← Chapters

အခန်း (၂၂၅-၂၂၆)

Vol. 13 Ch. 225-226

အခန်း (၂၂၅-၂၂၆)

Vol. 13 Ch. 225-226

အခန်း (၂၂၅) - ဒါတွေအားလုံး မြို့စားမင်းဂေဟာရဲ့ လက်ချက်ပဲ

ကျန်းရွှမ်းကောက “အကယ်၍ မသေမျိုးနန်းတော်သာ ပေါ်မလာခဲ့ရင် ကျွန်တော်တို့ သုံးမျိုးနွယ်စုဟာ အဲဒီနေရာကို တိတ်တဆိတ် စူးစမ်းလေ့လာကြမှာဖြစ်သလို နင်းမျိုးနွယ်စုကိုလည်း အဲဒီထဲမှာ ထည့်သွင်းဖို့ ပြင်ဆင်ထားပြီးသားပါ” ဟု ဆိုသည်။

“မြို့စားမင်းဂေဟာဘက်ကနေ ဒီလိုကောင်းမွန်တဲ့ အခြေအနေကို အစပျိုးပြီး ဖျက်ဆီးပစ်လိုက်တာဟာ လုံးဝကို အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်ပဲ”

ကျိုးနုန်းယင်း၏ အကြည့်များမှာ နက်ရှိုင်းလှသည်။ “မဟုတ်ဘူး၊ အဲဒီလိုမဟုတ်ဘူး”

“အရင်က ကျွန်တော်တို့ မသေမျိုးနန်းတော်ကို စူးစမ်းတုန်းက မြို့စားမင်းဂေဟာဟာ သိသိသာသာ အားနည်းနေခဲ့တာ။ မုန့်ခွေဟာ မသေမျိုးနန်းတော်ထဲကို ဝင်လို့မရသလို သူ့ရဲ့ လက်ရုံးတွေဖြစ်တဲ့ ချီတွန်းနဲ့ ဖေးစီတို့လည်း ဝင်လို့မရခဲ့ကြဘူး”

“ရွှေအမြုတေအဆင့်မှာ သူတို့ဟာ အသာစီးမရခဲ့ကြပါဘူး”

“တကယ်တော့ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် စက်မှုကျင့်ကြံသူတွေကြားမှာမှ သူတို့က အနည်းငယ် အားသာချက်ရှိခဲ့တာ”

“တကယ်ဆို အရင်က အသာစီးရနေခဲ့တာဟာ မင်းတို့ ကျန်းမျိုးနွယ်စုပဲလေ”

“မသေမျိုးနန်းတော် ပေါက်ကွဲသွားတဲ့အခါမှာတော့ သူ့ရဲ့ ကာကွယ်ရေးစနစ်တွေ အတော်လေး အားနည်းသွားပြီး အပြင်ပက ကျင့်ကြံသူတွေကို ခေါ်ယူတဲ့ စံနှုန်းတွေလည်း လျော့ကျသွားခဲ့တယ်။ ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့်အထိ နိမ့်ဆင်းသွားခဲ့တာပေါ့”

“အဲဒီ ဝိညာဉ်စွမ်းအား သန့်စင်ခြင်းအဆင့်မှာကျတော့ မြို့စားမင်းဂေဟာဘက်မှာ ဝိညာဉ်အမြစ် ထူးချွန်တဲ့သူတွေ ရှိနေပြန်ရော”

“မီးလျှံနတ်ဆိုး ချော်ရည်နန်းတော် ပေါက်ကွဲပြီးတဲ့နောက်မှာ မုန့်ခွေကိုယ်တိုင် အရေးယူဆောင်ရွက်ခဲ့တယ်။ သူဟာ မီးတောင်ရဲ့ တိမ်တိုက်တွေနဲ့ မီးခိုးငွေ့တွေကြားထဲမှာ ထိုင်ပြီး မီးတောင်ထိပ်ဝကို ပိတ်ဆို့ထားလိုက်တာ။ အဲဒီအချိန်ကစပြီး ကျွန်တော်တို့အားလုံးဟာ အဆက်အသွယ်ပြတ်တောက်သွားပြီး မသေမျိုးနန်းတော်ထဲကို ဝင်ရောက်စူးစမ်းနိုင်ခြင်း မရှိတော့တာပဲ”

ထိုစကားကို ကြားသောအခါ ရွှေအမြုတေအဆင့် ကျင့်ကြံသူများမှာ တိတ်ဆိတ်သွားကြလေသည်။

ကျိုးနုန်းယင်း ပြောသည်မှာ အမှန်ပင်ဖြစ်သည်။ ဤရှုထောင့်မှ ကြည့်လျှင် မသေမျိုးနန်းတော် ပေါက်ကွဲသွားခြင်းမှာ မြို့စားမင်းဂေဟာအတွက် လုံးဝကို အကျိုးရှိသွားစေခဲ့သည်။

ကျိုးနုန်းယင်းက ဆက်၍ “မသေမျိုးနန်းတော် ပေါက်ကွဲသွားတာရယ်၊ ပညာရပ်ဆက်ခံခြင်းခေါင်းလောင်းသံနဲ့ စမ်းသပ်မှုစစ်ဆေးရေးဂိတ်တွေ ပေါ်လာတာရယ်ဟာ မြို့စားမင်းဂေဟာအတွက် မမျှော်လင့်ထားတဲ့ ကိစ္စတွေ ဖြစ်နိုင်ပါတယ်”

“ဒါပေမဲ့ အရှိတရားကတော့ ဝိညာဉ်နဲ့ မသေမျိုးနန်းတော်ထဲ ဝင်ရောက်တဲ့လမ်းကြောင်းမှာ မုန့်ခြုံနဲ့ မြို့စားမင်းဂေဟာက ပြင်ဆင်ရေးအဖွဲ့ဟာ တိုးတက်မှုစာရင်းရဲ့ ထိပ်ဆုံးဆယ်နေရာကို ခိုင်ခိုင်မာမာ ရယူထားနိုင်ခဲ့တာပဲ”

“ဖြစ်နိုင်တာက ဝိညာဉ်နဲ့ဝင်ရတဲ့ မသေမျိုးနန်းတော် လမ်းကြောင်းဟာ မူလကတည်းက မြို့စားမင်းဂေဟာရဲ့ အစီအစဉ်ထဲမှာ ပါဝင်နေတာမျိုးလည်း ဖြစ်နိုင်တယ်”

“ဘာပဲဖြစ်ဖြစ် မြို့စားမင်းဂေဟာဟာ ကျွန်တော်တို့ထက် နှစ်ပေါင်းများစွာ စောပြီး မီးလျှံနတ်ဆိုး ချော်ရည်နန်းတော်ကို ရှာဖွေတွေ့ရှိခဲ့တာလေ”

“အကယ်၍ မိစ္ဆာလျှို့ဝှက်ကျမ်းစာသာ သူတို့လက်ထဲ ရောက်သွားမယ်ဆိုရင် သူတို့ဟာ ကျွန်တော်တို့ မသိသေးတဲ့ လျှို့ဝှက်ချက်အတော်များများကို သိထားကြတယ်ဆိုတာ ပိုပြီး သက်သေပြရာ ရောက်သွားမှာပေါ့”

ကျန်းရွှမ်းကောမှာ မခံမရပ်နိုင်ဖြစ်ကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။

“အဘိုးကြီးကတော့ တကယ့်ကို ကောက်ကျစ်တာပဲ”

“အရိပ်နက် မိစ္ဆာကျင့်ကြံသူဆိုတာ တကယ်တော့ မြို့စားမင်းဂေဟာက လူတစ်ယောက် ဖြစ်နေတာကိုး။ အဲဒီတုန်းက ကျွန်တော်တောင်မှ ကောင်းကောင်းမစောင့်ရှောက်နိုင်ခဲ့တဲ့အတွက် တောင်းပန်ဖို့ မြို့စားမင်းဂေဟာကို သွားခဲ့သေးတာ”

“အဲဒီအချိန်တုန်းက မုန့်ခွေက ကျွန်တော့်ကို သိပ်ပြီး အပြစ်မတင်ခဲ့တော့ သူ့ရဲ့ စိတ်ထားကြီးမြတ်မှုကိုတောင် ချီးကျူးမိသေးတယ်။ အခုကြည့်တော့ ဒါတွေက တကယ့်ကို သရော်စရာကြီးပါလား”

ကျိုးနုန်းယင်းက ခပ်ပြင်းပြင်း သက်ပြင်းချရင်း “မုန့်ခွေ ရာထူးရကတည်းက ကျွန်တော်တို့ သုံးမျိုးနွယ်စုမှာ ကောင်းမွန်တဲ့ နေ့ရက်တွေ ရှိခဲ့ဖူးလို့လား” ဟု ဆိုသည်။

“သူဟာ မုန့်မျိုးနွယ်စုရဲ့ စစ်သူကြီးလေးယောက်ထဲက တစ်ယောက်ဖြစ်ပြီး ပညာရှိစစ်သူကြီးလို့ လူသိများတာ။ အကြံအဖန်နဲ့ လှည့်ကွက်တွေမှာတော့ ကျွန်တော်တို့က သူ့ကို ဘယ်လိုမှ မယှဉ်နိုင်ဘူး”

ကျန်းတန်လျန်က လက်သီးဖြင့် လက်ဝါးကို ရိုက်လိုက်ပြီး “ဒါဆိုရင်တော့ ဒါက အဓိပ္ပာယ်ရှိသွားပြီ”

“မြို့စားမင်းဂေဟာဟာ မသေမျိုးနန်းတော်ကို ဖောက်ခွဲဖို့ အကြာကြီးကတည်းက စီစဉ်ထားတာပဲ”

“သူတို့က စုံစမ်းစစ်ဆေးမှုတွေ လုပ်ထားပြီးသားဖြစ်သလို နောင်လာမယ့် ကာကွယ်ရေးအတွက်လည်း ပြင်ဆင်ထားပြီးသား။ အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် နင်းကျော့က သူ့ရဲ့ စက်မှုမျောက်တွေကို ထုတ်ပြခဲ့တာ”

“ချန်ချာက ဒီအကြောင်းကို ဖေးစီဆီ သတင်းပို့လိုက်တော့ ဖေးစီက နင်းကျော့နဲ့ သူ့ရဲ့ မီးလျှံပေါက်ကွဲမျောက်တွေကို အသုံးချဖို့ ဆုံးဖြတ်လိုက်ပုံရတယ်”

“သူက ချန်ချာကို စက်မှုမျောက်တွေကို ဈေးကွက်ထဲမှာ အများကြီး ရောင်းချဖို့ ညွှန်ကြားခဲ့တာ။ ဒီနည်းနဲ့ အကြီးအကဲကျူးက အရင်းအမြစ် ရှာဖွေခြင်းပညာရပ်ကို သုံးပြီး တရားခံအစစ်ကို စုံစမ်းတဲ့အခါမှာ သဲလွန်စတွေ အများကြီးနဲ့ ရင်ဆိုင်ရပြီး အချိန်တွေ၊ အားစိုက်မှုတွေ အလဟဿ ကုန်ဆုံးသွားအောင် လုပ်ခဲ့တာပဲ”

“အကယ်၍ အကြီးအကဲကျူးက နင်းကျော့ကို နောက်ဆုံးမှာ ရှာတွေ့သွားခဲ့ရင်တောင် နင်းကျော့ဟာ နင်းမျိုးနွယ်စုက ဖြစ်နေတာကြောင့် နင်းမျိုးနွယ်စုရဲ့ ဂုဏ်သိက္ခာကိုလည်း အညစ်အကြေး ပေကျံစေမှာပေါ့”

နင်းကျိုဖန်က လှောင်ပြောင်သည့်အမူအရာဖြင့် “ဒါက ဖေးစီရဲ့ စတိုင်ပဲလေ။ သူက အမြဲတမ်း ဒီလို ကောက်ကျစ်ရက်စက်တတ်တာ” ဟု ဆိုသည်။

ကျန်းတန်လျန်က ဆက်၍ ခွဲခြမ်းစိတ်ဖြာသည်။ “မသေမျိုးနန်းတော်ကို ဖောက်ခွဲဖို့ မီးလျှံဓာတ်ကို အသုံးပြုတာဟာလည်း အကျိုးကျေးဇူးတွေ ရှိသေးတယ်”

“မြို့စားမင်းဂေဟာရဲ့ နည်းလမ်းတွေနဲ့ဆိုရင် ဈေးကွက်ထဲကနေ မီးလျှံဓာတ်တွေကို အများအပြား တိတ်တဆိတ် ဝယ်ယူပြီး ဝယ်ယူခဲ့တဲ့ မှတ်တမ်းတွေကို ဖျက်ပစ်ဖို့ဆိုတာ အလွန်လွယ်ကူတဲ့ ကိစ္စပဲ”

“တကယ်တော့ သူတို့က ဒီလောက်အထိတောင် လုပ်စရာ မလိုပါဘူး။ သူတို့ဟာ နှစ်စဉ် မီးလျှံသီးတွေကို ရိတ်သိမ်းနေကြတာပဲလေ၊ အဲဒါတွေကလည်း မီးလျှံဓာတ် တစ်မျိုးပဲမဟုတ်လား”

“သိုလှောင်ရုံထဲက မီးလျှံသီးတွေ နှစ်စဉ် ပျောက်ဆုံးနေတယ်ဆိုပြီး အကြောင်းပြချက် ပေးလိုက်ရုံနဲ့တင် သူတို့ဟာ မီးလျှံသီးအသုတ်လိုက် ရရှိနိုင်တယ်။ နည်းနည်းလောက် ပြုပြင်လိုက်ရင်ပဲ မီးလျှံဓာတ်တွေ အများကြီး ရလာမှာပေါ့။ သူတို့က ဒီလိုနည်းနဲ့ လုပ်ဆောင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့မှာ ရှာဖွေဖော်ထုတ်နိုင်မယ့် နည်းလမ်း ရှိမှာမဟုတ်ဘူး”

ကျန်းရွှမ်းကောမှာ အတွေးထဲ နစ်ဝင်နေပြီးမှ ဇဝေဇဝါဖြစ်နေသော မျက်နှာပေးဖြင့် “နေပါဦး၊ ကျွန်တော် နားမလည်တာ တစ်ခုရှိသေးတယ်”

“မီးလျှံနတ်ဆိုး ချော်ရည်နန်းတော်ကို မြို့စားမင်းဂေဟာကပဲ ဖောက်ခွဲခဲ့တာဆိုရင် အရိပ်နက် မိစ္ဆာကျင့်ကြံသူက ဘာဖြစ်လို့ မီးလျှံတောင် မသေမျိုးမြို့တော်မှာ ပြန်ပေါ်လာပြီး ချီတွန်းရဲ့ လိုက်လံဖမ်းဆီးခြင်းကို ခံနေရတာလဲ။ သူက အလုပ်ပြီးတာနဲ့ ထွက်သွားလို့ရနေတာပဲကိုး၊ ဒါက ပိုနေတာ မဟုတ်ဘူးလား”

ကျန်းတန်လျန်မှာလည်း ဤအချက်ကို မစဉ်းစားတတ်သဖြင့် တိတ်ဆိတ်သွားလေသည်။

ထိုအချိန်တွင် ကျိုးနုန်းယင်းက ရယ်မောလိုက်ပြီးမှ “ငါနားလည်သွားပြီ။ ဒါဟာ မြို့စားမင်းဂေဟာရဲ့ အစီအစဉ်ထဲက တကယ့်ကို ပြောင်မြောက်တဲ့ အချက်ပဲ” ဟု ဆိုသည်။

“မုန့်ခွေရဲ့ အုပ်ချုပ်မှုအောက်မှာ မီးလျှံတောင် မသေမျိုးမြို့တော်ထဲ အရိပ်နက် မိစ္ဆာကျင့်ကြံသူ ပေါ်လာပြီး မသေမျိုးနန်းတော်ကို ဖောက်ခွဲသွားတယ်ဆိုတာ မုန့်ခွေအတွက်တော့ နိုင်ငံရေးအရ အမည်းစက်တစ်ခု ဖြစ်သွားစေမှာ”

“ဒါ့အပြင် အရိပ်နက် မိစ္ဆာကျင့်ကြံသူဆိုတာ သိသာထင်ရှားဆုံး သဲလွန်စဖြစ်နေတော့ နတ်ဘုရားမုဆိုးရုံးရဲ့ စုံစမ်းစစ်ဆေးမှုကို နောက်ဆုံးမှာ ခံရမှာပဲလေ”

“ဒါကြောင့် မြို့စားမင်းဂေဟာဟာ မသေမျိုးနန်းတော်ကို ဖောက်ခွဲပြီးတဲ့နောက်မှာ အရိပ်နက် မိစ္ဆာကျင့်ကြံသူကို နောက်တစ်ကြိမ် ပြန်ပေါ်လာအောင် စီစဉ်ခဲ့ပြီး လူအများရှေ့မှာ ချီတွန်းနဲ့ ရင်ဆိုင်ခိုင်းခဲ့တာပဲ”

“ချီတွန်းက သူ့ကို မီးလျှံသီးတောအုပ်ထဲအထိ လိုက်ဖမ်းပြခြင်းအားဖြင့် မြို့စားမင်းဂေဟာရဲ့ စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသသလို ဖြစ်သွားပြီး မိတ်ဆွေကျန်းရွှမ်းကောရဲ့ မစွမ်းဆောင်နိုင်မှုကိုလည်း မီးမောင်းထိုးပြလိုက်သလို ဖြစ်သွားတာပေါ့။ တစ်ဖက်မှာလည်း အရိပ်နက် မိစ္ဆာကျင့်ကြံသူဟာ မြို့စားမင်းဂေဟာကို ဆန့်ကျင်နေတယ်ဆိုတဲ့ အထင်အမြင်မျိုး အများပြည်သူ စိတ်ထဲမှာ စွဲထင်သွားအောင် လုပ်လိုက်တာပဲ”

“ဒါဟာ မြို့စားမင်းဂေဟာက စီစဉ်ထားတဲ့ ပြဇာတ်တစ်ခုပဲဆိုတာ ကျွန်တော်တို့ တစ်ယောက်မှ မသိခဲ့ကြဘူး”

“ချီတွန်းက အရိပ်နက် မိစ္ဆာကျင့်ကြံသူနဲ့ တိုက်ခိုက်ဖို့ မီးလျှံသီးတောအုပ်ထဲကို လိုက်သွားဖို့ ကြံရွယ်ခဲ့ပေမဲ့ ဖေးစီက တားဆီးလိုက်တယ်”

“အဲဒီနောက်မှာ ဖေးစီက အရိပ်နက် မိစ္ဆာကျင့်ကြံသူကို တိတ်တဆိတ် လွှတ်ပေးလိုက်တာပဲ။ သူက မီးလျှံသီးတောအုပ်ထဲက အစီအရင်အားလုံးကို တာဝန်ယူထားရသူဆိုတော့ ဒါဟာ သူ့အတွက် အလွန်လွယ်ကူတဲ့ ကိစ္စလေ”

“ချီတွန်းက ဒါကို သိသလား မသိဘူးလား ဆိုတာကတော့... ငါသူ့ရဲ့ စရိုက်ကို သိထားသလောက်တော့ သူ မသိဘူးလို့ပဲ ထင်မိတယ်။”

“အကယ်၍ သူသာ ဒီလျှို့ဝှက်ချက်ကို သိနေရင် ဖုံးကွယ်ဖို့ ခက်လိမ့်မယ်၊ သူ့ရဲ့ အမူအရာနဲ့ စကားလုံးတွေမှာ ပေါ်လာမှာပဲ။ ဒါကြောင့် ဒီအစီအစဉ်ကို ဖေးစီကပဲ နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တာလို့ ငါ ရဲရဲဝံ့ဝံ့ ခန့်မှန်းရဲတယ်”

နင်းကျိုဖန်ကလည်း သဘောပေါက်သွားပြီး “ဖေးစီက အရိပ်နက် မိစ္ဆာကျင့်ကြံသူကို ကြိုပြီး လွှတ်ပေးလိုက်လို့ပဲ ကျွန်တော်တို့ မီးလျှံသီးတောအုပ်ထဲမှာ သူ့ရဲ့ အရိပ်အယောင်ကိုတောင် ရှာမတွေ့ခဲ့တာပေါ့” ဟု ဖြည့်စွက်ပြောသည်။

“မြေလှန်ရှာခဲ့တာတောင် ဘာမှ မတွေ့ခဲ့ဘူးလေ”

“တစ်ခုလုံးကို ပြန်ကြည့်ရင် အကြီးအကဲ ကျူးရွှမ်းကျိက သူ့ရဲ့ နတ်ဘုရားမျက်စိနဲ့ ရွှေမျက်စိ ပညာရပ်ကို သုံးပြီး စုံစမ်းခဲ့တာ။ ဒီလိုနည်းလမ်းနဲ့တောင် အရိပ်နက် မိစ္ဆာကျင့်ကြံသူကို ရှာမတွေ့နိုင်စရာ အကြောင်းမရှိဘူး”

“ဒီဖြစ်ရပ်ကြောင့် မီးလျှံတောင် မသေမျိုးမြို့တော်ရဲ့ အထက်ပိုင်း အလွှာတစ်ခုလုံးရဲ့ ဂုဏ်သိက္ခာ ညိုးနွမ်းခဲ့ရတာပေါ့။ အရိပ်နက် မိစ္ဆာကျင့်ကြံသူဟာ ဘယ်လို ပျောက်သွားတာလဲ၊ ဘယ်ကို ရောက်သွားတာလဲဆိုတာ ဘယ်သူမှ မသိခဲ့ကြဘူး”

“ဒါပေမဲ့ ဒါကြောင့်ပဲ မြို့စားမင်းဂေဟာဟာ သံသယကင်းရှင်းသွားခဲ့တာ”

ဤအချက်အထိ ခွဲခြမ်းစိတ်ဖြာပြီးနောက် နင်းကျိုဖန်က မျက်မှောင်ကြုတ်ကာ “ဒါပေမဲ့ ဘာဖြစ်လို့ မြို့စားမင်းဂေဟာက ယွမ်တာရှန့်ကို လူအများရှေ့မှာ သတ်ခဲ့တာလဲ” ဟု ရေရွတ်လိုက်သည်။

ကျိုးနုန်းယင်းက ခပ်ပါးပါး ပြုံးရင်း “ယွမ်တာရှန့်ရဲ့ သေဆုံးမှုဟာ မြို့စားမင်းဂေဟာကြောင့်လို့ ဘယ်သူက ထင်မှာလဲ” ဟု မေးလိုက်သည်။

“ငါထင်တာကတော့ အရိပ်နက် မိစ္ဆာကျင့်ကြံသူ ရှိနေဆဲပဲဆိုတဲ့ အထင်အမြင်မျိုးကို ဖန်တီးဖို့ ယွမ်တာရှန့်ကို တိုက်ခိုက်ခဲ့တာ ဖြစ်လိမ့်မယ်။ အဲဒီလိုလုပ်ပြီး နောက်ဆက်တွဲ အပြစ်တွေကို ကျွန်တော်တို့အားလုံးပေါ် ပုံချလိုက်တာပေါ့”

“ဘာပဲဖြစ်ဖြစ် အဲဒီအချိန်မှာ ရှိနေခဲ့ကြတာက မြို့စားမင်းဂေဟာက ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေတင် မဟုတ်ဘဲ ကျွန်တော်တို့ သုံးမျိုးနွယ်စုနဲ့ အကြီးအကဲ ကျူးရွှမ်းကျိတောင် ရှိနေတာလေ။ ကျွန်တောိတို့အားလုံးက အရိပ်နက် မိစ္ဆာကျင့်ကြံသူကို သတိမထားမိခဲ့ကြဘူး”

“အဲဒီ အကြောင်းပြချက်အပြင် ယွမ်တာရှန့်ကို တိုက်ခိုက်တာဟာ သူပိုင်ဆိုင်တဲ့ မိစ္ဆာလျှို့ဝှက်ကျမ်းစာကြောင့်လည်း ဖြစ်မှာပဲ”

နင်းကျိုဖန်က မျက်မှောင်ကြုတ်ကာ “ဘာဖြစ်လို့ ယွမ်တာရှန့်ကို နေ့ခင်းကြောင်တောင် လူအများရှေ့မှာ သတ်ရတာလဲ။ အကယ်၍ ကျွန်တော်သာ ဖေးစီဆိုရင် ပိုပြီး သတိထားမှာဖြစ်သလို မီးလျှံသီးပွဲတော် ပြီးတဲ့အထိ စောင့်ပြီးမှ တိတ်တဆိတ် လုပ်ကြံမှာပေါ့” ဟု ဆိုသည်။

ကျိုးနုန်းယင်းက “ဖြစ်နိုင်တာက သူတို့ဟာ အဲဒီအချိန်မှာပဲ မိစ္ဆာလျှို့ဝှက်ကျမ်းစာကို ရှာတွေ့သွားတာ နေမှာ။ အချိန်ဆွဲနေရင် ရှုပ်ထွေးမှုတွေ ဖြစ်လာမှာစိုးလို့ ချက်ချင်း အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်မှာပါ” ဟု ပြန်ဖြေသည်။

“ဒါမှမဟုတ် သူတို့က ယွမ်တာရှန့်ဆီမှာ မိစ္ဆာလျှို့ဝှက်ကျမ်းစာ ရှိနေတာကို အကြာကြီးကတည်းက သိထားပြီးသားဖြစ်သလို အဲဒါကိုလည်း ယူထားပြီးသား ဖြစ်နေနိုင်တယ်။ မီးလျှံသီးပွဲတော်မှာ ယွမ်တာရှန့်ကို တိုက်ခိုက်တာဟာ သူ့ကို ရှင်းထုတ်ပြီး သဲလွန်စတွေအားလုံးကို ဖျက်ဆီးပစ်ဖို့ပဲ”

“ဒါပေမဲ့ သူတို့ မမျှော်လင့်ထားတဲ့ ကိစ္စတစ်ခု ဖြစ်လာခဲ့တယ်”

“အဲဒီကိစ္စကတော့ အကြီးအကဲ ကျူးရွှမ်းကျိပဲ”

ဤနေရာတွင် ကျိုးနုန်းယင်းနှင့် အခြားသူများမှာ ကျူးရွှမ်းကျိဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

ကျူးရွှမ်းကျိက ခေါင်းကို အနည်းငယ် ငြိမ့်ပြကာ “ငါယွမ်တာရှန့်ရဲ့ သစ္စာရှိမှုကို သဘောကျသွားပြီး ကိုယ်တိုင် ကိုယ်ထည် ထွက်လာပြီး သူ့အသက်ကို ကယ်ဖို့ ဆုံးဖြတ်ခဲ့တာ” ဟု ဆိုသည်။

“ငါ မှတ်မိနေတာကတော့ ဖေးစီကို အစီအရင်ကို ဖွင့်ပေးဖို့ ခိုင်းတဲ့အခါ သူက တွန့်ဆုတ်နေပြီး ငါ့အမိန့်ကို မလိုက်နာချင်သလို ဖြစ်နေခဲ့တယ်”

“ငါ ယွမ်တာရှန့်ကို သေလုနီးပါး အခြေအနေကနေ ကယ်တင်နိုင်ခဲ့တာတော့ အမှန်ပဲ။ ဒါပေမဲ့ နောက်ဆုံးမှာ ဖေးစီက သူ့အစီအစဉ်ကို အောင်မြင်အောင် လုပ်သွားနိုင်ခဲ့တယ်”

“သူက ခါးချိတ်တံဆိပ်ပြားကို နင်းကျော့လက်ထဲ ထည့်ပေးလိုက်ပြီး နင်းကျော့ရဲ့ ကိုယ်ကျိုးစီးပွားကို အသုံးချကာ သူ့အတွက် အလုပ်လုပ်ခိုင်းလိုက်တာ။ နင်းကျော့က မျောက်ခေါင်းဂိုဏ်းရဲ့ အခြေစိုက်စခန်းကို သွားပြီး ယွမ်တာရှန့်ကို မကယ်တင်ဖို့ ယွမ်အာကို ဖျောင်းဖျခဲ့တယ်။ ဒါကြောင့်လည်း ယွမ်တာရှန့်ဟာ ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ရတာပေါ့”

“အခုပြန်စဉ်းစားကြည့်ရင် ဒါဟာ ဖေးစီ ချန်ထားခဲ့တဲ့ သေးငယ်တဲ့ အားနည်းချက်တစ်ခုပဲ”

ခဏမျှ ရပ်တန့်ပြီးနောက် ကျူးရွှမ်းကျိက ဆက်ပြောသည်။ “ယွမ်တာရှန့် သေဆုံးတဲ့အချိန်မှာ ယွမ်အာရော နင်းကျော့ရော နှစ်ယောက်လုံး ရှိနေခဲ့တာ။ အကယ်၍ အဲဒီအချိန်မှာ မိစ္ဆာလျှို့ဝှက်ကျမ်းစာသာ ပေါ်ထွက်လာခဲ့မယ်ဆိုရင် ယွမ်အာက သိနေမှာပဲ”

“နင်းကျော့က ယွမ်တာရှန့်ရဲ့ အလောင်းကို ယူပြီး ချန်ချာရဲ့ စက်မှုအလုပ်ရုံကို ချက်ချင်း သွားခဲ့တယ်။ ငါတို့ အဲဒီကို ရောက်သွားတဲ့အချိန်မှာ သူတို့က သွေးအနှစ်သာရတွေကို သန့်စင်ပြီးနေပြီ”

“အခုပြန်စဉ်းစားကြည့်ရင် ငါတို့က နည်းနည်းလေး နောက်ကျသွားခဲ့တာ။ အကယ်၍ ငါတို့သာ နည်းနည်းလေး ပိုမြန်ခဲ့ရင် တစ်ခုခုကို ရှာတွေ့ခဲ့မှာ ဖြစ်နိုင်တယ်”

ကျူးရွှမ်းကျိမှာ နောင်တရစွာဖြင့် သက်ပြင်းချလိုက်သည်။

အကယ်၍ သူသာ ပိုမြန်ခဲ့လျှင် ဤမျှကြာအောင် အမှောင်ထဲမှာ ရှိနေမည် မဟုတ်ပေ။

ရွှေအမြုတေအဆင့် ကျင့်ကြံသူ သုံးယောက်မှာလည်း စကားမဆိုနိုင်ဘဲ ရှိနေကြသည်။

အရိပ်နက် မိစ္ဆာကျင့်ကြံသူ ဖြစ်ရပ်ကြောင့် သူတို့မှာ အတော်လေး မျက်နှာပျက်ခဲ့ရသည်။

ယခု အမှန်တရား ပေါ်လာသည့်အခါတွင် ဤကဲ့သို့ ဖြစ်နေမည်ဟု သူတို့ မထင်ထားခဲ့ကြပေ။ တကယ်တော့ ဒါဟာ မြို့စားမင်းဂေဟာက သူခိုးက လူဟစ်ပြီး လုပ်ဆောင်ခဲ့သည့် ကိစ္စပင် ဖြစ်နေသည်။

မီးလျှံသီးပွဲတော် ဖြစ်ရပ်ကြောင့် မြို့စားမင်းဂေဟာဘက်ကလည်း အနည်းငယ် မျက်နှာပျက်ခဲ့ရသော်လည်း သူတို့ ရရှိလိုက်သည့် အကျိုးကျေးဇူးက ပိုများသည်။

တစ်ဖက်တွင် သူတို့ကိုယ်သူတို့ သံသယကင်းရှင်းအောင် လုပ်နိုင်ခဲ့သလို အခြားတစ်ဖက်တွင်လည်း ယွမ်တာရှန့်ကို ရှင်းထုတ်နိုင်ခဲ့သည်။

“ဒါဆိုရင် မြို့စားမင်းဂေဟာက မိစ္ဆာလျှို့ဝှက်ကျမ်းစာကို ရသွားတာပေါ့ ဟုတ်လား” ဟု ကျန်းတန်လျန်က မေးလိုက်သည်။

“ဒါဟာ ရွှေအမြုတေအဆင့် မိစ္ဆာကျင့်စဉ်ပဲ။ အထဲမှာ ဘာတွေပါလဲဆိုတာ ကျွန်တော်တို့ မသိရပေမဲ့ ဘိုးဘေးသုံးယောက် ဖန်တီးခဲ့တာဆိုတော့ တကယ့်ကို ထူးခြားပြောင်မြောက်တဲ့ ပညာရပ် ဖြစ်မှာ အသေအချာပဲ”

မိစ္ဆာလျှို့ဝှက်ကျမ်းစာ အကြောင်း ပြောလိုက်သောအခါ ရွှေအမြုတေအဆင့် ကျင့်ကြံသူအားလုံး၏ မျက်နှာတွင် လိုချင်တပ်မက်မှုနှင့် စပ်စုလိုသည့် အရိပ်အယောင်များ ပေါ်လာကြသည်။

“ကျမ်းစာကို ဘယ်အချိန်မှာ အတိအကျ ယူသွားတာလဲ” သူတို့ ဆက်လက် ဆွေးနွေးကြသည်။

“ဖြစ်နိုင်တာကတော့ အရင်ကတည်းက တိတ်တဆိတ် ခိုးယူထားတာ ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ယွမ်တာရှန့်က ချော်ရည်နတ်ဆိုးမျောက် တစ်ကောင်ပဲလေ။ လူသားတွေရဲ့ မသေမျိုးမြို့တော်ထဲမှာ ကျမ်းစာ အခိုးခံရပါတယ်လို့ သူက ဘယ်လိုလုပ်ပြီး လူသိရှင်ကြား ပြောရဲမှာလဲ”

“ကျွန်တော်ကတော့ မီးလျှံသီးပွဲတော်အတွင်းမှာ ဖြစ်သွားတာလို့ပဲ ယူဆတယ်။ အခုပြန်ကြည့်ရင် ယွမ်တာရှန့်ရဲ့ မှားယွင်းမှုဟာ တကယ့်ကို သံသယဖြစ်စရာပဲ”

“မီးလျှံသီးတောအုပ်ထဲက အစီအရင်တွေကို ထိန်းချုပ်ထားတဲ့ ဖေးစီမှာတော့ ဒါဟာ ယွမ်တာရှန့်ရဲ့ အမှားကြောင့် ဖြစ်ရတာပါလို့ ကျွန်တော်တို့ ထင်သွားအောင် ဖန်တီးနိုင်စွမ်း ရှိတယ်လေ”

“အမှားကြောင့် ပေါက်ကွဲမှု ဖြစ်သွားတာကလည်း ကျွန်တော်တို့ရဲ့ အာရုံကို ခဏတာ လွဲဖယ်လိုက်သလို ဖြစ်သွားတာပေါ့”

ကျူးရွှမ်းကျိက ရုတ်တရက် စကားစလိုက်သည်။ “မကြာခင်မှာပဲ ယွမ်အာလည်း သေသွားတယ်ဆိုတာ မင်းတို့ သိကြလား”

“အဲဒီနောက်မှာ မျောက်ခေါင်းဂိုဏ်း တစ်ခုလုံးကို နင်းကျော့က အတင်းအကျပ် သိမ်းပိုက်လိုက်တာ။ ဒီနေ့မှာတော့ သူတို့အားလုံးက နင်းကျော့အတွက် အလုပ်လုပ်ပေးနေကြပြီး မှောင်ခိုဈေးကွက်ကို စီမံခန့်ခွဲပေးနေကြတာ”

ချက်ချင်းဆိုသလိုပင် ရွှေအမြုတေအဆင့် ဘိုးဘေး သုံးယောက်စလုံး၏ စိတ်ထဲတွင် အတွေးတစ်ခု တူညီစွာ ပေါ်လာသည် - သက်သေဖျောက်ဖို့ နှုတ်ပိတ်သတ်လိုက်တာပဲ။

“မြို့စားမင်းဂေဟာက သဲလွန်စတွေအားလုံးကို ဖျက်ဆီးပစ်ချင်နေတာပဲ”

“ဒါဆို ဘာဖြစ်လို့ နင်းကျော့က အန္တရာယ်ကင်းနေတာလဲ”

“ဟုတ်တယ်၊ အကယ်၍ ကျွန်တော်သာ ဖေးစီဖြစ်ပြီး ဒီလို အစီအစဉ်မျိုးကို ဆွဲခဲ့မယ်ဆိုရင် နင်းကျော့ဟာ အသုံးချခံရတာပဲ ဖြစ်ဖြစ်၊ ဘာမှမသိတာပဲ ဖြစ်ဖြစ် သူက ပတ်သက်မှုတွေ အများကြီး ရှိနေတာလေ။ သတိထားတဲ့အနေနဲ့ဆိုရင် နင်းကျော့ကိုလည်း သတ်ပစ်မှာပဲ”

ကျူးရွှမ်းကျိက ခပ်ပါးပါး ပြုံးလိုက်ရင်း “မင်းတို့ မေ့နေပုံရတယ်။ မီးလျှံသီးပွဲတော် ပြီးလို့ မကြာခင်မှာပဲ မင်းတို့ သုံးမျိုးနွယ်စုရဲ့ ပါရမီရှင် ကျင့်ကြံသူတွေလည်း တစ်ပြိုင်နက်တည်း လုပ်ကြံခံခဲ့ရတာလေ”

“မုန့်ခြုံလည်း တိုက်ခိုက်ခံခဲ့ရပေမဲ့ လုပ်ကြံသတ်ဖြတ်သူကို အပြတ်အသတ် ရှင်းပစ်နိုင်ခဲ့တယ်”

“မင်းတို့ သုံးမျိုးနွယ်စုကတော့ အတော်လေး အထိနာခဲ့တာပေါ့”

“နင်းကျော့လည်း ပစ်မှတ်ထားခံခဲ့ရတယ်။ သူ့ရဲ့ ဂေဟာတစ်ခုလုံး ပေါက်ကွဲသွားခဲ့ပြီး သူကတော့ အသက်ဘေးကနေ သီသီလေး လွတ်မြောက်ခဲ့တာ”

“ငါ စုံစမ်းစစ်ဆေးမှုမှာ ပါဝင်ခဲ့တုန်းက ထူးဆန်းတဲ့ ခံစားချက်တစ်ခုကို အမြဲ ရနေခဲ့တယ်”

“အခုပြန်စဉ်းစားကြည့်မှ အဲဒီ ထူးဆန်းတဲ့ ခံစားချက်က ဘယ်ကလာလဲဆိုတာ ငါ နားလည်သွားပြီ”

“အခြား ပါရမီရှင် ကျင့်ကြံသူတွေကတော့ အဆိပ်ခတ်တာ ဒါမှမဟုတ် ဓားနဲ့ထိုးတာမျိုးလို ထိန်းချုပ်ထားတဲ့ လုပ်ကြံမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာ”

“နင်းကျော့ တစ်ယောက်တည်းကသာ ပေါက်ကွဲမှုနဲ့ တိုက်ခိုက်ခံခဲ့ရတာ၊ အခြားသူတွေနဲ့ လုံးဝကို ကွဲပြားနေတယ်။”

“အကယ်၍ မြို့စားမင်းဂေဟာရဲ့ ရည်ရွယ်ချက်က အခြားကျင့်ကြံသူတွေရဲ့ စူးစမ်းလေ့လာမှု တိုးတက်မှုကို နှောင့်နှေးအောင် လုပ်ဖို့ပဲဆိုရင်တောင် နင်းကျော့ကို သတ်ဖို့ ကြိုးစားခဲ့တာကတော့ ရှင်းနေတာပဲ - ဒါဟာ နင်းကျော့ရဲ့ အသက်ကို နှုတ်ဖို့ ရည်ရွယ်ခဲ့တာပဲ”

ဤသို့ပြောပြီးနောက် ကျူးရွှမ်းကျိက အခန်းထဲရှိ လူများကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

“ငါ မင်းတို့ကို အားလုံး ရှင်းပြပြီးပါပြီ”

“အခုဆိုရင် ငါဘာဖြစ်လို့ နင်းကျော့ကို ဒီလောက်အထိ အတင်းအကျပ် လိုက်ရှာနေရသလဲဆိုတာ မင်းတို့ နားလည်လောက်ပါပြီ”

ခန်းမဆောင်ကြီးမှာ တိတ်ဆိတ်သွားလေသည်။

“မြက်ပင်ကို ရိုက်ပြီး မြွေကို ထိတ်လန့်အောင် လုပ်တာပဲ”

“မြွေကို တွင်းထဲကနေ ထွက်လာအောင် မျှားထုတ်လိုက်တာပေါ့”

ကျိုးနုန်းယင်းနှင့် ကျန်းတန်လျန်တို့က တစ်ပြိုင်နက်တည်း တစ်ယောက်တစ်ခွန်း ပြောလိုက်ကြလေတော့သည်။

အခန်း (၂၂၆) ဝန်ခံစာနှင့် သတင်းကောင်းပေးစာ

ထိုအချိန်တွင် ရွှေအမြုတေအဆင့် ကျင့်ကြံသူ သုံးမျိုးနွယ်စုမှ လူများအားလုံးသည် ကျူးရွှမ်းကျိ၏ လှုပ်ရှားမှုတိုင်း၌ ကိန်းဝပ်နေသော နက်ရှိုင်းသည့် အဓိပ္ပာယ်ကို အပြည့်အဝ နားလည်သဘောပေါက်သွားကြလေပြီ။

ကျူးရွှမ်းကျိသည် ဤအရာကို တမင်တကာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ နင်းကျော့၏ လျှို့ဝှက်ချက်များ ပေါ်ပေါက်သွားပြီဖြစ်ကြောင်း မြို့စားမင်းဂေဟာအား သိစေလိုခြင်းပင် ဖြစ်သည်။

ကျူးရွှမ်းကျိသည် ဤသဲလွန်စကို ဆုပ်ကိုင်မိခြင်းမှာ မြို့စားမင်းဂေဟာ၏ အမြီးကို နင်းမိခြင်းနှင့် အလားသဏ္ဌာန်တူပေရာ ၎င်းတို့အား နင်းကျော့ကို ရှင်းလင်းပစ်ရန် ဖိအားပေးလိုက်သကဲ့သို့ ဖြစ်သွားပြီး ထိုမှတစ်ဆင့် ပို၍ကြီးမားသော အားနည်းချက်များ ပေါ်ထွက်လာစေရန် ဖန်တီးလိုက်ခြင်းပင် ဖြစ်သည်။

"ကျွန်တော့်မှာ မေးစရာတစ်ခုရှိတယ်" ဟု ကျန်းရွှမ်းကောက ဆိုသည်။ "ကျွန်တော်သာ ဖေးစီနေရာမှာဆိုရင် နင်းကျော့ကို တစ်ကြိမ်လုပ်ကြံလို့ မအောင်မြင်ရင် နောက်တစ်ကြိမ် ထပ်ပြီးတော့ကို တိုက်ခိုက်မှာပဲ။ ဘာလို့ နင်းကျော့ကို အခုထိ အသက်ချန်ထားရတာလဲ"

ကျူးရွှမ်းကျိက ရှင်းပြသည်မှာ "ငါရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ နင်းကျော့ဟာ အတိုက်ခိုက်ခံရပြီး သူ့အိမ်လေး ပျက်စီးသွားပြီးတဲ့နောက်မှာ အခွင့်အရေးကို အရယူပြီး နင်းမျိုးနွယ်စုရဲ့ ဘိုးဘေးမြေဆီကို ပြောင်းရွှေ့နေထိုင်သွားခဲ့တယ်"

ကျိုးနုန်းယင်းကလည်း ထောက်ခံလေသည်။ "ကျွန်တော်တို့ သုံးမျိုးနွယ်စုက ပါရမီရှင် လူငယ်ကျင့်ကြံသူတွေ အားလုံးလည်း အတိုက်ခိုက်ခံခဲ့ရတာပဲ။ မှတ်မိသလောက်ဆိုရင် အဲဒီတုန်းက အကြီးအကဲကျူးကို ဒီကိစ္စ စုံစမ်းပေးဖို့ ကျွန်တော်တို့ကိုယ်တိုင် တောင်းဆိုခဲ့ကြတာ"

"အဲဒီအချိန်တုန်းက မြို့စားမင်းဂေဟာဟာ အကြီးအကဲကျူးရဲ့ စွမ်းဆောင်ရည်ကို ကြောက်ရွံ့နေခဲ့ပုံရတယ်။ အခြေအနေက အရမ်း တင်းကျပ်နေတယ်လို့ ခံစားမိတာကြောင့် ခေတ္တခဏ နောက်ဆုတ်ပေးလိုက်တာ ဖြစ်နိုင်ပါတယ်။ ဒါဟာ သဘာဝကျတဲ့ လုပ်ရပ်ပါပဲ"

ကျူးရွှမ်းကျိက ဆက်လက်၍ "မှန်တယ်။ ငါ သဲလွန်စ အမျိုးမျိုးကို စုဆောင်းခဲ့ပေမဲ့ ဒါတွေဟာ မီးလျှံပေါက်ကွဲမျောက်အကြောင်း စုံစမ်းတုန်းကလိုပဲ ငါရဲ့ အာရုံကို လွှဲဖို့နဲ့ ဝေဝေဝါးဝါး ဖြစ်အောင် လုပ်ဖို့သက်သက်ပဲ။ ဒါကြောင့် ငါက အဲဒီသဲလွန်စတွေနောက်ကို ဆက်မလိုက်တော့ဘဲ စုံစမ်းစစ်ဆေးရမယ့် စာရင်းတစ်ခုကို ပြင်ဆင်ပြီး တစ်ယောက်ချင်းစီကို စနစ်တကျ စစ်ဆေးခဲ့တာ"

"နင်းကျော့ဟာ တဖြည်းဖြည်းနဲ့ ထင်ပေါ်လာပြီး ပိုပြီးတော့လည်း ထူးချွန်လာတယ်။ ဒါကြောင့် မြို့စားမင်းဂေဟာအနေနဲ့ သူ့ကို အရင်ကထက် အရေးယူဖို့ ပိုခက်ခဲသွားတာပေါ့။ သူတို့ရဲ့ တကယ့်ရည်ရွယ်ချက်ကို ဖုံးကွယ်ဖို့အတွက် လူတစ်ယောက်တည်းကိုပဲ သတ်ပစ်လို့ မရဘူးလေ။ အဲဒီလိုလုပ်ရင် သူတို့ဆီကို ခြေရာခံဖို့ ငါအတွက် အရမ်း လွယ်ကူသွားမှာပေါ့"

"ဒါပေမဲ့ အခု ပြန်ကြည့်လိုက်ရင်တော့ နောက်ထပ် အကြောင်းပြချက်တစ်ခုလည်း ရှိနိုင်သေးတယ်"

"နင်းကျော့က လူတွေရဲ့ မျက်နှာသာရအောင် လုပ်ရာမှာ ကျွမ်းကျင်ပြီး ဖေးစီနဲ့ အမြဲတမ်း နီးနီးကပ်ကပ် နေခဲ့တာ။ သူက ပါရမီရှိတာကို ပြသခဲ့ပေမဲ့ နင်းမျိုးနွယ်စုရဲ့ ပင်မမျိုးနွယ်ဝင်တွေရဲ့ အမုန်းခံရပြီး ဖိနှိပ်ခံထားရသူ။ ထိုကဲ့သို့သော အခြေအနေမျိုးဟာ သူ့ကို မဟာမိတ်ဖွဲ့ဖို့အတွက် အလွန်တန်ဖိုးရှိတဲ့သူ ဖြစ်စေခဲ့တာပေါ့"

"မြို့စားမင်းဂေဟာက ဖေးစီက ဒါကို ရိပ်မိပုံရတယ်"

"သူ့အနေနဲ့ စဉ်းစားမိမှာက ငါရဲ့ အာရုံဟာ စုံစမ်းစစ်ဆေးရေးစာရင်းပေါ်မှာပဲ ရှိနေပြီး သူတို့ရဲ့ အချက်အချာကျတဲ့ အပိုင်းတွေနဲ့ အလှမ်းဝေးနေတာကြောင့် အရေးယူဖို့ကို အလျင်မလိုခဲ့တာ ဖြစ်နိုင်တယ်။ အဲဒီအစား နင်းကျော့ကို သူတို့ရဲ့ နယ်ရုပ်တစ်ရုပ်အဖြစ် မွေးမြူဖို့တောင် စဉ်းစားခဲ့တာ ဒါမှမဟုတ် မွေးမြူချင်ခဲ့တာ ဖြစ်နိုင်တယ်"

"နင်းကျော့က အရေးမပါတဲ့ လူငယ်လေးတစ်ယောက်သာ ဖြစ်တယ်။ သူက သူတို့ရဲ့ အဓိကပစ်မှတ် မဟုတ်ဘဲ အသုံးချခံရမယ့်သူ သက်သက်ပဲ"

"အခု အဓိကအချက်ကတော့ ငါဟာ သူ့အပေါ်မှာ သံသယရှိတာကို သိသွားပြီး မြို့စားမင်းဂေဟာရဲ့ အမြီးကို ဆုပ်ကိုင်မိသွားတာပဲ။ အကယ်၍ မြို့စားမင်းဂေဟာက နင်းကျော့ကို လုပ်ကြံဖို့ပဲ အစွဲအလမ်းကြီးနေမယ်ဆိုရင် အားနည်းချက်တွေ ပေါ်လာလိမ့်မယ်။ ဒါဟာ ငါတို့အတွက်တော့ အကောင်းဆုံး အခွင့်အရေးပဲ"

"ဒါကြောင့်လည်း အခုတစ်ခေါက် မင်းတို့အားလုံးကို ငါခေါ်လိုက်ရတာ"

"ပြီးခဲ့တဲ့အကြိမ်တုန်းက ငါတို့ မီးလျှံတောင်တန်း အောက်ခြေမှာရှိတဲ့ ချော်ရည်နတ်ဆိုးမျောက်တွေရဲ့ နန်းရင်ပြင်ကို အတူတူ စူးစမ်းခဲ့ကြသေးတယ်"

"ဒီတစ်ခါတော့ မြို့စားမင်းဂေဟာကို အတူတူ နှိမ်နင်းကြရအောင်"

သုံးမျိုးနွယ်စုမှ ကျင့်ကြံသူများသည် စိတ်လှုပ်ရှားမှုကြောင့် မျက်လုံးများ ဝိုင်းစက်သွားကြပြီး ရင်ထဲ၌လည်း လှိုင်းတံပိုးများ ထသကဲ့သို့ ခံစားလိုက်ကြရသည်။

"တကယ်ပဲ၊ ဒါဟာ အလွန်ကောင်းမွန်တဲ့ အခွင့်အရေးပါပဲ" ဟု ကျန်းတန်လျန်က ပထမဦးဆုံး ထောက်ခံလိုက်သည်။

ကျန်းရွှမ်းကောကလည်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် "ဟုတ်တယ်၊ ဟုတ်တယ်" ဟု ဆိုလေသည်။

သူသည် ထိုနေရာတွင် ရှိနေသူများထဲ၌ စိတ်အလှုပ်ရှားဆုံး ဖြစ်နေ၏။

"မုန့်ခွေသာ အမှားကြီးတစ်ခု ကျူးလွန်မိပြီဆိုရင် အကြီးအကဲကျူးအနေနဲ့ တစ်ပြည်လုံးရဲ့ အခြေအနေကို ထိန်းချုပ်ဖို့ တမ်းတခြင်းပြည်ရဲ့ တော်ဝင်မိသားစုကို ကြားဝင်ခိုင်းဖို့ ခိုင်လုံတဲ့ အကြောင်းပြချက် ရသွားမှာ"

"သူတို့အနေနဲ့ တော်ဝင်အာဏာကို သုံးဖို့တောင် လိုမှာမဟုတ်ဘူး။ မုန့်ခွေကိုယ်တိုင်က ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ရှေ့မှာ သူသာ ပုန်ကန်ဖို့ ဆန္ဒမရှိဘူးဆိုရင် အဖမ်းခံရမှာ အသေအချာပဲ"

မုန့်ခွေဘက်မှ ကျူးလွန်ထားသော တကယ့်ကြီးလေးသည့် ပြစ်မှုမှာ ယွမ်တာရှန့်ကို သတ်ဖြတ်ပြီး မိစ္ဆာဂိုဏ်းထံမှ စစ်မှန်သောကျမ်းစာကို လုယူခြင်း မဟုတ်ဘဲ နင်းကျော့ကို အသုံးချကာ မသေမျိုးမြို့တော်ကို ဗုံးခွဲရန် ကြံစည်ခြင်းပင် ဖြစ်ပေသည်။

မုန့်မျိုးနွယ်စုသည် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် မီးလျှံတောင် မသေမျိုးမြို့တော်ရှိ ထောင်သောင်းချီသော မြို့သူမြို့သားများကို ဘေးဒုက္ခထဲသို့ တွန်းပို့ခဲ့ကြသည်။

ထို့ပြင် ၎င်းတို့သည် ချော်ရည်နန်းတော်ကို တိုက်ခိုက်ရန် အရိပ်နက် မိစ္ဆာကျင့်ကြံသူတစ်ဦးကိုလည်း ဖန်တီးခဲ့ကြသေးသည်။

ဤသည်မှာ သူပုန်တစ်ဦးကို မွေးမြူထားခြင်းဖြင့် ၎င်းတို့၏ ထိန်းချုပ်မှုကို ပိုမိုခိုင်မာစေရန် ကြံစည်သော အလွန်အတင့်ရဲသည့် လုပ်ရပ်ပင် ဖြစ်သည်။

ထိုကဲ့သို့သော ပြစ်မှုမျိုးမှာ စည်းကို လုံးဝ ကျော်လွန်သွားခြင်း ဖြစ်သည်။

ကျန်းရွှမ်းကောက မြို့စားမင်းဂေဟာကို နှိမ်နင်းရာတွင် အကြီးအကဲကျူးနောက်သို့ လိုက်ပါရန် ဆန္ဒရှိကြောင်း ထပ်လောင်း ပြောကြားလိုက်သည်။

ကျန်းရွှမ်းကောသည် အလွန် ဒေါသထွက်နေခဲ့သည်။

မိမိကိုယ်မိမိ အရူးလုပ်ခံထားရသည်ကို သူ နားလည်သွားသည်။

အရိပ်နက် မိစ္ဆာကျင့်ကြံသူနှင့် သူ၏ တိုက်ပွဲမှာ မြို့စားမင်းဂေဟာ၏ စီစဉ်တွက်ချက်မှုထဲသို့ အလုံးစုံ ကျရောက်ခဲ့ခြင်းသာ ဖြစ်သည်။

ကျိုးမျိုးနွယ်စုမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူ နှစ်ဦးမှာမူ အချင်းချင်း တိတ်တဆိတ် သတင်းပို့ကာ ခေတ္တမျှ ဆွေးနွေးနေကြသည်။

၎င်းတို့နှစ်ဦးလုံး ခံစားရသည်မှာ "ဒါဟာ တကယ်ကို အကောင်းဆုံး အခွင့်အရေးပဲ။ ငါတို့သာ မုန့်မျိုးနွယ်စုကို ဖြုတ်ချနိုင်မယ်ဆိုရင် အကြီးအကဲကျူးဟာ တော်ဝင်အာဏာကို အသုံးချပြီး ဩဇာလွှမ်းမိုးနိုင်မှာ ဖြစ်သလို ချော်ရည်နန်းတော်ရဲ့ အရှင်သခင်လည်း ချက်ချင်း ဖြစ်လာလိမ့်မယ်"

"မုန့်မျိုးနွယ်စုက သူတို့ရဲ့ နယ်မြေချဲ့ထွင်ဖို့အတွက် စည်းမျဉ်းတွေကို ဖောက်ဖျက်ခဲ့ကြတယ်။ ကံကောင်းတာက အကြီးအကဲကျူးရဲ့ ထက်မြက်တဲ့ အမြင်ကြောင့် ကမ္ဘာကြီးကို အမှန်တရား ထုတ်ဖော်ပြဖို့ သက်သေအထောက်အထားတွေ အလုံအလောက် စုဆောင်းနိုင်ခဲ့တာ"

"အဲဒီအချိန်ကျရင် ငါတို့ဟာ ကိုယ်ကျင့်တရားပိုင်းမှာ အသာစီးရနေမှာဖြစ်သလို တမ်းတခြင်းပြည် တစ်ခုလုံးရဲ့ အသိအမှတ်ပြုမှုကိုလည်း ရရှိမှာ ဖြစ်တယ်။

တခြားမျိုးနွယ်စုတွေကလည်း တော်ဝင်မိသားစုနဲ့ ပူးပေါင်းပြီး မုန့်မျိုးနွယ်စုကို နှိမ်နင်းကြမှာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ဘေးကနေပဲ ကြည့်နေကြမှာပဲ ဖြစ်ဖြစ်ပေါ့"

လူတို့၏ စိတ်ဆန္ဒသည်ပင် ရေစီးကြောင်း ဖြစ်သည်။

မုန့်မျိုးနွယ်စု၏ အမှားများ ပေါ်ပေါက်သွားသည်နှင့် တော်ဝင်မိသားစုသည် ထိုရေစီးကြောင်းကို လှုံ့ဆော်ပေးနိုင်ပေလိမ့်မည်။

ထိုရေစီးကြောင်း၏ ဖိအားအောက်တွင် မုန့်မျိုးနွယ်စုအနေဖြင့် ခုခံရန် ခက်ခဲသွားပေလိမ့်မည်။

"ဒီလိုသာဆိုရင် ဒီကြီးမားလှတဲ့ မုန့်မျိုးနွယ်စုဟာ ငါတို့လက်ထဲမှာ အင်အားအတော်လေး ချည့်နဲ့သွားမှာပဲ" ဟု ကျူးရွှမ်းကျိက မျှော်လင့်တကြီးဖြင့် တွေးနေမိသည်။

အင်အားကြီးမားသော ကျင့်ကြံသူ မျိုးနွယ်စုများကို အားနည်းသွားအောင် လုပ်ခြင်းနှင့် နှိမ်နင်းခြင်းတို့မှာ သူ၏ နိုင်ငံရေး ရည်မှန်းချက် အမြဲတမ်း ဖြစ်ခဲ့သည် မဟုတ်လော။

ဤအချက်ကပင် နောက်ထပ် လုပ်ဆောင်မှုများအတွက် သူ၏ တွန်းအားကို ပိုမို တောက်လောင်စေခဲ့သည်။

ကျိုးမျိုးနွယ်စုနှင့် ကျန်းမျိုးနွယ်စုတို့က ၎င်းတို့၏ သဘောထားကို ထုတ်ဖော်ပြောဆိုပြီးသည်ကို မြင်သောအခါ နင်းကျိုဖန်က နောက်ဆုံးမှ အေးအေးဆေးဆေး စကားဆိုလာသည်။

"ကျွန်တော်တို့ မျိုးနွယ်စုက နင်းကျန်ကျိတို့လို လူတွေအားလုံးဟာ အရိပ်နက် မိစ္ဆာကျင့်ကြံသူရဲ့ လက်ချက်နဲ့ အသတ်ခံခဲ့ရတာ"

"ပြီးတော့ အဲဒီ အရိပ်နက် မိစ္ဆာကျင့်ကြံသူက မြို့စားမင်းဂေဟာက လူ ဖြစ်နေတယ်။ ကျွန်တော်တို့ နင်းမျိုးနွယ်စုနဲ့ မြို့စားမင်းဂေဟာဟာ ရန်သူတွေ ဖြစ်ခဲ့တာ ကြာပါပြီ"

"ဖေးစီက နင်းကျော့ကို လျှို့ဝှက် သိမ်းသွင်းဖို့ ကြိုးစားပြီး ကျွန်တော်တို့ နင်းမျိုးနွယ်စုကို အားနည်းအောင် လုပ်ခဲ့တာဟာ လုံးဝ သည်းခံနိုင်စရာ မရှိတဲ့ ကိစ္စပဲ"

"ကျွန်တော် အကြီးအကဲကျူးကို အပြည့်အဝ ထောက်ခံဖို့ အသင့်ပါပဲ"

နင်းကျိုဖန်သည် မုန့်ခွေအပေါ်တွင် နက်ရှိုင်းသော ရန်ငြိုးကို မွေးမြူထားမိလေပြီ။

All Chapters