အခန်း (၂၇၁-၂၇၃)
Vol. 19 Ch. 271-273
271 01
အခန်း 271
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ပုံရိပ်များအားလုံးက အတုဖြစ်သည်ဟု လူသားတိုင်းက တွေးထင်နေကြသည့်တိုင်အောင် ကောင်းကင်ပြာတိရိစ္ဆာန်ရုံက တိရိစ္ဆာန်တိုင်းကမူ နားလည်သည်။ ဒါဟာ အားလုံးက အစစ်အမှန် ဖြစ်သည်။
ဒါရိုက်တာဆုပိုင်က ဒီတိုက်ရိုက်ထုတ်လွှင့်မှုက သုံးလျက် သူတို့အား ဒီနေရာသို့ ပြန်ခေါ်လာခြင်း ဖြစ်သည်။ သူတို့၏အိမ်ဟု ခံစားရစေသည့် နေရာတစ်ခုကို ပေး၏။
သူတို့၏ တာ့ပိုင်ခန္ဓာကိုယ်မှ မွှေးတိုင်းက ထောင်တက်လာပြီး သူ၏အရှေ့မှ ဖန်သားပြင်ကို မျက်လုံးပြူးကာကြည့်သည်။
မဖြစ်နိုင်ဘူး။
ဆုပိုင်က ဘာလို့ ဒီလိုမျိုး သေမှာလဲ။
သူက ဘာလို့ ဒီလိုသေရမှာလဲ။
ဝူး ဝူး ဝူး၊
အူး အူး
ဟာလီကလည်း လည်တိုင်ကို မြောက်လျက် ကြမ်းတမ်းစွာ ဟိန်းဟောက်လိုက်သည်။ သူ၏အရှေ့တွင် တစ်စုံတစ်ယောက်သာ ရှိပါက ဟာလီ၏ မျက်လုံးတစ်ခုလုံးက သွေးချင်းချင်း ရဲလျက် သူ၏ခန္ဓာကိုယ် အတွင်းမှလည်း ကြင်နာမှုကို မခံစားရတော့ကြောင်း မြင်နိုင်မည် ဖြစ်သည်။
ထိုအချိန်တွင် တိရိစ္ဆာန်ရုံထဲမှ လူတိုင်းက တိရိစ္ဆာန်များ၏ အပြောင်းအလဲကို တွေ့ကြသည်။ တစ်ကောင်ချင်းစီတိုင်းက ရက်စက်ရန်လိုသော အရှိန်အဝါအပြည့်နှင့်ဖြစ်ပြီး အချို့သောသူများက တိုက်ခိုက်မည့် ဟန်အမူရာများ ပြကြသည်။
“အစ်ကို ဒီ ဒီတိရိစ္ဆာန်တွေက”
ကျိုးကျန်းက လောင်၏ ဘေးနားတွင်ရပ်လျက် အဝေးမှ ဟိန်းဟောက်နေသော တိရိစ္ဆာန်များကိုကြည့်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။
“တိုက်ရိုက်ထုတ်လွှင့်မှု အတောအတွင်းမှာသာ ဒါရိုက်တာဆုက တစ်ခုခုဖြစ်သွားရင် ငါ စိုးရိမ်တာက သူတို့တွေလည်း ရူးကုန်လိမ့်မယ်”
လောင်ကျိုးက အလွန်တည်ငြိမ်စွာနှင့် ဝမ်းနည်းမှု၊ ပျော်ရွှင်မှု ကင်းမဲ့စွာ ပြောသည်။
“ဒါက တိုက်ရိုက်ထုတ်လွှင့်မှုပဲ။ ဒါရိုက်တာဆုက ဘာမှမဖြစ်ဘူး”
အနောက်မှ လာသော ကျိုးကျန်း၏ အသံကို ကြားသောအခါ လောင်ကျိုးက အံကို တင်းတင်း ကြိတ်လိုက်သည်။
လူတိုင်းကလည်း ဒါရိုက်တာဆုပိုင် တိုက်ရိုက်ထုတ်လွှင့်မှုဟာ အထူးတလည် ပြင်ဆင်ထားခြင်း ဖြစ်သည်ဟု ထင်နေကြသော်လည်း သို့သော် မရေမတွက်နိုင်သော တိုက်ပွဲများကို အတွေ့အကြုံ ရှိဖူးသည့် သူ့အနေနှင့် ဒါဟာ အစစ်အမှန် ဖြစ်နေကြောင်း ခံစားမိနေသည်။
ထို့ကြောင့် မည်မျှတော်သော သရုပ်ဆောင် ဖြစ်နေစေပါမူ ထိုမျှအထိ စစ်မှန်လွန်းလောက်အောင် လူသေအဖြစ် သရုပ်မဆောင်နိုင်ပေ။
သို့သော် _ _ _
ဒါတွေက အရေးမကြီးတော့ဘူး။ ဒါရိုက်တာဆုပိုင်သာ တကယ် တစ်ခုခု ဖြစ်သွားခဲ့မည်ဆိုရင် ဒါဆိုရင် _ _ _
စနိုက်ပါရိုင်ဖယ်နှင့် လူတစ်ယောက်က ရန်သူတိုင်းပြည်ကို သွားရဲတယ်။
အဲဒီနောက် သေတဲ့အထိ တိုက်တာပေါ့။
“အား အား အား”
ရုတ်တရက် အနောက်ဘက်မှ အလန့်တကြားအော်သံ ထွက်လာသည်။ လူတိုင်းကလည်း အလန့်တကြား ကြည့်လိုက်ကြသည်။ သူတို့သည် မှိန်းဟာ ဒါရိုက်တာဆုပိုင်ကို ထိုးဖောက်လျက်သား ဖြစ်နေမည့် အခြေအနေကို ကြောက်နေကြသည်။
_ _ _
သူတို့၏ အရှေ့မှ မြင်ကွင်းကို မြင်တွေ့ရပြီးနောက် အားလုံးက မျက်လုံး ပြူးကျယ်လျက် ပါးစပ်ကိုပင် အုပ်ပြီး ငိုကြသည်။ ဒါရိုက်တာဆုပိုင်က အဆင်ပြေသည်။ သို့သော်
“မင်း မင်းတို့အားလုံး သေဖို့ပဲ တန်တယ်”
ဆုပိုင်က သူ၏အရှေ့မှ မှိန်းဖြင့် တစ်ကိုယ်လုံးကို ထိုးဖောက်ခံထားရသော လင်းပိုင်ကို ကြည့်ပြီး ဒေါသတကြီး ထအော်သည်။
ထို့နောက်
271 02
ဟူး
ဟူး
သူတို့၏ အရှေ့တွင် မရေမတွက်နိုင်သော လင်းပိုင်များ ရှိသည်။ ထိုလင်းပိုင်များက ပင်လယ်ထဲတွင် ခပ်ကြမ်းကြမ်း ခုန်ရင်း ပစ်ခတ်သမျှ မှိန်းတိုင်းကို သူတို့၏ အသွေးအသားများကို သုံးကာ တားပေးကြသည်။
မျက်တောင်တစ်ခတ် အချိန်အတွင်းတွင်ပင် ဆုပိုင်အရှေ့မှ ပင်လယ်ရေက နီသွားသည်။
ဟူး
ဆုပိုင်က အသက်ပြင်းပြင်း ရှူသည်။ သူ၏ ပစ်စတိုကို မြောက်ပြီး မောင်းကိုတင်ကာ ခလုတ်ကို ဆွဲလိုက်သည်။
ဒိုင်း
ကျည်ဆံတစ်တောင့်က လှေပေါ်မှ အဖွဲဝင်တစ်ယောက်၏ နဖူးကို ထိုးဖောက်သွားသည်။ သို့သော် ဆုပိုင်က အရှိန်ကို မနှေးစေလေဘဲ ငါးဖမ်းလှေဆီ အပြေးသွားသည်။
“အသုံးမကျဘူး။ နောက်ထပ် မှိန်းအသစ် တပ်လိုက်လေ”
သက်လတ်ပိုင်းအရွယ် ခေါင်းဆောင်က စူးရှစွာ အော်သည်။ ဆက်တိုက် ခုန်ပေါက်လျက် လမ်းကြောင်း ပိတ်နေသော လင်းပိုင်းများအားလုံးကို ခပ်ကြမ်းကြမ်း ပစ်သတ်ရန် ကြိုးစားသည်။
ဟူး
နောက်ထပ် လင်းပိုင်တစ်ကောင်က အပစ်ခံရပြန်သည်။
ဒိုင်း
သူဟာ လက်ထဲမှ မှိန်းကို ပစ်ချလိုက်ပြီး တစ်ဖက်သို့ လှည့်ကာ အတွင်းဘက်သို့ ပြေးသည်။ မည်သို့ပေဆိုစေ လင်းပိုင်းများဟာ ထိုလူငယ်ကို ကယ်ရန် အသက်ကိုပင် ရင်းလိမ့်မည်ဟု မတွေးဖူးပေ။
ဘာလို့လဲ။
ဘာကြောင့်လဲ။
သူ လင်းပိုင်တွေကို နှစ်ပေါင်းများစွာ သတ်လာခဲ့တာ။ သူတို့ရဲ့ ညစာစားပွဲပေါ်က အစာအတွက်ကြောင့်နဲ့ အထူးတလည် ခံစားချက်ရှိတဲ့ ဒီလူတစ်ဖွဲ့ကို ဘယ်လိုမှ နားမလည်နိုင်ဘူး။
သူက သူ၏ အသက်ကယ် ဂျာကင်ကို ကောက်ယူကာ အလောတကြီး ဝတ်လိုက်ပြီးနောက် ပင်လယ်ထဲသို့ ခပ်မြန်မြန် ခုန်ချသည်။
ငါးဖမ်းလှေက လှည့်ချိန် မရှိတော့ပေ။ သူတို့သာ ရှင်သန်လိုလျှင် ရေကူးသွားရပေမည်။
သူ အသက်ရှင်နိုင်သမျှ ဒီ သောက်ကျိုးနည်း လင်းပိုင်တွေ အနှေးနဲ့အမြန်ပဲ။
ဒိုင်း
သို့ရာတွင် သူဟာ ရေထဲတွင် ရောက်ပြီးပြီးချင်း သူ၏အနောက်ဘက်မှ သွေးတိမ်က မြူအလား ပေါက်ထွက်လာသည်။ တစ်ကိုယ်လုံးကလည်း အောက်သို့ မြှုပ်သွားသည်။
“အား…”
သို့ရာတွင် သူက မတုန့်ပြန်နိုင်သေးခင် လင်းပိုင်များက သူ၏အောက်တွင် ကူးလာပြီး သူ၏ ခန္ဓာကိုယ်ကို သယ်လျက် ကမ်းစပ်သို့ ခပ်မြန်မြန် သွားလေသည်။
“ဝူး ဝူး”
အချိန်အတန် ကြာပြီးနောက် ဆုပိုင်က ကမ်းစပ်မှ လူအိုကြီး၏ အလောင်းဘေးနားတွင် ထိုင်ကာ အမောတကော အသက်ရှူသည်။ သူသည်လည်း ထိုလူအိုကြီး လက်ထဲတွင် ခပ်တင်းတင်း ဆုပ်ကိုင်ထားသော ဓာတ်ပုံလေးကို ယူကြည့်လိုက်သည်။
အမျိုးသမီးတစ်ယောက်နှင့် လင်းပိုင်တစ်ကောင်၏ ဓာတ်ပုံကို မြင်ရသောအခါ သူ၏ မျက်လုံးက အရည်လဲ့လာသည်။ ထို့နောက် တစ်ဖက်သို့ လှည့်လိုက်သောအခါ ကမ်းစပ်တွင် ပြေးသွားကြသည့် လူများကိုလည်း မြင်ရသည်။
လင်းပိုင်ပင်လယ်အော်ဟု ခေါ်သော ကမ်းစပ်က လူပေါင်းများစွာ သေပြီးနောက်တွင် ပထမဦးဆုံးအကြိမ်အနေဖြင့် တိတ်ဆိတ်လွန်းသွားသည်။
လင်းပိုင်များကို သတ်ရန် ဆွေးနွေးနေကြသော လူများ၏ အသံလည်း မရှိတော့ချေ။ မှိန်းများဖြင့် အသားများကို ထိုးဖောက်နေသော အသံများကိုလည်း မကြားရတော့ချေ။ ပင်လယ်နေ သတ္တဝါများကို ကျိန်ဆဲနေသော အသံများလည်း မရှိတော့ချေ။
ဆုပိုင်က မတ်တတ်ထရပ်လျက် ရေက သွေးရောင်ပင် ပြောင်းနေသော ရေတိမ်ပိုင်းကို တစ်ချက်ကြည့်လိုက်သည်။
271 03
လင်းပိုင် အလောင်းပေါင်းများစွာထဲတွင် လူအလောင်းပေါင်းများစွာလည်း ရှိနေသည်။ ငါးဖမ်းလှေတိုင်းပေါ်မှ အပြစ်သားများအားလုံးက ဆုပိုင်၏ သေအောင်ရိုက်သက်မှုကို ခံလိုက်ရသည်။
သူ့အနေဖြင့် ပထမဦးဆုံးအကြိမ်ဖြင့် ကိုယ်တိုင်လက်ဖြင့် လူပေါင်းများစွာ သတ်ဖူးခြင်းလည်း ဖြစ်သည်။ သို့ရာတွင် ဆုပိုင်က နောင်တ မရချေ။ ထိုလူများက သေရန် ထိုက်တန်သည်။
ထိုသူများအား သွေးလွှမ်းသော သင်ခန်းစာ မပေးသမျှ လင်းပိုင်ပင်ဖြစ်စေ၊ ဝေလငါးပင်ဖြစ်စေ ထိုလူများကြောင့် တစ်ရက်ပြီး တစ်ရက် အသတ်ခံရပေမည်။ မျိုးတုန်းသွားတဲ့အထိပေါ့။
ဘာလို့လဲ။
သူတို့က ဘာလို့ လူတွေ ဖြစ်နေတာလဲ။ လင်းပိုင်တွေကို သတ်တာက ကြွယ်ဝမှုတွေ အများကြီး ယူဆောင်ပေးနိုင်တာကြောင့်လား။
ဝေလငါးတွေက ရှားပါးပြီး အဖိုးတန်တာကြောင့်လား။
သူတို့ကို ဒုက္ခမပေးတဲ့ အကြောင်းပြချက်ကြောင့်လား။
အဝေးသို့ တစ်လှမ်းချင်းစီ လမ်းလျှောက်သွားသော ဆုပိုင်က ပင်လယ်ထဲတွင် လဲနေသော လင်းပိုင်လေးကို ကြည့်လိုက်ပြီး ဝေလငါးကြီးဘေးဘက်သို့ တစ်လှမ်းချင်းစီ ပြန်သွားသည်။
မိခင်နှင့် ကလေးကို ဝိုင်းထားသော ကြီးမားတဲ့ ပိုက်ခွန်ကြီးကလည်း ရှိနေသေးသည်။ ဆုပိုင်က သူတို့ကို ကိုင်တွယ်ပြီးနောက်တွင် ငါးဖမ်းလှေပေါ် တဖြည်းဖြည်းချင်းစီ ပြန်တက်သွားသည်။
ဝူး
ဝေလငါးနှစ်ကောင်က အော်ဟစ်လျက် သူတို့၏ ခန္ဓာကိုယ်များကို ခပ်ကြမ်းကြမ်း လှုပ်ရှားလာကြသည်။
ဝုန်း
ငါးဖမ်းလှေက စတင်သောအခါ ဆုပိုင်ကလည်း ဝေလငါးနှစ်ကောင်ကို ပင်လယ်ထဲသို့ ပြန်ဆွဲလာနိုင်သည်။
ငါးဖမ်းလှေ၏ တစ်ဖက်တစ်ချက်စီတွင် လေးလံသော လင်းပိုင်များကလည်း ပင်လယ်ပြင်တွင် တစ်ကောင်ပြီး တစ်ကောင်ခုန်လျက် စိတ်လှုပ်ရှားသော အော်သံများဖြင့် ထုတ်ပေးနေကြသည်။
သူတို့သည် ငါးဖမ်းလှေအနောက်မှ လိုက်လျက် နက်ရှိုင်းသော ပင်လယ်ပြင်ထဲသို့ စတင်ကာ ကူးခတ် သွားကြသည်။
ဆုပိုင်က သူ၏အနောက်ဘက်မှ သွေးများ စိုရွဲနေသော ပင်လယ်ကိုပြန်ကြည့်ပြီး အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။
[ကောင်းလိုက်တာ။ ဒါရိုက်တာဆုပိုင် အဆင်ပြေတာ ကောင်းလိုက်တာ။ ငါ့ရဲ့ နှလုံးသားက ရင်ဘတ်ထဲကတောင် ခုန်ထွက်တော့မလို့]
[အိုး ငါ ဒီနေ့မှပဲ တိရိစ္ဆာန်တွေက လူသားတွေရဲ့ မိတ်ဆွေတွေဆိုတဲ့ စကားကို သေချာ နားလည် လိုက်တော့တယ် ]
[ဟုတ်တယ်။ ဒီလင်းပိုင်တစ်ဖွဲ့က သူတို့ရဲ့ အသက်ကိုတောင် စတေးပြီး ဒါရိုက်တာဆုပိုင်အတွက် မှိန်းတွေက်ု ကာပေးလိုက်တာနော်။ ဒါတကယ်ကို မယုံနိုင်စရာပဲ။ လက်စသတ်တော့ တိရိစ္ဆာန်တွေရဲ့ ခံစားချက်က တအားစစ်မှန်တာပဲ။ သူတို့အပေါ်သာ တကယ် ကောင်းပေးမယ်ဆိုရင် သူတို့ကလည်း သူတို့ရဲ့အသက်ကို ပြန်ပေးအုံးမှာ]
[“အပြုံးနတ်သား”က တကယ့်ကို နတ်သားပဲ ]
[တရုတ်ပြည်မှာ ဒီလို ရက်စက်တဲ့ပွဲမျိုး မရှိတာကို တကယ် ကျေးဇူးတင်သင့်တယ်။ ဝူး ဝူး ငါ့ရဲ့အခန်းထဲမှာ အပြည့်ရှိနေတဲ့ လယ်မြေကြွက်လေးတွေကို ကြည့်ပြီး ငါ သူတို့ကို ပို့လိုက်ဖို့တောင် တွန့်ဆုတ်လာတယ် ]
[ဒါရိုက်တာဆုပိုင်ရဲ့ ဒီနေ့ပြသသွားတဲ့ ဆုံးဖြတ်ချက် ပြတ်သားတဲ့ သတ်ဖြတ်မှုက ငါ့ကို တကယ် အံ့ဩစေတယ်။ တိရိစ္ဆာန်တွေက ဒီလိုမျိုး အသတ်ခံရတာကို ငါတို့ မြင်တွေ့ရမယ်ဆိုရင် ငါတို့လည်း ဒါရိုက်တာဆုပိုင်လိုပဲ ဒီလူတွေကို သေတဲ့ထိ တိုက်ခိုက်မိလောက်တယ် ]
[သတင်းထောက်တွေ အခု ဘာပြောမလဲဆိုတာကိုပဲ သိချင်တာ။ ဒါရိုက်တာဆုပိုင်က ဒီလောက် တန်ကြေး ကြီးကြီးပေးပြီး အောင်အောင်မြင်မြင် သက်သေပြလိုက်နိုင်ပြီ။ သူတို့ကသာ ထပ်ပြီး ထောင်လွှားအုံးမယ်ဆိုရင် ငါတို့က တိုက်ခိုက်ရုံပဲ ရှိတော့မယ် ]
_ _ _
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ လူတိုင်းက ဆုပိုင် ပြုံးနေကြောင်းမြင်မှသာ သက်ပြင်း ချနိုင်တော့သည်။ သို့သော် _ _ _
ဒါဟာ တိုက်ရိုက်ထုတ်လွှင့်မှုသာ ဖြစ်သော်လည်း တန်ကြေးက မြှင့်လွန်းသည်။
271 04
လင်းပိုင်အလောင်း ဆယ်လောင်းကျော်ခန့်အား အပေါင်းအဖော်များက နက်ရှိုင်းသော ပင်လယ်ပြင်ထဲသို့ ပြန်သယ်သွားကြသည်။ ထို့နောက် ထိုအလောင်းများက ပင်လယ်အောက်ခြေသို့ တဖြည်းဖြည်းချင်း မြှုပ်သွားသည်။
ရက်စက်သော လူသားများကြောင့်သာ မဟုတ်လျှင် ထိုလင်းပိုင်များက သေစရာ မလိုပေ။
“ဝူး ဝူး”
“လူသား _ _ _ ကျေးဇူးတင်ပါတယ်။ ငါ ငါတကယ် အိုနေပြီ”
ဝေလငါးကြီးက ငါးဖမ်းလှေ ဘေးဘက်သို့ ကူးလာပြီးနောက် ဆက်တိုက်ဆိုသလို အော်သံများ ပေးသည်။
“ငါ့ရဲ့ ကလေး _ _ _ နင် ကောင်းကောင်း အသက်ရှင်နိုင်ဖို့ မျှော်လင့်တယ်”
“ဝူး ဝူး”
ဆုပိုင်က ထို ဝေလငါးမကြီးဟာ သူ၏ ထိပ်မှနေ၍ရေများကို ပန်းထုတ်ပြီး မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်သွားတာကို မြင်လိုက်ရသည်။ သူလည်း ယခုမှသာ သိလိုက်ခြင်းဖြစ်သည်။
ထိုဝေလငါးက ပိုက်ခွန်ထဲမှ အတင်း ထွက်လာသောအခါ ပြင်းပြင်းထန်ထန် ဒဏ်ရာရနေခဲ့ပြီးသား ဖြစ်သည်။ သူ၏ကိုယ်တွင် မှိန်းများကြောင့်ဖြစ်သော ဒဏ်ရာ များလွန်းနေသည်။
သူ၏ကလေးကို အောင်အောင်မြင်မြင် ကယ်ဆယ်ပြီးကြောင်း မြင်လိုက်သောအခါ သူသည် နောက်ဆုံးတွင် မထိန်းထားနိုင်တော့ပေ။
“ကောင်းပြီ စိတ်ချ ငါ သေချာပေါက်ကို”
ဘုန်း
ဆုပိုင်က သူ၏လက်ကို ပါးစပ်ပေါ် အုပ်လျက် အသားကုန် အော်ဟစ်လိုက်သည့် အခိုက်အတန့်တွင်ပင် ငါးဖမ်းလှေတစ်ခုလုံးက တုန်ခါသွားပြီး ဘေးဘက်ရှိရေများက ကောင်းကင်ပေါ်သို့ မြောက်တက်သွားသည်။
အဝေးတွင် သူတို့ဆီ မြန်မြန်လာနေသော သံမဏိစစ်သင်္ဘောကို မြင်ရသည်။
******
272 01
အပိုင်း 272
ဘုန်း
သူ၏ဘေးဘက်မှ ရေလှိုင်းများက ဆက်တိုက်ဆိုသလို မြှောက်တက်နေသည်။
ဆုပိုင်က လင်းပိုင်များက ပင်လယ်ထဲသို့ ပျော်ရွှင်စွာဖြင့် ခုန်ပေါက်ဝင်ရောက်သွားသော မြင်ကွင်းကို ကြည့်လိုက်သည်။ သူတို့သည် အဝေးသို့ပင် မြန်မြန် ကူးခတ်သွားကြလေသည်။
သူတစ်ယောက်တည်းကသာ ငါးဖမ်းလှေပေါ်တွင် ရှိသည်။ သို့သော် မမျှော်လင့်ထားစွာပင် အခြားတစ်ဖက်ခြမ်းက ရက်စက်စွာနှင့် စစ်သင်္ဘောတစ်စီးကို ပို့လိုက်သည်။
သို့ရာတွင် ဒီအခြေအနေအားဖြင့် ဒီတိုင်းပြည်က အစိုးရက လင်းပိုင်သတ်ပွဲကို မည်မျှအလေးအနက် ထားကြောင်းကို သွယ်ဝိုက်၍ အတည်ပြုပြီးသား ဖြစ်သွားသည်။
အခြေအနေကို ကြည့်ပြီး ဆုံးဖြတ်ကြည့်မည်ဆိုလျှင် မည်သည့်နည်းနှင့်မဆို ကျင်းပကြမည့်ပုံ ပေါ်သည်။
ထိုအကြောင်းအရာကို တွေးမိသောအခါ ဆုပိုင်က သူ၏လက်မောင်းများကိုလည်း ရေထဲသို့ ကူးခတ်ဟန်ပြု၍ လင်းပိုင်များ၏ အနောက်မှလိုက်ကာ အဝေးသို့ လျင်မြန်စွာ ကူးခတ်သွားလိုက်သည်။
ဘုန်း
နောက်ထပ် ကျည်ဆံအခွံတစ်ခုက သိပ်မဝေးသော နေရာသို့ ကျသွားသည်။
“အား”
ပင်လယ်ရေထဲတွင် မရေမတွက်နိုင်သော သွေးပေါင်းများစွာက စတင်ကာ ပျံ့နှံ့လာသည်။ လင်းပိုင်၏ အလောင်းများကပင် စတင်ကာ ပေါလော ပေါ်လာ၏။ ခန္ဓာကိုယ်တစ်ခုလုံး အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သည်အထိ ပေါက်ကွဲသွားသော လင်းပိုင်များပင် ရှိကြသေးသည်။
“မြန်မြန်လေး သွားကြတော့.. ငါ့ကို တစ်ယောက်တည်းထားခဲ့”
ဆုပိုင်က ခက်ထန်သော မျက်နှာနှင့် အသားကုန် လှမ်းအော်လိုက်သည်။ ထိုအခါ သူ့ကို ဝိုင်းထားသော လင်းပိုင်များက အနည်းငယ် လူစုခွဲပေးကြသည်။
ဘန်း
ထိုအချိန်တွင် လင်းပိုင်တစ်ကောင်က ပင်လယ်အောက်ခြေသို့ ရုတ်တရက် ထိုးဝင်သွားပြီး ဆုပိုင်အား သူ၏ ကိုယ်အပေါ်သို့ မတင်သည်။
“ငါ့ကို တင်းတင်းဖက်ထား”
သူက အော်သည်။
ထိုလူသားက သူ့ကို ခပ်တင်းတင်း ဖက်ထားကြောင်း ခံစားမိမှသာ သူဟာ အခြားသော လင်းပိုင်များကို တစ်ချက်အော်လျက် ပင်လယ်ထဲသို့ လျင်မြန်စွာ ကူးခတ်သွားလိုက်သည်။
သေစမ်း…
“မင်းက ဘယ်ကိုချိန်နေတာလဲ။ ဒီလောက်အနီးကပ်နဲ့တောင် ရအောင် မပစ်နိုင်ဘူးလား”
ထိန်းချုပ်ခန်းထဲတွင် ရှိနေသော သက်လက်ပိုင်းအရာရှိက ရေလှိုင်းများ မြှောက်တက်နေသာ မြင်ကွင်းကို ကြည့်လိုက်ပြီး သူ၏ဦးထုပ်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ကာ စတင်ကာ ဆဲသည်။
“အရှိန်နူန်းမြှင့်ပြီး သွား။ ဒီတရုတ်ကောင်ကို ဒီကနေ ထွက်သွားခွင့် ပြုလို့မရဘူး။ ဒါမှမဟုတ်ရင် ငါတို့ရဲ့ ဂုဏ်သိက္ခာက ဘာဖြစ်သွားမလဲ”
“တိုက်ခိုက်”
“ဒီသောက်ကျိုးနည်း တိရိစ္ဆာန်တွေအားလုံးကို ဖောက်ခွဲပစ်လိုက်”
“တစ်ကောင်မှ ချန်မထားနဲ့ မျိုးမစစ်ကောင်”
သက်လတ်ပိုင်းအရွယ် အရာရှိက အဝေးသို့ ပြေးလွှား သွားနေသော လင်းပိုင်များကို သုန်မှုန်သော မျက်လုံးဖြင့် ကြည့်ကာ အံကိုကြိတ်ရင်း ခပ်ကြမ်းကြမ်း အော်လေသည်။
လင်းပိုင်သတ်ပွဲက တားမြစ်ခြင်း ခံရကြောင်း ကြားသောအခါ ကြည့်ရှုနေသူများ အားလုံးက ဒေါသထွက်သွားကြသည်။
သေမိန့်တစ်ခုကို ထုတ်ပြန်ပြီးသား ဖြစ်သည်။ ဒီပင်လယ်ပြင်တစ်ခုလုံးကို မြေလှန်ရမည်ဆိုလျှင်ပင် ထိုတိရိစ္ဆာန်နှင့်လူသားကို သတ်ရပေမည်။
272 02
မတတ်နိုင်ဘူးလေ။ သူတို့မျက်နှာကို ပြန်ဆယ်မှ ဖြစ်မယ်။
လင်းပိုင်သတ်ပွဲက နှစ်တိုင်းလိုလို ယူဆောင်လာပေးသော အကျိုးအမြတ်က မြောက်မြားလွန်းသည်။ ဒီတရုတ်လူမျိုးကြောင့် ဒီနှစ်ပွဲကို မကျင်းပနိုင်ခဲ့လျှင် ထိုလင်းပိုင်များနှင့် ဝေလငါးများကလည်း အနာဂတ်တွင် ဒီနေရာသို့ လာရောက်ကြလိမ့်မည် မဟုတ်ပေ။ ဆုံးရှုံးမှုက တွက်ချက် ထားခံရထားခြင်း မရှိချေ။ ရုတ်တရက် ဖြစ်ပေါ်လာလေရာ သူကိုယ်တိုင်ကပင် အရာရှိနေရာကပင် ပယ်ထုတ်ခံရလောက်သည်။
သူ၏အထက်မှ အရာရှိအများစုကပင် အောက်သို့ ရာထူးလျော့ချခံရနိုင်သည်။ မရေမတွက်နိုင်သော ငါးဖမ်းသမားများကလည်း လမ်းတွေပေါ်သို့ တက်လျက် ဆူပူဆန္ဒပြမှုများ ဖြစ်လာနိုင်သည်။
လူတိုင်းက ထိုလင်းပိုင်များထံမှ ပိုက်ဆံလုပ်နိုင်လိုသည်။
ထိုတရုတ်လူမျိုးက လင်းပိုင်သတ်ပွဲကို ပေါ်တင်နှောက်ယှက်ခဲ့ရုံသာ မကသေးလေပဲ လင်းပိုင်ပေါင်းများစွာကိုပင် လွတ်မြောက်သွားစေခဲ့သေးသည်။
ထိုအခြေအနေက သည်းမခံနိုင်သော အနေအထားမျိုး ဖြစ်သည်။
“တိုက်ခိုက်”
“ ပစ်”
“သူတို့အားလုံးကို ဖောက်ခွဲပစ်”
ရူးသွပ်နေသော အော်သံတစ်ခုနှင့်အတူ သက်လတ်ပိုင်းအရွယ် အရာရှိကြီးက အလုပ်ရှုပ်နေသော လူသားများကို ကြည့်ကာ ဓားရှည်တစ်လက်ကို ဆွဲထုတ်လိုက်ပြီး အခန်းထဲမှ ထွက်သွားသည်။ သူသည်လည်း ထိုသောက်ကျိုးနည်း တိရိစ္ဆာန်များနှင့် ထိုလူသားက အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားသည်အထိ ပေါက်ကွဲသွားခြင်းကို ကိုယ်တိုင် မြင်လိုသည်။
အဲဒီအစိတ်အပိုင်းတွေက သမုဒ္ဒရာထဲမှာ ဒီအတိုင်း ပျံ့သွားရင် ပိုကောင်းတယ်။
အဲဒီလိုနဲ့ သူတို့အမဲလိုက်ဖို့ ငါးစာအဖြစ် သုံးတာပေါ့။
ထိုနည်းနှင့်မှသာ သူတို့၏ နှလုံးသားထဲက အမုန်းကို ဖယ်ရှားနိုင်ပေလိမ့်မည်။
“မြန်မြန်လေး”
ဆုပိုင်က လင်းပိုင်၏ ကျောပေါ်တွင် ကပ်လှဲလျက် ဘေးဘက်မှ လင်းပိုင်သေးသေးလေးကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် အောက်ဘက်မှ ဝေလငါးလေးကို ပြန်ကြည့်၏။
ထိုအကောင်လေးများက သူတို့၏ အောက်ဘက်တွင် ကူးခတ်လာကြောင်း မြင်မှသာ စိတ်အေး သွားကြသည်။
ဝူး
သို့ရာတွင် ရုတ်တရက် ပင်လယ်ပြင်မှတဆင့် ငိုညည်းသံက ထွက်လာသည်။ ဆုပိုင်က မနေနိုင်ဘဲ အနည်းငယ် တွန့်ဆုတ်သလို ခံစားလိုက်ရ၏။
ဒါဟာ အမေကို ရှာနေသော ဝေလငါးပေါက်လေး ဖြစ်လောက်သည်။ သို့ရာတွင် သူမ၏မိခင် ဝေလငါးကြီးကမူ တောင့်မခံနိုင်တော့ချေ။
ဝူး
ထိုအခိုက်အတန့်တွင် ရုတ်တရက် သူ၏အနောက်ဘက်မှ အသံရှည်ဆွဲသော ရှုံ့ငိုသံက ထွက်လာသည်။
ဝုန်း
ထို့နောက် ကြီးမားသည့် ရေလှိုင်းကြီးက ထွက်လာသည်။
ဝုန်း
ပင်လယ်ပြင်ထဲမှ ကြီးမားသော သတ္တဝါကြီးက လိမ့်ထွက်လာသည်။ သူ၏မျက်လုံးကြီးများက တဖြည်းဖြည်း ဝေးသထက် ဝေးသွားသော လင်းပိုင်တစ်ဖွဲ့ကို ကြည့်သည်။
ဝူး
“ကောင်းကောင်း ရှင်သန်။ သား ကောင်းကောင်း ရှင်သန်ရမယ်။ ဒီနေရာကို ဘယ်တော့မှ ပြန်မလာနဲ့”
ထို့နောက် ဝေလငါးမကြီးက သူမ၏ ဆူးတောင်အမြှီးကို တစ်ချက် ယမ်းလိုက်ပြီး သူ၏ခန္ဓာကိုယ်ကြီးအား ပင်လယ်ထဲသို့ တိုးဝင်သွားစေသည်။
ထို့နောက် သေဆုံးခြင်းအား ကြောက်ရွံ့မှု ကင်းမဲ့စွာနှင့် အဝေးရှိ သံမဏိစစ်သင်္ဘောကြီးဆီ သွားလေသည်။
272 03
သဘာဝအလျောက် ကြင်နာတတ်သည်မှာ မခုခံလိုဟု မဆိုလိုလေ။ တစ်ရက်တွင်လည်း ထိုလူသားများက နိုးထလာလောက်သည်။ သို့သော် _ _ _ လက်ရှိအနေအထားအရ ထိုလူသားများက ထိုသို့ မနိုးထချင်ပုံ ရသည်။ သူကိုယ်တိုင်ကလည်း အသက်ကြီးရင့်နေပြီ ဖြစ်သည်။ သူကိုယ်သူ စတေးနိုင်လျှင် အကောင်ငယ်လေးများ အားလုံးကို ရှင်သန်နိုင်စေလိုသည်။
ဒါက _ _ _
ထိုက်တန်တယ်။
[ဒီဝေလငါးမကြီးက ဘာလုပ်မလို့လဲ]
[သူ သူ သူ သံမဏိစစ်သင်္ဘောကြီးကို သွားတိုက်မလို့လား။ သူ့ရဲ့ခန္ဓာကိုယ်ကို သုံးပြီး သံမဏိစစ်သင်္ဘောကို တိုက်မှာလား]
[ချီးပဲ ဒါဆိုရင် ဘယ်လို အသက်ရှင်နိုင်တော့မှာလဲ။ ဒါဆိုရင် ဘယ်လို ရှင်နိုင်တော့မှာလဲ]
[အပေါ်ကတစ်ယောက် နားမလည်သေးဘူးလား။ ဒီမိခင်ဝေလငါးမကြီးက ဒါရိုက်တာဆုပိုင်နဲ့ သူမရဲ့ကလေးကို ကယ်ဖို့အတွက် အသက်ကို စတေးချင်တာလေ]
[ငါ တကယ်ကို နားမလည်ရုံပါ။ ဒီတိုင်းပြည်က လူတွေ ရူးနေကြတာလား။ ဘယ်လိုကြောင့်များ ဒီလင်းပိုင်တွေကို သတ်ရမှ ဖြစ်မှာလဲ]
[ငါ ဒါကို ဆက်မကြည့်ရဲတော့ဘူး။ မိခင်ဝေလငါးမကြီးက အစိတ်စိတ်အပိုင်းပိုင်း ဖြစ်တဲ့အထိ ပေါက်ကွဲသွားတောမ့ယ် ထင်တယ်]
နတ်ဘုရား၏ရှုထောင့် သုံးထားသော မှန်ဘီလူးမှတဆင့် တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ လူများသည်လည်း မိခင်ဝေလငါးမကြီးက သူမ၏ ဆူးတောင်အမြှီးကို သုံးပြီး ရေထဲသို့ ထိုးဆင်းသွားကာ အလွန်လျင်မြန်လွန်းသော အရှိန်နူန်းဖြင့် စစ်သင်္ဘောဆီ ချဉ်းကပ်နေကြောင်း မြင်နိုင်သည်။
“အား ဆရာ ဆရာ ဒီကောင်ကြီး ဒီကောင်ကြီး လာနေပြီ”
“တအား နောက်ကျသွားပြီ။ တအား နောက်ကျသွားပြီ။ ကွဲတော့မယ်”
သင်္ဘောမောင်းနှင်သူက သူတို့ဆီ အပြေးလာနေသော ကြီးမားသော အကောင်ကြီးကို မြင်သောအခါ တစ်ခဏခန့် ကြောင်သွားသည်။ သူဟာ ချက်ချင်းဆိုသလိုပင် အပြင်ဘက်မှ သက်လတ်ပိုင်းအရွယ် အရာရှိကို လှမ်းအော်လိုက်သည်။
သက်လတ်ပိုင်းအရွယ် အရာရှိကလည်း အသံကို ကြားသဖြင့် အပြေး ဝင်လာလေသည်။
ဝုန်း
ထို့နောက် စစ်သင်္ဘောတစ်ခုလုံးက ခပ်ကြမ်းကြမ်း လှုပ်ခါသွားသည်။
“အရှိန်မြင့် အမှိုက်တွေ”
“မြန်မြန်လေး လှည့်လေ _ _ _ ဖယ်လိုက် အမြှောက်သာ ပစ်ချလိုက်။ ဒီကောင်ကို ရေထဲမှာတင် သတ်”
“မြန်မြန်လုပ်”
သက်လတ်ပိုင်းအရွယ် အရာရှိကြီးက အတွင်းပိုင်းအခန်းထဲမှ ကုန်းတက်လာသည်။ မျက်လုံး ပြူးကျယ်လျက် ရှိနေသော စစ်သားတစ်ဖွဲ့ကို စိုက်ကြည့်ကာ ဒေါသတကြီး အော်သည်။
ဒီလောက် သန်မာတဲ့ သင်္ဘောကို ရေထဲက သတ္တဝါတစ်ကောင်က ဘယ်လိုများ ဖျက်ဆီးနိုင်မှာလဲ။
ဒါက ဘယ်လိုမှ မဖြစ်နိုင်ဘူး။
ပိုဆိုးသည်မှာ သူတို့တိုင်းပြည်၏ သမိုင်းထဲတွင် ဝေလငါးများက သင်္ဘောကို တိုက်ခိုက်သည်ဆိုသော မှတ်တမ်းမျိုးက မရှိခဲ့ဖူးပေ။ ထိုတိရိစ္ဆာန်များအားလုံးက ဘယ်သောအခါမှ မခုခံခဲ့ဖူးပေ။
သို့သော် _ _ _
ဝူး
ရုတ်တရက် အနောက်ဘက်မှ ဝမ်းနည်းတကြီး အော်သံက ထွက်လာသည်။ ထို့နောက် ကောင်းကင်မှ မရေမတွက်နိုင်သော ရေစက်အမှုန်ပေါင်းများစွာက ဆင်းသက် လာသည်။ သက်လတ်ပိုင်းအရွယ် အရာရှိကြီးက ခေါင်းကို မှင်သက်စွာ ကြည့်လိုက်သောအခါ သူ၏မျက်လုံးကပင် ရေများကြောင့် ဝါးသွားသည်။ သူက ထိုရေများကို ခပ်မြန်မြန် သုတ်လိုက်၏။ ထို့နောက် ရေစက်များ ပြောင်သွားပြီးချိန်တွင်
ကလု
သူ၏အရှေ့တွင် ပေါ်လာသော အမြှီးကြီးကို မြင်လိုက်ရသည်။
272 04
“မဟုတ်ဘူး”
ဘုန်း
ဝေလငါးမကြီး၏ အမြှီးက ထိုလှေပေါ်သို့ ခပ်ကြမ်းကြမ်း ရိုက်ချလိုက်သောအခါ မရေမတွက်နိုင်သော သံမဏိအပိုင်းအစပေါင်းများစွာက သူ၏ကိုယ်ထဲသို့ စိုက်ဝင်သွားသည်။ သို့သော် မိခင်ဝေလငါးမကြီးက တုန့်ဆိုင်း မနေခဲ့ချေ။
ထိုဝေလငါးမကြီးက တစ်ချက် လှမ်းကြည့်လိုက်သောအခါ အဝေးရှိ ပင်လယ်ထဲမှ ခေါင်းပြူထွက်လာသော ဝေလငါးပေါက်လေးကို မြင်လိုက်သည်။
ဝူး
“ကောင်းကောင်း ရှင်သန်ပါ။ မားက သားကို ချစ်တယ်နော်”
ဘုန်း
ထို့နောက် တစ်ဖန်ထပ်ပြီး စစ်သင်္ဘောကို ထိပ်တိုက်ရင်ဆိုင်ပြန်သည်။
“ဘုန်း”
စစ်သင်္ဘောကြီးတစ်ခုလုံးက ပေါက်ကွဲထွက်သွားသည်။ မရေမတွက်နိုင်သော သံမဏိအပိုင်းအစပေါင်းများစွာက အရပ်မျက်နှာအနှံ့မှ သွေးများနှင့် လွှမ်းခြုံသွားသည်။ သင်္ဘောကြီးကလည်း မြှပ်သွား၏။ ထို့နောက် မိခင်ဝေလငါးမကြီးကလည်း သေသွားသည်။
သူ၏ခန္ဓာကိုယ် တစ်ခုလုံးက မရေမတွက်နိုင်သော သွေးအတုံးများ ပြောင်းလဲ သွားသည်အထိ ပေါက်ကွဲသွားခဲ့ခြင်း ဖြစ်သည်။
အဝေးရှိ ပင်လယ်သမုဒ္ဒရာကြီး တစ်ခုလုံးက သွေးချင်းချင်း ရဲသွားသည်။ ထိုနီရဲနေသော သွေးများက မရေမတွက်နိုင်သော ရေနေကျူးကျော်သူ ပေါင်းများစွာကို ဆွဲဆောင်လိုက်သည်။ မိခင်ဝေလငါးမကြီးကလည်း ထိုအကြောင်းအရာကို တွေးမိပြီးသား ဖြစ်လောက်မည်။
ပင်လယ်ထဲသို့ ပြုတ်ကျသွားပြီးသား ထိုလူသားများအား အသက်ရှင်စရာ အကြောင်းမရှိချေ။ သူ့ကိုသာ မဖောက်ခွဲနိုင်ခဲ့လျှင် အသွေးအသားများ ပြန်လည် ပေးဆပ်ရပေမည်။ သမုဒ္ဒရာထဲမှ အခြားသော ရေနေသတ္တဝါများကလည်း သူတို့ကိုယ်စား ကလဲ့စားချေပေးပြီး ထိုလူသားများကို အရှင်လတ်လတ် စားပေးပေလိမ့်မည်။
ဝူး
ဝေလငါးပေါက်လေးက အဝေးမှ မြှောက်တက်လာသော အနက်ရောင်မီးခိုးလုံးများကို ကြည့်ပြီး စူးရှစွာ အော်လေသည်။
ဟူး
ဆုပိုင်က အသက်ပြင်းပြင်း ရှူပြီး သူ့ကို ဝိုင်းနေသည့် လင်းပိုင်များကို ကြည့်သည်။
ဒီတစ်ကြိမ် သူ ဒီတာဝန်မှ လင်းပိုင်များနှင့် ဝေလငါးပေါက်လေးကိုသာ ပြန်ခေါ်သွားနိုင်လောက်သည်။ ထို့အပြင် ထိုအကောင်ပေါက်လေးကိုလည်း အောင်မြင်စွာ ရှင်သန်နိုင်လောက်သည်။ သို့သော်_ _ _
ဒီကိစ္စဟာ ဒီနေရာတွင် အဆုံးမသတ်သေးပါပေ။ ဒီကိစ္စပြီးသွားချိန်တွင် လူသားဆန်မှုကို ပျောက်ဆုံးသွားသော လူအချို့အကြောင်းကို ဆုပိုင်က နားလည်သွားပြီ ဖြစ်သည်။ အမှန်တရားကို ရှင်းပြ၍ မရနိုင်ချေ။ သူဟာ တိရိစ္ဆာန်များကို ကယ်တင်ပေးသည်။ သူက ကယ်တင်ပြီးသမျှ တိရိစ္ဆာန်တိုင်းက အလွန်အမင်း အဖိုးတန်သော ဖြစ်တည်မှုများ ဖြစ်သည်။
တစ်စုံတစ်ယောက်ကသာ ထိရဲလျှင် မည်သည့်အကျိုးအကြောင်းကိုမှ တွေးတောရန် မလိုအပ်ဘဲ ကြောက်လန့်သွားသည်အထိ ရိုက်နှက်လျက် စကားမပြောနိုင်လောက်အောင် ခြောက်ပစ်ရပေမည်။
“တင် host ‘ဆိုးယုတ်မှုကို ဖော်ထုတ်ခြင်း’ တာဝန်ကို အောင်မြင်စွာ ပြီးမြောက်သွားပါပြီ”
“တင် host အနေနဲ့ လင်းပိုင်အပိုင်းအစ တာဝန်ကို ပြီးမြောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်”
“တင် host အနေနဲ့ ဝေလငါး အပိုင်းအစတာဝန်ကို ပြီးမြောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်”
“တင် host အနေနဲ့ လင်းပိုင်ကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့တဲ့အတွက် အရှိန်နူန်း +၃ မြှင့်တက်သွားပါတယ်”
“တင် host အနေနဲ့ ခေါင်းကြီးဝေလငါးကို ကယ်တင်နိုင်ခဲ့တဲ့အတွက် ဒိုင်ဗင်ထိုးဆင်းနိုင်ချိန် မိနစ်၃၀အထိ မြှင့်တက်သွားပါတယ်”
တင် စစ်သင်္ဘောကြီးတစ်ခုလုံးက ပေါက်ကွဲသွားသည့် အခိုက်အတန့်တွင် စနစ်၏ အသံများက ဆက်တိုက်ဆိုသလို ပေါ်ထွက်လာသည်။
“ပြန်ရအောင်”
ဆုပိုင်က ဝေလငါး၏ ကျောပေါ်တွင် မှီလဲလိုက်ပြီး လက်ကို ဆန့်ထုတ်လျက် သူတို့၏ပါးစပ်များကို သူနှင့် နီးကပ်သော နေရာတွင် ထားထားသည့် လင်းပိုင်တစ်အုပ်ကို လှမ်းတို့ထိလိုက်ပြီး ခပ်တိုးတိုး ပြောလိုက်သည်။
“အခြားသော လောက တစ်ခုမှာပေါ့။ မင်းတို့ကို နာကျင်အောင်လုပ်မဲ့သူတွေ မရှိတဲ့နေရာမှာ”
“လုံးဝ မလုပ်စေရဘူး”
++++++ 273 01
အခန်း 273
“ဘယ်လိုဖြစ်ပြီးတော့လဲ”
“ဘာလို့ ဒီလိုဖြစ်သွားတာလဲ”
“သူ စိတ်ရောဂါ ဖြစ်နေတာ မဟုတ်ဘူးလား”
“ဘာလို့ ဒီဉာဏ်ရည်မရှိတဲ့ ရေနေသတ္တဝါတွေက သူတို့ရဲ့ အသက်ကိုတောင် ရင်းပြီး သူ့ကို ကယ်ရတာလဲ။ ဒီကောင်တွေ တမင်သက်သက် ဖန်တီးထားတာပဲ ဖြစ်ရမယ်။ ရည်ရွယ်ချက်ရှိရှိ လုပ်တာ ဖြစ်မယ်။ လူတိုင်းရဲ့ စာနာသနားမှုကို လိုချင်လို့ ဖြစ်မှာ”
ထိုအချိန်တွင် ချီတာရိုက အစည်းအဝေးအခန်းထဲတွင် အလွန်အမင်း ယူကြုံးမရ ဖြစ်သလိုမျိုး ရှေ့ပြန်နောက်ပြန် လျှောက်နေသည်။ ယခုအခါ ဆုပိုင်အမည်ရှိသော ထိုတရုတ်အမျိုးသားက လုံခြုံဘေးကင်းသွားသည်။ ဆိုလိုသည်မှာ သူတို့၏အကြံက ကျရှုံးသွားသည်။
သူတို့၏ တရုတ်နိုင်ငံမှ တိရိစ္ဆာန်များနှင့် ပတ်သက်ပြီး လုပ်လိုသော အကြံအစည်က ကျရှုံးသွားရုံသာ မကသေးလေပဲ တရုတ်နိုင်ငံကိုတောင် ရန်စမိသွားသည်။
“ချီတာရိုခွန် အရမ်းကြီး မထိတ်လန့်နဲ့”
“ဟုတ်တယ် ငါတို့ ဒီကိစ္စကို ပေါ်တင်မဖြေရှင်းနိုင်ပေမဲ့လည်း ဒါပေမဲ့ ငါတို့ လျို့ဝှက်ပြီး လုပ်လို့ရတယ်”
“ဟုတ်တယ် ငါတို့ ခိုးပြီးလုပ်လို့ရသေးတာပဲ”
“အခုက ငါတို့နဲ့ တရုတ်နိုင်ငံအကြားက ပြဿနာမဟုတ်ဘူး။ ဒီဆုပိုင်လို့ ခေါ်တဲ့ လူအကြားက ပြဿနာပဲ။ ဒါကြောင့် ဒီကောင် သေသွားသမျှ တရုတ်ကလည်း ဝရုန်းသုန်းကား ဖြစ်သွားမှာပဲ။ အဲဒီဆိုရင် ငါတို့ရဲ့ အခွင့်အရေးက ပြန်ပေါ်လာလိမ့်မယ်”
“ကောင်းတယ်”
ချီတာရိုက ခပ်ကြမ်းကြမ်း ခေါင်းညိတ်ရင်း အသက်ကို ရှူကာ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်သည်။ ထို့နောက် လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“ငါတို့ ကျရှုံးသွားရင် ငါတို့မှာ ဆုတ်လမ်း မရှိတော့ဘူး”
“ငါတို့ကို စောင့်လို့နေမှာက သေခြင်းပဲ အရှင်တို့ ”
“လူများများ ပိုလွှတ်လိုက်။ ဘယ်လောက်ပဲကုန်ကုန် ကောင်းကင်ပြာတိရိစ္ဆာန်ရုံရဲ့ ဒါရိုက်တာဆုပိုင်က သေကိုသေရမယ်”
“သူသေမှ ငါတို့ အသက်ရှင်နိုင်မှာ။ အဲဒီလိုမှမဟုတ်ရင် ဒီအကြံက ကျရှုံးသွားမှာပဲ။ တရုတ်က ငါတို့ရဲ့တိုင်းပြည်အပေါ် ဖိအားပေးမှာပဲ။ အဲဒီလိုဆိုရင် ငါတို့က ရှင်သန်ဖို့ မဖြစ်နိုင်တော့ဘူး”
“အခု သေရေးရှင်ရေးအတွက် အရေးကြီးတဲ့ အခိုက်အတန့်ကို ရောက်လာပြီ။ မင်းတို့အားလုံးလည်း အတူတကွ ပူးပေါင်းပြီး အခက်အခဲကို ဖြတ်ကျော်သွားကြဖို့ မျှော်လင့်တယ်”
“ငါတို့လက်ရှိအင်အားက _ _ _”
ဘန်း
ထိုအခိုက်အတန့်တွင် တံခါးက ဆောင့်ကန်ဖွင့်ခံလိုက်ရသည်။
မျက်နှာတွင် အမာရွတ်အပြည့်ရှိပြီး ရုပ်ဖျက်ထားသော ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်က စစ်သေနတ်တစ်လက်ကို သယ်လျက် လူတိုင်း၏ အရှေ့သို့ အပြုံးမျက်နှာတစ်လက်နှင့်အတူ ဝင်လာသည်။
ဘန်း
ထို့နောက် သူဟာ အမျိုးသားတစ်ယောက်ကို ထိုင်ခုံပေါ်မှ ကန်ထုတ်ပစ်ပြီး ထိုထိုင်ခုံပေါ်သို့ ခြေတစ်ဖက်ကို တင်လျက် လူတိုင်းကို ကြည့်သည်။
“ဖာ့ခ် ဒီကောင်ပဲ။ အစ်မကြီးကျင် သူ့ကို သေအောင်လုပ် “
တစ်စုံတစ်ယောက်က စကားပြောတော့မည့် အခိုက်အတန့်တွင်ပင် ငှက်တောက လောင်ကျိုး၏ ပုခုံးပေါ်မှ မားမားမတ်မတ် ရပ်လျက် လူအုပ်ထဲမှ ချီတာရိုကို တွေ့လိုက်သည်။ လောင်ကျိုး၏ ခါးကို ပတ်ထားသော ရွှေရောင်မြွေကြီးကို သူက လှမ်းအော်ပြောလိုက်သည်။
ဟစ်_ _ _
ဟစ်_ _ _
ဟစ်_ _ _
ရွှေရောင်မြွေကြီးက သူ၏လျှာကို ပါးစပ်ထဲမှ မှုတ်ထုတ်ပြီး အေးစက်သော မျက်လုံးဖြင့် ထိုလူသားကို စိုက်ကြည့်ကာ သူ၏ခန္ဓာကိုယ်က လောင်ကျိုး၏ ကိုယ်မှ တဖြည်းဖြည်းချင်း အောက်သို့ ဆင်းသည်။
273 02
“မင်းက ဘယ်သူလဲ။ နောက်ပြီး ဒါက ဒါက မင်း မလုပ်ရဘူး”
“အား”
ချီတာရိုက အပြေးဝင်လာသော လူနှစ်ယောက်ကို ကြောက်လန့်တကြား ကြည့်ပြီး စကားပြောတော့မည့် အချိန်တွင် ရုတ်တရက် တံခါးဆီမှ အဖြူအမည်း ပုံရိပ်နှစ်ခုက ခပ်မြန်မြန် ပြေးဝင်လာကြောင်း မြင်လိုက်ရသည်။
ဝုန်း ဝေါင်း
ထိုပြေးဝင်လာသော အရာက တစ်ချက်ခု န်လိုက်ပြီးနောက်တွင် သူအား အစည်းအဝေးခန်း၏ စားပွဲပေါ်သို့ တိုက်ရိုက်လဲကျသွားသည်။ ထို့နောက် ကြီးမားသော ဝက်ဝံလက်ဝါးကြီးက သူ့ဆီ ရောက်လာသည်။
ဒါက _ _ _
ဘယ်လိုဖြစ်နိုင်မှာလဲ
ဒါက ကောင်းကင်ပြာ တိရိစ္ဆာန်ရုံက တိရိစ္ဆာန် မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး ဒီနေရာကို ရောက်နေတာလဲ။
“တစ်ယောက်ယောက် လာစမ်း”
“တစ်ယောက်ယောက် လာကြစမ်း”
သူဟာ နှစ်ကြိမ်ခန့် ခေါ်သည်။
သို့သော် _ _ _
တံခါးအပြင်ဘက်ရှိ မည်သည့်အစောင့်ကမှ ထွက်မလာချေ။ သို့သော် အနှစ်ချုပ်ဆိုရသော် သူသည် တရုတ်နိုင်ငံ တိရိစ္ဆာန် ကာကွယ်စောက်ရှောက်ရေး ဒါရိုက်တာ၏ နောက်မှ ကျိုးနွံ့သော မျက်နှာထားဖြင့် လိုက်လာသော သူ၏တိုက်ရိုက်အကြီးအကဲကို မြင်လိုက်ရသည်။
“ချီတာရို”
နန်ကုန်းယွမ်၏ အနောက်မှလိုက်လာသော သက်လတ်ပိုင်းလူက တောင်းပန်သလို ပြုံးပြီး တစ်ဖက်သို့လှည့်ကာ ချီတာရိုကို လက်ညိုးထိုးပြီး အော်သည်။
“သေစမ်း အရူးကောင်”
“မင်းကြောင့် ငါတို့ တရုတ်နဲ့ စစ်ဖြစ်ရတော့မလို့။ ဟမ် မင်းက ငါတို့တစ်တိုင်းပြည်လုံးရဲ့ အပြစ်သားပဲ”
“ငါ မင်းကို အခုပဲ တရားဝင် ကြောငြာချက်ထုတ်မယ်။ မင်းရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ စိတ်နဲ့ မင်းရဲ့ အပြုအမူတွေ အားလုံးကို ဆေးကြောဖို့အတွက် တရုတ်နိုင်ငံကို လွှဲအပ်ပေးလိုက်မယ်”
ထို့သို့ပြောပြီးနောက်တွင် ထိုသက်လတ်ပိုင်း လူက အစည်းအဝေးခန်းထဲမှ တိရိစ္ဆာန်များကို ကြောက်လန့်တကြား ကြည့်သည်။ ထို့နောက် နန်းကုန်ယို၏ ဘေးဘက်သို့ ပြန်သွားပြန်ပြီး ကိုးရိုကားယား ပြုံးလျက် ပြောသည်။
“ဒါက မင်းတို့ကို ကျေနပ်စေမလားတော့ ငါ မသိဘူး”
“ငါတို့ရဲ့ ဆက်ဆံရေးကို ပြန်လည်ပြီး မပြင်ဆင်နိုင်ဘူးဆိုတော့ ငါသိပါတယ်။ ဒါပေမဲ့_ _ _ ကျေးဇူးပြုပြီး ငါတို့ကို ယုံပါ။ ဒီကိစ္စတွေအားလုံးကို ဒီကောင်ပဲ လုပ်သွားတာ။ ငါတို့နဲ့ မပတ်သက်ဘူး”
“တရုတ်က သူတို့ရဲ့ နျူကလီးယားလက်နက်တွေ ပြန်ပြီး ရုတ်သိမ်းပေးပါလား”
“အနာဂတ်မှာလည်း ငါတို့ရဲ့တိုင်းပြည်က ဟွာရှားရဲ့ တိရိစ္ဆာန်တွေနဲ့ ပတ်သက်ပြီး ချထားတဲ့ ဆုံးဖြတ်ချက်တိုင်းကို ဘယ်လိုအခြေအနေမျိုးကမဆို ထောက်ပံ့ကူညီ ပေးသွားမှာပါ။ ပင်လယ်ရေနယ်မြေဆိုလည်း မင်းတို့ စိတ်ကြိုက် သုံးနိုင်အောင် လုပ်ထားပေးလို့ ရတယ်”
“ငါ ကျေနပ်တာက မကျေနပ်တာက အရေးမကြီးဘူး”
နန်ကုန်းယွမ်က အထင်တသေး ပြုံးလျက် စားပွဲပေါ်တွင် ဆောင့်ကြောင့်ထိုင်ပြီး ချီတာရိုကို ငုံ့ကြည့်နေသည့် တာပိုင်ကို လှည့်ကြည့်ကာ လေးနက်သော လေသံနှင့် ပြောသည်။
“သူ ကျေနပ်မှ ငါတို့ကျေနပ်မှာ”
“ဘာပဲဖြစ်ဖြစ် _ _ _ အများရှေ့မှာ ပန်ဒါကြီးကို ကွပ်မျက်ပြီး ပြည်သူတွေကို တောင်းပန်မယ်လို့ ကြေငြာချက် ထုတ်ထားတာကိုး”
“ကျန်တဲ့ကိစ္စတွေကတော့ မင်းတို့ အခု ထွက်သွားလို့ရပြီ”
273 04
“ဒီပန်ဒါကြီးက ကျေနပ်တယ်ဆိုရင် ဒါဆိုလည်း အဆင်ပြေပြီပေါ့။ တကယ်လို မကျေနပ်ဘူးဆိုလဲ_ _ _ ငါတောင်းပန်ပါတယ်။ ငါလည်း မတတ်နိုင်ဘူး။ မင်းတို့ မြင်တဲ့အတိုင်းပဲ ငါက တိရိစ္ဆာန်တွေနဲ့ မဆက်သွယ်နိုင်ဘူးလေ”
“ဒါ_ _ _”
သတ်လတ်ပိုင်းလူက သူ၏အရှေ့မှ ပန်ဒါကြီးကို ကြည့်ပြီး အံကို ကြိတ်လိုက်ကာ အစည်းအဝေးအခန်းထဲမှ လေးစားမှုအပြည့်နှင့် နောက်ဆုတ်သွားလိုက်သည်။
“ဝေါင်း”
ဖြန်း
တာ့ပိုင်က ဒေါသတကြီး အော်ဟစ်ပြီးနောက် သူ၏ဝက်ဝံလက်ကြီးကို ဆန့်ထုတ်လိုက်ကာ ချီတာရို၏ မျက်နှာကို ဖြတ်ရိုက်သည်။ ထိုသို့ဖြတ်ရိုက်ရုံနှင့် သူ၏မျက်နှာပေါ်မှ အသွေးအသားတုံးကြီး တစ်တုံးက ချက်ချင်းလိုလို ပဲ့ထွက်လာသည်။
“အစ်ကိုပိုင် သူ့ကို သတ်”
ငှက်တောကလည်း အော်သည်။ သူ၏တောင်ပံကို တစ်ဖျပ်ဖျပ် ခတ်ရင်း ကုလားထိုင်ပေါ် ဆင်းသက်လာသည်။ ထိုအချိန်တွင်
“အား”
ရွှေရောင်မြွေကြီးက စတင်ကာ လှုပ်ရှားလေသည်။ သူဟာ မေးရိုးချွန်ချွန်နှင့် မျောက်ပါးရိုးများကို ပိုင်ဆိုင်သော လူ၏ ခန္ဓာကိုယ်ကို ရစ်ပတ်လိုက်ပြီး သူ၏လျှာကို ထုတ်လျက် ခန္ဓာကိုယ်ကို တဖြည်းဖြည်းချင်း ဆွဲညစ်သည်။
ကွက်
ခေါင်းပြားတာ့ကောက အော်ဟစ်လျက် နောက်ကျန်သည့် လူတစ်ယောက်၏ ခန္ဓာကိုယ်ကို မြေပြင်ပေါ်သို့ ကောက်ပစ်လိုက်သည်။
မြောင်
နှင်းကျားသစ်၏ ဖြတ်လက်သော ခန္ဓာကိုယ်က တံခါးဝမှစတင်ကာ တစ်ချက် လှမ်းခုန်လိုက်ရုံနှင့် ကုလားထိုင်တွင် ထိုင်နေသော လူတစ်ယောက်ကို အောက်သို့ ဆွဲချပစ်လိုက်သည်။ ထို့နောက် ကြမ်းခင်းမှ မျက်နှာကျက်အထိ မြင့်သော ပြတင်းပေါက်အနားသို့ ဆွဲသွားသည်။
ဘန်း
ထိုလူ၏ ခေါင်းက မှန်နှင့် တိုက်မိသွားသည်။
ဂွက်
မှန်ကပင် ကွဲသွားသည်။
လက်သည်းများက ထိုလူ၏ပါးပေါ်သို့ ဆင်းသက်သွားပြီးနောက်တွင် ထက်ရှသော လက်သည်းက သူ၏အရေပြားထဲသို့ ထိုးစိုက်ကာ တူးထုတ်လိုက်သည်။
အောက်ဘက်ရှိလူ၏ အော်သံများကို ကြားသောအခါ နှင်းကျားသစ်က ခေါင်းကို မော့လျက် ဟိန်းသည်။ ထို့နောက် ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။
ဘန်း
“အား”
“ကယ်ကြပါ မဟုတ်ဘူး မဟုတ်ဘူး”
သူဟာ ထိုလူကို ထိပ်ဆုံးထပ်မှ တွန်းချလိုက်သည်။
“အိုး အိုး ကျေးဇူးပြုပြီး ဒါက ငါ့အမှား မဟုတ်ဘူးနော်။ ဒီအကြံကို အကြီးအကဲတွေက လက်ခံထားပြီးသား။ အဲဒီသောက်ကျိုးနည်းကောင်က ကောင်းကောင်း လိမ်သွားတာ။ ဒီကိစ္စကို ငါက တစ်ယောက်တည်း ဘယ်လိုများ ဆုံးဖြတ်လို့ ရမှာလဲ”
ထိုအခိုက်အတန့်တွင် ချီတာရို၏ ပါးက သွေးများ စိုရွှဲနေသည်။ သူဟာ ရုံးခန်းကြမ်းပြင်မှ မရေမတွက်နိုင်သော အလောင်းများကို တစ်ချက်ကြည့်ရင်း တုန်ယင်သွားလေသည်။
“တာ့ပိုင်ကို ပြောလိုက်။ ငါတို့ ထွက်သွားဖို့ လိုပြီ။ မြန်မြန်လုပ်”
လောင်ကျိုးက ခေါင်းကို ငုံ့လျက် အပြင်ဘက်သို့ သတိကပ်ကာ ကြည့်သည်။ ထို့နောက် ငှက်တောကို လှမ်းအော်သည်။
“အစ်ကိုပိုင် ငါတို့ သွားရတော့မယ်”
273 05
ဝေါင်း
တာ့ပိုင်၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်နေသည်။ သူဟာ ရုတ်တရက် သူရူး တစ်ယောက်လိုမျိုး ထိုလူအပေါ်သို့ ခုန်တက်လိုက်ကာ ပုခုံးကို ကိုက်သည်။ ပြင်းထန်သော ဆွဲကိုက်အားဖြင့် ချီတာရို၏ လက်မောင်းတစ်ခုလုံးကို အရှင်လတ်လတ် ကိုက်ဖြတ်လိုက်သည်။
ထို့နောက် အခြားလက်တစ်ဖက်၊
ခြေထောက်၊
ခေါင်း၊
အော်သံများကို ကြားသောအခါ မည်သူကမှ ပန်ဒါကြီးကို ဖြောင်းဖြရန် မကြိုးစားကြပေ။ ထိုအကောင်က ယုံကြည်၍ မရသလို အမြဲတစေ ဆုပိုင်ကို ဒေါသထွက်အောင် လုပ်တတ်သော်လည်း ပထမဦးဆုံး ကယ်တင်ခံရပြီး မည်သည့်တာဝန်ကိုမှ ကျော်ဖြတ်ခဲ့ရခြင်း မရှိသေးသည့် ပထမဆုံးသော တိရိစ္ဆာန်တစ်ကောင်အနေနှင့် သူ၏ဆုပိုင်အပေါ် ခံစားချက်က အရိုးသားဆုံး ဖြစ်သည်။ ထို့အပြင် မည်သည့်တိရိစ္ဆာန်အတွက်မဆို သာလွန်လေသည်။
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲတွင် ဆုပိုင်က ကပ်ဘေးကို ရင်ဆိုင်နေရပြီး ဆိုးရွားသော အခြေအနေမျိုး ရောက်နေကြောင်း မြင်ရရုံနှင့် တာ့ပိုင်က ရူးသွပ်သွားခြင်း ဖြစ်သည်။
ဝေါင်း
ထို့နောက် ဟိန်းသံက ထွက်လာပြန်သည်။ ဆုပိုင်က သူ၏လျှာကို တစ်ချက်ထုတ်လျက် နူတ်ခေါင်းထောင့်မှ သွေးကို ယက်ကာ တိရိစ္ဆာန်များအားလုံးကို ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် လောင်ကျိုး၏ နောက်မှလိုက်လျက် တံခါးအပြင်ဘက်မှ ထွက်သည်။
ဝေးကွာလွန်းသော တစ်နေရာတွင် တရုတ်နိုင်ငံ၏ အကျိုးအကြောင်း မသင့်သော အင်အားစုအောက်တွင် ထိုလူအားလုံးကို ကိုင်တွယ်နိုင်လိုက်သည်။
“သွားရအောင်”
နန်ကုန်းယွမ်က တိရိစ္ဆာန်များအားလုံးက သံချပ်ကာ ယာဉ်ကြီးထဲသို့ ဝင်ရောက်ပြီးကြောင်း မြင်ပြီးမှသာ သူကိုယ်တိုင်ကလည်း ဝင်လိုက်သည်။
ယခုလေးတင် တလေးတစား ဖြစ်နေခဲ့သော သက်လတ်ပိုင်းအရွယ်လူက တံခါးနားတွင် ရပ်လျက် လေးစားစွာ ဂါဝရပြုပြီး ထိုလူများ ထွက်သွားခြင်းအား ကြည့်လိုက်သည်။ ထို့နောက် သူ၏ခေါင်းကို ပြန်မော့ချိန်တွင် သူ၏မျက်နှာက အလွန်အမင်း ပျက်ယွင်းနေသည်။
“သခင်ကျင်းပြန် ငါတို့ _ _ _”
ဘန်း
ကျင်းပြန်က သူ၏လက်ထောက်ကို ခပ်ကြမ်းကြမ်း ဖြတ်ရိုက်လိုက်ပြီး အံကြိတ်သံနှင့် ပြောသည်။
“အမှိုက်တစ်သိုက်”
“ဒီအကြံက သေချာပေါက် အောင်မြင်မယ်လို့ ဘယ်အကောင်က ပြောတာလဲ။ လူတိုင်းတောင် သေတော့မလို့”
“တရုတ်ကသာ ငါတို့ကို တိုက်ခိုက်ရဲရင် ငါတို့က ဘယ်လိုများ ခုခံနိုင်မှာလဲ”
“ဆရာ တရုတ်ကလည်း တိုင်းပြည်တွေ အားလုံးရဲ့ ရှေ့မှာတောင် နျူကလီးယား လက်နက်တွေကို ပေါ်တင် သုံးလာမယ်လို့ မထင်ထားဘူးလေ”
ဖြတ်ရိုက်ခံရသည့် ပါးတစ်ဖက်ကို အုပ်ထားသည့် ထိုလူက မတရားခံရသလို ခံစားချက်မျိုးနှင့် ပြောသည်။
“ငါတို့မှာလည်း ရွေးချယ်စရာမှ မရှိတာ။ အဲဒီဆုပိုင်လို့ ခေါ်တဲ့ လူသာ သေသွားခဲ့ရင်..ငါတို့တွေ _ _ _”
“ပါးစပ်ပိတ်”
ကျန်းပြန်က သူ့ကို ဒေါသတကြီး ဆူပူရင်း လေသံကို တိုးကာ ပြန်ပြောသည်။
“အမှောင်ဝက်ဆိုက်ဒ်ပေါ်က အနက်ရောင် မုဆိုးမကို ရှာလိုက်”
“ငါတို့တိုင်းပြည်က ဒီကိစ္စမှာ မျက်နှာ အများကြီး ပျက်သွားရတာ။ ဒါပေမဲ့_ _ _”
“ဒီအတိုင်းတော့ ပြီးသွားလို့ မရဘူး”
“တရုတ်ကို သတ်ဖို့တော့ လွယ်တယ်။ ဒါပေမဲ့ ငါတို့ကို သံသယ မဝင်အောင် ဘယ်လိုလုပ်ရမလဲဆိုတာက ရှိသေးတယ်။ ဒါက အရေးကြီးဆုံးကိစ္စပဲ”
273 06
“ဟုတ်ကဲ့”
လက်ထောက်က လေးစားစွာ ခေါင်းညိတ်သည်။
ထိုအနက်ရောင်မုဆိုးမကသာ လှုပ်ရှားမည်ဆိုလျှင် ထိုတရုတ်လူမျိုးအနေဖြင့် ရှင်သန်ရန် နည်းလမ်း မရှိပါပေ။
သူတို့ကို သံသယမဝင်သမျှ အနှေးနှင့်အမြန် သူတို့က တိရိစ္ဆာန်များကို ရပေလိမ့်မည်။
ဟိုး
ဆုပိုင်က သူ၏အရှေ့မှ ပင်လယ်နယ်မြေလေးကို ကြည့်ရင်း စိတ်အေးစွာ သက်ပြင်း ချသည်။ ဒါက သူ့ကို စနစ်က ဆုချပေးထားသည့် ကီလိုမီတာ တစ်ရာဝန်းကျင် ဇီဝဗေဒဆိုင်ရာ ဟန်ချက်ညီမှု အပြည့်ရှိသော ပင်လယ်ပြင်ကြီး ဖြစ်သည်။ ရေထဲတွင် ပေါက်ရောက်သော အပင်များအားလုံးက အောက်ဘက်တွင် တည်ရှိနေသည်။ ဒီနည်းအားဖြင့် အစာကွင်းဆက်က အဆင်ပြေမည် ဖြစ်ပြီး ဆုပိုင်က လင်းပိုင်နှင့် ဝေလငါးလေးကိုလည်း အတွင်းသို့ လွှတ်ထားသည်။
သို့သော် _ _ _
ဒီနယ်မြေက ကာကွယ်ခံရခြင်း မရှိသော အနေအထားမျိုးတွင် ဖြစ်နေသေးသည်။ သူကသာ ကောင်းကင်ပြာတိရိစ္ဆာန်နည်းတူ တူညီသော ကာကွယ်မှုအပြည့်ရှိသည့် အဆောက်အဦးကို တည်ဆောက်လိုလျှင် ငါးပြတိုက် တည်ဆောက်မှ ဖြစ်ပေလိမ့်မည်။
သို့သော် လက်ရှိ ဆုပိုင်တွင် ရှိနေသော ပိုက်ဆံ အနေအထားအရ ထိပ်တန်းအဆင့် ငါးပြတိုက်မျိုး တည်ဆောက်ရန် မသင့်လျော်သေးပေ။ ငါးပြတိုက်ဟု ခေါ်၍မရသော အနေအထားမျိုးကိုသာ တည်ဆောက်နိုင်သေးသည်။
ထို့ကြောင့် ပင်လယ်ပြင်ထဲတွင် မရေမတွက်နိုင်သော ဖန်သားဖြင့် လုပ်ထားသော တူးမြောင်းများကို တည်ဆောက်ထားသည်။ ထိုထဲတွင် ဟော်တယ်နှင့် စားသောက်ဆိုင်များ ပါသည်။ ရေအောက်တွင် အထူးသွားလာနိုင်သော ဘက်စ်စကား တစ်စီးလည်း ရှိမည် ဖြစ်သည်။
အခြားစကားဖြင့် ဆိုရသော် ထိုနေရာတိုင်းကို ကြည့်ရှုနိုင်မည့် ထိုဘက်စ်ကားကို ရရှိရုံနှင့် လူတိုင်းကလည်း ပင်လယ်ပြင်၏ ကြမ်းခင်းပြင်ပေါ်တွင် ခရီးသွားနိုင်မည် ဖြစ်သည်။
ထိုသို့ဖြင့် ရေဖိအားကိုလည်း စိုးရိမ်ရန် မလိုအပ်ဘဲ အမျိုးမျိုးသော သတ္တဝါများကလည်း ရေအောက်ဘက်တွင် ရှင်သန်နိုင်မည် ဖြစ်သည်။
ဒါပေမဲ့ ဒါက ဈေးကြီးလွန်းတယ်။
ဆုပိုင်က ထိပ်တန်းအဆင့် သမုဒ္ဒရာပြတိုက်ကြီး၏ အနောက်ဘက်မှ ဂဏန်းနံပါတ်များကို ကြည့်လိုက်ပြီး ဘီလီလျံများဖြင့်ပင် တွက်ချက်၍ မရတော့ကြောင်း သိလိုက်သည်။
သို့ရာတွင် ဒါဟာ ပိုက်ဆံနှင့် အမှန်တကယ် ထိုက်တန်သေးသည်။
အဆုံးသတ်တွင်မူ သမုဒ္ဒရာတိုင်းပြည်ကြီး တစ်ခုလုံးကပင် ပင်လယ်နယ်မြေကြီး အားလုံးအတွင်း ပါဝင်နေပြီးသား ဖြစ်သည်။ ထို့ကြောင့် မှင်သက်ဖွယ်ကောင်းသော ဖြစ်ရပ်ကြီးတစ်ခု ဖြစ်နိုင်သည်။
သို့ရာတွင် ထိုအခြေအနေက စိတ်ကူးယဉ်အိပ်မက်ထဲတွင်သာ ဖြစ်လောက်၏။ အမှန်တကယ် အောင်မြင်ရန်လည်း မဖြစ်လောက်ပေ။
ဆုပိုင်က သူ၏တစ်ဘဝလုံး သုံးပြီး ရင်းနှီးမြှပ်နှံထားမည်ဆိုလျှင်ပင် သတ္တဝါများအားလုံးကို ကယ်တင်နိုင်ခြင်း ရှိမရှိ မသေချာသေးပေ။
ပို၍ပို၍ များပြားသော အင်းအားပေးမှု အမှတ်များကိုလည်း အပိုင်းအစ တာဝန်များနှင့် လဲလှယ်ရန် လိုအပ်လာသည်။ ထို့နောက် တာဝန်များ၏ ခက်ခဲမှုကလည်း ခက်ခဲသထက် ခက်ခဲလာသည်။
ဝူး
ပင်လယ်ထဲတွင် ကစားနေသော အကောင်ငယ်လေးများကို ကြည့်ပြီး ဆုပိုင်က စိတ်ရင်းဖြင့် ပြောလိုက်သည်။
“စနစ် ရန်ပုံငွေ သန်းငါးဆယ်ကို နုတ်ပြီး အသေးစား သမုဒ္ဒရာလောကလေးပဲ တည်ဆောက်လိုက်ပါ”
သူဟာ သူ၏စိတ်ထဲမှတဆင့် စနစ်ကို အမိန့်ပေးလိုက်သည်။
“တင် အောင်အောင်မြင်မြင် ထုတ်ယူပြီးပါပြီ။ သုံးရက်အတွင်း တည်ဆောက် ပြီးသွားပါလိမ့်မယ်”
စနစ်ထံမှ တုန့်ပြန်မှုကို နားထောင်ရင်း ဆုပိုင်က ခေါင်းကို တဖြည်းဖြည်းချင်း လှည့်လိုက်သည်။
273 07
သုံးရက် ကြာပြီးနောက် _ _ _
သူ့အနေဖြင့် နောက်ထက် ရိုးရှင်းသော အပိုင်းအစ တာဝန်တစ်ခုကို လုပ်ဆောင်ရန် လုံလောက်သည်။ ထို့နောက် သူ ပြန်လာသောအခါ ငါးရှဉ့်များကြောင့် ဖြစ်သွားသော မတော်တဆမှုက ပြီးဆုံးသွားပြီဖြစ်ကြောင်း သိလိုက်သည်။
အနည်းဆုံး အခုအခြေအနေအရ ကျေနပ်သော အဖြေမျိုး ရလိုက်သည်။ ဆုပိုင်ကလည်း ထိုတိုင်းပြည်က လျို့ဝှက်ပြီး ကြံစည်ခြင်း ရှိမရှိ မသေချာသေးပေ။ သို့သော် _ _ _
အရာအားလုံးကို သတိထားနေရုံသာ လိုအပ်သည်။ သူသာ တစ်ချိန်လုံး တိရိစ္ဆာန်ရုံထဲတွင် နေမည်ဆိုပါက ထိုလူများက ခိုးဝင်လာရန် မလွယ်ကူပေ။
“ငါ အဲဒီအကောင်တွေကို ထပ်ပြီး ဒေါသအောင် မလုပ်ဖို့ဘဲ မျှော်လင့်တယ်။ အဲဒီလိုမှ မဟုတ်ရင် _ _ _”
ဆုပိုင်၏ စိတ်ထဲတွင် မရေမတွက်နိုင်သော ဒိုင်နိုဆောများက ကျွန်းတစ်ကျွန်းကို ပြားကပ်သွားအောင် လုပ်လိုက်သည့် မြင်ကွင်းက ပေါ်လာပြီး အနည်းငယ် စိတ်လှုပ်ရှားလာသည်။
သူက ခေါင်းကို တစ်ချက် ခါပြီးနောက်တွင် မျက်လုံးကို တဖြည်းဖြည်းချင်း ဖွင့်လျက် သူ၏အရှေ့မှ တိရိစ္ဆာန်အပိုင်းအစတာဝန်တစ်ခုကို လဲလှယ်ရန် ဆုံးဖြတ်လိုက်သည်။
“ဖာခ့်”
သို့သော် အောက်မှအပေါ်ဆုံးထိ တစ်ချက်ကြည့်မိရုံဖြင့် ဆုပိုင်က တစ်ချက် ဆဲလိုက်မိသည်။
******