← Chapters

မယုံကြည်ဘူးလား

Vol. 24 Ch. 324

မယုံကြည်ဘူးလား

Vol. 24 Ch. 324

“ဒါက မင်းပိုသိလို့ ကောင်းတဲ့အရာမျိုးမဟုတ်ဘူး...” စုမင် ဓားရှည်အစွန်းတွင် မတ်တက်ထရပ်လိုက်ရင်း သူမထွက်ခွာခင် သူ့ဆရာပြောခဲ့သောစကားများက စုမင်ခေါင်းထဲတွင် ပြန်ပေါ်လာခဲ့သည်။

ထိုအရာသည် ကြယ်ပျံဆယ်လုံးအကြောင်း စုမင်မေးခဲ့စဉ်အချိန်က ထျန်းရှဲ့ကျီပြန်လည်ပြောဆိုခဲ့သော အရာဖြစ်သည်။

သူဘာဆိုလိုခဲ့သည်ကို စုမင် ယခုတော့ နားလည်သွားခဲ့ချေပြီ။ ထိုအရာသည် အမှန်တစ်ကယ်ပင် ပိုသိလို့ကောင်းသည့်အရာမျိုး မဟုတ်ချေ။ ယခုအချိန်တွင်တော့ အချိန်အများစုတွင် သူ့စိတ်အား သိမ်းပိုက်ထားသည့် တစ်ခုတည်းသောအရာမှာ အရှေ့ခြမ်းနယ်မြေများ ပင်လယ်သေကို ရွေ့လျားနေသော မြင်ကွင်းပင်ဖြစ်နေလေပြီ။

သူ့စိတ်အာရုံမြင်ကွင်းထဲတွင် ကုန်းမြေတိုက်ကြီးတစ်ခု အရှေ့သို့ လျင်မြန်စွာတိုးလာနေသည်ကို သူတွေ့လိုက်ရသည်။ တောင်တန်းများ နိမ့်မြင့်တက်ကျဖြစ်နေသည်ကို သူတွေ့ရသည်။ မျိုးနွယ်စုအချို့ကိုပင် သူမြင်တွေ့ရပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူ့မျက်စိရှေ့မှ တောင်စဉ်တောင်တန်းများ ပြိုကျပျက်စီးသွားကြသည်။

မြေပြင်သည် မတင်ခံလိုက်ရသည့်သဖွယ် လေထဲသို့လွင့်ပျံသွားသည်။ လူပေါင်းများစွာ သေဆုံး၊ ဒဏ်ရာရကြပြီး တစ်ချိန်တည်းမှာပင် ပင်လယ်သေက ကျယ်ပြန့်လာကာ အသက်ဓာတ်သင်္ကေတအားလုံးကို နစ်မြုပ်ပစ်လိုက်တော့သည်။

ထျန်းလန်မုန်သည် စုမင်ဘေးတွင် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေခဲ့သည်။ သူမ တစ်စုံတစ်ရာကို တွေးတောနေခြင်းဖြစ်နိုင်သလို သူမစိတ် ဗလာဖြစ်နေခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်၏။

အချိန်များ ကုန်ဆုံးသွားပြီး မကြာမီမှာပင် ပထမမြောက်ညသို့ ရောက်ရှိလာခဲ့သည်။ ကောင်းကင်က မည်းမှောင်သွားပြီဖြစ်သော်လည်း အဝေးတစ်နေရာတွင် အဖြူရောင်မျဉ်းကြောင်းတစ်ခုကို စုမင်မြင်နေရဆဲ ဖြစ်သည်။ ထိုနေရာတွင် လင်းထိန်တောက်ပနေဆဲ ဖြစ်နိုင်၏။

ဓားရှည်ပေါ်ရှိ အေးခဲကောင်းကင်ကလန်၏ တပည့်များသည်လည်း တစ်နေ့တာလုံး တွေးတောဆင်ခြင်ခဲ့ပြီးပြီဖြစ်၍ စတင်လှုပ်ရှားလာကြချေပြီ။ အချင်းချင်းရင်းနှီးသူများသည် သုံးယောက်၊ ငါးယောက် အုပ်စုလေးများ ဖွဲ့လိုက်ကြသည်။ လေထဲတွင် ရယ်မောသံများ ထွက်ပေါ်ပျံ့လွင့်လာသည်မှာ သူတို့သည် ကောင်းကင်မြူခိုး လူရိုင်းအမဲလိုက်ပွဲ မတိုင်မီအထိ ဤနည်းလမ်းကိုသုံး၍ သူတို့စိတ်အား တည်ငြိမ်အေးချမ်းအောင် ပြုလုပ်နေသကဲ့သို့ပင် ဖြစ်သည်။

အေးခဲကောင်းကင်၏ ထိပ်မှလည်း ရယ်မောသံများ ထွက်ပေါ်လာသည်။ အမှန်တရားကို မသိသော ထိုလူများထံ လှမ်းကြည့်ရင်း ဤလူအားလုံး အမှန်တရားကိုသိသွားသည်နှင့် ဖြစ်ပျက်လာမည့်အရာများကို စုမင် မြင်ယောင်ကြည့်ပြီးချေပြီ။ ထိုအချိန်ကျလျှင်... သူတို့အထဲမှ ဘယ်နှယောက် ရယ်မောနိုင်ပါတော့မည်နည်း။ လာမည့်တိုက်ပွဲတွင် သူတို့အထဲမှ ဘယ်နှယောက် တိုက်ခိုက်နိုင်ပါလိမ့်မည်နည်း...

စုမင် အေးခဲကောင်းကင်ကလန်မှ တပည့်များထံကြည့်နေရင်း ဓားရှည်အစွန်းတွင် ထိုင်နေသည့် ကောင်းကင်ဘုံတံခါးဝမှ လူအချို့ကိုလည်း သူမြင်လိုက်ရသည်။ ထိုလူများသည် တစ်ဦးနှင့်တစ်ဦး အတော်ဝေးဝေးတွင် ထိုင်နေကြခြင်းဖြစ်သည်။

ဓားထိပ်ဖျားတွင်ထိုင်နေသော အဘိုးအို၏မျက်နှာထက်တွင် အေးဆေးတည်ငြိမ်ဟန် အမူအယာတစ်ခုရှိနေသော်လည်း သူသည် ရံဖန်ရံခါဆိုသလို မျက်မှောင်ကြုတ်သွားတတ်၏။ အဘိုးအို၏စိတ်သည် သူပြောခဲ့သောစကားများနှင့် သူနေနေသော အမူအယာတို့လောက် တည်ငြိမ်အေးချမ်းမှုမရှိနိုင်သည်ကို စုမင်ခံစားနေရသည်။

'သူ အမှန်တရားကို သိတယ်... ဖြစ်ကောင်းဖြစ်နိုင်တာက ကောင်းကင်ဘုံတံခါးဝက လာတဲ့ သူတို့ကိုးယောက်လုံး အမှန်တရားကို သိထားတာပဲ'

ဓားထိပ်ဖျားတွင်ထိုင်နေသော ကျင့်ချိန်ရုန်အား စုမင် သေချာစူးစမ်းလေ့လာနေချိန်တွင် ထိုအဘိုးအို၏ မျက်လုံးများကရုတ်တရက်ပွင့်လာပြီး လျှပ်စီးသဖွယ်အကြည့်တစ်ခုနှင့် စုမင်ထံ လှည့်ကြည့်လာခဲ့၏။

စုမင် မျက်လုံးများကို ပြန်မှိတ်လိုက်သည်။ ချွန်ထက်သောအပ်များသဖွယ် သူ့အပေါ်ကျရောက်နေသည့် အဘိုးအို၏အကြည့်ကို စုမင်ခံစားမိနေသည်။ အချိန်အတန်ကြာပြီးနောက် ထိုခံစားချက်က ဖြည်းညင်းစွာ ပျောက်ကွယ်သွားလေသည်။

“မင်းနာမည်က စုမင်လား”

အိုမင်းသောအသံတစ်သံက စုမင်နားထဲတွင် ရုတ်တရက်ပေါ်လာသည်။ စုမင် မျက်လုံးများကို ပြန်ဖွင့်လိုက်စဉ် ကျင့်ချိန်ရုန်သည် အကြည့်မလွှဲသေးပဲ သူ့အားစိုက်ကြည့်နေဆဲ ဖြစ်သည်ကို စုမင်တွေ့လိုက်ရသည်။ သို့သော် ထိုထွင်းဖောက်မြင်လိုသည့် စူးရှသောအကြည့်မျိုး မဟုတ်တော့ချေ။

စုမင် ခေါင်းညိတ်ပြလိုက်သည်။

“ငါ့ဘေးကိုလာခဲ့” ကျင့်ချိန်ရုန်သည် စုမင်အားကြည့်နေဆဲဖြစ်ပြီး သူ့အသံက စုမင်နားထဲတွင် ပဲ့တင်လာပြန်သည်။ စုမင်ဆီသို့ သူ့အသံကိုပို့လွှတ်သော နည်းလမ်းသည် ထျန်းလန်မုန်၏ နည်းလမ်းနှင့်မတူသော်ငြား အကျိုးသက်ရောက်မှုများကတော့ အတူတူပင်ဖြစ်သည်။

စုမင် ခဏတာတွန့်ဆုတ်နေပြီးနောက်မှ မတ်တပ်ထရပ်လိုက်သည်။ သူ့ဘေးမှထျန်းလန်မုန်က တစ်ချက်လှည့်ကြည့်လာသော်လည်း စကားတစ်ခွန်းမှတော့ မပြောခဲ့ပေ။

စုမင် ရှေ့သို့ရွေ့သွားလိုက်ပြီး လူအုပ်အား ဖြတ်ကျော်လျှောက်သွားခဲ့သည်။ ဧရာမဓားရှည်ကြီး၏ ထိပ်ဖျားသို့ရောက်သည်အထိ လျှောက်လာခဲ့စဉ် သူနှင့်ဂိုဏ်းတူတပည့်များအကြား ဖြတ်လျှောက်လာသောအခါ

အနီးတွင်ရှိသူများ၊ အတော်ဝေးဝေးတွင်ရှိကြသူများထံမှ ထွက်ပေါ်နေသော ရယ်မောသံများကိုသော်လည်းကောင်း၊ တရားထိုင်နေဆဲဖြစ်သူများထံမှ အသက်ရှူသံအမျိုးမျိုးကိုလည်းကောင်း သူကြားခဲ့ရသည်။ နောက်ဆုံးတွင်တော့ သူ ကျင့်ချိန်ရုန်အရှေ့သို့ ရောက်ရှိသွားခဲ့ချေပြီ။

ယခင်က သူတို့နှစ်ဦးကြားအကွာအဝေးသည် အလွန်ဝေးကွာနေခဲ့ခြင်း မဟုတ်၍သာ တစ်ဦးနှင့်တစ်ဦးမြင်နိုင်ရန် မခဲယဉ်းခဲ့ခြင်းဖြစ်သည်။ သို့သော် စုမင် ထိုနေရာသို့ရောက်သွားရန် အချိန်အနည်းငယ်တော့လိုအပ်ဆဲ ဖြစ်၏။

“ထိုင်ပါ” ကျင့်ချိန်ရုန်သည် စုမင်အားကြည့်လျက် ခြောက်ကပ်ကပ်အသံဖြင့်ပြောသည်။

ဓားထိပ်ဖျားသည် သူတို့အရှေ့ရှိ သူတို့ဖြတ်သန်းနေသော အဆုံးမရှိသည့်လေဟာနယ်၏ ရှေ့တည့်တည့်တွင် ရှိနေခြင်းဖြစ်ပြီး ထိုနေရာက လေတိုးသံများအပြင်းထန်ဆုံး နေရာလည်းဖြစ်သည်။ အမှန်စင်စစ် စုမင်ထိုနေရာတွင် ရပ်နေမိစဉ်မှာပင် သူ့မျက်နှာအားဖြတ်တိုက်နေသော လေနှင့် ပြင်းထန်သောအရှိန်နှုန်းဖြင့် လေဟာနယ်အား ချိုးဖျက်သွားလာနေသည့် ဓားရှည်၏စွမ်းအားတို့ကို သူခံစားနေရချေသည်။

ထိုနေရာတွင် ထိုင်နေသူသည် ကျင့်ချိန်ရုန်တစ်ဦးတည်းသာဖြစ်ပြီး သူ့ပတ်လည်ပေ၁၀၀ခန့်က နေရာလွတ်ကြီးဖြစ်နေသည်။

အခေါ်ခံရခြင်းမရှိပဲနဲ့ မည်သူကမှ ထိုဧရိယာသို့ သွားခွင့်မရှိပေ။

စုမင် မည်သည့်စကားမှမဆိုပဲ အဘိုးအိုဘေးတွင် ထိုင်ချလိုက်သည်။ သူထိုင်ချလိုက်သည်နှင့် တစ်ပြိုင်နက် သူ့အားအလွန်ပြင်းထန်သည့်လေပြင်းတစ်ခု ဖြတ်တိုက်သွားသကဲ့သို့ ခံစားချက်တစ်ခုနှင့်အတူ သူ့အသက်ရှူသံများက လျင်မြန်သွားကာ သူ့ခန္ဓာကိုယ်ပင် ဆုတ်ပြဲသွားတော့မည်ကဲ့သို့ စုမင်ခံစားလိုက်ရသည်။ ထိုခံစားချက်သည် အလွန်ရုတ်တရက်ဆန်စွာ ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ထိုလေပြင်းနှင့်အတူ လွင့်ပါသွားကာ ဧရာမဓားရှည်ကြီးအပေါ်မှ လွင့်စင်ကျသွားတော့မည်ဟုပင် စုမင်ခံစားလိုက်ရချေ၏။

သူ့ဆံပင်များက ရှုပ်ထွေးသွားပြီး သူ့အနောက်ဘက်တွင် အလျင်အမြန်တဖျတ်ဖျတ်လှုပ်ခတ်နေကြသည်။ စုမင် ဆက်ထိုင်မနေနိုင်ခဲ့ချေ။ သူ အနောက်ဘက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဒယိမ်းဒယိုင်ဆုတ်လိုက်ရပြီးချိန်တွင် စုမင်မျက်လုံးများပတွင်း စူးရှသောအကြည့်တစ်ခု ဖြစ်ပေါ်လာပြီး ဓားရှည်ပေါ်သို့ ခြေတစ်ချက်ဆောင့်ကာ သူ့ခန္ဓာကိုယ် အဝေးသို့ရွေ့သွားနေခြင်းကို ရပ်တန့်လိုက်သည်။ သူမူလ ထိုင်ချင်ခဲ့သောနေရာသို့ ပြန်သွားရန် အရှေ့သို့ ခြေလှမ်းအနည်းငယ်ခန့် နောက်တစ်ကြိမ် ပြန်လှမ်းလိုက်စဉ် စုမင်မျက်နှာက နီရဲလာခဲ့သော်ငြား သူထိုသို့ ဖြည်းဖြည်းချင်း လုပ်ဆောင်နိုင်ခဲ့၏။

သူပြန်ထိုင်ချလိုက်သည့် အခိုက်အတန့်မှာပင် သူ့ခန္ဓာကိုယ် စုတ်ပြဲသွားတော့မည်ဟူသော ခံစားချက်က နောက်တစ်ကြိမ် ထပ်မံပေါ်လာခဲ့သော်ငြား ဤတစ်ကြိမ်တွင်တော့ စုမင်ပြင်ဆင်ထားခဲ့ချေပြီ။ သူ့ကိုယ်ထဲမှ ပေါက်ကွဲသံများ မြည်ဟည်းသွားသော်လည်း သူဖြည်းဖြည်းချင်း ထိုင်ချနိုင်သွားခဲ့သည်။

သူထိုနေရာတွင် ထိုင်နေစဉ် စုမင်ခန္ဓာကိုယ်က တုန်ယင်နေခဲ့၏။ သူ့ကိုယ်ထဲရှိ သွေးများအားလုံးသည် အလွန်လျင်မြန်စွာလှည့်ပတ်နေကြပြီး သူ့ကိုယ်ထဲရှိ ရုပ်နယ်လွန်စွမ်းအကိုလည်း အသက်သွင်းထားကာ သူ၏နတ်ဘုရားစိတ်အာရုံကိုပင် သူ့ပတ်လည်သို့ ဖြန့်ကျက်ထားခဲ့သည်။ ထိုအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်သည် ထိန်းချူပ်စရာမလိုပါပဲနှင့် လေပြင်း၏စွမ်းအားကို အလိုလိုစတင်ခုခံနေခဲ့ချေပြီ။

“မင်းခန္ဓာကိုယ်ကို သန့်စင်ခြင်းအားဖြင့် လေ့ကျင့်ပေးတယ်ဆိုတာ အဲဒါပဲ” ကျင့်ချိန်ရုန်သည် စုမင်ထိုင်ချလိုက်သည်ကိုမြင်သောအခါ သူ့မျက်လုံးများအတွင်း ချီးကျူးဟန်များ ပေါ်လာခဲ့သည်။

“မယုံနိုင်လောက်အောင် လေးလံတဲ့ ရေခဲကွင်းနှစ်ဆယ်ကို မင်းဝတ်ဆင်ထားတယ်ဆိုရင်တောင်၊ အဲဒါက အပေါ်ယံအကျဆုံး အကျိုးသက်ရောက်မှုမရှိတဲ့ လေ့ကျင့်ခြင်းတစ်ခုပဲ” အဘိုးအို၏ မျက်ဝန်းအတွင်းရှိ ချီးကျူးမှုများပျောက်ကွယ်သွားပြီး

အထင်သေးဟန်များဖြင့် အစားထိုးသွားခဲ့သည်။

စုမင်သည် အသက်ရှူကျပ်နေ၍ စကားပြန်မပြောနိုင်သော်ငြား သူ့မျက်လုံးများအတွင်းတွင်တော့ သံသယအကြည့်တစ်ခု ရှိနေလေသည်။ ဤနည်းသည် သူဖော်ထုတ်ခဲ့သောနည်းလမ်းဖြစ်ပြီး ၎င်းနည်းလမ်းကြောင့်သာ ပိုမိုမြန်ဆန်လွန်းလှသော အမြန်နှုန်းများကို သူအမှန်တစ်ကယ် ခံနိုင်ရည်ရှိခဲ့ခြင်းဖြစ်သည်။ အမှန်စင်စစ်တွင် သူသာ အမြန်နှုန်းအပြည့်ဖြင့် ရွေ့လျားလိုက်ပါက အကွာအဝေးတစ်ခုတာအထိ အေးခဲကောင်းကင်၏ အမြန်နှုန်းထက်ပင် သာလွန်နိုင်သေးသည် မဟုတ်ပါလား...

“မယုံဘူးလား။ မင်းကိုယ်မင်း သက်သေပြနိုင်ဖို့ ငါအခွင့်အရေးတစ်ခု ပေးရတာပေါ့” ကျင့်ချိန်ရုန်သည် ဟမ့်ခနဲ အေးစက်စက်အသံပြုလိုက်ရင်း သူ့ညာလက်ကို ရုတ်တရက်မြှောက်၍ စုမင်ပုခုံးကိုဆုပ်ကိုင်လိုက်ကာ စုမင်အား ဘေးသို့လွှင့်ပစ်လိုက်သည်။

အဘိုးအို၏ လုပ်ရပ်များသည် အလွန်လျင်မြန်လှသဖြင့် စုမင် ၎င်းတို့ကို ရှောင်တိမ်းချိန်မရလိုက်ချေ။ သူ့အမြင်အာရုံများ ဝေဝါးသွားသည်ကိုသာ ခံစားလိုက်ရပြီး ထိုပစ်ချက်တစ်ချက်တည်းဖြင့် သူ အေးခဲကောင်းကင်ထဲမှ လွင့်ထွက်သွားလေသည်။

အမှန်စင်စစ် ထိုပစ်ချက်၏အားသည် စုမင်အား အေးခဲကောင်းကင်ထံမှ ပစ်ထုတ်လိုက်ရုံသာမက ဧရာမဓားရှည်ကြီး၏ အကာအကွယ် အလင်းမျက်နှာပြင်ထဲမှပါ ထုတ်ပစ်လိုက်ခြင်းဖြစ်သည်။ ၎င်းက စုမင်အား ဓားရှည်အပြင်သို့ဆွဲထုတ်လိုက်ပြီး အမှောင်ထုအတွင်း လွှင့်ပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားစေသဖြင့် သူ့ထံသို့ လေပြင်းများပြင်းထန်စွာတိုးဝင်လာခဲ့သည်။

ထိုအခိုက်အတန့်တွင် ဧရာမဓားရှည်ကြီးပေါ်မှ တစ်စုံတစ်ယောက်သည် ဖြစ်ပျက်သွားသောအရာကို သတိပြုမိလိုက်သဖြင့် သူတို့ထံမှ အံ့အားသင့်စွာအော်ဟစ်သံများ ချက်ချင်းထွက်ပေါ်လာခဲ့သည်။

စုမင်သည် အေးခဲကောင်းကင်အပြင်သို့ လွင့်ထွက်လာသည်နှင့်တစ်ပြိုင်နက် သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ ပေါက်ကွဲသံများ ချက်ချင်းထွက်ပေါ်လာသည်။ ထိုဓားရှည်ကြီးသည် အလွန်လျင်မြန်စွာ သွားလာနေခြင်းဖြစ်၍ မျက်စိတစ်မှိတ်အတွင်းမှာပင် အခြား ပေ၁၀၀၀၀အကွာအဝေးကို ဖုံးအုပ်သွားခဲ့ချေပြီ။ စုမင် သူ့ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် ဓားရိုးကြီးသည် သူ့အားလျှပ်တပြက် ဖြတ်ကျော်သွားသည်ကို မြင်လိုက်ရပြီး ၎င်းဖြတ်သန်းသွားရာမှ ဖြစ်ပေါ်လာသော လေပြင်းများက စုမင်အား တည်ငြိမ်စွာမရပ်နိုင်ဖြစ်သွားစေသည်။

စုမင်မျက်လုံးထဲတွင် ဒေါသများထွက်ပေါ်လာသည်။ သူ ထိုအဘိုးအိုကို အပြစ်ပြုခဲ့ခြင်းမရှိသော်လည်း ၎င်းက ယခုလိုအရာမျိုးကို လုပ်ခဲ့ဆဲဖြစ်သည်။ သို့သော် သူထိုအကြောင်းကို တွေးတောစဉ်းစားနေချိန်မရှိချေ။ ဓားရှည်က ပိုမိုဝေးကွာသောအဝေးသို့ ပျောက်ကွယ်သွားပေတော့မည်။ စုမင်ခန္ဓာကိုယ်မှ ပေါက်ကွဲမြည်ဟည်းသံများ ချက်ချင်းစတင်ထွက်ပေါ်လာသည်။ ထိုအခိုက်အတန့်တွင် ရေခဲကွင်းများအားလုံး ချက်ချင်းပျက်စီးသွားပြီး သူ့အမြန်နှုန်းက ကြောက်မက်ဖွယ်အခြေအနေသို့ ရောက်ရှိသွားသည်။ ထို့နောက် ဝေးကွာနေပြီဖြစ်သော ဓားရှည်ဆီသို့ ဦးတည်လိုက်သည်။

သူ့အမြန်နှုန်းဖြင့်ဆိုလျှင် အကွာအဝေးတိုအတွင်းဆိုပါက သူဓားရှည်ကို ကျော်နိုင်ပေသည်။ သူသည် လေဟာနယ်ကို ဆုတ်ဖြဲဖြတ်သန်းလိုက်သည့်အလား ဓားရှည်အနောက် ပေ၁၀၀၀အကွာတွင် ပြန်ပေါ်လာခဲ့သည်။ လေများသည် စုမင်ခန္ဓာကိုယ်အား ဆုတ်ဖြဲနေခဲ့ပြီး သူ့မျက်လုံးများက နီရဲသွားသည်။ သူ ရှေ့သို့နောက်တစ်ကြိမ်တိုးဝင်လိုက်ပြီး သူပြန်ပေါ်လာသောအခါ ဓားရှည်ကို မီလုနီးပါးဖြစ်သွားသော်ငြား ဓားရိုးကိုသာ မီလုနီးပါးဖြစ်သွားခဲ့ခြင်းပင်။ စုမင်ပါးစပ်မှ သွေးများစီးကျလာသည်။ ထို့နောက် ခြေတစ်လှမ်းတည်းဖြင့် အကာအကွယ်လွှာအား ဖြတ်သန်းလိုက်ပြီး ဓားရိုး၏အစွန်းဘက်အကျဆုံး နေရာတွင်ဆင်းသက်လိုက်သည်။ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် ပါးစပ်အပြည့်သွေးအန်လိုက်ရပြီး စုမင်မျက်နှာက အလွန်အမင်း ဖြူဖျော့သွားခဲ့သည်။

ပါးစပ်ထောင့်မှ သွေးများကို သုတ်ပစ်လိုက်ပြီး ခြေလှမ်းကျဲကြီးများဖြင့် အရှေ့လျှောက်သွားလိုက်သည်။ သူဖြတ်လျှောက်လာခဲ့စဉ် သူ့အပေါ်ကျရောက်နေသော လူတိုင်း၏ အကြည့်များအားလုံးသည် ကြောက်ရွံ့မှု၊ လေးစားမှုများဖြင့်ပြည့်နေပြီး ထိုသူများက သူ့အတွက် လမ်းရှင်းပေးခဲ့ကြသည်။ စုမင်သည် အနောက်မှနေ၍ ဓားရှည်အား လိုက်မီလာခဲ့သည်ကို ယခုလေးတင် သူတို့ကိုယ်ပိုင်မျက်လုံးများဖြင့် မြင်ခဲ့ရခြင်းဖြစ်သည်။

သို့သော် ဓားရှည်ကြီးသည် အလွန်ကြီးမားလှသဖြင့် ဖြစ်စဉ်တစ်ခုလုံးကို မြင်လိုက်သူကတော့ အနည်းငယ်သာရှိပေသည်။ စုမင်အရှေ့သို့ ဦးတည်လိုက်ပြီး တစ်ခဏအတွင်းမှာပင် ပေ၁၀၀၀၀၀ အကွာအဝေးကို ဖြတ်သန်းခဲ့ပြီး ဓားထိပ်ဖျား၌ နောက်တစ်ကြိမ်ပြန်ရပ်လိုက်သည်။ ကျင့်ချိန်ရုန်သည် ထိုနေရာတွင်ထိုင်၍ စုမင်အား အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။

“အခုထိ မယုံကြည်နိုင်သေးဘူးလား။ ဓားရှည်ကို လိုက်မီလို့ မင်းကိုယ်မင်း တစ်ကယ်ကောင်းမွန်လှပြီလို့ ထင်နေတာလား”

“ခန္ဓာကိုယ်သန့်စင်ခြင်းဆိုတာ တစ်ကယ်ပဲ အတိအကျဘာကိုဆိုလိုတာလဲ” စုမင် ထိုအဘိုးအိုအား စိုက်ကြည့်လိုက်ပြီး သက်ပြင်းရှည်ကြီးချမိ၏။

“မင်းခန္ဓာကိုယ်ကို အလေးချိန်အပိုတွေထည့်ထားပြီး မင်းအမြန်နှုန်းကို အသက်သွင်းလိုက်တဲ့အချိန် ရုတ်တရက်ပေါ့ပါးသွားစေတာက အရမ်းမိုက်မဲတာပဲ။ အဲဒါက မင်းကိုသစ်ရွက်တစ်ရွက်နဲ့ ဘာများ ကွာခြားသွားစေမှာတဲ့လဲ။ ဒါမှမဟုတ် သစ်ရွက်ကပေါ့ပါးလို့ လေတိုက်တဲ့အချိန်ကျ အဝေးကိုလွင့်ပါသွားနိုင်တာကြောင့် မင်းကိုယ်တိုင်ကကို သစ်ရွက်တစ်ရွက်လို ဖြစ်ချင်နေတာများလား”

“ဒါပေမယ့် သစ်ရွက်တစ်ရွက်ကတောင် လေထဲမှာ ကြာကြာနေနိုင်တာ မဟုတ်ဘူး။ နည်းနည်းကြာသွားတာနဲ့ သူလည်း စုတ်ပြဲသွားမှာပဲ။ တစ်ကယ်တော့ သစ်ရွက်က လေပြင်းဆီကို တည့်တည့်တိုးဝင်လိုက်တာနဲ့ အဲဒီလေပြင်းနှစ်ခု တစ်ခုနဲ့တစ်ခု တိုက်မိသွားရင် အရွက်တွေက ချက်ချင်းဖျက်ဆီးခံလိုက်ရလိမ့်မယ် ငါပြောတာယုံလား။ မင်းမြန်မြန်သွားလေ၊ မင်းမြန်မြန်သေလေပဲ၊ အဲဒါရော မင်းယုံလား” အဘိုးအိုက အေးစက်စွာပြောသည်။

စုမင် ထိတ်လန့်စွာ မော့ကြည့်လိုက်မိသည်။

“ပိုင်ချန်းကျိုက်ကြောင့်သာ မဟုတ်ရင် ငါမင်းကို အလင်းပြပေးဖို့ အလုပ်ရှုပ်ခံနေမှာမဟုတ်ဘူး။ ဒီမှာလာထိုင်” ကျင့်ချိန်ရုန်သည် မျက်မှောင်ကြုတ်လျက် စုမင်အား အော်ပြော၏။

စုမင် ခဏတာ တိတ်ဆိတ်ငြိမ်သက်နေမိပြီးနောက်မှ အဘိုးအိုဘေးသို့ လျှောက်သွားလိုက်သည်။ ထို့နောက် အဘိုးအိုအား လက်သီးလက်ဝါးထပ်ကာ ဦးညွှတ်လိုက်ပြီး သူ့ဘေးတွင် လေးလေးစားစား ထိုင်ချလိုက်၏။

တောင်ပိုင်းအရုဏ်ဦးကုန်းမြေ၏ အရှေ့ဘက်ကျဆုံးအပိုင်းတွင် လှေကားတစ်စင်းနှင့်တူသော ချောက်နက်တစ်ခုရှိသည်။ ယခုတော့ ထိုချောက်၏ ကြီးမားသောအစိတ်အပိုင်းကို အနက်ရောင်ပင်လယ်ရေများ ဖုံးလွှမ်းနေချေပြီ။ စုမင်အား ထျန်းလန်မုန်ပြောဆိုခဲ့သည့် အတိုင်းပင် ထိုပင်လယ်ရေများသည် ထူးဆန်းသောအရှိန်အဝါတစ်ခု

ထုတ်လွှတ်နေခဲ့သည်။ ထိုပင်လယ်ရေမျက်နှာပြင်သည် တည်ငြိမ်မနေပဲ လှိုင်းတံပိုးတို့ထန်နေသည်။

ချောက်နက်၏ ကျန်ရှိနေသောအပိုင်းတစ်ခုပေါ်တွင် အနီရောင်ဝတ်ရုံများဖြင့် လူခုနစ်ဦး၊ ရှစ်ဦးခန့် ရှိနေသည်။ ထိုလူများ၏ မျက်နှာများသည် ဖြူဖျော့နေကြပြီး သူတို့မျက်နှာများပေါ်တွင် အလွန်အရောင်အသွေးစုံသော ဆေးမင်ကြောင်များရှိနေ၏။ ထိုသူများထဲမှ တစ်ဦးသည် ဒူးထောက်ထိုင်ချလိုက်ပြီး ချောက်ကမ်းပါးအောက်ခြေရှိ ပေ၁၀၀ပတ်လည်နေရာများသို့ ရိုက်ခတ်နေသည့် လှိုင်းများကို သေချာစူးစမ်းလေ့လာလိုက်သည်။

“နောက်ထပ် ဆယ်ပေလောက် ထပ်မြင့်သွားတယ်... မကြာခင်မှာပဲ ဒီချောက်ကမ်းပါးတစ်ခုလုံး ပင်လယ်ရေတွေ

ဖုံးလွှမ်းသွားလိမ့်မယ်။ အဲဒါပြီးတာနဲ့ ငါတို့နယ်မြေတွေထဲကို ပင်လယ်ရေတွေအများကြီး ဝင်လာလိမ့်မယ်...”

ထိုလူ့စကားဆုံးချိန်မှာပင် သူတို့အရှေ့ရှိ အဆုံးမရှိသော အနက်ရောင်ပင်လယ်သေ အတွင်းမှ ဟိန်းဟောက်အော်မြည်သံများ ထွက်ပေါ်လာခဲ့သည်။

ထို့နောက် မကြာမီမှာပင် လှိုင်းတံပိုးများ၏အရွယ်အစားက ပိုမိုကြီးမားလာခဲ့ပြီး အဝေးရှိပင်လယ်ထံမှ ပေ၁၀၀၀အရွယ်အစားရှိ အမြီးတစ်ခု တိုးထွက်လာပြီး ပင်လယ်သေမျက်နှာပြင်ကို ရိုက်ခတ်လိုက်ရာ ပိုမိုများပြားသောလှိုင်းလုံးများ ထွက်ပေါ်လာခဲ့သည်။

ထို့ထက်ပိုဝေးသောနေရာတွင် ပိုမိုများပြားသောအမြီးများသည် ပင်လယ်ပြင်အား ထိုသို့ရိုက်ခတ်နေကြပြီး... ထိုအမြီးများက ရာချီနေလေသည်။

ထိုနေရာတွင်ရှိနေသော ရှာမန်များ၏ မျက်နှာက ဖြူရော်သွားကြသည်။ ထိုအခိုက်အတန့်မှာပင် လူအိုကြီးများထဲမှ မျက်လုံးပိတ်ထားသောတစ်ဦး၏ မျက်လုံးများက ဖြည်းညင်းစွာပွင့်လာခဲ့သည်။

“ငါ သူတို့ရဲ့အကြောက်တရားကို ခံစားမိတယ်... ပင်လယ်သေ အနက်ပိုင်းတွေမှာပဲနေတဲ့ အဲဒီ ဝိညာဉ်မိကျောင်းတွေက သူတို့ရဲ့ကြောက်ရွံ့မှုက ဖိအားပေးလို့ ထွက်လာခဲ့ကြရတာ... မာန်စွမ်းအားရှင်တွေရဲ့ နယ်ပယ်ထဲက ရှေ့ဖြစ်ဟောဗျာဒိတ်တွေက ရှေးဟောင်းဒဏ္ဍာရီသက်သက် မဟုတ်တော့ဘူး။ အဲဒါက... အမှန်ဖြစ်လာပြီ...” အဘိုးအိုက တီးတိုးရေရွတ်သည်။

သူသည် ညာလက်ကိုမြှောက်၍ ကောင်းကင်သို့ ဝှေ့ယမ်းလိုက်ရာ သူ့လက်ဝါးအတွင်းမှ အလင်းစက်တစ်ခု ချက်ချင်းပျံသန်းထွက်သွားပြီး ပင်လယ်နက်ဆီသို့ တိုးဝင်သွားသည်။ အလင်းစက်သည် အဝေးသို့ရောက်သွားသည်နှင့် ပေါက်ကွဲသွားပြီး ပင်လယ်သေအတွင်း ပေသန်းပေါင်းများစွာဧရိယာအား ချက်ချင်းလင်းထိန်သွားစေသည်။

“အဲဒါက...”

လူအုပ်စုသည် အံ့အားသင့်ထိတ်လန့်စွာ အော်ဟစ်လိုက်မိကြပြီး သူတို့အမူအယာများ အကြီးအကျယ် ပြောင်းလဲသွားကြသည်။

***

All Chapters