အခန်း (၂၇၇-၂၇၉)
Vol. 19 Ch. 277-279
277 01
အခန်း 277
“မလိုဘူး”
ရုတ်တရက် အပြုံးမျက်နှာနှင့် လူငယ်တစ်ယောက်က သေနတ်ကို မောင်းတင်လိုက်ကြောင်း မြင်လိုက်ပြီးနောက်တွင် လူဖြူက ကြောက်လန့်တကြား အော်သည်။
ဒိုင်း
ခွက်
ဆုပိုင်က မြေပြင်ပေါ်သို့ ပြုတ်ကျလာသော အလောင်းကို ကြည့်သည်။ ထို့နောက် ဆယ်ကျော်သက်များကို အေးစက်စွာ ကြည့်လိုက်ပြီး တွင်းထဲမှ တုန့်ဆိုင်းမနေဘဲ ကုန်းထွက်လိုက်သည်။
“နောက်ထပ် နှစ်ယောက် ရှိသေးတယ်”
“ဒီနှစ်ယောက်ကို ရှင်းပြီးမှပဲ ဒီတာဝန်ကို ပြီးမြောက်နိုင်မှာ ထင်တယ်”
[ဒါရိုက်တာဆုပိုင်က လင်းပိုင်မစ်ရှင် ပြီးသွားတဲ့နောက်မှာ ဘာလို့ ရုတ်တရက်ကြီး ပြောင်းလဲသွားတယ်လို့ ခံစားရတာလဲ။ သူ အရင်က တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှာဆိုရင် ဒီလောက် ဆုံးဖြတ်ချက် ပြတ်သားမှုအပြည့်နဲ့ လူမသတ်တတ်ပါဘူး]
[ဒါက ပုံမှန်ပဲ မဟုတ်ဘူးလား။ ငါသာ လင်းပိုင်တွေလိုမျိုး တူညီတဲ့ အဖြစ်အပျက်မျိုးကို တွေ့ကြုံပြီးသွားပြီဆိုရင် ဒီကလေးတွေတောင် ကယ်နေမှာ မဟုတ်ဘူး။ ဒီလူဖြူကို ထည့်ပြောမနေနဲ့တာ့။ သူတို့က ဒီလောက် ငယ်ငယ်လေးနဲ့ တိရစ္ဆာန်တွေကို သတ်တတ်နေပြီ။ အရွယ်ရောက်လာတဲ့အခါ ဘာဆက်ဖြစ်မှာလဲ]
[အပေါ်က တစ်ယောက်ကတော့ လွန်ကဲလွန်းတယ်လို့ ထင်တယ်။ ဒီဆယ်ကျော်သက်လေးတွေက တစ်ကောင်မှ မဖမ်းရသေးဘူးလေ]
[ဘာပဲဖြစ်ဖြစ် ဒီဖင်းမြေခွေးက တော်တော်တော့ လှတယ်။ နားရွက်ကြီကြီးလေးတွေနဲ့ တော်တော်တော့ ချစ်စရာပဲ]
[အခုတော့ ဒါကို မဆွေးနွေးနဲ့ဦး။ ဒါရိုက်တာဆုပိုင်က အခြားလူနှစ်ယောက်ကို သွားရှာပြီ]
[ဒီတိုက်ရိုက်ထုတ်လွှင့်မှုက ဒီလောက်ထိ မရိုးရှင်းဘူးလို့ ငါ ဘာလို့ ခံစားမိနေတာလဲ]
[မင်း ဆက်ကြည့်ရင် သိလိမ့်မယ်။ ဘယ်လိုဇာတ်ညွှန်းရေးထားလဲ ဆိုတာကို ဘယ်သူက သိမှာလဲ]
_ _ _
ဒီတိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ကြည့်ရှုသူများအားလုံးက ဆုပိုင်ဟာ လူဖြူကို တုန့်ဆိုင်းမနေဘဲ သေနတ်ပစ်သတ်လိုက်ကြောင်း မြင်သောအခါ သူ၏ပြောင်းလဲမှုကို နားလည်လာကြသည်။
သူဟာ ပထမဦးဆုံးအကြိမ်အဖြစ် စတင်ကာ တိုက်ရိုက် ထုတ်လွှင့်လာခဲ့ချိန်တွင် နိုင်ငံကျူးကျော်ကာ အမဲလိုက်သူများကိုပင် အသက်ကို မခြိမ်းခြောက်နိုင်သော ဒဏ်ရာများကိုသာ ပေးခဲ့သည်။ မျောက်တောတာဝန်တွင်လည်း ကျူးကျော်သူ သုံးယောက်ကို ဒုက္ခိတဖြစ်ရုံသာ လုပ်ခဲ့သည်။ သို့သော် မသတ်ခဲ့ပေ။ ယခုအခြေအနေကမူ ခြားနားသွားသည်။
သူဟာ တုန့်ဆိုင်းမနေပဲ ချက်ချင်းလိုလို မောင်းတင်လျက် တစ်ချက်တည်းနှင့် ပစ်သတ်လိုက်သည်။
သို့သော် _ _ _
အချို့သော သူများက ဆုပိုင်၏ အပြောင်းအလဲကို မသက်မသာ ဖြစ်သော်လည်း လူအများစုက ပို၍ပင် အသိအမှတ်ပြုကြလေသည်။
ဒီလိုလူမျိုးတွေကို ဒီလိုပဲ ကိုင်တွယ်သင့်တယ်။
သွေးလွှမ်းတဲ့ ဒဏ်ရာကမှ သူတို့လုပ်ခဲ့တဲ့ အမှားကို နားလည်နိုင်မှာ။
အချိန်အတန် ကြာပြီးနောက်တွင် တိရစ္ဆာန်များအားလုံးက မျိုးတုန်းပျောက်ကွယ် သွားခဲ့သည်။ လူသားများကလည်း မျိုးတုန်းလုနီးပါး ဖြစ်လာခဲ့၏။ ထို့ကြောင့် အမဲလိုက်သမား တစ်ယောက်ချင်းစီတိုင်းကာ ပတ်ဝန်းကျင်ကို ဖျက်ဆီးသူ အစစ်အမှန် လူသတ်သမားသာ ဖြစ်သည်။
“အရှင်ရွန် တွေ့ပြီ”
“ဟား ဟား ငါ တစ်ကောင် မိပြီ”
အဝေးရှိဂူထဲတွင် လူမည်းက သူ၏ပိုက်ကွန်ထဲမှ ဖင်းမြေခွေးတစ်ကောင်ကို ဆွဲထုတ်ပြီး အော်ရယ်သည်။
“ဘယ်မှာလဲ”
“ကောင်းပြီ ကောင်းပြီ ဒါက အသိုက်ပဲ ဖြစ်မယ်။ မြန်မြန်လေး မြန်မြန်လေး ပိုက်ကွန်အိတ်ကို ချလိုက်တော့။ အနောက်က ကောင်လေးတွေက ပြေးထွက်လာလောက်တယ်”
ရွန်က အပြေးလာသည်။ သူဟာ ဖေးမြေခွေးကို အဝေးမှ ကောက်ယူကြည့်ပြီး အရှေ့မှ ယမ်းကြည့်သည်။ ထို့နောက် ရယ်နေ၏။
277 02
“တစ်နှစ်သား အရွယ်လောက်ပဲ ရှိသေးတယ်။ ပိုက်ဆံအများကြီး ရမှာပဲ။ မြန်မြန်လုပ်”
“ငါးနှစ်ကျော်ရင် ရိုက်သတ်လိုက်တော့။ ဘယ်သူကမှ သူတို့ကို မလိုချင်ဘူး။ ဒီသောက်ကျိုးနည်းကောင်တွေက အသက်ဒီလောက်တိုတာ ဆယ်နှစ်ပဲ ရှိတယ်။ အဲဒီလိုမှ မဟုတ်ရင် ငါးနှစ်လည်း ပိုက်ဆံနည်းနည်းတော့ ရမှာပဲ”
ရွန်က သူ၏အရှေ့မှ ဖင်းမြေခွေးကို ပိုက်ကွန်အိတ်ထဲသို့ ထိုးထည့်လိုက်ပြီး ဂူအဝတွင် ဆောင့်ကြောင့်ထိုင်သည်။ သူ၏မျက်လုံးက တွင်းထဲသို့သာ ကြည့်နေသည်။
ကွီ
ဖင်းမြေခွေးတစ်ကောင်က ခေါင်းလေးကို ပြူထွက်ကာ သတိထားကာ ကြည့်သည်။
ဘန်း
သို့ရာတွင် လက်ကြီးတစ်ဖက်က ရုတ်တရက် သူ့ကို ခပ်မြန်မြန် ဆွဲယူသွားလိုက်လေသည်။
“အရှင်ရွန် အနောက်က ကောင်တွေက နောက်ဆုတ်သွားပြီ ထင်တယ်။ သူတို့ မထွက်လာလောက်တော့ဘူး”
လူမည်းက မျက်မှော င်ကြုတ်သည်။ သူက ဖင်းမြေခွေးကို ကမ်းပေးရင်း သက်ပြင်း ချသည်။
“ရပါတယ် ငါတို့ ဒီလောက်အကြာကြီး ရှာထားပြီးပြီးပဲ။ အပေါက်က နှစ်ပေါက်ပဲ ရှိတာပါ။ ဒီတစ်ပေါက်ကို ပိတ်ထားလိုက်ပြီး မီးရှို့လိုက်မယ်။ အဲ့ဆိုကျန်တဲ့ ဖင်းမြေခွေးတွေက အခြားအပေါက်ကနေ ထွက်လာမှာပဲ”
ရွန်က သူ၏အရှေ့မှ ဖင်းမြေခွေးကို စိုက်ကြည့်ပြီး ပါးစပ်ကို တင်းတင်း စေ့ပိတ်လိုက်သည်။
“သေစမ်း ဒီတစ်ကောင်က အိုနေပြီ။ ရောင်းလို့ မရလောက်ဘူး”
ဂျွတ်
သူ၏စကား ဆုံးသွားသည့်အချိန်တွင်ပင် ရွန်က ထိုအကောင်ငယ်လေး၏ လည်ပင်းကို အားအနည်းငယ် ထည့်လိုက်လေသည်။ ထိုသို့ဖြင့် ဂျွတ်ကနဲ မြည်သံက ထွက်လာ၏။ ထို့နောက် အလောင်းကို ဘေးဘက်သို့ ပစ်လိုက်သည်။
“မြန်မြန်လုပ် အနားမှာ ချုံပုတ် တစ်ခုရှိတယ်။ အဲဒီချုံပုတ်လေးကို ဒီနားကို ရွှေ့လာခဲ့။ အဲဒီနောက် မီးရှို့လိုက်တော့။ ငါတို့ အခုလေးတင် တွေ့ခဲ့တဲ့ အပေါက်ဆီ ပြန်သွားပြီး စောင့်ရုံပဲ”
အချိန်အတန်ကြာပြီးနောက်တွင် မီးခိုးများ ထွက်လာသော အပေါက်ကို ကြည့်လျက် ရွန်က စိတ်လှုပ်ရှားစွာ ပြုံးရင်း ပြောသည်။
“အဲဒီသောက်ကျိုးနည်း ဝယ်ယူသူတွေက ငါတို့ရဲ့ ဈေးက တအားဈေးကြီးတယ်ဆိုပြီး ပြောနေကြတာ။ ငါတို့ ဘယ်လောက် အားစိုက်ထုတ်ရသလဲ ဆိုတာကို ဘယ်သူက သိမှာလဲ။ အိုနေတဲ့ အကောင်တွေကို ရောင်းလို့ မရဘူး”
“တန်ဖိုးအရှိဆုံးက အကောင်ပေါက်လေးတွေပဲ။ အထဲမှာ အကောင်လေးတွေ အများကြီး ရှိလောက်တယ်။ ဖင်းမြေခွေးအမတွေကလည်း ခဏနေရင် သယ်ထုတ်လာလိမ့်မယ်။ အဲဒီနောက် ဒီအကောင်ပေါက်လေးတွေကို မထိခိုက်စေနဲ့”
ရွန်က မြေကြီးမှ ပြန်လည်ကုန်းထရင်း ဘေးဘက်ရှိလူကို လှမ်းအော်သည်။
“အဲဒီလူငယ်လေးတွေ အားလုံးကို ကိုယ်တွယ်ပြီးပြီးလားဆိုတာကို သွားကြည့်ရအောင်။ ဟွန့် အစားအသောက်ဖိုးတောင် မတတ်နိုင်တဲ့ ဆင်းရဲတဲ့ လူတစ်အုပ်က ငါ့ဆီက ပိုက်ဆံတွေတောင် လိုချင်နေသေးတယ်”
ဖွီ
ထိုလူက ခပ်ကြမ်းကြမ်း တံတွေး ထွေးထုတ်ပြီးနောက်တွင် သူ၏အရှေ့မှ ဖင်းမြေခွေး၏အလောင်းကို မီးပုံထဲသို့ ကန်ထုတ်လိုက်သည်။ ထို့နောက် ထိုနှစ်ယောက်က တစ်ဖက်ဂူပေါက်သို့ ပြန်ထွက်လာလိုက်သည်။
_ _ _
ဆုပိုင်က လူနှစ်ယောက်ဟာ မည်သည့်ဘက်သို့ ထွက်သွားကြောင်း မသိပေ။ ထို့ကြောင့် ဂေါ်ဖီကန္တာရာအနှံ့တွင်သာ ဆက်လျှောက်လာလိုက်သည်။ သို့သော် _ _ _သူက နှာခေါင်းကို တရှုံ့ရှုံ့ အနံ့ခံကြည့်သည်။ ထို့နောက် မျက်မှောင်ကြုတ်ပြီး အဝေးသို့ ကြည့်လိုက်၏။ အဝေးမှ မီးတောက်၏ အရိပ်အယောင်ကို မြင်နိုင်သည်။
“မကောင်းတော့ဘူး”
သူဟာ တိတ်တဆိတ် တွေးတောပြီးနောက် လျင်မြန်စွာ ထွက်လာလိုက်သည်။
ဒီလူနှစ်ယောက်က ဖင်းမြေခွေးတွေ ထွက်လာဖို့ မီးရှို့တာပဲ ဖြစ်ရမယ်။
သို့ရာတွင် ဖင်းမြေခွေးများက မနာခံခဲ့လျှင် အသိုက်ထဲတွင် မွန်းကြပ်ပြီး သေသွားလောက်သည်။
“ဒီသားရဲနှစ်ကောင်ကတော့”
277 03
သူဟာ ခပ်တိုးတိုး ဆဲရေးပြီးနောက် လျင်မြန်စွာ ပြေးလာလိုက်သည်။ အဝေးမှ လှမ်းကြည့်လိုက်ရုံဖြင့် ဂူအပေါက်ထဲမှ ထွက်လာသော မီးခိုးငွေ့များကို မြင်နိုင်သည်။ ဆုပိုင်က သူ၏ခြေထောက်ဖြင့် ထိုမီးကို ကန်ထုတ်လိုက်သည်။ သို့သော် _ _ _
နောက်ထပ် မဲတူးနေသော အလောင်းတစ်လောင်းကို မြင်သောအခါ သူ၏ခန္ဓာကိုယ်က တုန်လှုပ်သွားသည်။
သူက ခပ်မြန်မြန် ဆောင့်ကြောင့်ထိုင်လျက် အလောင်းလေးကို ဂရုတစိုက် ဆွဲထုတ်လိုက်သည်။ အလောင်းပေါ်ရှိ အမွှေးတိုင်းက မီးကျွမ်းနေပြီ ဖြစ်ပြီး လည်ပင်းမှ အရိုးကိုလည်း တစ်စုံတစ်ယောက်က ချိုးခဲ့ပုံ ရသည်။
“ဒါ”
ဆုပိုင်က အံကို ကြိတ်သည်။ ထိုအမဲလိုက်သမားများဟာ ဖင်းမြေခွေးများကို ထိခိုက်အောင် မလုပ်ဟု ယုံကြည်ထားပြီးသား ဖြစ်သည်။ သို့သော် သူ၏ အထင်မှားနေပုံ ရ၏။
ထိုလူများက ရောင်း၍မရသော ဖင်းမြေခွေးများကို ဂရုစိုက်နေပုံမရဘဲ တုန့်ဆိုင်းမနေဘဲ သတ်ပစ်ကြသည်။
ဟူး
သူဟာ အသက်ပြင်းပြင်းရှူလျက် အရှေမှ မီးကို ငြိမ်းလိုက်သည်။ ထို့နောက် တစ်ဖက်ဂူဝင်ပေါက်ရှိရာသို့ ပြန်ပြေးလာလိုက်သည်။ ဂေါ်ဖီကန္တာရကြီးတစ်ခုလုံးက အလွန်ကြီးသည်။ ယခုအချိန်က မှောင်နေသေး၏။ သူ့အနေဖြင့် ထိုလူများ၏ သဲလွန်စများကို မရှာနိုင်သေးပေ။
ထို့အပြင် ဂူထဲတွင် ကျန်နေရစ်သော လူငယ်များ၏ ကံကြမ္မာကိုလည်း မသိနိုင်သေးပေ။
[ဒီမုဆိုးတွေက ဘာလုပ်မလို့လဲ။ သူတို့က ဖင်းမြေခွေးတွေကို ဖမ်းပြီး ဘာလုပ်ချင်တာလဲ။ ဘာလို့ သတ်လိုက်တာလဲ]
[ဒီတစ်ကောင်ကို မလိုချင်လို့များလား]
[မုဆိုးတွေက ဘာတွေ တွေးနေတာလဲ။ ဒီဖင်းမြေခွေးတွေအတွက် သူတို့က ဆယ်ကျော်သက်တွေကိုတောင် သတ်သေးတယ်။ နောက်ပြီး ဖင်းမြေခွေးတွေကိုလည်း သတ်သေးတယ်]
[ဒါက မယုံနိုင်စရာပဲ]
[ဒါပေမဲ့ သူတို့က ဖင်းမြေခွေးတွေကို ဖမ်းပြီး အိမ်မွှေးတိရစ္ဆာန်အဖြစ် မွေးမဲ့သူတွေကို ရောင်းချချင်တာလား မသိဘူး။ ဒီလိုဆိုရင် အလုံးအရင်းနဲ့ မျိုးတုံး ပျောက်ကွယ်သွားခြင်း မရှိခင် ကာလမှာ ငါတို့ရဲ့ အိမ်မွေးတိရစ္ဆာန်တွေက ဒီလိုနည်းနဲ့ ရလာတာ ဖြစ်မယ်။
[တွေးကြည့်ရုံနဲ့တင် ကြောက်ဖို့ ကောင်းနေပြီ။ တိရစ္ဆာန် မွေးထားနိုင်ဖို့အတွက်နဲ့ တူညီတဲ့ အမျိုးအစားအများကြီးကို သတ်ထားတယ်။ သူတို့က အိုနေတဲ့ အကောင်တွေကိုလည်း မလိုချင်ဘူး။ ကျန်းမာရေး မကောင်းတဲ့ အကောင်တွေကိုလည်း မလိုချင်ဘူး။ ဒီလိုဆိုရင်_ _ _]
[ဒါရိုက်တာဆုပိုင် ပြောတာ မှန်နေတဲ့ပုံပဲ။ ထိခိုက်မှုမရှိဘဲ လဲလှယ်မှု မရနိုင်ဘူးဆိုတာလေ]
[လူတွေကတော့ ကောင်းကောင်း ရှင်သန်နေကြတယ်။ ဒါပေမဲ့ အချို့လူတွေက တိရစ္ဆာန်တွေရဲ့ အိမ်ကို မထိန်းသိမ်းထားပေးချင်ကြဘူး။ ခွေးတွေ၊ ကြောင်တွေ မွေးတာတော့ လက်ခံပါတယ်။ ဒါပေမဲ့ ဒီတစ်ကောင်ကတော့ တောရိုင်းတိရစ္ဆာန်လေ။ သူတို့ တကယ်ကို _ _ _]
_ _ _
အခြေအနေ အဖြစ်အပျက်ကို သိရှိပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းမှ လူပေါင်းများစွာက တစ်ကိုယ်လုံး တုန်ယင်သွားကြသည်။ သူတို့၏ ကျောက စိမ့်တက်သွားကြ၏။
ရှေးခေတ်ကာလတွင် လူအများစုကမူ ထိုအကြောင်းအရာကို မသိလောက်ပေ။ သူတို့၏ နှလုံးသားထဲတွင် ထူးခြားသည်ဟု ယူဆရသော တိရစ္ဆာန်ကို မွေးမြူထားလောက်သည်။ သို့သော် ရက်စက်သော နည်းလမ်းအားဖြင့် သူတို့က လူသားတိရစ္ဆာန်အဖြစ် ပြောင်းလဲခဲ့ကြသည်။
အားလုံးကို သားဖောက်ထားခဲ့ခြင်းဆိုလျှင် အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူထား၍ ရလောက်သည်။ သို့သော် ယခုလို အကြမ်းနည်းဖြင့် ရယူထားခြင်းဆိုလျှင်
ထိုတိရစ္ဆာန်များက တောရိုင်းတိရစ္ဆာန်များ ဖြစ်နေသည်။ ထိုကျူးကျော်သူများက အကောင်ပေါက်များကို ယူသွားပြီးနောက်တွင် သူတို့၏ မိဘများကို လွှတ်ပေးလိမ့်မည် မဟုတ်ပေ။
ထိုသို့ဖြင့် အလုံးအရင်း သတ်ဖြတ်မှုများက ရှိနိုင်သည်။
ဆုပိုင်က ကောမန့်များကို တစ်ချက်ကြည့်ပြီး မျက်မှောင် ကြုတ်သည်။
ပြောရမည်ဆိုလျှင် တိုင်းပြည်က တောရိုင်းတိရစ္ဆာန်များအား သားဖောက်ခြင်းကို တားမြစ်ခဲ့သည်မှာလည်း ထိုအကြောင်းပြချက်ကြောင့် ဖြစ်သည်။ တရားဝင် မွေးမြူခွင့်မျိုးကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်မည်ဆိုလျှင်ပင်
ဒါပေမဲ့ ဒီဝယ်လာတဲ့ တိရစ္ဆာန်တွေက ဘယ်နေရာက ရလာသလဲဆိုတာကို ဘယ်သူက သိနိုင်မှာလဲ။
++++++ 278 01
အခန်း 278
ဟူး…
သူက အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် အဝေးမှ ဂူပေါက်သို့ အပြေးသွားလိုက်သည်။
အဝေးမှ တစ်ချက်ကြည့်လိုက်ရုံဖြင့် တွင်းထဲမှ လူများကို မမြင်နိုင်ပေ။
ဆုပိုင်က မကောင်းသော ခံစားချက် ရလိုက်သည်။ သူက ခပ်မြန်မြန် လျှောက်သွားလိုက်သည်။
သေစမ်း”
သူက ခေါင်းငုံ့ပြီး တစ်ချက်ဆဲမိသွားသည်။
သူ ယခုလေးတင် ရှိနေသော တွင်းထဲတွင် ဖင်းမြေခွေးအလောင်းအချို့ ရှိနေသည်။ ချို့ယွင်းချက် မရှိစွာပင် ရောင်း၍မရသော အိုမင်းနေသော မြေခွေးအလောင်းများ ဖြစ်သည်။
ထို့နောက် ဆုပိုင်က အခံစားရစေဆုံးမှာ လူငယ်များအားလုံး၏ အလောင်းလည်း ရှိနေကြသည်။ ထိုလူနှစ်ယောက်က ဆယ်ကျော်သက်များကိုပင် မလွှတ်ပေးကြချေ။
သေစမ်း
ကွိ
ထိုအခိုက်အတန့်တွင် သူ၏ခြေထောက်နားမှ ဖင်းမြေခွေးလေးက အားနည်းစွာဖြင့် တစ်ချက် အော်သည်။ ထို့နောက် ဆုပိုင်ကို မျက်လုံးကြီးများဖြင့် တစ်ချက် စိုက်ကြည့်လျက် အစွယ်ကို ဖြဲသည်။
ဂျွတ်
သူက အားကုန်ဖြဲပြီး ဆုပိုင်၏ ခြေထောက်ကို ကိုက်သည်။
ဂူး ဂူး
သို့ရာတွင် သူဟာ သေခါနီးအနေအထားတွင် ရှိနေလေရာ ဆုပိုင်၏ ဘောင်းဘီကိုပင် မဖောက်နိုင်ပေ။ သူ၏ပါးစပ်မှ သွေးများသာ ထွက်လာသည်။
ကွိ
“ငါမင်းကို မုန်းတယ်။ ငါတို့ကလေးတွေ ပြန်ပေး။ ငါ မင်းကို မုန်းတယ် မုန်းတယ်”
ထိုမြေခွေးပါးစပ်မှ ထွက်လာသော အသံကို ကြားလိုက်သောအခါ ဆုပိုင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
ထို့နောက် ထိုနေရာတွင် ဆောင့်ကြောင့်ထိုင်လျက် အမွှေးလေးကို ပွတ်ပေးလိုက်သည်။
“ဘာလို့လဲ ဘာလို့လဲ”
ဖင်းမြေခွေးက မျက်လုံးပြူးကျယ်စွာ ဖွင့်ရင်း ရေရွတ်သည်။ ထိုသို့ ရေရွတ်နေရင်း သူ၏ပါးစပ်မှ သွေးများ ထွက်လာကာ ကူကယ်ရာမဲ့စွာ လဲကျသွားသည်။
ဟူး…
ဆုပိုင်က ကျောက်တုံးကြီး တစ်တုံးဟာ သူ၏ရင်ဘတ်ကို လာဖိသလို ခံစားလိုက်ရပြီး အသက်ပင် မရှူနိုင်အောင် မွန်းကြပ်လာသည်။
အတိတ်က လူမှုအသိုင်းအဝိုင်းထဲတွင် တောရိုင်းတိရစ္ဆာန်များကို မွေးမြူခြင်းက ရှင်းပြ၍ မရနိုင်သော ရိုးရှင်းသည့် ပြဿနာတစ်ခု ဖြစ်နေသည်။
ဝယ်လိုအား ရှိလျှင် တိုင်းပြည်က ဘန်းသည်။ သို့သော် ထိုတိရစ္ဆာန်၏ တန်ကြေးကို ပိုမြင့်စေခဲ့၏။ တန်ကြေးက မုဆိုးများ စိတ်ပိုင်းဆိုင်ရာ အနေအထားအရ မျှော်လင့်ထားသော အတိုင်းအတာကို ကျော်လွန်သွားသည်နှင့် အရင်းအနှီးကို ယူကြသည်။
ဒါဟာ ရိုးရှင်းစွာနှင့် ဖြေရှင်း၍မရသော ပြဿနာမျိုး ဖြစ်သည်။
ထိုပြဿနာကို ဇစ်မြစ်မှသာ ဖြေရှင်း၍ ရလောက်၏။ မည်သူကမှသာ အလျင်လက်ဦးမှုယူပြီး ဒီတောရိုင်းတိရစ္ဆာန်များကို မွေးမြူရန် မကြိုးစားလျှင် ယခုလို ဝမ်းနည်းစရာ ကောင်းသော အဖြစ်အပျက်မျိုးက မဖြစ်လာလောက်ပေ။ သူဟာ တွင်းထဲမှ တဖြည်းဖြည်းထလျက် ဆယ်ကျောက်သက်များ၏ အလောင်းများကို ကြည့်သည်။ ဆုပိုင်က သက်ပြင်းရှည်ကြီးကို ချသည်။
သူ၏မိသားစုဝင်များက ဒီနေရာကို ရှာတွေ့ရန် သိပ်မကြာလောက်ပေ။ ထိုလူများက မုဆိုးများနှင့် ပူးပေါင်းပြီး ပိုက်ဆံအနည်းငယ်အတွက် အမဲလိုက်လိုသည်မှာ အံ့ဩစရာမရှိပေ။ သို့သော်_ _ _
278 02
“ငါ မင်းတို့ကို လုံးဝ မလွှတ်ပေးဘူး”
ဆုပိုင်က အံကို ကြိတ်လိုက်သည်။ ထို့နောက် ကျောပိုးအိတ်ကို ခပ်တင်းတင်း ဆွဲကိုင်လျက် ဂေါ်ဖီကန္တာရထဲမှ အပြေးထွက်လာခဲ့လိုက်သည်။
_ _ _
တရုတ်နိုင်ငံ အဆောက်အဦးတစ်ခု အတွင်းတွင်
“အဖေ နယ်မြေကြွက်လေးတွေ ပြန်ပို့လိုက်ကြမလား”
လယ်မြေကြွက် သေးသေးလေးကို ပွေ့ထားသော ကောင်မလေးတစ်ယောက်က သူမ၏ မျက်လုံးထဲမှ မျက်ရည်များနှင့်အတူ လောင်ဆုကို ကြည့်သည်။
“တီဗွီက အဲဒီ နားရွက်ကြီးကြီးနဲ့ တိရစ္ဆာန်လေးတွေက အရမ်း သနားဖို့ ကောင်းလွန်းတယ်”
“သူတို့က ကလေးတွေကို မွေးနိုင်ဖို့အတွက်နဲ့ ဒီလို လုပ်ကြတာနော်”
“ဒါဆိုရင် အဖေ ဒီလယ်မြေကြွက်လေးကို အဖေဝယ်လာတော့ _ _ _ အတူတူပဲလား”
သူမက ထိုသို့ပြောပြီး တရှုံ့ရှုံ့ ငိုလေသည်။
“တောင်းပန်ပါတယ် ဝူး ဝူး ဝူး ကိုကို ကိုကိုက အဲဒီလို မသိလို့ပါ”
“ငါ တောင်းပန်ပါတယ်”
“ဟား ဟား“
ဘေးဘက်မှ လောင်ဆုက သူ၏ဇနီးကို စိုက်ကြည့်ရင်း စိတ်အေးစွာနှင့် ရယ်သည်။
သူ့သမီးက ဒီလို မေးမယ်လို့ မထင်ထားဘူး။
“မစိုးရိမ်နဲ့ ဒါက တောရိုင်းတိရစ္ဆာန်မဟုတ်ဘူး။ အိမ်မှာ တိရစ္ဆာန်အဖြစ် မွေးလို့ရတယ်။ ဒီတရုတ်နိုင်ငံမှာ ဘယ်သူကမှ သူတို့ရဲ့ မိဘတွေကို မသတ်နိုင်ဘူး”
ကိုကိုက တစ်ချက် မော့ကြည့်သည်။ သူမ၏ မျက်လုံးလေးတစ်စုံဖြင့် စိုက်ကြည့်နေသည်။
“ဒါဆိုရင် လယ်မြေကြွက်လေးတွေကို ပြန်ပို့ဖို့ မလိုဘူးပေါ့”
“အဖေ ကိုကို့ကို မလိမ်နဲ့နော်။ ကိုကိုက ဒီနားရွက်ကြီး တိရစ္ဆာန်လေးတွေကို သဘောကျတယ်ဆိုရင်တောင်မှ မွေးထားမှာ မဟုတ်ပါဘူး။ သူတို့က သနားစရာ ကောင်းလွန်းတယ်”
လောင်ဆုက သမီးဖြစ်သူကို တစ်ချက် ပွေ့ဖက်လိုက်သည်။ သူ၏ဇနီးဖြစ်သူက ရောက်လာ၏။ ဒါရိုက်တာဆုပိုင်က အပြေးအလွှား သွားနေကြောင်းကို ကြည့်ပြီး လောင်ဆုကလည်း ခံစားချက်အပြည့်ဖြင့် ပြောသည်။
“လောကမှာ ချစ်စရာကောင်းတဲ့ တိရစ္ဆာန်တွေနဲ့ ပြည့်နှက်နေရင် ကောင်းမှာပဲ”
“ဒါပေမဲ့ အဖေ အဖေကလည်း ကိုကိုက ဒီလောက်ထိ သိတတ်မယ်လို့ မထင်ထားဘူး။ အဖေတို့ မိသားစုက နောက်ထပ် တောရိုင်းတိရစ္ဆာန်တွေကို မမွေးဘူးနော်”
“အဲဒါတင် မကသေးဘူး။ အရွယ် ရောက်လာတဲ့အခါမှာလည်း တိရစ္ဆာန်တွေကို ကာကွယ်တတ်ရမယ်”
“ ကြင်နာပေးရမယ်”
ကောင်မလေးက လယ်မြေကြွက်လေးကို ပြန်ကောက်လိုက်ပြီး ထိုအကောင်လေး၏ မျက်နှာလေးကို ကြည့်ကာ ခေါင်းကို လေးလေးနက်နက် ညိတ်သည်။
“အနာဂတ်မှာ အဲဒီလူဆိုးတွေကို တိရစ္ဆာန်တွေကို ထိခိုက်အောင် လုပ်ခွင့်ပြုမှာ မဟုတ်ဘူး”
“ငါ အရွယ်ရောက်လာတဲ့အခါ ဒါရိုက်တာဆုပိုင်လို တိရစ္ဆာန်ရုံ အကြီးကြီးဆောက်မယ်။ အဲဒီနောက် ဒီအကောင်ငယ်လေးတွေကို ဆက်ပြီး ဂရုစိုက်သွားမယ်”
_ _ _
တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးဌာန…
ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ပြီးနောက် နန်ကုန်းယွမ်အပါအဝင် နီးပါးက မျက်နှာထားများ တင်းမာနေကြသည်။ ဒါဟာ သူတို့ထပ်ပြီး ရှာတွေ့လာသည့် ပြဿနာအသစ်တစ်ခု ဖြစ်လာသည်။
အနာဂတ်တွင် တရုတ်နိုင်ငံအတွင်း ပို၍များပြားသော တိရစ္ဆာန်များကို ကယ်ဆယ်နိုင်ပြီးလျှင် ထို့နောက် _ _ _
ယခုတိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲကကဲ့သို့ အလားတူသော လူများ ပေါ်ပေါက်လာလောက်သည်။ ယခုလို ချစ်စရာကောင်းသော ကောင်ငယ်လေးများကို ဈေးမြင့်မြင့် ပေးကာ မွေးမြူရန် ကြိုးစားကြလောက်၏။
“ဒါကလည်း ကြီးလေးတဲ့ ပြဿနာပဲ”
278 03
နန်ကုန်းယွမ်ကလည်း မျက်မှောင်ကြုတ်ရင်း ပြောသည်။
“ငါတို့ တောရိုင်းတိရစ္ဆာန်တွေကို မွေးမြူဖို့ တားမြစ်ထားသင့်တယ်။ နောက်ပြီး ဒါရိုက်တာဆုပိုင်ရဲ့ ဒီနေ့ ရှင်းပြချက်အရ ဒီပြဿနာကို ဖြေရှင်းဖို့က ဘယ်လောက် ခက်ခဲသလဲ ဆိုတာကို နားလည်သွားစေတယ်”
“ငါတို့သာ အရမ်းကို တင်းတင်းကြပ်ကြပ် စောင့်ကြပ် ကာကွယ်နေမယ်ဆိုရင် တိရစ္ဆာန်ရဲ့ဈေးက မရေမတွက်နိုင်အောင် မြင့်သွားမှာပဲ”
“အဲဒီနောက် အချို့သော သူတွေက အရင်းအနှီး လုပ်ကြလိမ့်မယ်”
“ဒါပေမဲ့ အနာဂတ်မှာ တိရစ္ဆာန် ပိုများလာရင် ဒီလိုကိစ္စမျိုးက ဖြစ်ကိုဖြစ်လာမယ်လို့ ခံစားမိနေတယ်။ ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ”
ထိုစကားများ ထွက်လာပြီးနောက် အစည်းအဝေးခန်းမကြီး တစ်ခုလုံးက တိတ်ဆိတ်သွားသည်။
လူတိုင်းက မျက်မှောင် ကြုတ်သည်။ ထိုပြဿနာကို မည်သို့မည်ပုံ ဖြေရှင်းသင့်ကြောင်း တွေးတောကြသည်။
“ငါကတော့ အပြစ်ဒဏ်ကို တိုးသင့်တယ်လို့ ထင်တယ်။ မုဆိုးတွေ မဟုတ်ဘဲ ဒီတိရစ္ဆာန်တွေကို မွေးထားတဲ့ လူ တွေအတွက်ပါ အပြစ်ဒဏ်ချသင့်တယ်”
အောက်ဘက်မှ လူအိုကြီးတစ်ယောက်က ထိုင်ခုံမှ ရုတ်တရက် ထရပ်လိုက်ပြီး လူတိုင်းကို ကြည့်ကာ လေးနက်သော လေသံနှင့်ပြောသည်။
“အဆုံးသတ်မှာ ဖင်းမြေခွေးရဲ့ မျက်လုံးထဲက မုန်းတီးမှုအပြည့်နဲ့ အကြည့်ကို မြင်လိုက်ကြတယ် မဟုတ်လား”
“ငါတို့နဲ့ ဒါရိုက်တာဆုပိုင်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုထဲက လူတွေအကြားက ကွာဟချက်ကို နားလည်ထားရမယ်”
“ငါတို့က တစ်စုံတစ်ရာကို ဆုံးရှုံးဖူးတဲ့သူတွေ။ ဒီတော့ တိရစ္ဆာန်တစ်ကောင်ကို ဆုံးရှုံးသွားခဲ့ရင် ငါတို့ရဲ့ဘဝတွေ ဘယ်လို ဖြစ်လာမလဲဆိုတာကို အမှန်တကယ် နားလည်သင့်တယ်”
ထိုလူအိုကြီးက ပြောလေလေ စိတ်လှုပ်ရှားလေလေ ဖြစ်လာပြီး မျက်ရည်များပင် ကျလာသည်။
“တိရစ္ဆာန်တွေ ပျောက်ကွယ် သွားပြီးချိန်ကတည်းက အလွယ်တကူ ကုသလို့ရတဲ့ ရောဂါတွေက ကုမရနိုင်တဲ့ ရောဂါတွေ ဖြစ်လာတယ်။ ငါတို့ရဲ့ ချစ်ရသူတွေ သေသွားတာကို ဒီအတိုင်း ထိုင်ကြည့်နေခဲ့ရတယ် မဟုတ်လား”
“ပိုပြီး ပြတ်ပြတ်သားသား ပြောရမယ်ဆိုရင် ငါ့သမီးကလည်း အဲဒီလိုသေသွားခဲ့တာပဲ။ သူ သေသွားခဲ့တာက ဒီအတိုင်း သာမန်ရောဂါတစ်ခုပဲ။ အတိတ်မှာဆိုရင် ဒီရောဂါက တိရစ္ဆာန်တစ်ကောင်ရဲ့ သွေးနည်းနည်းနဲ့တင် ကုသလို့ ရတယ်။ ဒါပေမဲ့ ဒီနေ့ခေတ် အသိုင်းအဝိုင်းမှာ ဒီလိုကုနိုင်တာကတင် ဇိမ်ခံလို့ရတဲ့ အနေအထားမျိုး ဖြစ်နေပြီ”
“ဒါကြောင့် အပြစ်ဒဏ်ကို တိုးသင့်တယ်လို့ ငါ တင်ပြချင်တယ်။ ခွင့်ပြုချက်မရှိဘဲ တောရိုင်းတိရစ္ဆာန်ကို မွေးရဲတဲ့ ဘယ်သူမဆို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်။ အမြင့်ဆုံးအဆင့်ကတော့ တစ်သက်လုံး အကျဉ်းချတာပဲ”
“မုဆိုးတွေအတွက် အမြင့်ဆုံး အပြစ်ဒဏ်ကိုတော့ ငါတို့ ဆွေးနွေးထားပြီးသားပဲ။ သေဒဏ်ပေါ့”
“တိရစ္ဆာန်တွေမျိုးတုံး ပျောက်ကွယ်သွားခြင်း မရှိခင် ကာလက အသိုင်းအဝိုင်းမျိုးမှာ နေထိုင်ကြတဲ့သူတွေ မဟုတ်လို့ ဆုတ်ယုတ်မှုကို ပိုပြီးနားလည်ကြမယ်လို့ ယုံကြည်တယ်။ ငါတို့သာ ဒီအပြစ်ဒဏ်ကို မပြင်းထန်ထားဘူးဆိုရင် နောက်ထပ် အလုံးအရင်းနဲ့ ပျောက်ကွယ်သွားဖို့ ဖြစ်လာပြီးတဲ့အခါ ငါတို့ရဲ့ အနာဂတ်မျိုးဆက်တွေမှာ ဘာမှရှိတော့မှာ မဟုတ်ဘူး”
ဝူး…
နန်ကုန်းယွမ်ကလည်း လက်ကို ဆန့်ထုတ်လျက် ထိုအဖိုးကြီးကို ထိုင်ခိုင်းသည်။ ထို့နောက် သူက အသက်ပြင်းပြင်းရှူလျက် ခပ်ဖြည်းဖြည်းချင်းစီ ပြောသည်။
“ကြီးလေးတဲ့ အပြစ်ဒဏ်ကိုတော့ ငါ သဘောတူတယ်။ ဒါပေမဲ့ _ _ _”
“အခုအရေးကြီးဆုံး လုပ်ရမဲ့ ကိစ္စက အများအမြင်ပဲ။ လူတိုင်းကလည်း တောရိုင်းတိရစ္ဆာန်တွေကို မွေးမြူတာက သူတို့အတွက် ဘယ်လိုအခြေအနေ ဖြစ်သွားစေပြီး ဘယ်လောက် အကျိုးဆက် ကြီးမားစေနိုင်သလဲဆိုတာကို သိအောင် လုပ်ရမယ်”
“ဒီလိုနည်းလမ်းနဲ့မှပဲ ပြဿနာကို အမြစ်က ဆွဲနုတ်နိုင်မှာ”
“တိုက်ရိုက်ထုတ်လွှင့်မှုကို တိုးမြှင့်လိုက်။ ရိုက်ချက်တွေကိုလည်း အများကြီး ပိုထည့်လိုက်”
“ငါတို့ တရုတ်လူမျိုးတွေက အခြေခံအားဖြင့် ဒီတိရစ္ဆာန်တွေကို ချစ်နေပြီးသားလို့ ငါ ယုံတယ်။ ဒါကြောင့် အချိန်သာ ရှိမယ်ဆိုရင် တိရစ္ဆာန်တွေအားလုံးကို ကာကွယ်ပြီးသွားတဲ့အခါ ဒီနေ့လို အဖြစ်အပျက်မျိုးက ဘယ်တော့မှ ပြန်မဖြစ်လာလောက်ပါဘူး”
278 04
ထိုစကားကို ကြားသောအခါ အားလုံးက သဘောတူညီမှုအပြည့်နှင့် ခေါင်းညိတ်ကြသည်။
ဒါရိုက်တာဆုပိုင် တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် လူကြီးများက ပညာပေး ခံရသလို၊ ကလေးငယ်များ၏ နှလုံးသားအတွင်းတွင်လည်း မျိုးစေ့ကို ချထားပြီးသား ဖြစ်သွားသည်။ ဒီနည်းအားဖြင့် တိရစ္ဆာန်ကို ကာကွယ်ရမည်ဆိုသော စိတ်ကို သိရှိလာပေမည်။
အနာဂတ်တွင်လည်း ထိုကလေးငယ်များက တိရစ္ဆာန်များကို ကာကွယ်ပေးသည့် အဓိကအင်အားကြီး ဖြစ်လာပေလိမ့်မည်။ ဒါဟာ သူတို၏ မျှော်လင့်ချက် ဖြစ်သည်။
ဒိုင်း
“ဆရာရွန် အဲဒီကောင်က ငါတို့နောက်က လိုက်လာပြန်ပြီ”
“ငါတို့ သူ့ကို ဒီအတိုင်း သတ်လိုက်လို့ မရဘူးလား”
လူမည်းကလည်း ကားနောက်မှန်မှတစ်ဆင့် သူတို့၏ နောက်ဘက်မှ ပေါ်လာသော လူငယ်ကို ကြည့်ကာ သူ၏နဖူးမှ သွေးကြောများက ထောင်ထွက်ရင်း အသံကို မြင့်ကာ အော်သည်။
ဒိုင်း
သူဟာ သေနတ်မောင်းကို ခပ်ကြမ်းကြမ်း ဆွဲကိုင်ပြီး အံကို ကြိတ်ကာ အော်သည်။
“ထပ်လိုက်လာပြန်ပြီ”
“ငါ မင်းကို သေအောင် ရိုက်သတ်မိတော့မယ်”
******
279 01
အပိုင်း 279
“အရှင်ရွန်”
“ငါ အဲဒီကောင်စုတ်ကို မျက်ခြေဖြတ်နိုင်ခဲ့ပြီ”
“ငါတို့ ဒီတစ်ကြိမ် အကောင်ပေါက် ငါးကောင် ဖမ်းမိခဲ့တယ်။ ဒီတော့ ပိုက်ဆံတွေ အများကြီး ထပ်ရှာနိုင်သွားပြန်ပြီ”
လူမည်းက ကားကို မောင်းနေသူ ဖြစ်သည်။ သူသည် နောက်ကြည့်မှန်မှ တစ်ဆင့် အနောက်ဘက်မှ ရူးသွပ်စွာ ပြေးလိုက်နေခဲ့သော လူငယ်လေးက မရှိတော့ကြောင်း မြင်နိုင်သည်။ ထိုကြောင့် အော်ရယ်ရင်း စိတ်လှုပ်ရှားစွာ ပြောသည်။
“ငါတို့ ငှားထားတဲ့ သိုလှောင်အိမ်ကို တိုက်ရိုက်သွားသင့်လား။ ဒါမှမဟုတ်”
“သိုလှောင်အိမ်ကိုပဲ သွား”
ရွန်က အနောက်သို့ တစ်ချက်လှည့်ကြည့်ပြီး လေးနက်သော လေသံနှင့်ပြောသည်။
သူသည်လည်း မည့်သည့်နေရာကမှန်း မသိထွက်လာသော ထိုတရုတ်လူမျိုးက သေနတ်တစ်လက်ကို ကိုင်လျှက် သူ၏လူများထဲမှ တစ်ယောက်ကိုပင် သတ်သွားမည်ဟု မျှော်လင့်မထားမိပေ။
သို့သော် …
သားကောင်ကို ဖမ်းမိပြီဖြစ်ပြီး ထိုလူငယ်နှင့် ဆက်လက်ပြီး လွန်ဆွဲနေရန် မလိုအပ်တော့ချေ။ ဒီတစ်သုတ် ဖင်းမြေခွေးများကို အောင်မြင်စွာ လဲလှယ်ပြီးသည်နှင့် …
သူတို့ရှာဖွေပြီး ရရှိလာသည့် ပိုက်ဆံများက ဒီနေရာတွင်ရှိသော ဖင်းမြေခွေးများအားလုံးကို ဖမ်းပြီး ရှာဖွေစွာ ရရှိလာမည့် ပိုက်ဆံများက အချိန်အတန်ကြာ သုံးဖြုန်းနိုင်စေမည် ဖြစ်သည်။
ထို့တွင် သတင်းကလည်း သူတို့ဆီသို့ ရောက်ရှိလာခြင်း မဟုတ်လောက်ချေ။ မည်သို့ပင်ဆိုစေ ဒီလိုနေရာမျိုးတွင် နယ်မြေခံများအားလုံးက ဖင်းမြေခွေးကဲ့သို့သော တိရစ္ဆာန်များကို ပိုးကောင်များသာသာတာ သဘောထားကြသည်။ ထို့ကြောင့် မကြာခဏဆိုသလို လူအုပ်လိုက် လာရောက် သတ်ဖြတ်နေကြ ဖြစ်သည်။
“ငါတို့နောက်ဆုံးတစ်ခေါက်က အမဲလိုက်ထားတဲ့ အကောင်တွေနဲ့ ပေါင်းလိုက်ရင် ဒီတစ်ကြိမ် အကောင် နှစ်ဆယ်လောက်တော့ ရောင်းလိုရပြီ”
“အဲဒီထဲက တစ်ဆယ့်ငါးကောင်လုံးက အကောင်ပေါက်တွေ”
“အရှင်ရွန် ငါတို့ သွားပို့ရမှာလား”
လူမည်းက သူ၏စိတ်ထဲတွင် အရာအားလုံးကို သိရှိနေသလိုမျိုး တွက်ချက်ကြည့်သည်။ သူ့ခန္ဓာကိုယ်က အနည်းငယ်ပဲ တုန်ယင်လာ၏။
“ကောင်းပြီ။ ဒီတိရစ္ဆာန် လူကုန်ကူးတဲ့သူတွေက သိပ်မကြာခင် ရောက်လာလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဒီအလဲအလှယ်က ပြီးမြှောက်သွားတာနဲ့ ငါတို့ဒီနေရာကနေ ချက်ချင်း ထွက်သွားဖို့ လိုအပ်တယ်”
“သေစမ်း။ သောက်ကျိုးနည်းကို ခံလာရ။ ငါဒီနေရာကို တစ်သက်လုံး ပြန်မလာဘူး”
ရွန်က အကြိမ်အနည်းငယ် ဆဲရေးလိုက်ပြီး သူ၏မျက်လုံးကို တဖြည်းဖြည်းချင်းစီ မှိတ်လိုက်သည်။
လူမည်းကလည်း နောက်ကြည့်မှန်သို့ တစ်ချက်ကြည့်ပြီး ခေါင်းကို ခပ်မြန်မြန် ညိတ်သည်။
“ဘာလို့လဲ”
“ဒီအတိုင်း အဲဒီကောင်တွေရဲ့ သက်တမ်းက တအား တိုလွန်းတယ်။ အသက်နှစ်ဆယ်အောက်တွေကပဲ ဝယ်ရောင်းလုပ်ဖို့ ထိုက်တန်တာ။ အဲဒီလိုမှ မဟုတ်ရင် ငါတို့ အများကြီးရမှာပဲ”
သူက သူ၏လက်ကို စတီယာဘီးပေါ်သို့ တင်ပြီး တစ်စုံတစ်ရာကို ခပ်တိုးတိုး ရေရွတ်သည်။ သူတို့သည် ကန္တာရတွင် လဝက်လုံး နေထိုင်ခဲ့ကြသည်။ ထို့ထက် မရနိုင်သော ဖင်းမြေခွေး အကောင်နှစ်ဆယ်ကိုသာ ဖမ်းနိုင်ခဲ့၏။ ထိုတိရစ္ဆာန်များ၏ ရှင်သန်နေထိုင်မှု အလေးချိန်များက ဖမ်းယူရန် ခက်ခဲသော အချက်အလက် ပါဝင်သည်။
“ပေါက်ကရတွေ”
ရွန်က မျက်လုံးကို မှိတ်ပြီးပြောသည်။
“ဖမ်းဖို့ တအားခက်နေတာကြောင့်သာ မဟုတ်ရင် ဘာလို့ စေ◌ျးက ဒီလောက်အထိ မြှင့်နေမှာလဲ”
279 02
“နောက်ပြီး ဒီတိရစ္ဆာန်တွေက သူတို့ဘဝအတွက် အပေါင်းဖော်တွေ အသင့်ရှိနေပြီးသား။ လူသားတွေလိုပေါ့။ သူတို့မှာလည်း မိသားစုတွေနဲ့ နေထိုင်တာ”
“ဒီလိုမျိုးအတွက်ကြောင့်သာ မဟုတ်ရင် တစ်ကြိမ်တည်းတွင် ဒီလို အကောင်အရေအများကြီးကို သတ်ဖို့ လိုအပ်နေမှာ မဟုတ်ဘူး”
“ဒါက ဖြုန်းတီးတာပဲ။ သူတို့ရဲ့ သားပေါက်နှုန်းက တအားနိမ့်တယ်”
ထို့သို့ပြောနေရင်းမှ ရွန်က မျက်လုံးကို ပြန်ဖွင့်လိုက်ပြန်သည်။ သူဟာ အဝေးရှိ လူသူနေထိုင်ခြင်းမရှိတဲ့ ကန္တာရဘက်သို့ ကြည့်လိုက်ပြီး နှုတ်ခမ်းများက အသင့်အသင့် ကွေးသွားသည်။
“ဖင်းမြေခွေးတွေကို နည်းလမ်းတကျနဲ့ မွေးမယ်ဆိုရင်တောင်မှ သူတို့ရဲ့ စိတ်ဝိညာည်က ပါလာမှာ မဟုတ်ဘူး”
“တောထဲမှာနေတဲ့ အကောင်တွေကပဲ ထူးခြားတဲ့အခြေအနေမျိုးရှိတာ”
“ဒီအကောင်လေးတွေကို ရောင်းချတဲ့ကိစ္စနဲ့ပတ်သက်ပြီး ငါတို့မှာလည်း ပိုက်ဆံက မရှိဘူးလေ”
“သိပ်မကြာခင်လေးအတွင်း ရောက်လာပြီ။ မြန်မြန်လေး။ အဲဒီဝယ်လက်တွေကို ဆက်သွယ်လိုက်။ ပစ္စည်းတွေကို အမြန်ဆုံးလာလုသာ ပြောလိုက်”
…
ဂျစ်ကားကို မောင်းနှင်နေသော လူနှစ်ယောက်က အိုဟောင်းနေသော ခြံဝန်းထဲသို့ ခပ်မြန်မြန် ရောက်ရှိသွားကြသည်။
ဖင်းမြေခွေးများအားလုံးကို ကားနောက်ဖုံးထဲမှ ထုတ်ပြီးနောက်တွင် သူတို့ဟာ တံခါးကို ဖွင့်လျှက် လှောင်အိမ်များထဲမှ မြေခွေးပေါက်များကို ချီလိုက်ကြသည်။ ရွန်နှင့် တခြားလူတစ်ယောက်က အခြေအနေကြည့်၍ နေကြသည်။ မည့်သို့ပင်ဆိုစေ ဖင်းမြေခွေး အကောင်နှစ်ဆယ်ကလည်း သူတို့ကို အကျိုးအမြတ်အကြီးကြီး ရရှိစေပေလိမ့်မည်။
“နှမြောစရာပဲ”
အသိုက်တစ်ခုစီတိုင်းတွင် လဲလှယ်၍ရသော ဖင်းမြေခွေး သုံးကောင်မှ လေးကောင်ခန့်သာ ရရှိတတ်သည်။ အကယ်၍ ထိုတိရစ္ဆာန်များကသာ ပြင်းထန်သော သားပေါက်နိုင်စွမ်းရည်ရှိနေခဲ့ပါက သို့မဟုတ် အတက်တကျရှိနိုင်မည်ဆိုရင် သူတို့ ငွေပိုရှာနိုင်ပေလိမ့်မည်။
…
“လောင်လိ။ မင်း ဒီတစ်ကြိမ် လူကိုယ်တိုင်လာတာပဲ”
လက်ထဲမှာ စက္ကူယပ်တောင်ကို ဆက်တိုက် အခါခါခပ်နေသော အသက်အလတ်ပိုင်းအရွယ် ဝဝဖြန့်ဖြန့်နှင့်လူကို မြင်သောအခါ သူ၏အရှေ့မှ လူမည်းက နှုတ်ဆက်သည်။
ထို့သို့ နှုတ်ဆက်ပြီးနောက် အိုဟောင်းနေသော ဘတ်စ်ကားပေါ်သို့ တက်ပြီးနောက်တွင် သူတို့သည်လည်း လူတချို့ကို နှုတ်ဆက်လိုက်ကြပြီးနောက် ထိုနေရာမှ စတင်ကာ ဆွေးနွေးကြသည်။
“ဒီတစ်ကြိမ် မင်းကိုယ်တိုင် လာတာပဲ။ မဟုတ်ဘူးလား။ ဖင်းမြေခွေးတွေရဲ့စေ◌ျးက ဘာလို့ အခုတလော ဒီလောက်အထိ ထိုးတက်လာတာလဲ”
လူမည်းလူအိုကြီးက မေးသောအခါ တစ်ဖက်လူက အံ့ကြိတ်၍ဖြေသည်။
“ဟေးဟေး”
“မင်း မသိပါဘူး”
…
အသက်အလတ်ပိုင်းလူက လျှို့ဝှက်ဆန်းကြယ်၍ ပြုံးလိုက်ပြီး လေသံတိုးတိုးနှင့် ပြောသည်။
“ဒီတစ်ကြိမ် မင်းတို့ကလည်း ဒီနေရာမှာ ဖင်းမြေခွေးတွေကို လာဝယ်တာလား”
“မဟုတ်တာ”
“လူအိုကြီးကသာ ဖင်းမြေခွေးတွေကို လာဝယ်တာ မဟုတ်ဘူးဆိုရင် ဘာလို့ ဒီလောက်အထိ လေယာဉ်အရှည်ကြီး စီးလာတာလဲ။ ဒီနေရာကိုလာပြီး အလှည်အပတ် လုပ်တာလား”
“ဒီနေရာမှာ ကန္တာရတွေအပြည့်ပဲရှိနေတာ။ လူတစ်ယောက်တောင် မတွေ့ရဘူး။ ဘာများ ကြည့်စရာရှိမှာလဲ”
279 03
“ဟေးဟေး”
အသက်လတ်ပိုင်းလူက အူမြူး၍ ပြုံးပြီး ဘေးဘီကို ကြည့်ပြီးနောက် သူဟာ လူအုပ်ကြီးဘက်သို့ ခန္ဓာကိုယ်ကို ရွေ့လျှက် ပြောသည်။ ထို့နောက် အိတ်ကပ်ထဲမှ ပိုက်ဆံတစ်ချပ်ကို ထုတ်ပြီး ခပ်မြန်မြန်ပေးသည်။
“မဟုတ်ဘူး။ သူဌေး ရွှေ။ မင်း ဘာလုပ်တာလဲ”
လောင်လိက သူ့ကို စိတ်ရှုပ်ထွေးစွာ ကြည့်သည်။
“ဟားဟား။ ငါ့ဆီက မဖုံးကွယ်စမ်းပါနဲ့။ ငါ အရာအားလုံးကို သိထားပြီးသား။ မင်း ငါဒီတစ်ကြိမ် မင်းနဲ့အတူတူ လူအများကြီးခေါ်လာတယ်။ မင်းသာ ဖင်းမြေခွေးတွေကို ဝယ်ချင်ရင် ဒီလောက် လူအများကြီး ခေါ်လာဖို့ လိုလို့လား”
“ဟုတ်တယ်။ တခြားနည်းလမ်း ရှိသေးလို့လား”
“ငါ့ကို ခေါ်သွား။ ငါ့ကို ခေါ်သွား”
အသက်အလတ်ပိုင်းအရွယ် ခပ်ဝဝလူကြီးက နှုတ်ခမ်းထောင့်ကို တစ်ချက်ရက်လျှက် စိတ်လှုပ်ရှားနေပုံ ပေါ်သည်။
“ငါ အများကြီး မလိုချင်ဘူး။ သုံးကောင်ပဲ။ ဒီအလဲအလှယ်က မရှုံးစေရဘူး”
“ဒါအပြင် အခုတလော ငါတို့နယ်မြေဘက်က မှောင်ခိုစေ◌ျးကွက်က စေ◌ျးတွေက နေ့တိုင်းလိုလို ပြောင်းနေတာ။ တော်တော်လေးကို ရယ်စရာကောင်းလောက်အောင် မြှင့်နေပြီ။ လောင်လိ မင်းသာ လှုပ်ရှားဖို့ အဆင်အသင့်ပဲဆိုရင် ငါတို့ ပူးပေါင်းလို့ရတယ်”
“အဲဒီလိုမှ မဟုတ်ရင် ရက်အနည်းအငယ်နေလို့ လူများလာတဲ့အခါ ဒီတိုင်းပြည်ထဲက မုဆိုးတွေက ဘယ်လောက် ရက်စက်သလဲဆိုတာကို မင်းသိရလိမ့်မယ်”
“မင်းက သုံးကောင် လိုချင်တာလား”
“ဟုတ်တယ်”
လောင်လိက ထိုငွေစက္ကူအထပ်လိုက်ကို သိမ်းလိုက်ပြီး ခပ်တိုးတိုး ပြောသည်။
“ဘာလို့ ရွန်ဆီက မဝယ်တာလဲ”
“အဲဒီအကြောင်းကို ထည့်မပြောစမ်းပါနဲ့။ သူက အကောင်ပေါက်တစ်ကောင်အတွက် စေ◌ျးအမြှင့်ကြီး လိုအပ်နေတာ။ နောက်ပြီး ဒီလို တောရိုင်း ဖင်းမြေခွေးမျိုးရဲ့ ရှင်သန်လိုစိတ်က မြှင့်တယ်။ ဒါကြောင့် ငါက သုံးကောင်စေ◌ျးနဲ့ တစ်ကောင်ကို ဝယ်သွားမယ်ဆိုရင် အိမ်ပြန်ရောက်တာနဲ့ အားလုံးက သေကုန်မှာပဲ။ အဲဒီနောက် ငါ အများကြီး မရှုံးသွားဘူးလား”
သူဌေးရွှေက ပြတင်းပေါက်ဘယ်ဘက်သို့ ကြည့်ပြီး သတိထားကာ ပြောသည်။
“နောက်ပြီး ရွန်နဲ့ သူ့အသင်းက အများကြီး မဖမ်းမိဘူးဆိုတာ ငါ သိထားတယ်။ ဒါပေ့မဲ့ သူတို့က ကန္တာရထဲမှာ နေထိုင်တဲ့ ဖင်းမြေခွေး အသိုက်တော်တော်များများကိုတော့ တွေ့ထားတဲ့ပုံပဲ”
“သူက တစ်ကောင်ကို ဘယ်လောက်ပေးလဲ သိလား။ တစ်သောင်းတဲ့”
“အကောင်ပေါက်တွေဆိုရင် နှစ်သောင်းတည်း ပေးတာ”
“သူက သောက်ကျိုးနည်း ပိုက်ဆံ ကုန်းရှာနေတာလေ။ ဘယ်လို အရင်းအနှီးကိုမှ မလုပ်ချင်ဘူး”
“ဟေ့ဟေ့”
လောင်လိက အသက်ပြင်းပြင်းရှုပြီး ခပ်ဖြည်းဖြည်း ခေါင်းညိတ်သည်။
သူသည် ဒီနေရာသို့ လူများခေါ်လာ၍ သူကိုယ်တိုင် အမဲလိုက်ရန် ကြံစည်ထားသည့် ဖင်းမြေခွေးများက ပေးသော အကျိုးအမြတ်က ကြီးမားသော်လည်း မုဆိုးများကလည်း အရူး မဟုတ်ကြချေ။ တန်ကြေးက မြှင့်သထက် မြှင့်လာသည်နှင့်အမျှ ထိုလူများကလည်း တန်ကြေးကို ဆက်တိုက်ဆိုသလို မြှင့်လာကြသည်။
သို့ရာတွင် တောရိုင်းဖင်းမြေခွေးများ ရှင်သန်လိုစိတ်က ပြင်းထန်သည်။ အထူးသဖြင့် သူတို့၏ အကောင်ပေါက်များအတွက် ဖမ်းယူနိုင်ချေအလွန်နိမ့်ကြလေသည်။
ဒါမျိုးတစ်ကောင်ကို ဉပမာအနေနဲ့ ကြည့်ပြီဆိုရင် သူသည် အကောင်ပေါက် ဆယ်ကောင်ဝယ်ခဲ့ပြီး ငါးကောင်လုံးက လမ်းတွင်ပင် သေသွားလေ။
ကျန်တဲ့ငါးကောင်ကို ရောင်းချနိုင်သောကြောင့် ပိုက်ဆံမရှုံးသည့်တိုင်အောင် အကျိုးအမြတ်က အကန့်အသတ်နှင့် ဖြစ်သွားသည်။
ထို့ကဲ့သို့ အနေအထားမျိုးတွင် သူတို့ကိုယ်တိုင် သူတို့မွေး၊ သူတို့ဖမ်းယူခြင်းက ပိုကောင်းလေသည်။ ဒီတစ်ကြိမ် သူ ငှားလာသော လူများအားလုံးက တိရစ္ဆာန်ဖမ်းရာတွင် ကျွမ်းကျင်သည့်သူများ ဖြစ်နေသည်။
ထို့ကြောင့် သူတို့ကသာ ရွန်နှင့်ပတ်သက်သော အလဲအလှယ်ကို ပြီးမြှောက်သွားသည်နှင့် ကန္တာရထဲသို့ ဝင်နိုင်ပြီ ဖြစ်သည်။
ဒီလိုဆို သူတို့အတွက် ပိုက်ဆံအများကြီး ရမှာပဲ။
…
++++++