အခန်း (၂၇၄-၂၇၆)
Vol. 19 Ch. 274-276
274 01
အပိုင်း 274
အယ်ဖာကာ(ကုလားအုပ်အမျိုးဝင် နက်မှောင်သော အမွှေးထူရှိသော အမေရိက တိရစ္ဆာန်တစ်မျိုး) အပိုင်းအစ : အံ့အားသင့်မှုအမှတ် ငါးသောင်းနဲ့ လဲလှယ်နိုင်ပါတယ်။ (အထူးတလည် ချစ်ဖို့ကောင်းတဲ့ သတ္တဝါလေး)
ကိုအာလား အပိုင်းအစ : အံ့အားသင့်မှုအမှတ် ငါးသိန်းနဲ့ လဲလှယ်နိုင်ပါတယ်။
( အထူးတလည် ချစ်ဖို့ကောင်းတဲ့ သတ္တဝါတွေ)
ဆောင်းကောက်ဖျံ အပိုင်းအစ : အံ့အားသင့်မှုအမှတ် ငါးသိန်းနဲ့ လဲလှယ်နိုင်ပါတယ်။
( အထူးတလည် ချစ်ဖို့ကောင်းသော တိရစ္ဆာန်များ)
လက်ချောင်းမျောက်ဝံ : အံ့အားသင့်မှုအမှတ် ငါးသိန်းနဲ့ လဲလှယ်နိုင်ပါတယ်။
( အထူးတလည် ချစ်ဖို့ကောင်းတဲ့ တိရစ္ဆာန်များ)
ဖင်းမြေခွေးအပိုင်းအစ : အံ့အားသင့်မှုအမှတ် ငါးသိန်းနဲ့ လဲလှယ်နိုင်ပါတယ်။
( အထူးတလည် ချစ်ဖို့ကောင်းတဲ့ တိရစ္ဆာန်များ)
_ _ _
“အထူးတလည် ချစ်ဖို့ကောင်းတဲ့ တိရစ္ဆာန်များ ဟုတ်လား”
ဆုပိုင်က ထပ်ခါတလဲလဲ ဖတ်ကြည့်သည်။ သူက ထိုတိရစ္ဆာန်အပိုင်းအစများကို လဲလှယ်ရန်အတွက် လိုအပ်သော အံ့အားသင့်မှုအမှတ်က တူညီကြောင်း ရှာတွေ့ရုံသာ မကသေးလေဘဲ အဆုံးသတ်နားတွင် ကွင်းပိတ်ကွင်းစဖြင့် အထူးတလည် ချစ်ဖို့ကောင်း တိရစ္ဆာန်များဆိုသော စကားလုံးကိုလည်း တွေ့သည်။ အပိုင်းအစတာဝန်တိုင်း၏ နောက်ဘက်တွင် ထိုစကားက ပါနေခြင်း ဖြစ်သည်။
ဒါပေမဲ့_ _ _
ဆုပိုင်က အယ်ဖာကာနှင့် ကိုအာလားများကို အနည်းငယ် နားလည်ထားသည်။ သူတို့က အစစ်အမှန် လောကများတွင် အမှန်တကယ်ရှိသော သက်ရှိသတ္တဝါများ ဖြစ်သည်။ သို့သော် ကျန်သောအကောင်များကိုမူ တီဗွီတွင်သာ မြင်ဖူးသည်။
အရေအတွက်ကလည်း အလွန်အမင်း ရှားပါးသည်။ ဆောင်းကောက်ဖျံကိုပင် ဥပမာထား၍ ကြည့်နိုင်၏။ ထိုသတ္တဝါက ဆုပိုင်က ဝိဉာဉ်ကူးပြောင်းလာခဲ့ခြင်း မရှိခင်ကတည်းက မျိုးတုန်း ပျောက်ကွယ်လုနီးပါး ဖြစ်သည်။
သားပိုက်ကောင်တိုင်းပြည် တစ်ခုတည်းတွင်ပင် နှစ်တိုင်းလိုလို ဆောင်းကောက်ဖျံ လေးသိန်းနီးပါးက အသတ်ခံနေရသည်။
ဒါပေမဲ့_ _ _
“ဖင်းမြေခွေး ဟုတ်လား၊ ဒါက ဘာလဲ”
ဆုပိုင်က ထိုသတ္တဝါ အမျိုးအစားကို မကြားဖူးသလို မမြင်ဖူးချေ။
ဟူး…
သူဟာ အသက်ပြင်းပြင်း ရှူလိုက်ပြီး မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။
ဆောင်းကောက်ဖျံနှင့် ဖင်းမြေခွေးကြား အချိန်အတန်ကြာ တုန့်ဆိုင်းနေပြီး နောက်ဆုံးတွင် ဖင်းမြေခွေးကိုသာ ရွေးလိုက်သည်။
ဆောင်းကောက်ဖျံများက အလွန်အမင်း အပူအချိန်နိမ့်သော ပင်လယ်သမုဒ္ဒရာထဲတွင် နေထိုင်ကာ ပိုလာဝက်ဝံများနှင့် တူညီသော ဝန်းကျင်မျိုးကို လိုအပ်လေသည်။
သို့ရာတွင် အသစ် တည်ဆောက်ထားသော ငါးပြတိုက်က အပူပိုင်း နယ်မြေကဲ့သို့သော အပူချိန်မျိုးကိုသာ ရှိနေမည်ဖြစ်လေရာ ဆောင်းကောက်ဖျံများ ရှင်သန်ရန်အတွက် မသင့်တော်သေးပေ။
ထိုမျိုးစိတ်ကို ကယ်ဆယ်လိုက်လျှင် သူတို့အတွက် ရှင်သန်ရန် ပတ်ဝန်းကျင်ကောင်းမျိုး ရှိမနေသေးပေ။ အဆုံးသတ်တွင်မူ သူဟာ သိချင်စိတ်ကို မထိန်းနိုင်လေဘဲ ဖင်းမြေခွေးကိုသာ ရွေးလိုက်သည်။
သူ၏အရှေ့မှ တဖြည်းဖြည်း စတင်ကာ သိသိသာသာ ပြောင်းလဲနေပြီဖြစ်သော သမုဒ္ဒရာနယ်မြေကို ကြည့်ရှုရင်း ဆုပိုင်က ကုပ်အင်္ကျီကို ခပ်တင်းတင်း ပတ်လိုက်သည်။ ထို့နောက် ကျောပိုးအိတ်ကို ခပ်တင်းတင်း ဆွဲကိုင်လျက် ဘေးဘက်ရှိ ရွက်ဖျင်တဲဆီသို့ တဖြည်းဖြည်း လျှောက်သွားလိုက်သည်။
“စနစ် တာဝန်ကို စတော့”
ဒီငါးပြတိုက်လေး တည်ဆောက်ပြီးစီးရန် အချိန်သုံးရက် ရှိသေးသည်။ ထိုသုံးရက်အတွင်း ဖင်းမြေခွေးတာဝန်က ပြီးမြောက်သင့်သည်။
သူသည် သူနှင့်အတူ ယူသွားမည့် ပစ္စည်းများကို ထပ်စစ်လိုက်သည်။ နွေးထွေးသော ကုပ်အင်္ကျီများ၊ ပစ္စတိုများ၊ ကျည်ဆန်များ၊လေးများနှင့် ရှိသမျှအရာအားလုံး ပါဝင်လေသည်။
274 02
“တင် ဖင်းမြေခွေးအပိုင်းအစ တာဝန်က ပွင့်သွားပါပြီ”
“စနစ်က စတင်ကာ ရေတွက်နေပါပြီ”
တစ်ဆယ်
ကိုး
ရှစ်…
ဟူး
“အဟမ်း”
“အဟမ်း”
“အဟမ်း”
ဆုပိုင်က မျက်လုံးကို ဖွင့်လိုက်ပြီး သဲပုံထဲမှ ကုန်းထွက်လိုက်သည်။ သူဟာ ပါးစပ်ထဲမှ သဲများကိုပင် ထွေးထုတ်လိုက်ရသေး၏။ ထို့နောက် ပြန်လည်မော့ကြည့်သောအခါ သူ၏နှလုံးသားက သွေးစိမ်းရှင်ရှင် ထွက်လာသည်။ သူ၏မျက်စိရှေ့တွင် မျက်စိတစ်ဆုံး မြင်လိုက်ရသမျှက သဲကန္တာရကြီး ဖြစ်သည်။ လေထဲတွင် အဝါရောင်သဲများက လိမ့်တက်နေ၏။ ကောင်းကင်နှင့် နေကိုပင် ဖုံးလွှမ်းနေလေသည်။
သူ့ကိုယ်သူ ငုံ့ကြည့်လိုက်သောအခါ ခပ်ထူထူ ဂွမ်းအနွေးထည်ဖြင့် တင်းတင်းကြပ်ကြပ် ဝတ်ဆင်ထားသလို လက်တွင်လည်း ဂွမ်းလက်အိတ်များကို တွေ့ရသည်။ ထို့ကြောင့် လက်ရှိအပူချိန်နှင့် ကိုက်ညီခြင်း မရှိချေ။ သူ၏နဖူးမှ ချွေးများကို သုတ်ပြီးနောက် ဆုပိုင်က သဲပူထဲတွင် ထိုင်ချလျက် ကုပ်အင်္ကျီကို စချွတ်သည်။ ကျောပိုးအိတ်ထဲရှိ ပစ္စည်းများက ပြည့်နေပြီးသား ဖြစ်သည်။ ထို့ကြောင့် ကုပ်အင်္ကျီကို ဒီနေရာတွင် ထာဝရ ထားခဲ့ရမည့်ပုံ ပေါ်သည်။
ဟူး
သူဟာ သက်ပြင်းရှည်ကြီးကို ချပြီး သူ၏အဝတ်များကို လွှတ်ပစ်လိုက်ပြီးနောက်တွင် ဆုပိုင်က သူ၏ထူးဆန်းသော အဝတ်များကို ကြည့်ပြန်ကာ သူ၏နူတ်ခမ်းထောင့်က အနည်းငယ် ထူးဆန်းသွားပြန်သည်။
ဒါက _ _ _
တိုက်ရိုက်ထုတ်လွှင့်မှု အရှေ့မှ လူများသည်လည်း ပထမဦးဆုံးအကြိမ်အဖြစ် ဒီလိုအခြေအနေမျိုးကို မြင်ရခြင်း ဖြစ်သည်။ သူတို့က မျက်လုံးများ ပြူးကျယ်စွာဖြင့် ကြည့်နေကြရင်း ရှက်ရွံ့တကြီး ခေါင်းငုံ့ကြသည်။
[ဖွီ ငါ မရိုးမသား ရယ်မိတဲ့အတွက် ခွင့်လွှတ်ပါ။ ငါ တကယ် မထိန်းနိုင်တော့လို့]
[ဟား ဟား ဟား ဟား လုံးဝကို နက်မှောင်နေတဲ့ တောင်တက်ဖိနပ်၊ အနီရင့်ရောင် တောက်ပတဲ့ ဘောင်းဘီတို၊ ဖြူဆွတ်နေတဲ့ ဆွယ်တာ_ _ _နောက်ပြီး လည်ပင်းမှာလည်း အညိုရောင် ဂွမ်းလက်အိတ်ကို ဆွဲထားသေးတယ်။ ဒါက ဘယ်လို ဘယ်လို ဖက်ရှင်ထရန်းမျိုးလဲ]
[အိုး ဒါရိုက်တာဆုပိုင်ရဲ့ ဘောင်းဘီတိုက ငါနဲ့ တစ်ပုံစံတည်း တူတယ်လို့ မထင်ထားဘူး။ ကံကောင်းလိုက်တာ]
[ငါကတော့ ဒါရိုက်တာဆုပိုင် အမှားလုပ်တယ်လို့ မထင်ဘူး။ ဒါရိုက်တာဆုပိုင်က ဒီနေရာက ကန္တာရဆိုတာကို မလာခင်က ကြိုမသိခဲ့တာ ဖြစ်ရမယ်။ ဒီလိုမှ မဟုတ်ရင် ဂွမ်းကုပ်အင်္ကျီကြီးတောင် ဝတ်လာမှာ မဟုတ်ဘူး]
[အကြောင်းအရာက ချော်ထွက်မသွားဖို့ ပြောပေးနိုင်မလား။ ဒီဖင်းမြေခွေး ဆိုတာက ဘယ်လိုတိရစ္ဆာန်လဲ။ ငါ တစ်ခါမှ မကြားဖူးဘူး။ @စာကြည့်တိုက်မှူး သူ ဘယ်ရောက်သွားတာလဲ။ အချိန်နဲ့ တပြေးညီ အလုပ်လာလုပ်ပါ]
[အင်း _ _ _ ငါလည်း မကြားဖူးဘူး။ ငါ ဒီအတိုင်း ပတ်ရှာပြီးပြီ။ ဒီတိရစ္ဆာန်နဲ့ ပတ်သက်တဲ့ ဘာအချက်အလက်မှ မရှိဘူး။ ငါတို့မှာ သတင်းအချက်အလက်တွေ မရှိတော့တဲ့ နောက်ထပ်တိရစ္ဆာန်တစ်ကောင်များလား]
[တိုက်ရိုက်ထုတ်လွှင့်မှု အခန်းရဲ့ ခေါင်းစဉ်က ‘ချစ်စရာကောင်းတဲ့ တိရစ္ဆာန်များ’ ဖြစ်နေတယ်ဆိုတော့ ချစ်စရာကောင်းတဲ့ နောက်ထပ် ပိုလာဝက်ဝံ သေးသေးလေးလိုများ ဖြစ်နေမလား]
လူတိုင်းက ဆုပိုင်၏ အဝတ်အစားနှင့် ပတ်သက်ပြီး စနောက်နေရင်းမှ ဒီတစ်ကြိမ် ကယ်ဆယ်မည့် တိရစ္ဆာန်ဟာ မည်သို့မည်ပုံ ရှိကြောင်း ခန့်မှန်းနေကြပြီ ဖြစ်သည်။
နာမည်အတိုင်းပင် သူ၏နားက ကြီးလောက်သည်။ နားကြီးသော တိရစ္ဆာန်များဟာလည်း ချစ်စရာ ကောင်းလေ၏။
လူတိုင်းက သူတို့၏စိတ်ထဲတွင် ထိုမေးခွန်းကို ကိုင်စွဲရင်း ဆုပိုင်ကို ပြန်လည်ပြီး အာရုံစိုက်လိုက်ကြသည်။
ဟူး
274 03
ဆုပိုင်က ပူလာသော ကျောပိုးအိတ်ကို ပြန်ကောက်ဝတ်လိုက်ပြီး ဘေးဘီကို ကြည့်လိုက်သည်။ အရပ်မျက်နှာအနှံ့ မြင်နေရသော နေရာအနှံ့က အဆုံးအစမဲ့သော ကန္တာရကြီးဖြစ်ပြီး မည်သည့်ဦးတည်ရာဘက်သို့ သွားသင့်မှန်း မသိချေ။
သူက အသက်ပြင်းပြင်း တစ်ချက်ရှူသည်။
ခေါင်းပေါ်မှ ပူပြင်းတောက်လောင်သော နေမင်းကို ကြည့်ရင်း ရုတ်တရက် မူးဝေလာသလို ခံစားလိုက်ရသည်။
ဆုပိုင်က သူ၏ခေါင်းကို ခပ်ကြမ်းကြမ်း ခါလိုက်ပြီး သဲပေါ်သို့ တက်နင်းကာ ဦးတည်ရာဘက်တစ်ခုကို ကြုံသလို ရွေးချယ်လိုက်သည်။ ထိုဦးတည်ရာဘက်သို့ ခက်ခက်ခဲခဲ စလျှောက်လေသည်။
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ကွန့်မန့်များကို မြင်သောအခါ ဆုပိုင်က ခါးသီးစွာ ပြုံးရင်း ပြောသည်။
“မင်းတို့ မြင်တဲ့အတိုင်းပဲ ဒါက ကျယ်ပြောတဲ့ ကန္တာရကြီး ဖြစ်နေတယ်။ ဒီတင်ဆက်သူ ကိုယ်တိုင်တောင်မှ ဒီတစ်ကြိမ် ကယ်ဆယ်မဲ့ တိရစ္ဆာန်က ဘယ်လိုပုံစံလဲ ဆိုတာကို မသိသေးဘူး။ ဒါပေမဲ့_ _ _”
“ကန္တာရထဲမှာ အချိန်အတန်ကြာအောင် နေထိုင်နိုင်တဲ့ တိရစ္ဆာန်တွေရဲ့ အရေအတွက်က သိပ်မများဘူးဆိုတော့ အခေါ်အဝေါ် မတူတာလည်း ဖြစ်လောက်မယ်”
“ဒါပေမဲ့ _ _ _”
“ကန္တာရထဲမှာ မရေမတွက်နိုင်တဲ့ အန္တရာယ်ပေါင်းများစွာ ရှိတယ်။ သဲတွင်းတွေပဲ ဖြစ်ဖြစ်၊ အပေါ်က တောက်လောင်ပူပြင်းတဲ့ နေမင်းပဲ ဖြစ်ဖြစ် လူသတ်နိုင်တယ်”
“ဒါတွေအပြင် ကန္တာရထဲမှာ အဆိပ်ပြင်းတဲ့ တိရစ္ဆာန်တွေ အများကြီး ရှိသေးတယ်”
အတိုချုံးပြောရရင် အရမ်းကို အန္တရာယ်များတယ်။ ထိုသို့ပြောနေရင်း ဆုပိုင်က နဖူးမှ ထပ်ကျလာသော ချွေးကို သုတ်လိုက်ရပြန်သည်။
အပူချိန်က အလွန်မြင့်လွန်းသည်။ အစောပိုင်း ခန့်မှန်းချက်အရ အနည်းဆုံး ၄၅ ဒီဂရီ ကျော်လောက်သည်။
ဒါဟာ သေစေနိုင်လောက်သော ကိစ္စမျိုး မဟုတ်သေးချေ။ ပို၍ပင် သေစေနိုင်လောက်သည်မှာ ကန္တာရထဲမှ အပူချိန်က ညဆိုလျှင် အတော်နိမ့်သည်။ သုညအောက်ပင် ကျနိုင်၏။
ထိုအတွက်ကြောင့်လည်း ဆုပိုင်က အဝတ်များများ ပိုထည့်လာခြင်း ဖြစ်သည်။
အချိန်အတန် ကြာပြီးနောက်
“ကလု ကလု ကလု”
ဆုပိုင်က လည်ချောင်းကို စောင်းလျက် ဘူးထဲမှ ကျန်သောရေ အနည်းငယ်ကို သောက်လိုက်သည်။ ထိုနောက် မူးဝေနေသော နဖူးကို ပွတ်သည်။ ထို့နောက် အရှေ့သို့ ထပ်ကြည့်လိုက်ပြန်၏။
ဂေါ်ပီကန္တာရ(အာရှကန္တာရ)ကဲ့သို့ နေရာမျိုးက သူ၏မျက်စိရှေ့တွင် စပေါ်လာပြီ ဖြစ်ပြီး ကန္တာရထဲမှ ဖြတ်လုနီးပါး ဖြစ်လာကြောင်း တွေ့ရသည်။
သို့သော် _ _ _
နေဟာ နာရီအနည်းငယ်ဆိုလျှင် ဝင်တော့မည်ဖြစ်ပြီး အပူချိန်ကလည်း ထိုးကျသထက် ထိုးကျလာပေလိမ့်မည်။
ထို့အပြင် ဆုပိုင်၏လက်ရှိနူန်းနှင့်ဆိုလျှင် ကန္တာရထဲမှ အလုံးစုံထွက်ရန် အလွန်ခက်လောက်သည်။
ထို့ကြောင့် ဒီတစ်ညတာ အနားယူရန် နေရာတစ်ခု ရှာရတော့ပေမည်။ နောက်ဆုံးတွင် ဆုပိုင်က သိပ်မဝေးသော နေရာမှ အနည်းငယ်နက်သော တွင်းတစ်တွင်းကို တွေ့လိုက်သည်။ ဆုပိုင်က ခပ်မြန်မြန် အပြေးသွားလိုက်၏။
ရွက်ဖျင်တဲကို ကမ်းခြေပေါ်တွင်သာ ထိုးထားပြီးသား ဖြစ်ပြီး သူဟာ ဒီတစ်ကြိမ်တွင် မယူလာခဲ့ပေ။ ထို့ကြောင့် တွင်းရှိမည်ဆိုလျှင် အေးစက်သော ဂေါ်ဖီကန္တာရအတွင်း ညအချိန် ထိုင်နေခြင်းထက် ပိုကောင်းနိုင်လိမ့်မည်။
_ _ _
“ကွိ ကွိ ကွိ”
ဂေါ်ဖီကန္တာရ အနက်ရှိုင်းဆုံးသော အပိုင်းထဲတွင် ကုလားအုပ်များကို ကားယားခွ ထိုင်နေသာ လူငယ်အချို့ ရှိလေသည်။ ထိုထဲမှ တစ်ယောက်က သူ၏လက်ထဲတွင် အညိုရောင်၊ အဝါရောင် ရောနှောနေသော တိရစ္ဆာန်ငယ်လေး တစ်ကောင်ကို ကိုင်ထားသည်။ ထို့နောက် မျက်စိရှေ့တွင်ပင် ယမ်းနေကာ ရယ်မောရင်း ပြုံးသည်။
“ဟား ဟား ဒီလောက်ဆိုးရွားတဲ့ နေရာမှာ နေနေရတာတောင်မှ ဒီလိုမျိုး ကိစ္စတွေက တစ်ပတ်လည်သွားမဲ့ နေရက်တစ်ရက်ကို ကြုံတွေ့ရမယ်လို့ ထင်တောင် မထင်ထားဘူး”
“ဒီမှာ ဒီလိုအကောင်လေးတွေ အများကြီးပဲ။ နည်းနည်းလောက် ပိုဖမ်းရအောင်”
++++++ 275 01
အခန်း 275
“ငါတို့ ဒီနေရာက ထွက်သွားဖို့အတွက် သိပ်မလိုလောက်တော့ဘူး”
“ဘော့ မင်း အမှန်တရား ပြောနေတာပဲ ဖြစ်မယ်”
အသက်၁၅နှစ်အရွယ် ရှိသော ကောင်လေးက မျက်လုံးကို ပြူးကျယ်ကာ မယုံနိုင်သလို ပြောသည်။
“ဒီလူတွေက ဒီအကောင်လေးတွေအတွက် တကယ်ပဲ ပိုက်ဆံ အများကြီး ပေးမှာလား”
“ဘာလို့လဲ”
“ဟား ဟား”
ဘော့က သူ၏လက်ထဲမှ အကောင်ငယ်လေးကို ကြည့်ပြီး အပြုံးနှင့်အတူ ပြောသည်။
“မင်းက ဗဟုသုတ မရှိတာပဲ။ ဒီတိရစ္ဆာန်ကို အရင်က ဘယ်သူမှ မသိဘူး။ ဒါပေမဲ့ ငါတို့ ရုပ်ရှင်တစ်ကားကို ကျေးဇူးတင်ရမယ်။ အဲဒီရုပ်ရှင်ထဲမှာ ဒီတိရစ္ဆာန်အကြောင်းကို ရိုက်ကူးထားတဲ့ ပုံစံမျိုးဆိုတော့ လူပေါင်းများစွာကလည်း အိမ်မွှေးတိရစ္ဆာန်အဖြစ် မွေးချင် သွားကြတယ်။
“မင်း FK zootoipaဆိုတဲ့ ကားကို မကြည့်ဖူးဘူးလား”
“အဲဒီအထဲက မြေခွေးလေးတွေက ဒီအကောင်လေးတွေလိုပဲ။ နားကြီးကြီးလေးတွေနဲ့လေ။ တထေရာတည်းနီးပါး တူတယ်”
“အဲဒီရှိုးကို ပြလိုက်တာနဲ့ မရေမတွက်နိုင်တဲ့ ကလေးပေါင်းများစွာက ဒီတိရစ္ဆာန်လေးကို ချစ်သွားကြရောပဲ”
“ဒါပေမဲ့_ _ _ “
ထိုသို့ပြောပြီးနောက် ဘော့က မျက်မှောင် အသာကြုတ်သည်။
“တိုင်းပြည် အများစုက ဒီလိုတိရစ္ဆာန်မျိုး ရောင်းဝယ်ဖောက်ကားတာကို တားမြစ်ထားတယ်။ ဒါက တောရိုင်းတိရစ္ဆာန်တစ်ကောင်လို ငါ ကြားတာပဲ။ ဒါပေမဲ့ ဘယ်သူက ဂရုစိုက်မှာလဲ”
“ဘာပဲဖြစ်ဖြစ် မှောင်ခိုဈေးကွက်က တစ်စုံတစ်ယောက်က ဒီလိုမြေခွေးတစ်ကောင်ကို ယွမ်တစ်သောင်း ပေးတယ်”
“ငါတို့ မြန်မြန်လုပ်ရမယ်။ သတင်းက သိပ်မကြာခင် ရောက်သွားတော့မယ်။ အဲဒီနောက် အဲဒီမှောင်ခိုဈေးကွက်က လူတွေအားလုံးက ဒီကောင်တွေကို လာဖမ်းဖို့ ရောက်လာကြလိမ့်မယ်။ နောက်ပြီး သူတို့မှာ လက်နက် ရှိနိုင်တယ်”
“ဖင်းမြေခွေးအကြီးစားတွေကိုတောင် ငါတို့ သတ်ပစ်ရလောက်တယ်။ အဲဒီနောက် အကောင်ပေါက်လေးတွေကို ဖမ်းထားလိုက်မယ်။ အကောင်ပေါက်လေးတွေက နှစ်သောင်း တန်တယ်”
“ငါတို့ ဒီည တစ်ကောင် ထပ်ဖမ်းမိဖို့ မျှော်လင့်ရတာပဲ”
သူ၏နောက်မှ လိုက်လာသော လူငယ်များကလည်း တွေးတွေးဆဆ ခေါင်းညိတ်ကြသည်။ ဆယ်ကျော်သက်များကလည်း ထိုတောရိုင်းသတ္တဝါများက မည်သည့်အကောင်ဖြစ်ကြောင်း မဖော်ပြကြသေးချေ။ သို့သော် ယွမ်တစ်သောင်းက သူတို့အတွက် မည်သည့်အဓိပ္ပာယ်ဖြစ်ကြောင်း နားလည်ကြသည်။
သူတို့၏ မိသားစုများအတွက် နှစ်နှစ်စာ ကုန်ကျစရိတ်နှင့် ညီမျှမည်လေ။
ဒီအကောင်ငယ်လေး တစ်ကောင်ကတင် သူတို့အား နှစ်နှစ်ခန့်အထိ ကြွယ်ဝသော ဘဝတွင် နေထိုင်နိုင်စေလေသည်။
“ဘော့ ပြောတာ မှန်တယ်။ အကောင်ပေါက်လေးတွေကို ပိုက်ဆံအများကြီး ပေးပြီး ဝယ်ကြလိမ့်မယ်။ ဒါက တကယ် ဝမ်းသာဖို့ ကောင်းတယ်”
“ငါတို့မှာ သေနတ် မရှိပေမဲ့လည်း ဒီလိုတိရစ္ဆာန်မျိုးကို ဖမ်းဖူးတယ် မဟုတ်လား။ ငါတို့ကသာ သူတို့အသိုက်ကို ရှာတွေ့သမျှ ဖမ်းဖို့လွယ်သွားပြီ။ ငါ ဓားမြှောင် သယ်လာတယ်”
ဆံပင်ကောက်ကောက်နှင့် ကောင်လေးက သူ၏အောက်ဘက်မှ ကုလားအုပ်ကို တစ်ချက် ရိုက်လိုက်ပြီး ခါးအတွင်းမှ ဓားမြှောင်တစ်လက်ကို ဆွဲထုတ်လိုက်ကာ ပြုံးလျက် ပြောသည်။
“ဒီဖင်းမြေခွေးက အဝေးကို ပြေးသွားတဲ့အခါ မစိုးရိမ်ကြနဲ့။ ငါ ဓားမြှောင်ပစ် လေ့ကျင်နေတာ ကြာပြီ။ သူ အဝေးကို မရောက်စေရဘူး”
“ဒါပေမဲ့ _ _ _”
“ဘော့ ကုန်သည်တွေက ဒီတိရစ္ဆာန်တွေရဲ့ အမွှေးကို လိုချင်ပါ့မလား။ လိုချင်တယ် ဆိုရင်တောင်မှ ငါတို့က ဖင်းမြေခွေးကို မတော်တဆ သတ်မိသွားရင်မှ ရောင်းလို့ရတယ်လေ”
“အင်း _ _ _ငါ ဒါတော့ မသိဘူး။ တကယ် သတ်ပြီးတော့မှပဲ အခြေအနေကို ပြန်ပြီးကြည့်တာပေါ့”
275 02
ဘော့ကလည်း မျက်မှောင် ကြုတ်ရင်း ပြောသည်။
နေက တဖြည်းဖြည်း ဝင်လာပြီ ဖြစ်သည်။
ထိုလူငယ်တစ်ဖွဲ့ကလည်း ကန္တာရအစွန်းနားသို့ ရောက်သွားကြသည်။ သူတို့က ကုလားအုပ်များကို ကျောက်တုံးကြီး တစ်ခုတွင် ချည်လိုက်သည်။
လည်သာဂျာကင်များကို ဝတ်ထားကြသော ထိုလူငယ်တစ်ဖွဲ့က ဂေါ်ဖီကန္တာရအတွင်းတွင် တွင်းပေါက်များ လိုက်ရှာသည်။
“အားလုံးပဲ သတိထားကြ”
ဘော့က လရောင်အောက်မှ လူများကို ခပ်တိုးတိုး ပြောလိုက်သည်။
“ မှောင်ခိုဈေးက ကုန်သွယ်သူတွေရဲ့ ပြောစကားအရ ဒီတိရစ္ဆာန်တွေက ညဘက်မှပဲ ကျင်လည်တာ။ ဒီတော့ သိပ်မကြာခင် ထွက်လာလောက်တယ်။ နောက်ပြီး သူတို့ပြောတဲ့အတိုင်းဆို အပူချိန်က တအား ထိုးကျသွားတာနဲ့ ဒီဖင်းမြေခွေးတွေက တစ်ကိုယ်လုံး တုန်ယင်သွားတတ်သည်။ အဲဒီနောက် ဖဖ်းဖို့ လွယ်သွားတာပဲ”
“သတိထားနော်။ သူတို့က နားရွက်ကြီးတယ်။ ဒီတော့ ပိုကြီး ရှင်းရှင်းလင်းလင်း ကြားနိုင်ကြတယ်။ ဆူညံသံတွေ အများကြီး မလုပ်ကြနဲ့”
“မစိုးရိမ်ပါနဲ့”
အားလုံးက သဘောတူစွာ ခေါင်းညိတ်ကြပြီး ဂေါ်ဖီကန္တာရအတွင်း စရှာကြသည်။
ထိုဆယ်ကျော်သက်တစ်ဖွဲ့က ဖင်းမြေခွေးကို ရှာဖွေတွေ့ရှိပြီး သူ၏မိသားစုအတွက် ပိုက်ဆံတွေ အများကြီးကို လဲလှယ်ရန် စိတ်ကူးယဉ်နေ ကြလေသည်။
အေးစက်သော လရောင်အောက်တွင် _ _ _
ဂေါ်ဖီကန္တာရအတွင်း တဖြည်းဖြည်း ဖြတ်မောင်းလာသော ဂျစ်ကားတစ်စီးရှိသည်။ ထူးဆန်းသည်မှာ ဂျစ်ကား၏ မီးကို မဖွင့်ထားချေ။ မောင်းနှင်သူက ရှေ့လမ်းကို အတည်ပြုရန် လရောင်ကိုသာ အားကိုးနေရသည်။
“အရှင်ရွန်”
“အရှင် ဒီအကြံကို ရတဲ့အတွက် တကယ်လေးစားမိတယ်”
ဂျစ်ကားတစ်စီးလုံးတွင် လူသုံးယောက်သာ ရှိသည်။ ဘေးဘက်တွင် ထိုင်နေသာ လူမည်းက ရယ်ပြီး သူ၏တစ်ကိုယ်လုံးတွင် ဖြူဖွေးနေသော သွားနှစ်တန်းကို ထုတ်ပြသည်။
“ဟီး ဟီး ဟီး”
အနောက်ဘက်မှ သက်လတ်ပိုင်းလူက မျက်လုံးကို အသာဖွင့်လိုက်သည်။ သူ၏မျက်နှာတွင် လောဘတကြီး ဖြစ်သော အရိပ်အယောင်က အပြည့်ဖြစ်နေ၏။ ထို့အပြင် ဆိုးယုတ်သော အပြုံးနှင့်လည်း ပြောသေးသည်။
“ငါတို့ကသာ ကိုယ့်ကိုယ်ကို မှီခိုမယ်ဆိုရင် ဒီလိုကောက်ကျစ်တဲ့ ဖင်းမြေခွေးကို ဘယ်အချိန်မှများ ဖမ်းမိမှာမို့လို့လဲ”
“ဒီနေရာက လူတွေအားလုံးက တကယ်ကို ဉာဏ်ကောင်းတယ်။ ဖင်းမြေခွေးအသိုက်တွေက အနည်းဆုံး ၁၀ခုကျော်လောက် ရှိမှာပဲ။ ဂေါ်ဖီကန္တာရကြီးက ဒီလောက်ကြီးတာ။ ငါတို့ ဒါတွေအားလုံး လိုက်ရှာဖို့ အချိန်ဘယ်လောက်တောင် လိုမှာလဲ”
“ဒါပေမဲ့ ဒီကလေးတွေကို သုံးမယ်ဆိုရင်တော့ မတူတော့ဘူး။ သူတို့က သူတို့မိသားစုတွေနဲ့အတူ ဒီနေရာမှ ရှင်သန်နေထိုင်တာဆိုတော့ ပိုပြီး အသိုက်တွေနဲ့ ရင်းနှီးမှာပဲ”
“အရွယ်ရောက်ပြီးသား ဖင်းမြေခွေးတစ်ကောင်ကို ယွမ်ငါးသောင်း ရမယ်။ အကောင်ပေါက်ဆိုရင် တစ်သိန်းပဲ”
ထိုသို့ပြောပြီးနောက် သက်လတ်ပိုင်းလူက ခပ်မတ်မတ် ထထိုင်လျက် လေသံကို တိုးကာ လှမ်းပြောသည်။
“အဲဒီကလေးတွေက ဖင်းမြေခွေးအသိုက်ကို တကယ်ရှာနိုင်ရင်”
“ဘာလုပ်ရမလဲ မင်း သိပါတယ်”
“သူတို့ကို သတင်းပြန့်စေလို့ မဖြစ်ဘူး။ ငါတို့အတွက် ဒီသိန်းဂဏန်းအနည်းငယ်ကတင် အရင်းအနှီးလုပ်ဖို့ ထိုက်တန်နေပြီ။ ဒါ့အပြင် _ _ _ကန္တာရက ဒီလောက် ကြီးတာ။ အလောင်းကို ဒီနေရာကို ကောက်ပစ်ထားလိုက်ရင်တောင်မှ ဘယ်သူကမှ ရှာနိုင်မှာ မဟုတ်ဘူး”
“ငါတို့က သူတို့ကို ရှင်းပြီးတာနဲ့ နောက်ထပ်တစ်ရွာဆီ သွားမယ်”
“ကောင်းပြီ”
275 03
လူဖြူယာဉ်မောင်းက စိတ်လှုပ်ရှားစွာ ပြုံးရယ်လေသည်။ ထိုအခိုက်အတန့်တွင် ဆယ်ကျော်သက်များ အားလုံးကို သတ်ဖြတ်မည့် အခြေအနေကိုပင် တွန်းလှန်ချင်စိတ် ရှိပုံမရချေ။
“ဒီကန္တာရထဲမှာ ငါတို့ကပဲ ဒီဖင်းမြေခွေအမျိုးအစားအကြောင်းကို သိတာ”
“သတင်း မပြန့်သွားခင် အချီကြီးရအောင် လုပ်ရမယ်။ လူနည်းနည်းလောက် သတ်တာ ပြဿနာမရှိပါဘူး။ မစိုးရိမ်နဲ့ ငါနဲ့လွှဲထားလိုက်။ ဒါပေမဲ့ ကောင်မလေးတွေ ရှိရင်တော့ အင်း…”
“သေစမ်း အခုက ဘယ်အချိန်မလို့လဲ။ သောက်ကျိုးနည်း မင်းက ဒီအကြောင်းကို တွေးနေတာလား။ ဒီနေရာက လူတွေက တစ်နှစ်ပတ်လုံး ရေတောင် ချိုးတာ မဟုတ်ဘူး။ မရွံဘူးလား”
လူမည်းက ချက်ချင်းဆိုသလိုပင် ရွံရှာစွာ ပြောသည်။
“ကောင်းပြီ ကောင်းပြီ ငါတို့ ခဏနေရင် ကားကို ရပ်လိုက်မယ်။ ငါတို့ ဆက်မောင်းသွားလို့ မဖြစ်တော့ဘူး။ ခြေလျင်ဝင်မှ ဖြစ်မယ်”
“လက်နက်တွေ စစ်ဦး။ အောင်မြင်ပြီဆိုတာနဲ့ ချက်ချင်းထွက်လာခဲ့။ ဘာသဲလွန်စမှ မကျန်ခဲ့စေနဲ့။ ဒီလိုမှပဲ ငါတို့ အနာဂတ်မှာ ဆက်လုပ်နိုင်မှာ”
ရှေ့မှထိုင်နေသော လူနှစ်ယောက်က အချင်းချင်း ကြည့်ကြရင်း ခေါင်းညိတ်ကြသည်။
ဝုန်း
ဂျစ်ကားက တဖြည်းဖြည်းချင်းစီ ရပ်သွားပြီးနောက် ကားထဲမှ လူသုံးယောက်က လက်နက်များကို ကိုင်လျက် ထွက်လိုက်ကြသည်။
လရောင်၏ အကူအညီအောက်တွင် သူတို့ဟာ ဂေါ်ဖီကန္တာရအတွင်းမှ ထိုကလေးများကို စရှာကြလေသည်။
“ဘော့”
“ရှာတွေ့ပြီ”
သူတို့သုံးယောက်နှင့် သိပ်မဝေးသော နေရာတွင် ဆယ်ကျော်သက်ကလေးများက သတိကြီးကြီး စုစည်းနေကြသည်။ သူတို့ထဲမှ အငယ်ဆုံးက အဝေးရှိအနက်ရှိုင်းဆုံးသော တွင်းတစ်တွင်းကို ညွှန်ပြလျက် ပြောသည်။
“အဲဒီမှာ တွင်းရှိတယ်။ မှန်လောက်တယ်”
“ဒါ ဖင်းမြေခွေးအသိုက် ဖြစ်မယ်’
ဘော့က သူ၏ပါးစပ်ကို တစ်ချက်သပ်ပြီး သူ၏ခါးမှ ချွန်ထက်သော ဓားမြှောင်ကို ဆွဲထုတ်လျက် လေးနက်သော လေသံနှင့် ပြောသည်။
“မင်းတို့ရဲ့ ပိုက်ကွန်ကို အသင့်ပြင်ထား။ ခဏနေ အနီးအနားမှာ စရှာကြတော့။ ဖင်းမြေခွေးအသိုက်က အပေါက်တစ်ပေါက်တည်း ရှိမှာ မဟုတ်ဘူး။ ဒီတော့ သူတို့အသိုက် ဘယ်လောက်ကြီးလဲ ဆိုတာကို သွားကြည့်ရအောင်”
“အချိန်မရွေး ဖမ်းဖို့ အသင့်ပြင်ထားဦး”
“အဲဒီကိုရောက်သွားရင် အရမ်းအကျယ်ကြီး မအော်နဲ့။ အဲဒီလိုမှ မဟုတ်ရင် သူတို့ကို လန့်ပြီး ပြေးစေလိမ့်မယ်။ ဒီလိုဆိုရင်လည်း လိုက်ဖမ်းဖို့ ခက်သွားမှာပဲ”
အားလုံးက သူတို့၏ ကျောပိုးအိတ်အတွင်းမှ ယက်လုပ်ထားသော ပိုက်ကွန်အိတ်များကို ယက်လုပ်လိုက်ကြပြီး ဂရုတစိုက် ဖြန့်လျက် အဝေးရှိ တွင်းပေါက်များထံ သွားကြသည်။
ခရက်
သူတို့က ဂေါ်ဖီကန္တာရကို ဖုံးလွှမ်းထားသော ကျောက်စရစ်ခဲများကို နင်းလိုက်မိချိန်တွင် သူတို့၏ ကောက်ရိုးဖိနပ်ပါးများက အသံသဲ့သဲ့ ထုတ်သည်။
ကလု
ဘော့က တံတွေးမြိုချလိုက်ပြီး တွင်းဆီသို့ တစ်လှမ်းချင်းစီ လှမ်းသွားသည်။ ထို့နောက် ခေါင်းကို လှည့်ကာ ခပ်တိုးတိုး ပြန်လှည့်ပြောသည်။
“တစ်ချက်ငုံ့ပြီး ကြည့်စမ်း”
“အတွင်းဘက် အကျဆုံးအပိုင်းမှ အသိုက်တစ်သိုက် ရှိဦးမယ် ထင်တယ်”
“ကောင်းပြီ”
လူငယ်က သူ၏နူတ်ခမ်းကို တစ်ချက်သပ်လျက် အသားကုန် ငုံ့ကိုင်းကာ လက်ဆန့်ကြည့်သည်။ သူဟာ ထိုသို့ကုန်းလိုက်သည့် အခိုက်အတန့်တွင်ပင် လရောင်၏အကူအညီဖြင့် တွင်း၏အနက်ရှိုင်းဆုံးအပိုင်းမှ အမှောင်ရိပ်ကြီး တစ်ခုကို မြင်လိုက်ပြီး ကြောင်အ သွားသည်။
ဘန်း
သန်မာသောလက်က သူ့ကို မြေပေါ်သို့ မြှောက်အောင် ဆွဲမလိုက်ပြီးနောက် ပုံရိပ်တစ်ခုက ထရပ်လိုက်သည်။
275 04
“မင်းတို့က ဘယ်သူလဲ”
ဆုပိုင်၏ သူ၏အရှေ့မှ ကလေးကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီး တွင်းထဲမှ ထွက်လာကာ ရှေ့မှ ကလေးများကို ကြည့်လိုက်သည်။
သူ တွေးတောင် မတွေးရဲဘူး။
ဒီလောက် လူသူရှင်းလင်းတဲ့ နေရာမျိုး နောက်ပြီး ညအချိန်ကြီးမှာ ကလေးတစ်အုပ်နဲ့ လာတိုးနေတယ်။
သို့ရာတွင် ထိုကလေးများ၏ လက်ထဲမှ ပိုက်ကွန်နှင့် ဓားမြှောင်များကို မြင်သောအခါ ဆုပိုင်၏ မျက်နှာက ကြောက်စရာ ကောင်းလောက်အောင် သုန်မှုန်သွားသည်။
ဒီလောက် ငယ်ရွယ်သေးတာကို။
လူသတ်ပြီး လုယက်တဲ့ ဓားပြလို အပြုအမူတွေ လုပ်နေပြီလား။
“ငါတို့က ငါတို့က ဖင်းမြေခွေး လာဖမ်းတာ”
မည်သို့ပင်ဆိုစေ သူတို့ဟာ ဆယ်ကျော်သက်များသာ ဖြစ်သည်။ ဆုပိုင်၏ သုန်မှုန်သော အကြည့်မျိုးကို မြင်သောအခါ အားလုံးက ကြောက်လန့်တကြား နောက်ဆုတ်ကြသည်။
ဘော့က နူတ်ခမ်းတစ်ချက် ဖိကပ်လျက် တုန်ယင်သော လေသံနှင့် ပြောသည်။
“မင်း သူတို့အသိုက်ကို အရှင်ရှာတွေ့တယ် ဆိုရင်လည်း ငါတို့ ငါတို့ အခြားနေရာမှာ သွားရှာလိုက်မယ်လေ။ ငါတို့ ငါတို့ ဒီလိုလုပ်ဖို့ မရည်ရွယ်ပါဘူး”
“ဖင်းမြေခွေး ဟုတ်လား”
ဆုပိုင်က မျက်မှောင် ကြုတ်သည်။ သူသည်လည်း ဖင်းမြေခွေးများကို အမှန်တကယ် လာဖမ်းခြင်း ဖြစ်သည်။ အခြားစကားဖြင့် ဆိုရသော် သူ၏အဓိက တာဝန်က ပေါ်လာလေသည်။
စနစ်က သူ့ကို ဖင်းမြေခွေးကို ဒီကလေးတွေဆီကနေ ကယ်တင် ခိုင်းတာလား။
သို့ရာတွင် ဆုပိုင်အနေဖြင့် ဖင်းမြေခွေးကဲ့သို့ သတ္တဝါမျိုးဟာ မည်သည့်ပုံသဏ္ဍာန်ဖြစ်ကြောင်းကိုပင် မသိသေးချေ။
သူတို့က သိကြတာလား။
++++++ 276 01
အခန်း 276
မည်သို့ပင်ဆိုစေ တိရစ္ဆာန်များ၏ အရေအတွက်က များပြားလွန်းသည်။ ဆုပိုင်က တစ်ချိန်ကဆိုလျှင် ဇီဝပညာရှင်တစ်ယောက် ဖြစ်ခဲ့ဖူးသည့်တိုင်အောင် သူ့အနေဖြင့် နာမည်သာ ကြားဖူးသော တိရစ္ဆာန်မျိုးစိတ် အမြောက်အမြားလည်း ရှိနေသေးသည်။
“ဒါလည်း ပစ္စည်းကောင်းပဲ”
ဘော့က သူ၏ကျောပိုးအိတ်ပေါ်တွင် ရှိသော ပိုက်ကွန်အိတ်ထဲမှ အကောင်ငယ်လေးတစ်ကောင်ကို အမွှေးမှ လှမ်းဆွဲရင်း ပြသည်။
ဆုပိုင်က ခြေတစ်လှမ်းတိုးပြီး တစ်ချက်ကြည့်သည်။ သူ၏မျက်လုံးက ကျဉ်းမြောင်း သွားသည်။
ဝိုး
နောက်ဆုံးတွင် ထိုအကောင်ကို မှတ်မိသွားလေသည်။
ဒါက ဖီးနစ်မြေခွေးလို့ လူတွေ သိကြတဲ့ အကောင်လေး မဟုတ်လား။
ထိုရုပ်ရှင်ကြောင့် တစ်ကမ္ဘာလုံးတွင် နာမည်ကျော်ကြားသွားသော မျိုးနွယ်လေး ဖြစ်သည်။
လတ်စသတ်တော့ ဖင်းမြေခွေးလေးဆိုတာ ဒါကိုး။
ထိုရုပ်ရှင်ကလည်း ဒီလိုတိရစ္ဆာန်အကြောင်း ရိုက်ကူးထားခြင်း ဖြစ်သည်။ ထိုအကြောင်းအရာကို တွေးမိသော် ဆုပိုင်က နောက်ဆုံးတွင် ဆုပိုင်က ဒီတာဝန်၏ ရည်ရွယ်ချက်ကို နားလည်သွားသည်။ အတိတ်က ကမ္ဘာမြေပေါ်တွင်လည်း ထိုကဲ့သို့သော အချိန်မျိုး ရှိခဲ့သည်။ ဖင်းနစ်၏ ရုပ်ရှင်ထဲမှ ထူးချွန်သော လုပ်ဆောင်မှုကြောင့် လူချမ်းသာမိသားစုကလည်း ထိုတိရစ္ဆာန်ကို စရှာသည်။
သို့သော် _ _ _မည်သို့ပင်ဆိုစေ ထိုကဲ့သို့သော တိရစ္ဆာန်မျိုးက လေ့ကျင့်ပေးထားခြင်း မဟုတ်ချေ။ ထို့ကြောင့် အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးလို့ရမရကို မည်သူကမှ မသိပေ။ ထိုအတွက်ကြောင့် တိုင်းပြည်အများစုက ဖင်းမြေခွေးများ ဝယ်ရောင်းလုပ်ခြင်းကို ဘန်းထားသည်။ ဒီနည်းအားဖြင့် ကာကွယ်ခံရမည့် တိရစ္ဆာန်စာရင်းထဲ ထည့်ထားလေသည်။
သို့ရာတွင် ရုပ်ရှင်ထုတ်လုပ်သူနှင့် တိုင်းပြည်ကမူ ထိုအကြောင်းအရာကို မတွေးမိလောက်ချေ။ ပထမတစ်ယောက်ကမူ ဖင်းမြေခွေးများအား လူသားများအတွက် ကျော်ကြားသွားစေရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ရုပ်ရှင်က မြောက်မြားစွာ ရောင်းချရခဲ့၏။
တိုင်းပြည်ကမူ ဖင်းမြေခွေးများ၏ တန်ကြေးက တောက်လျောက် ကျော်ကြားသွားစေခဲ့သည်။ အထွတ်အထိပ်သို့ ရောက်ရှိသွားသောအခါ တစ်ကောင်လျှင် သိန်းကျော်သည်အထိ ရောင်းချနိုင်ခဲ့၏။
ထိုအခြေအနေက မုဆိုးများအားလုံး၏ အာရုံကို ပြောင်းစေခဲ့သည်။
မိုရိုကိုကဲ့သို့ ကမ္ဘာပေါ်တွင် ဖင်းမြေခွေးများ ရှိခဲ့ဖူးသော တစ်နေရာဆိုလျှင် မျိုးတုန်း ပျောက်ကွယ်သွားသည်အထိ အမဲလိုက်ခံခဲ့ရသည်။
အရာအားလုံးက လူသားများ၏ အမဲလိုက်မှုကြောင့် ဖြစ်သွားခဲ့ခြင်း ဖြစ်သည်။
“မင်းတို့ ဘာလို့ ဒီတိရစ္ဆာန်ကို ဖမ်းတာလဲ”
ဆုပိုင်က သူ၏အရှေ့မှ လူငယ်ထံမှ ဖင်းမြေခွေးလေးကို ညင်သာစွာ ယူပြီး အရှေ့မှ လူကို ပြန်ကြည့်သည်။ ကြောက်လန့်မှုကြောင့်လည်း ဖြစ်လောက်သည်။ ထိုလူငယ်၏ တစ်ကိုယ်လုံးက တုန်ယင်နေသည်။
“ငါတို့ ငါတို့ ငါတို့က ဒီအနီးအနားရွာက ကလေးတွေပါ။ ငါတို့ ငါတို့ ဒီမြေခွေးတွေကို အဲဒီကုန်သည်ဆီ ရောင်းမှာ”
“တစ်ကောင်ကို တစ်သောင်းရမှာ”
ဘော့စ်က တုန့်ဆိုင်းပြီးနောက် အမှန်တရားကို ပြောလိုက်သည်။
“ကုန်သည် ဟုတ်လား”
ဆုပိုင်က ရပ်တန့်သွားသည်။ ထို့နောက် သူ၏ကျောပိုးအိတ်ထဲမှ ဒင်္ဂါးပြား အထပ်လိုက် ထုတ်လိုက်ပြီး အရှေ့မှ လူငယ်ကို ပေးလိုက်ကာ အေးစက်သော လေသံနှင့် ပြောသည်။
“ဒီမှာ မင်းတို့အတွက် ပိုက်ဆံ။ ငါ့ကို ဒီကောင်လေး ရောင်း”
“မြန်မြန်လုပ် ဘော့ ကုန်သည်က ဒီဖင်းမြေခွေးကို အသက်တအားကြီးလို့ မလိုချင်ဘူးလို့ ပြောတယ်။ ဒါကို တစ်သောင်းနဲ့ ရောင်းနိုင်မှာလား”
276 02
အနားတွင် ရပ်နေသော လူငယ်များက ဆုပိုင်၏ လက်ထဲမှ ပိုက်ဆံများကို မြင်သောအခါ မျက်လုံးများ ပြူးကျယ်သွားကြသည်။ သူတို့ကလည်း သူတို့၏ တစ်ဘဝလုံး ထိုသို့များပြားသော ပိုက်ဆံများကို မမြင်ဖူးကြချေ။ ထိုပိုက်ဆံက သူတို့၏ မိသားစုကို အချိန်အတန်ကြာအောင် ကြွယ်ဝလေစေလောက်သည်။
“ကောင်းပြီ ကောင်းပြီ ဆရာ”
ဘော့ကလည်း ထိုပိုက်ဆံကို ယူလိုက်ပြီး သူ၏အိတ်ထဲသို့ ဂရုတစိုက် ထည့်သည်။
ထိုဖင်းမြေခွေးကိုလည်း ရောင်းချ၍ မရနိုင်လောက်ချေ။ ထိုစီးပွားရေးသမား လူဝကြီးက ဒီအတိုင်း စစ်ကြည့်ပြီးနောက် အိုလွန်းနေသည်ဟု ပြောသည်။ ထိုကြောင့် ဝယ်ရန် ငြင်းဆန်နေခဲ့၏။ မမျှော်လင့်ထားစွာပင် သူ၏အရှေ့မှ ဒီလူကြီးက ဝယ်ပေးလေသည်။
“ဆရာ ဒါဆိုရင် ငါတို့ နောက်တစ်ကောင်ကို ဖမ်းမိတဲ့အခါ မင်း ဝယ်ဦးမလား”
“ဟုတ်တယ် ဆရာ အ အကောင်ပေါက်လေးသာဆိုရင် ဈေးပိုမြင့်မှာလား”
“ကုန်သည်က ပြောတော့ အကောင်ပေါက်ကို နှစ်သောင်းရမယ်တဲ့ ဒါ တကယ်ပဲလား”
ထိုဆယ်ကျော်သက်တစ်ဖွဲ့က ဆုပိုင်က ဘော့စ်ကို ပိုက်ဆံအမှန်တကယ် ပေးလိုက်ကြောင်း မြင်ချိန်တွင် စိတ်လှုပ်ရှားစွာ မေးကြသည်။
“ဟူး”
ဆုပိုင် သူ၏လက်မောင်းထဲတွင် အကောင်ငယ်လေးကို ထွေးပွေ့ထားရင်း အမွှေးကို ညင်သာစွာ ပွတ်ပေးလိုက်ကာ အရှေ့မှ ဆယ်ကျော်သက်တစ်ဖွဲ့ကို ကြည့်လျက် အချိန်အတန် ကြာအောင် စကားတစ်ခွန်း မဆိုနိုင်တော့ပေ။
ထိုကလေးများကပင် ဖင်းမြေခွေးများကို စတင်ကာ အမဲလိုက်နေသည်။
ဒီနေရာတွင် ထိုကဲ့သို့သော တိရစ္ဆာန်အများကြီး ရှိနေသည့်တိုင်အောင် အနှေးနှင့်အမြန် မျိုးတုံးသွားမည် ဖြစ်သည်။
“ဒီစီးပွားရေးသမားက ဘယ်လောက် ဝယ်ချင်တာလဲ”
ဆုပိုင်က ဆယ်ကျော်သက်များ၏ မေးခွန်းကို မဖြေသေးပဲ ပြန်မေးလိုက်သည်။
“သူတို့တစ်ကောင်မှတော့ မဝယ်သေးဘူး။ ငါတို့ကို ဒီည စောင့်နေမယ်လို့ ပြောတယ်”
ဘော့စ်က ခပ်တိုးတိုးပြောသည်။ သို့ရာတွင် သူ၏စကားတစ်ဝက်တွင်မူ ပါးစပ်ကို ပြန်အုပ်လိုက်သည်။ ထို့နောက် ဆုပိုင်၏ အနောက်ဘက်ကို ညွှန်ပြရင်း ခပ်တိုးတိုးပြောသည်။
“ထွက်လာပြီ ဖင်းမြေခွေးတွေ အများကြီးပဲ။ ငါတို့တော့ ချမ်းသာပြီ”
ဆုပိုင်က ပြန်လှည့်ကြည့်လိုက်သည်။
အသိုက်၏အရှေ့တွင် ဖင်းမြေခွေး ဆယ်ကောင်ကျော် ရပ်နေကြောင်း တွေ့လိုက်ရ၏။ သူတို့၏ နားရွက်ကြီးများကို ကားရင်း မျက်လုံးကြီးများဖြင့် လှမ်းကြည့်နေသည်။
“ကျွီ”
“သူတို့ကို မောင်းထုတ်လိုက်။ အသိုက်ထဲက ကလေးတွေကို တစ်ခုခုဖြစ်စေလို့ မရဘူး”
ဖင်းမြေခွေး အမတစ်ကောင်က အော်ဟစ်လိုက်ပြီး သူမ၏ တစ်ကိုယ်လုံးမှ အမွှေးများက ထောင်တက်သွားကာ သွားကို ဖြဲကာ မာန်ဖီလျက် ရှေ့တိုးလာသည်။
“မလှုပ်နဲ့”
သူ၏အနောက်မှ လူငယ်များက လက်ထဲမှ ပိုက်ကွန်များကို စထုတ်နေကြောင်း မြင်သောအခါ ဆုပိုင်က သူတို့ကို အော်လျက် တားလိုက်သည်။
လတ်စသတ်တော့ သူနေဖို့ ရှာထားတဲ့တွင်းက ဖင်းမြေခွေးအသိုက် ဖြစ်နေတာကိုး။
“ဆရာ အခု သူတို့ကို မဖမ်းဘူးဆိုရင် သိပ်မကြာခင် ထွက်ပြေးသွားလိမ့်မယ်”
ဘော့စ်က သူ၏ကျောပိုးအိတ်ထဲမှ ပိုက်ဆံကို တစ်ချက်ထိပြီး ရဲရင့်စွာ ပြောသည်။ ထို့နောက် သူ၏အပေါင်းအဖော်များကို ခေါင်းညိတ်ပြလိုက် ခပ်မြန်မြန် ဝိုင်းလိုက်သည်။
“ရူးနေတာပဲ”
ဆုပိုင်က အော်ဟစ်လျက် အပြေးသွားလိုက်သည်။
ကျွီ
ထိုဖင်းမြေခွေးတစ်ဖွဲ့ကလည်း အော်ဟစ်ကြသည်။ သို့သော် တစ်လှမ်းမှ နောက်မဆုတ်ကြချေ။
276 03
ဒိုင်း
ထိုအခိုက်အတန့်တွင် အဝေးမှ သေနတ်ပစ်သံ ထွက်လာသည်။ ဆုပိုင်က တွင်းထဲသို့ ခပ်မြန်မြန် ခုန်ဝင်လျက် အငမ်းမရ အသက်ရှူသည်။
ဂတ် ဂတ် ဂတ်
“ဘော့”
ယခုလေးတင် တွေ့ထားရသော လူငယ်က သူ၏ရင်ဘတ်ကို အုပ်လျက် မြေပြင်တွင် အားနည်းစွာ လဲနေသည်။ တွင်းထဲမှ သူ၏အပေါင်းအဖော်များကို ကြည့်ရင်း သူက သူ၏အိတ်ထဲမှ ပိုက်ဆံတစ်ထပ်ကို ထုတ်လျက် ပေးလိုက်သည်။
“ဒီပိုက်ဆံတွေကို ဒီပိုက်ဆံတွေကို ပေး ပေး”
“ဘန်း”
ထို့နောက် သေနတ်သံက ထပ်ထွက်လာသည်။
“မလှုပ်နဲ့”
ဆုပိုင်က သူ၏ဘေးဘက်မှ ဆယ်ကျော်သက်များကို တစ်ချက်ကြည့်ပြီး ဆူလိုက်သည်။
“ဖင်းမြေခွေးကို ဖမ်းနေတာ ရပ်လိုက်တော့”
ထိုသို့ပြောပြီးနောက် သူဟာ တွင်းထောင့်နားလေးတွင် ဆောင့်ကြောင့်ထိုင်ပြီး ပစ္စတိုကို ထုတ်ကာ တစ်ချက် မော့ကြည့်လိုက်သည်။ ထိုအခါ အဝေးမှ ခပ်မြန်မြန် လာနေသော ပုံရိပ်သုံးခုကို မြင်လိုက်သည်။
“အရှင်ရွန် ဟား ဟား ဟား”
“ဖင်းမြေခွေး ဆယ်ကောင်ကျော်တောင် ငါတို့တော့ ကံကောင်းပြီ။ ဒီကလေးတွေကို ကျေးဇူးတင်ရမယ်”
ဦးဆောင်လာသော လူဖြူက လက်ထဲမှ မောင်းတိုသေနတ်ကို ကိုင်ထားပြီး သဘောတကျ အော်ရယ်နေသည်။
“ပိုဆိုးတာက တစ်ကောင်မှ ထွက်ပြေးမသွားဘူး။ ဟား ဟား ဟား ငါတို့တော့ ချမ်းသာပြီ ချမ်းသာပြီ”
“မြန်မြန်လေး သေနတ်ပစ်သံကို ကြားသွားတယ်ဆိုတော့ ဒီမှာကြာကြာနေလို့ မရဘူး။ မြန်မြန်လေး ကလေးတွေကို ရှင်းလိုက်တော့”
ရွန်က သူ၏ ဝတုတ်နေသော ခန္ဓာကိုယ်ကြီးကို လှုပ်ခါလျက် သူ၏ ပစ္စတိုကို တစ်ချက်လေမှုတ်ထုတ်လိုက်ကာ ဘေးဘက်မှ လူမည်းကို လှမ်းအော်လိုက်သည်။
“မင်းရဲ့ပိုက်ကွန်ကို အသင့်ပြင်ထားလေ။ ဖင်းမြေခွေးတွေကို ဖမ်းလိုက်တော့”
ဒိုင်း
ရွန်က လေထဲသို့ သေနတ်တစ်ချက် ပစ်လိုက်သည်။ သူ၏မျက်နှာက သုန်မှုန်နေရင်း တစ်လှမ်းချင်းစီ တိုးလာသည်။
“အားလုံး ထွက်လာကြ”
“ငါတို့ ဖင်းမြေခွေး အများကြီး ရှာတွေ့ထားတယ်။ မင်းတို့က ငါတို့ဆီ မရောင်းဘူးလား။ လာ လာ လာ ပိုက်ဆံပေးမယ်”
ဝူး ဝူး ဝူး
အသံဟာ နီးသထက် နီးလာကြောင်း ကြားသောအခါ ဆယ်ကျော်သက်များအားလုံးက ပါးစပ်ကို အုပ်လျက် တရှုံ့ရှုံ့ ငိုကြသည်။
ယခုအချိန်ကမှသာ သူတို့အားလုံး နားလည်သွားသည်။ ထိုစီးပွားရေးသမားက သူတို့ကို လိမ်လည်လှည့်စားပြီး ဖင်းမြေခွေးအသိုက်ကို ရှာခိုင်းချင်တာပဲ ဖြစ်သည်။ ထို့နောက် _ _ _
“ဒါဆိုရင် ငါတို့တွေအားလုံး အသတ်ခံရမှာပေါ့”
ဝူး ဝူး ဝူး
“ငါ ဖင်းမြေခွေးတွေ ထပ်မဖမ်းချင်တော့ဘူး”
“ငါတို့ ဘယ်လိုလုပ်ရမလဲ။ သူတို့က ငါတို့ကို သေချာပေါက် သတ်မှာ”
မည်သို့ပင်ဆိုစေ သူတို့ဟာ ဆယ်ကျော်သက်သာ ဖြစ်လေသည်။ ထို့ကြောင့် ယခုလို အခြေအနေမျိုးကို ရင်ဆိုင်ရသောအခါ ထိတ်လန့်သွားကြ၏။ အထူးသဖြင့် ဘော့၏ အလောင်းက ဘေးဘက်တွင် လဲလျက်ရှိနေကြောင်း မြင်သောအခါ အားလုံးက ခြောက်ခြားသွားကြသည်။
ကွိ
276 04
သို့သော် ထိုအခိုက်အတန့်တွင် ဆုပိုင်၏ လက်မောင်းထဲမှ ဖင်းမြေခွေးအိုက သူ၏ခေါင်းကို ဆန့်ထုတ်လျက် နောက်ဘက်မှ တူညီသော အမျိုးအစားများကို လှမ်းအော် ပြောလိုက်သည်။
ဖင်းမြေခွေးတစ်အုပ်က တစ်ခဏခန့် တု့န့်ဆိုင်းသွားကြသည်။ ထို့နောက် တွင်းထဲသို့ ခုန်ဝင်လိုက်၏။
“မင်းတို့အားလုံးလဲ ဆင်းပြီး သူတို့ရဲ့အသိုက်ထဲကို လိုက်သွားလိုက်”
ဆုပိုင်က ခေါင်းကို တစ်ချက်ငုံ့လျက် သူ၏လက်မောင်းထဲတွင် ပွေ့ထားသော ဖင်းမြေခွေးလေးကို မြေပြင်ပေါ်သို့ ချပေးကာ ပြောသည်။
တစ်ဖက်မှ လူနှစ်ယောက်လုံးက အမဲလိုက် ရိုင်ဖယ်များကို ကိုင်ထားကြသည်။ ယခုလို အနီးကပ်အခြေအနေမျိုးတွင် ဖင်းမြေခွေးများက ရွေးစရာမရှိဘဲ ပြေးရပေမည်။ မည်သို့ပင်ဆိုစေ တစ်ကောင်ကို တစ်ချက်သာ ခံရနိုင်လောက်၏။
ထို့အပြင် ဆုံးရှုံးမှု ကြီးမားမည့် အခြေအနေကိုလည်း စိုးရိမ်ရ၏။
ကွိ ကွိ
ဖင်းမြေခွေးအိုကြီးက ဆုပိုင်ကို တစ်ချက်ပြန်ကြည့်သည်။ ထို့နောက် တစ်ဖက်သို့လှည့်ပြီး သူ၏မျိုးနွယ်များနောက်သို့ လိုက်ကာ တွင်းထဲသို့ ဝင်သွားသည်။
သေစမ်း
ဖင်းမြေခွေးများ အားလုံးက တွင်းထဲသို့ ခုန်ချသွားကြောင်း မြင်သောအခါ ရွန်က ကျိန်ဆဲသည်။
“မြန်မြန်လိုက်လေ ဒီကလေးတွေကို မြန်မြန်ရှင်းလိုက်တော့။ ငါတို့ နောက်ထပ် ဂူဝင်ပေါက်တစ်ခုကို သွားရှာရမယ်”
“နောက်ထပ် အပေါက်တစ်ပေါက်ကနေ ထွက်ပြေးသွားလောက်ပြီ”
ထိုသို့ပြောပြီးနောက်တွင် ရွန်က လူမည်းကို ခေါ်လျက် အဝေးသို့ သွားသည်။
“ဟီး ဟီး ဟီး”
“ကလေးတို့ ထွက်လာကြ”
လူဖြူက နောက်ထပ် ကျည်ဆန်တစ်ခုကို မောင်းတင်လိုက်ပြီးနောက်တွင် ဆိုးယုတ်သော အပြုံးတစ်ခုဖြင့် ပြောသည်။
“မင်းတို့မှာ ညီမငယ်လေးတွေ ပါလား။ ညီမငယ်လေးတွေ ပါတယ်ဆိုရင် _ _ _”
“ဟေး ငါ မင်းတို့ကို မြန်မြန် သေနိုင်အောင် လုပ်ပေးမယ်”
“ထွက်လာတော့”
ရုတ်တရက် အော်ဟစ်လိုက်ပြီးနောက် သူဟာ တွင်းထဲသို့ တိုက်ရိုက် ခုန်ပြီးနောက် အောက်ဘက်သို့ သေနတ်ဖြင့် ချိန်သည်။
++++++