်။
“ရှုံ့တာ… ဒေတာချိတ်ဆက်ဖို့ ပြင်တော့”
လင်းဖန် သည် ကွန်ပျူတာနှင့် ပရိုဂျက်တာကို ချိတ်ဆက်ကာ ပါဝါဖွင့်လိုက်သည်။
သူ၏လက်ချောင်းများသည် ကီးဘုတ်ပေါ်တွင် လိပ်ပြာတစ်ကောင်ကဲ့သို့ လျင်မြန်စွာ ပြေးလွှားနေသည်။ ခဏအကြာတွင် ပရိုဂရမ်များ အောင်မြင်စွာ ထည့်သွင်းပြီးသွားခဲ့သည်။
“ဒေတာတွေ တင်နေပါတယ်၊ ခေတ္တစောင့်ပါ...”
ဆယ်မိနစ်ခန့်အကြာတွင် ပရိုဂျက်တာပေါ်ရှိ အလင်းကွင်းမှာ လင်းထိန်လာသည်။
“သူဌေး… ကျွန်တော့်ကို ကြည့်လိုက်ပါဦး”
ရှုံ့တာ၏ အသံနှင့်အတူ အလွန်တရာမှ စစ်မှန်လှသော ပန်ဒါလေးတစ်ကောင်၏ ပုံရိပ်သည် လေဟာနယ်ထဲတွင် ရုတ်တရက် ပေါ်လာသည်။
“YES”
လင်းဖန် စိတ်လှုပ်ရှားစွာဖြင့် လက်သီးကို ဝှေ့ယမ်းလိုက်သည်။
“နောက်ဆုံးတော့ အောင်မြင်သွားပြီ တစ်ကမ္ဘာလုံးက သုတေသနအဖွဲ့တွေ ကုမ္ပဏီတွေ နှစ်ပေါင်းများစွာ ရင်းနှီးမြှုပ်နှံပြီး ရှာမတွေ့ခဲ့တဲ့အရာကို ငါ တစ်လတည်းနဲ့ လုပ်နိုင်ခဲ့ပြီ”
ရှေ့တွင်မြင်နေရသော ပန်ဒါလေးမှာ အလွန်ပင် လက်ရာမြောက်လှပြီး ပုံရိပ်မှာလည်း အထူးကြည်လင်လှသည်။ ဤနည်းပညာ၏ အဓိကသော့ချက်မှာ ပုံရိပ်ကို တည်ငြိမ်စွာ စုစည်းပေးနိုင်ခြင်းဖြစ်ပြီး ၎င်းကို တရုတ်စာလုံး ပရိုဂရမ်ရေးဆွဲခြင်းနည်းလမ်းဖြင့်သာ ထိန်းချုပ်နိုင်သည်။ ထို့ကြောင့် အခြားသူများ သိသွားလျှင်ပင် လွယ်လွယ်ကူကူ လိုက်တုနိုင်မည် မဟုတ်ပေ။
လင်းဖန် သည် ပရိုဂျက်တာကို လုံခြုံရေးသေတ္တာထဲသို့ ထည့်လိုက်သည်။ သူ၏ ကိုယ်ပိုင်ကွန်ပျူတာနှင့် ဆာဗာတွင် ရှိနေသော ပင်မကုဒ်များကိုလည်း ရှုံ့တာက အမြင့်ဆုံးအဆင့်ဖြင့် ကာကွယ်ထားသည်။ အခုတော့ ပြပွဲကို စောင့်ရုံသာ ကျန်တော့သည်။
ဟိုလိုဂရပ်ဖစ် နည်းပညာ၏ အသုံးချနိုင်စွမ်းမှာ အလွန်ကျယ်ပြန့်လှသည်။ စကရင်များ အသုံးပြုသည့် မည်သည့်ထုတ်ကုန်တွင်မဆို ဤနည်းပညာကို အစားထိုးနိုင်ပေသည်။
အထူးသဖြင့် မိုဘိုင်းလ်ဖုန်းဈေးကွက်တွင် ဤနည်းပညာကို အသုံးချနိုင်ပါက APPLE ကဲ့သို့ ကုမ္ပဏီကြီးများ၏ အကျိုးအမြတ်ထက်ပင် ပိုမိုကြီးမားသော အောင်မြင်မှုကို ရရှိနိုင်မည် ဖြစ်ပေသည်။
.......................................................