← Chapters

အခန်း (၂၂၃-၂၂၄)

Vol. 13 Ch. 223-224

အခန်း (၂၂၃-၂၂၄)

Vol. 13 Ch. 223-224

အခန်း (၂၂၃)နတ်ဘုရားမုဆိုး၏ စစ်ဆေးမေးမြန်းခြင်း

"ပြောစမ်း။ မင်း ဘာလို့ ယွမ်တာရှန့်ကို သတ်လိုက်တာလဲ"

ကျူးရွှမ်းကျိက ရုတ်တရက် ပါးစပ်ဟ၍ မေးမြန်းလိုက်သည်။ သူ၏အသံသည် သံမဏိကဲ့သို့ မာကျောလှပြီး နွေးထွေးမှု အရိပ်အယောင် အနည်းငယ်မျှပင် မရှိပေ။

"ဗျာ"

နင်းကျော့၏ မျက်နှာတွင် အံ့အားသင့်သွားသည့် အရိပ်အယောင်များ ပေါ်လွင်သွားသည်။

"ပြောစမ်း"

ကျူးရွှမ်းကျိက ဟိန်းဟောက်လိုက်သည်နှင့် တစ်ပြိုင်နက် မြင်ကွင်းတွင် မမြင်ရသည့် တောင်ကြီးတစ်လုံးက ဖိနှိပ်လိုက်သကဲ့သို့ ပြင်းထန်လှသော ဖိအားများကို နင်းကျော့အပေါ်သို့ သက်ရောက်စေလိုက်သည်။

ထိုဖိအားသည် အလွန်တရာ ကြီးမားလှသဖြင့် နင်းကျော့မှာ ရုတ်တရက် ဒူးထောက်ကျလုနီးပါး ဖြစ်သွားရ၏။ သူသည် ယိမ်းထိုးသွားကာ ခါးနှင့် ကျောတို့မှာ မရှောင်သာဘဲ ကိုင်းညွတ်သွားရသော်လည်း ဒူးကိုမူ ကြံ့ကြံ့ခံကာ မထောက်ခဲ့ပေ။

သူသည် ခေါင်းမာစွာဖြင့်ပင် မတ်မတ်ရပ်ရန် ကြိုးစားနေပြီး ကျူးရွှမ်းကျိကို အာခံသည့် အကြည့်မျိုးဖြင့် ပြန်လည်ကြည့်ရှုနေလေသည်။

ကျူးရွှမ်းကျိ၏ မျက်လုံးများမှာ ရွှေရောင်အလင်းတန်းများ ဖြာထွက်နေပြီး အရင်ကနှင့်မတူသော ပြင်းထန်မှုမျိုးဖြင့် နင်းကျော့ကို စေ့စေ့ကြည့်ကာ စစ်ဆေးနေသည်။

ထိုသို့ စူးရှသော အကြည့်များကြောင့် နင်းကျော့မှာ ခါးသီးလှသော နှင်းတောထဲတွင် ကိုယ်လုံးတီး ဖြစ်နေရသကဲ့သို့ ခံစားနေရ၏။

နင်းကျော့သည် သူ၏ လျှာရင်းအောက်တွင် ဝှက်ထားသော တိမ်တိုက်အရိပ်ကို အသက်သွင်းရန် ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့် ကိုးဆင့်၏ အထွတ်အထိပ် စွမ်းအားများကို အပြင်းအထန် စုစည်းလိုက်သည်။

တိမ်တိုက်အရိပ် ပေါ်ထွက်လာသောအခါမှသာ ကျူးရွှမ်းကျိ၏ စူးစမ်းမှုကို ခေတ္တမျှ ခုခံနိုင်တော့သည်။ သို့သော်လည်း ထိုသို့ ခုခံနိုင်မှုမှာ အချိန်ကန့်သတ်ချက် ရှိနေသည်မှာ အမှန်ပင်။

ချွေးများ တပြိုင်ပြိုင် ကျနေသည့်ကြားမှ နင်းကျော့သည် သွားကို တင်းတင်းကြိတ်ကာ ခက်ခဲစွာ စကားဆိုလိုက်ရသည်။

"ဟုတ်ပါတယ်။ ကျွန်တော့်မှာ ကိုယ်ပိုင် အကြောင်းပြချက် ရှိခဲ့ပါတယ်"

"ကျွန်တော်က စက်မှု မီးလျှံပေါက်ကွဲမျောက်တွေကို ရောင်းဝယ်ဖောက်ကားချင်ခဲ့တာပါ။ ကျွန်တော့်ရဲ့ စီးပွားရေးကို ချဲ့ထွင်ချင်ခဲ့တာ ဖြစ်ပြီး မျောက်ခေါင်းဂိုဏ်းက ကျွန်တော့်အတွက် အကြီးမားဆုံး အဟန့်အတား ဖြစ်နေခဲ့တယ်။ ယွမ်တာရှန့် ရှိနေတာက ကျွန်တော့်ရဲ့ ချမ်းသာကြွယ်ဝမှု လမ်းစကို ပိတ်ပင်ထားသလို ဖြစ်နေလို့ပါ"

"ဒါကြောင့် မီးလျှံသီး ပွဲတော်တုန်းက သူ အပြင်းအထန် ဒဏ်ရာရပြီး သေလုမျောပါး ဖြစ်နေတာကို တွေ့လိုက်ရတဲ့အချိန်မှာ သူ့ကို သတ်ပစ်ဖို့ စိတ်ကူးမိသွားခဲ့ပါတယ်။ ဒါနဲ့ပဲ ဖေးစီဆီကနေ အဆောင်အယောင် တံဆိပ်တစ်ခုကို အတင်းအကျပ် တောင်းဆိုခဲ့ပါတယ်"

"ဒီတံဆိပ်ကို အသုံးပြုပြီး မျောက်ခေါင်းဂိုဏ်းထဲကို ဝင်ရောက်ခဲ့ပြီး ယွမ်အာကို ယွမ်တာရှန့်ရဲ့ ကုသမှုတွေ ရပ်တန့်ပစ်ဖို့ ဖျောင်းဖျခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ယွမ်တာရှန့်ဟာ သူ့ရဲ့ ဒဏ်ရာတွေနဲ့ပဲ သေဆုံးသွားခဲ့ရတာပါ။ အဲဒီကိစ္စရဲ့ တရားခံအစစ်က ကျွန်တော်ပါပဲ"

"ဟဲဟဲဟဲ"

ကျူးရွှမ်းကျိက အေးစက်စက် ရယ်သံ သုံးကြိမ် ပြုလုပ်လိုက်သည်။

"နောက်ထပ်ကော ဘာရှိသေးလဲ"

သူ၏ မေးခွန်းထုတ်မှုမှာ နင်းကျော့၏ လည်ပင်းကို အေးစက်လှသော ဓားသွားဖြင့် တေ့ထားသကဲ့သို့ပင်။

နင်းကျော့သည် ကျူးရွှမ်းကျိကို ခက်ခဲစွာ မော့ကြည့်လိုက်ရာ သူ၏ မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်မှုများ အထင်းသား ပေါ်လွင်နေသည်။

ကျူးရွှမ်းကျိ၏ မျက်လုံးများသည် သိမ်းငှက်တစ်ကောင်ကဲ့သို့ စူးရှလှပြီး နင်းကျော့ကို စိုက်ကြည့်လျက် ရှိနေသည်။

"မင်း ယွမ်တာရှန့်ကို သတ်တာက အဲဒီ အကြောင်းပြချက် တစ်ခုတည်းကြောင့်တော့ မဟုတ်နိုင်ဘူး။ အမှန်အတိုင်း ပြောစမ်း။ အမှန်အတိုင်း ဝန်ခံရင် သက်ညှာပေးမယ်၊ ငြင်းဆန်နေမယ်ဆိုရင်တော့ ပြင်းပြင်းထန်ထန် အရေးယူရလိမ့်မယ်။

အမှန်တရားကို ဆက်ပြီး ဖုံးကွယ်ထားမယ်ဆိုရင် မင်းအတွက် ဆိုးဝါးတဲ့ အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်ဆိုတာ နားလည်ထားစမ်း။ ငါက တမ်းတခြင်းပြည်ရဲ့ တော်ဝင်မိသားစုဝင် ဖြစ်သလို နတ်ဘုရားမုဆိုးရုံးက လူတစ်ယောက်လည်း ဖြစ်တယ်။

​ပြသာနာရှင်းကြမယ်ဆိုရင်တောင် မင်းတို့ နင်းမျိုးနွယ်စုဆိုတာ လှည်းဘီးကို တားဆီးဖို့ ကြိုးစားတဲ့ ပုစဉ်းရင်ကွဲလေးလိုပါပဲ။

မုန့်မျိုးနွယ်စုတောင်မှ ငါ့အတွက် ဘာမှမဟုတ်ဘူး"

နင်းကျော့မှာ ချွေးအေးများ စိုရွှဲနေပြီး မျက်နှာမှာ ဖြူလျော်ကာ မတ်တတ်ရပ်ရန်ပင် ခက်ခဲနေရှာသည်။ သူ၏ စိတ်ထဲတွင် အတွေးပေါင်းစုံနှင့် မေးခွန်းပေါင်းများစွာ ဗရပွ ဖြစ်နေတော့သည်။

'ကျူးရွှမ်းကျိက ငါ့ကို ဒီလို ရုတ်တရက် မေးမြန်းရအောင် ဘာကို ရှာဖွေတွေ့ရှိသွားတာလဲ။ ငါ ဘာပြောသင့်သလဲ။ ဘာတွေ ပြောပြဖို့ လိုအပ်လဲ။ ဘယ်အတိုင်းအတာအထိ ငါ လောင်းကြေးထပ်သင့်လဲ'

နင်းကျော့ ဝေခွဲမရ ဖြစ်နေသည်ကို မြင်သောအခါ ကျူးရွှမ်းကျိက မကျေမနပ် နှာခေါင်းရှုံ့လိုက်ပြီး ဖိအားကို ရုတ်တရက် ထပ်မံ မြှင့်တင်လိုက်သည် နင်းကျော့သည် ထိုပြင်းထန်လှသော ဖိအားကို ဆက်လက် မတောင့်ခံနိုင်တော့ဘဲ ဒူးတစ်ဖက် ထောက်ကျသွားရရှာသည်။

နင်းကျော့၏ ခေါင်းမာလှသော အမူအရာကို မြင်သောအခါ ကျူးရွှမ်းကျိက ထပ်မံ မေးမြန်းလိုက်ပြန်သည်။

"မိစ္ဆာကျင့်စဉ် လျှို့ဝှက်ကျမ်းစာ ဘယ်မှာလဲ"

နင်းကျော့သည် ခက်ခဲစွာပင် ခေါင်းမော့လိုက်သည်။ သူ၏ မျက်နှာတွင် ဇဝေဇဝါ ဖြစ်နေမှုများမှာ အစစ်အမှန်ပင် ဖြစ်သည်။

သူသည် ထိုသို့သော မိစ္ဆာကျင့်စဉ် ကျမ်းစာအကြောင်းကို အမှန်တကယ် မသိရှိပေ။

"ကျွန်တော် မသိပါဘူး။ ဘယ်လို မိစ္ဆာကျင့်စဉ် ကျမ်းစာကို ပြောတာလဲ" ဟု နင်းကျော့က ချက်ချင်း ပြန်လည် ဖြေကြားလိုက်သည်။

"အဲဒီလို ကျမ်းစာမျိုးကို တစ်ခါမှလည်း မမြင်ဖူးသလို ကြားလည်း မကြားဖူးပါဘူး"

ဤသည်မှာ အမှန်တရားပင် ဖြစ်သည်။

ကျူးရွှမ်းကျိတွင် လူတစ်ဦး၏ လိမ်လည်မှုကို ခွဲခြားနိုင်သည့် စွမ်းအားရှိရာ နင်းကျော့ ပြောသည်မှာ အမှန်ဖြစ်ကြောင်း သူ သိရှိလိုက်သည်။

ကျူးရွှမ်းကျိက မျက်မှောင်ကြုတ်လိုက်ပြီး—

"မင်းမှာ ကျမ်းစာမရှိဘဲနဲ့ မိစ္ဆာပညာရပ်တွေကို ဘယ်လို ကျင့်ကြံခဲ့တာလဲ။ မင်းရဲ့ မျိုးနွယ်စုဝင်တွေရဲ့ သွေးနဲ့ အသားတွေကို ဘယ်လို စုဆောင်းခဲ့တာလဲ"

နင်းကျော့က အလျင်အမြန်ပင်—

"အကြီးအကဲ၊ ဒါက အထင်လွဲနေတာပါ။ ကျွန်တော်က အစားထိုး ရုပ်သေးရုပ်တွေအကြောင်းကို အမြဲတမ်း သုတေသန လုပ်နေတာပါ။ အဲဒီအတွက် မျိုးနွယ်စုဝင်တွေရဲ့ သွေးနဲ့ အသားတွေကို စုဆောင်းတာက ပုံမှန်ကိစ္စတစ်ခုပဲ မဟုတ်လား။ ကျွန်တော့်ရဲ့ သုတေသန မှတ်တမ်းတွေကိုလည်း ကြည့်နိုင်ပါတယ်။ ဒီမှာပဲ ရှိပါတယ်"

ကျူးရွှမ်းကျိက ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် သူ၏ စိတ်ဝိညာဉ်အာရုံကို အသုံးပြု၍ ပုံဆွဲချက်များနှင့် ကျောက်စိမ်းပြား အချို့ကို ယူငင်လိုက်သည်။

ထိုအရာများသည် အစားထိုး ရုပ်သေးရုပ် သုတေသနနှင့် စမ်းသပ်မှု မှတ်တမ်းများ အစစ်အမှန် ဖြစ်နေပြီး နင်းကျော့ စဉ်းစားထားသည့် စိတ်ကူးအချို့နှင့် အောင်မြင်မှုများလည်း ပါဝင်နေသည်။

နင်းကျော့သည် သဘာဝအရပင် အမြဲတမ်း သတိကြီးသူ ဖြစ်ရာ အစားထိုး ရုပ်သေးရုပ်များ ပြုလုပ်မည်ဟု ကြေညာကတည်းကပင် ဤအထောက်အထားများကို ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။

ကျူးရွှမ်းကျိသည် ထိုအထောက်အထားများကို စစ်ဆေးရင်း တိတ်ဆိတ်စွာ စဉ်းစားနေမိသည်။

ထိုစဉ်မှာပင်—

ဖိအားကို အစွမ်းကုန် အံတုနေရသည့် နင်းကျော့မှာ လတ်ဆတ်သော သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။

သူသည် အားနည်းစွာ ပြုံးလိုက်ပြီး ပုံစံပြောင်းကာ မြေပြင်ပေါ်တွင် တိုက်ရိုက် ထိုင်ချလိုက်တော့သည်။

သူသည် အမောတကော ရှူရှိုက်ရင်း ကျူးရွှမ်းကျိကို ကြည့်ကာ အပြစ်ပေးခံရန် ဝန်ခံတော့မည့် ပုံစံမျိုး ပြုလုပ်လိုက်သည်။

သူက ဝမ်းနည်းပူဆွေးစွာဖြင့်—

"ဒီနေ့ကတော့ နောက်ဆုံး ရောက်လာခဲ့ပြီပေါ့။ ရောက်လာလိမ့်မယ်ဆိုတာ ကျွန်တော် သိနေခဲ့ပါတယ်၊ အမြဲတမ်း သိနေခဲ့တာပါ..."

နင်းကျော့က လက်လျှော့ အရှုံးပေးကာ ပူးပေါင်းဆောင်ရွက်လိုသည့် အမူအရာ ပြလာသဖြင့် ကျူးရွှမ်းကျိသည် ဖိအားကို တဖြည်းဖြည်းချင်း လျှော့ချပေးလိုက်ရာ နင်းကျော့မှာ အသက်ရှူချောင်သွားရသည်။

"အခုမှပဲ မင်း စကားပြောဖို့ ဆုံးဖြတ်လိုက်တော့တာလား"

သို့သော် ကျူးရွှမ်းကျိ၏ ထိုအပြုအမူလေးတစ်ခုကပင် နင်းကျော့၏ စိတ်ကို ကြီးမားသော တုန်လှုပ်မှု ဖြစ်စေခဲ့ပြီး အရေးကြီးသော အချက်အလက်များကို ရရှိစေခဲ့သည်။

နင်းကျော့သည် စိတ်ထဲမှ ကြိတ်ကာ ဆုံးဖြတ်ချက် တစ်ခုကို လောင်းကြေးထပ်လိုက်တော့သည်။ သူသည် တံတွေးတစ်ချက် မျိုချလိုက်ပြီး ကျူးရွှမ်းကျိကို ကြည့်ကာ ခေါင်းခါပြလိုက်သည်။

"နတ်ဘုရားမုဆိုး၊ ခင်ဗျား အမှန်တရားကို သိသွားပြီဆိုတော့ ကျွန်တော်လည်း ပေါ်သွားပါပြီ။ ဒါပေမဲ့ ကျွန်တော် ဘာမှ ပြောလို့မရသေးဘူး။ ကျွန်တော်က လူမရှိန်တဲ့ ကောင်လေးတစ်ယောက်ပါ။ အမှန်အတိုင်း ပြောလိုက်ရင် ကျွန်တော် သေရမှာပဲ"

"ဟမ်" ကျူးရွှမ်းကျိက မျက်ခုံးပင့်လိုက်ပြီး— "မင်းက အခုထိ အာခံချင်သေးတာလား။

နင်းကျော့၊ မင်း ဒီအခြေအနေအထိ ရောက်လာဖို့ မလွယ်ကူခဲ့ဘူးဆိုတာ သိထားစမ်း။

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားစမ်းပါ"

နင်းကျော့က ခါးသီးစွာ ပြုံးလိုက်ပြီး—

"ကျွန်တော် သိတာပေါ့။ ဒီနေရာကို ရောက်လာဖို့ ဘယ်လောက် ခက်ခဲခဲ့လဲဆိုတာ ကျွန်တော့်ထက် ပိုသိတဲ့သူ မရှိပါဘူး။ ကျွန်တော်က အောက်ခြေလူတန်းစား၊ မျိုးနွယ်စုရဲ့ အပယ်ခံ အကိုင်းအခက်ကနေ မွေးဖွားလာတဲ့ လူမရှိန်တဲ့ ကောင်လေးတစ်ယောက်ပါ။

မြေကြီးထဲကနေ ပေါက်လာတဲ့ မြက်ပင်လေး တစ်ပင်လိုပါပဲ၊ ရွှံ့နွံတွေနဲ့ နောက်ချေးတွေကြားမှာ အမြစ်တွယ်ခဲ့ရတာ။ ရှင်သန်ကြီးထွားဖို့အတွက် ရသမျှ အာဟာရတွေကို အစွမ်းကုန် တိုက်ခိုက်ပြီး စုပ်ယူခဲ့ရပါတယ်။

မှောင်ခိုဈေးကွက်ကို ထိန်းချုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ပြောရရင်လည်း ဒီအလုပ်က ညစ်ပတ်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဖြောင့်မတ်တဲ့ ကျင့်ကြံသူတွေကတော့ ဒီလိုကိစ္စတွေမှာ ပါဝင်ဖို့ကို နှာခေါင်းရှုံ့ကြမှာပေါ့။ ဒါပေမဲ့ ကျွန်တော် ဘာလုပ်နိုင်မှာလဲ။ နောက်ချေးတွေက ဘယ်လောက်ပဲ နံစော်နေပါစေ၊ ကျွန်တော့်အတွက် အာဟာရ ဖြစ်စေမယ်ဆိုရင် ရအောင် ယူမှာပဲ"

ဤနေရာသို့ ရောက်သောအခါ နင်းကျော့သည် ကျူးရွှမ်းကျိကို မနာလိုဝန်တိုမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် မော့ကြည့်လိုက်သည်။

"အကြီးအကဲကျူး၊ ခင်ဗျား ကျွန်တော့်ကို ဘယ်တော့မှ နားလည်မှာ မဟုတ်ဘူး။ ခင်ဗျားက မွေးကတည်းက မြင့်မြတ်တဲ့ တော်ဝင်မျိုးနွယ်။ ခင်ဗျားမှာ ရွှေအမြုတေအဆင့် ကျင့်ကြံခြင်း ရှိပြီး ကျွန်တော့်ကို အလွယ်တကူ ချေမှုန်းနိုင်တယ်။ အခုလိုမျိုးပဲ ခင်ဗျားရဲ့ ခြေထောက်တစ်ဖက်နဲ့ လမ်းဘေးက ပုရွက်ဆိတ်တစ်ကောင်လို ကျွန်တော့်ကို အလွယ်တကူ နင်းခြေနိုင်ပါတယ်။ ဒါပေမဲ့ ခင်ဗျားလို မြင့်မြတ်တဲ့သူက ဘာလို့ ကျွန်တော်လို အောက်ခြေလူတန်းစားကို ဒုက္ခပေးနေရတာလဲ။ ခင်ဗျား အမှန်တရားကို သိနေပြီပဲ၊ ဘာလို့ ကျွန်တော်လို လူမရှိန်တဲ့သူကို ဒုက္ခပေးနေရတာလဲ"

နင်းကျော့၏ အသံမှာ ပိုမို နာကျည်းလာပြီး ဒေါသထွက်လာသည့် ပုံစံမျိုး ဖြစ်လာသည်။ သူ၏ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းသော နာကျည်းမှု အမူအရာများဖြင့် ပုံပျက်နေတော့သည်။

"ကျွန်တော်က ကောင်းကောင်းမွန်မွန် နေထိုင်ပြီး ကောင်းကောင်းမွန်မွန် ကျင့်ကြံချင်ရုံသက်သက်ပါ။ ကျွန်တော့်မှာ ရွေးချယ်စရာ မရှိဘူး။ အရေးကြီးတဲ့ အချိန်တွေမှာ ကျွန်တော်က အားနည်းလွန်းနေတယ်၊ အားကိုးစရာလည်း မရှိဘူး။ ဒါကြောင့် တခြားသူတွေရဲ့ ထောက်ခံမှုကို ရဖို့အတွက် မကောင်းတဲ့ အလုပ်အချို့ကို လုပ်ခဲ့ရတာပါ။ ခင်ဗျား လာပြီး ဖမ်းဆီးလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ထားပြီးသား။

ကျွန်တော့်ရဲ့ ပြစ်မှုတွေ ရှိနေသရွေ့ ကျွန်တော် ဝန်ခံပါ့မယ်။ ဒါပေမဲ့ ခင်ဗျားက ကျွန်တော့်ကို သက်သေအဖြစ် အသုံးချပြီး အမှုကြီးတွေကို ဖော်ထုတ်ချင်တာဆိုရင်တော့ မဖြစ်နိုင်ပါဘူး။ ကျွန်တော့်ကို သတ်လိုက်တာက ပိုကောင်းပါလိမ့်မယ်။

ဘာလို့လဲဆိုတော့ ကျွန်တော့်မှာ ကျွန်တော့်မိသားစုနဲ့ သူငယ်ချင်းတွေ ရှိနေလို့ပါ။ သူတို့ကို ဒုက္ခမရောက်စေချင်ဘူး။ ကျွန်တော် လုပ်ခဲ့တာတွေကို ကျွန်တော်ပဲ တာဝန်ယူပါ့မယ်"

ဤသို့ ပြောပြီးနောက် နင်းကျော့သည် သေလူတစ်ယောက်ကဲ့သို့ ပြတ်သားသည့် အမူအရာမျိုး ပြသလိုက်သည်။

ကျူးရွှမ်းကျိသည် တိတ်ဆိတ်သွားတော့သည်။

နဂါးလိပ် မီးလျှံဝိညာဉ်သည် ထိုအဖြစ်အပျက်များကို ကြည့်ရှုနေရင်း ဇဝေဇဝါ ဖြစ်နေရသည်။ နင်းကျော့ ဘာတွေ ပြောနေသည်ကို ၎င်း နားမလည်နိုင်ပေ။

"မင်း ဘာတွေ ပြောနေတာလဲ"

၎င်းအနေဖြင့် နားမလည်နိုင်သော်လည်း မကောင်းသော အငွေ့အသက်များကို ခံစားနေရသည်။

အဘယ်ကြောင့်ဆိုသော် ကျူးရွှမ်းကျိသည် သူ၏ ဖိအားများကို တဖြည်းဖြည်း လျှော့ချလိုက်ပြီး နင်းကျော့အပေါ်တွင် ပြင်းထန်သော စွမ်းအားများ မထုတ်လွှတ်တော့သောကြောင့် ဖြစ်သည်။

နဂါးလိပ် မီးလျှံဝိညာဉ်မှာ ဟိန်းဟောက်၍ မနေနိုင်တော့ဘဲ—

"ကျူးရွှမ်းကျိ၊ မင်း ဘာလုပ်နေတာလဲ။ မင်း သူ့ကို ဖော်ထုတ်လိုက်ပြီလေ။ ဟုတ်တယ်၊ မင်းရှေ့က ဒီကျင့်ကြံသူလေးက လူသတ်သမားပဲ၊ မသေမျိုးနန်းတော်ကို ဗုံးခွဲခဲ့တဲ့သူပဲ"

သို့သော်လည်း ထိုအချိန်တွင် ကျူးရွှမ်းကျိသည် နင်းကျော့ကို သနားကရုဏာ သက်သော အကြည့်များဖြင့် ကြည့်နေလေသည်။ သူသည် 'ဝှက်ကွယ်နေသည်များကို ဖော်ထုတ်၍ ပြည်သူကို အေးချမ်းစေသူ' ဟု ကျော်ကြားလှသော ကျူးရွှမ်းကျိ ဖြစ်သည်။

သူသည် အောက်ခြေ ကျင့်ကြံသူများအပေါ်တွင် အမြဲတမ်း စာနာထောက်ထားမှု ရှိခဲ့သူ ဖြစ်သည်။ ရွှမ်းလင်းမြို့တွင် ဆူးမျိုးနွယ်စု၏ အကျင့်ပျက် ခြစားမှုများကို စုံစမ်းရန် ရွာလူကြီးတစ်ဦး ပေးသော သကြားရည် တစ်ခွက်အတွက်နှင့် အန္တရာယ်ကြားသို့ တိုးဝင်ခဲ့သူ ဖြစ်သည်။

တော်ဝင်မြို့တော်တွင်လည်း မင်းကြီးကို အာခံ၍ အင်အားကြီး မျိုးနွယ်စုများကို ထိန်းချုပ်ရန်နှင့် အောက်ခြေမှ လူတော်များကို မြှင့်တင်ရန် တိုက်တွန်းခဲ့သူ ဖြစ်သည်။

လီလိုင်ဖုန်း မသေဆုံးမီ သူ့ကို လှည့်စားခဲ့စဉ်ကပင် သူသည် ဒေါသမထွက်ဘဲ ဝမ်းနည်းခဲ့ကာ စီယိုဥယျာဉ်အတွက် သင့်တော်သော အုပ်ချုပ်သူကို ရှာဖွေပေးရန် အသုံးချခံခဲ့သူ ဖြစ်သည်။

သူသည် တမ်းတခြင်းပြည်အတွင်းရှိ အင်အားကြီး အဖွဲ့အစည်းများကို သတိထား စောင့်ကြည့်တတ်သော်လည်း အခြေခံ လူတန်းစား ကျင့်ကြံသူများအပေါ်တွင်မူ စစ်မှန်သော ကရုဏာစိတ် ရှိသူ ဖြစ်သည်။

မြေပြင်ပေါ်တွင် ထိုင်နေပြီး ချွေးများ စိုရွှဲကာ နွမ်းလျနေသော နင်းကျော့ကို ကြည့်ရင်း ကျူးရွှမ်းကျိသည် သက်ပြင်းတစ်ချက် ချလိုက်ကာ သူ၏ မျက်နှာထက်တွင် ပထမဦးဆုံးအကြိမ်အဖြစ် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ပြသလိုက်သည်။

"မင်းလို လူလိမ်လေး၊ မင်းက အစီအစဉ်တွေ ဆွဲရာမှာ ကျွမ်းကျင်လွန်းတယ်။ ဒီလို လှည့်စားမှုတွေက မင်းကို ပျက်စီးခြင်းဆီပဲ ပို့ဆောင်လိမ့်မယ်။ မင်းမှာ ပါရမီ ရှိနေတာပဲ၊ ဘာလို့ ဒီလောက်တောင် အလောတကြီး အောင်မြင်ချင်နေရတာလဲ"

သူ၏ လေသံမှာ အလားအလာ ရှိသော်လည်း လမ်းမှားရောက်နေသူတစ်ဦးကို နှမြောတသ ဖြစ်နေသည့် ပုံစံမျိုး ဖြစ်သည်။

နင်းကျော့က အားနည်းစွာ ပြုံးလိုက်ပြီး—

"အကြီးအကဲ၊ ကျွန်တော် မသေမျိုးနန်းတော်ထဲကို ဝိညာဉ်ဝင်ရောက်ပြီးတဲ့နောက်မှပဲ ကျွန်တော့်ရဲ့ ပါရမီကို သိခဲ့တာပါ။ ရုပ်သေးရုပ်ရဲ့ ဦးခေါင်းက အရမ်းကြီးနေတာကို တွေ့လိုက်ရတဲ့အချိန်မှာမှ ကျွန်တော့်မှာ ပါရမီ ရှိတယ်ဆိုတာ သိခဲ့ရတာပါ"

ကျူးရွှမ်းကျိမှာ တိတ်ဆိတ်နေတော့သည်။ သူ၏ အမြင်တွင် နင်းကျော့မှာ ကံကြမ္မာ၏ ကစားခြင်းကို ခံနေရသည့် ဝမ်းနည်းဖွယ်ကောင်းသော၊ သနားစရာကောင်းသော၊ ရယ်စရာကောင်းသော လူငယ်တစ်ဦးအဖြစ် ထပ်မံ မြင်ယောင်သွားပြန်သည်။

"နင်းကျော့၊ မင်းမှာ ပါရမီ ရှိတယ်၊ မင်းက တော်တဲ့ လူငယ်တစ်ယောက်ပါ။ ငါ မင်းကို အခွင့်အရေး တစ်ခု ပေးမယ်။ သေချာ စဉ်းစားပြီး သုံးရက်အတွင်း ငါ့ကို အဖြေပေးပါ။ မင်း ပေးမယ့် အဖြေပေါ် မူတည်ပြီး မင်းရဲ့ အနာဂတ် ဆုံးဖြတ်ချက်ကို ငါ ချမှတ်ပေးမယ်"

ကျူးရွှမ်းကျိသည် လက်ကို နောက်ပစ်ကာ ကောင်းကင်ယံသို့ ပျံတက်သွားပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ဝေးရာသို့ ထွက်ခွာသွားတော့သည်။ နင်းကျော့မှာမူ မြေပြင်ပေါ်တွင် မလှုပ်မယှက်ဘဲ အတော်ကြာအောင် ထိုင်နေမိသည်။

ပတ်ဝန်းကျင်မှ လူသံများမှာ ပိုမို ကျယ်လောင်လာပြီး သူ၏ ဂေဟာအနီးမှ အစောင့်များမှာ အပြေးအလွှား ရောက်ရှိလာကြသည်။

သို့သော်လည်း ဘာထူးမည်နည်း။ ကျူးရွှမ်းကျိ၏ ရှေ့မှောက်တွင် နင်းကျော့ တည်ဆောက်ထားသော အင်အားများမှာ စက္ကူကဲ့သို့ပင် အားကိုးရာ မရနိုင်ခဲ့ပေ။

'အားနည်းလွန်းတယ်၊ ငါ အားနည်းလွန်းသေးတယ်'

နင်းကျော့သည် လက်သီးကို တင်းတင်းဆုပ်ထားရာ သူ၏ လက်သည်းများမှာ အသားထဲသို့ နစ်ဝင်နေတော့သည်။

ချော်ရည်နန်းတော်၊ ခန်းမဆောင်ကြီးအတွင်း။

နဂါးလိပ် မီးလျှံဝိညာဉ်မှာ ဆွံ့အလျက် ရှိနေတော့သည်။ ကျူးရွှမ်းကျိ ပျံသန်း ထွက်ခွာသွားသည်ကိုပင် ၎င်းသည် ငေးကြည့်နေမိပြီး တစ်ဖက်လူမှာ အသိတရား ပြန်ဝင်လာကာ နင်းကျော့ကို ပြန်လည် ဖမ်းဆီးလိမ့်မည်ဟု မျှော်လင့်နေဆဲပင်။

"မင်းက ဒီအတိုင်းပဲ ထွက်သွားတော့မှာလား။ သူက လူသတ်သမားလေ၊ တရားခံအစစ်ပဲ"

"ဒါပေမဲ့ မင်းက သူ့ကို သနားတောင် သနားနေသေးတယ်ပေါ့လေ"

နဂါးလိပ် မီးလျှံဝိညာဉ်မှာ နားမလည်နိုင်အောင် ဖြစ်နေရသလို အဓိပ္ပာယ်မရှိဟုလည်း ခံစားနေရသည်။ ၎င်းသည် နင်းကျော့ အဖမ်းခံရသည်ကို ကြည့်ရန် ရောက်လာခဲ့ခြင်း ဖြစ်သော်လည်း ယခုမူ နင်းကျော့မှာ ကြီးမားလှသော အသက်အန္တရာယ်မှ ထပ်မံ လွတ်မြောက်သွားသည်ကိုသာ မြင်တွေ့လိုက်ရသည်။

ကျော်ကြားလှသော နတ်ဘုရားမုဆိုး ကျူးရွှမ်းကျိပင်လျှင် နင်းကျော့၏ လှည့်စားခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။

"မင်းက တကယ်ပဲ နတ်ဘုရားမုဆိုး ဟုတ်ရဲ့လား။ ဒါမှမဟုတ် အတုလား"

နဂါးလိပ် မီးလျှံဝိညာဉ်မှာ ဒေါသထွက်နေတော့သည်။ ၎င်းသည် ကျင့်ကြံသူ အများအပြား၏ ဝိုင်းဝန်း ကူညီမှုကို ခံနေရသော နင်းကျော့အပေါ်သို့ ပြန်လည် အာရုံစိုက်လိုက်သည်။

"ဟန်ဆောင်တာ၊ သူက ဟန်ဆောင်တာ အရမ်းတော်လွန်းတယ်"

နင်းကျော့ကို လူတွေက နှစ်သိမ့်ပေးနေသည်ကို မြင်သောအခါ နဂါးလိပ် မီးလျှံဝိညာဉ်မှာ ကျောချမ်းသွားရသည်။

"ဒီလူငယ်က တကယ့်ကို ကောက်ကျစ်ပြီး ကြောက်စရာကောင်းတာပဲ။ သူက တကယ်ပဲ အသက် ဆယ့်ခြောက်နှစ်ပဲ ရှိသေးတာလား။ ဒါမှမဟုတ် ငါးရာစုလောက် ရှိနေပြီဖြစ်တဲ့ မိစ္ဆာအိုကြီးတစ်ကောင် ပြန်လည် မွေးဖွားလာတာလား"

နဂါးလိပ် မီးလျှံဝိညာဉ်သည် နင်းကျော့အပေါ်တွင် ပိုမို သတိထားမိလာတော့သည်။ နောင်တွင် ထိုကျင့်ကြံသူ လူငယ်နှင့် ဆက်ဆံရပါက အလွန်အမင်း သတိထားရန် ကိုယ့်ကိုယ်ကိုယ် သတိပေးနေမိတော့သည်။ အလွန်အမင်း သတိထားရန်ပင်။

အခန်း (၂၂၄) - နတ်ဘုရားမုဆိုးက ပဟေဠိကို အဖြေရှာခြင်း

ကျူးရွှမ်းကျိသည် မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်လျက် ရောက်ရှိလာပြီး လေတိုးသံနှင့်အတူ ပြန်လည်ထွက်ခွာသွားရာ လူတိုင်း၏ အာရုံစိုက်မှုကို ရရှိခဲ့ချေသည်။

သူ၏ ကျင့်ကြံမှုအဆင့်မှာ ရွှေအမြုတေအဆင့်ထိ မြင့်မားလှပြီး တော်ဝင်မိသားစုဝင်တစ်ဦးနှင့် နိုင်ငံကျော် နတ်ဘုရားမုဆိုးတစ်ဦး ဖြစ်ပေရာ သူ၏ လှုပ်ရှားမှုတိုင်းသည် စိတ်ဝင်စားဖွယ် ဖြစ်နေတော့သည်။

ယခုလည်း သူ၏ ကြီးကျယ်လှသော လှုပ်ရှားမှုများကြောင့် တစ်မြို့လုံးတွင် ဂယက်ထိုက်သွားခဲ့ရပြီ ဖြစ်သည်။

မရေမတွက်နိုင်သော လူတို့သည် အရှင်သခင် ကျူးရွှမ်းကျိကို ဤမျှအထိ ထင်ထင်ပေါ်ပေါ် လှုပ်ရှားစေသည့် အကြောင်းအရင်းမှာ အဘယ်နည်းဟု သိချင်စိတ်ပြင်းပြကာ သံသယပွားနေကြချေသည်။

မကြာမီမှာပင် ကောလာဟလများ ပျံ့နှံ့သွားပြီး နင်းကျော့မှာ လူတိုင်း၏ မျက်စိကျရာ ဖြစ်လာခဲ့သည်။

နင်းကျော့သည် အောက်ခြေ ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့် ကျင့်ကြံသူမျှသာ ဖြစ်သော်လည်း သေချာလေ့လာကြည့်လျှင် သူ၏ အဆင့်အတန်းမှာ သေးငယ်လှသည်တော့မဟုတ်ပေ။

သူသည် ထူးခြားသော ပါရမီကို ပိုင်ဆိုင်ထားပြီး မကြာသေးမီကမှ နာမည်ကျော်ကြားလာသူ ဖြစ်သည်။

နင်းမျိုးနွယ်စု ပင်မသွေးမင်း၏ မျိုးနွယ်စုဆက်ခံသူကို ရာထူးမှ ဖယ်ရှားနိုင်ခဲ့ရုံသာမက ချော်ရည်နန်းတော်ကို စူးစမ်းလေ့လာရာတွင်လည်း အံ့ဩဖွယ်ရာ ရလဒ်ကောင်းများ ရရှိထားသူ ဖြစ်သည်။

နင်းမျိုးနွယ်စု၏ ရွှေအမြုတေအဆင့် ဘိုးဘေးဖြစ်သူ နင်းကျိုဖန်ပင်လျှင် နင်းကျော့ကို အလွန်အလေးထားပြီး နင်းကျော့သည် နင်းမျိုးနွယ်စုအတွက် အကျိုးပြုခဲ့သည်ဟု လူသိရှင်ကြား ပြောကြားခဲ့ဖူးချေသည်။

တစ်ဖက်တွင် ကျူးရွှမ်းကျိ၊ အခြားတစ်ဖက်တွင် နင်းကျော့။

ကျူးရွှမ်းကျိအား ဤသို့ လှုပ်ရှားစေမိအောင် ထိုသူနှစ်ဦးကြားတွင် အဘယ်အရာများ ဖြစ်ပျက်ခဲ့သနည်း။

ခေတ္တမျှအတွင်းမှာပင် တစ်မြို့လုံးရှိ လူတို့သည် ထိုအတွင်းရေးကို သိရှိရန် အလွန် စိတ်အားထက်သန်နေကြတော့သည်။

နေအိမ်သို့ ပြန်ရောက်ပြီးနောက် ကျူးရွှမ်းကျိသည် ရွှေအမြုတေအဆင့် ဘိုးဘေးသုံးဦးကို ခေါ်ယူရန် အမိန့်ပေးလိုက်ချေသည်။

ဘိုးဘေးသုံးဦးသည်လည်း ကျူးရွှမ်းကျိ၏ လှုပ်ရှားမှုများကို သိလိုစိတ်ဖြင့် ဖိတ်ကြားချက်ကို ဝမ်းမြောက်စွာ လက်ခံခဲ့ကြသည်။

မကြာမီမှာပင် သူတို့အားလုံး ကျူးရွှမ်းကျိ ရှေ့မှောက်သို့ စုံစုံလင်လင် ရောက်ရှိလာကြ၏။

မီးလျှံနတ်ဆိုးမျောက် ဂူသို့ သွားရောက်ခဲ့ပြီးနောက် သူတို့၏ ဆက်ဆံရေးမှာ ပိုမို ရင်းနှီးလာခဲ့သည်။

သူတို့သည် ကျူးရွှမ်းကျိ၏ သဘာဝကျသော မဟာမိတ်များပင် ဖြစ်ကြချေသည်။

အဘယ်ကြောင့်ဆိုသော် မီးလျှံတောင် မသေမျိုးမြို့တော်ရှိ ကျင့်ကြံသူ မျိုးနွယ်စုကြီး သုံးစု၏ ရပ်တည်ချက်မှာ တမ်းတခြင်းပြည် တော်ဝင်မိသားစုနှင့် ပူးပေါင်းကာ မုန့်မျိုးနွယ်စုကို ဆန့်ကျင်ရန် ဖြစ်သောကြောင့်ပင်။

အကယ်၍ တော်ဝင်မိသားစုမှ ကျူးရွှမ်းကျိသာ ချော်ရည်နန်းတော်၏ အရှင်သခင် ဖြစ်လာခဲ့ပါမူ မီးလျှံတောင် မသေမျိုးမြို့တော်သည် လက်ရှိ အခြေအနေကို ဆက်လက် ထိန်းသိမ်းထားနိုင်ပေလိမ့်မည်။

သို့သော် မုန့်မျိုးနွယ်စုသာ နန်းတော်ကို ထိန်းချုပ်သွားနိုင်ပါက သူတို့၏ ဩဇာအာဏာသည် မီးလျှံတောင် မသေမျိုးမြို့တော်ကို အကြီးအကျယ် ဝါးမြိုသွားပေလိမ့်မည်။

နောက်ဆုံးတွင် ဤမြို့သည် မုန့်မျိုးနွယ်စု၏ ကိုယ်ပိုင်နယ်မြေ ဖြစ်သွားပြီး မျိုးနွယ်စုကြီး သုံးစုမှာ ဖယ်ထုတ်ခံရကာ ရပ်တည်စရာ နေရာမရှိ ဖြစ်သွားတန်ရာသည်။

ဧည့်ခန်းဆောင်အတွင်း၌ ဖြစ်သည်။

ကျူးရွှမ်းကျိသည် တည်ကြည်သော မျက်နှာထားဖြင့် တစ်ခန်းလုံးကို ဝေ့ကြည့်လိုက်ကာ လေးနက်သော အသံဖြင့် ဆိုလိုက်၏။ "အားလုံး စုံပြီပေါ့။"

"မင်းတို့အားလုံး သံသယရှိနေကြမယ်ဆိုတာ ငါသိပါတယ်။"

"အကြောင်းအရာတွေကို အသေးစိတ် မဆွေးနွေးခင်မှာ ဒီကတိသစ္စာလွှာကို အရင်ဆုံး လက်မှတ်ရေးထိုးပေးကြပါ။

ပြောပြောဆိုဆိုဖြင့် ကျူးရွှမ်းကျိသည် သူ၏ ဝတ်ရုံအတွင်းမှ လိပ်စာစာတစ်စောင်ကို ထုတ်ယူလိုက်ချေသည်။

ထိုလိပ်စာစာမှာ ရတနာတစ်ခုကဲ့သို့ အဆင့်မြင့်လှပြီး တမ်းတခြင်းပြည် တော်ဝင်မိသားစု၏ အမိန့်တော်ပြန်တမ်းနှင့် ပုံစံချင်း ဆင်တူလှပေသည်။

လိပ်စာစာကို ဖြန့်လိုက်သောအခါ မျက်နှာပြင်ပေါ်တွင် အလွန်နုနယ်လှပသော အစီအရင် ပုံရိပ်လွှာများကို တွေ့မြင်ရ၏။ တစ်ခါတစ်ရံတွင် အလင်းရောင်အောက်၌ ထူထပ်လှသော ပုံရိပ်လွှာများ ခေတ္တမျှ လက်ခနဲ လင်းသွားတတ်သည်။

ရွှေအမြုတေအဆင့် ဘိုးဘေးသုံးဦးပင်လျှင် ဤမျှ အဆင့်မြင့်သော ကတိကဝတ် ပစ္စည်းမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်လေသည်။

ကျူးရွှမ်းကျိက ဆက်၍ ဆိုသည်။

"မင်းတို့အားလုံး အားလုံးရဲ့ ရှေ့မှာပဲ ဒီလိပ်စာစာကို သုံးပြီး အရိပ်နက် မိစ္ဆာကျင့်ကြံသူနဲ့ ဘာပတ်သက်မှုမှ မရှိဘူးဆိုတာကို ကျိန်ဆိုပေးကြပါ။"

ထိုစကားကို ကြားသောအခါ ဘိုးဘေးသုံးဦးစလုံး အံ့အားသင့်သွားကြ၏။

မကြာသေးမီက ကျူးရွှမ်းကျိသည် နန်းတော်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုကို စုံစမ်းစစ်ဆေးခြင်းအား ရပ်တန့်ထားခဲ့သည်။

သူ၏ အာရုံစိုက်မှုအားလုံးမှာ နန်းတော်အတွင်း စူးစမ်းလေ့လာကာ ကောင်းမှုကုသိုလ်နှင့် အကျိုးပြုမှုများ ပိုမိုရရှိရန်သာ ဖြစ်သည်။

ယခု အဘယ်ကြောင့် ရုတ်တရက် အရိပ်နက် မိစ္ဆာကျင့်ကြံသူကို ပြန်လည် ထည့်သွင်းစဉ်းစားရသနည်း။

ကျူးရွှမ်းကျိ၏ ရည်ရွယ်ချက်ကို နားမလည်ကြသော်လည်း ဘိုးဘေးသုံးဦးသည် သူ၏ တောင်းဆိုချက်ကို လိုက်နာကာ အားလုံး၏ ရှေ့မှောက်၌ လိပ်စာစာကို ကိုင်မြှောက်၍ ကျိန်ဆိုလိုက်ကြလေသည်။

ကတိသစ္စာ ပြုပြီးသွားသည်ကို မြင်သောအခါ ကျူးရွှမ်းကျိ၏ မျက်နှာမှာ အနည်းငယ် ပြေလျော့သွားတော့သည်။

"မျှော်လင့်ထားတဲ့အတိုင်းပါပဲ။"

သူသည် အမိန့်တော်ပြန်တမ်းကို ဖြည်းညင်းစွာ ပြန်လည် သိမ်းဆည်းလိုက်ပြီး အားလုံးကို ပြောလိုက်၏။

"မင်းတို့နဲ့ အရိပ်နက် မိစ္ဆာကျင့်ကြံသူကြားမှာ ဘာလျှို့ဝှက်ချက်မှ မရှိဘူးဆိုတာ သေချာပြီဆိုတော့ ငါပွင့်ပွင့်လင်းလင်းပဲ ပြောပါတော့မယ်။"

"ဒါတွေအားလုံးရဲ့ အရင်းအမြစ်က ဒီမိစ္ဆာသွေးကြောကျင့်စဉ် ပုံရိပ်လွှာပါပဲ။"

ကျူးရွှမ်းကျိသည် မိစ္ဆာသွေးကြောကျင့်စဉ် ပုံရိပ်လွှာကို ထုတ်ယူကာ အားလုံးကို လေ့လာကြည့်ရှုရန် ကမ်းပေးလိုက်ချေသည်။

ဤမိစ္ဆာသွေးကြောကျင့်စဉ် ပုံရိပ်လွှာမှာ ရတနာတစ်ခုကဲ့သို့ အဆင့်မြင့်လှပြီး မျက်နှာပြင်မှာ ချောမွတ်နေ၏။

ကျန်းမျိုးနွယ်စုမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူ ကျန်းရွှမ်းကောသည် ထူးခြားချက်တစ်ခုကို ပထမဆုံး သတိပြုမိသွားပြီး ထိတ်လန့်သွားသည့် ဟန်ဖြင့် ဆိုလိုက်သည်။

"ဒီလောက် အဆင့်မြင့်တဲ့ မိစ္ဆာသွေးကြောကျင့်စဉ် ပုံရိပ်လွှာမှာ မူလကတော့ စစ်မှန်သောကျမ်းစာ ပါဝင်ရမှာ ဖြစ်တယ်။"

"စစ်မှန်သောကျမ်းစာ ဟုတ်လား။" အားလုံး အံ့အားသင့်သွားကြ၏။

ကျူးရွှမ်းကျိက ခေါင်းအနည်းငယ် ငြိမ့်ကာ ဝန်ခံလိုက်သည်။ "ဟုတ်ပါတယ်။"

"ဒီမိစ္ဆာသွေးကြောကျင့်စဉ် ပုံရိပ်လွှာဟာ မိစ္ဆာစစ်သူကြီးဆီကနေ ကျွန်တော် ရယူခဲ့တဲ့ စက်မှုအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။"

"မိစ္ဆာစစ်သူကြီးကိုယ်တိုင်မှာတော့ ဝိညာဉ်အသိဉာဏ် မရှိပါဘူး၊ ဒါပေမဲ့ ဒီပုံရိပ်လွှာနဲ့ စစ်မှန်သောကျမ်းစာသာ ရှိမယ်ဆိုရင် ကျမ်းစာပါ အကြောင်းအရာတွေကို အခြေခံပြီး ကျင့်စဉ်တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။"

"မိစ္ဆာစစ်သူကြီးဟာ ရွှေအမြုတေအဆင့် တိုက်ခိုက်နိုင်စွမ်း ရှိတယ်ဆိုတာ အတည်ပြုပြီးသားပါ၊ ဆိုလိုတာက ဒီပုံရိပ်လွှာပေါ်မှာ ရှိတဲ့ မိစ္ဆာပညာရပ် စစ်မှန်သောကျမ်းစာဟာ အနည်းဆုံး ရွှေအမြုတေအဆင့် ရှိရမှာ ဖြစ်တယ်။"

ထိုစကားကို ကြားသောအခါ အားလုံး စိတ်လှုပ်ရှားသွားကြသည်။

နင်းကျိုဖန်သည် သူ၏ မုတ်ဆိတ်မွှေးကို သပ်ရင်း ဆိုလိုက်၏။ "ဘိုးဘေးဆရာကြီး သုံးဦးဟာ သမိုင်းမှာ ရှားပါးလှတဲ့ လမ်းစဉ်သုံးခုကို ကျင့်ကြံခဲ့တဲ့ ထူးခြားဆန်းပြားသူတွေ ဖြစ်တယ်။ သူတို့ မိစ္ဆာပညာရပ်တစ်ခုခု ချန်ထားခဲ့တယ်ဆိုတာ အံ့ဩစရာ မဟုတ်ပါဘူး။"

ကျိုးမျိုးနွယ်စုမှ ဘိုးဘေးကျိုးက "အထက်တန်းစား ဂိုဏ်းပညာရပ် သုံးခုဆိုတာကို ကျွန်တော် ကြားဖူးနားဝ ရှိပါတယ်။ ဘိုးဘေးဆရာကြီး သုံးဦးဟာ ချော်ရည်နန်းတော်မှာ စက်မှုအမွေအနှစ်တွေကို ချန်ထားခဲ့ပြီး အဖိုးတန်ဆုံးကတော့ အထက်တန်းစား ဂိုဏ်းပညာရပ် သုံးခုပဲ ဖြစ်တယ်။

ဓာတ်ငါးပါးညှိနှိုင်းခြင်းပညာရပ်အပြင် လူသားခန္ဓာကိုယ်ထဲက တန်တျန်သုံးခုနဲ့ ကိုက်ညီတဲ့ တခြား ကျင့်စဉ်နှစ်ခု ရှိပါသေးတယ်။"

"အဲဒီ ကျင့်စဉ်သုံးခုလုံးကို ကျင့်ကြံရင် တန်တျန်သုံးခုလုံးမှာ အခြေခံအုတ်မြစ် တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။"

"အခုတော့ ဓာတ်ငါးပါးညှိနှိုင်းခြင်းပညာရပ် ထွက်ပေါ်လာပြီဆိုတော့ ဒီမိစ္ဆာသွေးကြောကျင့်စဉ် ပုံရိပ်လွှာပေါ်က မိစ္ဆာပညာရပ်ဟာလည်း အထက်တန်းစား ဂိုဏ်းပညာရပ် သုံးခုထဲက တစ်ခု ဖြစ်နေမလား။"

ကျူးရွှမ်းကျိက ခေါင်းငြိမ့်ပြကာ အပြုံးဖျော့ဖျော့ဖြင့် ဆိုလိုက်၏။

"ငါလည်း အဲဒီအတိုင်းပဲ ထင်ပါတယ်။"

"ဒီမိစ္ဆာသွေးကြောကျင့်စဉ် ပုံရိပ်လွှာပေါ်မှာ တစ်ချိန်က မှတ်တမ်းတင်ထားခဲ့တဲ့ စစ်မှန်သောကျမ်းစာရဲ့ အကြောင်းအရာကို ငါလည်း အရမ်း သိချင်နေတယ်။"

"အဲဒါကိုသာ ရနိုင်ခဲ့မယ်ဆိုရင် အထက်တန်းစား ဂိုဏ်းပညာရပ် သုံးခုကို မြင်တွေ့ရနိုင်ပြီး ကောလာဟလတွေ မှန်မမှန်ကို အတည်ပြုနိုင်မှာ ဖြစ်တယ်။"

"ဒါ့အပြင် အဲဒီ စစ်မှန်သောကျမ်းစာကိုသာ င့ ပြန်ရခဲ့မယ်ဆိုရင် မိစ္ဆာစစ်သူကြီးကို တင်ပြတဲ့အခါ ကျွန်တော့်အတွက် ကောင်းမှုကုသိုလ်နဲ့ အကျိုးပြုမှုတွေ အများကြီး ရစေမှာပါ။"

"ဒါကြောင့် ငါဟာ ဒီမိစ္ဆာသွေးကြောကျင့်စဉ် ပုံရိပ်လွှာအပေါ်မှာ အရင်းအမြစ် ရှာဖွေခြင်း ပညာရပ်ကို သုံးခဲ့ပါတယ်။"

"ငါအရေးကြီးတဲ့ သဲလွန်စတစ်ခု ရခဲ့တယ်၊ အစောပိုင်း နှစ်တွေတုန်းက မျောက်ကလေးတစ်ကောင်ဟာ ပျက်စီးနေတဲ့ မိစ္ဆာစစ်သူကြီးဆီကို မတော်တဆ ရောက်ရှိသွားခဲ့တယ်။"

"အဲဒီလို ဆုံတွေ့စဉ်မှာပဲ မိစ္ဆာပညာရပ် စစ်မှန်သောကျမ်းစာဟာ မျောက်ကလေးဆီကို အလိုအလျောက် ကူးပြောင်းသွားခဲ့တယ်။"

"ငါ စစ်မှန်သောကျမ်းစာကို ပြန်ယူချင်ပေမဲ့ အဲဒီ မျောက်ကလေးရဲ့ လက်ရှိ ပုံပန်းသဏ္ဌာန်ကို မသိခဲ့ပါဘူး။"

"လွန်ခဲ့တဲ့ ခုနစ်ရက်က ငါ တမ်းတခြင်းပြည် တော်ဝင်မိသားစုဆီကို အကူအညီတောင်းဖို့ လျှို့ဝှက် စာရေးခဲ့ပါတယ်။"

"တော်ဝင်မိသားစုရဲ့ ကျင့်ကြံသူတွေက အဲဒီ မျောက်ရဲ့ အရွယ်ရောက်ပြီး အချိန်နဲ့ အိုမင်းတဲ့ အချိန် ပုံပန်းသဏ္ဌာန်ကို တွက်ချက်ပေးခဲ့ကြပါတယ်။"

"ဒီပုံရိပ်ကို သဲလွန်စအနေနဲ့ သုံးပြီး မီးလျှံတောင်တန်းမှာရှိတဲ့ မီးလျှံနတ်ဆိုးမျောက် မျိုးနွယ်စုတွေကို အသုံးချပြီး စုံစမ်း ရှာဖွေနိုင်မှာ ဖြစ်တယ်။"

ဤသို့ ပြောရင်း ကျူးရွှမ်းကျိသည် နင်းကျိုဖန်ကို ကြည့်လိုက်၏။

နင်းကျိုဖန်၏ မျက်နှာမှာ အနည်းငယ် မှောင်ကျသွားကာ ကျူးရွှမ်းကျိ၏ ရည်ရွယ်ချက်ကို သဘောပေါက်သွားချေသည်။

မီးလျှံတောင်တန်း၏ အောက်ခြေကို နောက်ဆုံးအကြိမ် စူးစမ်းခဲ့ပြီးနောက် သူသည် ထိုနေရာတွင် အလေးထားခံရသော ဧည့်သည်တော် ဖြစ်လာခဲ့သည်။

အကြီးဆုံးသော မီးလျှံနတ်ဆိုးမျောက် မျိုးနွယ်စုတွင် သူသည် အလွန် လူကြိုက်များလှပေသည်။

အကယ်၍ သူကိုယ်တိုင် ဤသဲလွန်စကို ယူသွားပြီး အကူအညီ တောင်းမည်ဆိုလျှင် မီးလျှံနတ်ဆိုးမျောက် မျိုးနွယ်စုသည် ကူညီကြပေလိမ့်မည်။

နှုတ်ဖြင့်သာ ပြောမည်ဆိုပါက မီးလျှံနတ်ဆိုးမျောက်များ၏ အသိဉာဏ်ဖြင့် နားလည်နိုင်မည် မဟုတ်ပေ။

သို့သော် ဤပုံရိပ်သာ ပါသွားမည်ဆိုပါက သူတို့တွင် တိကျသေချာသော စုံစမ်းရေး ပစ်မှတ်တစ်ခု ရှိသွားပေလိမ့်မည်။

ကျူးရွှမ်းကျိက ဆက်ပြောသည်။ "ဒီနေ့မှာတော့ တော်ဝင်မိသားစုဆီက အကြောင်းပြန်စာ ရခဲ့ပါတယ်။"

"အဲဒီတော့မှ မျောက်ကလေးရဲ့ အရွယ်ရောက်ပြီး အချိန်နဲ့ အိုမင်းတဲ့ အချိန် ပုံစံကို သိခဲ့ရတာပါ။"

"အံ့ဩစရာကောင်းတာက အဲဒီ မျောက်ကလေးဟာ ယွမ်တာရှန့် ဖြစ်နေတာပါပဲ။"

"ယွမ်တာရှန့် ဟုတ်လား။" ရွှေအမြုတေအဆင့် ဘိုးဘေးများသည် ဤအမည်ငယ်လေးနှင့် မရင်းနှီးသဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြ၏။

နင်းကျိုဖန်က မေးလိုက်သည်။

"အကြီးအကဲ ကျူး သိထားပြီဆိုမှတော့ အဲဒီ မျောက်က အခု ဘယ်မှာလဲ။"

ကျိုးမျိုးနွယ်စုမှ ဘိုးဘေးကျိုးက ထူးဆန်းသော မျက်နှာထားဖြင့် မျက်မှောင်ကြုတ်ကာ ဆိုလိုက်၏။ "သူ သေသွားပြီ။"

အခြား ဘိုးဘေးများသည် သူ့ကို ကြည့်လိုက်ကြသည်။

ထို့နောက် ဘိုးဘေးကျိုးက မီးလျှံသီးပွဲတော်အတွင်း ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ပြန်လည် ပြောပြလေသည်။

ထိုစဉ်က အရိပ်နက် မိစ္ဆာကျင့်ကြံသူမှာ ပျောက်ဆုံးနေပြီး မြို့စားမင်းဂေဟာက ဦးဆောင်ကာ ဘိုးဘေးများက မြေလှန် ရှာဖွေခဲ့ကြသော်လည်း မိစ္ဆာကျင့်ကြံသူကို မတွေ့ရှိခဲ့သဖြင့် မီးလျှံတောင် မသေမျိုးမြို့တော်၏ အထက်တန်းလွှာများ အရှက်ရခဲ့ကြရသည်။

ဘိုးဘေးကျိုးသည် ယွမ်တာရှန့်၏ အလောင်းထဲတွင် တစ်စုံတစ်ယောက် ပုန်းအောင်းနေမည်ဟု သံသယရှိခဲ့သဖြင့် သူသည် ဖေးစီ၊ ကျူးရွှမ်းကျိတို့နှင့်အတူ မျောက်ခေါင်းဂိုဏ်းသို့ သွားရောက် စုံစမ်းခဲ့ကြသည်။

ယွမ်တာရှန့် သေဆုံးသွားကြောင်း သိရှိခဲ့ကြပြီး ယွမ်တာရှန့်၏ အလောင်းကို အတည်ပြုရန် စက်မှုအလုပ်ရုံသို့ သွားရောက်ခဲ့ကြသည်။

"အဲဒီတော့ ယွမ်တာရှန့်ရဲ့ အလောင်းက နင်းကျော့ရဲ့ လက်ထဲကို ရောက်သွားတာပေါ့။" နင်းကျိုဖန်မှာ အံ့အားသင့်သွားရသည်။

ကျန်းရွှမ်းကောက သဘောပေါက်သွားကာ "ဒါကြောင့်ကိုး။ အဲဒါ ယွမ်တာရှန့်မှန်း သိသိချင်း အကြီးအကဲကျူးက စစ်မှန်သောကျမ်းစာကို ပြန်ယူဖို့ နင်းကျော့ဆီကို ချက်ချင်း သွားခဲ့တာကိုး။"

ကျူးရွှမ်းကျိက ခေါင်းငြိမ့်ပြ၏။ "ဒါပေမဲ့ ငါ ပြန်မရခဲ့ဘူး။ နင်းကျော့က သူ ဘာမှမသိဘူးလို့ ပြောတယ်။"

ရွှေအမြုတေအဆင့် ဘိုးဘေးသုံးဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြန်သည်။

ဘိုးဘေးကျိုးက စဉ်းစားဟန်ဖြင့် "အကြီးအကဲ ကျူးမှာ ရွှေမျက်စိနဲ့ လိမ်တာကို သိနိုင်တဲ့ ပညာရပ်တွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့တောင် သူ့ကို လိမ်လို့ မရပါဘူး။"

"နင်းကျော့က ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့်လေးတင် ရှိတာ၊ သူ ဘာမှမသိဘူးလို့ ပြောတာ မှန်ကို မှန်ရမယ်။"

"ဒါဆို စစ်မှန်သောကျမ်းစာက ဘယ်ရောက်သွားတာလဲ။"

ကျန်းရွှမ်းကောမှာလည်း သံသယများဖြင့် ပြည့်နှက်နေ၏။ "ဟုတ်တယ်၊ စစ်မှန်သောကျမ်းစာက နင်းကျော့ဆီမှာ မရှိဘူးဆိုရင် ဘယ်မှာ ရှိနိုင်မလဲ။"

ထိုအချိန်တွင် ကျူးရွှမ်းကျိက ဆိုလိုက်သည်။ "ဒါဟာ မင်းတို့ကို စုပြီး ကျိန်ဆိုခိုင်းရတဲ့ အဓိက အကြောင်းအရင်းပါပဲ။"

ထို့နောက် ကျူးရွှမ်းကျိသည် ကတိသစ္စာ အမိန့်တော်ပြန်တမ်းကို ကိုင်မြှောက်ကာ အများရှေ့တွင် ကျိန်ဆိုလိုက်၏။ "အခု ကျွန်တော် ပြောမယ့်အရာတွေဟာ အမှန်တရားအားလုံး မဟုတ်ရင်တောင် ကျွန်တော် ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့အရာတွေ ဖြစ်ပြီး ဘာလိမ်ညာမှုမှ မပါဝင်ပါဘူး။"

ထိုစကားကို ပြောပြီးနောက် ကျူးရွှမ်းကျိသည် အသက်ပြင်းပြင်း တစ်ချက်ရှူကာ ဖြည်းညင်းစွာ ပြောပြတော့သည်။

"နင်းကျော့ဟာ မီးလျှံပေါက်ကွဲမျောက်ကို တီထွင်သူဆိုတာ ကျွန်တော်တို့ အားလုံး သိကြပါတယ်။ သူဟာ မပြည့်စုံသေးတဲ့ ပုံစံကို ဖေးစီရဲ့ ခေါ်ယူခြင်း ခံထားရတဲ့ ပျံလွှားဝိုင်း အလုပ်ရုံက ချန်ချာကို ပြသခဲ့တယ်။ အဲဒီလို ဆွေးနွေးပြီးနောက်မှာ ချန်ချာနဲ့ နင်းကျော့တို့ဟာ သူတို့ အလုပ်ရုံကနေ စက်မှုမျောက်တွေကို ထုတ်လုပ် ရောင်းချဖို့ သဘောတူခဲ့ကြတယ်။"

"မကြာခင်မှာပဲ အရိပ်နက် မိစ္ဆာကျင့်ကြံသူဟာ ချော်ရည်နန်းတော်ဆီ ချဉ်းကပ်ဖို့ ကြိုးစားခဲ့တာကို မိတ်ဆွေ ကျန်းရွှမ်းကောက တွေ့ရှိသွားခဲ့တယ်။ ပြင်းထန်တဲ့ တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့တယ်။ အဲဒီ တိုက်ပွဲအတွင်းမှာ မီးလျှံဓာတ်တွေ အများကြီး တင်ဆောင်ထားတဲ့ မီးလျှံပေါက်ကွဲမျောက်တစ်ကောင်က နန်းတော်ကို ဗုံးကြဲလိုက်လို့ နန်းတော်ဟာ အချိန်မတိုင်ခင် ပေါ်ထွက်လာခဲ့ပြီး ပညာရပ်ဆက်ခံခြင်းခေါင်းလောင်းသံ တစ်မြို့လုံးကို ပျံ့နှံ့သွားခဲ့တယ်။"

"မိတ်ဆွေ ကျန်းရွှမ်းကောဟာ နင်းကျော့နဲ့ တခြား နင်းမျိုးနွယ်စု ကျင့်ကြံသူတွေကို ကိုယ်တိုင် ကယ်တင်ခဲ့တယ်။ အဲဒီနောက် မကြာခင်မှာပဲ အရိပ်နက် မိစ္ဆာကျင့်ကြံသူဟာ အကျဉ်းထောင်အနီးမှာ ပေါ်လာခဲ့တယ်၊ ချီတွန်းက လိုက်လံ ဖမ်းဆီးခဲ့ပေမဲ့ မိစ္ဆာကျင့်ကြံသူက မီးလျှံသီးတောအုပ်ထဲကို ထွက်ပြေးသွားခဲ့တယ်။

ဖေးစီက တောအုပ်ကို ကာကွယ်ဖို့ ဝင်ရောက် တားဆီးခဲ့လို့ ချီတွန်းက ဆက်ပြီး မလိုက်နိုင်ခဲ့ဘူး။"

"ငါစက်မှုမျောက်တွေအကြောင်း စတင် စုံစမ်းခဲ့ပေမဲ့ အဲဒီ စက်မှုပစ္စည်းတွေကို မီးလျှံတောင် မသေမျိုးမြို့တော်ရဲ့ နေရာအနှံ့မှာ ရောင်းကောင်းနေတာကိုပဲ တွေ့ခဲ့ရတယ်။

မီးလျှံဓာတ်တွေ ဝယ်ယူမှုနဲ့ ပတ်သက်ပြီး စုံစမ်းကြည့်တော့လည်း အမြောက်အမြား ဝယ်ယူထားတာမျိုး မတွေ့ရဘူး။"

"ငါ သဲလွန်စ ပျောက်နေတုန်းမှာပဲ ချီတွန်းက လာရောက် စည်းရုံးခဲ့တယ်၊ ပြီးတော့ ဖေးစီက မီးလျှံသီးပွဲတော်အတွင်းမှာ အရိပ်နက် မိစ္ဆာကျင့်ကြံသူကို တိုက်ခိုက်ဖို့ ငါကို ဖိတ်ခေါ်ခဲ့လို့ သဘောတူခဲ့တယ်။"

"မီးလျှံသီးပွဲတော်အတွင်းမှာ ယွမ်တာရှန့်ကို မီးလျှံပေါက်ကွဲမျောက် ဆယ်ကောင်ကျော်က ဝိုင်းရံတိုက်ခိုက်ခဲ့တာကို အားလုံး မြင်ခဲ့ကြပါလိမ့်မယ်၊ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။"

"မကြာခင်မှာပဲ ယွမ်တာရှန့်ဟာ မီးလျှံသီး ခူးရာမှာ အမှားအယွင်းဖြစ်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်။ အဲဒီ ပေါက်ကွဲမှုအတွင်းမှာ ယွမ်တာရှန့်ဟာ သူ့ကိုယ်သူ ကာကွယ်ဖို့ မိစ္ဆာပညာရပ်တွေကို သုံးဖို့ ကြိုးစားခဲ့ပေမဲ့ အတင်းအကျပ် ပြန်ထိန်းချုပ်လိုက်တာကို ငါရွှေမျက်စိနဲ့ မြင်ခဲ့ရတယ်။ သူ့ရဲ့ အရင် အရှင်သခင်ရဲ့ သားကို ဒုက္ခ မရောက်စေချင်လို့ ဖြစ်ပုံရပါတယ်။"

"သူ့ရဲ့ သစ္စာရှိမှုကို လေးစားတဲ့အတွက်ငါ ဝင်ရောက် စွက်ဖက်ခဲ့တယ်၊ ဖေးစီကို အစီအရင် ဖွင့်ပေးဖို့ အမိန့်ပေးခဲ့တယ်။ ဖေးစီက တွန့်ဆုတ်နေပေမဲ့ ငါရဲ့ အတင်းအကျပ် ခိုင်းစေမှုကြောင့် လိုက်နာခဲ့ရတယ်။ အဲဒီနောက် ကုသပေးခဲ့လို့ ယွမ်တာရှန့် အသက်ရှင်ဖို့ အခွင့်အရေး ရခဲ့တယ်၊ နောက်တော့ မျောက်ခေါင်းဂိုဏ်းဝင်တွေက သူ့ကို ပြန်သယ်သွားကြတယ်။"

"ဖေးစီက သူ့ရဲ့ ခါးပတ်တံဆိပ်ပြားကို နင်းကျော့ကို ပေးလိုက်တယ်။ နင်းကျော့က အဲဒီ တံဆိပ်ပြားကို သုံးပြီး ယွမ်တာရှန့်ကို မကယ်ဖို့ ယွမ်အာကို ဖျောင်းဖျခဲ့တယ်။ နောက်ဆုံးမှာ ယွမ်တာရှန့်ဟာ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ပြီး နင်းကျော့က သူ့အလောင်းကို ယူသွားခဲ့တယ်။"

"မီးလျှံသီးတောအုပ်ထဲမှာ အရိပ်နက် မိစ္ဆာကျင့်ကြံသူကို ရှာဖွေတုန်းက ဘာသဲလွန်စမှ မတွေ့ခဲ့ဘူး။ မိတ်ဆွေ ကျိုးက ယွမ်တာရှန့်ရဲ့ အလောင်းထဲမှာ တစ်စုံတစ်ယောက် ပုန်းနေမယ်လို့ သံသယရှိတဲ့အတွက် ငါတို့ အတူတူ စုံစမ်းခဲ့ကြတယ်။"

"အရင်ဆုံး မျောက်ခေါင်းဂိုဏ်းကို သွားတော့ ယွမ်တာရှန့် သေပြီဖြစ်ကြောင်းနဲ့ နင်းကျော့က အလောင်းကို ယူသွားပြီဖြစ်ကြောင်း သိရတယ်။ အဲဒီနောက် ချန်ချာရဲ့ အလုပ်ရုံကို သွားတဲ့အခါမှာတော့ ယွမ်တာရှန့်ရဲ့ အနှစ်သာရ သွေးတွေဟာ အထုတ်ယူခံထားရပြီဆိုတာကို တွေ့လိုက်ရတယ်။"

ရှူး...

ရွှေအမြုတေအဆင့် ဘိုးဘေးသုံးဦးစလုံး အသက်ရှူမှားမတတ် ဖြစ်သွားကြ၏။

သူတို့ သဘောပေါက်သွားကြပြီ ဖြစ်သည်။

"မြို့စားမင်းဂေဟာလား။" ကျန်းရွှမ်းကောမှာ မယုံကြည်နိုင်စွမ်း ဖြစ်နေပုံရ၏။ "ဒါဆို အရိပ်နက် မိစ္ဆာကျင့်ကြံသူဟာ မြို့စားမင်းဂေဟာက လူတစ်ယောက်ပေါ့၊ သူတို့က နန်းတော်ကို ဘာလို့ ဗုံးကြဲရတာလဲ။"

ကျန်းရွှမ်းကောက ဇဝေဇဝါ ဖြစ်လျက် "အရင်တုန်းက မုန့်မျိုးနွယ်စုဟာ ကျန်းမျိုးနွယ်စု၊ ကျိုးမျိုးနွယ်စုတို့နဲ့ လျှို့ဝှက် ပူးပေါင်းပြီး ကတိကဝတ် ပြုထားပြီးသားလေ။ ကျွန်တော်တို့ အားလုံး သဘောတူထားပြီးသားပဲကို။"

All Chapters